အပဒါနပါဠိ (ပ)
ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၁၀၄။ ‘‘ဧကပညာသကပ္ပမှိ, ရာဇာ အာသိံ ဇလုတ္တမော၊
သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။
၁၀၄။ ငါးဆယ့်တစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဇလုတ္တမ”မည်သော စကြဝတေးမင်းသည် ဖြစ်ခဲ့ဖူး၏။
၁၀၅။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ပဒုမပူဇကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ၊
ပဒုမပူဇကတ္ထေရဿာပဒါနံ ဒသမံ။
သေရေယျဝဂ္ဂေါ တေရသမော။
တဿုဒ္ဒါနံ –
သေရေယျကော ပုပ္ဖထူပိ, ပါယသော ဂန္ဓထောမကော၊
အာသနိ ဖလသညီ စ, ဂဏ္ဌိပဒုမပုပ္ဖိယော၊
ပဉ္စုတ္တရသတာ ဂါထာ, ဂဏိတာ အတ္ထဒဿိဘိ။
၁၀၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပဒုမပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် ပဒုမပူဇကတ္ထေရအပဒါန ပြီး၏။ တစ်ဆယ့်သုံးခုမြောက် သေရေယျဝဂ် ပြီး၏။
၁၄။ သောဘိတဝဂ္ဂေါ
၁။ သောဘိတတ္ထေရအပဒါနံ
၁။ ‘‘ပဒုမုတ္တရော နာမ ဇိနော, လောကဇေဋ္ဌော နရာသဘော၊
မဟတော ဇနကာယဿ, ဒေသေတိ အမတံ ပဒံ။
၁၄-သောဘိတဝဂ် ၁-သောဘိတတ္ထေရအပဒါန ၁။ လူတို့၏ အကြီးအမှူးဖြစ်၍ လူတို့ထက် မြတ်သော ပဒုမုတ္တရမြတ်စွာဘုရားသည် များစွာသော လူအပေါင်းအား အမြိုက်နိဗ္ဗာန်ကို ဟောတော်မူ၏။
၂။ ‘‘တဿာဟံ ဝစနံ သုတွာ, ဝါစာသဘိမုဒီရိတံ [ဝါစာသဘိမုဒီရယိံ (?)]၊
အဉ္ဇလိံ ပဂ္ဂဟေတွာန, ဧကဂ္ဂေါ အာသဟံ တဒါ။
၂။ ထိုအခါ ငါသည် ထိုမြတ်စွာဘုရား ဟောကြားတော်မူသော မြတ်သော တရားစကား တော်ကို ကြားနာရ၍ လက်အုပ်ချီပြီးလျှင် တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ နေ၏။
၃။ ‘‘ယထာ သမုဒ္ဒေါ ဥဒဓီနမဂ္ဂေါ, နေရူ နဂါနံ ပဝရော သိလုစ္စယော၊
တထေဝ ယေ စိတ္တဝသေန ဝတ္တရေ, န ဗုဒ္ဓဉာဏဿ ကလံ ဥပေန္တိ တေ။
၃။ သမုဒ္ဒရာသည် မြစ်တကာတို့ထက် မြတ်သကဲ့သို့ မြင်းမိုရ်တောင်သည် တောင်တကာ တို့ထက် မြတ်သကဲ့သို့ ထို့အတူသာလျှင် စိတ်နှင့် စပ်၍ ဖြစ်သမျှ သတ္တဝါတို့သည် သဗ္ဗညုတဉာဏ်တော်၏ ရာထောင်စိတ် တစ်စိတ်ကိုမျှ မမီနိုင်ကုန်။
၄။ ‘‘ဓမ္မဝိဓိံ [ဓမ္မေ ဝိဓိံ (သီ။)] ဌပေတွာန, ဗုဒ္ဓေါ ကာရုဏိကော ဣသိ၊
ဘိက္ခုသံဃေ နိသီဒိတွာ, ဣမာ ဂါထာ အဘာသထ။
၄။ မဟာကရုဏာရှိတော်မူသော သစ္စာလေးပါးကို သိတော်မူသော မြတ်စွာဘုရားသည် တရားဟောခြင်း အစီအရင်ကို ရပ်နားထား၍ ရဟန်းသံဃာအလယ်၌ ထိုင်နေတော်မူပြီးလျှင် ဤဆိုမည့် ဂါထာတို့ကို မိန့်တော်မူ၏။
၅။ ‘‘‘ယော သော ဉာဏံ ပကိတ္တေသိ, ဗုဒ္ဓမှိ လောကနာယကေ၊
ကပ္ပါနံ သတသဟဿံ, ဒုဂ္ဂတိံ န ဂမိဿတိ။
၅။ အကြင်သူသည် လူတို့၏ ရှေ့သွား မြတ်စွာဘုရား၌ ဉာဏ်တော်ကို ချီးမွမ်း၏၊ ထိုသူသည် ကမ္ဘာတစ်သိန်းပတ်လုံး အပါယ်လေးပါးသို့ မလားရလတ္တံ့။
၆။ ‘‘‘ကိလေသေ ဈာပယိတွာန, ဧကဂ္ဂေါ သုသမာဟိတော၊
သောဘိတော နာမ နာမေန, ဟေဿတိ သတ္ထု သာဝကော’။
၆။ ကိလေသာတို့ကို လောင်ကျွမ်းစေ၍ တစ်ခုတည်းသော အာရုံရှိသည့် တည်ကြည်သော စိတ်ရှိသည် ဖြစ်လျက် အမည်အားဖြင့် “သောဘိတ”ဟု ထင်ရှားသော ဘုရား၏ တပည့် သာဝကသည် ဖြစ်လတ္တံ့ (ဟု မိန့်တော်မူ၏)။
၇။ ‘‘ပညာသေ ကပ္ပသဟဿေ, သတ္တေဝါသုံ ယသုဂ္ဂတာ [သမုဂ္ဂတာ (သျာ။)]၊
သတ္တရတနသမ္ပန္နာ, စက္ကဝတ္တီ မဟဗ္ဗလာ။
၇။ ကမ္ဘာငါးသောင်းထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ယသုဂ္ဂတ”မည်သော စကြဝတေးမင်းတို့သည် ခုနစ်ကြိမ် ဖြစ်ဖူးကုန်၏။
၈။ ‘‘ကိလေသာ ဈာပိတာ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ၊
တိဿော ဝိဇ္ဇာ အနုပ္ပတ္တာ, ကတံ ဗုဒ္ဓဿ သာသနံ။
၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ခပ်သိမ်းကုန်သော ဘဝ တို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ သုံးပါးသော ဝိဇ္ဇာတို့သို့ ရောက်အပ်ကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။
၉။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ သောဘိတော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
သောဘိတတ္ထေရဿာပဒါနံ ပဌမံ။
၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သောဘိတမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော သောဘိတတ္ထေရအပဒါန ပြီး၏။
၂။ သုဒဿနတ္ထေရအပဒါနံ
၁၀။ ‘‘ဝိနတာ နဒိယာ [ဝိတ္ထတာယ နဒိယာ (သျာ။)] တီရေ, ပိလက္ခု [ပိလက္ခော (သီ။ ထေရဂါထာ အဋ္ဌ။)] ဖလိတော အဟု၊
တာဟံ ရုက္ခံ ဂဝေသန္တော, အဒ္ဒသံ လောကနာယကံ။
၂-သုဒဿနတ္ထေရအပဒါန ၁၀။ ဝိနတာမြစ်၏ ကမ်းနား၌ အသီး, သီးသော ညောင်ကြတ်ပင်သည် ရှိ၏၊ ငါသည် ထိုသစ်ပင်ကို ရှာဖွေနေစဥ် သိခီမြတ်စွာဘုရားကို ဖူးမြင်ရ၏။
၁၁။ ‘‘ကေတကံ ပုပ္ဖိတံ ဒိသွာ, ဝဏ္ဋေ ဆေတွာနဟံ တဒါ၊
ဗုဒ္ဓဿ အဘိရောပေသိံ, သိခိနော လောကဗန္ဓုနော။
၁၁။ ထိုအခါ ငါသည် ပွင့်သော ဆတ်သွားပန်းကို မြင်၍ ပွင့်ညှာကို ဖြတ်ပြီးလျှင် လောက၏ အဆွေဖြစ်တော်မူသော သိခီမြတ်စွာဘုရားအား ကပ်လှူပူဇော်၏။
၁၂။ ‘‘ယေန ဉာဏေန ပတ္တောသိ, အစ္စုတံ အမတံ ပဒံ၊
တံ ဉာဏံ အဘိပူဇေမိ, ဗုဒ္ဓသေဋ္ဌ မဟာမုနိ။
၁၂။ ဘုရားမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားသည် အကြင်မဂ်ဉာဏ်ဖြင့် ရွေ့လျောခြင်း မရှိသော အမြိုက်နိဗ္ဗာန်သို့ ရောက်တော်မူပါ၏၊ ထိုမဂ်ဉာဏ်တော်ကို ပူဇော် ပါ၏။
၁၃။ ‘‘ဉာဏမှိ ပူဇံ ကတွာန, ပိလက္ခုမဒ္ဒသံ အဟံ၊
ပဋိလဒ္ဓေါမှိ တံ ပညံ [တံ သညံ (သျာ။), တံ ပုညံ (က။)], ဉာဏပူဇာယိဒံ ဖလံ။
၁၃။ ဉာဏ်တော်၌ ပူဇော်ခြင်းကို ပြုပြီးသော် ငါသည် ညောင်ကြတ်ပင်ကို မြင်ရလေ၏၊ ထိုကောင်းမှု၏ အကျိုးဖြစ်သော ဉာဏ်ကို ရပြီးသူ ဖြစ်၏။ ဤသို့ ဖြစ်ရခြင်းသည် ဉာဏ် တော်ကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။
၁၄။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ပုပ္ဖမဘိရောပယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဉာဏပူဇာယိဒံ ဖလံ။
၁၄။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို တင်လှူပူဇော်ခဲ့သော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဉာဏ်တော်ပူဇော်ရ ခြင်း၏ အကျိုးပေတည်း။
၁၅။ ‘‘ဣတော တေရသကပ္ပမှိ, ဒွါဒသာသုံ ဖလုဂ္ဂတာ၊
သတ္တရတနသမ္ပန္နာ, စက္ကဝတ္တီ မဟပ္ဖလာ။
၁၅။ ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်သုံးကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဖလုဂ္ဂတ”အမည်ရှိကုန်သော စကြဝတေးမင်းတို့သည် တစ်ဆယ့်နှစ်ကြိမ် ဖြစ်ခဲ့ဖူးကုန်၏။
၁၆။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ သုဒဿနော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
သုဒဿနတ္ထေရဿာပဒါနံ ဒုတိယံ။
၁၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သုဒဿနမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် သုဒဿနတ္ထေရအပဒါန ပြီး၏။
၃။ စန္ဒနပူဇနကတ္ထေရအပဒါနံ
၁၇။ ‘‘စန္ဒဘာဂါနဒီတီရေ, အဟောသိံ ကိန္နရော တဒါ၊
ပုပ္ဖဘက္ခော စဟံ အာသိံ, ပုပ္ဖါနိဝသနော တထာ [ပုပ္ဖါနံ ဝသနော အဟံ (သျာ။)]။
၃-စန္ဒနပူဇနကတ္ထေရအပဒါန ၁၇။ ထိုအခါ၌ ငါသည် စန္ဒဘာဂါမြစ်၏ ကမ်းနား၌ ကိန္နရာဖြစ်၏၊ ငါသည် ပန်းသာလျှင် အစာအာဟာရ ရှိ၏၊ ထို့အတူ ပန်းသာလျှင် အဝတ်အစုံ ရှိ၏။
၁၈။ ‘‘အတ္ထဒဿီ တု ဘဂဝါ, လောကဇေဋ္ဌော နရာသဘော၊
ဝိပိနဂ္ဂေန နိယျာသိ, ဟံသရာဇာဝ အမ္ဗရေ။
၁၈။ (ထိုအခါ) လောက၏ အကြီးအမှူးဖြစ်၍ လူတို့ထက် မြတ်တော်မူသော အတ္ထဒဿီ မြတ်စွာဘုရားသည် ‘ကောင်းကင်၌ ပျံသွားသော ဟင်္သာမင်းကဲ့သို့’ တော၏ ထိပ်ဖျား၌ ကြွသွားတော်မူ၏။
၁၉။ ‘‘နမော တေ ပုရိသာဇည, စိတ္တံ တေ သုဝိသောဓိတံ၊
ပသန္နမုခဝဏ္ဏောသိ, ဝိပ္ပသန္နမုခိန္ဒြိယော။
၁၉။ ယောကျာ်းမြတ်အာဇာနည် ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ အရှင်ဘုရားသည် စိတ်ကို ကောင်းစွာ သုတ်သင်တတ်၏၊ ကြည်လင်သော မျက်နှာ အဆင်းရှိတော်မူ၏၊ အထူးသဖြင့် ကြည်လင်သော မျက်နှာဣန္ဒြေတော် ရှိ၏။
၂၀။ ‘‘ဩရောဟိတွာန အာကာသာ, ဘူရိပညော သုမေဓသော၊
သံဃာဋိံ ပတ္ထရိတွာန, ပလ္လင်္ကေန ဥပါဝိသိ။
၂၀။ ‘မြေကြီးကဲ့သို့’ ကြီးမားသော ပညာ, ကောင်းသော ပညာရှိတော်မူသော မြတ်စွာဘုရားသည် ကောင်းကင်မှ ဆင်းသက်တော်မူ၍ ဒုကုဋ်သင်္ကန်းတော်ကို ဖြန့်ခင်းတော်မူပြီးလျှင် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူ၏။
၂၁။ ‘‘ဝိလီနံ စန္ဒနာဒါယ, အဂမာသိံ ဇိနန္တိကံ၊
ပသန္နစိတ္တော သုမနော, ဗုဒ္ဓဿ အဘိရောပယိံ။
၂၁။ ငါသည် ညက်ညောသော စန္ဒကူးကို ယူ၍ မြတ်စွာဘုရားထံသို့ သွား၏၊ ကြည် ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ မြတ်စွာဘုရားအား တင်လှူပူဇော်၏။
၂၂။ ‘‘အဘိဝါဒေတွာန သမ္ဗုဒ္ဓံ, လောကဇေဋ္ဌံ နရာသဘံ၊
ပါမောဇ္ဇံ ဇနယိတွာန, ပက္ကာမိံ ဥတ္တရာမုခေါ။
၂၂။ ငါသည် လောက၏ အကြီးအမှူးဖြစ်၍ လူတို့ထက် မြတ်တော်မူသော မြတ်စွာဘုရား ကို အလွန်ရိုသေစွာ ရှိခိုးပြီး၍ ဝမ်းမြောက်ခြင်းကို ဖြစ်စေပြီးလျှင် မြောက်အရပ်သို့ ရှေးရှု ဖဲသွားခဲ့၏။
၂၃။ ‘‘အဋ္ဌာရသေ ကပ္ပသတေ, စန္ဒနံ ယံ အပူဇယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၂၃။ ကမ္ဘာတစ်ထောင့်ရှစ်ရာထက်၌ စန္ဒကူးကို ပူဇော်ခဲ့သော ငါသည် ထိုအခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား စန္ဒကူးပူဇော်ရခြင်း၏ အကျိုးပေတည်း။
၂၄။ ‘‘စတုဒ္ဒသေ ကပ္ပသတေ, ဣတော အာသိံသု တေ တယော၊
ရောဟဏီ နာမ [ရောဟိတာ နာမ (သီ။), ရောဟိဏီ နာမ (သျာ။)] နာမေန, စက္ကဝတ္တီ မဟဗ္ဗလာ။
၂၄။ ဤဘဒ္ဒကမ္ဘာမှ တစ်ထောင့်လေးရာကမ္ဘာထက်၌ ခွန်အားကြီးမားကုန်သော များမြတ် သည့် ဗိုလ်ပါအင်အားရှိသော အမည်အားဖြင့် “ရောဟဏီ”ဟု ထင်ရှားကုန်သော ထို စကြဝတေးမင်းတို့သည် သုံးကြိမ် ဖြစ်ခဲ့ဖူးကုန်၏။
၂၅။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ စန္ဒနပူဇနကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ၊
စန္ဒနပူဇနကတ္ထေရဿာပဒါနံ တတိယံ။
အဋ္ဌမဘာဏဝါရံ။
၂၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်စန္ဒနပူဇနကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် စန္ဒနပူဇနကတ္ထေရအပဒါန ပြီး၏။ အဋ္ဌမဘာဏဝါရ ပြီး၏။
၄။ ပုပ္ဖစ္ဆဒနိယတ္ထေရအပဒါနံ
၂၆။ ‘‘သုနန္ဒော နာမ နာမေန, ဗြာဟ္မဏော မန္တပါရဂူ၊
အဇ္ဈာယကော ယာစယောဂေါ, ဝါဇပေယျံ အယာဇယိ။
၄-ပုပ္ဖစ္ဆဒနိယတ္ထေရအပဒါန ၂၆။ ဗေဒင်သုံးပုံ၌ တစ်ဖက်ကမ်းရောက် တတ်မြောက်သော ဗေဒင်သုံးပုံကို သရဇ္ဈာယ် တတ်သော အလှူခံစားတတ်သော အမည်အားဖြင့် “သုနန္ဒ”ဟု ထင်ရှားသော ပုဏ္ဏားသည် ဝါဇပေယျယဇ်ကို ပူဇော်၏။
၂၇။ ‘‘ပဒုမုတ္တရော လောကဝိဒူ, အဂ္ဂေါ ကာရုဏိကော ဣသိ၊
ဇနတံ အနုကမ္ပန္တော, အမ္ဗရေ စင်္ကမီ တဒါ။
၂၇။ ထိုအခါ လောကကို သိတော်မူသည်ဖြစ်၍ လောကထက် မြတ်တော်မူသော မဟာ ကရုဏာတော် ရှိတော်မူသော ပဒုမုတ္တရမြတ်စွာဘုရားသည် လူအပေါင်းကို အစဥ်သနားသည် ဖြစ်၍ ကောင်းကင်၌ စင်္ကြံသွားတော်မူ၏။
၂၈။ ‘‘စင်္ကမိတွာန သမ္ဗုဒ္ဓေါ, သဗ္ဗညူ လောကနာယကော၊
မေတ္တာယ အဖရိ သတ္တေ, အပ္ပမာဏေ [အပ္ပမာဏံ (သီ။ သျာ။)] နိရူပဓိ။
၂၈။ တရားအလုံးစုံကို သိတော်မူသည် ဖြစ်၍ လူတို့၏ ရှေ့သွားဖြစ်သော ကိလေသာ ဥပဓိမရှိသော ပဒုမုတ္တရမြတ်စွာဘုရားသည် စင်္ကြံကြွတော်မူ၍ မရေတွက်နိုင်သော သတ္တဝါ တို့ကို မေတ္တာဖြင့် ပျံ့နှံ့စေတော်မူ၏။
၂၉။ ‘‘ဝဏ္ဋေ ဆေတွာန ပုပ္ဖါနိ, ဗြာဟ္မဏော မန္တပါရဂူ၊
သဗ္ဗေ သိဿေ သမာနေတွာ, အာကာသေ ဥက္ခိပါပယိ။
၂၉။ ဗေဒင်အရာ၌ တစ်ဖက်ကမ်းရောက် တတ်မြောက်သော ပုဏ္ဏားသည် ပွင့်ညှာ၌ ပန်း တို့ကို ဖြတ်ခူးပြီးလျှင် တပည့်အားလုံးတို့ကို တစ်ပေါင်းတည်း စုရုံးစေ၍ ကောင်းကင်၌ ပစ်တင်ကြဲမြှောက်စေ၏။
၃၀။ ‘‘ယာဝတာ နဂရံ အာသိ, ပုပ္ဖါနံ ဆဒနံ တဒါ၊
ဗုဒ္ဓဿ အာနုဘာဝေန, သတ္တာဟံ န ဝိဂစ္ဆထ။
၃၀။ ထိုအခါ မြို့ကျယ်ဝန်းသလောက် (အလုံးစုံ) ပန်း (အတိပြီးသော) အမိုးသည် ဖြစ်၏၊ မြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် ခုနစ်ရက်ပတ်လုံး ပန်းအမိုးသည် မညှိုးနွမ်း မပျက်စီး။
၃၁။ ‘‘တေနေဝ သုက္ကမူလေန, အနုဘောတွာန သမ္ပဒါ၊
သဗ္ဗာသဝေ ပရိညာယ, တိဏ္ဏော လောကေ ဝိသတ္တိကံ။
၃၁။ ထိုပန်းပူဇော်ခဲ့သော ဖြူစင်သော ကုသိုလ်အကြောင်းရင်းကြောင့်သာလျှင် စည်းစိမ် ချမ်းသာတို့ကို ခံစား၍ အာသဝေါတရားအလုံးစုံကို ပိုင်းခြားသိပြီးလျှင် လောက၌ တဏှာကို လွန်မြောက်၏။
၃၂။ ‘‘ဧကာရသေ ကပ္ပသတေ, ပဉ္စတိံသာသု ခတ္တိယာ၊
အမ္ဗရံသသနာမာ တေ, စက္ကဝတ္တီ မဟဗ္ဗလာ။
၃၂။ (ဤဘဒ္ဒကမ္ဘာမှ) တစ်ရာ့တစ်ဆယ့်တစ်ကမ္ဘာထက်၌ ခွန်အားကြီးမားကုန်သော “အမ္ဗရံသ”ဟု တူသော အမည်ရှိကုန်သော ထိုစကြဝတေးမင်းတို့သည် သုံးဆယ့်ငါးကြိမ် ဖြစ်ခဲ့ဖူးကုန်၏။
၃၃။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ပုပ္ဖစ္ဆဒနိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ပုပ္ဖစ္ဆဒနိယတ္ထေရဿာပဒါနံ စတုတ္ထံ။
၃၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်းကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပုပ္ဖစ္ဆဒနိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် ပုပ္ဖစ္ဆဒနိယတ္ထေရအပဒါန ပြီး၏။
၅။ ရဟောသညကတ္ထေရအပဒါနံ
၃၄။ ‘‘ဟိမဝန္တဿာဝိဒူရေ, ဝသဘော နာမ ပဗ္ဗတော၊
တသ္မိံ ပဗ္ဗတပါဒမှိ, အဿမော အာသိ မာပိတော။
၅-ရဟောသညကတ္ထေရအပဒါန ၃၄။ ဟိမဝန္တာတောင်၏ အနီး၌ ဝသဘမည်သော တောင်သည် ရှိ၏၊ ထိုဝသဘတောင် ခြေ၌ ဖန်ဆင်းထားသော သင်္ခမ်းကျောင်းသည် ရှိ၏။
၃၅။ ‘‘တီဏိ သိဿသဟဿာနိ, ဝါစေသိံ ဗြာဟ္မဏော [ဗြာဟ္မဏေ (သီ။)] တဒါ၊
သံဟရိတွာန [သံသာဝိတွာန (သျာ။)] တေ သိဿေ, ဧကမန္တံ ဥပါဝိသိံ။
၃၅။ ထိုအခါ ငါသည် တပည့်ဖြစ်သော ပုဏ္ဏားသုံးထောင်တို့ကို ဗေဒင် ပို့ချ၏၊ ထို တပည့်သုံးထောင်တို့ကို စွန့်ပယ်ပြီးလျှင် သင့်တင့်ရာသို့ ဝင်ရောက်၏။
၃၆။ ‘‘ဧကမန္တံ နိသီဒိတွာ, ဗြာဟ္မဏော မန္တပါရဂူ၊
ဗုဒ္ဓဝေဒံ ဂဝေသန္တော [ပဝေသန္တော (က။)], ဉာဏေ စိတ္တံ ပသာဒယိံ။
၃၆။ ဗေဒင်အရာ၌ တစ်ဖက်ကမ်းရောက် တတ်မြောက်သော ပုဏ္ဏားသည် သင့်တင့်ရာ၌ ထိုင်နေပြီးသော် ဗုဒ္ဓဗေဒင်ကို ရှာမှီးလျက် အသိဉာဏ်၌ စိတ်ကို ကြည်လင်စေ၏။
၃၇။ ‘‘တတ္ထ စိတ္တံ ပသာဒေတွာ, နိသီဒိံ ပဏ္ဏသန္ထရေ၊
ပလ္လင်္ကံ အာဘုဇိတွာန, တတ္ထ ကာလင်္ကတော အဟံ။
၃၇။ ထိုဉာဏ်တော်၌ စိတ်ကို ကြည်လင်စေပြီးလျှင် သစ်ရွက်အခင်း၌ ထိုင်နေ၏၊ ထို ငါသည် နေရာ၌ပင် ထက်ဝယ်ဖွဲ့ခွေလျက် သေခဲ့၏။
၃၈။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ သညမလဘိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဉာဏသညာယိဒံ ဖလံ။
၃၈။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ဉာဏ်တော်၌ အမှတ်သညာကို ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဉာဏ် တော်၌ အမှတ်ရခြင်း၏ အကျိုးပေတည်း။
၃၉။ ‘‘သတ္တဝီသတိကပ္ပမှိ, ရာဇာ သိရိဓရော အဟု၊
သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။
၃၉။ နှစ်ဆယ့်ခုနစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သိရိဓရ”မည်သော စကြဝတေးမင်း ဖြစ်ခဲ့ဖူး၏။
၄၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ရဟောသညကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ရဟောသညကတ္ထေရဿာပဒါနံ ပဉ္စမံ။
၄၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ရဟောသညကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် ရဟောသညကတ္ထေရအပဒါန ပြီး၏။
၆။ စမ္ပကပုပ္ဖိယတ္ထေရအပဒါနံ
၄၁။ ‘‘ကဏိကာရံဝ ဇောတန္တံ, နိသိန္နံ ပဗ္ဗတန္တရေ၊
ဩဘာသေန္တံ ဒိသာ သဗ္ဗာ, ဩသဓိံ ဝိယ တာရကံ [ဩသဓီ ဝိယ တာရကာ (က။)]။
၆-စမ္ပကပုပ္ဖိယတ္ထေရအပဒါန ၄၁။ ‘မဟာလှေကားပန်းပွင့်ကဲ့သို့’ တောက်ပလျက် ‘သောက်ရှူးကြယ်ကဲ့သို့’ အရပ် မျက်နှာအားလုံးတို့ကို တောက်ပစေသည်ဖြစ်၍ တောင်ကြား၌ ထိုင်နေတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၏။
၄၂။ ‘‘တယော မာဏဝကာ အာသုံ, သကေ သိပ္ပေ သုသိက္ခိတာ၊
ခါရိဘာရံ ဂဟေတွာန, အနွေန္တိ မမ ပစ္ဆတော။
၄၂။ မိမိအတတ်၌ ကောင်းစွာ သင်အပ်ကုန်ပြီးသော လုလင်သုံးယောက်တို့သည် ဖြစ် ကုန်၏၊ (ထိုတပည့်တို့သည် ) ပရိက္ခရာဝန်ကို ယူပြီးလျှင် ငါ၏ နောက်မှ အစဥ်လိုက်ကုန်၏။
၄၃။ ‘‘ပုဋကေ သတ္တ ပုပ္ဖါနိ, နိက္ခိတ္တာနိ တပဿိနာ၊
ဂဟေတွာ တာနိ ဉာဏမှိ, ဝေဿဘုဿာဘိရောပယိံ။
၄၃။ ရသေ့ဖြစ်သော ငါသည် ပရိက္ခရာအိတ်၌ ပန်းခုနစ်ပွင့်တို့ကို ထားအပ်ကုန်၏၊ ထို ပန်းတို့ကို ယူ၍ ဝေဿဘူမြတ်စွာဘုရား၏ ဉာဏ်တော်၌ ရည်မှန်းပူဇော်၏။
၄၄။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ပုပ္ဖမဘိရောပယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဉာဏပူဇာယိဒံ ဖလံ။
၄၄။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို တင်လှူပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဉာဏ်တော်ကို ရည် မှန်း၍ ပူဇော်ရခြင်း၏ အကျိုးပေတည်း။
၄၅။ ‘‘ဧကူနတိံသကပ္ပမှိ, ဝိပုလာဘ [ဝိဟတာဘာ (သျာ။)] သနာမကော၊
သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ [ရာဇာ ဟောသိ (က။)] မဟဗ္ဗလော။
၄၅။ နှစ်ဆယ့်ကိုးကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဝိပုလာဘ”အမည်ရှိသော စကြာမင်း ဖြစ်ခဲ့ဖူး၏။
၄၆။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ စမ္ပကပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ၊
စမ္ပကပုပ္ဖိယတ္ထေရဿာပဒါနံ ဆဋ္ဌံ။
၄၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်စမ္ပကပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် စမ္ပကပုပ္ဖိယတ္ထေရအပဒါန ပြီး၏။
၇။ အတ္ထသန္ဒဿကတ္ထေရအပဒါနံ
၄၇။ ‘‘ဝိသာလမာဠေ အာသီနော, အဒ္ဒသံ လောကနာယကံ၊
ခီဏာသဝံ ဗလပ္ပတ္တံ, ဘိက္ခုသံဃပုရက္ခတံ။
၇-အတ္ထသန္ဒဿကတ္ထေရအပဒါန ၄၇။ ကျယ်ပြန့်သော တန်ဆောင်းဝန်း၌ နေသော ငါသည် အာသဝေါကုန်ပြီးသည်ဖြစ်၍ အားတော်ဆယ်တန်သို့ ရောက်တော်မူသော ရဟန်းအပေါင်းခြံရံတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၏။
၄၈။ ‘‘သတသဟဿာ တေဝိဇ္ဇာ, ဆဠဘိညာ မဟိဒ္ဓိကာ၊
ပရိဝါရေန္တိ သမ္ဗုဒ္ဓံ, ကော ဒိသွာ နပ္ပသီဒတိ။
၄၈။ ဝိဇ္ဇာသုံးပါး, အဘိညာဥ်ခြောက်ပါး ရှိကုန်သော တန်ခိုးကြီးမားတော်မူကုန်သော ရဟန္တာတစ်သိန်းတို့သည် မြတ်စွာဘုရားကို ခြံရံကြကုန်၏၊ ထိုမြတ်စွာဘုရားကို ဖူးမြင်ရသည် ရှိသော် အဘယ်ပုဂ္ဂိုလ်သည် မကြည်ညိုနိုင်ဘဲ ရှိအံ့နည်း။
၄၉။ ‘‘ဉာဏေ ဥပနိဓာ ယဿ, န ဝိဇ္ဇတိ သဒေဝကေ၊
အနန္တဉာဏံ သမ္ဗုဒ္ဓံ, ကော ဒိသွာ နပ္ပသီဒတိ။
၄၉။ နတ်နှင့်တကွသော လောက၌ အကြင်မြတ်စွာဘုရား၏ ဉာဏ်တော်၌ နှိုင်းရှည့် ထောက်ထားစရာ ဥပမာသည် မရှိပေ၊ အဆုံးမရှိသော ဉာဏ်တော်ရှင် ဖြစ်တော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြင်ရသည်ရှိသော် အဘယ်ပုဂ္ဂိုလ်သည် မကြည်ညိုနိုင်ဘဲ ရှိအံ့နည်း။
၅၀။ ‘‘ဓမ္မကာယဉ္စ ဒီပေန္တံ, ကေဝလံ ရတနာကရံ၊
ဝိကပ္ပေတုံ [ဝိကောပေတုံ (သီ။ သျာ။)] န သက္ကောန္တိ, ကော ဒိသွာ နပ္ပသီဒတိ။
၅၀။ ရတနာအလုံးစုံ၏ တည်ရာဖြစ်သော တရားအပေါင်းကိုလည်း ပြတော်မူတတ်သော မြတ်စွာဘုရားကို (လူနတ်တို့သည် ) အထူးကြံစည်ခြင်းငှါ မတတ်နိုင်ကုန်၊ (ထိုမြတ်စွာဘုရား ကို) ဖူးမြင်ရသည်ရှိသော် အဘယ်သူသည် မကြည်ညိုနိုင်ဘဲ ရှိအံ့နည်း။
၅၁။ ‘‘ဣမာဟိ တီဟိ ဂါထာဟိ, နာရဒေါဝှယဝစ္ဆလော [သရဂစ္ဆိယော (သီ။), ပုရဂစ္ဆိယော (သျာ။)]၊
ပဒုမုတ္တရံ ထဝိတွာန, သမ္ဗုဒ္ဓံ အပရာဇိတံ။
၅၁။ နာရဒအမည်ရှိသော ပြေပြစ်သောပုဏ္ဏားသည် ဤသုံးဂါထာတို့ဖြင့် မာရ်ငါးပါးသည် မအောင်အပ်သော ပဒုမုတ္တရမြတ်စွာဘုရားကို ချီးမွမ်း၍ -
၅၂။ ‘‘တေန စိတ္တပ္ပသာဒေန, ဗုဒ္ဓသန္ထဝနေန စ၊
ကပ္ပါနံ သတသဟဿံ, ဒုဂ္ဂတိံ, နုပပဇ္ဇဟံ။
၅၂။ ထိုစိတ်၏ ကြည်လင်ခြင်းကြောင့်လည်းကောင်း၊ မြတ်စွာဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းရခြင်းကြောင့်လည်းကောင်း ငါသည် ကမ္ဘာတစ်သိန်းပတ်လုံး အပါယ်လေးပါးသို့ မလားရပေ။
၅၃။ ‘‘ဣတော တိံသကပ္ပသတေ, သုမိတ္တော နာမ ခတ္တိယော၊
သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။
၅၃။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာသုံးထောင်ထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သုမိတ္တ”မည်သော စကြဝတေးမင်း ဖြစ်ခဲ့ဖူး၏။
၅၄။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ အတ္ထသန္ဒဿကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
အတ္ထသန္ဒဿကတ္ထေရဿာပဒါနံ သတ္တမံ။
၅၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အတ္ထသန္ဒဿကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် အတ္ထသန္ဒဿကတ္ထေရအပဒါန ပြီး၏။
၈။ ဧကပသာဒနိယတ္ထေရအပဒါနံ
၅၅။ ‘‘နာရဒေါ ဣတိ မေ နာမံ [နာရဒေါ ဣတိ နာမေန (သျာ။ က။) ဥပရိ တေဝီသတိမဝဂ္ဂေ ပန ဆဋ္ဌာပဒါနေ ‘‘မေ နာမံ‘‘ဣစ္စေဝ ဒိဿတိ], ကေသဝေါ ဣတိ မံ ဝိဒူ၊
ကုသလာကုသလံ ဧသံ, အဂမံ ဗုဒ္ဓသန္တိကံ။
၈-ဧကပသာဒနိယတ္ထေရအပဒါန ၅၅။ ငါ၏ အမည်သည် နာရဒ ဖြစ်၏၊ ငါ့ကို “ကေသဝ”ဟူ၍လည်း အသိအမှတ် ပြုကြကုန်၏၊ ကုသိုလ်, အကုသိုလ်ကို ရှာမှီးလျက် မြတ်စွာဘုရားအထံသို့ သွားရောက်ခဲ့၏။
၅၆။ ‘‘မေတ္တစိတ္တော ကာရုဏိကော, အတ္ထဒဿီ မဟာမုနိ၊
အဿာသယန္တော သတ္တေ သော, ဓမ္မံ ဒေသေတိ စက္ခုမာ။
၅၆။ မေတ္တာစိတ်ရှိတော်မူသော ကရုဏာရှင်ဖြစ်တော်မူသော စက္ခုငါးပါးရှိတော်မူသော ထိုအတ္ထဒဿီမြတ်စွာဘုရားသည် သတ္တဝါတို့ကို ဝဋ်ဒုက္ခမှ သက်သာရာ ရစေတော်မူလျက် တရားကို ဟောတော်မူ၏။
၅၇။ ‘‘သကံ စိတ္တံ ပသာဒေတွာ, သိရေ ကတွာန အဉ္ဇလိံ၊
သတ္ထာရံ အဘိဝါဒေတွာ, ပက္ကာမိံ ပါစိနာမုခေါ။
၅၇။ ငါသည် မိမိ၏ကုသိုလ်စိတ်ကို ကြည်လင်စေ၍ ဦးခေါင်း၌ လက်အုပ်ချီလျက် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရှေ့မျက်နှာသို့ ဖဲသွားခဲ့၏။
၅၈။ ‘‘သတ္တရသေ ကပ္ပသတေ, ရာဇာ အာသိ မဟီပတိ၊
အမိတ္တတာပနော နာမ, စက္ကဝတ္တီ မဟဗ္ဗလော။
၅၈။ ကမ္ဘာတစ်ထောင့်ခုနစ်ရာထက်၌ မြေကြီးကို အစိုးရသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “အမိတ္တတာပန”မည်သော စကြဝတေးမင်း ဖြစ်ခဲ့ဖူး၏။
၅၉။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဧကပသာဒနိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဧကပသာဒနိယတ္ထေရဿာပဒါနံ အဋ္ဌမံ။
၅၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဧကပသာဒနိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် ဧကပသာဒနိယတ္ထေရအပဒါန ပြီး၏။
၉။ သာလပုပ္ဖဒါယကတ္ထေရအပဒါနံ
၆၀။ ‘‘မိဂရာဇာ တဒါ အာသိံ, အဘိဇာတော သုကေသရီ၊
ဂိရိဒုဂ္ဂံ ဂဝေသန္တော, အဒ္ဒသံ လောကနာယကံ။
၉-သာလပုပ္ဖဒါယကတ္ထေရအပဒါန ၆၀။ ထိုအခါ ငါသည် (သားတကာတို့ထက်) မြင့်မြတ်သောဇာတ်ရှိသော သားတို့သနင်း ခြင်္သေ့မင်း ဖြစ်၏၊ ခက်ခဲသော ခရီး၌ တောသတ္တဝါကို ရှာမှီးစဥ် ဝိပဿီမြတ်စွာဘုရားကို ဖူးမြင်ရ၏။
၆၁။ ‘‘အယံ နု ခေါ မဟာဝီရော, နိဗ္ဗာပေတိ မဟာဇနံ၊
ယံနူနာဟံ ဥပါသေယျံ, ဒေဝဒေဝံ နရာသဘံ။
၆၁။ ကြီးမားသောလုံ့လရှိတော်မူသော ဤမြတ်စွာဘုရားသည် လူအပေါင်းကို ငြိမ်းအေး စေနိုင်လိမ့်တကား၊ လူတို့ထက် မြတ်၍ နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရားကို ငါသည် ဆည်းကပ်ရပါမူကား ကောင်းလေရာ၏။
၆၂။ ‘‘သာခံ သာလဿ ဘဉ္ဇိတွာ, သကောသံ ပုပ္ဖမာဟရိံ၊
ဥပဂန္တွာန သမ္ဗုဒ္ဓံ, အဒါသိံ ပုပ္ဖမုတ္တမံ။
၆၂။ အင်ကြင်းပင်၏ အခက်ကို ချိုးပြီးလျှင် အခိုင်နှင့်တကွသော ပန်းကို ဆောင်၏၊ မြတ်စွာဘုရားထံသို့ ချဥ်းကပ်ကာ ထိုမြတ်သော ပန်းကို ပေးလှူခဲ့၏။
၆၃။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိရောပယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ပုပ္ဖဒါနဿိဒံ ဖလံ။
၆၃။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပန်းလှူရခြင်း၏ အကျိုးပေတည်း။
၆၄။ ‘‘ဣတော စ နဝမေ ကပ္ပေ, ဝိရောစနသနာမကာ၊
တယော အာသိံသု ရာဇာနော, စက္ကဝတ္တီ မဟဗ္ဗလာ။
၆၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဝိရောစန”မည်ကုန်သော စကြဝတေးမင်းတို့သည် သုံးကြိမ် ဖြစ်ဖူးကုန်၏။
၆၅။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ သာလပုပ္ဖဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
သာလပုပ္ဖဒါယကတ္ထေရဿာပဒါနံ နဝမံ။
၆၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သာလပုပ္ဖဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် သာလပုပ္ဖဒါယကတ္ထေရအပဒါန ပြီး၏။
၁၀။ ပိယာလဖလဒါယကတ္ထေရအပဒါနံ
၆၆။ ‘‘ပါရာဝတော [ပရောဓကော (သျာ။)] တဒါ အာသိံ, ပရံ အနုပရောဓကော၊
ပဗ္ဘာရေ သေယျံ ကပ္ပေမိ, အဝိဒူရေ သိခိသတ္ထုနော။
၁၀-ပိယာလဖလဒါယကတ္ထေရအပဒါန ၆၆။ ထိုအခါ ငါသည် သူတစ်ပါးကို မချုပ်ချယ်၊ မညှဥ်းဆဲတတ်သော ခိုငှက် ဖြစ်ခဲ့၏။ သိခီမြတ်စွာဘုရား၏အနီး တောင်ဝှမ်းလိုဏ်ဂူ၌ အိပ်ခြင်းကို ပြု၏။
၆၇။ ‘‘သာယံ ပါတဉ္စ ပဿာမိ, ဗုဒ္ဓံ လောကဂ္ဂနာယကံ၊
ဒေယျဓမ္မော စ မေ နတ္ထိ, ဒွိပဒိန္ဒဿ တာဒိနော။
၆၇။ လောကထက် အမြတ်ဆုံး ရှေ့သွားဖြစ်သော မြတ်စွာဘုရားကို နေ့ရောညဥ့်ပါ ဖူးမြင်ရ၏။ အခြေနှစ်ချောင်းရှိသူ နတ်, လူတို့ကို အစိုးရသည်ဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံ တော်မူသော မြတ်စွာဘုရားအား လှူဒါန်းဖွယ် ပစ္စည်းသည်လည်း ငါ့အား မရှိခဲ့ပေ။
၆၈။ ‘‘ပိယာလဖလမာဒါယ, အဂမံ ဗုဒ္ဓသန္တိကံ၊
ပဋိဂ္ဂဟေသိ ဘဂဝါ, လောကဇေဋ္ဌော နရာသဘော။
၆၈။ ငါသည် လွန်သီးကို ယူပြီးလျှင် မြတ်စွာဘုရားအထံသို့ သွား၏။ လောက၏ အကြီး အမှူးဖြစ်၍ လူတို့ထက် မြတ်တော်မူသော မြတ်စွာဘုရားသည် ခံယူတော်မူ၏။
၆၉။ ‘‘တတော ပရံ ဥပါဒါယ, ပရိစာရိံ ဝိနာယကံ၊
တေန စိတ္တပ္ပသာဒေန, တတ္ထ ကာလင်္ကတော အဟံ။
၆၉။ ထိုမှ နောက်၌ ထိုအလှူကို အစပြု၍ မြတ်စွာဘုရားကို လုပ်ကျွေး၏။ ငါသည် ထို လုပ်ကျွေးရသော စိတ်၏ ကြည်လင်ခြင်းနှင့်တကွ ထိုအရပ်၌ပင် သေလွန်ခဲ့၏။
၇၀။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ဖလံ အဒဒိံ အဟံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဖလဒါနဿိဒံ ဖလံ။
၇၀။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ သစ်သီးကို လှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် လွန်သီးလှူရခြင်း၏ အကျိုးပေတည်း။
၇၁။ ‘‘ဣတော ပန္နရသေ ကပ္ပေ, တယော အာသုံ ပိယာလိနော၊
သတ္တရတနသမ္ပန္နာ, စက္ကဝတ္တီ မဟဗ္ဗလာ။
၇၁။ ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်ငါးကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိကုန်သော “ပိယာလိ”မည်ကုန်သော စကြဝတေးမင်းတို့သည် သုံးကြိမ် ဖြစ်ဖူးကုန်၏။
၇၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ပိယာလဖလဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ပိယာလဖလဒါယကတ္ထေရဿာပဒါနံ ဒသမံ။
သောဘိတဝဂ္ဂေါ စုဒ္ဒသမော။
တဿုဒ္ဒါနံ –
သောဘိတသုဒဿနော စ, စန္ဒနော ပုပ္ဖဆဒနော၊
ရဟော စမ္ပကပုပ္ဖီ စ, အတ္ထသန္ဒဿကေန စ။
ဧကပသာဒီ [ဧကရံသိ (သျာ။)] သာလဒဒေါ, ဒသမော ဖလဒါယကော၊
ဂါထာယော သတ္တတိ ဒွေ စ, ဂဏိတာယော ဝိဘာဝိဘိ။
၇၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပိယာလဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် ပိယာလဖလဒါယကတ္ထေရအပဒါန ပြီး၏။ တစ်ဆယ့်လေးခုမြောက် သောဘိတဝဂ် ပြီး၏။
၁၅။ ဆတ္တဝဂ္ဂေါ
၁။ အတိဆတ္တိယတ္ထေရအပဒါနံ
၁။ ‘‘ပရိနိဗ္ဗုတေ ဘဂဝတိ, အတ္ထဒဿီနရုတ္တမေ၊
ဆတ္တာတိဆတ္တံ [ဆတ္တာဓိဆတ္တံ (သီ။)] ကာရေတွာ, ထူပမှိ အဘိရောပယိံ။
၁၅-ဆတ္တဝဂ် ၁-အတိဆတ္တိယတ္ထေရအပဒါန ၁။ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော အတ္ထဒဿီမြတ်စွာဘုရားသည် ပရိနိဗ္ဗာန် စံတော်မူသည်ရှိသော် အဆင့်ဆင့်သော ထီးတော်ကို ပြုစေ၍ ပုထိုးစေတီတော်၌ တင်လှူပူ ဇော်ခဲ့၏။
၂။ ‘‘ကာလေန ကာလမာဂန္တွာ, နမဿိံ လောကနာယကံ [သတ္ထု စေတိယံ (သီ။)]၊
ပုပ္ဖစ္ဆဒနံ ကတွာန, ဆတ္တမှိ အဘိရောပယိံ။
၂။ ရံခါရံခါ (ပုထိုးတော်ရှိရာသို့) လာ၍ လူတို့၏ ရှေ့သွား မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ပန်းအမိုးကို ပြုလုပ်၍ ထီး၌ တင်လှူပူဇော်ခဲ့၏။
၃။ ‘‘သတ္တရသေ ကပ္ပသတေ, ဒေဝရဇ္ဇမကာရယိံ၊
မနုဿတ္တံ န ဂစ္ဆာမိ, ထူပပူဇာယိဒံ ဖလံ။
၃။ ကမ္ဘာတစ်ထောင့်ခုနစ်ရာပတ်လုံး နတ်မင်းအဖြစ်ကို ပြုခဲ့ရ၏၊ လူအဖြစ်သို့ မရောက်ရ တော့ပေ၊ ဤသို့ ဖြစ်ရခြင်းသည် ပုထိုးစေတီတော်ကို ပူဇော်ခဲ့ရခြင်း၏ အကျိုးပေတည်း။
၄။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ အတိဆတ္တိယော [အဓိဆတ္တိယော (သီ။ သျာ။)] ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
အတိဆတ္တိယတ္ထေရဿာပဒါနံ ပဌမံ။
၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အတိဆတ္တိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော အတိဆတ္တိယတ္ထေရအပဒါန ပြီး၏။
၂။ ထမ္ဘာရောပကတ္ထေရအပဒါနံ
၅။ ‘‘နိဗ္ဗုတေ လောကနာထမှိ, ဓမ္မဒဿီနရာသဘေ၊
အာရောပေသိံ ဓဇတ္ထမ္ဘံ, ဗုဒ္ဓသေဋ္ဌဿ စေတိယေ။
၂-ထမ္ဘာရောပကတ္ထေရအပဒါန ၅။ လောက၏ ကိုးကွယ်ရာဖြစ်တော်မူသော ဓမ္မဒဿီမြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ပြုတော်မူသည်ရှိသော် ဘုရားမြတ်၏ စေတီတော်၌ တံခွန်တိုင်ကို စိုက်ထူပူဇော်ခဲ့၏။
၆။ ‘‘နိဿေဏိံ မာပယိတွာန, ထူပသေဋ္ဌံ သမာရုဟိံ၊
ဇာတိပုပ္ဖံ ဂဟေတွာန, ထူပမှိ အဘိရောပယိံ။
၆။ လှေကားကို ဖန်ဆင်းပြုလုပ်၍ ပုထိုးစေတီတော်မြတ်သို့ တက်ခဲ့၏၊ မြတ်လေးပန်းကို ယူ၍ ပုထိုးတော်၌ တင်လှူပူဇော်ခဲ့၏။
၇။ ‘‘အဟော ဗုဒ္ဓေါ အဟော ဓမ္မော, အဟော နော သတ္ထု သမ္ပဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ထူပပူဇာယိဒံ ဖလံ။
၇။ မြတ်စွာဘုရားသည် အံ့ဖွယ်ရှိပါပေစွ၊ တရားတော်သည် အံ့ဖွယ်ရှိပါပေစွ၊ ငါတို့ မြတ်စွာဘုရား၏ ပြည့်စုံခြင်းသည် အံ့ဖွယ်ရှိပါပေစွ၊ ငါသည် အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် စေတီပုထိုးတော်ကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။
၈။ ‘‘စတုန္နဝုတိတော ကပ္ပေ, ထူပသီခသနာမကာ၊
သောဠသာသိံသု ရာဇာနော, စက္ကဝတ္တီ မဟဗ္ဗလာ။
၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိကုန်သော “ထူပသီခ”ဟု တူသော အမည်ရှိကုန်သော စကြဝတေးမင်းတို့သည် တစ်ဆယ့်ခြောက်ကြိမ် ဖြစ်ဖူးကုန်၏။
၉။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ထမ္ဘာရောပကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ထမ္ဘာရောပကတ္ထေရဿာပဒါနံ ဒုတိယံ။
၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ထမ္ဘာရောပကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် ထမ္ဘာရောပကတ္ထေရအပဒါန ပြီး၏။
၃။ ဝေဒိကာရကတ္ထေရအပဒါနံ
၁၀။ ‘‘နိဗ္ဗုတေ လောကနာထမှိ, ပိယဒဿီနရုတ္တမေ၊
ပသန္နစိတ္တော သုမနော, မုတ္တာဝေဒိမကာသဟံ။
၃-ဝေဒိကာရကတ္ထေရအပဒါန ၁၀။ လောက၏ ကိုးကွယ်ရာ ဖြစ်တော်မူသော ပိယဒဿီမြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော် မူသည်ရှိသော် ငါသည် ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ပုလဲပွတ်တိုင်ကို ပြုလုပ် လှူဒါန်းခဲ့၏။
၁၁။ ‘‘မဏီဟိ ပရိဝါရေတွာ, အကာသိံ ဝေဒိမုတ္တမံ၊
ဝေဒိကာယ မဟံ ကတွာ, တတ္ထ ကာလင်္ကတော အဟံ။
၁၁။ ပတ္တမြားတို့ဖြင့် မွမ်းမံခြံရံ၍ မြတ်သော ပွတ်တိုင်ကို ပြုလုပ်ခဲ့၏၊ ငါသည် ပွတ် တိုင်ဖြင့် ပူဇော်ခြင်းကို ပြု၍ ထိုအရပ်၌ပင် သေလွန်ခဲ့၏။
၁၂။ ‘‘ယံ ယံ ယောနုပပဇ္ဇာမိ, ဒေဝတ္တံ အထ မာနုသံ၊
မဏီ ဓာရေန္တိ အာကာသေ, ပုညကမ္မဿိဒံ ဖလံ။
၁၂။ ကပ်ရောက်ရတိုင်းသော လူအဖြစ်, နတ်အဖြစ်ဟူသမျှတို့၌ ပတ္တမြားတို့သည် ငါ့ကို ကောင်းကင်မှ ဆောင်းမိုးပေးကုန်၏။ ဤသို့ ဖြစ်ရခြင်းသည် ကုသိုလ်ကောင်းမှု၏ အကျိုးပေတည်း။
၁၃။ ‘‘သောဠသိတော ကပ္ပသတေ, မဏိပ္ပဘာသနာမကာ၊
ဆတ္တိံသာသိံသု [ဗာတ္တိံသာသိံသု (သီ။ သျာ။)] ရာဇာနော, စက္ကဝတ္တီ မဟဗ္ဗလာ။
၁၃။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်ထောင့်ခြောက်ရာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိ ကုန်သော “မဏိပ္ပဘာ”ဟု တူသော အမည်ရှိကုန်သော စကြဝတေးမင်းတို့သည် သုံးဆယ့် ခြောက်ကြိမ် ဖြစ်ခဲ့ဖူးကုန်၏။
၁၄။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဝေဒိကာရကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဝေဒိကာရကတ္ထေရဿာပဒါနံ တတိယံ။
၁၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဝေဒိကာရကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် ဝေဒိကာရကတ္ထေရအပဒါန ပြီး၏။
၄။ သပရိဝါရိယတ္ထေရအပဒါနံ
၁၅။ ‘‘ပဒုမုတ္တရော နာမ ဇိနော, လောကဇေဋ္ဌော နရာသဘော၊
ဇလိတွာ အဂ္ဂိက္ခန္ဓောဝ, သမ္ဗုဒ္ဓေါ ပရိနိဗ္ဗုတော။
၄-သပရိဝါရိယတ္ထေရအပဒါန ၁၅။ လောက၏ အကြီးအမှူးဖြစ်၍ လူတို့ထက် မြတ်တော်မူသော ပဒုမုတ္တရမြတ်စွာဘုရားသည် ‘မီးပုံကြီးသည် တောက်ပပြီး၍ ငြိမ်းလေသကဲ့သို့’ ပရိနိဗ္ဗာန်စံတော်မူ၏။
၁၆။ ‘‘နိဗ္ဗုတေ စ မဟာဝီရေ, ထူပေါ ဝိတ္ထာရိကော အဟု၊
ဒူရတောဝ [အဟောရတ္တံ (သီ။), ထူပဒတ္တံ (သျာ။)] ဥပဋ္ဌေန္တိ, ဓာတုဂေဟဝရုတ္တမေ။
၁၆။ ကြီးမားသော လုံ့လရှိတော်မူသော မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံတော်မူပြီးသော် ကြီးမားပြန့်ကျယ်သော ပုထိုးတော်သည် ဖြစ်၏၊ ဓာတ်တော်မြတ် ကိန်းဝပ်ရာ စေတီအိမ်၌ အဝေးကသာလျှင် လုပ်ကျွေးပူဇော်ကြကုန်၏။
၁၇။ ‘‘ပသန္နစိတ္တော သုမနော, အကံ စန္ဒနဝေဒိကံ၊
ဒိဿတိ ထူပခန္ဓော စ [ဒီယတိ ဓူမက္ခန္ဓော စ (သီ။), ဒီယတိ ဓူပဂန္ဓော စ (သျာ။)], ထူပါနုစ္ဆဝိကော တဒါ။
၁၇။ ထိုအခါ ငါသည် ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ စန္ဒကူးပွတ်တိုင်ကို ပြုလုပ်ခဲ့၏၊ ထိုအခါ ပုထိုးတော်၏ လုံးပတ်တော်ကား ပုထိုးတော်နှင့် လျောက်ပတ်စွာ ထင်၏။
၁၈။ ‘‘ဘဝေ နိဗ္ဗတ္တမာနမှိ, ဒေဝတ္တေ အထ မာနုသေ၊
ဩမတ္တံ မေ န ပဿာမိ, ပုဗ္ဗကမ္မဿိဒံ ဖလံ။
၁၈။ နတ်ဘဝ, လူ့ဘဝတို့၌ ဖြစ်သည်ရှိသော် ငါ့အား ယုတ်လျော့သည့်အဖြစ်ကို မမြင်ရ ပေ။ ဤသို့့ဖြစ်ရခြင်းသည် စန္ဒကူးလှူသော ရှေးကောင်းမှုကံ၏ အကျိုးပေတည်း။
၁၉။ ‘‘ပဉ္စဒသကပ္ပသတေ, ဣတော အဋ္ဌ ဇနာ အဟုံ၊
သဗ္ဗေ သမတ္တနာမာ တေ, စက္ကဝတ္တီ မဟဗ္ဗလာ။
၁၉။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်ထောင့်ငါးရာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိ ကုန်သော “သမတ္တ” မည်ကုန်သော စကြဝတေးမင်းတို့သည် ရှစ်ကြိမ် ဖြစ်ခဲ့ဖူးကုန်၏။
၂၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ သပရိဝါရိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
သပရိဝါရိယတ္ထေရဿာပဒါနံ စတုတ္ထံ။
၂၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သပရိဝါရိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် သပရိဝါရိယတ္ထေရအပဒါန ပြီး၏။
၅။ ဥမာပုပ္ဖိယတ္ထေရအပဒါနံ
၂၁။ ‘‘နိဗ္ဗုတေ လောကမဟိတေ [လောကနာထမှိ (သီ။)], အာဟုတီနံ ပဋိဂ္ဂဟေ၊
သိဒ္ဓတ္ထမှိ ဘဂဝတိ, မဟာထူပမဟော အဟု။
၅-ဥမာပုပ္ဖိယတ္ထေရအပဒါန ၂၁။ လှူဒါန်းဖွယ် ပစ္စည်းဝတ္ထုတို့ကို ခံယူထိုက်သည်ဖြစ်၍ လူတို့သည် ပူဇော်အပ်သော သိဒ္ဓတ္ထမြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံဝင်လတ်သော် ကြီးကျယ်သော ပုထိုးတော်ပူဇော်ပွဲသည် ဖြစ်လေ၏။
၂၂။ ‘‘မဟေ ပဝတ္တမာနမှိ, သိဒ္ဓတ္ထဿ မဟေသိနော၊
ဥမာပုပ္ဖံ [ဥမ္မာပုပ္ဖံ (သဗ္ဗတ္ထ)] ဂဟေတွာန, ထူပမှိ အဘိရောပယိံ။
၂၂။ သိဒ္ဓတ္ထမြတ်စွာဘုရားအား ပူဇော်ပွဲဖြစ်သည်ရှိသော် အောင်မဲညိုပန်းကို ယူပြီးလျှင် ပုထိုးတော်၌ တင်လှူပူဇော်ခဲ့၏။
၂၃။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိရောပယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ထူပပူဇာယိဒံ [ပုပ္ဖပူဇာယိဒံ (သျာ။), ဗုဒ္ဓပူဇာယိဒံ (က။)] ဖလံ။
၂၃။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ အောင်မဲညိုပန်း လှူဒါန်းပူဇော်ခဲ့ရသော အခါမှ စ၍ (ငါသည် ) အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဘုရားပုထိုးတော်ကို ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။
၂၄။ ‘‘ဣတော စ နဝမေ ကပ္ပေ, သောမဒေဝသနာမကာ၊
ပဉ္စာသီတိသု ရာဇာနော, စက္ကဝတ္တီ မဟဗ္ဗလာ။
၂၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးခုမြောက်ကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိကုန်သော “သောမဒေဝ”ဟု တူသော အမည်ရှိကုန်သော စကြဝတေးမင်းတို့သည် ရှစ်ဆယ့်ငါးကြိမ် ဖြစ်ခဲ့ဖူးကုန်၏။
၂၅။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဥမာပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဥမာပုပ္ဖိယတ္ထေရဿာပဒါနံ ပဉ္စမံ။
၂၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဥမာပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် ဥမာပုပ္ဖိယတ္ထေရအပဒါန ပြီး၏။
၆။ အနုလေပဒါယကတ္ထေရအပဒါနံ
၂၆။ ‘‘အနောမဒဿီမုနိနော, ဗောဓိဝေဒိမကာသဟံ၊
သုဓာယ ပိဏ္ဍံ ဒတွာန, ပါဏိကမ္မံ အကာသဟံ။
၆-အနုလေပဒါယကတ္ထေရအပဒါန ၂၆။ ငါသည် အနောမဒဿီမြတ်စွာဘုရား၏ ဗောဓိပွတ်တိုင်ကို ပြုခဲ့၏၊ အင်္ဂတေသားရိုး အစိုင်အခဲကို ပေးပြီးလျှင် သံလက်တို့ဖြင့် အပြေအပြစ် ပြုခြင်းကို ငါ ပြုခဲ့၏။
၂၇။ ‘‘ဒိသွာ တံ သုကတံ ကမ္မံ, အနောမဒဿီ နရုတ္တမော၊
ဘိက္ခုသံဃေ ဌိတော သတ္ထာ, ဣမံ ဂါထံ အဘာသထ။
၂၇။ လူတို့ထက် မြတ်တော်မူသော အနောမဒဿီမြတ်စွာဘုရားသည် ကောင်းမွန်စွာ ပြုလုပ်အပ်သော ထိုကောင်းမှုကို မြင်တော်မူသဖြင့် ရဟန်းသံဃာအလယ်၌ တည်နေလျက် ဤဂါထာကို မိန့်တော်မူ၏။
၂၈။ ‘‘‘ဣမိနာ သုဓကမ္မေန, စေတနာပဏိဓီဟိ စ၊
သမ္ပတ္တိံ အနုဘောတွာန, ဒုက္ခဿန္တံ ကရိဿတိ’။
၂၈။ ဤအင်္ဂတေလှူဒါန်းရသော ကောင်းမှုကြောင့်လည်းကောင်း၊ စေတနာဆုတောင့်တမှု တို့ကြောင့်လည်းကောင်း စည်းစိမ်ကို ခံစား၍ ဆင်းရဲကို အဆုံးသတ်လတ္တံ့ (ဟု မိန့်တော် မူ၏)။
၂၉။ ‘‘ပသန္နမုခဝဏ္ဏောမှိ, ဧကဂ္ဂေါ သုသမာဟိတော၊
ဓာရေမိ အန္တိမံ ဒေဟံ, သမ္မာသမ္ဗုဒ္ဓသာသနေ။
၂၉။ ငါသည် တစ်ခုတည်းသော အာရုံရှိသည် တည်ကြည်သည်ဖြစ်၍ ကြည်လင်သော မျက်နှာအဆင်း ရှိ၏၊ မြတ်စွာဘုရားသာသနာတော်၌ အဆုံးစွန်သော ခန္ဓာကိုယ်ကို ဆောင်၏။
၃၀။ ‘‘ဣတော ကပ္ပသတေ အာသိံ, ပရိပုဏ္ဏေ အနူနကေ [ပရိပုဏ္ဏော အနူနကော (သျာ။)]၊
ရာဇာ သဗ္ဗဃနော နာမ, စက္ကဝတ္တီ မဟဗ္ဗလော။
၃၀။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်ရာသည် မယုတ်လျော့ဘဲ ပြည့်လတ်သော် များမြတ်သည့် ဗိုလ်ပါအင်အားရှိသေ “သဗ္ဗဃန” စကြဝတေးမင်း ဖြစ်ခဲ့၏။
၃၁။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ အနုလေပဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
အနုလေပဒါယကတ္ထေရဿာပဒါနံ ဆဋ္ဌံ။
၃၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အနုလေပဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် အနုလေပဒါယကတ္ထေရအပဒါန ပြီး၏။
၇။ မဂ္ဂဒါယကတ္ထေရအပဒါနံ
၃၂။ ‘‘ဥတ္တရိတွာန နဒိကံ, ဝနံ ဂစ္ဆတိ စက္ခုမာ၊
တမဒ္ဒသာသိံ သမ္ဗုဒ္ဓံ, သိဒ္ဓတ္ထံ ဝရလက္ခဏံ။
၇-မဂ္ဂဒါယကတ္ထေရအပဒါန ၃၂။ စက္ခုငါးပါးရှိတော်မူသော မြတ်စွာဘုရားသည် မြစ်ကို ကူးပြီးလျှင် တောသို့ ကြွတော်မူ၏၊ မြတ်သော လက္ခဏာတော်ရှိတော်မူသော ထိုသိဒ္ဓတ္ထမြတ်စွာဘုရားကို ငါသည် ဖူးမြင်ရ၏။
၃၃။ ‘‘ကုဒါလ [ကုဒ္ဒါလ (သီ။ သျာ။)] ပိဋကမာဒါယ, သမံ ကတွာန တံ ပထံ၊
သတ္ထာရံ အဘိဝါဒေတွာ, သကံ စိတ္တံ ပသာဒယိံ။
၃၃။ ထိုအခါ ငါသည် ပေါက်တူး, ခြင်းတောင်းကို ယူပြီးလျှင် ဘုရားကြွတော်မူရာ ထိုခရီးကို ညီညွတ်အောင် ပြု၍ မြတ်စွာဘုရားကို ရှိခိုးလျက် မိမိစိတ်ကို ကြည်လင်စေ၏။
၃၄။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, မဂ္ဂဒါနဿိဒံ ဖလံ။
၃၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ကောင်းမှုကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် လမ်းခရီးကို ပြုပြင် လှူဒါန်းရခြင်း၏ အကျိုးပေတည်း။
၃၅။ ‘‘သတ္တပညာသကပ္ပမှိ, ဧကော အာသိံ ဇနာဓိပေါ၊
နာမေန သုပ္ပဗုဒ္ဓေါတိ, နာယကော သော နရိဿရော။
၃၅။ ထိုငါသည် ငါးဆယ့်ခုနစ်ကမ္ဘာထက်၌ လူတို့ကို အစိုးရသည်ဖြစ်၍ လူတို့၏ ရှေ့သွားဖြစ်သော အမည်အားဖြင့် “သုပ္ပဗုဒ္ဓ”ဟု ထင်ရှားသော မင်းသည် တစ်ကြိမ် ဖြစ်ခဲ့၏။
၃၆။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ မဂ္ဂဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
မဂ္ဂဒါယကတ္ထေရဿာပဒါနံ သတ္တမံ။
၃၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်မဂ္ဂဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် မဂ္ဂဒါယကတ္ထေရအပဒါန ပြီး၏။
၈။ ဖလကဒါယကတ္ထေရအပဒါနံ
၃၇။ ‘‘ယာနကာရော ပုရေ အာသိံ, ဒါရုကမ္မေ သုသိက္ခိတော၊
စန္ဒနံ ဖလကံ ကတွာ, အဒါသိံ လောကဗန္ဓုနော။
၈-ဖလကဒါယကတ္ထေရအပဒါန ၃၇။ ရှေးအခါ၌ ငါသည် သစ်သားလုပ်ငန်း၌ ကောင်းစွာ သင်ယူအပ်ပြီးသော ယာဥ်ပြု လုပ်သူ ဖြစ်ခဲ့၏၊ စန္ဒကူးသားကို ပျဥ်ချပ်ပြု၍ လောက၏ အဆွေဖြစ်တော်မူသော မြတ်စွာဘုရားအား လှူဒါန်းခဲ့၏။
၃၈။ ‘‘ပဘာသတိ ဣဒံ ဗျမှံ, သုဝဏ္ဏဿ သုနိမ္မိတံ၊
ဟတ္ထိယာနံ အဿယာနံ, ဒိဗ္ဗယာနံ ဥပဋ္ဌိတံ။
၃၈။ ရွှေဖြင့် ကောင်းစွာ ဖန်ဆင်းအပ်သော ဤဗိမာန်သည် တောက်ပ၏။ ဆင်ယာဥ်၊ မြင်းယာဥ်၊ နတ်ယာဥ်သည် ရှေးရှုတည်လာ၏။
၃၉။ ‘‘ပါသာဒါ သိဝိကာ စေဝ, နိဗ္ဗတ္တန္တိ ယဒိစ္ဆကံ၊
အက္ခုဗ္ဘံ [အက္ခောဘံ (သီ။)] ရတနံ မယှံ, ဖလကဿ ဣဒံ ဖလံ။
၃၉။ ပြာသာဒ်တို့သည်လည်းကောင်း၊ ထမ်းစင်တို့သည်လည်းကောင်း အလိုရှိတိုင်း ဖြစ်ကုန်၏။ ငါ၏ ဥစ္စာရတနာကို လှုပ်ချောက်ချားခြင်းငှါ မစွမ်းနိုင်။ ဤသို့ ဖြစ်ရခြင်းသည် လှူဒါန်းရသော စန္ဒကူး ပျဥ်ချပ်၏ အကျိုးပေတည်း။
၄၀။ ‘‘ဧကနဝုတိတော ကပ္ပေ, ဖလကံ ယမဟံ ဒဒိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဖလကဿ ဣဒံ ဖလံ။
၄၀။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပျဥ်ချပ်ကို ပေးလှူခဲ့ရသော အခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် လှူဒါန်းရသော စန္ဒကူး ပျဥ်ချပ်၏ အကျိုးပေတည်း။
၄၁။ ‘‘သတ္တပညာသကပ္ပမှိ, စတုရော နိမ္မိတာဝှယာ၊
သတ္တရတနသမ္ပန္နာ, စက္ကဝတ္တီ မဟဗ္ဗလာ။
၄၁။ ငါးဆယ့်ခုနစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံကုန်သည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိကုန်သော “နိမ္မိတ” မည်ကုန်သော စကြဝတေးမင်းတို့သည် လေးကြိမ် ဖြစ်ခဲ့ ဖူးကုန်၏။
၄၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဖလကဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဖလကဒါယကတ္ထေရဿာပဒါနံ အဋ္ဌမံ။
၄၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဖလကဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် ဖလကဒါယကတ္ထေရအပဒါန ပြီး၏။
၉။ ဝဋံသကိယတ္ထေရအပဒါနံ
၄၃။ ‘‘သုမေဓော နာမ နာမေန, သယမ္ဘူ အပရာဇိတော၊
ဝိဝေကမနုဗြူဟန္တော, အဇ္ဈောဂဟိ မဟာဝနံ။
၉-ဝဋံသကိယတ္ထေရအပဒါန ၄၃။ အလိုလိုဖြစ်တော်မူသောသူတစ်ပါးတို့ မအောင်အပ်သည် ဖြစ်၍ အမည်အားဖြင့် “သုမေဓာ”ဟု ထင်ရှားသော မြတ်စွာဘုရားသည် ဆိတ်ငြိမ်မှု ‘ဝိဝေက’ ကို ပွါးများတော်မူလို သည် ဖြစ်၍ တောအုပ်ကြီးသို့ ဝင်တော်မူ၏။
၄၄။ ‘‘သဠလံ ပုပ္ဖိတံ ဒိသွာ, ဂန္ထိတွာန [ဗန္ဓိတွာန (သီ။)] ဝဋံသကံ၊
ဗုဒ္ဓဿ အဘိရောပေသိံ, သမ္မုခါ လောကနာယကံ။
၄၄။ ထိုအခါ ငါသည် ပွင့်နေသော ထင်းရှူးပန်းကို မြင်၍ ဦးဆောက်ပန်းကုံးကို သီပြီး လျှင် မြတ်စွာဘုရား၏ မျက်မှောက်တော်၌ မြတ်စွာဘုရားကို တင်လှူပူဇော်၏။
၄၅။ ‘‘တိံသကပ္ပသဟဿမှိ, ယံ ပုပ္ဖမဘိရောပယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၄၅။ ကမ္ဘာသုံးသောင်းထက်၌ ထင်းရှူးပန်းကို တင်လှူခဲ့ရသော အခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ဦးဆောက် ပန်း လှူဒါန်းပူဇော်ခြင်း၏ အကျိုးပေတည်း။
၄၆။ ‘‘ဦနဝီသေ ကပ္ပသတေ, သောဠသာသုံ သုနိမ္မိတာ၊
သတ္တရတနသမ္ပန္နာ, စက္ကဝတ္တီ မဟဗ္ဗလာ။
၄၆။ ကမ္ဘာတစ်ထောင့်ကိုးရာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံကုန်သည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိကုန်သော “သုနိမ္မိတ”မည်ကုန်သော စကြဝတေးမင်းတို့သည် တစ်ဆယ့်ခြောက်ကြိမ် ဖြစ်ဖူးကုန်၏။
၄၇။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဝဋံသကိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဝဋံသကိယတ္ထေရဿာပဒါနံ နဝမံ။
၄၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဝဋံသကိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် ဝဋံသကိယတ္ထေရအပဒါန ပြီး၏။
၁၀။ ပလ္လင်္ကဒါယကတ္ထေရအပဒါနံ
၄၈။ ‘‘သုမေဓဿ ဘဂဝတော, လောကဇေဋ္ဌဿ တာဒိနော၊
ပလ္လင်္ကော ဟိ မယာ ဒိန္နော, သဥတ္တရသပစ္ဆဒေါ။
၁၀-ပလ္လင်္ကဒါယကတ္ထေရအပဒါန ၄၈။ လောက၏ အကြီးအမှူးဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော သုမေဓာမြတ်စွာဘုရားအား ငါသည် ဗိမာန်မျက်နှာကြက် အိပ်ရာလွှမ်းနှင့် တကွသော ပလ္လင်ကို ပေးလှူခဲ့၏။
၄၉။ ‘‘သတ္တရတနသမ္ပန္နော, ပလ္လင်္ကော အာသိ သော တဒါ၊
မမ သင်္ကပ္ပမညာယ, နိဗ္ဗတ္တတိ သဒါ မမ။
၄၉။ ထိုအခါ၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသော ပလ္လင်သည် ဖြစ်ပေါ်လာ၏၊ ငါ၏ စိတ်အကြံကို သိ၍ ထိုရတနာခုနစ်ပါးနှင့် ပြည့်စုံသော ပလ္လင်သည်လည်း အခါခပ်သိမ်း ငါ့အား ဖြစ်၏။
၅၀။ ‘‘တိံသကပ္ပသဟဿမှိ, ပလ္လင်္ကမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ပလ္လင်္ကဿ ဣဒံ ဖလံ။
၅၀။ ကမ္ဘာသုံးသောင်းထက်၌ ပလ္လင်တော်ကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပလ္လင်လှူဒါန်းရခြင်း၏ အကျိုး ပေတည်း။
၅၁။ ‘‘ဝီသကပ္ပသဟဿမှိ, သုဝဏ္ဏာဘာ တယော ဇနာ၊
သတ္တရတနသမ္ပန္နာ, စက္ကဝတ္တီ မဟဗ္ဗလာ။
၅၁။ ကမ္ဘာနှစ်သောင်းထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံကုန်သည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိကုန်သော “သုဝဏ္ဏာဘ” မည်ကုန်သော စကြဝတေးမင်းတို့သည် သုံးကြိမ် ဖြစ်ဖူးကုန်၏။
၅၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ပလ္လင်္ကဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ပလ္လင်္ကဒါယကတ္ထေရဿာပဒါနံ ဒသမံ။
ဆတ္တဝဂ္ဂေါ ပန္နရသမော။
တဿုဒ္ဒါနံ –
ဆတ္တံ ထမ္ဘော စ ဝေဒိ စ, ပရိဝါရုမပုပ္ဖိယော၊
အနုလေပေါ စ မဂ္ဂေါ စ, ဖလကော စ ဝဋံသကော၊
ပလ္လင်္ကဒါယီ စ ဂါထာယော, ဆပ္ပညာသ ပကိတ္တိတာတိ။
၅၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပလ္လင်္ကဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် ပလ္လင်္ကဒါယကတ္ထေရအပဒါန ပြီး၏။ တစ်ဆယ့်ငါးခုမြောက် ဆတ္တဝဂ် ပြီး၏။
၁၆။ ဗန္ဓုဇီဝကဝဂ္ဂေါ
၁။ ဗန္ဓုဇီဝကတ္ထေရအပဒါနံ
၁။ ‘‘စန္ဒံဝ ဝိမလံ သုဒ္ဓံ, ဝိပ္ပသန္နမနာဝိလံ၊
နန္ဒီဘဝပရိက္ခီဏံ, တိဏ္ဏံ လောကေ ဝိသတ္တိကံ။
၁၆-ဗန္ဓုဇီဝကဝဂ် ၁-ဗန္ဓုဇီဝကတ္ထေရအပဒါန ၁။ ‘လမင်းကဲ့သို့’ အညစ်အကြေးကင်း၍ သန့်ရှင်းကြည်လင်လျက် နောက်ကျုခြင်း မရှိသော လောက၌ တွယ်တာမှုကို လွန်မြောက်သည်ဖြစ်၍ ဘဝရာဂကုန်ပြီးသည်လည်း ဖြစ်သော-
၂။ ‘‘နိဗ္ဗာပယန္တံ ဇနတံ, တိဏ္ဏံ [ဒိသွာ (?)] တာရယတံ ဝရံ [တာရယတံ မုနိံ (သျာ။)]၊
မုနိံ ဝနမှိ ဈာယန္တံ [ဝနသ္မိံ ဈာယမာနံ တံ (သီ။ သျာ။)], ဧကဂ္ဂံ သုသမာဟိတံ။
၂။ လူအပေါင်းကို ကိလေသာမီး ငြိမ်းအေးစေနိုင်သည်ဖြစ်၍ ကူးမြောက်သူထက် လွန်မြတ်သည့် ကူးမြောက်သူလည်းဖြစ်သော သိခီမြတ်စွာဘုရားကို တစ်ခုတည်းသော အာရုံ ဖြင့် ကောင်းစွာ တည်ကြည်လျက် တော၌ ဈာန်ဝင်စားတော်မူစဥ် ငါသည် ဖူးမြင်ရ၏။
၃။ ‘‘ဗန္ဓုဇီဝကပုပ္ဖါနိ, လဂေတွာ သုတ္တကေနဟံ၊
ဗုဒ္ဓဿ အဘိရောပယိံ, သိခိနော လောကဗန္ဓုနော။
၃။ ငါသည် ခေါင်ရန်းပန်းတို့ကို ချည်ဖြင့် သီကုံး၍ လောက၏ အဆွေဖြစ်တော်မူသော သိခီမြတ်စွာဘုရားအား တင်လှူပူဇော်၏။
၄။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၄။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပန်းလှူမှုကို ပြုခဲ့ရသော အခါမှစ၍ ငါသည် အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။
၅။ ‘‘ဣတော သတ္တမကေ ကပ္ပေ, မနုဇိန္ဒော မဟာယသော၊
သမန္တစက္ခု နာမာသိ, စက္ကဝတ္တီ မဟဗ္ဗလော။
၅။ ဤဘဒ္ဒကမ္ဘာမှ ခုနစ်ခုမြောက်ကမ္ဘာထက်၌ များသော အခြံအရံ, များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သမန္တစက္ခု” မည်သော စကြဝတေးမင်းသည် ဖြစ်ခဲ့၏။
၆။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဗန္ဓုဇီဝကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဗန္ဓုဇီဝကတ္ထေရဿာပဒါနံ ပဌမံ။
၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်းကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဗန္ဓုဇီဝကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော ဗန္ဓုဇီဝကတ္ထေရအပဒါန ပြီး၏။
၂။ တမ္ဗပုပ္ဖိယတ္ထေရအပဒါနံ
၇။ ‘‘ပရကမ္မာယနေ ယုတ္တော, အပရာဓံ အကာသဟံ၊
ဝနန္တံ အဘိဓာဝိဿံ, ဘယဝေရသမပ္ပိတော။
၂-တမ္ဗပုပ္ဖိယတ္ထေရအပဒါန ၇။ သူတစ်ပါး၏ အမှုကို ပြုလုပ်သော ငါသည် ပြစ်မှားမှုကို ပြုလုပ်မိ၏၊ ဘေးရန်ဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ တောသို့ ထွက်ပြေးရ၏။
၈။ ‘‘ပုပ္ဖိတံ ပါဒပံ ဒိသွာ, ပိဏ္ဍိဗန္ဓံ သုနိမ္မိတံ၊
တမ္ဗပုပ္ဖံ ဂဟေတွာန, ဗောဓိယံ ဩကိရိံ အဟံ။
၈။ အပွင့်ပွင့်သော သစ်ပင်ကို မြင်သဖြင့် အခိုင်ဖြင့် ဖွဲ့အပ်သော ကောင်းစွာ ဖန်ဆင်း ပြုပြင်အပ်သော နီသောပန်းကို ယူပြီးလျှင် ငါသည် (ပိယဒဿီမြတ်စွာဘုရား၏) သခွတ် ဗောဓိပင်၌ ကြဲဖြန့်ပူဇော်၏။
၉။ ‘‘သမ္မဇ္ဇိတွာန တံ ဗောဓိံ, ပါဋလိံ ပါဒပုတ္တမံ၊
ပလ္လင်္ကံ အာဘုဇိတွာန, ဗောဓိမူလေ ဥပါဝိသိံ။
၉။ ငါသည် သစ်ပင်မြတ်ဖြစ်သော ထိုသခွတ်ဗောဓိပင်ကို တံမြက်လှည်း၍ ဗောဓိပင်ရင်း၌ ထက်ဝယ်ဖွဲ့ခွေလျက် ကပ်ရောက်နေ၏။
၁၀။ ‘‘ဂတမဂ္ဂံ ဂဝေသန္တာ, အာဂစ္ဆုံ မမ သန္တိကံ၊
တေ စ ဒိသွာနဟံ တတ္ထ, အာဝဇ္ဇိံ ဗောဓိမုတ္တမံ။
၁၀။ ငါ သွားရာခရီးကို ရှာကုန်သော သူတို့သည် ငါ့ထံသို့ လာကြကုန်၏၊ ငါသည် ထိုသူတို့ကို မြင်သော်လည်း ထိုဗောဓိပင်ရင်း၌ မြတ်သော ဗောဓိဉာဏ်ကို အောက်မေ့ဆင်ခြင်၏။
၁၁။ ‘‘ဝန္ဒိတွာန အဟံ ဗောဓိံ, ဝိပ္ပသန္နေန စေတသာ၊
အနေကတာလေ ပပတိံ, ဂိရိဒုဂ္ဂေ ဘယာနကေ။
၁၁။ ငါသည် အထူးကြည်လင်လှသောစိတ်ဖြင့် ဗောဓိပင်ကို ရှိခိုးပြီးသော် များစွာသော ထန်းဆင့်ပင် (ပမာဏ) နက်စောက်သည်ဖြစ်၍ ကြောက်မက်ဖွယ်ရာ ကောင်းသော အသွား အလာ ခက်ခဲသော တောင်ချောက်ကြား၌ လိမ့်ကျ၏။
၁၂။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိရောပယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗောဓိပူဇာယိဒံ ဖလံ။
၁၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ နီသော ပန်းကို တင်လှူပူဇော်ခဲ့ရသော အခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဗောဓိပင်ကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။
၁၃။ ‘‘ဣတော စ တတိယေ ကပ္ပေ, ရာဇာ သုသညတော အဟံ [သံထုသိတော အဟုံ (သီ။)]၊
သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။
၁၃။ ဤဘဒ္ဒကမ္ဘာမှ သုံးခုမြောက် ကမ္ဘာထက်၌လည်း ရတနာခုနစ်ပါးနှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သုသညတ” မည်သော စကြဝတေးမင်း ဖြစ်ခဲ့၏။
၁၄။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ တမ္ဗပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
တမ္ဗပုပ္ဖိယတ္ထေရဿာပဒါနံ ဒုတိယံ။
၁၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်တမ္ဗပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် တမ္ဗပုပ္ဖိယတ္ထေရအပဒါန ပြီး၏။
၃။ ဝီထိသမ္မဇ္ဇကတ္ထေရအပဒါနံ
၁၅။ ‘‘ဥဒေန္တံ သတရံသိံဝ, ပီတရံသိံဝ [သိတရံသိံဝ (သီ။ သျာ။)] ဘာဏုမံ၊
ပန္နရသေ ယထာ စန္ဒံ, နိယျန္တံ လောကနာယကံ။
၃-ဝီထိသမ္မဇ္ဇကတ္ထေရအပဒါန ၁၅။ များစွာသော အရောင်, ဝါဝင်းသော အရောင်ရှိသည်ဖြစ်၍ တက်သစ်စ နေလုလင်သဖွယ် ဖြစ်သော တစ်ဆယ့်ငါးရက်မြောက်နေ့၌ ယုဂန်တောင်စွန်းမှ တက်ထွန်းသည့် လမင်းသဖွယ်လည်း ဖြစ်သော (သိခီ) မြတ်စွာဘုရားကို ကြွသွားတော်မူစဥ် (ငါ ဖူးမြင်ရ၏)။
၁၆။ ‘‘အဋ္ဌသဋ္ဌိသဟဿာနိ, သဗ္ဗေ ခီဏာသဝါ အဟုံ၊
ပရိဝါရိံသု သမ္ဗုဒ္ဓံ, ဒွိပဒိန္ဒံ နရာသဘံ။
၁၆။ ခြောက်သောင်းရှစ်ထောင်ကုန်သော အလုံးစုံသော ရဟန်းတို့သည် ရဟန္တာချည်း ဖြစ်ကုန်၏၊ (ထိုရဟန္တာတို့သည် ) အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရသည်ဖြစ်၍ လူတို့ထက် မြတ်တော်မူသော မြတ်စွာဘုရားကို ခြံရံကြကုန်၏။
၁၇။ ‘‘သမ္မဇ္ဇိတွာန တံ ဝီထိံ, နိယျန္တေ လောကနာယကေ၊
ဥဿာပေသိံ ဓဇံ တတ္ထ, ဝိပ္ပသန္နေန စေတသာ။
၁၇။ မြတ်စွာဘုရား ကြွသွားတော်မူသည်ရှိသော် ထိုလမ်းခရီးကို တံမြက်လှည်း၍ အထူး ကြည်လင်လှသော စိတ်ဖြင့် (ငါသည် ) ထိုလမ်းခရီး၌ပင် တံခွန်ကို စိုက်ထူ၏။
၁၈။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ဓဇံ အဘိရောပယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဓဇဒါနဿိဒံ ဖလံ။
၁၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ တံခွန်ကို စိုက်ထူပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် တံခွန်အလှူ၏ အကျိုး ပေတည်း။
၁၉။ ‘‘ဣတော စတုတ္ထကေ ကပ္ပေ, ရာဇာဟောသိံ မဟဗ္ဗလော၊
သဗ္ဗာကာရေန သမ္ပန္နော, သုဓဇော ဣတိ ဝိဿုတော။
၁၉။ ဤဘဒ္ဒကမ္ဘာမှ လေးခုမြောက်ကမ္ဘာထက်၌ အလုံးစုံသော အခြင်းအရာနှင့် ပြည့်စုံ သည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သုဓဇ”ဟု ထင်ရှားသော စကြဝတေးမင်း ဖြစ်ခဲ့၏။
၂၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဝီထိသမ္မဇ္ဇကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဝီထိသမ္မဇ္ဇကတ္ထေရဿာပဒါနံ တတိယံ။
၂၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဝီထိသမ္မဇ္ဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် ဝီထိသမ္မဇ္ဇကတ္ထေရအပဒါန ပြီး၏။
၄။ ကက္ကာရုပုပ္ဖပူဇကတ္ထေရအပဒါနံ
၂၁။ ‘‘ဒေဝပုတ္တော အဟံ သန္တော, ပူဇယိံ သိခိနာယကံ၊
ကက္ကာရုပုပ္ဖံ ပဂ္ဂယှ, ဗုဒ္ဓဿ အဘိရောပယိံ။
၄-ကက္ကာရုပုပ္ဖပူဇကတ္ထေရအပဒါန ၂၁။ (ထိုအခါ) ငါသည် နတ်သားဖြစ်လျက် သိခီမြတ်စွာဘုရားကို ပူဇော်ခဲ့၏၊ ကက္ကာရုနတ်ပန်းကို ယူ၍ မြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။
၂၂။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ပုပ္ဖမဘိရောပယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၂၂။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ကက္ကာရုပန်းကို လှူဒါန်းခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ကက္ကာရုနတ်ပန်း ပူဇော်ရခြင်း၏ အကျိုးပေတည်း။
၂၃။ ‘‘ဣတော စ နဝမေ ကပ္ပေ, ရာဇာ သတ္တုတ္တမော အဟုံ၊
သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။
၂၃။ ဤဘဒ္ဒကမ္ဘာမှ ကိုးခုမြောက်ကမ္ဘာထက်၌လည်း ရတနာခုနစ်ပါးနှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သတ္တုတ္တမ” အမည်ရှိသော စကြဝတေးမင်း ဖြစ်ခဲ့၏။
၂၄။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ကက္ကာရုပုပ္ဖပူဇကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ကက္ကာရုပုပ္ဖပူဇကတ္ထေရဿာပဒါနံ စတုတ္ထံ။
၂၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ကက္ကာရုပုပ္ဖပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် ကက္ကာရုပုပ္ဖပူဇကတ္ထေရအပဒါန ပြီး၏။
၅။ မန္ဒာရဝပုပ္ဖပူဇကတ္ထေရအပဒါနံ
၂၅။ ‘‘ဒေဝပုတ္တော အဟံ သန္တော, ပူဇယိံ သိခိနာယကံ၊
မန္ဒာရဝေန ပုပ္ဖေန, ဗုဒ္ဓဿ အဘိရောပယိံ။
၅-မန္ဒာရဝပုပ္ဖပူဇကတ္ထေရအပဒါန ၂၅။ (ထိုအခါ) ငါသည် နတ်သားဖြစ်လျက် သိခီမြတ်စွာဘုရားကို ပူဇော်ခဲ့၏၊ မန္ဒာရဝ နတ်ပန်းဖြင့် မြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။
၂၆။ ‘‘သတ္တာဟံ ဆဒနံ အာသိ, ဒိဗ္ဗံ မာလံ တထာဂတေ၊
သဗ္ဗေ ဇနာ သမာဂန္တွာ, နမဿိံသု တထာဂတံ။
၂၆။ နတ်ပန်းသည် ခုနစ်ရက်ပတ်လုံး မြတ်စွာဘုရား၌ အမိုးဖြစ်၏၊ လူခပ်သိမ်းတို့သည် အညီအညွတ့်လာကြကုန်၍ မြတ်စွာဘုရားအား ရှိခိုးကြကုန်၏။
၂၇။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၂၇။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ မန္ဒာရဝနတ်ပန်း လှူဒါန်းခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏ အကျိုးပေတည်း။
၂၈။ ‘‘ဣတော စ ဒသမေ ကပ္ပေ, ရာဇာဟောသိံ ဇုတိန္ဓရော၊
သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။
၂၈။ ဤဘဒ္ဒကမ္ဘာမှ ဆယ်ခုမြောက်ကမ္ဘာထက်၌လည်း ရတနာခုနစ်ပါးနှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဇုတိန္ဓရ” အမည်ရှိသော စကြဝတေးမင်း ဖြစ်ဖူး၏။
၂၉။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ မန္ဒာရဝပုပ္ဖပူဇကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
မန္ဒာရဝပုပ္ဖပူဇကတ္ထေရဿာပဒါနံ ပဉ္စမံ။
၂၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်မန္ဒာရဝပုပ္ဖပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် မန္ဒာရဝပုပ္ဖပူဇကတ္ထေရအပဒါန ပြီး၏။
၆။ ကဒမ္ဗပုပ္ဖိယတ္ထေရအပဒါနံ
၃၀။ ‘‘ဟိမဝန္တဿာဝိဒူရေ, ကုက္ကုဋော နာမ ပဗ္ဗတော၊
တမှိ ပဗ္ဗတပါဒမှိ, သတ္တ ဗုဒ္ဓါ ဝသန္တိ တေ။
၆-ကဒမ္ဗပုပ္ဖိယတ္ထေရအပဒါန ၃၀။ ဟိမဝန္တာတောင်၏ အနီး၌ ကုက္ကုဋမည်သောတောင် ရှိ၏၊ ထိုတောင်ခြေရင်း၌ ပစ္စေကဗုဒ္ဓါ ခုနစ်ပါးတို့သည် နေတော်မူကြကုန်၏။
၃၁။ ‘‘ကဒမ္ဗံ ပုပ္ဖိတံ ဒိသွာ, ဒီပရာဇံဝ ဥဂ္ဂတံ၊
ဥဘော ဟတ္ထေဟိ ပဂ္ဂယှ, သတ္တ ဗုဒ္ဓေ သမောကိရိံ။
၃၁။ ငါသည် ‘ထွက်သော လမင်းကဲ့သို့’ ကားကားစွင့်စွင့် ပွင့်သော ထိမ်ပန်းကို မြင်လတ်၍ လက်နှစ်ဖက်တို့ဖြင့် ယူပြီးလျှင် ပစ္စေကဗုဒ္ဓါခုနစ်ပါးတို့ကို ကြဲဖြန့်ပူဇော်၏။
၃၂။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိရောပယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၃၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ထိမ်ပန်းကို လှူဒါန်းခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် ပစ္စေကဗုဒ္ဓါတို့ကို ပူဇော်ရ ခြင်း၏ အကျိုးပေတည်း။
၃၃။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, သတ္တာသုံ ပုပ္ဖနာမကာ၊
သတ္တရတနသမ္ပန္နာ, စက္ကဝတ္တီ မဟဗ္ဗလာ။
၃၃။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိကုန်သော “ပုပ္ဖ” အမည်ရှိကုန်သော စကြဝတေးမင်းတို့သည် ခုနစ်ကြိမ် ဖြစ်ဖူးကုန်၏။
၃၄။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ကဒမ္ဗပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ၊
ကဒမ္ဗပုပ္ဖိယတ္ထေရဿာပဒါနံ ဆဋ္ဌံ။
၃၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ကဒမ္ဗပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် ကဒမ္ဗပုပ္ဖိယတ္ထေရအပဒါန ပြီး၏။
၇။ တိဏသူလကတ္ထေရအပဒါနံ
၃၅။ ‘‘ဟိမဝန္တဿာဝိဒူရေ, ဘူတဂဏော နာမ ပဗ္ဗတော၊
ဝသတေကော ဇိနော တတ္ထ, သယမ္ဘူ လောကနိဿဋော။
၇-တိဏသူလကတ္ထေရအပဒါန ၃၅။ ဟိမဝန္တာတောင်၏ အနီး၌ ဘူတဂဏမည်သောတောင် ရှိ၏၊ အလိုလို သိတော်မူ သည်ဖြစ်၍ လောကမှ ထွက်မြောက်တော်မူသော တစ်ဆူတည်းသော သိခီမြတ်စွာဘုရားသည် ထိုဘူတဂဏတောင်၌ သီတင်းသုံးနေတော်မူ၏။
၃၆။ ‘‘တိဏသူလံ ဂဟေတွာန, ဗုဒ္ဓဿ အဘိရောပယိံ၊
ဧကူနသတသဟဿံ, ကပ္ပံ န ဝိနိပါတိကော။
၃၆။ ထိုအခါ ငါသည် စံပယ်ပန်းကို ယူ၍ သိခီမြတ်စွာဘုရားအား တင်လှူပူဇော်၏၊ တစ်ခုယုတ် ကမ္ဘာတစ်သိန်းပတ်လုံး (ကိုသောင်းကိုးထောင် ကိုးရာကိုးဆယ့် ကိုးကမ္ဘာပတ်လုံး) အပါယ်လေးပါးသို့ မလားမရောက်ရချေ။
၃၇။ ‘‘ဣတော ဧကာဒသေ ကပ္ပေ, ဧကောသိံ ဓရဏီရုဟော၊
သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။
၃၇။ ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်တစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဓရဏီရုဟ”မည်သော စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။
၃၈။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ တိဏသူလကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
တိဏသူလကတ္ထေရဿာပဒါနံ သတ္တမံ။
၃၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်တိဏသူလကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် တိဏသူလကတ္ထေရအပဒါန ပြီး၏။
၈။ နာဂပုပ္ဖိယတ္ထေရအပဒါနံ
၃၉။ ‘‘သုဝစ္ဆော နာမ နာမေန, ဗြာဟ္မဏော မန္တပါရဂူ၊
ပုရက္ခတော သသိဿေဟိ, ဝသတေ ပဗ္ဗတန္တရေ။
၈-နာဂပုပ္ဖိယတ္ထေရအပဒါန ၃၉။ ဗေဒင်အရာ၌ တစ်ဖက်ကမ်းရောက် တတ်မြောက်သော အမည်အားဖြင့် “သုဝစ္ဆ”ဟု ထင်ရှားသော ပုဏ္ဏားသည် မိမိတပည့်တို့ဖြင့် ခြံရံလျက် တောင်တို့၏ အတွင်း၌ နေ၏။
၄၀။ ‘‘ပဒုမုတ္တရော နာမ ဇိနော, အာဟုတီနံ ပဋိဂ္ဂဟော၊
မမုဒ္ဓရိတုကာမော သော, အာဂစ္ဆိ မမ သန္တိကံ။
၄၀။ လှူဒါန်းဖွယ်ဝတ္ထုတို့ကို ခံတော်မူထိုက်သော ထိုပဒုမုတ္တရမြတ်စွာဘုရားသည် ငါ့ကို သံသရာမှ ထုတ်ဆောင်လိုသည်ဖြစ်၍ ငါ၏ အထံသို့ ကြွလာတော်မူ၏။
၄၁။ ‘‘ဝေဟာသမှိ စင်္ကမတိ, ဓူပါယတိ ဇလတေ တထာ၊
ဟာသံ မမံ ဝိဒိတွာန, ပက္ကာမိ ပါစိနာမုခေါ။
၄၁။ ကောင်းကင်၌ စင်္ကြံကြွတော်မူ၏၊ အခိုးလွှတ်တော်မူ၏၊ ထိုမှတစ်ပါး အလျှံ တောက်ပတော်မူ၏၊ ငါ၏ စိတ်နှလုံးရွှင်ပျခြင်းကို သိတော်မူ၍ အရှေ့အရပ်သို့ ဖဲကြွသွားတော် မူ၏။
၄၂။ ‘‘တဉ္စ အစ္ဆရိယံ ဒိသွာ, အဗ္ဘုတံ လောမဟံသနံ၊
နာဂပုပ္ဖံ ဂဟေတွာန, ဂတမဂ္ဂမှိ ဩကိရိံ။
၄၂။ ကြက်သီးမွေးညင်း ထလောက်အောင် မဖြစ်စဖူး ထူးကဲသော ထိုအံ့ဩဖွယ်ကိုလည်း မြင်ရ၍ ငါသည် ကံ့ကော်ပန်းကို ယူပြီးလျှင် ကြွတော်မူရာ လမ်းခရီး၌ ကြဲဖြန့်ပူဇော်၏။
၄၃။ ‘‘သတသဟဿိတော ကပ္ပေ, ယံ ပုပ္ဖံ ဩကိရိံ အဟံ၊
တေန စိတ္တပ္ပသာဒေန, ဒုဂ္ဂတိံ နုပပဇ္ဇဟံ။
၄၃။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ အကြင်ကံ့ကော်ပန်းကို ငါသည် ကြဲဖြန့် ပူဇော်ခဲ့၏၊ ထိုကံ့ကော်ပန်းကို ကြဲဖြန့်ပူဇော်ရသော စိတ်ကြည်လင်မှုကြောင့် ငါသည် အပါယ် လေးပါးသို့ မလားမရောက်ရပေ။
၄၄။ ‘‘ဧကတ္တိံသေ ကပ္ပသတေ [ဧကတိံသေ ဣတော ကမ္မေ (သျာ။)], ရာဇာ အာသိ မဟာရဟော၊
သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။
၄၄။ ကမ္ဘာသုံးထောင့်တစ်ရာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “မဟာရဟ”မည်သော စကြဝတေးမင်း ဖြစ်ခဲ့၏။
၄၅။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ နာဂပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
နာဂပုပ္ဖိယတ္ထေရဿာပဒါနံ အဋ္ဌမံ။
၄၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်နာဂပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် နာဂပုပ္ဖိယတ္ထေရအပဒါန ပြီး၏။
၉။ ပုန္နာဂပုပ္ဖိယတ္ထေရအပဒါနံ
၄၆။ ‘‘ကာနနံ ဝနမောဂယှ, ဝသာမိ လုဒ္ဒကော အဟံ၊
ပုန္နာဂံ ပုပ္ဖိတံ ဒိသွာ, ဗုဒ္ဓသေဋ္ဌံ အနုဿရိံ။
၉-ပုန္နာဂပုပ္ဖိယတ္ထေရအပဒါန ၄၆။ (ထိုအခါ) မုဆိုးဖြစ်သော ငါသည် ငှက်စသည်တို့၏ တွန်မြူးရာဖြစ်သော တောသို့ သက်ဝင်၍ နေ၏၊ ပွင့်သော ပုန်းညက်ပန်းကို မြင်သဖြင့် ဘုရားမြတ်ကို အောက်မေ့၏။
၄၇။ ‘‘တံ ပုပ္ဖံ ဩစိနိတွာန, သုဂန္ဓံ ဂန္ဓိတံ သုဘံ၊
ထူပံ ကရိတွာ ပုလိနေ, ဗုဒ္ဓဿ အဘိရောပယိံ။
၄၇။ တင့်တယ်လှပသည်ဖြစ်၍ ကောင်းသော ရနံ့တို့ဖြင့် ကြိုင်လှိုင်အပ်သော ထို ပုန်းညက်ပန်းကို ဆွတ်ခူးပြီးလျှင် သဲတို့ကို စေတီပြုလုပ်၍ မြတ်စွာဘုရားအား တင်လှူပူ ဇော်၏။
၄၈။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၄၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ပုန်းညက်ပန်းကို တင်လှူပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။
၄၉။ ‘‘ဧကမှိ နဝုတေ ကပ္ပေ, ဧကော အာသိံ တမောနုဒေါ၊
သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။
၄၉။ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “တမောနုဒ”မည်သော စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။
၅၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ပုန္နာဂပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ပုန္နာဂပုပ္ဖိယတ္ထေရဿာပဒါနံ နဝမံ။
၅၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပုန္နာဂပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် ပုန္နာဂပုပ္ဖိယတ္ထေရအပဒါန ပြီး၏။
၁၀။ ကုမုဒဒါယကတ္ထေရအပဒါနံ
၅၁။ ‘‘ဟိမဝန္တဿာဝိဒူရေ, မဟာဇာတဿရော အဟု၊
ပဒုမုပ္ပလသဉ္ဆန္နော, ပုဏ္ဍရီကသမောတ္ထဋော။
၁၀-ကုမုဒဒါယကတ္ထေရအပဒါန ၅၁။ ဟိမဝန္တာတောင်၏ အနီး၌ ပဒုမ္မာကြာ, ဥပ္ပလကြာတို့ဖြင့် ကောင်းစွာ ဖုံးလွှမ်းအပ် သည်ဖြစ်၍ ပုဏ္ဍရိက်ကြာတို့ဖြင့် လွှမ်းမိုးသော အိုင်ကြီးသည် ရှိ၏။
၅၂။ ‘‘ကုကုတ္ထော နာမ နာမေန, တတ္ထာသိံ သကုဏော တဒါ၊
သီလဝါ ဗုဒ္ဓိသမ္ပန္နော, ပုညာပုညေသု ကောဝိဒေါ။
၅၂။ ထိုအခါ ငါသည် ထိုအိုင်၌ သီလရှိသည် ပညာနှင့် ပြည့်စုံသည်ဖြစ်၍ ကုသိုလ်, အကုသိုလ်တို့၌ လိမ္မာသော “ကုကုတ္ထ”အမည်ရှိသော ငှက်သည် ဖြစ်ခဲ့၏။
၅၃။ ‘‘ပဒုမုတ္တရော လောကဝိဒူ, အာဟုတီနံ ပဋိဂ္ဂဟော၊
ဇာတဿရဿာဝိဒူရေ, သဉ္စရိတ္ထ မဟာမုနိ။
၅၃။ လောကသုံးပါးကို သိတော်မူသည်ဖြစ်၍ လှူဒါန်းဖွယ်ဝတ္ထုတို့ကို အလှူခံတော်မူ ထိုက်သော ပဒုမုတ္တရမြတ်စွာဘုရားသည် ဇာတဿရအိုင်၏ အနီး၌ ကြွလာလှည့်လည်တော် မူ၏။
၅၄။ ‘‘ဇလဇံ ကုမုဒံ ဆေတွာ, ဥပနေသိံ မဟေသိနော၊
မမ သင်္ကပ္ပမညာယ, ပဋိဂ္ဂဟိ မဟာမုနိ။
၅၄။ ငါသည် ရေ၌ ပေါက်ရောက်သော ကုမုဒြာကြာကို ဖြတ်ပြီးလျှင် မြတ်စွာဘုရားအား တင်လှူပူဇော်၏၊ ပဒုမုတ္တရမြတ်စွာဘုရားသည် ငါ၏ အကြံအစည်ကို သိတော်မူ၍ အလှူခံယူ တော်မူ၏။
၅၅။ ‘‘တဉ္စ ဒါနံ ဒဒိတွာန, သုက္ကမူလေန စောဒိတော၊
ကပ္ပါနံ သတသဟဿံ, ဒုဂ္ဂတိံ နုပပဇ္ဇဟံ။
၅၅။ ငါသည် ထိုကြာပန်းအလှူကို ပေးလှူပူဇော်ပြီး၍ ဖြူစင်သော ကုသိုလ်အကြောင်း သည် တိုက်တွန်းအပ်သောကြောင့် ကမ္ဘာတစ်သိန်းပတ်လုံး အပါယ်လေးပါးသို့ မလားမရောက် ရပေ။
၅၆။ ‘‘သောဠသေတော ကပ္ပသတေ, အာသုံ ဝရုဏနာမကာ၊
အဋ္ဌ ဧတေ ဇနာဓိပါ, စက္ကဝတ္တီ မဟဗ္ဗလာ။
၅၆။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်ထောင့်ခြောက်ရာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အား ရှိကုန်သော “ဝရုဏ” မည်ကုန်သော ထိုစကြဝတေးမင်းတို့သည် ရှစ်ကြိမ် ဖြစ်ဖူးကုန်၏။
၅၇။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ကုမုဒဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ကုမုဒဒါယကတ္ထေရဿာပဒါနံ ဒသမံ။
ဗန္ဓုဇီဝကဝဂ္ဂေါ သောဠသမော။
တဿုဒ္ဒါနံ –
ဗန္ဓုဇီဝေါ တမ္ဗပုပ္ဖီ, ဝီထိကက္ကာရုပုပ္ဖိယော၊
မန္ဒာရဝေါ ကဒမ္ဗီ စ, သူလကော နာဂပုပ္ဖိယော၊
ပုန္နာဂေါ ကောမုဒီ ဂါထာ, ဆပ္ပညာသ ပကိတ္တိတာတိ။
၅၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ကုမုဒဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် ကုမုဒဒါယကတ္ထေရအပဒါန ပြီး၏။ တစ်ဆယ့်ခြောက်ခုမြောက် ဗန္ဓုဇီဝကဝဂ် ပြီး၏။
၁၇။ သုပါရိစရိယဝဂ္ဂေါ
၁။ သုပါရိစရိယတ္ထေရအပဒါနံ
၁။ ‘‘ပဒုမော နာမ နာမေန, ဒွိပဒိန္ဒော နရာသဘော၊
ပဝနာ အဘိနိက္ခမ္မ, ဓမ္မံ ဒေသေတိ စက္ခုမာ။
၁၇-သုပါရိစရိယဝဂ် ၁-သုပါရိစရိယတ္ထေရအပဒါန ၁။ အခြေနှစ်ချောင်းရှိသူ နတ်လူအပေါင်းတို့ကို အစိုးရသည် ဖြစ်၍ လူတို့ထက် မြတ် တော်မူသော စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော ပဒုမုတ္တရမြတ်စွာဘုရားသည် တောအုပ်မှ ထွက်၍ တရားကို ဟောတော်မူ၏။
၂။ ‘‘ယက္ခာနံ သမယော အာသိ, အဝိဒူရေ မဟေသိနော၊
ယေန ကိစ္စေန သမ္ပတ္တာ, အဇ္ဈာပေက္ခိံသု တာဝဒေ။
၂။ မြတ်စွာဘုရား၏ မနီးမဝေး၌ နတ်တို့၏ အစည်းအဝေးသည် ဖြစ်၏၊ ယင်းအစည်း အဝေးကိစ္စဖြင့် ရောက်လာကုန်သော နတ်တို့သည် ထိုတရားဟောရာအခါ၌ (ဘုရားကို) ကြည့်ရှုဖူးမြော်ကြကုန်၏။
၃။ ‘‘ဗုဒ္ဓဿ ဂိရမညာယ, အမတဿ စ ဒေသနံ၊
ပသန္နစိတ္တော သုမနော, အပ္ဖေါဋေတွာ ဥပဋ္ဌဟိံ။
၃။ (ထိုအခါ နတ်သားဖြစ်သော ငါသည် ) မြတ်စွာဘုရား၏ အသံတော်ကိုလည်းကောင်း၊ အမြိုက်နိဗ္ဗာန်တရားဟောတော်မူခြင်းကိုလည်းကောင်း သိသဖြင့် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ လက်ခမောင်းခတ်လျက် (ဘုရားအား) ဆည်းကပ်ခဲ့၏။
၄။ ‘‘သုစိဏ္ဏဿ ဖလံ ပဿ, ဥပဋ္ဌာနဿ သတ္ထုနော၊
တိံသကပ္ပသဟဿေသု, ဒုဂ္ဂတိံ နုပပဇ္ဇဟံ။
၄။ မြတ်စွာဘုရားအား ဆည်းကပ်ခြင်းဟူသော အကျင့်မြတ်၏ အကျိုးကို ရှုလော့၊ ငါသည် ကမ္ဘာသုံးသောင်းတို့ပတ်လုံး အပါယ်လေးပါးသို့ မရောက်ခဲ့ရပေ။
၅။ ‘‘ဦနတိံသေ ကပ္ပသတေ, သမလင်္ကတနာမကော၊
သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။
၅။ နှစ်ထောင့်ကိုးရာကိုးဆယ့်ကိုးကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သမလင်္ကတ” မည်သော စကြဝတေးမင်း ဖြစ်ခဲ့၏။
၆။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ သုပါရိစရိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
သုပါရိစရိယတ္ထေရဿာပဒါနံ ပဌမံ။
၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သုပါရိစရိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော သုပါရိစရိယတ္ထေရအပဒါန ပြီး၏။
၂။ ကဏဝေရပုပ္ဖိယတ္ထေရအပဒါနံ
၇။ ‘‘သိဒ္ဓတ္ထော နာမ ဘဂဝါ, လောကဇေဋ္ဌော နရာသဘော၊
ပုရက္ခတော သာဝကေဟိ, နဂရံ ပဋိပဇ္ဇထ။
၂-ကဏဝေရပုပ္ဖိယတ္ထေရအပဒါန ၇။ လောက၏ အကြီးအမှူးဖြစ်တော်မူသော လူတို့ထက် မြတ်တော်မူသော သိဒ္ဓတ္ထအမည် ရှိတော်မူသော မြတ်စွာဘုရားသည် တပည့်အပေါင်း ခြံရံလျက် မြို့သို့ ကြွတော်မူ၏။
၈။ ‘‘ရညော အန္တေပုရေ အာသိံ, ဂေါပကော အဘိသမ္မတော၊
ပါသာဒေ ဥပဝိဋ္ဌောဟံ, အဒ္ဒသံ လောကနာယကံ။
၈။ (ငါသည် ) မင်း၏ နန်းတော်တွင်း၌ “အဘိသမ္မတ” မည်သော နန်းတွင်းစောင့် ဖြစ်ခဲ့၏၊ (ထိုအခါ) ငါသည် ပြာသာဒ်သို့ ဝင်လတ်သော် မြတ်စွာဘုရားကို ဖူးမြင်ရ၏။
၉။ ‘‘ကဏဝေရံ [ကရဝီရံ (သက္ကတာနုလောမံ), ကဏဝီရံ (ပါကတ)] ဂဟေတွာန, ဘိက္ခုသံဃေ သမောကိရိံ၊
ဗုဒ္ဓဿ ဝိသုံ ကတွာန, တတော ဘိယျော သမောကိရိံ။
၉။ (ထိုအခါ ငါသည် ) ကုလားဇလပ်ပန်းကို ယူပြီးလျှင် ရဟန်းသံဃာ၌ ကြဲဖြန့် ပူဇော်ခဲ့၏၊ မြတ်စွာဘုရားအား အသီးအခြား ပြု၍ ထိုရှေးကြဲဖြန့်သော ပန်းထက် လွန်စွာ ကြဲဖြန့် ပူဇော်ခဲ့၏။
၁၀။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ [ရောပယိံ (သျာ။)]၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၁၀။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ကုလားဇလပ်ပန်းကို ပူဇော်ခဲ့ရသော အခါမှ စ၍ ငါသည် အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။
၁၁။ ‘‘သတ္တာသီတိမှိတော ကပ္ပေ, စတုရာသုံ မဟိဒ္ဓိကာ၊
သတ္တရတနသမ္ပန္နာ, စက္ကဝတ္တီ မဟဗ္ဗလာ။
၁၁။ ဤဘဒ္ဒကမ္ဘာမှ ရှစ်ဆယ့်ခုနစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံကုန်သည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိကုန်သော တန်ခိုးကြီးမားကုန်သော စကြဝတေးမင်းတို့သည် လေးကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးကုန်၏။
၁၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ကဏဝေရပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ကဏဝေရပုပ္ဖိယတ္ထေရဿာပဒါနံ ဒုတိယံ။
၁၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ကဏဝေရပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် ကဏဝေရပုပ္ဖိယတ္ထေရအပဒါန ပြီး၏။
၃။ ခဇ္ဇကဒါယကတ္ထေရအပဒါနံ
၁၃။ ‘‘တိဿဿ ခေါ ဘဂဝတော, ပုဗ္ဗေ ဖလမဒါသဟံ၊
နာဠိကေရဉ္စ ပါဒါသိံ, ခဇ္ဇကံ အဘိသမ္မတံ။
၃-ခဇ္ဇကဒါယကတ္ထေရအပဒါန ၁၃။ ငါသည် ရှေးအခါက တိဿမြတ်စွာဘုရားအား သစ်သီးကို ပေးလှူခဲ့၏၊ အုန်းသီး ကိုလည်း ပေးလှူခဲ့၏၊ ကောင်းမွန်စွာ စီရင်အပ်သော ခဲဖွယ်ကိုလည်း ပေးလှူခဲ့၏။
၁၄။ ‘‘ဗုဒ္ဓဿ တမဟံ ဒတွာ, တိဿဿ တု မဟေသိနော၊
မောဒါမဟံ ကာမကာမီ, ဥပပဇ္ဇိံ [ကာမကာရီ, ဥပပဇ္ဇံ (သီ။)] ယမိစ္ဆကံ [သဗ္ဗတ္ထပိ ဧဝမေဝ ဒိဿတိ]။
၁၄။ ငါသည် မြတ်သော သီလက္ခန္ဓစသော ကျေးဇူးကို ရှာမှီးတော်မူသော တိဿမြတ်စွာဘုရားအား ထိုသစ်သီးခဲဖွယ် အလုံးစုံကို ပေးလှူခဲ့ရခြင်းကြောင့် အလိုရှိတိုင်းသော ကာမဂုဏ် ကို ရ၍ ငါ ဝမ်းမြောက်ခဲ့ရ၏၊ အလိုရှိတိုင်း ပြည့်စုံခဲ့၏။
၁၅။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, ယံ ဒါနမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဖလဒါနဿိဒံ ဖလံ။
၁၅။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ သစ်သီးခဲဖွယ်ကို လှူဒါန်းခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သစ်သီးအလှူ၏ အကျိုးပေတည်း။
၁၆။ ‘‘ဣတော တေရသကပ္ပမှိ, ရာဇာ ဣန္ဒသမော အဟု၊
သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။
၁၆။ ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်သုံးကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဣန္ဒသမ”မည်သော စကြဝတေးမင်း ဖြစ်ခဲ့၏။
၁၇။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ခဇ္ဇကဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ခဇ္ဇကဒါယကတ္ထေရဿာပဒါနံ တတိယံ။
၁၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ခဇ္ဇကဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် ခဇ္ဇကဒါယကတ္ထေရအပဒါန ပြီး၏။
၄။ ဒေသပူဇကတ္ထေရအပဒါနံ
၁၈။ ‘‘အတ္ထဒဿီ တု ဘဂဝါ, လောကဇေဋ္ဌော နရာသဘော၊
အဗ္ဘုဂ္ဂန္တွာန ဝေဟာသံ, ဂစ္ဆတေ အနိလဉ္ဇသေ။
၄-ဒေသပူဇကတ္ထေရအပဒါန ၁၈။ လောက၏ အကြီးအမှူးဖြစ်၍ လူတို့ထက် မြတ်တော်မူသော အတ္ထဒဿီမြတ်စွာဘုရားသည် ကောင်းကင်သို့ တက်တော်မူ၍ ကောင်းကင်ခရီးဖြင့် ကြွတော်မူ၏။
၁၉။ ‘‘ယမှိ ဒေသေ ဌိတော သတ္ထာ, အဗ္ဘုဂ္ဂစ္ဆိ မဟာမုနိ၊
တာဟံ ဒေသံ အပူဇေသိံ, ပသန္နော သေဟိ ပါဏိဘိ။
၁၉။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ရပ်လျက် အကြင်အရပ်၌ (ကောင်းကင်သို့) ပျံတက်တော်မူ၏၊ ငါသည် ထိုအရပ်ကို ကြည်ညိုသည်ဖြစ်၍ မိမိလက်တို့ဖြင့် ရှိခိုးပူဇော်ခဲ့၏။
၂၀။ ‘‘အဋ္ဌာရသေ ကပ္ပသတေ, အဒ္ဒသံ ယံ မဟာမုနိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဒေသပူဇာယိဒံ ဖလံ။
၂၀။ (ဤဘဒ္ဒကမ္ဘာမှ) တစ်ရာ့တစ်ဆယ့်ရှစ်ကမ္ဘာထက်၌ မြတ်စွာဘုရားကို ကြည်ညိုစိတ် ဖြင့် ဖူးမြင်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် (မြတ်စွာဘုရား ကြွတော်မူရာ) အရပ်ကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။
၂၁။ ‘‘ဧကာဒသေ ကပ္ပသတေ, ဂေါသုဇာတသနာမကော၊
သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။
၂၁။ တစ်ရာ့တစ်ဆယ့်တစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ များမြတ် သည့် ဗိုလ်ပါအင်အားရှိသော “ဂေါသုဇာတ”မည်သော စကြဝတေးမင်း ဖြစ်ခဲ့၏။
၂၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဒေသပူဇကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဒေသပူဇကတ္ထေရဿာပဒါနံ စတုတ္ထံ။
၂၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဒေသပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် ဒေသပူဇကတ္ထေရအပဒါန ပြီး၏။
၅။ ကဏိကာရဆတ္တိယတ္ထေရအပဒါနံ
၂၃။ ‘‘ဝေဿဘူ နာမ သမ္ဗုဒ္ဓေါ, လောကဇေဋ္ဌော နရာသဘော၊
ဒိဝါဝိဟာရာယ မုနိ, ဩဂါဟယိ မဟာဝနံ။
၅-ကဏိကာရဆတ္တိယတ္ထေရအပဒါန ၂၃။ လောက၏ အကြီးအမှူးဖြစ်၍ လူတို့ထက် မြတ်တော်မူသော သစ္စာလေးပါးကို ကိုယ်တိုင် သိတော်မူသော ဝေဿဘူမြတ်စွာဘုရားသည် နေ့သန့်စင်ခြင်း (နေ့အခါ သီတင်း သုံးနေထိုင်ခြင်း) ငှါ မဟာဝုန်တောသို့ ဝင်တော်မူ၏။
၂၄။ ‘‘ကဏိကာရံ ဩစိနိတွာ, ဆတ္တံ ကတွာနဟံ တဒါ၊
ပုပ္ဖစ္ဆဒနံ ကတွာန, ဗုဒ္ဓဿ အဘိရောပယိံ။
၂၄။ ထိုအခါ ငါသည် မဟာလှေကားပန်းကို ဆွတ်ခူး၍ ထီးပြုလုပ်လျက် ပန်းအမိုးကို ပြုပြီးလျှင် မြတ်စွာဘုရားအား စိုက်ထူပူဇော်ခဲ့၏။
၂၅။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ပုပ္ဖမဘိရောပယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၂၅။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ မဟာလှေကားပန်းထီးကို စိုက်ထူပူဇော်ခဲ့ရ သော အခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။
၂၆။ ‘‘ဣတော ဝီသတိကပ္ပမှိ, သောဏ္ဏာဘာ အဋ္ဌ ခတ္တိယာ၊
သတ္တရတနသမ္ပန္နာ, စက္ကဝတ္တီ မဟဗ္ဗလာ။
၂၆။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာနှစ်ဆယ်ထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံကုန်သည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိကုန်သော “သောဏ္ဏာဘ” မည်ကုန်သော စကြဝတေးမင်းတို့သည် ရှစ်ကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးကုန်၏။
၂၇။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ကဏိကာရဆတ္တိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ကဏိကာရဆတ္တိယတ္ထေရဿာပဒါနံ ပဉ္စမံ။
၂၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ကဏိကာရဆတ္တိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် ကဏိကာရဆတ္တိယတ္ထေရအပဒါန ပြီး၏။
၆။ သပ္ပိဒါယကတ္ထေရအပဒါနံ
၂၈။ ‘‘ဖုဿော နာမာသိ [နာမာထ (သီ။)] ဘဂဝါ, အာဟုတီနံ ပဋိဂ္ဂဟော၊
ဂစ္ဆတေ ဝီထိယံ ဝီရော, နိဗ္ဗာပေန္တော မဟာဇနံ။
၆-သပ္ပိဒါယကတ္ထေရအပဒါန ၂၈။ လှူဒါန်းဖွယ် ပစ္စည်းဝတ္ထုတို့ကို ခံယူတော်မူထိုက်သော ရဲရင့်တော်မူသော ဖုဿ အမည်ရှိသော မြတ်စွာဘုရားသည် များစွာသော လူအပေါင်းကို ငြိမ်းအေးစေလျက် လမ်းခရီး၌ ကြွသွားတော်မူ၏။
၂၉။ ‘‘အနုပုဗ္ဗေန ဘဂဝါ, အာဂစ္ဆိ မမ သန္တိကံ၊
တတော တံ [တတောဟံ (သီ။ သျာ။)] ပတ္တံ ပဂ္ဂယှ, သပ္ပိတေလမဒါသဟံ။
၂၉။ မြတ်စွာဘုရားသည် ငါ၏ အထံသို့ အစဥ်အတိုင်း ကြွရောက်တော်မူ၏၊ ငါသည် ထို ဘုရား ကြွလာတော်မူသော အခါ၌ ဘုရားရှင်၏ သပိတ်တော်ကို ယူပြီးလျှင် ထောပတ်ဆီကို ပေးလှူခဲ့၏။
၃၀။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, ယံ သပ္ပိမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, သပ္ပိဒါနဿိဒံ ဖလံ။
၃၀။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ထောပတ်ကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ထောပတ်ကို ပေးလှူရ ခြင်း၏ အကျိုးပေတည်း။
၃၁။ ‘‘ဆပ္ပညာသေ ဣတော ကပ္ပေ, ဧကော အာသိ သမောဒကော၊
သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။
၃၁။ ဤဘဒ္ဒကမ္ဘာမှ ငါးဆယ့်ခြောက်ကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သမောဒက” မည်သော စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့ဖူး၏။
၃၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ သပ္ပိဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
သပ္ပိဒါယကတ္ထေရဿာပဒါနံ ဆဋ္ဌံ။
၃၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သပ္ပိဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် သပ္ပိဒါယကတ္ထေရအပဒါန ပြီး၏။
၇။ ယူထိကပုပ္ဖိယတ္ထေရအပဒါနံ
၃၃။ ‘‘စန္ဒဘာဂါနဒီတီရေ, အနုသောတံ ဝဇာမဟံ၊
သယမ္ဘုံ အဒ္ဒသံ တတ္ထ, သာလရာဇံဝ ဖုလ္လိတံ။
၇-ယူထိကပုပ္ဖိယတ္ထေရအပဒါန ၃၃။ ငါသည် စန္ဒဘာဂါမြစ်ကမ်း၌ အောက်အကြေသို့ သွား၏၊ ‘ပင်လုံးကျွတ်ပွင့်သော အင်ကြင်းပင်မင်းကဲ့သို့’ တင့်တယ်သော မြတ်စွာဘုရားကို ထိုအရပ်၌ ဖူးမြင်ရ၏။
၃၄။ ‘‘ပုပ္ဖံ ယူထိကမာဒါယ, ဥပဂစ္ဆိံ မဟာမုနိံ၊
ပသန္နစိတ္တော သုမနော, ဗုဒ္ဓဿ အဘိရောပယိံ။
၃၄။ ထိုအခါ ဇွန်ပန်းကို ယူပြီးလျှင် မြတ်စွာဘုရားထံသို့ ချည်းကပ်၏၊ ကြည်ညိုဝမ်း မြောက်သော စိတ်ရှိသည်ဖြစ်၍ မြတ်စွာဘုရားအား ကပ်လှူပူဇော်၏။
၃၅။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိရောပယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၃၅။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ဇွန်ပန်းကို တင်လှူပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရား အား ပန်းကိုပူဇော်ရခြင်း၏ အကျိုးပေတည်း။
၃၆။ ‘‘သတ္တသဋ္ဌိမှိတော ကပ္ပေ, ဧကော သာမုဒ္ဓရော အဟု၊
သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။
၃၆။ ဤဘဒ္ဒကမ္ဘာမှ ခြောက်ဆယ့်ခုနစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သာမုဒ္ဓရ” မည်သော စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။
၃၇။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ယူထိကပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ယူထိကပုပ္ဖိယတ္ထေရဿာပဒါနံ သတ္တမံ။
၃၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ယူထိကပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် ယူထိကပုပ္ဖိယတ္ထေရအပဒါန ပြီး၏။
၈။ ဒုဿဒါယကတ္ထေရအပဒါနံ
၃၈။ ‘‘တိဝရာယံ ပုရေ ရမ္မေ, ရာဇပုတ္တောသဟံ [ရာဇပုတ္တော အဟံ (သီ။ သျာ။)] တဒါ၊
ပဏ္ဏာကာရံ လဘိတွာန, ဥပသန္တဿဒါသဟံ။
၈-ဒုဿဒါယကတ္ထေရအပဒါန ၃၈။ ထိုအခါ ငါသည် မွေ့လျော်ဖွယ်ကောင်းသော တိဝရာပြည်၌ မင်းသားဖြစ်၏၊ ငါသည် လက်ဆောင် (ပုဆိုး) ကို ရသဖြင့် ကိလေသာငြိမ်းပြီးတော်မူသော မြတ်စွာဘုရားအား ပေး လှူခဲ့၏။
၃၉။ ‘‘အဓိဝါသေသိ ဘဂဝါ, ဝတ္ထံ [နဝံ (က။)] ဟတ္ထေန အာမသိ၊
သိဒ္ဓတ္ထော အဓိဝါသေတွာ, ဝေဟာသံ နဘမုဂ္ဂမိ။
၃၉။ မြတ်စွာဘုရားသည် အလှူခံတော်မူ၏၊ အဝတ်ပုဆိုးသစ်ကို လက်ဖြင့် သုံးသပ် တော်မူ၏၊ သိဒ္ဓတ္ထမြတ်စွာဘုရားသည် အလှူခံတော်မူ၍ ငှက်တို့ ရွှင်မြူးရာ ကောင်းကင်သို့ ပျံတက်ကြွသွားတော်မူ၏။
၄၀။ ‘‘ဗုဒ္ဓဿ ဂစ္ဆမာနဿ, ဒုဿာ ဓာဝန္တိ ပစ္ဆတော၊
တတ္ထ စိတ္တံ ပသာဒေသိံ, ဗုဒ္ဓေါ နော အဂ္ဂပုဂ္ဂလော။
၄၀။ ကြွသွားတော်မူသော မြတ်စွာဘုရား၏ နောက်မှ ပုဆိုးတို့သည် လိုက်ကြကုန်၏၊ ငါတို့၏ မြတ်စွာဘုရားသည် အမြတ်ဆုံး ပုဂ္ဂိုလ်ပေတည်းဟု ထိုမြတ်စွာဘုရား၌ စိတ်ကို ကြည်လင်စေခဲ့၏။
၄၁။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ဒုဿမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဒုဿဒါနဿိဒံ ဖလံ။
၄၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ပုဆိုးလှူဒါန်းခဲ့ရသောအခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပုဆိုးကို ပေးလှူရခြင်း၏ အကျိုးပေတည်း။
၄၂။ ‘‘သတ္တသဋ္ဌိမှိတော ကပ္ပေ, စက္ကဝတ္တီ တဒါ အဟု၊
ပရိသုဒ္ဓေါတိ နာမေန, မနုဇိန္ဒော မဟဗ္ဗလော။
၄၂။ ဤဘဒ္ဒကမ္ဘာမှ ခြောက်ဆယ့်ခုနစ်ကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော လူတို့ကို အစိုးရသော “ပရိသုဒ္ဓ” မည်သော စကြဝတေးမင်း ဖြစ်ခဲ့၏။
၄၃။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဒုဿဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဒုဿဒါယကတ္ထေရဿာပဒါနံ အဋ္ဌမံ။
၄၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဒုဿဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် ဒုဿဒါယကတ္ထေရအပဒါန ပြီး၏။
၉။ သမာဒပကတ္ထေရအပဒါနံ
၄၄။ ‘‘နဂရေ ဗန္ဓုမတိယာ, မဟာပူဂဂဏော အဟု၊
တေသာဟံ ပဝရော အာသိံ, မမ ဗဒ္ဓစရာ [ပဋ္ဌစရာ (သျာ။)] စ တေ။
၉-သမာဒပကတ္ထေရအပဒါန ၄၄။ ဗန္ဓုမတီမြို့၌ ကောင်းမှုကုသိုလ် ပြုသော အသင်းအဖွဲ့သည် ရှိ၏၊ ထိုအသင်းသား အပေါင်းတို့တွင် ငါသည် အကြီးအမှူး (ဥက္ကဋ္ဌ) ဖြစ်၏၊ အသင်းသားတို့သည်လည်း ငါနှင့် ဆက်သွယ်၍ လှည့်လည်ကုန်၏။
၄၅။ ‘‘သဗ္ဗေ တေ သန္နိပါတေတွာ, ပုညကမ္မေ သမာဒယိံ၊
မာဠံ ကဿာမ သံဃဿ, ပုညက္ခေတ္တံ အနုတ္တရံ။
၄၅။ (သံဃာတော်သည်) အမြတ်ဆုံး ကောင်းမှုမျိုးစေ့၏ စိုက်ပျိုးရာ လယ်ယာမြေ ကောင်းသဖွယ် ဖြစ်တော်မူပါပေ၏၊ သံဃာတော်အား တန်ဆောင်းဝန်းကို ပြုလုပ်လှူဒါန်းကုန် အံ့ဟု ငါသည် ထိုအသင်းသာ အားလုံးတို့ကို စည်းဝေးစေ၍ ကုသိုလ်ကောင်းမှု၌ ဆောက် တည်စေခဲ့၏။
၄၆။ ‘‘သာဓူတိ တေ ပဋိဿုတွာ, မမ ဆန္ဒဝသာနုဂါ၊
နိဋ္ဌာပေတွာ စ တံ မာဠံ, ဝိပဿိဿ အဒမှသေ။
၄၆။ ထိုအသင်းသားတို့သည် “ကောင်းပါပြီ”ဟု ဝန်ခံကုန်၍ ငါ၏ အလိုသို့ လိုက်ကြ ကုန်၏၊ ထိုတန်ဆောင်းဝန်းကို ပြီးဆုံးစေပြီးလျှင် ဝိပဿီမြတ်စွာဘုရားအား လှူဒါန်းကြကုန်၏။
၄၇။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ မာဠမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, မာဠဒါနဿိဒံ ဖလံ။
၄၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ တန်ဆောင်းဝန်းကို လှူဒါန်းခဲ့ရသော အခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် တန်ဆောင်း ဝန်းလှူရခြင်း၏ အကျိုးပေတည်း။
၄၈။ ‘‘ဧကူနသတ္တတိကပ္ပေ [ဧကူနသဋ္ဌိကပ္ပမှိ (သီ။ သျာ။)],
ဧကော အာသိ ဇနာဓိပေါ။
အာဒေယျော နာမ နာမေန, စက္ကဝတ္တီ မဟဗ္ဗလော။
၄၈။ ခြောက်ဆယ့်ကိုးကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “အာဒေယျ” မည်သော စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။
၄၉။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ သမာဒပကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
သမာဒပကတ္ထေရဿာပဒါနံ နဝမံ။
၄၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သမာဒပကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ကိုးခုမြောက် သမာဒပကတ္ထေရအပဒါန ပြီး၏။
၁၀။ ပဉ္စင်္ဂုလိယတ္ထေရအပဒါနံ
၅၀။ ‘‘တိဿော နာမာသိ ဘဂဝါ, လောကဇေဋ္ဌော နရာသဘော၊
ပဝိသတိ ဂန္ဓကုဋိံ, ဝိဟာရကုသလော မုနိ။
၁၀-ပဥ္စင်္ဂုလိယတ္ထေရအပဒါန ၅၀။ လောက၏ အကြီးအမှူးဖြစ်တော်မူ၍ လူတို့ထက် မြတ်တော်မူသော တိဿ အမည်ရှိ တော်မူသော မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ နေထိုင်တော်မူခြင်း၌ လိမ္မာတော်မူသော မြတ်စွာဘုရားသည် ဂန္ဓကုဋိသို့ ဝင်တော်မူ၏။
၅၁။ ‘‘သုဂန္ဓမာလမာဒါယ, အဂမာသိံ ဇိနန္တိကံ၊
အပသဒ္ဒေါ စ သမ္ဗုဒ္ဓေ, ပဉ္စင်္ဂုလိမဒါသဟံ။
၅၁။ ထိုအခါ ငါသည် ရနံ့မွှေးကြိုင်သော ပန်းကို ယူ၍ မြတ်စွာဘုရားအထံသို့ သွား၏၊ ငါသည် တိုးတိုးသာသာ ပြောသော အသံရှိလျက် မြတ်စွာဘုရား၌ လက်ငါးချောင်းဖြင့် နံ့သာ လိမ်းကျံခြင်း အလှူကို ပေးလှူပူဇော်ခဲ့၏။
၅၂။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, ယံ ဂန္ဓမဘိရောပယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ပဉ္စင်္ဂုလိဿိဒံ [ပဉ္စင်္ဂုလိယိဒံ (သီ။)] ဖလံ။
၅၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ နံ့သာကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် လက်ငါးချောင်းဖြင့် နံ့သာလိမ်းကျံခြင်း အလှူ၏ အကျိုးပေတည်း။
၅၃။ ‘‘ဒွေသတ္တတိမှိတော ကပ္ပေ, ရာဇာ အာသိံ သယမ္ပဘော၊
သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။
၅၃။ ဤဘဒ္ဒကမ္ဘာမှ ခုနစ်ဆယ့်နှစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သယမ္ပဘ”မည်သော စကြဝတေးမင်း ဖြစ်ခဲ့၏။
၅၄။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ပဉ္စင်္ဂုလိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ၊
ပဉ္စင်္ဂုလိယတ္ထေရဿာပဒါနံ ဒသမံ။
သုပါရိစရိယဝဂ္ဂေါ သတ္တရသမော။
တဿုဒ္ဒါနံ –
သုပါရိစရိ ကဏဝေရီ, ခဇ္ဇကော ဒေသပူဇကော၊
ကဏိကာရော သပ္ပိဒဒေါ, ယူထိကော ဒုဿဒါယကော၊
မာဠော စ ပဉ္စင်္ဂုလိကော, စတုပညာသ ဂါထကာတိ။
၅၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပဉ္စင်္ဂုလိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် ပဉ္စင်္ဂုလိယတ္ထေရအပဒါန ပြီး၏။ တစ်ဆယ့်ခုနစ်ခုမြောက် သုပါရိစရိယဝဂ် ပြီး၏။
၁၈။ ကုမုဒဝဂ္ဂေါ
၁။ ကုမုဒမာလိယတ္ထေရအပဒါနံ
၁။ ‘‘ပဗ္ဗတေ ဟိမဝန္တမှိ, မဟာဇာတဿရော အဟု၊
တတ္ထဇော ရက္ခသော အာသိံ, ဃောရရူပေါ မဟဗ္ဗလော။
၁၈-ကုမုဒဝဂ် ၁-ကုမုဒမာလိယတ္ထေရအပဒါန ၁။ ဟိမဝန္တာတောင်၌ အိုင်ကြီးသည် ရှိ၏၊ (ငါသည် ) ထိုအိုင်၌ ဖြစ်သော ကြမ်းကြုတ် ခြင်းသဘော ရှိ၍ ခွန်အားကြီးမားသော ရေစောင့်ဘီလူး ဖြစ်ခဲ့၏။
၂။ ‘‘ကုမုဒံ ပုပ္ဖတေ တတ္ထ, စက္ကမတ္တာနိ ဇာယရေ၊
ဩစိနာမိ စ တံ ပုပ္ဖံ, ဗလိနော သမိတိံ တဒါ။
၂။ ထိုအိုင်ကြီး၌ ကုမုဒြာကြာသည် ပွင့်၏၊ (ပန်းတို့သည် ) လှည်းဘီးစက်မျှ ဖြစ်ကုန်၏၊ ထိုအခါ ငါသည် ပူဇော်ရန် ပန်းအပေါင်းကို ဆွတ်ခူး၏။
၃။ ‘‘အတ္ထဒဿီ တု ဘဂဝါ, ဒွိပဒိန္ဒော နရာသဘော၊
ပုပ္ဖသင်္ကောစိတံ [ပုပ္ဖံ သင်္ကောစိတံ (သီ။ သျာ။), ပုပ္ဖံ သမောစိတံ (?)] ဒိသွာ, အာဂစ္ဆိ မမ သန္တိကံ။
၃။ ထိုအခါ အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရသည် ဖြစ်၍ လူတို့ထက် မြတ်တော်မူသော အတ္ထဒဿီမြတ်စွာဘုရားသည် စုပုံထားသော ပန်းကို မြင်တော်မူ၍ ငါ၏ အထံသို့ ကြွလာတော်မူ၏။
၄။ ‘‘ဥပါဂတဉ္စ သမ္ဗုဒ္ဓံ, ဒေဝဒေဝံ နရာသဘံ၊
သဗ္ဗဉ္စ ပုပ္ဖံ ပဂ္ဂယှ, ဗုဒ္ဓဿ အဘိရောပယိံ။
၄။ လူတို့ထက် မြတ်၍ နတ်ထက်နတ် ဖြစ်တော်မူသော မြတ်စွာဘုရားကို (ဖူးမြင်ရ၍) ပန်းအားလုံးကို ယူပြီးလျှင် မြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။
၅။ ‘‘ယာဝတာ ဟိမဝန္တန္တာ, ပရိသာ သာ [ဟိမဝန္တသ္မိံ, ယာဝ မာလာ (သျာ။)] တဒါ အဟု၊
တာဝစ္ဆဒနသမ္ပန္နော, အဂမာသိ တထာဂတော။
၅။ ထိုအခါ၌ ဟိမဝန္တာအဆုံး ပရိသတ်ရှိသလောက် ပန်းအမိုးနှင့် ပြည့်စုံသည်ဖြစ်၍ မြတ်စွာဘုရားသည် ကြွသွားတော်မူ၏။
၆။ ‘‘အဋ္ဌာရသေ ကပ္ပသတေ, ယံ ပုပ္ဖမဘိရောပယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၆။ ကမ္ဘာတစ်ထောင့်ရှစ်ရာထက်၌ ကုမုဒြာကြာပန်းကို လှူဒါန်းခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ကြာ ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။
၇။ ‘‘ဣတော ပန္နရသေ ကပ္ပေ, သတ္တာဟေသုံ ဇနာဓိပါ၊
သဟဿရထနာမာ တေ, စက္ကဝတ္တီ မဟဗ္ဗလာ။
၇။ ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်ငါးကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိကုန်သော “သဟဿရထ”မည်ကုန်သော လူတို့ကို အစိုးရသော စကြဝတေးမင်းတို့သည် ခုနစ်ကြိမ် တိုင်တိုင် ဖြစ်ခဲ့ဖူးကုန်၏။
၈။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ကုမုဒမာလိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ကုမုဒမာလိယတ္ထေရဿာပဒါနံ ပဌမံ။
၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ကုမုဒမာလိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော ကုမုဒမာလိယတ္ထေရအပဒါန ပြီး၏။
၂။ နိဿေဏိဒါယကတ္ထေရအပဒါနံ
၉။ ‘‘ကောဏ္ဍညဿ ဘဂဝတော, လောကဇေဋ္ဌဿ တာဒိနော၊
အာရောဟတ္ထာယ ပါသာဒံ, နိဿေဏီ ကာရိတာ မယာ။
၂-နိဿေဏိဒါယကတ္ထေရအပဒါန ၉။ လောက၏ အကြီးအမှူးဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော ကောဏ္ဍညမြတ်စွာဘုရားအား ပြာသာဒ်သို့ တက်ရန်အလို့ငှါ ငါသည် လှေကားကို ပြုလုပ် (လှူဒါန်း) ခဲ့၏။
၁၀။ ‘‘တေန စိတ္တပ္ပသာဒေန, အနုဘောတွာန သမ္ပဒါ၊
ဓာရေမိ အန္တိမံ ဒေဟံ, သမ္မာသမ္ဗုဒ္ဓသာသနေ။
၁၀။ ထိုပြုလုပ်လှူဒါန်းရသော စိတ်၏ ကြည်လင်မှုကြောင့် စည်းစိမ်ချမ်းသာ၏ ပြည့်စုံ ခြင်းတို့ကို အစဥ်ခံစားရ၍ (ဤဂေါတမ) မြတ်စွာဘုရားသာသနာတော်၌ အဆုံးဖြစ်သော ခန္ဓာ ကိုယ်ကို ဆောင်ရ၏။
၁၁။ ‘‘ဧကတ္တိံသမှိ ကပ္ပါနံ, သဟဿမှိ တယော အဟုံ [မဟာ (သီ။ သျာ။)]၊
သမ္ဗဟုလာ နာမ ရာဇာနော, စက္ကဝတ္တီ မဟဗ္ဗလာ။
၁၁။ ကမ္ဘာသုံးသောင်းတစ်ထောင်ထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိကုန်သော “သမ္ဗဟုလ” မည်ကုန်သော စကြဝတေးမင်းတို့သည် သုံးကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးကုန်၏။
၁၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ နိဿေဏိဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
နိဿေဏိဒါယကတ္ထေရဿာပဒါနံ ဒုတိယံ။
၁၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်နိဿေဏိဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် နိဿေဏိဒါယကတ္ထေရအပဒါန ပြီး၏။
၃။ ရတ္တိပုပ္ဖိယတ္ထေရအပဒါနံ
၁၃။ ‘‘မိဂလုဒ္ဒေါ ပုရေ အာသိံ, အရညေ ကာနနေ အဟံ၊
ဝိပဿိံ အဒ္ဒသံ ဗုဒ္ဓံ, ဒေဝဒေဝံ နရာသဘံ။
၃-ရတ္တိပုပ္ဖိယတ္ထေရအပဒါန ၁၃။ ရှေးအခါက ငှက်တို့၏ တွန်မြူးရာဖြစ်သော တော၌ ငါသည် သားမုဆိုး ဖြစ်ခဲ့၏၊ (ထိုအခါ) လူတို့ထက် မြတ်၍ နတ်ထက်နတ် ဖြစ်တော်မူသော ဝိပဿီမြတ်စွာဘုရားကို ဖူးမြင် ရ၏။
၁၄။ ‘‘ရတ္တိကံ ပုပ္ဖိတံ ဒိသွာ, ကုဋဇံ ဓရဏီရုဟံ၊
သမူလံ ပဂ္ဂဟေတွာန, ဥပနေသိံ မဟေသိနော။
၁၄။ (ဖူးမြင်ရသော်) ညဥ့်အခါ၌ ပွင့်သော မြေ၌ ပေါက်ရောက်သော လက်ထုတ်ကြီးပန်းကို မြင်၍ အမြစ်နှင့်တကွ ယူပြီးလျှင် ဝိပဿီမြတ်စွာဘုရားအား ဆက်ကပ်ခဲ့၏။
၁၅။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိရောပယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ပုပ္ဖဒါနဿိဒံ ဖလံ။
၁၅။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ လက်ထုတ်ကြီးပန်းကို တင်လှူပူဇော်ခဲ့ရ သော အခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပန်း လှူရခြင်း၏ အကျိုးပေတည်း။
၁၆။ ‘‘ဣတော စ အဋ္ဌမေ ကပ္ပေ, သုပ္ပသန္နသနာမကော၊
သတ္တရတနသမ္ပန္နော, ရာဇာဟောသိံ မဟဗ္ဗလော။
၁၆။ ငါသည် ဤဘဒ္ဒကမ္ဘာမှ ရှစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သုပ္ပသန္န”အမည်ရှိသော စကြဝတေးမင်း ဖြစ်ခဲ့ဖူး၏။
၁၇။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ရတ္တိပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ရတ္တိပုပ္ဖိယတ္ထေရဿာပဒါနံ တတိယံ။
၁၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ရတ္တိပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် ရတ္တိပုပ္ဖိယတ္ထေရအပဒါန ပြီး၏။
၄။ ဥဒပါနဒါယကတ္ထေရအပဒါနံ
၁၈။ ‘‘ဝိပဿိနော ဘဂဝတော, ဥဒပါနော ကတော မယာ၊
ပိဏ္ဍပါတဉ္စ ဒတွာန [ဂဟေတွာန (သျာ။)], နိယျာဒေသိမဟံ တဒါ။
၄-ဥဒပါနဒါယကတ္ထေရအပဒါန ၁၈။ ငါသည် ဝိပဿီမြတ်စွာဘုရား၏ အလို့ငှါ (ရည်ရွယ်၍) ရေတွင်းကို တူးဖော်ပြုလုပ် ခဲ့၏၊ ထိုအခါ၌ ငါသည် ဆွမ်းကိုလည်း လှူဒါန်း၍ (ရေတွင်းကို)အပ်နှင်း (လှူဒါန်း) ခဲ့၏။
၁၉။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဥဒပါနဿိဒံ ဖလံ။
၁၉။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ရေတွင်းနှင့် ဆွမ်းလှူဒါန်းခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ရေတွင်းလှူရခြင်း၏ အကျိုးပေတည်း။
၂၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဥဒပါနဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဥဒပါနဒါယကတ္ထေရဿာပဒါနံ စတုတ္ထံ။
၂၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဥဒပါနဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် ဥဒပါနဒါယကတ္ထေရအပဒါန ပြီး၏။
၅။ သီဟာသနဒါယကတ္ထေရအပဒါနံ
၂၁။ ‘‘နိဗ္ဗုတေ လောကနာထမှိ, ပဒုမုတ္တရနာယကေ၊
ပသန္နစိတ္တော သုမနော, သီဟာသနမဒါသဟံ။
၅-သီဟာသနဒါယကတ္ထေရအပဒါန ၂၁။ လောက၏ ကိုးကွယ်ရာ ဖြစ်တော်မူသော ပဒုမုတ္တရမြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူ သည်ရှိသော် ငါသည် ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ မြတ်သော နေရာကို ပေးလှူပူဇော်ခဲ့၏။
၂၂။ ‘‘ဗဟူဟိ ဂန္ဓမာလေဟိ, ဒိဋ္ဌဓမ္မသုခါဝဟေ၊
တတ္ထ ပူဇဉ္စ ကတွာန, နိဗ္ဗာယတိ ဗဟုဇ္ဇနော။
၂၂။ များစွာသော လူအပေါင်းသည်လည်း မျက်မှောက်ချမ်းသာကို ဆောင်တတ်သော ထိုပုထိုးတော်အား နံ့သာပန်း များစွာတို့ဖြင့် ပူဇော်မှုကို ပြုခြင်းကြောင့် (ကိလေသာမှ) ငြိမ်းအေး၏။
၂၃။ ‘‘ပသန္နစိတ္တော သုမနော, ဝန္ဒိတွာ ဗောဓိမုတ္တမံ၊
ကပ္ပါနံ သတသဟဿံ, ဒုဂ္ဂတိံ နုပပဇ္ဇဟံ။
၂၃။ ငါသည် ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ မြတ်သော ဗောဓိပင်ကို ရှိခိုးခြင်းကြောင့် ကမ္ဘာတစ်သိန်းပတ်လုံး အပါယ်လေးပါးသို့ မရောက်ရပေ။
၂၄။ ‘‘ပန္နရသသဟဿမှိ, ကပ္ပါနံ အဋ္ဌ အာသု တေ [အဋ္ဌ အာသယုံ (က။)]၊
သိလုစ္စယသနာမာ စ, ရာဇာနော စက္ကဝတ္တိနော။
၂၄။ ကမ္ဘာတစ်သောင်းငါးထောင်ထက်၌ “သိလုစ္စယ”ဟု တူသော အမည်ရှိကုန်သော စကြာမင်းတို့သည် ရှစ်ကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးကုန်၏။
၂၅။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ သီဟာသနဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ၊
သီဟာသနဒါယကတ္ထေရဿာပဒါနံ ပဉ္စမံ။
၂၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သီဟာသနဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် သီဟာသနဒါယကတ္ထေရအပဒါန ပြီး၏။
၆။ မဂ္ဂဒတ္တိကတ္ထေရအပဒါနံ
၂၆။ ‘‘အနောမဒဿီ ဘဂဝါ, ဒွိပဒိန္ဒော နရာသဘော၊
ဒိဋ္ဌဓမ္မသုခတ္ထာယ, အဗ္ဘောကာသမှိ စင်္ကမိ။
၆-မဂ္ဂဒတ္တိကတ္ထေရအပဒါန ၂၆။ အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရသည်ဖြစ်၍ လူတို့ထက် မြတ်တော်မူသော အနောမဒဿီမြတ်စွာဘုရားသည် မျက်မှောက်၌ (လောလောဆယ်) ချမ်းသာစွာ နေခြင်းအကျိုး ငှါ လွင်ပြင်၌ စင်္ကြံကြွတော်မူ၏။
၂၇။ ‘‘ဥဒ္ဓတေ ပါဒေ ပုပ္ဖါနိ, သောဘံ မုဒ္ဓနိ တိဋ္ဌရေ၊
ပသန္နစိတ္တော သုမနော, ဝန္ဒိတွာ ပုပ္ဖမောကိရိံ။
၂၇။ ခြေတော်တို့ကို ကြွချီတော်မူသည်ရှိသော် ပန်းတို့သည် ဦးခေါင်းထက်၌ တင့်တယ်စွာ တည်ကုန်၏။ ငါသည် ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ရှိခိုးပြီးလျှင် ပန်းကို ကြဲဖြန့် (ပူဇော်)၏။
၂၈။ ‘‘ဝီသကပ္ပသဟဿမှိ, ဣတော ပဉ္စ ဇနာ အဟုံ၊
ပုပ္ဖစ္ဆဒနိယာ နာမ, စက္ကဝတ္တီ မဟဗ္ဗလာ။
၂၈။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာနှစ်သောင်းထက်၌ များမြတ်သည့် ဗိုလ်ပါအင်အား ရှိကုန်သော “ပုပ္ဖစ္ဆဒနိယ”မည်ကုန်သော စကြာမင်းတို့သည် ငါးကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးကုန်၏။
၂၉။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ မဂ္ဂဒတ္တိကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
မဂ္ဂဒတ္တိကတ္ထေရဿာပဒါနံ ဆဋ္ဌံ။
၂၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်မဂ္ဂဒတ္တိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် မဂ္ဂဒတ္တိကတ္ထေရအပဒါန ပြီး၏။
၇။ ဧကဒီပိယတ္ထေရအပဒါနံ
၃၀။ ‘‘ပဒုမုတ္တရဿ မုနိနော, သဠလေ ဗောဓိမုတ္တမေ၊
ပသန္နစိတ္တော သုမနော, ဧကဒီပံ အဒါသဟံ။
၇-ဧကဒီပိယတ္ထေရအပဒါန ၃၀။ ငါသည် ပဒုမုတ္တရမြတ်စွာဘုရား၏ မြတ်သော ထင်းရှူးဗောဓိပင်၌ ကြည်ညိုဝမ်း မြောက်သော စိတ်ရှိသည်ဖြစ်၍ ဆီမီးတစ်တိုင်ကို ပေးလှူပူဇော်ခဲ့၏။
၃၁။ ‘‘ဘဝေ နိဗ္ဗတ္တမာနမှိ, နိဗ္ဗတ္တေ ပုညသဉ္စယေ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဒီပဒါနဿိဒံ ဖလံ။
၃၁။ ဖြစ်ပေါ်လာသော ကောင်းမှုအစုအပေါင်းကြောင့် ထိုထိုဘဝ၌ ဖြစ်သည်ရှိသော် အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဆီမီးလှူရခြင်း၏ အကျိုးပေတည်း။
၃၂။ ‘‘သောဠသေ ကပ္ပသဟဿေ, ဣတော တေ စတုရော ဇနာ၊
စန္ဒာဘာ နာမ နာမေန, စက္ကဝတ္တီ မဟဗ္ဗလာ။
၃၂။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သောင်းခြောက်ထောင်ထက်၌ များမြတ်သည့် ဗိုလ်ပါအင် အားရှိကုန်သော အမည်အားဖြင့် “စန္ဒာဘ”ဟု ထင်ရှားသော ထိုစကြဝတေးမင်းတို့သည် လေးကြိမ်တိုင်တိုင် ဖြစ်ဖူးကုန်၏။
၃၃။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ ဧကဒီပိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဧကဒီပိယတ္ထေရဿာပဒါနံ သတ္တမံ။
နဝမံ ဘာဏဝါရံ။
၃၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဧကဒီပိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် ဧကဒီပိယတ္ထေရအပဒါန ပြီး၏။ ကိုးခုမြောက် ဘာဏဝါရ ပြီး၏။
၈။ မဏိပူဇကတ္ထေရအပဒါနံ
၃၄။ ‘‘ဩရေန ဟိမဝန္တဿ, နဒိကာ သမ္ပဝတ္တထ၊
တဿာ စာနုပခေတ္တမှိ, သယမ္ဘူ ဝသတေ တဒါ။
၈-မဏိပူဇကတ္ထေရအပဒါန ၃၄။ ဟိမဝန္တာတောင်၏ အတွင်း၌ တစ်ခုသော မြစ်သည် စီးဆင်းလျက် ရှိ၏၊ ထိုအခါ ထိုမြစ်၏ အနီး၌ ပဒုမုတ္တရမြတ်စွာဘုရားသည် သီတင်းသုံးနေတော်မူ၏။
၃၅။ ‘‘မဏိံ ပဂ္ဂယှ ပလ္လင်္ကံ, သာဓုစိတ္တံ မနောရမံ၊
ပသန္နစိတ္တော သုမနော, ဗုဒ္ဓဿ အဘိရောပယိံ။
၃၅။ ထိုအခါ ငါသည် ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ကောင်းစွာ ဆန်း ကြယ်သော နှလုံးမွေ့လျော်ဖွယ်ရှိသော ပတ္တမြားပလ္လင်ကို ယူပြီးလျှင် မြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။
၃၆။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ မဏိံ အဘိရောပယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၃၆။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ပတ္တမြား (ပလ္လင်) ကို တင်လှူပူဇော်ခဲ့ရသော အခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရား အား ပူဇော်ရခြင်း၏ အကျိုးပေတည်း။
၃၇။ ‘‘ဣတော စ ဒွါဒသေ ကပ္ပေ, သတရံသီသနာမကာ၊
အဋ္ဌ တေ အာသုံ ရာဇာနော, စက္ကဝတ္တီ မဟဗ္ဗလာ။
၃၇။ ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်နှစ်ကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိကုန်သော “သတရံသီ”အမည်ရှိကုန်သော ထိုစကြဝတေးမင်းတို့သည် ရှစ်ကြိမ်တိုင်တိုင် ဖြစ်ခဲ့ကုန်၏။
၃၈။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ မဏိပူဇကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
မဏိပူဇကတ္ထေရဿာပဒါနံ အဋ္ဌမံ။
၃၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်မဏိပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် မဏိပူဇကတ္ထေရအပဒါန ပြီး၏။
၉။ တိကိစ္ဆကတ္ထေရအပဒါနံ
၃၉။ ‘‘နဂရေ ဗန္ဓုမတိယာ, ဝေဇ္ဇော အာသိံ သုသိက္ခိတော၊
အာတုရာနံ သဒုက္ခာနံ, မဟာဇနသုခါဝဟော။
၉-တိကိစ္ဆကတ္ထေရအပဒါန ၃၉။ ငါသည် ဗန္ဓုမတီမြို့၌ ဆေးအတတ်ပညာကို ကောင်းစွာ သင်ယူအပ်ပြီးသည်ဖြစ်၍ အနာရောဂါ စွဲကပ်လျက် ဆင်းရဲဒုက္ခရောက်နေကုန်သော လူအပေါင်းတို့၏ ချမ်းသာကို ဆောင်ရွက်တတ်သော ဆေးဆရာသည် ဖြစ်ခဲ့၏။
၄၀။ ‘‘ဗျာဓိတံ သမဏံ ဒိသွာ, သီလဝန္တံ မဟာဇုတိံ၊
ပသန္နစိတ္တော သုမနော, ဘေသဇ္ဇမဒဒိံ တဒါ။
၄၀။ (ထိုအခါ) ငါသည် သီလရှိသော အာနုဘော်ကြီးမားသော မကျန်းမမာသော သီလ ဝန္တရဟန်းကို တွေ့မြင်ရသော် ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ဆေးကို ပေး လှူခဲ့၏။
၄၁။ ‘‘အရောဂေါ အာသိ တေနေဝ, သမဏော သံဝုတိန္ဒြိယော၊
အသောကော နာမ နာမေန, ဥပဋ္ဌာကော ဝိပဿိနော။
၄၁။ စောင့်ရှောက်အပ်သော ဣန္ဒြေရှိသော အသောကအမည်ဖြင့် ထင်ရှားသော ဝိပဿီ မြတ်စွာဘုရား၏ အလုပ်အကျွေးဖြစ်သော ရဟန်းသည် ထိုဆေးကြောင့်ပင်လျှင် အနာရောဂါ ကင်းပျောက်သည် ဖြစ်၏။
၄၂။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ဩသဓမဒါသဟံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဘေသဇ္ဇဿ ဣဒံ ဖလံ။
၄၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ငါသည် ဆေးကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဆေးလှူဒါန်းရ ခြင်း၏ အကျိုးပေတည်း။
၄၃။ ‘‘ဣတော စ အဋ္ဌမေ ကပ္ပေ, သဗ္ဗောသဓသနာမကော၊
သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။
၄၃။ ဤဘဒ္ဒကမ္ဘာမှ ရှစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ် သည့် ဗိုလ်ပါအင်အားရှိသော “သဗ္ဗောသဓ” အမည်ရှိသော စကြဝတေးမင်း ဖြစ်ခဲ့၏။
၄၄။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ တိကိစ္ဆကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
တိကိစ္ဆကတ္ထေရဿာပဒါနံ နဝမံ။
၄၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်တိကိစ္ဆကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် တိကိစ္ဆကတ္ထေရအပဒါန ပြီး၏။
၁၀။ သံဃုပဋ္ဌာကတ္ထေရအပဒါနံ
၄၅။ ‘‘ဝေဿဘုမှိ ဘဂဝတိ, အဟောသာရာမိကော အဟံ၊
ပသန္နစိတ္တော သုမနော, ဥပဋ္ဌိံ သံဃမုတ္တမံ။
၁၀-သံဃုပဋ္ဌာကတ္ထေရအပဒါန ၄၅။ ငါသည် ဝေဿဘူမြတ်စွာဘုရားလက်ထက်၌ အရံစောင့် ဖြစ်ခဲ့၏၊ (ထိုအခါ) ကြည်ညို ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ သံဃာတော်ကို ဆည်းကပ်လုပ်ကျွေးခဲ့၏။
၄၆။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဥပဋ္ဌာနဿိဒံ ဖလံ။
၄၆။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ သံဃာအား လုပ်ကျွေးမှုကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သံဃာကို လုပ်ကျွေးရခြင်း၏ အကျိုးပေတည်း။
၄၇။ ‘‘ဣတော တေ သတ္တမေ ကပ္ပေ, သတ္တေဝါသုံ သမောဒကာ၊
သတ္တရတနသမ္ပန္နာ, စက္ကဝတ္တီ မဟဗ္ဗလာ။
၄၇။ ဤဘဒ္ဒကမ္ဘာမှ ခုနစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိကုန်သော “သမောဒက” မည်ကုန်သော စကြာမင်းတို့သည် ခုနစ်ကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးကုန်၏။
၄၈။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ သံဃုပဋ္ဌာကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
သံဃုပဋ္ဌာကတ္ထေရဿာပဒါနံ ဒသမံ။
ကုမုဒဝဂ္ဂေါ အဋ္ဌာရသမော။
တဿုဒ္ဒါနံ –
ကုမုဒေါ အထ နိဿေဏီ, ရတ္တိကော ဥဒပါနဒေါ၊
သီဟာသနီ မဂ္ဂဒဒေါ, ဧကဒီပီ မဏိပ္ပဒေါ၊
၄၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သံဃုပဋ္ဌာကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် သံဃုပဋ္ဌာကတ္ထေရအပဒါန ပြီး၏။ တစ်ဆယ့်ရှစ်ခုမြောက် ကုမုဒဝဂ် ပြီး၏။
အရင်းအမြစ်များ
ကျမ်းကိုးကား
- Vipassana Research Institute. (n.d.). 14. Sobhitavaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#501
- Vipassana Research Institute. (n.d.). 15. Chattavaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#502
- Vipassana Research Institute. (n.d.). 16. Bandhujīvakavaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#503
- Vipassana Research Institute. (n.d.). 17. Supāricariyavaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#504
- Vipassana Research Institute. (n.d.). 18. Kumudavaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#505