ဓမ္မလမ်း
← အပဒါနပါဠိ (ပ)

အပဒါနပါဠိ (ပ)

ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။

စာ-၁၄၉

‘‘ဝဇိရဂ္ဂသမံ ဉာဏံ, ဟောတိ ကမ္မေန တာဒိသံ၊

ဝိရာဂေါမှိ ဝိမုတ္တောမှိ [ဝိဘဝေါမှိ ဝိဘတ္တောမှိ (က။)], ပတ္တောမှိ အာသဝက္ခယံ။

၂၁။ ‘‘အတီတေ စ ဘဝေ သဗ္ဗေ, ဝတ္တမာနေ စနာဂတေ [အတီတာ စ ဘဝါ သဗ္ဗေ, ဝတ္တမာနာ စ’နာဂတာ (သျာ။ က။)]၊

ဉာဏေန ဝိစိနိံ သဗ္ဗံ, သူစိဒါနဿိဒံ ဖလံ။

၂၁။ လွန်ပြီးသော ဘဝအလုံးစုံတို့ကိုလည်းကောင်း၊ ဖြစ်ဆဲ ဖြစ်လတ္တံ့သော ဘဝတို့ကိုလည်းကောင်း ဤအလုံးစုံသော ဘဝကို ဉာဏ်ဖြင့် ဆင်ခြင်နိုင်၏။ ဤသို့ ဖြစ်ရခြင်းသည်အပ်လှူဒါန်းရခြင်း၏ အကျိုးပေတည်း။

၂၂။ ‘‘ဧကနဝုတိတော ကပ္ပေ, သတ္တာသုံ ဝဇိရဝှယာ၊

သတ္တရတနသမ္ပန္နာ, စက္ကဝတ္တီ မဟဗ္ဗလာ။

၂၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့့်ဗိုလ်ပါအင်အားရှိသော “ဝဇိရ”မည်ကုန်သော စကြဝတေးမင်းတို့သည် ခုနစ် ကြိမ် ဖြစ်ဖူးကုန်၏။

၂၃။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ သူစိဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

သူစိဒါယကတ္ထေရဿာပဒါနံ စတုတ္ထံ။

၂၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သူစိဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် သူစိဒါယကတ္ထေရအပဒါန ပြီး၏။

၅။ ဂန္ဓမာလိယတ္ထေရအပဒါနံ

၂၄။ ‘‘သိဒ္ဓတ္ထဿ ဘဂဝတော, ဂန္ဓထူပံ အကာသဟံ၊

သုမနေဟိ ပဋိစ္ဆန္နံ, ဗုဒ္ဓါနုစ္ဆဝိကံ ကတံ။

၅-ဂန္ဓမာလိယတ္ထေရအပဒါန ၂၄။ ငါသည် မြတ်လေးပန်းတို့ဖြင့် ဖုံးလွှမ်းအပ်သော ဘုရားနှင့် လျော်စွာ ပြုအပ်သော သိဒ္ဓတ္ထမြတ်စွာဘုရား၏ နံ့သာပုထိုးတော်ကို ပြုလုပ်ခဲ့၏။

၂၅။ ‘‘ကဉ္စနဂ္ဃိယသင်္ကာသံ, ဗုဒ္ဓံ လောကဂ္ဂနာယကံ၊

ဣန္ဒီဝရံဝ ဇလိတံ, အာဒိတ္တံဝ ဟုတာသနံ။

၂၅-၂၆။ ရွှေတုရိုဏ်တိုင်နှင့် တူသော, လူတို့၏ အမြတ်ဆုံး ရှေ့သွားဖြစ်သော, တောက်ပသော ငုရွှေပန်းကဲ့သို့လည်းကောင်း၊ ရဲရဲညီးသော (ဟုန်း) မီးကဲ့သို့လည်းကောင်း၊ မြတ်သော ကျားမင်း, နွားလားဥသဘတို့ကဲ့သို့လည်းကောင်း၊ မြတ်သောဇာတ်ရှိသော ခြင်္သေ့ မင်းကဲ့သို့လည်းကောင်း ရဟန်းအပေါင်းခြံရံလျက် နေတော်မူသော ရဟန်းတို့ထက် မြတ်သော မြတ်စွာဘုရားကို ဖူးမြင်ရ၏။

၂၆။ ‘‘ဗျဂ္ဃူသဘံဝ ပဝရံ, အဘိဇာတံဝ ကေသရိံ၊

နိသိန္နံ သမဏာနဂ္ဂံ, ဘိက္ခုသံဃပုရက္ခတံ။

၂၇။ ‘‘ဝန္ဒိတွာ သတ္ထုနော ပါဒေ, ပက္ကာမိံ ဥတ္တရာမုခေါ၊

စတုန္နဝုတိတော ကပ္ပေ, ဂန္ဓမာလံ ယတော အဒံ။

၂၇-၂၈။ ငါသည် မြတ်စွာဘုရားတို့၏ ခြေတော်တို့ကို ရှိခိုး၍ မြောက်အရပ်သို့ ရှေးရှု ဖဲခဲ့၏၊ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ပန်းနံ့သာ လှူဒါန်းခဲ့ရသော အခါမှ စ၍ မြတ်စွာဘုရား၌ ပြုအပ်သော ကောင်းမှု၏ အကျိုးကြောင့် ငါသည် အထူးအားဖြင့် အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၂၈။ ‘‘ဗုဒ္ဓေ ကတဿ ကာရဿ, ဖလေနာဟံ ဝိသေသတော၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၂၉။ ‘‘စတ္တာရီသမှိ ဧကူနေ, ကပ္ပေ အာသိံသု သောဠသ၊

ဒေဝဂန္ဓသနာမာ တေ, ရာဇာနော စက္ကဝတ္တိနော။

၂၉။ သုံးဆယ့်ကိုးကမ္ဘာထက်၌ “ဒေဝဂန္ဓ”ဟု တူသော အမည်ရှိကုန်သော ထိုစကြဝတေး မင်းတို့သည် တစ်ဆယ့်ခြောက်ကြိမ် ဖြစ်ဖူးကုန်၏။

စာ-၁၅၀

၃၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဂန္ဓမာလိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဂန္ဓမာလိယတ္ထေရဿာပဒါနံ ပဉ္စမံ။

၃၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဂန္ဓမာလိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် ဂန္ဓမာလိယတ္ထေရအပဒါန ပြီး၏။

၆။ တိပုပ္ဖိယတ္ထေရအပဒါနံ

၃၁။ ‘‘မိဂလုဒ္ဒေါ ပုရေ အာသိံ, အရညေ ကာနနေ အဟံ [ဗြဟာ (သျာ။)]၊

ပါဋလိံ ဟရိတံ ဒိသွာ, တီဏိ ပုပ္ဖါနိ ဩကိရိံ။

၆-တိပုပ္ဖိယတ္ထေရအပဒါန ၃၁။ ရှေးအခါ ငှက်တို့ တွန်မြည်ရာဖြစ်သော တော၌ ငါသည် သားမုဆိုး ဖြစ်ခဲ့ဖူး၏၊ စိမ်းစိုသော သခွတ်ဗောဓိပင်ကို ဖူးမြင်ရ၍ ပန်းသုံးပွင့်တို့ကို ကြဲမြှောက်ပူဇော်ခဲ့၏။

၃၂။ ‘‘ပတိတပတ္တာနိ [သတ္တပတ္တာနိ (သီ။), သတပတ္တာနိ (က။), သုက္ခပဏ္ဏာနိ (သျာ။)] ဂဏှိတွာ, ဗဟိ ဆဍ္ဍေသဟံ တဒါ၊

အန္တောသုဒ္ဓံ ဗဟိသုဒ္ဓံ, သုဝိမုတ္တံ အနာသဝံ။

၃၂-၃၃။ ထိုအခါ ငါသည် ကြွေကျသော ဗောဓိရွက်တို့ကို ကောက်ယူ၍ အပြင်အပ၌ စွန့် ပစ်၏၊ အတွင်းအပ၌ စင်ကြယ်သည်ဖြစ်၍ ကိလေသာမှ လွတ်မြောက်သော, အာသဝေါမရှိ သော, လူတို့၏ အကြီးအမှူးဖြစ်သော ဝိပဿီမြတ်စွာဘုရားကို မျက်မှောက်၌ ရှိခိုးရသကဲ့သို့ သခွတ်ဗောဓိပင်ကို ရှိခိုးပြီး၍ ငါသည် ထိုဗောဓိပင်ရင်း၌ပင် သေခဲ့၏။

၃၃။ ‘‘သမ္မုခါ ဝိယ သမ္ဗုဒ္ဓံ, ဝိပဿိံ လောကနာယကံ၊

ပါဋလိံ အဘိဝါဒေတွာ, တတ္ထ ကာလင်္ကတော အဟံ။

၃၄။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ဗောဓိမဘိပူဇယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗောဓိပူဇာယိဒံ ဖလံ။

၃၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ဗောဓိပင်ကို ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သခွတ်ဗောဓိပင်ကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၃၅။ ‘‘သမန္တပါသာဒိကာ နာမ, တေရသာသိံသု ရာဇိနော၊

ဣတော တေတ္တိံသကပ္ပမှိ [တိံသတိကပ္ပမှိ (သျာ။)], စက္ကဝတ္တီ မဟဗ္ဗလာ။

၃၅။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်သုံးကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သမန္တပါသာဒိက”မည်ကုန်သော စကြဝတေးမင်းတို့သည် တစ်ဆယ့်သုံးကြိမ် ဖြစ်ဖူးကုန်၏။

၃၆။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ တိပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

တိပုပ္ဖိယတ္ထေရဿာပဒါနံ ဆဋ္ဌံ။

၃၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်တိပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် တိပုပ္ဖိယတ္ထေရအပဒါန ပြီး၏။

၇။ မဓုပိဏ္ဍိကတ္ထေရအပဒါနံ

၃၇။ ‘‘ဝိပိနေ [ဝိဝနေ (သျာ။ အဋ္ဌ။)] ကာနနေ ဒိသွာ, အပ္ပသဒ္ဒေ နိရာကုလေ၊

သိဒ္ဓတ္ထံ ဣသိနံ သေဋ္ဌံ, အာဟုတီနံ ပဋိဂ္ဂဟံ။

၇-မဓုပိဏ္ဍိကတ္ထေရအပဒါန ၃၇-၃၈။ လူသံတိတ်ဆိတ်၍ အနှောင့်အယှက်ကင်းသော, ငှက်တို့ တွန်မြူးရာဖြစ်သော တော၌ ရသေ့တို့ထက် မြတ်သော, အဝေးမှ ဆောင်ယူအပ်သော လှူဖွယ်ဝတ္ထုတို့ကို ခံယူ တော်မူထိုက်သော, ကိလေသာမီး ငြိမ်းပြီးသောသူတို့ထက် မြတ်သော, ဆင်မင်းသဖွယ်ဖြစ် သော, အာဇာနည်နွားလား “နိသဘ”နှင့် တူသော, သောက်ရှူးကြယ်ကဲ့သို့ တင့်တယ် တောက်ပသော, နတ်ဗြဟ္မာအပေါင်းတို့သည် ရှိခိုးအပ်သော သိဒ္ဓတ္ထမြတ်စွာဘုရားကို ဖူးမြင် ရ၍ -

စာ-၁၅၁

၃၈။ ‘‘နိဗ္ဗုတတ္တံ [နိဗ္ဗုတဂ္ဂံ (က။), နိဗ္ဗူတိကံ (သျာ။)] မဟာနာဂံ, နိသဘာဇာနိယံ ယထာ၊

ဩသဓိံဝ ဝိရောစန္တံ, ဒေဝသံဃနမဿိတံ။

၃၉။ ‘‘ဝိတ္တိ မမာဟု တာဝဒေ [ဝိတ္တိ မေ ပါဟုနာ တာဝ (သီ။ သျာ။)], ဉာဏံ ဥပ္ပဇ္ဇိ တာဝဒေ၊

ဝုဋ္ဌိတဿ သမာဓိမှာ, မဓုံ ဒတွာန သတ္ထုနော။

၃၉-၄၀။ ငါ့အား နှစ်သက်ခြင်းသည် ဖြစ်၏၊ ထိုအခါ ဘုရားဟူသော အသိဉာဏ် ဖြစ်ပေါ်၏၊ ဈာန်ဝင်စားရာမှ ထတော်မူသော ဘုရားရှင်အား ပျားရည်ကို လှူဒါန်းပြီး၍ မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုးပြီးလျှင် အရှေ့အရပ်သို့ ရှေးရှုဖဲသွားခဲ့၏၊ သုံးဆယ့်လေးကမ္ဘာ ထက်၌ “သုဒဿန”မည်သော မင်းဖြစ်ခဲ့၏။

၄၀။ ‘‘ဝန္ဒိတွာ သတ္ထုနော ပါဒေ, ပက္ကာမိံ ပါစိနာမုခေါ၊

စတုတ္တိံသမှိ ကပ္ပမှိ, ရာဇာ အာသိံ သုဒဿနော။

၄၁။ ‘‘မဓု ဘိသေဟိ သဝတိ, ဘောဇနမှိ စ တာဝဒေ၊

မဓုဝဿံ ပဝဿိတ္ထ, ပုဗ္ဗကမ္မဿိဒံ ဖလံ။

၄၁။ ထိုသုဒဿနမင်းဖြစ်သော အခါ၌ ပျားရည်သည် ကြာစွယ်တို့မှ ယိုစီး၏၊ စားသုံး သော အခါ၌လည်း ပျားရည်မိုး ရွာသွန်း၏။ ဤသို့ ဖြစ်ရခြင်းသည် ရှေးကောင်းမှုကံ၏ အကျိုးပေတည်း။

၄၂။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ မဓုံ အဒဒိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, မဓုဒါနဿိဒံ ဖလံ။

၄၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ပျားရည်လှူဒါန်းခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပျားရည်လှူဒါန်းရခြင်း၏ အကျိုးပေတည်း။

၄၃။ ‘‘စတုတ္တိံသေ ဣတော ကပ္ပေ, စတ္တာရော တေ သုဒဿနာ၊

သတ္တရတနသမ္ပန္နာ, စက္ကဝတ္တီ မဟဗ္ဗလာ။

၄၃။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်လေးကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သုဒဿန”မည်ကုန်သော ထိုစကြဝတေးမင်းတို့သည် လေးကြိမ် ဖြစ်ဖူးကုန်၏။

၄၄။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ မဓုပိဏ္ဍိကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

မဓုပိဏ္ဍိကတ္ထေရဿာပဒါနံ သတ္တမံ။

၄၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်မဓုပိဏ္ဍိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် မဓုပိဏ္ဍိကတ္ထေရအပဒါန ပြီး၏။

၈။ သေနာသနဒါယကတ္ထေရအပဒါနံ

၄၅။ ‘‘သိဒ္ဓတ္ထဿ ဘဂဝတော, အဒါသိံ ပဏ္ဏသန္ထရံ၊

သမန္တာ ဥပဟာရဉ္စ, ကုသုမံ ဩကိရိံ အဟံ။

၈-သေနာသနဒါယကတ္ထေရအပဒါန ၄၅။ ငါသည် သိဒ္ဓတ္ထမြတ်စွာဘုရားအား သစ်ရွက်အခင်းကို ပေးလှူခဲ့၏၊ ပူဇော်ဖွယ်သော ပန်းကိုလည်း ထက်ဝန်းကျင် ကြဲမြှောက်ပူဇော်၏။

၄၆။ ‘‘ပါသာဒေဝံ ဂုဏံ ရမ္မံ [ပါသာဒေ စ ဂုဟံ ရမ္မံ (သျာ။)], အနုဘောမိ မဟာရဟံ၊

မဟဂ္ဃါနိ စ ပုပ္ဖါနိ, သယနေဘိသဝန္တိ မေ။

၄၆။ ငါ၏ ပြာသာဒ်၌ မြတ်သောသူတို့အား ထိုက်သော ဤမွေ့လျော်ဖွယ် အကျိုးကို သုံးဆောင်ခံစားရ၏၊ အဖိုးများစွာ ထိုက်ကုန်သော ပန်းတို့သည်လည်း ငါ၏ အိပ်ရာ၌ ဖြစ် ပွားကုန်၏။

၄၇။ ‘‘သယနေဟံ တုဝဋ္ဋာမိ, ဝိစိတ္တေ ပုပ္ဖသန္ထတေ၊

ပုပ္ဖဝုဋ္ဌိ စ သယနေ, အဘိဝဿတိ တာဝဒေ။

၄၇။ ငါသည် ပန်းပွင့်တို့ဖြင့် ခင်းထားသော ဆန်းကြယ်သော အိပ်ရာ၌ အိပ်ရ၏၊ ထိုအခါ အိပ်ရာ၌ ပန်းမိုးသည် ရွာသွန်း၏။

စာ-၁၅၂

၄၈။ ‘‘စတုန္နဝုတိတော ကပ္ပေ, အဒါသိံ ပဏ္ဏသန္ထရံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, သန္ထရဿ ဣဒံ ဖလံ။

၄၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ သစ်ရွက်အခင်းကို ပေးလှူရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သစ်ရွက်အခင်း လှူဒါန်းရခြင်း၏ အကျိုးပေတည်း။

၄၉။ ‘‘တိဏသန္ထရကာ နာမ, သတ္တေတေ စက္ကဝတ္တိနော၊

ဣတော တေ ပဉ္စမေ ကပ္ပေ, ဥပ္ပဇ္ဇိံသု ဇနာဓိပါ။

၄၉။ ဤဘဒ္ဒကမ္ဘာမှ ငါးခုမြောက် ကမ္ဘာထက်၌ လူတို့ကို အစိုးရသော “တိဏသန္ထရက” မည်ကုန်သော ထိုစကြဝတေးမင်းတို့သည် ခုနစ်ကြိမ် ဖြစ်ဖူးကုန်၏။

၅၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ သေနာသနဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

သေနာသနဒါယကတ္ထေရဿာပဒါနံ အဋ္ဌမံ။

၅၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သေနာသနဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် သေနာသနဒါယကတ္ထေရအပဒါန ပြီး၏။

၉။ ဝေယျာဝစ္စကတ္ထေရအပဒါနံ

၅၁။ ‘‘ဝိပဿိဿ ဘဂဝတော, မဟာပူဂဂဏော အဟု၊

ဝေယျာဝစ္စကရော အာသိံ, သဗ္ဗကိစ္စေသု ဝါဝဋော [ဗျာဝဋော (သီ။ သျာ။)]။

၉-ဝေယျာဝစ္စကတ္ထေရအပဒါန ၅၁။ ဝိပဿီမည်သော မြတ်စွာဘုရား၏ သာသနာတော်၌ များစွာသော ကုသိုလ်ရေး အသင်းအဖွဲ့သည် ရှိခဲ့၏၊ ငါသည် ထိုအခါ၌ အလုံးစုံသော ကိစ္စတို့၌ ကြောင့်ကြစိုက်လျက် အမှုကြီးငယ် ဆောင်ရွက်သူ ဖြစ်ခဲ့၏။

၅၂။ ‘‘ဒေယျဓမ္မော စ မေ နတ္ထိ, သုဂတဿ မဟေသိနော၊

အဝန္ဒိံ သတ္ထုနော ပါဒေ, ဝိပ္ပသန္နေန စေတသာ။

၅၂။ ငါ့အား လှူဖွယ်ဝတ္ထုပစ္စည်းသည်လည်း မရှိခဲ့ပေ၊ ကောင်းသောစကားကို ဆိုတတ် သော သီလက္ခန္ဓစသည့် ကျေးဇူးကို ဆည်းပူးပြီးသော မြတ်စွာဘုရား၏ ခြေတော်တို့ကို အထူးကြည်လင်လှသော စိတ်ဖြင့် ရှိခိုး၏။

၅၃။ ‘‘ဧကနဝုတိတော ကပ္ပေ, ဝေယျာဝစ္စံ အကာသဟံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဝေယျာဝစ္စဿိဒံ ဖလံ။

၅၃။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ငါသည် အမှုကြီးငယ်ကို ဆောင်ရွက်ခဲ့သော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အမှု ကြီးငယ်ကို ဆောင်ရွက်ရခြင်း၏ အကျိုးပေတည်း။

၅၄။ ‘‘ဣတော စ အဋ္ဌမေ ကပ္ပေ, ရာဇာ အာသိံ သုစိန္တိတော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၅၄။ ဤဘဒ္ဒကမ္ဘာမှ ရှစ်ခုမြောက်ကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သုစိန္တိတ”မည်သော စကြဝတေးမင်းသည် ဖြစ်ခဲ့ဖူး၏။

၅၅။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဝေယျာဝစ္စကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဝေယျာဝစ္စကတ္ထေရဿာပဒါနံ နဝမံ။

၅၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကာင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဝေယျာဝစ္စကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် ဝေယျာဝစ္စကတ္ထေရအပဒါန ပြီး၏။

၁၀။ ဗုဒ္ဓုပဋ္ဌာကတ္ထေရအပဒါနံ

၅၆။ ‘‘ဝိပဿိဿ ဘဂဝတော, အဟောသိံ သင်္ခဓမ္မကော၊

နိစ္စုပဋ္ဌာနယုတ္တောမှိ, သုဂတဿ မဟေသိနော။

၁၀-ဗုဒ္ဓုပဋ္ဌာကတ္ထေရအပဒါန ၅၆။ (ငါသည် ) ဝိပဿီမည်သော မြတ်စွာဘုရား၏ ခရုသင်းမှုတ်သူ ဖြစ်ခဲ့၏၊ ကောင်း သော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားအား အမြဲဆည်းကပ်ခစားခြင်းနှင့် ယှဥ် သောသူ ဖြစ်ခဲ့၏။

စာ-၁၅၃

၅၇။ ‘‘ဥပဋ္ဌာနဖလံ ပဿ, လောကနာထဿ တာဒိနော၊

သဋ္ဌိတူရိယသဟဿာနိ, ပရိဝါရေန္တိ မံ သဒါ။

၅၇။ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား ဆည်းကပ်ခစားရခြင်း၏ အကျိုးကို ရှုလော့၊ ခြောက်သောင်းသော တူရိယာတို့သည် ငါ့ကို အခါခပ်သိမ်း ခြံရံကုန်၏။

၅၈။ ‘‘ဧကနဝုတိတော ကပ္ပေ, ဥပဋ္ဌဟိံ မဟာဣသိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဥပဋ္ဌာနဿိဒံ ဖလံ။

၅၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ မြတ်စွာဘုရားကို လုပ်ကျွေးခစားခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ဖြစ်ရခြင်းသည် မြတ်စွာဘုရားကို လုပ်ကျွေး ခစားရခြင်း၏ အကျိုးပေတည်း။

၅၉။ ‘‘စတုဝီသေ [စတုနဝုတေ (သျာ။)] ဣတော ကပ္ပေ, မဟာနိဂ္ဃေါသနာမကာ၊

သောဠသာသိံသု ရာဇာနော, စက္ကဝတ္တီ မဟဗ္ဗလာ။

၅၉။ ဤဘဒ္ဒကမ္ဘာမှ နှစ်ဆယ့်လေးကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “မဟာနိဂ္ဃေါသ”ဟု တူသော အမည်ရှိကုန်သော စကြဝတေးမင်းတို့သည် တစ်ဆယ့်ခြောက် ကြိမ် ဖြစ်ဖူးကုန်၏။

၆၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဗုဒ္ဓုပဋ္ဌာကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဗုဒ္ဓုပဋ္ဌာကတ္ထေရဿာပဒါနံ ဒသမံ။

သုဓာဝဂ္ဂေါ ဒသမော။

တဿုဒ္ဒါနံ –

သုဓာ သုစိန္တိ စေဠဉ္စ, သူစီ စ ဂန္ဓမာလိယော၊

တိပုပ္ဖိယော မဓုသေနာ, ဝေယျာဝစ္စော စုပဋ္ဌကော၊

သမသဋ္ဌိ စ ဂါထာယော, အသ္မိံ ဝဂ္ဂေ ပကိတ္တိတာ။

၆၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဗုဒ္ဓုပဋ္ဌာကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် ဗုဒ္ဓုပဋ္ဌာကတ္ထေရအပဒါန ပြီး၏။ ဆယ်ခုမြောက် သုဓာဝဂ် ပြီး၏။ ရှေးဦးစွာသော မထေရ်တစ်ရာအပေါင်း ပြီး၏။

အထ ဝဂ္ဂုဒ္ဒါနံ

ဗုဒ္ဓဝဂ္ဂေါ ဟိ ပဌမော, သီဟာသနိ သုဘူတိ စ၊

ကုဏ္ဍဓာနော ဥပါလိ စ, ဗီဇနိသကစိန္တိ စ။

နာဂသမာလော တိမိရော, သုဓာဝဂ္ဂေန တေ ဒသ၊

စတုဒ္ဒသသတာ ဂါထာ, ပဉ္စပညာသမေဝ စ။

ဗုဒ္ဓဝဂ္ဂဒသကံ။

ပဌမသတကံ သမတ္တံ။

စာ-၁၅၄

၁၁။ ဘိက္ခဒါယိဝဂ္ဂေါ

၁။ ဘိက္ခဒါယကတ္ထေရအပဒါနံ

၁။ ‘‘သုဝဏ္ဏဝဏ္ဏံ သမ္ဗုဒ္ဓံ, အာဟုတီနံ ပဋိဂ္ဂဟံ၊

ပဝရာ [ပဝနာ (သျာ။)] အဘိနိက္ခန္တံ, ဝနာ နိဗ္ဗနမာဂတံ [ဝါနာ နိဗ္ဗာနမာဂတံ (သျာ။)]။

၁၁-ဘိက္ခဒါယိဝဂ် ၁- ဘိက္ခဒါယကတ္ထေရအပဒါန ၁။ ဝိဝေကဖြစ်သော မိမိနေရာမှ ထွက်တော်မူလျက် ကိလေသာတည်းဟူသော တောမှ ကိလေသာမရှိရာ နိဗ္ဗာန်သို့ ရောက်တော်မူသော ပူဇော်ဖွယ်ဝတ္ထုတို့ကို ခံတော်မူထိုက်သော ရွှေအဆင်းနှင့် တူသော အဆင်းရှိတော်မူသော မြတ်စွာဘုရားကို ငါသည် ဖူးမြင်ရ၏။

၂။ ‘‘ကဋစ္ဆုဘိက္ခံ ပါဒါသိံ, သိဒ္ဓတ္ထဿ မဟေသိနော၊

ပညာယ ဥပသန္တဿ, မဟာဝီရဿ တာဒိနော။

၂။ (ထိုအခါ) မဂ်ပညာဖြင့် ကိလေသာမီး ငြိမ်းပြီးသော ကြီးသောလုံ့လရှိသည်ဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားအား တစ်ယောက်မမျှသော ဆွမ်းကို ပေးလှူခဲ့၏။

၃။ ‘‘ပဒေနာနုပဒါယန္တံ [ပဒေနာနုပဒါယန္တော (သီ။ သျာ။)], နိဗ္ဗာပေန္တေ မဟာဇနံ၊

ဥဠာရာ ဝိတ္တိ မေ ဇာတာ, ဗုဒ္ဓေ အာဒိစ္စဗန္ဓုနေ [ဝိတ္တိ မေ ပါဟုနာ တာဝ, ဗုဒ္ဓဿာဒိစ္စဗန္ဓုနော (သျာ။)]။

၃။ ကောင်းသောအကျင့်မြတ်ဖြင့် မြတ်သောကျင့်စဥ်အတိုင်း လိုက်နာသော လူများ အပေါင်းကို ကိလေသာမီး ငြိမ်းစေတော်မူသည်ဖြစ်၍ နေမင်း၏ အဆွေဖြစ်တော်မူသော မြတ်စွာဘုရား၌ ငါ၏ နှစ်သက်ခြင်း “ပီတိ”သည် ပြန့်ပြောခြင်း ဖြစ်၏။

၄။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ဒါနမဒဒိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဘိက္ခာဒါနဿိဒံ ဖလံ။

၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ဆွမ်းလှူခဲ့ရသော အခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဆွမ်းလှူဒါန်းရခြင်း၏ အကျိုး ပေတည်း။

၅။ ‘‘သတ္တာသီတိမှိတော ကပ္ပေ, မဟာရေဏု သနာမကာ၊

သတ္တရတနသမ္ပန္နာ, သတ္တေတေ စက္ကဝတ္တိနော။

၅။ ဤဘဒ္ဒကမ္ဘာမှ ရှစ်ဆယ့်ခုနစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသော “မဟာ ရေဏု”ဟု တူသော အမည်ရှိကုန်သော ထိုစကြဝတေးမင်းတို့သည် ခုနစ်ကြိမ် ဖြစ်ဖူးကုန်၏။

၆။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊

ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဘိက္ခဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဘိက္ခဒါယကတ္ထေရဿာပဒါနံ ပဌမံ။

၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဘိက္ခဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော ဘိက္ခဒါယကတ္ထေရအပဒါန ပြီး၏။

၂။ ဉာဏသညိကတ္ထေရအပဒါနံ

၇။ ‘‘သုဝဏ္ဏဝဏ္ဏံ သမ္ဗုဒ္ဓံ, နိသဘာဇာနိယံ ယထာ၊

တိဓာပဘိန္နံ မာတင်္ဂံ, ကုဉ္ဇရံဝ မဟေသိနံ။

၂-ဉာဏသညိကတ္ထေရအပဒါန ၇-၈။ မြတ်သော အာဇာနည်နွားလားကဲ့သို့ ငယ်သော အောက်မေးရှိသော၊ အရပ်သုံးပါးမှ ယိုစီးကျသည့် အမုန်ရှိသော ဆင်ပြောင်ကြီးသဖွယ်ဖြစ်သော၊ သီလစသည်ကို ရှာမှီးသည်လည်းဖြစ်သော၊ အရပ်မျက်နှာအားလုံးတို့ကို တောက်ပစေလျက် လမင်းကဲ့သို့ ပြည့်ဝသော၊ လူတို့၏ အကြီးအမှူးလည်းဖြစ်သော ရွှေအဆင်းနှင့် တူသော အဆင်းရှိတော်မူသော မြတ်စွာဘုရားကို ခရီးမ၌ ကြွသွားတော်မူစဥ် ငါသည် ဖူးမြင်ရ၏။

၈။ ‘‘ဩဘာသေန္တံ ဒိသာ သဗ္ဗာ, ဥဠုရာဇံဝ ပူရိတံ၊

ရထိယံ ပဋိပဇ္ဇန္တံ, လောကဇေဋ္ဌံ အပဿဟံ။

စာ-၁၅၅

၉။ ‘‘ဉာဏေ စိတ္တံ ပသာဒေတွာ, ပဂ္ဂဟေတွာန အဉ္ဇလိံ၊

ပသန္နစိတ္တော သုမနော, သိဒ္ဓတ္ထမဘိဝါဒယိံ။

၉။ ဖူးမြင်ရ၍ အသိဉာဏ်၌ စိတ်ကို ကြည်စေ၍ လက်အုပ်ချီပြီးလျှင် ဝမ်းမြောက် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ သိဒ္ဓတ္ထမြတ်စွာဘုရားကို ရှိခိုးခဲ့၏။

၁၀။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဉာဏသညာယိဒံ ဖလံ။

၁၀။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ဘုရား၌ ကြည်ညိုမှု အမှတ်သညာ ပြုခဲ့ ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဘုရား၌ ကြည်ညိုမှု အမှတ်သညာ ဖြစ်ရခြင်း၏ အကျိုးပေတည်း။

၁၁။ ‘‘တေသတ္တတိမှိတော ကပ္ပေ, သောဠသာသုံ နရုတ္တမာ၊

သတ္တရတနသမ္ပန္နာ, စက္ကဝတ္တီ မဟဗ္ဗလာ။

၁၁။ ဤဘဒ္ဒကမ္ဘာမှ ခုနစ်ဆယ့်သုံးကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “နဂုတ္တမ”မည်ကုန်သော စကြာမင်းတို့သည် တစ်ဆယ့် ခြောက်ကြိမ် ဖြစ်ဖူးကုန်၏။

၁၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဉာဏသညိကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဉာဏသညိကတ္ထေရဿာပဒါနံ ဒုတိယံ။

၁၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဥာဏသညိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် ဥာဏသညိကတ္ထေရအပဒါန ပြီး၏။

၃။ ဥပ္ပလဟတ္ထိယတ္ထေရအပဒါနံ

၁၃။ ‘‘တိဝရာယံ နိဝါသီဟံ, အဟောသိံ မာလိကော တဒါ၊

အဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ, သိဒ္ဓတ္ထံ လောကပူဇိတံ [လောကနာယကံ (သီ။)]။

၃-ဥပ္ပလဟတ္ထိယတ္ထေရအပဒါန ၁၃။ တိဝရပြည်ကြီး၌ နေသော ငါသည် ထိုအခါ ပန်းသည် ဖြစ်၏၊ ကိလေသာမြူ ကင်း သည်ဖြစ်၍ တစ်လောကလုံး ပူဇော်အပ်သော သိဒ္ဓတ္ထမြတ်စွာဘုရားကို ဖူးမြင်ရ၏။

၁၄။ ‘‘ပသန္နစိတ္တော သုမနော, ပုပ္ဖဟတ္ထမဒါသဟံ၊

ယတ္ထ ယတ္ထုပပဇ္ဇာမိ, တဿ ကမ္မဿ ဝါဟသာ။

၁၄-၁၅။ ငါသည် ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ကြာပန်းစည်းကို ပေးလှူခဲ့၏၊ ထိုကောင်းမှုကံ၏ အစွမ်းကြောင့် ကပ်ရောက်ရတိုင်းသော ဘုံဘဝတို့၌ မိမိ၏ ရှေးက ပြုထားသော ကုသိုလ်ကို အမှီပြု၍ ကောင်းသော ပန်းတို့ဖြင့် ခြံရံလျက် ကောင်းကျိုး ကို ခံစားရ၏။ ဤသို့ ဖြစ်ရခြင်းသည် ပန်းလှူဒါန်းရခြင်း၏ အကျိုးပေတည်း။

၁၅။ ‘‘အနုဘောမိ ဖလံ ဣဋ္ဌံ, ပုဗ္ဗေ သုကတမတ္တနော၊

ပရိက္ခိတ္တော သုမလ္လေဟိ, ပုပ္ဖဒါနဿိဒံ ဖလံ။

၁၆။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိရောပယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ပုပ္ဖပူဇာယိဒံ [ဗုဒ္ဓပူဇာယိဒံ (သီ။)] ဖလံ။

၁၆။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ပန်းတင်လှူပူဇော်ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၁၇။ ‘‘စတုန္နဝုတုပါဒါယ, ဌပေတွာ ဝတ္တမာနကံ၊

ပဉ္စရာဇသတာ တတ္ထ, နဇ္ဇသမသနာမကာ [နဇ္ဇုပမသနာမကာ (သီ။ သျာ။)]။

၁၇။ ကိုးဆယ့်လေးကမ္ဘာကို အစပြုလျက် ယခုမလ္လာမင်းဖြစ်ဆဲ ဘဝကို ထား၍ “နဇ္ဇသမ”ဟု တူသော အမည်ရှိကုန်သော အကြိမ်ငါးရာသော မင်းတို့သည် ဖြစ်ခဲ့ဖူးကုန်၏။

၁၈။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဥပ္ပလဟတ္ထိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဥပ္ပလဟတ္ထိယတ္ထေရဿာပဒါနံ တတိယံ။

၁၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဥပ္ပလဟတ္ထိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် ဥပ္ပလဟတ္ထိယတ္ထေရအပဒါန ပြီး၏။

စာ-၁၅၆

၄။ ပဒပူဇကတ္ထေရအပဒါနံ

၁၉။ ‘‘သိဒ္ဓတ္ထဿ ဘဂဝတော, ဇာတိပုပ္ဖမဒါသဟံ၊

ပါဒေသု သတ္တ ပုပ္ဖါနိ, ဟာသေနောကိရိတာနိ မေ။

၄-ပဒပူဇကတ္ထေရအပဒါန ၁၉။ ငါသည် သိဒ္ဓတ္ထမြတ်စွာဘုရားအား မြတ်လေးပန်းကို ပေးလှူခဲ့၏၊ ငါသည် ရွှင်မြူး လျက် ခြေတော်တို့၌ ခုနစ်ပွင့်သော ပန်းတို့ကို ကြဲမြှောက်ပူဇော်ခဲ့ကုန်၏။

၂၀။ ‘‘တေန ကမ္မေနဟံ အဇ္ဇ, အဘိဘောမိ နရာမရေ၊

ဓာရေမိ အန္တိမံ ဒေဟံ, သမ္မာသမ္ဗုဒ္ဓသာသနေ။

၂၀။ ထိုကုသိုလ်ကံကြောင့် ငါသည် ယခု လူနတ်တို့ကို လွှမ်းမိုး၍ ဖြစ်၏၊ မြတ်စွာဘုရား သာသနာတော်၌ အဆုံးဖြစ်သော ကိုယ်ကို ဆောင်၏။

၂၁။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိရောပယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ပုပ္ဖပူဇာယိဒံ ဖလံ။

၂၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ပန်းတင်လှူပူဇော်ခဲ့ရသော အခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၂၂။ ‘‘သမန္တဂန္ဓနာမာသုံ, တေရသ စက္ကဝတ္တိနော၊

ဣတော ပဉ္စမကေ ကပ္ပေ, စာတုရန္တာ ဇနာဓိပါ။

၂၂။ ဤဘဒ္ဒကမ္ဘာမှ ငါးခုမြောက်ကမ္ဘာထက်၌ ကျွန်းကြီးလေးကျွန်း အပိုင်းအခြားရှိသည့် လူတို့ကို အစိုးရသော “သမန္တဂန္ဓ”မည်ကုန်သော စကြာမင်းတို့သည် တစ်ဆယ့်သုံးကြိမ် ဖြစ်ဖူးကုန်၏။

၂၃။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ပဒပူဇကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ပဒပူဇကတ္ထေရဿာပဒါနံ စတုတ္ထံ။

၂၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပဒပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် ပဒပူဇကတ္ထေရအပဒါန ပြီး၏။

၅။ မုဋ္ဌိပုပ္ဖိယတ္ထေရအပဒါနံ

၂၄။ ‘‘သုဒဿနောတိ နာမေန, မာလာကာရော အဟံ တဒါ၊

အဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ, လောကဇေဋ္ဌံ နရာသဘံ။

၅-မုဋ္ဌိပုပ္ဖိယတ္ထေရအပဒါန ၂၄။ ငါသည် “သုဒဿန”ဟူသောအမည်ဖြင့် ပန်းသည် ဖြစ်ခဲ့ဖူး၏၊ ထိုအခါ ငါသည် လူတို့ထက် အကြီးအမှူးဖြစ်၍ လူတို့ထက် မြတ်တော်မူသော ကိလေသာမြူ ကင်းသော မြတ်စွာဘုရားကို ဖူးမြင်ရ၏။

၂၅။ ‘‘ဇာတိပုပ္ဖံ ဂဟေတွာန, ပူဇယိံ ပဒုမုတ္တရံ၊

ဝိသုဒ္ဓစက္ခု သုမနော, ဒိဗ္ဗစက္ခုံ သမဇ္ဈဂံ။

၂၅။ (ဖူးမြင်ရသော်) မြတ်လေးပန်းကို ယူ၍ ပဒုမုတ္တရမြတ်စွာဘုရားကို ပူဇော်ခဲ့၏၊ ငါသည် စင်ကြယ်သော မျက်စိရှိသည် စိတ်နှလုံးကောင်းရှိသည် ဖြစ်၍ ဒိဗ္ဗစက္ခုအဘိညာဥ်ကို ရ၏။

၂၆။ ‘‘ဧတိဿာ ပုပ္ဖပူဇာယ, စိတ္တဿ ပဏိဓီဟိ စ၊

ကပ္ပါနံ သတသဟဿံ, ဒုဂ္ဂတိံ နုပပဇ္ဇဟံ။

၂၆။ ငါသည် ထိုမြတ်လေးပန်း ပူဇော်သောကြောင့်လည်းကောင်း၊ စိတ်၏ တောင့်တမှုတို့ ကြောင့်လည်းကောင်း ကမ္ဘာတစ်သိန်းပတ်လုံး အပါယ်လေးပါးသို့ မကပ်ရောက်ရဖူးပေ။

၂၇။ ‘‘သောဠသာသိံသု ရာဇာနော, ဒေဝုတ္တရသနာမကာ၊

ဆတ္တိံသမှိ ဣတော ကပ္ပေ, စက္ကဝတ္တီ မဟဗ္ဗလာ။

၂၇။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်ခြောက်ကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဒေဝုတ္တရ”ဟု တူသော အမည်ရှိကုန်သော စကြာမင်းတို့သည် တစ်ဆယ့်ခြောက်ကြိမ် ဖြစ်ဖူး ကုန်၏။

၂၈။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ မုဋ္ဌိပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

မုဋ္ဌိပုပ္ဖိယတ္ထေရဿာပဒါနံ ပဉ္စမံ။

၂၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်မုဋ္ဌိပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် မုဋ္ဌိပုပ္ဖိယတ္ထေရအပဒါန ပြီး၏။

စာ-၁၅၇

၆။ ဥဒကပူဇကတ္ထေရအပဒါနံ

၂၉။ ‘‘သုဝဏ္ဏဝဏ္ဏံ သမ္ဗုဒ္ဓံ, ဂစ္ဆန္တံ အနိလဉ္ဇသေ၊

ဃတာသနံဝ ဇလိတံ, အာဒိတ္တံဝ ဟုတာသနံ။

၆-ဥဒကပူဇကတ္ထေရအပဒါန ၂၉။ ထောပတ်ဆီမီးကဲ့သို့ တောက်ပ၍ ယဇ်ပူဇော်သော (ဟုန်း) မီးကဲ့သို့ ရဲရဲညီးသော ရွှေအဆင်းနှင့် တူသော အဆင်းရှိတော်မူသော မြတ်စွာဘုရားကို ကောင်းကင်၌ ကြွတော်မူစဥ် ဖူးမြင်ရ၏။

၃၀။ ‘‘ပါဏိနာ ဥဒကံ ဂယှ, အာကာသေ ဥက္ခိပိံ အဟံ၊

သမ္ပဋိစ္ဆိ မဟာဝီရော, ဗုဒ္ဓေါ ကာရုဏိကော ဣသိ [မယိ (သျာ။)]။

၃၀။ (ဖူးမြင်ရသော်) ငါသည် လက်ခုပ်ဖြင့် ရေကို ယူ၍ ကောင်းကင်၌ ပစ်မြှောက်ပူဇော် ခဲ့၏၊ ကြီးသောလုံ့လရှိသည်ဖြစ်၍ သနားခြင်းရှိသည့် ဣသိမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား သည် လက်ခံတော်မူ၏။

၃၁။ ‘‘အန္တလိက္ခေ ဌိတော သတ္ထာ, ပဒုမုတ္တရနာမကော၊

မမ သင်္ကပ္ပမညာယ, ဣမံ ဂါထံ အဘာသထ။

၃၁။ ပဒုမုတ္တရအမည်ရှိသော မြတ်စွာဘုရားသည် ကောင်းကင်၌ ရပ်တည်လျက် ငါ၏ အကြံကို သိတော်မူသည်ဖြစ်၍ ဤဆိုမည့် ဂါထာတို့ကို မိန့်တော်မူ၏ -

၃၂။ ‘‘‘ဣမိနာ ဒကဒါနေန, ပီတိဥပ္ပါဒနေန စ၊

ကပ္ပသတသဟဿမ္ပိ, ဒုဂ္ဂတိံ နုပပဇ္ဇတိ’ [နုပပဇ္ဇသိ (က။)]။

၃၂။ ဤရေလှူသော ကောင်းမှုကြောင့်လည်းကောင်း၊ နှစ်သက်ခြင်း “ပီတိ”ကို ဖြစ်စေ ခြင်းကြောင့်လည်းကောင်း ကမ္ဘာတစ်သိန်းပတ်လုံး အပါယ်လေးပါးသို့ မလားရောက်ရလတ္တံ့ (ဟု မိန့်တော်မူ၏)။

၃၃။ ‘‘တေန ကမ္မေန ဒွိပဒိန္ဒ, လောကဇေဋ္ဌ နရာသဘ၊

ပတ္တောမှိ အစလံ ဌာနံ, ဟိတွာ ဇယပရာဇယံ။

၃၃။ အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရသည် ဖြစ်၍ လောကထက် အကြီးအမှူး ဖြစ်တော်မူသော မြတ်စွာဘုရား အကျွန်ုပ်သည် ထိုပြုခဲ့ဖူးသော ကုသိုလ်ကံကြောင့် အောင် ခြင်း, ရှုံးခြင်းကို စွန့်၍ မတုန်လှုပ်ရာ (နိဗ္ဗာန်) အရပ်သို့ ရောက်ပါ၏။

၃၄။ ‘‘သဟဿရာဇနာမေန, တယော တေ စက္ကဝတ္တိနော၊

ပဉ္စသဋ္ဌိကပ္ပသတေ, စာတုရန္တာ ဇနာဓိပါ။

၃၄။ ခြောက်ထောင့်ငါးရာကမ္ဘာထက်၌ ကျွန်းကြီးလေးကျွန်း အပိုင်းအခြားရှိသည့် လူတို့ကို အစိုးရသော ထိုစကြဝတေးမင်းတို့သည် “သဟဿရာဇ”အမည်ဖြင့် သုံးကြိမ် ဖြစ်ဖူးကုန်၏။

၃၅။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဥဒကပူဇကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဥဒကပူဇကတ္ထေရဿာပဒါနံ ဆဋ္ဌံ။

၃၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဥဒကပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် ဥဒကပူဇကတ္ထေရအပဒါန ပြီး၏။

၇။ နဠမာလိယတ္ထေရအပဒါနံ

၃၆။ ‘‘ပဒုမုတ္တရဗုဒ္ဓဿ, လောကဇေဋ္ဌဿ တာဒိနော၊

တိဏတ္ထရေ နိသိန္နဿ, ဥပသန္တဿ တာဒိနော။

၇-နဠမာလိယတ္ထေရအပဒါန ၃၆-၃၇။ လူတို့၏ အကြီးအမှူးဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော ငြိမ်သက်တော်မူ သည်ဖြစ်၍ ထိုသို့ ရှုချင်ဖွယ်ရှိတော်မူသော မြက်အခင်း၌ ထိုင်နေတော်မူသော ပဒုမုတ္တရ မြတ်စွာဘုရားအား ငါသည် ကျူပန်းကို ယူ၍ ယပ်ဝန်းဖွဲ့ပြီးလျှင် အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရသည်ဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား ဆက် ကပ်လှူဒါန်းခဲ့၏။

၃၇။ ‘‘နဠမာလံ ဂဟေတွာန, ဗန္ဓိတွာ [ဗီဇိတွာ (က။)] ဗီဇနိံ အဟံ၊

ဗုဒ္ဓဿ ဥပနာမေသိံ, ဒွိပဒိန္ဒဿ တာဒိနော။

၃၈။ ‘‘ပဋိဂ္ဂဟေတွာ သဗ္ဗညူ, ဗီဇနိံ လောကနာယကော၊

မမ သင်္ကပ္ပမညာယ, ဣမံ ဂါထံ အဘာသထ။

၃၈။ ခပ်သိမ်းသော တရားကို သိတော်မူသော လူတို့၏ ရှေ့သွား မြတ်စွာဘုရားသည် ယပ်ကို ခံယူပြီးလျှင် ငါ၏ အကြံကို သိတော်မူသည် ဖြစ်၍ ဤဂါထာကို မိန့်တော်မူ၏။

စာ-၁၅၈

၃၉။ ‘‘‘ယထာ မေ ကာယော နိဗ္ဗာတိ, ပရိဠာဟော န ဝိဇ္ဇတိ၊

တထေဝ တိဝိဓဂ္ဂီဟိ, စိတ္တံ တဝ ဝိမုစ္စတု’။

၃၉။ ငါ၏ ကိိုယ်သည် ငြိမ်းအေးသကဲ့သို့လည်းကောင်း၊ ပူပန်ခြင်း မရှိသကဲ့သို့လည်း ကောင်း၊ ထို့အတူ သင်၏ စိတ်သည်လည်း မီးသုံးပါးတို့မှ လွတ်မြောက်စေသတည်း (ဟု မိန့်တော်မူ၏)။

၄၀။ ‘‘သဗ္ဗေ ဒေဝါ သမာဂစ္ဆုံ, ယေ ကေစိ ဝနနိဿိတာ၊

သောဿာမ ဗုဒ္ဓဝစနံ, ဟာသယန္တဉ္စ ဒါယကံ။

၄၀။ တော၌ မှီနေသမျှဖြစ်သော နတ်အားလုံးတို့သည် ယပ်လှူသော ဒါယကာကို ရွှင် လန်းစေအံ့၊ မြတ်စွာဘုရား၏ တရားတော်ကိုလည်း (ငါတို့) နာယူကုန်အံ့ဟု နှလုံးပိုက်လျက် အညီအညွတ် ရောက်လာကုန်၏။

၄၁။ ‘‘နိသိန္နော ဘဂဝါ တတ္ထ, ဒေဝသံဃပုရက္ခတော၊

ဒါယကံ သမ္ပဟံသေန္တော, ဣမာ ဂါထာ အဘာသထ။

၄၁။ ထိုမြက်ခင်း၌ နတ်အပေါင်း ခြံရံလျက် ထိုင်နေတော်မူသော မြတ်စွာဘုရားသည် ယပ်လှူသော ဒါယကာကို ကောင်းစွာ ရွှင်ပျစေလျက် ဤဆိုမည့် ဂါထာကို မိန့်တော်မူ၏ -

၄၂။ ‘‘‘ဣမိနာ ဗီဇနိဒါနေန, စိတ္တဿ ပဏိဓီဟိ စ၊

သုဗ္ဗတော နာမ နာမေန, စက္ကဝတ္တီ ဘဝိဿတိ။

၄၂။ ဤယပ်လှူရသော ကောင်းမှုကြောင့်လည်းကောင်း၊ စိတ်၏ တောင့်တမှုတို့ကြောင့်လည်းကောင်း “သုဗ္ဗတ”အမည်ဖြင့် ထင်ရှားသော စကြာမင်းသည် ဖြစ်လတ္တံ့။

၄၃။ ‘‘‘တေန ကမ္မာဝသေသေန, သုက္ကမူလေန စောဒိတော၊

မာလုတော နာမ နာမေန, စက္ကဝတ္တီ ဘဝိဿတိ’။

၄၃။ ဖြူစင်သော ကုသိုလ်အကြောင်းရင်းရှိသော ထိုကံကြွင်းသည် တိုက်တွန်းအပ်သော ကြောင့် “မာလုတ”အမည်ဖြင့် ထင်ရှားသော စကြာမင်းသည် ဖြစ်လတ္တံ့။

၄၄။ ‘‘‘ဣမိနာ ဗီဇနိဒါနေန, သမ္မာနဝိပုလေန စ၊

ကပ္ပသတသဟဿမ္ပိ, ဒုဂ္ဂတိံ နုပပဇ္ဇတိ။

၄၄။ ဤယပ်လှူရသော ကောင်းမှုကြောင့်လည်းကောင်း၊ မြတ်နိုးခြင်း၏ ပြန့်ပြောခြင်း ကြောင့်လည်းကောင်း ကမ္ဘာတစ်သိန်းပတ်လုံးလည်း အပါယ်လေးပါးသို့ မလားရလတ္တံ့ (ဟု မိန့်တော်မူ၏)။

၄၅။ ‘‘တိံသကပ္ပသဟဿမှိ, သုဗ္ဗတာ အဋ္ဌတိံသ တေ၊

ဧကူနတိံသသဟဿေ, အဋ္ဌ မာလုတနာမကာ။

၄၅။ ကမ္ဘာသုံးသောင်းထက်၌ ထိုသုဗ္ဗတမည်သော မင်းတို့သည် သုံးဆယ့်ရှစ်ကြိမ် ဖြစ်ခဲ့ ဖူးကုန်၏၊ ကမ္ဘာတစ်ခုယုတ်သုံးသောင်းထက်၌ “မာလုတ”မည်ကုန်သော မင်းတို့သည် ရှစ်ကြိမ် ဖြစ်ဖူးကုန်၏။

၄၆။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ နဠမာလိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

နဠမာလိယတ္ထေရဿာပဒါနံ သတ္တမံ။

သတ္တမဘာဏဝါရံ။

၄၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်နဠမာလိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် နဠမာလိယတ္ထေရအပဒါန ပြီး၏။ သတ္တမဘာဏဝါရ ပြီး၏။

၈။ အာသနုပဋ္ဌာဟကတ္ထေရအပဒါနံ

၄၇။ ‘‘ကာနနံ ဝနမောဂယှ, အပ္ပသဒ္ဒံ နိရာကုလံ၊

သီဟာသနံ မယာ ဒိန္နံ, အတ္ထဒဿိဿ တာဒိနော။

၈-အာသနုပဋ္ဌာဟကတ္ထေရအပဒါန ၄၇။ လူသံတိတ်ဆိတ်၍ အနှောင့်အယှက် ကင်းသော ငှက်သံစသည်တို့၏ တွန်မြူးရာလည်းဖြစ်သော တောသို့ ဝင်ရောက်၍ ငါသည် တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော အတ္ထဒဿီ ဘုရားရှင်အား မြတ်သော နေရာကို ပေးလှူခဲ့၏။

၄၈။ ‘‘မာလာဟတ္ထံ ဂဟေတွာန, ကတွာ စ နံ ပဒက္ခိဏံ၊

သတ္ထာရံ ပယိရုပါသိတွာ, ပက္ကာမိံ ဥတ္တရာမုခေါ။

၄၈။ ပန်းစည်းကို ကိုင်ယူ၍ ထိုအတ္ထဒဿီမြတ်စွာဘုရားကိုလည်း အရိုအသေပြုပြီးလျှင် မြတ်စွာဘုရားကို ဆည်းကပ်၍ မြောက်အရပ်သို့ ရှေးရှုဖဲသွားခဲ့၏။

စာ-၁၅၉

၄၉။ ‘‘တေန ကမ္မေန ဒွိပဒိန္ဒ, လောကဇေဋ္ဌ နရာသဘ၊

သန္နိဗ္ဗာပေမိ [သန္ဒိဋ္ဌာပေမိ (က။)] အတ္တာနံ, ဘဝါ သဗ္ဗေ သမူဟတာ။

၄၉။ အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရ၍ လောကထက် အကြီးအမှူး ဖြစ်တော် မူသော မြတ်စွာဘုရား အကျွန်ုပ်သည် ထိုကောင်းမှုကံကြောင့် မိမိကိုယ်ကို ငြိမ်းအေးစေနိုင် ပါ၏။ (ဝဋ်၌ ဖြစ်မှု ပြီးဆုံးစေ၏)။ ဘဝအားလုံးတို့ကိုလည်း ပယ်နုတ်ခဲ့နိုင်ပါ၏။

၅၀။ ‘‘အဋ္ဌာရသကပ္ပသတေ, ယံ ဒါနမဒဒိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, သီဟာသနဿိဒံ ဖလံ။

၅၀။ တစ်ထောင့်ရှစ်ရာ ကမ္ဘာထက်၌ နေရာလှူဒါန်းခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် မြတ်သော နေရာကို လှူဒါန်းရခြင်း၏ အကျိုးပေတည်း။

၅၁။ ‘‘ဣတော သတ္တကပ္ပသတေ, သန္နိဗ္ဗာပက [သန္နိဋ္ဌော နာမ (က။)] ခတ္တိယော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၅၁။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာခုနစ်ရာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သန္နိဗ္ဗာပက” (မည်သော) စကြာမင်းသည် ဖြစ်ခဲ့ဖူး၏။

၅၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ အာသနုပဋ္ဌာဟကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

အာသနုပဋ္ဌာဟကတ္ထေရဿာပဒါနံ အဋ္ဌမံ။

၅၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အာသနုပဋ္ဌာဟကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် အာသနုပဋ္ဌာဟကတ္ထေရအပဒါန ပြီး၏။

၉။ ဗိဠာလိဒါယကတ္ထေရအပဒါနံ

၅၃။ ‘‘ဟိမဝန္တဿာဝိဒူရေ, ဝသာမိ ပဏ္ဏသန္ထရေ၊

ဃာသေသု ဂေဓမာပန္နော, သေယျသီလော စဟံ [သေယသီလောဝဟံ (သျာ။ က။)] တဒါ။

၉-ဗိဠာလိဒါကယတ္ထေရအပဒါန ၅၃။ ငါသည် ဟိမဝန္တာတောင်၏ အနီးဖြစ်သော သစ်ရွက်အခင်း၌ နေ၏၊ ထိုအခါ ငါသည် အစာတို့၌ တပ်မက်ခြင်းသို့ ရောက်၏၊ အိပ်ခြင်းအလေ့အထရှိသူလည်း ဖြစ်၏။

၅၄။ ‘‘ခဏန္တာလု [ခဏမာလု (သျာ။)] ကလမ္ဗာနိ, ဗိဠာလိတက္ကလာနိ စ၊

ကောလံ ဘလ္လာတကံ ဗိလ္လံ, အာဟတွာ ပဋိယာဒိတံ။

၅၄။ မျောက်ဥ, သင်းတောက်ဥတို့ကိုလည်းကောင်း၊ ပိန်းဥ, သတွေးဥတို့ကိုလည်းကောင်း တူး၍ အိမ်ဆီးသီး, စောင်းလျားသီး, ဥသျှစ်သီးတို့ကိုလည်း ဆောင်၍ (စားရန်) စီရင်အပ်၏။

၅၅။ ‘‘ပဒုမုတ္တရော လောကဝိဒူ, အာဟုတီနံ ပဋိဂ္ဂဟော၊

မမ သင်္ကပ္ပမညာယ, အာဂစ္ဆိ မမ သန္တိကံ။

၅၅။ လောကသုံးပါးကို သိတော်မူသော အဝေးမှ ဆောင်ယူအပ်သော လှူဖွယ်တို့ကို ခံတော်မူထိုက်သော ပဒုမုတ္တရမြတ်စွာဘုရားသည် အကျွန်ုပ်၏ အကြံကို သိ၍ အကျွန်ုပ်၏ အထံသို့ ကြွလာတော်မူ၏။

၅၆။ ‘‘ဥပါဂတံ မဟာနာဂံ, ဒေဝဒေဝံ နရာသဘံ၊

ဗိဠာလိံ ပဂ္ဂဟေတွာန, ပတ္တမှိ ဩကိရိံ အဟံ။

၅၆။ ဆင်ပြောင်ကြီးသဖွယ် ဖြစ်၍ နတ်ထက်နတ် ဖြစ်တော်မူသော ကြွလာတော်မူသော မြတ်စွာဘုရားကို (ပင့်ဖိတ်၍) ငါသည် ပိန်းဥကို ယူပြီးလျှင် သပိတ်တော်၌ လောင်းလှူခဲ့၏။

၅၇။ ‘‘ပရိဘုဉ္ဇိ မဟာဝီရော, တောသယန္တော မမံ တဒါ၊

ပရိဘုဉ္ဇိတွာန သဗ္ဗညူ, ဣမံ ဂါထံ အဘာသထ။

၅၇။ ထိုအခါ ကြီးမြတ်သော လုံ့လရှိတော်မူသော မြတ်စွာဘုရားသည် ငါ့ကို နှစ်သက်စေ လျက် ဘုဥ်းပေးသုံးဆောင်တော်မူ၏၊ ဘုဥ်းပေးသုံးဆောင်တော်မူပြီးနောက် အလုံးစုံသော တရားကို သိတော်မူသော မြတ်စွာဘုရားသည် ဤဆိုမည့် ဂါထာတို့ကို မိန့်တော်မူ၏။

၅၈။ ‘‘‘သကံ စိတ္တံ ပသာဒေတွာ, ဗိဠာလိံ မေ အဒါ တုဝံ၊

ကပ္ပါနံ သတသဟဿံ, ဒုဂ္ဂတိံ နုပပဇ္ဇသိ’။

၅၈။ သင်သည် မိမိစိတ်ကို ကြည်လင်စေ၍ ငါဘုရားအား ပိန်းဥကို ပေးလှူ၏၊ သင်သည် ကမ္ဘာတစ်သိန်းပတ်လုံး အပါယ်လေးပါးသို့ မလားရလတ္တံ့ (ဟု မိန့်တော်မူ၏)။

စာ-၁၆၀

၅၉။ ‘‘စရိမံ ဝတ္တတေ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ၊

ဓာရေမိ အန္တိမံ ဒေဟံ, သမ္မာသမ္ဗုဒ္ဓသာသနေ။

၅၉။ ငါ့အား (ယခု) အဆုံးဘဝသည် ဖြစ်၏၊ ငါသည် (ယခု) ခပ်သိမ်းသော ဘဝတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ မြတ်စွာဘုရားသာသနာတော်၌ အဆုံးစွန်ဖြစ်သော ကိုယ်ကို ဆောင်၏။

၆၀။ ‘‘စတုပညာသိတော ကပ္ပေ, သုမေခလိယသဝှယော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၆၀။ ဤဘဒ္ဒကမ္ဘာမှ ငါးဆယ့်လေးကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သုမေခလိယ” စကြာမင်းသည် ဖြစ်ခဲ့ဖူး၏။

၆၁။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဗိဠာလိဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဗိဠာလိဒါယကတ္ထေရဿာပဒါနံ နဝမံ။

၆၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဗိဠာလိဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် ဗိဠာလိဒါယကတ္ထေရအပဒါန ပြီး၏။

၁၀။ ရေဏုပူဇကတ္ထေရအပဒါနံ

၆၂။ ‘‘သုဝဏ္ဏဝဏ္ဏံ သမ္ဗုဒ္ဓံ, သတရံသိံဝ ဘာဏုမံ၊

ဩဘာသေန္တံ ဒိသာ သဗ္ဗာ, ဥဠုရာဇံဝ ပူရိတံ။

၁၀-ရေဏုပူဇကတ္ထေရအပဒါန ၆၂-၆၃။ အရာမက များပြားသည့် ရောင်ခြည်ရှိသော နေမင်းကဲ့သို့လည်းကောင်း၊ ပြည့်ဝသော လဝန်းကဲ့သို့လည်းကောင်း၊ မြေကြီးကို သမုဒ္ဒရာလေးစင်းတို့သည် ခြံရံအပ်သကဲ့ သို့လည်းကောင်း တပည့်တို့ဖြင့် ခြံရံသော ရွှေအဆင်းနှင့် တူသော အဆင်းရှိသည် ဖြစ်၍ အရပ်မျက်နှာအားလုံးတို့ကို့တောက်ပစေနိုင်သော မြတ်စွာဘုးရာကို ငါသည် ဖူးမြင်ရ၏။ ကံ့ကော်ပန်းကို ဆွတ်ယူပြီးလျှင် ဝတ်မှုံတို့ဖြင့် ဝိပဿီမြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။

၆၃။ ‘‘ပုရက္ခတံ သာဝကေဟိ, သာဂရေဟေဝ မေဒနိံ၊

နာဂံ ပဂ္ဂယှ ရေဏူဟိ, ဝိပဿိဿာဘိရောပယိံ။

၆၄။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ရေဏုမဘိရောပယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၆၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ကံ့ကော်ဝတ်မှုံကို တင်လှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ကံ့ကော်ဝတ်မှုံ ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၆၅။ ‘‘ပဏ္ဏတာလီသိတော ကပ္ပေ, ရေဏု နာမာသိ ခတ္တိယော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၆၅။ ဤဘဒ္ဒကမ္ဘာမှ လေးဆယ့်ငါးကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသော များမြတ် သည့် ဗိုလ်ပါအင်အားရှိသော “ရေဏု”မည်သော စကြဝတေးမင်းသည် ဖြစ်ခဲ့ဖူး၏။

၆၆။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ရေဏုပူဇကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ရေဏုပူဇကတ္ထေရဿာပဒါနံ ဒသမံ။

ဘိက္ခဒါယိဝဂ္ဂေါ ဧကာဒသမော။

တဿုဒ္ဒါနံ –

ဘိက္ခဒါယီ ဉာဏသညီ, ဟတ္ထိယော ပဒပူဇကော၊

မုဋ္ဌိပုပ္ဖီ ဥဒကဒေါ, နဠမာလိ ဥပဋ္ဌကော၊

ဗိဠာလိဒါယီ ရေဏု စ, ဂါထာယော ဆ စ သဋ္ဌိ စ။

၆၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ရေဏုပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် ရေဏုပူဇကတ္ထေရအပဒါန ပြီး၏။ တစ်ဆယ့်တစ်ခုမြောက် ဘိက္ခဒါယိဝဂ် ပြီး၏။

စာ-၁၆၁

၁၂။ မဟာပရိဝါရဝဂ္ဂေါ

၁။ မဟာပရိဝါရကတ္ထေရအပဒါနံ

၁။ ‘‘ဝိပဿီ နာမ ဘဂဝါ, လောကဇေဋ္ဌော နရာသဘော၊

အဋ္ဌသဋ္ဌိသဟဿေဟိ, ပါဝိသိ ဗန္ဓုမံ တဒါ။

၁၂-မဟာပရိဝါရဝဂ် ၁-မဟာပရိဝါရကတ္ထေရအပဒါန ၁။ လူတို့၏ အကြီးအမှူးဖြစ်၍ လူတို့ထက် မြတ်တော်မူသော ဝိပဿီမြတ်စွာဘုရားသည် ခြောက်သောင်းရှစ်ထောင်သော ရဟန်းတော်တို့နှင့်တကွ ထိုအခါ ဗန္ဓုမပြည်သို့ ဝင်တော်မူ၏။

၂။ ‘‘နဂရာ အဘိနိက္ခမ္မ, အဂမံ ဒီပစေတိယံ၊

အဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ, အာဟုတီနံ ပဋိဂ္ဂဟံ။

၂။ ကိလေသာမြူ ကင်းသည်ဖြစ်၍ လှူဖွယ်ပစ္စည်းဝတ္ထုတို့ကို ခံတော်မူထိုက်သော မြတ်စွာဘုရားကို မြို့တော်မှ ထွက်၍ ကျွန်းစေတီ (ကျောင်း) သို့ ကြွတော်မူစဥ် (ဘီလူးမင်းစစ်သူကြီး ဖြစ်သော) ငါသည် ဖူးမြင်ရ၏။

၃။ ‘‘စုလ္လာသီတိသဟဿာနိ, ယက္ခာ မယှံ ဥပန္တိကေ၊

ဥပဋ္ဌဟန္တိ သက္ကစ္စံ [မံ နိစ္စံ (က။)], ဣန္ဒံဝ တိဒသာ ဂဏာ။

၃။ ‘တာဝတိံသာနတ်အပေါင်းတို့သည် သိကြားမင်းကို ဆည်းကပ်ခစားသကဲ့သို့’ ရှစ်သောင်းလေးထောင်ကုန်သော ဘီလူးတို့သည် ငါ၏ အထံ၌ ရိုသေစွာ ဆည်းကပ်ခစား ကုန်၏။

၄။ ‘‘ဘဝနာ အဘိနိက္ခမ္မ, ဒုဿံ ပဂ္ဂယှဟံ တဒါ၊

သိရသာ အဘိဝါဒေသိံ, တဉ္စာဒါသိံ မဟေသိနော။

၄။ ထိုအခါ ငါသည် ဘုံဗိမာန်မှ ထွက်၍ အပေါ်ရုံပုဆိုးကို မြှောက်ချီယူလျက်ဦးဖြင့် ရှိခိုး၏၊ ထိုအပေါ်ရုံပုဆိုးကိုလည်း မြတ်စွာဘုရားအား ပေးလှူ၏။

၅။ ‘‘အဟော ဗုဒ္ဓေါ အဟော ဓမ္မော, အဟော နော သတ္ထု သမ္ပဒါ၊

ဗုဒ္ဓဿ အာနုဘာဝေန, ဝသုဓာယံ ပကမ္ပထ။

၅။ မြတ်စွာဘုရားသည် အံ့ဖွယ်ရှိပေစွ၊ တရားတော်သည် အံ့ဖွယ်ရှိပေစွ၊ ငါတို့အား မြတ်စွာဘုရား၏ ပြည့်စုံခြင်းတို့သည် အံ့ဖွယ်ရှိပေစွ၊ မြတ်စွာဘုရား၏ အာနုဘော်တော်ကြောင့် ဤမြေကြီးသည် တုန်လှုပ်ရ၏။

၆။ ‘‘တဉ္စ အစ္ဆရိယံ ဒိသွာ, အဗ္ဘုတံ လောမဟံသနံ၊

ဗုဒ္ဓေ စိတ္တံ ပသာဒေမိ, ဒွိပဒိန္ဒမှိ တာဒိနေ။

၆။ ကြက်သီးမွေညင်း ထလောက်အောင် မဖြစ်စဖူး ထူးကဲသော ထိုအံ့ဖွယ်ကို တွေ့မြင် ရသောကြောင့် ငါသည် အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရသည်ဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၌ စိတ်ကို ကြည်ညိုစေ၏။

၇။ ‘‘သောဟံ စိတ္တံ ပသာဒေတွာ, ဒုဿံ ဒတွာန သတ္ထုနော၊

သရဏဉ္စ ဥပါဂစ္ဆိံ, သာမစ္စော သပရိဇ္ဇနော။

၇။ ထိုငါသည် စိတ်ကို ကြည်ညိုစေ၍ မြတ်စွာဘုရားအား အပေါ်ရုံပုဆိုးကို ပေးလှူပြီး လျှင် မှူးမတ်အခြံအရံပရိသတ်နှင့် တကွ ကိုးကွယ်ခြင်းသို့လည်း ကပ်ရောက်၏။

၈။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပူဇော်မှုကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားကို ပူဇော် ရခြင်း၏ အကျိုးပေတည်း။

၉။ ‘‘ဣတော ပန္နရသေ ကပ္ပေ, သောဠသာသုံ သုဝါဟနာ [သောဠသာသိံသု ဝါဟနော (သျာ။)]၊

သတ္တရတနသမ္ပန္နာ, စက္ကဝတ္တီ မဟဗ္ဗလာ။

၉။ ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်ငါးကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သုဝါဟန”မည်ကုန်သော စကြဝတေးမင်းတို့သည် တစ်ဆယ့်ခြောက်ကြိမ် ဖြစ်ခဲ့ဖူးကုန်၏။

၁၀။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊

ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ မဟာပရိဝါရကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

မဟာပရိဝါရကတ္ထေရဿာပဒါနံ ပဌမံ။

၁၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်မဟာပရိဝါရကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော မဟာပရိဝါရကတ္ထေရအပဒါန ပြီး၏။

စာ-၁၆၂

၂။ သုမင်္ဂလတ္ထေရအပဒါနံ

၁၁။ ‘‘အတ္ထဒဿီ ဇိနဝရော, လောကဇေဋ္ဌော နရာသဘော၊

ဝိဟာရာ အဘိနိက္ခမ္မ, တဠာကံ ဥပသင်္ကမိ။

၂-သုမင်္ဂလတ္ထေရအပဒါန ၁၁။ လူတို့၏ အကြီးအမှူးဖြစ်၍ လူတို့ထက် မြတ်တော်မူသော အတ္ထဒဿီမြတ်စွာဘုရားသည် ကျောင်းတော်မှ ထွက်တော်မူ၍ တစ်ဖက်ဆည်ကန်သို့ ကြွတော်မူ၏။

၁၂။ ‘‘နှတွာ ပိတွာ စ သမ္ဗုဒ္ဓေါ, ဥတ္တရိတွေကစီဝရော၊

အဋ္ဌာသိ ဘဂဝါ တတ္ထ, ဝိလောကေန္တော ဒိသောဒိသံ။

၁၂။ ထိုရေကန်၌ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရေကို ချိုးပြီးလျှင် ရေမှ တက်တော်မူ၍ တစ်ထည်သော သင်္ကန်းသာရှိသည်ဖြစ်၍ ထိုမှ ဤမှ ရှုစားတော်မူ၍ ထို ရေကန်နား၌ပင် ရပ်တော်မူ၏။

၁၃။ ‘‘ဘဝနေ ဥပဝိဋ္ဌောဟံ, အဒ္ဒသံ လောကနာယကံ၊

ဟဋ္ဌော ဟဋ္ဌေန စိတ္တေန, အပ္ဖေါဋေသိံ အဟံ တဒါ။

၁၃-၁၄။ ထိုအခါ ဘုံဗိမာန်၌ ဝင်ရောက်ပြီးဖြစ်သော (ရုက္ခစိုးနတ်ဖြစ်သည့်) ငါသည် ‘နေမင်းကဲ့သို့’ တောက်ပသော ‘ရွှေအဆင်းကဲ့သို့’ တင့်တယ်သော မြတ်စွာဘုရားကို ဖူးမြင်ရ၏၊ ထိုအခါ ငါသည် ရွှင်လန်းသည်ဖြစ်၍ ရွှင်ပျသောစိတ်ဖြင့် လက်ပမ်းပေါက် ခတ်၏၊ ငါသည် ကခြင်း, သီခြင်း၌လည်းကောင်း၊ အင်္ဂါငါးပါးရှိသော တူရိယာ၌လည်းကောင်း (ပူဇော် လို၍) အားထုတ်၏။

၁၄။ ‘‘သတရံသိံဝ ဇောတန္တံ, ပဘာသန္တံဝ ကဉ္စနံ [ဣမိနာ ပါဒဒွယေန ပုရိမပါဒဒွယဿ ပုရတော ဘဝိတဗ္ဗံ]၊

နစ္စဂီတေ ပယုတ္တောဟံ, ပဉ္စင်္ဂတူရိယမှိ စ။

၁၅။ ‘‘ယံ ယံ ယောနုပပဇ္ဇာမိ, ဒေဝတ္တံ အထ မာနုသံ၊

သဗ္ဗေ သတ္တေ အဘိဘောမိ, ဝိပုလော ဟောတိ မေ ယသော [အယဉ္စ ဂါထာ ပရိဂ္ဂဟေတိဂါထာယ အနန္တရမေဝ ဌာတုံ ယုတ္တာ]။

၁၅။ ကပ်ရောက်ရတိုင်းသော နတ်အဖြစ်, လူအဖြစ်ဟူသမျှတို့၌ ခပ်သိမ်းသော သတ္တဝါ တို့ကို (အသက်, အဆင်းစသည်ဖြင့်) လွှမ်းမိုးရ၏၊ ငါ၏ အခြံအရံသည်လည်း ပြန့်ပြောလှပေ၏။၁

၁၆။ ‘‘နမော တေ ပုရိသာဇည, နမော တေ ပုရိသုတ္တမ၊

အတ္တာနံ တောသယိတွာန, ပရေ တောသေသိ တွံ မုနိ။

၁၆။ ယောကျာ်းမြတ်အာဇာနည် ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုး ပါ၏၊ ယောကျာ်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ မြတ်စွာဘုရား အရှင်ဘုရားသည် မိမိကိုယ်တော်တိုင်ကို နှစ်သက်စေနိုင်သည်ဖြစ်၍ သူတစ်ပါးတို့ကိုလည်း နှစ်သက်စေနိုင်တော်မူပါပေ၏။

၁၇။ ‘‘ပရိဂ္ဂဟေ [ပရိဂ္ဂယှ (သီ။), ပရိဂ္ဂဟိတွာ (သျာ။), ပရိဂ္ဂဟေန (က။)] နိသီဒိတွာ, ဟာသံ ကတွာန သုဗ္ဗတေ၊

ဥပဋ္ဌဟိတွာ သမ္ဗုဒ္ဓံ, တုသိတံ ဥပပဇ္ဇဟံ။

၁၇။ ငါသည် အိမ်၌ နေ၍ ကောင်းသော အကျင့်၌ ရွှင်ပျခြင်းကို ပြု၍ မြတ်စွာဘုရားကို ဆည်းကပ်ရသောကြောင့် တုသိတာဘုံသို့ ရောက်ရ၏။

၁၈။ ‘‘သောဠသေတော ကပ္ပသတေ, ဒွိနဝဧကစိန္တိတာ၊

သတ္တရတနသမ္ပန္နာ, စက္ကဝတ္တီ မဟဗ္ဗလာ။

၁၈။ ဤဘဒ္ဒကမ္ဘာမှ တစ်ထောင့်ခြောက်ရာကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဧကစိန္တိတ” မည်ကုန်သော စကြဝတေးမင်းတို့သည် နှစ်ကြိမ် ဖြစ်ခဲ့ဖူးကုန်၏။

၁၉။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ သုမင်္ဂလော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

သုမင်္ဂလတ္ထေရဿာပဒါနံ ဒုတိယံ။

၁၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သုမင်္ဂလမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် သုမင်္ဂလတ္ထေရအပဒါန ပြီး၏။ ၁။ ၁၅-နံပါတ် ဂါထာသည် ၁၇-နံပါတ် ဂါထာ၏ နောက်၌ရှိလျှင် ပို၍ ကောင်း၏၊ ဤတွင် ပါဠိတော်ရှိသည့်အတိုင်းပင် ထားသည်။

၃။ သရဏဂမနိယတ္ထေရအပဒါနံ

၂၀။ ‘‘ဥဘိန္နံ ဒေဝရာဇူနံ, သင်္ဂါမော သမုပဋ္ဌိတော၊

အဟောသိ သမုပဗျူဠှော [သမုပဗ္ဗူဠှော (သီ။)], မဟာဃောသော အဝတ္တထ [ပဝတ္တထ (သီ။)]။

၃-သရဏဂမနိယတ္ထေရအပဒါန ၂၀။ နှစ်ဦးကုန်သော နတ်မင်းတို့၏ စစ်ထိုးခြင်းသည် ဖြစ်ပေါ်လာ၏၊ များစွာသော အပေါင်းအစုသည် ဖြစ်၏၊ သည်းစွာသော ကြွေးကြော်သံသည် (ဟိမဝန္တာကို) လွှမ်းမိုးလေ၏။

စာ-၁၆၃

၂၁။ ‘‘ပဒုမုတ္တရော လောကဝိဒူ, အာဟုတီနံ ပဋိဂ္ဂဟော၊

အန္တလိက္ခေ ဌိတော သတ္ထာ, သံဝေဇေသိ မဟာဇနံ။

၂၁။ လောကကို သိသည် ဖြစ်၍ လှူဖွယ်ပစ္စည်းဝတ္ထုတို့ကို ခံတော်မူထိုက်သော ပဒုမုတ္တရ မြတ်စွာဘုရားသည် ကောင်းကင်၌ တည်လျက် ချီတက်လာသော နတ်စစ်သည်အပေါင်းကို ထိတ်လန့်စေတော်မူ၏။

၂၂။ ‘‘သဗ္ဗေ ဒေဝါ အတ္တမနာ, နိက္ခိတ္တကဝစာဝုဓာ၊

သမ္ဗုဒ္ဓံ အဘိဝါဒေတွာ, ဧကဂ္ဂါသိံသု တာဝဒေ။

၂၂။ ထိုအခါ ခပ်သိမ်းသော နတ်တို့သည် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကုန်၍ ချပ်မိန်ညို လက်နက်တို့ကို ချထားကြကုန်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးကုန်လျက် တည်ငြိမ်စွာ နေကြ ကုန်၏။

၂၃။ ‘‘မယှံ [အမှံ (သီ။)] သင်္ကပ္ပမညာယ, ဝါစာသဘိမုဒီရယိ၊

အနုကမ္ပကော လောကဝိဒူ, နိဗ္ဗာပေသိ မဟာဇနံ။

၂၃။ အစဥ်သနားတော်မူသော မြတ်စွာဘုရားသည် ငါ၏ အကြံကို သိတော်မူ၍ မြတ်သော တရားစကားကို မြွက်ဆိုတော်မူ၏၊ သတ္တဝါအများကိုလည်း ငြိမ်းအေးစေတော်မူ၏။

၂၄။ ‘‘ပဒုဋ္ဌစိတ္တော မနုဇော, ဧကပါဏံ ဝိဟေဌယံ၊

တေန စိတ္တပ္ပဒေါသေန, အပါယံ ဥပပဇ္ဇတိ။

၂၄။ ပြစ်မှားလိုသော စိတ်ရှိသော သတ္တဝါသည် တစ်ဦးတစ်ယောက်သော သတ္တဝါကို ညှဥ်းဆဲသည်ရှိသော် ထိုညှဥ်းဆဲခြင်းဟူသော စိတ်ပြစ်မှားမှုကြောင့် အပါယ်သို့ လားရောက် ရ၏။

၂၅။ ‘‘သင်္ဂါမသီသေ နာဂေါဝ, ဗဟူ ပါဏေ ဝိဟေဌယံ၊

နိဗ္ဗာပေထ သကံ စိတ္တံ, မာ ဟညိတ္ထော ပုနပ္ပုနံ။

၂၅။ စစ်မြေပြင်ဦး၌ တိိုက်ဆင်ကြီးသည် များစွာသောသတ္တဝါတို့ကို အကြိမ်ကြိမ် ညှဥ်းဆဲ သကဲ့သို့ မညှဥ်းဆဲကြကုန်လင့်၊ မိမိဒေါသစိတ်ကို ငြိမ်းစေကုန်လော့ (ဟု မိန့်တော်မူ၏)။

၂၆။ ‘‘ဒွိန္နမ္ပိ ယက္ခရာဇူနံ, သေနာ သာ ဝိမှိတာ အဟု [သေနာယော ဝိမှိတာ အဟူ (သီ။), သေနာပိ သမိတာ အဟု (သျာ။)]၊

သရဏဉ္စ ဥပါဂစ္ဆုံ, လောကဇေဋ္ဌံ သုတာဒိနံ။

၂၆။ နှစ်ပါးသော နတ်မင်းတို့၏ ထိုစစ်သည်သည် အံ့ဩဖွယ် ဖြစ်၏၊ လောက၏ အကြီး အမှူးဖြစ်သော တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်း ကပ်ကုန်၏။

၂၇။ ‘‘သညာပေတွာန ဇနတံ, ပဒမုဒ္ဓရိ [ဥဒ္ဓရိ ပန (သီ။ သျာ။)] စက္ခုမာ၊

ပေက္ခမာနောဝ ဒေဝေဟိ, ပက္ကာမိ ဥတ္တရာမုခေါ။

၂၇။ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် စစ်မြေပြင်ရှိ နတ်အပေါင်းကို သိစေတော်မူ၍ ခြေတော်ကို ကြွချီတော်မူ၏၊ နတ်အများ ကြည့်ရှုစဥ်သာလျှင် မြောက်အရပ်သို့ ရှေးရှု ဖဲကြွတော်မူ၏။

၂၈။ ‘‘ပဌမံ သရဏံ ဂစ္ဆိံ, ဒွိပဒိန္ဒဿ တာဒိနော၊

ကပ္ပါနံ သတသဟဿံ, ဒုဂ္ဂတိံ နုပပဇ္ဇဟံ။

၂၈။ အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရသော တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား ငါသည် ရှေးဦးစွာ ကိုးကွယ်ခြင်းသို့ ရောက်၏၊ ကမ္ဘာတစ်သိန်းပတ်လုံး အပါယ်လေးပါးသို့ မလားမရောက်ရပေ။

၂၉။ ‘‘မဟာဒုန္ဒုဘိနာမာ စ, သောဠသာသုံ ရထေသဘာ၊

တိံသကပ္ပသဟဿမှိ, ရာဇာနော စက္ကဝတ္တိနော။

၂၉။ ကမ္ဘာသုံးသောင်းထက်၌ ရထားစီးမင်းတို့ထက် မြတ်သော “မဟာဒုန္ဒုဘိ”အမည်ရှိ ကုန်သော စကြဝတေးမင်းတို့သည် တစ်ဆယ့်ခြောက်ကြိမ် ဖြစ်ဖူးကုန်၏။

၃၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ သရဏဂမနိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

သရဏဂမနိယတ္ထေရဿာပဒါနံ တတိယံ။

၃၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သရဏဂမနိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် သရဏဂမနိယတ္ထေရအပဒါန ပြီး၏။

၄။ ဧကာသနိယတ္ထေရအပဒါနံ

၃၁။ ‘‘ဝရုဏော နာမ နာမေန, ဒေဝရာဇာ အဟံ တဒါ၊

ဥပဋ္ဌဟေသိံ သမ္ဗုဒ္ဓံ, သယောဂ္ဂဗလဝါဟနော။

၄-ဧကာသနိယတ္ထေရအပဒါန ၃၁။ ထိုအခါ ငါသည် ဝရုဏအမည်ဖြင့် ထင်ရှားသောသိကြားနတ်မင်း ဖြစ်၏၊ ဆင်, မြင်း, ဗိုလ်ပါ ယာဥ်များစွာနှင့်တကွ မြတ်စွာဘုရားကို ဆည်းကပ်ခစား၏။

စာ-၁၆၄

၃၂။ ‘‘နိဗ္ဗုတေ လောကနာထမှိ, အတ္ထဒဿီနရုတ္တမေ၊

တူရိယံ သဗ္ဗမာဒါယ, အဂမံ ဗောဓိမုတ္တမံ။

၃၂။ လူတို့၏ ကိုးကွယ်ရာဖြစ်သော အတ္ထဒဿီမြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ဝင်စံသည် ရှိသော် (ငါသည် ) အလုံးစုံသော တူရိယာကို ယူ၍ မြတ်သော ဗောဓိပင်သို့ သွား၏။

၃၃။ ‘‘ဝါဒိတေန စ နစ္စေန, သမ္မတာဠသမာဟိတော၊

သမ္မုခါ ဝိယ သမ္ဗုဒ္ဓံ, ဥပဋ္ဌိံ ဗောဓိမုတ္တမံ။

၃၃။ မောင်း ကြေးနင်း ခွက်ခွင်းနှင့်တကွ ဖြစ်သော ငါသည် တီးမှုတ်, ကခုန်ခြင်းတို့ဖြင့် မြတ်စွာဘုရားကို မျက်မှောက်၌ ဆည်းကပ်ပူဇော်သကဲ့သို့ မြတ်သော ဗောဓိပင်ကို ဆည်းကပ် ပူဇော်၏။

၃၄။ ‘‘ဥပဋ္ဌဟိတွာ တံ ဗောဓိံ, ဓရဏီရုဟပါဒပံ၊

ပလ္လင်္ကံ အာဘုဇိတွာန, တတ္ထ ကာလင်္ကတော အဟံ။

၃၄။ မြေ၌ ပေါက်သော ထိုဗောဓိပင်ကို ပူဇော်ဆည်းကပ်ပြီး၍ ငါသည် (ကိုယ်ကို) ထက်ဝယ်ဖွဲ့ခွေလျက် ထိုဗောဓိပင်ရင်း၌ပင် သေလွန်ခဲ့ရ၏။

၃၅။ ‘‘သကကမ္မာဘိရဒ္ဓေါဟံ, ပသန္နော ဗောဓိမုတ္တမေ၊

တေန စိတ္တပ္ပသာဒေန, နိမ္မာနံ ဥပပဇ္ဇဟံ။

၃၅။ မိမိကောင်းမှု၌ အားထုတ်ပြီးဖြစ်သော ငါသည် မြတ်သော ဗောဓိပင်၌ ကြည်ညိုခဲ့၏၊ ငါသည် ထိုစိတ်၏ ကြည်ညိုခြင်းကြောင့် နိမ္မာနရတိဘုံသို့ ကပ်ရောက်ရ၏။

၃၆။ ‘‘သဋ္ဌိတူရိယသဟဿာနိ, ပရိဝါရေန္တိ မံ သဒါ၊

မနုဿေသု စ ဒေဝေသု, ဝတ္တမာနံ ဘဝါဘဝေ။

၃၆။ လူ့ပြည်တို့၌လည်းကောင်း၊ နတ်ပြည်တို့၌လည်းကောင်း ဘဝကြီးငယ်၌ ဖြစ်လတ် သော် ခြောက်သောင်းသော တူရိယာတို့သည် ငါ့ကို အခါခပ်သိမ်း ခြံရံကုန်၏။

၃၇။ ‘‘တိဝိဓဂ္ဂီ နိဗ္ဗုတာ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ၊

ဓာရေမိ အန္တိမံ ဒေဟံ, သမ္မာသမ္ဗုဒ္ဓသာသနေ [အယဉ္စ ဂါထာ ပဋိသမ္ဘိဒါ စတဿေတိဂါထာယ ဧကသမ္ဗန္ဓာ ဘဝိတံ ယုတ္တာ]။

၃၇။ ငါ့အား မီးသုံးပါးတို့သည် ငြိမ်းကုန်၏၊ ခပ်သိမ်းသော ဘဝတိုု့ကို ပယ်နုတ်အပ် ကုန်၏၊ ငါသည် မြတ်စွာဘုရား၏ သာသနာတော်၌ အဆုံးဖြစ်သော ကိုယ်ကို ဆောင်၏။

၃၈။ ‘‘သုဗာဟူ နာမ နာမေန, စတုတ္တိံသာသု ခတ္တိယာ၊

သတ္တရတနသမ္ပန္နာ, ပဉ္စကပ္ပသတေ ဣတော။

၃၈။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာငါးရာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသော “သုဗာဟု” အမည်ဖြင့် ထင်ရှားသော မင်းတို့သည် သုံးဆယ့်လေးကြိမ် ဖြစ်ဖူးကုန်၏။

၃၉။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဧကာသနိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဧကာသနိယတ္ထေရဿာပဒါနံ စတုတ္ထံ။

၃၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဧကာသနိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် ဧကာသနိယတ္ထေရအပဒါန ပြီး၏။

၅။ သုဝဏ္ဏပုပ္ဖိယတ္ထေရအပဒါနံ

၄၀။ ‘‘ဝိပဿီ နာမ ဘဂဝါ, လောကဇေဋ္ဌော နရာသဘော၊

နိသိန္နော ဇနကာယဿ, ဒေသေသိ အမတံ ပဒံ။

၅-သုဝဏ္ဏပုပ္ဖိယတ္ထေရအပဒါန ၄၀။ လူတို့၏ အကြီးအမှူးဖြစ်၍ လူတို့ထက် မြတ်တော်မူသော ဝိပဿီမြတ်စွာဘုရား သည် ထိုင်နေတော်မူလျက် လူအပေါင်းအား သေခြင်းကင်းရာ နိဗ္ဗာန်ကို ဟောတော်မူ၏။

၄၁။ ‘‘တဿာဟံ ဓမ္မံ သုတွာန, ဒွိပဒိန္ဒဿ တာဒိနော၊

သောဏ္ဏပုပ္ဖါနိ စတ္တာရိ, ဗုဒ္ဓဿ အဘိရောပယိံ။

၄၁။ (ဘုမ္မစိုးနတ်သားဖြစ်သော) ငါသည် အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရသည် ဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော ထိုဝိပဿီဘုရားရှင်၏ တရားကို ကြားနာရသော ကြောင့် ရွှေပန်းလေးပွင့်တို့ကို မြတ်စွာဘုရားအား တင်လှူပူဇော်၏။

၄၂။ ‘‘သုဝဏ္ဏစ္ဆဒနံ အာသိ, ယာဝတာ ပရိသာ တဒါ၊

ဗုဒ္ဓါဘာ စ သုဝဏ္ဏာဘာ, အာလောကော ဝိပုလော အဟု။

၄၂။ ထိုအခါ ပရိသတ်ရှိသလောက် ရွှေပန်းအမိုးသည် ဖြစ်၏။ မြတ်စွာဘုရား၏ အရောင်တော်ကြောင့်လည်းကောင်း၊ ရွှေပန်းမဏ္ဍပ်ရောင်ကြောင့်လည်းကောင်း အလင်းရောင် သည် ကျယ်ပြန့်၏။

စာ-၁၆၅

၄၃။ ‘‘ဥဒဂ္ဂစိတ္တော သုမနော, ဝေဒဇာတော ကတဉ္ဇလီ၊

ဝိတ္တိသဉ္ဇနနော တေသံ, ဒိဋ္ဌဓမ္မသုခါဝဟော။

၄၃-၄၄။ တက်ကြွ ဝမ်းမြောက် နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ ထိုပရိသတ်တို့၏ မျက်မှောက်ချမ်းသာကို ဆောင်တတ်သော နှစ်သက်ခြင်းကို ဖြစ်စေတတ်သော ငါသည် လက် အုပ်ချီလျက် ကောင်းသော အကျင့်မြတ်ရှိသော မြတ်စွာဘုရားကို တောင်းပန်ရိုကျိုး ရှိခိုးပြီး၍ နှစ်သက်ခြင်းကို ဖြစ်စေလျက် မိမိနေရာ ဘုံဗိမာန်သို့ ကပ်ရောက်၏။

၄၄။ ‘‘အာယာစိတွာန သမ္ဗုဒ္ဓံ, ဝန္ဒိတွာန စ သုဗ္ဗတံ၊

ပါမောဇ္ဇံ ဇနယိတွာန, သကံ ဘဝနုပါဂမိံ။

၄၅။ ‘‘ဘဝနေ ဥပဝိဋ္ဌောဟံ, ဗုဒ္ဓသေဋ္ဌံ အနုဿရိံ၊

တေန စိတ္တပ္ပသာဒေန, တုသိတံ ဥပပဇ္ဇဟံ။

၄၅။ ငါသည် ဘုံဗိမာန်၌ ဝင်ရောက်လျက် မြတ်စွာဘုရားကို အဖန်ဖန် အောက်မေ့၏၊ ငါသည် ထိုအောက်မေ့ရသော စိတ်၏ ကြည်လင်မှုကြောင့် တုသိတာဘုံသို့ ရောက်ရ၏။

၄၆။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိရောပယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၄၆။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ရွှေပန်းကို တင်လှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဘုရားကို ပူဇော်ရ ခြင်း၏ အကျိုးပေတည်း။

၄၇။ ‘‘သောဠသာသိံသု ရာဇာနော, နေမိသမ္မတနာမကာ၊

တေတာလီသေ ဣတော ကပ္ပေ, စက္ကဝတ္တီ မဟဗ္ဗလာ။

၄၇။ ဤဘဒ္ဒကမ္ဘာမှ လေးဆယ့်သုံးကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “နေမိသမ္မတ” မည်ကုန်သော စကြဝတေးမင်းတို့သည် တစ်ဆယ့်ခြောက်ကြိမ် ဖြစ်ဖူးကုန်၏။

၄၈။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ သုဝဏ္ဏပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

သုဝဏ္ဏပုပ္ဖိယတ္ထေရဿာပဒါနံ ပဉ္စမံ။

၄၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သုဝဏ္ဏပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် သုဝဏ္ဏပုပ္ဖိယတ္ထေရအပဒါန ပြီး၏။

၆။ စိတကပူဇကတ္ထေရအပဒါနံ

၄၉။ ‘‘ဝသာမိ ရာဇာယတနေ, သာမစ္စော သပရိဇ္ဇနော၊

ပရိနိဗ္ဗုတေ ဘဂဝတိ, သိခိနော လောကဗန္ဓုနော။

၆-စိတကပူဇကတ္ထေရအပဒါန ၄၉-၅၀။ (လင်းလွန်းပင်စောင့်နတ်ဖြစ်သော) ငါသည် လင်းလွန်းပင်၌ မှူးမတ်အခြံအရံ ပရိသတ်နှင့်တကွ နေ၏၊ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံလွန်သော် လူတို့၏ အဆွေဖြစ်သော သိခီဘုရားရှင်၏ လောင်တိုက်တော်ထင်းပုံသို့ ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်လျက် သွား၏၊ ငါသည် ထိုလောင်တိုက်တော်ထင်းပုံ၌ တူရိယာကို တီးမှုတ်၍ နံ့သာပန်းကို ကြဲ မြှောက်ပူဇော်၏။

၅၀။ ‘‘ပသန္နစိတ္တော သုမနော, စိတကံ အဂမာသဟံ၊

တူရိယံ တတ္ထ ဝါဒေတွာ, ဂန္ဓမာလံ သမောကိရိံ။

၅၁။ ‘‘စိတမှိ ပူဇံ ကတွာန, ဝန္ဒိတွာ စိတကံ အဟံ၊

ပသန္နစိတ္တော သုမနော, သကံ ဘဝနုပါဂမိံ။

၅၁။ ငါသည် လောင်တိုက်တော်ထင်းပုံ၌ ပူဇော်ခြင်းကို ပြု၍ (ယင်း) လောင်တိုက်တော် ထင်းပုံကို ရှိခိုးပြီးလျှင် ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်လျက် မိမိနေရာ ဘုံဗိမာန် သို့ ကပ်ရောက်၏။

၅၂။ ‘‘ဘဝနေ ဥပဝိဋ္ဌောဟံ, စိတပူဇံ အနုဿရိံ၊

တေန ကမ္မေန ဒွိပဒိန္ဒ, လောကဇေဋ္ဌ နရာသဘ။

၅၂-၅၃။ ငါသည် ဘုံဗိမာန်၌ ဝင်ရောက်လျက် ထင်းပုံပူဇော်မှုကို အဖန်ဖန်အောက်မေ့၏၊ အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရသော လူတို့၏ အကြီးအမှူးဖြစ်၍ လူတို့ထက်မြတ် သော မြတ်စွာဘုရား အကျွန်ုပ်သည် ထိုကောင်းမှုကံကြောင့် နတ်ဘဝ, လူ့ဘဝတို့၌ စည်းစိမ် ကို ခံစား၍ အောင်ခြင်း ရှုံးခြင်းကို စွန့်ပြီးလျှင် မတုန်လှုပ်ရာ နိဗ္ဗာန်သို့ ရောက်ရ၏။

၅၃။ ‘‘အနုဘောတွာန သမ္ပတ္တိံ, ဒေဝေသု မာနုသေသု စ၊

ပတ္တောမှိ အစလံ ဌာနံ, ဟိတွာ ဇယပရာဇယံ။

စာ-၁၆၆

၅၄။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ပုပ္ဖမဘိရောပယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, စိတပူဇာယိဒံ ဖလံ။

၅၄။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို တင်လှူပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် လောင်တိုက်ထင်းပုံကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၅၅။ ‘‘ဧကူနတိံသကပ္ပမှိ, ဣတော သောဠသ ရာဇာနော၊

ဥဂ္ဂတာ နာမ နာမေန, စက္ကဝတ္တီ မဟဗ္ဗလာ။

၅၅။ ဤဘဒ္ဒကမ္ဘာမှ နှစ်ဆယ့်ကိုးကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဥဂ္ဂတ” အမည်ဖြင့် ထင်ရှားကုန်သော စကြဝတေးမင်းတို့သည် တစ်ဆယ့်ခြောက်ကြိမ် ဖြစ် ဖူးကုန်၏။

၅၆။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ စိတကပူဇကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

စိတကပူဇကတ္ထေရဿာပဒါနံ ဆဋ္ဌံ။

၅၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်စိတကပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် စိတကပူဇကတ္ထေရအပဒါန ပြီး၏။

၇။ ဗုဒ္ဓသညကတ္ထေရအပဒါနံ

၅၇။ ‘‘ယဒါ ဝိပဿီ လောကဂ္ဂေါ, အာယုသင်္ခါရမောဿဇိ၊

ပထဝီ သမ္ပကမ္ပိတ္ထ, မေဒနီ ဇလမေခလာ။

၇-ဗုဒ္ဓသညကတ္ထေရအပဒါန ၅၇။ အကြင်အခါ၌ လောကထက် မြတ်တော်မူသော ဝိပဿီမြတ်စွာဘုရားသည် အာယု သင်္ခါရကို လွှတ်တော်မူ၏၊ (ထိုအခါ) သမုဒ္ဒရာရေတည်းဟူသော ခါးကြိုးရှိသော မြေကြီးသည် ပြင်းစွာ တုန်လှုပ်၏။

၅၈။ ‘‘ဩတတံ ဝိတ္ထတံ [ဩတတံ ဝိတတံ (သျာ။)] မယှံ, သုဝိစိတ္တဝဋံသကံ [သုစိစိတ္တံ ပပဉ္စကံ (သျာ။)]၊

ဘဝနမ္ပိ ပကမ္ပိတ္ထ, ဗုဒ္ဓဿ အာယုသင်္ခယေ။

၅၈။ မြတ်စွာဘုရား၏ သက်တော်ကုန်သော ကြောင့် လွန်စွာ ဆန်းကြယ်သော ဦးဆောက် ပန်းရှိသော အဝန်းကျယ်သော ငါ (ဘုမ္မစိုးနတ်)၏ ဘုံဗိမာန်သည်လည်း ပြင်းစွာ တုန်လှုပ်၏။

၅၉။ ‘‘တာသော မယှံ သမုပ္ပန္နော, ဘဝနေ သမ္ပကမ္ပိတေ၊

ဥပ္ပါဒေါ [ဥပ္ပါတော (?)] နု ကိမတ္ထာယ, အာလောကော ဝိပုလော အဟု။

၅၉။ ဘုံဗိမာန်တုန်လှုပ်လတ်သော် အဘယ်အကျိုးငှါ ပြန့်ပြောသော အလင်းရောင် ဖြစ်ဘိ သနည်း၊ အဘယ်အကျိုးငှါ အတိတ်နိမိတ်သည် ဖြစ်ဘိသနည်း (ဟု) ငါ့အား ထိတ်လန့်ခြင်း သည် ဖြစ်ပေါ်၏။

၆၀။ ‘‘ဝေဿဝဏော ဣဓာဂမ္မ, နိဗ္ဗာပေသိ မဟာဇနံ၊

ပါဏဘူတေ [ပါဏဘုတံ (သျာ။), ပါဏဘူနံ (သီ။ က။)] ဘယံ နတ္ထိ, ဧကဂ္ဂါ ဟောထ သံဝုတာ [သဂါရဝါ (သျာ။)]။

၆၀။ (ထိုအခါ) ဝေဿဝဏ်နတ်မင်းသည် ဤလူ့ရွာသို့ လာ၍ သတ္တဝါတို့၌ ဘေးမရှိပါ၊ တည်ကြည်ကုန်သည်ဖြစ်၍ စောင့်စည်းကြကုန်လော့ဟု လူအများကို ထိတ်လန့်မှု ငြိမ်းအေး စေ၏။

၆၁။ ‘‘အဟော ဗုဒ္ဓေါ အဟော ဓမ္မော, အဟော နော သတ္ထု သမ္ပဒါ၊

ယသ္မိံ ဥပ္ပဇ္ဇမာနမှိ, ပထဝီ [ပဌဝီ (သီ။ သျာ။)] သမ္ပကမ္ပတိ။

၆၁။ မြတ်စွာဘုရားသည် အံ့ဖွယ်ရှိပေစွ၊ တရားတော်သည် အံ့ဖွယ်ရှိပေစွ၊ ငါတို့ မြတ်စွာဘုရား၏ ပြည့်စုံခြင်းသည် အံ့ဖွယ်ရှိကုန်စွ၊ ယင်းမြတ်စွာဘုရားသည် ဖွားမြင်လတ်သော် (ဖြစ်တော်မူလတ်သော်) မြေကြီးသည် ပြင်းစွာ တုန်လှုပ်၏။

၆၂။ ‘‘ဗုဒ္ဓါနုဘာဝံ ကိတ္တေတွာ, ကပ္ပံ သဂ္ဂမှိ မောဒဟံ၊

အဝသေသေသု ကပ္ပေသု, ကုသလံ စရိတံ [ကရိတံ (သီ။ သျာ။), ကာရိတံ (က။)] မယာ။

၆၂။ ငါသည် မြတ်စွာဘုရားအာနုဘော်ကို ချီးကျူးပြောကြား၍ ကမ္ဘာပတ်လုံး နတ်ပြည်၌ မွေ့လျော်ရ၏၊ ကြွင်းသော ကမ္ဘာတို့၌ ငါသည် ကုသိုလ်ကို ပြုကျင့်၏။

၆၃။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ သညမလဘိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓသညာယိဒံ ဖလံ။

၆၃။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ဘုရားဟူသော အမှတ်သညာကို ရခဲ့သော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဘုရားဟု မှတ်သားရခြင်း၏ အကျိုးပေတည်း။

စာ-၁၆၇

၆၄။ ‘‘ဣတော စုဒ္ဒသကပ္ပမှိ, ရာဇာ အာသိံ ပတာပဝါ၊

သမိတော နာမ နာမေန, စက္ကဝတ္တီ မဟဗ္ဗလော။

၆၄။ ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်လေးကမ္ဘာထက်၌ ကြီးသော အာနုဘော်ရှိသည်ဖြစ်၍ များ မြတ်သည့် ဗိုလ်ပါအင်အားရှိသော “သမိတ”အမည်ဖြင့် ထင်ရှားသော စကြဝတေးမင်း ဖြစ်ခဲ့ ဖူး၏။

၆၅။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဗုဒ္ဓသညကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဗုဒ္ဓသညကတ္ထေရဿာပဒါနံ သတ္တမံ။

၆၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဗုဒ္ဓသညကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် ဗုဒ္ဓသညကတ္ထေရအပဒါန ပြီး၏။

၈။ မဂ္ဂသညကတ္ထေရအပဒါနံ

၆၆။ ‘‘ပဒုမုတ္တရဗုဒ္ဓဿ, သာဝကာ ဝနစာရိနော၊

ဝိပ္ပနဋ္ဌာ ဗြဟာရညေ, အန္ဓာဝ အနုသုယျရေ [အနုသုယရေ (သီ။)]။

၈-မဂ္ဂသညကတ္ထေရအပဒါန ၆၆။ ပဒုမုတ္တရမြတ်စွာဘုရား၏ တော၌ လှည့်လည်သူ တပည့်သာဝကတို့သည် လူသူမနီး တောအုပ်ကြီးထဲ၌ ခရီးမှားကြ၍ သူကန်းတို့ကဲ့သို့ ကြွေးကြော်ကုန်၏။

၆၇။ ‘‘အနုဿရိတွာ သမ္ဗုဒ္ဓံ, ပဒုမုတ္တရနာယကံ၊

တဿ တေ မုနိနော ပုတ္တာ, ဝိပ္ပနဋ္ဌာ မဟာဝနေ။

၆၇-၆၈။ သစ္စာလေးပါးကို သိတော်မူသော ပဒုမုတ္တရမြတ်စွာဘုရားကို အစဥ်အောက်မေ့၍ ထိုရဟန်းတော်တို့သည် ထိုမြတ်စွာဘုရား၏ သားတော်တို့တည်း၊ တောကြီး၌ ခရီးမှားကုန်၏ဟု (နှလုံးပိုက်၍) ဗိမာန်မှ သက်ဆင်း၍ ရဟန်းတို့၏ အထံသို့ သွား၏၊ (နတ်သားဖြစ် သော) ငါသည် ထိုရဟန်းတော်တို့အား ခရီးကိုလည်း ညွှန်ကြားခဲ့၏၊ ဆွမ်း ဘောဇဥ်ကိုလည်း လှူဒါန်းခဲ့၏။

၆၈။ ‘‘ဘဝနာ ဩရုဟိတွာန, အဂမိံ ဘိက္ခုသန္တိကံ၊

တေသံ မဂ္ဂဉ္စ အာစိက္ခိံ, ဘောဇနဉ္စ အဒါသဟံ။

၆၉။ ‘‘တေန ကမ္မေန ဒွိပဒိန္ဒ, လောကဇေဋ္ဌ နရာသဘ၊

ဇာတိယာ သတ္တဝဿောဟံ, အရဟတ္တမပါပုဏိံ။

၆၉။ အခြေနှစ်ချောင်းရှိသူ လူ နတ်တို့ကို အစိုးရသော လူတို့၏ အကြီးအမှူးဖြစ်၍ လူတို့ထက် မြတ်တော်မူသော မြတ်စွာဘုရား အကျွန်ုပ်သည် ထိုကောင်းမှုကံကြောင့် မွေးဖွား သည်မှ ခုနစ်နှစ်သာ ရှိသေးလျက် အရဟတ္တဖိုလ်သို့ ရောက်ရ၏။

၇၀။ ‘‘သစက္ခူ နာမ နာမေန, ဒွါဒသ စက္ကဝတ္တိနော၊

သတ္တရတနသမ္ပန္နာ, ပဉ္စကပ္ပသတေ ဣတော။

၇၀။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာငါးရာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသော “သစက္ခု” အမည်ဖြင့် ထင်ရှားသော စကြဝတေးမင်းတို့သည် တစ်ဆယ့်နှစ်ကြိမ် ဖြစ်ဖူးကုန်၏။

၇၁။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ မဂ္ဂသညကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

မဂ္ဂသညကတ္ထေရဿာပဒါနံ အဋ္ဌမံ။

၇၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်မဂ္ဂသညကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် မဂ္ဂသညကတ္ထေရအပဒါန ပြီး၏။

၉။ ပစ္စုပဋ္ဌာနသညကတ္ထေရအပဒါနံ

၇၂။ ‘‘အတ္ထဒဿိမှိ သုဂတေ, နိဗ္ဗုတေ သမနန္တရာ၊

ယက္ခယောနိံ ဥပပဇ္ဇိံ, ယသံ ပတ္တော စဟံ တဒါ။

၉-ပစ္စုပဋ္ဌာနသညကတ္ထေရအပဒါန ၇၂။ အတ္ထဒဿီမြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ဝင်စံတော်မူသည် ရှိသော် (ပရိနိဗ္ဗာန်စံလွန် သည်၏) အခြားမဲ့၌ (ငါသည် ) ဘီလူးမျိုး၌ ဖြစ်၏၊ ထိုအခါ ငါသည် အခြံအရံနှင့် ပြည့်စုံ ခြင်းသို့ ရောက်၏။

စာ-၁၆၈

၇၃။ ‘‘ဒုလ္လဒ္ဓံ ဝတ မေ အာသိ, ဒုပ္ပဘာတံ ဒုရုဋ္ဌိတံ၊

ယံ မေ ဘောဂေ ဝိဇ္ဇမာနေ, ပရိနိဗ္ဗာယိ စက္ခုမာ။

၇၃။ ငါ့အား စင်စစ် အရမတော်ခြင်းသည် ဖြစ်၏၊ မကောင်းသော မိုးလင်းရခြင်း, မကောင်းသော ထခြင်းသည် ဖြစ်၏။ (အဘယ့်ကြောင့်ဆိုသော်) ငါ့အား စည်းစိမ်ဥစ္စာ ရှိပါ လျက် မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ဝင်စံရ၏။

၇၄။ ‘‘မမ သင်္ကပ္ပမညာယ, သာဂရော နာမ သာဝကော၊

မမုဒ္ဓရိတုကာမော သော, အာဂစ္ဆိ မမ သန္တိကံ။

၇၄။ သာဂရမည်သော ထိုသာဝကသည် ငါ၏ အကြံကို သိ၍ ငါ့ကို ကယ်တင်လိုသော ကြောင့် ငါ၏ အထံသို့ ကြွလာတော်မူ၏။

၇၅။ ‘‘ကိံ နု သောစသိ မာ ဘာယိ, စရ ဓမ္မံ သုမေဓသ၊

အနုပ္ပဒိန္နာ ဗုဒ္ဓေန, သဗ္ဗေသံ ဗီဇသမ္ပဒါ။

၇၅။ ကောင်းသောပညာရှိ အဘယ့်ကြောင့် စိုးရိမ်ဘိသနည်း။ မကြောက်လင့်၊ တရားကို ကျင့်လော့။ မြတ်စွာဘုရားသည် ခပ်သိမ်းသော သူတို့အား ကောင်းမှုမျိုးစေ့၏ ပြည့်စုံခြင်းကို လျော်စွာ ပေးအပ်၏။

၇၆။ ‘‘သော စေ ပူဇေယျ သမ္ဗုဒ္ဓံ, တိဋ္ဌန္တံ လောကနာယကံ၊

ဓာတုံ သာသပမတ္တမ္ပိ, နိဗ္ဗုတဿာပိ ပူဇယေ။

၇၆။ အကြင်သူသည် လူတို့၏ ရှေ့သွားဖြစ်သော သက်တော်ထင်ရှား မြတ်စွာဘုရားကို ပူဇော်ရာ၏၊ အကြင်သူသည်ကား ပရိနိဗ္ဗာန်စံတော်မူသော မြတ်စွာဘုရား၏ မုန်ညင်းစေ့ခန့်မျှလည်းဖြစ်သော ဓာတ်တော်ကို ပူဇော်ရာ၏။

၇၇။ ‘‘သမေ စိတ္တပ္ပသာဒမှိ, သမံ ပုညံ မဟဂ္ဂတံ၊

တသ္မာ ထူပံ ကရိတွာန, ပူဇေဟိ ဇိနဓာတုယော။

၇၇။ စိတ်၏ ကြည်ညိုခြင်း တူမျှသော် မြတ်သည်၏အဖြစ်သို့ ရောက်သော ကောင်းမှု သည် တူမျှ၏၊ ထို့ကြောင့် ဘုရားရှင်၏ ဓာတ်တော်တို့ကို ပုထိုးစေတီပြုလုပ်၍ ပူဇော်လော့ (ဟု မိန့်တော်မူ၏)။

၇၈။ ‘‘သာဂရဿ ဝစော သုတွာ, ဗုဒ္ဓထူပံ အကာသဟံ၊

ပဉ္စဝဿေ ပရိစရိံ, မုနိနော ထူပမုတ္တမံ။

၇၈။ ငါသည် သာဂရမထေရ်၏ စကားကို ကြား၍ စေတီကို တည်ထားကိုးကွယ်၏၊ မြတ်စွာဘုရား၏ စေတီတော်မြတ်ကို ငါးနှစ်ပတ်လုံး လုပ်ကျွေးပူဇော်၏။

၇၉။ ‘‘တေန ကမ္မေန ဒွိပဒိန္ဒ, လောကဇေဋ္ဌ နရာသဘ၊

သမ္ပတ္တိံ အနုဘောတွာန, အရဟတ္တမပါပုဏိံ။

၇၉။ အခြေနှစ်ချောင်းရှိသူ လူနတ်သတ္တဝါတို့ကို အစိုးရသော လူတို့၏ အကြီးအမှူးဖြစ်၍ လူတို့ ထက်မြတ်သော မြတ်စွာဘုရား အကျွန်ုပ်သည် ထိုကောင်းမှုကံကြောင့် စည်းစိမ်ကို ခံစားရ၍ (နောက်ဆုံး) အရဟတ္တဖိုလ်သို့ ရောက်ရ၏။

၈၀။ ‘‘ဘူရိပညာ စ စတ္တာရော, သတ္တကပ္ပသတေ ဣတော၊

သတ္တရတနသမ္ပန္နာ, စက္ကဝတ္တီ မဟဗ္ဗလာ။

၈၀။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာခုနစ်ရာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဘူရိပည”မည်ကုန်သော စကြဝတေးမင်းတို့သည် လေးကြိမ် ဖြစ်ခဲ့ဖူးကုန်၏။

၈၁။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ပစ္စုပဋ္ဌာနသညကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ပစ္စုပဋ္ဌာနသညကတ္ထေရဿာပဒါနံ နဝမံ။

၈၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပစ္စုပဋ္ဌာနသညကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် ပစ္စုပဋ္ဌာနသညကတ္ထေရအပဒါန ပြီး၏။

၁၀။ ဇာတိပူဇကတ္ထေရအပဒါနံ

၈၂။ ‘‘ဇာယန္တဿ ဝိပဿိဿ, အာလောကော ဝိပုလော အဟု၊

ပထဝီ စ ပကမ္ပိတ္ထ, သသာဂရာ သပဗ္ဗတာ။

၁၀-ဇာတိပူဇကတ္ထေရအပဒါန ၈၂။ ဝိပဿီဘုရားအလောင်းသည် ဖွားမြင်တော်မူစဥ် ပြန့်ပြောသော အလင်းရောင်သည် ဖြစ်၏၊ သမုဒ္ဒရာ, တောတောင်နှင့် တကွဖြစ်သော မဟာပထဝီမြေကြီးသည်လည်း တုန်လှုပ်၏။

၈၃။ ‘‘နေမိတ္တာ စ ဝိယာကံသု, ဗုဒ္ဓေါ လောကေ ဘဝိဿတိ၊

အဂ္ဂေါ စ သဗ္ဗသတ္တာနံ, ဇနတံ ဥဒ္ဓရိဿတိ။

၈၃။ နိမိတ်ဖတ်ကုန်သော သူတို့သည် လောက၌ ဘုရားပွင့်လတ္တံ့၊ ခပ်သိမ်းသော သတ္တဝါ တို့ထက်မြတ်သည်ဖြစ်၍ လူအပေါင်းကို သံသရာမှ ထုတ်ဆောင်လတ္တံ့ဟု နိမိတ်စကား ပြော ကြားကြကုန်၏။

စာ-၁၆၉

၈၄။ ‘‘နေမိတ္တာနံ သုဏိတွာန, ဇာတိပူဇမကာသဟံ၊

ဧဒိသာ ပူဇနာ နတ္ထိ, ယာဒိသာ ဇာတိပူဇနာ။

၈၄။ ငါသည် နိမိတ်ဖတ်သောသူတို့၏ စကားကို ကြား၍ ဖွားမြင်စဘုရားလောင်းအား ပူဇော်ခြင်းကို ပြု၏၊ ဖွားမြင်စဘုရာလောင်းအား ပူဇော်ခြင်းကဲ့သို့သော ပူဇော်ခြင်းမျိုးသည် မရှိနိုင်တော့ပေ။

၈၅။

၈၅။ ငါသည် ကုသိုလ်ကို ပြု၍ မိမိစိတ်ကို ကြည်လင်စေ၏၊ ငါသည် ဖွားမြင်စဘုရား လောင်းအား ပူဇော်ခြင်းကို ပြု၍ ထိုပူဇော်ရာ အရပ်၌ပင် သေလွန်ခဲ့ရ၏။

‘‘သင်္ခရိတွာန [သံဟရိတွာန (သီ။ သျာ။), သင်္ကရိတွာန (က။)]

ကုသလံ, သကံ စိတ္တံ ပသာဒယိံ။

ဇာတိပူဇံ ကရိတွာန, တတ္ထ ကာလင်္ကတော အဟံ။

၈၆။ ‘‘ယံ ယံ ယောနုပပဇ္ဇာမိ, ဒေဝတ္တံ အထ မာနုသံ၊

သဗ္ဗေ သတ္တေ အဘိဘောမိ, ဇာတိပူဇာယိဒံ ဖလံ။

၈၆။ ကပ်ရောက်ရတိုင်းသော လူအဖြစ်, နတ်အဖြစ်ဟူသမျှတို့၌ သတ္တဝါအားလုံးတို့ကို (ဂုဏ်အားဖြင့်) လွှမ်းမိုးရ၏။ ဤသို့ ဖြစ်ရခြင်းသည် ဖွားမြင်စဘုရားလောင်းအား ပူဇော်ရ ခြင်း၏ အကျိုးပေတည်း။

၈၇။ ‘‘ဓာတိယော မံ ဥပဋ္ဌန္တိ, မမ စိတ္တဝသာနုဂါ၊

န တာ သက္ကောန္တိ ကောပေတုံ, ဇာတိပူဇာယိဒံ ဖလံ။

၈၇။ အထိန်းတို့သည် ငါ့ကို လုပ်ကျွေးကုန်၏၊ ငါ၏ စိတ်အလိုသို့ လိုက်ကုန်၏၊ ထို အထိန်းတို့သည် ငါ့အလိုကို ဖျက်ဆီးခြင်းငှါ မတတ်နိုင်ကုန်။ ဤသို့ ဖြစ်ရခြင်းသည် ဖွားမြင်စ ဘုရားလောင်းအား ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၈၈။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ပူဇမကရိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဇာတိပူဇာယိဒံ ဖလံ။

၈၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ဖွားမြင်စဘုရားလောင်းအား ပူဇော်မှုကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဖွားမြင်စ ဘုရားလောင်းအား ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၈၉။ ‘‘သုပါရိစရိယာ နာမ, စတုတ္တိံသ ဇနာဓိပါ၊

ဣတော တတိယကပ္ပမှိ, စက္ကဝတ္တီ မဟဗ္ဗလာ။

၈၉။ ဤဘဒ္ဒကမ္ဘာမှ သုံးခုမြောက်ကမ္ဘာထက်၌ လူတို့ကို အစိုးရသည် ဖြစ်၍ များမြတ် သည့် ဗိုလ်ပါအင်အားရှိသော “သုပါရိစရိယ”မည်ကုန်သော စကြဝတေးမင်းတို့သည် သုံးဆယ့် လေးကြိမ် ဖြစ်ခဲ့ဖူးကုန်၏။

၉၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဇာတိပူဇကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဇာတိပူဇကတ္ထေရဿာပဒါနံ ဒသမံ။

မဟာပရိဝါရဝဂ္ဂေါ ဒွါဒသမော။

တဿုဒ္ဒါနံ –

ပရိဝါရသုမင်္ဂလာ, သရဏာသနပုပ္ဖိယာ၊

စိတပူဇီ ဗုဒ္ဓသညီ, မဂ္ဂုပဋ္ဌာနဇာတိနာ၊

ဂါထာယော နဝုတိ ဝုတ္တာ, ဂဏိတာယော ဝိဘာဝိဟိ။

၉၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ (၁၇၅၈) ဤသို့လျှင် အသျှင်ဇာတိပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် ဇာတိပူဇကတ္ထေရအပဒါန ပြီး၏။ တစ်ဆယ့်နှစ်ခုမြောက် မဟာပရိဝါရဝဂ် ပြီး၏။

စာ-၁၇၀

၁၃။ သေရေယျဝဂ္ဂေါ

၁။ သေရေယျကတ္ထေရအပဒါနံ

၁။ ‘‘အဇ္ဈာယကော မန္တဓရော, တိဏ္ဏံ ဝေဒါန ပါရဂူ၊

အဗ္ဘောကာသေ ဌိတော သန္တော, အဒ္ဒသံ လောကနာယကံ။

၁၃-သေရေယျဝဂ် ၁-သေရေယျကတ္ထေရအပဒါန ၁-၂။ ဗေဒင်ကို သရဇ္ဈာယ်သည် ဖြစ်၍ ဗေဒင်ကို ဆောင်သော ဗေဒင်သုံးပုံတို့၏ တစ်ဖက်ကမ်း ရောက်တတ်မြောက်သော (ငါသည် ) ၄င်းတော၌ ကျက်စားသော ခြင်္သေ့မင်း သဖွယ်ဖြစ်သော ထိတ်လန့်ခြင်းကင်း ကျားမင်းသဖွယ်လည်းဖြစ်သော အရပ်သုံးပါးမှ ယိုစီးကျ သော အမုန်ရှိသော ဆင်ပြောင်ကြီးသဖွယ်လည်းဖြစ်သော လူတို့၏ ရှေ့သွား မြတ်စွာဘုရား ကို လွင်တီးခေါင်၌ ရပ်လျက် ဖူးမြင်ရ၏။

၂။ ‘‘သီဟံ ယထာ ဝနစရံ, ဗျဂ္ဃရာဇံဝ နိတ္တသံ၊

တိဓာပဘိန္နမာတင်္ဂံ, ကုဉ္ဇရံဝ မဟေသိနံ။

၃။ ‘‘သေရေယျကံ ဂဟေတွာန, အာကာသေ ဥက္ခိပိံ [နိက္ခိပိံ (က။)] အဟံ၊

ဗုဒ္ဓဿ အာနုဘာဝေန, ပရိဝါရေန္တိ သဗ္ဗသော [သဗ္ဗတော (သီ။)]။

၃။ ငါသည် လိပ်ဆူးရွှေပန်းကို ယူ၍ ကောင်းကင်သို့ ပစ်မြှောက်ပူဇော်၏၊ မြတ်စွာဘုရား၏ အာနုဘော်တော်ကြောင့် အခါခပ်သိမ်း ထက်ဝန်းကျင် ခြံရံကုန်၏။

၄။ ‘‘အဓိဋ္ဌဟိ မဟာဝီရော, သဗ္ဗညူ လောကနာယကော၊

သမန္တာ ပုပ္ဖစ္ဆဒနာ, ဩကိရိံသု နရာသဘံ။

၄။ ကြီးသော လုံ့လရှိတော်မူသော လူတို့၏ ရှေ့သွား သဗ္ဗညုမြတ်စွာဘုရားသည် အဓိဋ္ဌာန်တော်မူ၏၊ ပန်းအမိုးတို့သည် မြတ်စွာဘုရားကို ထက်ဝန်းကျင်မှ အလိုအလျောက် ကြဲဖြန့်ကုန်၏။

၅။ ‘‘တတော သာ ပုပ္ဖကဉ္စုကာ, အန္တောဝဏ္ဋာ ဗဟိမုခါ၊

သတ္တာဟံ ဆဒနံ ကတွာ, တတော အန္တရဓာယထ။

၅။ ထိုအခါ ပန်းသင်တိုင်းသည် အတွင်းဘက်သို့ လှည့်သော အညှာရှိသည်ဖြစ်၍ အပသို့ မျက်နှာမူပြီး ခုနစ်ရက်ပတ်လုံး အမိုးပြုပြီးသည့်နောက်မှ ကွယ်ပျောက်သွားလေ၏။

၆။ ‘‘တဉ္စ အစ္ဆရိယံ ဒိသွာ, အဗ္ဘုတံ လောမဟံသနံ၊

ဗုဒ္ဓေ စိတ္တံ ပသာဒေသိံ, သုဂတေ လောကနာယကေ။

၆။ ငါသည် ကြက်သီးမွေးညင်းထလောက်အောင် မဖြစ်စဖူး ထူးကဲလှသော ထိုအံံ့ဩဖွယ် ကို မြင်၍ လူတို့၏ ရှေ့သွား ကောင်းသော စကားကို ဆိုတတ်သော မြတ်စွာဘုရား၌ (မိမိ) စိတ်ကို ကြည်လင်စေ၏။

၇။ ‘‘တေန စိတ္တပ္ပသာဒေန, သုက္ကမူလေန စောဒိတော၊

ကပ္ပါနံ သတသဟဿံ, ဒုဂ္ဂတိံ နုပပဇ္ဇဟံ။

၇။ ထိုစိတ်ကြည်ညိုခြင်းကြောင့် ဖြူစင်သော ကုသိုလ်အကြောင်းရင်းသည် တိုက်တွန်းအပ် သည် ဖြစ်၍ ငါသည် ကမ္ဘာတစ်သိန်းပတ်လုံး အပါယ်လေးပါးသို့ မလားမရောက်ရပေ။

၈။ ‘‘ပန္နရသသဟဿမှိ, ကပ္ပါနံ ပဉ္စဝီသတိ၊

ဝီတမလာ [စိတ္တမာလာ (သီ။), ဝိလာမာလာ (သျာ။)] သမာနာ စ, စက္ကဝတ္တီ မဟဗ္ဗလာ။

၈။ ကမ္ဘာတို့၏ တစ်သောင်းငါးထောင်ထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဝီတမလ” မည်သော စကြဝတေးမင်းတို့သည် နှစ်ဆယ့်ငါးကြိမ် ဖြစ်ဖူးကုန်၏။

၉။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊

ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ သေရေယျကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

သေရေယျကတ္ထေရဿာပဒါနံ ပဌမံ။

၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သေရေယျကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော သေရေယျကတ္ထေရအပဒါန ပြီး၏။

စာ-၁၇၁

၂။ ပုပ္ဖထူပိယတ္ထေရအပဒါနံ

၁၀။ ‘‘ဟိမဝန္တဿာဝိဒူရေ, ကုက္ကုရော နာမ [ကုက္ကုဋော နာမ (သီ။)] ပဗ္ဗတော၊

ဝေမဇ္ဈေ တဿ ဝသတိ, ဗြာဟ္မဏော မန္တပါရဂူ။

၂-ပုပ္ဖထူပိယတ္ထေရအပဒါန ၁၀။ ဟိမဝန္တာတောင်၏ အနီးအရပ်၌ ကုက္ကုရမည်သော တောင်သည် ရှိ၏၊ ထိုတောင်၏ အလယ်၌ ဗေဒင်သုံးပုံတို့၌ တစ်ဖက်ကမ်းရောက် တတ်မြောက်သော ပုဏ္ဏားသည် နေ၏။

၁၁။ ‘‘ပဉ္စ သိဿသဟဿာနိ, ပရိဝါရေန္တိ မံ သဒါ၊

ပုဗ္ဗုဋ္ဌာယီ စ တေ အာသုံ, မန္တေသု စ ဝိသာရဒါ။

၁၁။ ငါးထောင်သော တပည့်တို့သည် ငါ့ကို အခါခပ်သိမ်း ခြံရံကုန်၏၊ ထိုတပည့်တို့သည် ရှေးဦးစွာ ထလေ့ရှိကုန်သည်လည်း ဖြစ်ကုန်၏၊ ဗေဒင်သုံးပုံတို့၌လည်း ရဲရင့်ကုန်၏။

၁၂။ ‘‘ဗုဒ္ဓေါ လောကေ သမုပ္ပန္နော, တံ ဝိဇာနာထ နော ဘဝံ၊

အသီတိဗျဉ္ဇနာနဿ, ဗာတ္တိံသဝရလက္ခဏာ။

၁၂။ လောက၌ မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ အရှင်သည် ထိုမြတ်စွာဘုရားကို သိပါ၏လော၊ ထိုမြတ်စွာဘုရား၏ လက္ခဏာတော်ငယ်တို့သည် ရှစ်ဆယ်ရှိကုန်၍ လက္ခဏာ တော်ကြီးတို့သည်ကား သုံးဆယ့်နှစ်ပါး ရှိကုန်၏။

၁၃။ ‘‘ဗျာမပ္ပဘော ဇိနဝရော, အာဒိစ္စောဝ ဝိရောစတိ၊

သိဿာနံ ဝစနံ သုတွာ, ဗြာဟ္မဏော မန္တပါရဂူ။

၁၃။ မြတ်စွာဘုရားသည် တစ်လံမျှသော ရောင်ခြည်တော်ရှိသည် ဖြစ်၍ နေမင်းကဲ့သို့ တင့်တယ်တောက်ပတော်မူ၏၊ (ဤသို့) တပည့်တို့ လျှောက်ကြားသော စကားကို ကြားရ၍ ဗေဒင်သုံးပုံတို့၌ တစ်ဖက်ကမ်းရောက် တတ်မြောက်သော ပုဏ္ဏားသည်-

၁၄။ ‘‘အဿမာ အဘိနိက္ခမ္မ, ဒိသံ ပုစ္ဆတိ သိဿကေ [ဗြာဟ္မဏော (သျာ။)]၊

ယမှိ ဒေသေ မဟာဝီရော, ဝသတိ လောကနာယကော။

၁၄။ နေရာသင်္ခမ်းကျောင်းမှ ထွက်လတ်၍ တပည့်တို့ကို ဘုရားရှိရာအရပ်ကို မေးလေ၏၊ အကြင်အရပ်၌ ကြီးသော လုံ့လရှိတော်မူသော လူတို့၏ ရှေ့သွား မြတ်စွာဘုရားသည် နေတော်မူ၏။

၁၅။ ‘‘တာဟံ ဒိသံ နမဿိဿံ, ဇိနံ အပ္ပဋိပုဂ္ဂလံ၊

ဥဒဂ္ဂစိတ္တော သုမနော, ပူဇေသိံ တံ တထာဂတံ။

၁၅။ ငါသည် ထိုအရပ်ကို ရှိခိုးအံ့၊ တုဘက်ကင်းသော မြတ်စွာဘုရားကို ရှိခိုးအံ့၊ တက်ကြွ ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ငါသည် မြတ်စွာဘုရားကို ပူဇော်အံ့။

၁၆။ ‘‘ဧထ သိဿာ ဂမိဿာမ, ဒက္ခိဿာမ တထာဂတံ၊

ဝန္ဒိတွာ သတ္ထုနော ပါဒေ, သောဿာမ ဇိနသာသနံ။

၁၆-၁၇။ တပည့်တို့ လာကြကုန်လော့၊ သွားကြကုန်အံ့၊ မြတ်စွာဘုရားကို ဖူးမြင်ကုန်အံ့၊ မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုး၍ မြတ်စွာဘုရား အဆုံးအမတော်ကို နာကြကုန်အံ့။ (ဤသို့ ပြောကြား၍) တစ်ရက်မျှ ထွက်ခဲ့လေသော် ဖျားနာခြင်းကို ရ၏၊ ဖျားနာခြင်းသည် နှိပ်စက်အပ်သည်ဖြစ်၍ ဇရပ်သို့ နေထိုင်ရန် ကပ်ရောက်ခဲ့၏။

၁၇။ ‘‘ဧကာဟံ အဘိနိက္ခမ္မ, ဗျာဓိံ ပဋိလဘိံ အဟံ၊

ဗျာဓိနာ ပီဠိတော သန္တော, သာလံ ဝါသယိတုံ ဂမိံ။

၁၈။ ‘‘သဗ္ဗေ သိဿေ သမာနေတွာ, အပုစ္ဆိံ တေ တထာဂတံ၊

ကီဒိသံ လောကနာထဿ, ဂုဏံ ပရမဗုဒ္ဓိနော။

၁၈။ အလုံးစုံသော တပည့်တို့ကို တစ်ပေါင်းတည်း စည်းဝေးစေ၍ လွန်ကဲသည့် ပညာ ရှိသော လူတို့၏ ရှေ့သွား မြတ်စွာဘုရားဂုဏ်တော်သည် အဘယ်သို့ သဘောရှိသနည်းဟု ထိုတပည့်တို့အား မြတ်စွာဘုရားအကြောင်းအရာကို မေး၏။

၁၉။ ‘‘တေ မေ ပုဋ္ဌာ ဝိယာကံသု, ယထာ ဒဿာဝိနော တထာ၊

သက္ကစ္စံ ဗုဒ္ဓသေဋ္ဌံ တံ, ဒေသေသုံ [ဒဿေသုံ (သီ။ သျာ။)] မမ သမ္မုခါ။

၁၉။ (ဤသို့) ငါသည် မေးလတ်သော် ထိုတပည့်တို့သည် ဖူးမြင်ရသည့်အတိုင်း ပြန် ကြားကုန်၏၊ ထိုမြတ်စွာဘုရား (အကြောင်းအရာကို) ငါ၏ မျက်မှောက်၌ ရိုသေစွာ ပြောကြား ကုန်၏။

၂၀။ ‘‘တေသာဟံ ဝစနံ သုတွာ, သကံ စိတ္တံ ပသာဒယိံ၊

ပုပ္ဖေဟိ ထူပံ ကတွာန, တတ္ထ ကာလင်္ကတော အဟံ။

၂၀။ ငါသည် ထိုတပည့်တို့၏ စကားကို ကြားရသောကြောင့် မိမိစိတ်ကို ကြည်လင်စေ၏၊ ပန်းတို့ဖြင့် ပုထိုးစေတီတော်ပြုလုပ်၍ ထိုအရပ်၌ပင် ငါသည် သေလွန်ခဲ့ရ၏။

၂၁။ ‘‘တေ မေ သရီရံ ဈာပေတွာ, အဂမုံ ဗုဒ္ဓသန္တိကံ၊

အဉ္ဇလိံ ပဂ္ဂဟေတွာန, သတ္ထာရမဘိဝါဒယုံ။

၂၁။ ထိုတပည့်တို့သည် ငါ၏ အလောင်းကို မီးသင်္ဂြိုဟ်၍ မြတ်စွာဘုရားထံတော်သို့ သွားကုန်၏၊ မြတ်စွာဘုရားကို လက်အုပ်ချီလျက် ရှိခိုးကုန်၏။

၂၂။ ‘‘ပုပ္ဖေဟိ ထူပံ ကတွာန, သုဂတဿ မဟေသိနော၊

ကပ္ပါနံ သတသဟဿံ, ဒုဂ္ဂတိံ နုပပဇ္ဇဟံ။

၂၂။ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား၏ ပုထိုးတော်ကို ပန်းတို့ဖြင့် မွမ်းမံပြုလုပ်ရသောကြောင့် ငါသည် ကမ္ဘာတစ်သိန်းပတ်လုံး အပါယ်လေးပါးသို့ မလားမရောက်ရပေ။

စာ-၁၇၂

၂၃။ ‘‘စတ္တာလီသသဟဿမှိ, ကပ္ပေ သောဠသ ခတ္တိယာ၊

နာမေနဂ္ဂိသမာ နာမ, စက္ကဝတ္တီ မဟဗ္ဗလာ။

၂၃။ ကမ္ဘာလေးသောင်းထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော အမည်အားဖြင့် ‘အဂ္ဂိသမ’ဟု ထင်ရှားကုန်သော စကြဝတေးမင်းတို့သည် တစ်ဆယ့်ခြောက်ကြိမ် ဖြစ်ဖူးကုန်၏။

၂၄။ ‘‘ဝီသကပ္ပသဟဿမှိ, ရာဇာနော စက္ကဝတ္တိနော၊

ဃတာသနသနာမာဝ, အဋ္ဌတ္တိံသ မဟီပတီ။

၂၄။ ကမ္ဘာနှစ်သောင်းထက်၌ မြေကြီးအရှင်ဖြစ်သော “ဃတာသန”ဟု တူသော အမည်ရှိ ကုန်သော စကြဝတေးမင်းတို့သည် သုံးဆယ့်ရှစ်ကြိမ် ဖြစ်ဖူးကုန်၏။

၂၅။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ပုပ္ဖထူပိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ပုပ္ဖထူပိယတ္ထေရဿာပဒါနံ ဒုတိယံ။

၂၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပုပ္ဖထူပိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် ပုပ္ဖထူပိယတ္ထေရအပဒါန ပြီး၏။

၃။ ပါယသဒါယကတ္ထေရအပဒါနံ

၂၆။ သုဝဏ္ဏဝဏ္ဏံ …ပေ… ပုရက္ခတံ-ဧဝံ ဒုတိယန္တဝသေန သီ။ သျာ။ ပေါတ္ထကေသု ဒိဿတိ ‘‘သုဝဏ္ဏဝဏ္ဏော သမ္ဗုဒ္ဓေါ, ဗာတ္တိံသဝရလက္ခဏော၊

ပဝနာ [ပဓာနော (က။)] အဘိနိက္ခန္တော, ဘိက္ခုသံဃပုရက္ခတော [သုဝဏ္ဏဝဏ္ဏံ …ပေ… ပုရက္ခတံ-ဧဝံ ဒုတိယန္တဝသေန သီ။ သျာ။ ပေါတ္ထကေသု ဒိဿတိ]။

၃-ပါယသဒါယကတ္ထေရအပဒါန ၂၆။ ရွှေအဆင်းနှင့် တူသော အဆင်းရှိတော်မူသော သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ် လက္ခဏာတော်ရှိသော ဝိပဿီမြတ်စွာဘုရားသည် ရဟန်းအပေါင်းခြံရံလျက် တရားအားထုတ် ရာ ကျောင်းတော်မှ (တောအုပ်မှ) ထွက်တော်မူ၏။

၂၇။ ‘‘မဟစ္စာ [သဟတ္ထာ (သျာ။ က။)] ကံသပါတိယာ, ဝဍ္ဎေတွာ ပါယသံ [ပါယာသံ (သျာ။ က။)] အဟံ၊

အာဟုတိံ ယိဋ္ဌုကာမော သော, ဥပနေသိံ ဗလိံ အဟံ။

၂၇။ ထိုငါသည် ယဇ်ကြီးကို ပူဇော်လို၍ ကြီးစွာသော ရွှေခွက်လင်ပန်း၌ နို့ဃနာဆွမ်းကို ထည့်ပြီးလျှင် ပူဇော်ဖွယ်ကို (မိမိလက်ဖြင့်) ဆောင်ခဲ့၏။

၂၈။ ‘‘ဘဂဝါ တမှိ သမယေ, လောကဇေဋ္ဌော နရာသဘော၊

စင်္ကမံ သုသမာရူဠှော, အမ္ဗရေ အနိလာယနေ။

၂၈။ လူတို့၏ အကြီးအမှူးဖြစ်၍ လူတို့ထက် မြတ်သော ဘုရားရှင်သည် ထိုအခါ၌ အကာအကွယ် မရှိသော ကောင်းကင်၌ စင်္ကြံသို့ ကောင်းစွာ တက်တော်မူ၏။ (ကြွသွားတော် မူ၏)။

၂၉။ ‘‘တဉ္စ အစ္ဆရိယံ ဒိသွာ, အဗ္ဘုတံ လောမဟံသနံ၊

ဌပယိတွာ ကံသပါတိံ, ဝိပဿိံ အဘိဝါဒယိံ။

၂၉။ ကြက်သီးမွေးညင်း ထလောက်အောင် မဖြစ်စဖူး ထူးကဲသော ထိုအံ့ဩဖွယ်ကိုလည်း ဖူးမြင်ရသောကြောင့် ရွှေခွက်ကို ချထားပြီးသော် ဝိပဿီမြတ်စွာဘုရားကို ရှိခိုး၏။

၃၀။ ‘‘တုဝံ ဒေဝေါသိ [ဗုဒ္ဓေါသိ (သျာ။)] သဗ္ဗညူ, သဒေဝေ သဟမာနုသေ၊

အနုကမ္ပံ ဥပါဒါယ, ပဋိဂဏှ မဟာမုနိ။

၃၀။ မြတ်သော မုနိဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားသည် နတ်နှင့်တကွသော လူနှင့်တကွသော လောက၌ အလုံးစုံသော တရားကို သိတော်မူသော နတ်မြတ် ဖြစ်တော်မူ၏၊ အစဥ်သနားသည်ကို အကြောင်းပြု၍ ခံယူတော်မူပါဘုရား။

၃၁။ ‘‘ပဋိဂ္ဂဟေသိ ဘဂဝါ, သဗ္ဗညူ လောကနာယကော၊

မမ သင်္ကပ္ပမညာယ, သတ္ထာ လောကေ မဟာမုနိ [အနုတ္တရော (သျာ။)]။

၃၁။ လောက၌ မြတ်သော မုနိဖြစ်၍ လူတို့၏ ရှေ့သွား ဆရာဖြစ်တော်မူသော သဗ္ဗညု မြတ်စွာဘုရားသည် အကြံကို သိ၍ အလှူခံတော်မူ၏။

၃၂။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ဒါနမဒဒိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ပါယသဿ [ပါယာသဿ (သျာ။ က။)] ဣဒံ ဖလံ။

၃၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်ကာလ၌ နို့ဃနာဆွမ်း လှူဒါန်းခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် နို့ဃနာ (ဆွမ်း) လှူဒါန်းရခြင်း၏ အကျိုးပေတည်း။

စာ-၁၇၃

၃၃။ ‘‘ဧကတာလီသိတော ကပ္ပေ, ဗုဒ္ဓေါ နာမာသိ ခတ္တိယော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၃၃။ ဤဘဒ္ဒကမ္ဘာမှ လေးဆယ့်တစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဗုဒ္ဓ” မည်သော စကြဝတေးမင်း ဖြစ်ခဲ့ဖူး၏။

၃၄။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ပါယသဒါယကော [ပါယာသဒါယကော (သျာ။ က။)] ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ပါယသဒါယကတ္ထေရဿာပဒါနံ တတိယံ။

၃၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပါယသဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် ပါယသဒါယကတ္ထေရအပဒါန ပြီး၏။

၄။ ဂန္ဓောဒကိယတ္ထေရအပဒါနံ

၃၅။ ‘‘နိသဇ္ဇ ပါသာဒဝရေ, ဝိပဿိံ အဒ္ဒသံ ဇိနံ၊

ကကုဓံ ဝိလသန္တံဝ, သဗ္ဗညုံ တမနာသကံ [သဗ္ဗညုတ္တမနာယကံ (သျာ။), သဗ္ဗညုတမနာသဝံ (က။)]။

၄-ဂန္ဓောဒကိယတ္ထေရအပဒါန ၃၅။ ငါသည် မြတ်သောပြာသာဒ်၌ ထိုင်နေလျက် အလုံးစုံသော တရားတို့ကို သိ၍ အမိုက်တိုက်ကို ပယ်ဖျောက်တော်မူသော ပင်လုံးကျွတ်ပွင့်၍ တင့်တယ်သော ရေခတက်ပင် သဖွယ်လည်းဖြစ်သော ငါးမာရ်အောင်မြင် ဝိပဿီဘုရားရှင်ကို ဖူးမြင်ရ၏။

၃၆။ ‘‘ပါသာဒဿာဝိဒူရေ စ, ဂစ္ဆတိ လောကနာယကော၊

ပဘာ နိဒ္ဓါဝတေ တဿ, ယထာ စ သတရံသိနော။

၃၆။ လူတို့၏ ရှေ့သွား မြတ်စွာဘုရားသည် ပြာသာဒ်၏ အနီး၌ ကြွသွားတော်မူ၏၊ ထို မြတ်စွာဘုရား၏ အရောင်သည် နေမင်း၏ အရောင်ကဲ့သို့ ကွန့်မြူးပေးသွားတော်မူ၏။

၃၇။ ‘‘ဂန္ဓောဒကဉ္စ ပဂ္ဂယှ, ဗုဒ္ဓသေဋ္ဌံ သမောကိရိံ၊

တေန စိတ္တပ္ပသာဒေန, တတ္ထ ကာလင်္ကတော အဟံ။

၃၇။ (ထိုအခါ ငါသည် ) နံ့သာရေကိုလည်း ယူ၍ မြတ်စွာဘုရားကို ပက်ဖျန်းပူဇော်၏၊ ငါသည် ထိုကြည်ညိုသော စိတ်နှင့်တကွ ထိုအရပ်၌ပင် သေလွန်ခဲ့ရ၏။

၃၈။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ဂန္ဓောဒကမာကိရိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၃၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ နံ့သာရေကို ပက်ဖျန်းပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဘုရားအား နံ့သာရေ ပက်ဖျန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၃၉။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, သုဂန္ဓော နာမ ခတ္တိယော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၃၉။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သုဂန္ဓ”မည်သော စကြဝတေးမင်းသည် ဖြစ်ခဲ့ဖူး၏။

၄၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဂန္ဓောဒကိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဂန္ဓောဒကိယတ္ထေရဿာပဒါနံ စတုတ္ထံ။

၄၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဂန္ဓောဒကိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် ဂန္ဓောဒကိယတ္ထေရအပဒါန ပြီး၏။

၅။ သမ္မုခါထဝိကတ္ထေရအပဒါနံ

၄၁။ ‘‘ဇာယမာနေ ဝိပဿိမှိ, နိမိတ္တံ ဗျာကရိံ အဟံ၊

‘နိဗ္ဗာပယိဉ္စ [နိဗ္ဗာပယံ စ (သီ။ သျာ။), နိဗ္ဗာပယန္တော (?)] ဇနတံ, ဗုဒ္ဓေါ လောကေ ဘဝိဿတိ။

၅-သမ္မုခါထဝိကတ္ထေရအပဒါန ၄၁။ ဝိပဿီဘုရားအလောင်းသည် ဖွားမြင်လတ်သော် လောက၌ မြတ်စွာဘုရား ပွင့်လတ္တံ့၊ လူအပေါင်းကိုလည်း ငြိမ်းအေးစေလတ္တံ့ (ဟု) ငါသည် ဘုရားဖြစ်ကြောင်း နိမိတ်ကို ဖတ်ကြားပြောဆို၏။

စာ-၁၇၄

၄၂။ ‘‘‘ယသ္မိဉ္စ ဇာယမာနသ္မိံ, ဒသသဟဿိ ကမ္ပတိ၊

သော ဒါနိ ဘဂဝါ သတ္ထာ, ဓမ္မံ ဒေသေတိ စက္ခုမာ။

၄၂။ အကြင်မြတ်စွာဘုရားသည် ဖွားမြင်လတ်သော် တစ်သောင်းသော လောကဓာတ်သည် တုန်လှုပ်၏၊ လူနတ်တို့၏ ဆရာဖြစ်သော စက္ခုငါးပါးနှင့် ပြည့်စုံသော ထိုမြတ်စွာဘုရားသည် တရားတော်ကို ဟောလတ္တံ့။

၄၃။ ‘‘‘ယသ္မိဉ္စ ဇာယမာနသ္မိံ, အာလောကော ဝိပုလော အဟု၊

သော ဒါနိ ဘဂဝါ သတ္ထာ, ဓမ္မံ ဒေသေတိ စက္ခုမာ။

၄၃။ အကြင်မြတ်စွာဘုရားသည် ဖွားမြင်လတ်သော် ပြန့်ပြောစွာသော အလင်းရောင်သည် ဖြစ်၏၊ လူနတ်တို့၏ ဆရာဖြစ်သော စက္ခုငါးပါးနှင့် ပြည့်စုံသော ထိုမြတ်စွာဘုရားသည် တရားတော်ကို ဟောလတ္တံ့။

၄၄။ ‘‘‘ယသ္မိဉ္စ ဇာယမာနသ္မိံ, သရိတာယော န သန္ဒယုံ [သန္ဒိသုံ (သီ။ သျာ။)]၊

သော ဒါနိ ဘဂဝါ သတ္ထာ, ဓမ္မံ ဒေသေတိ စက္ခုမာ။

၄၄။ အကြင်မြတ်စွာဘုရားသည် ဖွားမြင်လတ်သော် မြစ်တို့သည် မစီးကုန်၊ လူနတ်တို့၏ ဆရာဖြစ်သော စက္ခုငါးပါးနှင့် ပြည့်စုံသော ထိုမြတ်စွာဘုရားသည် တရားတော်ကို ဟော လတ္တံ့။

၄၅။ ‘‘‘ယသ္မိဉ္စ ဇာယမာနသ္မိံ, အဝီစဂ္ဂိ န ပဇ္ဇလိ၊

သော ဒါနိ ဘဂဝါ သတ္ထာ, ဓမ္မံ ဒေသေတိ စက္ခုမာ။

၄၅။ အကြင်မြတ်စွာဘုရားသည် ဖွားမြင်လတ်သော် အဝီစိငရဲမီးသည်လည်း အလျှံ မထွက် (ငြိမ်း၏)၊ လူနတ်တို့၏ ဆရာဖြစ်သော စက္ခုငါးပါးနှင့် ပြည့်စုံသော ထိုမြတ်စွာဘုရား သည် တရားတော်ကို ဟောလတ္တံ့။

၄၆။ ‘‘‘ယသ္မိဉ္စ ဇာယမာနသ္မိံ, ပက္ခိသံဃော န သံစရိ၊

သော ဒါနိ ဘဂဝါ သတ္ထာ, ဓမ္မံ ဒေသေတိ စက္ခုမာ။

၄၆။ အကြင်မြတ်စွာဘုရားသည် ဖွားမြင်လတ်သော် ငှက်အပေါင်းသည် လှည့်လည်ပျံသွား ခြင်း မရှိ၊ လူနတ်တို့၏ ဆရာဖြစ်သော စက္ခုငါးပါးနှင့် ပြည့်စုံသော ထိုမြတ်စွာဘုရားသည် တရားတော်ကို ဟောလတ္တံ့။

၄၇။ ‘‘‘ယသ္မိဉ္စ ဇာယမာနသ္မိံ, ဝါတက္ခန္ဓော န ဝါယတိ၊

သော ဒါနိ ဘဂဝါ သတ္ထာ, ဓမ္မံ ဒေသေတိ စက္ခုမာ။

၄၇။ အကြင်မြတ်စွာဘုရားသည် ဖွားမြင်လတ်သော် လေသည် မတိုက်ခတ်၊ လူနတ်တို့၏ ဆရာဖြစ်သော စက္ခုငါးပါးနှင့် ပြည့်စုံသော ထိုမြတ်စွာဘုရားသည် တရားတော်ကို ဟော လတ္တံ့။

၄၈။ ‘‘‘ယသ္မိဉ္စ ဇာယမာနသ္မိံ, သဗ္ဗရတနာနိ ဇောတယုံ [ဇောတိသုံ (သီ။ သျာ။)]၊

သော ဒါနိ ဘဂဝါ သတ္ထာ, ဓမ္မံ ဒေသေတိ စက္ခုမာ။

၄၈။ အကြင်မြတ်စွာဘုရားသည် ဖွားမြင်လတ်သော် ခပ်သိမ်းသော ရတနာတို့သည် တောက်ပကုန်၏၊ လူနတ်တို့၏ ဆရာဖြစ်သော စက္ခုငါးပါးနှင့် ပြည့်စုံသော ထိုမြတ်စွာဘုရား သည် တရားတော်ကို ဟောလတ္တံ့။

၄၉။ ‘‘‘ယသ္မိဉ္စ ဇာယမာနသ္မိံ, သတ္တာသုံ ပဒဝိက္ကမာ၊

သော ဒါနိ ဘဂဝါ သတ္ထာ, ဓမ္မံ ဒေသေတိ စက္ခုမာ။

၄၉။ အကြင်မြတ်စွာဘုရားသည် ဖွားမြင်လတ်သော် ခုနစ်ဖဝါး လှမ်းကြွခြင်းတို့သည် ဖြစ်ကုန်၏၊ လူနတ်တို့၏ ဆရာဖြစ်သော စက္ခုငါးပါးနှင့် ပြည့်စုံသော ထိုမြတ်စွာဘုရားသည် တရားတော်ကို ဟောလတ္တံ့။

၅၀။ ‘‘‘ဇာတမတ္တော စ သမ္ဗုဒ္ဓေါ, ဒိသာ သဗ္ဗာ ဝိလောကယိ၊

ဝါစာသဘိမုဒီရေသိ, ဧသာ ဗုဒ္ဓါန ဓမ္မတာ’။

၅၀။ ဘုရားအလောင်းတော်သည် ဖွားပြီးကာစ ဖြစ်လျက်သာလျှင် ခပ်သိမ်းသော အရပ် တို့ကို ကြည့်ရှု၏၊ ‘အဂ္ဂေါဟမသ္မိ’ စသော မြတ်သော စကားကို မြွက်တော်မူ၏။ ဤသို့ မြွက် တော်မူခြင်းသည် ဘုရားအလောင်းတော်တို့၏ သဘောဓမ္မတာတည်း။

၅၁။ ‘‘သံဝေဇယိတွာ ဇနတံ, ထဝိတွာ လောကနာယကံ၊

သမ္ဗုဒ္ဓံ အဘိဝါဒေတွာ, ပက္ကာမိံ ပါစိနာမုခေါ။

၅၁။ ငါသည် လူအပေါင်းကို ထိတ်လန့်စေ၍ မြတ်စွာဘုရားဂုဏ်တော်ကို ချီးမွမ်းပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ အရှေ့အရပ်သို့ ရှေးရှုဖဲသွားခဲ့၏။

၅၂။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ဗုဒ္ဓမဘိထောမယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ထောမနာယ ဣဒံ ဖလံ။

၅၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ မြတ်စွာဘုရားကို ချီးမွမ်းခဲ့သော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ချီးမွမ်းရခြင်း၏ အကျိုးပေတည်း။

၅၃။ ‘‘ဣတော နဝုတိကပ္ပမှိ, သမ္မုခါထဝိကဝှယော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၅၃။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာကိုးဆယ်ထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သမ္မုခါထဝိက” မည်သော စကြဝတေးမင်းသည် ဖြစ်ခဲ့ ဖူး၏။

၅၄။ ‘‘ပထဝီဒုန္ဒုဘိ နာမ [ဒုဒ္ဒသိ နာမ (က။)], ဧကူနနဝုတိမှိတော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၅၄။ ဤဘဒ္ဒကမ္ဘာမှ ရှစ်ဆယ့်ကိုးကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့့်ဗိုလ်ပါအင်အားရှိသော “ပထဝီဒုန္ဒုဘိ” မည်သော စကြဝတေးမင်းသည် ဖြစ်ခဲ့ ဖူး၏။

စာ-၁၇၅

၅၅။ ‘‘အဋ္ဌာသီတိမှိတော ကပ္ပေ, ဩဘာသော နာမ ခတ္တိယော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၅၅။ ဤဘဒ္ဒကမ္ဘာမှ ရှစ်ဆယ့်ရှစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဩဘာသ” မည်သော စကြဝတေးမင်းသည် ဖြစ်ခဲ့ဖူး၏။

၅၆။ ‘‘သတ္တာသီတိမှိတော ကပ္ပေ, သရိတစ္ဆေဒနဝှယော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၅၆။ ဤဘဒ္ဒကမ္ဘာမှ ရှစ်ဆယ့်ခုနစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သရိတစ္ဆေဒန” မည်သော စကြဝတေးမင်းသည် ဖြစ်ခဲ့ ဖူး၏။

၅၇။ ‘‘အဂ္ဂိနိဗ္ဗာပနော နာမ, ကပ္ပါနံ ဆဠသီတိယာ၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၅၇။ ရှစ်ဆယ့်ခြောက်ကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “အဂ္ဂိနိဗ္ဗာပန” မည်သော စကြဝတေးမင်းသည် ဖြစ်ခဲ့ဖူး၏။

၅၈။ ‘‘ဂတိပစ္ဆေဒနော နာမ, ကပ္ပါနံ ပဉ္စသီတိယာ၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၅၈။ ရှစ်ဆယ့်ငါးကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဂတိပစ္ဆေဒန” မည်သော စကြဝတေးမင်းသည် ဖြစ်ခဲ့ဖူး၏။

၅၉။ ‘‘ရာဇာ ဝါတသမော နာမ, ကပ္ပါနံ စုလ္လသီတိယာ၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၅၉။ ရှစ်ဆယ့်လေးကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဝါတသမ” မည်သော စကြဝတေးမင်းသည် ဖြစ်ခဲ့ဖူး၏။

၆၀။ ‘‘ရတနပဇ္ဇလော နာမ, ကပ္ပါနံ တေအသီတိယာ၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၆၀။ ရှစ်ဆယ့်သုံးကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ရတနပဇ္ဇလ” မည်သော စကြဝတေးမင်းသည် ဖြစ်ခဲ့ဖူး၏။

၆၁။ ‘‘ပဒဝိက္ကမနော နာမ, ကပ္ပါနံ ဒွေအသီတိယာ၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၆၁။ ရှစ်ဆယ့်နှစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ပဒဝိက္ကမန” မည်သော စကြဝတေးမင်းသည် ဖြစ်ခဲ့ဖူး၏။

၆၂။ ‘‘ရာဇာ ဝိလောကနော နာမ, ကပ္ပါနံ ဧကသီတိယာ၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၆၂။ ရှစ်ဆယ့်တစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဝိလောကန” မည်သော စကြဝတေးမင်းသည် ဖြစ်ခဲ့ဖူး၏။

၆၃။ ‘‘ဂိရသာရောတိ နာမေန, ကပ္ပေသီတိမှိ ခတ္တိယော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၆၃။ ရှစ်ဆယ်သော ကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဝိရသာရ” မည်သော စကြဝတေးမင်းသည် ဖြစ်ခဲ့ဖူး၏။

၆၄။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ သမ္မုခါထဝိကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

သမ္မုခါထဝိကတ္ထေရဿာပဒါနံ ပဉ္စမံ။

၆၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သမ္မုခါထဝိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် သမ္မုခါထဝိကတ္ထေရအပဒါန ပြီး၏။

၆။ ကုသုမာသနိယတ္ထေရအပဒါနံ

၆၅။ ‘‘နဂရေ ဓညဝတိယာ, အဟောသိံ ဗြာဟ္မဏော တဒါ၊

လက္ခဏေ ဣတိဟာသေ စ, သနိဃဏ္ဍုသကေဋုဘေ။

၆-ကုသုမာသနိယတ္ထေရအပဒါန ၆၅-၆၆။ ဓညဝတီမြို့တော်၌ (ငါသည် ) ပုဏ္ဏားဖြစ်၏၊ ထိုအခါ အဘိဓာန်ကျမ်း, အလင်္ကာကျမ်းနှင့်တကွသော သာမုဒြိကလက္ခဏာကျမ်း၌လည်းကောင်း၊ ဣတိဟာသကျမ်း၌လည်းကောင်း (လိမ္မာ၏)။ ပုဒ်၌လည်းကောင်း၊ ဗျာကရုဏ်းကျမ်း၌လည်းကောင်း တတ် မြောက်၏။ နိမိတ်အရာ၌ လိမ္မာ၏၊ ငါသည် ဗေဒင်သုံးပုံတို့ကို တစ်ဖက်ကမ်းရောက် တတ် မြောက်၍ ဗေဒင်တို့ကို တပည့်တို့အား ပို့ချ၏။

စာ-၁၇၆

၆၆။ ‘‘ပဒကော ဝေယျာကရဏော, နိမိတ္တကောဝိဒေါ အဟံ၊

မန္တေ စ သိဿေ ဝါစေသိံ, တိဏ္ဏံ ဝေဒါန ပါရဂူ။

၆၇။ ‘‘ပဉ္စ ဥပ္ပလဟတ္ထာနိ, ပိဋ္ဌိယံ ဌပိတာနိ မေ၊

အာဟုတိံ ယိဋ္ဌုကာမောဟံ, ပိတုမာတုသမာဂမေ။

၆၇။ ငါသည် မိဘနှစ်ပါး အစုံအညီရောက်လာသောအခါ၌ ပူဇော်ဖွယ်ကို ပူဇော်လို၍ ကြာပန်းငါးစည်းတို့ကို အင်းပျဥ်၌ ထားအပ်ကုန်၏။

၆၈။ ‘‘တဒါ ဝိပဿီ ဘဂဝါ, ဘိက္ခုသံဃပုရက္ခတော၊

ဩဘာသေန္တော ဒိသာ သဗ္ဗာ, အာဂစ္ဆတိ နရာသဘော။

၆၈။ ထိုအခါ လူတို့ထက် မြတ်တော်မူသော ဝိပဿီမြတ်စွာဘုရားသည် ရဟန်းအပေါင်း ခြံရံ၍ ခပ်သိမ်းသော အရပ်တို့ကို ထွန်းတောက်ပစေလျက် ကြွလာတော်မူ၏။

၆၉။ ‘‘အာသနံ ပညပေတွာန, နိမန္တေတွာ မဟာမုနိံ၊

သန္ထရိတွာန တံ ပုပ္ဖံ, အဘိနေသိံ သကံ ဃရံ။

၆၉။ နေရာခင်းထားပြီးလျှင် မြတ်စွာဘုရားကို ပင့်ဖိတ်၍ ထိုပန်းတို့ကို ဖြန့်ခင်းလျက် မိမိအိမ်သို့ ပင့်ဆောင်လေ၏။

၇၀။ ‘‘ယံ မေ အတ္ထိ သကေ ဂေဟေ, အာမိသံ ပစ္စုပဋ္ဌိတံ၊

တာဟံ ဗုဒ္ဓဿ ပါဒါသိံ, ပသန္နော သေဟိ ပါဏိဘိ။

၇၀။ ငါသည် မိမိအိမ်၌ ရှေးရှုတည်သော စားသောက်ဖွယ်ကို မြတ်စွာဘုရားအား ကြည် ညိုလှသည်ဖြစ်၍မိမိလက်တို့ဖြင့် ပေးလှူခဲ့၏။

၇၁။ ‘‘ဘုတ္တာဝိံ ကာလမညာယ, ပုပ္ဖဟတ္ထမဒါသဟံ၊

အနုမောဒိတွာန သဗ္ဗညူ, ပက္ကာမိ ဥတ္တရာမုခေါ။

၇၁။ ဆွမ်းစားပြီးဖြစ်သော အခါကို သိ၍ ငါသည် ပန်းစည်းကို ပေးလှူ၏၊ မြတ်စွာဘုရားသည် ပန်းအနုမောဒနာပြုတော်မူ၍ မြောက်အရပ်သို့ ရှေးရှုကြွသွားတော်မူ၏။

၇၂။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဒဒိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ပုပ္ဖဒါနဿိဒံ ဖလံ။

၇၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပန်းစည်းလှူဒါန်းခဲ့ရသော အခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပန်းလှူဒါန်းရခြင်း၏ အကျိုးပေတည်း။

၇၃။ ‘‘အနန္တရံ ဣတော ကပ္ပေ, ရာဇာဟုံ ဝရဒဿနော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၇၃။ ဤဘဒ္ဒကမ္ဘာမှ အခြားမဲ့ကမ္ဘာ၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဝရဒဿန”မည်သော စကြဝတေးမင်း ဖြစ်ခဲ့ဖူး၏။

၇၄။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ကုသုမာသနိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ကုသုမာသနိယတ္ထေရဿာပဒါနံ ဆဋ္ဌံ။

၇၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ကုသုမာသနိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် ကုသုမာသနိယတ္ထေရအပဒါန ပြီး၏။

၇။ ဖလဒါယကတ္ထေရအပဒါနံ

၇၅။ ‘‘အဇ္ဈာယကော မန္တဓရော, တိဏ္ဏံ ဝေဒါန ပါရဂူ၊

ဟိမဝန္တဿာဝိဒူရေ, ဝသာမိ အဿမေ အဟံ။

၇-ဖလဒါယကတ္ထေရအပဒါန ၇၅။ ဗေဒင်ကို သရဇ္ဈာယ်တတ်သော ဗေဒင်ကို ဆောင်သော ဗေဒင်သုံးပုံတို့၌ တစ်ဖက် ကမ်းရောက် တတ်မြောက်သော ငါသည် ဟိမဝန္တာတောင်၏ အနီးဖြစ်သော သင်္ခမ်းကျောင်း၌ နေ၏။

၇၆။ ‘‘အဂ္ဂိဟုတ္တဉ္စ မေ အတ္ထိ, ပုဏ္ဍရီကဖလာနိ စ၊

ပုဋကေ နိက္ခိပိတွာန, ဒုမဂ္ဂေ လဂ္ဂိတံ မယာ။

၇၆။ ငါ့အား မီးကို လုပ်ကျွေးပူဇော်ခြင်းသည်လည်း ရှိ၏၊ ငါသည် သရက်ဖြူသီးတို့ကို အိတ်၌ ထည့်သွင်း၍ ထိုအိတ်ကို သစ်ပင်ဖျား၌ ဆွဲထားအပ်၏။

စာ-၁၇၇

၇၇။ ‘‘ပဒုမုတ္တရော လောကဝိဒူ, အာဟုတီနံ ပဋိဂ္ဂဟော၊

မမုဒ္ဓရိတုကာမော သော, ဘိက္ခန္တော မမုပါဂမိ။

၇၇။ လောကကို သိတော်မူသည် ဖြစ်၍ ပူဇော်ဖွယ် ပစ္စည်းဝတ္ထုတို့ကို ခံတော်မူထိုက် သော ထိုပဒုမုတ္တရမြတ်စွာဘုရားသည် ငါ့ကို (သံသရာမှ) ထုတ်ဆောင်လိုသည်ဖြစ်၍ (ဆွမ်းခံ လျက် ဆွမ်းစားခါနီး အချိန်၌) ငါ၏ အထံသို့ ချဥ်းကပ်တော်မူ၏။

၇၈။ ‘‘ပသန္နစိတ္တော သုမနော, ဖလံ ဗုဒ္ဓဿဒါသဟံ၊

ဝိတ္တိသဉ္ဇနနော မယှံ, ဒိဋ္ဌဓမ္မသုခါဝဟော။

၇၈-၇၉။ ငါသည် ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ သစ်သီးကို မြတ်စွာဘုရား အား ပေးလှူ၏၊ ငါ၏ မျက်မှောက်ချမ်းသာကို ဆောင်တတ်သည်ဖြစ်၍ နှစ်သက်ခြင်းကို ဖြစ်စေတတ်သော လှူဖွယ်ပစ္စည်းဝတ္ထုတို့ကို ခံတော်မူထိုက်သော လူနတ်တို့၏ ဆရာဖြစ်တော် မူသော ရွှေအဆင်းနှင့်တူသော အဆင်းရှိသော မြတ်စွာဘုရားသည် ကောင်းကင်၌ ရပ်တည် လျက် ဤဆိုမည့်ဂါထာကို မိန့်တော်မူ၏။

၇၉။ ‘‘သုဝဏ္ဏဝဏ္ဏော သမ္ဗုဒ္ဓေါ, အာဟုတီနံ ပဋိဂ္ဂဟော၊

အန္တလိက္ခေ ဌိတော သတ္ထာ, ဣမံ ဂါထံ အဘာသထ။

၈၀။ ‘‘‘ဣမိနာ ဖလဒါနေန, စေတနာပဏိဓီဟိ စ၊

ကပ္ပါနံ သတသဟဿံ, ဒုဂ္ဂတိံ နုပပဇ္ဇသိ’။

၈၀။ ဤသစ်သီးအလှူကြောင့်လည်းကောင်း၊ စေတနာတောင့်တမှုတို့ကြောင့်လည်းကောင်း ကမ္ဘာတစ်သိန်းတို့ပတ်လုံး အပါယ်လေးပါးသို့ မလားမရောက်ရလတ္တံ့ (ဟု ဤသို့ မိန့်တော် မူ၏)။

၈၁။ ‘‘တေနေဝ သုက္ကမူလေန, အနုဘောတွာန သမ္ပဒါ၊

ပတ္တောမှိ အစလံ ဌာနံ, ဟိတွာ ဇယပရာဇယံ။

၈၁။ ထိုဖြူစင်သော ကုသိုလ်အကြောင်းရင်းကြောင့်သာလျှင် စည်းစိမ်တို့ကို ခံစား၍ အောင်ခြင်း ရှုံးခြင်းကို ပယ်စွန့်ပြီးလျှင် တုန်လှုပ်ခြင်း မရှိသော နိဗ္ဗာန်သို့ ရောက်ရ၏။

၈၂။ ‘‘ဣတော သတ္တသတေ ကပ္ပေ, ရာဇာ အာသိံ သုမင်္ဂလော၊

သတ္တရတနသမ္ပန္နော စက္ကဝတ္တီ မဟဗ္ဗလော။

၈၂။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာခုနစ်ရာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သုမင်္ဂလ” စကြဝတေးမင်းသည် ဖြစ်ခဲ့ဖူး၏။

၈၃။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဖလဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဖလဒါယကတ္ထေရဿာပဒါနံ သတ္တမံ။

၈၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် ဖလဒါယကတ္ထေရအပဒါန ပြီး၏။

၈။ ဉာဏသညိကတ္ထေရအပဒါနံ

၈၄။ ‘‘ပဗ္ဗတေ ဟိမဝန္တမှိ, ဝသာမိ ပဗ္ဗတန္တရေ၊

ပုလိနံ သောဘနံ ဒိသွာ, ဗုဒ္ဓသေဋ္ဌံ အနုဿရိံ။

၈-ဉာဏသညိကတ္ထေရအပဒါန ၈၄။ ငါသည် ဟိမဝန္တာတောင်ကြား၌ နေ၏၊ (ထိုအခါ) တင့်တယ်သော သဲကို မြင်ရ၍ မြတ်စွာဘုရားကို အစဥ်အောက်မေ့၏။

၈၅။ ‘‘ဉာဏေ ဥပနိဓာ နတ္ထိ, သင်္ခါရံ [သင်္ဂါမံ (သီ။ သျာ။), သင်္ခါတံ (ထေရဂါထာ အဋ္ဌ။)] နတ္ထိ သတ္ထုနော၊

သဗ္ဗဓမ္မံ အဘိညာယ, ဉာဏေန အဓိမုစ္စတိ။

၈၅။ ဉာဏ်တော်၌ နှိုင်းရှည့်ထောက်ထားစရာ ဥပမာသည် မရှိပေ၊ မြတ်စွာဘုရားအား ပြုပြင်ခြင်းသည်လည်း မရှိပေ၊ ခပ်သိမ်းသော တရားကို အထူးသိတော်မူ၍ အရဟတ္တမဂ်ဉာဏ် တော်ဖြင့် (ကိလေသာမှ) လွတ်တော်မူ၏။

၈၆။ ‘‘နမော တေ ပုရိသာဇည, နမော တေ ပုရိသုတ္တမ၊

ဉာဏေန တေ သမော နတ္ထိ, ယာဝတာ ဉာဏမုတ္တမံ။

၈၆။ ယောကျာ်းမြတ်အာဇာနည် ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုး ပါ၏၊ ယောကျာ်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ မြတ် သောဉာဏ်ရှိသမျှအနက် အရှင်ဘုရား၏ ဉာဏ်တော်နှင့်တူသော တရားသည် မရှိတော့ပါပေ။

၈၇။ ‘‘ဉာဏေ စိတ္တံ ပသာဒေတွာ, ကပ္ပံ သဂ္ဂမှိ မောဒဟံ၊

အဝသေသေသု ကပ္ပေသု, ကုသလံ စရိတံ [ကရိတံ (သီ။ သျာ။), ကိရိယံ (က။)] မယာ။

၈၇။ ငါသည် ဉာဏ်တော်၌ စိတ်ကို ကြည်ညိုစေ၍ ကမ္ဘာပတ်လုံး နတ်ပြည်၌ မွေ့လျော်ရ၏၊ ကြွင်းသော ကမ္ဘာတို့၌ ငါသည် ကုသိုလ်ကို ပြုကျင့်အပ်၏။

စာ-၁၇၈

၈၈။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ သညမလဘိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဉာဏသညာယိဒံ ဖလံ။

၈၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ဘုရားဟူသော အမှတ်သညာကို ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဉာဏ်တော်၌ အမှတ်သညာ ရခြင်း၏ အကျိုးပေတည်း။

၈၉။ ‘‘ဣတော သတ္တတိကပ္ပမှိ [တေသတ္တတိကပ္ပေ (သီ။ သျာ။)], ဧကော ပုလိနပုပ္ဖိယော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၈၉။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာခုနစ်ဆယ်ထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ပုလိနပုပ္ဖိယ”စကြဝတေးမင်း တစ်ကြိမ် ဖြစ်ဖူး၏။

၉၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဉာဏသညိကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဉာဏသညိကတ္ထေရဿာပဒါနံ အဋ္ဌမံ။

၉၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဉာဏသညိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် ဉာဏသညိကတ္ထေရအပဒါန ပြီး၏။

၉။ ဂဏ္ဌိပုပ္ဖိယတ္ထေရအပဒါနံ

၉၁။ ‘‘သုဝဏ္ဏဝဏ္ဏော သမ္ဗုဒ္ဓေါ, ဝိပဿီ ဒက္ခိဏာရဟော၊

ပုရက္ခတော သာဝကေဟိ, အာရာမာ အဘိနိက္ခမိ။

၉-ဂဏ္ဌိပုပ္ဖိယတ္ထေရအပဒါန ၉၁။ ရွှေအဆင်းနှင့် တူသော အဆင်းရှိတော်မူသော မြတ်သော အလှူကို ခံတော်မူ ထိုက်သော ဝိပဿီမြတ်စွာဘုရားသည် တပည့်တို့ဖြင့် ခြံရံလျက် ကျောင်းအရံမှ ထွက်တော် မူ၏။

၉၂။ ‘‘ဒိသွာနဟံ ဗုဒ္ဓသေဋ္ဌံ, သဗ္ဗညုံ တမနာသကံ၊

ပသန္နစိတ္တော သုမနော, ဂဏ္ဌိပုပ္ဖံ [ဂတမဂ္ဂံ (သျာ။ က။)] အပူဇယိံ။

၉၂။ ငါသည် အလုံးစုံသော တရားကို သိတော်မူသည်ဖြစ်၍ အမိုက်တိုက်ကို ပယ် ဖျောက်တော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရသောကြောင့် ကြည်ညိုဝမ်းမြောက်သော စိတ်ရှိ သည်ဖြစ်လျက် ညဥ့်မွှေးပန်းကို ကြွတော်မူသော ခရီးလမ်း၌ ကြဲဖြန့်ပူဇော်၏။

၉၃။ ‘‘တေန စိတ္တပ္ပသာဒေန, ဒွိပဒိန္ဒဿ တာဒိနော၊

ဟဋ္ဌော ဟဋ္ဌေန စိတ္တေန, ပုန ဝန္ဒိံ တထာဂတံ။

၉၃။ အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရသည်ဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံ တော်မူသော မြတ်စွာဘုရားအား ထိုပန်းပူဇော်ရသော စိတ်၏ ကြည်လင်မှုကြောင့် ရွှင်လန်း သော ငါသည် ရွှင်လန်းသော စိတ်ဖြင့် မြတ်စွာဘုရားကို တစ်ဖန် ရှိခိုး၏။

၉၄။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိရောပယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၉၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို တင်လှူပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဘုရားအား ပန်းပူ ဇော်ရခြင်း၏ အကျိုးပေတည်း။

၉၅။ ‘‘ဧကတာလီသိတော ကပ္ပေ, စရဏော နာမ ခတ္တိယော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၉၅။ ဤဘဒ္ဒကမ္ဘာမှ လေးဆယ့်တစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “စရဏ”မည်သော စကြဝတေးမင်း ဖြစ်ခဲ့ဖူး၏။

၉၆။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဂဏ္ဌိပုပ္ဖိယော [ဂန္ဓပုပ္ဖိယော (သျာ။ က။)] ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဂဏ္ဌိပုပ္ဖိယတ္ထေရဿာပဒါနံ နဝမံ။

၉၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဂဏ္ဌိပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် ဂဏ္ဌိပုပ္ဖိယတ္ထေရအပဒါန ပြီး၏။

စာ-၁၇၉

၁၀။ ပဒုမပူဇကတ္ထေရအပဒါနံ

၉၇။ ‘‘ဟိမဝန္တဿာဝိဒူရေ, ဂေါတမော နာမ ပဗ္ဗတော၊

နာနာရုက္ခေဟိ သဉ္ဆန္နော, မဟာဘူတဂဏာလယော။

၁၀-ပဒုမပူဇကတ္ထေရအပဒါန ၉၇။ ဟိမဝန္တာတောင်၏ အနီး အမျိုးမျိုးသော သစ်ပင်တို့ဖြင့် ဖုံးလွှမ်းသည်ဖြစ်၍ များစွာသော နဂါးအပေါင်းတို့၏ နေရာဖြစ်သော ဂေါတမမည်သော တောင်သည် ရှိ၏။

၉၈။ ‘‘ဝေမဇ္ဈမှိ စ တဿာသိ, အဿမော အဘိနိမ္မိတော၊

ပုရက္ခတော သသိဿေဟိ, ဝသာမိ အဿမေ အဟံ။

၉၈။ ထိုတောင်၏ အလယ်၌ ဖန်ဆင်းထားသော သင်္ခမ်းကျောင်းသည်လည်း ရှိ၏၊ ငါသည် မိမိတပည့်တို့ဖြင့် ခြံရံလျက် ထိုသင်္ခမ်းကျောင်း၌ နေ၏။

၉၉။ ‘‘အာယန္တု မေ သိဿဂဏာ, ပဒုမံ အာဟရန္တု မေ၊

ဗုဒ္ဓပူဇံ ကရိဿာမိ, ဒွိပဒိန္ဒဿ တာဒိနော။

၉၉။ ငါ၏ တပည့်အပေါင်းတို့ လာကြကုန်လော့၊ ငါ၏ အထံသို့ ပဒုမ္မာကြာကို ဆောင်ခဲ့ ကြကုန်လော့၊ အခြေနှစ်ချောင်းရှိသူ လူနတ်တို့ကို အစိုးရသည်ဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံ တော်မူသော မြတ်စွာဘုရားအား ငါသည် ပန်းပူဇော်ခြင်းကို ပြုအံ့။

၁၀၀။ ‘‘ဧဝန္တိ တေ ပဋိဿုတွာ, ပဒုမံ အာဟရိံသု မေ၊

တထာ နိမိတ္တံ ကတွာဟံ, ဗုဒ္ဓဿ အဘိရောပယိံ။

၁၀၀။ ထိုတပည့်တို့သည် “ကောင်းပြီ”ဟု ဝန်ခံလျက် ငါ၏ အထံသို့ ပဒုမ္မာကြာကို ဆောင်ကုန်၏၊ ငါသည် ထိုအခြင်းအရာဖြင့် အမှတ်အသားပြု၍ ဘုရားရှင်အား တင်လှူ ပူဇော်၏။

၁၀၁။ ‘‘သိဿေ တဒါ သမာနေတွာ, သာဓုကံ အနုသာသဟံ၊

မာ ခေါ တုမှေ ပမဇ္ဇိတ္ထ, အပ္ပမာဒေါ သုခါဝဟော။

၁၀၁။ ထိုအခါ တပည့်တို့ကို စည်းဝေးစေ၍ ငါသည် ကောင်းစွာ ဆုံးမ၏၊ သင်တို့သည် မမေ့လျော့ကုန်လင့်၊ မမေ့လျော့ခြင်းသည် ချမ်းသာကို ဆောင်တတ်၏။

၁၀၂။ ‘‘ဧဝံ သမနုသာသိတွာ, တေ သိဿေ ဝစနက္ခမေ၊

အပ္ပမာဒဂုဏေ ယုတ္တော, တဒါ ကာလင်္ကတော အဟံ။

၁၀၂။ ဆုံးမခြင်းငှါ လျော်သော ထိုတပည့်တို့ကို ဤသို့ ကောင်းစွာ ဆုံးမ၍ မမေ့လျော့ ခြင်း၏ ဂုဏ်ကျေးဇူး၌ ယှဥ်လျက် ငါသည် ထိုအခါ သေလွန်ခဲ့၏။

၁၀၃။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိရောပယိံ၊

၁၀၃။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို တင်လှူပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဘုရားကို ပန်းပူ ဇော်ရခြင်း၏ အကျိုးပေတည်း။

အရင်းအမြစ်များ

မြန်မာပြန်
ပါဠိတော် မြန်မာပြန် — Ven. Ashin Neminda's MyanmarTipitaka Micro collection

ကျမ်းကိုးကား

  1. Vipassana Research Institute. (n.d.). 11. Bhikkhadāyivaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#498
  2. Vipassana Research Institute. (n.d.). 12. Mahāparivāravaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#499
  3. Vipassana Research Institute. (n.d.). 13. Sereyyavaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#500