အပဒါနပါဠိ (ပ)
ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။
‘‘ပဒုမုတ္တရဗုဒ္ဓဿ, သဗ္ဗလောကာနုကမ္ပိနော၊
သယနံ တဿ ပါဒါသိံ, ဝိပ္ပသန္နေန စေတသာ။
၂၁။ ‘‘တေန သယနဒါနေန, သုခေတ္တေ ဗီဇသမ္ပဒါ၊
ဘောဂါ နိဗ္ဗတ္တရေ တဿ, သယနဿ ဣဒံ ဖလံ။
၂၁။ ထိုညောင်စောင်း, အင်းပျဥ်ကို ပေးလှူခြင်းဖြင့် လယ်မြေကောင်းသဖွယ် ဖြစ်သော သာသနာတော်၌ ကုသိုလ်မျိုးစေ့၏ ပြည့်စုံခြင်းကြောင့် စည်းစိမ်ဥစ္စာတို့သည် ဖြစ်ရကုန်၏။ ဤသို့ ဖြစ်ရခြင်းသည် ထိုညောင်စောင်း, အင်းပျဥ်နေရာကို လှူရခြင်း၏ အကျိုးပေတည်း။
၂၂။ ‘‘အာကာသေ သေယျံ ကပ္ပေမိ, ဓာရေမိ ပထဝိံ ဣမံ၊
ပါဏေသု မေ ဣဿရိယံ, သယနဿ ဣဒံ ဖလံ။
၂၂။ ငါသည် ကောင်းကင်၌ အိပ်ခြင်းကို ပြုနိုင်၏၊ ဤမြေကြီးကို ဆောင်နိုင်၏၊ သတ္တဝါ တို့၌ ငါ၏ အစိုးရသည်၏ အဖြစ်ကို ပြုနိုင်၏။ ဤသို့ ဖြစ်ရခြင်းသည် ညောင်စောင်း, အင်းပျဥ် အိပ်ရာနေရာကို လှူရခြင်း၏ အကျိုးပေတည်း။
၂၃။ ‘‘ပဉ္စကပ္ပသဟဿမှိ, အဋ္ဌ အာသုံ မဟာတေဇာ [မဟာဝရာ (သီ။), မဟာဝီရာ (သျာ။)]၊
စတုတ္တိံသေ ကပ္ပသတေ, စတုရော စ မဟဗ္ဗလာ။
၂၃။ ကမ္ဘာငါးထောင်ထက်၌ ကြီးသော တန်ခိုးရှိသော စကြာမင်းတို့သည် ရှစ်ကြိမ် ဖြစ်ဖူးကုန်၏၊ သုံးထောင့်လေးရာသော ကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော စကြာမင်းတို့သည် လေးကြိမ် ဖြစ်ဖူးကုန်၏။
၂၄။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ သယနဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
သယနဒါယကတ္ထေရဿာပဒါနံ တတိယံ။
၂၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သယနဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် သယနဒါယကတ္ထေရအပဒါန ပြီး၏။
၄။ ဂန္ဓောဒကိယတ္ထေရအပဒါနံ
၂၅။ ‘‘ပဒုမုတ္တရဗုဒ္ဓဿ, မဟာဗောဓိမဟော အဟု၊
ဝိစိတ္တံ ဃဋမာဒါယ, ဂန္ဓောဒကမဒါသဟံ။
၄-ဂန္ဓောဒကိယတ္ထေရအပဒါန ၂၅။ ပဒုမုတ္တရမြတ်စွာဘုရား၏ မြတ်သော (ထင်းရှူး) ဗောဓိပင်ပူဇော်ပွဲသည် ဖြစ်၏၊ (ရတနာ ခြူးပန်း, ခြူးနွယ်တို့ဖြင့်) ငါသည် ဆန်းကြယ်သော အိုးကို ယူ၍ နံ့သာရေကို သွန်းလောင်းလှူဒါန်းခဲ့၏။
၂၆။ ‘‘နှာနကာလေ စ ဗောဓိယာ, မဟာမေဃော ပဝဿထ၊
နိန္နာဒေါ စ မဟာ အာသိ, အသနိယာ ဖလန္တိယာ။
၂၆။ (ထင်းရှူး) ဗောဓိပင်ကို ပက်ဖျန်းသွန်းလောင်းသော အခါ၌လည်း မိုးကြီးသည် သည်းထန်စွာ ရွာသွန်း၏၊ မိုးကြိုးသည် ထစ်ကြိုးပေါက်ကွဲလတ်သော် ကြီးစွာသော မိုးကြိုး သံသည် ဖြစ်၏။
၂၇။ ‘‘တေနေဝါသနိဝေဂေန, တတ္ထ ကာလင်္ကတော [ကာလကတော (သီ။ သျာ။)] အဟံ [အဟုံ (သီ။)]၊
ဒေဝလောကေ ဌိတော သန္တော, ဣမာ ဂါထာ အဘာသဟံ။
၂၇။ ငါသည် ထိုဗောဓိပင်ကို ပူဇော်ရာ၌ ထိုမိုးကြိုးစက်၏ အဟုန်ကြောင့်သာလျှင် သေခဲ့ရ သည် ဖြစ်၍ နတ်ပြည်၌ တည်လျက် ဤဆိုမည့် ဂါထာတို့ကို ရွတ်ဆို၏-
၂၈။ ‘‘‘အဟော ဗုဒ္ဓေါ အဟော ဓမ္မော, အဟော နော သတ္ထုသမ္ပဒါ၊
ကဠေဝရံ [ကလေဗရံ (သီ။)] မေ ပတိတံ, ဒေဝလောကေ ရမာမဟံ။
၂၈။ မြတ်စွာဘုရားသည် အံ့ဖွယ်ရှိပေစွ၊ တရားတော်သည် အံ့ဖွယ်ရှိပေစွ၊ ငါတို့အား ဆရာ၏ ပြည့်စုံခြင်းသည် အံ့ဖွယ်ရှိပေစွ၊ ငါ၏ ကိုယ်ကောင်သည် မြေ၌ ကျသည် ဖြစ်၍ ငါသည် နတ်ပြည်၌ မွေ့လျော်ရ၏။
၂၉။ ‘‘‘ဥဗ္ဗိဒ္ဓံ ဘဝနံ မယှံ, သတဘူမံ သမုဂ္ဂတံ၊
ကညာသတသဟဿာနိ, ပရိဝါရေန္တိ မံ သဒါ။
၂၉။ ဘုံဆင့်တစ်ရာရှိသော ငါ၏ နေရာဗိမာန်သည် မြင့်စောက်သည် ဖြစ်၍ ကောင်းကင်သို့ စွင့်စွင့်တက်၏၊ တစ်သိန်းသော နတ်သမီးတို့သည် ငါ့ကို အမြဲတမ်း ခြံရံကုန်၏။
၃၀။ ‘‘‘အာဗာဓာ မေ န ဝိဇ္ဇန္တိ, သောကော မယှံ န ဝိဇ္ဇတိ၊
ပရိဠာဟံ န ပဿာမိ, ပုညကမ္မဿိဒံ ဖလံ။
၃၀။ ငါ့အား အနာရောဂါတို့သည် မရှိကုန်၊ ငါ့အား စိုးရိမ်ခြင်းလည်း မရှိ၊ ကိုယ်, စိတ်ပူ ပန်ခြင်းကို မမြင်စဖူး။ ဤသို့ ဖြစ်ရခြင်းသည် ကောင်းမှုကံ၏ အကျိုးပေတည်း။
၃၁။ ‘‘‘အဋ္ဌဝီသေ ကပ္ပသတေ, ရာဇာ သံဝသိတော အဟုံ၊
သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော’။
၃၁။ နှစ်ထောင့်ရှစ်ရာသော ကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည် ဖြစ်၍ များ မြတ်သည့် ဗိုလ်ပါအင်အားရှိသော “သံဝသိတ”မည်သော စကြဝတေးမင်းသည် ဖြစ်ဖူး၏။
၃၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဂန္ဓောဒကိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဂန္ဓောဒကိယတ္ထေရဿာပဒါနံ စတုတ္ထံ။
၃၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဂန္ဓောဒကိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် ဂန္ဓောဒကိယတ္ထေရအပဒါန ပြီး၏။
၅။ ဩပဝယှတ္ထေရအပဒါနံ
၃၃။ ‘‘ပဒုမုတ္တရဗုဒ္ဓဿ, အာဇာနီယမဒါသဟံ၊
နိယျာဒေတွာန သမ္ဗုဒ္ဓေ [သမ္ဗုဒ္ဓံ (သီ။ က။)], အဂမာသိံ သကံ ဃရံ။
၅-ဩပဝယှတ္ထေရအပဒါန ၃၃။ ငါသည် ပဒုမုတ္တရမြတ်စွာဘုရားအား အာဇာနည်မြင်းကို ပေးလှူခဲ့၏၊ မြတ်စွာဘုရား အားအပ်နှင်းပြီးလျှင် မိမိနေအိမ်သို့ ပြန်လာခဲ့၏။
၃၄။ ‘‘ဒေဝလော နာမ နာမေန, သတ္ထုနော အဂ္ဂသာဝကော၊
ဝရဓမ္မဿ ဒါယာဒေါ, အာဂစ္ဆိ မမ သန္တိကံ။
၃၄။ မြတ်သော တရားတော်၏ အမွေခံဖြစ်သော အမည်အားဖြင့် “ဒေဝလ”ဟု ထင်ရှား သော မြတ်စွာဘုရား၏ တပည့် အဂ္ဂသာဝကသည် ငါ၏ အထံသို့ ကြွလာတော်မူ၏။
၃၅။ ‘‘သပတ္တဘာရော ဘဂဝါ, အာဇာနေယျော န ကပ္ပတိ၊
တဝ သင်္ကပ္ပမညာယ, အဓိဝါသေသိ စက္ခုမာ။
၃၅။ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် မိမိအား ရောက်လာသော ပရိက္ခရာလျှင် ဝန်ရှိသည်ဖြစ်၍ အာဇာနည်မြင်းသည် မအပ်ဟု သိသော်လည်း သင်၏ လှူလိုခြင်းအကြံကို သိ၍ လက်ခံတော်မူ၏ (ဟု မိန့်တော်မူ၏)။
၃၆။ ‘‘အဂ္ဃါပေတွာ ဝါတဇဝံ, သိန္ဓဝံ သီဃဝါဟနံ၊
ပဒုမုတ္တရဗုဒ္ဓဿ, ခမနီယမဒါသဟံ။
၃၆။ (ထိုအခါ) ငါသည် လေကဲ့သို့ လျင်မြန်သော အဟုန်ရှိသော လျင်စွာ ဆောင်နိုင်သော သိန္ဓောမြင်းကို အဖိုးဖြတ်စေ၍ ပဒုမုတ္တရမြတ်စွာဘုရားအားအပ်သောသင်္ကန်းစသော ပရိက္ခရာ ကို ပေးလှူ၏။
၃၇။ ‘‘ယံ ယံ ယောနုပပဇ္ဇာမိ, ဒေဝတ္တံ အထ မာနုသံ [ဒေဝေ စ မာနုသေ ဘဝေ (သီ။ က။)]၊
ခမနီယံ ဝါတဇဝံ, စိတ္တံ နိဗ္ဗတ္တတေ [အာဇာနီယာ ဝါတဇဝါ, ဝိတ္တိ နိဗ္ဗတ္တရေ (သျာ။), ခမနီယာ ဝါတဇဝါ, စိတ္တာ နိဗ္ဗတ္တရေ (သီ။)] မမ။
၃၇။ ကပ်ရောက်ရတိုင်းသော လူအဖြစ်, နတ်အဖြစ်ဟူသမျှတို့၌ လေကဲ့သို့ လျင်မြန်သော စီးချင်စဖွယ် ဆန်းကြယ်သော ယာဥ်သည် ငါ့အား ဖြစ်ပေါ်၏။
၃၈။ ‘‘လာဘံ တေသံ သုလဒ္ဓံဝ, ယေ လဘန္တုပသမ္ပဒံ၊
ပုနပိ ပယိရုပါသေယျံ, ဗုဒ္ဓေါ လောကေ သစေ ဘဝေ။
၃၈။ အကြင်သူတို့သည် ပဉ္စင်းအဖြစ်ကို ရကုန်၏၊ ထိုသူတို့၏ ပဉ္စင်းအဖြစ်ကို ရခြင်း သည် အရတော်သည်သာလျှင်တည်း၊ မြတ်စွာဘုရားသည် လောက၌ အကယ်၍ ဖြစ်ပေါ်ငြား အံ့၊ တစ်ဖန်လည်း ဆည်းကပ်လို၏။
၃၉။ ‘‘အဋ္ဌဝီသတိက္ခတ္တုံဟံ, ရာဇာ အာသိံ မဟဗ္ဗလော၊
စာတုရန္တော ဝိဇိတာဝီ, ဇမ္ဗုသဏ္ဍဿ [ဇမ္ဗုဒီပဿ (သျာ။), ဇမ္ဗုမဏ္ဍဿ (က။)] ဇမ္ဗုဣဿရော။
၃၉။ ငါသည် များသော ဗိုလ်ပါအင်အားရှိသော ကျွန်းကြီးလေးကျွန်း အပိုင်းအခြားရှိသည် ဖြစ်၍ အောင်အပ်ပြီးသော ရန်သူရှိသော ဇမ္ဗူကျွန်းလုံးကို အစိုးရသော စကြာမင်းသည် နှစ်ဆယ့်ရှစ်ကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူး၏။
၄၀။ ‘‘ဣဒံ ပစ္ဆိမကံ မယှံ, စရိမော ဝတ္တတေ ဘဝေါ၊
ပတ္တောသ္မိ အစလံ ဌာနံ, ဟိတွာ ဇယပရာဇယံ။
၄၀။ ဤကိုယ်အဖြစ်သည် ငါ၏ အဆုံးဖြစ်သော ကိုယ်တည်း၊ အဆုံးဖြစ်သော ဘဝတည်း၊ ငါသည် အောင်ခြင်း, ရှုံးခြင်းကို စွန့်၍ မလှုပ်ရှားနိုင်သော နိဗ္ဗာန်အရပ်သို့ ရောက်ရ၏။
၄၁။ ‘‘စတုတိံသသဟဿမှိ, မဟာတေဇောသိ ခတ္တိယော၊
သတရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။
၄၁။ ကမ္ဘာသုံးသောင်းလေးထောင်ထက်၌ ကြီးမြတ်သော တန်ခိုးရှိသော ရတနာခုနစ်ပါး နှင့် ပြည့်စုံသည်ဖြစ်၍ များသော ဗိုလ်ပါအင်အားရှိသော စကြဝတေးမင်းသည် ဖြစ်ခဲ့ဖူး၏။
၄၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဩပဝယှော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဩပဝယှတ္ထေရဿာပဒါနံ ပဉ္စမံ။
၄၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဩပဝယှမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် ဩပဝယှတ္ထေရအပဒါန ပြီး၏။
၆။ သပရိဝါရာသနတ္ထေရအပဒါနံ
၄၃။ ‘‘ပဒုမုတ္တရဗုဒ္ဓဿ, ပိဏ္ဍပါတံ အဒါသဟံ၊
ဂန္တွာ ကိလိဋ္ဌကံ ဌာနံ [တံ ဘောဇနဋ္ဌာနံ (သီ။)], မလ္လိကာဟိ ပရိက္ခိတံ [ပရိက္ခိပိံ (သီ။)]။
၆-သပရိဝါရာသနတ္ထေရအပဒါန ၄၃။ ငါသည် ပဒုမုတ္တရမြတ်စွာဘုရားအား ဆွမ်းကို လှူဒါန်းခဲ့၏၊ ညစ်နွမ်းသော နေရာ သို့ သွား၍ စံပယ်, ကြက်ရုန်းပန်းတို့ဖြင့် ခြံရံဖုံးလွှမ်းအပ်၏။
၄၄။ ‘‘တမှာသနမှိ အာသီနော, ဗုဒ္ဓေါ လောကဂ္ဂနာယကော၊
အကိတ္တယိ ပိဏ္ဍပါတံ, ဥဇုဘူတော သမာဟိတော။
၄၄။ ထိုပန်းနေရာ၌ နေတော်မူသော လူတို့၏ အမြတ်ဆုံး ရှေ့သွားဖြစ်တော်မူသော မြတ်စွာဘုရားသည် ဖြောင့်မတ် တည်ကြည်တော်မူသည် ဖြစ်၍ ဆွမ်း၏ အကျိုးကို မိန့်ကြား တော်မူ၏။
၄၅။ ‘‘ယထာပိ ဘဒ္ဒကေ ခေတ္တေ, ဗီဇံ အပ္ပမ္ပိ ရောပိတံ၊
သမ္မာ ဓာရံ ပဝေစ္ဆန္တေ, ဖလံ တောသေတိ ကဿကံ။
၄၅-၄၆။ ကောင်းမြတ်သော လယ်၌ အနည်းငယ်သော မျိုးစေ့ကို စိုက်ပျိုးအပ်သော်လည်း မိုးကောင်းမွန်စွာ ရွာသွန်းလတ်သော် အသီးသည် လယ်သမားကို နှစ်သက်စေသကဲ့သို့ ထို့အတူသာလျှင် သင်သည် ဤဆွမ်းမျိုးစေ့ကို ငါဘုရားတည်းဟူသော လယ်မြေကောင်း၌ စိုက်ပျိုးအပ်၏၊ ဘဝသံသရာ၌ ဖြစ်ရသေးသည်ရှိသော် ကောင်းကျိုးတည်းဟူသော အသီးအနှံ က သင့်အား နှစ်သိမ့်စေလတ္တံ့။
၄၆။ ‘‘တထေဝါယံ ပိဏ္ဍပါတော, သုခေတ္တေ ရောပိတော တယာ၊
ဘဝေ နိဗ္ဗတ္တမာနမှိ, ဖလံ တေ [နိဗ္ဗတ္တမာနံ ဟိ, ဖလတော (သီ။)] တောသယိဿတိ [တပ္ပယိဿတိ (က။)]။
၄၇။ ‘‘ဣဒံ ဝတွာန သမ္ဗုဒ္ဓေါ, ဇလဇုတ္တမနာမကော၊
ပိဏ္ဍပါတံ ဂဟေတွာန, ပက္ကာမိ ဥတ္တရာမုခေါ။
၄၇။ ပဒုမုတ္တရမြတ်စွာဘုရားသည် ဤစကားကို မိန့်ဆိုတော်မူ၍ ဆွမ်းအလှူကို ခံယူတော် မူလျက် မြောက်အရပ်သို့ ရှေးရှုကြွတော်မူ၏။
၄၈။ ‘‘သံဝုတော ပါတိမောက္ခသ္မိံ, ဣန္ဒြိယေသု စ ပဉ္စသု၊
ပဝိဝေကမနုယုတ္တော, ဝိဟရာမိ အနာသဝေါ။
၄၈။ ငါသည် ပါတိမောက္ခသံဝရသီလ၌လည်းကောင်း၊ ငါးပါးသော ဣန္ဒြေတို့၌လည်း ကောင်း ကောင်းစွာ စောင့်စည်းလျက် ဝိဝေကသုံးပါး ပွါးများအားထုတ်ကာ အာသဝေါကင်း ကွာ ကိလေသာမရှိဘဲ နေရ၏။
၄၉။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ သပရိဝါရာသနော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
သပရိဝါရာသနတ္ထေရဿာပဒါနံ ဆဋ္ဌံ။
၄၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သပရိဝါရာသနမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် သပရိဝါရာသနတ္ထေရအပဒါန ပြီး၏။
၇။ ပဉ္စဒီပကတ္ထေရအပဒါနံ
၅၀။ ‘‘ပဒုမုတ္တရဗုဒ္ဓဿ, သဗ္ဗဘူတာနုကမ္ပိနော၊
သဒ္ဒဟိတွာန [သုသဏ္ဌဟိတွာ (သီ။)] သဒ္ဓမ္မေ, ဥဇုဒိဋ္ဌိ အဟောသဟံ။
၇-ပဥ္စဒီပကတ္ထေရအပဒါန ၅၀။ ငါသည် အလုံးစုံသော သတ္တဝါတို့ကို အစဥ်သနားတော်မူတတ်သော ပဒုမုတ္တရ မြတ်စွာဘုရား၏ တရားတော်၌ ယုံကြည်သောကြောင့် ဖြောင့်မတ်သော အယူရှိသူ ဖြစ်ခဲ့၏။
၅၁။ ‘‘ပဒီပဒါနံ ပါဒါသိံ, ပရိဝါရေတွာန ဗောဓိယံ၊
သဒ္ဒဟန္တော ပဒီပါနိ, အကရိံ တာဝဒေ အဟံ။
၅၁။ ထိုအခါ ငါသည် ထင်းရှူးဗောဓိပင်ကို ခြံရံ၍ ဆီမီးအလှူကို ပေးလှူခဲ့၏၊ ကံ, ကံ၏ အကျိုးကို ယုံကြည်လျက် ဆီမီးတို့ကို ညှိထွန်းခဲ့၏။
၅၂။ ‘‘ယံ ယံ ယောနုပပဇ္ဇာမိ, ဒေဝတ္တံ အထ မာနုသံ၊
အာကာသေ ဥက္ကံ ဓာရေန္တိ, ဒီပဒါနဿိဒံ ဖလံ။
၅၂။ ငါသည် ကပ်ရောက်ရတိုင်းသော နတ်အဖြစ်, လူအဖြစ်ဟူသမျှတို့၌ ကောင်းကင်၌ ဆီမီးရောင်ကို ဆောင်ကုန်၏။ ဤသို့ ဖြစ်ရခြင်းသည် ဆီမီးအလှူ၏ အကျိုးပေတည်း။
၅၃။ ‘‘တိရောကုဋ္ဋံ တိရောသေလံ, သမတိဂ္ဂယှ ပဗ္ဗတံ၊
သမန္တာ ယောဇနသတံ, ဒဿနံ အနုဘောမဟံ။
၅၃။ နံရံတစ်ဖက်ကိုလည်းကောင်း၊ ကျောက်တောင်တစ်ဖက်ကိုလည်းကောင်း၊ မြေတောင် ကိုလည်းကောင်း ကျော်လွန်၍ ငါသည် ထက်ဝန်းကျင်မှ ယူဇနာတစ်ရာတိုင်အောင် မြင်စွမ်း နိုင်ခြင်း အကျိုးကို ခံစားရ၏။
၅၄။ ‘‘တေန ကမ္မာဝသေသေန, ပတ္တောမှိ အာသဝက္ခယံ၊
ဓာရေမိ အန္တိမံ ဒေဟံ, ဒွိပဒိန္ဒဿ သာသနေ။
၅၄။ ငါသည် ထိုကံကြွင်းကြောင့်သာလျှင် အာသဝေါကုန်ရာ နိဗ္ဗာန်သို့ ရောက်သည် ဖြစ်၍ အခြေနှစ်ချောင်းရှိသူ လူတို့ကို အစိုးရသော မြတ်စွာဘုရား၏ သာသနာတော်၌ အဆုံးဖြစ် သော ကိုယ်ကို ဆောင်၏။
၅၅။ ‘‘စတုတ္တိံသေ ကပ္ပသတေ, သတစက္ခုသနာမကာ၊
ရာဇာဟေသုံ မဟာတေဇာ, စက္ကဝတ္တီ မဟဗ္ဗလာ။
၅၅။ သုံးထောင့်လေးရာသော ကမ္ဘာထက်၌ များမြတ်သော တန်ခိုးအင်အားရှိကုန်သော ‘သတစက္ခု’ဟု တူသော အမည်ရှိကုန်သော စကြဝတေးမင်းတို့ ဖြစ်ခဲ့ဖူးကုန်၏။
၅၆။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ပဉ္စဒီပကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ပဉ္စဒီပကတ္ထေရဿာပဒါနံ သတ္တမံ။
၅၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပဉ္စဒီပကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် ပဉ္စဒီပကတ္ထေရအပဒါန ပြီး၏။
၈။ ဓဇဒါယကတ္ထေရအပဒါနံ
၅၇။ ‘‘ပဒုမုတ္တရဗုဒ္ဓဿ, ဗောဓိယာ ပါဒပုတ္တမေ၊
ဟဋ္ဌော ဟဋ္ဌေန စိတ္တေန, ဓဇမာရောပယိံ အဟံ။
၈-ဓဇဒါယကတ္ထေရအပဒါန ၅၇။ ပဒုမုတ္တရမြတ်စွာဘုရား၏ မြတ်သော ထင်းရှူးဗောဓိပင်၌ ရွှင်လန်းသော ငါသည် ရွှင်ပျသော စိတ်ဖြင့် တံခွန်ကို တင်လှူခဲ့၏။ ၅၈-၅၉-၆၀-၆၁။ ငါသည် ကြွေကျသော ဗောဓိရွက်တို့ကို ကောက်ယူ၍ အပ၌ စွန့်၏၊ အတွင်း, အပတို့၌ စင်ကြယ်သည် ဖြစ်၍ ကိလေသာမှ လွတ်သော အာသဝေါမရှိသော - မြတ်စွာဘုရားကို မျက်မှောက်၌ ရှိခိုးရသကဲ့သို့ ငါသည် မြတ်သော ဗောဓိပင်ကို ရှိခိုး၏၊ လောကကို သိတော်မူသော ဧည့်သည်အလို့ငှါ ဆောင်အပ်သော ပစ္စည်းဝတ္ထုကို အလှူခံထိုက် သော ပဒုမုတ္တရမြတ်စွာဘုရားသည် - ရဟန်းသံဃာ (အလယ်၌) ရပ်တည်လျက် ဤဆိုမည့် ဂါထာတို့ကို မိန့်တော်မူ၏- ဤ တံခွန်အလှူကြောင့်လည်းကောင်း၊ ဆည်းကပ်ခစားခြင်းကြောင့်လည်းကောင်း နှစ်ပါးစုံကြောင့် - ထိုသူသည် ကမ္ဘာတစ်သိန်းပတ်လုံး အပါယ်လေးပါးသို့ မလားရောက်ရ၊ နတ်ပြည်တို့၌ နတ်၏ တင့်တယ်ခြင်းကို အတိုင်းမသိ ခံစားရလတ္တံ့။
၅၈။ ‘‘ပတိတပတ္တာနိ ဂဏှိတွာ, ဗဟိဒ္ဓါ ဆဍ္ဍယိံ အဟံ၊
အန္တောသုဒ္ဓံ ဗဟိသုဒ္ဓံ, အဓိမုတ္တမနာသဝံ။
၅၉။ ‘‘သမ္မုခါ ဝိယ သမ္ဗုဒ္ဓံ, အဝန္ဒိံ ဗောဓိမုတ္တမံ၊
ပဒုမုတ္တရော လောကဝိဒူ, အာဟုတီနံ ပဋိဂ္ဂဟော။
၆၀။ ‘‘ဘိက္ခုသံဃေ ဌိတော သတ္ထာ, ဣမာ ဂါထာ အဘာသထ၊
‘‘‘ဣမိနာ ဓဇဒါနေန, ဥပဋ္ဌာနေန စူဘယံ။
၆၁။ ‘‘‘ကပ္ပါနံ သတသဟဿံ, ဒုဂ္ဂတိံ သော န ဂစ္ဆတိ၊
ဒေဝေသု ဒေဝသောဘဂျံ, အနုဘောဿတိနပ္ပကံ။
၆၂။ ‘‘‘အနေကသတက္ခတ္တုဉ္စ, ရာဇာ ရဋ္ဌေ ဘဝိဿတိ၊
ဥဂ္ဂတော နာမ နာမေန, စက္ကဝတ္တီ ဘဝိဿတိ။
၆၂။ အကြိမ်အရာများစွာ တိုင်းနိုင်ငံ၌ မင်းဖြစ်ရလတ္တံ့၊ အမည်အားဖြင့် “ဥဂ္ဂတ”ဟု ထင်ရှားသော စကြဝတေးမင်း ဖြစ်ရလတ္တံ့။
၆၃။ ‘‘‘သမ္ပတ္တိံ အနုဘောတွာန, သုက္ကမူလေန စောဒိတော၊
ဂေါတမဿ ဘဂဝတော, သာသနေဘိရမိဿတိ’။
၆၃။ စည်းစိမ်ကို ခံစားပြီး၍ ဖြူစင်သော ကုသိုလ်အကြောင်းရင်းသည် တိုက်တွန်းအပ် သောကြောင့် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်၌ မွေ့လျော်ရလတ္တံ့ (ဟု မိန့်တော်မူ၏)။
၆၄။ ‘‘ပဓာနပဟိတတ္တောမှိ, ဥပသန္တော နိရူပဓိ၊
ဓာရေမိ အန္တိမံ ဒေဟံ, သမ္မာသမ္ဗုဒ္ဓသာသနေ။
၆၄။ ငါသည် ကမ္မဋ္ဌာန်းအားထုတ်ခြင်းဖြင့် နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသည် ဖြစ်၍ ကိလေသာမီး ငြိမ်းအေးသူ, ကိလေသာဥပဓိ မရှိသူ ဖြစ်၏၊ ဘုရားသာသနာတော်၌ အဆုံးဖြစ်သော ကိုယ်ကို ဆောင်၏။
၆၅။ ‘‘ဧကပညာသသဟဿေ, ကပ္ပေ ဥဂ္ဂတသဝှယော [သဝှယာ (သျာ။)]၊
ပညာသသတသဟဿေ, ခတ္တိယော မေဃသဝှယော [ခတ္တိယာ ခေမသဝှယာ (သျာ။)]။
၆၅။ တစ်ထောင့်ငါးဆယ့်တစ်ခုသော ကမ္ဘာထက်၌ “ဥဂ္ဂတ”အမည်ရှိသော စကြာမင်း ဖြစ်၏၊ တစ်ထောင့်ငါးဆယ်သော ကမ္ဘာထက်၌ “မေဃ”အမည်ရှိသော စကြာမင်း ဖြစ်၏။
၆၆။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဓဇဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဓဇဒါယကတ္ထေရဿာပဒါနံ အဋ္ဌမံ။
၆၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဓဇဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် ဓဇဒါယကတ္ထေရအပဒါန ပြီး၏။
၉။ ပဒုမတ္ထေရအပဒါနံ
၆၇။ ‘‘စတုသစ္စံ ပကာသေန္တော, ဝရဓမ္မပ္ပဝတ္တကော၊
ဝဿတေ [ဝဿေတိ (?)] အမတံ ဝုဋ္ဌိံ, နိဗ္ဗာပေန္တော မဟာဇနံ။
၉-ပဒုမတ္ထေရအပဒါန ၆၇။ သစ္စာလေးပါးတရားကို ပြတော်မူလျက် မြတ်သောတရားတော်ကို ဖြစ်စေတတ်သော ပဒုမုတ္တရဘုရားရှင်သည် လူအပေါင်းကို ငြိမ်းအေးစေလျက် အမြိုက်မိုးကို ရွာစေ၏။
၆၈။ ‘‘သဓဇံ [သဒဏ္ဍံ (သီ။)] ပဒုမံ ဂယှ, အဍ္ဎကောသေ ဌိတော အဟံ၊
ပဒုမုတ္တရမုနိဿ, ပဟဋ္ဌော ဥက္ခိပိမမ္ဗရေ။
၆၈။ ငါသည် တံခွန်နှင့် တကွသော ပဒုမ္မာကြာကို ယူ၍ ကုလလေးတာ နှစ်ရာ့ငါးဆယ် တစ်ကောသဝက်ရှိသော နေရာ၌ ရပ်တည်လျက် ရွှင်လန်းသည်ဖြစ်၍ ပဒုမုတ္တရမြတ်စွာဘုရား အား ကောင်းကင်၌ ပစ်တင်မြှောက်လှူ၏။
၆၉။ ‘‘အာဂစ္ဆန္တေ စ ပဒုမေ, အဗ္ဘုတော အာသိ တာဝဒေ၊
မမ သင်္ကပ္ပမညာယ, ပဂ္ဂဏှိ ဝဒတံ ဝရော။
၆၉။ ပဒုမ္မာကြာသည် ရှေးရှုလာလတ်သော် ထိုခဏ၌ မဖြစ်စဖူး (ပြာဋိဟာထူးကဲသော အရာ) သည် ဖြစ်၏၊ (ငါ မြတ်သူဟု) ဆိုတတ်သူတို့ထက် မြတ်သော ဘုရားရှင်သည် ငါ၏ အကြံကို သိ၍ ခံယူတော်မူ၏။
၇၀။ ‘‘ကရသေဋ္ဌေန ပဂ္ဂယှ, ဇလဇံ ပုပ္ဖမုတ္တမံ၊
ဘိက္ခုသံဃေ ဌိတော သတ္ထာ, ဣမာ ဂါထာ အဘာသထ။
၇၀။ မြတ်စွာဘုရားသည် မြတ်သော ပဒုမ္မာကြာပန်းကို လက်တော်မြတ်ဖြင့် ကိုင်ယူတော်မူ ၍ ရဟန်းသံဃာအလယ်၌ ရပ်တည်လျက် ဤဆိုမည့် ဂါထာတို့ကို မိန့်တော်မူ၏။
၇၁။ ‘‘‘ယေနိဒံ ပဒုမံ ခိတ္တံ, သဗ္ဗညုမှိ ဝိနာယကေ [သဗ္ဗညုတမနာယကေ (သျာ။ က။)]၊
တမဟံ ကိတ္တယိဿာမိ, သုဏာထ မမ ဘာသတော။
၇၁။ အကြင်သူသည် နိဗ္ဗာန်သို့ ပို့ဆောင်တတ်သော တရားအလုံးစုံကို သိသော မြတ်စွာဘုရား၌ (သဗ္ဗညုမြတ်စွာဘုရား၌) ဤပဒုမ္မာကြာပန်းကို ပစ်လွှင့်ပူဇော်အပ်၏၊ ထိုသူကို ငါသည် ဗျာဒိတ်စကား ဟောကြားပေအံ့၊ ဟောကြားမည့် ငါ၏ စကားကို နာကြကုန်လော့။
၇၂။ ‘‘‘တိံသကပ္ပါနိ ဒေဝိန္ဒော, ဒေဝရဇ္ဇံ ကရိဿတိ၊
ပထဗျာ ရဇ္ဇံ သတ္တသတံ, ဝသုဓံ အာဝသိဿတိ။
၇၂။ ကမ္ဘာသုံးဆယ်တို့ပတ်လုံး နတ်တို့ကို အစိုးရသူ ဖြစ်၍ သိကြားမင်းအဖြစ်ကို ပြုရ လတ္တံ့၊ အကြိမ်ခုနစ်ရာ ဧကရာဇ်မင်းဖြစ်၍ မြေအပြင်ကို စိုးအုပ်ရလတ္တံ့။
၇၃။ ‘‘‘တတ္ထ ပတ္တံ ဂဏေတွာန, စက္ကဝတ္တီ ဘဝိဿတိ၊
အာကာသတော ပုပ္ဖဝုဋ္ဌိ, အဘိဝဿိဿတီ တဒါ။
၇၃။ ထိုပဒုမ္မာကြာ၌ ကြာချပ်အရေအတွက်မျှလောက် စကြဝတေးမင်း ဖြစ်ရလတ္တံ့၊ ထိုအခါ ကောင်းကင်မှ ပန်းမိုးရွာလတ္တံ့။
၇၄။ ‘‘‘ကပ္ပသတသဟဿမှိ, ဩက္ကာကကုလသမ္ဘဝေါ၊
ဂေါတမော နာမ နာမေန, သတ္ထာ လောကေ ဘဝိဿတိ။
၇၄။ ကမ္ဘာတစ်သိန်းထက်၌ “ဩက္ကာက” မင်းမျိုး၌ ဖြစ်သော အမည်အားဖြင့် ဂေါတမ မည်သော မြတ်စွာဘုရားသည် လောက၌ ဖြစ်လတ္တံ့။
၇၅။ ‘‘‘တဿ ဓမ္မေသု ဒါယာဒေါ, ဩရသော ဓမ္မနိမ္မိတော၊
သဗ္ဗာသဝေ ပရိညာယ, နိဗ္ဗာယိဿတိနာသဝေါ’။
၇၅။ ထိုဂေါတမမြတ်စွာဘုရား၏ တရားတော်တို့၌ အမွေခံရင်သွေးဖြစ်လျက် တရားတော် က ဖန်ဆင်းအပ်သည်ဖြစ်၍ ခပ်သိမ်းသော အာသဝတို့ကို ပိုင်းခြားသိပြီးလျှင် အာသဝေါ ကင်းကွာ ကိလေသာမရှိဘဲ ပရိနိဗ္ဗာန်ပြုလတ္တံ့ (ဟု မိန့်တော်မူ၏)။
၇၆။ ‘‘နိက္ခမိတွာန ကုစ္ဆိမှာ, သမ္ပဇာနော ပတိဿတော၊
ဇာတိယာ ပဉ္စဝဿောဟံ, အရဟတ္တံ အပါပုဏိံ။
၇၆။ ငါသည် အမိဝမ်းမှ ဖွားမြင်သည်ရှိသော် ပညာအဆင်ခြင် ရှိသည် ထင်သော သတိ ရှိသည် ဖြစ်၍ ဖွားသည်မှ ငါးနှစ်မျှသာ ရှိသေးလျက် အရဟတ္တဖိုလ်သို့ ရောက်၏။
၇၇။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ပဒုမော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ပဒုမတ္ထေရဿာပဒါနံ နဝမံ။
၇၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပဒုမမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် ပဒုမတ္ထေရအပဒါန ပြီး၏။
၁၀။ အသနဗောဓိယတ္ထေရအပဒါနံ
၇၈။ ‘‘ဇာတိယာ သတ္တဝဿောဟံ, အဒ္ဒသံ လောကနာယကံ၊
ပသန္နစိတ္တော သုမနော, ဥပဂစ္ဆိံ နရုတ္တမံ။
၁၀-အသနဗောဓိယတ္ထေရအပဒါန ၇၈။ ငါသည် မွေးဖွားသည်မှ ခုနစ်နှစ်သာ ရှိသေးလျက် မြတ်စွာဘုရားကို ဖူးမြင်ရ၏၊ ကြည်ညို ဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်၍ တိဿမြတ်စွာဘုရားထံတော်သို့ ကပ်ရောက်၏။
၇၉။ ‘‘တိဿဿာဟံ ဘဂဝတော, လောကဇေဋ္ဌဿ တာဒိနော၊
ဟဋ္ဌော ဟဋ္ဌေန စိတ္တေန, ရောပယိံ ဗောဓိမုတ္တမံ။
၇၉။ ရွှင်လန်းသော ငါသည် ရွှင်ပျသောစိတ်ဖြင့် လူတို့၏ အကြီးအမှူးဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံသော တိဿမည်သော ဘုရားရှင်၏ မြတ်သော ပိတောက်ဗောဓိပင်ကို စိုက်ပျိုး၏။
၈၀။ ‘‘အသနော နာမဓေယျေန, ဓရဏီရုဟပါဒပေါ၊
ပဉ္စဝဿေ ပရိစရိံ, အသနံ ဗောဓိမုတ္တမံ။
၈၀။ မြေ၌ ပေါက်သော သစ်ပင်သည် အမည်အားဖြင့် ပိတောက်ပင် မည်၏၊ မြတ်သော (ထို) ပိတောက်ဗောဓိပင်ကို ငါးနှစ်ပတ်လုံး ပြုစု၏။
၈၁။ ‘‘ပုပ္ဖိတံ ပါဒပံ ဒိသွာ, အဗ္ဘုတံ လောမဟံသနံ၊
သကံ ကမ္မံ ပကိတ္တေန္တော, ဗုဒ္ဓသေဋ္ဌံ ဥပါဂမိံ။
၈၁။ မဖြစ်စဘူး ထူးကဲသည် ဖြစ်၍ ကြက်သီးမွေးညင်း ထလောက်အောင် ပင်လုံးကျွတ် ပွင့်သော ပိတောက်ဗောဓိပင်ကို မြင်ရသော် မိမိစိုက်ပျိုးမှုကို အထူးထူးအထွေထွေ ကြား လျှောက်လျက် ဘုရားထံတော်သို့ ချဥ်းကပ်၏။
၈၂။ ‘‘တိဿော တဒါ သော သမ္ဗုဒ္ဓေါ, သယမ္ဘူ အဂ္ဂပုဂ္ဂလော၊
ဘိက္ခုသံဃေ နိသီဒိတွာ, ဣမာ ဂါထာ အဘာသထ။
၈၂။ ထိုအခါ သစ္စာလေးပါးကို သိ၍ အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်သော တိဿမည်သော ထို ဘုရားရှင်သည် ရဟန်းသံဃာအလယ်၌ ထိုင်နေတော်မူ၍ ဤဆိုမည့် ဂါထာတို့ကို မိန့်တော် မူ၏။
၈၃။ ‘‘‘ယေနာယံ ရောပိတာ ဗောဓိ, ဗုဒ္ဓပူဇာ စ သက္ကတာ၊
တမဟံ ကိတ္တယိဿာမိ, သုဏာထ မမ ဘာသတော။
၈၃။ အကြင်သူသည် ဤပိတောက်ဗောဓိပင်ကို စိုက်ပျိုးအပ်၏၊ ဘုရားအား ပူဇော်ခြင်းကို ကောင်းစွာ ပြုအပ်၏၊ ထိုသူကို ငါသည် ဗျာဒိတ်စကား ဟောကြားပေအံ့၊ ဟောကြားမည့် ငါ၏ စကားကို နာကြကုန်လော့။
၈၄။ ‘‘‘တိံသကပ္ပါနိ ဒေဝေသု, ဒေဝရဇ္ဇံ ကရိဿတိ၊
စတုသဋ္ဌိ စက္ခတ္တုံ သော, စက္ကဝတ္တီ ဘဝိဿတိ။
၈၄။ ထိုသူသည် အာယုကပ် သုံးဆယ်တို့ပတ်လုံး နတ်ပြည်တို့၌ နတ်မင်းအဖြစ်ကို ပြုရ လတ္တံ့၊ ခြောက်ဆယ့်လေးကြိမ် စကြဝတေးမင်း ဖြစ်ရလတ္တံ့။
၈၅။ ‘‘‘တုသိတာ ဟိ စဝိတွာန, သုက္ကမူလေန စောဒိတော၊
ဒွေ သမ္ပတ္တီ အနုဘောတွာ, မနုဿတ္တေ ရမိဿတိ။
၈၅။ တုသိတာနတ်ပြည်မှ စုတေ၍ ဖြူစင်သော ကုသိုလ်အကြောင်းရင်းသည် တိုက်တွန်းအပ်သောကြောင့် နှစ်ပါးသော စည်းစိမ်တို့ကို ခံစား၍ လူအဖြစ်၌ မွေ့လျော်ရလတ္တံ့။
၈၆။ ‘‘‘ပဓာနပဟိတတ္တော သော, ဥပသန္တော နိရူပဓိ၊
သဗ္ဗာသဝေ ပရိညာယ, နိဗ္ဗာယိဿတိနာသဝေါ’။
၈၆။ ထိုသူသည် ကမ္မဋ္ဌာန်းစီးဖြန်းအားထုတ်ခြင်းဖြင့် နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ် ရှိသည် ဖြစ်၍ ကိလေသာမှ ငြိမ်းအေးကာ ကိလေသာဥပဓိ မရှိဘဲလျက် ခပ်သိမ်းသော အာသဝေါတရားတို့ကို ပိုင်းခြားသိပြီးလျှင် အာသဝေါကင်းကွာ ကိလေသာမရှိဘဲ ပရိနိဗ္ဗာန်ပြု လတ္တံ့ (ဟု မိန့်တော်မူ၏)။
၈၇။ ‘‘ဝိဝေကမနုယုတ္တောဟံ, ဥပသန္တော နိရူပဓိ၊
နာဂေါဝ ဗန္ဓနံ ဆေတွာ, ဝိဟရာမိ အနာသဝေါ။
၈၇။ ငါသည် ဝိဝေကသုံးပါး ပွါးများအားထုတ်လျက် ကိလေသာမှ ငြိမ်းအေးသူ ကိလေသာဥပဓိ မရှိသူ ဖြစ်၏၊ ‘ဆင်ပြောင်သည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ အာသဝေါကင်းကွာ (ကိလေသာ) မရှိဘဲ နေရ၏။
၈၈။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, ဗောဓိံ ရောပေသဟံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗောဓိရောပဿိဒံ ဖလံ။
၈၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ပိတောက်ဗောဓိပင်ကို စိုက်ပျိုးခဲ့သောအခါမှ စ၍ ငါသည် အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပိတောက် ဗောဓိပင် စိုက်ပျိုးရခြင်း၏ အကျိုးပေတည်း။
၈၉။ ‘‘စတုသတ္တတိတော ကပ္ပေ, ဒဏ္ဍသေနောတိ ဝိဿုတော၊
သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ တဒါ အဟုံ။
၈၉။ ဤဘဒ္ဒကမ္ဘာမှ ခုနစ်ဆယ့်လေးကမ္ဘာထက် ဖြစ်သော ထိုအခါ၌ ငါသည် “ဒဏ္ဍသေန”ဟု ကျော်စောထင်ရှားသော ရတနာခုနစ်ပါးနှင့် ပြည့်စုံသော စကြဝတေးမင်းသည် ဖြစ်ခဲ့၏။
၉၀။ ‘‘တေသတ္တတိမှိတော ကပ္ပေ, သတ္တာဟေသုံ မဟီပတီ၊
သမန္တနေမိနာမေန, ရာဇာနော စက္ကဝတ္တိနော။
၉၀။ ဤဘဒ္ဒကမ္ဘာမှ ခုနစ်ဆယ့်သုံးကမ္ဘာထက်၌ “သမန္တနေမိ”ဟူသော အမည်ဖြင့် ရေမြေ ကို အစိုးရသော စကြဝတေးမင်းတို့သည် ခုနစ်ကြိမ် ဖြစ်ဖူးကုန်၏။
၉၁။ ‘‘ပဏ္ဏဝီသတိတော ကပ္ပေ, ပုဏ္ဏကော နာမ ခတ္တိယော၊
သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။
၉၁။ ဤဘဒ္ဒကမ္ဘာမှ နှစ်ဆယ့်ငါးကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ များ မြတ်သည့် ဗိုလ်ပါအင်အားရှိသော “ပုဏ္ဏက”မည်သော စကြဝတေးမင်းသည် ဖြစ်ခဲ့ဖူး၏။
၉၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ အသနဗောဓိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
အသနဗောဓိယတ္ထေရဿာပဒါနံ ဒသမံ။
ဗီဇနိဝဂ္ဂေါ ဆဋ္ဌော။
တဿုဒ္ဒါနံ –
ဗီဇနီ သတရံသီ စ, သယနောဒကိဝါဟိယော၊
ပရိဝါရော ပဒီပဉ္စ, ဓဇော ပဒုမပူဇကော၊
ဗောဓိ စ ဒသမော ဝုတ္တော, ဂါထာ ဒွေနဝုတိ တထာ။
၉၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အသနဗောဓိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် အသနဗောဓိယတ္ထေရအပဒါန ပြီး၏။ ခြောက်ခုမြောက် ဗီဇနိဝဂ် ပြီး၏။
၇။ သကစိန္တနိယဝဂ္ဂေါ
၁။ သကစိန္တနိယတ္ထေရအပဒါနံ
၁။ ‘‘ပဝနံ ကာနနံ ဒိသွာ, အပ္ပသဒ္ဒမန္နာဝိလံ၊
ဣသီနံ အနုစိဏ္ဏံဝ, အာဟုတီနံ ပဋိဂ္ဂဟံ။
၇-သကစိန္တနိယဝဂ် ၁-သကစိန္တနိယတ္တေရအပဒါန ၁-၂။ ဘုရားရဟန္တာစသော ရသေ့တို့၏ ကျက်စားမှီဝဲရာဖြစ်သော လူသံတိတ်ဆိတ်သည် ဖြစ်၍ အနှောင့်အယှက် မရှိသော သားရဲထူထပ်သော တောအုပ်ကို မြင်၍ အဝေးမှဆောင်အပ် သော လှူဖွယ်တို့ကို ခံယူရာဖြစ်သော- သဲကို စေတီပုထိုးပြုပြီးလျှင် အမျိုးမျိုးသောပန်းကို ကြဲဖြန့်ပူဇော်၏၊ ငါသည် ‘မျက်မှောက်၌ မြတ်စွာဘုရားကို ရှိခိုးသကဲ့သို့’ ဖန်ဆင်းတည်ထားအပ်သော သဲပုံစေတီကို ရှိခိုး၏။
၂။ ‘‘ထူပံ ကတွာန ပုလိနံ [ဝေဠုနာ (အဋ္ဌ။), ဝေဠိနံ (သျာ။)], နာနာပုပ္ဖံ သမောကိရိံ၊
သမ္မုခါ ဝိယ သမ္ဗုဒ္ဓံ, နိမ္မိတံ အဘိဝန္ဒဟံ။
၃။ ‘‘သတ္တရတနသမ္ပန္နော, ရာဇာ ရဋ္ဌမှိ ဣဿရော၊
သကကမ္မာဘိရဒ္ဓေါဟံ, ပုပ္ဖပူဇာယိဒံ [ထူပပူဇာယိဒံ (သီ။)] ဖလံ။
၃။ ငါသည် တိုင်းနိုင်ငံ၌ အစိုးရသည်ဖြစ်၍ ရတနာခုနစ်ပါးနှင့် ပြည့်စုံသော မိမိကုသိုလ် ကောင်းမှုကို အားထုတ်အပ်ပြီးသူ စကြာမင်းသည် ဖြစ်ရ၏။ ဤသို့ ဖြစ်ရခြင်းသည် ပန်းပူ ဇော်ရခြင်း၏ အကျိုးပေတည်း။
၄။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိရောပယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ပုပ္ဖပူဇာယိဒံ [ထူပပူဇာယိဒံ (သီ။)] ဖလံ။
၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပန်းလှူခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။
၅။ ‘‘အသီတိကပ္ပေနန္တယသော, စက္ကဝတ္တီ အဟောသဟံ၊
သတ္တရတနသမ္ပန္နော, စတုဒီပမှိ ဣဿရော။
၅။ ငါသည် ကမ္ဘာရှစ်ဆယ်ထက်၌ အဆုံးမရှိသော အခြံအရံရှိသည် ဖြစ်၍ ရတနာခုနစ်ပါး နှင့် ပြည့်စုံသော လေးကျွန်းလုံးကို အစိုးရသော စကြဝတေးမင်းသည် ဖြစ်ခဲ့ဖူး၏။
၆။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ သကစိန္တနိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
သကစိန္တနိယတ္ထေရဿာပဒါနံ ပဌမံ။
၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်းကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သကစိန္တနိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော သကစိန္တနိယတ္ထေရအပဒါန ပြီး၏။
၂။ အဝေါပုပ္ဖိယတ္ထေရအပဒါနံ
၇။ ‘‘ဝိဟာရာ အဘိနိက္ခမ္မ, အဗ္ဘုဋ္ဌဟိယ [အဗ္ဘုဋ္ဌာသိ စ (သျာ။ က။)] စင်္ကမေ၊
စတုသစ္စံ ပကာသန္တော, ဒေသေတိ [ဒေသေန္တော (သျာ။ က။)] အမတံ ပဒံ။
၂-အဝေါပုပ္ဖိယတ္ထေရအပဒါန ၇။ (သိခီအမည်ရှိသော မြတ်စွာဘုရားသည်) ကျောင်းမှ ထွက်တော်မူ၍ စင်္ကြံ၌ ရပ်တော်မူပြီးလျှင် သစ္စာလေးပါးကို ဖော်ပြတော်မူလျက် အမြိုက်နိဗ္ဗာန်ကို ဟောတော်မူ၏။
၈။ ‘‘သိခိဿ ဂိရမညာယ, ဗုဒ္ဓသေဋ္ဌဿ တာဒိနော၊
နာနာပုပ္ဖံ ဂဟေတွာန, အာကာသမှိ သမောကိရိံ။
၈။ တာဒိဂုဏ်နှင့် ပြည့်စုံသော သိခီဘုရားမြတ်၏ အသံတော်ကို သိ၍ အမျိုးမျိုးသော ပန်းကို ကိုင်ယူလျက် ကောင်းကင်၌ ကြဲဖြန့်ပူဇော်၏။
၉။ ‘‘တေန ကမ္မေန ဒွိပဒိန္ဒ, လောကဇေဋ္ဌ နရာသဘ၊
ပတ္တောမှိ အစလံ ဌာနံ, ဟိတွာ ဇယပရာဇယံ။
၉။ လူတို့ထက် ကြီးမြတ်တော်မူသော အခြေနှစ်ချောင်းရှိသူ လူအပေါင်းကို အစိုးရတော် မူသော မြတ်စွာဘုရား အကျွန်ုပ်သည် ထိုပန်းပူဇော်ရသော ကောင်းမှုကံကြောင့် အောင်ခြင်း, ရှုံးခြင်းကို စွန့်၍ မတုန်လှုပ်ရာ နိဗ္ဗာန်သို့ ရောက်ရပါလို၏ (ဟု ဆုတောင်း၏)။
၁၀။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ပုပ္ဖမဘိရောပယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ပုပ္ဖပူဇာယိဒံ ဖလံ။
၁၀။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို တင်လှူပူဇော်ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။
၁၁။ ‘‘ဣတော ဝီသတိကပ္ပမှိ, သုမေဓော နာမ ခတ္တိယော၊
သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။
၁၁။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာနှစ်ဆယ်ထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည် ဖြစ်၍ များ မြတ်သည့် ဗိုလ်ပါအင်အားရှိသော “သုမေဓ”မည်သော စကြဝတေးမင်းသည် ဖြစ်၏။
၁၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ အဝေါပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
အဝေါပုပ္ဖိယတ္ထေရဿာပဒါနံ ဒုတိယံ။
၁၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အဝေါပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် အဝေါပုပ္ဖိယတ္ထေရအပဒါန ပြီး၏။
၃။ ပစ္စာဂမနိယတ္ထေရအပဒါနံ
၁၃။ ‘‘သိန္ဓုယာ နဒိယာ တီရေ, စက္ကဝါကော အဟံ တဒါ၊
သုဒ္ဓသေဝါလဘက္ခောဟံ, ပါပေသု စ သုသညတော။
၃-ပစ္စာဂမနိယတ္ထေရအပဒါန ၁၃။ ထိုအခါ ငါသည် သိန္ဓုမြစ်ကမ်းနား၌ စက္ကဝါက်ငှက် ဖြစ်ခဲ့ဖူး၏၊ ငါသည် သက် သက်သော မှော်သာလျှင် အစာရှိ၏၊ မကောင်းမှုတို့၌ ကောင်းစွာ စောင့်စည်း၏။
၁၄။ ‘‘အဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ, ဂစ္ဆန္တံ အနိလဉ္ဇသေ၊
တုဏ္ဍေန သာလံ ပဂ္ဂယှ, ဝိပဿိဿာဘိရောပယိံ။
၁၄။ ငါသည် ကောင်းကင်၌ ကြွသွားတော်မူသော ကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၏၊ နှုတ်သီးဖြင့် အင်ကြင်းပန်းကို ချီ၍ ဝိပဿီမြတ်စွာဘုရားအား တင်လှူပူဇော်၏။
၁၅။ ‘‘ယဿ သဒ္ဓါ တထာဂတေ, အစလာ သုပတိဋ္ဌိတာ၊
တေန စိတ္တပ္ပသာဒေန, ဒုဂ္ဂတိံ သော န ဂစ္ဆတိ။
၁၅။ အကြင်သူ၏ မြတ်စွာဘုရား၌ ယုံကြည်မှု ‘သဒ္ဓါတရား’ သည် မတုန်မလှုပ်သည် ဖြစ်၍ မြဲမြံစွာတည်၏၊ ထိုသူသည် ထိုယုံကြည်သော စိတ်၏ ကြည်လင်မှုကြောင့် အပါယ်လေးပါးသို့ မလား မရောက်ရပေ။
၁၆။ ‘‘သွာဂတံ ဝတ မေ အာသိ, ဗုဒ္ဓသေဋ္ဌဿ သန္တိကေ၊
ဝိဟင်္ဂမေန သန္တေန, သုဗီဇံ ရောပိတံ မယာ။
၁၆။ မြတ်စွာဘုရား၏ အထံတော်သို့ ငါရောက်လာခြင်းသည် စင်စစ် ကောင်းသော လာခြင်းပေတည်း၊ ငါသည် ငှက်တိရစ္ဆာန် ဖြစ်ပါလျက် ကောင်းသော ကုသိုလ်မျိုးစေ့ကို စိုက် ပျိုးရပေ၏။
၁၇။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိရောပယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ [ပုပ္ဖပူဇာယိဒံ (သီ။)] ဖလံ။
၁၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို တင်လှူပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဘုရားကို ပန်းပူဇော် ရခြင်း၏ အကျိုးပေတည်း။
၁၈။ ‘‘သုစာရုဒဿနာ နာမ, အဋ္ဌေတေ ဧကနာမကာ၊
ကပ္ပေ သတ္တရသေ အာသုံ, စက္ကဝတ္တီ မဟဗ္ဗလာ။
၁၈။ တစ်ဆယ့်ခုနစ်ကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသည် ဖြစ်၍ အမည် တစ်မျိုးတည်းရှိသော “သုစာရုဒဿန”မည်သော ဤစကြဝတေးမင်းတို့သည် ရှစ်ကြိမ် ဖြစ်ခဲ့ ဖူးကုန်၏။
၁၉။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ပစ္စာဂမနိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ပစ္စာဂမနိယတ္ထေရဿာပဒါနံ တတိယံ။
၁၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပစ္စာဂမနိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် ပစ္စာဂမနိယတ္ထေရအပဒါန ပြီး၏။
၄။ ပရပ္ပသာဒကတ္ထေရအပဒါနံ
၂၀။ ‘‘ဥသဘံ ပဝရံ ဝီရံ, မဟေသိံ ဝိဇိတာဝိနံ၊
သုဝဏ္ဏဝဏ္ဏံ သမ္ဗုဒ္ဓံ, ကော ဒိသွာ နပ္ပသီဒတိ။
၄-ပရပ္ပသာဒကတ္ထေရအပဒါန ၂၀။ ဥသဘသဖွယ်ဖြစ်၍ မြတ်သော လုံ့လရှိတော်မူသော သီလက္ခန္ဓစသည့် ကျေးဇူးကို ရှာမှီးတော်မူသည် ဖြစ်၍ အောင်ပြီးသော မာရ်ငါးပါးရှိတော်မူသော ရွှေအဆင်းနှင့် တူသော အဆင်းရှိတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရသည်ရှိသော် အဘယ်သူသည် မကြည်ညိုဘဲ ရှိအံ့နည်း။
၂၁။ ‘‘ဟိမဝါဝါပရိမေယျော, သာဂရောဝ ဒုရုတ္တရော၊
တထေဝ ဈာနံ ဗုဒ္ဓဿ, ကော ဒိသွာ နပ္ပသီဒတိ။
၂၁။ ဟိမဝန္တာတောင်သည် မနှိုင်းရှည့်နိုင်သကဲ့သို့လည်းကောင်း၊ သမုဒ္ဒရာသည် ကူးခပ် နိုင်ခဲသကဲ့သို့လည်းကောင်း ထို့အတူသာလျှင် မြတ်စွာဘုရား၏ ဈာန်သမာဓိတော်သည် မနှိုင်း ရှည့်နိုင်သည်လည်း ဖြစ်၏၊ ကူးခပ်နိုင်ခဲသည်လည်း ဖြစ်၏၊ (ထိုမြတ်စွာဘုရားကို) ဖူးမြင်ရ သည်ရှိသော် အဘယ်သူသည် မကြည်ညိုဘဲ ရှိအံ့နည်း။
၂၂။ ‘‘ဝသုဓာ ယထာပ္ပမေယျာ, စိတ္တာ ဝနဝဋံသကာ၊
တထေဝ သီလံ ဗုဒ္ဓဿ, ကော ဒိသွာ နပ္ပသီဒတိ။
၂၂။ မြေကြီးသည် မနှိုင်းရှည့်နိုင်သကဲ့သို့လည်းကောင်း၊ တော၌ ပေါက်သော ဦးဆောက် ပန်းသည် ဆန်းကြယ်သကဲ့သို့လည်းကောင်း ထို့အတူသာလျှင် မြတ်စွာဘုရား၏ သီလတော် သည် မနှိုင်းရှည့်နိုင်သည်လည်း ဖြစ်၏၊ ဆန်းကြယ်သည်လည်း ဖြစ်၏၊ ထိုမြတ်စွာဘုရားကို ဖူးမြင်ရသည်ရှိသော် အဘယ်သူသည် မကြည်ညိုဘဲ ရှိအံ့နည်း။
၂၃။ ‘‘အနိလဉ္ဇသာသင်္ခုဗ္ဘော [အနိလဇောဝ အသင်္ခေါဘော (သီ။)], ယထာကာသော အသင်္ခိယော၊
တထေဝ ဉာဏံ ဗုဒ္ဓဿ, ကော ဒိသွာ နပ္ပသီဒတိ။
၂၃။ လေ၏ အဟုန်ဖြင့် ချောက်ချားသော ကောင်းကင်သည် မရေတွက်နိုင်သကဲ့သို့ ထို့ အတူသာလျှင် မြတ်စွာဘုရား၏ ဉာဏ်တော်သည် မရေတွက်နိုင်၊ ထိုမြတ်စွာဘုရားကို ဖူးမြင်ရ သည်ရှိသော် အဘယ်သူသည် မကြည်ညိုဘဲ ရှိအံ့နည်း။
၂၄။ ‘‘ဣမာဟိ စတုဂါထာဟိ, ဗြာဟ္မဏော သေနသဝှယော၊
ဗုဒ္ဓသေဋ္ဌံ ထဝိတွာန, သိဒ္ဓတ္ထံ အပရာဇိတံ။
၂၄-၂၅။ သေနအမည်ရှိသော ပုဏ္ဏားသည် သူတစ်ပါးတို့ မအောင်မြင်နိုင်သော သိဒ္ဓတ္ထ ဘုရားမြတ်ကို ဤလေးဂါထာတို့ဖြင့် ချီးမွမ်းသောကြောင့် ကိုးဆယ့်လေးကမ္ဘာတို့ပတ်လုံး အပါယ်လေးပါးသို့့မကပ်ရောက်ရပေ၊ သုဂတိဘဝ၌ အတိုင်းမသိသော စည်းစိမ်ချမ်းသာကို ခံစားရ၏။
၂၅။ ‘‘စတုန္နဝုတိကပ္ပါနိ, ဒုဂ္ဂတိံ နုပပဇ္ဇထ၊
သုဂတိံ သုခသမ္ပတ္တိံ [သုဂတီသု သုသုမ္ပတ္တိံ (သီ။ သျာ။)], အနုဘောသိမနပ္ပကံ။
၂၆။ ‘‘စတုန္နဝုတိတော ကပ္ပေ, ထဝိတွာ လောကနာယကံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ထောမနာယ [ထောမနဿ (သျာ။)] ဣဒံ ဖလံ။
၂၆။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ မြတ်စွာဘုရားကို ချီးမွမ်းရသောကြောင့် အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် မြတ်စွာဘုရားကို ချီးမွမ်း ရခြင်း၏ အကျိုးပေတည်း။
၂၇။ ‘‘စာတုဒ္ဒသမှိ ကပ္ပမှိ, စတုရော အာသုမုဂ္ဂတာ၊
သတ္တရတနသမ္ပန္နာ, စက္ကဝတ္တီ မဟဗ္ဗလာ။
၂၇။ တစ်ဆယ့်လေးကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဥဂ္ဂတ”မည်သော စကြဝတေးမင်းတို့သည် လေးကြိမ် ဖြစ်ခဲ့ဖူးကုန်၏။
၂၈။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ပရပ္ပသာဒကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ပရပ္ပသာဒကတ္ထေရဿာပဒါနံ စတုတ္ထံ။
၂၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပရပ္ပသာဒကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် ပရပ္ပသာဒကတ္ထေရအပဒါန ပြီး၏။
၅။ ဘိသဒါယကတ္ထေရအပဒါနံ
၂၉။ ‘‘ဝေဿဘူ နာမ နာမေန, ဣသီနံ တတိယော အဟု၊
ကာနနံ ဝနမောဂယှ, ဝိဟာသိ ပုရိသုတ္တမော။
၅-ဘိသဒါယကတ္ထေရအပဒါန ၂၉။ အကြင်မြတ်စွာဘုရားသည် အမည်တော်အားဖြင့် ဝေဿဘူ မည်တော်မူ၏၊ သုံးဆူ သော ဘုရားမြတ်တို့တွင် တတိယမြောက် ဖြစ်တော်မူ၏၊ ယောကျာ်းမြတ်ဖြစ်တော်မူသော ထို မြတ်စွာဘုရားသည် သားရဲထူထပ်သော တောအုပ်သို့ ဝင်ရောက်၍ နေတော်မူ၏။
၃၀။ ‘‘ဘိသမုဠာလံ ဂဏှိတွာ, အဂမံ ဗုဒ္ဓသန္တိကံ၊
တဉ္စ ဗုဒ္ဓဿ ပါဒါသိံ, ပသန္နော သေဟိ ပါဏိဘိ။
၃၀။ ထိုအခါ ငါသည် ကြည်ညိုလှသည် ဖြစ်၍ ကြာစွယ်ကြာရင်းကို နုတ်ယူ၍ မြတ်စွာဘုရားထံတော်သို့ သွား၏၊ ငါသည် ကြည်ညိုလှသည်ဖြစ်၍ မိမိလက် (နှာမောင်း) တို့ဖြင့် ထို ကြာစွယ်ကြာရင်းကိုလည်း မြတ်စွာဘုရားအား ပေးလှူ၏။
၃၁။ ‘‘ကရေန စ ပရာမဋ္ဌော, ဝေဿဘူဝရဗုဒ္ဓိနာ၊
သုခါဟံ နာဘိဇာနာမိ, သမံ တေန ကုတောတ္တရိံ။
၃၁။ မြတ်သော သဗ္ဗညုတဉာဏ်ရှိသော ဝေဿဘူမြတ်စွာဘုရားသည် (ငါ့ကို) လက်တော် ဖြင့်လည်း သုံးသပ်တော်မူ၏၊ ထိုလက်တော်ဖြင့် သုံးသပ်ခြင်းနှင့် ညီမျှသော ချမ်းသာကို ငါသည် မသိခဲ့ရဖူးပေ၊ ထို့ထက် လွန်ကဲသော ချမ်းသာကိုကား အဘယ်မှာ ဆိုရပါတော့ အံ့နည်း။
၃၂။ ‘‘စရိမော ဝတ္တတေ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ၊
ဟတ္ထိနာဂေန သန္တေန, ကုသလံ ရောပိတံ မယာ [နာဂေါဝ ဗန္ဓနံ ဆေတွာ, ဝိဟရာမိ အနာသဝေါ (သျာ။)]။
၃၂။ ငါ၏ ယခုဘဝသည် အဆုံးဘဝဖြစ်၏၊ ခပ်သိမ်းသော ဘဝကို ပယ်နုတ်အပ်ကုန်ပြီ၊ ငါသည် ဆင်ပြောင်ဖြစ်ပါလျက် ကုသိုလ်ကောင်းမှုကို စိုက်ပျိုးခဲ့ရ၏။
၃၃။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဘိသဒါနဿိဒံ ဖလံ။
၃၃။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ကြာစွယ်လှူဒါန်းမှုကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ကြာစွယ်လှူဒါန်းရ ခြင်း၏ အကျိုးပေတည်း။
၃၄။ ‘‘သမောဓာနာ စ ရာဇာနော, သောဠသ မနုဇာဓိပါ၊
ကပ္ပမှိ စုဒ္ဒသေ [တေရသေ (သီ။ သျာ။)] အာသုံ, စက္ကဝတ္တီ မဟဗ္ဗလာ။
၃၄။ တစ်ဆယ့်လေးကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသည်ဖြစ်၍ လူတို့ကို အစိုးရသော “သမောဓာန”မည်သော စကြဝတေးမင်းတို့သည် တစ်ဆယ့်ခြောက်ကြိမ် ဖြစ်ခဲ့ဖူး ကုန်၏။
၃၅။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဘိသဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဘိသဒါယကတ္ထေရဿာပဒါနံ ပဉ္စမံ။
၃၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဘိသဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် ဘိသဒါယကတ္ထေရအပဒါန ပြီး၏။
၆။ သုစိန္တိတတ္ထေရအပဒါနံ
၃၆။ ‘‘ဂိရိဒုဂ္ဂစရော အာသိံ, အဘိဇာတောဝ ကေသရီ၊
မိဂသံဃံ ဝဓိတွာန, ဇီဝါမိ ပဗ္ဗတန္တရေ။
၆-သုစိန္တိတတ္ထေရအပဒါန ၃၆။ ငါသည် အထူးသဖြင့် ပေါက်ဖွားသော ခြင်္သေ့မင်းကဲ့သို့ အသွားခက်သော တောင် ဝှမ်း၌ ကျက်စားသော သားမုဆိုးဖြစ်၍ တောကြိုတောင်ကြား၌ သားအပေါင်းကို သတ်၍ အသက်မွေး၏။
၃၇။ ‘‘အတ္ထဒဿီ တု ဘဂဝါ, သဗ္ဗညူ ဝဒတံ ဝရော၊
မမုဒ္ဓရိတုကာမော သော, အာဂစ္ဆိ ပဗ္ဗတုတ္တမံ။
၃၇။ ခပ်သိမ်းသော တရားကို သိသည် ဖြစ်၍ “ငါ မြတ်သူ”ဟု ဆိုတတ်သောသူတို့ ထက် မြတ်သော ထိုအတ္ထဒဿီမြတ်စွာဘုရားသည် ငါ့ကို ကယ်တင်တော်မူလို၍ တောင်မြတ်သို့ ကြွလာတော်မူ၏။
၃၈။ ‘‘ပသဒဉ္စ မိဂံ ဟန္တွာ, ဘက္ခိတုံ သမုပါဂမိံ၊
ဘဂဝါ တမှိ သမယေ, ဘိက္ခမာနော [သိက္ခာစာရော (သျာ။)] ဥပါဂမိ။
၃၈။ ငါသည် ချေကိုလည်းကောင်း၊ သားသမင်ကိုလည်းကောင်း သတ်၍ (ချက်၍) စားရန်အလို့ငှါ တောတောင်အရပ်သို့ ကပ်၏။ ထိုအခါ မြတ်စွာဘုရားသည် ဆွမ်းရပ်လိုသည် ဖြစ်၍ ချဥ်းကပ်တော်မူ၏။
၃၉။ ‘‘ဝရမံသာနိ ပဂ္ဂယှ, အဒါသိံ တဿ သတ္ထုနော၊
အနုမောဒိ မဟာဝီရော, နိဗ္ဗာပေန္တော မမံ တဒါ။
၃၉။ ငါသည် မွန်မြတ်သော အသားတို့ကို ယူ၍ ထိုအတ္ထဒဿီမြတ်စွာဘုရားအား ပေးလှူ၏၊ ထိုအခါ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရားသည် အကျွန်ုပ်ကို ငြိမ်အေး စေတော်မူလျက် အနုမောဒနာ ပြုတော်မူ၏။
၄၀။ ‘‘တေန စိတ္တပ္ပသာဒေန, ဂိရိဒုဂ္ဂံ ပဝိသိံ အဟံ၊
ပီတိံ ဥပ္ပါဒယိတွာန, တတ္ထ ကာလင်္ကတော အဟံ။
၄၀။ ငါသည် ထိုလှူဒါန်းရသော စိတ်ကြည်လင်မှုဖြင့် အသွားခက်သော တောတောင် ချောက်ကြားသို့ ဝင်ရောက်ခဲ့၏၊ ထိုအရပ်၌ ငါသည် နှစ်သက်ခြင်းကို ဖြစ်စေ၍ သေခဲ့၏။
၄၁။ ‘‘ဧတေန မံသဒါနေန, စိတ္တဿ ပဏိဓီဟိ စ၊
ပန္နရသေ ကပ္ပသတေ, ဒေဝလောကေ ရမိံ အဟံ။
၄၁။ ငါသည် ထိုအသားအလှူကြောင့်လည်းကောင်း၊ စိတ်၏ တောင့်တမှုတို့ကြောင့်လည်းကောင်း ကမ္ဘာတစ်ရာ့ငါးဆယ်တို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရ၏။
၄၂။ ‘‘အဝသေသေသု ကပ္ပေသု, ကုသလံ စိန္တိတံ [နိစိတံ (သီ။), ကရိတံ (သျာ။)] မယာ၊
တေနေဝ မံသဒါနေန, ဗုဒ္ဓါနုဿရဏေန စ။
၄၂-၄၃။ ကြွင်းသော ကမ္ဘာတို့၌ ငါသည် ကုသိုလ်ကောင်းမှုကို ကြံစည်အပ်၏၊ ထိုအသား အလှူကြောင့်လည်းကောင်း၊ ဘုရားဂုဏ်ကို အောက်မေ့ခြင်းကြောင့်လည်းကောင်း သုံးဆယ့်ရှစ် ကမ္ဘာထက်၌ “ဒီဃာယု”မည်သော စကြဝတေးမင်းတို့သည် ရှစ်ကြိမ် ဖြစ်ဖူးကုန်၏။ ဤ ဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်ရာ့ခြောက်ဆယ်ထက်၌ “ဝရုဏ”မည်သော စကြဝတေးမင်းတို့သည် နှစ်ကြိမ် ဖြစ်ဖူးကုန်၏။
၄၃။ ‘‘အဋ္ဌတ္တိံသမှိ ကပ္ပမှိ, အဋ္ဌ ဒီဃာယုနာမကာ၊
သဋ္ဌိမှိတော ကပ္ပသတေ, ဒုဝေ ဝရုဏနာမကာ [သရဏနာမကာ (သျာ။)]။
၄၄။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ သုစိန္တိတော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
သုစိန္တိတတ္ထေရဿာပဒါနံ ဆဋ္ဌံ။
၄၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သုစိန္တိတမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် သုစိန္တိတတ္ထေရအပဒါန ပြီး၏။
၇။ ဝတ္ထဒါယကတ္ထေရအပဒါနံ
၄၅။ ‘‘ပက္ခိဇာတော တဒါ အာသိံ, သုပဏ္ဏော ဂရုဠာဓိပေါ၊
အဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ, ဂစ္ဆန္တံ ဂန္ဓမာဒနံ။
၇-ဝတ္ထဒါယကတ္ထေရအပဒါန ၄၅။ ထိုအခါ ငါသည် ငှက်မျိုးဖြစ်၍ ဂဠုန်တို့ကို အစိုးရသော ဂဠုန်မင်း ဖြစ်ခဲ့၏၊ ကိလေသာမြူ ကင်းတော်မူသော အတ္ထဒဿီမြတ်စွာဘုရားကို ဂန္ဓမာဒနတောင်သို့ ကြွတော်မူ စဥ် ဖူးမြင်ရ၏။
၄၆။ ‘‘ဇဟိတွာ ဂရုဠဝဏ္ဏံ, မာဏဝကံ အဓာရယိံ၊
ဧကံ ဝတ္ထံ မယာ ဒိန္နံ, ဒွိပဒိန္ဒဿ တာဒိနော။
၄၆။ ထိုအခါ ငါသည် ဂဠုန်အသွင်ကို စွန့်၍ လုလင်အသွင်ကို ဆောင်၏၊ အခြေနှစ်ချောင်း ရှိသူ လူတို့ကို အစိုးရသည် ဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံသော မြတ်စွာဘုရားအား ငါသည် တစ်ထည်သော အဝတ်ကို လှူဒါန်းခဲ့၏။
၄၇။ ‘‘တဉ္စ ဒုဿံ ပဋိဂ္ဂယှ, ဗုဒ္ဓေါ လောကဂ္ဂနာယကော၊
အန္တလိက္ခေ ဌိတော သတ္ထာ, ဣမာ ဂါထာ အဘာသထ။
၄၇။ လောကထက် အမြတ်ဆုံး ရှေ့သွားဖြစ်၍ နတ်, လူတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ထိုအဝတ်ပုဆိုးကို ခံယူ၍ ကောင်းကင်၌ ရပ်တည်လျက် ဤဆိုမည့် ဂါထာတို့ကို မိန့်တော်မူ၏။
၄၈။ ‘‘‘ဣမိနာ ဝတ္ထဒါနေန, စိတ္တဿ ပဏိဓီဟိ စ၊
ပဟာယ ဂရုဠံ ယောနိံ, ဒေဝလောကေ ရမိဿတိ’။
၄၈။ ဤအဝတ်အလှူကြောင့်လည်းကောင်း၊ စိတ်၏ တောင့်တမှုတို့ကြောင့်လည်းကောင်း ဂဠုန်မျိုးကို စွန့်၍ နတ်ပြည်၌ မွေ့လျော်ရလတ္တံ့။
၄၉။ ‘‘အတ္ထဒဿီ တု ဘဂဝါ, လောကဇေဋ္ဌော နရာသဘော၊
ဝတ္ထဒါနံ ပသံသိတွာ, ပက္ကာမိ ဥတ္တရာမုခေါ။
၄၉။ လောကထက် ကြီး၍ လူတို့ထက် မြတ်တော်မူသော အတ္ထဒဿီမြတ်စွာဘုရားသည် အဝတ်အလှူကို ချီးမွမ်းတော်မူ၍ မြောက်အရပ်သို့ ရှေးရှုကြွသွားတော်မူ၏။
၅၀။ ‘‘ဘဝေ နိဗ္ဗတ္တမာနမှိ, ဟောန္တိ မေ ဝတ္ထသမ္ပဒါ၊
အာကာသေ ဆဒနံ ဟောတိ, ဝတ္ထဒါနဿိဒံ ဖလံ။
၅၀။ ဘဝသံသရာ၌ ကျင်လည်ရသော ငါ့အား အဝတ်၏ ပြည့်စုံခြင်းတို့သည် ဖြစ်ကုန်၏၊ ကောင်းကင်၌ အမိုးသည် ဖြစ်၏။ ဤသို့ ဖြစ်ရခြင်းသည် အဝတ်အလှူ၏ အကျိုးပေတည်း။
၅၁။ ‘‘အရုဏဝါ [အရုဏကာ (သီ။), အရုဏသာ (သျာ။)] သတ္တ ဇနာ, စက္ကဝတ္တီ မဟဗ္ဗလာ၊
ဆတ္တိံသတိမှိ အာသိံသု, ကပ္ပမှိ မနုဇာဓိပါ။
၅၁။ သုံးဆယ့်ခြောက်ကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသည် ဖြစ်၍ လူတို့ကို အစိုးရသော “အရုဏဝ”မည်သော စကြဝတေးမင်းတို့သည် ခုနစ်ကြိမ် ဖြစ်ဖူးကုန်၏။
၅၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဝတ္ထဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဝတ္ထဒါယကတ္ထေရဿာပဒါနံ သတ္တမံ။
၅၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဝတ္ထဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် ဝတ္ထဒါယကတ္ထေရအပဒါန ပြီး၏။
၈။ အမ္ဗဒါယကတ္ထေရအပဒါနံ
၅၃။ ‘‘အနောမဒဿီ ဘဂဝါ, နိသိန္နော ပဗ္ဗတန္တရေ၊
မေတ္တာယ အဖရိ လောကေ, အပ္ပမာဏေ နိရူပဓိ။
၈-အမ္ဗဒါယကတ္ထေရအပဒါန ၅၃။ ကိလေသာဥပဓိ ကင်းတော်မူသော အနောမဒဿီမြတ်စွာဘုရားသည် တောင်ကြား၌ ထိုင်နေလျက် အတိုင်းအရှည် မရှိသော လောက၌ မေတ္တာဘာဝနာတော်ဖြင့် ပျံ့နှံ့စေတော်မူ၏။
၅၄။ ‘‘ကပိ အဟံ တဒါ အာသိံ, ဟိမဝန္တေ နဂုတ္တမေ၊
ဒိသွာ အနောမဒဿိံ တံ [အနောမံ အမိတံ (သီ။), အနောမမဓိတံ (သျာ။)], ဗုဒ္ဓေ စိတ္တံ ပသာဒယိံ။
၅၄။ ထိုအခါ ငါသည် ဟိမဝန္တာတောင်မြတ်၌ မျောက်ဖြစ်ခဲ့၏၊ ထိုအနောမဒဿီမြတ်စွာဘုရားကို ဖူးမြင်ရသောကြောင့် မြတ်စွာဘုရား၌ မိမိစိတ်ကို ကြည်လင်စေ၏။
၅၅။ ‘‘အဝိဒူရေ ဟိမဝန္တဿ, အမ္ဗာသုံ ဖလိနော တဒါ၊
တတော ပက္ကံ ဂဟေတွာန, အမ္ဗံ သမဓုကံ အဒံ။
၅၅။ ထိုအခါ ဟိမဝန္တာတောင်၏ အနီးအရပ်၌ အသီး, သီးသော သရက်ပင်တို့သည် ရှိ ကုန်၏၊ ထိုသရက်ပင်မှ သရက်သီးမှည့်ကို ဆွတ်ယူ၍ ပျားနှင့်တကွ ပေးလှူခဲ့၏။
၅၆။ ‘‘တံ မေ ဗုဒ္ဓေါ ဝိယာကာသိ, အနောမဒဿီ မဟာမုနိ၊
ဣမိနာ မဓုဒါနေန, အမ္ဗဒါနေန စူဘယံ။
၅၆-၅၇။ ရဟန်းမြတ်ဖြစ်တော်မူသော အနောမဒဿီမြတ်စွာဘုရားသည် ထိုသရက်သီး အလှူကို ငါ့အား ဟောကြားတော်မူ၏၊ ဤပျားအလှူ, သရက်သီးအလှူ နှစ်ပါးစုံတို့ကြောင့် ငါးဆယ့်ခုနစ်ကမ္ဘာတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရလတ္တံ့၊ ကြွင်းသော ကမ္ဘာတို့၌ လူ့ပြည် နတ်ပြည် အရောရော ကျင်လည်ရလတ္တံ့။
၅၇။ ‘‘သတ္တပညာသကပ္ပမှိ, ဒေဝလောကေ ရမိဿတိ၊
အဝသေသေသု ကပ္ပေသု, ဝေါကိဏ္ဏံ သံသရိဿတိ။
၅၈။ ‘‘ခေပေတွာ ပါပကံ ကမ္မံ, ပရိပက္ကာယ ဗုဒ္ဓိယာ၊
ဝိနိပါတမဂန္တွာန, ကိလေသေ ဈာပယိဿတိ။
၅၈။ ဗောဓိဉာဏ်ရင့်ကျက်လတ်သော် ယုတ်ညံ့သော ကံကို ကုန်စေ၍ အပါယ်လေးပါးသို့ မလားရဘဲ ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေလတ္တံ့ (ဟု ဟောတော်မူ၏)။
၅၉။ ‘‘ဒမေန ဥတ္တမေနာဟံ, ဒမိတောမှိ မဟေသိနာ၊
ပတ္တောမှိ အစလံ ဌာနံ, ဟိတွာ ဇယပရာဇယံ။
၅၉။ ငါသည် မြတ်စွာဘုရားက မြတ်သော ဆုံးမခြင်းဖြင့် ဆုံးမ၍ ယဥ်ကျေးအပ်ပြီးသူ ဖြစ်၏၊ အောင်ခြင်း, ရှုံးခြင်းကို စွန့်၍ သေခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်၏။
၆၀။ ‘‘သတ္တသတ္တတိကပ္ပသတေ, အမ္ဗဋ္ဌဇသနာမကာ၊
စတုဒ္ဒသ တေ ရာဇာနော, စက္ကဝတ္တီ မဟဗ္ဗလာ။
၆၀။ တစ်ရာ့ခုနစ်ဆယ့်ခုနစ်ကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “အမ္ဗဋ္ဌဇ”ဟု တူသော အမည်ရှိကုန်သော စကြဝတေးမင်းတို့သည် တစ်ဆယ့်လေးကြိမ် ဖြစ်ဖူးကုန်၏။
၆၁။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ အမ္ဗဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
အမ္ဗဒါယကတ္ထေရဿာပဒါနံ အဋ္ဌမံ။
၆၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အမ္ဗဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် အမ္ဗဒါယကတ္ထေရအပဒါန ပြီး၏။
၉။ သုမနတ္ထေရအပဒါနံ
၆၂။ ‘‘သုမနော နာမ နာမေန, မာလာကာရော အဟံ တဒါ၊
အဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ, လောကာဟုတိပဋိဂ္ဂဟံ။
၉-သုမနတ္ထေရအပဒါန ၆၂။ ထိုအခါ ငါသည် အမည်အားဖြင့် ‘သုမန’ဟု ထင်ရှားသောပန်းသည် ဖြစ်ခဲ့ဖူး၏၊ ကိလေသာ မြူကင်းသည်ဖြစ်၍ လူတို့၏ ပူဇော်ခြင်းကို ခံတော်မူထိုက်သော မြတ်စွာဘုရားကို ဖူးမြင်ရ၏။
၆၃။ ‘‘ဥဘော ဟတ္ထေဟိ ပဂ္ဂယှ, သုမနံ ပုပ္ဖမုတ္တမံ၊
ဗုဒ္ဓဿ အဘိရောပေသိံ, သိခိနော လောကဗန္ဓုနော။
၆၃။ လက်နှစ်ဖက်တို့ဖြင့် မြတ်သော မုလေးပန်းကို မြှောက်ချီယူ၍ လောက၏ အဆွေ ဖြစ်တော်မူသော သိခီမြတ်စွာဘုရားအား ကပ်လှူပူဇော်၏။
၆၄။ ‘‘ဣမာယ ပုပ္ဖပူဇာယ, စေတနာပဏိဓီဟိ စ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၆၄။ ဤပန်းပူဇော်ခြင်းကြောင့်လည်းကောင်း၊ ကုသိုလ်စေတနာ၏ တောင့်တခြင်းတို့ကြောင့်လည်းကောင်း အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားကို ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။
၆၅။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ပုပ္ဖမဘိရောပယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ [ပုပ္ဖပူဇာယိဒံ (သီ။)] ဖလံ။
၆၅။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ မုလေးပန်းကို ကပ်လှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား မုလေးပန်း ပူဇော်ရခြင်း၏ အကျိုးပေတည်း။
၆၆။ ‘‘ဆဗ္ဗီသတိမှိ ကပ္ပမှိ, စတ္တာရောသုံ မဟာယသာ၊
သတ္တရတနသမ္ပန္နာ, ရာဇာနော စက္ကဝတ္တိနော။
၆၆။ နှစ်ဆယ့်ခြောက်ကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ များသော အခြံ အရံရှိသော စကြဝတေးမင်းတို့သည် လေးကြိမ် ဖြစ်ဖူးကုန်၏။
၆၇။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ သုမနော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
သုမနတ္ထေရဿာပဒါနံ နဝမံ။
၆၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သုမနမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် သုမနတ္ထေရအပဒါန ပြီး၏။
၁၀။ ပုပ္ဖစင်္ကောဋိယတ္ထေရအပဒါနံ
၆၈။ ‘‘အဘီတရူပံ သီဟံဝ, ဂရုဠဂ္ဂံဝ ပက္ခိနံ၊
ဗျဂ္ဃူသဘံဝ ပဝရံ, အဘိဇာတံဝ ကေသရိံ။
၆၉။ ‘‘သိခိံ တိလောကသရဏံ, အနေဇံ အပရာဇိတံ၊
နိသိန္နံ သမဏာနဂ္ဂံ, ဘိက္ခုသံဃပုရက္ခတံ။
၇၀။ ‘‘စင်္ကောဋကေ [စင်္ဂေါဋကေ (သီ။)] ဌပေတွာန, အနောဇံ ပုပ္ဖမုတ္တမံ၊
သဟ စင်္ကောဋကေနေဝ, ဗုဒ္ဓသေဋ္ဌံ သမောကိရိံ။
၇၁။ ‘‘တေန စိတ္တပ္ပသာဒေန, ဒွိပဒိန္ဒ နရာသဘ၊
ပတ္တောမှိ အစလံ ဌာနံ, ဟိတွာ ဇယပရာဇယံ။
၁၀-ပုပ္ဖစင်္ကောဋိယတ္ထေရအပဒါန ၆၈-၆၉-၇၀။ ကြောက်ရွံ့ခြင်း ကင်းသော သဘောရှိသော ခြင်္သေ့မင်းကဲ့သို့လည်းကောင်း၊ ငှက်တို့ထက် မြတ်သော ဂဠုန်မင်းကဲ့သို့လည်းကောင်း၊ မြတ်သော ကျားမင်း ဥသဘကဲ့သို့လည်းကောင်း၊ အထူးသဖြင့် ပေါ်ပေါက်လာသော ခြင်္သေ့မင်းကဲ့သို့လည်းကောင်း တဏှာကင်း သည် ဖြစ်၍ မာရ်ငါးပါးသည် မအောင်အပ်သော လူသုံးပါးတို့၏ ကိုးကွယ်ရာဖြစ်၍ ရဟန်း တို့ထက်လည်း မြတ်သော သိခီမြတ်စွာဘုရားကို (ဖူးမြင်ရ၍) ငါသည် ပန်းတောင်း၌ မြတ် သော လိပ်ဆူးရွှေပန်းကို ထားလျက် ပန်းတောင်းနှင့် တကွသာလျှင် ဘုရားမြတ်ကို ကြဲ မြှောက်ပူဇော်၏။ ၇၁။ ခြေနှစ်ချောင်းရှိသူ လူတို့ကို အစိုးရသည် ဖြစ်၍ လူတို့ထက် ထူးကဲတော်မူသော မြတ်စွာဘုရား အကျွန်ုပ်သည် လိပ်ဆူးရွှေပန်း လှူဒါန်းရသော စိတ်၏ ကြည်လင်ခြင်းကြောင့် အောင်ခြင်းရှုံးခြင်းကို စွန့်လျက် မလှုပ်ရှားနိုင်သော နိဗ္ဗာန်အရပ်သို့ ရောက်ရပါ၏။
၇၂။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၇၂။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပန်းပူဇော်မှုကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဘုရားကို ပန်းပူဇော်ရ ခြင်း၏ အကျိုးပေတည်း။
၇၃။ ‘‘သမ္ပုဏ္ဏေ တိံသကပ္ပမှိ, ဒေဝဘူတိသနာမကာ၊
သတ္တရတနသမ္ပန္နာ, ပဉ္စာသုံ စက္ကဝတ္တိနော။
၇၃။ ကမ္ဘာသုံးဆယ် ပြည့်လတ်သော် ရတနာခုနစ်ပါးနှင့် ပြည့်စုံသော “ဒေဝဘူတိ”ဟု တူသော အမည်ရှိကုန်သော စကြာမင်းတို့သည် ငါးကြိမ် ဖြစ်ဖူးကုန်၏။
၇၄။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ပုပ္ဖစင်္ကောဋိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ပုပ္ဖစင်္ကောဋိယတ္ထေရဿာပဒါနံ ဒသမံ။
သကစိန္တနိယဝဂ္ဂေါ သတ္တမော။
တဿုဒ္ဒါနံ –
သကစိန္တီ အဝေါပုပ္ဖီ, သပစ္စာဂမနေန စ၊
ပရပ္ပသာဒီ ဘိသဒေါ, သုစိန္တိ ဝတ္ထဒါယကော။
အမ္ဗဒါယီ စ သုမနော, ပုပ္ဖစင်္ကောဋကီပိ စ၊
ဂါထေကသတ္တတိ ဝုတ္တာ, ဂဏိတာ အတ္ထဒဿိဘိ။
၇၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပုပ္ဖစင်္ကောဋိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် ပုပ္ဖစင်္ကောဋိယတ္ထေရအပဒါန ပြီး၏။ ခုနစ်ခုမြောက် သကစိန္တနိယဝဂ် ပြီး၏။
၈။ နာဂသမာလဝဂ္ဂေါ
၁။ နာဂသမာလတ္ထေရအပဒါနံ
၁။ ‘‘အပါဋလိံ အဟံ ပုပ္ဖံ, ဥဇ္ဈိတံ သုမဟာပထေ၊
ထူပမှိ အဘိရောပေသိံ, သိခိနော လောကဗန္ဓုနော။
၈- နာဂသမာလဝဂ် ၁-နာဂသမာလတ္ထေရအပဒါန ၁။ ငါသည် မြို့လယ်လမ်းမကြီး၌ စွန့်ထားအပ်သော သခွတ်ပန်းကို ယူ၍ လူတို့၏ အဆွေဖြစ်သော သိခီမြတ်စွာဘုရား၏ စေတီတော်၌ ရိုသေစွာ တင်လှူပူဇော်ခဲ့၏၁။
၂။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ထူပပူဇာယိဒံ ဖလံ။
၂။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပန်းအလှူကို ပြုရသော ထိုအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ဖြစ်ရခြင်းသည် စေတီတော်ကို ပန်းလှူ ရခြင်း၏ အကျိုးပေတည်း။
၃။ ‘‘ဣတော ပန္နရသေ ကပ္ပေ, ဘူမိယော [ပုပ္ဖိယော (သျာ။)] နာမ ခတ္တိယော၊
သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။
၃။ ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်ငါးကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဘူမိယ”မည်သော စကြဝတေးမင်းသည် ဖြစ်ခဲ့၏။
၄။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ နာဂသမာလော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
နာဂသမာလတ္ထေရဿာပဒါနံ ပဌမံ။
၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်နာဂသမာလမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော နာဂသမာလတ္ထေရအပဒါန ပြီး၏။ ၁။ ဤ ၁-နံပါတ် ဂါထာ၏ အဖွင့် အဋ္ဌကထာ၌ ‘ဥဇ္ဈိတံ သုမဟာပထေ’ ဟူသော ဒုတိယပါဒ၏ အဖွင့်သည် တတိယပါဒလာ ထူပမှိ၏ ဝိသေသနကဲ့သို့ ဖြစ်နေသော်လည်း ဝိသေသနနှင့် ဝိသေသျ ဝိဘတ်ချင်းမတူဘဲ ရှိနေသောကြောင့် ယခုမူအတိုင်းထား။
၂။ ပဒသညကတ္ထေရအပဒါနံ
၅။ ‘‘အက္ကန္တဉ္စ ပဒံ ဒိသွာ, တိဿဿာဒိစ္စဗန္ဓုနော၊
ဟဋ္ဌော ဟဋ္ဌေန စိတ္တေန, ပဒေ စိတ္တံ ပသာဒယိံ။
၂-ပဒသညကတ္ထေရအပဒါန ၅။ နေမင်း၏ အဆွေဖြစ်တော်မူသော တိဿမြတ်စွာဘုရား၏ နင်းသွားတော်မူသော ခြေတော်ရာကို ဖူးမြင်ရ၍ ရွှင်လန်းသော ငါသည် ရွှင်ပျသော စိတ်ဖြင့် ခြေတော်ရာ၌ စိတ်ကို ကြည်လင်စေပြီ။
၆။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, ယံ သညမလဘိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ပဒသညာယိဒံ ဖလံ။
၆။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ဘုရားရှင်၏ “ခြေတော်ရာ”ဟူသော အမှတ် ကို ရခဲ့သော အခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် “ခြေတော်ရာ”ဟု မှတ်သားရခြင်း၏ အကျိုးပေတည်း။
၇။ ‘‘ဣတော သတ္တမကေ ကပ္ပေ, သုမေဓော နာမ ခတ္တိယော၊
သတ္တရတနသမ္ပန္နော, စက္ကဝတီ မဟဗ္ဗလော။
၇။ ဤဘဒ္ဒကမ္ဘာမှ ခုနစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည် ဖြစ်၍ များမြတ် သည့် ဗိုလ်ပါအင်အားရှိသော “သုမေဓ”မည်သော စကြဝတေးမင်းသည် ဖြစ်ခဲ့ဖူး၏။
၈။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ပဒသညကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ပဒသညကတ္ထေရဿာပဒါနံ ဒုတိယံ။
၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပဒသညကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် ပဒသညကတ္ထေရအပဒါန ပြီး၏။
၃။ ဗုဒ္ဓသညကတ္ထေရအပဒါနံ
၉။ ‘‘ဒုမဂ္ဂေ ပံသုကူလိကံ, လဂ္ဂံ ဒိသွာန သတ္ထုနော၊
တတော တမဉ္ဇလိံ ကတွာ, ပံသုကူလံ အဝန္ဒဟံ။
၃-ဗုဒ္ဓသညကတ္ထေရအပဒါန ၉။ သစ်ပင်ဖျား၌ ဆွဲထားသော တိဿရှင်တော်ဘုရား၏ ပံ့သကူသင်္ကန်းတော်ကို တွေ့မြင် ရသောအခါ၌ ငါသည် ထိုပံ့သကူသင်္ကန်းကို လက်အုပ်ချီ၍ ရှိခိုးခဲ့၏။
၁၀။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓသညာယိဒံ ဖလံ။
၁၀။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ သင်္ကန်းတော်ကို ရှိခိုးမှု ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ‘ဘုရား’ဟူသော အမှတ်အသားသညာ၏ အကျိုးပေတည်း။
၁၁။ ‘‘ဣတော စတုတ္ထကေ ကပ္ပေ, ဒုမသာရောသိ ခတ္တိယော၊
စာတုရန္တော ဝိဇိတာဝီ, စက္ကဝတ္တီ မဟဗ္ဗလော။
၁၁။ ဤဘဒ္ဒကမ္ဘာမှ လေးကမ္ဘာထက်၌ ကျွန်းကြီးလေးကျွန်း အပိုင်းအခြားရှိသည်ဖြစ်၍ အောင်အပ်ပြီးသော ရန်သူ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဒုမသာရ”မည်သော စကြဝတေးမင်းသည် ဖြစ်ခဲ့ဖူး၏။
၁၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဗုဒ္ဓသညကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဗုဒ္ဓသညကတ္ထေရဿာပဒါနံ တတိယံ။
၁၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဗုဒ္ဓသညကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် ဗုဒ္ဓသညကတ္ထေရအပဒါန ပြီး၏။
၄။ ဘိသာလုဝဒါယကတ္ထေရအပဒါနံ
၁၃။ ‘‘ကာနနံ ဝနမောဂယှ, ဝသာမိ ဝိပိနေ အဟံ၊
ဝိပဿိံ အဒ္ဒသံ ဗုဒ္ဓံ, အာဟုတီနံ ပဋိဂ္ဂဟံ။
၄-ဘိသာလုဝဒါယကတ္ထေရအပဒါန ၁၃။ ငါသည် သားရဲထူထပ်သော တောသို့ ဝင်ရောက်၍ ဆိတ်ငြိမ်ရာတော၌ နေ၏၊ ထိုအခါ ဧည့်သည်အလို့ငှါ ဆောင်အပ်သော ပစ္စည်းဝတ္ထုတို့ကို ခံတော်မူထိုက်သော ဝိပဿီ မြတ်စွာဘုရားကို ဖူးမြင်ရ၏။
၁၄။ ‘‘ဘိသာလုဝဉ္စ ပါဒါသိံ, ဥဒကံ ဟတ္ထဓောဝနံ၊
ဝန္ဒိတွာ သိရသာ ပါဒေ, ပက္ကာမိ ဥတ္တရာမုခေါ။
၁၄။ ကြာစွယ်, ပိန်းဥကိုလည်းကောင်း၊ လက်ဆေးတော်ရေကိုလည်းကောင်း ပေးလှူခဲ့၏။ ခြေတော်တို့ကို ဦးဖြင့် ရှိခိုး၍ မြောက်သို့ ရှေးရှုဖဲသွားခဲ့၏။
၁၅။ ‘‘ဧကနဝုတိတော ကပ္ပေ, ဘိသာလုဝမဒံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ပုညကမ္မဿိဒံ ဖလံ။
၁၅။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ကြာစွယ်, ပိန်းဥကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ကြာစွယ်, ပိန်းဥ လှူရသော ကောင်းမှုကံ၏ အကျိုးပေတည်း။
၁၆။ ‘‘ဣတော တတိယကေ ကပ္ပေ, ဘိသသမ္မတခတ္တိယော၊
သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။
၁၆။ ဤဘဒ္ဒကမ္ဘာမှ သုံးခုမြောက်ကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဘိသ”ဟု သမုတ်အပ်သော စကြဝတေးမင်းသည် ဖြစ်ခဲ့ဖူး၏။
၁၇။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဘိသာလုဝဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဘိသာလုဝဒါယကတ္ထေရဿာပဒါနံ စတုတ္ထံ။
ဆဋ္ဌဘာဏဝါရံ။
၁၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဘိသာလုဝဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် ဘိသာလုဝဒါယကတ္ထေရအပဒါန ပြီး၏။ ဆဋ္ဌဘာဏဝါရ ပြီး၏။
၅။ ဧကသညကတ္ထေရအပဒါနံ
၁၈။ ‘‘ခဏ္ဍော နာမာသိ နာမေန, ဝိပဿိဿဂ္ဂသာဝကော၊
ဧကာ ဘိက္ခာ မယာ ဒိန္နာ, လောကာဟုတိပဋိဂ္ဂဟေ။
၅-ဧကသညကတ္ထေရအပဒါန ၁၈။ ဝိပဿီမြတ်စွာဘုရား၏ လက်ယာရံ အဂ္ဂသာဝကသည် အမည်အားဖြင့် “ခဏ္ဍ”ဟု ထင်ရှားသူ ဖြစ်၏၊ ငါသည် လူတို့၏ ပူဇော်ခြင်းကို ခံထိုက်သော အဂ္ဂသာဝက၌ တစ်ထပ်စာ ဆွမ်းကို လှူခဲ့၏။
၁၉။ ‘‘တေန စိတ္တပ္ပသာဒေန, ဒွိပဒိန္ဒ နရာသဘ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဧကဘိက္ခာယိဒံ ဖလံ။
၁၉။ အခြေနှစ်ချောင်းရှိသူ လူတို့ကို အစိုးရသည် ဖြစ်၍ လူတို့ထက် ထူးကဲတော်မူသော မြတ်စွာဘုရား အကျွန်ုပ်သည် ထိုဆွမ်းလှူရသော စိတ်၏ ကြည်လင်မှုကြောင့် အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် တစ်ထပ်စာဆွမ်းကို လှူဒါန်းရခြင်း၏ အကျိုးပေတည်း။
၂၀။ ‘‘စတ္တာလီသမှိတော ကပ္ပေ, ဝရုဏော နာမ ခတ္တိယော၊
သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။
၂၀။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာလေးဆယ်ထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဝရုဏ” မည်သော စကြဝတေးမင်းသည် ဖြစ်ခဲ့ဖူး၏။
၂၁။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဧကသညကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဧကသညကတ္ထေရဿာပဒါနံ ပဉ္စမံ။
၂၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဧကသညကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် ဧကသညကတ္ထေရအပဒါန ပြီး၏။
၆။ တိဏသန္ထရဒါယကတ္ထေရအပဒါနံ
၂၂။ ‘‘ဟိမဝန္တဿာဝိဒူရေ, မဟာဇာတဿရော အဟု၊
သတပတ္တေဟိ သဉ္ဆန္နော, နာနာသကုဏမာလယော။
၆-တိဏသန္ထရဒါယကတ္ထေရအပဒါန ၂၂။ ဟိမဝန္တာတောင်၏ အနီးအရပ်၌ ပွင့်ချပ်တစ်ရာရှိသော ကြာပန်းတို့ဖြင့် ကောင်းစွာ ဖုံးလွှမ်းသည်ဖြစ်၍ အမျိုးမျိုးသော ငှက်တို့၏ နေရာဖြစ်သော ရေအိုင်ကြီးသည် ရှိ၏။
၂၃။ ‘‘တမှိ နှတွာ စ ပိတွာ [ပီတွာ (သီ။ သျာ။)] စ, အဝိဒူရေ ဝသာမဟံ၊
အဒ္ဒသံ သမဏာနဂ္ဂံ, ဂစ္ဆန္တံ အနိလဉ္ဇသေ။
၂၃။ ငါသည် အနီးဖြစ်သော ထိုအိုင်ကြီး၌ ရေချိုး၍လည်းကောင်း၊ ရေသောက်၍လည်း ကောင်း နေ၏။ ထိုအခါ ငါသည် ရဟန်းတို့ထက် မြတ်သော (တိဿ) ဘုရားရှင်ကို ကောင်း ကင်၌ ကြွသွားတော်မူစဥ် ဖူးမြင်ရ၏။
၂၄။ ‘‘မမ သင်္ကပ္ပမညာယ, သတ္ထာ လောကေ အနုတ္တရော၊
အဗ္ဘတော ဩရုဟိတွာန, ဘူမိယံဌာသိ တာဝဒေ။
၂၄။ လောက၌ အတုမရှိသော မြတ်စွာဘုရားသည် ထိုအခါ ငါ၏ စိတ်အကြံကို သိတော်မူ၍ ကောင်းကင်မှ သက်ဆင်းတော်မူလျက် မြေ၌ ရပ်တည်တော်မူ၏။
၂၅။ ‘‘ဝိသာဏေန [လာယနေန (သျာ။)] တိဏံ ဂယှ, နိသီဒနမဒါသဟံ၊
နိသီဒိ ဘဂဝါ တတ္ထ, တိဿော လောကဂ္ဂနာယကော။
၂၅။ ငါသည် သားချိုဖြင့် မြက်ကို ကော်ဆောင်၍ နေထိုင်ရာမြက်ခင်းကို လှူ၏၊ လူတို့၏ အမြတ်ဆုံး ရှေ့သွားဖြစ်တော်မူသော တိဿမြတ်စွာဘုရားသည် ထိုနေရာမြက်ခင်း၌ ထိုင်နေ တော်မူ၏။
၂၆။ ‘‘သကံ စိတ္တံ ပသာဒေတွာ, အဝန္ဒိ လောကနာယကံ၊
ပဋိကုဋိကော [ဥက္ကုဋိကော (သျာ။ က။)] အပသက္ကိံ, နိဇ္ဈာယန္တော မဟာမုနိံ။
၂၆။ ငါသည် မိမိစိတ်ကို ကြည်လင်စေ၍ လောက၏ ရှေ့သွားဖြစ်သော မြတ်စွာဘုရားကို ရှိခိုး၏၊ မြတ်စွာဘုရားကို တစိန်းစိန်း ကြည့်ရှုလျက် နောက်ပြန်ဆုတ်၍ ဖဲသွားခဲ့၏။
၂၇။ ‘‘တေန စိတ္တပ္ပသာဒေန, နိမ္မာနံ ဥပပဇ္ဇဟံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, သန္ထရဿ ဣဒံ ဖလံ။
၂၇။ ငါသည် ထိုစိတ်၏ ကြည်လင်မှုကြောင့် နိမ္မာနရတိဘုံသို့ ရောက်၏၊ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြက်အခင်း လှူဒါန်းရခြင်း၏ အကျိုး ပေတည်း။
၂၈။ ‘‘ဣတော ဒုတိယကေ ကပ္ပေ, မိဂ [မိတ္တ (သျာ။)] သမ္မတခတ္တိယော၊
သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။
၂၈။ ဤဘဒ္ဒကမ္ဘာမှ ဒုတိယကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည် ဖြစ်၍ များမြတ် သည့် ဗိုလ်ပါအင်အားရှိသော “မိဂသမ္မတ”မည်သော စကြဝတေးမင်းသည် ဖြစ်ခဲ့ဖူး၏။
၂၉။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ တိဏသန္ထရဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
တိဏသန္ထရဒါယကတ္ထေရဿာပဒါနံ ဆဋ္ဌံ။
၂၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်တိဏသန္ထရဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် တိဏသန္ထရဒါယကတ္ထေရအပဒါန ပြီး၏။
၇။ သူစိဒါယကတ္ထေရအပဒါနံ
၃၀။ ‘‘တိံသကပ္ပသဟဿမှိ, သမ္ဗုဒ္ဓေါ လောကနာယကော၊
သုမေဓော နာမ နာမေန, ဗာတ္တိံသဝရလက္ခဏော။
၇-သူစိဒါယကတ္ထေရအပဒါန ၃၀။ ကမ္ဘာသုံးသောင်းထက်၌ လူတို့၏ ရှေ့သွားဖြစ်သော သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ်တို့၏ လက္ခဏာရှိတော်မူသော အမည်အားဖြင့် “သုမေဓာ”ဟု ထင်ရှားသော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။
၃၁။ ‘‘တဿ ကဉ္စနဝဏ္ဏဿ, ဒွိပဒိန္ဒဿ တာဒိနော၊
ပဉ္စ သူစီ မယာ ဒိန္နာ, သိဗ္ဗနတ္ထာယ စီဝရံ။
၃၁။ ရွှေအဆင်းနှင့် တူသော အဆင်းရှိတော်မူသော အခြေနှစ်ချောင်းရှိသူ လူတို့ကို အစိုးရသည်ဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားအား သင်္ကန်းကို ချုပ် ဖို့ရန်အလို့ငှါ ငါသည် ငါးချောင်းသောအပ်တို့ကို ပေးလှူခဲ့၏။
၃၂။ ‘‘တေနေဝ သူစိဒါနေန, နိပုဏတ္ထဝိပဿကံ၊
တိက္ခံ လဟုဉ္စ ဖာသုဉ္စ, ဉာဏံ မေ ဥဒပဇ္ဇထ။
၃၂။ ထိုအပ်လှူရသောကြောင့်သာလျှင် သိမ်မွေ့သောအနက်ကို ရှုမြင်တတ်သော ထက်မြက် လျင်မြန်သော လွယ်ကူသော ဉာဏ်သည် ငါ့အား ဖြစ်လတ်၏။
၃၃။ ‘‘ကိလေသာ ဈာပိတာ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ၊
ဓာရေမိ အန္တိမံ ဒေဟံ, သမ္မာသမ္ဗုဒ္ဓသာသနေ။
၃၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ခပ်သိမ်းသော ဘဝတို့ ကို ပယ်နုတ်အပ်ကုန်၏၊ မြတ်စွာဘုရားသာသနာတော်၌ အဆုံးစွန်ဖြစ်သော ကိုယ်ကို ဆောင်၏။
၃၄။ ‘‘ဒွိပဒါဓိပတီ နာမ, ရာဇာနော စတုရော အဟုံ၊
သတ္တရတနသမ္ပန္နာ, စက္ကဝတ္တီ မဟဗ္ဗလာ။
၃၄။ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဒွိပဒါ ဓိပတိ” မည်သော စကြဝတေးမင်းတို့သည် လေးကြိမ် ဖြစ်ဖူးကုန်၏။
၃၅။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ သူစိဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
သူစိဒါယကတ္ထေရဿာပဒါနံ သတ္တမံ။
၃၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သူစိဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် သူစိဒါယကတ္ထေရအပဒါန ပြီး၏။
၈။ ပါဋလိပုပ္ဖိယတ္ထေရအပဒါနံ
၃၆။ ‘‘သုဝဏ္ဏဝဏ္ဏံ သမ္ဗုဒ္ဓံ, ဂစ္ဆန္တံ အန္တရာပဏေ၊
ကဉ္စနဂ္ဃိယသင်္ကာသံ, ဗာတ္တိံသဝရလက္ခဏံ။
၈-ပါဋလိပုပ္ဖိယတ္ထေရအပဒါန ၃၆။ ရွှေတုရိုဏ်တိုင်နှင့် တူသော သုံးဆယ့်နှစ်ရပ် မြတ်သော လက္ခဏာရှိသော ရွှေ အဆင်းနှင့် တူသော အဆင်းရှိတော်မူသော (တိဿ) မြတ်စွာဘုရားကို အိမ်ဈေးအကြား လမ်း ခရီး၌ ကြွတော်မူစဥ် ငါသည် ဖူးမြင်ရ၏။
၃၇။ ‘‘သေဋ္ဌိပုတ္တော တဒါ အာသိံ, သုခုမာလော သုခေဓိတော၊
ဥစ္ဆင်္ဂေ ပါဋလိပုပ္ဖံ, ကတွာန [ကတွာ တံ (သီ။ သျာ။)] အဘိသံဟရိံ။
၃၇။ ငါသည် ထိုအခါ၌ ချမ်းချမ်းသာသာ ကြီးပွါးရသည် ဖြစ်၍ နူးညံ့သိမ်မွေ့သောသူဌေးသား ဖြစ်၏၊ ငါသည် ခါးပိုက်ထဲ၌ သခွတ်ပန်းကို ထား၍ ရှေးရှုဆောင်ခဲ့၏။
၃၈။ ‘‘ဟဋ္ဌော ဟဋ္ဌေန စိတ္တေန, ပုပ္ဖေဟိ အဘိပူဇယိံ၊
တိဿံ လောကဝိဒုံ နာထံ, နရဒေဝံ နမဿဟံ။
၃၈။ ရွှင်လန်းသော ငါသည် ရွှင်ပျသောစိတ်ဖြင့် ပန်းတို့ဖြင့် ရှေးရှုပူဇော်၏၊ ငါသည် လောကကို သိ၍ လူတို့၏ နတ်ဖြစ်တော်မူသော တိဿမြတ်စွာဘုရားကို ရှိခိုး၏။
၃၉။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ပုပ္ဖပူဇာယိဒံ ဖလံ။
၃၉။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ပန်းလှူဒါန်းမှု ပြုရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။
၄၀။ ‘‘ဣတော တေသဋ္ဌိကပ္ပမှိ, အဘိသမ္မတနာမကော၊
သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။
၄၀။ ဤဘဒ္ဒကမ္ဘာမှ ခြောက်ဆယ့်သုံးကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “အဘိသမ္မ္မတ” မည်သော စကြဝတေးမင်းသည် ဖြစ်ခဲ့ ဖူး၏။
၄၁။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ပါဋလိပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ပါဋလိပုပ္ဖိယတ္ထေရဿာပဒါနံ အဋ္ဌမံ။
၄၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပါဋလိပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် ပါဋလိပုပ္ဖိယတ္ထေရအပဒါန ပြီး၏။
၉။ ဌိတဉ္ဇလိယတ္ထေရအပဒါနံ
၄၂။ ‘‘မိဂလုဒ္ဒေါ ပုရေ အာသိံ, အရညေ ကာနနေ အဟံ၊
တတ္ထ အဒ္ဒသံ [တတ္ထဒ္ဒသာသိံ (သီ။ သျာ။)] သမ္ဗုဒ္ဓံ, ဗာတ္တိံသဝရလက္ခဏံ။
၉-ဌိတဥ္ဇလိယတ္ထေရအပဒါန ၄၂။ ငါသည် ရှေးအခါ၌ သားရဲတိရစ္ဆာန်ထူထပ်သော တောအုပ်၌ သားမုဆိုး ဖြစ်ခဲ့ဖူး၏၊ ထိုတောအရပ်၌ သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ်လက္ခဏာ ရှိတော်မူသော (တိဿ) မြတ်စွာဘုရားကို ဖူးမြင်ရ၏။
၄၃။ ‘‘တတ္ထာဟံ အဉ္ဇလိံ ကတွာ, ပက္ကာမိံ ပါစိနာမုခေါ၊
အဝိဒူရေ နိသိန္နဿ, နိယကေ ပဏ္ဏသန္ထရေ။
၄၃-၄၄။ ထိုတိဿဘုရားရှင်၌ ငါသည် လက်အုပ်ချီ၍ အရှေ့အရပ်သို့ ရှေးရှုဖဲသွား၏၊ အမြဲတမ်း သစ်ရွက်အခင်းရှိသော အနီးအရပ်၌ ထိုင်နေသောအခါ ကျလာသော မိုးကြိုးသည် ငါ၏ ထိပ်ထက်၌ ကျရောက်လေ၏၊ ထိုငါသည် သေခါနီးကာလ၌ လက်အုပ်ချီခြင်းကို တစ်ဖန် ပြုခဲ့၏။
၄၄။ ‘‘တတော မေ အသနီပါတော, မတ္ထကေ နိပတီ တဒါ၊
သောဟံ မရဏကာလမှိ, အကာသိံ ပုနရဉ္ဇလိံ။
၄၅။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, အဉ္ဇလိံ အကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, အဉ္ဇလိဿ ဣဒံ ဖလံ။
၄၅။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ လက်အုပ်ချီမှုကို ပြုရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် လက်အုပ်ချီရခြင်း၏ အကျိုးပေတည်း။
၄၆။ ‘‘စတုပဏ္ဏာသကပ္ပမှိ, မိဂကေတုသနာမကော၊
သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။
၄၆။ ငါးဆယ့်လေးကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “မိဂကေတု”အမည်ရှိသော စကြဝတေးမင်းသည် ဖြစ်ခဲ့ဖူး၏။
၄၇။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဌိတဉ္ဇလိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဌိတဉ္ဇလိယတ္ထေရဿာပဒါနံ နဝမံ။
၄၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဌိတဉ္ဇလိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် ဌိတဉ္ဇလိယတ္ထေရအပဒါန ပြီး၏။
၁၀။ တိပဒုမိယတ္ထေရအပဒါနံ
၄၈။ ‘‘ပဒုမုတ္တရော နာမ ဇိနော, သဗ္ဗဓမ္မာန ပါရဂူ၊
ဒန္တော ဒန္တပရိဝုတော, နဂရာ နိက္ခမီ တဒါ။
၁၀-တိပဒုမိယတ္ထေရအပဒါန ၄၈။ အလုံးစုံသော တရား၏ တစ်ဖက်ကမ်းဖြစ်သော နိဗ္ဗာန်သို့ ရောက်တော်မူသော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ကိုယ်တော်တိုင် ယဥ်ကျေးသည်ဖြစ်၍ ယဥ်ကျေးသော ရဟန္တာအပေါင်း ခြံရံလျက် ထိုအခါ မြို့မှ ထွက်တော်မူ၏။
၄၉။ ‘‘နဂရေ ဟံသဝတိယံ, အဟောသိံ မာလိကော တဒါ၊
ယံ တတ္ထ ဥတ္တမံ တောဏိ, ပဒ္မပုပ္ဖါနိ [ဥတ္တမံ ပုပ္ဖံ, တီဏိ ပုပ္ဖါနိ (သီ။)] အဂ္ဂဟိံ။
၄၉။ ထိုအခါ ငါသည် ဟံသာဝတီမြို့တော်၌ ပန်းတော်ဆက် ဖြစ်၏၊ မင်းဆက်ရန် ယူ ဆောင်လာသော ထိုပန်းအပေါင်းတို့တွင် မြတ်သော ပဒုမ္မာကြာပန်း သုံးပွင့်တို့ကို ယူခဲ့၏။
၅၀။ ‘‘အဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ, ပဋိမဂ္ဂန္တရာပဏေ၊
သဟ [သောဟံ (သီ။)] ဒိသွာန သမ္ဗုဒ္ဓံ, ဧဝံ စိန္တေသဟံ တဒါ။
၅၀။ အိမ်ဈေးအကြား လမ်းခရီး၌ ကိလေသာမြူ ကင်းသော မြတ်စွာဘုရားကို ခရီးရင် ဆိုင် ဖူးမြင်ရ၏၊ ထိုအခါ ငါသည် မြတ်စွာဘုရားကို ဖူးမြင်ရသည်နှင့် တစ်ပြိုင်နက် ဤသို့ ကြံမိ၏။
၅၁။ ‘‘ကိံ မေ ဣမေဟိ ပုပ္ဖေဟိ, ရညော ဥပနိတေဟိ မေ၊
ဂါမံ ဝါ ဂါမခေတ္တံ ဝါ, သဟဿံ ဝါ လဘေယျဟံ။
၅၁။ ငါသည် (အာနန္ဒာ) မင်းကြီးအား ဆက်သရန် ယူဆောင်ခဲ့သော ဤပန်းတို့ဖြင့် ရွာကိုလည်းကောင်း၊ (တစ်စိတ်မျှသော) ရွာခေတ်ကိုလည်းကောင်း၊ အသပြာတစ်ထောင်ကိုလည်းကောင်း ရရာ၏၊ ထိုရသော ဆုလာဘ်တို့ဖြင့် ငါ့အား အဘယ်အကျိုးရှိအံ့နည်း။
၅၂။ ‘‘အဒန္တဒမနံ ဝီရံ, သဗ္ဗသတ္တသုခါဝဟံ၊
လောကနာထံ ပူဇယိတွာ, လစ္ဆာမိ အမတံ ဓနံ။
၅၂။ မယဥ်ကျေးသောသူတို့ကို ယဥ်ကျေးအောင် ဆုံးမတော်မူတတ်သော ကြီးသော လုံ့လရှိသော သတ္တဝါအားလုံးတို့၏ ချမ်းသာကို ဆောင်တော်မူတတ်သော မြတ်စွာဘုရားကို ပူဇော်ရသည်ရှိသော် အမြိုက်နိဗ္ဗာန်တည်းဟူသော ဥစ္စာကို ရလတ္တံ့ (ဟု ဤသို့ ကြံ၏)။
၅၃။ ‘‘ဧဝါဟံ စိန္တယိတွာန, သကံ စိတ္တံ ပသာဒယိံ၊
တီဏိ လောဟိတကေ ဂယှ, အာကာသေ ဥက္ခိပိံ တဒါ။
၅၃။ ဤသို့ ကြံပြီး၍ ငါသည် မိမိစိတ်ကို ကြည်လင်စေ၏၊ ထိုအခါ သုံးပွင့်သော ကြာနီ ပန်းတို့ကို ယူ၍ ကောင်းကင်၌ ပစ်လွှင့်မြှောက်တင်၏။
၅၄။ ‘‘မယာ ဥက္ခိတ္တမတ္တမှိ, အာကာသေ ပတ္ထရိံသု တေ၊
ဓာရိံသု မတ္ထကေ တတ္ထ, ဥဒ္ဓံဝဏ္ဋာ အဓောမုခါ။
၅၄။ ငါသည် ပစ်လွှင့်မြှောက်တင်ကာမျှ၌ ထိုကြာနီသုံးပွင့်တို့သည် ကောင်းကင်၌ ဖြန့်၍ တည်ကုန်၏၊ ထိုကောင်းကင်၌ ထိုကြာပန်းတို့သည် အညှာအထက်သို့ လှည့်ကာ မိုးမျှော်, မျက်နှာအောက်သို့ ပြုကုန်လျက် ဦးခေါင်းတော်ထက်၌ ဆောင်းကုန်၏။
၅၅။ ‘‘ယေ ကေစိ မနုဇာ ဒိသွာ, ဥက္ကုဋ္ဌိံ သမ္ပဝတ္တယုံ၊
ဒေဝတာ အန္တလိက္ခမှိ, သာဓုကာရံ ပဝတ္တယုံ။
၅၅။ ခပ်သိမ်းကုန်သော လူအားလုံးတို့သည် မြင်ကြကုန်သော် ကြွေးကြော်ခြင်းကို ဖြစ်စေ ကြကုန်၏၊ နတ်တို့သည်လည်း ကောင်းကင်၌ ကောင်းချီးပေးဆက်ခြင်းကို ဖြစ်စေကြကုန်၏။
၅၆။ ‘‘အစ္ဆေရံ လောကေ ဥပ္ပန္နံ, ဗုဒ္ဓသေဋ္ဌဿ ဝါဟသာ၊
သဗ္ဗေ ဓမ္မံ သုဏိဿာမ, ပုပ္ဖါနံ ဝါဟသာ မယံ။
၅၆။ မြတ်စွာဘုရား၏ အစွမ်းကြောင့် လောက၌ အံ့ဩဖွယ်သည် ဖြစ်ပေါ်လာ၏၊ ကြာ ပန်း၏ အစွမ်းကြောင့် အလုံးစုံသော ငါတို့သည် တရားတော်ကို နာကြရကုန်အံ့။
၅၇။ ‘‘ပဒုမုတ္တရော လောကဝိဒူ, အာဟုတီနံ ပဋိဂ္ဂဟော၊
ဝီထိယဉှိ ဌိတော သန္တော, ဣမာ ဂါထာ အဘာသထ။
၅၇။ လောကကို သိတော်မူသော အဝေးမှ ဆောင်အပ်သော လှူဖွယ်တို့ကို ခံတော်မူထိုက် သော ပဒုမုတ္တရမြတ်စွာဘုရားသည် ခရီးမ၌ ရပ်တည်လျက် ဤဆိုမည့် ဂါထာတို့ကို မိန့်တော် မူ၏။
၅၈။ ‘‘‘ယော သော ဗုဒ္ဓံ အပူဇေသိ, ရတ္တပဒ္မေဟိ [ရတ္တပဒုမေဟိ (သီ။ သျာ။)] မာဏဝေါ၊
တမဟံ ကိတ္တယိဿာမိ, သုဏာထ မမ ဘာသတော။
၅၈။ အကြင်ပန်းတော်ဆက်သည် နီသော ပဒုမ္မာကြာတို့ဖြင့် ငါဘုရားကို ပူဇော်၏၊ ထိုသူ ကို ငါသည် ဗျာဒိတ်စကား ဟောကြားပေအံ့၊ ဟောကြားမည့် ငါ၏ စကားကို နာကြကုန် လော့။
၅၉။ ‘‘‘တိံသကပ္ပသဟဿာနိ, ဒေဝလောကေ ရမိဿတိ၊
တိံသကပ္ပါနိ [တိံသက္ခတ္တုဉ္စ (သျာ။)] ဒေဝိန္ဒော, ဒေဝရဇ္ဇံ ကရိဿတိ။
၅၉။ ကမ္ဘာသုံးသောင်းတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရလတ္တံ့၊ အာယုကပ် သုံးဆယ်တို့ ပတ်လုံး နတ်တို့ကို အစိုးရသည် ဖြစ်၍ သိကြားမင်းအဖြစ်ကို ပြုရလတ္တံ့။
၆၀။ ‘‘‘မဟာဝိတ္ထာရိကံ နာမ, ဗျမှံ ဟေဿတိ တာဝဒေ၊
တိယောဇနသတုဗ္ဗိဒ္ဓံ, ဒိယဍ္ဎသတဝိတ္ထတံ။
၆၀။ ထိုနတ်ဖြစ်သော အခါ၌ ယူဇနာသုံးရာ အစောက်မြင့်၍ ယူဇနာတစ်ရာ့ငါးဆယ် ကျယ်ပြန့်သော “မဟာဝိတ္ထာရိက”မည်သော ဗိမာန်သည် ဖြစ်လတ္တံ့။
၆၁။ ‘‘‘စတ္တာရိသတသဟဿာနိ, နိယျူဟာ စ သုမာပိတာ၊
ကူဋာဂါရဝရူပေတာ, မဟာသယနမဏ္ဍိတာ။
၆၁။ လေးသိန်းကုန်သော နန်းဦးပြာသာဒ်ဆောင်တို့ကိုလည်း ကောင်းစွာ ဖန်ဆင်းထား ကုန်၏၊ အထွတ်တပ်သော အဆောင်မြတ်နှင့် ပြည့်စုံသည် ဖြစ်၍ မြတ်သော နေရာဖြင့်လည်း တန်ဆာဆင်ထားကုန်၏။
၆၂။ ‘‘‘ကောဋိသတသဟဿိယော, ပရိဝါရေဿန္တိ အစ္ဆရာ၊
ကုသလာ နစ္စဂီတဿ, ဝါဒိတေပိ ပဒက္ခိဏာ။
၆၂။ အဆိုအကတို့၌ လိမ္မာ၍ အတီးအမှုတ်၌လည်း ကျွမ်းကျင်ကုန်သော နတ်သမီးကုဋေ တစ်သိန်းတို့သည် ခြံရံံကုန်လတ္တံ့။
၆၃။ ‘‘‘ဧတာဒိသေ ဗျမှဝရေ, နာရီဂဏသမာကုလေ၊
ဝဿိဿတိ ပုပ္ဖဝဿော, ဒိဗ္ဗော [ပဒ (က။)] လောဟိတကော သဒါ။
၆၃။ နတ်သမီးအပေါင်းတို့ဖြင့် ပြွမ်းသော ဤကဲ့သို့သော ဗိမာန်မြတ်၌ နီမြန်းသော နတ်၌ ဖြစ်သော ပန်းမိုးသည် အခါခပ်သိမ်း ရွာသွန်းလတ္တံ့။
၆၄။ ‘‘‘ဘိတ္တိခီလေ နာဂဒန္တေ, ဒွါရဗာဟာယ တောရဏေ၊
စက္ကမတ္တာ လောဟိတကာ, ဩလမ္ဗိဿန္တိ တာဝဒေ။
၆၄။ ထိုပဒုမ္မာကြာမိုး ရွာသွန်းသော အခါ၌ နံရံ, တံသင်း, ဆင်စွယ်ကောက်, တံခါး ပေါင်, တုရိုဏ်တိုင်တို့၌ လှည်းဘီးစက် ပမာဏရှိကုန်သော ပဒုမ္မာကြာနီတို့သည် တွဲလဲကျ ကုန်လတ္တံ့။
၆၅။ ‘‘‘ပတ္တေန ပတ္တသဉ္ဆန္နေ, အန္တောဗျမှဝရေ ဣမံ၊
အတ္ထရိတွာ ပါရုပိတွာ, တုဝဋ္ဋိဿန္တိ တာဝဒေ။
၆၅။ ထိုအခါ (နတ်သမီးတို့သည် ) ရွက်ချပ်တစ်ခုဖြင့် ရွက်ချပ်တစ်ခုကို ဖုံးလွှမ်းထားသော ပဒုမ္မာကြာ ဗိမာန်မြတ်အတွင်း၌ ဤကြာပန်းကို ခင်းကုန်, ခြုံကုန်လျက် အိပ်ကုန်လတ္တံ့။
၆၆။ ‘‘‘ဘဝနံ ပရိဝါရေတွာ, သမန္တာ သတယောဇနေ၊
တေပိ ပဒ္မါ [တေ ဝိသုဒ္ဓါ (သီ။ သျာ။)] လောဟိတကာ, ဒိဗ္ဗဂန္ဓံ ပဝါယရေ။
၆၆။ ထိုပဒုမ္မာကြာနီပန်းတို့သည်လည်း ဘုံဗိမာန်ကို ဝန်းဝိုင်းခြံရံလျက် ထက်ဝန်းကျင် ယူဇနာတစ်ရာတိုင်အောင် နတ်ရနံ့ကို လှိုင်စေကုန်လတ္တံ့။
၆၇။ ‘‘‘ပဉ္စသတ္တတိက္ခတ္တုဉ္စ, စက္ကဝတ္တီ ဘဝိဿတိ၊
ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ။
၆၇။ ခုနစ်ဆယ့်ငါးကြိမ် စကြဝတေးမင်း ဖြစ်လတ္တံ့၊ ပြန့်ပြောစွာသော ပဒေသရာဇ်မင်း အဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်။
၆၈။ ‘‘‘သမ္ပတ္တိယော ဒုဝေ ဘုတွာ, အနီတိ အနုပဒ္ဒဝေါ၊
သမ္ပတ္တေ ပရိယောသာနေ, နိဗ္ဗာနံ ပါပုဏိဿတိ’ [ဖဿယိဿတိ (သီ။), ပဿယိဿတိ (က။)]။
၆၈။ နှစ်ပါးသော စည်းစိမ်တို့ကို ခံစားလျက် ဘေးဥပဒ် မရှိဘဲ အဆုံးဘဝ ရောက်လတ် သော် နိဗ္ဗာန်သို့ ရောက်ရလတ္တံ့။ (ဤသို့ မိန့်တော်မူ၏)။
၆၉။ ‘‘သုဒိဋ္ဌော ဝတ မေ ဗုဒ္ဓေါ, ဝါဏိဇ္ဇံ သုပယောဇိတံ၊
ပဒ္မါနိ တီဏိ ပူဇေတွာ, အနုဘောသိံ တိသမ္ပဒါ [အနုဘူယန္တိ သမ္ပဒါ (က။)]။
၆၉။ ငါသည် ပဒုမုတ္တရမြတ်စွာဘုရားကို စင်စစ်အားဖြင့် ကောင်းစွာ ဖူးမြင်ရပေ၏၊ ပဒုမ္မာကြာ ပူဇော်ရခြင်းဟူသော ကုန်သွယ်မှုကိုလည်း ကောင်းစွာ ယှဥ်စပ်ပြုအပ်ခဲ့ရပေ၏၊ ပဒုမ္မာကြာသုံးပွင့်တို့ကို ပူဇော်ရသောကြောင့် သုံးပါးသော စည်းစိမ်ချမ်းသာတို့ကို ခံစားခဲ့ရ၏။
၇၀။ ‘‘အဇ္ဇ မေ ဓမ္မပ္ပတ္တဿ, ဝိပ္ပမုတ္တဿ သဗ္ဗသော၊
သုပုပ္ဖိတံ လောဟိတကံ, ဓာရယိဿတိ မတ္ထကေ။
၇၀။ ယခုပင် လောကုတ္တရာတရားသို့ ဆိုက်ရောက်သည် ဖြစ်၍ ကိလေသာမှ လွတ် မြောက်သော ငါ့အား ကောင်းစွာ ပွင့်သော ပဒုမ္မာကြာနီပန်းသည် ဦးထိပ်၌ အချင်းခပ်သိမ်း ဆောင်းမိုးထားလတ္တံ့။
၇၁။ ‘‘မမ ကမ္မံ ကထေန္တဿ, ပဒုမုတ္တရသတ္ထုနော၊
သတပါဏသဟဿာနံ, ဓမ္မာဘိသမယော အဟု။
၇၁။ ပဒုမုတ္တရမြတ်စွာဘုရားသည် ငါ၏ ရှေးကောင်းမှုကို ဟောကြားစဥ် တစ်သိန်းသော သတ္တဝါတို့၏ သစ္စာလေးပါးတရားကို သိခြင်းသည် ဖြစ်၏။
၇၂။ ‘‘သတသဟဿိတော ကပ္ပေ, ယံ ဗုဒ္ဓမဘိပူဇယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, တိပဒုမာနိဒံ ဖလံ။
၇၂။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ (ပဒုမုတ္တရ) မြတ်စွာဘုရားကို ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပဒုမ္မာကြာ သုံးပွင့်ကို လှူဒါန်းရခြင်း၏ အကျိုးပေတည်း။
၇၃။ ‘‘ကိလေသာ ဈာပိတာ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ၊
သဗ္ဗာသဝါ ပရိက္ခီဏာ, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။
၇၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ခပ်သိမ်းသော ဘဝ တို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ခပ်သိမ်းသော အာသဝေါတရားတို့ ကုန်ခန်းကုန်ပြီ၊ ယခုအခါ ဘဝသစ်၌ တစ်ဖန် ဖြစ်ခြင်းသည် မရှိတော့ပြီ။
၇၄။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ တိပဒုမိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
တိပဒုမိယတ္ထေရဿာပဒါနံ ဒသမံ။
နာဂသမာလဝဂ္ဂေါ အဋ္ဌမော။
တဿုဒ္ဒါနံ –
နာဂသမာလော ပဒသညီ, သညကာလုဝဒါယကော၊
ဧကသညီ တိဏသန္ထာရော, သူစိပါဋလိပုပ္ဖိယော၊
ဌိတဉ္ဇလီ တိပဒုမီ, ဂါထာယော ပဉ္စသတ္တတိ။
၇၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်တိပဒုမိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် တိပဒုမိယတ္ထေရအပဒါန ပြီး၏။ ရှစ်ခုမြောက် နာဂသမာလဝဂ် ပြီး၏။
၉။ တိမိရဝဂ္ဂေါ
၁။ တိမိရပုပ္ဖိယတ္ထေရအပဒါနံ
၁။ ‘‘စန္ဒဘာဂါနဒီတီရေ, အနုသောတံ ဝဇာမဟံ၊
နိသိန္နံ သမဏံ ဒိသွာ, ဝိပ္ပသန္နမနာဝိလံ။
၉-တိမိရဝဂ် ၁-တိမိရပုပ္ဖိယတ္ထေရအပဒါန ၁-၂။ ငါသည် စန္ဒဘာဂါမြစ်နား၌ အောက်အကြေသို့ သွား၏၊ ကိလေသာအနောက်အကျု ကင်းသည်ဖြစ်၍ အထူးကြည်လင်စွာ ထိုင်နေတော်မူသော (သိဒ္ဓတ္ထ) မြတ်စွာဘုရားကို ဖူးမြင် ရ၍ - ထိုသိဒ္ဓတ္ထမြတ်စွာဘုရား၌ စိတ်ကို ကြည်ညိုစေပြီးလျှင် ထိုအခါ ငါသည် ဤသို့ ကြံစည် မိ၏၊ ဤမြတ်စွာဘုရားသည် ကိုယ်တော်တိုင် ကူးမြောက်ပြီးသည်ဖြစ်၍ သူတစ်ပါးတို့ကိုလည်း ကူးမြောက်စေတော်မူလတ္တံ့၊ ဤမြတ်စွာဘုရားသည် ကိုယ်တော်တိုင် ယဥ်ကျေးပြီးသည်ဖြစ်၍ သူတစ်ပါးတို့ကိုလည်း ယဥ်ကျေးစေတော်မူလတ္တံ့။
၂။ ‘‘တတ္ထ စိတ္တံ ပသာဒေတွာ [ပသာဒေသိံ (သျာ။)], ဧဝံ စိန္တေသဟံ တဒါ၊
တာရယိဿတိ တိဏ္ဏောယံ, ဒန္တောယံ ဒမယိဿတိ။
၃။ ‘‘အဿာသိဿတိ အဿတ္ထော, သန္တော စ သမယိဿတိ၊
မောစယိဿတိ မုတ္တော စ, နိဗ္ဗာပေဿတိ နိဗ္ဗုတော။
၃။ ကိုယ်တော်တိုင် သက်သာရာ ရပြီးသည်ဖြစ်၍ သူတစ်ပါးတို့ကိုလည်း သက်သာရာ ရစေတော်မူလတ္တံ့၊ ကိုယ်တော်တိုင် ကိလေသာမီး ငြိမ်းအေးသည်ဖြစ်၍ သူတစ်ပါးတို့ကိုလည်း ငြိမ်းအေးစေတော်မူလတ္တံ့၊ ကိုယ်တော်တိုင် ကိလေသာမှ လွတ်မြောက်ပြီးသည်ဖြစ်၍ သူတစ်ပါး တို့ကိုလည်း လွတ်မြောက်စေတော်မူလတ္တံ့၊ ကိုယ်တော်တိုင် ဒုက္ခငြိမ်းပြီးသည်ဖြစ်၍ သူတစ်ပါး တို့ကိုလည်း ဒုက္ခငြိမ်းစေတော်မူလတ္တံ့။ (ဤသို့ ကြံ၏)။
၄။ ‘‘ဧဝါဟံ စိန္တယိတွာန, သိဒ္ဓတ္ထဿ မဟေသိနော၊
ဂဟေတွာ တိမိရပုပ္ဖံ, မတ္ထကေ ဩကိရိံ အဟံ [တဒါ (သျာ။)]။
၄။ ငါသည် ဤသို့ ကြံစည်ပြီးနောက် သိဒ္ဓတ္ထမြတ်စွာဘုရားအား ကျည်းပန်းကို ယူ၍ ဦးခေါင်းထက်၌ ကြဲဖြန့်လှူဒါန်း၏။
၅။ ‘‘အဉ္ဇလိံ ပဂ္ဂဟေတွာန, ကတွာ စ နံ ပဒက္ခိဏံ၊
ဝန္ဒိတွာ သတ္ထုနော ပါဒေ, ပက္ကာမိံ အပရံ ဒိသံ။
၅။ ထိုသိဒ္ဓတ္ထမြတ်စွာဘုရားကို လက်အုပ်ချီ အရိုအသေပြု၍ မြတ်စွာဘုရား၏ ခြေတော် တို့ကို ရှိခိုးပြီးလျှင် တစ်ပါးသော အရပ်သို့ ဖဲသွားခဲ့၏။
၆။ ‘‘အစိရံ ဂတမတ္တံ မံ, မိဂရာဇာ ဝိဟေဌယိ၊
ပပါတမနုဂစ္ဆန္တော, တတ္ထေဝ ပပတိံ အဟံ။
၆။ ဖဲသွား၍ မကြာမြင့်မီ ငါ့ကို ခြင်္သေ့မင်းသည် ညှဥ်းဆဲ၏၊ ငါသည် ကမ်းပါးပြတ် အတိုင်း သွားသည်ရှိသော် ထိုကမ်းပါးပြတ်၌သာလျှင် တိမ်းလဲချော်ကျ၏။
၇။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိရောပယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ပုပ္ဖပူဇာယိဒံ [ဗုဒ္ဓပူဇာယိဒံ (သီ။ သျာ။)] ဖလံ။
၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ပန်းကို တင်လှူရသောအခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဘုရားကို ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။
၈။ ‘‘ဆပ္ပညာသမှိ ကပ္ပမှိ, သတ္တေဝါသုံ မဟာယသာ [မဟာရဟာ (သျာ။ က။)]၊
သတ္တရတနသမ္ပန္နာ, စက္ကဝတ္တီ မဟဗ္ဗလာ။
၈။ ငါးဆယ့်ခြောက်ကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည် ဖြစ်၍ များသော ဗိုလ်ပါ အင်အားရှိသော များသော အခြံအရံရှိကုန်သော စကြဝတေးမင်းတို့သည် ခုနစ်ကြိမ် ဖြစ်ဖူး ကုန်၏။
၉။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ တိမိရပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
တိမိရပုပ္ဖိယတ္ထေရဿာပဒါနံ ပဌမံ။
၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်တိမိရပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော တိမိရပုပ္ဖိယတ္ထေရအပဒါန ပြီး၏။
၂။ ဂတသညကတ္ထေရအပဒါနံ
၁၀။ ‘‘ဇာတိယာ သတ္တဝဿောဟံ, ပဗ္ဗဇိံ အနဂါရိယံ၊
အဝန္ဒိံ သတ္ထုနော ပါဒေ, ဝိပ္ပသန္နေန စေတသာ။
၂-ဂတသညကတ္ထေရအပဒါန ၁၀။ ငါသည် မွေးဖွားသည်မှ ခုနစ်နှစ်သာ ရှိပါသေးလျက် အိမ်၏ စီးပွါးမဲ့ဖြစ်သော သာသနာ့ဘောင်၌ ရှင်အဖြစ်သို့ ရောက်၏၊ မြတ်စွာဘုရား၏ ခြေတော်တို့ကို အထူးကြည်လင် သော စိတ်ဖြင့် ရှိခိုး၏။
၁၁။ ‘‘သတ္တနင်္ဂလကီပုပ္ဖေ, အာကာသေ ဥက္ခိပိံ အဟံ၊
တိဿံ ဗုဒ္ဓံ သမုဒ္ဒိဿ, အနန္တဂုဏသာဂရံ။
၁၁။ အဆုံးမရှိသောဂုဏ်တော်တို့ဖြင့် သမုဒ္ဒရာသဖွယ်ဖြစ်သော တိဿမြတ်စွာဘုရားကို ကောင်းစွာ ရည်စူး၍ ငါသည် ခုနစ်ပွင့်သော ဆီမီးတောက်ပန်းတို့ကို ကောင်းကင်၌ ပစ်လွှင့် မြှောက် လှူပူဇော်၏။
၁၂။ ‘‘သုဂတာနုဂတံ မဂ္ဂံ, ပူဇေတွာ ဟဋ္ဌမာနသော၊
အဉ္ဇလိဉ္စ [အဉ္ဇလိဿ (က။)] တဒါကာသိံ, ပသန္နော သေဟိ ပါဏိဘိ။
၁၂။ ထိုအခါ၌ ရွှင်လန်းသော စိတ်ရှိသော ငါသည် ကြည်ညိုလှသည် ဖြစ်၍ မြတ်စွာဘုရား ကြွသွားတော်မူရာ လမ်းခရီးကို ပူဇော်ပြီးလျှင် မိမိလက်တို့ဖြင့် ထိုမြတ်စွာဘုရားကို လက်အုပ်ချီခြင်းကို ပြု၏။
၁၃။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၁၃။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ လက်အုပ်ချီမှုကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။
၁၄။ ‘‘ဣတော အဋ္ဌမကေ ကပ္ပေ, တယော အဂ္ဂိသိခါ အဟု၊
သတ္တရတနသမ္ပန္နာ, စက္ကဝတ္တီ မဟဗ္ဗလာ။
၁၄။ ဤဘဒ္ဒကမ္ဘာမှ ရှစ်ခုမြောက်ကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “အဂ္ဂိသိခ”မည်သော စကြဝတေးမင်းတို့သည် သုံးကြိမ် ဖြစ်ဖူးကုန်၏။
၁၅။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဂတသညကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဂတသညကတ္ထေရဿာပဒါနံ ဒုတိယံ။
၁၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဂတသညကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် ဂတသညကတ္ထေရအပဒါန ပြီး၏။
၃။ နိပန္နဉ္ဇလိကတ္ထေရအပဒါနံ
၁၆။ ‘‘ရုက္ခမူလေ နိသိန္နောဟံ, ဗျာဓိတော ပရမေန စ၊
ပရမကာရုညပတ္တောမှိ, အရညေ ကာနနေ အဟံ။
၃-နိပန္နဥ္ဇလိကတ္ထေရအပဒါန ၁၆။ ငါသည် သစ်ပင်ရင်း၌ ထိုင်နေစဥ် သည်းထန်စွာသော အနာရောဂါဖြင့် နှိပ်စက်ခံ ရသောကြောင့် သားရဲတိရစ္ဆာန်ထူထပ်သော တော၌ လွန်စွာ သနားဖွယ်အဖြစ်သို့ ရောက်ခဲ့ရ၏။
၁၇။ ‘‘အနုကမ္ပံ ဥပါဒါယ, တိဿော သတ္ထာ ဥပေသိ မံ၊
သောဟံ နိပန္နကော သန္တော, သိရေ ကတွာန အဉ္ဇလိံ။
၁၇-၁၈။ တိဿမြတ်စွာဘုရားသည် အစဥ်သနားသည်ကို စွဲ၍ ငါ့ထံသို့ ချဥ်းကပ်တော် မူလာ၏၊ ထိုငါသည် လျောင်းလျက်သာလျှင် ဖြစ်လျက် ဦးခေါင်း၌ လက်အုပ်ချီပြီးလျှင် - ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ သတ္တဝါအားလုံးတို့ထက် မြတ်သော မြတ်စွာဘုရားကို ရှိခိုး၍ ထိုအရပ်၌ပင် သေခဲ့၏။
၁၈။ ‘‘ပသန္နစိတ္တော သုမနော, သဗ္ဗသတ္တာနမုတ္တမံ၊
သမ္ဗုဒ္ဓံ အဘိဝါဒေတွာ, တတ္ထ ကာလင်္ကတော အဟံ။
၁၉။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, ယံ ဝန္ဒိံ ပုရိသုတ္တမံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဝန္ဒနာယ ဣဒံ ဖလံ။
၁၉။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ တိဿဘုရားမြတ်ကို ရှိခိုးရသောအခါမှ စ၍ အပါယ်လေပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားကို ရှိခိုးရခြင်း၏ အကျိုးပေတည်း။
၂၀။ ‘‘ဣတော ပဉ္စမကေ ကပ္ပေ, ပဉ္စေဝါသုံ မဟာသိခါ၊
သတ္တရတနသမ္ပန္နာ, စက္ကဝတ္တီ မဟဗ္ဗလာ။
၂၀။ ဤဘဒ္ဒကမ္ဘာမှ ငါးခုမြောက် ကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “မဟာသိခ” မည်သော စကြဝတေးမင်းတို့သည် ငါးကြိမ် ဖြစ်ဖူးကုန်၏။
၂၁။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ နိပန္နဉ္ဇလိကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
နိပန္နဉ္ဇလိကတ္ထေရဿာပဒါနံ တတိယံ။
၂၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်နိပန္နဉ္ဇလိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် နိပန္နဉ္ဇလိကတ္ထေရအပဒါန ပြီး၏။
၄။ အဓောပုပ္ဖိယတ္ထေရအပဒါနံ
၂၂။ ‘‘အဘိဘူ နာမ သော ဘိက္ခု, သိခိနော အဂ္ဂသာဝကော၊
မဟာနုဘာဝေါ တေဝိဇ္ဇော, ဟိမဝန္တံ ဥပါဂမိ။
၄-အဓောပုပ္ဖိယတ္ထေရအပဒါန ၂၂။ သိခီမြတ်စွာဘုရား၏ လက်ယာရံအဂ္ဂသာဝကဖြစ်သော ထိုအဘိဘူမည်သော ရဟန်းသည် ကြီးသော အာနုဘော်ရှိသည် ဖြစ်၍လည်းကောင်း၊ ဝိဇ္ဇာသုံးပါးကို ရသည် ဖြစ်၍လည်းကောင်း ဟိမဝန္တာ တောင်သို့ ကြွလာတော်မူ၏။
၂၃။ ‘‘အဟမ္ပိ ဟိမဝန္တမှိ, ရမဏီယဿမေ ဣသိ၊
ဝသာမိ အပ္ပမညာသု, ဣဒ္ဓီသု စ တဒါ ဝသီ။
၂၃။ ငါသည် လည်း ဟိမဝန္တာတောင်၌ မွေ့လျော်ဖွယ်ရှိသော သင်္ခမ်းကျောင်း၌ ရသေ့ဖြစ်၍ နေ၏၊ ထိုအခါ အပ္ပမညာလေပါးတို့၌လည်းကောင်း၊ တန်ခိုး ဖန်ဆင်းခြင်းတို့၌လည်းကောင်း လေ့လာခြင်း ရှိ၏။
၂၄။ ‘‘ပက္ခိဇာတော ဝိယာကာသေ, ပဗ္ဗတံ အဓိဝတ္တယိံ [အဘိပတ္ထယိံ (သျာ။), အဘိမတ္ထယိံ (က။), အဓိဝတ္ထယိန္တိ ပဗ္ဗတဿ ဥပရိ ဂစ္ဆိန္တိအတ္ထော]၊
အဓောပုပ္ဖံ ဂဟေတွာန, အာဂစ္ဆိံ [အဂစ္ဆိံ (က။)] ပဗ္ဗတံ အဟံ။
၂၄။ ငါသည် ကောင်းကင်၌ ငှက်မျိုးသဖွယ်ဖြစ်၍ ဟိမဝန္တာတောင်ကို စိုးအုပ်နေထိုင်၏၊ ငါသည် တောင်အောက်က ပန်းကို ဆွတ်ယူ၍ တောင်ပေါ်သို့ တက်ရောက်လာ၏။
၂၅။ ‘‘သတ္တ ပုပ္ဖါနိ ဂဏှိတွာ, မတ္ထကေ ဩကိရိံ အဟံ၊
အာလောကိတေ [အာလောကိတော (သျာ။)] စ ဝီရေန, ပက္ကာမိံ ပါစိနာမုခေါ။
၂၅။ ခုနစ်ပွင့်သော ပန်းတို့ကို ယူ၍ ငါသည် (အဘိဘူရဟန်း၏) ဦးထိပ်၌ ကြဲမြှောက် ပူဇော်၏၊ ရဲရင့်သော မြတ်စွာဘုရားသည် ငါ့ကို ကြည့်ရှုတော်မူစဥ် ငါသည် အရှေ့အရပ်သို့ ရှေးရှုဖဲသွားခဲ့၏။
၂၆။ ‘‘အာဝါသံ အဘိသမ္ဘောသိံ, ပတွာန အဿမံ အဟံ၊
ခါရိဘာရံ ဂဟေတွာန, ပါယာသိံ [ပါဝိသိံ (သီ။)] ပဗ္ဗတန္တရံ။
၂၆။ (ဖဲခွါခဲ့ပြီးသော်) ငါသည် ကျောင်းသို့ ရောက်၏၊ သင်္ခမ်းကျောင်းသို့ ရောက်ပြီး၍ ရသေ့ပရိက္ခရာကို ယူ၍ တောင်ကြားသို့ (အစာရှာရန်) သွား၏။
၂၇။ ‘‘အဇဂရော မံ ပီဠေသိ, ဃောရရူပေါ မဟဗ္ဗလော၊
ပုဗ္ဗကမ္မံ သရိတွာန, တတ္ထ ကာလင်္ကတော အဟံ။
၂၇။ (ထိုအခါ) ကြမ်းတမ်းသည် ဖြစ်၍ ခွန်အားကြီးသော စပါးကြီးမြွေသည် ငါ့ကို ရစ်ပတ်နှိပ် စက်၏၊ ငါသည် ပန်းလှူဖူးသော ရှေးကောင်းမှုကို အောက်မေ့၍ ထိုအရပ်၌ပင် သေလွန်ခဲ့ရ၏။
၂၈။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ပုပ္ဖမဘိရောပယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ပုပ္ဖပူဇာယိဒံ ဖလံ။
၂၈။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကိို တင်လှူပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် ပန်းကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။
၂၉။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ အဓောပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
အဓောပုပ္ဖိယတ္ထေရဿာပဒါနံ စတုတ္ထံ။
၂၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အဓောပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် အဓောပုပ္ဖိယတ္ထေရအပဒါန ပြီး၏။
၅။ ရံသိသညကတ္ထေရအပဒါနံ
၃၀။ ‘‘ပဗ္ဗတေ ဟိမဝန္တမှိ, ဝါသံ ကပ္ပေသဟံ ပုရေ၊
အဇိနုတ္တရဝါသောဟံ, ဝသာမိ ပဗ္ဗတန္တရေ။
၅-ရံသိသညကတ္ထေရအပဒါန ၃၀။ ရှေးအခါ၌ ငါသည် ဟိမဝန္တာတောင်၌ နေခြင်းကို ပြု၏၊ ငါသည် သစ်နက်ရေကို ဝတ်ဆင်လျက် တောင်ကြား၌ နေ၏။
၃၁။ ‘‘သုဝဏ္ဏဝဏ္ဏံ သမ္ဗုဒ္ဓံ, သတရံသိံဝ ဘာဏုမံ၊
ဝနန္တရဂတံ ဒိသွာ, သာလရာဇံဝ ပုပ္ဖိတံ။
၃၁-၃၂။ ‘အရောင်များစွာရှိသော နေမင်းကို မြင်ရသကဲ့သို့လည်းကောင်း၊ ပင်လုံးကျွတ် ပွင့်သော အင်ကြင်းပင်မင်းကို မြင်ရသကဲ့သို့လည်းကောင်း’ တောအကြားသို့ ကြွတော်မူသော ရွှေအဆင်းရှိတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရသောကြောင့် ရောင်ခြည်တော်၌ (ငါ၏) စိတ်ကို ကြည်လင်စေ၍ ငါသည် ဝိပဿီမြတ်စွာဘုရားအား ဆောင့်ကြောင့်ထိုင်ကာ လက်အုပ် ချီလျက် ဦးတိုက်ရှိခိုး၏။
၃၂။ ‘‘ရံသျာ [ရံသေ (သျာ။ က။)] စိတ္တံ ပသာဒေတွာ, ဝိပဿိဿ မဟေသိနော၊
ပဂ္ဂယှ အဉ္ဇလိံ ဝန္ဒိံ, သိရသာ ဥက္ကုဋီ [သိရသာ ဥက္ကုဋိကော (သျာ။), သိရသုက္ကုဋိကော (က။)] အဟံ။
၃၃။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ရံသိသညာယိဒံ ဖလံ။
၃၃။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ကောင်းမှုပြုခဲ့ရသော အခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ရောင်ခြည်တော်ဟု ကြည်ညိုခြင်း အမှတ်သညာ ဖြစ်ရခြင်း၏ အကျိုးပေတည်း။
၃၄။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ရံသိသညကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ရံသိသညကတ္ထေရဿာပဒါနံ ပဉ္စမံ။
၃၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ရံသိသညကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် ရံသိသညကတ္ထေရအပဒါန ပြီး၏။
၆။ ဒုတိယရံသိသညကတ္ထေရအပဒါနံ
၃၅။ ‘‘ပဗ္ဗတေ ဟိမဝန္တမှိ, ဝါကစီရဓရော အဟံ၊
စင်္ကမဉ္စ သမာရူဠှော, နိသီဒိံ ပါစိနာမုခေါ။
၆-ဒုတိယ ရံသိသညကတ္ထေရအပဒါန ၃၅။ ငါသည် ဟိမဝန္တာတောင်၌ လျှော်တေသင်္ကန်းကို ဆောင်လျက် စင်္ကြံပေါ်သို့ တက်ပြီးလျှင် အရှေ့အရပ်သို့ ရှေးရှုထိုင်နေ၏။
၃၆။ ‘‘ပဗ္ဗတေ သုဂတံ ဒိသွာ, ဖုဿံ ဈာနရတံ တဒါ၊
အဉ္ဇလိံ ပဂ္ဂဟေတွာန, ရံသျာ စိတ္တံ ပသာဒယိံ။
၃၆။ ထိုအခါ ဟိမဝန္တာတောင်၌ ဈာန်ဝင်စားတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၍ လက်အုပ်ချီပြီးလျှင် (ထိုဘုရား၏) ရောင်ခြည်တော်၌ စိတ်ကို ကြည်လင်စေခဲ့၏။
၃၇။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, ယံ သညမလဘိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ရံသိသညာယိဒံ ဖလံ။
၃၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ရောင်ခြည်တော်ဟူသော အမှတ်သညာကို ရခဲ့သော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ရောင်ခြည်တော်ဟု မှတ်သားရခြင်း၏ အကျိုးပေတည်း။
၃၈။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ရံသိသညကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဒုတိယရံသိသညကတ္ထေရဿာပဒါနံ ဆဋ္ဌံ။
၃၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ရံသိသညကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် ရံသိသညကတ္ထေရအပဒါန ပြီး၏။
၇။ ဖလဒါယကတ္ထေရအပဒါနံ
၃၉။ ‘‘ပဗ္ဗတေ ဟိမဝန္တမှိ, ခရာဇိနဓရော အဟံ၊
ဖုဿံ ဇိနဝရံ ဒိသွာ, ဖလဟတ္ထော ဖလံ အဒံ။
၇-ဖလဒါယကတ္ထေရအပဒါန ၃၉။ ဟိမဝန္တာတောင်၌ ကြမ်းတမ်းသော သစ်နက်ရေကို ဆောင်သော ငါသည် သစ်သီး လက်စွဲလျက် ဖုဿမြတ်စွာဘုရားကို ဖူးမြင်ရသောကြောင့် သစ်သီးကို ပေးလှူခဲ့၏။
၄၀။ ‘‘ယမဟံ ဖလမဒါသိံ, ဝိပ္ပသန္နေန စေတသာ၊
ဘဝေ နိဗ္ဗတ္တမာနမှိ, ဖလံ နိဗ္ဗတ္တတေ မမ။
၄၀။ ငါသည် အထူးကြည်လင်သော စိတ်ဖြင့် အကြင်သစ်သီးကို ပေးလှူခဲ့၏၊ ဘဝ သံသရာ၌ ကျင်လည်ရသည်ရှိသော် ငါ့အား (ထိုသစ်သီး) အကျိုးသည် ဖြစ်ပေါ်၏။
၄၁။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, ယံ ဖလံ အဒဒိံ အဟံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဖလဒါနဿိဒံ ဖလံ။
၄၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ငါသည် သစ်သီးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သစ်သီးလှူဒါန်းရခြင်း၏ အကျိုးပေတည်း။
၄၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဖလဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဖလဒါယကတ္ထေရဿာပဒါနံ သတ္တမံ။
၄၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် ဖလဒါယကတ္ထေရအပဒါန ပြီး၏။
၈။ သဒ္ဒသညကတ္ထေရအပဒါနံ
၄၃။ ‘‘ပဗ္ဗတေ ဟိမဝန္တမှိ, ဝသာမိ ပဏ္ဏသန္ထရေ၊
ဖုဿဿ ဓမ္မံ ဘဏတော, သဒ္ဒေ စိတ္တံ ပသာဒယိံ။
၈-သဒ္ဒသညကတ္ထေရအပဒါန ၄၃။ ငါသည် ဟိမဝန္တာတောင် သစ်ရွက်အခင်း၌ နေ၏၊ ထိုအခါ တရားဟောတော်မူသော မြတ်စွာဘုရား၏ အသံတော်၌ စိတ်ကို ကြည်လင်စေ၏။
၄၄။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ပုညကမ္မဿိဒံ ဖလံ။
၄၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ကောင်းမှုပြုခဲ့ရသော အခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ကောင်းမှုကံ၏ အကျိုးပေတည်း။
၄၅။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ သဒ္ဒသညကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
သဒ္ဒသညကတ္ထေရဿာပဒါနံ အဋ္ဌမံ။
၄၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သဒ္ဒသညကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် သဒ္ဒသညကတ္ထေရအပဒါန ပြီး၏။
၉။ ဗောဓိသိဉ္စကတ္ထေရအပဒါနံ
၄၆။ ‘‘ဝိပဿိဿ ဘဂဝတော, မဟာဗောဓိမဟော အဟု၊
ပဗ္ဗဇ္ဇုပဂတော သန္တော, ဥပဂစ္ဆိံ အဟံ တဒါ။
၉-ဗောဓိသိဥ္စကတ္ထေရအပဒါန ၄၆။ ဝိပဿီမြတ်စွာဘုရား၏ ဗောဓိပင်မြတ်ကို ပူဇော်ပွဲသည် ဖြစ်၏၊ ထိုအခါ ငါသည် ရဟန်းဘဝသို့ ရောက်ပြီးသည် ဖြစ်လျက် ထိုပူဇော်ပွဲသို့ ချဥ်းကပ်၏။
၄၇။ ‘‘ကုသုမောဒကမာဒါယ, ဗောဓိယာ ဩကိရိံ အဟံ၊
မောစယိဿတိ နော မုတ္တော, နိဗ္ဗာပေဿတိ နိဗ္ဗုတော။
၄၇။ (ချဥ်းကပ်ပြီးသော်) ကိုယ်တော်တိုင် ဝဋ်ဆင်းရဲမှ လွတ်မြောက်ပြီးသည် ဖြစ်၍ ငါတို့ ကို လွတ်မြောက်စေလတ္တံ့၊ ကိုယ်တော်တိုင် ဒုက္ခငြိမ်းအေးပြီးသည် ဖြစ်၍ ငါတို့ကို ငြိမ်းအေး စေလတ္တံ့ (ဟု နှလုံးသွင်းလျက်) ငါသည် ပန်းဖြင့် ထုံးထားသော ရေကို ယူ၍ ဗောဓိပင်၌ သွန်းလောင်း ပူဇော်ခဲ့၏။
၄၈။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ဗောဓိမဘိသိဉ္စယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗောဓိသိဉ္စာယိဒံ ဖလံ။
၄၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ဗောဓိပင်၌ ညောင်ရေသွန်းလောင်းခဲ့ရ သော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဗောဓိပင်၌ ညောင်ရေသွန်းလောင်းရခြင်း၏ အကျိုးပေတည်း။
၄၉။ ‘‘တေတ္တိံသေ ဝတ္တမာနမှိ, ကပ္ပေ အာသုံ ဇနာဓိပါ၊
ဥဒကသေစနာ နာမ, အဋ္ဌေတေ စက္ကဝတ္တိနော။
၄၉။ သုံးဆယ့်သုံးကမ္ဘာထက် ရောက်လတ်သော် လူတို့ကို အစိုးရသော “ဥဒကသေစန” မည်ကုန်သော စကြဝတေးမင်းတို့သည် ရှစ်ကြိမ် ဖြစ်ဖူးကုန်၏။
၅၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဗောဓိသိဉ္စကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဗောဓိသိဉ္စကတ္ထေရဿာပဒါနံ နဝမံ။
၅၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဗောဓိသိဉ္စကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် ဗောဓိသိဉ္စကတ္ထေရအပဒါန ပြီး၏။
၁၀။ ပဒုမပုပ္ဖိယတ္ထေရအပဒါနံ
၅၁။ ‘‘ပေါက္ခရဝနံ ပဝိဋ္ဌော, ဘဉ္ဇန္တော ပဒုမာနိဟံ၊
တတ္ထဒ္ဒသံ ဖုဿံ ဗုဒ္ဓံ [အဒ္ဒသံ ဖုဿသမ္ဗုဒ္ဓံ (သီ။ သျာ။)], ဗာတ္တိံသဝရလက္ခဏံ။
၁၀-ပဒုမပုပ္ဖိယတ္ထေရအပဒါန ၅၁။ ကြာတောကြာရုံသို့ ဝင်သော ငါသည် ပဒုမ္မာကြာတို့ကို ချိုးစဥ် ထိုကြာတော၌ သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ်တို့၏ လက္ခဏာတော်ရှိသော ဖုဿဘုရားရှင်ကို ဖူးမြင်ရ၏။
၅၂။ ‘‘ပဒုမပုပ္ဖံ ဂဟေတွာန, အာကာသေ ဥက္ခိပိံ အဟံ၊
ပါပကမ္မံ သရိတွာန, ပဗ္ဗဇိံ အနဂါရိယံ။
၅၂။ ငါသည် ပဒုမ္မာကြာပန်းကို ယူ၍ ကောင်းကင်၌ မြှောက်ချီပူဇော်လှူဒါန်းခဲ့၏၊ မကောင်းမှုကို အောက်မေ့၍ အိမ်၏ စီးပွားမဲ့ ဖြစ်သော သာသနာ့ဘောင်၌ ရှင်အဖြစ်သို့ ရောက်ခဲ့၏။
၅၃။ ‘‘ပဗ္ဗဇိတွာန ကာယေန, မနသာ သံဝုတေန စ၊
ဝစီဒုစ္စရိတံ ဟိတွာ, အာဇီဝံ ပရိသောဓယိံ။
၅၃။ ရဟန်းပြုပြီးသော် စောင့်စည်းအပ်ပြီးသော ကိုယ်, နှုတ်ဖြင့် ဝစီဒုစရိုက်ကို စွန့်လျက် အာဇီဝပါရိသုဒ္ဓိသီလကို စင်ကြယ်စေခဲဲ့၏။
၅၄။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, ယံ ပုပ္ဖမဘိရောပယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၅၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ပန်းတင်လှူခဲ့ရသော အခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဘုရားကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။
၅၅။ ‘‘ပဒုမာဘာသနာမာ စ, အဋ္ဌာရသ မဟီပတီ၊
အဋ္ဌာရသေသု ကပ္ပေသု, အဋ္ဌတာလီသမာသိသုံ။
၅၅။ တစ်ဆယ့်ရှစ်ကမ္ဘာတို့၌ “ပဒုမာဘာသ”မည်ကုန်သော စကြဝတေးမင်းတို့သည့်တစ်ဆယ့်ရှစ်ကြိမ်တိုင်တိုင်လည်းကောင်း၊ လေးဆယ့်ရှစ်ကြိမ်တိုင်တိုင်လည်းကောင်း ဖြစ်ခဲ့ဖူးကုန်၏။
၅၆။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ပဒုမပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ၊
ပဒုမပုပ္ဖိယတ္ထေရဿာပဒါနံ ဒသမံ။
တိမိရဝဂ္ဂေါ နဝမော။
တဿုဒ္ဒါနံ –
တိမိရနင်္ဂလီပုပ္ဖ, နိပ္ပန္နဉ္ဇလိကော အဓော၊
ဒွေ ရံသိသညီ ဖလဒေါ, သဒ္ဒသညီ စ သေစကော၊
ပဒ္မပုပ္ဖီ စ ဂါထာယော, ဆပ္ပညာသ ပကိတ္တိတာ။
၅၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပဒုမပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် ပဒုမပုပ္ဖိယတ္ထေရအပဒါန ပြီး၏။ ကိုးခုမြောက် တိမိရဝဂ် ပြီး၏။
၁၀။ သုဓာဝဂ္ဂေါ
၁။ သုဓာပိဏ္ဍိယတ္ထေရအပဒါနံ
၁။ ‘‘ပူဇာရဟေ ပူဇယတော, ဗုဒ္ဓေ ယဒိ ဝ သာဝကေ၊
ပပဉ္စသမတိက္ကန္တေ, တိဏ္ဏသောကပရိဒ္ဒဝေ။
၁၀-သုဓာဝဂ် ၁-သုဓာပိဏ္ဍိယတ္ထေရအပဒါန ၁။ ပပဉ္စတရား (ချဲ့ထွင်တတ်သော တရား) တို့ကို လွန်မြောက်ပြီးသည် ဖြစ်၍ စိုးရိမ်ပူ ဆွေးခြင်း ‘သောက’ နှင့် ငိုကြွေးမြည်တမ်းခြင်း ‘ပရိဒေဝ’ တို့ကိုလည်း လွန်မြောက်သော ပူဇော် ထိုက်သော မြတ်စွာဘုရားတို့ကို ပူဇော်သောသူ၏လည်းကောင်း၊ ထိုမှတစ်ပါး တပည့်သား တော်တို့ကို ပူဇော်သောသူ၏လည်းကောင်း-
၂။ ‘‘တေ တာဒိသေ ပူဇယတော, နိဗ္ဗုတေ အကုတောဘယေ၊
န သက္ကာ ပုညံ သင်္ခါတုံ, ဣမေတ္တမပိ [ဣဒမ္မတ္တန္တိ (သီ။), ဣမေတ္ထမပိ (က။)] ကေနစိ။
၂။ ပရိနိဗ္ဗာန်ပြုပြီးသည်ဖြစ်၍ ဘေးတစ်စုံတစ်ရာ မရှိကုန်သော ထိုကဲ့သို့သော ဘုရား သာဝကတို့ကို ပူဇော်သောသူ၏လည်းကောင်း၊ ကောင်းမှု၏ အစုကို (ဤနတ်နှင့် တကွသော လူအပေါင်းတို့တွင်) တစ်စုံတစ်ယောက်သော လူနတ်သည်သော်လည်း ဤရွေ့ဤမျှ အကျိုးရ၏ဟု ရေတွက်ခြင်းငှါ မတတ်နိုင်။
၃။ ‘‘စတုန္နမပိ ဒီပါနံ, ဣဿရံ ယောဓ ကာရယေ၊
ဧကိဿာ ပူဇနာယေတံ, ကလံ နာဂ္ဃတိ သောဠသိံ။
၃။ အကြင်သူသည် ဤလောက၌ လေးကျွန်းလုံးတို့ကို အစိုးရသော စကြဝတေးမင်း အဖြစ်ကို ပြုရာ၏၊ ထိုသူ၏ လေးကျွန်းလုံးကို အစိုးရခြင်းသည် တစ်ကြိမ် ပူဇော်ရခြင်း၏ တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်မျှကို မမီနိုင်။
၄။ ‘‘သိဒ္ဓတ္ထဿ နရဂ္ဂဿ, စေတိယေ ဖလိတန္တရေ၊
သုဓာပိဏ္ဍော မယာ ဒိန္နော, ဝိပ္ပသန္နေန စေတသာ။
၄။ လူတို့ထက်မြတ်သော သိဒ္ဓတ္ထမြတ်စွာဘုရား၏ စေတီတော်၌ ကွဲအက်သော အကြား၌ ငါသည် အထူးသဖြင့် ကြည်လင်သော စိတ်ဖြင့် အင်္ဂတေစိုင်ကို လှူဒါန်းခဲ့၏။
၅။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ပဋိသင်္ခါရဿိဒံ ဖလံ။
၅။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ စေတီတော်ပြင်ဆင်မှုကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် စေတီတော်ကို ပြင်ဆင်ရခြင်း၏ အကျိုးပေတည်း။
၆။ ‘‘ဣတော တိံသတိကပ္ပမှိ, ပဋိသင်္ခါရသဝှယာ၊
သတ္တရတနသမ္ပန္နာ, တေရသ စက္ကဝတ္တိနော။
၆။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာသုံးဆယ်ထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသော “ပဋိသင်္ခါရ” အမည် ရှိကုန်သော စကြဝတေးမင်းတို့သည် တစ်ဆယ့်သုံးကြိမ် ဖြစ်ဖူးကုန်၏။
၇။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ သုဓာပိဏ္ဍိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
သုဓာပိဏ္ဍိယတ္ထေရဿာပဒါနံ ပဌမံ။
၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သုဓာပိဏ္ဍိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော သုဓာပိဏ္ဍိယတ္ထေရအပဒါန ပြီး၏။
၂။ သုစိန္တိကတ္ထေရအပဒါနံ
၈။ ‘‘တိဿဿ လောကနာထဿ, သုဒ္ဓပီဌမဒါသဟံ၊
ဟဋ္ဌော ဟဋ္ဌေန စိတ္တေန, ဗုဒ္ဓဿာဒိစ္စဗန္ဓုနော။
၂-သုစိန္တိကတ္ထေရအပဒါန ၈။ ငါသည် လူတို့၏ ကိုးကွယ်ရာဖြစ်သော နေမင်း၏ အဆွေဖြစ်တော်မူသော တိဿ ဘုရားရှင်အား အလွန်ရွှင်လန်းနှစ်သက်သော စိတ်ဖြင့် စင်ကြယ်သော အင်းပျဥ်ကို ပေးလှူခဲ့၏။
၉။ ‘‘အဋ္ဌာရသေ [အဋ္ဌတိံသေ (သီ။ သျာ။)] ဣတော ကပ္ပေ, ရာဇာ အာသိံ မဟာရုစိ၊
ဘောဂေါ စ ဝိပုလော အာသိ, သယနဉ္စ အနပ္ပကံ။
၉။ ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်ရှစ်ကမ္ဘာထက်၌ “မဟာရုစိ”မည်သော မင်းသည် ဖြစ်၏၊ စည်းစိမ်သည်လည်း ပြန့်ပြော၏၊ အိပ်ရာနေရာသည်လည်း အတိုင်းမသိ ဖြစ်၏။
၁၀။ ‘‘ပီဌံ ဗုဒ္ဓဿ ဒတွာန, ဝိပ္ပသန္နေန စေတသာ၊
အနုဘောမိ သကံ ကမ္မံ, ပုဗ္ဗေ သုကတမတ္တနော။
၁၀။ မြတ်စွာဘုရားအား အထူးကြည်လင်လှသော စိတ်ဖြင့် အင်းပျဥ်ကို ပေးလှူဖူးသော ကြောင့် ရှေး၌ ကောင်းစွာ ပြုထားသော မိမိကောင်းမှုကံအကျိုးကို ခံစားရ၏။
၁၁။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, ယံ ပီဌမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ပီဌဒါနဿိဒံ ဖလံ။
၁၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ အင်းပျဥ်လှူဒါန်းခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အင်းပျဥ်ကို လှူဒါန်း ရခြင်း၏ အကျိုးပေတည်း။
၁၂။ ‘‘အဋ္ဌတိံသေ ဣတော ကပ္ပေ, တယော တေ စက္ကဝတ္တိနော၊
ရုစိ ဥပရုစိ စေဝ, မဟာရုစိ တတိယကော။
၁၂။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်ရှစ်ကမ္ဘာထက်၌ ရုစိစကြာမင်း, ဥပရုစိစကြာမင်း, သုံးယောက်မြောက် မဟာရုစိစကြာမင်းဟူသော ထိုသုံးကြိမ်သော စကြာမင်းတို့ ဖြစ်ခဲ့ဖူးကုန်၏။
၁၃။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ သုစိန္တိကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
သုစိန္တိကတ္ထေရဿာပဒါနံ ဒုတိယံ။
၁၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သုစိန္တိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် သုစိန္တိကတ္ထေရအပဒါန ပြီး၏။
၃။ အဍ္ဎစေဠကတ္ထေရအပဒါနံ
၁၄။ ‘‘တိဿဿာဟံ ဘဂဝတော, ဥပဍ္ဎဒုဿမဒါသဟံ၊
ပရမကာပညပတ္တောမှိ [ပရမကာရုညပတ္တောမှိ (သျာ။ က။)], ဒုဂ္ဂတေန [ဒုဂ္ဂန္ဓေန (သီ။)] သမပ္ပိတော။
၃-အဋ္ဌစေဠကတ္ထေရအပဒါန ၁၄။ ငါသည် ဆင်းရဲခြင်းဖြင့် နှိပ်စက်သည် ဖြစ်၍ အလွန်သနားဖွယ် အဖြစ်သို့ ရောက် ရ၏၊ တိဿဘုရားရှင်အား ကိုယ်ဝတ်ပုဆိုးတစ်ပိုင်းကို ပေးလှူခဲ့၏။
၁၅။ ‘‘ဥပဍ္ဎဒုဿံ ဒတွာန, ကပ္ပံ သဂ္ဂမှိ မောဒဟံ၊
အဝသေသေသု ကပ္ပေသု, ကုသလံ ကာရိတံ မယာ။
၁၅။ ငါသည် ကိုယ်ဝတ်ပုဆိုးကို ပေးလှူသောကြောင့် တစ်ကမ္ဘာပတ်လုံး နတ်ပြည်၌ မွေ့ လျော်ရ၏၊ ငါသည် ကြွင်းသော ကမ္ဘာတို့၌ ကုသိုလ်ကောင်းမှုကို ပြုအပ်၏။
၁၆။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, ယံ ဒုဿမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဒုဿဒါနဿိဒံ ဖလံ။
၁၆။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ပုဆိုးပိုင်းလှူဒါန်းခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပုဆိုးပိုင်းလှူရခြင်း၏ အကျိုးပေတည်း။
၁၇။ ‘‘ဧကူနပညာသကပ္ပမှိ [ဧကပညာသကပ္ပမှိ (သျာ။)], ရာဇာနော စက္ကဝတ္တိနော၊
သမန္တစ္ဆဒနာ နာမ, ဗာတ္တိံသာသုံ [ခတ္တိယာသုံ (သျာ။ က။)] ဇနာဓိပါ။
၁၇။ လေးဆယ့်ကိုးကမ္ဘာထက်၌ လူတို့ကို အစိုးရသော “သမန္တစ္ဆဒန”မည်ကုန်သော စကြဝတေးမင်းတို့သည် သုံးဆယ့်နှစ်ကြိမ် ဖြစ်ခဲ့ဖူးကုန်၏။
၁၈။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ အဍ္ဎစေဠကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
အဍ္ဎစေဠကတ္ထေရဿာပဒါနံ တတိယံ။
၁၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အဋ္ဌစေဠကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် အဋ္ဌစေဠကတ္ထေရအပဒါန ပြီး၏။
၄။ သူစိဒါယကတ္ထေရအပဒါနံ
၁၉။ ‘‘ကမ္မာရောဟံ ပုရေ အာသိံ, ဗန္ဓုမာယံ ပုရုတ္တမေ၊
သူစိဒါနံ မယာ ဒိန္နံ, ဝိပဿိဿ မဟေသိနော။
၄-သူစိဒါယကတ္ထေရအပဒါန ၁၉။ ငါသည် ရှေးအခါက ဗန္ဓုမာမည်သော ပြည်မြတ်၌ ပန်းပဲသမား ဖြစ်ခဲ့၏၊ ငါသည် ဝိပဿီမြတ်စွာဘုရားအားအပ်အလှူကို ပေးလှူခဲ့၏။
၂၀။
၂၀။အပ်လှူသော ကောင်းမှုကံကြောင့် ထိုအပ်နှင့် အလားရှိသော ဝရဇိန်လက်နက်အဖျား နှင့်တူမျှသော ဉာဏ်ထက်မြက်မှုသည် ဖြစ်၏၊ တပ်စွန်းခြင်း “ရာဂ” ကင်းသည် ဖြစ်၏၊ ကိလေသာတို့မှ လွတ်မြောက်သည် ဖြစ်၏၊ အာသဝေါတရားတို့၏ကုန်ရာ နိဗ္ဗာန်သို့ ရောက်၏။
အရင်းအမြစ်များ
ကျမ်းကိုးကား
- Vipassana Research Institute. (n.d.). 7. Sakacintaniyavaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#494
- Vipassana Research Institute. (n.d.). 8. Nāgasamālavaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#495
- Vipassana Research Institute. (n.d.). 9. Timiravaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#496
- Vipassana Research Institute. (n.d.). 10. Sudhāvaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#497