အပဒါနပါဠိ (ပ)
ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။
ဒေဝါဓိပေါ ပဉ္စသတံ, ဒေဝရဇ္ဇမကာရယိံ။
၂၃၁။ ‘‘သဟဿက္ခတ္တုံ ရာဇာ စ, စက္ကဝတ္တီ အဟောသဟံ၊
ဒေဝရဇ္ဇံ ကရောန္တဿ, မဟာဒေဝါ အဝန္ဒိသုံ။
၂၃၁။ ငါသည် အကြိမ်တစ်ထောင်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်ခဲ့၏၊ နတ်မင်း အဖြစ်ကို ပြုစဥ် များစွာသော နတ်တို့သည် ငါ့ကို ရှိခိုးကြကုန်၏။
၂၃၂။ ‘‘ဣဓ မာနုသကေ ရဇ္ဇံ [ရဇ္ဇေ (သီ။)], ပရိသာ ဟောန္တိ ဗန္ဓဝါ၊
ပစ္ဆိမေ ဘဝေ သမ္ပတ္တေ, ဝါသေဋ္ဌော နာမ ဗြာဟ္မဏော။
၂၃၂။ ဤလူ့ပြည်၌ မင်းအဖြစ်ကို (ပြုသည်ရှိသော်) ပရိသတ်တို့သည် အဆွေအမျိုးတို့ ဖြစ်ကုန်၏၊ အဆုံးဘဝသို့ ရောက်သည်ရှိသော် ဝါသေဋ္ဌမည်သော ဗြာဟ္မဏမျိုး ရှိလေ၏။
၂၃၃။ ‘‘အသီတိကောဋိ နိစယော, တဿ ပုတ္တော အဟောသဟံ၊
သေလော ဣတိ မမ နာမံ, ဆဠင်္ဂေ ပါရမိံ ဂတော။
၂၃၃။ ငါသည် ထိုဝါသေဋ္ဌဗြာဟ္မဏ၏ သားဖြစ်ခဲ့၍ ကုဋေရှစ်ဆယ် ကြွယ်ဝချမ်းသာသူ ဖြစ်၏၊ ငါ၏ အမည်သည် သေလမည်၏၊ အင်္ဂါခြောက်ပါးရှိသော ဗေဒင်၌ တစ်ဖက်ကမ်း ရောက် တတ်မြောက်၏။
၂၃၄။ ‘‘ဇင်္ဃာဝိဟာရံ ဝိစရံ, သသိဿေဟိ ပုရက္ခတော၊
ဇဋာဘာရိကဘရိတံ, ကေဏိယံ နာမ တာပသံ။
၂၃၄-၂၃၅။ ငါသည် မိမိ တပည့်အပေါင်း ခြံရံလျက် လမ်းလျှောက်ရန် လှည့်လည် သော် ရသေ့ပရိက္ခရာတို့ဖြင့် ပြည့်သော ပူဇော်ဖွယ်ကို စီရင်နေသော ကေဏိယမည်သော ရသေ့ကို မြင်၍ အချင်း ကေဏိယ သင့်အား သမီးပေးခြင်းသည်လည်း ဖြစ်လတ္တံ့လော၊ သမီးယူခြင်းသည်လည်း ဖြစ်လတ္တံ့လော၊ ဗိမ္ဗိသာရမင်းကိုမူလည်း သင်သည် ဖိတ်မန်အပ် သလောဟု ဤစကားကို ပြောဆို၏။
၂၃၅။ ‘‘ပဋိယတ္တာဟုတိံ ဒိသွာ, ဣဒံ ဝစနမဗြဝိံ၊
‘အာဝါဟော ဝါ ဝိဝါဟော ဝါ, ရာဇာ ဝါ တေ နိမန္တိတော’။
၂၃၆။ ‘‘အာဟုတိံ [နာဟုတိံ (?)] ယိဋ္ဌုကာမောဟံ, ဗြာဟ္မဏေ ဒေဝသမ္မတေ၊
န နိမန္တေမိ ရာဇာနံ, အာဟုတီ မေ န ဝိဇ္ဇတိ။
၂၃၆။ သေလ ငါသည် ယဇ်ပူဇော်လိုသည် ဖြစ်၍ နတ်ဟု သမုတ်အပ်ကုန်သော ဗြာဟ္မဏ တို့ကို မဖိတ်ပါ၊ ဗိမ္ဗိသာရမင်းကိုလည်း မဖိတ်ပါ၊ ငါ့အား ယဇ်ပူဇော်မှုသည် မရှိချေ။
၂၃၇။ ‘‘န စတ္ထိ မယှမာဝါဟော, ဝိဝါဟော မေ န ဝိဇ္ဇတိ၊
သကျာနံ နန္ဒိဇနနော, သေဋ္ဌော လောကေ သဒေဝကေ။
၂၃၇။ ငါ့အား သမီးပေးခြင်းသည် မရှိပါ၊ ငါ့အား သမီးယူခြင်းသည် မရှိပါ၊ သာကီဝင် မင်းတို့၏ နှစ်သက်ခြင်းကို ဖြစ်စေတတ်သော နတ်နှင့် တကွသော လောက၌ မြတ်တော်မူ သော -
၂၃၈။ ‘‘သဗ္ဗလောကဟိတတ္ထာယ, သဗ္ဗသတ္တသုခါဝဟော၊
သော မေ နိမန္တိတော အဇ္ဇ, တဿေတံ ပဋိယာဒနံ။
၂၃၈။ အလုံးစုံသော လောက၏ အစီးအပွါးအလို့ငှါ ခပ်သိမ်းသော သတ္တဝါတို့၏ စီးပွါး ချမ်းသာကို ဆောင်တော်မူတတ်သော ထိုမြတ်စွာဘုရားကို ငါသည် ယနေ့ ပင့်ဖိတ်အပ်ပေ၏၊ ဤအလှူစီရင်ခြင်းသည် ထိုမြတ်စွာဘုရား၏ အကျိုးငှါ စီရင်ခြင်းပင် ဖြစ်ပေ၏။
၂၃၉။ ‘‘တိမ္ဗရူသကဝဏ္ဏာဘော, အပ္ပမေယျော အနူပမော၊
ရူပေနာသဒိသော ဗုဒ္ဓေါ, သွာတနာယ နိမန္တိတော။
၂၃၉။ တည်သီးအဆင်းနှင့် တူသော အဆင်းရှိတော်မူသော, မနှိုင်းရှည့်အပ်သည်ဖြစ်၍ နှိုင်းရှည့်စရာ ဥပမာမရှိသော, အဆင်းအားဖြင့် တူသောသူ မရှိသော မြတ်စွာဘုရားကို နက်ဖန် (ဆွမ်းစားခြင်း) အလို့ငှါ ပင့်ဖိတ်အပ်ပေ၏။
၂၄၀။ ‘‘ဥက္ကာမုခပဟဋ္ဌောဝ, ခဒိရင်္ဂါရသန္နိဘော၊
ဝိဇ္ဇူပမော မဟာဝီရော, သော မေ ဗုဒ္ဓေါ နိမန္တိတော။
၂၄၀။ ဖိုဝ၌ လှော်ပြီး ဦးပြီးသော ရွှေနှင့် တူတော်မူသော, ရှားမီးကျီးအစုနှင့် တူတော်မူ သော, လျှပ်စစ်လျှင် ဥပမာရှိသော လုံ့လကြီးမားတော်မူသော ထိုမြတ်စွာဘုရားကို ငါသည် ပင့်ဖိတ်အပ်ပေ၏။
၂၄၁။ ‘‘ပဗ္ဗတဂ္ဂေ ယထာ အစ္စိ, ပုဏ္ဏမာယေဝ စန္ဒိမာ၊
နဠဂ္ဂိဝဏ္ဏသင်္ကာသော, သော မေ ဗုဒ္ဓေါ နိမန္တိတော။
၂၄၁။ တောင်ထိပ်၌ ရှိသော မီးလျှံနှင့် တူတော်မူသော, လပြည့်နေ့ လဝန်းနှင့် တူတော် မူသော, ကျူမီးအဆင်းနှင့် တူတော်မူသော ထိုမြတ်စွာဘုရားကို ငါသည် ပင့်ဖိတ်အပ်ပေ၏။
၂၄၂။ ‘‘အသမ္ဘီတော ဘယာတီတော, ဘဝန္တကရဏော မုနိ၊
သီဟူပမော မဟာဝီရော, သော မေ ဗုဒ္ဓေါ နိမန္တိတော။
၂၄၂။ ကြောက်ရွံ့ခြင်း ကင်းတော်မူသော, ဘေးကို လွန်မြောက်တော်မူသော, ဘဝအဆုံး ကို ပြုတော်မူတတ်သော, ရဟန်းမြတ် ဖြစ်တော်မူသော, ခြင်္သေ့မင်းသဖွယ် ဖြစ်သော, လုံ့လ ကြီးမားတော်မူသော ထိုမြတ်စွာဘုရားကို ငါသည် ပင့်ဖိတ်အပ်ပေ၏။
၂၄၃။ ‘‘ကုသလော ဗုဒ္ဓဓမ္မေဟိ, အပသယှော ပရေဟိ သော၊
နာဂူပမော မဟာဝီရော, သော မေ ဗုဒ္ဓေါ နိမန္တိတော။
၂၄၃။ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတရားတို့ဖြင့် လိမ္မာတော်မူသော ထိုမြတ်စွာဘုရား ကို အခြားသူတို့ မနှိပ်စက်နိုင်သော, ဆင်မင်းသဖွယ်ဖြစ်သော, လုံ့လကြီးမားတော်မူသော ထို မြတ်စွာဘုရားကို ငါသည် ပင့်ဖိတ်အပ်ပေ၏။
၂၄၄။ ‘‘သဒ္ဓမ္မာစာရကုသလော, ဗုဒ္ဓနာဂေါ အသာဒိသော၊
ဥသဘူပမော မဟာဝီရော, သော မေ ဗုဒ္ဓေါ နိမန္တိတော။
၂၄၄။ သူတော်ကောင်းတရားအကျင့်၌ လိမ္မာတော်မူသော, ဘုရားတည်းဟူသောဆင်မင်း ဖြစ်တော်မူသော, တူသောသူ မရှိသည်ဖြစ်၍ ဥသဘသဖွယ်ဖြစ်သော လုံ့လကြီးမားတော်မူ သော ထိုမြတ်စွာဘုရားကို ငါသည် ပင့်ဖိတ်အပ်ပေ၏။
၂၄၅။ ‘‘အနန္တဝဏ္ဏော အမိတယသော, ဝိစိတ္တသဗ္ဗလက္ခဏော၊
သက္ကူပမော မဟာဝီရော, သော မေ ဗုဒ္ဓေါ နိမန္တိတော။
၂၄၅။ အဆုံးမရှိသော ဂုဏ်ကျေးဇူးရှိတော်မူသော, မနှိုင်းရှည့်အပ်သော အခြံအရံရှိတော်မူ သော, အလုံးစုံ ဆန်းကြယ်သော လက္ခဏာရှိတော်မူသော, သိကြားမင်းသဖွယ်ဖြစ်သော, လုံ့လကြီးမားတော်မူသော ထိုမြတ်စွာဘုရားကို ငါသည် ပင့်ဖိတ်အပ်ပေ၏။
၂၄၆။ ‘‘ဝသီ ဂဏီ ပတာပီ စ, တေဇဿီ စ ဒုရာသဒေါ၊
ဗြဟ္မူပမော မဟာဝီရော, သော မေ ဗုဒ္ဓေါ နိမန္တိတော။
၂၄၆။ ဈာန်သမာပတ်၌ အလေ့အကျင့်ရှိတော်မူသော, ဂိုဏ်းဆရာဖြစ်တော်မူသော, ကြီး မားသော လုံ့လရှိတော်မူသော, ကြီးမားသော တန်ခိုးလည်းရှိတော်မူသော, ချဥ်းကပ်ရန် ခဲယဥ်းတော်မူသော, ဗြဟ္မာမင်းသဖွယ်ဖြစ်သော, ကြီးမြတ်သော လုံ့လရှိတော်မူသော ထို မြတ်စွာဘုရားကို ငါသည် ပင့်ဖိတ်အပ်ပေ၏။
၂၄၇။ ‘‘ပတ္တဓမ္မော ဒသဗလော, ဗလာတိဗလပါရဂေါ၊
ဓရဏူပမော မဟာဝီရော, သော မေ ဗုဒ္ဓေါ နိမန္တိတော။
၂၄၇။ ရောက်အပ် ရအပ်သော တရားရှိတော်မူသော, အားဆယ်ပါးနှင့် ပြည့်စုံတော်မူ သော, အားတကာတို့ထက် လွန်သော အားအဆုံးသို့ ရောက်တော်မူသော, မြေကြီးသဖွယ် ဖြစ်သော, ကြီးမားသော လုံ့လရှိတော်မူသော ထိုမြတ်စွာဘုရားကို ငါသည် ပင့်ဖိတ်အပ်ပေ၏။
၂၄၈။ ‘‘သီလဝီစိသမာကိဏ္ဏော, ဓမ္မဝိညာဏခေါဘိတော၊
ဥဒဓူပမော မဟာဝီရော, သော မေ ဗုဒ္ဓေါ နိမန္တိတော။
၂၄၈။ သီလတည်းဟူသော လှိုင်းတံပိုးတို့ဖြင့် ပြွမ်းသော, တရားအထူးကို သိတတ်သော ဉာဏ်ဖြင့် ချောက်ချားတော်မူသော, သမုဒ္ဒရာသဖွယ်ဖြစ်သော, လုံ့လကြီးမားတော်မူသော ထို မြတ်စွာဘုရားကို ငါသည် ပင့်ဖိတ်အပ်ပေ၏။
၂၄၉။ ‘‘ဒုရာသဒေါ ဒုပ္ပသဟော, အစလော ဥဂ္ဂတော ဗြဟာ၊
နေရူပမော မဟာဝီရော, သော မေ ဗုဒ္ဓေါ နိမန္တိတော။
၂၄၉။ ချဥ်းကပ်ရန် ခဲယဥ်းတော်မူသော, မဖျက်ဆီးနိုင်သော, တုန်လှုပ်ခြင်းမရှိသော, ကျော်ကြားတော်မူသော, ပညာဂုဏ် ကြီးကျယ်တော်မူသော, မြင်းမိုရ်တောင်သဖွယ် ဖြစ်သော, ကြီးမားသော လုံ့လရှိတော်မူသော ထိုမြတ်စွာဘုရားကို ငါသည် ပင့်ဖိတ်အပ်ပေ၏။
၂၅၀။ ‘‘အနန္တဉာဏော အသမသမော, အတုလော အဂ္ဂတံ ဂတော၊
ဂဂနူပမော မဟာဝီရော, သော မေ ဗုဒ္ဓေါ နိမန္တိတော။
ပန္နရသမံ ဘာဏဝါရံ။
၂၅၀။ အဆုံးမရှိသော ဉာဏ်ရှိတော်မူသော, အတုမရှိသည့် ရှေးဘုရားတို့နှင့်သာ တူ တော်မူသော, တူသောသူ မရှိသည်ဖြစ်၍ အမြတ်ဆုံးအဖြစ်သို့ ရောက်တော်မူသော, ကောင်း ကင်သဖွယ် ကြီးကျယ်သော လုံ့လရှိတော်မူသော ထိုမြတ်စွာဘုရားကို ငါသည် ပင့်ဖိတ်အပ်ပေ၏။ တစ်ဆယ့်ငါးခုမြောက် ဘာဏဝါရ ပြီး၏။
၂၅၁။ ‘‘ပတိဋ္ဌာ ဘယဘီတာနံ, တာဏော သရဏဂါမိနံ၊
အဿာသကော မဟာဝီရော, သော မေ ဗုဒ္ဓေါ နိမန္တိတော။
၂၅၁။ ဘေးကို ကြောက်လန့်ကုန်သော သူတို့၏ တည်ရာ ကိုးကွယ်ဆည်းကပ်ကုန်သော သူတို့၏ ပုန်းအောင်းရာ ဖြစ်တော်မူသော, သက်သာရာကို ရစေတော်မူသည်ဖြစ်၍ ကြီးမား သော လုံ့လရှိတော်မူသော ထိုမြတ်စွာဘုရားကို ငါသည် ပင့်ဖိတ်အပ်ပေ၏။
၂၅၂။ ‘‘အာသယော ဗုဒ္ဓိမန္တာနံ, ပုညက္ခေတ္တံ သုခေသိနံ၊
ရတနာကရော မဟာဝီရော, သော မေ ဗုဒ္ဓေါ နိမန္တိတော။
၂၅၂။ ပညာရှိတို့၏ တည်နေရာ ချမ်းသာကို ရှာမှီးကုန်သော သူတို့၏ ကောင်းမှုမျိုးစေ့ ကို စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူသော, တရားရတနာတို့၏ တည်ရာ ဖြစ်၍ ကြီးမားသော လုံ့လရှိတော်မူသော ထိုမြတ်စွာဘုရားကို ငါသည် ပင့်ဖိတ်အပ်ပေ၏။
၂၅၃။ ‘‘အဿာသကော ဝေဒကရော, သာမညဖလဒါယကော၊
မေဃူပမော မဟာဝီရော, သော မေ ဗုဒ္ဓေါ နိမန္တိတော။
၂၅၃။ သက်သာရာကို ရစေတတ်သော, နှစ်သက်ခြင်းကို ပြုတတ်သော, ရဟန်းပြုခြင်း အကျိုးကို ပေးတတ်သော, မိုးကောင်းကင်သဖွယ် ကြီးကျယ်သော လုံ့လရှိတော်မူသော ထို မြတ်စွာဘုရားကို ငါသည် ပင့်ဖိတ်အပ်ပေ၏။
၂၅၄။ ‘‘လောကစက္ခု မဟာတေဇော, သဗ္ဗတမဝိနောဒနော၊
သူရိယူပမော မဟာဝီရော, သော မေ ဗုဒ္ဓေါ နိမန္တိတော။
၂၅၄။ လောက၏ မျက်စိဖြစ်၍ တန်ခိုးကြီးမားတော်မူသော, ခပ်သိမ်းသော အမိုက်ကို ပယ်ဖျောက်တတ်သော နေမင်းသဖွယ် ကြီးကျယ်သော လုံ့လရှိတော်မူသော ထိုမြတ်စွာဘုရား ကို ငါသည် ပင့်ဖိတ်အပ်ပေ၏။
၂၅၅။ ‘‘အာရမ္မဏဝိမုတ္တီသု, သဘာဝဒဿနော မုနိ၊
စန္ဒူပမော မဟာဝီရော, သော မေ ဗုဒ္ဓေါ နိမန္တိတော။
၂၅၅။ အရဟတ္တဖိုလ်အာရုံတို့၌ သဘာဝကို ရှုလေ့ရှိသော ရဟန်းမြတ်ဖြစ်တော်မူသော, လမင်းသဖွယ် ကြီးကျယ်သော လုံ့လရှိတော်မူသော ထိုမြတ်စွာဘုရားကို ငါသည် ပင့်ဖိတ်အပ်ပေ၏။
၂၅၆။ ‘‘ဗုဒ္ဓေါ သမုဿိတော လောကေ, လက္ခဏေဟိ အလင်္ကတော၊
အပ္ပမေယျော မဟာဝီရော, သော မေ ဗုဒ္ဓေါ နိမန္တိတော။
၂၅၆။ သစ္စာလေးပါးတရားကို သိတော်မူသည် ဖြစ်၍ လောက၌ ကောင်းစွာ ထင်ရှား တော်မူသော, လက္ခဏာတို့ဖြင့် တန်ဆာဆင်တော်မူအပ်သော, မနှိုင်းရှည့်အပ်သည်ဖြစ်၍ လုံ့လကြီးမားတော်မူသော ထိုမြတ်စွာဘုရားကို ငါသည် ပင့်ဖိတ်အပ်ပေ၏။
၂၅၇။ ‘‘ယဿ ဉာဏံ အပ္ပမေယျံ, သီလံ ယဿ အနူပမံ၊
ဝိမုတ္တိ အသဒိသာ ယဿ, သော မေ ဗုဒ္ဓေါ နိမန္တိတော။
၂၅၇။ အကြင်မြတ်စွာဘုရား၏ ဉာဏ်တော်သည် မနှိုင်းရှည့်နိုင်ပေ၊ အကြင်မြတ်စွာဘုရား၏ သီလတော်သည် နှိုင်းရှည့်စရာ ဥပမာ မရှိပေ၊ အကြင်မြတ်စွာဘုရား၏ အရဟတ္တ ဖိုလ်သည် အတူ မရှိပေ၊ ငါသည် ထိုမြတ်စွာဘုရားကို ပင့်ဖိတ်အပ်ပေ၏။
၂၅၈။ ‘‘ယဿ ဓီတိ အသဒိသာ, ထာမော ယဿ အစိန္တိယော၊
ယဿ ပရက္ကမော ဇေဋ္ဌော, သော မေ ဗုဒ္ဓေါ နိမန္တိတော။
၂၅၈။ အကြင်မြတ်စွာဘုရား၏ တည်ကြည်မှု ‘သမာဓိ’ သည် အတူမရှိပေ၊ အကြင်မြတ်စွာဘုရား၏ အားအစွမ်းတော်သည် ကြံစည်အပ်သော အရာမဟုတ်ပေ၊ အကြင်မြတ်စွာဘုရား၏ လုံ့လသည် ကြီးမြတ်တော်မူ၏၊ ထိုမြတ်စွာဘုရားကို ငါသည် ပင့်ဖိတ်အပ်ပေ၏။
၂၅၉။ ‘‘ရာဂေါ ဒေါသော စ မောဟော စ, ဝိသာ သဗ္ဗေ သမူဟတာ၊
အဂဒူပမော မဟာဝီရော, သော မေ ဗုဒ္ဓေါ နိမန္တိတော။
၂၅၉။ အကြင်မြတ်စွာဘုရားသည် ရာဂကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ မောဟကိုလည်းကောင်း အလုံးစုံသော ကိလေသာအဆိပ်တို့ကို ကောင်းစွာ ပယ်နုတ်အပ် ကုန်ပြီ။ ဆေးကောင်းသဖွယ် ကြီးကျယ်သော လုံ့လရှိတော်မူသော ထိုမြတ်စွာဘုရားကို ငါသည် ပင့်ဖိတ်အပ်ပေ၏။
၂၆၀။ ‘‘က္လေသဗျာဓိဗဟုဒုက္ခ သဗ္ဗတမဝိနောဒနော [ဝိနောဒကော (သီ။ သျာ။)]၊
ဝေဇ္ဇူပမော မဟာဝီရော, သော မေ ဗုဒ္ဓေါ နိမန္တိတော။
၂၆၀။ ကိလေသာတည်းဟူသော အနာကိုလည်းကောင်း၊ များစွာသော ဆင်းရဲတို့ကိုလည်း ကောင်း၊ အလုံးစုံသော အမိုက်ကိုလည်းကောင်း ပယ်ဖျောက်တော်မူတတ်သော ဆေးသမား သဖွယ် ကြီးကျယ်သော လုံ့လရှိတော်မူသော ထိုမြတ်စွာဘုရားကို ငါသည် ပင့်ဖိတ်အပ်ပေ၏ (ဟု ပြောကြား၏)။
၂၆၁။ ‘‘ဗုဒ္ဓေါတိ ဘော ယံ ဝဒေသိ, ဃောသောပေသော သုဒုလ္လဘော၊
ဗုဒ္ဓေါ ဗုဒ္ဓေါတိ သုတွာန, ပီတိ မေ ဥဒပဇ္ဇထ။
၂၆၁။ အရှင်ရသေ့ သင်သည် ဘုရားဟူ၍ အကြင်စကားကို ပြောဆိုပေ၏၊ ဤဘုရားဟု ပြောဆိုရခြင်းကိုလည်း အလွန်ရခဲပါပေ၏။ ‘ဘုရား ဘုရား’ဟူသော အသံကို ကြားရခြင်း ကြောင့် ငါ့အား နှစ်သက်ခြင်း ‘ပီတိ’ သည် ဖြစ်လျက် ရှိပါ၏။
၂၆၂။ ‘‘အဗ္ဘန္တရံ အဂဏှန္တံ, ပီတိ မေ ဗဟိ နိစ္ဆရေ၊
သောဟံ ပီတိမနော သန္တော, ဣဒံ ဝစနမဗြဝိံ။
၂၆၂။ ငါ၏ ပီတိသည် ကိုယ်တွင်း၌ မဆန့်ဘဲ အပြင်သို့ ထွက်၏၊ ထိုငါသည် နှစ်သက် သော စိတ်ရှိသည်ဖြစ်၍ ဤစကားကို ပြောဆို၏။
၂၆၃။ ‘‘‘ကဟံ နု ခေါ သော ဘဂဝါ, လောကဇေဋ္ဌော နရာသဘော၊
တတ္ထ ဂန္တွာ နမဿိဿံ, သာမညဖလဒါယကံ’။
၂၆၃။ လောက၏ အကြီးအမှူးဖြစ်၍ လူတို့ထက်မြတ်တော်မူသော ထိုမြတ်စွာဘုရားသည် အဘယ်အရပ်၌ ရှိပါသနည်း၊ ထိုအရပ်သို့ သွား၍ ရဟန်းပြုခြင်းအကျိုးကို ပေးတတ်သော မြတ်စွာဘုရားကို ရှိခိုးပါအံ့။
၂၆၄။ ‘‘‘ပဂ္ဂယှ ဒက္ခိဏံ ဗာဟုံ, ဝေဒဇာတော ကတဉ္ဇလီ၊
အာစိက္ခိ မေ ဓမ္မရာဇံ, သောကသလ္လဝိနောဒနံ။
၂၆၄။ (ကေဏိယရသေ့သည်) လက်ယာလက်မောင်းကို မြှောက်ပြီးလျှင် နှစ်သက်ခြင်းဖြစ် ၍လက်အုပ်ချီလျက် သောကငြောင့်ကို ပယ်ဖျောက်တော်မူတတ်သော တရားမင်းဘုရားကို ငါ့အား ပြောကြားလေ၏။
၂၆၅။ ‘‘‘ဥဒေန္တံဝ မဟာမေဃံ, နီလံ အဉ္ဇနသန္နိဘံ၊
သာဂရံ ဝိယ ဒိဿန္တံ, ပဿသေတံ မဟာဝနံ။
၂၆၅။ တက်လာသော မိုးတိမ်တိုက်သဖွယ်ဖြစ်သော စိမ်းညိုသော မျက်စဥ်းတောင်သဖွယ် ဖြစ်သော တရေးရေးထင်သော သမုဒ္ဒရာသဖွယ်ဖြစ်သော ထိုတောအုပ်ကို မြင်၏လော။
၂၆၆။ ‘‘‘ဧတ္ထ သော ဝသတေ ဗုဒ္ဓေါ, အဒန္တဒမကော မုနိ၊
ဝိနယန္တော စ ဝေနေယျေ, ဗောဓေန္တော ဗောဓိပက္ခိယေ။
၂၆၆။ ဤတောအုပ်၌ မယဥ်ကျေးသူတို့ကို ယဥ်ကျေးအောင် ဆုံးမတော်မူတတ်သော ရဟန်းမြတ် ဖြစ်တော်မူသော ထိုမြတ်စွာဘုရားသည် ဆုံးမထိုက်သောသူတို့ကို ဆုံးမတော်မူ လျက် ဗောဓိပက္ခိယတရားတို့ကို သိစေတော်မူလျက် နေတော်မူ၏ (ဟု ပြောကြား၏)။
၂၆၇။ ‘‘‘ပိပါသိတောဝ ဥဒကံ, ဘောဇနံဝ ဇိဃစ္ဆိတော၊
ဂါဝီ ယထာ ဝစ္ဆဂိဒ္ဓါ, ဧဝါဟံ ဝိစိနိံ ဇိနံ။
၂၆၇။ ရေငတ်သောသူသည် ရေကို ရှာသကဲ့သို့လည်းကောင်း၊ ထမင်းဆာသောသူသည် အစာကို ရှာမှီးသကဲ့သို့လည်းကောင်း၊ နွားငယ်ကို ချစ်ခင်သော နွားမသည် နွားငယ် ကို ရှာသကဲ့သို့လည်းကောင်း ဤအတူ ငါသည် မြတ်စွာဘုရားကို ရှာဖွေ၏။
၂၆၈။ ‘‘‘အာစာရဥပစာရညူ, ဓမ္မာနုစ္ဆဝိသံဝရံ၊
သိက္ခာပေမိ သကေ သိဿေ, ဂစ္ဆန္တေ ဇိနသန္တိကံ။
၂၆၈။ မြတ်စွာဘုရားထံ သွားမည့် မိမိတပည့်တို့ကို အကျင့်ဥပစာ၌ လိမ္မာသော ငါသည် တရားနှင့် လျော်သော စောင့်စည်းခြင်းအကျင့်ကို သင်ယူစေ၏။
၂၆၉။ ‘‘‘ဒုရာသဒါ ဘဂဝန္တော, သီဟာဝ ဧကစာရိနော၊
ပဒေ ပဒံ နိက္ခိပန္တာ, အာဂစ္ဆေယျာထ မာဏဝါ။
၂၆၉။ လုလင်တို့ မြတ်စွာဘုရားတို့သည် ချဥ်းကပ်ဝံ့ခဲကုန်၏။ ‘ခြင်္သေ့မင်းကဲသို့’ တစ်ပါးတည်း ကျင့်တော်မူလေ့ရှိကုန်၏၊ သင်တို့သည် ရှေ့ခြေရာ၌ နောက်ခြေရာကို ချနင်း ကုန်လျက် လာကြကုန်လော့။
၂၇၀။ ‘‘‘အာသီဝိသော ယထာ ဃောရော, မိဂရာဇာဝ ကေသရီ၊
မတ္တောဝ ကုဉ္ဇရော ဒန္တီ, ဧဝံ ဗုဒ္ဓါ ဒုရာသဒါ။
၂၇၀။ လျင်မြန်သော အဆိပ်ရှိသော ကြမ်းတမ်းသော မြွေဟောက်ကဲ့သို့လည်းကောင်း၊ သားများသနင်း ခြင်္သေ့မင်းကဲ့သို့လည်းကောင်း၊ လှည်းသန်သဖွယ် အစွယ်ရှိသော အမုန်ယစ် သော ဆင်ကဲ့သို့လည်းကောင်း ဤအတူ မြတ်စွာဘုရားတို့သည် ချဥ်းကပ်ဝံ့ခဲကုန်၏။
၂၇၁။ ‘‘‘ဥက္ကာသိတဉ္စ ခိပိတံ, အဇ္ဈုပေက္ခိယ မာဏဝါ၊
ပဒေ ပဒံ နိက္ခိပန္တာ, ဥပေထ ဗုဒ္ဓသန္တိကံ။
၂၇၁။ လုလင်တို့ သင်တို့သည် ချောင်းညံ့ ချေဆတ်သံတို့ကို ချုပ်တည်း၍ ရှေ့ခြေရာ၌ နောက်ခြေရာကို ချနင်းကုန်လျက် ဘုရားအထံတော်သို့ ချဥ်းကပ်ကြကုန်လော့။
၂၇၂။ ‘‘‘ပဋိသလ္လာနဂရုကာ, အပ္ပသဒ္ဒါ ဒုရာသဒါ၊
ဒုရူပသင်္ကမာ ဗုဒ္ဓါ, ဂရူ ဟောန္တိ သဒေဝကေ။
၂၇၂။ ဘုရားရှင်တို့သည် တစ်ပါးတည်း ကိန်းအောင်းခြင်း၌ အလေးပြုတော်မူကုန်၏၊ တိတ်ဆိတ်သော အသံရှိကုန်၏၊ ချဥ်းကပ်ဝံ့ခဲကုန်၏၊ ခဲယဥ်းစွာ ချဥ်းကပ်ရကုန်၏၊ နတ်နှင့် တကွသော လောက၌ အလေးအမြတ် ပြုအပ်ကုန်၏။
၂၇၃။ ‘‘‘ယဒါဟံ ပဉှံ ပုစ္ဆာမိ, ပဋိသမ္မောဒယာမိ ဝါ၊
အပ္ပသဒ္ဒါ တဒါ ဟောထ, မုနိဘူတာဝ တိဋ္ဌထ။
၂၇၃။ ငါ ပုစ္ဆာမေးလျှောက်သော အခါ၌ ဖြစ်စေ၊ ဝမ်းမြောက်ဝမ်းသာ ပြောဆိုသော အခါ၌ဖြစ်စေ တိတ်ဆိတ်သော အသံရှိကြကုန်လော့။ ငြိမ်သက်စွာ တည်နေကြကုန်လော့။
၂၇၄။ ‘‘‘ယံ သော ဒေသေတိ သမ္ဗုဒ္ဓေါ [သဒ္ဓမ္မံ (သီ။ သျာ။)], ခေမံ နိဗ္ဗာနပတ္တိယာ၊
တမေဝတ္ထံ နိသာမေထ, သဒ္ဓမ္မသဝနံ သုခံ’။
၂၇၄။ ထိုမြတ်စွာဘုရားသည် နိဗ္ဗာန်သို့ ရောက်ခြင်းငှါ အကြင်ကိလေသာကုန်ကြောင်း တရားကို ဟောတော်မူ၏၊ ထိုတရားသဘောကိုသာလျှင် နာကြကုန်လော့၊ သူတော်ကောင်း တရားကို နာရခြင်းသည် ချမ်းသာကြောင်းပေတည်း။
၂၇၅။ ‘‘ဥပသင်္ကမ္မ သမ္ဗုဒ္ဓံ, သမ္မောဒိံ မုနိနာ အဟံ၊
တံ ကထံ ဝီတိသာရေတွာ, လက္ခဏေ ဥပဓာရယိံ။
၂၇၅။ ငါသည် မြတ်စွာဘုရားထံ ချဥ်းကပ်၍ မြတ်စွာဘုရားနှင့် ဝမ်းမြောက်ဝမ်းသာ ပြောဆိုခဲ့၏၊ ထိုစကားကို ပြီးဆုံးစေ၍ လက္ခဏာတို့ကို စုံစမ်းဆင်ခြင်၏။
၂၇၆။ ‘‘လက္ခဏေ ဒွေ စ ကင်္ခါမိ, ပဿာမိ တိံသလက္ခဏေ၊
ကောသောဟိတဝတ္ထဂုယှံ, ဣဒ္ဓိယာ ဒဿယီ မုနိ။
၂၇၆။ ငါသည် နှစ်ပါးသော လက္ခဏာတို့ကို ယုံမှားလျက် ရှိ၏၊ သုံးဆယ်သော လက္ခဏာတို့ကိုသာ တွေ့မြင်ရ၏၊ မြတ်စွာဘုရားသည် အအိမ်၌ တည်သော အဝတ်ဖြင့် ဖုံးလွှမ်းအပ်သော ယောကျာ်းမြတ်၏ နိမိတ်ကို တန်ခိုးဖြင့် ပြတော်မူ၏။
၂၇၇။ ‘‘ဇိဝှံ နိန္နာမယိတွာန, ကဏ္ဏသောတေ စ နာသိကေ၊
ပဋိမသိ နလာဋန္တံ, ကေဝလံ ဆာဒယီ ဇိနော။
၂၇၇။ မြတ်စွာဘုရားသည် လျှာတော်ကို ထုတ်၍ နားတွင်းနှစ်ဖက်တို့ကိုလည်းကောင်း၊ နှာခေါင်းနှစ်ဖက်တို့ကိုလည်းကောင်း သုံးသပ်တော်မူပေ၏။ အလုံးစုံသော နဖူးပြင်ကိုလည်း ဖုံးလွှမ်းတော်မူပေ၏။
၂၇၈။ ‘‘တဿာဟံ လက္ခဏေ ဒိသွာ, ပရိပုဏ္ဏေ သဗျဉ္ဇနေ၊
ဗုဒ္ဓေါတိ နိဋ္ဌံ ဂန္တွာန, သဟ သိဿေဟိ ပဗ္ဗဇိံ။
၂၇၈။ ငါသည် ထိုမြတ်စွာဘုရား၏ လက္ခဏာတော်ငယ်နှင့် တကွသော လက္ခဏာတော် ကြီးတို့ကို အပြည့်အစုံ မြင်ရသည်ရှိသော် ဘုရားအစစ်ဟု ဆုံးဖြတ်ခြင်းသို့ ရောက်၍ တပည့် တို့နှင့်အတူ ရဟန်းပြု၏။
၂၇၉။ ‘‘သတေဟိ တီဟိ သဟိတော, ပဗ္ဗဇိံ အနဂါရိယံ၊
အဒ္ဓမာသေ အသမ္ပတ္တေ, သဗ္ဗေ ပတ္တာမှ နိဗ္ဗုတိံ။
၂၇၉။ တပည့်သုံးရာတို့နှင့် အတူ ရဟန်းဘောင်၌ ရဟန်းပြု၏၊ လခွဲမပြည့်မီ အလုံးစုံ သော ငါတို့သည် ငြိမ်းအေးရာ (နိဗ္ဗာန်) သို့ ရောက်ကုန်၏။
၂၈၀။ ‘‘ဧကတော ကမ္မံ ကတွာန, ပုညက္ခေတ္တေ အနုတ္တရေ၊
ဧကတော သံသရိတွာန, ဧကတော ဝိနိဝတ္တယုံ။
၂၈၀။ ကောင်းမှုမျိုးစေ့ကို စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်သော ဘုရားအမှူး ရှိသော သံဃာ၌ တစ်ပေါင်းတည်း ကောင်းမှုကံကို ပြုခဲ့ခြင်းကြောင့် တစ်ပေါင်းတည်း သံသရာ၌ ကျင်လည်၍ တစ်ပေါင်းတည်း ဝဋ်မှ ကျွတ်လွတ်ကုန်၏။
၂၈၁။ ‘‘ဂေါပါနသိယော ဒတွာန, ပူဂဓမ္မေ ဝသိံ အဟံ၊
တေန ကမ္မေန သုကတေန, အဋ္ဌ ဟေတူ လဘာမဟံ။
၂၈၁။ ငါသည် အခြင်ရနယ်တို့ကို ပေးလှူ၍ အသင်းဖွဲ့၍ ပြုအပ်သော ကောင်းမှု၌ လေ့လာဆည်းပူးခဲ့၏၊ ကောင်းစွာ ပြုအပ်သော ထိုကောင်းမှုကံကြောင့် ငါသည် အကြောင်း ရှစ်ပါးတို့ကို ရရှိပေ၏။
၂၈၂။ ‘‘ဒိသာသု ပူဇိတော ဟောမိ, ဘောဂါ စ အမိတာ မမ၊
ပတိဋ္ဌာ ဟောမိ သဗ္ဗေသံ, တာသော မမ န ဝိဇ္ဇတိ။
၂၈၂။ ငါသည် အရပ်မျက်နှာတို့၌ ပူဇော်ခံရပေ၏၊ ငါ၏ စည်းစိမ်တို့သည် မနှိုင်းရှည့်နိုင် ကုန်၊ ခပ်သိမ်းသော သူတို့၏ တည်ရာ ဖြစ်၏၊ ငါ့အား ထိတ်လန့်ခြင်းသည် မရှိချေ။
၂၈၃။ ‘‘ဗျာဓယော မေ န ဝိဇ္ဇန္တိ, ဒီဃာယုံ ပါလယာမိ စ၊
သုခုမစ္ဆဝိကော ဟောမိ, အာဝါသေ ပတ္ထိတေ ဝသေ [အာဝါသေ ပတ္တေ ဝဿေ (သျာ။), အာဝါသေဝ ဌိတေ ဝသေ (က။)]။
၂၈၃။ ငါ့အား အနာရောဂါတို့သည် မရှိကုန်၊ ငါသည် ရှည်သော အသက်ကိုလည်း စောင့်ရှောက်လျက် ရှိ၏၊ ငါသည် သိမ်မွေ့သော အရေအဆင်းရှိသူ ဖြစ်၏၊ တောင့်တအပ်သော (တည်တံ့သော) နေရာ၌သာလျှင် နေရ၏။
၂၈၄။ ‘‘အဋ္ဌ ဂေါပါနသီ ဒတွာ, ပူဂဓမ္မေ ဝသိံ အဟံ၊
ပဋိသမ္ဘိဒါရဟတ္တဉ္စ, ဧတံ မေ အပရဋ္ဌမံ။
၂၈၄။ ငါသည် အခြင်ရနယ်ရှစ်ခုတို့ကို ပေးလှူ၍ အသင်းဖွဲ့လျက် ပြုအပ်သော ကောင်း မှု၌ လေ့လာဆည်းပူးခဲ့၏၊ ဤပဋိသမ္ဘိဒါပတ္တရဟန္တာအဖြစ်သည် ငါ၏ အခြားတစ်ပါးသော ရှစ်ခုမြောက် အကျိုးပေတည်း။
၂၈၅။ ‘‘သဗ္ဗဝေါသိတဝေါသာနော, ကတကိစ္စော အနာသဝေါ၊
အဋ္ဌဂေါပါနသီ နာမ, တဝ ပုတ္တော မဟာမုနိ။
၂၈၅။ အလုံးစုံ ပြီးဆုံးစေအပ်သော ရဟန်းကိစ္စ ပြီးဆုံးခြင်း ရှိပါ၏၊ ပြုအပ်ပြီးသော မဂ်ကိစ္စ တစ်ဆယ့်ခြောက်ချက် ရှိပါ၏၊ အာသဝမရှိသော ရဟန္တာ ဖြစ်ပါ၏၊ မြတ်စွာဘုရား အရှင်ဘုရား၏ သားတော်သည် အဋ္ဌဂေါပါနသီ မည်ပါ၏။
၂၈၆။ ‘‘ပဉ္စ ထမ္ဘာနိ ဒတွာန, ပူဂဓမ္မေ ဝသိံ အဟံ၊
တေန ကမ္မေန သုကတေန, ပဉ္စ ဟေတူ လဘာမဟံ။
၂၈၆။ ငါသည် တိုင်ငါးလုံးတို့ကို ပေးလှူ၍ အသင်းဖွဲ့၍ ပြုအပ်သော ကုသိုလ်ကောင်းမှု၌ လေ့လာဆည်းပူးခဲ့၏၊ ကောင်းစွာ ပြုအပ်သော ထိုကောင်းမှုကံကြောင့် ငါသည် အကြောင်း ငါးပါးတို့ကို ရရှိပေ၏။
၂၈၇။ ‘‘အစလော ဟောမိ မေတ္တာယ, အနူနင်္ဂေါ ဘဝါမဟံ၊
အာဒေယျဝစနော ဟောမိ, န ဓံသေမိ ယထာ အဟံ။
၂၈၇။ ငါသည် မေတ္တာကြောင့် မတုန်လှုပ်သူ ဖြစ်၏၊ ငါသည် မယုတ်လျော့သော ကိုယ် အင်္ဂါရှိသူ ဖြစ်၏၊ ငါ၏ မဖျက်ဆီးမှုကြောင့် ငါသည် ယုံကြည်ထိုက်သော စကားရှိသူ ဖြစ်ပေ၏။
၂၈၈။ ‘‘အဘန္တံ ဟောတိ မေ စိတ္တံ, အခိလော ဟောမိ ကဿစိ၊
တေန ကမ္မေန သုကတေန, ဝိမလော ဟောမိ သာသနေ။
၂၈၈။ ငါ၏ စိတ်သည် တုန်လှုပ်ခြင်း မရှိချေ၊ ငါသည် တစ်စုံတစ်ယောက်၏ ငြောင့်တံ သင်းမှ ကင်းသူ ဖြစ်၏၊ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့် သာသနာတော်၌ ကိလေသာ အညစ်အကြေးကင်းသူ ဖြစ်ပေ၏။
၂၈၉။ ‘‘သဂါရဝေါ သပ္ပတိဿော, ကတကိစ္စော အနာသဝေါ၊
သာဝကော တေ မဟာဝီရ, ဘိက္ခု တံ ဝန္ဒတေ မုနိ။
၂၈၉။ ကြီးမားသော လုံ့လရှိတော်မူသော မြတ်စွာဘုရား ရိုသေတုပ်ဝပ်ခြင်းရှိသော ပြုအပ်ပြီးသော မဂ်ကိစ္စရှိသော အာသဝမရှိသော အရှင်ဘုရား၏ တပည့်ရဟန်းသည် အရှင် ဘုရားကို ရှိခိုးပါ၏။
၂၉၀။ ‘‘ကတွာ သုကတပလ္လင်္ကံ, သာလာယံ ပညပေသဟံ၊
တေန ကမ္မေန သုကတေန, ပဉ္စ ဟေတူ လဘာမဟံ။
၂၉၀။ ငါသည် ကောင်းစွာ လုပ်အပ်သော ပလ္လင်ကို ပြုလုပ်၍ ဆွမ်းစားကျောင်း၌ ခင်းထားခဲ့၏၊ ငါသည် ကောင်းစွာ ပြုအပ်သော ထိုကောင်းမှုကံကြောင့် အကြောင်းငါးပါးတို့ကို ရရှိပေ၏။
၂၉၁။ ‘‘ဥစ္စေ ကုလေ ပဇာယိတွာ, မဟာဘောဂေါ ဘဝါမဟံ၊
သဗ္ဗသမ္ပတ္တိကော ဟောမိ, မစ္ဆေရံ မေ န ဝိဇ္ဇတိ။
၂၉၁။ ငါသည် မြင့်မြတ်သော အမျိုး၌ ဖြစ်၍ စည်းစိမ်းဥစ္စာ များပြားစွာ ရှိသူ ဖြစ်ရ၏၊ အလုံးစုံပြည့်စုံခြင်း ရှိ၏၊ ငါ့အား ဝန်တိုမှု မရှိပေ။
၂၉၂။ ‘‘ဂမနေ ပတ္ထိတေ မယှံ, ပလ္လင်္ကော ဥပတိဋ္ဌတိ၊
သဟ ပလ္လင်္ကသေဋ္ဌေန, ဂစ္ဆာမိ မမ ပတ္ထိတံ။
၂၉၂။ ငါသည် သွားခြင်းကို တောင့်တအပ်သည်ရှိသော် (သွားရန် စိတ်ကူးလျှင်) ပလ္လင် သည် ရှေးရှုတည်လာ၏၊ ပလ္လင်မြတ်နှင့်တကွ ငါ၏ တောင့်တရာအရပ်သို့ သွားရ၏။
၂၉၃။ ‘‘တေန ပလ္လင်္ကဒါနေန, တမံ သဗ္ဗံ ဝိနောဒယိံ၊
သဗ္ဗာဘိညာဗလပ္ပတ္တော, ထေရော [သေလော (?)] ဝန္ဒတိ တံ မုနိ။
၂၉၃။ ငါသည် ထိုပလ္လင်အလှူကြောင့် အမိုက်မှောင်အားလုံးကို ပယ်ဖျောက်၏၊ မြတ်စွာဘုရား အလုံးစုံသော အဘိညာဥ်အားအစွမ်းသို့ ရောက်သော မထေရ်သည် အရှင်ဘုရားကို ရှိခိုးပါ၏။
၂၉၄။ ‘‘ပရကိစ္စတ္တကိစ္စာနိ, သဗ္ဗကိစ္စာနိ သာဓယိံ၊
တေန ကမ္မေန သုကတေန, ပါဝိသိံ အဘယံ ပုရံ။
၂၉၄။ ငါသည် သူတစ်ပါးကိစ္စ, မိမိကိစ္စဖြစ်သော ကိစ္စအားလုံးတို့ကို ပြီးစေခဲ့၏၊ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့် ဘေးမဲ့ဖြစ်သော နိဗ္ဗာန်ပြည်သို့ ဝင်ရ၏။
၂၉၅။ ‘‘ပရိနိဋ္ဌိတသာလမှိ, ပရိဘောဂမဒါသဟံ၊
တေန ကမ္မေန သုကတေန, သေဋ္ဌတ္တံ အဇ္ဈုပါဂတော။
၂၉၅။ ဆောက်လုပ်ပြီးသော ဆွမ်းစားကျောင်းဇရပ်၌ ငါသည် အသုံးအဆောင်ကို လှူဒါန်း ခဲ့၏၊ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့် မြင့်မြတ်သော ရဟန္တာအဖြစ်သို့ ရောက်ရပေ၏။
၂၉၆။ ‘‘ယေ ကေစိ ဒမကာ လောကေ, ဟတ္ထိအဿေ ဒမေန္တိ ယေ၊
ကရိတွာ ကာရဏာ နာနာ, ဒါရုဏေန ဒမေန္တိ တေ။
၂၉၆။ လောက၌ ဆုံးမတတ်သော အကြင်သူအားလုံးတို့သည် ဆင်မြင်းတို့ကို ဆုံးမကြ ကုန်၏၊ ထိုသူတို့သည် အမျိုးမျိုးသော ညှဥ်းဆဲမှုတို့ကို ပြု၍ ကြမ်းတမ်းစွာ ဆုံးမကြ ကုန်၏။
၂၉၇။ ‘‘န ဟေဝံ တွံ မဟာဝီရ, ဒမေသိ နရနာရိယော၊
အဒဏ္ဍေန အသတ္ထေန, ဒမေသိ ဥတ္တမေ ဒမေ။
၂၉၇။ လုံ့လကြီးမားတော်မူသော မြတ်စွာဘုရား အရှင်ဘုရားသည် ယောကျာ်းမိန်းမ တို့ကို ဤသို့ ဆုံးမတော်မမူပါ၊ လက်နက်မကိုင် ဒဏ်မထားဘဲ မြင့်မြတ်သော ဆုံးမခြင်း တို့ဖြင့် ဆုံးမတော်မူပေ၏။
၂၉၈။ ‘‘ဒါနဿ ဝဏ္ဏေ ကိတ္တေန္တော, ဒေသနာကုသလော မုနိ၊
ဧကပဉှံ ကထေန္တောဝ, ဗောဓေသိ တိသတေ မုနိ။
၂၉၈။ တရားဟောခြင်း၌ ကျွမ်းကျင်တော်မူသော မြတ်စွာဘုရားသည် ဒါန၏ ဂုဏ် ကျေးဇူးတို့ကို ဟောကြားတော်မူစဥ် ပြဿနာတစ်ခုကို ဖြေတော်မူလျက်သာလျှင် မြတ်စွာဘုရားသည် သုံးရာသော ရဟန်းတို့ကို သစ္စာလေးပါးကို သိစေတော်မူ၏။
၂၉၉။ ‘‘ဒန္တာ မယံ သာရထိနာ, သုဝိမုတ္တာ အနာသဝါ၊
သဗ္ဗာဘိညာဗလပတ္တာ, နိဗ္ဗုတာ ဥပဓိက္ခယေ။
၂၉၉။ ရထားထိန်းနှင့် တူသော မြတ်စွာဘုရားက ဆုံးမအပ်သော ငါတို့သည် အာသဝ မရှိဘဲ ကိလေသာမှ ကောင်းစွာ လွတ်ကုန်၏၊ အလုံးစုံသော အဘိညာဥ်အားသို့ ရောက်လျက် ဥပဓိကုန်ရာ နိဗ္ဗာန်၌ ငြိမ်းအေးကြရကုန်၏။
၃၀၀။ ‘‘သတသဟဿိတော ကပ္ပေ, ယံ ဒါနမဒဒိံ တဒါ၊
အတိက္ကန္တာ ဘယာ သဗ္ဗေ, သာလာဒါနဿိဒံ ဖလံ။
၃၀၀။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ အလှူကို ပေးလှူခဲ့ရသောအခါမှ စ၍ ဘေးအားလုံးကို လွန်မြောက်ကုန်၏။ ဤသို့ ဖြစ်ရခြင်းသည် ဆွမ်းစားကျောင်းဇရပ် လှူရ ခြင်း၏ အကျိုးပေတည်း။
၃၀၁။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝေါ။
၃၀၁။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ ငါသည် အာသဝမရှိဘဲ နေရ၏။
၃၀၂။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၃၀၂။ ငါ၏ လာခြင်းကား ကောင်းသော လာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံး ပြီးပါပြီ။
၃၀၃။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ သေလော သပရိသော ဘဂဝတော သန္တိကေ ဣမာ ဂါထာယော အဘာသိတ္ထာတိ။
သေလတ္ထေရဿာပဒါနံ ဒုတိယံ။
၃၀၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သေလမထေရ်သည် ပရိသတ်နှင့်တကွ မြတ်စွာဘုရားအထံတော်၌ ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် သေလတ္ထေရအပဒါန ပြီး၏။
၃။ သဗ္ဗကိတ္တိကတ္ထေရဿာပဒါနံ
၃၀၄။ ‘‘ကဏိကာရံဝ ဇလိတံ [ဇောတန္တံ (သီ။)], ဒီပရုက္ခံဝ ဥဇ္ဇလံ [ဇောတိတံ (သျာ။)]၊
ဩသဓိံဝ ဝိရောစန္တံ, ဝိဇ္ဇုတံ ဂဂနေ ယထာ။
၃-သဗ္ဗကိတ္တိကတ္ထေရအပဒါန ၃၀၄။ တင့်တယ်သော် မဟာလှေကားပန်းသဖွယ်, ထွန်းလင်းသော ဆီမီးတိုင်သဖွယ်, ကောင်းကင်၌ တင့်တယ်တောက်ပသော သောက်ရှူးကြယ်သဖွယ်, လျှပ်စစ်လျှပ်ပန်းသဖွယ် ဖြစ်တော်မူသော၊ -
၃၀၅။ ‘‘အသမ္ဘီတံ အနုတ္တာသိံ, မိဂရာဇံဝ ကေသရိံ၊
ဉာဏာလောကံ ပကာသေန္တံ, မဒ္ဒန္တံ တိတ္ထိယေ ဂဏေ။
၃၀၅။ သားများသနင်း ခြင်္သေ့မင်းသဖွယ်ဖြစ်၍ ကြောက်ခြင်း, လန့်ခြင်းရှိတော်မမူသော ဉာဏ်တော်တည်းဟူသော အလင်းကို ပြတော်မူလျက် တိတ္ထိအပေါင်းတို့ကို နှိမ်နင်းတော်မူ သော၊ -
၃၀၆။ ‘‘ဥဒ္ဓရန္တံ ဣမံ လောကံ, ဆိဒ္ဒန္တံ သဗ္ဗသံသယံ၊
ဂဇ္ဇန္တံ [အသမ္ဘီတံ (သျာ။), ဂစ္ဆန္တံ (က။)] မိဂရာဇံဝ, အဒ္ဒသံ လောကနာယကံ။
၃၀၆။ ဤလောကကို သံသရာမှ ထုတ်ဆယ်ကယ်တင်လျက် ယုံမှားသံသယအားလုံးကို ဖြတ်တောက်တော်မူသော ‘ခြင်္သေ့မင်းကဲ့သို့’ ကြုံးဝါးကြွသွား (တော်မူသော) မြတ်စွာဘုရားကို ငါသည် ဖူးမြင်ရ၏။
၃၀၇။ ‘‘ဇဋာဇိနဓရော အာသိံ, ဗြဟာ ဥဇု ပတာပဝါ၊
ဝါကစီရံ ဂဟေတွာန, ပါဒမူလေ အပတ္ထရိံ။
၃၀၇။ ငါသည် (ပညာ) ကြီးကျယ်သော, (စိတ်) ဖြောင့်မတ်သော, လုံ့လရှိသော, ဆံကျစ် သစ်နက် ရေကို ဆောင်သော ရသေ့ဖြစ်ခဲ့၏၊ (ထိုအခါ) လျှော်တေသင်္ကန်းကို ယူ၍ (မြတ်စွာဘုရား၏) ခြေရင်း၌ ဖြန့်ခင်းခဲ့၏။
၃၀၈။ ‘‘ကာဠာနုသာရိယံ ဂယှ, အနုလိမ္ပိံ တထာဂတံ၊
သမ္ဗုဒ္ဓမနုလိမ္ပေတွာ, သန္ထဝိံ လောကနာယကံ။
၃၀၈။ ငါသည် အကျော်နက်နံ့သာကို ယူ၍ မြတ်စွာဘုရားကို လိမ်းကျံခဲ့၏၊ မြတ်စွာဘုရားကို လိမ်းကျံပြီးလျှင် မြတ်စွာဘုရားကို ချီးကျူး၏။
၃၀၉။ ‘‘သမုဒ္ဓရသိမံ လောကံ, ဩဃတိဏ္ဏ [ဩဃတိဏ္ဏော (သျာ။ က။)] မဟာမုနိ၊
ဉာဏာလောကေန ဇောတေသိ, နာဝဋံ [ပဝရံ (သျာ။), ဝဇိရ (ပီ။)] ဉာဏမုတ္တမံ။
၃၀၉။ မြတ်စွာဘုရား အရှင်ဘုရားသည် ဝဲဩဃကို လွန်မြောက်တော်မူသည် ဖြစ်၍ ဤ လောကကို ကယ်တင်နိုင်ပါပေ၏၊ ဉာဏ်တော်အရောင်ဖြင့် ထွန်းတောက်ပတော်မူပါပေ၏၊ (အရှင်ဘုရား၏) ဉာဏ်တော်မြတ်သည် အပိတ်အပင် အတားအဆီး မရှိပါ။
၃၁၀။ ‘‘ဓမ္မစက္ကံ [တုဝံ စက္ကံ (က။)] ပဝတ္တေသိ, မဒ္ဒသေ ပရတိတ္ထိယေ၊
ဥသဘော ဇိတသင်္ဂါမော, သမ္ပကမ္ပေသိ မေဒနိံ။
၃၁၀။ အရှင်ဘုရားသည် ဓမ္မစက်ကို လည်စေတော်မူပါပေ၏၊ အခြားသော တိတ္ထိတို့ကို နှိမ်နင်းတော်မူနိုင်ပါပေ၏၊ နွားမင်းဥသဘနှင့် တူတော်မူပါပေ၏၊ အောင်အပ်ပြီးသော စစ်မြေရှိ တော်မူပါပေ၏၊ မြေကြီးကို တုန်လှုပ်စေနိုင်တော်မူပါပေ၏။
၃၁၁။ ‘‘မဟာသမုဒ္ဒေ ဦမိယော, ဝေလန္တမှိ ပဘိဇ္ဇရေ၊
တထေဝ တဝ ဉာဏမှိ, သဗ္ဗဒိဋ္ဌီ ပဘိဇ္ဇရေ။
၃၁၁။ မဟာသမုဒ္ဒရာ၌ လှိုင်းတို့သည် ကမ်းအဆုံး၌ ပျောက်ပျက်ကုန်သကဲ့သို့ ထို့အတူ အယူဝါဒအားလုံးတို့သည် အရှင်ဘုရား၏ ဉာဏ်တော်၌ ပျောက်ပျက်ပါကုန်၏။
၃၁၂။ ‘‘သုခုမစ္ဆိကဇာလေန, သရမှိ သမ္ပတာနိတေ၊
အန္တောဇာလိကတာ [ဇာလဂတာ (သီ။)] ပါဏာ, ပီဠိတာ ဟောန္တိ တာဝဒေ။
၃၁၂။ အပေါက်ကျဥ်းသော ပိုက်ကွန် (ကွန်စိပ်) ဖြင့် ရေအိုင်ကို ဖုံးလွှမ်းအပ်သည်ရှိသော် ထိုခဏ၌ ပိုက်ကွန်တွင်းသို့ ရောက်ကုန်သော သတ္တဝါတို့သည် ဆင်းရဲဖြင့် အနှိပ်အစက် ခံရ ကုန်၏။
၃၁၃။ ‘‘တထေဝ တိတ္ထိယာ လောကေ, ပုထုပါသဏ္ဍနိဿိတာ [မူဠှာ သစ္စဝိနိဿဋာ (သျာ။), မုဋ္ဌသစ္စဝိနိဿဋာ (က။)]၊
အန္တောဉာဏဝရေ တုယှံ, ပရိဝတ္တန္တိ မာရိသ။
၃၁၃။ အရှင်ဘုရား ထို့အတူသာလျှင် လောက၌ များစွာသောတိတ္ထိအယူကျော့ကွင်း၌ မှီကုန်သော (သစ္စာလေးပါးကို တွေ့သိခြင်းမှ ကင်းကုန်သော ) တိတ္ထိတို့သည် အရှင်ဘုရား၏ ဉာဏ်တော်မြတ် အတွင်း၌ လူးလှိမ့်လျက် ရှိပါကုန်၏။
၃၁၄။ ‘‘ပတိဋ္ဌာ ဝုယှတံ ဩဃေ, တွဉှိ နာထော အဗန္ဓုနံ၊
ဘယဋ္ဋိတာနံ သရဏံ, မုတ္တိတ္ထီနံ ပရာယဏံ။
၃၁၄။ မြတ်စွာဘုရား အရှင်ဘုရားသည် ဩဃလေးဖြာ၌ မျောပါးကုန်သော သတ္တဝါတို့၏ ထောက်တည်ရာ ဖြစ်တော်မူပါပေ၏၊ အရှင်ဘုရားသည်သာလျှင် အဆွေမရှိသော သတ္တဝါတို့၏ အားကိုးရာ ဖြစ်တော်မူပါပေ၏၊ ဘေးဖြင့် နှိပ်စက်ခံရသော သတ္တဝါတို့၏ ကိုးကွယ်ရာ ဖြစ် တော်မူပါပေ၏၊ လွတ်မြောက်ရေးကို အလိုရှိကုန်သော သတ္တဝါတို့၏ လဲလျောင်းရာ ဖြစ်တော် မူပါပေ၏။
၃၁၅။ ‘‘ဧကဝီရော အသဒိသော, မေတ္တာကရုဏသဉ္စယော [သညုတော (သျာ။)]၊
အသမော သုသမော သန္တော [သုသီလော အသမော သန္တော (သီ။), ပညဝါ ယုတ္တစာဂေါ စ (သျာ။)], ဝသီ တာဒီ ဇိတဉ္ဇယော။
၃၁၅။ အတုမရှိသော လုံ့လရှိတော်မူပါပေ၏၊ အတုမရှိသောပုဂ္ဂိုလ် ဖြစ်တော်မူပါပေ၏၊ မေတ္တာကရုဏာအပေါင်း ရှိတော်မူပါပေ၏၊ တူသောသူ မရှိသောပုဂ္ဂိုလ် ဖြစ်တော်မူပါပေ၏၊ အလွန်အေး ချမ်းသည်ဖြစ်၍ ငြိမ်သက်တော်မူပါပေ၏၊ ဝသီဘော်ငါးပါးနှင့် ပြည့်စုံတော်မူပါပေ၏၊ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူပါပေ၏၊ အောင်ထိုက်သော ရန်အပေါင်းကို အောင်မြင်တော်မူ ပါပေ၏။
၃၁၆။ ‘‘ဓီရော ဝိဂတသမ္မောဟော, အနေဇော အကထံကထီ၊
တုသိတော [ဝုသိတော (သီ။)] ဝန္တဒေါသောသိ, နိမ္မလော သံယတော သုစိ။
၃၁၆။ မြဲမြံတည်ကြည်သော သမာဓိ ရှိတော်မူပါပေ၏၊ တွေဝေမှု ကင်းတော်မူပါပေ၏၊ တဏှာကင်းတော်မူပါပေ၏၊ သို့လော သို့လော တွေးတောခြင်း ကင်းတော်မူပါပေ၏၊ ရောင့်ရဲ တင်းတိမ်တော်မူပါပေ၏၊ အမျက်ဒေါသကို ထွေးအန်ပြီးသူ ဖြစ်တော်မူပါပေ၏၊ အညစ်အကြေး ကင်းတော်မူပါပေ၏၊ စောင့်စည်းတော်မူပါပေ၏၊ စင်ကြယ်သန့်ရှင်းတော်မူပါပေ၏။
၃၁၇။ ‘‘သင်္ဂါတိဂေါ ဟတမဒေါ [ဂတမဒေါ (သျာ။), တမနုဒေါ (က။)], တေဝိဇ္ဇော တိဘဝန္တဂေါ၊
သီမာတိဂေါ ဓမ္မဂရု, ဂတတ္ထော ဟိတဝဗ္ဘုတော [ဟိတဝပ္ပထော (သီ။ သျာ။)]။
၃၁၇။ ကပ်ငြိတွယ်တာခြင်းကို ကျော်လွန်တော်မူပါပေ၏၊ မာန်ယစ်ခြင်းကို ပယ်ဖျောက် တော်မူပါပေ၏၊ ဝိဇ္ဇာသုံးပါးကို ရသည် ဖြစ်၍ ဘဝသုံးပါး အဆုံးသို့ ရောက်တော်မူပါပေ၏၊ (သံသရာ) အပိုင်းအခြားကို ကျော်လွန်တော်မူပါပေ၏၊ တရား၌ အလေးဂရုပြုတော်မူပါပေ၏၊ အရှင်ဘုရား၏ ရောက်အပ်ရအပ်သော အကျိုးသည် မဖြစ်ဖူးမြဲ ဖြစ်တော်မူပါပေ၏။
၃၁၈။ ‘‘တာရကော တွံ ယထာ နာဝါ, နိဓီဝဿာသကာရကော၊
အသမ္ဘီတော ယထာ သီဟော, ဂဇရာဇာဝ ဒပ္ပိတော။
၃၁၈။ အရှင်ဘုရားသည် ‘လှေကဲ့သို့’ ထုတ်ဆောင်ကယ်တင်တော်မူပါပေ၏၊ ‘ရွှေအိုးကဲ့ သို့’ သက်သာရာကို ပြုတော်မူတတ်ပါပေ၏၊ ‘ခြင်္သေ့ကဲ့သို့’ ကြောက်ရွံ့ခြင်း ကင်းတော်မူပါပေ၏၊ ‘ဆဒ္ဒန်ဆင်မင်းကဲ့သို့’ ယဥ်ကျေးတော်မူပါပေ၏။
၃၁၉။ ‘‘ထောမေတွာ ဒသဂါထာဟိ, ပဒုမုတ္တရံ မဟာယသံ၊
ဝန္ဒိတွာ သတ္ထုနော ပါဒေ, တုဏှီ အဋ္ဌာသဟံ တဒါ။
၃၁၉။ ထိုအခါ၌ ငါသည် အခြံအရံ များပြားတော်မူသော ပဒုမုတ္တရမြတ်စွာဘုရားကို ဆယ်ဂါထာတို့ဖြင့် ချီးကျူးပြီးလျှင် မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုး၍ ဆိတ်ဆိတ် ရပ်တည်၏။
၃၂၀။ ‘‘ပဒုမုတ္တရော လောကဝိဒူ, အာဟုတီနံ ပဋိဂ္ဂဟော၊
ဘိက္ခုသံဃေ ဌိတော သတ္ထာ, ဣမာ ဂါထာ အဘာသထ။
၃၂၀။ လောကသုံးပါးကို သိတော်မူသော, ပေးလှူဖွယ် ပစ္စည်းဝတ္ထုတို့ကို ခံတော်မူထိုက် သော ပဒုမုတ္တရမြတ်စွာဘုရားသည် ရဟန်း (သံဃာ) အလယ်၌ ရပ်တည်တော်မူလျက် ဤ ဂါထာတို့ကို မိန့်တော်မူ၏ -
၃၂၁။ ‘‘‘ယော မေ သီလဉ္စ ဉာဏဉ္စ, သဒ္ဓမ္မဉ္စာပိ ဝဏ္ဏယိ [ဓမ္မဉ္စာပိ ပကိတ္တယိ (သီ။ သျာ။)]၊
တမဟံ ကိတ္တယိဿာမိ, သုဏာထ မမ ဘာသတော။
၃၂၁။ အကြင်ပုဂ္ဂိုလ်သည် ငါ၏ သီလတော်ကိုလည်းကောင်း၊ ဉာဏ်တော်ကိုလည်း ကောင်း၊ သူတော်ကောင်းတရားကိုလည်းကောင်း ချီးကျူး၏။ ထိုပုဂ္ဂိုလ်ကို ဗျာဒိတ်စကား မိန့်ကြားတော်မူအံ့၊ ငါ မြွက်ကြားမည့် ဗျာဒိတ်စကားကို နားထောင်ကြကုန်လော့။
၃၂၂။ ‘‘‘သဋ္ဌိ ကပ္ပသဟဿာနိ, ဒေဝလောကေ ရမိဿတိ၊
အညေ ဒေဝေဘိဘဝိတွာ, ဣဿရံ ကာရယိဿတိ။
၃၂၂။ (ထိုပုဂ္ဂိုလ်သည်) ကမ္ဘာခြောက်သောင်းတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရလတ္တံ့၊ အခြားနတ်တို့ကို လွှမ်းမိုး၍ အစိုးရခြင်းကို ပြုလတ္တံ့။
၃၂၃။ ‘‘‘သော ပစ္ဆာ ပဗ္ဗဇိတွာန, သုက္ကမူလေန စောဒိတော၊
ဂေါတမဿ ဘဂဝတော, သာသနေ ပဗ္ဗဇိဿတိ။
၃၂၃။ ထိုပုဂ္ဂိုလ်သည် နောက်၌ ရဟန်းပြု၍ ကုသိုလ်ကံအကြောင်းရင်းသည် တိုက်တွန်းအပ်သဖြင့် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းပြုလတ္တံ့။
၃၂၄။ ‘‘‘ပဗ္ဗဇိတွာန ကာယေန, ပါပကမ္မံ ဝိဝဇ္ဇိယ၊
သဗ္ဗာသဝေ ပရိညာယ, နိဗ္ဗာယိဿတိနာသဝေါ’။
၃၂၄။ ရဟန်းပြုပြီးသော် ကိုယ်ဖြင့် မကောင်းမှုကို ရှောင်ကြဥ်၍ အာသဝတရား အားလုံး တို့ကို ပိုင်းခြားသိလျက် အာသဝမရှိဘဲ ပရိနိဗ္ဗာန်ပြုလတ္တံ့ (ဟု မိန့်တော်မူ၏)။
၃၂၅။ ‘‘ယထာပိ မေဃော ထနယံ, တပ္ပေတိ မေဒိနိံ ဣမံ၊
တထေဝ တွံ မဟာဝီရ, ဓမ္မေန တပ္ပယီ မမံ။
၃၂၅။ မိုးသည် ထစ်ချုန်းလျက် ဤမြေကြီးကို နှစ်သက်စေသကဲ့သို့ ထို့အတူသာလျှင် လုံ့လကြီး မားတော်မူသော မြတ်စွာဘုရား အရှင်ဘုရားသည် အကျွန်ုပ်ကို တရားဖြင့် နှစ်သက်စေတော်မူပါပေ၏။
၃၂၆။ ‘‘သီလံ ပညဉ္စ ဓမ္မဉ္စ, ထဝိတွာ လောကနာယကံ၊
ပတ္တောမှိ ပရမံ သန္တိံ, နိဗ္ဗာနံ ပဒမစ္စုတံ။
၃၂၆။ မြတ်စွာဘုရား၏ သီလတော်ကိုလည်းကောင်း၊ ဉာဏ်တော်ကိုလည်းကောင်း၊ တရားတော်ကိုလည်းကောင်း ချီးကျူးခဲ့ခြင်းကြောင့် စုတေခြင်း မရှိသော အလွန် အေးမြငြိမ်း ချမ်းသော နိဗ္ဗာန်သို့ ရောက်ရ၏။
၃၂၇။ ‘‘အဟော နူန သ ဘဂဝါ, စိရံ တိဋ္ဌေယျ စက္ခုမာ၊
အညာတဉ္စ ဝိဇာနေယျုံ, ဖုသေယျုံ [အညာတဉ္စာပိ ဇာနေယျ, ပဿေယျ (က။)] အမတံ ပဒံ။
၃၂၇။ စက္ခုငါးမျိုးရှိတော်မူသော ထိုမြတ်စွာဘုရားသည် ကြာမြင့်စွာ တည်တံ့ပါမူ ကောင်း လေစွ၊ ထိုသို့ တည်တံ့ပါလျှင် (လူအပေါင်းသည်) မသိအပ်သော တရားကိုလည်း သိနိုင် ကုန်ရာ၏၊ အမြိုက်နိဗ္ဗာန်သို့လည်း ရောက်ကုန်ရာ၏။
၃၂၈။ ‘‘အယံ မေ ပစ္ဆိမာ ဇာတိ, ဘဝါ သဗ္ဗေ သမူဟတာ၊
သဗ္ဗာသဝေ ပရိညာယ, ဝိဟရာမိ အနာသဝေါ။
၃၂၈။ ငါ၏ ဤဘဝသည်ကား နောက်ဆုံးဘဝပေတည်း၊ ငါသည် ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ အလုံးစုံသော အာသဝတို့ကို ပိုင်းခြား၍ သိခြင်းကြောင့် အာသဝမရှိဘဲ နေရ၏။
၃၂၉။
၃၂၉။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ မြတ်စွာဘုရားကို ချီးကျူးခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားကို ချီးကျူးရခြင်း၏ အကျိုးပေတည်း။
‘‘သတသဟဿိတော ကပ္ပေ, ယံ ဗုဒ္ဓမဘိထောမယိံ
ဒုဂ္ဂတိံ နာဘိဇာနာမိ, ကိတ္တနာယ ဣဒံ ဖလံ။
၃၃၀။ ‘‘ကိလေသာ ဈာပိတာ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ၊
သဗ္ဗာသဝါ ပရိက္ခီဏာ, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။
၃၃၀။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ အာသဝေါတရားအားလုံး ကုန်ပြီ၊ ဘဝသစ်၌ တစ်ဖန် ဖြစ်ခြင်းသည် ယခု မရှိတော့ချေ။
၃၃၁။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၃၃၁။ ငါ၏ လာခြင်းကား ကောင်းသော လာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံး ပြီးပါပြီ။
၃၃၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ သဗ္ဗကိတ္တိကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
သဗ္ဗကိတ္တိကတ္ထေရဿာပဒါနံ တတိယံ။
၃၃၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သဗ္ဗကိတ္တိကမထရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် သဗ္ဗကိတ္တိကတ္ထေရအပဒါန ပြီး၏။
၄။ မဓုဒါယကတ္ထေရအပဒါနံ
၃၃၃။ ‘‘သိန္ဓုယာ နဒိယာ တီရေ, သုကတော အဿမော မမ၊
တတ္ထ ဝါစေမဟံ သိဿေ, ဣတိဟာသံ သလက္ခဏံ။
၄-မဓုဒါယကတ္ထေရအပဒါန ၃၃၃။ သိန္ဓုမြစ်ကမ်း၌ ကောင်းစွာ ဆောက်လုပ်ထားသော ငါ၏ သင်္ခမ်းကျောင်းသည် ရှိ၏၊ ထိုသင်္ခမ်းကျောင်း၌ လက္ခဏာကျမ်းနှင့် တကွသော ဣတိဟာသကျမ်းကို ငါသည် တပည့်တို့ကို ပို့ချလျက့်ရှိ၏။
၃၃၄။ ‘‘ဓမ္မကာမာ ဝိနီတာ တေ, သောတုကာမာ သုသာသနံ၊
ဆဠင်္ဂေ ပါရမိပ္ပတ္တာ, သိန္ဓုကူလေ ဝသန္တိ တေ။
၃၃၄။ ထိုရသေ့တို့သည် တရားကို အလိုရှိကုန်၏၊ ဆုံးမအပ်ကုန်၏၊ ကောင်းမွန်သော အဆုံးအမကို နာယူလိုကုန်၏၊ ခြောက်ပါးသော အင်္ဂါရှိသော ဗေဒင်ကျမ်း၌ ကမ်းတစ်ဖက်သို့ ရောက်ကုန်၏၊ ထိုသူတို့သည် သိန္ဓုမြစ်ကမ်းနား၌ နေကြကုန်၏။
၃၃၅။ ‘‘ဥပ္ပါတဂမနေ စေဝ, လက္ခဏေသု စ ကောဝိဒါ၊
ဥတ္တမတ္ထံ ဂဝေသန္တာ, ဝသန္တိ ဝိပိနေ တဒါ။
၃၃၅။ ကောင်းမကောင်းကို ပြသော နိမိတ်ကျမ်း၌လည်းကောင်း၊ လက္ခဏာကျမ်းတို့၌လည်းကောင်း လိမ္မာကုန်သော ထိုရသေ့့တို့သည် ထိုအခါ မြတ်သော အကျိုးကို ရှာမှီးလျက် တော၌ နေကြကုန်၏။
၃၃၆။ ‘‘သုမေဓော နာမ သမ္ဗုဒ္ဓေါ, လောကေ ဥပ္ပဇ္ဇိ တာဝဒေ၊
အမှာကံ အနုကမ္ပန္တော, ဥပါဂစ္ဆိ ဝိနာယကော။
၃၃၆။ ထိုအခါ သုမေဓာမည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူ၏၊ ငါတို့ကို အစဥ် သနားတော်မူသည်ဖြစ်၍ မြတ်စွာဘုရားသည် ကြွလာတော်မူ၏။
၃၃၇။ ‘‘ဥပါဂတံ မဟာဝီရံ, သုမေဓံ လောကနာယကံ၊
တိဏသန္ထာရကံ ကတွာ, လောကဇေဋ္ဌဿဒါသဟံ။
၃၃၇။ ငါသည် လုံ့လကြီးမားတော်မူသော ကြွလာတော်မူသော သုမေဓာမြတ်စွာဘုရားကို (ဖူးမြင်ရသဖြင့်) မြက်အခင်းပြု၍ မြတ်စွာဘုရားအား ပေးလှူခဲ့၏။
၃၃၈။ ‘‘ဝိပိနာတော မဓုံ ဂယှ, ဗုဒ္ဓသေဋ္ဌဿဒါသဟံ၊
သမ္ဗုဒ္ဓေါ ပရိဘုဉ္ဇိတွာ, ဣဒံ ဝစနမဗြဝိ။
၃၃၈။ ငါသည် တောမှ ပျားရည်ကို ယူ၍ မြတ်စွာဘုရားအား ပေးလှူခဲ့၏၊ မြတ်စွာဘုရားသည် ဘုဥ်းပေးတော်မူပြီး၍ ဤစကားကို မိန့်တော်မူ၏-
၃၃၉။ ‘‘‘ယော တံ အဒါသိ မဓုံ မေ, ပသန္နော သေဟိ ပါဏိဘိ၊
တမဟံ ကိတ္တယိဿာမိ, သုဏာထ မမ ဘာသတော။
၃၃၉။ အကြင်ပုဂ္ဂိုလ်သည် ကြည်ညိုသည် ဖြစ်၍ မိမိလက်တို့ဖြင့် ငါ့အား ပျားရည်ကို ပေးလှူ၏၊ ငါသည် ထိုပုဂ္ဂိုလ်ကို ဗျာဒိတ်စကား မိန့်ကြားတော်မူအံ့၊ ဟောကြားမည့် ငါ၏ စကားကို နားထောင်ကြကုန်လော့-
၃၄၀။ ‘‘‘ဣမိနာ မဓုဒါနေန, တိဏသန္ထာရကေန စ၊
တိံသ ကပ္ပသဟဿာနိ, ဒေဝလောကေ ရမိဿတိ။
၃၄၀။ ဤပျားရည်အလှူကြောင့်လည်းကောင်း၊ မြက်အခင်းအလှူကြောင့်လည်းကောင်း ကမ္ဘာသုံးသောင်းတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရလတ္တံ့။
၃၄၁။ ‘‘‘တိံသ ကပ္ပသဟဿမှိ, ဩက္ကာကကုလသမ္ဘဝေါ၊
ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။
၃၄၁။ ကမ္ဘာသုံးသောင်းထက်၌ ဩက္ကာကအမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမ အမည်ရှိသော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။
၃၄၂။ ‘‘‘တဿ ဓမ္မေသု ဒါယာဒေါ, ဩရသော ဓမ္မနိမ္မိတော၊
သဗ္ဗာသဝေ ပရိညာယ, နိဗ္ဗာယိဿတိနာသဝေါ။
၃၄၂။ ထိုမြတ်စွာဘုရား၏ တရားဖြင့် ဖန်ဆင်းအပ်သော တရားတို့၌ အမွေခံသားဖြစ်၍ အာသဝေါအားလုံးတို့ကို ပိုင်းခြားသိလျက် အာသဝမရှိဘဲ ပရိနိဗ္ဗာန်ပြုရလတ္တံ့ (ဟု မိန့်တော် မူ၏)။
၃၄၃။ ‘‘‘ဒေဝလောကာ ဣဓာဂန္တွာ, မာတုကုစ္ဆိံ ဥပါဂတေ၊
မဓုဝဿံ ပဝဿိတ္ထ, ဆာဒယံ မဓုနာ မဟိံ’။
၃၄၃။ နတ်ပြည်မှ ဤလူ့ပြည်သို့ လာ၍ အမိဝမ်းသို့ ငါရောက်သည်ရှိသော် မြေကို ပျား ရည်ဖြင့် ဖုံးလွှမ်းစေလျက် ပျားရည်မိုးသည် ရွာသွန်းခဲ့၏။
၃၄၄။ ‘‘မယိ နိက္ခန္တမတ္တမှိ, ကုစ္ဆိယာ စ သုဒုတ္တရာ၊
တတြာပိ မဓုဝဿံ မေ, ဝဿတေ နိစ္စကာလိကံ။
၃၄၄။ လွန်မြောက်နိုင်ခဲသော အမိဝမ်းမှ ငါသည် ထွက် (မွေးဖွား) ခါမျှ ဖြစ်လတ်သော် ထိုဘဝ၌လည်း ပျားရည်မိုးသည် ငါ့အား အခါခပ်သိမ်း ရွာသွန်းလေ၏။
၃၄၅။ ‘‘အဂါရာ အဘိနိက္ခမ္မ, ပဗ္ဗဇိံ အနဂါရိယံ၊
လာဘီ အန္နဿ ပါနဿ, မဓုဒါနဿိဒံ ဖလံ။
၃၄၅။ ငါသည် လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်၌ ရဟန်းပြုခဲ့၏၊ ထမင်းအဖျော်ကို ရလွယ်သူ ဖြစ်၏။ ဤသို့ ဖြစ်ရခြင်းသည် ပျားရည်လှူရခြင်း၏ အကျိုးပေတည်း။
၃၄၆။ ‘‘သဗ္ဗကာမသမိဒ္ဓေါဟံ, ဘဝိတွာ ဒေဝမာနုသေ၊
တေနေဝ မဓုဒါနေန, ပတ္တောမှိ အာသဝက္ခယံ။
၃၄၆။ ငါသည် လူ့ပြည်, နတ်ပြည်၌ ဖြစ်ရသည်ရှိသော် အလုံးစုံ ကာမဂုဏ်တို့နှင့် ပြည့်စုံ၏၊ ထိုပျားရည်အလှူကြောင့်ပင် အာသဝကုန်ခြင်းသို့ ရောက်ရပေ၏။
၃၄၇။ ‘‘ဝုဋ္ဌမှိ ဒေဝေ စတုရင်္ဂုလေ တိဏေ, သမ္ပုပ္ဖိတေ [သုပုပ္ဖိတေ (သျာ။)] ဓရဏီရုဟေ သဉ္ဆန္နေ [ဝပ္ပဒေသေ (သျာ။)]၊
သုညေ ဃရေ မဏ္ဍပရုက္ခမူလကေ, ဝသာမိ နိစ္စံ သုခိတော အနာသဝေါ။
၃၄၇။ မိုးရွာ၍ မြက်လက်လေးသစ် ရှိသောအခါ ကောင်းမွန်စွာ ပွင့်သော သစ်ပင် အပေါင်းသည် ဖုံးလွှမ်းအပ်သော မဏ္ဍပ်သဖွယ် သစ်ပင်ရင်းတည်းဟူသော ဆိတ်ငြိမ်ရာ ကျောင်း၌ အာသဝမရှိဘဲ ချမ်းသာစွာ အမြဲ နေရ၏။
၃၄၈။ ‘‘မဇ္ဈေ မဟန္တေ ဟီနေ စ [မဇ္ဈေ မယှံ ဘဝါ အဿု (သျာ။ ပီ။ က။)], ဘဝေ သဗ္ဗေ အတိက္ကမိံ [ယေ ဘဝေ သမတိက္ကမိံ (သျာ။ က။), ယော ဘဝေသု ပကိတ္တယိ (က။)]၊
အဇ္ဇ မေ အာသဝါ ခီဏာ, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။
၃၄၈။ ငါသည် အယုတ်, အလတ်, အမြတ်ဖြစ်သော ဘဝအားလုံးတို့ကို လွန်မြောက်ခဲ့၏၊ ငါ့အား ယခုအခါ၌ အာသဝေါတရားတို့ ကုန်ခန်းပြီ၊ ယခုအခါ တစ်ဖန်ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပြီ။
၃၄၉။ ‘‘တိံသကပ္ပသဟဿမှိ, ယံ ဒါနမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, မဓုဒါနဿိဒံ ဖလံ။
၃၄၉။ ကမ္ဘာသုံးသောင်းထက်၌ အကြင်အလှူကို ပေးလှူခဲ့၏၊ ထိုအခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပျားရည်လှူရခြင်း၏ အကျိုး ပေတည်း။
၃၅၀။ ‘‘ကိလေသာ ဈာပိတာ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ၊
သဗ္ဗာသဝါ ပရိက္ခီဏာ, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။
၃၅၀။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ အာသဝေါတရားအားလုံးကုန်ပြီ၊ ယခုအခါ တစ်ဖန်ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပြီ။
၃၅၁။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၃၅၁။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံး ပြီးပါပြီ။
၃၅၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ မဓုဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
မဓုဒါယကတ္ထေရဿာပဒါနံ စတုတ္ထံ။
၃၅၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်တို့ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်မဓုဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြာက် မဓုဒါယကတ္ထေရအပဒါန ပြီး၏။
၅။ ပဒုမကူဋာဂါရိယတ္ထေရအပဒါနံ
၃၅၃။ ‘‘ပိယဒဿီ နာမ ဘဂဝါ, သယမ္ဘူ လောကနာယကော၊
ဝိဝေကကာမော သမ္ဗုဒ္ဓေါ, သမာဓိကုသလော မုနိ။
၅-ပဒုမကူဋာဂါရိယထ္ထေရအပဒါန ၃၅၃။ ပိယဒဿီအမည်ရှိသော မြတ်စွာဘုရားသည် အလိုလိုဖြစ်တော်မူပေ၏၊ လောက၏ ရှေ့သွား ဖြစ်တော်မူပေ၏၊ တိတ်ဆိတ်မှုကို အလိုရှိတော်မူပေ၏၊ သစ္စာလေးပါးကို သိတော်မူပေ၏၊ သမာဓိ၌ ကျွမ်းကျင်တော်မူပေ၏၊ ရဟန်းမြတ် ဖြစ်တော်မူပေ၏။
၃၅၄။ ‘‘ဝနသဏ္ဍံ သမောဂယှ, ပိယဒဿီ မဟာမုနိ၊
ပံသုကူလံ ပတ္ထရိတွာ, နိသီဒိ ပုရိသုတ္တမော။
၃၅၄။ ယောကျာ်းမြတ် ဖြစ်တော်မူသော ပီယဒဿီမြတ်စွာဘုရားသည် တောအုပ်သို့ ဝင် ရောက်၍ ပံ့သကူသင်္ကန်းကို ဖြန့်ခင်းတော်မူပြီးလျှင် ထိုင်နေတော်မူ၏။
၃၅၅။ ‘‘မိဂလုဒ္ဒေါ ပုရေ အာသိံ, အရညေ [ဝိပိနေ (သီ။), ဣရိနေ (သျာ။ က။)] ကာနနေ အဟံ၊
ပသဒံ မိဂမေသန္တော, အာဟိဏ္ဍာမိ အဟံ တဒါ။
၃၅၅။ ငါသည် ရှေးအခါက ငှက်တို့ တွန်မြူးရာ တော၌ သားမုဆိုး ဖြစ်ခဲ့၏၊ ထိုအခါ ငါသည် ချေ, သမင်ကို ရှာမှီးလျက် လှည့်လည်၏။
၃၅၆။ ‘‘တတ္ထဒ္ဒသာသိံ သမ္ဗုဒ္ဓံ, ဩဃတိဏ္ဏမနာသဝံ၊
ပုပ္ဖိတံ သာလရာဇံဝ, သတရံသိံဝ ဥဂ္ဂတံ။
၃၅၆။ ‘ထိုတောအုပ်၌ ပင်လုံးကျွတ်ပွင့်နေသော အင်ကြင်းပင်ကဲ့သို့လည်းကောင်း၊ တက် သစ်စ နေမင်းကဲ့သို့လည်းကောင်း’ ဩဃမှ ကူးမြောက်တော်မူပြီးသော အာသဝ မရှိသော မြတ်စွာဘုရားကို ဖူးမြင်ရ၏။
၃၅၇။ ‘‘ဒိသွာနဟံ ဒေဝဒေဝံ, ပိယဒဿိံ မဟာယသံ၊
ဇာတဿရံ သမောဂယှ, ပဒုမံ အာဟရိံ တဒါ။
၃၅၇။ ထိုအခါ ငါသည် များသော အခြံအရံရှိသည် ဖြစ်၍ နတ်ထက်နတ် ဖြစ်တော်မူ သော ပိယဒဿီမြတ်စွာဘုရားကို ဖူးမြင်ရ၍ ဇာတဿရအိုင်သို့ သက်ဆင်းပြီးလျှင် ပဒုမ္မာ ကြာကို ဆောင်ယူခဲ့၏။
၃၅၈။ ‘‘အာဟရိတွာန ပဒုမံ, သတပတ္တံ မနောရမံ၊
ကူဋာဂါရံ ကရိတွာန, ဆာဒယိံ ပဒုမေနဟံ။
၃၅၈။ ငါသည် ပွင့်ချပ်တစ်ရာရှိသော ပဒုမ္မာကြာကို ဆောင်ယူ၍ မွေ့လျော်ဖွယ်ကောင်း သော အထွတ်တပ်သော ကျောင်းကို ဆောက်လုပ်ပြီးလျှင် ပဒုမ္မာကြာဖြင့် မိုး၏။
၃၅၉။ ‘‘အနုကမ္ပကော ကာရုဏိကော, ပိယဒဿီ မဟာမုနိ၊
သတ္တရတ္တိန္ဒိဝံ ဗုဒ္ဓေါ, ကူဋာဂါရေ ဝသီ ဇိနော။
၃၅၉။ အစဥ်သနားတော်မူသော, မဟာကရုဏာရှိတော်မူသော, သစ္စာလေးပါးကို သိတော်မူသော, မာရ်ငါးပါးကို အောင်တော်မူသော ပိယဒဿီမြတ်စွာဘုရားသည် ခုနစ်ရက် သော နေ့, ညဥ့်တို့ပတ်လုံး အထွတ်တပ်သော ကျောင်း၌ နေတော်မူ၏။
၃၆၀။ ‘‘ပုရာဏံ ဆဍ္ဍယိတွာန, နဝေန ဆာဒယိံ အဟံ၊
အဉ္ဇလိံ ပဂ္ဂဟေတွာန, အဋ္ဌာသိံ တာဝဒေ အဟံ။
၃၆၀။ ငါသည် ဟောင်းသော ကြာကို စွန့်၍ ကြာအသစ်ဖြင့် မိုးခဲ့၏၊ ထိုအခါ ငါသည် လက်အုပ်မြှောက်ချီ၍ ရပ်တည်လျက် နေ၏။
၃၆၁။ ‘‘ဝုဋ္ဌဟိတွာ သမာဓိမှာ, ပိယဒဿီ မဟာမုနိ၊
ဒိသံ အနုဝိလောကေန္တော, နိသီဒိ လောကနာယကော။
၃၆၁။ လောက၏ ရှေ့သွားဖြစ်တော်မူသော ပိယဒဿီမြတ်စွာဘုရားသည် ဈာန်သမာပတ် မှ ထတော်မူ၍ အရပ်မျက်နှာတို့ကို ကြည့်ရှုလျက် ထိုင်နေတော်မူ၏။
၃၆၂။ ‘‘တဒါ သုဒဿနော နာမ, ဥပဋ္ဌာကော မဟိဒ္ဓိကော၊
စိတ္တမညာယ ဗုဒ္ဓဿ, ပိယဒဿိဿ သတ္ထုနော။
၃၆၂။ ထိုအခါ ပိယဒဿီမြတ်စွာဘုရား၏ အလုပ်အကျွေးဖြစ်သော သုဒဿနမည်သော တန်ခိုးကြီးသော ရဟန်းသည် မြတ်စွာဘုရား၏ စိတ်အကြံကို သိ၍ -
၃၆၃။ ‘‘အသီတိယာ သဟဿေဟိ, ဘိက္ခူဟိ ပရိဝါရိတော၊
ဝနန္တေ သုခမာသီနံ, ဥပေသိ လောကနာယကံ။
၃၆၃။ ရဟန်းရှစ်သောင်း ခြံရံလျက် တောတွင်း၌ ချမ်းသာစွာ နေလေ့ရှိသော မြတ်စွာဘုရားထံသို့ ချဥ်းကပ်လေ၏။
၃၆၄။ ‘‘ယာဝတာ ဝနသဏ္ဍမှိ, အဓိဝတ္ထာ စ ဒေဝတာ၊
ဗုဒ္ဓဿ စိတ္တမညာယ, သဗ္ဗေ သန္နိပတုံ တဒါ။
၃၆၄။ ထိုအခါ တောအုပ်၌ စိုးအုပ်နေသမျှသော နတ်အားလုံးတို့သည်လည်း မြတ်စွာဘုရား၏ စိတ်အကြံကို သိ၍ စည်းဝေးလာရောက်ကြကုန်၏။
၃၆၅။ ‘‘သမာဂတေသု ယက္ခေသု, ကုမ္ဘဏ္ဍေ သဟရက္ခသေ၊
ဘိက္ခုသံဃေ စ သမ္ပတ္တေ, ဂါထာ ပဗျာဟရီ [သဗျာဟရီ (သျာ။), မာဗျာဟရီ (သီ။)] ဇိနော။
၃၆၅။ နတ်တို့သည်လည်းကောင်း၊ ရက္ခိုသ်နှင့်တကွသော ကုမ္ဘဏ်တို့သည်လည်း ကောင်း၊ ရဟန်းသံဃာသည်လည်းကောင်း အညီအညွတ် စည်းဝေးရောက်လာကြသည် ရှိသော် မြတ်စွာဘုရားသည့်ဂါထာတို့ကို မိန့်တော်မူ၏။
၃၆၆။ ‘‘‘ယော မံ သတ္တာဟံ ပူဇေသိ, အာဝါသဉ္စ အကာသိ မေ၊
တမဟံ ကိတ္တယိဿာမိ, သုဏာထ မမ ဘာသတော။
၃၆၆။ အကြင်ပုဂ္ဂိုလ်သည် ငါဘုရားကို ခုနစ်ရက်ပတ်လုံး ပူဇော်၏၊ ငါ၏ နေရာကျောင်း ကိုလည်း ဆောက်လုပ်ခဲ့၏၊ ငါဘုရားသည် ထိုပုဂ္ဂိုလ်ကို ဗျာဒိတ်စကား မိန့်ကြားပေအံ့၊ မိန့် ကြားတော်မူမည့် ငါ၏ စကားကို နာကြကုန်လော့။
၃၆၇။ ‘‘‘သုဒုဒ္ဒသံ သုနိပုဏံ, ဂမ္ဘီရံ သုပ္ပကာသိတံ၊
ဉာဏေန ကိတ္တယိဿာမိ, သုဏာထ မမ ဘာသတော။
၃၆၇။ အလွန်မြင်နိုင်ခဲသော, အလွန်သိမ်မွေ့သော, နက်နဲသော, ကောင်းစွာ ပြအပ်သော တရားတော်ကို ဉာဏ်တော်ဖြင့် ဟောကြားပေအံ့၊ ဟောကြားမည့် တရားတော်ကို နာကြ ကုန်လော့။
၃၆၈။ ‘‘‘စတုဒ္ဒသာနိ ကပ္ပါနိ, ဒေဝရဇ္ဇံ ကရိဿတိ၊
ကူဋာဂါရံ မဟန္တဿ [ဗြဟံ တဿ (သီ။ သျာ။)], ပဒ္မပုပ္ဖေဟိ ဆာဒိတံ။
၃၆၈။ တစ်ဆယ့်လေးကမ္ဘာပတ်လုံး နတ်မင်းအဖြစ်ကို ပြုရလတ္တံ့၊ ထိုသူအား ကြီးစွာ သော အထွတ်တပ်သော ဗိမာန်ကို ပဒုမ္မာကြာတို့ဖြင့် ဖုံးလွှမ်းထားပေ၏။
၃၆၉။ ‘‘‘အာကာသေ ဓာရယိဿတိ, ပုပ္ဖကမ္မဿိဒံ [ပုဗ္ဗကမ္မဿိဒံ (သျာ။)] ဖလံ၊
စတုဗ္ဗီသေ [စတုဒ္ဒသေ (သျာ။)] ကပ္ပသတေ, ဝေါကိဏ္ဏံ သံသရိဿတိ။
၃၆၉။ ကောင်းကင်၌ ဆောင်းမိုးလတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် ရှေးကံ၏ အကျိုးပေတည်း။ ကမ္ဘာနှစ်ထောင့်လေးရာတို့ပတ်လုံး (ဘဝ) ရောပြွမ်းလျက် ကျင်လည်ရလတ္တံ့။
၃၇၀။ ‘‘‘တတ္ထ ပုပ္ဖမယံ ဗျမှံ, အာကာသေ ဓာရယိဿတိ၊
ယထာ ပဒုမပတ္တမှိ, တောယံ န ဥပလိမ္ပတိ။
၃၇၀။ ထိုဘဝ၌ ပန်းဗိမာန်သည် ကောင်းကင်၌ ဆောင်းမိုးထားလတ္တံ့၊ ပဒုမ္မာကြာရွက်၌ ရေသည် မလိမ်းကျံသကဲ့သို့-
၃၇၁။ ‘‘‘တထေဝီမဿ ဉာဏမှိ, ကိလေသာ နောပလိမ္ပရေ၊
မနသာ ဝိနိဝဋ္ဋေတွာ, ပဉ္စ နီဝရဏေ အယံ။
၃၇၁။ ထို့အတူသာလျင် ဤပုဂ္ဂိုလ်၏ ဉာဏ်၌ ကိလေသာတို့သည် မလိမ်းကျံကုန်၊ ဤသူ သည် နီဝရဏငါးပါးတို့ကို စိတ်ဖြင့် ပယ်ခွါ၍ -
၃၇၂။ ‘‘‘စိတ္တံ ဇနေတွာ နေက္ခမ္မေ, အဂါရာ ပဗ္ဗဇိဿတိ၊
တတော ပုပ္ဖမယေ ဗျမှေ, ဓာရေန္တေ [ပုပ္ဖမယံ ဗျမှံ, ဓာရေန္တံ (သျာ။ က။)] နိက္ခမိဿတိ။
၃၇၂။ တောထွက်ခြင်း၌ စိတ်ကို ဖြစ်စေလျက် လူ့ဘောင်မှ ရဟန်းပြုလတ္တံ့၊ ထိုအခါ၌ ပန်းဗိမာန်ကို ဆောင်းမိုးလျက် တောထွက်လတ္တံ့။
၃၇၃။ ‘‘‘ရုက္ခမူလေ ဝသန္တဿ, နိပကဿ သတီမတော၊
တတ္ထ ပုပ္ဖမယံ ဗျမှံ, မတ္ထကေ ဓာရယိဿတိ။
၃၇၃။ သတိရှိသည်ဖြစ်၍ ရင့်ကျက်သော ပညာရှိသော ပုဂ္ဂိုလ်သည် သစ်ပင်ရင်း၌ နေစဥ် ထိုသစ်ပင်ရင်း၌ ပန်းဗိမာန်သည် (ထိုသူ၏) ဦးထိပ်၌ ဆောင်းမိုးထားလတ္တံ့။
၃၇၄။ ‘‘‘စီဝရံ ပိဏ္ဍပါတဉ္စ, ပစ္စယံ သယနာသနံ၊
ဒတွာန ဘိက္ခုသံဃဿ, နိဗ္ဗာယိဿတိနာသဝေါ’။
၃၇၄။ သင်္ကန်း, ဆွမ်း, ဆေးပစ္စည်း, ကျောင်းအိပ်ရာနေရာကို ရဟန်းသံဃာအား ပေးလှူခဲ့ခြင်းကြောင့် အာသဝမရှိဘဲ ပရိနိဗ္ဗာန်ပြုလတ္တံ့ (ဟု မိန့်တော်မူ၏)။
၃၇၅။ ‘‘ကူဋာဂါရေန စရတာ [စရဏာ (သီ။ ပီ။ က။), စရိတေ (သျာ။)], ပဗ္ဗဇ္ဇံ အဘိနိက္ခမိံ၊
ရုက္ခမူလေ ဝသန္တမ္ပိ [ဝသန္တမှိ (သီ။), ဝသတောပိ (?)], ကူဋာဂါရံ ဓရီယတိ။
၃၇၅။ ငါသည် ရဟန်းအဖြစ်ကို ကျင့်လိုသဖြင့် အထွတ်တပ်သော အိမ်နှင့်တကွ တော ထွက်ခဲ့၏၊ သစ်ပင်ရင်း၌ နေသော ငါ့ကိုလည်း အထွတ်တပ်သော အိမ်သည် ဆောင်မိုးလျက် ရှိခဲ့၏။
၃၇၆။ ‘‘စီဝရေ ပိဏ္ဍပါတေ စ, စေတနာ မေ န ဝိဇ္ဇတိ၊
ပုညကမ္မေန သံယုတ္တော, လဘာမိ ပရိနိဋ္ဌိတံ။
၃၇၆။ သင်္ကန်း၌လည်းကောင်း၊ ဆွမ်း၌လည်းကောင်း (ရဖို့ရန်) ငါ့အား စေ့ဆော် အားထုတ်ရခြင်း မရှိ။ ဘုန်းကံနှင့် ယှဥ်သည်ဖြစ်၍ ပြုလုပ်ပြီးစီးသော ပစ္စည်းကို ရ၏။
၃၇၇။ ‘‘ဂဏနာတော အသင်္ခေယျာ, ကပ္ပကောဋီ ဗဟူ မမ၊
ရိတ္တကာ တေ အတိက္ကန္တာ, ပမုတ္တာ လောကနာယကာ။
၃၇၇။ ဂဏန်းအားဖြင့် မရေမတွက်နိုင်ကုန်သော ကမ္ဘာကုဋေများစွာတို့သည် ငါ့အား အချည်းနှီးလွန်ကုန်၏၊ ထိုကမ္ဘာကုဋေများစွာတို့သည် မြတ်စွာဘုရားမှ လွတ်ကုန်၏။
၃၇၈။ ‘‘အဋ္ဌာရသေ ကပ္ပသတေ, ပိယဒဿီ ဝိနာယကော၊
တမဟံ ပယိရုပါသိတွာ, ဣမံ ယောနိံ ဥပါဂတော။
၃၇၈။ ကမ္ဘာတစ်ထောင့်ရှစ်ရာထက်၌ ပိယဒဿီမြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ ငါသည် ထိုမြတ်စွာဘုရားကို ချဥ်းကပ်ခဲ့၍ ဤဘဝသို့ ရောက်ရပေ၏။
၃၇၉။ ‘‘ဣဓ ပဿာမိ [ဣဓဒ္ဒသာသိံ (သီ။)] သမ္ဗုဒ္ဓံ, အနောမံ နာမ စက္ခုမံ၊
တမဟံ ဥပဂန္တွာန, ပဗ္ဗဇိံ အနဂါရိယံ။
၃၇၉။ ဤဘဝ၌ စက္ခုငါးမျိုးရှိတော်မူသော “အနောမ”မည်တော်မူသော ဂေါတမမြတ်စွာဘုရားကို ဖူးမြင်ရ၏၊ ငါသည် ထိုမြတ်စွာဘုရားသို့ ချဥ်းကပ်၍ ရဟန်းဘောင်သို့ ဝင်ရောက် ခဲ့၏။
၃၈၀။ ‘‘ဒုက္ခဿန္တကရော ဗုဒ္ဓေါ, မဂ္ဂံ မေ ဒေသယီ ဇိနော၊
တဿ ဓမ္မံ သုဏိတွာန, ပတ္တောမှိ အစလံ ပဒံ။
၃၈၀။ ဆင်းရဲ၏ အဆုံးကို ပြုတော်မူတတ်သော သစ္စာလေးပါးတရားကို သိတော်မူသော မြတ်စွာဘုရားသည် ငါ့အား မဂ်တရားကို ဟောတော်မူ၏၊ ထိုမြတ်စွာဘုရား၏ တရားတော်ကို ကြားနာရ၍ တုန်လှုပ်ခြင်း မရှိသော နိဗ္ဗာန်သို့ ရောက်ရ၏။
၃၈၁။ ‘‘တောသယိတွာန သမ္ဗုဒ္ဓံ, ဂေါတမံ သကျပုင်္ဂဝံ၊
သဗ္ဗာသဝေ ပရိညာယ, ဝိဟရာမိ အနာသဝေါ။
၃၈၁။ သာကီဝင်မင်းသားတို့၏ ရှေ့သွားခေါင်းဆောင်ဖြစ်သော ဂေါတမမြတ်စွာဘုရားကို အားရနှစ်သိမ့်စေ၍ အာသဝတရားအားလုံးကို ပိုင်းခြားသိလျက် အာသဝမရှိဘဲ နေရ၏။
၃၈၂။ ‘‘အဋ္ဌာရသေ ကပ္ပသတေ, ယံ ဗုဒ္ဓမဘိပူဇယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၃၈၂။ ကမ္ဘာတစ်ထောင့်ရှစ်ရာထက်၌ မြတ်စွာဘုရားကို ပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏ အကျိုးပေတည်း။
၃၈၃။ ‘‘ကိလေသာ ဈာပိတာ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ၊
သဗ္ဗာသဝါ ပရိက္ခီဏာ, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။
၃၈၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို့ပယ်နုတ်အပ်ကုန်ပြီ၊ အာသဝေါတရားအားလုံး ကုန်ပြီ၊ ယခု (ငါ့အား) တစ်ဖန် ဘဝသစ်သည် မရှိတော့ပြီ။
၃၈၄။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၃၈၄။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။
၃၈၅။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ပဒုမကူဋာဂါရိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ပဒုမကူဋာဂါရိယတ္ထေရဿာပဒါနံ ပဉ္စမံ။
၃၈၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပဒုမကူဋာဂါရိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် ပဒုမကူဋာဂါရိယတ္ထေရအပဒါန ပြီး၏။
၆။ ဗာကုလတ္ထေရအပဒါနံ
၃၈၆။ ‘‘ဟိမဝန္တဿာဝိဒူရေ, သောဘိတော နာမ ပဗ္ဗတော၊
အဿမော သုကတော မယှံ, သကသိဿေဟိ မာပိတော။
၆-ဗာကုလတ္ထေရအပဒါန ၃၈၆။ ဟိမဝန္တာ၏ အနီး၌ သောဘိတမည်သော တောင်သည် ရှိ၏၊ ငါသည် ထိုတောင်၌ တပည့်အပေါင်းတို့နှင့်အတူ ကောင်းစွာ ပြုလုပ်အပ်သော သင်္ခမ်းကျောင်းကို ဖန်ဆင်းအပ်၏။
၃၈၇။ ‘‘မဏ္ဍပါ စ ဗဟူ တတ္ထ, ပုပ္ဖိတာ သိန္ဒုဝါရကာ၊
ကပိတ္ထာ စ ဗဟူ တတ္ထ, ပုပ္ဖိတာ ဇီဝဇီဝကာ [စမ္ပကာ နာဂကေတကာ (သျာ။)]။
၃၈၇။ ထိုသင်္ခမ်းကျောင်း၌ မဏ္ဍပ်တို့သည်လည်း များပြားကုန်၏၊ ရေဥနှဲပင်တို့သည် ပွင့်ကုန်၏၊ ထိုသင်္ခမ်းကျောင်း၌ သီးပင်တို့သည်လည်း များပြားကုန်၏၊ လယ်ခေါင်ရန်းပင်တို့သည် ပွင့်ကုန်၏။
၃၈၈။ ‘‘နိဂ္ဂုဏ္ဍိယော ဗဟူ တတ္ထ, ဗဒရာမလကာနိ စ၊
ဖာရုသကာ အလာဗူ စ, ပုဏ္ဍရီကာ စ ပုပ္ဖိတာ။
၃၈၈။ ထိုသင်္ခမ်းကျောင်း၌ ကြောင်ပန်းပင်တို့သည် များပြားကုန်၏။ ဆီးပင်တို့သည်လည်းကောင်း၊ သျှိသျှားပင်တို့သည်လည်းကောင်း၊ ဖက်သက်ပင်တို့သည်လည်းကောင်း၊ ဗူးပင် တို့သည်လည်းကောင်း၊ သရက်ဖြူပင်တို့သည်လည်းကောင်း ပွင့်ကုန်၏။
၃၈၉။ ‘‘အာဠကာ [အဠက္ကာ (သျာ။)] ဗေလုဝါ တတ္ထ, ကဒလီ မာတုလုင်္ဂကာ၊
မဟာနာမာ ဗဟူ တတ္ထ, အဇ္ဇုနာ စ ပိယင်္ဂုကာ။
၃၈၉။ ထိုသင်္ခမ်းကျောင်း၌ အပွင့်ဖြူရှိသော မရိုးပင်တို့သည်လည်းကောင်း၊ ဥသျှစ်ပင်တို့သည်လည်းကောင်း၊ ငှက်ပျောပင်, ရှောက်ချိုပင်တို့သည်လည်းကောင်း များပြားကုန်၏။ ထိုသင်္ခမ်းကျောင်း၌ ဆီးစောင်းပင်တို့သည်လည်းကောင်း၊ ဖောက်ကြံ့ပင်တို့သည်လည်းကောင်း၊ ဥပါသကာပင်တို့သည်လည်းကောင်း များပြားကုန်၏။
၃၉၀။ ‘‘ကောသမ္ဗာ သဠလာ နိမ္ဗာ [နီပါ (သီ။)], နိဂြောဓာ စ ကပိတ္ထနာ၊
ဧဒိသော အဿမော မယှံ, သသိဿောဟံ တဟိံ ဝသိံ။
၃၉၀။ ကြို့ပင်တို့သည်လည်းကောင်း၊ ထင်းရှူးပင်တို့သည်လည်းကောင်း၊ တမာပင်တို့သည်လည်းကောင်း၊ ပညောင်ပင်တို့သည်လည်းကောင်း၊ ညောင်ကြတ်ပင်တို့သည်လည်းကောင်း (များပြားကုန်၏)။ ငါ၏ သင်္ခမ်းကျောင်းသည် ဤသို့ သဘောရှိ၏၊ ငါသည် တပည့်တို့နှင့် အတူ ထိုသင်္ခမ်းကျောင်း၌ နေခဲ့၏။
၃၉၁။ ‘‘အနောမဒဿီ ဘဂဝါ, သယမ္ဘူ လောကနာယကော၊
ဂဝေသံ ပဋိသလ္လာနံ, မမဿမမုပါဂမိ။
၃၉၁။ အလိုလိုဖြစ်တော်မူသော လောက၏ ရှေ့သွားဖြစ်တော်မူသော အနောမဒဿီ မြတ်စွာဘုရားသည် တစ်ပါးတည်း ကိန်းအောင်းတော်မူရာ အရပ်ကို ရှာမှီးသည် ဖြစ်၍ ငါ၏ သင်္ခမ်းကျောင်းသို့ ကြွလာတော်မူ၏။
၃၉၂။ ‘‘ဥပေတမှိ မဟာဝီရေ, အနောမဒဿိမဟာယသေ၊
ခဏေန လောကနာထဿ, ဝါတာဗာဓော သမုဋ္ဌဟိ။
၃၉၂။ လုံ့လကြီးမားတော်မူသော အခြံအရံများပြားတော်မူသော အနောမဒဿီမြတ်စွာဘုရားသည် ငါ၏ သင်္ခမ်းကျောင်းသို့ ကြွလာတော်မူသည်ရှိသော် မြတ်စွာဘုရားအား တစ်ခဏ ချင်းဖြင့် လေနာထတော်မူ၏။
၃၉၃။ ‘‘ဝိစရန္တော အရညမှိ, အဒ္ဒသံ လောကနာယကံ၊
ဥပဂန္တွာန သမ္ဗုဒ္ဓံ, စက္ခုမန္တံ မဟာယသံ။
၃၉၃။ ငါသည် တော၌ လှည့်လည်သည်ရှိသော် မြတ်စွာဘုရားကို ဖူးမြင်ရ၏၊ စက္ခုငါးပါး ရှိတော်မူသော အခြံအရံ များပြားတော်မူသော မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ -
၃၉၄။ ‘‘ဣရိယဉ္စာပိ ဒိသွာန, ဥပလက္ခေသဟံ တဒါ၊
အသံသယဉှိ ဗုဒ္ဓဿ, ဗျာဓိ နော ဥဒပဇ္ဇထ။
၃၉၄။ ထိုအခါ၌ ငါသည် (မြတ်စွာဘုရား၏) အမူအရာကို မြင်ခြင်းကြောင့်လည်း ယုံမှား မရှိဘဲသာလျှင် ငါတို့၏ မြတ်စွာဘုရားအား အနာရောဂါ ဖြစ်တော်မူ၏ဟု မှတ်ယူခဲ့၏။
၃၉၅။ ‘‘ခိပ္ပံ အဿမမာဂဉ္ဆိံ, မမ သိဿာန သန္တိကေ၊
ဘေသဇ္ဇံ ကတ္တုကာမောဟံ, သိဿေ အာမန္တယိံ တဒါ။
၃၉၅။ ငါသည် ဆေးကုလိုသည် ဖြစ်၍ သင်္ခမ်းကျောင်းရှိ ငါ့တပည့်တို့ထံ လျင်မြန်စွာ ပြန်လာခဲ့၏၊ ထိုအခါ ငါသည် တပည့်တို့ကို မိန့်ဆိုခဲ့၏။
၃၉၆။ ‘‘ပဋိဿုဏိတွာန မေ ဝါကျံ, သိဿာ သဗ္ဗေ သဂါရဝါ၊
ဧကဇ္ဈံ သန္နိပတိံသု, သတ္ထုဂါရဝတာ မမ။
၃၉၆။ ရိုသေခြင်းရှိသော တပည့်အားလုံးတို့သည် ငါ၏ စကားကို ရှေးရှုဝန်ခံကုန်၍ မြတ်စွာဘုရား၌ရိုသေသည်၏ အဖြစ်ဖြင့် ငါ၏ အထံသို့ တစ်ပေါင်းတစ်စည်း စည်းဝေး ရောက်လာကြကုန်၏။
၃၉၇။ ‘‘ခိပ္ပံ ပဗ္ဗတမာရုယှ, သဗ္ဗောသဓမဟာသဟံ [မကာသဟံ (သျာ။ က။)]၊
ပါနီယယောဂံ [ပါနီယယောဂ္ဂံ (သီ။)] ကတွာန, ဗုဒ္ဓသေဋ္ဌဿဒါသဟံ။
၃၉၇။ ငါသည် တောင်ထိပ်သို့ လျင်မြန်စွာ တက်၍ ခပ်သိမ်းသော ဆေးကို ပြုလုပ်ဖော် စပ်၏၊ ငါသည် ရေနှင့် ဖျော်၍ ဘုရားမြတ်အား ပေးလှူခဲ့၏။
၃၉၈။ ‘‘ပရိဘုတ္တေ မဟာဝီရေ, သဗ္ဗညုလောကနာယကေ၊
ခိပ္ပံ ဝါတော ဝူပသမိ, သုဂတဿ မဟေသိနော။
၃၉၈။ လုံ့လကြီးတော်မူသော တရားခပ်သိမ်းကို သိတော်မူသော မြတ်စွာဘုရားသည် သုံးဆောင်တော်မူသည်ရှိသော် ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား၏ လေနာရောဂါသည် လျင်မြန်စွာ ကင်းငြိမ်းလေ၏။
၃၉၉။ ‘‘ပဿဒ္ဓံ ဒရထံ ဒိသွာ, အနောမဒဿီ မဟာယသော၊
သကာသနေ နိသီဒိတွာ, ဣမာ ဂါထာ အဘာသထ။
၃၉၉။ အနောမဒဿီမြတ်စွာဘုရားသည် ပူပန်ခြင်း ငြိမ်းတော်မူသည်ကို သိမြင်၍ မိမိ နေရာ၌ ထိုင် နေတော်မူလျက် ဤဂါထာတို့ကို ဟောတော်မူ၏။
၄၀၀။ ‘‘‘ယော မေ ပါဒါသိ ဘေသဇ္ဇံ, ဗျာဓိဉ္စ သမယီ မမ၊
တမဟံ ကိတ္တယိဿာမိ, သုဏာထ မမ ဘာသတော။
၄၀၀။ အကြင်ပုဂ္ဂိုလ်သည် ငါဘုရားအား ဆေးကို ပေးလှူ၏၊ ငါ၏ လေနာရောဂါကိုလည်း ကင်းငြိမ်းစေ၏၊ ငါသည် ထိုပုဂ္ဂိုလ်ကို ဗျာဒိတ်စကား မိန့်ကြားပေအံ့၊ မိန့်ကြားမည့် ငါ၏ စကားကို နာကြကုန်လော့။
၄၀၁။ ‘‘‘ကပ္ပသတသဟဿာနိ, ဒေဝလောကေ ရမိဿတိ၊
ဝါဒိတေ တူရိယေ တတ္ထ, မောဒိဿတိ သဒါ အယံ။
၄၀၁။ ဤသူသည် ကမ္ဘာတစ်သိန်းတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရလတ္တံ့၊ ထိုနတ်ပြည် ၌ တူရိယာတို့ကို တီးမှုတ်လျက် အခါခပ်သိမ်း မွေ့လျော်ရလတ္တံ့။
၄၀၂။ ‘‘‘မနုဿလောကမာဂန္တွာ, သုက္ကမူလေန စောဒိတော၊
သဟဿက္ခတ္တုံ ရာဇာ စ, စက္ကဝတ္တီ ဘဝိဿတိ။
၄၀၂။ ကုသိုလ်ကံ အကြောင်းရင်းသည် တိုက်တွန်းအပ်သည့် အဖြစ်ကြောင့် လူ့ပြည်သို့ လာ၍ အကြိမ်တစ်ထောင်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်လတ္တံ့။
၄၀၃။ ‘‘‘ပဉ္စပညာသကပ္ပမှိ, အနောမော နာမ ခတ္တိယော၊
စာတုရန္တော ဝိဇိတာဝီ, ဇမ္ဗုမဏ္ဍဿ [ဇမ္ဗုဒီပဿ (သျာ။)] ဣဿရော။
၄၀၃။ ငါးဆယ့်ငါးကမ္ဘာထက်၌ ကျွန်းကြီးလေးကျွန်း အပိုင်းအခြားရှိသည်ဖြစ်၍ အောင်အပ်ပြီးသော ရန်သူရှိသော ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကို အစိုးရသူ ‘အနောမ’ မည်သော မင်းသည် -
၄၀၄။ ‘‘‘သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော၊
တာဝတိံသေပိ ခေါဘေတွာ, ဣဿရံ ကာရယိဿတိ။
၄၀၄။ ရတနာခုနစ်ပါးနှင့် ပြည့်စုံသော များမြတ်သည့် ဗိုလ်ပါအင်အားရှိသေော စကြဝတေးမင်း ဖြစ်လျက် တာဝတိံသာနတ်တို့ကိုလည်း ချောက်ချားစေ၍ အစိုးရမှုကို ပြုလတ္တံ့။
၄၀၅။ ‘‘‘ဒေဝဘူတော မနုဿော ဝါ, အပ္ပါဗာဓော ဘဝိဿတိ၊
ပရိဂ္ဂဟံ ဝိဝဇ္ဇေတွာ, ဗျာဓိံ လောကေ တရိဿတိ။
၄၀၅။ နတ်ဖြစ်သော်လည်းကောင်း၊ လူဖြစ်သော်လည်းကောင်း အနာရောဂါကင်းသူ ဖြစ်လတ္တံ့။ ဥစ္စာပစ္စည်း ယူခြင်းကို ကြဥ်၍ လောက၌ အနာရောဂါကို လွန်မြောက်စေလတ္တံ့။
၄၀၆။ ‘‘‘အပ္ပရိမေယျေ ဣတော ကပ္ပေ, ဩက္ကာကကုလသမ္ဘဝေါ၊
ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။
၄၀၆။ ဤဘဒ္ဒကမ္ဘာမှ (နောက်၌) မနှိုင်းရှည့်အပ်သော ကမ္ဘာတစ်သင်္ချေနှင့် တစ်သိန်း ထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမမည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။
၄၀၇။ ‘‘‘တဿ ဓမ္မေသု ဒါယာဒေါ, ဩရသော ဓမ္မနိမ္မိတော၊
သဗ္ဗာသဝေ ပရိညာယ, နိဗ္ဗာယိဿတိနာသဝေါ။
၄၀၇။ ထိုမြတ်စွာဘုရား၏ တရားဖြင့် ဖန်ဆင်းအပ်သော တရားအမွေခံသားတော် ဖြစ်၍ ခပ်သိမ်းသော အာသဝတို့ကို ပိုင်းခြားသိလျက် အာသဝမရှိဘဲ ပရိနိဗ္ဗာန်ပြုလတ္တံ့။
၄၀၈။ ‘‘‘ကိလေသေ ဈာပယိတွာန, တဏှာသောတံ တရိဿတိ၊
ဗာကုလော [ဗက္ကုလော (သီ။ သျာ။)] နာမ နာမေန, ဟေဿတိ သတ္ထု သာဝကော။
၄၀၈။ ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေ၍ တဏှာရေလျဥ်ကို ကူးမြောက်လတ္တံ့၊ ဗာကုလ အမည်ဖြင့် ထင်ရှားသော ဘုရားတပည့်သား ဖြစ်လတ္တံ့။
၄၀၉။ ‘‘‘ဣဒံ သဗ္ဗံ အဘိညာယ, ဂေါတမော သကျပုင်္ဂဝေါ၊
ဘိက္ခုသံဃေ နိသီဒိတွာ, ဧတဒဂ္ဂေ ဌပေဿတိ’။
၄၀၉။ သာကီဝင်မင်းတို့၏ ရှေ့သွားခေါင်းဆောင်ဖြစ်သော ဂေါတမမြတ်စွာဘုရားသည် ဤအလုံးစုံကို သိတော်မူ၍ ရဟန်းသံဃာ (အလယ်) ၌ ထိုင်နေတော်မူလျက် ဧတဒဂ်အရာ၌ ထားတော်မူလတ္တံ့ (ဟု မိန့်တော်မူ၏)။
၄၁၀။ ‘‘အနောမဒဿီ ဘဂဝါ, သယမ္ဘူ လောကနာယကော၊
ဝိဝေကာနုဝိလောကေန္တော, မမဿမမုပါဂမိ။
၄၁၀။ အလိုလိုဖြစ်တော်မူသော လောက၏ ရှေ့သွားဖြစ်တော်မူသော အနောမဒဿီ မြတ်စွာဘုရားသည် ဆိတ်ငြိမ်ရာအရပ်ကို ကြည့်တော်မူလျက် ငါ၏ သင်္ခမ်းကျောင်းသို့ ကြွလာ တော်မူ၏။
၄၁၁။ ‘‘ဥပါဂတံ မဟာဝီရံ, သဗ္ဗညုံ လောကနာယကံ၊
သဗ္ဗောသဓေန တပ္ပေသိံ, ပသန္နော သေဟိ ပါဏိဘိ။
၄၁၁။ ကြွလာတော်မူသော လုံ့လကြီးမားတော်မူသော သဗ္ဗညုမြတ်စွာဘုရားကို ကြည်ညို သည်ဖြစ်၍ မိမိလက်တို့ဖြင့် ဆေးအလုံးစုံဖြင့် နှစ်သက်စေခဲ့၏။
၄၁၂။ ‘‘တဿ မေ သုကတံ ကမ္မံ, သုခေတ္တေ ဗီဇသမ္ပဒါ၊
ခေပေတုံ နေဝ သက္ကောမိ, တဒါ ဟိ သုကတံ မမ။
၄၁၂။ ကောင်းမှုမျိုးစေ့ကို စိုက်ပျိုးရာ ဘုရားတည်းဟူသော လယ်ယာမြေကောင်း၌ ထိုငါ၏ ကောင်းစွာ ပြုအပ်သော ကံသည် မျိုးစေ့၏ ပြည့်စုံခြင်းပေတည်း၊ ထိုအခါ၌ ငါ၏ ကောင်းစွာ ပြုအပ်သော ကံကို ငါသည် ကုန်စေခြင်းငှါ မစွမ်းနိုင်ပေ။
၄၁၃။ ‘‘လာဘာ မမ သုလဒ္ဓံ မေ, ယောဟံ အဒ္ဒက္ခိ နာယကံ၊
တေန ကမ္မာဝသေသေန, ပတ္တောမှိ အစလံ ပဒံ။
၄၁၃။ ထိုငါသည် မြတ်စွာဘုရားကို ဖူးမြင်ရ၏၊ ဤဖူးမြင်ရခြင်းသည် ငါ့အား အရတော် ပေစွ၊ ငါ့အား ကောင်းစွာ ရပေစွ၊ ထိုကံကြွင်းကြောင့် ငါသည် တုန်လှုပ်ခြင်း မရှိသော နိဗ္ဗာန် သို့ ရောက်ရပေ၏။
၄၁၄။ ‘‘သဗ္ဗမေတံ အဘိညာယ, ဂေါတမော သကျပုင်္ဂဝေါ၊
ဘိက္ခုသံဃေ နိသီဒိတွာ, ဧတဒဂ္ဂေ ဌပေသိ မံ။
၄၁၄။ သာကီဝင်မင်းတို့၏ ရှေ့သွားခေါင်းဆောင်ဖြစ်သော ဂေါတမမြတ်စွာဘုရားသည် ထို အလုံးစုံကို ထူးသောဉာဏ်ဖြင့် သိ၍ ရဟန်းသံဃာ (အလယ်) ၌ ထိုင်နေတော်မူလျက် ငါ့ကို ဧတဒဂ်အရာ၌ ထားတော်မူ၏။
၄၁၅။ ‘‘အပရိမေယျေ ဣတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဘေသဇ္ဇဿ ဣဒံ ဖလံ။
၄၁၅။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာအသင်္ချေထက်၌ ကုသိုလ်ကောင်းမှုကို ပြုခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဆေးလှူရခြင်း၏ အကျိုးပေတည်း။
၄၁၆။ ‘‘ကိလေသာ ဈာပိတာ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ၊
သဗ္ဗာသဝါ ပရိက္ခီဏာ, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။
၄၁၆။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ အာသဝအလုံးစုံတို့ ကုန်ပြီ၊ ယခုတစ်ဖန် (ငါ့အား) ဘဝသစ်သည် မရှိ တော့ပြီ။
၄၁၇။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၄၁၇။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံး ပြီးပါပြီ။
၄၁၈။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဗာကုလော [ဗက္ကုလော (သီ။ သျာ။)] ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ၊
ဗာကုလတ္ထေရဿာပဒါနံ ဆဋ္ဌံ။
၄၁၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဗာကုလမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် ဗာကုလတ္ထေရအပဒါန ပြီး၏။
၇။ ဂိရိမာနန္ဒတ္ထေရအပဒါနံ
၄၁၉။ ‘‘ဘရိယာ မေ ကာလင်္ကတာ, ပုတ္တော သီဝထိကံ ဂတော၊
မာတာ ပိတာ မတာ ဘာတာ, ဧကစိတမှိ [မာတာ ပိတာ စ ဘာတာ စ, ဧကစိတကမှိ (သီ။ သျာ။)] ဍယှရေ။
၇-ဂိရိမာနန္ဒတ္ထေရအပဒါန ၄၁၉။ ငါ၏ မယားသည် ကွယ်လွန်ခဲ့၏၊ ငါ၏ သားသည် သင်္ချိုင်းသို့ ရောက်ခဲ့၏၊ အမိ, အဖ, ညီအစ်ကိုတို့သည်လည်း သေကြကုန်၍ ထင်းပုံတစ်ခုတည်း၌ မီးသင်္ဂြိုဟ် ခံကြရကုန်၏။
၄၂၀။ ‘‘တေန သောကေန သန္တတ္တော, ကိသော ပဏ္ဍု အဟောသဟံ၊
စိတ္တက္ခေပေါ စ မေ အာသိ, တေန သောကေန အဋ္ဋိတော။
၄၂၀။ ငါသည် ထိုစိုးရိမ်မှုဖြင့် ပူလောင်သည်ဖြစ်၍ ကြုံလှီလျက် ဖျော့တော့သော အဆင်းရှိသူ ဖြစ်ခဲ့၏၊ ထိုစိုးရိမ်မှု နှိပ်စက်အပ်သည်ဖြစ်၍ ငါ့အား စိတ်ပျံ့လွင့်ခြင်းသည်လည်း ဖြစ်ခဲ့၏။
၄၂၁။ ‘‘သောကသလ္လပရေတောဟံ, ဝနန္တမုပသင်္ကမိံ၊
ပဝတ္တဖလံ ဘုဉ္ဇိတွာ, ရုက္ခမူလေ ဝသာမဟံ။
၄၂၁။ ငါသည် စိုးရိမ်မှုတည်းဟူသော ငြောင့်သည် နှိပ်စက်အပ်သဖြင့် တောအတွင်းသို့ ချဥ်းကပ်ခဲ့၏၊ ငါသည် အလိုလို ကြွေကျသော သစ်သီးကို စား၍ သစ်ပင်ရင်း၌ နေ၏။
၄၂၂။ ‘‘သုမေဓော နာမ သမ္ဗုဒ္ဓေါ, ဒုက္ခဿန္တကရော ဇိနော၊
မမုဒ္ဓရိတုကာမော သော, အာဂဉ္ဆိ မမ သန္တိကံ။
၄၂၂။ ဆင်းရဲအဆုံးကို ပြုတော်မူတတ်သော မာရ်ငါးပါးကို အောင်တော်မူသော သုမေဓာ မည်သော ထိုမြတ်စွာဘုရားသည် ငါ့ကို ထုတ်ဆောင်ကယ်တင်တော်မူလိုသည်ဖြစ်၍ ငါ၏ အထံ သို့ ကြွလာတော်မူ၏။
၄၂၃။ ‘‘ပဒသဒ္ဒံ သုဏိတွာန, သုမေဓဿ မဟေသိနော၊
ပဂ္ဂဟေတွာနဟံ သီသံ, ဥလ္လောကေသိံ မဟာမုနိံ။
၄၂၃။ ငါသည် သုမေဓာမြတ်စွာဘုရား၏ ခြေတော်သံကို ကြားရသောကြောင့် ဦးခေါင်းကို ထောင်၍ မြတ်စွာဘုရားကို မော်၍ ကြည့်၏။
၄၂၄။ ‘‘ဥပါဂတေ မဟာဝီရေ, ပီတိ မေ ဥဒပဇ္ဇထ၊
တဒါသိမေကဂ္ဂမနော, ဒိသွာ တံ လောကနာယကံ။
၄၂၄။ မြတ်စွာဘုရား ကြွလာတော်မူသည်ရှိသော် ငါ့အား နှစ်သက်ခြင်းသည် ဖြစ်ပေါ်ခဲ့၏၊ ထိုအခါ လောက၏ ရှေ့သွားဖြစ်တော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြင်ရ၍ ငါ့အား တည်ကြည်သော စိတ်သည် ဖြစ်ပေါ်ခဲ့၏။
၄၂၅။ ‘‘သတိံ ပဋိလဘိတွာန, ပဏ္ဏမုဋ္ဌိမဒါသဟံ၊
နိသီဒိ ဘဂဝါ တတ္ထ, အနုကမ္ပာယ စက္ခုမာ။
၄၂၅။ ငါသည် သတိရ၍ သစ်ရွက်ဆုပ်ကို ပေးလှူ၏၊ စက္ခုငါးမျိုးရှိတော်မူသော မြတ်စွာဘုရားသည် အစဥ်သနားသည်ဖြစ်၍ ထိုသစ်ရွက်အခင်း၌ ထိုင်တော်မူ၏။
၄၂၆။ ‘‘နိသဇ္ဇ တတ္ထ ဘဂဝါ, သုမေဓော လောကနာယကော၊
ဓမ္မံ မေ ကထယီ ဗုဒ္ဓေါ, သောကသလ္လဝိနောဒနံ။
၄၂၆။ လောက၏ ရှေ့သွားဖြစ်တော်မူသော သစ္စာလေးပါးကို သိတော်မူသော သုမေဓာ မြတ်စွာဘုရားသည် ထိုသစ်ရွက်အခင်း၌ ထိုင်နေတော်မူ၍ သောကတည်းဟူသော ငြောင့်ကို ပယ်ဖျောက်တတ်သော တရားကို ငါ့အား ဟောတော်မူ၏။
၄၂၇။ ‘‘‘အနဝှိတာ တတော အာဂုံ, အနနုညာတာ ဣတော ဂတာ၊
ယထာဂတာ တထာ ဂတာ, တတ္ထ ကာ ပရိဒေဝနာ။
၄၂၇။ (ထိုမိဘ, သား, သမီးဖြစ်သောသူတို့သည် ) မခေါ်ဘဲ ထိုရှေးဘဝမှ လာကုန်၏၊ ခွင့်မပြုဘဲ့ဤဘဝမှ သွားကုန်၏။ အကြင်အခြင်းအရာအားဖြင့် (ရှေးဘဝမှ) လာကုန်၏၊ ထို အခြင်းအရာအားဖြင့် (ဤဘဝမှ) သွားကြကုန်၏။ ထိုလာလိုတိုင်း လာ၍ သွားလိုတိုင်း သွား ရာ၌ ငိုကြွေးခြင်းသည် အဘယ်အကျိုးရှိအံ့နည်း။
၄၂၈။ ‘‘‘ယထာပိ ပထိကာ သတ္တာ, ဝဿမာနာယ ဝုဋ္ဌိယာ၊
သဘဏ္ဍာ ဥပဂစ္ဆန္တိ, ဝဿဿာပတနာယ တေ။
၄၂၈။ ထိုခရီးသွား သတ္တဝါတို့သည် မိုးရွာသည်ရှိသော် မိုးမစိုစိမ့်သောငှါ ဥစ္စာဘဏ္ဍာ နှင့်တကွ မိုးလွတ်ရာ အရပ်သို့ ချဥ်းကပ်ကုန်၏။
၄၂၉။ ‘‘‘ဝဿေ စ တေ ဩရမိတေ, သမ္ပယန္တိ ယဒိစ္ဆကံ၊
ဧဝံ မာတာ ပိတာ တုယှံ, တတ္ထ ကာ ပရိဒေဝနာ။
၄၂၉။ ထိုသတ္တဝါတို့သည် မိုးစဲသည်ရှိသော် အလိုရှိရာအရပ်သို့ သွားကုန်သကဲ့သို့လည်း ထို့အတူ သင်၏ မိဘတို့သည် လာလိုသည့်အခါ လာ၍ ပြန်လိုသည့်အခါ ပြန်သွားကြကုန်၏၊ ထိုပြန်သွားရာ၌ ငိုကြွေးခြင်းသည် အဘယ်အကျိုးရှိအံ့နည်း။
၄၃၀။ ‘‘‘အာဂန္တုကာ ပါဟုနကာ, စလိတေရိတကမ္ပိတာ၊
ဧဝံ မာတာ ပိတာ တုယှံ, တတ္ထ ကာ ပရိဒေဝနာ။
၄၃၀။ အလှူခံ ဧည့်သည်တို့သည် လှုပ်လှုပ်ရွရွ သွားကုန်သကဲ့သို့ ထို့အတူ သင်၏ မိဘတို့သည် သွားကုန်၏၊ ထိုသို့ သွားရာ၌ ငိုကြွေးခြင်းသည် အဘယ်အကျိုးရှိအံ့နည်း။
၄၃၁။ ‘‘‘ယထာပိ ဥရဂေါ ဇိဏ္ဏံ, ဟိတွာ ဂစ္ဆတိ သံ တစံ [သံတနုံ (သျာ။ က။)]၊
ဧဝံ မာတာ ပိတာ တုယှံ, သံ တနုံ ဣဓ ဟီယရေ’။
၄၃၁။ မြွေသည် မိမိအရေဟောင်းကို စွန့်၍ သွားသကဲ့သို့ ထိုအတူ သင်၏ မိဘတို့သည် မိမိခန္ဓာကိုယ်ကို ဤဘဝ၌ စွန့်ပစ်ကုန်၏။
၄၃၂။ ‘‘ဗုဒ္ဓဿ ဂိရမညာယ, သောကသလ္လံ ဝိဝဇ္ဇယိံ၊
ပါမောဇ္ဇံ ဇနယိတွာန, ဗုဒ္ဓသေဋ္ဌံ အဝန္ဒဟံ။
၄၃၂။ ငါသည် မြတ်စွာဘုရား၏ တရားစကားကို သိရ၍ သောကတည်းဟူသော ငြောင့် ကို ရှောင်ကွင်းနိုင်ခဲ့၏၊ ငါသည် နှစ်သက်ခြင်းကို ဖြစ်စေ၍ ဘုရားမြတ်ကို ရှိခိုးခဲ့၏။
၄၃၃။ ‘‘ဝန္ဒိတွာန မဟာနာဂံ, ပူဇယိံ ဂိရိမဉ္ဇရိံ [ဂိရိမဉ္ဇရိမပူဇယိံ (သီ။ သျာ။)]၊
ဒိဗ္ဗဂန္ဓံ သမ္ပဝန္တံ [ဒိဗ္ဗဂန္ဓေန သမ္ပန္နံ (သီ။ သျာ။)], သုမေဓံ လောကနာယကံ။
၄၃၃။ ငါသည် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် နတ်ရနံ့ ကြိုင်လှိုင်သော တောင်သဇင်ပန်း ကို လောက၏ ရှေ့သွားဖြစ်တော်မူသော သုမေဓာမြတ်စွာဘုရားအား ပူဇော်ခဲ့၏။
၄၃၄။ ‘‘ပူဇယိတွာန သမ္ဗုဒ္ဓံ, သိရေ ကတွာန အဉ္ဇလိံ၊
အနုဿရံ ဂုဏဂ္ဂါနိ, သန္ထဝိံ လောကနာယကံ။
၄၃၄။ ငါသည် မြတ်စွာဘုရားကို ပူဇော်၍ ဦးခေါင်း၌ လက်အုပ်ချီပြီးလျှင် မြင့်မြတ်သော ဂုဏ်တို့ကို အောက်မေ့လျက် မြတ်စွာဘုရားကို ချီးကျူးခဲ့၏။
၄၃၅။ ‘‘နိတ္တိဏ္ဏောသိ [နိတ္တဏှောသိ (သီ။), ဝိတိဏ္ဏောသိ (သျာ။)] မဟာဝီရ, သဗ္ဗညု လောကနာယက၊
သဗ္ဗေ သတ္တေ ဥဒ္ဓရသိ, ဉာဏေန တွံ မဟာမုနေ။
၄၃၅။ ကြီးမားသော လုံ့လရှိတော်မူသော သဗ္ဗညုမြတ်စွာဘုရား အရှင်ဘုရားသည် (သံသရာရေလျဥ်မှ) ကူးမြောက်ပြီးသောပုဂ္ဂိုလ် ဖြစ်တော်မူပါပေ၏။ မြတ်စွာဘုရား အရှင် ဘုရားသည် ဉာဏ်တော်ဖြင့် အလုံးစုံသော သတ္တဝါတို့ကို (သံသရာရေလျဥ်မှ) ထုတ်ဆောင် ကယ်တင်တော်မူပါပေ၏။
၄၃၆။ ‘‘ဝိမတိံ ဒွေဠှကံ ဝါပိ, သဉ္ဆိန္ဒသိ မဟာမုနေ၊
ပဋိပါဒေသိ မေ မဂ္ဂံ, တဝ ဉာဏေန စက္ခုမ။
၄၃၆။ မြတ်စွာဘုရား အရှင်ဘုရားသည် ယုံမှားခြင်းကိုလည်းကောင်း၊ နှလုံးနှစ်ခွ ဖြစ်ခြင်းကိုလည်းကောင်း ကောင်းစွာ ဖြတ်တောက်တော်မူပါပေ၏။ စက္ခုငါးမျိုးရှိတော်မူသော မြတ်စွာဘုရား အရှင်ဘုရား၏ ဉာဏ်တော်ဖြင့် အကျွန်ုပ်အား မဂ်ဉာဏ်သို့ ရောက်စေတော်မူ ပါပေ၏။
၄၃၇။ ‘‘အရဟာ ဝသိပတ္တာ [သိဒ္ဓိပတ္တာ (သီ။ သျာ။)] စ, ဆဠဘိညာ မဟိဒ္ဓိကာ၊
အန္တလိက္ခစရာ ဓီရာ, ပရိဝါရေန္တိ တာဝဒေ။
၄၃၇။ ထိုအခါ ဝသီဘော်သို့ ရောက်သည်ဖြစ်၍ အဘိညာဥ်ခြောက်ပါးရှိကုန်သော တန်ခိုးကြီးမားသည် ဖြစ်၍ ကောင်းကင်၌ လှည့်လည်ကုန်သော ပညာရှိရဟန္တာတို့သည် ခြံရံ လျက် ရှိပါကုန်၏။
၄၃၈။ ‘‘ပဋိပန္နာ စ သေခါ စ, ဖလဋ္ဌာ သန္တိ သာဝကာ၊
သူရောဒယေဝ ပဒုမာ, ပုပ္ဖန္တိ တဝ သာဝကာ။
၄၃၈။ ကျင့်ဆဲသေက္ခပုဂ္ဂိုလ်ဖြစ်ကုန်သော ဖိုလ်၌ တည်ကုန်သော သာဝကတို့သည် ရှိပါ ကုန်၏၊ ‘နေထွက်သော အခါ၌ ပဒုမ္မာကြာပန်းတို့သည် ပွင့်ကုန်သကဲ့သို့’ အရှင်ဘုရား၏ အထံတော်၌ ထိုသာဝကတို့သည် ပွင့်ပါကုန်၏။
၄၃၉။ ‘‘မဟာသမုဒ္ဒေါဝက္ခောဘော, အတုလောပိ [ယထာ သမုဒ္ဒေါ အက္ခောဘော, အတုလော စ (သီ။)] ဒုရုတ္တရော၊
ဧဝံ ဉာဏေန သမ္ပန္နော, အပ္ပမေယျောသိ စက္ခုမ။
၄၃၉။ စက္ခုငါးမျိုးရှိတော်မူသော မြတ်စွာဘုရား မချောက်ချားနိုင်သည်ဖြစ်၍ အတုမရှိ သော အလွန်ကူးမြောက်နိုင်ခဲသော မဟာသမုဒ္ဒရာကဲ့သို့ ဤအတူ အရှင်ဘုရားသည် ဉာဏ် တော်နှင့် ပြည့်စုံသည်ဖြစ်၍ မနှိုင်းရှည့်နိုင်သောပုဂ္ဂိုလ် ဖြစ်တော်မူပါပေ၏။
၄၄၀။ ‘‘ဝန္ဒိတွာဟံ လောကဇိနံ, စက္ခုမန္တံ မဟာယသံ၊
ပုထု ဒိသာ နမဿန္တော, ပဋိကုဋိကော အဂဉ္ဆဟံ။
၄၄၀။ ငါသည် လောက၌ မာရ်ငါးပါးကို အောင်တော်မူသော များသော အခြံအရံရှိတော်မူ သော မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရပ်ရှစ်မျက်နှာတို့ကို ရှိခိုးကာ နောက်ဆုတ်လျက် သွားခဲ့၏။
၄၄၁။ ‘‘ဒေဝလောကာ စဝိတွာန, သမ္ပဇာနော ပတိဿတော၊
ဩက္ကမိံ မာတုယာ ကုစ္ဆိံ, သန္ဓာဝန္တော ဘဝါဘဝေ။
၄၄၁။ နတ်ပြည်မှ စုတေ၍ ဘဝကြီးငယ်၌ ကျင်လည်ရသည်ရှိသော် ပညာဉာဏ်, သတိနှင့် ပြည့်စုံလျက် အမိဝမ်းသို့ သက်ဝင်ရပေ၏။
၄၄၂။ ‘‘အဂါရာ အဘိနိက္ခမ္မ, ပဗ္ဗဇိံ အနဂါရိယံ၊
အာတာပီ နိပကော ဈာယီ, ပဋိသလ္လာနဂေါစရော။
၄၄၂။ လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်၌ ရဟန်းပြုခဲ့၏၊ ငါသည် ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိ၏၊ ရင့်ကျက်သော ပညာဉာဏ်ရှိ၏၊ ဈာန်ဝင်စားလေ့ရှိ၏၊ တစ်ယောက်တည်း ကိန်းအောင်းလျက့်ကျက်စားလေ့ရှိ၏။
၄၄၃။ ‘‘ပဓာနံ ပဒဟိတွာန, တောသယိတွာ မဟာမုနိံ၊
စန္ဒောဝဗ္ဘဃနာ မုတ္တော, ဝိစရာမိ အဟံ သဒါ။
၄၄၃။ ငါသည် ကမ္မဋ္ဌာန်းအားထုတ်၍ မြတ်စွာဘုရားကို နှစ်သိမ့်စေပြီးလျှင် ‘တိမ်တိုက်မှ လွတ်သော လကဲ့သို့့’ အခါခပ်သိမ်း လှည့်လည်ရပေ၏။
၄၄၄။ ‘‘ဝိဝေကမနုယုတ္တောမှိ, ဥပသန္တော နိရူပဓိ၊
သဗ္ဗာသဝေ ပရိညာယ, ဝိဟရာမိ အနာသဝေါ။
၄၄၄။ ငါသည် ဆိတ်ငြိမ်မှု၌ အားထုတ်လျက် ကိလေသာမီး ငြိမ်းသည် ဖြစ်၍ ဥပဓိ မရှိသူ ဖြစ်ပေ၏၊ ငါသည် အာသဝေါတရား အလုံးစုံတို့ကို ပိုင်းခြားသိ၍ အာသဝ မရှိဘဲ နေရ၏။
၄၄၅။ ‘‘တိံသကပ္ပသဟဿမှိ, ယံ ဗုဒ္ဓမဘိပူဇယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၄၄၅။ ကမ္ဘာသုံးသောင်းထက်၌ မြတ်စွာဘုရားကို ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရ ခြင်း၏ အကျိုးပေတည်း။
၄၄၆။ ‘‘ကိလေသာ ဈာပိတာ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ၊
သဗ္ဗာသဝါ ပရိက္ခီဏာ, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။
၄၄၆။ ငါသည် ကိလေသာတို့ကို ရှို့ မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ အာသဝအားလုံးကုန်သည်ဖြစ်၍ ယခု ငါ့အား ဘဝသစ်သည် နောက် တစ်ဖန် မရှိတော့ပြီ။
၄၄၇။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၄၄၇။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။
၄၄၈။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဂိရိမာနန္ဒော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဂိရိမာနန္ဒတ္ထေရဿာပဒါနံ သတ္တမံ။
၄၄၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဂိရိမာနန္ဒမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် ဂိရိမာနန္ဒတ္ထေရအပဒါန ပြီး၏။
၈။ သဠလမဏ္ဍပိယတ္ထေရအပဒါနံ
၄၄၉။ ‘‘နိဗ္ဗုတေ ကကုသန္ဓမှိ, ဗြာဟ္မဏမှိ ဝုသီမတိ၊
ဂဟေတွာ သဠလံ မာလံ, မဏ္ဍပံ ကာရယိံ အဟံ။
၈-သဠလမဏ္ဍပိယတ္ထေရအပဒါန ၄၄၉။ မကောင်းမှုကို အပပြုပြီးသော မဂ်ကိစ္စကို ကျင့်သုံးပြီးသော ကကုသန်မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံတော်မူလတ်သော် ငါသည် ထင်းရှူးပင်ကို ယူ၍ မဏ္ဍပ်ကို ပြုလုပ် စေခဲ့၏။
၄၅၀။ ‘‘တာဝတိံသဂတော သန္တော, လဘာမိ ဗျမှမုတ္တမံ၊
အညေ ဒေဝေတိရောစာမိ, ပုညကမ္မဿိဒံ ဖလံ။
၄၅၀။ ငါသည် တာဝတိံသာသို့ ရောက်သည်ဖြစ်၍ မြတ်သော ဗိမာန်ကို ရပေ၏၊ အခြားနတ်တို့ကို လွန်၍ တင့်တယ်ပေ၏။ ဤသို့ဖြစ်ရခြင်းသည် ထင်းရှူးပန်းလှူရသော ကောင်းမှုကံ၏ အကျိုး ပေတည်း။
၄၅၁။ ‘‘ဒိဝါ ဝါ ယဒိ ဝါ ရတ္တိံ, စင်္ကမန္တော ဌိတော စဟံ၊
ဆန္နော သဠလပုပ္ဖေဟိ, ပုညကမ္မဿိဒံ ဖလံ။
၄၅၁။ ငါသည် နေ့၌ ဖြစ်စေ၊ သို့မဟုတ် ညဥ့်၌ ဖြစ်စေ စင်္ကြံသွားသော်လည်းကောင်း၊ ရပ်သော်လည်းကောင်း ထင်းရှူးပန်းတို့ဖြင့် ဖုံးလွှမ်းခြင်းကို ခံယူရပေ၏။ ဤသို့ ဖြစ်ရခြင်း သည် ထင်းရှူးပန်း လှူရသော ကောင်းမှုကံ၏ အကျိုးပေတည်း။
၄၅၂။ ‘‘ဣမသ္မိံယေဝ ကပ္ပမှိ, ယံ ဗုဒ္ဓမဘိပူဇယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၄၅၂။ ဤဘဒ္ဒကမ္ဘာ၌ပင်လျှင် ကကုသန်မြတ်စွာဘုရားကို ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။
၄၅၃။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝေါ။
၄၅၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့ ထို့အတူ ငါသည် အာသဝေါမရှိဘဲ နေရ၏။
၄၅၄။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၄၅၄။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံး ပြီးပါပြီ။
၄၅၅။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ သဠလမဏ္ဍပိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
သဠလမဏ္ဍပိယတ္ထေရဿာပဒါနံ အဋ္ဌမံ။
၄၅၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သဠလမဏ္ဍပိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် သဠလမဏ္ဍပိယတ္ထေရအပဒါန ပြီး၏။
၉။ သဗ္ဗဒါယကတ္ထေရအပဒါနံ
၄၅၆။ ‘‘မဟာသမုဒ္ဒံ ဩဂယှ, ဘဝနံ မေ သုနိမ္မိတံ၊
သုနိမ္မိတာ ပေါက္ခရဏီ, စက္ကဝါကပကူဇိတာ။
၉-သဗ္ဗဒါယကတ္ထေရအပဒါန ၄၅၆။ ငါသည် မဟာသမုဒ္ဒရာသို့ သက်ဝင်၍ ဘုံဗိမာန်ကို ကောင်းစွာ ဖန်ဆင်းထား၏၊ ရေကန်ကိုလည်း ကောင်းစွာ ဖန်ဆင်းထား၏၊ (ထိုရေကန်၌) စက္ကဝါက်ငှက်တို့ တွန်ကျူး လျက် ရှိကုန်၏။
၄၅၇။ ‘‘မန္ဒာလကေဟိ သဉ္ဆန္နာ, ပဒုမုပ္ပလကေဟိ စ၊
နဒီ စ သန္ဒတေ တတ္ထ, သုပတိတ္ထာ မနောရမာ။
၄၅၇။ မန္ဒာလကနတ်ပန်းတို့ဖြင့်လည်းကောင်း၊ ပဒုမ္မာကြာ, ဥပ္ပလကြာတို့ဖြင့်လည်း ကောင်း ဖုံးလွှမ်းလျက် ရှိကုန်၏။ ထိုရေကန်၌ မြစ်သည်လည်း စီးဆင်းလျက် ရှိ၏၊ စိတ်ကိုလည်း ပျော်မွေ့စေနိုင်သော ကောင်းသော ဆိပ်ကမ်းလည်း ရှိ၏။
၄၅၈။ ‘‘မစ္ဆကစ္ဆပသဉ္ဆန္နာ, နာနာဒိဇသမောတ္ထတာ၊
မယူရကောဉ္စာဘိရုဒါ, ကောကိလာဒီဟိ ဝဂ္ဂုဟိ။
၄၅၈။ ငါး, လိပ်တို့ဖြင့် ဖုံးလွှမ်းလျက် ရှိ၏၊ အမျိုးမျိုးသော ငှက်တို့ဖြင့် ရောပြွမ်းလျက် ရှိ၏၊ ဥဒေါင်း, ကြိုးကြာတို့ တွန်မြည်လျက် ရှိကုန်၏၊ အသံသာယာသော ဥဩအစရှိသည် တို့ တွန်မြည်လျက် ရှိကုန်၏။
၄၅၉။ ‘‘ပါရေဝတာ ရဝိဟံသာ စ, စက္ကဝါကာ နဒီစရာ၊
ဒိန္ဒိဘာ သာဠိကာ စေတ္ထ, ပမ္မကာ [ပမ္ပကာ (သီ။), စပ္ပကာ (သျာ။)] ဇီဝဇီဝကာ။
၄၅၉။ ဤရေကန်၌ ခိုတို့သည်လည်းကောင်း၊ ဝမ်းဘဲ, ဟင်္သာတို့သည်လည်းကောင်း၊ စက္ကဝါက်ငှက်တို့သည်လည်းကောင်း၊ တင်ကျီးတို့သည်လည်းကောင်း၊ ဘုံမတီးငှက်တို့သည်လည်းကောင်း၊ သာလိကာတို့သည်လည်းကောင်း ပုတ်သင်ပျံတို့သည်လည်းကောင်း၊ ဇီဝဇိုးငှက် တို့သည်လည်းကောင်း၊ -
၄၆၀။ ‘‘ဟံသာ ကောဉ္စာပိ နဒိတာ [ကောဉ္စာဘိနဒိတာ (သီ။ သျာ။)], ကောသိယာ ပိင်္ဂလာ ဗဟူ၊
သတ္တရတနသမ္ပန္နာ, မဏိမုတ္တိကဝါလုကာ။
၄၆၀။ ဟင်္သာတို့သည်လည်းကောင်း၊ ကြိုးကြာတို့သည်လည်းကောင်း၊ ကုတ်သလုပ်ငှက် (ဇီးကွက်) တို့သည်လည်းကောင်း၊ များပြားလှသော ငှက်ကျားတို့သည်လည်းကောင်း တွန်မြည် လျက် ရှိကုန်၏။ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံ၏၊ ပတ္တမြား, ပုလဲဖြင့် ပြီးသော သဲလည်း ရှိပေ၏။
၄၆၁။ ‘‘သဗ္ဗသောဏ္ဏမယာ ရုက္ခာ, နာနာဂန္ဓသမေရိတာ၊
ဥဇ္ဇောတေန္တိ ဒိဝါရတ္တိံ, ဘဝနံ သဗ္ဗကာလိကံ။
၄၆၁။ အလုံးစုံသော ရွှေဖြင့် ပြီးကုန်သော သစ်ပင်တို့သည် အမျိုးမျိုးသော ရနံ့တို့ဖြင့် ကြိုင်လှိုင်ကုန်လျက် ဗိမာန်ကို နေ့ရော, ညဥ့်ပါ အခါခပ်သိမ်း ထွန်းတောက်ပစေလျက် ရှိကုန်၏။
၄၆၂။ ‘‘သဋ္ဌိ တူရိယသဟဿာနိ, သာယံ ပါတော ပဝဇ္ဇရေ၊
သောဠသိတ္ထိသဟဿာနိ, ပရိဝါရေတိ မံ သဒါ။
၄၆၂။ ခြောက်သောင်းသော တူရိယာတို့သည် ညချမ်းအချိန်, နံနက်အချိန်၌ မြည်လျက် ရှိကုန်၏၊ မိန်းမခြောက်သောင်းတို့သည် အခါခပ်သိမ်း ငါ့ကို ခြံရံလျက် ရှိကုန်၏။
၄၆၃။ ‘‘အဘိနိက္ခမ္မ ဘဝနာ, သုမေဓံ လောကနာယကံ၊
ပသန္နစိတ္တော သုမနော, ဝန္ဒယိံ တံ မဟာယသံ။
၄၆၃။ ငါသည် ဗိမာန်မှ ထွက်၍ လောက၏ ရှေ့သွားဖြစ်သော, အခြံအရံ များတော် မူသော ထိုသုမေဓာမြတ်စွာဘုရားကို ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ရှိခိုး၏။
၄၆၄။ ‘‘သမ္ဗုဒ္ဓံ အဘိဝါဒေတွာ, သသံဃံ တံ နိမန္တယိံ၊
အဓိဝါသေသိ သော ဓီရော, သုမေဓော လောကနာယကော။
၄၆၄။ မြတ်စွာဘုရားကို ရှိခိုးပြီး၍ ထိုမြတ်စွာဘုရားကို သံဃာနှင့်တကွ ပင့်ဖိတ်ခဲ့၏၊ လုံ့လကြီးမားတော်မူသော လောက၏ ရှေ့သွား ထိုသုမေဓာမြတ်စွာဘုရားသည် (ပင့်ဖိတ် ခြင်းကို) လက်ခံတော်မူ၏။
၄၆၅။ ‘‘မမ ဓမ္မကထံ ကတွာ, ဥယျောဇေသိ မဟာမုနိ၊
သမ္ဗုဒ္ဓံ အဘိဝါဒေတွာ, ဘဝနံ မေ ဥပါဂမိံ။
၄၆၅။ မြတ်စွာဘုရားသည် ငါ့အား တရားစကားကို ဟောကြားတော်မူ၍ လွှတ်တော်မူ၏၊ ငါသည် မြတ်စွာဘုရားကို ရှိခိုး၍ ငါ၏ ဗိမာန်သို့ ပြန်လာခဲ့၏။
၄၆၆။ ‘‘အာမန္တယိံ ပရိဇနံ, သဗ္ဗေ သန္နိပတာထ [သန္နိပတတ္ထ (က။)] ဝေါ၊
ပုဗ္ဗဏှသမယံ ဗုဒ္ဓေါ, ဘဝနံ အာဂမိဿတိ။
၄၆၆။ ထိုအခါ ငါ၏ ပရိသတ်ကို ပြောဆိုခဲ့၏၊ သင်တို့အားလုံး စည်းဝေးကြကုန်လော့၊ နံနက်အခါ၌ မြတ်စွာဘုရားသည် ဗိမာန်သို့ ကြွလာတော်မူလတ္တံ့ (ဟု ပြောဆိုခဲ့၏)။
၄၆၇။ ‘‘လာဘာ အမှံ သုလဒ္ဓံ နော, ယေ ဝသာမ တဝန္တိကေ၊
မယမ္ပိ ဗုဒ္ဓသေဋ္ဌဿ, ပူဇံ ကဿာမ သတ္ထုနော။
၄၆၇။ ငါတို့သည် အရတော်လေစွ၊ ငါတို့သည် လူအဖြစ်ကို ကောင်းစွာ ရအပ်၏၊ အရှင့် ထံ၌ နေရပါကုန်သော ငါတို့သည်လည်း လူ နတ်တို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား အား ပူဇော်ခြင်းကို ပြုအပ်ပါကုန်အံ့ (ဟု ပြောကြကုန်၏)။
၄၆၈။ ‘‘အန္နပနံ ပဋ္ဌပေတွာ, ကာလံ အာရောစယိံ အဟံ၊
ဝသီသတသဟဿေဟိ, ဥပေသိ လောကနာယကော။
၄၆၈။ ငါသည် ထမင်း အဖျော်ကို တည်ခင်းထားပြီး နောက်၌ (ကြွရန်) အချိန်ကို (မြတ်စွာဘုရားအား) လျှောက်ထားခဲ့၏၊ မြတ်စွာဘုရားသည် ရဟန္တာတစ်သိန်းတို့နှင့် တကွ ကြွတော်မူ၏။
၄၆၉။ ‘‘ပဉ္စင်္ဂိကေဟိ တူရိယေဟိ, ပစ္စုဂ္ဂမနမကာသဟံ၊
သဗ္ဗသောဏ္ဏမယေ ပီဌေ, နိသီဒိ ပုရိသုတ္တမော။
၄၆၉။ ငါသည် အင်္ဂါငါးပါးရှိသော တူရိယာတို့ဖြင့် ခရီးဦးကြိုဆိုမှုကို ပြု၏၊ မြတ်စွာဘုရားသည် အလုံးစုံ ရွှေဖြင့်ပြီးသော အင်းပျဥ်၌ ထိုင်တော်မူ၏။
၄၇၀။ ‘‘ဥပရိစ္ဆဒနံ အာသိ, သဗ္ဗသောဏ္ဏမယံ တဒါ၊
ဗီဇနိယော ပဝါယန္တိ, ဘိက္ခုသံဃဿ အန္တရေ။
၄၇၀။ ထိုအခါ အလုံးစုံ ရွှေဖြင့်ပြီးသော အမိုးသည် အထက်၌ ဖြစ်ပေါ်လေ၏၊ ရဟန်း သံဃာ၏ အကြား၌ ယပ်လေတို့သည် အလိုလို ခတ်ကုန်၏။
၄၇၁။ ‘‘ပဟူတေနန္နပါနေန, ဘိက္ခုသံဃမတပ္ပယိံ၊
ပစ္စေကဒုဿယုဂဠေ, ဘိက္ခုသံဃဿဒါသဟံ။
၄၇၁။ ငါသည် များစွာသော ဆွမ်းအဖျော်ဖြင့် ရဟန်းသံဃာကို ရောင့်ရဲစေ၏၊ (ထို့နောက်) ရဟန်း သံဃာအား အသီးအသီး ပုဆိုးအစုံတို့ကို ပေးလှူခဲ့၏။
၄၇၂။ ‘‘ယံ ဝဒန္တိ သုမေဓောတိ, လောကာဟုတိပဋိဂ္ဂဟံ၊
ဘိက္ခုသံဃေ နိသီဒိတွာ, ဣမာ ဂါထာ အဘာသထ။
၄၇၂။ လောက၏ ပူဇော်ခြင်းကို ခံတော်မူထိုက်သော အကြင်မြတ်စွာဘုရားကို သုမေဓာ မည်၏ဟူ၍ ပြောဆိုကုန်၏၊ ထိုသုမေဓာမြတ်စွာဘုရားသည် ရဟန်းသံဃာ၌ ထိုင်တော်မူ၍ ဤ ဂါထာတို့ကို ဟောတော်မူ၏။
၄၇၃။ ‘‘ယော မေ အန္နေန ပါနေန, သဗ္ဗေ ဣမေ စ တပ္ပယိံ၊
တမဟံ ကိတ္တယိဿာမိ, သုဏာထ မမ ဘာသတော။
၄၇၃။ အကြင်သူသည် ငါဘုရားအားလည်းကောင်း၊ ဤရဟန်းအားလုံးတို့ကိုလည်း ကောင်း ဆွမ်းအဖျော်ဖြင့် ရောင့်ရဲစေ၏။ ထိုသူကို ဗျာဒိတ်စကား မိန့်ကြားတော်မူအံ့၊ ငါမိန့် ကြားမည့် စကားကို နာယူကြကုန်လော့။
၄၇၄။ ‘‘အဋ္ဌာရသေ ကပ္ပသတေ, ဒေဝလောကေ ရမိဿတိ၊
သဟဿက္ခတ္တုံ ရာဇာ စ, စက္ကဝတ္တီ ဘဝိဿတိ။
၄၇၄။ ဤသူသည် တစ်ရာ့တစ်ဆယ့်ရှစ်ကမ္ဘာတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရလတ္တံ့၊ စကြဝတေးမင်းလည်း အကြိမ်တစ်ထောင်တိုင်တိုင် ဖြစ်လတ္တံ့။
၄၇၅။ ‘‘ဥပ္ပဇ္ဇတိ [ဥပဂစ္ဆတိ (သီ။)] ယံ ယောနိံ, ဒေဝတ္တံ အထ မာနုသံ၊
သဗ္ဗဒါ သဗ္ဗသောဝဏ္ဏံ, ဆဒနံ ဓာရယိဿတိ။
၄၇၅။ ကပ်ရောက်ရတိုင်းသော လူအဖြစ် နတ်အဖြစ်၌ အလုံးစုံ ရွှေဖြင့်ပြီးသော အမိုး သည် အခါခပ်သိမ်း ဆောင်းမိုးပေလတ္တံ့။
၄၇၆။ ‘‘တိံသကပ္ပသဟဿမှိ, ဩက္ကာကကုသလသမ္ဘဝေါ၊
ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။
၄၇၆။ ကမ္ဘာသုံးသောင်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမ မည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။
၄၇၇။ ‘‘တဿ ဓမ္မေသု ဒါယာဒေါ, ဩရသော ဓမ္မနိမ္မိတော၊
သဗ္ဗာသဝေ ပရိညာယ, နိဗ္ဗာယိဿတိနာသဝေါ။
၄၇၇။ တိုဂေါတမမြတ်စွာဘုရား၏ တရားတို့၌ တရားဖြင့် ဖန်ဆင်းအပ်သော အမွေခံသား တော်ဖြစ်၍ အာသဝတရားအားလုံးကို ပိုင်းခြား၍ သိလျက် အာသဝမရှိဘဲ ပရိနိဗ္ဗာန် ပြုလတ္တံ့။
၄၇၈။ ‘‘‘ဘိက္ခုသံဃေ နိသီဒိတွာ, သီဟနာဒံ နဒိဿတိ၊
စိတကေ ဆတ္တံ ဓာရေန္တိ, ဟေဋ္ဌာ ဆတ္တမှိ ဍယှထ’။
၄၇၈။ ရဟန်းသံဃာ၌ ထိုင်၍ ခြင်္သေ့မင်း၏ အသံနှင့် တူသော အသံကို မြွက်ဆိုလတ္တံ့၊ မီးသင်္ဂြိုဟ်ရာ ထင်းပုံ၌ ထီးတို့ကို ဆောင်းမိုးကုန်၏၊ ထီးအောက်၌ လောင်ကျွမ်းလေ၏။
၄၇၉။ ‘‘သာမညံ မေ အနုပ္ပတ္တံ, ကိလေသာ ဈာပိတာ မယာ၊
မဏ္ဍပေ ရုက္ခမူလေ ဝါ, သန္တာပေါ မေ န ဝိဇ္ဇတိ။
၄၇၉။ ငါသည် အရဟတ္တဖိုလ်သို့ အစဥ်ရောက်အပ်ပြီ၊ ငါသည် ကိလေသာတို့ကို ရှို့မြှိုက် လောင် ကျွမ်းစေအပ်ကုန်ပြီ။ မဏ္ဍပ်၌လည်းကောင်း၊ သစ်ပင်ရင်း၌လည်းကောင်း ငါ့အား ပူလောင်ခြင်း မရှိချေ။
၄၈၀။ ‘‘တိံသကပ္ပသဟဿမှိ, ယံ ဒါနမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, သဗ္ဗဒါနဿိဒံ ဖလံ။
၄၈၀။ ကမ္ဘာသုံးသောင်းထက်၌ အလှူကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အလုံးစုံသော အလှူ၏ အကျိုးပေတည်း။
၄၈၁။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝေါ။
၄၈၁။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ အလုံးစုံသော ဘဝ တို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ ငါသည် အာသဝမရှိဘဲ နေရ၏။
၄၈၂။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၄၈၂။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံး ပြီးပါပြီ။
၄၈၃။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ သဗ္ဗဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
သဗ္ဗဒါယကတ္ထေရဿာပဒါနံ နဝမံ။
၄၈၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သဗ္ဗဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် သဗ္ဗဒါယကတ္ထေရအပဒါန ပြီး၏။
၁၀။ အဇိတတ္ထေရအပဒါနံ
၄၈၄။ ‘‘ပဒုမုတ္တရော နာမ ဇိနော, သဗ္ဗဓမ္မာန ပါရဂူ၊
အဇ္ဈောဂါဟေတွာ ဟိမဝန္တံ, နိသီဒိ လောကနာယကော။
၁၀-အဇိတထ္ထေရအပဒါန ၄၈၄။ တရားအလုံးစုံတို့ကို တစ်ဖက်ကမ်းရောက် သိမြင်တော်မူသော လောက၏ ရှေ့ သွား ပဒုမုတ္တရမြတ်စွာဘုရားသည် ဟိမဝန္တာသို့ သက်ဝင်၍ ထိုင်နေတော်မူ၏။
၄၈၅။ ‘‘နာဟံ အဒ္ဒက္ခိံ [ပဿာမိ (?)] သမ္ဗုဒ္ဓံ, နပိ သဒ္ဒံ သုဏောမဟံ၊
မမ ဘက္ခံ ဂဝေသန္တော, အာဟိဏ္ဍာမိ ဝနေ အဟံ [တဒါ (သီ။)]။
၄၈၅။ ငါသည် မြတ်စွာဘုရားကို မဖူးမြင်ဖူးချေ၊ အသံကိုမျှလည်း မကြားဖူးချေ၊ ငါသည် ငါ၏ အစာကို ရှာမှီးစဥ် တော၌ လှည့်လည်လျက် ရှိ၏။
၄၈၆။ ‘‘တတ္ထဒ္ဒဿာသိံ သမ္ဗုဒ္ဓံ, ဒွတ္တိံသဝရလက္ခဏံ၊
ဒိသွာန ဝိတ္တိမာပဇ္ဇိံ [စိတ္တမာပဇ္ဇိ (သီ။), စိတ္တမာပဇ္ဇိံ (သျာ။)], သတ္တော ကော နာမယံ ဘဝေ။
၄၈၆။ ထိုတော၌ သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ်တို့၏ လက္ခဏာနှင့် ပြည့်စုံသော မြတ်စွာဘုရားကို ဖူးမြင်ရ၏၊ ဖူးမြင်ရသည်ရှိသော် ငါသည် နှစ်သက်ခြင်းသို့ ရောက်၏၊ ဤ ပုဂ္ဂိုလ်သည် အဘယ်မည်သော ပုဂ္ဂိုလ်ဖြစ်သနည်းဟု (စဥ်းစား၍) -
၄၈၇။ ‘‘လက္ခဏာနိ ဝိလောကေတွာ, မမ ဝိဇ္ဇံ အနုဿရိံ၊
သုတဉှိ မေတံ ဝုဍ္ဎာနံ, ပဏ္ဍိတာနံ သုဘာသိတံ။
၄၈၇။ လက္ခဏာတို့ကို ကြည့်ရှုလျက် ငါ၏ အတတ်ပညာကို အောက်မေ့၏၊ ကြီးသော ပညာရှိတို့၏ ကောင်းစွာ ဆိုအပ်သော ထိုစကားကို ကြားရဖူး၏။
၄၈၈။ ‘‘တေသံ ယထာ တံ ဝစနံ, အယံ ဗုဒ္ဓေါ ဘဝိဿတိ၊
ယံနူနာဟံ သက္ကရေယျံ, ဂတိံ မေ သောဓယိဿတိ။
၄၈၈။ ထိုပညာရှိကြီးတို့၏ စကားအရ ဤပုဂ္ဂိုလ်သည် ဘုရားစင်စစ် ဖြစ်လတ္တံ့၊ ငါသည် ပူဇော်မှုကို ပြုရပါမူ ကောင်းလေစွ၊ (ဤပုဂ္ဂိုလ်သည်) ငါ၏ ဘဝဂတိကို သုတ်သင် ရှင်းလင်း ပေလတ္တံ့။
၄၈၉။ ‘‘ခိပ္ပံ အဿမမာဂန္တွာ, မဓုတေလံ ဂဟိံ အဟံ၊
ကောလမ္ဗကံ ဂဟေတွာန, ဥပဂစ္ဆိံ ဝိနာယကံ [နရာသဘံ (သီ။)]။
၄၈၉။ ငါသည် သင်္ခမ်းကျောင်းသို့ လျင်မြန်စွာ လာ၍ သစ်မည်စည်ဆီကို ယူခဲ့၏၊ ဆီအိုး (ဖျဥ်းအိုး) ကို ယူ၍ မြတ်စွာဘုရားထံ ချဥ်းကပ်၏။
၄၉၀။ ‘‘တိဒဏ္ဍကေ ဂဟေတွာန, အဗ္ဘောကာသေ ဌပေသဟံ၊
ပဒီပံ ပဇ္ဇလိတွာန, အဋ္ဌက္ခတ္တုံ အဝန္ဒဟံ။
၄၉၀။ ငါသည် သစ်သားသုံးခွတို့ကို ယူ၍ လွင်တီးခေါင်၌ စိုက်ထား၏၊ ငါသည် ဆီမီး ထွန်းညှိပြီးလျှင် ရှစ်ကြိမ်တိုင်တိုင် ရှိခိုးခဲ့၏။
၄၉၁။ ‘‘သတ္တရတ္တိန္ဒိဝံ ဗုဒ္ဓေါ, နိသီဒိ ပုရိသုတ္တမော၊
တတော ရတျာ ဝိဝသာနေ, ဝုဋ္ဌာသိ လောကနာယကော။
၄၉၁။ ယောကျာ်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် ခုနစ်နေ့, ခုနစ်ညဥ့်ပတ်လုံး ထိုင်နေတော်မူ၏၊ ထို့နောင် ခုနစ်ရက်မြောက်သော ညဥ့်အဆုံး၌ မြတ်စွာဘုရားသည် ထတော် မူ၏။
၄၉၂။ ‘‘ပသန္နစိတ္တော သုမနော, သဗ္ဗရတ္တိန္ဒိဝံ အဟံ၊
ဒီပံ ဗုဒ္ဓဿ ပါဒါသိံ, ပသန္နော သေဟိ ပါဏိဘိ။
၄၉၂။ ငါသည် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ အလုံးစုံသော (ခုနစ်နေ့, ခုနစ်ညဥ့်) တို့ပတ်လုံး ကြည်ညိုလျက် မိမိလက်တို့ဖြင့် မြတ်စွာဘုရားအား ဆီမီးကို ပေးလှူ ခဲ့၏။
၄၉၃။ ‘‘သဗ္ဗေ ဝနာ ဂန္ဓမယာ, ပဗ္ဗတေ ဂန္ဓမာဒနေ၊
ဗုဒ္ဓဿ အာနုဘာဝေန, အာဂစ္ဆုံ ဗုဒ္ဓသန္တိကံ [ဥပဂစ္ဆုံ တဒါ ဇိနံ (သီ။)]။
၄၉၃။ ဂန္ဓမာဒနတောင်၌ နံ့သာဖြင့် ပြီးသော တောအားလုံးတို့သည် မြတ်စွာဘုရား၏ အာနုဘော်ကြောင့် မြတ်စွာဘုရားအထံသို့ ရောက်လာကြကုန်၏။
၄၉၄။ ‘‘ယေ ကေစိ ပုပ္ဖဂန္ဓာသေ, ပုပ္ဖိတာ ဓရဏီရုဟာ၊
ဗုဒ္ဓဿ အာနုဘာဝေန, သဗ္ဗေ သန္နိပတုံ တဒါ။
၄၉၄။ ထိုအခါ၌ မြတ်စွာဘုရား၏ အာနုဘော်ကြောင့် အလုံးစုံပွင့်သော သစ်ပင်အားလုံး တို့သည် ပန်းရနံ့ကို ဆောင်ကုန်လျက် စုဝေးရောက်လာကြကုန်၏။
၄၉၅။ ‘‘ယာဝတာ ဟိမဝန္တမှိ, နာဂါ စ ဂရုဠာ ဥဘော၊
ဓမ္မဉ္စ သောတုကာမာ တေ, အာဂစ္ဆုံ ဗုဒ္ဓသန္တိကံ။
၄၉၅။ ဟိမဝန္တာ၌ ရှိသမျှသော ထိုနဂါး, ဂဠုန် နှစ်မျိုးတို့သည် တရားတော်ကို နာလိုကုန်သည် ဖြစ်၍ မြတ်စွာဘုရား၏ အထံတော်သို့ လာရောက်ကြကုန်၏။
၄၉၆။ ‘‘ဒေဝလော နာမ သမဏော, ဗုဒ္ဓဿ အဂ္ဂသာဝကော၊
ဝသီသတသဟဿေဟိ, ဗုဒ္ဓသန္တိကုပါဂမိ။
၄၉၆။ မြတ်စွာဘုရား၏ အဂ္ဂသာဝကဖြစ်သော ‘ဒေဝလ’ မည်သော ရဟန်းသည် ရဟန္တာ တစ်သိန်းတို့နှင့် တကွ မြတ်စွာဘုရား၏ အထံတော်သို့ ကြွလာတော်မူပေ၏။
၄၉၇။ ‘‘ပဒုမုတ္တရော လောကဝိဒူ, အာဟုတီနံ ပဋိဂ္ဂဟော၊
ဘိက္ခုသံဃေ နိသီဒိတွာ, ဣမာ ဂါထာ အဘာသထ။
၄၉၇။ ပေးလှူဖွယ်ပစ္စည်းဝတ္ထုတို့ကို ခံတော်မူထိုက်သော ပဒုမုတ္တရမြတ်စွာဘုရားသည် ရဟန်းသံဃာ (အလယ်) ၌ ထိုင်နေတော်မူူ၍ ဤဆိုမည့် ဂါထာတို့ကို မိန့်ဆိုတော်မူ၏။
၄၉၈။ ‘‘‘ယော မေ ဒီပံ ပဒီပေသိ, ပသန္နော သေဟိ ပါဏိဘိ၊
တမဟံ ကိတ္တယိဿာမိ, သုဏာထ မမ ဘာသတော။
၄၉၈။ အကြင်သူသည် ငါဘုရားအား ကြည်ညိုသည် ဖြစ်၍ မိမိလက်တို့ဖြင့် ဆီမီးကို ပူဇော်ခဲ့၏၊ ထိုသူကို ငါသည် ဗျာဒိတ်စကား မိန့်ကြားတော်မူအံ့၊ မိန့်ကြားမည့် စကားကို နာယူကြကုန်လော့။
၄၉၉။ ‘‘‘သဋ္ဌိ ကပ္ပသဟဿာနိ, ဒေဝလောကေ ရမိဿတိ၊
သဟဿက္ခတ္တုံ ရာဇာ စ, စက္ကဝတ္တီ ဘဝိဿတိ။
သောဠသမံ ဘာဏဝါရံ။
၄၉၉။ ဤသူသည် ကမ္ဘာခြောက်သောင်းတို့ ကာလပတ်လုံး နတ်ပြည်၌ မွေ့လျော်ရလတ္တံ့၊ အကြိမ်တစ်ထောင်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်လတ္တံ့။ တစ်ဆယ့်ခြောက်ခုမြောက် ဘာဏဝါရ ပြီး၏။
၅၀၀။ ‘‘‘ဆတ္တိသက္ခတ္တုံ ဒေဝိန္ဒော, ဒေဝရဇ္ဇံ ကရိဿတိ၊
ပထဝိယံ သတ္တသတံ, ဝိပုလံ ရဇ္ဇံ ကရိဿတိ။
၅၀၀။ သုံးဆယ့်ခြောက်ကြိမ်တိုင်တိုင် နတ်တို့ကို အစိုးရသူဖြစ်၍ သိကြားမင်းအဖြစ်ကို ပြုရလတ္တံ့၊ မြေအပြင်၌ အကြိမ်ခုနစ်ရာတိုင်တိုင် ပြန့်ပြောသော မင်းအဖြစ်ကို ပြုရလတ္တံ့။
၅၀၁။ ‘‘‘ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ၊
ဣမိနာ ဒီပဒါနေန, ဒိဗ္ဗစက္ခု ဘဝိဿတိ။
၅၀၁။ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်ကိုကား ဂဏန်းအားဖြင့် မရေတွက်နိုင်ပေ၊ ဤဆီမီး အလှူကြောင့် နတ်မျက်စိ “ဒိဗ္ဗစက္ခု”သည် (ဤပုဂ္ဂိုလ်အား) ဖြစ်လတ္တံ့။
၅၀၂။ ‘‘‘သမန္တတော အဋ္ဌကောသံ [အဍ္ဎကောသံ (သီ။ သျာ။)], ပဿိဿတိ အယံ သဒါ၊
ဒေဝလောကာ စဝန္တဿ, နိဗ္ဗတ္တန္တဿ ဇန္တုနော။
၅၀၂။ ဤသူသည် အခါခပ်သိမ်း ထက်ဝန်းကျင်မှ ရှစ်ကောသတိုင်တိုင် မြင်ရလတ္တံ့၊ နတ်ပြည်မှ စုတေ၍ (လူ့ပြည်၌) ဖြစ်သော သတ္တဝါအား-
၅၀၃။ ‘‘‘ဒိဝါ ဝါ ယဒိ ဝါ ရတ္တိံ, ပဒီပံ ဓာရယိဿတိ၊
ဇာယမာနဿ သတ္တဿ, ပုညကမ္မသမင်္ဂိနော။
၅၀၃။ နေ့၌လည်းကောင်း၊ ညဥ့်၌လည်းကောင်း (နေ့ရော ညဥ့်ပါ) ဆီမီးကို (အလိုလို) ဆောင်လတ္တံ့။ ဘုန်းကံနှင့် ပြည့်စုံသော သတ္တဝါသည် မွေးဖွားသည်ရှိသော်-
၅၀၄။ ‘‘‘ယာဝတာ နဂရံ အာသိ, တာဝတာ ဇောတယိဿတိ၊
ဥပပဇ္ဇတိ ယံ ယောနိံ, ဒေဝတ္တံ အထ မာနုသံ။
၅၀၄။ ကပ်ရောက်ရတိုင်းသော လူအဖြစ်, နတ်အဖြစ်၌ မြို့ကျယ်ပြန့်သလောက် ထွန်း လင်းလတ္တံ့။
၅၀၅။ ‘‘‘အဿေဝ ဒီပဒါနဿ, [အဋ္ဌဒီပဖလေန ဟိ၊ ဥပဋ္ဌိဿန္တိမံ ဇန္တုံ (သျာ။), အဋ္ဌ ဒီပါ ဖလေန ဟိ၊ န ဇဟိဿန္တိ’မံ ဇန္တုံ (?)] အဋ္ဌဒီပဖလေန ဟိ၊
န ဇယိဿန္တိမံ ဇန္တူ [အဋ္ဌဒီပဖလေန ဟိ၊ ဥပဋ္ဌိဿန္တိမံ ဇန္တုံ (သျာ။), အဋ္ဌ ဒီပါ ဖလေန ဟိ၊ န ဇဟိဿန္တိ’မံ ဇန္တုံ (?)], ဒီပဒါနဿိဒံ ဖလံ။
၅၀၅။ ဤဆီမီးအလှူ၏ အရပ်ရှစ်မျက်နှာ၌ ထွန်းလင်းခြင်းအကျိုးကြောင့် ဤသူကို အခြားသတ္တဝါတို့သည် မအောင်နိုင်ကုန်လတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် ဆီမီးလှူရခြင်း၏ အကျိုးပေတည်း။
၅၀၆။ ‘‘‘ကပ္ပသတသဟဿမှိ, ဩက္ကာကကုလသမ္ဘဝေါ၊
ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။
၅၀၆။ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမ အမည်ရှိသော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။
၅၀၇။ ‘‘‘တဿ ဓမ္မေသု ဒါယာဒေါ, ဩရသော ဓမ္မနိမ္မိတော၊
သဗ္ဗာသဝေ ပရိညာယ, နိဗ္ဗာယိဿတိနာသဝေါ။
၅၀၇။ ထိုဂေါတမမြတ်စွာဘုရား၏ တရားတို့၌ တရားဖြင့် ဖန်ဆင်းအပ်သော အမွေခံ သားတော် ဖြစ်၍ အာသဝခပ်သိမ်းကို ပိုင်းခြားသိလျက် အာသဝမရှိဘဲ ပရိနိဗ္ဗာန်ပြုရလတ္တံ့။
၅၀၈။ ‘‘‘တောသယိတွာန သမ္ဗုဒ္ဓံ, ဂေါတမံ သကျပုင်္ဂဝံ၊
အဇိတော နာမ နာမေန, ဟေဿတိ သတ္ထု သာဝကော’။
၅၀၈။ ဤသူသည် သာကီဝင်မင်းတို့၏ ရှေ့သွားခေါင်းဆောင် ဖြစ်တော်မူသော ဂေါတမ မြတ်စွာဘုရားကို အားရနှစ်သက်စေ၍ အမည်အားဖြင့် “အဇိတ”ဟု ထင်ရှားသော ဘုရား တပည့် “သာဝက” ဖြစ်လတ္တံ့။
၅၀၉။ ‘‘သဋ္ဌိ ကပ္ပသဟဿာနိ, ဒေဝလောကေ ရမိံ အဟံ၊
တတြာပိ မေ ဒီပသတံ, ဇောတတေ နိစ္စကာလိကံ [သဗ္ဗကာလိကံ (သီ။)]။
၅၀၉။ ငါသည် ကမ္ဘာခြောက်သောင်းတို့ ကာလပတ်လုံး နတ်ပြည်၌ မွေ့လျော်ခဲ့ရ၏၊ ထို နတ်ပြည်၌လည်း ငါ့အား ဆီမီးတိုင်တစ်ရာသည် အမြဲထွန်းလင်းလျက် ရှိ၏။
၅၁၀။ ‘‘ဒေဝလောကေ မနုဿေ ဝါ, နိဒ္ဓါဝန္တိ ပဘာ မမ၊
ဗုဒ္ဓသေဋ္ဌံ သရိတွာန, ဘိယျော ဟာသံ ဇနေသဟံ။
၅၁၀။ ငါ၏ အရောင်တို့သည် နတ်ပြည်၌လည်းကောင်း၊ လူ့ပြည်၌လည်းကောင်း ထွက် ပေါ်ကုန်၏။ ငါသည် ဘုရားမြတ်ကို အောက်မေ့လျက် လွန်စွာ ရွှင်လန်းခြင်းကို ဖြစ်စေ၏။
၅၁၁။ ‘‘တုသိတာဟံ စဝိတွာန, ဩက္ကမိံ မာတုကုစ္ဆိယံ၊
ဇာယမာနဿ သန္တဿ, အာလောကော ဝိပုလော အဟု။
၅၁၁။ ငါသည် တုသိတာနတ်ပြည်မှ စုတေ၍ အမိဝမ်းသို့ သက်ရောက်ခဲ့၏၊ မွေးဖွား သည်ရှိသော် ငါ့အား ပြန့်ပြောသော အလင်းရောင်သည် ဖြစ်ပေါ်လာ၏။
၅၁၂။ ‘‘အဂါရာ အဘိနိက္ခမ္မ, ပဗ္ဗဇိံ အနဂါရိယံ၊
ဗာဝရိံ ဥပသင်္ကမ္မ, သိဿတ္တံ အဇ္ဈုပါဂမိံ။
၅၁၂။ လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်၌ ရဟန်းပြု၏၊ ဗာဝရီရသေ့ထံ ချဥ်းကပ်ပြီး လျှင် တပည့်အဖြစ်သို့ ရောက်ခဲ့၏။
၅၁၃။ ‘‘ဟိမဝန္တေ ဝသန္တောဟံ, အဿောသိံ လောကနာယကံ၊
ဥတ္တမတ္ထံ ဂဝေသန္တော, ဥပဂစ္ဆိံ ဝိနာယကံ။
၅၁၃။ ငါသည် ဟိမဝန္တာ၌ နေစဥ် မြတ်စွာဘုရား (အကြောင်း) ကို ကြားသိရ၏၊ မြင့်မြတ်သော အကျိုးကို ရှာမှီးလိုသည် ဖြစ်၍ မြတ်စွာဘုရားထံသို့ ချဥ်းကပ်ခဲ့၏။
၅၁၄။ ‘‘ဒန္တော ဗုဒ္ဓေါ ဒမေတာဝီ, ဩဃတိဏ္ဏော နိရူပဓိ၊
နိဗ္ဗာနံ ကထယီ ဗုဒ္ဓေါ, သဗ္ဗဒုက္ခပ္ပမောစနံ။
၅၁၄။ ယဥ်ကျေးတော်မူပြီးသော မြတ်စွာဘုရားသည် ဆုံးမတော်မူလေ့ရှိ၏၊ ဩဃမှ ကူးမြောက်တော်မူ၏၊ ဥပဓိလေးပါးမှ ကင်းတော်မူ၏၊ မြတ်စွာဘုရားသည် ဒုက္ခအားလုံးမှ လွတ်မြောက်ရာ နိဗ္ဗာန်ကို ဟောကြားတော်မူ၏။
၅၁၅။ ‘‘တံ မေ အာဂမနံ သိဒ္ဓံ, တောသိတောဟံ မဟာမုနိံ၊
တိဿော ဝိဇ္ဇာ အနုပ္ပတ္တာ, ကတံ ဗုဒ္ဓဿ သာသနံ။
၅၁၅။ ထိုငါ၏ လာခြင်းကိစ္စသည် ပြီးစီးခဲ့၏၊ ငါသည် မြတ်စွာဘုရားကို အားရနှစ် သက်စေခဲ့၏၊ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက် နာကျင့်သုံးပြီးပါပြီ။
၅၁၆။ ‘‘သတသဟဿိတော ကပ္ပေ, ယံ ဒီပမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဒီပဒါနဿိဒံ ဖလံ။
၅၁၆။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဆီမီးကို ပေးလှူခဲ့ရသောအခါမှ စ၍ အပါယ်လေပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဆီမီးလှူရခြင်း၏ အကျိုးပေတည်း။
၅၁၇။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝေါ။
၅၁၇။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ပါကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်ပစ်အပ်ကုန်ပြီ၊ ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့ ထို့အတူ ငါသည် အာသဝမရှိဘဲ နေရ၏။
၅၁၈။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၅၁၈။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော် တို့ကို လိုက်နာကျင့်သုံးပြီးပါပြီ။
၅၁၉။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ အဇိတော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
အဇိတတ္ထေရဿာပဒါနံ ဒသမံ။
ပိလိန္ဒဝစ္ဆဝဂ္ဂေါ စတ္တာလီသမော။
တဿုဒ္ဒါနံ –
ပိလိန္ဒဝစ္ဆော သေလော စ, သဗ္ဗကိတ္တီ မဓုံဒဒေါ၊
ကူဋာဂါရီ ဗာကုလော စ, ဂိရိ သဠလသဝှယော။
သဗ္ဗဒေါ အဇိတော စေဝ, ဂါထာယော ဂဏိတာ ဣဟ၊
သတာနိ ပဉ္စ ဂါထာနံ, ဝီသတိ စ တဒုတ္တရီတိ။
အထ ဝဂ္ဂုဒ္ဒါနံ –
ပဒုမာရက္ခဒေါ စေဝ, ဥမာ ဂန္ဓောဒကေန စ၊
ဧကပဒ္မ သဒ္ဒသညီ, မန္ဒာရံ ဗောဓိဝန္ဒကော။
အဝဋဉ္စ ပိလိန္ဒိ [ဧဝမေဝ ဒိဿတိ] စ, ဂါထာယော ဂဏိတာ ဣဟ၊
စတုသတ္တတိ ဂါထာယော, ဧကာဒသ သတာနိ စ။
ပဒုမဝဂ္ဂဒသကံ။
စတုတ္ထသတကံ သမတ္တံ။
၅၁၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်းကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အဇိတမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် အဇိတတ္ထေရအပဒါန ပြီး၏။ လေးဆယ်ခုမြောက် ပိလိန္ဒဝစ္ဆဝဂ် ပြီး၏။ ပဒုမဝဂ္ဂဒသက ပြီး၏။ လေးခုမြောက် တစ်ရာ (လေးရာ) ပြီး၏။
၄၁။ မေတ္တေယျဝဂ္ဂေါ
၁။ တိဿမေတ္တေယျတ္ထေရအပဒါနံ
၁။ ‘‘ပဗ္ဘာရကူဋံ နိဿာယ, သောဘိတော နာမ တာပသော၊
ပဝတ္တဖလံ ဘုဉ္ဇိတွာ, ဝသတိ ပဗ္ဗတန္တရေ။
၄၁-မေတ္တေယျဝဂ် ၁-တိဿမေတ္တေယျတ္ထေရအပဒါန ၁။ သောဘိတမည်သော ရသေ့သည် တောင်ဝှမ်းအထွတ်ကို အမှီပြုကာ အလိုလို ကြွေကျ သော အသီးကို စား၍ တောင်ကြား၌ နေ၏။
၂။ ‘‘အဂ္ဂိံ ဒါရုံ အာဟရိတွာ, ဥဇ္ဇာလေသိံ အဟံ တဒါ၊
ဥတ္တမတ္ထံ ဂဝေသန္တော, ဗြဟ္မလောကူပပတ္တိယာ။
၂။ ထိုအခါ ငါသည် မြင့်မြတ်သော အကျိုးကို ရှာမှီးလိုသည် ဖြစ်၍ ဗြဟ္မာ့ဘုံ၌ ဖြစ်ခြင်း အကျိုးငှါ ထင်းကို ဆောင်ယူ၍ မီးကို တောက်စေခဲ့၏။ (မီးကို လုပ်ကျွေးပူဇော်ခဲ့၏)။
၃။ ‘‘ပဒုမုတ္တရော လောကဝိဒူ, အာဟုတီနံ ပဋိဂ္ဂဟော၊
မမုဒ္ဓရိတုကာမော သော, အာဂစ္ဆိ မမ သန္တိကေ။
၃။ လောကသုံးပါးကို သိတော်မူသော ပေးလှူဖွယ် ပစ္စည်းဝတ္ထုတို့ကို ခံယူတော်မူထိုက် သော ထိုပဒုမုတ္တရမြတ်စွာဘုရားသည် ငါ့အား ထုတ်ဆောင်ကယ်တင်တော်မူလိုသည် ဖြစ်၍ ငါ၏ အထံသို့ ကြွလာတော်မူ၏။
၄။ ‘‘ကိံ ကရောသိ မဟာပုည, ဒေဟိ မေ အဂ္ဂိဒါရုကံ၊
အဟမဂ္ဂိံ ပရိစရေ, တတော မေ သုဒ္ဓိ ဟောဟိတိ [ဟေဟိတိ (သီ။)]။
၄။ ဘုန်းကံကြီးသောသူ အဘယ်ကို သင်ပြုသနည်း၊ ငါ့အား မီးပူဇော်ရန် ထင်းကို ပေးလော့၊ ငါသည် မီးကို လုပ်ကျွေးအံ့၊ ထိုလုပ်ကျွေးမှုကြောင့် ငါ့အား စင်ကြယ်မှုသည် ဖြစ်ပါလတ္တံ့ (ဟု မြတ်စွာဘုရားက မိန့်တော်မူ၏)။
၅။ ‘‘သုဘဒ္ဒကော တွံ မနုဇေ, ဒေဝတေ တွံ ပဇာနသိ၊
တုဝံ အဂ္ဂိံ ပရိစရ, ဟန္ဒ တေ အဂ္ဂိဒါရုကံ။
၅။ သင်သည် အလွန်ကောင်းမွန်သူ ဖြစ်၏။ သင်သည် လူတို့ကိုလည်းကောင်း၊ နတ်တို့ ကိုလည်းကောင်း သိ၏။ သင်သည်လည်း မီးကို လုပ်ကျွေးလော့၊ သင်သည် မီးပူဇော်ရန် ထင်းကို ယူပေလော့ (ဟု ရသေ့က ဆို၏)။
၆။ ‘‘တတော ကဋ္ဌံ ဂဟေတွာန, အဂ္ဂိံ ဥဇ္ဇာလယီ ဇိနော၊
န တတ္ထ ကဋ္ဌံ ပဇ္ဈာယိ, ပါဋိဟေရံ မဟေသိနော။
၆။ ထိုအခါ၌ မြတ်စွာဘုရားသည် ထင်းကို ယူ၍ မီးကို တောက်စေ၏၊ ထိုမီးမွှေးရာ၌ မြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် (မီးသည်) ထင်းကို မတောက်လောင်ချေ။
၇။ ‘‘န တေ အဂ္ဂိ ပဇ္ဇလတိ, အာဟုတီ တေ န ဝိဇ္ဇတိ၊
နိရတ္ထကံ ဝတံ တုယှံ, အဂ္ဂိံ ပရိစရဿု မေ။
၇။ သင်၏ မီးသည် မတောက်ပါ၊ သင့်အား ပူဇော်မှုသည် မရှိပါ၊ သင်၏ ထိုမီးလုပ် ကျွေးမှု အလျဥ်သည် အကျိုးမရှိပါ၊ ငါ၏ မီးကို လုပ်ကျွေးဦးလော့ (ဟု မြတ်စွာဘုရားက မိန့်တော်မူ၏)။
၈။ ‘‘ကီဒိသော သော [တေ (သျာ။ က။)] မဟာဝီရ, အဂ္ဂိ တဝ ပဝုစ္စတိ၊
မယှမ္ပိ ကထယဿေတံ, ဥဘော ပရိစရာမသေ။
၈။ ကြီးမားသော လုံ့လရှိသောပုဂ္ဂိုလ် ငါ၏ မီးကို လုပ်ကျွေးဦးလော့ဟု သင်သည် ပြောဆိုအပ်၏၊ သင်၏ ထိုမီးသည် အဘယ်သို့ သဘောရှိပါသနည်း၊ ထိုမီးကို အကျွန်ုပ်အားလည်း ပြောဆိုပါလော့၊ အကျွန်ုပ်တို့ နှစ်ယောက်တို့သည် ပူဇော်လုပ်ကျွေးကြပါကုန်အံ့။
၉။ ‘‘ဟေတုဓမ္မနိရောဓာယ, ကိလေသသမဏာယ စ၊
ဣဿာမစ္ဆရိယံ ဟိတွာ, တယော ဧတေ မမာဟုတီ။
၉။ အကြောင်းတရား ချုပ်ငြိမ်းခြင်းအကျိုးငှါလည်းကောင်း၊ ကိလေသာ ငြိမ်းအေးခြင်းငှါလည်းကောင်း ငြူစူမှု “ဣဿာ”, ဝန်တိုမှု “မစ္ဆရိယကို ပယ်စွန့်သည်ရှိသော် ထိုတရားသုံးပါး တို့သည် ငါ၏ ပူဇော်ခြင်းတို့ပင် ဖြစ်ပါလတ္တံ့။
၁၀။ ‘‘ကီဒိသော တွံ မဟာဝီရ, ကထံ ဂေါတ္တောသိ မာရိသ၊
အာစာရပဋိပတ္တိ တေ, ဗာဠှံ ခေါ မမ ရုစ္စတိ။
၁၀။ လုံ့လကြီးမားသော ပုဂ္ဂိုလ် သင်သည် အဘယ်အမည်ရှိပါသနည်း၊ အချင်း သင်သည် အဘယ်အနွယ် ဖြစ်ပါသနည်း၊ သင်၏ အကျင့်ပဋိပတ်ကို အကျွန်ုပ်သည် လွန်စွာ နှစ်သက်ပါ၏။
၁၁။ ‘‘ခတ္တိယမှိ ကုလေ ဇာတော, အဘိညာပါရမိံ ဂတော၊
သဗ္ဗာသဝပရိက္ခီဏော, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။
၁၁။ ငါသည် မင်းမျိုး၌ ဖြစ်သူတည်း၊ အဘိညာဥ်တို့၏ အထွတ်အထိပ်သို့ ရောက်သူတည်း၊ အာသဝေါတရားအားလုံး ကုန်ပြီးသူတည်း၊ ယခုဘဝသစ်၌ တစ်ဖန်ဖြစ်ခြင်း (ငါ့အား) မရှိတော့ပြီ။
၁၂။ ‘‘ယဒိ ဗုဒ္ဓေါသိ သဗ္ဗညူ, ပဘင်္ကရ တမောနုဒ၊
နမဿိဿာမိ တံ ဒေဝ, ဒုက္ခဿန္တကရော တုဝံ။
၁၂။ အလင်းရောင်ကို ပြုလျက် အမိိုက်ကို ဖျောက်တတ်သော မြတ်စွာဘုရား အရှင် ဘုရားသည် တရားအလုံးစုံကို သိသော ဘုရားစင်စစ် အကယ်၍ ဖြစ်ငြားအံ့၊ အကျွန်ုပ်သည် အရှင်ဘုရားကို ရှိခိုးပါအံ့၊ ဝိသုဒ္ဓိနတ်ဖြစ်တော်မူသော အရှင်ဘုရား အရှင်ဘုရားသည် ဒုက္ခ၏ အဆုံးကို့ပြုတော်မူတတ်ပါပေ၏။ (ဤသို့ ဆို၍) -
၁၃။ ‘‘ပတ္ထရိတွာဇိနစမ္မံ, နိသီဒနမဒါသဟံ၊
နိသီဒ နာထ သဗ္ဗညု, ဥပဋ္ဌိဿာမဟံ တုဝံ။
၁၃။ ငါသည် သစ်နက်ရေကို ဖြန့်ခင်း၍ နေရာကို လှူခဲ့၏၊ တရားခပ်သိမ်းကို သိတော်မူသော မြတ်စွာဘုရား (ထိုနေရာ၌) ထိုင်တော်မူပါ၊ အကျွန်ုပ်သည် အရှင်ဘုရားကို ဆည်းကပ်၍ လုပ်ကျွေးပါအံ့။
၁၄။ ‘‘နိသီဒိ ဘဂဝါ တတ္ထ, အဇိနမှိ သုဝိတ္ထတေ၊
နိမန္တယိတွာ သမ္ဗုဒ္ဓံ, ပဗ္ဗတံ အဂမာသဟံ။
၁၄။ မြတ်စွာဘုရားသည် ကောင်းစွာ ဖြန့်ခင်းအပ်သော ထိုသစ်နက်ရေ၌ ထိုင်တော်မူ၏၊ ငါသည် မြတ်စွာဘုရားကို ပင့်ဖိတ်၍ တောင်ပေါ်သို့ သွား၏။
၁၅။ ‘‘ခါရိဘာရဉ္စ ပူရေတွာ, တိန္ဒုကဖလမာဟရိံ၊
မဓုနာ ယောဇယိတွာန, ဖလံ ဗုဒ္ဓဿဒါသဟံ။
၁၅။ ငါသည် ပရိက္ခရာဝန်ကို ပြည့်စေ၍ တည်သီးကို ဆောင်ယူခဲ့၏၊ သစ်သီးကို ပျား ရည်နှင့် ရောစပ်၍ မြတ်စွာဘုရားအား ပေးလှူခဲ့၏။
၁၆။ ‘‘မမ နိဇ္ဈာယမာနဿ, ပရိဘုဉ္ဇိ တဒါ ဇိနော၊
တတ္ထ စိတ္တံ ပသာဒေသိံ, ပေက္ခန္တော လောကနာယကံ။
၁၆။ ထိုအခါ မြတ်စွာဘုရားသည် ငါ ကြည့်ရှုဖူးမြော်နေစဥ် ဘုဥ်းပေးတော်မူ၏၊ ငါသည် မြတ်စွာဘုရားကို ကြည့်ရှုဖူးမြော်လျက် ထိုမြတ်စွာဘုရား၌ စိတ်ကို ကြည်လင်စေခဲ့၏။
၁၇။ ‘‘ပဒုမုတ္တရော လောကဝိဒူ, အာဟုတီနံ ပဋိဂ္ဂဟော၊
မမဿမေ နိသီဒိတွာ, ဣမာ ဂါထာ အဘာသထ။
၁၇။ လောကသုံးပါးကို သိတော်မူသော ပေးလှူဖွယ် ပစ္စည်းဝတ္ထုတို့ကို အလှူခံတော်မူ ထိုက်သော ပဒုမုတ္တရမြတ်စွာဘုရားသည် ငါ၏ သင်္ခမ်းကျောင်း၌ ထိုင်နေတော်မူလျက် ဤဆို မည့် ဂါထာတို့ကို ဟောတော်မူ၏။
၁၈။ ‘‘‘ယော မံ ဖလေန တပ္ပေသိ, ပသန္နော သေဟိ ပါဏိဘိ၊
တမဟံ ကိတ္တယိဿာမိ, သုဏာထ မမ ဘာသတော။
၁၈။ အကြင်သူသည် ငါဘုရားအား ကြည်ညိုသည်ဖြစ်၍ မိမိလက်တို့ဖြင့် (ကိုယ်တိုင်) သစ်သီးဖြင့် (သစ်သီးကို) ရောင့်ရဲစေ၏၊ ထိုသူကို ငါဘုရား ဗျာဒိတ်စကား မိန့်ကြားတော် မူအံ့၊ မိန့်ကြားမည့် ငါ၏ စကားကို နာယူကြကုန်လော့။
၁၉။ ‘‘‘ပဉ္စဝီသတိက္ခတ္တုံ သော, ဒေဝရဇ္ဇံ ကရိဿတိ၊
သဟဿက္ခတ္တုံ ရာဇာ စ, စက္ကဝတ္တီ ဘဝိဿတိ။
၁၉။ ထိုသူသည် နှစ်ဆယ့်ငါးကြိမ်တိုင်တိုင် နတ်မင်းအဖြစ်ကို ပြုလတ္တံ့၊ အကြိမ် တစ်ထောင်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်လတ္တံ့။
၂၀။ ‘‘‘တဿ သင်္ကပ္ပမညာယ, ပုဗ္ဗကမ္မသမင်္ဂိနော၊
အန္နံ ပါနဉ္စ ဝတ္ထဉ္စ, သယနဉ္စ မဟာရဟံ။
၂၀။ ရှေးကောင်းမှုကံနှင့် ပြည့်စုံသော ထိုသူ၏ စိတ်အကြံကို သိ၍ မြတ်သောသူတို့ အား ထိုက်တန်သော စားဖွယ်သောက်ဖွယ်သည်လည်းကောင်း၊ အဝတ်သည်လည်းကောင်း၊ အိပ်ရာနေရာသည်လည်းကောင်း၊ -
၂၁။ ‘‘‘ပုညကမ္မေန သံယုတ္တာ, နိဗ္ဗတ္တိဿန္တိ တာဝဒေ၊
သဒါ ပမုဒိတော စာယံ, ဘဝိဿတိ အနာမယော။
၂၁။ ကုသိုလ်ကောင်းမှုနှင့် ယှဥ်သည်ဖြစ်၍ ထိုခဏ၌ ဖြစ်ကုန်လတ္တံ့၊ ဤသူသည် အခါခပ်သိမ်း ဝမ်းမြောက်လျက် အနာမရှိသူ ဖြစ်လတ္တံ့။
၂၂။ ‘‘‘ဥပပဇ္ဇတိ ယံ ယောနိံ, ဒေဝတ္တံ အထ မာနုသံ၊
သဗ္ဗတ္ထ သုခိတော ဟုတွာ, မနုဿတ္တံ ဂမိဿတိ။
၂၂။ ကပ်ရောက်ရတိုင်းသော လူအဖြစ်, နတ်အဖြစ် အလုံးစုံတို့၌ ချမ်းသာသည်ဖြစ်၍ လူ့အဖြစ်သို့ ရောက်လတ္တံ့။
၂၃။ ‘‘‘အဇ္ဈာယကော မန္တဓရော, တိဏ္ဏံ ဝေဒါန ပါရဂူ၊
သမ္ဗုဒ္ဓံ ဥပဂန္တွာန, အရဟာ သော ဘဝိဿတိ’။
၂၃။ ထိုသူသည် ဗေဒင်ကို သရဇ္ဈာယ်တတ်သူ, ဗေဒင်သုံးပုံကို ဆောင်သူ, ဗေဒင်သုံးပုံ တို့ကို တစ်ဖက်ကမ်းရောက် တတ်မြောက်သူ ဖြစ်ပြီးလျှင် မြတ်စွာဘုရားထံ ချဥ်းကပ်၍ ရဟန္တာဖြစ်လတ္တံ့။
၂၄။ ‘‘ယတော သရာမိ အတ္တာနံ, ယတော ပတ္တောသ္မိ ဝိညုတံ၊
ဘောဂေ မေ ဦနတာ နတ္ထိ, ဖလဒါနဿိဒံ ဖလံ။
၂၄။ အကြင်အခါမှစ၍ မိမိကိုယ်ကို အမှတ်ရ၏၊ အကြင်အခါမှစ၍ တတ်သိနားလည်သူ အဖြစ်သို့ ရောက်၏၊ (ထိုအခါမှစ၍) ငါ၏ စည်းစိမ်ဥစ္စာ၌ ယုတ်လျော့ခြင်းသည် မရှိချေ။ ဤသို့ ဖြစ်ရခြင်းသည် သစ်သီးလှူရခြင်း၏ အကျိုးပေတည်း။
၂၅။ ‘‘ဝရဓမ္မမနုပ္ပတ္တော, ရာဂဒေါသေ သမူဟနိံ၊
သဗ္ဗာသဝပရိက္ခီဏော, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။
၂၅။ ငါသည် တရားမြတ် (တရားထူး) ကို ရခဲ့ပြီ၊ ရာဂ, ဒေါသတို့ကို ပယ်နုတ်ခဲ့ပြီ၊ အာသဝေါတရား အားလုံးကုန်ပြီ၊ ယခု ငါ့အား ဘဝသစ် တစ်ဖန်ဖြစ်ခြင်း မရှိတော့ပြီ။
၂၆။ ‘‘ကိလေသာ ဈာပိတာ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ၊
နာဂေါဝ ဗန္ဓနံ ဆေတွာ, ဝိဟရာမိ အနာသဝေါ။
၂၆။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့ ထို့အတူ ငါသည် အာသဝမရှိဘဲ နေရ၏။
၂၇။ ‘‘သွာဂတံ ဝတ မေ အာသိ, မမ ဗုဒ္ဓဿ သန္တိကေ၊
တိဿော ဝိဇ္ဇာ အနုပ္ပတ္တာ, ကတံ ဗုဒ္ဓဿ သာသနံ။
၂၇။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာဘုရား၏ အထံတော်၌ ဝိဇ္ဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံး ပြီးပါပြီ။
၂၈။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ တိဿမေတ္တေယျော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
တိဿမေတ္တေယျတ္ထေရဿာပဒါနံ ပဌမံ။
၂၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်တိဿမေတ္တေယျမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော တိဿမေတ္တေယျတ္ထေရအပဒါန ပြီး၏။
၂။ ပုဏ္ဏကတ္ထေရအပဒါနံ
၂၉။ ‘‘ပဗ္ဘာရကူဋံ နိဿာယ, သယမ္ဘူ အပရာဇိတော၊
အာဗာဓိကော စ သော [အာဗာဓိကော ဂရု (သီ။)] ဗုဒ္ဓေါ, ဝသတိ ပဗ္ဗတန္တရေ။
၂-ပုဏ္ဏကတ္ထေရအပဒါန ၂၉။ အလိုလိုဖြစ်တော်မူသော ရန်သူတို့သည် မအောင်အပ်သော မြတ်စွာဘုရား (ပစ္စေက ဗုဒ္ဓါ) သည် မကျန်းမာတော်မူသည်ဖြစ်၍ တောင်ဝှမ်းကို အမှီပြု၍ တောင်ကြား၌ နေတော် မူ၏။
၃၀။ ‘‘မမ အဿမသာမန္တာ, ပနာဒေါ အာသိ တာဝဒေ၊
ဗုဒ္ဓေ နိဗ္ဗာယမာနမှိ, အာလောကော ဥဒပဇ္ဇထ [အာသိ တာဝဒေ (သျာ။ က။)]။
၃၀။ ငါ၏ သင်္ခမ်းကျောင်းအနီး၌ မြတ်စွာဘုရား (ပစ္စေကဗုဒ္ဓါ) ပရိနိဗ္ဗာန်စံတော်မူသည် ရှိသော် ထိုခဏ၌ သည်းစွာသော အသံ (ပဲ့တင်သံ) သည် ဖြစ်ပေါ်လေ၏၊ ထိုခဏ၌ အလင်း ရောင်သည် ဖြစ်ပေါ်လေ၏။
၃၁။ ‘‘ယာဝတာ ဝနသဏ္ဍသ္မိံ, အစ္ဆကောကတရစ္ဆကာ၊
ဝါဠာ စ [ဗျဂ္ဃါ (သီ။)] ကေသရီ သဗ္ဗေ, အဘိဂဇ္ဇိံသု တာဝဒေ။
၃၁။ တောအုပ်၌ ရှိသမျှကုန်သော အလုံးစုံသော ဝံပုလွေ (သစ်ကျုတ်), ကျားသစ် (အောင်း) တို့သည်လည်းကောင်း၊ သားရဲတို့သည်လည်းကောင်း၊ ခြင်္သေ့တို့သည်လည်းကောင်း ထိုခဏ၌ တွန်မြည်ကြကုန်၏။
၃၂။ ‘‘ဥပ္ပါတံ တမဟံ ဒိသွာ, ပဗ္ဘာရံ အဂမာသဟံ၊
တတ္ထဒ္ဒဿာသိံ သမ္ဗုဒ္ဓံ, နိဗ္ဗုတံ အပရာဇိတံ။
၃၂။ ငါသည် ထိုသို့ ဖြစ်ပေါ်ခြင်းကို တွေ့မြင်ရ၍ တောင်ဝှမ်းသို့ သွားခဲ့၏၊ ထိုအရပ်၌ ပရိနိဗ္ဗာန် စံတော်မူနေသော ရန်သူတို့သည် မအောင်အပ်သော မြတ်စွာဘုရား (ပစ္စေကဗုဒ္ဓါ) ကို ဖူးမြင်ရ၏။
၃၃။ ‘‘သုဖုလ္လံ သာလရာဇံဝ, သတရံသိံဝ ဥဂ္ဂတံ၊
ဝီတစ္စိကံဝ အင်္ဂါရံ, နိဗ္ဗုတံ အပရာဇိတံ။
၃၃။ ‘ကောင်းစွာ ပွင့်သော အင်ကြင်းပင်မင်းကဲ့သို့လည်းကောင်း၊ တက်လာသော နေမင်းကဲ့သို့လည်းကောင်း၊ အလျှံကင်းသော မီးကျီးကဲ့သို့လည်းကောင်း’ ပရိနိဗ္ဗာန်စံတော်မူ သော မြတ်စွာဘုရား (ပစ္စေကဗုဒ္ဓါ) ကို -
၃၄။ ‘‘တိဏံ ကဋ္ဌဉ္စ ပူရေတွာ, စိတကံ တတ္ထကာသဟံ၊
စိတကံ သုကတံ ကတွာ, သရီရံ ဈာပယိံ အဟံ။
၃၄။ ငါသည် ထိုအရပ်၌ ထင်းနှင့် မြက်ကို ပြည့်စေ၍ မီးသင်္ဂြိုဟ်ရာ ထင်းပုံကို ပြုခဲ့၏၊ မီးသင်္ဂြိုဟ်ရာ ထင်းပုံကို ကောင်းစွာ ပြု၍ အလောင်းကို မီးသင်္ဂြိုဟ်ခဲ့၏။
၃၅။ ‘‘သရီရံ ဈာပယိတွာန, ဂန္ဓတောယံ သမောကိရိံ၊
အန္တလိက္ခေ ဌိတော ယက္ခော, နာမမဂ္ဂဟိ တာဝဒေ။
၃၅။ အလောင်းတော်ကို မီးသင်္ဂြိုဟ်ပြီးလျှင် ငါသည် နံ့သာရေကို ဖျန်းခဲ့၏၊ ထိုအခါ နတ်သည် ကောင်းကင်၌ တည်လျက် အမည်ကို ယူ၏။
၃၆။ ‘‘ယံ ပူရိတံ [တံ ပူရိတံ (သျာ။), သပ္ပုရိသ (က။)] တယာ ကိစ္စံ, သယမ္ဘုဿ မဟေသိနော၊
ပုဏ္ဏကော နာမ နာမေန, သဒါ ဟောဟိ တုဝံ [ယဒါ ဟောသိ တုဝံ (သျာ။), သဒါ ဟောဟိတိ တွံ (က။)] မုနေ။
၃၆။ ရသေ့ သင်သည် အလိုလိုပွင့်တော်မူသော မြတ်စွာဘုရား (ပစ္စေကဗုဒ္ဓါ)၏ (မီး သင်္ဂြိုဟ်မှု) ကိစ္စကို ပြုကျင့်အပ်ပေပြီ၊ ရသေ့ သင်သည် အမည်အားဖြင့် “ပုဏ္ဏက”ဟူသော အမည်သည် အခါခပ်သိမ်း ဖြစ်လတ္တံ့။
အရင်းအမြစ်များ
ကျမ်းကိုးကား
- Vipassana Research Institute. (n.d.). 41. Metteyyavaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#528