အပဒါနပါဠိ (ပ)
ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။
၆၅၂။ ‘‘‘အဋ္ဌပညာသက္ခတ္တုဉ္စ, စက္ကဝတ္တီ ဘဝိဿတိ၊
ပဒေသရဇ္ဇံ ဝိပုလံ, မဟိယာ ကာရယိဿတိ။
၆၅၂။ ငါးဆယ့်ရှစ်ကြိမ် စကြဝတေးမင်း ဖြစ်လတ္တံ့၊ ပဒေသရာဇ်မင်းအဖြစ်ကိုကား မရေ မတွက်နိုင်အောင်မြေအပြင်၌ ပြုရလတ္တံ့။
၆၅၃။ ‘‘‘ကပ္ပသတသဟဿမှိ, ဩက္ကာကကုလသမ္ဘဝေါ၊
ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။
၆၅၃။ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမ မည်သောမြတ်စွာဘုရားသည် လောက၌ ပွင့်လတ္တံ့။
၆၅၄။ ‘‘‘သကျာနံ ကုလကေတုဿ, ဉာတိဗန္ဓု ဘဝိဿတိ၊
အာနန္ဒော နာမ နာမေန, ဥပဋ္ဌာကော မဟေသိနော။
၆၅၄။ သာကီဝင်မင်းမျိုးတို့၏ မှန်ကင်းသဖွယ်ဖြစ်သော ဂေါတမမြတ်စွာဘုရား၏ ဆွေမျိုး ဖြစ်ရလတ္တံ့၊ အမည်အားဖြင့် “အာနန္ဒာ”ဟု ထင်ရှားလျက် မြတ်စွာဘုရားအလုပ်အကျွေးလည်း ဖြစ်ရလတ္တံ့။
၆၅၅။ ‘‘‘အာတာပီ နိပကော စာပိ, ဗာဟုသစ္စေ သုကောဝိဒေါ၊
နိဝါတဝုတ္တိ အတ္ထဒ္ဓေါ, သဗ္ဗပါဌီ ဘဝိဿတိ။
၆၅၅။ အပြင်းအထန် အားထုတ်လျက် ရင့်ကျက်သော ပညာဉာဏ်ရှိသူ၊ များသော အကြားအမြင်တို့၌လိမ္မာခြင်းရှိသူ ဖြစ်ရလတ္တံ့။ မာန်ကို နှိမ်ချလျက် မခက်ထန်သူ၊ အလုံး စုံသော ပိဋကတ်ကို ရွတ်ဖတ်စွမ်းနိုင်သူသည်လည်း ဖြစ်ရလတ္တံ့။
၆၅၆။ ‘‘‘ပဓာနပဟိတတ္တော သော, ဥပသန္တော နိရူပဓိ၊
သဗ္ဗာသဝေ ပရိညာယ, နိဗ္ဗာယိဿတိနာသဝေါ။
၆၅၆။ ထိုအာနန္ဒာမထေရ်သည် အားထုတ်ခြင်းဖြင့် နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသည် ဖြစ်၍ ကိလေသာမီး ငြိမ်းအေးလျက် ဥပဓိလေးပါးမှ ကင်းကာ ခပ်သိမ်းသော အာသဝတရား တို့ကို ပိုင်းခြားသိပြီးလျှင် အာသဝေါကင်းကွာ ရဟန္တာဖြစ်၍ နိဗ္ဗာန်ယူသိမ်း ငြိမ်းရလတ္တံ့။
၆၅၇။ ‘‘‘သန္တိ အာရညကာ နာဂါ, ကုဉ္ဇရာ သဋ္ဌိဟာယနာ၊
တိဓာပဘိန္နာ မာတင်္ဂါ, ဤသာဒန္တာ ဥရူဠှဝါ။
၆၅၇။ တောင်ထိပ်၌ ပျော်မွေ့ကုန်သော အနှစ်ခြောက်ဆယ်၌ အားအင်ဆုတ်ယုတ်ကုန်သော သုံးပါးကုန်သော အရပ်တို့မှ အမုန်ယိုကျကုန်သော မာတင်မျိုးဖြစ်ကုန်သော လှည်းသန်သဖွယ်အစွယ်ရှိကုန်သော မင်းစီးယာဥ်ဖြစ်ကုန်သော တောနေဆင်ပြောင်ကြီးတို့သည် ရှိကုန်သကဲ့သို့-
၆၅၈။ ‘‘‘အနေကသတသဟဿာ, ပဏ္ဍိတာပိ မဟိဒ္ဓိကာ၊
သဗ္ဗေ တေ ဗုဒ္ဓနာဂဿ, န ဟောန္တု ပဏိဓိမှိ တေ’ [န ဟောန္တိ ပရိဝိမ္ဘိတာ (သျာ။), န ဟောန္တိ ပဏိဓိမှိ တေ (က။)]။
၆၅၈။ (ထို့အတူ) အသိန်းမက များစွာကုန်သော ပညာရှိကုန်သော ကြီးသော တန်ခိုး ဣဒ္ဓိပါဒ်ကြီးမြတ်ခြင်းရှိသူ ရဟန္တာတည်းဟူသော ဆင်တို့သည် ဘုရားတည်းဟူသောဆင်မင်း နီးနီးကပ်ကပ်ထားခြင်း၌ အလားတူ မဖြစ်သင့်ကုန်။
၆၅၉။ ‘‘အာဒိယာမေ နမဿာမိ, မဇ္ဈိမေ အထ ပစ္ဆိမေ၊
ပသန္နစိတ္တော သုမနော, ဗုဒ္ဓသေဋ္ဌံ ဥပဋ္ဌဟိံ။
၆၅၉။ “ညဥ့်ဦးယံ၌ (သုံးကြိမ်) ရှိခိုးအံ့၊ ညဥ့်လယ်ယံ၌ ရှိခိုးအံ့၊ မိုးသောက်ယံ၌လည်း (သုံးကြိမ်) ရှိခိုးအံ့”ဟု ကြည်လင်ဝမ်းမြောက်သော စိတ်ရှိလျက် ဘုရားမြတ်ကို လုပ်ကျွေး၏။
၆၆၀။ ‘‘အာတာပီ နိပကော စာပိ, သမ္ပဇာနော ပတိဿတော၊
သောတာပတ္တိဖလံ ပတ္တော, သေခဘူမီသု ကောဝိဒေါ။
၆၆၀။ အပြင်းအထန် အားထုတ်လျက် ရင့်ကျက်သော ပညာဉာဏ် ရှိသူ၊ အမြော်အမြင် ဆင်ခြင်ဉာဏ်ရှိသူ၊ ထင်သော သတိရှိသူ ဖြစ်လျက် သောတာပတ္တိဖိုလ်သို့ ရောက်၏။ သေခ အရာတို့၌ လိမ္မာ၏။
၆၆၁။ ‘‘သတသဟဿိတော ကပ္ပေ, ယံ ကမ္မမဘိနီဟရိံ၊
တာဟံ ဘူမိမနုပ္ပတ္တော, ဌိတာ သဒ္ဓမ္မမာစလာ [ဌိတော သဒ္ဓမ္မမာစလော (သီ။), ဌိတာ သဒ္ဓါ မဟပ္ဖလာ (သျာ။)]။
၆၆၁။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဖြစ်ရကြောင်း ဆုတောင်း တောင့်တခဲ့သောအလုပ်အကျွေးအဖြစ်သို့ ငါ ရောက်ခဲ့ပြီ၊ (ထိုအလုပ်အကျွေးအဖြစ်သည်) သူတော်ကောင်းတရား ကြောင့်မတုန်မလှုပ် မြဲမြံစွာ တည်၏။
၆၆၂။ ‘‘သွာဂတံ ဝတ မေ အာသိ, ဗုဒ္ဓသေဋ္ဌဿ သန္တိကေ၊
တိဿော ဝိဇ္ဇာ အနုပ္ပတ္တာ, ကတံ ဗုဒ္ဓဿ သာသနံ။
၆၆၂။ မြတ်စွာဘုရားထံတော်သို့ အကျွန်ုပ်လာခြင်းကား ကောင်းသော လာခြင်းပင်တည်း၊ သုံးပါးသောဝိဇ္ဇာတို့သို့ အစဥ်ရောက်ပါပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာ ကျင့့်သုံးအပ်ပါပြီ။
၆၆၃။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ အာနန္ဒော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
အာနန္ဒတ္ထေရဿာပဒါနံ ဒသမံ။
တဿုဒ္ဒါနံ –
ဗုဒ္ဓေါ ပစ္စေကဗုဒ္ဓေါ စ, သာရိပုတ္တော စ ကောလိတော၊
ကဿပေါ အနုရုဒ္ဓေါ စ, ပုဏ္ဏတ္ထေရော ဥပါလိ စ။
အညာသိကောဏ္ဍညော ပိဏ္ဍောလော, ရေဝတာနန္ဒပဏ္ဍိတော၊
ဆသတာနိ စ ပညာသ, ဂါထာယော သဗ္ဗပိဏ္ဍိတာ။
အပဒါနေ ဗုဒ္ဓဝဂ္ဂေါ ပဌမော။
၆၆၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အာနန္ဒာမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် အာနန္ဒတ္ထေရအပဒါန ပြီး၏။ အပဒါနကျမ်း၌ ရှေးဦးစွာသော ဗုဒ္ဓဝဂ် ပြီး၏။
၂။ သီဟာသနိယဝဂ္ဂေါ
၁။ သီဟာသနဒါယကတ္ထေရအပဒါနံ
၁။ ‘‘နိဗ္ဗုတေ လောကနာထမှိ, သိဒ္ဓတ္ထေ ဒွိပဒုတ္တမေ [ဒိပဒုတ္တမေ (သီ။ သျာ။)]၊
ဝိတ္ထာရိကေ ပါဝစနေ, ဗာဟုဇညမှိ သာသနေ။
၂-သီဟာသနိယဝဂ် ၁-သီဟာသနဒါယကတ္ထေရအပဒါန ၁။ မြတ်စွာဘုရားစကားတော်ဟူသော သာသနာသည် အရပ်ဆယ်မျက်နှာ ပျံ့နှံ့၍ သာသနာတော်ကိုလူသိများသည် ရှိသော် အခြေနှစ်ချောင်းရှိသူ လူတို့ထက် မြတ်တော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူသော အခါ၌-
၂။ ‘‘ပသန္နစိတ္တော သုမနော, သီဟာသနမကာသဟံ၊
သီဟာသနံ ကရိတွာန, ပါဒပီဌမကာသဟံ။
၂။ ငါသည် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်၍ ခြင်္သေ့ခံသော နေရာပလ္လင်ကို ပြုလုပ်ခဲ့၏၊ ငါသည် ခြင်္သေ့ခံသော နေရာပလ္လင်ကို ပြုပြီးလျှင် ခြေနင်းအင်းပျဥ်ကိုလည်း ပြုလုပ်ခဲ့၏။
၃။ ‘‘သီဟာသနေ စ ဝဿန္တေ, ဃရံ တတ္ထ အကာသဟံ၊
တေန စိတ္တပ္ပသာဒေန, တုသိတံ ဥပပဇ္ဇဟံ။
၃။ ငါသည် ခြင်္သေ့ခံသော နေရာပလ္လင်ကို မိုးစွတ်လတ်သော် ထိုပလ္လင်ထက်၌ အမိုး ကျောင်းဆောင်ကိုလှူဒါန်းဆောက်လုပ်ခဲ့ပြန်၏၊ ငါသည် ထိုလှူဒါန်းရသော စိတ်ကြည်လင်မှု ကြောင့် တုသိတာနတ်ပြည်သို့ကပ်ရောက်ရ၏။
၄။ ‘‘အာယာမေန စတုဗ္ဗီသ, ယောဇနံ အာသိ [ယောဇနာသိံသု (သျာ။ က။)] တာဝဒေ၊
ဝိမာနံ သုကတံ မယှံ, ဝိတ္ထာရေန စတုဒ္ဒသ။
၄။ ထိုတုသိတာနတ်ပြည်၌ ဖြစ်သောအခါ အလျားနှစ်ဆယ့်လေးယူဇနာ အနံတစ်ဆယ့် လေးယူဇနာရှိသောငါ၏ ဘုံဗိမာန်ကို ရှေးကောင်းမှုကံက ကောင်းစွာ ဖန်ဆင်းအပ်၏။
၅။ ‘‘သတံ [သတ္တ (သျာ။)] ကညာသဟဿာနိ, ပရိဝါရေန္တိ မံ သဒါ၊
သောဏ္ဏမယဉ္စ ပလ္လင်္ကံ, ဗျမှေ အာသိ သုနိမ္မိတံ။
၅။ တစ်သိန်းသော နတ်သမီးတို့သည် ငါ့ကို အခါခပ်သိမ်း ခြံရံကုန်၏၊ ကောင်းစွာ ဖန်ဆင်းအပ်သောရွှေဖြင့်ပြီးသော ပလ္လင်သည်လည်း ဘုံဗိမာန်၌ ဖြစ်ပေါ်၏။
၆။ ‘‘ဟတ္ထိယာနံ အဿယာနံ, ဒိဗ္ဗယာနံ ဥပဋ္ဌိတံ၊
ပါသာဒါ သိဝိကာ စေဝ, နိဗ္ဗတ္တန္တိ ယဒိစ္ဆကံ။
၆။ ဆင်ယာဥ်၊ မြင်းယာဥ်၊ နတ်ယာဥ်သည် ရှေးရှုတည်လာ၏။ ပြာသာဒ်နှင့် ထမ်းစင် တို့သည်လည်းအလိုရှိတိိုင်း ဖြစ်ပေါ်လာကုန်၏။
၇။ ‘‘မဏိမယာ စ ပလ္လင်္ကာ, အညေ သာရမယာ ဗဟူ၊
နိဗ္ဗတ္တန္တိ မမံ သဗ္ဗေ, သီဟာသနဿိဒံ ဖလံ။
၇။ ပတ္တမြားဖြင့် ပြီးသော ပလ္လင်တို့သည်လည်းကောင်း၊ စန္ဒကူးနှစ်ဖြင့် ပြီးသော အခြား များစွာသောပလ္လင်တို့သည်လည်းကောင်း ခပ်သိမ်းသော ပလ္လင်တို့သည် ငါ့အား ဖြစ်ပေါ်ကြ ကုန်၏။ ဤသို့ဖြစ်ရခြင်းသည် ခြင်္သေ့ခံသော နေရာပလ္လင်ကို လှူရခြင်း၏ အကျိုးပေတည်း။
၈။ ‘‘သောဏ္ဏမယာ ရူပိမယာ, ဖလိကာဝေဠုရိယာမယာ၊
ပါဒုကာ အဘိရူဟာမိ, ပါဒပီဌဿိဒံ ဖလံ။
၈။ ငါသည် ရွှေဖြင့် ပြီးသော ခြေနင်း၊ ငွေဖြင့် ပြီးသော ခြေနင်း၊ ဖန်, ကြောင်မျက်ရွဲဖြင့် ပြီးသောခြေနင်းတို့ကို စီးရ၏။ ဤသို့ စီးရခြင်းသည် ခြေနင်းအင်ပျဥ်ကို လှူရခြင်း၏ အကျိုးပေတည်း။
၉။ ‘‘စတုန္နဝုတိတော [စတုနဝုတေ ဣတော (သီ။ သျာ။)] ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ပုညကမ္မဿိဒံ ဖလံ။
၉။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ အကြင်ကောင်းမှုကံကို ပြုဖူး၏၊ ငါသည် ထိုအခါမှ စ၍ အပါယ်လေးပါးသို့ လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ကောင်းမှုကံ၏ အကျိုးပေတည်း။
၁၀။ ‘‘တေသတ္တတိမှိတော ကပ္ပေ, ဣန္ဒနာမာ တယော ဇနာ၊
ဒွေသတ္တတိမှိတော ကပ္ပေ, တယော သုမနနာမကာ။
၁၀။ ဤဘဒ္ဒကမ္ဘာမှ ခုနစ်ဆယ့်သုံးကမ္ဘာထက်၌ ဣန္ဒမည်သော စကြာမင်း သုံးကြိမ် ဖြစ်ခဲ့ ဖူး၏၊ ဤဘဒ္ဒကမ္ဘာမှ ခုနစ်ဆယ့်နှစ်ကမ္ဘာထက်၌ သုမနမည်သော စကြဝတေးမင်း သုံးကြိမ် ဖြစ်ခဲ့ဖူး၏။
၁၁။ ‘‘သမသတ္တတိတော ကပ္ပေ, တယော ဝရုဏနာမကာ၊
သတ္တရတနသမ္ပန္နာ, စတုဒီပမှိ ဣဿရာ။
၁၁။ ဤဘဒ္ဒကမ္ဘာမှ ခုနစ်ဆယ်မျှသော ကမ္ဘာ၌ လေးကျွန်းလုံးကို အစိုးရသည် ဖြစ်၍ ရတနာခုနစ်ပါးနှင့်ပြည့်စုံသော ဝရုဏမည်သော စကြဝတေးမင်း သုံးကြိမ် ဖြစ်ခဲ့ဖူး၏။
၁၂။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ သီဟာသနဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
သီဟာသနဒါယကတ္ထေရဿာပဒါနံ ပဌမံ။
၁၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် ခြင်္သေ့ခံသော နေရာပလ္လင်လှူသော မထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော သီဟာသနဒါယကတ္ထေရအပဒါန ပြီး၏။
၂။ ဧကတ္ထမ္ဘိကတ္ထေရအပဒါနံ
၁၃။ ‘‘သိဒ္ဓတ္ထဿ ဘဂဝတော, မဟာပူဂဂဏော အဟု၊
သရဏံ ဂတာ စ တေ ဗုဒ္ဓံ, သဒ္ဒဟန္တိ တထာဂတံ။
၂-ဧကတ္ထမ္ဘိကတ္ထေရအပဒါန ၁၃။ သိဒ္ဓတ္ထမြတ်စွာဘုရား၏ သာသနာတော်၌ များစွာသော ကုသိုလ်ရေးအသင်းအဖွဲ့ သားအပေါင်းသည်ရှိ၏၊ ထိုကုသိုလ်ရေးအသင်းသားတို့သည် မြတ်စွာဘုရားကို ကိုးကွယ် ဆည်းကပ်ကြကုန်၏၊ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးကိုလည်း ယုံကြည်ကြကုန်၏။
၁၄။ ‘‘သဗ္ဗေ သင်္ဂမ္မ မန္တေတွာ, မာဠံ ကုဗ္ဗန္တိ သတ္ထုနော၊
ဧကတ္ထမ္ဘံ အလဘန္တာ, ဝိစိနန္တိ ဗြဟာဝနေ။
၁၄။ ကုသိုလ်ရေးအသင်းသားအားလုံးတို့သည် စုရုံးတိုင်ပင်ကြပြီးလျှင် မြတ်စွာဘုရား၏တန်ဆောင်းဝန်းကို ဆောက်လုပ်ကြကုန်၏၊ တိုင်တစ်လုံး မရ၍ တောကြီး၌ ရှာဖွေကြ ကုန်၏။
၁၅။ ‘‘တေဟံ အရညေ ဒိသွာန, ဥပဂမ္မ ဂဏံ တဒါ၊
အဉ္ဇလိံ ပဂ္ဂဟေတွာန, ပရိပုစ္ဆိံ ဂဏံ အဟံ။
၁၅။ ထိုအခါ ငါသည် ယင်းကုသိုလ်ရေးအသင်းသားတို့ကို တော၌ တွေ့မြင်ရသောကြောင့်အသင်းသားအပေါင်းသို့ ချဥ်းကပ်ပြီးလျှင် လက်အုပ်ချီလျက် ကုသိုလ်ရေးအသင်းသားများကို မေးမြန်း၏။
၁၆။ ‘‘တေ မေ ပုဋ္ဌာ ဝိယာကံသု, သီလဝန္တော ဥပါသကာ၊
မာဠံ မယံ ကတ္တုကာမာ, ဧကတ္ထမ္ဘော န လဗ္ဘတိ။
၁၆။ သီလရှိသူ ဥပါသကာများဖြစ်သော ထိုကုသိုလ်ရေးအသင်းသားတို့သည် ငါ မေး မြန်းသည်ရှိသော်အကျွန်ုပ်တို့သည် တန်ဆောင်းဝန်းကို ဆောက်လုပ်လိုကုန်၏။ (သို့သော်လည်း) တိုင်တစ်လုံးကိုမရနိုင်ဘဲရှိသည်ဟု ဖြေကြားကြကုန်၏။
၁၇။ ‘‘ဧကတ္ထမ္ဘံ မမံ ဒေထ, အဟံ ဒဿာမိ သတ္ထုနော၊
အာဟရိဿာမဟံ ထမ္ဘံ, အပ္ပေါဿုက္ကာ ဘဝန္တု တေ [ဘဝန္တု ဝေါ (သီ။), ဘဝါထ ဝေါ (?)]။
၁၇။ ငါ့အား တိုင်တစ်လုံးလှူခွင့်ကို ပေးကြကုန်လော့၊ ငါသည် မြတ်စွာဘုရားအား လှူဒါန်းအံ့၊ ငါသည် တိုင်တစ်လုံးကို ယူဆောင်ခဲ့အံ့၊ ထိုအရှင်အသင်းသားတို့သည် (သင်တို့သည်) ဤအရေး၌ ကြောင့်ကြမဲ့ဖြစ်ကြပါကုန်လော့။
၁၈။ ‘‘တေ မေ ထမ္ဘံ ပဝေစ္ဆိံသု, ပသန္နာ တုဋ္ဌမာနသာ၊
တတော ပဋိနိဝတ္တိတွာ, အဂမံသု သကံ ဃရံ။
၁၈။ ထိုကုသိုလ်ရေးအသင်းသားတို့သည် ကြည်လင်နှစ်သက်သော စိတ်ရှိကုန်၍ ငါ့အားတိုင်တစ်လုံးလှူခွင့် ပေးကြကုန်၏၊ ထိုအရပ်မှ ပြန်လည်ဆုတ်နစ်ကုန်၍ မိမိနေအိမ်သို့ ပြန် သွားကြကုန်၏။
၁၉။ ‘‘အစိရံ ဂတေ ပူဂဂဏေ, ထမ္ဘံ အဟာသဟံ တဒါ၊
ဟဋ္ဌော ဟဋ္ဌေန စိတ္တေန, ပဌမံ ဥဿပေသဟံ။
၁၉။ ကုသိုလ်ရေးအသင်းသားများ ပြန်သွား၍ မကြာမီပင် ငါသည် တိုင်တစ်လုံးကို ယူဆောင်ပြီးသောအခါ ရွှင်ပျသည်ဖြစ်၍ ရွှင်လန်းသော စိတ်ဖြင့် ရှေးဦးစွာ (တိုင်ကို) စိုက် ထူ၏။
၂၀။ ‘‘တေန စိတ္တပ္ပသာဒေန, ဝိမာနံ ဥပပဇ္ဇဟံ၊
ဥဗ္ဗိဒ္ဓံ ဘဝနံ မယှံ, သတ္တဘူမံ [သတဘူမံ (သီ။ က။)] သမုဂ္ဂတံ။
၂၀။ ငါသည် ထိုလှူဒါန်းရသော စိတ်ကြည်လင်မှုကြောင့် ဗိမာန်၌ ဖြစ်ရ၏၊ ငါ၏ ဗိမာန် သည်အစောက်အားဖြင့် မြင့်၏၊ ဘုံခုနစ်ဆင့်ရှိ၍ အထက်သို့ စွင့်စွင့် တက်၏။
၂၁။ ‘‘ဝဇ္ဇမာနာသု ဘေရီသု, ပရိစာရေမဟံ သဒါ၊
ပဉ္စပညာသကပ္ပမှိ, ရာဇာ အာသိံ ယသောဓရော။
၂၁။ စည်ကြီးတို့ကို ခတ်တီးအပ်ကုန်သော် ငါသည် အခါခပ်သိမ်း ကွန့်မြူးစံပယ်ရ၏၊ ငါးဆယ့်ငါးကမ္ဘာထက်၌ ယသောဓရစကြာမင်း ဖြစ်ခဲ့ဖူး၏။
၂၂။ ‘‘တတ္ထာပိ ဘဝနံ မယှံ, သတ္တဘူမံ သမုဂ္ဂတံ၊
ကူဋာဂါရဝရူပေတံ, ဧကတ္ထမ္ဘံ မနောရမံ။
၂၂။ ထိုယသောဓရစကြာမင်းဖြစ်သော အခါ၌လည်း ငါ၏ ဗိမာန်သည် ဘုံခုနစ်ဆင့်ရှိ၍ အထက်သို့စွင့်စွင့်တက်၏၊ အထွတ်တပ်သော အဆောင်မြတ်နှင့် ပြည့်စုံသည်ဖြစ်၍ မွေ့ လျော်ဖွယ်တစ်ပင်တိုင်နန်းလည်း ဖြစ်၏။
၂၃။ ‘‘ဧကဝီသတိကပ္ပမှိ, ဥဒေနော နာမ ခတ္တိယော၊
တတြာပိ ဘဝနံ မယှံ, သတ္တဘူမံ သမုဂ္ဂတံ။
၂၃။ နှစ်ဆယ့်တစ်ကမ္ဘာထက်၌ ဥဒေနမည်သောမင်း ဖြစ်၏၊ ထိုမင်းအဖြစ်၌လည်း ငါ၏ ဗိမာန်သည်ဘုံခုနစ်ဆင့်ရှိ၍ အထက်သို့ စွင့်စွင့်တက်၏။
၂၄။ ‘‘ယံ ယံ ယောနုပပဇ္ဇာမိ, ဒေဝတ္တံ အထ မာနုသံ၊
အနုဘောမိ သုခံ သဗ္ဗံ [သဗ္ဗမေတံ (သျာ။)], ဧကတ္ထမ္ဘဿိဒံ ဖလံ။
၂၄။ ကပ်ရောက်ရတိိုင်းသော နတ်အဖြစ်, လူအဖြစ်ဟူသမျှ၌ အလုံးစုံသော ချမ်းသာကို ခံစားရ၏။ ဤသို့ဖြစ်ရခြင်းသည် တိုင်တစ်လုံးလှူဒါန်းရခြင်း၏ အကျိုးပေတည်း။
၂၅။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ထမ္ဘမဒဒံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဧကတ္ထမ္ဘဿိဒံ ဖလံ။
၂၅။ ငါသည် ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်ဝယ် တိုင်တစ်လုံး လှူဒါန်းရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် တိုင်တစ်လုံး လှူဒါန်းရခြင်း၏အကျိုးပေတည်း။
၂၆။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဧကတ္ထမ္ဘိကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဧကတ္ထမ္ဘိကတ္ထေရဿာပဒါနံ ဒုတိယံ။
၂၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဧကတ္ထ မ္ဘိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် ဧကတ္ထမ္ဘိကထ္ထေရအပဒါန ပြီး၏။
၃။ နန္ဒတ္ထေရအပဒါနံ
၂၇။ ‘‘ပဒုမုတ္တရဿ ဘဂဝတော, လောကဇေဋ္ဌဿ တာဒိနော၊
ဝတ္ထံ ခေါမံ မယာ ဒိန္နံ, သယမ္ဘုဿ မဟေသိနော။
၃-နန္ဒတ္ထေရအပဒါန ၂၇။ လောကထက်မြတ်သည်ဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော အလိုလိုဖြစ်လျက် သီလက္ခန္ဓစသောဂုဏ်ကျေးဇူးတို့ကို ရှာမှီးပြီးသော ပဒုမုတ္တရမြတ်စွာဘုရားအား ငါသည် ခေါမတိုင်းဖြစ် အဝတ်အထည်ကိုလှူဒါန်းခဲ့ဖူး၏။
၂၈။ ‘‘တံ မေ ဗုဒ္ဓေါ ဝိယာကာသိ, ဇလဇုတ္တရနာမကော၊
‘ဣမိနာ ဝတ္ထဒါနေန, ဟေမဝဏ္ဏော ဘဝိဿသိ။
၂၈။ ပဒုမုတ္တရအမည်ရှိသော မြတ်စွာဘုရားသည် ငါ့အား ထိုပုဆိုးအလှူကို ဗျာဒိတ်စကားမိန့်ကြားတော်မူ၏၊ ဤပုဆိုးအလှူကြောင့် ရွှေအဆင်းရှိသည် ဖြစ်လတ္တံ့။
၂၉။ ‘‘‘ဒွေ သမ္ပတ္တီ အနုဘောတွာ, ကုသလမူလေဟိ စောဒိတော၊
ဂေါတမဿ ဘဂဝတော, ကနိဋ္ဌော တွံ ဘဝိဿသိ။
၂၉။ သင်သည် လူ, နတ်စည်းစိမ် နှစ်မျိုးလုံးတို့ကို ခံစားပြီးလျှင် ကုသိုလ်အကြောင်းရင်း တို့သည် တိုက်တွန်းအပ်သောကြောင့် ဂေါတမမြတ်စွာဘုရား၏ ညီတော်ဖြစ်လတ္တံ့။
၃၀။ ‘‘‘ရာဂရတ္တော သုခသီလော, ကာမေသု ဂေဓမာယုတော၊
ဗုဒ္ဓေန စောဒိတော သန္တော, တဒါ [တတော (သျာ။)] တွံ ပဗ္ဗဇိဿသိ။
၃၀။ ရာဂဖြင့် တပ်နှစ်သက်သည်ဖြစ်၍ ချမ်းသာစွာနေလေ့ရှိသော ကာမဂုဏ်တို့၌ တပ်နှစ်သက်မှုနှင့်ယှဥ်ပြီးဖြစ်သော သင်သည် ထိိုအခါ ဂေါတမမြတ်စွာဘုရားက တိုက်တွန်း နှိုးဆော်အပ်သည်ဖြစ်သောကြောင့် ရဟန်းပြုလတ္တံ့။
၃၁။ ‘‘‘ပဗ္ဗဇိတွာန တွံ တတ္ထ, ကုသလမူလေန စောဒိတော၊
သဗ္ဗာသဝေ ပရိညာယ, နိဗ္ဗာယိဿသိနာသဝေါ’။
၃၁။ သင်သည် ထိုဂေါတမမြတ်စွာဘုရားသာသနာတော်၌ ရဟန်းပြုပြီးလျှင် ကုသိုလ် အကြောင်းရင်းသည်တိုက်တွန်းနှိုးဆော်အပ်သောကြောင့် ခပ်သိမ်းသော အာသဝေါတရား တို့ကို ပိုင်းခြားသိပြီး၍ အာသဝေါကင်းကွာ ကိလေသာမရှိဘဲ ငြိမ်းအေးလတ္တံ့။
၃၂။ ‘‘သတ္တ [သတ (သျာ။)] ကပ္ပသဟဿမှိ, စတုရော စေဠနာမကာ၊
သဋ္ဌိ ကပ္ပသဟဿမှိ, ဥပစေလာ စတုဇ္ဇနာ။
၃၂-၃၃။ ခုနစ်ထောင်သော ကမ္ဘာထက်၌ စေဠအမည်ရှိသော လေးကြိမ်သော စကြာမင်းတို့သည်လည်းကောင်း၊ ခြောက်သောင်းသော ကမ္ဘာထက်၌ ဥပစေဠအမည်ရှိသော လေး ကြိမ်သောစကြာမင်းတို့သည်လည်းကောင်း၊ ငါးထောင်သော ကမ္ဘာထက်၌ လေးကျွန်းလုံးကို အစိုးရသည်ဖြစ်၍ရတနာခုနစ်ပါးနှင့် ပြည့်စုံသော စေဠအမည်ရှိသော လေးကြိမ်သော စကြာမင်းတို့သည်လည်းကောင်းဖြစ်ဖူးကုန်ပြီ။
၃၃။ ‘‘ပဉ္စ ကပ္ပသဟဿမှိ, စေဠာဝ စတုရော ဇနာ၊
သတ္တရတနသမ္ပန္နာ, စတုဒီပမှိ ဣဿရာ။
၃၄။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ နန္ဒော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
နန္ဒတ္ထေရဿာပဒါနံ တတိယံ။
၃၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်နန္ဒမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် နန္ဒတ္ထေရအပဒါန ပြီး၏။
၄။ စူဠပန္ထကတ္ထေရအပဒါနံ
၃၅။ ‘‘ပဒုမုတ္တရော နာမ ဇိနော, အာဟုတီနံ ပဋိဂ္ဂဟော၊
ဂဏမှာ ဝူပကဋ္ဌော သော, ဟိမဝန္တေ ဝသီ တဒါ။
၄-စူဠပန္ထကတ္ထေရအပဒါန ၃၅။ အဝေးမှ ဆောင်ယူပူဇော်အပ်သော အလှူဝတ္ထုတို့ကို ခံတော်မူထိုက်သော ထိုပဒုမုတ္တရမြတ်စွာဘုရားသည် ထိုအခါ၌ ရဟန်းအပေါင်းမှ ရှောင်လွှဲဖဲခွါတော်မူလျက် ဟိမဝန္တာ တောင်၌နေတော်မူ၏။
၃၆။ ‘‘အဟမ္ပိ ဟိမဝန္တမှိ, ဝသာမိ အဿမေ တဒါ၊
အစိရာဂတံ မဟာဝီရံ, ဥပေသိံ လောကနာယကံ။
၃၆။ ထိုအခါ (ရသေ့ဖြစ်သော) ငါသည် လည်း ဟိမဝန္တာတောင် သင်္ခမ်းကျောင်း၌ နေ၏၊ ကြွလာတော်မူ၍ မကြာသေးမီ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရားသို့ ငါသည် ချဥ်းကပ်၏။
၃၇။ ‘‘ပုပ္ဖစ္ဆတ္တံ ဂဟေတွာန, ဥပဂစ္ဆိံ နရာသဘံ၊
သမာဓိံ သမာပဇ္ဇန္တံ, အန္တရာယမကာသဟံ။
၃၇။ ငါသည် ကြာမျိုးစုံဖြင့် ဖုံးလွှမ်းအပ်သော ပန်းထီးကို ယူ၍ လူတို့ထက် မြတ်သော မြတ်စွာဘုရားသို့ချဥ်းကပ်၏၊ ရူပါဝစရဈာန်ကို ဝင်စားတော်မူသော မြတ်စွာဘုရား၏ ထိုင်နေ မှု အန္တရာယ်ကို ပြု၏။
၃၈။ ‘‘ဥဘော ဟတ္ထေဟိ ပဂ္ဂယှ, ပုပ္ဖစ္ဆတ္တံ အဒါသဟံ၊
ပဋိဂ္ဂဟေသိ ဘဂဝါ, ပဒုမုတ္တရော မဟာမုနိ။
၃၈။ ငါသည် ကြာမျိုးစုံဖြင့် ဖုံးလွှမ်းအပ်သော ပန်းထီးကို လက်နှစ်ဖက်တို့ဖြင့် မြှောက်ချီ လျက်မြတ်စွာဘုရားအား ပေးလှူ၏၊ ဘုန်းတော်ကြီးတော်မူသော ပဒုမုတ္တရမြတ်စွာဘုရား သည်အလှူခံတော်မူ၏။
၃၉။ ‘‘သဗ္ဗေ ဒေဝါ အတ္တမနာ, ဟိမဝန္တံ ဥပေန္တိ တေ၊
သာဓုကာရံ ပဝတ္တေသုံ, အနုမောဒိဿတိ စက္ခုမာ။
၃၉။ ခပ်သိမ်းသော နတ်တို့သည် ဝမ်းမြောက်ကြကုန်လျက် ဟိမဝန္တာတောသို့ ကပ် ရောက်ကြကုန်၏၊ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် တရားအနုမောဒနာ ပြုလတ္တံ့ဟု (နှလုံးပိုက်လျက်) ကောင်းချီးပေးသော အခြင်းအရာကို ဖြစ်စေကုန်၏။
၄၀။ ‘‘ဣဒံ ဝတွာန တေ ဒေဝါ, ဥပဂစ္ဆုံ နရုတ္တမံ၊
အာကာသေ ဓာရယန္တဿ [ဓာရယန္တံ မေ (က), ဓာရယတော မေ (?)], ပဒုမစ္ဆတ္တမုတ္တမံ။
၄၀။ ထိုနတ်တို့သည် ဤစကားကို ပြောဆိုပြီးလျှင် မြတ်စွာဘုရားသို့ ချဥ်းကပ်ကုန်၏၊ ငါသည် ကောင်းကင်၌ မြတ်သော ပဒုမ္မာကြာထီးကို ဆောင်းမိုးလျက်နေစဥ်-
၄၁။ ‘‘သတပတ္တဆတ္တံ ပဂ္ဂယှ, အဒါသိ တာပသော မမ၊
‘တမဟံ ကိတ္တယိဿာမိ, သုဏာထ မမ ဘာသတော။
၄၁။ ရသေ့သည် ပွင့်ချပ်တစ်ရာ ပဒုမ္မာကြာထီးကို ယူ၍ ငါဘုရားအား ပေးလှူ၏၊ ငါသည် ထိုရသေ့ကိုဗျာဒိတ်စကား ဟောကြားပေအံ့၊ ငါ ဟောကြားမည့် ဗျာဒိတ်စကားကို နာကြကုန်လော့-
၄၂။ ‘‘‘ပဉ္စဝီသတိကပ္ပါနိ, ဒေဝရဇ္ဇံ ကရိဿတိ၊
စတုတ္တိံသတိက္ခတ္တုဉ္စ, စက္ကဝတ္တီ ဘဝိဿတိ။
၄၂။ နှစ်ဆယ့်ငါးကြိမ်သော အာယုကပ်တိုင်တိုင် နတ်မင်းအဖြစ်ကို ပြုရလတ္တံ့၊ (ခံစား လတ္တံ့)၊ သုံးဆယ့်လေးကြိမ်တိုင်အောင်လည်း စကြဝတေးမင်း ဖြစ်ရလတ္တံ့။
၄၃။ ‘‘‘ယံ ယံ ယောနိံ သံသရတိ, ဒေဝတ္တံ အထ မာနုသံ၊
အဗ္ဘောကာသေ ပတိဋ္ဌန္တံ, ပဒုမံ ဓာရယိဿတိ’။
၄၃။ ကျင်လည်ရတိုင်းသော နတ်အဖြစ်, လူအဖြစ်ဟူသမျှတို့၌ ပဒုမ္မာကြာပန်းသည် ဟင်း လင်းအပြင်လွင်တီးခေါင်၌ တည်လျက် ထိုသူကို ဆောင်းမိုးထားလတ္တံ့။
၄၄။ ‘‘ကပ္ပသတသဟဿမှိ, ဩက္ကာကကုလသမ္ဘဝေါ၊
ဂေါတမော နာမ ဂေါတ္တေန [နာမေန (သီ။ က။)], သတ္ထာ လောကေ ဘဝိဿတိ။
၄၄။ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုးဖြစ်သော အမည်အားဖြင့် ဂေါတမမည်သောမြတ်စွာဘုရားသည် လောက၌ ပွင့်လတ္တံ့။
၄၅။ ‘‘‘ပကာသိတေ ပါဝစနေ, မနုဿတ္တံ လဘိဿတိ၊
မနောမယမှိ ကာယမှိ, ဥတ္တမော သော ဘဝိဿတိ။
၄၅။ မြတ်စွာဘုရား စကားတော်ဟူသော သာသနာတော်သည် ထင်ရှားလတ်သော် လူ အဖြစ်ကိုရလတ္တံ့၊ ထိုသူသည် စိတ်ကြောင့်ဖြစ်သော ကိုယ်ကို ဖန်ဆင်းမှု၌ အမြတ်ဆုံး ဖြစ်လတ္တံ့။
၄၆။ ‘‘‘ဒွေ ဘာတရော ဘဝိဿန္တိ, ဥဘောပိ ပန္ထကဝှယာ၊
အနုဘောတွာ ဥတ္တမတ္ထံ, ဇောတယိဿန္တိ သာသနံ’။
၄၆။ နှစ်ယောက်လုံးသည်လည်း “ပန္ထက”အမည်ရှိသော ညီနောင်နှစ်ဦး ဖြစ်ကြလတ္တံ့၊ မြတ်သောအရဟတ္တဖိုလ်အကျိုးကို ခံစားကုန်လျက် သာသနာတော်ကို တောက်ပစေကုန်လတ္တံ့ (ဟုဟောကြားတော်မူ၏)။
၄၇။ ‘‘သောဟံ အဋ္ဌာရသဝဿော [သော အဋ္ဌာရသဝဿောဟံ (သျာ။)], ပဗ္ဗဇိံ အနဂါရိယံ၊
ဝိသေသာဟံ န ဝိန္ဒာမိ, သကျပုတ္တဿ သာသနေ။
၄၇။ ငါသည် တစ်ဆယ့်ရှစ်နှစ်သာ ရှိသေးလျက် အိမ်၏ စီးပွါးမဲ့ဖြစ်သော သာသနာ တော်၌ ရဟန်းပြု၏၊ ငါသည် သာကီဝင်မင်းသား မြတ်စွာဘုရား၏ သာသနာတော်၌ တရား ထူးကို မရနိုင်ပေ။
၄၈။ ‘‘ဒန္ဓာ မယှံ ဂတီ အာသိ, ပရိဘူတော ပုရေ အဟုံ [အဟံ (သျာ။)]၊
ဘာတာ စ မံ ပဏာမေသိ, ဂစ္ဆ ဒါနိ သကံ ဃရံ။
၄၈။ ရှေးကဿပမြတ်စွာဘုရား သာသနာတော်၌ ဉာဏ်လေးသောသူကို ပြောင်လှောင်ရှုတ်ချခဲ့ဖူးသောကြောင့် ငါ၏ ပင်ကိုဉာဏ်သည် နုံ့နှေးထိုင်းမှိုင်း၏၊ မိမိအိမ်သို့ ယခုပင်သွားလော့ဟု ငါ့ကို နောင်တော် (မဟာပန်) ကလည်း နှင်ထုတ်၏။
၄၉။ ‘‘သောဟံ ပဏာမိတော သန္တော, သံဃာရာမဿ ကောဋ္ဌကေ၊
ဒုမ္မနော တတ္ထ အဋ္ဌာသိံ, သာမညသ္မိံ အပေက္ခဝါ။
၄၉။ ထိုငါသည် နှင်ထုတ်အပ်သည်ဖြစ်လျက် သံဃာ့အရံ၏ တံခါးမုခ်ဖြစ်သော ထိုအရပ်၌ ရဟန်း အဖြစ်ကိုငဲ့ကွက်ကာ နှလုံးမသာယာဘဲ ရပ်တည်ခဲ့၏။
၅၀။ ‘‘ဘဂဝါ တတ္ထ [အထေတ္ထ သတ္ထာ (သီ။ သျာ။)] အာဂစ္ဆိ, သီသံ မယှံ ပရာမသိ၊
ဗာဟာယ မံ ဂဟေတွာန, သံဃာရာမံ ပဝေသယိ။
၅၀။ မြတ်စွာဘုရားသည် ထိုအရပ်သို့ ကြွရောက်လာပြီး ငါ၏ ဦးခေါင်းကို သုံးသပ်တော် မူ၍ လက်မောင်းကို ဆွဲကိုင်လျက် ငါ့ကို သံဃာ့အရံသို့ သွင်းတော်မူ၏။
၅၁။ ‘‘အနုကမ္ပာယ မေ သတ္ထာ, အဒါသိ ပါဒပုဉ္ဆနိံ၊
ဧဝံ သုဒ္ဓံ အဓိဋ္ဌေဟိ, ဧကမန္တမဓိဋ္ဌဟံ။
၅၁-၅၂။ မြတ်စွာဘုရားသည် ငါ့အား အစဥ်သနားတော်မူသည် ဖြစ်၍ (ရဇော ဟရဏံ, ရဇောဟရဏံ)ဟု ဤသို့ ရွတ်ဆိုနှလုံးသွင်းလော့ဟု (မိန့်တော်မူ၍) ဖြူစင်သော ခြေသုတ် ပုဆိုးကိုပေးတော်မူ၏၊ ငါသည် သင့်တင့်သော အရပ်၌ တည်လျက် လက်တို့ဖြင့် ထိုပုဆိုးကို ကိုင်၍ (နောင်တော်သင်အပ်သော) “ပဒုမံ ယထာ ကောကနဒံ သုဂန္ဓံ”စသော ဂါထာကို အောက်မေ့မိ၏၊ ထိုသို့အောက်မေ့ရာ၌ ငါ၏ စိတ်သည် ကိလေသာမှ လွတ်၍ အရဟတ္တဖိုလ် သို့ ရောက်၏။
၅၂။ ‘‘ဟတ္ထေဟိ တမဟံ ဂယှ, သရိံ ကောကနဒံ အဟံ၊
တတ္ထ စိတ္တံ ဝိမုစ္စိ မေ, အရဟတ္တံ အပါပုဏိံ။
၅၃။ ‘‘မနောမယေသု ကာယေသု, သဗ္ဗတ္ထ ပါရမိံ ဂတော၊
သဗ္ဗာသဝေ ပရိညာယ, ဝိဟရာမိ အနာသဝေါ။
၅၃။ ဈာန်စိတ်ဖြင့် ပြီးစေအပ်ကုန်သော ကိုယ်ကို ဖန်ဆင်းခြင်းတို့၌ အလုံးစုံ အထွတ် အထိပ်သို့ရောက်၏၊ ခပ်သိမ်းသော အာသဝေါတို့ကို ပိုင်းခြားသိလျက် အာသဝေါကင်းကွာ ကိလေသာမရှိဘဲနေရ၏။
၅၄။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ စူဠပန္ထကော [စုလ္လပန္ထကော (သီ။ သျာ။)] ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
စူဠပန္ထကတ္ထေရဿာပဒါနံ စတုတ္ထံ။
၅၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်စူဠပန်မထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် စူဠပန္ထကတ္ထေရအပဒါန ပြီး၏။
၅။ ပိလိန္ဒဝစ္ဆတ္ထေရအပဒါနံ
၅၅။ ‘‘နိဗ္ဗုတေ လောကနာထမှိ, သုမေဓေ အဂ္ဂပုဂ္ဂလေ၊
ပသန္နစိတ္တော သုမနော, ထူပပူဇံ အကာသဟံ။
၅-ပိလိန္ဒဝစ္ဆတ္ထေရအပဒါန ၅၅။ အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်သော သုမေဓာမြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ဝင်စံသည်ရှိသော် ငါသည် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ စေတီတော်အား ပူဇော်ခြင်းကို ပြုခဲ့၏။
၅၆။ ‘‘ယေ စ ခီဏာသဝါ တတ္ထ, ဆဠဘိညာ မဟိဒ္ဓိကာ၊
တေဟံ တတ္ထ သမာနေတွာ, သံဃဘတ္တံ အကာသဟံ။
၅၆။ ပရိနိဗ္ဗာန်ဝင်စံရာ ထိုအရပ်၌ အဘိညာဥ်ခြောက်ပါးနှင့် ပြည့်စုံလျက် ကြီးသောတန်ခိုး ရှိကုန်သော ရဟန္တာပုဂ္ဂိုလ်ဟူသမျှတို့ကို ငါသည် ပူဇော်ရာဌာနသို့ ပင့်ဆောင်၍ သံဃာ တော်အား ဆွမ်းလှူခြင်း (သံဃဘတ်) ကို ပြုခဲ့၏။
၅၇။ ‘‘သုမေဓဿ ဘဂဝတော, ဥပဋ္ဌာကော တဒါ အဟု၊
သုမေဓော နာမ နာမေန, အနုမောဒိတ္ထ သော တဒါ။
၅၇။ ထိုအခါ၌ သုမေဓာမြတ်စွာဘုရား၏ အလုပ်အကျွေးသည် ရှိခဲ့၏၊ အမည်အားဖြင့် ‘သုမေဓာ’ဟုထင်ရှားသော ထိုမထေရ်သည် ထိုဆွမ်းအလှူပွဲ၌ အနုမောဒနာပြုတော်မူ၏။
၅၈။ ‘‘တေန စိတ္တပ္ပသာဒေန, ဝိမာနံ ဥပပဇ္ဇဟံ၊
ဆဠာသီတိသဟဿာနိ, အစ္ဆရာယော ရမိံသု မေ။
၅၈။ ငါသည် ထိုဆွမ်းလှူရသော စိတ်ကြည်လင်မှုကြောင့် နတ်ဗိမာန်၌ ဖြစ်ရ၏၊ ရှစ်သောင်းခြောက်ထောင်ကုန်သော နတ်သမီးတို့သည် ငါ့အား ဖျော်ဖြေမွေ့လျော်စေကုန်၏။
၅၉။ ‘‘မမေဝ အနုဝတ္တန္တိ, သဗ္ဗကာမေဟိ တာ သဒါ၊
အညေ ဒေဝေ အဘိဘောမိ, ပုညကမ္မဿိဒံ ဖလံ။
၅၉။ ထိုနတ်သမီးတို့သည် ကာမစည်းစိမ်တို့ဖြင့် အခါခပ်သိမ်း ငါ့အလိုအတိုင်း ဖြစ်စေ ကုန်၏၊ ငါသည် အခြားတစ်ပါးသော နတ်တို့ကိုလည်း (အသက်, အဆင်းစသော စံချိန်အား ဖြင့်) လွှမ်းမိုးရ၏။ ဤသို့ဖြစ်ရခြင်းသည် ဆည်းပူးခဲ့သော ကောင်းမှုကံ၏ အကျိုးပေတည်း။
၆၀။ ‘‘ပဉ္စဝီသတိကပ္ပမှိ, ဝရုဏော နာမ ခတ္တိယော၊
ဝိသုဒ္ဓဘောဇနော [သုသုဒ္ဓဘောဇနော (သီ။)] အာသိံ, စက္ကဝတ္တီ အဟံ တဒါ။
၆၀။ နှစ်ဆယ့်ငါးကမ္ဘာထက်၌ ဝရုဏမည်သောမင်း ဖြစ်ခဲ့၏၊ ထိုအခါ ငါသည် စကြဝတေး မင်းဖြစ်၍ အထူးသဖြင့် စင်ကြယ်သော ဘောဇဥ်ရှိသူ ဖြစ်ခဲ့၏။
၆၁။ ‘‘န တေ ဗီဇံ ပဝပန္တိ, နပိ နီယန္တိ နင်္ဂလာ၊
အကဋ္ဌပါကိမံ သာလိံ, ပရိဘုဉ္ဇန္တိ မာနုသာ။
၆၁။ ထိုတိုင်းသူပြည်သားတို့သည် မျိုးစေ့ကို မစိုက်ပျိုးရကုန်၊ ထွန်တုံးတို့ကိုလည်း (ထွန်ယက်အံ့သောငှါ့လယ်ယာသို့) မဆောင်ရကုန်၊ မထွန်မယက်အလိုလိုကျက်သော သလေး ကို လူတို့ သုံးဆောင်ရကုန်၏။
၆၂။ ‘‘တတ္ထ ရဇ္ဇံ ကရိတွာန, ဒေဝတ္တံ ပုန ဂစ္ဆဟံ၊
တဒါပိ ဧဒိသာ မယှံ, နိဗ္ဗတ္တာ ဘောဂသမ္ပဒါ။
၆၂။ ထိုတိုင်းပြည်၌ မင်းအဖြစ်ကို ပြုပြီး၍ ငါသည် နတ်ပြည်သို့ တစ်ဖန် ရောက်ရ ပြန်၏၊ ထိုဘဝ၌လည်း ငါ့အား အလားတူ စည်းစိမ်ဥစ္စာ ပြည့်စုံလုံလောက်ခြင်းသည် ဖြစ်၏။
၆၃။ ‘‘န မံ မိတ္တာ အမိတ္တာ ဝါ, ဟိံသန္တိ သဗ္ဗပါဏိနော၊
သဗ္ဗေသမ္ပိ ပိယော ဟောမိ, ပုညကမ္မဿိဒံ ဖလံ။
၆၃။ မိတ်ဆွေဟုတ်သူ မဟုတ်သူ လူအားလုံးတို့သည် ငါ့ကို မညှဥ်းဆဲကုန်၊ အလုံးစုံသောသူတို့သည်လည်း ငါ့အား ချစ်မြတ်နိုးအပ်၏။ ဤသို့ ဖြစ်ရခြင်းသည် ကောင်းမှုကံ၏ အကျိုးပေတည်း။
၆၄။ ‘‘တိံသကပ္ပသဟဿမှိ, ယံ ဒါနမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဂန္ဓာလေပဿိဒံ ဖလံ။
၆၄။ ကမ္ဘာသုံးသောင်းထက်၌ အမွှေးနံ့သာ လှူဒါန်းခဲ့သည့် အချိန်မှစ၍ ငါသည် အပါယ် လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် နံ့သာလိမ်းကျံလှူဒါန်းရခြင်း၏ အကျိုးပေတည်း။
၆၅။ ‘‘ဣမသ္မိံ ဘဒ္ဒကေ ကပ္ပေ, ဧကော အာသိံ ဇနာဓိပေါ၊
မဟာနုဘာဝေါ ရာဇာဟံ [ရာဇီသိ (သျာ။ က။)], စက္ကဝတ္တီ မဟဗ္ဗလော။
၆၅။ ငါသည် ဤဘဒ္ဒကမ္ဘာ၌ လူတို့ကို အစိုးရသည်ဖြစ်၍ တန်ခိုးအာနုဘော်ကြီးမား များမြတ်သည့်အင်အားရှိသော စကြဝတေးမင်းသည် တစ်ကြိမ် ဖြစ်ခဲ့ဖူး၏။
၆၆။ ‘‘သောဟံ ပဉ္စသု သီလေသု, ဌပေတွာ ဇနတံ ဗဟုံ၊
ပါပေတွာ သုဂတိံယေဝ, ဒေဝတာနံ ပိယော အဟုံ။
၆၆။ ထိုငါသည် လူများအပေါင်းကို ငါးပါးသီလတို့၌ တည်စေ၍ နတ်ပြည်သို့သာ လားရောက်စေခဲ့သောကြောင့် နတ်တို့ ချစ်မြတ်နိုးအပ်သူ ဖြစ်၏။
၆၇။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ပိလိန္ဒဝစ္ဆော [ပိလိန္ဒိဝစ္ဆော (သီ။)] ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ပိလိန္ဒဝစ္ဆတ္ထေရဿာပဒါနံ ပဉ္စမံ။
၆၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်းကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပိလိန္ဒဝစ္ဆမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် ပိလိန္ဒဝစ္ဆတ္ထေရအပဒါန ပြီး၏။
၆။ ရာဟုလတ္ထေရအပဒါနံ
၆၈။ ‘‘ပဒုမုတ္တရဿ ဘဂဝတော, လောကဇေဋ္ဌဿ တာဒိနော၊
သတ္တဘူမမှိ ပါသာဒေ, အာဒါသံ သန္ထရိံ အဟံ။
၆-ရာဟုလတ္ထေရအပဒါန ၆၈။ လောကထက် မြတ်သည်ဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော ပဒုမုတ္တရမြတ်စွာဘုရား၏ဘုံခုနစ်ဆင့်ရှိသော ကျောင်းပြာသာဒ်၌ ငါသည် ကြေးမုံကို ခင်းလှူပူဇော်ခဲ့၏။
၆၉။ ‘‘ခီဏာသဝသဟဿေဟိ, ပရိကိဏ္ဏော မဟာမုနိ၊
ဥပါဂမိ ဂန္ဓကုဋိံ, ဒွိပဒိန္ဒော [ဒိပဒိန္ဒော (သီ။ သျာ။)] နရာသဘော။
၆၉။ အခြေနှစ်ချောင်းရှိသူတို့ကို အစိုးရသည်ဖြစ်၍ လူတို့ထက် ထူးကဲတော်မူသော မြတ်စွာဘုရားသည်ရဟန္တာတစ်သိန်းတို့ဖြင့် ထက်ဝန်းကျင်မှ ရောပြွမ်းလျက် ဂန္ဓကုဋိသို့ ချဥ်းကပ်တော်မူ၏။
၇၀။ ‘‘ဝိရောစေန္တော [ဝိရောစယံ (သျာ။)] ဂန္ဓကုဋိံ, ဒေဝဒေဝေါ နရာသဘော၊
ဘိက္ခုသံဃေ ဌိတော သတ္ထာ, ဣမာ ဂါထာ အဘာသထ။
၇၀။ လူတို့ထက် မြင့်မြတ်၍ နတ်ထက်နတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဂန္ဓကုဋိကိုထွန်းလင်းတော်မူစေကာ ရဟန်းသံဃာ (အလယ်) ၌ တည်လျက် ဤဆိုမည့် ဂါထာ တို့ကို မိန့်တော်မူ၏ -
၇၁။ ‘‘‘ယေနာယံ ဇောတိတာ သေယျာ, အာဒါသောဝ သုသန္ထတော၊
တမဟံ ကိတ္တယိဿာမိ, သုဏာထ မမ ဘာသတော။
၇၁။ အကြင်ဥပါသကာယောကျာ်းသည် ဤပြာသာဒ်ကျောင်းကို ထွန်းလင်းစေအပ်၏၊ ကြေးမုံကိုလည်းကောင်းစွာ ခင်းကျင်းအပ်၏၊ ထိုဥပါသကာယောကျာ်းကို ငါဘုရားသည် ဗျာဒိတ်စကား ဟောကြားပေအံ့၊ ဟောကြားမည့်စကားကို နာကြကုန်လော့-
၇၂။ ‘‘‘သောဏ္ဏမယာ ရူပိမယာ, အထော ဝေဠုရိယာမယာ၊
နိဗ္ဗတ္တိဿန္တိ ပါသာဒါ, ယေ ကေစိ မနသော ပိယာ။
၇၂။ ရွှေ, ငွေဖြင့် ပြီးသည်လည်းဖြစ်ကုန်သော, ကြောင်မျက်ရွဲဖြင့် ပြီးသည်လည်းဖြစ်ကုန် သော, နှစ်သက်ဖွယ်ရာ ဖြစ်ကုန်သော ပြာသာဒ်အလုံးစုံတို့သည် ကောင်းကင်၌ ဖြစ်ကုန် လတ္တံ့။
၇၃။ ‘‘‘စတုသဋ္ဌိက္ခတ္တုံ ဒေဝိန္ဒော, ဒေဝရဇ္ဇံ ကရိဿတိ၊
သဟဿက္ခတ္တုံ စက္ကဝတ္တီ, ဘဝိဿတိ အနန္တရာ။
၇၃။ ခြောက်ဆယ့်လေးကြိမ် သိကြားမင်း (ဖြစ်၍) နတ်မင်း၏ အဖြစ်ကို ပြုရလတ္တံ့၊ အကြိမ်တစ်ထောင်ဘဝမခြားဘဲ စကြဝတေးမင်း ဖြစ်ရလတ္တံ့။
၇၄။ ‘‘‘ဧကဝီသတိကပ္ပမှိ, ဝိမလော နာမ ခတ္တိယော၊
စာတုရန္တော ဝိဇိတာဝီ, စက္ကဝတ္တီ ဘဝိဿတိ။
၇၄။ နှစ်ဆယ့်တစ်ကမ္ဘာထက်၌ ကျွန်းကြီးလေးကျွန်း အပိုင်းအခြားရှိသည်ဖြစ်၍ ရန်သူကို အောင်ပြီးသောဝိမလမည်သော စကြဝတေးမင်း ဖြစ်ရလတ္တံ့။
၇၅။ ‘‘‘နဂရံ ရေဏုဝတီ နာမ, ဣဋ္ဌကာဟိ သုမာပိတံ၊
အာယာမတော တီဏိ သတံ, စတုရဿသမာယုတံ။
၇၅။ အုတ်တို့ဖြင့် ကောင်းစွာ ဖန်ဆင်းအပ်သော ရေဏုဝတီမည်သော မင်းနေပြည်သည်အလျားသုံးယူဇနာရှိ၍ လေးထောင့်နှင့် ယှဥ်၏။
၇၆။ ‘‘‘သုဒဿနော နာမ ပါသာဒေါ, ဝိဿကမ္မေန မာပိတော [ဝိသုကမ္မေန§မာပိတော (က။), ဝိဿကမ္မေန နိမ္မိတော (သီ။)]၊
ကူဋာဂါရဝရူပေတော, သတ္တရတနဘူသိတော။
၇၆။ မြတ်သောစုလစ်မွမ်းချွန်နှင့် ပြည့်စုံ၍ ရတနာခုနစ်ပါးတို့ဖြင့် တန်ဆာဆင်အပ်သောသုဒဿနမည်သော ပြာသာဒ်ကို ဝိသကြုံနတ်သားသည် ဖန်ဆင်းအပ်၏။
၇၇။ ‘‘‘ဒသသဒ္ဒါဝိဝိတ္တံ တံ [အဝိဝိတ္တံ (သီ။)], ဝိဇ္ဇာဓရသမာကုလံ၊
သုဒဿနံဝ နဂရံ, ဒေဝတာနံ ဘဝိဿတိ။
၇၇။ ထိုရေဏုဝတီပြည်ကြီးသည် အသံဆယ်မျိုးတို့ဖြင့် မဆိတ်သုဥ်းဘဲ ပညာသည်တို့ဖြင့်လည်း ရောပြွမ်းသည် ဖြစ်၍ ‘နတ်တို့၏ နေရာ တာဝတိံသာနတ်ပြည်ကဲ့သို့’ ဖြစ်လတ္တံ့။
၇၈။ ‘‘‘ပဘာ နိဂ္ဂစ္ဆတေ တဿ, ဥဂ္ဂစ္ဆန္တေဝ သူရိယေ၊
ဝိရောစေဿတိ တံ နိစ္စံ, သမန္တာ အဋ္ဌယောဇနံ။
၇၈။ ‘နေလုလင်သည် ထွန်းလင်းတက်ကြွလာသည်ရှိသော် ထက်ဝန်းကျင်မှ တောက်ပ သကဲ့သို့’ အလျှံထွက်သော ထိုသုဒဿနပြာသာဒ်၏ အရောင်သည် ထက်ဝန်းကျင် ရှစ်ယူဇနာ တိုင်အောင်ထိုရေဏုဝတီပြည်ကို အမြဲ ထွန်းလင်းစေလတ္တံ့။
၇၉။ ‘‘‘ကပ္ပသတသဟဿမှိ, ဩက္ကာကကုလသမ္ဘဝေါ၊
ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။
၇၉။ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အမည်အားဖြင့် ဂေါတမမည်သောမြတ်စွာဘုရားသည် လောက၌ ပွင့်လတ္တံ့။
၈၀။ ‘‘‘တုသိတာ သော စဝိတွာန, သုက္ကမူလေန စောဒိတော၊
ဂေါတမဿ ဘဂဝတော, အတြဇော သော ဘဝိဿတိ။
၈၀။ ထိုသူသည် တုသိတာနတ်ပြည်မှ စုတေခဲ့၍ ဖြူစင်သော ကုသိုလ်အကြောင်းရင်းသည်တိုက်တွန်းအပ်သောကြောင့် ဂေါတမမြတ်စွာဘုရား၏ ရင်သွေးအစစ် သားတော်ချစ် ဖြစ် လတ္တံ့။
၈၁။ ‘‘‘သစေ ဝသေယျ [သစာ’ဝသေယျ (?)] အဂါရံ, စက္ကဝတ္တီ ဘဝေယျ သော၊
အဋ္ဌာနမေတံ ယံ တာဒီ, အဂါရေ ရတိမဇ္ဈဂါ။
၈၁။ ထိုသူသည် အိမ်၌ အကယ်၍ နေငြားအံ့၊ စကြဝတေးမင်း ဖြစ်ရာ၏။ ထိုသို့ သဘောရှိသောသူသည် အိမ်၌ မွေ့လျော်ခြင်းကို ရရန် အကြောင်းအခွင့် မရှိပေ။
၈၂။ ‘‘‘နိက္ခမိတွာ အဂါရမှာ, ပဗ္ဗဇိဿတိ သုဗ္ဗတော၊
ရာဟုလော နာမ နာမေန, အရဟာ သော ဘဝိဿတိ’။
၈၂။ ကောင်းသော အကျင့်ရှိသော ထိုသားတော်သည် လူ့ဘောင်မှ ထွက်၍ ရဟန်းပြု လတ္တံ့၊ အမည်အားဖြင့် “ရာဟုလာ”ဟူသော အမည်ရှိသော ရဟန္တာဖြစ်လတ္တံ့။
၈၃။ ‘‘ကိကီဝ အဏ္ဍံ ရက္ခေယျ, စာမရီ ဝိယ ဝါလဓိံ၊
နိပကော သီလသမ္ပန္နော, မမံ ရက္ခိ မဟာမုနိ [ဧဝံ ရက္ခိံ မဟာမုနိ (သီ။ က။), မမံ ဒက္ခိ မဟာမုနိ (သျာ။)]။
၈၃။ မြတ်စွာဘုရား ‘ယစ်မသည် အဥကို စောင့်သကဲ့သို့လည်းကောင်း၊ စာမရီမည်သောသားကောင်သည် အမြီးကို စောင့်ရှောက်သကဲ့သို့လည်းကောင်း’ ရင့်ကျက်သော ပညာရှိသောသီလနှင့်ပြည့်စုံသော တပည့်တော်သည်လည်း ဤအတူပင် (သီလကို) စောင့်ရှောက်ပါသည် ဘုရား။
၈၄။ ‘‘တဿာဟံ ဓမ္မမညာယ, ဝိဟာသိံ သာသနေ ရတော၊
သဗ္ဗာသဝေ ပရိညာယ, ဝိဟရာမိ အနာသဝေါ။
၈၄။ ငါသည် ထိုမြတ်စွာဘုရား၏ တရားတော်ကို သိ၍ သာသနာတော်၌ မွေ့လျော်လျက် နေ၏၊ အလုံးစုံသော အာသဝေါတရားတို့ကို ပိုင်းခြားသိ၍ အာသဝေါကင်းကွာ ကိလေသာ မရှိဘဲ နေရ၏။
၈၅။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ရာဟုလော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ရာဟုလတ္ထေရဿာပဒါနံ ဆဋ္ဌံ။
၈၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် ရာဟုလာမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် ရာဟုလတ္ထေရအပဒါန ပြီး၏။
၇။ ဥပသေနဝင်္ဂန္တပုတ္တတ္ထေရအပဒါနံ
၈၆။ ‘‘ပဒုမုတ္တရံ ဘဂဝန္တံ, လောကဇေဋ္ဌံ နရာသဘံ၊
ပဗ္ဘာရမှိ နိသီဒန္တံ, ဥပဂစ္ဆိံ နရုတ္တမံ။
၇-ဥပသေနဝင်္ဂန္တပုတ္တတ္ထေရအပဒါန ၈၆။ လူတို့ထက် မြတ်သော တောင်ဝှမ်း၌ နေတော်မူသော ဘုန်းတော်ကြီးသောပဒုမုတ္တရမြတ်စွာဘုရားသို့ တပည့်တော် ချဥ်းကပ်ခဲ့ပါ၏။
၈၇။ ‘‘ကဏိကာရပုပ္ဖံ [ကဏိကာရံ ပုပ္ဖိတံ (သီ။ သျာ။)] ဒိသွာ, ဝဏ္ဋေ ဆေတွာနဟံ တဒါ၊
အလင်္ကရိတွာ ဆတ္တမှိ, ဗုဒ္ဓဿ အဘိရောပယိံ။
၈၇။ ထိုအခါ ငါသည် မဟာလှေကားပန်းကို မြင်၍ အညှာတို့ကို ဖြတ်တောက်ပြီးလျှင် ထီး၌တန်ဆာဆင်လျက် မြတ်စွာဘုရားအား ရှေးရှုတင်ထား (လှူဒါန်း) ခဲ့ပါ၏။
၈၈။ ‘‘ပိဏ္ဍပါတဉ္စ ပါဒါသိံ, ပရမန္နံ သုဘောဇနံ၊
ဗုဒ္ဓေန နဝမေ တတ္ထ, သမဏေ အဋ္ဌ ဘောဇယိံ။
၈၈။ မွန်မြတ်သော အစာ, မွန်မြတ်သော ဘောဇဥ်ဖြစ်သော ဆွမ်းကိုလည်း ပေးလှူခဲ့၏၊ ထိုတောင်ဝှမ်း၌မြတ်စွာဘုရားနှင့် ကိုးယောက်မြောက်သော ရဟန်းရှစ်ပါးတို့ကို ဆွမ်းလုပ် ကျွေးခဲ့၏။
၈၉။ ‘‘အနုမောဒိ မဟာဝီရော, သယမ္ဘူ အဂ္ဂပုဂ္ဂလော၊
ဣမိနာ ဆတ္တဒါနေန, ပရမန္နပဝေစ္ဆနာ။
၈၉-၉၀။ ကြီးသော လုံ့လရှိသော အလိုလို ဖြစ်တော်မူသော မြတ်သော ပုဂ္ဂိုလ်ဖြစ်သောမြတ်စွာဘုရားသည် အနုမောဒနာပြုတော်မူ၏။ ဤထီးအလှူဖြင့်လည်းကောင်း၊ မြတ်သောဆွမ်းအလှူဖြင့်လည်းကောင်း ထိုလှူဒါန်းသော ကြည်လင်မှုကြောင့် စည်းစိမ်ကို ခံစားရလတ္တံ့။ သုံးဆယ့်ခြောက်ကြိမ် သိကြားမင်းဖြစ်၍ နတ်မင်းအဖြစ်ကို ပြုရလတ္တံ့။
၉၀။ ‘‘တေန စိတ္တပ္ပသာဒေန, သမ္ပတ္တိမနုဘောဿသိ၊
ဆတ္တိံသက္ခတ္တုံ ဒေဝိန္ဒော, ဒေဝရဇ္ဇံ ကရိဿတိ။
၉၁။ ‘‘ဧကဝီသတိက္ခတ္တုဉ္စ, စက္ကဝတ္တီ ဘဝိဿတိ၊
ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ။
၉၁။ နှစ်ဆယ့်တစ်ကြိမ် စကြဝတေးမင်း ဖြစ်လတ္တံ့၊ ပြန့်ပြောသော ပဒေသရာဇ်မင်း၏ အဖြစ်သည်ကားဂဏန်းအားဖြင့် မရေတွက်နိုင်။
၉၂။ ‘‘သတသဟဿိတော ကပ္ပေ, ဩက္ကာကကုလသမ္ဘဝေါ၊
ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ [ယံ ဝဒန္တိ သုမေဓောတိ, ဘူရိပညံ သုမေဓသံ၊ ကပ္ပေတော သတသဟဿေ, ဧသ ဗုဒ္ဓေါ ဘဝိဿတိ၊ (က။)]။
၉၂။ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမအမည် ရှိတော်မူသောမြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။
၉၃။ ‘‘သာသနေ ဒိဗ္ဗမာနမှိ, မနုဿတ္တံ ဂမိဿတိ၊
တဿ ဓမ္မေသု ဒါယာဒေါ, ဩရသော ဓမ္မနိမ္မိတော။
၉၃။ သာသနာတော်ထွန်းလင်းသည်ရှိသော် လူအဖြစ်သို့ ရောက်လတ္တံ့၊ ထိုမြတ်စွာဘုရား၏တရားတော်တို့၌ တရားအမွေခံ ရင်သွေးဖြစ်၍ တရားတော်က ဖန်ဆင်းအပ်သူ ဖြစ်လတ္တံ့။
၉၄။ ‘‘ဥပသေနောတိ နာမေန, ဟေဿတိ သတ္ထု သာဝကော၊
၉၄။ “ဥပသေန”ဟူသော အမည်ဖြင့် မြတ်စွာဘုရား၏ တပည့်သာဝက ဖြစ်လတ္တံ့၊ ထက်ဝန်းကျင်ကြည်ညိုဖွယ်ရှိသည်၏ အဖြစ်ကြောင့် အမြတ်ဆုံးရာထူး (ဧတဒဂ်အရာ) ၌ ထား တော်မူလတ္တံ့။
[ဣဒံ ပါဒဒွယံ ထေရဂါထာအဋ္ဌကထာယမေဝ ဒိဿတိ] သမန္တပါသာဒိကတ္တာ, အဂ္ဂဋ္ဌာနေ ဌပေဿတိ
[ဣဒံ ပါဒဒွယံ ထေရဂါထာအဋ္ဌကထာယမေဝ ဒိဿတိ]။
၉၅။ ‘‘စရိမံ ဝတ္တတေ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ၊
ဓာရေမိ အန္တိမံ ဒေဟံ, ဇေတွာ မာရံ သဝါဟနံ [သဝါဟိနိံ (?)]။
၉၅။ ငါ့အား အဆုံးဘဝ ဖြစ်၏၊ အလုံးစုံသော ဘဝတို့ကို အကြွင်းမဲ့ နုတ်ပယ်အပ် ကုန်ပြီ၊ စစ်သည်နှင့်တကွသော မာရ်ကို အောင်၍ အဆုံးဖြစ်သော (ခန္ဓာ) ကိုယ်ကို ဆောင်၏။
၉၆။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဥပသေနော ဝင်္ဂန္တပုတ္တော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဥပသေနဝင်္ဂန္တပုတ္တတ္ထေရဿာပဒါနံ သတ္တမံ။
တတိယဘာဏဝါရံ။
၉၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် ဝင်္ဂန္တပုဏ္ဏား၏ သားဖြစ်သော အသျှင်ဥပသေနမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ခုနစ်ခုမြောက် ဥပသေနဝင်္ဂန္တပုတ္တတ္ထေရအပဒါန ပြီး၏။ တတိယဘာဏဝါရ ပြီး၏။
၈။ ရဋ္ဌပါလတ္ထေရအပဒါနံ
၉၇။ ‘‘ပဒုမုတ္တရဿ ဘဂဝတော, လောကဇေဋ္ဌဿ တာဒိနော၊
ဝရနာဂေါ မယာ ဒိန္နော, ဤသာဒန္တော ဥရူဠှဝါ။
၈-ရဋ္ဌပါလတ္ထေရအပဒါန ၉၇-၉၈။ လောကထက် ကြီးမြတ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော ပဒုမုတ္တရမြတ်စွာဘုရားအားငါသည် လှည်းသန်သဖွယ် အစွယ်ရှိသော, မင်းစီးယာဥ်ဖြစ်သော, ထီးဖြူဖြင့် တင့်တယ်သော, ကကြိုးတန်ဆာ, ဆင်ထိန်းနှင့် တကွသော ဆင်ပြောင်ကြီးကို ပေးလှူအပ်၏၊ ထိုအလုံးစုံကိုတန်ဖိုးဖြတ်စေ၍ သံဃာ့အရံကို ဆောက်လုပ်စေခဲ့၏။
၉၈။ ‘‘သေတစ္ဆတ္တော ပသောဘိတော, သကပ္ပနော သဟတ္ထိပေါ၊
အဂ္ဃါပေတွာန တံ သဗ္ဗံ, သံဃာရာမံ အကာရယိံ။
၉၉။ ‘‘စတုပညာသသဟဿာနိ, ပါသာဒေ ကာရယိံ အဟံ၊
မဟောဃဒါနံ [မဟာဘတ္တံ (သီ။), မဟောဃဉ္စ (က။), မဟာဒါနံ (?)] ကရိတွာန, နိယျာဒေသိံ မဟေသိနော။
၉၉။ ငါသည် ငါးသောင်းလေးထောင်ကုန်သော ပြာသာဒ်ဆောင်တို့ကို ဆောက်လုပ်စေခဲ့၏၊ ရေလျဥ်ကြီးသဖွယ် ကြီးကျယ်သော လှူဒါန်းခြင်းကို ပြုလုပ်၍ ပဒုမုတ္တရမြတ်စွာဘုရားအား ဆောက်နှင်းလှူဒါန်းခဲ့၏။
၁၀၀။ ‘‘အနုမောဒိ မဟာဝီရော, သယမ္ဘူ အဂ္ဂပုဂ္ဂလော၊
သဗ္ဗေ ဇနေ ဟာသယန္တော, ဒေသေသိ အမတံ ပဒံ။
၁၀၀။ ကြီးသော လုံ့လရှိတော်မူသော အလိုလို သိတော်မူသော မြတ်သော ပုဂ္ဂိုလ်ဖြစ် တော်မူသောမြတ်စွာဘုရားသည် ကျောင်းအနုမောဒနာ ပြုတော်မူ၏၊ လူအားလုံးတို့ကို ရွှင်ပျ စေလျက်အမြိုက်နိဗ္ဗာန်ကို ဟောကြားတော်မူ၏။
၁၀၁။ ‘‘တံ မေ ဗုဒ္ဓေါ ဝိယာကာသိ, ဇလဇုတ္တရနာမကော၊
ဘိက္ခုသံဃေ နိသီဒိတွာ, ဣမာ ဂါထာ အဘာသထ။
၁၀၁။ ပဒုမုတ္တရမြတ်စွာဘုရားသည် ထိုအလှူအကျိုးကို ငါ့အား ဗျာဒိတ်စကား မိန့်ကြား တော်မူ၏၊ ရဟန်းသံဃာ (အလယ်) ၌ ထိုင်တော်မူလျက် ဤဆိုမည့်ဂါထာတို့ကို ဟောတော် မူ၏ -
၁၀၂။ ‘‘‘စတုပညာသသဟဿာနိ, ပါသာဒေ ကာရယီ အယံ၊
ကထယိဿာမိ ဝိပါကံ, သုဏောထ မမ ဘာသတော။
၁၀၂။ ဤသူသည် ငါးသောင်းလေးထောင်သော ပြာသာဒ်ဆောင်တို့ကို ဆောက်လုပ်စေခဲ့၏၊ (ထိုအလှူ၏) အကျိုးကို ဟောပေအံ့၊ ဟောကြားမည့် ဗျာဒိတ်စကားကို နာကြကုန် လော့ -
၁၀၃။ ‘‘‘အဋ္ဌာရသသဟဿာနိ, ကူဋာဂါရာ ဘဝိဿရေ၊
ဗျမှုတ္တမမှိ နိဗ္ဗတ္တာ, သဗ္ဗသောဏ္ဏမယာ စ တေ။
၁၀၃။ တစ်သောင်းရှစ်ထောင်ကုန်သော, စုလစ်မွမ်းချွန်တပ်သော အဆောင်တို့သည် ဖြစ် ကုန်လတ္တံ့၊ မြတ်သော ဗိမာန်၌ ဖြစ်ကုန်သော ထိုအသုံးအဆောင်တို့သည်လည်း အလုံးစုံ ရွှေဖြင့်ပြီးကုန်လတ္တံ့။
၁၀၄။ ‘‘‘ပညာသက္ခတ္တုံ ဒေဝိန္ဒော, ဒေဝရဇ္ဇံ ကရိဿတိ၊
အဋ္ဌပညာသက္ခတ္တုဉ္စ, စက္ကဝတ္တီ ဘဝိဿတိ။
၁၀၄။ နတ်တို့ကို အစိုးရသည် ဖြစ်၍ အကြိမ်ငါးဆယ် သိကြားမင်းအဖြစ်ကို ပြုရလတ္တံ့၊ ငါးဆယ့်ရှစ်ကြိမ်တိုင်အောင်လည်း စကြဝတေးမင်း ဖြစ်လတ္တံ့။
၁၀၅။ ‘‘‘ကပ္ပသတသဟဿမှိ, ဩက္ကာကကုလသမ္ဘဝေါ၊
ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။
၁၀၅။ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အမည်အားဖြင့် ဂေါတမမည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်လတ္တံ့။
၁၀၆။ ‘‘‘ဒေဝလောကာ စဝိတွာန, သုက္ကမူလေန စောဒိတော၊
အဍ္ဎေ ကုလေ မဟာဘောဂေ, နိဗ္ဗတ္တိဿတိ တာဝဒေ။
၁၀၆။ ထိုအခါ နတ်ပြည်မှ စုတေ၍ ဖြူစင်သော ကုသိုလ်အကြောင်းရင်းသည် တိုက်တွန်းအပ်သောကြောင့် များသော စည်းစိမ်ဥစ္စာရှိသော ကြွယ်ဝသော အမျိုး၌ ဖြစ်ရလတ္တံ့။
၁၀၇။ ‘‘‘သော ပစ္ဆာ ပဗ္ဗဇိတွာန, သုက္ကမူလေန စောဒိတော၊
ရဋ္ဌပါလောတိ နာမေန, ဟေဿတိ သတ္ထု သာဝကော။
၁၀၇။ ထိုသူသည် နောက်၌ ရဟန်းပြု၍ ဖြူစင်သော ကုသိုလ်အကြောင်းရင်းသည် တိုက့်တွန်းအပ်သောကြောင့် “ရဋ္ဌပါလ”ဟူသော အမည်ဖြင့် မြတ်စွာဘုရား၏ တပည့်သာဝက ဖြစ်လတ္တံ့။
၁၀၈။ ‘‘‘ပဓာနပဟိတတ္တော သော, ဥပသန္တော နိရူပဓိ၊
သဗ္ဗာသဝေ ပရိညာယ, နိဗ္ဗာယိဿတိနာသဝေါ’။
၁၀၈။ ထိုသူသည် ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လဖြင့် နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသည် ဖြစ်၍ ကိလေသာ ငြိမ်းအေးလျက် ကင်းသော ဥပဓိရှိသူ ဖြစ်လျက် ခပ်သိမ်းသော အာသဝေါ တရားတို့ကို ပိုင်းခြားသိပြီးလျှင် အာသဝေါကင်းကွာ ကိလေသာမရှိဘဲ ငြိမ်းအေးလတ္တံ့။
၁၀၉။ ‘‘ဥဋ္ဌာယ အဘိနိက္ခမ္မ, ဇဟိတာ ဘောဂသမ္ပဒါ၊
ခေဠပိဏ္ဍေဝ ဘောဂမှိ, ပေမံ မယှံ န ဝိဇ္ဇတိ။
၁၀၉။ (ခုနစ်ရက်ပတ်လုံး မြေပြင်အိပ်ရာမှ) ထ၍ လူ့ဘောင်မှ ထွက်မြောက်လျက် စည်း စိမ်ဥစ္စာ ပြည့်စုံခြင်းတို့ကို စွန့်အပ်ကုန်၏၊ ငါ့အား ‘တံတွေးပေါက်ကဲ့သို့’ စည်းစိမ်ဥစ္စာ၌ တွယ်တာစုံမက်ခြင်းသည် မရှိ။
၁၁၀။ ‘‘ဝီရိယံ မေ ဓုရဓောရယှံ, ယောဂက္ခေမာဓိဝါဟနံ၊
ဓာရေမိ အန္တိမံ ဒေဟံ, သမ္မာသမ္ဗုဒ္ဓသာသနေ။
၁၁၀။ ယောဂ၏ကုန်ရာ နိဗ္ဗာန်သို့ ဆောင်တတ်သော ငါ၏ လုံ့လသည် ဝန်ဆောင်နွား လားသဖွယ် ဖြစ်၏၊ ငါသည် မြတ်စွာဘုရားသာသနာတော်၌ အဆုံးစွန်သော ကိုယ်ကို ဆောင်၏။
၁၁၁။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ရဋ္ဌပါလော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ရဋ္ဌပါလတ္ထေရဿာပဒါနံ အဋ္ဌမံ။
၁၁၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ရဋ္ဌပါလမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် ရဋ္ဌပါလတ္ထေရအပဒါနပြီး၏။
၉။ သောပါကတ္ထေရအပဒါနံ
၁၁၂။ ‘‘ပဗ္ဘာရံ သောဓယန္တဿ [သေဝယန္တဿ (သီ။ က။)], ဝိပိနေ ပဗ္ဗတုတ္တမေ၊
သိဒ္ဓတ္ထော နာမ ဘဂဝါ, အာဂစ္ဆိ မမ သန္တိကံ။
၉-သောပါကတ္ထေရအပဒါန ၁၁၂။ တောကြီး (အတွင်းဖြစ်သော) မြတ်သော တောင်၌ တောင်ဝှမ်းလိုဏ်ဂူကို သုတ်သင် ရှင်းလင်းနေစဥ် သိဒ္ဓတ္ထမည်သော မြတ်စွာဘုရားသည် ငါ၏ အထံသို့ ကြွလာတော်မူ၏။
၁၁၃။ ‘‘ဗုဒ္ဓံ ဥပဂတံ ဒိသွာ, လောကဇေဋ္ဌဿ တာဒိနော၊
သန္ထရံ သန္ထရိတွာန [ပညပေတွာန (သျာ။ အဋ္ဌ)], ပုပ္ဖါသနမဒါသဟံ။
၁၁၃။ ကြွရောက်တော်မူသော မြတ်စွာဘုရားကို မြင်၍ လောကထက် ကြီးမြတ်သော တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား သစ်ရွက်အခင်း ဖြန့်ခင်းပြီးလျှင် ငါသည် ပန်းနေရာကို ပေးလှူခဲ့၏။
၁၁၄။ ‘‘ပုပ္ဖါသနေ နိသီဒိတွာ, သိဒ္ဓတ္ထော လောကနာယကော၊
မမဉ္စ ဂတိမညာယ, အနိစ္စတမုဒါဟရိ။
၁၁၄။ ပန်းနေရာ၌ ထိုင်တော်မူလျက် သိဒ္ဓတ္ထမည်သော မြတ်စွာဘုရားသည် ငါ၏ လားရာ ‘ဂတိ’ ကို သိတော်မူ၍ မမြဲသည်၏ အဖြစ် ‘အနိစ္စသညာ’ ကို ထုတ်ဖော်မြွက်ဆိုတော်မူ၏။
၁၁၅။ ‘‘‘အနိစ္စာ ဝတ သင်္ခါရာ, ဥပ္ပါဒဝယဓမ္မိနော၊
ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ, တေသံ ဝူပသမော သုခေါ’။
၁၁၅။ ပြုပြင်စီရင်အပ်သော ‘သင်္ခါရ’ တရားတို့သည် မမြဲကုန်စွတကား၊ ဖြစ်ခြင်း, ပျက်ခြင်း သဘောရှိကုန်၏၊ ဖြစ်ကုန်ပြီး၍ ချုပ်ပျက်ကုန်၏၊ ထိုပြုပြင်စီရင်အပ်သော ‘သင်္ခါရ’ တရား တို့၏ ငြိမ်းရာဖြစ်သော နိဗ္ဗာန်သည် ချမ်းသာ၏။
၁၁၆။ ‘‘ဣဒံ ဝတွာန သဗ္ဗညူ, လောကဇေဋ္ဌော နရာသဘော၊
နဘံ အဗ္ဘုဂ္ဂမိ ဝီရော, ဟံသရာဇာဝ အမ္ဗရေ။
၁၁၆။ ဤတရားတော်ကို ဟောတော်မူပြီးလျှင် လောကထက် ကြီး၍ လူတို့ထက် မြတ် တော်မူသော လုံ့လကြီးသူ သဗ္ဗညုမြတ်စွာဘုရားသည် ‘ကောင်းကင်၌ ဟင်္သာမင်း ပျံတက် သကဲ့သို့’ ကောင်းကင်၌ ပျံကြွတော်မူ၏။
၁၁၇။ ‘‘သကံ ဒိဋ္ဌိံ ဇဟိတွာန, ဘာဝယာနိစ္စသညဟံ၊
ဧကာဟံ ဘာဝယိတွာန, တတ္ထ ကာလံ ကတော အဟံ။
၁၁၇။ ငါသည် မိမိအယူကို စွန့်၍ “အမြဲမရှိ”ဟူသော အမှတ်သညာကို ပွါးများ၏၊ ငါသည် တစ်ရက်မျှ ပွါးများပြီး၍ ထိုအရပ်၌ပင် သေလွန်ရ၏။
၁၁၈။ ‘‘ဒွေ သမ္ပတ္တီ အနုဘောတွာ, သုက္ကမူလေန စောဒိတော၊
ပစ္ဆိမေ ဘဝေ သမ္ပတ္တေ, သပါကယောနုပါဂမိံ။
၁၁၈။ နှစ်ပါးသော စည်းစိမ်ကို ခံစားပြီး၍ ဖြူစင်သော ကုသိုလ်အကြောင်းရင်းသည် တိုက်တွန်းအပ်သောကြောင့် အဆုံးဘဝသို့ ရောက်လတ်သော် ဒွန်းစဏ္ဍားမျိုးသို့ ရောက်ရလေ၏။
၁၁၉။ ‘‘အဂါရာ အဘိနိက္ခမ္မ, ပဗ္ဗဇိံ အနဂါရိယံ၊
ဇာတိယာ သတ္တဝဿောဟံ, အရဟတ္တမပါပုဏိံ။
၁၁၉။ လူ့ဘောင်မှ ထွက်၍ လူ၏ စီးပွါးမဲ့ဖြစ်သော ရဟန်းဘောင်၌ ရဟန်းပြု၏၊ ငါသည် ဖွားသည်မှ ခုနစ်နှစ်သာ ရှိသေးသည်ဖြစ်လျက် အရဟတ္တဖိုလ်သို့ ရောက်ရ၏။
၁၂၀။ ‘‘အာရဒ္ဓဝီရိယော ပဟိတတ္တော, သီလေသု သုသမာဟိတော၊
တောသေတွာန မဟာနာဂံ, အလတ္ထံ ဥပသမ္ပဒံ။
၁၂၀။ အားထုတ်မှု ‘ဝီရိယ’ ရှိသည်ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်ထားသည့် စိတ်ရှိသော သီလတို့၌ ကောင်းစွာ ဆောက်တည်အပ်သော ငါသည် မြတ်စွာဘုရားကို နှစ်သိမ့်စေ၍ ရဟန်းအဖြစ်ကို ရ၏။
၁၂၁။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ပုပ္ဖဒါနဿိဒံ ဖလံ။
၁၂၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်ဝယ် အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့့ဖြစ်ရခြင်းသည် ပန်းလှူရခြင်း၏ အကျိုးပေတည်း။
၁၂၂။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ သညံ ဘာဝယိံ တဒါ၊
တံ သညံ ဘာဝယန္တဿ, ပတ္တော မေ အာသဝက္ခယော။
၁၂၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်ဝယ် အကြင်အနိစ္စသညာကို ပွါးများခဲ့၏၊ ထိုအနိစ္စသညာကို ပွါးများသော ငါ့အား အာသဝေါတရားတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) သို့ ရောက်ရ၏။
၁၂၃။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ သောပါကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
သောပါကတ္ထေရဿာပဒါနံ နဝမံ။
၁၂၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သောပါကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် သောပါကတ္ထေရအပဒါန ပြီး၏။
၁၀။ သုမင်္ဂလတ္ထေရအပဒါနံ
၁၂၄။ ‘‘အာဟုတိံ ယိဋ္ဌုကာမောဟံ, ပဋိယာဒေတွာန ဘောဇနံ၊
ဗြာဟ္မဏေ ပဋိမာနေန္တော, ဝိသာလေ မာဠကေ ဌိတော။
၁၀-သုမင်္ဂလတ္ထေရအပဒါန ၁၂၄။ ယဇ်ကြီး, အလှူကြီးကို ပူဇော်လိုသော ငါသည် ယဇ်စာဘောဇဥ်ကို စီရင်ပြီးလျှင် စင်ကြယ်သော ရဟန်းတို့ကို မျှော်ငံ့လျက် ကျယ်ဝန်းသော တန်ဆောင်းဝန်း၌ ရပ်တည်၏။
၁၂၅။ ‘‘အထဒ္ဒသာသိံ သမ္ဗုဒ္ဓံ, ပိယဒဿိံ မဟာယသံ၊
သဗ္ဗလောကဝိနေတာရံ, သယမ္ဘုံ အဂ္ဂပုဂ္ဂလံ။
၁၂၆။ ‘‘ဘဂဝန္တံ ဇုတိမန္တံ, သာဝကေဟိ ပုရက္ခတံ၊
အာဒိစ္စမိဝ ရောစန္တံ, ရထိယံ ပဋိပန္နကံ။
၁၂၇။ ‘‘အဉ္ဇလိံ ပဂ္ဂဟေတွာန, သကံ စိတ္တံ ပသာဒယိံ၊
မနသာဝ နိမန္တေသိံ, ‘အာဂစ္ဆတု မဟာမုနိ’။
၁၂၈။ ‘‘မမ သင်္ကပ္ပမညာယ, သတ္ထာ လောကေ အနုတ္တရော၊
ခီဏာသဝသဟဿေဟိ, မမ ဒွါရံ ဥပါဂမိ။
၁၂၅-၁၂၆-၁၂၇။ ထိုအခါ များသောအခြံအရံရှိတော်မူသော တစ်လောကလုံးကို နိဗ္ဗာန်သို့ ပို့ဆောင်ကာ အလိုလိုသာဖြစ်သည့် အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တော်မူသော ဘုန်းတော်ကြီးသည် ဖြစ်၍ ရောင်ခြည်တော်ခြောက်ပါးရှိသော တပည့်တို့ဖြင့် ခြံရံလျက် ‘တောက်ပသော နေမင်း ကြီးကဲ့သို့’ ခရီးလမ်းမ၌ (ရွှေတောင်မားမား ရွရွတွားသို့) ကြွသွားတော်မူသော ပိယဒဿီ မြတ်စွာဘုရားကို ဖူးမြင်ရပေ၏၊ ဖူးမြင်ရသော် လက်အုပ်ချီပြီးလျှင် မိမိစိတ်ကို ကြည်လင်စေ၏၊ မြတ်စွာဘုရားသည် ကြွလာတော်မူပါဟု စိတ်ဖြင့်သာလျှင် ပင့်ဖိတ်၏။ ၁၂၈။ လောက၌ အတုမဲ့ဖြစ်တော်မူသော ဘုရားသည် ငါ၏ စိတ်အကြံအစည်ကို သိတော် မူ၍ ရဟန္တာတစ်ထောင်တို့နှင့်တကွ ငါ၏ အိမ်တံခါးသို့ ချဥ်းကပ်တော်မူလာ၏။
၁၂၉။ ‘‘နမော တေ ပုရိသာဇည, နမော တေ ပုရိသုတ္တမ၊
ပါသာဒံ အဘိရူဟိတွာ, သီဟာသနေ နိသီဒတံ [နိသီဒ တွံ (သီ။)]။
၁၂၉။ ယောကျာ်းမြတ်အာဇာနည် ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ ယောကျာ်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ ပြာသာဒ်ထက်သို့ တက်တော်မူ၍ မြတ်သော နေရာ၌ ထိုင်တော်မူပါလော့။ (ဤသို့ စိတ်ဖြင့် သာလျှင် ပင့်ဖိတ်၏)။
၁၃၀။ ‘‘ဒန္တော ဒန္တပရိဝါရော, တိဏ္ဏော တာရယတံ ဝရော၊
ပါသာဒံ အဘိရူဟိတွာ, နိသီဒိ ပဝရာသနေ။
၁၃၀။ ကိုယ်တော်တိုင် ယဥ်ကျေးတော်မူသည်ဖြစ်၍ ယဥ်ကျေးသော ရဟန္တာပရိသတ် တို့ဖြင့် ခြံရံအပ်သော ကိုယ်တော်တိုင် ကူးမြောက်တော်မူပြီးသည်ဖြစ်၍ ကူးမြောက်ပြီးသောသူတို့ထက် မြတ်တော်မူသော ဘုရားသည် ပြာသာဒ်ထက်သို့ တက်တော်မူ၍ မြတ်သော နေရာ၌ ထိုင်နေတော်မူ၏။
၁၃၁။ ‘‘ယံ မေ အတ္ထိ သကေ ဂေဟေ, အာမိသံ ပစ္စုပဋ္ဌိတံ၊
တာဟံ ဗုဒ္ဓဿ ပါဒါသိံ, ပသန္နော သေဟိ ပါဏိဘိ။
၁၃၁။ မိမိအိမ်၌ ရှေးရှုတည်ရှိသော အစာအာဟာရကို ငါသည် ကြည်ညိုလှသည်ဖြစ်၍ မိမိလက်တို့ဖြင့် မြတ်စွာဘုရားအား ပေးလှူခဲ့၏။
၁၃၂။ ‘‘ပသန္နစိတ္တော သုမနော, ဝေဒဇာတော ကတဉ္ဇလီ၊
ဗုဒ္ဓသေဋ္ဌံ နမဿာမိ, အဟော ဗုဒ္ဓဿုဠာရတာ။
၁၃၂။ ငါသည် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ နှစ်သက်ခြင်းရှိသည်ဖြစ်၍ လက်အုပ်ချီလျက် ဘုရားမြတ်ကို ရှိခိုး၏၊ မြတ်စွာဘုရား၏ မြင့်မြတ်သည်၏ အဖြစ်သည် အံ့ဖွယ်ရှိစွတကား။
၁၃၃။ ‘‘အဋ္ဌန္နံ ပယိရူပါသတံ, ဘုဉ္ဇံ ခီဏာသဝါ ဗဟူ၊
တုယှေဝေသော အာနုဘာဝေါ, သရဏံ တံ ဥပေမဟံ။
၁၃၃။ အိမ်သို့ ချဥ်းကပ်၍ ဆွမ်းစားကုန်သော ရှစ်ယောက်သော အရိယာပုဂ္ဂိုလ်တို့တွင် ရဟန္တာပုဂ္ဂိုလ်တို့က များပြားကုန်၏၊ ဤအာနုဘော်သည် အရှင်ဘုရား၏ အာနုဘော်သာလျှင် ဖြစ်ပါ၏၊ အကျွန်ုပ်သည် အရှင်ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
၁၃၄။ ‘‘ပိယဒဿီ စ ဘဂဝါ, လောကဇေဋ္ဌော နရာသဘော၊
ဘိက္ခုသံဃေ နိသီဒိတွာ, ဣမာ ဂါထာ အဘာသထ။
၁၃၄။ လောကထက် ကြီး၍ လူတို့ထက် မြတ်တော်မူသော ပိယဒဿီမြတ်စွာဘုရားသည် ရဟန်းသံဃာ (အလယ်) ၌ ထိုင်တော်မူလျက် ဤဆိုမည့်ဂါထာတို့ကို မိန့်တော်မူ၏-
၁၃၅။ ‘‘‘ယော သော သံဃံ အဘောဇေသိ, ဥဇုဘူတံ သမာဟိတံ၊
တထာဂတဉ္စ သမ္ဗုဒ္ဓံ, သုဏာထ မမ ဘာသတော။
၁၃၅။ အကြင်သူသည် ဖြောင့်မတ်သည် ဖြစ်၍ တည်ကြည်သော သံဃာကိုလည်းကောင်း၊ သစ္စာလေးပါးကို သိသော မြတ်စွာဘုရားကိုလည်းကောင်း ဆွမ်းလုပ်ကျွေး၏။ (ထိုသူကို ဗျာဒိတ်စကား ဟောကြားပေအံ့၊) ဟောကြားမည့် ငါ၏ ဗျာဒိတ်စကားကို နာကြကုန်လော့-
၁၃၆။ ‘‘‘သတ္တဝီသတိက္ခတ္တုံ သော, ဒေဝရဇ္ဇံ ကရိဿတိ၊
သကကမ္မာဘိရဒ္ဓေါ သော, ဒေဝလောကေ ရမိဿတိ။
၁၃၆။ ထိုသူသည် နှစ်ဆယ့်ခုနစ်ကြိမ် နတ်မင်းအဖြစ်ကို ပြုရလတ္တံ့၊ ထိုသူသည် မိမိ ကုသိုလ်ကောင်းမှုကို အားထုတ်ပြီးသည်ဖြစ်၍ နတ်ပြည်၌ မွေ့လျော်ရလတ္တံ့။
၁၃၇။ ‘‘‘ဒသ အဋ္ဌ စက္ခတ္တုံ [ဒသဉ္စဋ္ဌက္ခတ္ထုံ (သီ။), ဒသ စဋ္ဌက္ခတ္တုံ (သျာ။)] သော, စက္ကဝတ္တီ ဘဝိဿတိ၊
ပထဗျာ ရဇ္ဇံ ပဉ္စသတံ, ဝသုဓံ အာဝသိဿတိ’။
၁၃၇။ ထိုသူသည် တစ်ဆယ့်ရှစ်ကြိမ် စကြဝတေးမင်း ဖြစ်ရလတ္တံ့၊ အကြိမ်ငါးရာတိုင်တိုင် ဧကရာဇ်မင်းဖြစ်၍ မြေအပြင်ကို စိုးအုပ်ရလတ္တံ့။
၁၃၈။ ‘‘အရညဝနမောဂ္ဂယှ, ကာနနံ ဗျဂ္ဃသေဝိတံ၊
ပဓာနံ ပဒဟိတွာန, ကိလေသာ ဈာပိတာ မယာ။
၁၃၈။ ကျားတို့၏ မှီခိုရာ ဖြစ်၍ အသံကျစ်ကျစ်မြည်တတ်သော တောသို့ သက်ဝင်၍ ကမ္မဋ္ဌာန်းကို အားထုတ်ပြီးလျှင် ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။
၁၃၉။ ‘‘အဋ္ဌာရသေ ကပ္ပသတေ, ယံ ဒါနမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဘတ္တဒါနဿိဒံ ဖလံ။
၁၃၉။ တစ်ထောင့်ရှစ်ရာသော ဝရကပ်ဝယ် ဆွမ်းလှူခဲ့သည့် ဘဝမှ စ၍ ငါသည် အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဆွမ်းလှူရခြင်း၏ အကျိုးပေတည်း။
၁၄၀။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ သုမင်္ဂလော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
သုမင်္ဂလတ္ထေရဿာပဒါနံ ဒသမံ။
တဿုဒ္ဒါနံ –
သီဟာသနီ ဧကထမ္ဘီ, နန္ဒော စ စူဠပန္ထကော၊
ပိလိန္ဒရာဟုလော စေဝ, ဝင်္ဂန္တော ရဋ္ဌပါလကော။
သောပါကော မင်္ဂလော စေဝ, ဒသေဝ ဒုတိယေ ဝဂ္ဂေ၊
သတဉ္စ အဋ္ဌတိံသ စ, ဂါထာ စေတ္ထ ပကာသိတာ။
သီဟာသနိယဝဂ္ဂေါ ဒုတိယော။
၁၄၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သုမင်္ဂလမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် သုမင်္ဂလတ္ထေရအပဒါန ပြီး၏။ နှစ်ခုမြောက် သီဟာသနိယဝဂ် ပြီး၏။
၃။ သုဘူတိဝဂ္ဂေါ
၁။ သုဘူတိတ္ထေရအပဒါနံ
၁။ ‘‘ဟိမဝန္တဿာဝိဒူရေ, နိသဘော နာမ ပဗ္ဗတော၊
အဿမော သုကတော မယှံ, ပဏ္ဏသာလာ သုမာပိတာ။
၃-သုဘူတိဝဂ် ၁-သုဘူတိတ္ထေရအပဒါန ၁။ ဟိမဝန္တာတောင်၏ အနီးဖြစ်သော အရပ်၌ နိသဘမည်သော တောင်ရှိ၏၊ (ထို တောင်၌) ငါသည် သင်္ခမ်းကျောင်းကို ကောင်းစွာ ပြုအပ်၏၊ သစ်ရွက်မိုးကျောင်းကို ကောင်း စွာ ဖန်ဆင်းအပ်၏။
၂။ ‘‘ကောသိယော နာမ နာမေန, ဇဋိလော ဥဂ္ဂတာပနော၊
ဧကာကိယော [ဧကာကိကော (က။)] အဒုတိယော, ဝသာမိ နိသဘေ တဒါ။
၂။ အမည်အားဖြင့် ကောသိယဟု ထင်ရှားသော လွန်ကဲသော အကျင့်ရှိသည့် ရသေ့ဖြစ် သော ငါသည် ထိုအခါ၌ နိသဘမည်သော တောင်၌ အဖော်မမှီး တစ်ယောက်တည်း ဖြစ်၍ နေ၏။
၃။ ‘‘ဖလံ မူလဉ္စ ပဏ္ဏဉ္စ, န ဘုဉ္ဇာမိ အဟံ တဒါ၊
ပဝတ္တံဝ သုပါတာဟံ [ပဝတ္တပဏ္ဍုပတ္တာနိ (သီ။)], ဥပဇီဝါမိ တာဝဒေ။
၃။ ထိုအခါ ငါသည် အသီး, အမြစ်, အရွက်ကို (ဆွတ်ချွေ, တူးဆွ, ခူးယူ၍) မစား၊ ငါသည် ထိုအခါ၌ အလိုလိုဖြစ်သော ကောင်းစွာ ကြွေကျသော သစ်သီးကိုသာလျှင် မှီ၍ အသက်မွေး၏။
၄။ ‘‘နာဟံ ကောပေမိ အာဇီဝံ, စဇမာနောပိ ဇီဝိတံ၊
အာရာဓေမိ သကံ စိတ္တံ, ဝိဝဇ္ဇေမိ အနေသနံ။
၄။ ငါသည် အစာမမျှ အသက်ကိုပင် စွန့်ရသော်လည်း အာဇီဝပါရိသုဒ္ဓိသီလကို မဖျက် ဆီး၊ မိမိစိတ်ကို နှစ်သက်အားရစေ၏၊ မရှာမှီးအပ်သည်ကို ကြဥ်ရှောင်၏။
၅။ ‘‘ရာဂူပသံဟိတံ စိတ္တံ, ယဒါ ဥပ္ပဇ္ဇတေ မမ၊
သယံဝ ပစ္စဝေက္ခာမိ, ဧကဂ္ဂေါ တံ ဒမေမဟံ။
၅။ အကြင်အခါ ရာဂနှင့် စပ်ယှဥ်သော စိတ်သည် ငါ့အား ဖြစ်၏၊ ထိုအခါ ကိုယ်တိုင် သာလျှင် (ဉာဏ်ဖြင့်) ဆင်ခြင်၏၊ ငါသည် တည်ကြည်သော စိတ်ရှိသည် ဖြစ်၍ ထိုရာဂနှင့် စပ်ယှဥ်သော စိတ်ကို ဆုံးမ၏။
၆။ ‘‘‘ရဇ္ဇသေ ရဇ္ဇနီယေ စ, ဒုဿနီယေ စ ဒုဿသေ၊
မုယှသေ မောဟနီယေ စ, နိက္ခမဿု ဝနာ တုဝံ။
၆။ တပ်နှစ်သက်ဖွယ် ဖြစ်သော အာရုံ၌ တပ်နှစ်သက်ငြားအံ့၊ အမျက်ထွက်ဖွယ် ဖြစ်သော အာရုံ၌ အမျက်ထွက်ငြားအံ့၊ တွေဝေဖွယ် ဖြစ်သော အာရုံ၌ တွေဝေငြားအံ့၊ သင်သည် တောမှ ထွက်သွားလော့။
၇။ ‘‘‘ဝိသုဒ္ဓါနံ အယံ ဝါသော, နိမ္မလာနံ တပဿိနံ၊
မာ ခေါ ဝိသုဒ္ဓံ ဒူသေသိ, နိက္ခမဿု ဝနာ တုဝံ။
၇။ ဤတောအရပ်သည် စင်ကြယ်ကုန်သော အညစ်အကြေး ကင်းကုန်သော ရသေ့ရဟန်း တို့၏ နေရာဖြစ်၏၊ စင်ကြယ်သူကို မဖျက်ဆီးလင့်၊ သင်သည် တောမှ ထွက်သွားလော့။
၈။ ‘‘‘အဂါရိကော ဘဝိတွာန, ယဒါ ပုတ္တံ [သဒါယုတ္တံ (သီ။), ယဒါယုတ္တံ (သျာ။)], လဘိဿသိ၊
ဥဘောပိ မာ ဝိရာဓေသိ, နိက္ခမဿု ဝနာ တုဝံ။
၈။ သင်သည် အကြင်အခါ၌ အိမ်ရာတည်ထောင်သူ လူဖြစ်၍ သားသမီးကို ရလတ္တံ့၊ ထိုအခါ၌ သင်သည် နှစ်ပါးသော အကျိုးတို့ကို မလွဲချော်စေလင့်၊ သင်သည် တောမှ ထွက် သွားလော့။
၉။ ‘‘‘ဆဝါလာတံ ယထာ ကဋ္ဌံ, န ကွစိ ကိစ္စကာရကံ၊
နေဝ ဂါမေ အရညေ ဝါ, န ဟိ တံ ကဋ္ဌသမ္မတံ။
၉။ ‘ယုတ်ညံ့သော မီးစဖြစ်သော ထင်းကုလားတုံးသည် တစ်စုံတစ်ခုသော အရာ၌ ကိစ္စကို မပြီးစေနိုင်သကဲ့သို့’ ရွာ၌လည်းကောင်း၊ တော၌လည်းကောင်း ကိစ္စကို မပြီးစေနိုင်။ ထိုစကား မှန်၏၊ ထိုထင်းကုလားတုံးကို ထင်းဟူ၍ မသမုတ်အပ်။
၁၀။ ‘‘‘ဆဝါလာတူပမော တွံသိ, န ဂိဟီ နာပိ သညတော၊
ဥဘတော မုတ္တကော အဇ္ဇ, နိက္ခမဿု ဝနာ တုဝံ။
၁၀။ သင်သည် ထင်းကုလားတုံးနှင့် အလားတူ၏၊ လူလည်း မမည်၊ ကိုယ်နှုတ် စောင့်စည်းသော ရဟန်းလည်း မဟုတ်၊ သင်သည် နှစ်ပါးစုံမှ လွတ်သည်ဖြစ်၍ ယခုပင် တောမှ ထွက်သွားလော့။
၁၁။ ‘‘‘သိယာ နု ခေါ တဝ ဧတံ, ကော ပဇာနာတိ တေ ဣဒံ၊
သဒ္ဓါဓုရံ ဝဟိသိ [သဒ္ဓါဓုရံ ဇဟသိ (သီ။), သီဃံ ဓုရံ ဝဟိသိ (သျာ။)] မေ, ကောသဇ္ဇဗဟုလာယ စ။
၁၁။ သင်၏ ဤကောင်းမှုကံကို အဘယ်သူသည် သိနိုင်အံ့နည်း၊ ပျင်းရိခြင်းများသော်လည်း ငါ၏ သဒ္ဓါတရားသည် ဝန်ကို ရွက်ဆောင်၏ဟူသော အကြံအစည်သည် သင့်အား ဖြစ် အံ့သည်သာတည်း။
၁၂။ ‘‘‘ဇိဂုစ္ဆိဿန္တိ တံ ဝိညူ, အသုစိံ နာဂရိကော ယထာ၊
အာကဍ္ဎိတွာန ဣသယော, စောဒယိဿန္တိ တံ သဒါ။
၁၂။ မြို့ကြီးသူသည် မစင်ကို စက်ဆုပ်သကဲ့သို့ ထို့အတူ ပညာရှိတို့သည် သင့်ကို စက်ဆုပ်ကုန်လတ္တံ့၊ ရသေ့တို့သည် သင့်ကို ဆွဲငင်၍ အခါခပ်သိမ်း အပြစ်တင်ကုန်လတ္တံ့။
၁၃။ ‘‘‘တံ ဝိညူ ပဝဒိဿန္တိ, သမတိက္ကန္တသာသနံ၊
သံဝါသံ အလဘန္တော ဟိ, ကထံ ဇီဝိဟိသိ [ဇီဝိဿသိ (သီ။)] တုဝံ။
၁၃။ ပညာရှိတို့သည် အဆုံးအမကို ကျော်နင်းကျူးလွန်သော သင့်ကို စွပ်စွဲ ပြောဆိုကုန် လတ္တံ့၊ သင်သည် ရသေ့ကောင်းတို့နှင့် ပေါင်းဖော်ခြင်းကို မရသည်ရှိသော် အသို့လျှင် အသက်မွေးနိုင်အံ့နည်း။
၁၄။ ‘‘‘တိဓာပဘိန္နံ မာတင်္ဂံ, ကုဉ္ဇရံ သဋ္ဌိဟာယနံ၊
ဗလီ နာဂေါ ဥပဂန္တွာ, ယူထာ နီဟရတေ ဂဇံ။
၁၄။ ဆင်ပြောင်ကြီးသည် အရပ်သုံးပါးမှ ယိုစီးကျသော အမုန်ရှိသော ကြီးသော ကိုယ် အင်္ဂါရှိသော တောင်ထိပ်၌ မွေ့လျော်သော အနှစ်ခြောက်ဆယ်၌ အားဆုတ်ယုတ်သော ဆင်ကို ဆင်အုပ်မှ ကပ်၍ နှင်ထုတ်၏။
၁၅။ ‘‘‘ယူထာ ဝိနိဿဋော သန္တော, သုခံ သာတံ န ဝိန္ဒတိ၊
ဒုက္ခိတော ဝိမနော ဟောတိ, ပဇ္ဈာယန္တော ပဝေဓတိ။
၁၅-၁၆။ ဆင်အုပ်မှ လွတ်ထွက်သော ဆင်သည် သာယာဖွယ် ချမ်းသာကို မရ၊ ဆင်းရဲ ခြင်းသို့ ရောက်၍ နှလုံးမသာယာ ဖြစ်ရ၏၊ ကြံမှိုင်လျက် တုန်လှုပ်ရသကဲ့သို့ ထို့အတူသာ လျှင် ရသေ့တို့သည် ပညာမဲ့သော သင့်ကိုလည်း နှင်ထုတ်ကုန်လတ္တံ့၊ သင်သည် ထိုရသေ့တို့ က နှင်ထုတ်အပ်သည်ဖြစ်၍ သာယာဖွယ် ချမ်းသာကို မရလတ္တံ့။
၁၆။ ‘‘‘တထေဝ ဇဋိလာ တမ္ပိ, နီဟရိဿန္တိ ဒုမ္မတိံ၊
တေဟိ တွံ နိဿဋော သန္တော, သုခံ သာတံ န လစ္ဆသိ။
၁၇။ ‘‘‘ဒိဝါ ဝါ ယဒိ ဝါ ရတ္တိံ, သောကသလ္လသမပ္ပိတော၊
ဍယှသိ ပရိဠာဟေန, ဂဇော ယူထာဝ နိဿဋော။
၁၇။ နေ့အခါ၌လည်းကောင်း၊ ညဥ့်အခါ၌လည်းကောင်း သောကတည်းဟူသော ငြောင့် သည် စူးဝင်အပ်သည်ဖြစ်၍ ပူပန်ခြင်းဖြင့် လောင်မြိုက်ရလတ္တံ့။ ဥပမာအားဖြင့် ဆင်အုပ်မှ နှင်ထုတ်ခံရသော ဆင်ကဲ့သို့တည်း။
၁၈။ ‘‘‘ဇာတရူပံ ယထာ ကူဋံ, နေဝ ဈာယတိ [ယာယတိ (သျာ။)] ကတ္ထစိ၊
တထာ သီလဝိဟီနော တွံ, န ဈာယိဿသိ [ယာရိဿတိ (သျာ။)] ကတ္ထစိ။
၁၈။ ကောက်ကျစ်စဥ်းလဲသော ရွှေသည် တစ်စုံတစ်ခုသော ပြုဖွယ်၌ မထွန်းပ မပြီးစီးနိုင် သကဲ့သို့ ထို့အတူ သီလမှ ယုတ်သော သင်သည် တစ်စုံတစ်ခု ပြုဖွယ်ကိစ္စ၌ မတောက်ပ လတ္တံ့။
၁၉။ ‘‘‘အဂါရံ ဝသမာနောပိ, ကထံ ဇီဝိဟိသိ တုဝံ၊
မတ္တိကံ ပေတ္တိကဉ္စာပိ, နတ္ထိ တေ နိဟိတံ ဓနံ။
၁၉။ သင်သည် အိမ်၌ နေသော်လည်း အသို့လျှင် အသက်မွေးနိုင်အံ့နည်း၊ သိုမှီးထားအပ် သော မိဘက်ဖဘက်မှ လာသော ဥစ္စာသည် သင့်အား မရှိချေ။
၂၀။ ‘‘‘သယံ ကမ္မံ ကရိတွာန, ဂတ္တေ သေဒံ ပမောစယံ၊
ဧဝံ ဇီဝိဟိသိ ဂေဟေ, သာဓု တေ တံ န ရုစ္စတိ။
၂၀။ ကိုယ်တိုင် လယ်လုပ်, ကုန်သွယ်, ရောင်းဝယ်မှုကို ပြု၍ ကိုယ်၌ ချွေးကို ယိုစီးစေ လျက် အိမ်၌ ဤသို့ အသက်မွေးမှုကို မနှစ်သက်အပ်။
၂၁။ ‘‘‘ဧဝါဟံ တတ္ထ ဝါရေမိ, သံကိလေသဂတံ မနံ၊
နာနာဓမ္မကထံ ကတွာ, ပါပါ စိတ္တံ နိဝါရယိံ’။
၂၁။ ငါသည် ထိုတော၌ ညစ်ညူးပူပန်ခြင်းသို့ ရောက်သောစိတ်ကို ဤသို့ တားမြစ်၏၊ အထူးထူးသော တရားစကားကို နှလုံးသွင်းလျက် မကောင်းမှုမှ စိတ်ကို တားမြစ်၏။
၂၂။ ‘‘ဧဝံ မေ ဝိဟရန္တဿ, အပ္ပမာဒဝိဟာရိနော၊
တိံသဝဿသဟဿာနိ, ဝိပိနေ မေ အတိက္ကမုံ။
၂၂။ ငါသည် မမေ့မလျော့ဘဲ ဤသို့ နေစဥ် ငါ့အား အနှစ်သုံးသောင်းတို့သည် တော အတွင်း၌ လွန်ကုန်၏။
၂၃။ ‘‘အပ္ပမာဒရတံ ဒိသွာ, ဥတ္တမတ္ထံ ဂဝေသကံ၊
ပဒုမုတ္တရသမ္ဗုဒ္ဓေါ, အာဂစ္ဆိ မမ သန္တိကံ။
၂၃။ မြတ်သော အကျိုးကို ရှာမှီးလျက် မမေ့မလျော့ခြင်း၌ မွေ့လျော်သော ငါ့ကို မြင်၍ ပဒုမုတ္တရ မြတ်စွာဘုရားသည် ငါ၏ အထံသို့ ကြွလာတော်မူ၏။
၂၄။ ‘‘တိမ္ဗရူသကဝဏ္ဏာဘော, အပ္ပမေယျော အနူပမော၊
ရူပေနာသဒိသော ဗုဒ္ဓေါ, အာကာသေ စင်္ကမီ တဒါ။
၂၄။ ရွှေတည်သီးမှည့်အဆင်းနှင့် တူသော အဆင်းရှိတော်မူသော မနှိုင်းရှည့်နိုင်သည်ဖြစ်၍ နှိုင်းရှည့်စရာ ဥပမာမရှိသော အဆင်းသဏ္ဌာန်အားဖြင့် အတုမရှိသော မြတ်စွာဘုရားသည် ထိုအခါ ကောင်းကင်၌ စင်္ကြံ ကြွတော်မူ၏။
၂၅။ ‘‘သုဖုလ္လော သာလရာဇာဝ, ဝိဇ္ဇူဝဗ္ဘဃနန္တရေ၊
ဉာဏေနာသဒိသော ဗုဒ္ဓေါ, အာကာသေ စင်္ကမီ တဒါ။
၂၅။ ကောင်းစွာ ပွင့်သော အင်ကြင်းပင်မင်းကဲ့သို့လည်းကောင်း၊ တစ်ခဲနက်သော တိမ် တိုက်ကြား၌ လျှပ်စစ်ကဲ့သို့လည်းကောင်း ဇဝနဉာဏ်တော်ဖြင့် အတုမရှိသော မြတ်စွာဘုရား သည် ထိုအခါ ကောင်းကင်၌ စင်္ကြံ ကြွတော်မူ၏။
၂၆။ ‘‘သီဟရာဇာ ဝသမ္ဘီတော [ဆမ္ဘိတော (က။)],ဂဇရာဇာဝ ဒပ္ပိတော [ဒမ္မိတော (က။)]။
လာသိတော [အဘီတော (သျာ။)] ဗျဂ္ဃရာဇာဝ, အာကာသေ စင်္ကမီ တဒါ။
၂၆။ မကြောက်မရွံ့သော ခြင်္သေ့မင်းကဲ့သို့လည်းကောင်း၊ ယဥ်ကျေးသော ဆင်မင်းကဲ့သို့လည်းကောင်း၊ တင့်တယ်စံပယ်သော ကျားမင်းကဲ့သို့လည်းကောင်း (မြတ်စွာဘုရားသည်) ထိုအခါ ကောင်းကင်၌ စင်္ကြံကြွတော်မူ၏။
၂၇။ ‘‘သိင်္ဂီနိက္ခသဝဏ္ဏာဘော, ခဒိရင်္ဂါရသန္နိဘော၊
မဏိ ယထာ ဇောတိရသော, အာကာသေ စင်္ကမီ တဒါ။
၂၇။ သိင်္ဂနိက်ရွှေစင်အဆင်းနှင့် တူသော ကိုယ်အဆင်းရှိတော်မူသော ရှားမီးကျီးနှင့် တူ တော်မူသော ဇောတိရသမနောမြနှင့် တူသော မြတ်စွာဘုရားသည် ထိုအခါ ကောင်းကင်၌ စင်္ကြံကြွတော်မူ၏။
၂၈။ ‘‘ဝိသုဒ္ဓကေလာသနိဘော, ပုဏ္ဏမာယေဝ စန္ဒိမာ၊
မဇ္ဈနှိကေဝ [မဇ္ဈန္တိကေဝ (သဗ္ဗတ္ထ)] သူရိယော, အာကာသေ စင်္ကမီ တဒါ။
၂၈။ စင်ကြယ်သော ကေလာသငွေတောင်နှင့် တူသော လပြည့်နေ့၌ လကဲ့သို့သော မွန်းတည့်အခါ နေကဲ့သို့သော မြတ်စွာဘုရားသည် ထိုအခါ ကောင်းကင်၌ စင်္ကြံ ကြွတော်မူ၏။
၂၉။ ‘‘ဒိသွာ နဘေ စင်္ကမန္တံ, ဧဝံ စိန္တေသဟံ တဒါ၊
‘ဒေဝေါ နု ခေါ အယံ သတ္တော, ဥဒါဟု မနုဇော အယံ။
၂၉။ ကောင်းကင်၌ စင်္ကြံ ကြွတော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြင်ရသောကြောင့် ထို အခါ ငါသည် “ဤပုဂ္ဂိုလ်သည် နတ်လေလော၊ သို့မဟုတ် လူလေလော”ဟု ဤသို့ ကြံ စည်မိ၏။
၃၀။ ‘‘‘န မေ သုတော ဝါ ဒိဋ္ဌော ဝါ, မဟိယာ ဧဒိသော နရော၊
အပိ မန္တပဒံ အတ္ထိ, အယံ သတ္ထာ ဘဝိဿတိ’။
၃၀။ မြေအပြင်၌ ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို ငါသည် ကြားလည်း မကြားစဖူး၊ မြင်လည်း မမြင်စဖူး၊ စင်စစ် ဗေဒင်မန္တရားပုဒ်သည် ရှိ၏၊ ဤသူသည် မြတ်စွာဘုရား ဖြစ် လတ္တံ့။
၃၁။ ‘‘ဧဝါဟံ စိန္တယိတွာန, သကံ စိတ္တံ ပသာဒယိံ၊
နာနာပုပ္ဖဉ္စ ဂန္ဓဉ္စ, သန္နိပါတေသဟံ [သန္နိပါတေတွာဟံ (သီ။)] တဒါ။
၃၁။ ငါသည် ဤသို့ ကြံပြီး၍ မိမိစိတ်ကို ကြည်လင်စေ၏။ ထိုအခါ ငါသည် အထူးထူး သော ပန်းကိုလည်းကောင်း၊ အထူးထူးသော နံ့သာကိုလည်းကောင်း တစ်ပေါင်းတည်း စုရုံး၏။ (စုရုံးပြီးလျှင် ) -
၃၂။ ‘‘ပုပ္ဖါသနံ ပညပေတွာ, သာဓုစိတ္တံ မနောရမံ၊
နရသာရထိနံ အဂ္ဂံ, ဣဒံ ဝစနမဗြဝိံ။
၃၂။ ကောင်းစွာ ဆန်းကြယ်, နှလုံးမွေ့လျော်ဖွယ် ဖြစ်သော ပန်းနေရာကို ခင်း၍ ဆုံးမ တတ်သူ လူတို့ထက် မြတ်သော မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-
၃၃။ ‘‘‘ဣဒံ မေ အာသနံ ဝီရ, ပညတ္တံ တဝနုစ္ဆဝံ၊
ဟာသယန္တော မမံ စိတ္တံ, နိသီဒ ကုသုမာသနေ’။
၃၃။ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား လျောက်ပတ်သော ဤပန်းနေရာကို အကျွန်ုပ် ခင်းထားပါ၏၊ ကျွန်ုပ်၏ စိတ်ကို ရွှင်လန်းစေလျက် ပန်းနေရာ၌ ထိုင်နေတော်မူပါလော့။
၃၄။ ‘‘နိသီဒိ တတ္ထ ဘဂဝါ, အသမ္ဘီတောဝ [အဆမ္ဘိတောဝ (က။)] ကေသရီ၊
သတ္တရတ္တိန္ဒိဝံ ဗုဒ္ဓေါ, ပဝရေ ကုသုမာသနေ။
၃၄။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ‘ကြောက်ရွံ့ခြင်း ကင်းသော ခြင်္သေ့မင်း ကဲ့သို့’ ထိုမြတ်သော ပန်းနေရာ၌ ခုနစ်ရက်သော နေ့ညဥ့်တို့ပတ်လုံး ထိုင်နေတော်မူ၏။
၃၅။ ‘‘နမဿမာနော အဋ္ဌာသိံ, သတ္တရတ္တိန္ဒိဝံ အဟံ၊
ဝုဋ္ဌဟိတွာ သမာဓိမှာ, သတ္ထာ လောကေ အနုတ္တရော၊
မမ ကမ္မံ ပကိတ္တေန္တော, ဣဒံ ဝစနမဗြဝိ။
၃၅။ ငါသည် ခုနစ်ရက်သော နေ့ညဥ့်တို့ပတ်လုံး ရှိခိုးလျက် တည်နေ၏၊ နိရောဓ သမာပတ်မှ ထတော်မူ၍ လောက၌ အတုမဲ့ဖြစ်တော်မူသော မြတ်စွာဘုရားသည် ငါ၏ ကောင်း မှုကံကို မြွက်ကြားတော်မူလျက် ဤစကားကို မိန့်တော်မူ၏-
၃၆။ ‘‘‘ဘာဝေဟိ ဗုဒ္ဓါနုဿတိံ, ဘာဝနာနမနုတ္တရံ၊
ဣမံ သတိံ ဘာဝယိတွာ, ပူရယိဿသိ မာနသံ။
၃၆။ ဘာဝနာတို့တွင် အတုမရှိသော ဗုဒ္ဓါနုဿတိဘာဝနာကို ပွါးများလော့၊ ဤဗုဒ္ဓါ နုဿတိကို ပွါးများ၍ နှလုံး၏ အလိုပြည့်ရလတ္တံ့၊ (ကြံစည်တိုင်း ထမြောက်အောင်မြင် ရလတ္တံ့)။
၃၇။ ‘‘‘တိံသကပ္ပသဟဿာနိ, ဒေဝလောကေ ရမိဿသိ၊
အသီတိက္ခတ္တုံ ဒေဝိန္ဒော, ဒေဝရဇ္ဇံ ကရိဿသိ၊
သဟဿက္ခတ္တုံ စက္ကဝတ္တီ, ရာဇာ ရဋ္ဌေ ဘဝိဿသိ။
၃၇။ ကမ္ဘာသုံးသောင်းတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရလတ္တံ့၊ အကြိမ်ရှစ်ဆယ် နတ် တို့ကို အစိုးရသည်ဖြစ်၍ သိကြားမင်းအဖြစ်ကို ပြုရလတ္တံ့၊ တိုင်းနိုင်ငံ၌ အကြိမ်တစ်ထောင် တိုင်တိုင် စကြဝတေးမင်း ဖြစ်ရလတ္တံ့။
၃၈။ ‘‘‘ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ၊
အနုဘောဿသိ တံ သဗ္ဗံ, ဗုဒ္ဓါနုဿတိယာ ဖလံ။
၃၈။ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည် ဂဏန်းအားဖြင့် မရေတွက်နိုင်၊ ထိုအလုံး စုံသော စည်းစိမ်ကို ခံစားရလတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် ဗုဒ္ဓါနုဿတိကို ပွါးများရခြင်း၏ အကျိုးပေတည်း။
၃၉။ ‘‘‘ဘဝါဘဝေ သံသရန္တော, မဟာဘောဂံ လဘိဿသိ၊
ဘောဂေ တေ ဦနတာ နတ္ထိ, ဗုဒ္ဓါနုဿတိယာ ဖလံ။
၃၉။ ဘဝကြီးငယ်၌ ကျင်လည်ရသည်ရှိသော် များမြတ်သော စည်းစိမ်ဥစ္စာကို ရလတ္တံ့၊ သင့်အား စည်းစိမ်ဥစ္စာ၌ ယုတ်လျော့သည်၏ အဖြစ်သည် မရှိ။ ဤသို့ ဖြစ်ရခြင်းသည် ဗုဒ္ဓါနုဿတိကို ပွါးများ ရခြင်း၏ အကျိုးပေတည်း။
၄၀။ ‘‘‘ကပ္ပသတသဟဿမှိ, ဩက္ကာကကုလသမ္ဘဝေါ၊
ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။
၄၀။ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမ မည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်လတ္တံ့။
၄၁။ ‘‘‘အသီတိကောဋိံ ဆဍ္ဍေတွာ, ဒါသေ ကမ္မကရေ ဗဟူ၊
ဂေါတမဿ ဘဂဝတော, သာသနေ ပဗ္ဗဇိဿသိ။
၄၁။ ကုဋေရှစ်ဆယ်သော ဥစ္စာကိုလည်းကောင်း၊ များစွာသော ကျေးကျွန် လုပ်သားတို့ကိုလည်းကောင်း စွန့်၍ ဂေါတမမြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းပြုရလတ္တံ့။
၄၂။ ‘‘‘အာရာဓယိတွာ သမ္ဗုဒ္ဓံ, ဂေါတမံ သကျပုင်္ဂဝံ၊
သုဘူတိ နာမ နာမေန, ဟေဿတိ သတ္ထု သာဝကော။
၄၂။ သာကီဝင်မင်းတို့၏ ရှေ့သွားဖြစ်သော ဂေါတမမြတ်စွာဘုရားကို အားရနှစ်သိမ့်စေ၍ ‘သုဘူတိ’ဟူသော အမည်ဖြင့် မြတ်စွာဘုရား၏ တပည့်သာဝက ဖြစ်လတ္တံ့။
၄၃။ ‘‘‘ဘိက္ခုသံဃေ နိသီဒိတွာ, ဒက္ခိဏေယျဂုဏမှိ တံ၊
တထာရဏဝိဟာရေ စ, ဒွီသု အဂ္ဂေ ဌပေဿတိ’။
၄၃။ (ဂေါတမမြတ်စွာဘုရားသည်) ရဟန်းသံဃာ (အလယ်၌) ထိုင်တော်မူ၍ သင့်ကို ဒက္ခိဏေယျဂုဏ်၌လည်းကောင်း၊ ကိလေသာကင်း၍ နေခြင်း ‘အရဏဝိဟာရ’ ၌လည်းကောင်း နှစ်ပါးသော အရာတို့၌ ဧတဒဂ်အရာ ထားလတ္တံ့။
၄၄။ ‘‘ဣဒံ ဝတွာန သမ္ဗုဒ္ဓေါ, ဇလဇုတ္တမနာမကော၊
နဘံ အဗ္ဘုဂ္ဂမီ ဝီရော, ဟံသရာဇာဝ အမ္ဗရေ။
၄၄။ တက်ကြွရဲရင့်တော်မူသော ပဒုမုတ္တရမြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူပြီး၍ ‘ကောင်းကင်၌ ဟင်္သာမင်း ပျံတက်သကဲ့သို့’ ကောင်းကင်သို့ ပျံတက်ကြွသွားတော်မူ၏။
၄၅။ ‘‘သာသိတော လောကနာထေန, နမဿိတွာ တထာဂတံ၊
သဒါ ဘာဝေမိ မုဒိတော, ဗုဒ္ဓါနုဿတိမုတ္တမံ။
၄၅။ မြတ်စွာဘုရားသည် ဆုံးမအပ်သည် ရှိသော် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် မြတ် သော ဗုဒ္ဓါနုဿတိကို အခါခပ်သိမ်း ဝမ်းမြောက်ဝမ်းသာ ပွါးများ၏။
၄၆။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသံ အဂစ္ဆဟံ။
၄၆။ ကောင်းစွာ ပြုအပ်သော ထိုကုသိုလ်ကံကြောင့်လည်းကောင်း၊ ကုသိုလ် စေတနာ, ဆု တောင်းခြင်းတို့ကြောင့်လည်းကောင်း လူ၌ ဖြစ်သော ကိုယ်ကို စွန့်၍ ငါသည် တာဝတိံသာ နတ်ပြည်သို့ ရောက်ရ၏။
၄၇။ ‘‘အသီတိက္ခတ္တုံ ဒေဝိန္ဒော, ဒေဝရဇ္ဇမကာရယိံ၊
သဟဿက္ခတ္တုံ ရာဇာ စ, စက္ကဝတ္တီ အဟောသဟံ။
၄၇။ ငါသည် နတ်တို့ကို အစိုးရသည်ဖြစ်၍ အကြိမ်ရှစ်ဆယ် သိကြားမင်းအဖြစ်ကို ပြုခဲ့ ပြီ၊ (တိုင်းနိုင်ငံ၌) စကြဝတေးမင်းသည်လည်း အကြိမ်တစ်ထောင် ဖြစ်ရ၏။
၄၈။ ‘‘ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ၊
အနုဘောမိ သုသမ္ပတ္တိံ, ဗုဒ္ဓါနုဿတိယာ ဖလံ။
၄၈။ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည် ဂဏန်းအားဖြင့် မရေတွက်နိုင်၊ မွန်မြတ် သော စည်းစိမ်ကို ခံစားရ၏။ ဤသို့ ဖြစ်ရခြင်းသည် ဗုဒ္ဓါနုဿတိကို ပွါးများရခြင်း၏ အကျိုးပေတည်း။
၄၉။ ‘‘ဘဝါဘဝေ သံသရန္တော, မဟာဘောဂံ လဘာမဟံ၊
ဘောဂေ မေ ဦနတာ နတ္ထိ, ဗုဒ္ဓါနုဿတိယာ ဖလံ။
၄၉။ ငါသည် ဘဝကြီးငယ်၌ ကျင်လည်ရသည် ရှိသော် မြတ်သော စည်းစိမ်ချမ်းသာကို ရ၏၊ ငါ့အား စည်းစိမ်ဥစ္စာ၌ ယုတ်လျော့သည်၏ အဖြစ်သည် မရှိ။ ဤသို့ ဖြစ်ရခြင်းသည် ဗုဒ္ဓါနုဿတိကို ပွါးများရခြင်း၏ အကျိုးပေတည်း။
၅၀။ ‘‘သတသဟဿိတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓါနုဿတိယာ ဖလံ။
၅၀။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်ဝယ် ဗုဒ္ဓါနုဿတိပွါးများမှုကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဗုဒ္ဓါနုဿတိကို ပွါးများရခြင်း၏ အကျိုးပေတည်း။
၅၁။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ သုဘူတိ ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
သုဘူတိတ္ထေရဿာပဒါနံ ပဌမံ။
၅၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သုဘူတိမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော သုဘူတိတ္ထေရအပဒါန ပြီး၏။
၂။ ဥပဝါနတ္ထေရအပဒါနံ
၅၂။ ‘‘ပဒုမုတ္တရော နာမ ဇိနော, သဗ္ဗဓမ္မာန ပါရဂူ၊
ဇလိတွာ အဂ္ဂိက္ခန္ဓောဝ, သမ္ဗုဒ္ဓေါ ပရိနိဗ္ဗုတော။
၂-ဥပဝါနတ္ထေရအပဒါန ၅၂။ တရားအားလုံးတို့၏ တစ်ဖက်ကမ်းသို့ ကူးခပ်တော်မူသော ပဒုမုတ္တရမြတ်စွာဘုရား သည် မီးပုံကြီးကဲ့သို့ တောက်ပလျက် သတ္တဝါတို့ကို အဝိဇ္ဇာတည်းဟူသော အိပ်ပျော်ခြင်းမှ နိုးစေတော်မူ၍ ပရိနိဗ္ဗာန်ဝင်စံတော်မူ၏။
၅၃။ ‘‘မဟာဇနာ သမာဂမ္မ, ပူဇယိတွာ တထာဂတံ၊
စိတံ ကတွာန သုကတံ, သရီရံ အဘိရောပယုံ။
၅၃။ များစွာသော လူတို့သည် အညီအညွတ် လာကုန်၍ မြတ်စွာဘုရားကို ပူဇော်ကြပြီး လျှင် ကောင်းစွာ ပြုအပ်သော လောင်တိုက်ထင်းပုံကို ပြု၍ အလောင်းတော်ကို ပင့်ဆောင် ချီတင်ကုန်၏။
၅၄။ ‘‘သရီရကိစ္စံ ကတွာန, ဓာတုံ တတ္ထ သမာနယုံ၊
သဒေဝမာနုသာ သဗ္ဗေ, ဗုဒ္ဓထူပံ အကံသု တေ။
၅၄။ အလောင်းတော် သင်္ဂြိုဟ်ခြင်းကိစ္စကို ပြု၍ ထိုသင်္ဂြိုဟ်ရာအရပ်၌ ဓာတ်တော်ကို တစ်ပေါင်းတည်း ပင့်ဆောင်ကုန်၏၊ နတ်လူတို့နှင့်တကွသော ထိုခပ်သိမ်းသော သူတို့သည် ဘုရားပုထိုးတော်ကို ပြုလုပ်တည်ထားကြကုန်၏။
၅၅။ ‘‘ပဌမာ ကဉ္စနမယာ, ဒုတိယာသိ မဏီမယာ၊
တတိယာ ရူပိယမယာ, စတုတ္ထီ ဖလိကာမယာ။
၅၅။ ပဌမပစ္စယံ (ပဌမအဆင့်) သည် ရွှေဖြင့် ပြီး၍ ဒုတိယပစ္စယံ (ဒုတိယအဆင့်) သည် ပတ္တမြားဖြင့် ပြီး၏။ တတိယပစ္စယံ (တတိယအဆင့်) သည် ငွေဖြင့် ပြီး၍ စတုတ္ထပစ္စယံ (စတုတ္ထအဆင့်) သည်ကား ဖန်ဖြင့် ပြီး၏။
၅၆။ ‘‘တထာ [တတ္ထ (သျာ။ က။)] ပဉ္စမိယာ ဘူမိ [နေမိ (သီ။)], လောဟိတင်္ဂမယာ အဟု၊
ဆဋ္ဌာ မသာရဂလ္လဿ, သဗ္ဗရတနမယူပရိ။
၅၆။ ထို့အတူ ပဉ္စမပစ္စယံအဆင့်သည် ပတ္တမြားနီဖြင့် ပြီး၏။ ဆဋ္ဌပစ္စယံအဆင့်သည် ပတ္တမြားပြောက်၏ အထက်၌ အလုံးစုံ ရတနာခုနစ်ပါးဖြင့် ပြီး၏။
၅၇။ ‘‘ဇင်္ဃာ မဏိမယာ အာသိ, ဝေဒိကာ ရတနမယာ၊
သဗ္ဗသောဏ္ဏမယော ထူပေါ, ဥဒ္ဓံ ယောဇနမုဂ္ဂတော။
၅၇။ ပန်းတင်ခုံ ဖရုံတုံး ဖိနပ်တော်သည် ပတ္တမြားဖြင့် ပြီး၏။ လေးမျက်နှာ ပွတ်ရံသည့်ရတနာခုနစ်ပါးဖြင့် ပြီး၏။ ပုထိုးတော်ကြီးသည် အလုံးစုံ ရွှေဖြင့်ပြီးသည် ဖြစ်၍ အထက် တစ်ယူဇနာ တိုင်တိုင် မြင့်၏။
၅၈။ ‘‘ဒေဝါ တတ္ထ သမာဂန္တွာ, ဧကတော မန္တယုံ တဒါ၊
မယမ္ပိ ထူပံ ကဿာမ, လောကနာထဿ တာဒိနော။
၅၈။ ထိုအခါ၌ နတ်တို့သည် ထိုစေတီတော်သို့ အညီအညွတ် စုရုံး၍ ငါတို့သည်လည်း တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော လူနတ်တို့၏ ကိုးကွယ်ရာဖြစ်သော မြတ်စွာဘုရား၏ ပုထိုးတော်ကို ပြုကြကုန်အံ့ဟု တစ်ပေါင်းတည်း တိုင်ပင်ကြကုန်၏။
၅၉။ ‘‘ဓာတု အာဝေဏိကာ နတ္ထိ, သရီရံ ဧကပိဏ္ဍိတံ၊
ဣမမှိ ဗုဒ္ဓထူပမှိ, ကဿာမ ကဉ္စုကံ မယံ။
၅၉။ ဓာတ်တော်သည် အသီးအခြား ကွဲပြားခြင်းမရှိ၊ သရီရဓာတ်တော်သည် တစ်စုတစ်ခဲတည်းသာ ဖြစ်၏၊ ဤမြတ်စွာဘုရားစေတီတော်၌ ငါတို့သည် သင်တိုင်းစွပ်စေတီိကို ပြုကြကုန် အံ့ (ဟု တိုင်ပင်ကြကုန်၏)။
၆၀။ ‘‘ဒေဝါ သတ္တဟိ ရတ္နေဟိ [သတ္တရတနေဟိ (သီ။)], အညံ ဝဍ္ဎေသု ယောဇနံ၊
ထူပေါ ဒွိယောဇနုဗ္ဗေဓော, တိမိရံ ဗျပဟန္တိ သော။
၆၀။ (တိုင်ပင်ကြပြီးသော်) နတ်တို့သည် ရတနာခုနစ်ပါးတို့ဖြင့် ဤမှတစ်ပါးအခြားသော ယူဇနာကို ပွါးစေကုန်၏၊ ထိုစေတီတော်သည် နှစ်ယူဇနာ အစောက်မြင့်သည်ဖြစ်၍ အမိုက် မှောင်ကို ပယ်ဖျောက်၏။
၆၁။ ‘‘နာဂါ တတ္ထ သမာဂန္တွာ, ဧကတော မန္တယုံ တဒါ၊
မနုဿာ စေဝ ဒေဝါ စ, ဗုဒ္ဓထူပံ အကံသု တေ။
၆၁။ ထိုနတ်တို့ တည်ပြီးသောအခါ နဂါးတို့သည် ထိုစေတီတော်တည်ရာ အရပ်သို့ အညီ အညွတ်လာကုန်၍ တစ်ပေါင်းတည်း တိုင်ပင်ကြကုန်၏၊ ထိုနတ်တို့သည် ဘုရားပုထိုးကို ပြုကြ ကုန်၏။
၆၂။ ‘‘မာ နော ပမတ္တာ အဿုမှ [အဿုမှာ (သီ။ သျာ။), အာသိမှာ (?)], အပ္ပမတ္တာ သဒေဝကာ၊
မယမ္ပိ ထူပံ ကဿာမ, လောကနာထဿ တာဒိနော။
၆၂။ ငါတို့သည် ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်းတို့သည် မဖြစ်ကြစေကုန်လင့်၊ နတ်နှင့် တကွသော လူတို့သည်ကား မမေ့လျော့ကြကုန်၊ ငါတို့လည်း တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော လူနတ်တို့၏ ကိုးကွယ်ရာဖြစ်သော မြတ်စွာဘုရား၏ စေတီတော်ကို ပြုကြကုန်အံ့ (ဟု တိုင် ပင်ကြကုန်၏)။
၆၃။ ‘‘ဣန္ဒနီလံ မဟာနီလံ, အထော ဇောတိရသံ မဏိံ၊
ဧကတော သန္နိပါတေတွာ, ဗုဒ္ဓထူပံ အဆာဒယုံ။
၆၃။ (တိုင်ပင်ကြပြီးသော်) ဣန္ဒနီလာဟုဆိုအပ်သော မြတ်သော ပတ္တမြားကိုလည်း ကောင်း၊ ထိုမှတစ်ပါး ဇောတိရသပတ္တမြားကိုလည်းကောင်း တစ်ပေါင်းတည်း စုရုံးကုန်၍ ဘုရားပုထိုးကို (တစ်ယူဇနာ ပွါးကာ) ဖုံးလွှမ်းကုန်၏။
၆၄။ ‘‘သဗ္ဗံ မဏိမယံ အာသိ, တာဝတာ ဗုဒ္ဓစေတိယံ၊
တိယောဇနသမုဗ္ဗိဒ္ဓံ [တီဏိ ယောဇနမုဗ္ဗိဒ္ဓံ (သီ။ က။)], အာလောကကရဏံ တဒါ။
၆၄။ အလုံးစုံသည် ပတ္တမြားဖြင့် ပြီး၏။ ဘုရားစေတီတော်သည် ထိုမျှလောက် သုံးယူဇ နာတိုင်တိုင် မြင့်၏၊ ထိုအခါ အရောင်အလင်းကို ပြုခြင်းသည် ဖြစ်၏။
၆၅။ ‘‘ဂရုဠာ စ သမာဂန္တွာ, ဧကတော မန္တယုံ တဒါ၊
မနုဿာ ဒေဝါ နာဂါ စ, ဗုဒ္ဓထူပံ အကံသု တေ။
၆၅။ ထိုနဂါးတို့ တည်ပြီးသော အခါ၌ ဂဠုန်တို့သည်လည်း အညီအညွတ် လာကုန်၍ တစ်ပေါင်းတည်း တိုင်ပင်ကြကုန်၏၊ ထိုလူနတ်နဂါးတို့သည် ဘုရားပုထိုးကို ပြုကြကုန်၏။
၆၆။ ‘‘‘မာ နော ပမတ္တာ အဿုမှ, အပ္ပမတ္တာ သဒေဝကာ၊
မယမ္ပိ ထူပံ ကဿာမ, လောကနာထဿ တာဒိနော’။
၆၆။ ငါတို့သည် မေ့လျော့ခြင်းတို့ကို မဖြစ်ကြစေကုန်လင့်၊ နတ်နှင့် တကွသော လူနဂါးတို့သည်ကား မမေ့လျော့ကြကုန်၊ ငါတို့သည်လည်း တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော လူနတ်တို့၏ ကိုးကွယ်ရာဖြစ်သော မြတ်စွာဘုရား၏ စေတီတော်ကို ပြုကြကုန်အံ့။
၆၇။ ‘‘သဗ္ဗံ မဏိမယံ ထူပံ, အကရုံ တေ စ ကဉ္စုကံ [သဗ္ဗမဏိမယံ ထူပေ, အကရုတ္တရကဉ္စုကံ (သီ။)]၊
ယောဇနံ တေပိ ဝဍ္ဎေသုံ, အာယတံ ဗုဒ္ဓစေတိယံ။
၆၇။ ထိုဂဠုန်တို့သည်လည်း အလုံးစုံသော ပတ္တမြားဖြင့် ပြီးသော သင်တိုင်းစွပ် ပုထိုး တော်ကို ပြုကြကုန်၏၊ ထိုဂဠုန်တို့သည်လည်း သုံးယူဇနာ ရှည်လျားသော ဘုရားစေတီ တော်ကို တစ်ယူဇနာတိုင်တိုင် ပွါးစေကုန်၏။
၆၈။ ‘‘စတုယောဇနမုဗ္ဗိဒ္ဓေါ, ဗုဒ္ဓထူပေါ ဝိရောစတိ၊
ဩဘာသေတိ ဒိသာ သဗ္ဗာ, သတရံသီဝ ဥဂ္ဂတော။
၆၈။ လေးယူဇနာအစောက်မြင့်သော ဘုရားပုထိုးတော်သည် တင့်တယ်တောက်ပ၏၊ တက် သစ်သော နေမင်းကဲ့သို့ အရပ်ခပ်သိမ်းတို့ကို ထွန်းလင်းစေ၏။
၆၉။ ‘‘ကုမ္ဘဏ္ဍာ စ သမာဂန္တွာ, ဧကတော မန္တယုံ တဒါ၊
မနုဿာ စေဝ ဒေဝါ စ, နာဂါ စ ဂရုဠာ တထာ။
ပစ္စေကံ ဗုဒ္ဓသေဋ္ဌဿ, အကံသု ထူပမုတ္တမံ။
၆၉။ ထိုဂဠုန်တို့ တည်ပြီးသော အခါ၌ ကုမ္ဘဏ်နတ်တို့သည်လည်း အညီအညွတ် လာ ကြကုန်၍ တစ်ပေါင်းတည်း တိုင်ပင်ကြကုန်၏၊ လူ နတ် နဂါး ဂဠုန်တို့သည်ကား မြတ်စွာဘုရား၏ အသီးအသီးသော ပုထိုးတော်မြတ်ကို ပြုကြကုန်၏။
၇၀။ ‘‘‘မာ နော ပမတ္တာ အဿုမှ, အပ္ပမတ္တာ သဒေဝကာ၊
မယမ္ပိ ထူပံ ကဿာမ, လောကနာထဿ တာဒိနော၊
ရတနေဟိ ဆာဒေဿာမ, အာယတံ ဗုဒ္ဓစေတိယံ’။
၇၀။ ငါတို့သည် မေ့လျော့ခြင်းတို့သည် မဖြစ်ကြစေကုန်လင့်၊ နတ်နှင့် တကွသော လူ နဂါး ဂဠုန်တို့သည် မမေ့လျော့ကြကုန်၊ ငါတို့သည်လည်း တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော လူနတ်တို့၏ ကိုးကွယ်ရာဖြစ်သော မြတ်စွာဘုရား၏ ပုထိုးတော်ကို ပြုကြကုန်အံ့၊ လေး ယူဇနာရှည်လျားသော ဘုရားစေတီတော်ကို ရတနာတို့ဖြင့် ဖုံးလွှမ်းကုန်အံ့ (ဟု တိုင်ပင်ကြ ကုန်၏)။
၇၁။ ‘‘ယောဇနံ တေပိ ဝဍ္ဎေသုံ, အာယတံ ဗုဒ္ဓစေတိယံ၊
ပဉ္စယောဇနမုဗ္ဗိဒ္ဓေါ, ထူပေါ ဩဘာသတေ တဒါ။
၇၁။ (တိုင်ပင်ကြပြီးသော်) ထိုကုမ္ဘဏ်နတ်တို့သည်လည်း လေးယူဇနာ ရှည်လျားသော ဘုရားစေတီတော်ကို တစ်ယူဇနာ ပွါးစေကုန်၏၊ ထိုအခါ ပုထိုးတော်သည် ငါးယူဇနာ အစောက်မြင့်သည်ဖြစ်၍ ထွန်းလင်းတောက်ပ၏။
၇၂။ ‘‘ယက္ခာ တတ္ထ သမာဂန္တွာ, ဧကတော မန္တယုံ တဒါ၊
မနုဿာ ဒေဝါ နာဂါ စ, ဂရုဠာ ကုမ္ဘအဏ္ဍကာ။
၇၂-၇၃။ ထိုကုမ္ဘဏ်တို့ တည်ပြီးသော အခါ၌ ဘီလူးတို့သည် ထိုစေတီတော်တည်ရာ အရပ်၌ ညီညွတ်စွာ လာကြကုန်၍ တစ်ပေါင်းတည်း တိုင်ပင်ကြကုန်၏၊ လူ နတ် နဂါး ဂဠုန် ကုမ္ဘဏ်တို့သည်ကား မြတ်စွာဘုရား၏ အသီးအသီးသော ပုထိုးတော်မြတ်ကို ပြုကြကုန်၏၊ ငါတို့သည် မေ့လျော့ခြင်းတို့သည် မဖြစ်ကြစေကုန်လင့်၊ နတ်နှင့် တကွသောသူတို့သည် မမေ့လျော့ကြကုန်။
၇၃။ ‘‘ပစ္စေကံ ဗုဒ္ဓသေဋ္ဌဿ, အကံသု ထူပမုတ္တမံ၊
‘မာ နော ပမတ္တာ အဿုမှ, အပ္ပမတ္တာ သဒေဝကာ။
၇၄။ ‘‘‘မယမ္ပိ ထူပံ ကဿာမ, လောကနာထဿ တာဒိနော၊
ဖလိကာဟိ ဆာဒေဿာမ, အာယတံ ဗုဒ္ဓစေတိယံ’။
၇၄။ ငါတို့သည်လည်း တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏ ပုထိုးတော်ကို ပြုကြကုန်အံ့၊ ငါးယူဇနာ ရှည်လျားသော စေတီတော်ကို ဖန်တို့ဖြင့် ဖုံးလွှမ်းကုန်အံ့ (ဟု တိုင်ပင်ကြကုန်၏)။
၇၅။ ‘‘ယောဇနံ တေပိ ဝဍ္ဎေသုံ, အာယတံ ဗုဒ္ဓစေတိယံ၊
ဆ ယောဇနာနိ ဥဗ္ဗိဒ္ဓေါ, ထူပေါ ဩဘာသတေ တဒါ။
၇၅။ (တိုင်ပင်ကြပြီးသော်) ထိုဘီလူးတို့သည်လည်း ငါးယူဇနာ ရှည်လျားသော စေတီ တော်ကို တစ်ယူဇနာ ပွါး၍ တည်ကုန်၏၊ ထိုအခါ ပုထိုးတော်သည် ခြောက်ယူဇနာတိုင်တိုင် အစောက်မြင့်သည် ဖြစ်၍ ထွန်းလင်းတောက်ပ၏။
၇၆။ ‘‘ဂန္ဓဗ္ဗာ စ သမာဂန္တွာ, ဧကတော မန္တယုံ တဒါ၊
‘မနုဇာ ဒေဝတာ နာဂါ, ဂရုဠာ ကုမ္ဘယက္ခကာ။
၇၆-၇၇။ ထိုဘီလူးတို့ တည်ပြီးသောအခါ၌ ဂန္ဓဗ္ဗနတ်တို့သည်လည်း အညီအညွတ် လာကြကုန်၍ တစ်ပေါင်းတည်း တိုင်ပင်ကြကုန်၏၊ လူ နတ် နဂါး ဂဠုန် ကုမ္ဘဏ် ဘီလူး အလုံးစုံ တို့သည် ဘုရားပုထိုးတော်ကို ပြုကြကုန်၏၊ ဤလူအပေါင်းတို့တွင် ငါတို့ ဂန္ဓဗ္ဗနတ်တို့သည်ကား မပြုကြရကုန်သေး၊ ငါတို့သည်လည်း တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော လူနတ် တို့၏ ကိုးကွယ်ရာဖြစ်သော မြတ်စွာဘုရား၏ ပုထိုးတော်ကို ပြုကြကုန်အံ့။
၇၇။ ‘‘‘သဗ္ဗေကံသု ဗုဒ္ဓထူပံ, မယမေတ္ထ အကာရကာ၊
မယမ္ပိ ထူပံ ကဿာမ, လောကနာထဿ တာဒိနော’။
၇၈။ ‘‘ဝေဒိယော သတ္တ ကတွာန, ဆတ္တမာရောပယိံသု တေ၊
သဗ္ဗသောဏ္ဏမယံ ထူပံ, ဂန္ဓဗ္ဗာ ကာရယုံ တဒါ။
၇၈။ ထိုဂန္ဓဗ္ဗနတ်တို့သည် ထီးတော်အခံ ပွတ်တိုင်ရံတို့ကို ဘုံစဥ်နိမ့်မြင့် ခုနစ်ဆင့်ပြု၍ ရတနာထီးကို တင်လှူကုန်၏၊ ထိုအခါ အလုံးစုံ ရွှေဖြင့် ပြီးသော ပုထိုးတော်ကို ဂန္ဓဗ္ဗနတ်တို့သည် ပြုကြကုန်၏။
၇၉။ ‘‘သတ္တယောဇနမုဗ္ဗိဒ္ဓေါ, ထူပေါ ဩဘာသတေ တဒါ၊
ရတ္တိန္ဒိဝါ န ဉာယန္တိ, အာလောကော ဟောတိ [အာလောကာ ဟောန္တိ (သျာ။ က။)] သဗ္ဗဒါ။
၇၉။ ထိုအခါ ပုထိုးတော်သည် ခုနစ်ယူဇနာ အစောက်မြင့်လျက် ထွန်းလင်းတောက်ပ၏၊ ညဥ့်နှင့် နေ့တို့သည်လည်း ခြားနာခြင်း မရှိကုန်၊ အလင်းရောင်သည် အခါခပ်သိမ်း ဖြစ်၏။
၈၀။ ‘‘အဘိဘောန္တိ န တဿာဘာ, စန္ဒသူရာ သတာရကာ၊
သမန္တာ ယောဇနသတေ, ပဒီပေါပိ န ပဇ္ဇလိ။
၈၀။ ကြယ်တာရာနှင့် တကွသော လရောင်, နေရောင်တို့သည် ထိုပုထိုးတော်၏ အရောင် တို့ကို လွှမ်း၍ မသွားနိုင်ကုန်၊ ထက်ဝန်းကျင် ယူဇနာတစ်ရာအတွင်း၌ ဆီမီးသည်လည်း မထွန်းလင်းနိုင်။
၈၁။ ‘‘တေန ကာလေန ယေ ကေစိ, ထူပံ ပူဇေန္တိ မာနုသာ၊
န တေ ထူပမာရုဟန္တိ, အမ္ဗရေ ဥက္ခိပန္တိ တေ။
၈၁။ ထိုအခါ၌ ခပ်သိမ်းသော လူတို့သည် ပုထိုးတော်ကို ပူဇော်ကုန်၏၊ ထိုလူတို့သည် စေတီတော်သို့ မတက်ရောက်နိုင်ကုန်သည် ဖြစ်၍ ကောင်းကင်၌ပင် လွှင့်မြှောက်တင်ကုန်၏။
၈၂။ ‘‘ဒေဝေဟိ ဌပိတော ယက္ခော, အဘိသမ္မတနာမကော၊
ဓဇံ ဝါ ပုပ္ဖဒါမံ ဝါ, အဘိရောပေတိ ဥတ္တရိ။
၈၂။ နတ်တို့က အစောင့်ထားအပ်သော အဘိသမ္မတမည်သော နတ်စစ်မှူးသည် တံခွန် ကိုလည်းကောင်း၊ ပန်းဆိုင်းကိုလည်းကောင်း ပုထိုးတော်အထက်သို့ တင်ဆောင်၏။
၈၃။ ‘‘န တေ ပဿန္တိ တံ ယက္ခံ, ဒါမံ ပဿန္တိ ဂစ္ဆတော၊
ဧဝံ ပဿိတွာ ဂစ္ဆန္တာ, သဗ္ဗေ ဂစ္ဆန္တိ သုဂ္ဂတိံ။
၈၃။ ထိုလူတို့သည် ထိုနတ်စစ်မှူးကို မမြင်ရကုန်၊ လက်ယာလှည့်၍ သွားသော ပန်းဆိုင်း ကိုသာ မြင်ရကုန်၏၊ သွားဆဲဖြစ်သော လှူဖွယ်ဝတ္ထုကို ဤသို့ မြင်ရသောကြောင့် ခပ်သိမ်း သောသူတို့သည် နတ်ပြည်သို့ လားရကုန်၏။
၈၄။ ‘‘ဝိရုဒ္ဓါ [ဝိသဒ္ဓါ (သီ။)] ယေ ပါဝစနေ, ပသန္နာ ယေ စ သာသနေ၊
ပါဋိဟေရံ ဒဋ္ဌုကာမာ, ထူပံ ပူဇေန္တိ မာနုသာ။
၈၄။ သာသနာတော်၌ ဆန့်ကျင်ကုန်သော (မိစ္ဆာအယူရှိသော) သူတို့သည်လည်းကောင်း၊ သာသနာတော်၌ ကြည်ညိုကုန်သော (သမ္မာအယူရှိသော) သူတို့သည်လည်းကောင်း တန်ခိုး ပြာဋိဟာကို ဖူးမြော်လိုကုန်သည်ဖြစ်၍ ပုထိုးတော်ကို ပူဇော်ကြကုန်၏။
၈၅။ ‘‘နဂရေ ဟံသဝတိယာ, အဟောသိံ ဘတကော [ဝရကော (သျာ။ က။)] တဒါ၊
အာမောဒိတံ ဇနံ ဒိသွာ, ဧဝံ စိန္တေသဟံ တဒါ။
၈၅။ ထိုအခါ ငါသည် ဟံသာဝတီမည်သော မြို့၌ သူခစားအမှုလုပ် ဖြစ်၏၊ ထိုအခါ ငါသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသော လူအပေါင်းကို မြင်၍ ဤသို့ ကြံစည်မိ၏။
၈၆။ ‘‘‘ဥဠာရော ဘဂဝါ ဟေသော, ယဿ ဓာတုဃရေဒိသံ၊
ဣမာ စ ဇနတာ တုဋ္ဌာ, ကာရံ ကုဗ္ဗံ န တပ္ပရေ [ကုဗ္ဗန္တနပ္ပကံ (သီ။)]။
၈၆။ အကြင်မြတ်စွာဘုရား၏ ဓာတ်တော်အိမ်၌ တန်ခိုးပြာဋိဟာသည် ဤသို့ သဘော ရှိ၏၊ ဤမြတ်စွာဘုရားသည် စင်စစ်အားဖြင့် မြတ်၏၊ ဤလူအများတို့သည်လည်း နှစ်သက် ကုန်သည်ဖြစ်၍ ကောင်းမှုကို ပြုကုန်လျက် မရောင့်ရဲနိုင်ကုန်။
၈၇။ ‘‘‘အဟမ္ပိ ကာရံ ကဿာမိ, လောကနာထဿ တာဒိနော၊
တဿ ဓမ္မေသု ဒါယာဒေါ, ဘဝိဿာမိ အနာဂတေ’။
၈၇။ ငါသည် လည်း တာဒိဂုဏ်နှင့် ပြည့်စုံသော လူ နတ်တို့၏ ကိုးကွယ်ရာဖြစ်သော မြတ်စွာဘုရား၏ ဓာတ်တော်အိမ်၌ ကောင်းမှုကို ပြုအံ့၊ (ဤသို့ ပြုသော်) နောင်အခါ ထို မြတ်စွာဘုရား၏ တရားတော်တို့၌ အမွေခံ ဖြစ်ရလတ္တံ့ (ဟု ကြံ၏)။
၈၈။ ‘‘သုဓောတံ ရဇကေနာဟံ, ဥတ္တရေယျပဋံ မမ၊
ဝေဠဂ္ဂေ အာလဂေတွာန, ဓဇံ ဥက္ခိပိမမ္ဗရေ။
၈၈။ (ကြံပြီးသော်) ခဝါသည်သည် ကောင်းစွာ ဖွပ်လျှော်အပ်သော ငါ၏ အပေါ်ရုံပုဆိုးကို တံခွန် (ပြု၍) ဝါးလုံးဖျား၌ တွဲလဲ ဆွဲချိတ်ပြီးလျှင် ငါသည် ကောင်းကင်သို့ပင် လွှင့်မြှောက် တင်၏။
၈၉။ ‘‘အဘိသမ္မတကော ဂယှ, အမ္ဗရေဟာသိ မေ ဓဇံ၊
ဝါတေရိတံ ဓဇံ ဒိသွာ, ဘိယျော ဟာသံ ဇနေသဟံ။
၈၉။ အဘိသမ္မတမည်သော နတ်စစ်မှူးသည် ငါ၏ တံခွန်ကို ဆွဲကိုင်ယူ၍ ကောင်းကင်၌ ဆောင်သွား၏၊ ငါသည် လေတဖျပ်ဖျပ်ခတ်၍ လှုပ်ရှားသောတံခွန်ကို မြင်ရသောကြောင့် ရှေး ထက် လွန်ကဲ၍ ဝမ်းမြောက်ရွှင်ပျခြင်းကို ဖြစ်စေ၏။
၉၀။ ‘‘တတ္ထ စိတ္တံ ပသာဒေတွာ, သမဏံ ဥပသင်္ကမိံ၊
တံ ဘိက္ခုံ အဘိဝါဒေတွာ, ဝိပါကံ ပုစ္ဆဟံ ဓဇေ။
၉၀။ ငါသည် ထိုတံခွန်အလှူ၌ စိတ်ကို ကြည်လင်စေ၍ ရဟန်းသို့ ချဥ်းကပ်၏၊ ထို ရဟန်းကို ရှိခိုးပြီးလျှင် တံခွန်အလှူ၌ အကျိုးအာနိသင်ကို မေးလျှောက်၏။
၉၁။ ‘‘သော မေ ကထေသိ အာနန္ဒ, ပီတိသဉ္ဇနနံ မမ၊
‘တဿ ဓဇဿ ဝိပါကံ, အနုဘောဿသိ သဗ္ဗဒါ။
၉၁။ ထိုရဟန်းသည် အကျွန်ုပ်၏ နှစ်သက်ဝမ်းမြောက်ခြင်းကို ဖြစ်စေတတ်သော တရား စကားကို အကျွန်ုပ်အား ဟောတော်မူ၏၊ သင်သည် ထိုတံခွန်အလှူ၏ အကျိုးကို အခါခပ် သိမ်း ခံစားရလတ္တံ့။
၉၂။ ‘‘‘ဟတ္ထီ အဿာ ရထာ ပတ္တီ, သေနာ စ စတုရင်္ဂိနီ၊
ပရိဝါရေဿန္တိ တံ နိစ္စံ, ဓဇဒါနဿိဒံ ဖလံ။
၉၂။ အင်္ဂါလေးပါးရှိသော ဆင် မြင်း ရထား ခြေလျင်သူရဲ စစ်သည်တို့သည် သင့်ကို အမြဲ ခြံရံကုန်လတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် တံခွန်အလှူ၏ အကျိုးပေတည်း။
၉၃။ ‘‘‘သဋ္ဌိတူရိယသဟဿာနိ, ဘေရိယော သမလင်္ကတာ၊
ပရိဝါရေဿန္တိ တံ နိစ္စံ, ဓဇဒါနဿိဒံ ဖလံ။
၉၃။ ခြောက်သောင်းသော တူရိယာတို့သည်လည်းကောင်း၊ ကောင်းစွာ တန်ဆာဆင်ထား သော စည်ကြီးတို့သည်လည်းကောင်း သင့်ကို အမြဲ ခြံရံကုန်လတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် တံခွန်အလှူ၏ အကျိုးပေတည်း။
၉၄။ ‘‘‘ဆဠာသီတိသဟဿာနိ, နာရိယော သမလင်္ကတာ၊
ဝိစိတ္တဝတ္ထာဘရဏာ, အာမုတ္တမဏိကုဏ္ဍလာ။
၉၄-၉၅။ ကောင်းစွာ တန်ဆာဆင်ထားပြီးလျှင် ဆန်းကြယ်သော အဝတ်တန်ဆာရှိသည် ဖြစ်၍ ပတ္တမြားနားတောင်းကိုလည်း ဝတ်ဆင်ထားသော ကော့ဖြူးသော မျက်တောင်ဖြင့် ပြုံး ပြုံးရွှင်ရွှင်ဖြစ်ကာ ကောင်းသော အမှတ်သညာလည်း ရှိသော ခါးသေး၍ ရင်ချီသော ရှစ်သောင်းခြောက်ထောင်သော မိန်းမတို့သည် သင့်ကို အမြဲခြံရံကုန်လတ္တံ့။ ဤသို့ဖြစ်ရခြင်း သည် တံခွန်အလှူ၏ အကျိုးပေတည်း။
၉၅။ ‘‘‘အဠာရပမှာ ဟသုလာ, သုသညာ တနုမဇ္ဈိမာ၊
ပရိဝါရေဿန္တိ တံ နိစ္စံ, ဓဇဒါနဿိဒံ ဖလံ။
၉၆။ ‘‘‘တိံသကပ္ပသဟဿာနိ, ဒေဝလောကေ ရမိဿသိ၊
အသီတိက္ခတ္တုံ ဒေဝိန္ဒော, ဒေဝရဇ္ဇံ ကရိဿသိ။
၉၆။ ကမ္ဘာသုံးသောင်းတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရလတ္တံ့၊ နတ်တို့ကို အစိုးရသည် ဖြစ်၍ အကြိမ်ရှစ်ဆယ် သိကြားမင်းအဖြစ်ကို ပြုရလတ္တံ့။
၉၇။ ‘‘‘သဟဿက္ခတ္တုံ ရာဇာ စ, စက္ကဝတ္တီ ဘဝိဿသိ၊
ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ။
၉၇။ အကြိမ်တစ်ထောင် စကြဝတေးမင်း ဖြစ်ရလတ္တံ့၊ ပြန့်ပြောသော ပဒေသရာဇ်မင်း အဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်။
၉၈။ ‘‘‘ကပ္ပသတသဟဿမှိ, ဩက္ကာကကုလသမ္ဘဝေါ၊
ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။
၉၈။ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမမည်သော မြတ်စွာဘုရားသည် လောက၌ ဖြစ်လတ္တံ့။
၉၉။ ‘‘‘ဒေဝလောကာ စဝိတွာန, သုက္ကမူလေန စောဒိတော၊
ပုညကမ္မေန သံယုတ္တော, ဗြဟ္မဗန္ဓု ဘဝိဿသိ။
၉၉။ နတ်ပြည်မှ စုတေ၍ ဖြူစင်သော ကုသိုလ်အကြောင်းရင်းသည် တိုက်တွန်းအပ်သော ကြောင့် ကောင်းမှုကံနှင့် ယှဥ်လျက် ပုဏ္ဏားမျိုး၌ ဖြစ်လတ္တံ့။
၁၀၀။ ‘‘‘အသီတိကောဋိံ ဆဍ္ဍေတွာ, ဒါသေ ကမ္မကရေ ဗဟူ၊
ဂေါတမဿ ဘဂဝတော, သာသနေ ပဗ္ဗဇိဿသိ။
၁၀၀။ ကုဋေရှစ်ဆယ်သော အသပြာကိုလည်းကောင်း၊ များစွာသော ကျေးကျွန် လုပ်သား တို့ကိုလည်းကောင်း စွန့်၍ ဂေါတမမြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းပြုလတ္တံ့။
၁၀၁။ ‘‘‘အာရာဓယိတွာ သမ္ဗုဒ္ဓံ, ဂေါတမံ သကျပုင်္ဂဝံ၊
ဥပဝါနောတိ နာမေန, ဟေဿသိ သတ္ထု သာဝကော’။
၁၀၁။ သာကီဝင်မင်းတို့၏ ရှေ့သွားဖြစ်သော ဂေါတမမြတ်စွာဘုရားကို နှစ်သက်အားရ စေ၍ “ဥပဝါန”ဟူသော အမည်ဖြင့် မြတ်စွာဘုရား၏ တပည့်သာဝက ဖြစ်လတ္တံ့။ (ဤသို့ မိန့်တော်မူ၏)။
၁၀၂။ ‘‘သတသဟဿေ ကတံ ကမ္မံ, ဖလံ ဒဿေသိ မေ ဣဓ၊
သုမုတ္တော သရဝေဂေါဝ ကိလေသေ ဈာပယီ မမ။
၁၀၂။ ကမ္ဘာတစ်သိန်းထက်၌ ပြုအပ်ခဲ့သော ကောင်းမှုကံသည် ဤအဆုံးဘဝ၌ ငါ့အား ကောင်းကျိုးကို ဖော်ပြ၏၊ ‘ကောင်းစွာ လွှတ်အပ်သော မြားအဟုန်ကဲ့သို့’ ယင်းကောင်းမှုကံ ကပင် ငါ၏ ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေပြီ။
၁၀၃။ ‘‘စက္ကဝတ္တိဿ သန္တဿ, စတုဒီပိဿရဿ မေ၊
တိယောဇနာနိ သမန္တာ, ဥဿီသန္တိ ဓဇာ သဒါ။
၁၀၃။ လေးကျွန်းလုံးကို အစိုးရသော စကြဝတေးမင်းဖြစ်သော ငါ့အား သုံးယူဇနာ တိုင်တိုင် ထက်ဝန်းကျင်မှ အခါခပ်သိမ်း တံခွန်တို့သည် စိုက်ထူကုန်၏။
၁၀၄။ ‘‘သတသဟဿိတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဓဇဒါနဿိဒံ ဖလံ။
၁၀၄။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်ဝယ် ကောင်းမှုကံကို ပြုလုပ်ခဲ့သည့် အခါမှစ၍ ငါသည့်အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် တံခွန်အလှူ၏ အကျိုးပေတည်း။
၁၀၅။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဥပဝါနော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဥပဝါနတ္ထေရဿာပဒါနံ ဒုတိယံ။
၁၀၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဥပဝါနမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် ဥပဝါနတ္ထေရအပဒါန ပြီး၏။
၃။ တိသရဏဂမနိယတ္ထေရအပဒါနံ
၁၀၆။ ‘‘နဂရေ စန္ဒဝတိယာ [ဗန္ဓုမတိယာ (အဋ္ဌ။)], မာတုဥပဋ္ဌာကော [မာတုပဋ္ဌာယကော (သီ။), မာတုပဋ္ဌာနကော (သျာ။)] အဟုံ၊
အန္ဓာ မာတာ ပိတာ မယှံ, တေ ပေါသေမိ အဟံ တဒါ။
၃-တိသရဏဂမနိယတ္ထေရအပဒါန ၁၀၆။ စန္ဒဝတီမည်သော မြို့ကြီး၌ ငါသည် အမိကို လုပ်ကျွေးသူ ဖြစ်ခဲ့၏၊ ထိုအခါ၌ ငါသည် ငါ၏ မျက်မမြင် အမိအဖတို့ကို လုပ်ကျွေး၏။
၁၀၇။ ‘‘ရဟောဂတော နိသီဒိတွာ, ဧဝံ စိန္တေသဟံ တဒါ၊
ပေါသေန္တော မာတာပိတရော, ပဗ္ဗဇ္ဇံ န လဘာမဟံ။
၁၀၇။ ဆိတ်ငြိမ်ရာသို့ ကပ်လျက် ထိုင်ပြီးလျှင် ငါသည် ဤသို့ ကြံမိ၏၊ ငါသည် အမိ အဖတို့ကို လုပ်ကျွေးရသည်ဖြစ်၍ ရဟန်းအဖြစ်ကို မရ။
၁၀၈။ ‘‘မဟန္ဓကာရပိဟိတာ [တမန္ဓကာရပိဟိတာ (သျာ။)], တိဝိဓဂ္ဂီဟိ ဍယှရေ၊
ဧတာဒိသေ ဘဝေ [ဘယေ (သီ။)] ဇာတေ, နတ္ထိ ကောစိ ဝိနာယကော။
၁၀၈။ (သတ္တဝါအားလုံးတို့သည် ) ကြီးစွာသော အမိုက်မှောင်သည် ပိတ်ဖုံးအပ်ကုန်သည် ဖြစ်၍ မီးသုံးပါးတို့ဖြင့် လောင်မြိုက်ကုန်၏၊ ဤသို့သော ဘဝမျိုး၌ ဖြစ်ခဲ့ရသော ငါ့အား ကယ်တင်မည့်သူ တစ်စုံတစ်ယောက်မျှ မရှိပေ။
၁၀၉။ ‘‘ဗုဒ္ဓေါ လောကေ သမုပ္ပန္နော, ဒိပ္ပတိ [ဒိဗ္ဗတိ (က။)] [ဇိနသာသနံ (သီ။)] ဒါနိ သာသနံ၊
သက္ကာ ဥဒ္ဓရိတုံ အတ္တာ, ပုညကာမေန ဇန္တုနာ။
၁၀၉။ လောက၌ ဝိပဿီ (အနောမဒဿီ) မြတ်စွာဘုရားသည် ပွင့်တော်မူသည် ဖြစ်၍ သာသနာတော်သည်လည်း ယခု ထွန်းလင်းဆဲ ဖြစ်၏၊ ကောင်းမှုကို အလိုရှိသူသည် မိမိကိုယ် ကို ကယ်တင်အံ့သောငှါ စွမ်းနိုင်၏။
၁၁၀။ ‘‘ဥဂ္ဂယှ တီဏိ သရဏေ, ပရိပုဏ္ဏာနိ ဂေါပယိံ၊
တေန ကမ္မေန သုကတေန, ပဋိမောက္ခာမိ ဒုဂ္ဂတိံ။
၁၁၀။ ငါသည် သရဏဂုံသုံးပါးတို့ကို ဆောက်တည်၍ ပြည့်စုံစွာ စောင့်ရှောက်၏၊ ကောင်းစွာ ပြုအပ်သော ထိုကောင်းမှုကံကြောင့် ဒုဂ္ဂတိဘဝမှ လွတ်ရလတ္တံ့ (ဟု ဤသို့ ကြံပြီး လျှင်) -
၁၁၁။ ‘‘နိသဘော နာမ သမဏော, ဗုဒ္ဓဿ အဂ္ဂသာဝကော၊
တမဟံ ဥပဂန္တွာန, သရဏဂမနံ ဂဟိံ။
၁၁၁။ ထိုအခါ နိသဘမည်သော ရဟန်းသည် ဝိပဿီ (အနောမဒဿီ) မြတ်စွာဘုရား၏ လက်ယာရံ အဂ္ဂသာဝကတည်း၊ ငါသည် ထိုရဟန်းသို့ ချဥ်းကပ်ပြီးလျှင် သရဏဂုံကို ဆောက် တည်ခံယူ၏။
၁၁၂။ ‘‘ဝဿသတသဟဿာနိ, အာယု ဝိဇ္ဇတိ တာဝဒေ၊
တာဝတာ သရဏဂမနံ, ပရိပုဏ္ဏံ အဂေါပယိံ။
၁၁၂။ ထိုအခါ၌ အသက်တမ်းသည် အနှစ်တစ်သိန်းတိုင်တိုင် ဖြစ်၏၊ ထိုအနှစ်တစ်သိန်း ကာလပတ်လုံး သရဏဂုံကို ပြည့်စုံစွာ စောင့်ရှောက်၏။
၁၁၃။ ‘‘စရိမေ ဝတ္တမာနမှိ, သရဏံ တံ အနုဿရိံ၊
တေန ကမ္မေန သုကတေန, တာဝတိံသံ အဂစ္ဆဟံ။
၁၁၃။ စုတိစိတ်ကျခါနီး ဖြစ်လတ်သော် ငါသည် ထိုသရဏဂုံကုသိုလ်ကို အောက်မေ့၏၊ ငါသည် ကောင်းစွာ ပြုအပ်သော ထိုကောင်းမှုကံကြောင့် တာဝတိံသာနတ်ပြည်သို့ ရောက် ရ၏။
၁၁၄။ ‘‘ဒေဝလောကဂတော သန္တော, ပုညကမ္မသမာဟိတော၊
ယံ ဒေသံ [ယံ ယံ ဒေသံ (သျာ။)] ဥပပဇ္ဇာမိ [ဥပဂစ္ဆာမိ (သီ။)], အဋ္ဌ ဟေတူ လဘာမဟံ။
၁၁၄။ နတ်ပြည်သို့ လားရသည် ဖြစ်လတ်သော် ကောင်းမှုကံနှင့် ပြည့်စုံသော ငါသည် ငါကပ်ရောက်ရာ အရပ်တိုင်း၌ ရှစ်ပါးသော (ချမ်းသာခြင်း၏) အကြောင်းတို့ကို ရ၏။
၁၁၅။ ‘‘ဒိသာသု ပူဇိတော ဟောမိ, တိက္ခပညော ဘဝါမဟံ၊
သဗ္ဗေ ဒေဝါနုဝတ္တန္တိ, အမိတဘောဂံ လဘာမဟံ။
၁၁၅။ ငါသည် အရပ်ရှစ်မျက်နှာတို့၌ အပူဇော်ခံရသူ ဖြစ်၏၊ ငါသည် ထက်မြက်သော ပညာ ရှိသူလည်း ဖြစ်၏၊ ခပ်သိမ်းသော နတ်တို့သည်လည်း ငါ့အလိုသို့ လိုက်ရကုန်၏၊ ငါသည် မနှိုင်းရှည့်နိုင်သော စည်းစိမ်ကို ရ၏။
၁၁၆။ ‘‘သုဝဏ္ဏဝဏ္ဏော သဗ္ဗတ္ထ, ပဋိကန္တော ဘဝါမဟံ၊
မိတ္တာနံ အစလော ဟောမိ, ယသော အဗ္ဘုဂ္ဂတော မမံ။
၁၁၆။ ငါသည် ခပ်သိမ်းသော ဘဝတို့၌ ရွှေအဆင်းနှင့်တူသော အဆင်းရှိသည်ဖြစ်၍ သူတစ်ပါးတို့ နှစ်လိုဖွယ်ဖြစ်၏၊ အဆွေခင်ပွန်းတို့ကို မလှုပ်ရှားနိုင်သည် ဖြစ်၏၊ ငါ၏ အကျော်အစောသည် ပျံ့နှံ့၍ တက်၏။
၁၁၇။ ‘‘အသီတိက္ခတ္တု ဒေဝိန္ဒော, ဒေဝရဇ္ဇမကာရယိံ၊
ဒိဗ္ဗသုခံ အနုဘဝိံ, အစ္ဆရာဟိ ပုရက္ခတော။
၁၁၇။ အကြိမ်ရှစ်ဆယ် နတ်တို့ကို အစိုးရသည် ဖြစ်၍ သိကြားမင်းအဖြစ်ကို ပြုရ၏၊ နတ်သမီးတို့ဖြင့် ခြံရံအပ်လျက် နတ်၌ ဖြစ်သော ချမ်းသာကို ခံစားရ၏။
၁၁၈။ ‘‘ပဉ္စသတ္တတိက္ခတ္တုဉ္စ, စက္ကဝတ္တီ အဟောသဟံ၊
ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ။
၁၁၈။ ငါသည် ခုနစ်ဆယ့်ငါးကြိမ် စကြဝတေးမင်း ဖြစ်ရ၏၊ ပြန့်ပြောသော ပဒေသရာဇ် မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်။
၁၁၉။ ‘‘ပစ္ဆိမေ ဘဝေ သမ္ပတ္တေ, ပုညကမ္မသမာဟိတော၊
ပုရေ သာဝတ္ထိယံ ဇာတော, မဟာသာလေ သုအဍ္ဎကေ။
၁၁၉။ အဆုံးဘဝရောက်လတ်သော် ကောင်းမှုကံနှင့် ပြည့်စုံသည် ဖြစ်၍ သာဝတ္ထိပြည်၌ အလွန်ကြွယ်ဝသော များသော ဥစ္စာနှစ်ရှိသော အမျိုး၌ ဖြစ်၏။
၁၂၀။ ‘‘နဂရာ နိက္ခမိတွာန, ဒါရကေဟိ ပုရက္ခတော၊
ဟသခိဍ္ဍသမင်္ဂီဟံ [သာဟံ ခိဍ္ဍသမင်္ဂီ (သျာ။)], သံဃာရာမံ ဥပါဂမိံ။
၁၂၀။ သူငယ်များ ခြံရံလျက် မြို့မှ ထွက်၍ ရယ်ရွှင်မြူးထူးခြင်းတို့နှင့် ပြည့်စုံသည် ဖြစ် ၍ သံဃာ့အရံသို့ ချဥ်းကပ်၏။
၁၂၁။ ‘‘တတ္ထဒ္ဒသာသိံ [တတ္ထဒ္ဒသာဟံ (က။)] သမဏံ, ဝိပ္ပမုတ္တံ နိရူပဓိံ၊
သော မေ ဓမ္မမဒေသေသိ, သရဏဉ္စ အဒါသိ မေ။
၁၂၁။ ထိုသံဃာ့အရံ၌ ကိလေသာမှ လွတ်သည် ဖြစ်၍ ကိလေသာဥပဓိကင်းသော ရဟန်း ကို ဖူးမြင်ရ၏၊ ထိုရဟန်းသည် ငါ့အား တရားတော်ကို ဟောတော်မူ၏၊ ငါ့အား သရဏဂုံ ကိုလည်း ပေးတော်မူ၏။
၁၂၂။ ‘‘သောဟံ သုတွာန သရဏံ, သရဏံ မေ အနုဿရိံ၊
ဧကာသနေ နိသီဒိတွာ, အရဟတ္တမပါပုဏိံ။
၁၂၂။ ထိုငါသည် သရဏဂုံကို ကြားနာရသောကြောင့် မိမိ၏ သရဏဂုံကို အမှတ်ရ အောက်မေ့၏၊ တစ်နေရာတည်း၌ ထိုင်၍ အရဟတ္တဖိုလ်သို့ ရောက်၏။
၁၂၃။ ‘‘ဇာတိယာ သတ္တမေ ဝဿေ, အရဟတ္တမပါပုဏိံ၊
ဥပသမ္ပာဒယိ ဗုဒ္ဓေါ, ဂုဏမညာယ စက္ခုမာ။
၁၂၃။ မွေးဖွားသည်မှ ခုနစ်နှစ်မြောက်၌ အရဟတ္တဖိုလ်သို့ ရောက်၏၊ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် ငါ၏ ဂုဏ်ကျေးဇူးကို သိ၍ ရဟန်းပြုတော်မူ၏။
၁၂၄။ ‘‘အပရိမေယျေ ဣတော ကပ္ပေ, သရဏာနိ အဂစ္ဆဟံ၊
တတော မေ သုကတံ ကမ္မံ, ဖလံ ဒဿေသိ မေ ဣဓ။
၁၂၄။ ဤဘဒ္ဒကမ္ဘာမှ မရေတွက်နိုင်သော ကမ္ဘာတစ်သိန်းထက်၌ ငါသည် သရဏဂုံတို့ကို ဆောက်တည်ခဲ့၏၊ ထိုအခါ၌ ငါပြုအပ်သော ကောင်းမှုကံသည် ဤအဆုံးဘဝ၌ ငါ့အား အကျိုး ကို ဖော်ပြ၏။
၁၂၅။ ‘‘သုဂေါပိတံ မေ သရဏံ, မာနသံ သုပ္ပဏီဟိတံ၊
အနုဘောတွာ ယသံ သဗ္ဗံ, ပတ္တောမှိ အစလံ ပဒံ။
၁၂၅။ ငါသည် သရဏဂုံကို ကောင်းစွာ စောင့်ရှောက်အပ်၏၊ စိတ်ကို ကောင်းစွာ ထားအပ်၏၊ ခပ်သိမ်းသော စည်းစိမ်ကို ခံစား၍ မတုန်လှုပ်သော နိဗ္ဗာန်သို့ ရောက်ရ၏။
၁၂၆။ ‘‘ယေသံ သောတာဝဓာနတ္ထိ, သုဏောထ မမ ဘာသတော၊
အဟံ [အတ္ထံ (သျာ။)] ဝေါ ကထယိဿာမိ, သာမံ ဒိဋ္ဌံ ပဒံ မမ။
၁၂၆။ အကြင်သူတို့အား နာခံမှတ်သား ဆောင်ရွက်မှု ရှိကုန်၏၊ ထိုသူတို့အား ဟော ကြားမည့် ငါ၏ စကားကို နာကြကုန်လော့၊ ငါသည် ဟောပေအံ့၊ ငါသည် နိဗ္ဗာန်ကို မြင်အပ်၏။
၁၂၇။ ‘‘‘ဗုဒ္ဓေါ လောကေ သမုပ္ပန္နော, ဝတ္တတေ ဇိနသာသနံ၊
အမတာ ဝါဒိတာ ဘေရီ, သောကသလ္လဝိနောဒနာ။
၁၂၇။ မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူသည် ဖြစ်၍ မြတ်စွာဘုရား၏ သာသနာ တော်သည်လည်း ဖြစ်ပေါ်၏၊ သောကတည်းဟူသော ငြောင့်ကို နုတ်ပယ်တတ်သော အမြိုက် တရားတည်းဟူသော စည်ကြီးကို တီးခတ်အပ်၏။
၁၂၈။ ‘‘‘ယထာသကေန ထာမေန, ပုညက္ခေတ္တေ အနုတ္တရေ၊
အဓိကာရံ ကရေယျာထ, ပဿယိဿထ နိဗ္ဗုတိံ။
၁၂၈။ မိမိစွမ်းအားရှိသလောက် မြတ်သော ကောင်းမှု၏ စိုက်ပျိုးရာ ခေတ်၌ ကောင်းမှု ကို ပြုလုပ်ကုန်ငြားအံ့၊ ငြိမ်းအေးခြင်းကို တွေ့မြင်ကြကုန်လတ္တံ့။
၁၂၉။ ‘‘‘ပဂ္ဂယှ တီဏိ သရဏေ, ပဉ္စသီလာနိ ဂေါပိယ၊
ဗုဒ္ဓေ စိတ္တံ ပသာဒေတွာ, ဒုက္ခဿန္တံ ကရိဿထ။
၁၂၉။ သရဏဂုံသုံးပါးတို့ကို ဆောက်တည်၍ ငါးပါးသော သီလတို့ကို လုံခြုံစေပြီးလျှင် မြတ်စွာဘုရား၌ စိတ်ကို ကြည်လင်စေသည်ရှိသော် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုကြရကုန်လတ္တံ့။
၁၃၀။ ‘‘‘သမ္မာ ဓမ္မံ ဘာဝေတွာန [မမောပမံ ကရိတွာန (သီ။ သျာ။)], သီလာနိ ပရိဂေါပိယ၊
အစိရံ အရဟတ္တံ ဝေါ, သဗ္ဗေပိ ပါပုဏိဿထ။
၁၃၀။ တရားတော်ကို ကောင်းစွာပွါးများ၍ သီလကို ထက်ဝန်းကျင် လုံခြုံစေပြီးလျှင် အလုံးစုံသော သင်တို့သည်လည်း မကြာမီ အရဟတ္တဖိုလ်သို့ ရောက်ကြကုန်လတ္တံ့။
၁၃၁။ ‘‘‘တေဝိဇ္ဇော ဣဒ္ဓိပတ္တောမှိ, စေတောပရိယကောဝိဒေါ၊
သာဝကော တေ မဟာဝီရ, သရဏော [စရဏေ (သီ။ သျာ။)] ဝန္ဒတိ သတ္ထုနော’။
၁၃၁။ အကျွန်ုပ်သည် ဝိဇ္ဇာသုံးပါးရှိသူ ဣဒ္ဓိပါဒ်လေးပါးသို့ ရောက်ပြီးသူ ဖြစ်ပါ၏၊ စေတောပရိယအဘိညာဥ်၌ လိမ္မာသူလည်း ဖြစ်ပါ၏၊ ကြီးသော လုံ့လရှိသော မြတ်စွာဘုရား ရှင်တော်မြတ်၏ တပည့်သာဝကဖြစ်သူ ရဟန်းသည် မြတ်စွာဘုရားအား ရှိခိုးပါ၏။
၁၃၂။ ‘‘အပရိမေယျေ ဣတော ကပ္ပေ, သရဏံ ဗုဒ္ဓဿ ဂစ္ဆဟံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, သရဏံ ဂမနေ ဖလံ။
၁၃၂။ ဤဘဒ္ဒကမ္ဘာမှ မရေတွက်နိုင်သော ကမ္ဘာ၌ ငါသည် မြတ်စွာဘုရားအား ကိုးကွယ် ရာဟူ၍ ဆည်းကပ်သည့် ဘဝမှ စ၍ အပါယ်လေးပါးသို့ လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သရဏဂုံဆောက်တည်ခြင်း၏ အကျိုးပေတည်း။
၁၃၃။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ တိသရဏဂမနိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
တိသရဏဂမနိယတ္ထေရဿာပဒါနံ တတိယံ။
၁၃၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်းကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်တိသရဏဂမနိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် တိသရဏဂမနိယတ္ထေရအပဒါန ပြီး၏။
၄။ ပဉ္စသီလသမာဒါနိယတ္ထေရအပဒါနံ
၁၃၄။ ‘‘နဂရေ စန္ဒဝတိယာ, ဘတကော အာသဟံ တဒါ၊
ပရကမ္မာယနေ ယုတ္တော, ပဗ္ဗဇ္ဇံ န လဘာမဟံ။
၄-ပဥ္စသီလသမာဒါနိယတ္ထေရအပဒါန ၁၃၄။ ထိုအခါ ငါသည် စန္ဒဝတီမည်သော မြို့၌ သူခစား ဖြစ်၏၊ ငါသည် သူတစ်ပါး အမှုကို ပြုခြင်း၌ အားထုတ်ရသည်ဖြစ်၍ ရဟန်းအဖြစ်ကို မရ။
၁၃၅။ ‘‘မဟန္ဓကာရပိဟိတာ, တိဝိဓဂ္ဂီဟိ ဍယှရေ၊
ကေန နု ခေါ ဥပါယေန, ဝိသံယုတ္တော ဘဝေ အဟံ။
၁၃၅။ ကြီးစွာသော အမိုက်မှောင် ပိတ်ဖုံးအပ်ကုန်သော သတ္တဝါတို့သည် မီးသုံးပါးတို့ဖြင့် လောင်မြိုက်ကုန်၏၊ အဘယ်သို့သော အကြောင်းဖြင့် ငါသည် ဝဋ်၌ မယှဥ်သည် ဖြစ်ရပါအံ့ နည်း။
၁၃၆။ ‘‘ဒေယျဓမ္မော စ မေ နတ္ထိ, ဝရာကော ဘတကော အဟံ၊
ယံနူနာဟံ ပဉ္စသီလံ, ရက္ခေယျံ ပရိပူရယံ။
၁၃၆။ ငါ့အား လှူဖွယ်ဝတ္ထုလည်း မရှိ၊ ငါသည် ဆင်းရဲသောသူခစားတည်း၊ ငါသည် ငါးပါးသီလကို ပြည့်စုံစေလျက် စောင့်ရှောက်ရမူ ကောင်းလေစွ။
၁၃၇။ ‘‘အနောမဒဿိဿ မုနိနော, နိသဘော နာမ သာဝကော၊
တမဟံ ဥပသင်္ကမ္မ, ပဉ္စသိက္ခာပဒဂ္ဂဟိံ။
၁၃၇။ အနောမဒဿီမည်သော မြတ်စွာဘုရား၏ နိသဘမည်သော တပည့်သည် ရှိ၏၊ ငါသည် ထိုနိသဘထေရ်သို့ ချဥ်းကပ်၍ ငါးပါးသော သိက္ခာပုဒ်ကို ခံယူဆောက်တည်၏။
၁၃၈။ ‘‘ဝဿသတသဟဿာနိ, အာယု ဝိဇ္ဇတိ တာဝဒေ၊
တာဝတာ ပဉ္စသီလာနိ, ပရိပုဏ္ဏာနိ ဂေါပယိံ။
၁၃၈။ ထိုအခါ အသက်တမ်းသည် အနှစ်တစ်သိန်းတိုင်တိုင် ဖြစ်၏၊ ငါသည် ထိုမျှလောက် ကာလပတ်လုံး ငါးပါးသော သီလတို့ကို ပြည့်စုံစွာ စောင့်ရှောက်၏။
၁၃၉။ ‘‘မစ္စုကာလေ စ သမ္ပတ္တေ, ဒေဝါ အဿာသယန္တိ မံ၊
‘ရထော သဟဿယုတ္တော တေ, မာရိသာယံ [မာရိသဿ (က။)] ဥပဋ္ဌိတော’။
၁၃၉။ သေခါနီးကာလ ရောက်လတ်သော် နတ်တို့သည် ငါ့ကို သက်သာရာ ရစေကုန်၏၊ အချင်း သင့်ထံသို့ နတ်မြင်းတစ်ထောင် ကသော ရထားသည် ရှေးရူတည်၏။
၁၄၀။ ‘‘ဝတ္တန္တေ စရိမေ စိတ္တေ, မမ သီလံ အနုဿရိံ၊
တေန ကမ္မေန သုကတေန, တာဝတိံသံ အဂစ္ဆဟံ။
၁၄၀။ အဆုံးဖြစ်သော မရဏာသန္နစိတ်သည် ဖြစ်လတ်သော် ငါ၏ သီလကို အမှတ်ရ အောက်မေ့၏၊ ငါသည် ကောင်းစွာ ပြုအပ်သော ထိုကုသိုလ်ကံကြောင့် တာဝတိံသာနတ်ပြည် သို့ ရောက်ရ၏။
၁၄၁။ ‘‘တိံသက္ခတ္တုဉ္စ ဒေဝိန္ဒော, ဒေဝရဇ္ဇမကာရယိံ၊
ဒိဗ္ဗသုခံ [ဒိဗ္ဗံ သုခံ (သီ။)] အနုဘဝိံ, အစ္ဆရာဟိ ပုရက္ခတော။
၁၄၁။ အကြိမ်သုံးဆယ် နတ်တို့ကို အစိုးရသည် ဖြစ်၍ သိကြားမင်းအဖြစ်ကို ပြုရ၏၊ နတ်သမီးတို့ဖြင့် ခြံရံလျက် နတ်၌ ဖြစ်သော ချမ်းသာကို ခံစားရ၏။
၁၄၂။ ‘‘ပဉ္စသတ္တတိက္ခတ္တုဉ္စ, စက္ကဝတ္တီ အဟောသဟံ၊
ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ။
၁၄၂။ ငါသည် ခုနစ်ဆယ့်ငါးကြိမ် စကြဝတေးမင်း ဖြစ်ရ၏၊ ပြန့်ပြောသော ပဒေသရာဇ် မင်း အဖြစ်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်။
၁၄၃။ ‘‘ဒေဝလောကာ စဝိတွာန, သုက္ကမူလေန စောဒိတော၊
ပုရေ ဝေသာလိယံ ဇာတော, မဟာသာလေ သုအဍ္ဎကေ။
၁၄၃။ နတ်ပြည်မှ စုတေ၍ ဖြူစင်သော ကုသိုလ်အကြောင်းရင်းသည် တိုက်တွန်းအပ်သော ကြောင့် ဝေသာလီပြည်၌ အလွန်ကြွယ်ဝသော များသော ဥစ္စာနှစ်ရှိသော ‘မဟာသာလ’ မျိုး၌ ဖြစ်၏။
၁၄၄။ ‘‘ဝဿူပနာယိကေ ကာလေ, ဒိပ္ပန္တေ [ဒိဗ္ဗန္တိ (က။)] ဇိနသာသနေ၊
မာတာ စ မေ ပိတာ စေဝ, ပဉ္စသိက္ခာပဒဂ္ဂဟုံ။
၁၄၄။ မြတ်စွာဘုရားသာသနာ ထွန်းလင်းတောက်ပသည် ရှိသော် ဝါဆိုခါနီးအချိန် ငါ၏ အမိအဖတို့သည် ငါးပါးသော သိက္ခာပုဒ်ကို ခံယူဆောက်တည်ကုန်၏။
၁၄၅။ ‘‘သဟ သုတွာနဟံ သီလံ, မမ သီလံ အနုဿရိံ၊
ဧကာသနေ နိသီဒိတွာ, အရဟတ္တမပါပုဏိံ။
၁၄၅။ ငါသည် သီလကထာကို ကြားသည်နှင့်တစ်ပြိုင်နက် မိမိသီလကို အမှတ်ရအောက် မေ့နိုင်၏၊ တစ်နေရာတည်း၌ ထိုင်နေ၍ (တစ်ထိုင်တည်းဖြင့်) အရဟတ္တဖိုလ်သို့ ရောက်၏။
၁၄၆။ ‘‘ဇာတိယာ ပဉ္စဝဿေန, အရဟတ္တမပါပုဏိံ၊
ဥပသမ္ပာဒယိ ဗုဒ္ဓေါ, ဂုဏမညာယ စက္ခုမာ။
၁၄၆။ မွေးဖွားသည်မှ ငါးနှစ်သာ ရှိသေးပါလျက် အရဟတ္တဖိုလ်သို့ ရောက်၏၊ စက္ခု ငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် ငါ၏ ဂုဏ်ကျေးဇူးကို သိတော်မူ၍ ရဟန်း ပြုတော်မူ၏။
၁၄၇။ ‘‘ပရိပုဏ္ဏာနိ ဂေါပေတွာ, ပဉ္စသိက္ခာပဒါနဟံ၊
အပရိမေယျေ ဣတော ကပ္ပေ, ဝိနိပါတံ န ဂစ္ဆဟံ။
၁၄၇။ ငါသည် ငါးပါးသော သိက္ခာပုဒ်တို့ကို ပြည့်စုံစွာ စောင့်ရှောက်လုံခြုံစေ၍ ဤဘဒ္ဒ ကမ္ဘာမှ မရေတွက်နိုင်သော ကမ္ဘာ၌ ပျက်စီး၍ ကျရောက်ရာ အပါယ်လေးပါးသို့ မလား မရောက်ရပေ။
၁၄၈။ ‘‘သွာဟံ ယသမနုဘဝိံ, တေသံ သီလာန ဝါဟသာ၊
ကပ္ပကောဋိမ္ပိ ကိတ္တေန္တော, ကိတ္တယေ ဧကဒေသကံ။
၁၄၈။ ထိုငါသည် ထိုသီလတို့၏ အစွမ်းကြောင့် လူနတ်စည်းစိမ်အခြံအရံကို ခံစားရ၏၊ (ထိုစည်းစိမ်ကို) ကမ္ဘာကုဋေပတ်လုံး ပြောကြားသော်လည်း တစ်စိတ်တစ်ဒေသမျှသာ ပြော ကြားနိုင်ရာ၏။
၁၄၉။ ‘‘ပဉ္စသီလာနိ ဂေါပေတွာ, တယော ဟေတူ လဘာမဟံ၊
ဒီဃာယုကော မဟာဘောဂေါ, တိက္ခပညော ဘဝါမဟံ။
၁၄၉။ ငါသည် ငါးပါးသော သီလတို့ကို စောင့်ရှောက်၍ သုံးပါးသော ချမ်းသာကြောင်း တို့ကို ရ၏၊ ငါသည် သက်တမ်းရှည်သူ, များသော စည်းစိမ်ဥစ္စာရှိသူထက် မြတ်သော ပညာ ရှိသူလည်း ဖြစ်၏။
၁၅၀။ ‘‘သံကိတ္တေန္တော စ [ပကိတ္တေန္တောဝ (သီ။), ပကိတ္တေန္တေ စ (သျာ။)] သဗ္ဗေသံ, အဘိမတ္တဉ္စ ပေါရိသံ၊
ဘဝါဘဝေ သံသရိတွာ, ဧတေ ဌာနေ လဘာမဟံ။
၁၅၀။ လွန်ကဲသော ယောကျာ်း၏ အစွမ်းသတ္တိကို ခပ်သိမ်းသော သူတို့အား ပြောကြား လျက် ဘဝကြီးငယ်၌ ကျင်လည်ရသည်ရှိသော် ငါသည် ထိုအကြောင်းတို့ကို ရ၏။
၁၅၁။ ‘‘အပရိမေယျသီလေသု, ဝတ္တန္တာ ဇိနသာဝကာ၊
ဘဝေသု ယဒိ ရဇ္ဇေယျုံ, ဝိပါကော ကီဒိသော ဘဝေ။
၁၅၁။ မရေတွက်နိုင်သော သီလတို့၌ ကျင့်ကုန်သော မြတ်စွာဘုရား၏ တပည့်သာဝက တို့သည် ဘဝတို့၌ အကယ်၍ တပ်မက်ကုန်ငြားအံ့၊ (ဤသို့ တပ်မက်ကုန်သော်) ထိုတပည့် သာဝကတို့အား အဘယ်သို့ သဘောရှိသော အကျိုးသည် ဖြစ်ရာအံ့နည်း။
၁၅၂။ ‘‘သုစိဏ္ဏံ မေ ပဉ္စသီလံ, ဘတကေန တပဿိနာ [ဝိပဿိနာ (သီ။)]၊
တေန သီလေနဟံ အဇ္ဇ, မောစယိံ သဗ္ဗဗန္ဓနာ။
၁၅၂။ ငါသည် အထီးကျန်သူ သူခစား ဖြစ်လျက် ငါးပါးသီလကို ကောင်းစွာ ကျင့်သုံးအပ်၏၊ ငါသည် ထိုသီလကြောင့် အနှောင်အဖွဲ့အားလုံးမှ ယခု လွတ်ရ၏။
၁၅၃။ ‘‘အပရိမေယျေ ဣတော ကပ္ပေ, ပဉ္စသီလာနိ ဂေါပယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ပဉ္စသီလာနိဒံ ဖလံ။
၁၅၃။ ဤဘဒ္ဒကမ္ဘာမှ မရေတွက်နိုင်သော ကမ္ဘာ၌ ငါးပါးသော သီလတို့ကို စောင့်ရှောက် ခဲ့သော ဘဝမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ငါးပါးသော သီလစောင့်စည်းရခြင်း၏ အကျိုးပေတည်း။
၁၅၄။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ပဉ္စသီလသမာဒါနိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ပဉ္စသီလသမာဒါနိယတ္ထေရဿာပဒါနံ စတုတ္ထံ။
၁၅၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်းကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပဉ္စသီလသမာဒါနိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် ပဉ္စသီလသမာဒါနိယတ္ထေရအပဒါန ပြီး၏။
၅။ အန္နသံသာဝကတ္ထေရအပဒါနံ
၁၅၅။ ‘‘သုဝဏ္ဏဝဏ္ဏံ သမ္ဗုဒ္ဓံ, ဂစ္ဆန္တံ အန္တရာပဏေ၊
ကဉ္စနဂ္ဃိယသံကာသံ, ဗာတ္တိံသဝရလက္ခဏံ။
၅-အန္နသံသာဝကတ္ထေရအပဒါန ၁၅၅-၁၅၆။ ရွှေအဆင်းနှင့် တူသော အဆင်းရှိတော်မူသော ရွှေတုရိုဏ်တိုင်နှင့် တူသည် ဖြစ်၍ သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ်လက္ခဏာနှင့် ပြည့်စုံပြီးလျှင် လူတို့၏ ဆီမီး တန်ဆောင်သဖွယ်လည်း ဖြစ်သော မနှိုင်းယှဥ်အပ်သည်ဖြစ်၍ နှိုင်းရှည့်စရာ ဥပမာမရှိသော အရောင်အဝါကို ဆောင်သည်ဖြစ်၍ ယဥ်ကျေးသည်လည်း ဖြစ်သော သိဒ္ဓတ္ထမြတ်စွာဘုရားကို အိမ်ဈေးတို့၏ အကြားလမ်းခရီး၌ ကြွတော်မူစဥ် ဖူးမြင်ရ၍ ငါသည် မြတ်သော နှစ် သက်ခြင်း ‘ပီတိ’ ကို ရ၏။
၁၅၆။ ‘‘သိဒ္ဓတ္ထံ လောကပဇ္ဇောတံ, အပ္ပမေယျံ အနောပမံ၊
အလတ္ထံ ပရမံ ပီတိံ, ဒိသွာ ဒန္တံ ဇုတိန္ဓရံ။
၁၅၇။ ‘‘သမ္ဗုဒ္ဓံ အဘိနာမေတွာ, ဘောဇယိံ တံ မဟာမုနိံ၊
မဟာကာရုဏိကော လောကေ [နာထော (သီ။)], အနုမောဒိ မမံ တဒါ။
၁၅၇။ ထိုမြတ်သော မုနိဖြစ်သော သိဒ္ဓတ္ထမြတ်စွာဘုရားကို ပင့်ဆောင်၍ ဆွမ်းကျွေး၏၊ လောက၌ ကြီးသော ကရုဏာရှိတော်မူသော မြတ်စွာဘုရားသည် ထိုအခါ ငါ့ကို ဆွမ်း အနုမောဒနာ ပြုတော်မူ၏။
၁၅၈။ ‘‘တသ္မိံ မဟာကာရုဏိကေ, ပရမဿာသကာရကေ၊
ဗုဒ္ဓေ စိတ္တံ ပသာဒေတွာ, ကပ္ပံ သဂ္ဂမှိ မောဒဟံ။
၁၅၈။ ကြီးသော ကရုဏာရှိတော်မူသည် ဖြစ်၍ လွန်ကဲသော သက်သာမှုကို ပြုတတ် သော ထိုမြတ်စွာဘုရား၌ ငါသည် စိတ်ကို ကြည်လင်စေ၍ အာယုကပ်ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရ၏။ ၊
၁၅၉။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ဒါနမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဘိက္ခာဒါနဿိဒံ ဖလံ။
၁၅၉။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ဆွမ်းလှူခဲ့ဖူးသော အခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဆွမ်းလှူရခြင်း၏ အကျိုးပေတည်း။
၁၆၀။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
၁၆၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အန္နသံသာဝကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် အန္နသံသာဝကတ္ထေရအပဒါန ပြီး၏။
အရင်းအမြစ်များ
ကျမ်းကိုးကား
- Vipassana Research Institute. (n.d.). 2. Sīhāsaniyavaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#489
- Vipassana Research Institute. (n.d.). 3. Subhūtivaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#490