ဓမ္မလမ်း
← အပဒါနပါဠိ (ပ)

အပဒါနပါဠိ (ပ)

ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။

စာ-၂၁၂

တိကိစ္ဆကော ဥပဋ္ဌာကော, ဧကပညာသ ဂါထကာတိ။

စာ-၂၁၃

၁၉။ ကုဋဇပုပ္ဖိယဝဂ္ဂေါ

၁။ ကုဋဇပုပ္ဖိယတ္ထေရအပဒါနံ

၁။ ‘‘သုဝဏ္ဏဝဏ္ဏံ သမ္ဗုဒ္ဓံ, သတရံသိံဝ ဥဂ္ဂတံ၊

ဒိသံ အနုဝိလောကေန္တံ, ဂစ္ဆန္တံ အနိလဉ္ဇသေ။

၁၉-ကုဋဇပုပ္ဖိယဝဂ် ၁-ကုဋဇပုပ္ဖိယတ္ထေရအပဒါန ၁။ (ငါသည် ) တက်သစ်စနေမင်းကဲ့သို့ ရွှေအဆင်းကဲ့သို့သော အဆင်းရှိတော်မူသော, အရပ်လေးမျက်နှာတို့ကို ကြည့်ရှုတော်မူလျက် ကောင်းကင်သို့ ကြွသွားတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၏။

၂။ ‘‘ကုဋဇံ ပုပ္ဖိတံ ဒိသွာ, သံဝိတ္ထတသမောတ္ထတံ၊

ရုက္ခတော ဩစိနိတွာန, ဖုဿဿ အဘိရောပယိံ။

၂။ ထိုအခါ ငါသည် ကောင်းစွာ ကျယ်ပြန့်၍ ကောင်းစွာ ဖုံးအုပ်လျက် ပွင့်နေသော လက်ထုတ်ကြီးပန်းကို မြင်သဖြင့် သစ်ပင်မှ ဆွတ်ခူး၍ ဖုဿမြတ်စွာဘုရားအား တင်လှူခဲ့၏။

၃။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, ယံ ပုပ္ဖမဘိရောပယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၃။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ လက်ထုတ်ကြီးပန်းကို တင်လှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းလှူဒါန်း ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၄။ ‘‘ဣတော သတ္တရသေ ကပ္ပေ, တယော အာသုံ သုပုပ္ဖိတာ၊

သတ္တရတနသမ္ပန္နာ, စက္ကဝတ္တီ မဟဗ္ဗလာ။

၄။ ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်ခုနစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သုပုပ္ဖိတ”စကြာမင်းတို့သည် သုံးကြိမ်တိုင်တိုင် ဖြစ်ခဲ့ ဖူးကုန်၏။

၅။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊

ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ကုဋဇပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ကုဋဇပုပ္ဖိယတ္ထေရဿာပဒါနံ ပဌမံ။

၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ကုဋဇပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော ကုဋဇပုပ္ဖိယတ္ထေရအပဒါန ပြီး၏။

၂။ ဗန္ဓုဇီဝကတ္ထေရအပဒါနံ

၆။ ‘‘သိဒ္ဓတ္ထော နာမ သမ္ဗုဒ္ဓေါ, သယမ္ဘူ သဗ္ဘိ ဝဏ္ဏိတော၊

သမာဓိံ သော သမာပန္နော, နိသီဒိ ပဗ္ဗတန္တရေ။

၂-ဗန္ဓုဇီဝကတ္ထေရအပဒါန ၆။ မိမိအလိုလို ဖြစ်တော်မူသောသူတော်ကောင်းတို့သည် ချီးမွမ်းအပ်သော သိဒ္ဓတ္ထ မြတ်စွာဘုရားသည် သမာဓိဈာန်ကို ဝင်စားလျက် တောင်ကြား၌ ထိုင်နေတော်မူ၏။

၇။ ‘‘ဇာတဿရေ ဂဝေသန္တော, ဒကဇံ ပုပ္ဖမုတ္တမံ၊

ဗန္ဓုဇီဝကပုပ္ဖါနိ, အဒ္ဒသံ သမနန္တရံ။

၇။ (ထိုအခါ ငါသည် ) ဇာတဿရအိုင်ဝယ် ရေ၌ ပေါက်သော မြတ်သော ပန်းကို ရှာဖွေ သည်ရှိသော် အခြားမဲ့၌ လယ်ခေါင်ရန်းပန်းတို့ကို တွေ့မြင်၏။

၈။ ‘‘ဥဘော ဟတ္ထေဟိ ပဂ္ဂယှ, ဥပါဂစ္ဆိံ မဟာမုနိံ၊

ပသန္နစိတ္တော သုမနော, သိဒ္ဓတ္ထဿာဘိရောပယိံ။

၈။ ငါသည် လက်နှစ်ဖက်တို့ဖြင့် (ပန်းတို့ကို ) ယူ၍ မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီး လျှင် ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ သိဒ္ဓတ္ထမြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။

၉။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိရောပယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၉။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ လယ်ခေါင်ရန်းပန်းကို တင်လှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းလှူရခြင်း၏ အကျိုးပေတည်း။

စာ-၂၁၄

၁၀။ ‘‘ဣတော စာတုဒ္ဒသေ ကပ္ပေ, ဧကော အာသိံ ဇနာဓိပေါ၊

သမုဒ္ဒကပ္ပေါ နာမေန, စက္ကဝတ္တီ မဟဗ္ဗလော။

၁၀။ ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်လေးကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သမုဒ္ဒကပ္ပ”မည်သော စကြဝတေးမင်းသည် တစ်ကြိမ် ဖြစ်ခဲ့၏။

၁၁။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဗန္ဓုဇီဝကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဗန္ဓုဇီဝကတ္ထေရဿာပဒါနံ ဒုတိယံ။

၁၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဗန္ဓုဇီဝကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် ဗန္ဓုဇီဝကတ္ထေရအပဒါန ပြီး၏။

၃။ ကောဋုမ္ဗရိယတ္ထေရအပဒါနံ

၁၂။ ‘‘ကဏိကာရံဝ ဇောတန္တံ, နိသိန္နံ ပဗ္ဗတန္တရေ၊

အပ္ပမေယျံဝ ဥဒဓိံ, ဝိတ္ထတံ ဓရဏိံ ယထာ။

၃-ကောဋုမ္ဗရိယတ္ထေရအပဒါန ၁၂-၁၃။ ‘မဟာလှေကားပန်းကဲ့သို့’ ထွန်းလင်းတောက်ပတော်မူသော ‘မဟာသမုဒ္ဒရာကဲ့ သို့’ မနှိုင်းယှဥ်အပ်သည့် ‘မြေကြီးကဲ့သို့’ ကျယ်ပြန့်သည့် ပညာရှိတော်မူသော နတ်အပေါင်း သည် ပူဇော်အပ်သော ‘နိသဘအာဇာနည်မျိုးကဲ့သို့’ လူတို့ထက် မြတ်တော်မူသော (သိခီ) မြတ်စွာဘုရားကို တောင်ကြား၌ ထိုင်နေတော်မူစဥ် ရွှင်လန်းသော ငါသည် ရွှင်လန်းသော စိတ်ဖြင့် ချဥ်းကပ်ခဲ့၏။

၁၃။ ‘‘ပူဇိတံ [ပရေတံ (သီ။)] ဒေဝသံဃေန, နိသဘာဇာနိယံ ယထာ၊

ဟဋ္ဌော ဟဋ္ဌေန စိတ္တေန, ဥပါဂစ္ဆိံ နရုတ္တမံ။

၁၄။ ‘‘သတ္တပုပ္ဖါနိ ပဂ္ဂယှ, ကောဋုမ္ဗရသမာကုလံ၊

ဗုဒ္ဓဿ အဘိရောပေသိံ, သိခိနော လောကဗန္ဓုနော။

၁၄။ (ချဥ်းကပ်ပြီးသော်) ကောဋုမ္ဗရပန်းဖြင့် ရောပြွမ်းသော ပန်းခုနစ်ပွင့်တို့ကို ယူပြီးလျှင် လောက၏ အဆွေဖြစ်တော်မူသော သိခီမြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။

၁၅။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ပုပ္ဖမဘိရောပယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၁၅။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို တင်လှူပူဇော်ခဲ့ရသောအခါမှ စ၍ ငါသည် အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရား အား ပန်းလှူဒါန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၁၆။ ‘‘ဣတော ဝီသတိကပ္ပမှိ, မဟာနေလသနာမကော၊

ဧကော အာသိ မဟာတေဇော, စက္ကဝတ္တီ မဟဗ္ဗလော။

၁၆။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာနှစ်ဆယ်ထက်၌ တန်ခိုးကြီးမားသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “မဟာနေလ”အမည်ရှိသော စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

၁၇။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ကောဋုမ္ဗရိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ကောဋုမ္ဗရိယတ္ထေရဿာပဒါနံ တတိယံ။

၁၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ကောဋုမ္ဗရိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် ကောဋုမ္ဗရိယတ္ထေရအပဒါန ပြီး၏။

၄။ ပဉ္စဟတ္ထိယတ္ထေရအပဒါနံ

၁၈။ ‘‘တိဿော နာမာသိ ဘဂဝါ, လောကဇေဋ္ဌော နရာသဘော၊

ပုရက္ခတော သာဝကေဟိ, ရထိယံ ပဋိပဇ္ဇထ။

၄-ပဥ္စဟတ္ထိယတ္ထေရအပဒါန ၁၈။ လောက၏ အကြီးအမှူးဖြစ်၍ လူတို့ထက်မြတ်တော်မူသော တိဿအမည်တော်ရှိသော မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ (ထိုမြတ်စွာဘုရားသည်) တပည့်အပေါင်း ခြံရံလျက် ခရီး လမ်းမ၌ ကြွသွားတော်မူ၏။

စာ-၂၁၅

၁၉။ ‘‘ပဉ္စ ဥပ္ပလဟတ္ထာ စ, စာတုရာ ဌပိတာ မယာ၊

အာဟုတိံ ဒါတုကာမောဟံ, ပဂ္ဂဏှိံ ဝတသိဒ္ဓိယာ [ပုတ္တောမှိ ဟိတသိဒ္ဓိယာ (သျာ။)]။

၁၉။ ငါသည် လှပတင့်တယ်ကုန်သော ကြာငါးလက်တို့ကို ထားအပ်ကုန်၏၊ ငါသည် အလေ့အကျင့်၏ ပြီးစီးခြင်းငှါ လှူဒါန်းဖွယ် ပစ္စည်းဝတ္ထုကို ပေးလှူလိုသည်ဖြစ်၍ ယူဆောင် ခဲ့ပြီ။

၂၀။ ‘‘သုဝဏ္ဏဝဏ္ဏံ သမ္ဗုဒ္ဓံ, ဂစ္ဆန္တံ အန္တရာပဏေ၊

ဗုဒ္ဓရံသီဟိ ဖုဋ္ဌောသ္မိ [ဗုဒ္ဓရံသျာဘိဖုဋ္ဌောမှိ (သီ။), ဗုဒ္ဓရံသာဘိဃုဋ္ဌောသ္မိ (က။)], ပူဇေသိံ ဒွိပဒုတ္တမံ။

၂၀။ ‘ရွှေအဆင်းကဲ့သို့’ အဆင်းရှိတော်မူသော အခြေနှစ်ချောင်းရှိသူ သတ္တဝါတို့ထက် မြတ်တော်မူသော မြတ်စွာဘုရားကို ဈေးအကြား လမ်းခရီး၌ ကြွသွားတော်မူစဥ် ဖူးမြင်ရသော ကြောင့် ငါသည် မြတ်စွာဘုရား၏ ရောင်ခြည်တော်တို့ဖြင့် တွေ့ထိခဲ့ရသည် ဖြစ်၏။

၂၁။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၂၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ပန်းကို ပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော် ရခြင်း၏ အကျိုးပေတည်း။

၂၂။ ‘‘ဣတော တေရသကပ္ပမှိ, ပဉ္စ သုသဘသမ္မတာ၊

သတ္တရတနသမ္ပန္နာ, စက္ကဝတ္တီ မဟဗ္ဗလာ။

၂၂။ ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်သုံးကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိကုန်သော “သုသဘ”ဟု သမုတ်အပ်ကုန်သော စကြဝတေး မင်းတို့သည် ငါးကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးကုန်၏။

၂၃။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ပဉ္စဟတ္ထိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ပဉ္စဟတ္ထိယတ္ထေရဿာပဒါနံ စတုတ္ထံ။

၂၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပဉ္စဟတ္ထိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် ပဉ္စဟတ္ထိယတ္ထေရအပဒါန ပြီး၏။

၅။ ဣသိမုဂ္ဂဒါယကတ္ထေရအပဒါနံ

၂၄။ ‘‘ဥဒေန္တံ သတရံသိံဝ, ပီတရံသိံဝ [သိတရံသိံဝ (သီ။)] ဘာဏုမံ၊

ကကုဓံ ဝိလသန္တံဝ, ပဒုမုတ္တရနာယကံ။

၅-ဣသိမုဂ္ဂဒါယကတ္ထေရအပဒါန ၂၄။ များစွာသောအရောင်, ဝါဝင်းသောအရောင် ရှိသည်ဖြစ်၍ တွဲလောင်းကျသော ရေခံ တက်ပင် သဖွယ်လည်းဖြစ်သော ပဒုမုတ္တရမြတ်စွာဘုရားကို (ဖူးမြင်ရ၏)။

၂၅။ ‘‘ဣသိမုဂ္ဂါနိ ပိသိတွာ [ဣသိသုဂ္ဂါနိ ပိံသေတွာ (သီ။), ဣသိမုဂ္ဂံ နိမန္တေတွာ (သျာ။)], မဓုခုဒ္ဒေ အနီဠကေ၊

ပါသာဒေဝ ဌိတော သန္တော, အဒါသိံ လောကဗန္ဓုနော။

၂၅။ ရသေ့စား ပဲနောက်တို့ကို ကြိတ်ပြီးလျှင် ပျားကောင် မရှိသော ပျားငယ်ရည်၌ ထည့်၍ ပြာသာဒ်၌ ရပ်တည်လျက် လောက၏ အဆွေဖြစ်တော်မူသော ပဒုမုတ္တရမြတ်စွာဘုရား အား ပေးလှူခဲ့၏။

၂၆။ ‘‘အဋ္ဌသတသဟဿာနိ, အဟေသုံ ဗုဒ္ဓသာဝကာ၊

သဗ္ဗေသံ ပတ္တပူရေန္တံ [ပတ္တပူရံ တံ (သီ။)], တတော စာပိ ဗဟုတ္တရံ။

၂၆။ မြတ်စွာဘုရား၏ တပည့်သာဝကတို့သည် ရှစ်သိန်း ရှိကုန်၏၊ ရဟန်းအားလုံးတို့၏ သပိတ်တို့ကို ပြည့်စေလျက်လည်းကောင်း၊ ထို့ထက်အလွန် များပြားစွာလည်းကောင်း ပေးလှူခဲ့၏။

၂၇။ ‘‘တေန စိတ္တပ္ပသာဒေန, သုက္ကမူလေန စောဒိတော၊

ကပ္ပါနံ သတသဟဿံ, ဒုဂ္ဂတိံ နုပပဇ္ဇဟံ။

၂၇။ ငါသည် ထိုပေးလှူရသော စိတ်ကြည်လင်မှုကြောင့် ဖြူစင်သော ကုသိုလ်အကြောင်း ရင်းသည် တိုက်တွန်းအပ်သည်ဖြစ်၍ ကမ္ဘာတစ်သိန်းပတ်လုံး အပါယ်လေးပါးသို့ မရောက်ခဲ့ ရပေ။

၂၈။ ‘‘စတ္တာလီသမှိ သဟဿေ, ကပ္ပါနံ အဋ္ဌတိံသ တေ၊

ဣသိမုဂ္ဂသနာမာ [မဟိသမန္တနာမာ (သျာ။)] တေ, စက္ကဝတ္တီ မဟဗ္ဗလာ။

၂၈။ ကမ္ဘာလေးသောင်းထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဣသိမုဂ္ဂ”အမည် ရှိသော ထိုစကြဝတေးမင်းတို့သည် သုံးဆယ့်ရှစ်ကြိမ် ဖြစ်ခဲ့ဖူးကုန်၏။

စာ-၂၁၆

၂၉။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဣသိမုဂ္ဂဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဣသိမုဂ္ဂဒါယကတ္ထေရဿာပဒါနံ ပဉ္စမံ။

၂၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဣသိမုဂ္ဂဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် ဣသိမုဂ္ဂဒါယကတ္ထေရအပဒါန ပြီး၏။

၆။ ဗောဓိဥပဋ္ဌာကတ္ထေရအပဒါနံ

၃၀။ ‘‘နဂရေ ရမ္မဝတိယာ, အာသိံ မုရဇဝါဒကော၊

နိစ္စုပဋ္ဌာနယုတ္တောမှိ, ဂတောဟံ ဗောဓိမုတ္တမံ။

၆-ဗောဓိဥပဋ္ဌာကတ္ထေရအပဒါန ၃၀။ ငါသည် ရမ္မဝတီမြို့၌ မုရိုးစည်တီးတတ်သောသူ ဖြစ်ခဲ့ဖူး၏၊ ငါသည် မြတ်သော ဗောဓိပင်သို့ သွားလျက် အမြဲမပြတ် ဆည်းကပ်ခြင်းနှင့် ယှဥ်သူ ဖြစ်၏။

၃၁။ ‘‘သာယံ ပါတံ ဥပဋ္ဌိတွာ, သုက္ကမူလေန စောဒိတော၊

အဋ္ဌာရသကပ္ပသတေ, ဒုဂ္ဂတိံ နုပပဇ္ဇဟံ။

၃၁။ ငါသည် ညဥ့်နံနက် ဆည်းကပ်သဖြင့် ဖြူစင်သော ကုသိုလ်အကြောင်းရင်းသည် တိုက်တွန်းအပ်သည်ဖြစ်၍ ကမ္ဘာတစ်ထောင့်ရှစ်ရာတို့ပတ်လုံး အပါယ်လေးပါးသို့ မရောက်ခဲ့ ရပေ။

၃၂။ ‘‘ပန္နရသေ ကပ္ပသတေ, ဣတော အာသိံ ဇနာဓိပေါ၊

မုရဇော [ဒမထော (သျာ။)] နာမ နာမေန, စက္ကဝတ္တီ မဟဗ္ဗလော။

၃၂။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်ထောင့်ငါးရာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “မုရဇ”မည်သော စကြဝတေးမင်း ဖြစ်ခဲ့၏။

၃၃။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဗောဓိဥပဋ္ဌာကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဗောဓိဥပဋ္ဌာကတ္ထေရဿာပဒါနံ ဆဋ္ဌံ။

၃၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဗောဓိဥပဋ္ဌာကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် ဗောဓိဥပဋ္ဌာကတ္ထေရအပဒါန ပြီး၏။

၇။ ဧကစိန္တိကတ္ထေရအပဒါနံ

၃၄။ ‘‘ယဒါ ဒေဝေါ [ဒေဝါ (က။)] ဒေဝကာယာ, စဝတေ [စဝန္တိ (က။)] အာယုသင်္ခယာ၊

တယော သဒ္ဒါ နိစ္ဆရန္တိ, ဒေဝါနံ အနုမောဒတံ။

၇-ဧကစိန္တိကတ္ထေရအပဒါန ၃၄။ အကြင်အခါ၌ နတ်သည် နတ်ပြည်မှ အသက်ကုန်ခြင်းကြောင့် စုတေရ၏၊ (ထိုအခါ) ဝမ်းမြောက်ကုန်သော နတ်တို့၏ သုံးမျိုးသော အသံတို့သည် ထွက်ပေါ်လာကုန်၏။

၃၅။ ‘ဣတော ဘော သုဂတိံ ဂစ္ဆ, မနုဿာနံ သဟဗျတံ၊

မနုဿဘူတော သဒ္ဓမ္မေ, လဘ သဒ္ဓံ အနုတ္တရံ။

၃၅။ (အဘယ်သို့ ထွက်ပေါ်လာကုန်သနည်း) အချင်းနတ်သား ဤနတ်ပြည်မှ ကောင်း သော လားရာဖြစ်သော လူ့ပြည်သို့ သွားလေလော့၊ လူဖြစ်လတ်သော် သူတော်ကောင်းတရား၌ အတုမရှိသော သဒ္ဓါတရားကို ရအောင် ကြိုးစားလော့။

၃၆။ ‘‘‘သာ တေ သဒ္ဓါ နိဝိဋ္ဌာဿ, မူလဇာတာ ပတိဋ္ဌိတာ၊

ယာဝဇီဝံ အသံဟီရာ, သဒ္ဓမ္မေ သုပ္ပဝေဒိတေ။

၃၆။ ကောင်းစွာ ဟောတော်မူအပ်သောသူတော်ကောင်းတရား၌ အသက်ထက်ဆုံး မရွေ့ ရှားနိုင်သည်ဖြစ်၍ အခြေအမြစ် ခိုင်မြဲသော ထိုသဒ္ဓါတရားသည် သင့်အား သက်ဝင်သည် ဖြစ်လေလော့။

စာ-၂၁၇

၃၇။ ‘‘‘ကာယေန ကုသလံ ကတွာ, ဝါစာယ ကုသလံ ဗဟုံ၊

မနသာ ကုသလံ ကတွာ, အဗျာပဇ္ဇံ [အဗျာပဇ္ဈံ (သျာ။), အပ္ပမာဏံ (ဣတိဝုတ္တကေ ၈၃)] နိရူပဓိံ။

၃၇။ ကိုယ်ဖြင့် ကုသိုလ်ကို ပြု၍ နှုတ်ဖြင့် ကုသိုလ်ကို များစွာ ပြု၍ စိတ်ဖြင့် ဥပဓိကင်း သော အပြစ်မရှိသော ကုသိုလ်ကို ပြု၍ (နေလေလော့)။

၃၈။ ‘‘‘တတော ဩပဓိကံ ပုညံ, ကတွာ ဒါနေန တံ ဗဟုံ၊

အညေပိ မစ္စေ သဒ္ဓမ္မေ, ဗြဟ္မစရိယေ နိဝေသယ’။

၃၈။ ထို့ကြောင့် နတ်ပြည်၌ ခန္ဓာငါးပါးကို ဖြစ်စေတတ်သော ထိုကုသိုလ်ကောင်းမှုကို ပေးလှူခြင်းဖြင့် များစွာ ပြု၍ အခြားသတ္တဝါတို့ကိုလည်း သူတော်ကောင်းတရားဟု ဆိုအပ် သော မြတ်သော အကျင့်၌ သွတ်သွင်းလေလော့ (ဟု မြွက်ဆိုကြကုန်၏)။

၃၉။ ‘‘ဣမာယ အနုကမ္ပာယ, ဒေဝါ ဒေဝံ ယဒါ ဝိဒူ၊

စဝန္တံ အနုမောဒန္တိ, ဧဟိ ဒေဝ ပုနပ္ပုနံ [ဒေဝပုရံ ပုန (သျာ။)]။

၃၉။ အကြင်အခါ၌ စုတေခါနီးဖြစ်သော နတ်ကို အခြားနတ်တို့သည် သိကုန်သည်ဖြစ်၍ နတ်သား (ဤနတ်ပြည်သို့) အဖန်ဖန် လာလှည့်ပါလော့။ ဤသို့သော ကြင်နာသနားခြင်းဖြင့် ဝမ်းမြောက်ကြကုန်၏။

၄၀။ ‘‘သံဝေဂေါ မေ [သံဝိဂ္ဂေါဟံ (သျာ။)] တဒါ အာသိ, ဒေဝသံဃေ သမာဂတေ၊

ကံသု နာမ အဟံ ယောနိံ, ဂမိဿာမိ ဣတော စုတော။

၄၀။ ထိုအခါ နတ်အပေါင်းသည် အညီအညွတ် ရောက်လာလတ်သော် ဤနတ်ပြည်မှ စုတေလျှင် ငါသည် အဘယ်အမျိုးသို့ သွားရပါအံ့နည်းဟု ငါ့အား ထိတ်လန့်ခြင်းသည် ဖြစ်ခဲ့၏။

၄၁။ ‘‘မမ သံဝေဂမညာယ, သမဏော ဘာဝိတိန္ဒြိယော၊

မမုဒ္ဓရိတုကာမော သော, အာဂစ္ဆိ မမ သန္တိကံ။

၄၁။ ဣန္ဒြေကို ပွါးများပြီးသော ထို (သုမန) ရဟန်းသည် ငါ၏ ထိတ်လန့်ခြင်းကို သိတော် မူသဖြင့် ငါ့အား ထုတ်ဆောင်ကယ်တင်လိုသည် ဖြစ်၍ ငါ၏ အထံသို့ ကြွလာ၏။

၄၂။ ‘‘သုမနော နာမ နာမေန, ပဒုမုတ္တရသာဝကော၊

အတ္ထဓမ္မာနုသာသိတွာ, သံဝေဇေသိ မမံ တဒါ။

၄၂။ ထိုအခါ၌ ပဒုမုတ္တရမြတ်စွာဘုရား၏ တပည့်သာဝကဖြစ်သော “သုမန”အမည်ဖြင့် ထင်ရှားသော ရဟန်းသည် အကျိုးအကြောင်းကို ဆုံးမ၍ ငါ့အား သံဝေဂရစေခဲ့၏။ (ထိတ် လန့်စေခဲ့၏)။

၄၃။ ‘‘တဿာဟံ ဝစနံ သုတွာ, ဗုဒ္ဓေ စိတ္တံ ပသာဒယိံ၊

တံ ဓီရံ အဘိဝါဒေတွာ, တတ္ထ ကာလံကတော အဟံ။

၄၃။ ငါသည် ထိုရဟန်း၏ ဆုံးမစကားကို ကြားနာရ၍ မြတ်စွာဘုရား၌ မိမိစိတ်ကို ကြည်လင်စေခဲ့၏၊ ထိုဉာဏ်တော်ရှင် မြတ်စွာဘုရားကို ရှိခိုး၍ ထိုအရပ်၌ပင် ငါသည် သေလွန် ခဲ့၏။

၄၄။ ‘‘ဥပပဇ္ဇိံ သ [ဥပပဇ္ဇိဿံ (သီ။)] တတ္ထေဝ, သုက္ကမူလေန စောဒိတော၊

ကပ္ပါနံ သတသဟဿံ, ဒုဂ္ဂတိံ နုပပဇ္ဇဟံ။

၄၄။ ထိုငါသည် ထိုအရပ်၌သာလျှင် ဖြစ်ခဲ့၏၊ ဖြူစင်သော ကုသိုလ်အကြောင်းရင်းသည် တိုက်တွန်းအပ်သည်ဖြစ်၍ ကမ္ဘာတစ်သိန်းပတ်လုံး အပါယ်လေးပါးသို့ မရောက်ခဲ့ရပေ။

၄၅။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဧကစိန္တိကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဧကစိန္တိကတ္ထေရဿာပဒါနံ သတ္တမံ။

၄၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဧကစိန္တိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် ဧကစိန္တိကတ္ထေရအပဒါန ပြီး၏။

၈။ တိကဏ္ဏိပုပ္ဖိယတ္ထေရအပဒါနံ

၄၆။ ‘‘ဒေဝဘူတော အဟံ သန္တော, အစ္ဆရာဟိ ပုရက္ခတော၊

ပုဗ္ဗကမ္မံ သရိတွာန, ဗုဒ္ဓသေဋ္ဌံ အနုဿရိံ။

၈-တိကဏ္ဏိပုပ္ဖိယတ္ထေရအပဒါန ၄၆။ နတ်သားဖြစ်သော ငါသည် နတ်သမီးအပေါင်း ခြံရံအပ်သည် ရှိသော် ရှေးကောင်းမှုကံကို အောက်မေ့သဖြင့် ဘုရားမြတ်ကိုလည်း အောက်မေ့အမှတ်ရခဲ့ပြီ။

၄၇။ ‘‘တိကဏ္ဏိပုပ္ဖံ [ကိံကဏိပုပ္ဖံ (က။)] ပဂ္ဂယှ, သကံ စိတ္တံ ပသာဒယိံ၊

ဗုဒ္ဓမှိ အဘိရောပေသိံ, ဝိပဿိမှိ နရာသဘေ။

၄၇။ (ထိုအခါ) ဆည်းလည်းပန်းကို ယူ၍ မိမိစိတ်ကို ကြည်လင်စေပြီးလျှင် လူတို့ထက် မြတ်တော်မူသော ဝိပဿီမြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။

စာ-၂၁၈

၄၈။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၄၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ဆည်းလည်းပန်းကို လှူဒါန်းခဲ့ရသော အခါမှ စ၍ ငါသည် အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၄၉။ ‘‘တေသတ္တတိမှိတော ကပ္ပေ, စတုရာသုံ ရမုတ္တမာ၊

သတ္တရတနသမ္ပန္နာ, စက္ကဝတ္တီ မဟဗ္ဗလာ။

၄၉။ ဤဘဒ္ဒကမ္ဘာမှ ခုနစ်ဆယ့်သုံးကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ရမုတ္တမ”မည်သော စကြဝတေးမင်းတို့သည် လေး ကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးကုန်၏။

၅၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ တိကဏ္ဏိပုပ္ဖိယော [ကိံကဏိကပုပ္ဖိယော (က။)] ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

တိကဏ္ဏိပုပ္ဖိယတ္ထေရဿာပဒါနံ အဋ္ဌမံ။

၅၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်တိကဏ္ဏိပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် တိကဏ္ဏိပုပ္ဖိယတ္ထေရအပဒါန ပြီး၏။

၉။ ဧကစာရိယတ္ထေရအပဒါနံ

၅၁။ ‘‘တာဝတိံသေသု ဒေဝေသု, မဟာဃောသော တဒါ အဟု၊

ဗုဒ္ဓေါ စ လောကေ နိဗ္ဗာတိ, မယဉ္စမှ သရာဂိနော။

၉-ဧကစာရိယတ္ထေရအပဒါန ၅၁။ “လောက၌ မြတ်စွာဘုရားသည်လည်း ပရိနိဗ္ဗာန်စံတော်မူ၏၊ ငါတို့သည်ကား ရာဂနှင့်တကွ ဖြစ်ကုန်၏”ဟု တာဝတိံသာနတ်ပြည်တို့၌ ထို (မြတ်စွာဘုရား ပရိနိဗ္ဗာန်စံ သော) အခါ ကြီးစွာသော ကြွေးကြော်သံသည် ဖြစ်၏။

၅၂။ ‘‘တေသံ သံဝေဂဇာတာနံ, သောကသလ္လသမင်္ဂိနံ၊

သဗလေန ဥပတ္ထဒ္ဓေါ, အဂမံ ဗုဒ္ဓသန္တိကံ။

၅၂။ သောကတည်းဟူသော မြားငြောင့်နှင့် ပြည့်စုံကုန်သော ထိုနတ်တို့သည် ထိတ်လန့် ကုန်လတ်သော် ငါသည် မိမိ၏ ကံအစွမ်းဖြင့် ထောက်ပံ့အပ်သည်ဖြစ်၍ (ပရိနိဗ္ဗာန်စံတော် မူသော) မြတ်စွာဘုရား အထံသို့ သွားခဲ့၏။

၅၃။ ‘‘မန္ဒာရဝံ ဂဟေတွာန, သင်္ဂီတိ [သဏှိတံ (သီ။), သင်္ဂိတံ (သျာ။)] အဘိနိမ္မိတံ၊

ပရိနိဗ္ဗုတကာလမှိ, ဗုဒ္ဓဿ အဘိရောပယိံ။

၅၃။ ပရိနိဗ္ဗာန်ပြုသောအခါ၌ စုပေါင်းသီကုံးအပ်သော မန္ဒာရဝပန်းကို ယူပြီးလျှင် မြတ်စွာဘုရား (အလောင်းတော်) အား လှူဒါန်းပူဇော်ခဲ့၏။

၅၄။ ‘‘သဗ္ဗေ ဒေဝါနုမောဒိံသု, အစ္ဆရာယော စ မေ တဒါ၊

ကပ္ပါနံ သတသဟဿံ, ဒုဂ္ဂတိံ နုပပဇ္ဇဟံ။

၅၄။ ထိုအခါ၌ အလုံးစုံသော နတ်တို့သည်လည်းကောင်း၊ ငါ၏ နတ်သမီးတို့သည်လည်း ကောင်း ဝမ်းမြောက်ကြကုန်၏။ ငါသည် ကမ္ဘာတစ်သိန်းပတ်လုံး အပါယ်လေးပါးသို့ မလား မရောက်ခဲ့ရပေ။

၅၅။ ‘‘သဋ္ဌိကပ္ပသဟဿမှိ, ဣတော သောဠသ တေ ဇနာ၊

မဟာမလ္လဇနာ နာမ, စက္ကဝတ္တီ မဟဗ္ဗလာ။

၅၅။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာခြောက်သောင်းထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “မဟာမလ္လဇန”မည်ကုန်သော ထိုစကြဝတေးမင်းတို့သည် တစ်ဆယ့်ခြောက်ကြိမ်တိုင်တိုင် ဖြစ်ခဲ့ ဖူးကုန်၏။

၅၆။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဧကစာရိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဧကစာရိယတ္ထေရဿာပဒါနံ နဝမံ။

၅၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဧကစာရိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် ဧကစာရိယတ္ထေရအပဒါန ပြီး၏။

စာ-၂၁၉

၁၀။ တိဝဏ္ဋိပုပ္ဖိယတ္ထေရအပဒါန

၅၇။ ‘‘အဘိဘူတံ ပနိဇ္ဈန္တိ [အဘိဘူတောပနိဇ္ဈန္တိ (သီ။)], သဗ္ဗေ သင်္ဂမ္မ တေ မမံ [အဘိဘုံ ထေရံ ပနိဇ္ဈာမ, သဗ္ဗေ သင်္ဂမ္မ တေ မယံ (သျာ။)]၊

တေသံ နိဇ္ဈာယမာနာနံ, ပရိဠာဟော အဇာယထ။

၁၀-တိဝဏ္ဋိပုပ္ဖိယတ္ထေရအပဒါန ၅၇။ ထိုတပည့်အားလုံးတို့သည် အနာနှိပ်စက်ခံရသော ငါ့ထံသို့ ချဥ်းကပ်၍ ကြည့်ရှုကြ ကုန်၏၊ ထိုတပည့်တို့ ကြည့်ရှုကုန်စဥ် ပူလောင်ခြင်းသည် ဖြစ်ပေါ်ခဲ့၏။

၅၈။ ‘‘သုနန္ဒော နာမ နာမေန, ဗုဒ္ဓဿ သာဝကော တဒါ၊

ဓမ္မဒဿိဿ မုနိနော, အာဂစ္ဆိ မမ သန္တိကံ။

၅၈။ ထိုအခါ၌ သစ္စာလေးပါးကို သိတော်မူသော ဓမ္မဒဿီမြတ်စွာဘုရား၏ သုနန္ဒမည်သော တပည့်သာဝကသည် ငါ၏ အထံသို့ ကြွလာတော်မူ၏၊

၅၉။ ‘‘ယေ မေ ဗဒ္ဓစရာ အာသုံ, တေ မေ ပုပ္ဖံ အဒုံ တဒါ၊

တာဟံ ပုပ္ဖံ ဂဟေတွာန, သာဝကေ အဘိရောပယိံ။

၅၉။ ထိုအခါ ငါ၏ အနီးနေတပည့်တို့သည် ငါ့အား ပန်းကို ပေးကြကုန်၏၊ ငါသည် ထို ပန်းကို ယူပြီးလျှင် ဘုရား၏ တပည့်သာဝကရဟန်းအား တင်လှူပူဇော်၏။

၆၀။ ‘‘သောဟံ ကာလံကတော တတ္ထ, ပုနာပိ ဥပပဇ္ဇဟံ၊

အဋ္ဌာရသေ ကပ္ပသတေ, ဝိနိပါတံ န ဂစ္ဆဟံ။

၆၀။ ထိုငါသည် ထိုအရပ်၌ပင် သေခဲ့၏၊ တစ်ဖန်လည်း နတ်ပြည်၌ ငါသည် ဖြစ်ခဲ့၏၊ ကမ္ဘာတစ်ထောင့်ရှစ်ရာတို့ပတ်လုံး ငါသည် ပျက်စီးကျရောက်ရာ ငရဲသို့ မရောက်ခဲ့ရပေ။

၆၁။ ‘‘တေရသေတော ကပ္ပသတေ, အဋ္ဌာသုံ ဓူမကေတုနော၊

သတ္တရတနသမ္ပန္နာ, စက္ကဝတ္တီ မဟဗ္ဗလာ။

၆၁။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်ထောင့်သုံးရာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဓူမကေတု”မည်သော စကြဝတေးမင်းတို့သည် ရှစ်ကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးကုန်၏။

၆၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ တိဝဏ္ဋိပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ၊

တိဝဏ္ဋိပုပ္ဖိယတ္ထေရဿာပဒါနံ ဒသမံ။

ကုဋဇပုပ္ဖိယဝဂ္ဂေါ ဧကူနဝီသတိမော။

တဿုဒ္ဒါနံ –

ကုဋဇော ဗန္ဓုဇီဝီ စ, ကောဋုမ္ဗရိကဟတ္ထိယော၊

ဣသိမုဂ္ဂေါ စ ဗောဓိ စ, ဧကစိန္တီ တိကဏ္ဏိကော၊

ဧကစာရီ တိဝဏ္ဋိ စ, ဂါထာ ဒွါသဋ္ဌိ ကိတ္တိတာတိ။

၆၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်တိဝဏ္ဋိပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် တိဝဏ္ဋိပုပ္ဖိယတ္ထေရအပဒါန ပြီး၏။ တစ်ဆယ့်ကိုးခုမြောက် ကုဋဇပုပ္ဖိယဝဂ် ပြီး၏။

စာ-၂၂၀

၂၀။ တမာလပုပ္ဖိယဝဂ္ဂေါ

၁။ တမာလပုပ္ဖိယတ္ထေရအပဒါနံ

၁။ ‘‘စုလ္လာသီတိသဟဿာနိ, ထမ္ဘာ သောဝဏ္ဏယာ အဟူ၊

ဒေဝလဋ္ဌိပဋိဘာဂံ, ဝိမာနံ မေ သုနိမ္မိတံ။

၂၀-တမာလပုပ္ဖိယဝဂ် ၁-တမာလပုပ္ဖိယတ္ထေရအပဒါန ၁။ ငါ၏ ဗိမာန်ကို နတ်ဗိမာန်နှင့် တူစွာ ဖန်ဆင်းအပ်၏၊ (ထိုဗိမာန်၌) ရွှေဖြင့် ပြီးသော တိုင်တို့သည် ရှစ်သောင်းလေးထောင် ရှိကုန်၏။

၂။ ‘‘တမာလပုပ္ဖံ ပဂ္ဂယှ, ဝိပ္ပသန္နေန စေတသာ၊

ဗုဒ္ဓဿ အဘိရောပယိံ, သိခိနော လောကဗန္ဓုနော။

၂။ ထိုအခါ ပန်းညိုပန်းကို ယူ၍ အထူးကြည်လင်သော စိတ်ဖြင့် လောက၏ အဆွေဖြစ် တော်မူသော သိခီမြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။

၃။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၃။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပန်းလှူမှုကို ပြုခဲ့ရသော အခါမှ စ၍ ငါသည် အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရား အား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၄။ ‘‘ဣတော ဝီသတိမေ ကပ္ပေ, စန္ဒတိတ္တောတိ ဧကကော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၄။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာနှစ်ဆယ်ထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “စန္ဒတိတ္တ”မည်သော စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့ ဖူး၏။

၅။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊

ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ တမာလပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

တမာလပုပ္ဖိယတ္ထေရဿာပဒါနံ ပဌမံ။

၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်တမာလပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော တမာလပုပ္ဖိယတ္ထေရအပဒါန ပြီး၏။

၂။ တိဏသန္ထာရကတ္ထေရအပဒါနံ

၆။ ‘‘ယဒါ ဝနဝါသီ [ယံ ဒါယဝါသိကော (သီ။)] ဣသိ, တိဏံ လာယတိ သတ္ထုနော၊

သဗ္ဗေ ပဒက္ခိဏာဝဋ္ဋာ [ပဒက္ခိဏာဝတ္တာ (သီ။ သျာ။)], ပထဗျာ [ပုထဗျာ (သီ။)] နိပတိံသု တေ။

၂-တိဏသန္ထာရကတ္ထေရအပဒါန ၆။ အကြင်အခါ၌ တောနေရသေ့သည် မြတ်စွာဘုရားအတွက် (သက်ငယ်) မြက်ကို ရိတ်၏၊ အလုံးစုံသော မြက်တို့သည် လက်ယာရစ်လှည့်ကုန်လျက် မြေ၌ လဲကြကုန်၏။

၇။ ‘‘တမဟံ တိဏမာဒါယ, သန္ထရိံ ဓရဏုတ္တမေ၊

တီဏေဝ တာလပတ္တာနိ, အာဟရိတွာနဟံ တဒါ။

၇။ ငါသည် ထိုမြက်ကို ယူပြီးလျှင် မြတ်သော မြေ၌ ခင်းခဲ့၏၊ ထိုအခါ၌ ငါသည် ထန်းရွက်သုံးရွက်တို့ကို ဆောင်ယူ၍ -

၈။ ‘‘တိဏေန ဆဒနံ ကတွာ, သိဒ္ဓတ္ထဿ အဒါသဟံ၊

သတ္တာဟံ ဓာရယုံ တဿ [တတ္ထ (သျာ။)], ဒေဝမာနုသသတ္ထုနော။

၈။ မြက်ခင်းအပေါ်၌ အမိုးပြုလုပ်လျက် သိဒ္ဓတ္ထမြတ်စွာဘုရားအား ပေးလှူခဲ့၏၊ နတ်လူ တို့၏ ဆရာဖြစ်တော်မူသော ထိုမြတ်စွာဘုရားအား ခုနစ်ရက်ပတ်လုံး (ထိုအမိုးတို့သည် ) ဆောင်းမိုးလျက် ရှိကုန်၏။

၉။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ တိဏံ အဒဒိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, တိဏဒါနဿိဒံ ဖလံ။

၉။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ မြက် (အခင်း) ကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြက်ကို လှူရ ခြင်း၏ အကျိုးပေတည်း။

စာ-၂၂၁

၁၀။ ‘‘ပဉ္စသဋ္ဌိမှိတော ကပ္ပေ, စတ္တာရောသုံ မဟဒ္ဓနာ၊

သတ္တရတနသမ္ပန္နာ, စက္ကဝတ္တီ မဟဗ္ဗလာ။

၁၀။ ဤဘဒ္ဒကမ္ဘာမှ ခြောက်ဆယ့်ငါးကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော များသော ဥစ္စာရှိသော စကြဝတေးမင်းတို့သည် လေးကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးကုန်၏။

၁၁။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ တိဏသန္ထာရကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

တိဏသန္ထာရကတ္ထေရဿာပဒါနံ ဒုတိယံ။

၁၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်တိဏသန္ထာရကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် တိဏသန္ထာရကတ္ထေရအပဒါန ပြီး၏။

၃။ ခဏ္ဍပုလ္လိယတ္ထေရအပဒါနံ

၁၂။ ‘‘ဖုဿဿ ခေါ ဘဂဝတော, ထူပေါ အာသိ မဟာဝနေ၊

ကုဉ္ဇရေဟိ တဒါ ဘိန္နော, ပရူဠှော ပါဒပေါ [ပရူဠှပါဒပေါ (သီ။), သံရူဠှော ပါဒပေါ (သျာ။)] တဟိံ။

၃-ခဏ္ဍပုလ္လိယတ္ထေရအပဒါန [ပါဠိတော်၊ ၂၂၁။] ၁၂။ ဖုဿအမည်ရှိသော မြတ်စွာဘုရား၏ ပုထိုးတော်သည် မဟာဝုန် (တောကြီး) ၌ ဖြစ်၏၊ ထိုအခါ ဆင်တို့သည် ထိုးဆွဖျက်ဆီးအပ်သည်ဖြစ်၍ ထိုစေတီတော်၌ သစ်ပင်သည် ပေါက်ရောက် ကြီးပွါး၏။

၁၃။ ‘‘ဝိသမဉ္စ သမံ ကတွာ, သုဓာပိဏ္ဍံ အဒါသဟံ၊

တိလောကဂရုနော တဿ, ဂုဏေဟိ ပရိတောသိတော [ပရိတော သုတော (က။)]။

၁၃။ ဂုဏ်ကျေးဇူးတို့ကြောင့် လောကသုံးပါး၏ ဆရာဖြစ်တော်မူသော ထိုမြတ်စွာဘုရား၏ ပုထိုးတော်အား ငါသည် နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ မညီညွတ်သည်ကိုလည်း ညီညွတ် အောင် ပြုပြင်ပြီးလျှင် အင်္ဂတေစိုင် ဖို့လုပ်လှူဒါန်းခဲ့၏။

၁၄။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, သုဓာပိဏ္ဍဿိဒံ ဖလံ။

၁၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ အင်္ဂတေစိုင် ဖို့လုပ်လှူဒါန်းခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အင်္ဂတေစိုင် လှူရခြင်း၏ အကျိုးပေတည်း။

၁၅။ ‘‘သတ္တသတ္တတိကပ္ပမှိ, ဇိတသေနာသုံ သောဠသ၊

သတ္တရတနသမ္ပန္နာ, စက္ကဝတ္တီ မဟဗ္ဗလာ။

၁၅။ ခုနစ်ဆယ့်ခုနစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဇိတသေန”မည်သော စကြဝတေးမင်းတို့သည် တစ်ဆယ့် ခြောက်ကြိမ် ဖြစ်ခဲ့ဖူးကုန်၏။

၁၆။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ခဏ္ဍဖုလ္လိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ခဏ္ဍပုလ္လိယတ္ထေရဿာပဒါနံ တတိယံ။

၁၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ခဏ္ဍပုလ္လိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် ခဏ္ဍပုလ္လိယတ္ထေရအပဒါန ပြီး၏။

၄။ အသောကပူဇကတ္ထေရအပဒါနံ

၁၇။ ‘‘တိဝရာယံ [တိပုရာယံ (သျာ။)] ပုရေ ရမ္မေ, ရာဇုယျာနံ အဟု တဒါ၊

ဥယျာနပါလော တတ္ထာသိံ, ရညော ဗဒ္ဓစရော အဟံ။

၄-အသောကပူဇကတ္ထေရအပဒါန ၁၇။ ထိုအခါ ပျော်မွေ့ဖွယ်ကောင်းသော တိဝရာမြို့၌ မင်းဥယျာဥ်သည် ရှိလေ၏၊ ထိုဥယျာဥ်၌ ငါသည် မင်း၏ အနီး၌ လှည့်လည်ရသော ဥယျာဥ်စောင့် ဖြစ်ခဲ့၏။

စာ-၂၂၂

၁၈။ ‘‘ပဒုမော နာမ နာမေန, သယမ္ဘူ သပ္ပဘော အဟု၊

နိသိန္နံ [နိသိန္နော (က။)] ပုဏ္ဍရီကမှိ, ဆာယာ န ဇဟိ တံ မုနိံ။

၁၈။ ပဒုမုတ္တရအမည်ဖြင့် ထင်ရှားသော အရောင်နှင့် တကွဖြစ်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားသည် သရက်ဖြူပင်ရင်း၌ နေထိုင်တော်မူလတ်သော် သရက်ပင်၏ အရိပ်သည် ထိုမြတ်စွာဘုရားကို မစွန့်ချေ။

၁၉။ ‘‘အသောကံ ပုပ္ဖိတံ ဒိသွာ, ပိဏ္ဍိဘာရံ သုဒဿနံ၊

ဗုဒ္ဓဿ အဘိရောပေသိံ, ဇလဇုတ္တမနာမိနော။

၁၉။ (ထိုအခါ ငါသည် ) အခိုင်လျှင် ဝန်ရှိသော ရှုချင်ဖွယ်ကောင်းသော သော်ကပန်းပွင့်ကို မြင်၍ (ဆွတ်ခူးပြီးလျှင် ) ပဒုမုတ္တရမြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။

၂၀။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိရောပယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၂၀။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ သော်ကပန်းပွင့်ကို တင်လှူခဲ့သော အခါမှ စ၍အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် ပန်းလှူရခြင်း၏ အကျိုးပေတည်း။

၂၁။ ‘‘သတ္တတိံသမှိတော ကပ္ပေ, သောဠသ အရဏဉ္ဇဟာ [အရုဏဉ္ဇဟာ (သီ။)]၊

သတ္တရတနသမ္ပန္နာ, စက္ကဝတ္တီ မဟဗ္ဗလာ။

၂၁။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်ခုနစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “အရဏဉ္ဇဟ”စကြဝတေးမင်းတို့သည် တစ်ဆယ့်ခြောက် ကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးကုန်၏။

၂၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ အသောကပူဇကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

အသောကပူဇကတ္ထေရဿာပဒါနံ စတုတ္ထံ။

၂၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အသောကပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် အသောကပူဇကတ္ထေရအပဒါန ပြီး၏။

၅။ အင်္ကောလကတ္ထေရအပဒါနံ

၂၃။ ‘‘အင်္ကောလံ ပုပ္ဖိတံ ဒိသွာ, မာလာဝရံ သကောသကံ [သမောဂဓံ (သျာ။)]၊

ဩစိနိတွာန တံ ပုပ္ဖံ, အဂမံ ဗုဒ္ဓသန္တိကံ။

၅-အင်္ကောလကတ္ထေရအပဒါန ၂၃။ ငါသည် ပွင့်နေသော မှန်ကူပင်ကို မြင်၍ ပန်းမြတ်ဖြစ်သော ထိုပန်းကို ရိုးတံအညှာ နှင့်တကွ ဆွတ်ခူးပြီးလျှင် မြတ်စွာဘုရားအထံတော်သို့ သွားခဲ့၏။

၂၄။ ‘‘သိဒ္ဓတ္ထော တမှိ သမယေ, ပတိလီနော မဟာမုနိ၊

မုဟုတ္တံ ပဋိမာနေတွာ, ဂုဟာယံ ပုပ္ဖမောကိရိံ။

၂၄။ ထိုအခါ၌ သိဒ္ဓတ္ထမြတ်စွာဘုရားသည် တစ်ပါးတည်း ကိန်းအောင်းတော်မူနေသော ကြောင့် တစ်မုဟုတ်မျှ ဆိုင်းငံ့ပြီးလျှင် လိုဏ်ဂူ၌ ပန်းကို ကြဲဖြန့်ပူဇော်ခဲ့၏။

၂၅။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ပုပ္ဖဒါနဿိဒံ [ဗုဒ္ဓပူဇာယိဒံ (သီ။ သျာ။)] ဖလံ။

၂၅။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ပန်းကို လှူဒါန်းပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ဖြစ်ရခြင်းသည် ပန်းလှူရခြင်း၏ အကျိုးပေတည်း။

၂၆။ ‘‘ဆတ္တိံသမှိ ဣတော ကပ္ပေ, အာသေကော ဒေဝဂဇ္ဇိတော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၂၆။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်ခြောက်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဒေဝဂဇ္ဇိတ” မည်သော စကြဝတေးမင်း တစ်ကြိမ်ဖြစ်ခဲ့၏။

၂၇။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ အင်္ကောလကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

အင်္ကောလကတ္ထေရဿာပဒါနံ ပဉ္စမံ။

၂၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အင်္ကောလကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် အင်္ကောလကတ္ထေရအပဒါန ပြီး၏။

စာ-၂၂၃

၆။ ကိသလယပူဇကတ္ထေရအပဒါနံ

၂၈။ ‘‘နဂရေ ဒွါရဝတိယာ, မာလာဝစ္ဆော မမံ အဟု၊

ဥဒပါနော စ တတ္ထေဝ, ပါဒပါနံ ဝိရောဟနော။

၆-ကိသလယပူဇကတ္ထေရအပဒါန ၂၈။ ဒွါရဝတီမြို့၌ ငါ့အား ပန်းပင်ငယ်သည် ရှိ၏၊ ထိုမြို့၌ပင်လျှင် သစ်ပင်တို့ကို စည် ပင်ပေါက်ရောက်စေတတ်သော ရေတွင်းလည်း ရှိ၏။

၂၉။ ‘‘သဗလေန ဥပတ္ထဒ္ဓေါ, သိဒ္ဓတ္ထော အပရာဇိတော၊

မမာနုကမ္ပမာနော သော, ဂစ္ဆတေ အနိလဉ္ဇသေ။

၂၉။ မိမိကံစွမ်းဖြင့် ထောက်ပံ့အပ်သည်ဖြစ်၍ တစ်ပါးရန်သူတို့သည် မအောင်အပ်သော ထိုသိဒ္ဓတ္ထမြတ်စွာဘုရားသည် ငါ့ကို သနားစောင့်ရှောက်လိုသောကြောင့် ကောင်းကင်၌ ကြွသွား တော်မူ၏။

၃၀။ ‘‘အညံ ကိဉ္စိ န ပဿာမိ, ပူဇာယောဂ္ဂံ မဟေသိနော၊

အသောကံ ပလ္လဝံ ဒိသွာ, အာကာသေ ဥက္ခိပိံ အဟံ။

၃၀။ (ထိုအခါ) ငါသည် မြတ်စွာဘုရားအား ပူဇော်ရန် လျောက်ပတ်သော (သော်က ညွန့်မှ) တစ်ပါး အခြားတစ်စုံတစ်ရာကိုမျှ မမြင်ပေ၊ သော်ကညွန့်ကို မြင်သဖြင့် ငါသည် ကောင်းကင်၌ မြှောက်တင်ပူဇော်ခဲ့ပြီ။

၃၁။ ‘‘ဗုဒ္ဓဿ တေ ကိသလယာ, ဂစ္ဆတော ယန္တိ ပစ္ဆတော၊

တာဟံ ဒိသွာန သံဝိဇိံ [သောဟံ ဒိသွာန တံ ဣဒ္ဓိံ (သီ။ သျာ။)], အဟော ဗုဒ္ဓဿုဠာရတာ။

၃၁။ ကြွသွားတော်မူသော မြတ်စွာဘုရား၏ နောက်တော်မှ ထိုပန်းညွန့်တို့သည် လိုက် သွားကြကုန်၏၊ ငါသည် ထိုအရာကို တွေ့မြင်ရ၍ မြတ်စွာဘုရား၏ ကြီးမားသော ဂုဏ်တော် သည် အံ့ဖွယ်ရှိပါပေစွဟု တုန်လှုပ်မိ၏။

၃၂။ ‘‘စတုန္နဝုတိတော ကပ္ပေ, ပလ္လဝံ အဘိရောပယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၃၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ သော်ကညွန့်ကို တင်လှူပူဇော်ခဲ့ရသော အခါမှ စ၍အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၃၃။ ‘‘သတ္တတိံသေ [သတ္တဝီသေ (သီ။ သျာ။)] ဣတော ကပ္ပေ, ဧကော ဧကိဿရော အဟု၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၃၃။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်ခုနစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဧကိဿရ” မည်သော စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

၃၄။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ကိသလယပူဇကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ကိသလယပူဇကတ္ထေရဿာပဒါနံ ဆဋ္ဌံ။

၃၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ကိသလယပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် ကိသလယပူဇကတ္ထေရအပဒါန ပြီး၏။

၇။ တိန္ဒုကဒါယကတ္ထေရအပဒါနံ

၃၅။ ‘‘ဂိရိဒုဂ္ဂစရော အာသိံ, မက္ကဋော ထာမဝေဂိကော၊

ဖလိနံ တိန္ဒုကံ ဒိသွာ, ဗုဒ္ဓသေဋ္ဌံ အနုဿရိံ။

၇-တိန္ဒုကဒါယကတ္ထေရအပဒါန ၃၅။ ငါသည် အသွားအလာခက်သော တောင်ချောက်ကြား၌ လှည့်လည်သော အားအစွမ်း အဟုန်ရှိသော မျောက်သည် ဖြစ်ခဲ့၏၊ (ထိုအခါ) အသီးသီးသော တည်ပင်ကို မြင်၍ ဘုရားမြတ်ကို အောက်မေ့မိ၏။

၃၆။ ‘‘နိက္ခမိတွာ ကတိပါဟံ, ဝိစိနိံ လောကနာယကံ၊

ပသန္နစိတ္တော သုမနော, သိဒ္ဓတ္ထံ တိဘဝန္တဂုံ။

၃၆။ ငါသည် ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်၍ နှစ်ရက်, သုံးရက်တိုင်တိုင် ထွက်ခွါပြီးလျှင် လောက၏ ရှေ့သွားဖြစ်သော ဘုံသုံးပါးအဆုံးသို့ ရောက်တော်မူသော သိဒ္ဓတ္ထ မြတ်စွာဘုရားကို ရှာဖွေခဲ့ဖူး၏။

၃၇။ ‘‘မမ သင်္ကပ္ပမညာယ, သတ္ထာ လောကေ အနုတ္တရော၊

ခီဏာသဝသဟဿေဟိ, အာဂစ္ဆိ မမ သန္တိကံ။

၃၇။ လောက၌ အမြတ်ဆုံးဖြစ်သော မြတ်စွာဘုရားသည် ငါ၏ စိတ်အကြံကို သိတော်မူ သဖြင့် အထောင်သော ရဟန္တာတို့နှင့် တကွ ငါ၏ အထံသို့ ကြွလာတော်မူ၏။

စာ-၂၂၄

၃၈။ ‘‘ပါမောဇ္ဇံ ဇနယိတွာန, ဖလဟတ္ထော ဥပါဂမိံ၊

ပဋိဂ္ဂဟေသိ ဘဂဝါ, သဗ္ဗညူ ဝဒတံ ဝရော။

၃၈။ (ထိုအခါ) ငါသည် ဝမ်းမြောက်ခြင်းကို ဖြစ်စေ၍ သစ်သီးတို့ကို လက်စွဲလျက် (မြတ်စွာဘုရားထံ) ချဥ်းကပ်ခဲ့ပြီ၊ တရားဟောသူတို့ထက် မြတ်တော်မူသော တရားအားလုံးကို သိတော်မူသော မြတ်စွာဘုရားသည် (တည်သီးကို) အလှူခံတော်မူ၏။

၃၉။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ဖလံ အဒဒိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဖလဒါနဿိဒံ ဖလံ။

၃၉။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ သစ်သီးကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သစ်သီးကို လှူရခြင်း၏ အကျိုးပေတည်း။

၄၀။ ‘‘သတ္တပညာသကပ္ပမှိ, ဥပနန္ဒသနာမကော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၄၀။ ငါးဆယ့်ခုနစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဥပနန္ဒ” အမည်ရှိသော စကြဝတေးမင်း ဖြစ်၏။

၄၁။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ တိန္ဒုကဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

တိန္ဒုကဒါယကတ္ထေရဿာပဒါနံ သတ္တမံ။

၄၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်တိန္ဒုကဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် တိန္ဒုကဒါယကတ္ထေရအပဒါန ပြီး၏။

၈။ မုဋ္ဌိပူဇကတ္ထေရအပဒါနံ

၄၂။ ‘‘သုမေဓော နာမ ဘဂဝါ, လောကဇေဋ္ဌော နရာသဘော၊

ပစ္ဆိမေ အနုကမ္ပာယ, ပဓာနံ ပဒဟီ ဇိနော။

၈-မုဋ္ဌိပူဇကတ္ထေရအပဒါန ၄၂။ လောက၏ အကြီးအမှူးဖြစ်၍ လူတို့ထက် မြတ်တော်မူသော မာရ်ငါးပါးကို အောင် တော်မူပြီးသော သုမေဓာမြတ်စွာဘုရားသည် နောင်လာနောက်သားတို့ကို အစဥ်သနားတော် မူသဖြင့် ကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်တော်မူ၏။

၄၃။ ‘‘တဿ စင်္ကမမာနဿ, ဒွိပဒိန္ဒဿ တာဒိနော၊

ဂိရိနေလဿ ပုပ္ဖါနံ, မုဋ္ဌိံ ဗုဒ္ဓဿ ရောပယိံ။

၄၃။ အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရတော်မူသည်ဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံ တော်မူသော ထိုမြတ်စွာဘုရားသည် စင်္ကြံကြွသွားတော်မူစဥ် ငါသည် “ဂိရိနေလ”မည်သော ပန်းဆုပ်ကို ဘုရားအား လှူဒါန်းပူဇော်၏။

၄၄။ ‘‘တေန စိတ္တပ္ပသာဒေန, သုက္ကမူလေန စောဒိတော၊

တိံသကပ္ပသဟဿာနိ, ဒုဂ္ဂတိံ နုပပဇ္ဇဟံ။

၄၄။ ငါသည် ထိုလှူဒါန်းရသောစိတ်၏ ကြည်ညိုခြင်းဖြင့် ဖြူစင်သော ကုသိုလ်အကြောင်း ရင်းသည် တိုက်တွန်းအပ်သည်ဖြစ်၍ ကမ္ဘာသုံးသိန်းတို့ပတ်လုံး အပါယ်လေးပါးသို့ မလား မရောက်ခဲ့ရပေ။

၄၅။ ‘‘တေဝီသတိကပ္ပသတေ, သုနေလော နာမ ခတ္တိယော၊

သတ္တရတနသမ္ပန္နော, ဧကော အာသိံ မဟဗ္ဗလော။

၄၅။ ကမ္ဘာနှစ်ထောင့်သုံးရာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ် သည့် ဗိုလ်ပါအင်အားရှိသော “သုနေလ” စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

၄၆။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ မုဋ္ဌိပူဇကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

မုဋ္ဌိပူဇကတ္ထေရဿာပဒါနံ အဋ္ဌမံ။

၄၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်မုဋ္ဌိပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် မုဋ္ဌိပူဇကတ္ထေရအပဒါန ပြီး၏။

၉။ ကိံကဏိကပုပ္ဖိယတ္ထေရအပဒါနံ

၄၇။ ‘‘သုမင်္ဂလောတိ နာမေန, သယမ္ဘူ အပရာဇိတော၊

ပဝနာ နိက္ခမိတွာန, နဂရံ ပါဝိသီ ဇိနော။

၉-ကိံကဏိကပုပ္ဖိယတ္ထေရအပဒါန ၄၇။ အလိုလိုဖြစ်၍ ရန်သူတို့သည် မအောင်နိုင်သော သုမင်္ဂလအမည်ဖြင့် ထင်ရှားသော မြတ်စွာဘုရားသည် တောမှ ထွက်၍ မြို့သို့ ဝင်တော်မူ၏။

စာ-၂၂၅

၄၈။ ‘‘ပိဏ္ဍစာရံ စရိတွာန, နိက္ခမ္မ နဂရာ မုနိ၊

ကတကိစ္စောဝ သမ္ဗုဒ္ဓေါ, သော ဝသီ ဝနမန္တရေ။

၄၈။ သစ္စာလေးပါးကို သိတော်မူသော ထိုမြတ်စွာဘုရားသည် ဆွမ်းခံလှည့်လည်၍ မြို့မှ ထွက်ပြီးသော် ဆွမ်းကိစ္စပြီးစီးသည် ဖြစ်၍ သာလျှင် တောတွင်း၌ နေတော်မူ၏။

၄၉။ ‘‘ကိံကဏိပုပ္ဖံ ပဂ္ဂယှ, ဗုဒ္ဓဿ အဘိရောပယိံ၊

ပသန္နစိတ္တော သုမနော, သယမ္ဘုဿ မဟေသိနော။

၄၉။ ထိုအခါ ငါသည် ဆည်းလည်းပန်းကို ယူပြီးလျှင် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိ သည်ဖြစ်၍ အလိုလို ဖြစ်တော်မူသော သီလက္ခန္ဓစသည့် ကျေးဇူးဂုဏ်အထူးကို ရှာမှီးလေ့ ရှိတော်မူသော မြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။

၅၀။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိရောပယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၅၀။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ပန်းကို ပေးလှူပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၅၁။ ‘‘ဆဠာသီတိမှိတော ကပ္ပေ, အပိလာသိသနာမကော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၅၁။ ဤဘဒ္ဒကမ္ဘာမှ ရှစ်ဆယ့်ခြောက်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “အပိလာသိ” အမည်ရှိသော စကြဝတေးမင်း ဖြစ်ခဲ့၏။

၅၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ကိံကဏိကပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ကိံကဏိကပုပ္ဖိယတ္ထေရဿာပဒါနံ နဝမံ။

၅၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ကိံကဏိကပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် ကိံကဏိကပုပ္ဖိယတ္ထေရအပဒါန ပြီး၏။

၁၀။ ယူထိကပုပ္ဖိယတ္ထေရအပဒါနံ

၅၃။ ‘‘ပဒုမုတ္တရော နာမ ဇိနော, အာဟုတီနံ ပဋိဂ္ဂဟော၊

ပဝနာ နိက္ခမိတွာန, ဝိဟာရံ ယာတိ စက္ခုမာ။

၁၀-ယူထိကပုပ္ဖိယတ္ထေရအပဒါန ၅၃။ လှူဒါန်းဖွယ် ပစ္စည်းဝတ္ထုတို့ကို ခံယူတော်မူထိုက်သော စက္ခုငါးပါးနှင့် ပြည့်စုံတော်မူ သော ပဒုမုတ္တရမြတ်စွာဘုရားသည် တောမှ ထွက်၍ ကျောင်းတော်သို့ ကြွတော်မူ၏။

၅၄။ ‘‘ဥဘော ဟတ္ထေဟိ ပဂ္ဂယှ, ယူထိကံ ပုပ္ဖမုတ္တမံ၊

ဗုဒ္ဓဿ အဘိရောပယိံ, မေတ္တစိတ္တဿ တာဒိနော။

၅၄။ (ထိုအခါ ငါသည် ) လက်နှစ်ဖက်တို့ဖြင့် မြတ်သော ဇွန်ပန်းကို ယူပြီးလျှင် မေတ္တာ စိတ်ရှိသည်ဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။

၅၅။ ‘‘တေန စိတ္တပ္ပသာဒေန, အနုဘောတွာန သမ္ပဒါ၊

ကပ္ပါနံ သတသဟဿံ, ဒုဂ္ဂတိံ နုပပဇ္ဇဟံ။

၅၅။ ငါသည် ထိုလှူဒါန်းရသော စိတ်၏ ကြည်လင်ခြင်းကြောင့် စည်းစိမ်ချမ်းသာတို့ကို ခံစားရ၍ ကမ္ဘာတစ်သိန်းပတ်လုံး အပါယ်လေးပါးသို့ မလားမရောက်ခဲ့ရပေ။

၅၆။ ‘‘ဣတော ပညာသကပ္ပေသု, ဧကော အာသိံ ဇနာဓိပေါ၊

သမိတ္တနန္ဒနော နာမ, စက္ကဝတ္တီ မဟဗ္ဗလော။

၅၆။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာငါးဆယ်တို့၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သမိတ္တနန္ဒန” မည်သော စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

၅၇။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ယူထိကပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ၊

ယူထိကပုပ္ဖိယတ္ထေရဿာပဒါနံ ဒသမံ။

တမာလပုပ္ဖိယဝဂ္ဂေါ ဝီသတိမော။

တဿုဒ္ဒါနံ –

တမာလတိဏသန္ထာရော, ခဏ္ဍဖုလ္လိ အသောကိယော၊

အင်္ကောလကီ ကိသလယော, တိန္ဒုကော နေလပုပ္ဖိယော၊

ကိံကဏိကော ယူထိကော စ, ဂါထာ ပညာသ အဋ္ဌ စာတိ။

အထ ဝဂ္ဂုဒ္ဒါနံ –

ဘိက္ခာဒါယီ ပရိဝါရော, သေရေယျော သောဘိတော တထာ၊

ဆတ္တဉ္စ ဗန္ဓုဇီဝီ စ, သုပါရိစရိယောပိ စ။

ကုမုဒေါ ကုဋဇော စေဝ, တမာလိ ဒသမော ကတော၊

ဆသတာနိ စ ဂါထာနိ, ဆသဋ္ဌိ စ တတုတ္တရိ။

ဘိက္ခာဝဂ္ဂဒသကံ။

ဒုတိယသတကံ သမတ္တံ။

၅၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ယူထိကပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် ယူထိကပုပ္ဖိယတ္ထေရအပဒါန ပြီး၏။ နှစ်ဆယ်မြောက် တမာလပုပ္ဖိယဝဂ် ပြီး၏။ နှစ်ခုမြောက် မထေရ်တစ်ရာအပေါင်း ပြီး၏။

စာ-၂၂၇

၂၁။ ကဏိကာရပုပ္ဖိယဝဂ္ဂေါ

၁။ ကဏိကာရပုပ္ဖိယတ္ထေရအပဒါနံ

၁။ ‘‘ကဏိကာရံ ပုပ္ဖိတံ ဒိသွာ, ဩစိနိတွာနဟံ တဒါ၊

တိဿဿ အဘိရောပေသိံ, ဩဃတိဏ္ဏဿ တာဒိနော။

၂၁-ကဏိကာရပုပ္ဖိယဝဂ် ၁-ကဏိကာရပုပ္ဖိယတ္ထေရအပဒါန ၁။ ထိုအခါ ငါသည် ပွင့်နေသော မဟာလှေကားပန်းကို မြင်၍ ဆွတ်ခူးပြီးလျှင် ဩဃမှ ကူးမြောက်ပြီးသော တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော တိဿမြတ်စွာဘုရားအား တင်လှူပူ ဇော်ခဲ့၏။

၂။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, ယံ ပုပ္ဖမဘိရောပယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ပန်းကို တင်လှူပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၃။ ‘‘ပဉ္စတ္တိံသေ ဣတော ကပ္ပေ, အရုဏပါဏီတိ ဝိဿုတော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၃။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်ငါးကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “အရုဏပါဏိ”ဟု ထင်ရှားသော စကြဝတေးမင်း ဖြစ်ခဲ့၏။

၄။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊

ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ကဏိကာရပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ကဏိကာရပုပ္ဖိယတ္ထေရဿာပဒါနံ ပဌမံ။

၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ကဏိကာရပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော ကဏိကာရပုပ္ဖိယတ္ထေရအပဒါန ပြီး၏။

၂။ မိနေလပုပ္ဖိယတ္ထေရအပဒါနံ

၅။ ‘‘သုဝဏ္ဏဝဏ္ဏော ဘဂဝါ, သတရံသီ ပတာပဝါ၊

စင်္ကမနံ သမာရူဠှော, မေတ္တစိတ္တော သိခီသဘော။

၂-မိနေလပုပ္ဖိယတ္ထေရအပဒါန ၅။ ရွှေအဆင်းနှင့် တူသော အဆင်း, အရာမကသော ရောင်ခြည်ရှိတော်မူသော ကြီးမား သော လုံ့လဝီရိယရှိတော်မူသည် ဖြစ်၍ မေတ္တာသတိနှင့် ယှဥ်တော်မူသော သိခီမြတ်စွာဘုရား သည် စင်္ကြံထက်သို့ တက်တော်မူ၏။

၆။ ‘‘ပသန္နစိတ္တော သုမနော, ဝန္ဒိတွာ [ထောမေတွာ (သျာ။)] ဉာဏမုတ္တမံ၊

မိနေလပုပ္ဖံ ပဂ္ဂယှ, ဗုဒ္ဓဿ အဘိရောပယိံ။

၆။ ငါသည် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်၍ မြတ်သော ဉာဏ်တော်ကို ရည်စူးရှိခိုး၍ မိနေလပန်းတို့ကို ယူပြီးလျှင် မြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။

၇။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၇။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို တင်လှူပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၈။ ‘‘ဧကူနတိံသကပ္ပမှိ, သုမေဃဃနနာမကော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၈။ နှစ်ဆယ့်ကိုးကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သုမေဃဃန”မည်သော စကြဝတေးမင်း ဖြစ်ခဲ့၏။

စာ-၂၂၈

၉။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ မိနေလပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

မိနေလပုပ္ဖိယတ္ထေရဿာပဒါနံ ဒုတိယံ။

၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်မိနေလပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် မိနေလပုပ္ဖိယတ္ထေရအပဒါန ပြီး၏။

၃။ ကိင်္ကဏိပုပ္ဖိယတ္ထေရအပဒါနံ

၁၀။ ‘‘ကဉ္စနဂ္ဃိယသင်္ကာသော, သဗ္ဗညူ လောကနာယကော၊

ဩဒကံ ဒဟမောဂ္ဂယှ, သိနာယိ လောကနာယကော။

၃-ကိင်္ကဏိပုပ္ဖိယတ္ထေရအပဒါန ၁၀။ တရားအလုံးစုံကို သိတော်မူသည် ဖြစ်၍ လူတို့၏ ရှေ့သွားဖြစ်တော်မူသော ရွှေတု ရိုဏ်တိုင်နှင့် တူတော်မူသော မြတ်စွာဘုရားသည် ရေအိုင်သို့ သက်ဆင်း၍ ရေသပ္ပါယ် တော်မူ၏။

၁၁။ ‘‘ပဂ္ဂယှ ကိင်္ကဏိံ [ကိင်္ကိဏိံ (သီ။)] ပုပ္ဖံ, ဝိပဿိဿာဘိရောပယိံ၊

ဥဒဂ္ဂစိတ္တော သုမနော, ဒွိပဒိန္ဒဿ တာဒိနော။

၁၁။ ထိုအခါ ငါသည် ဆည်းလည်းပန်းကို ယူ၍ တက်ကြွဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်၍ အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရတော်မူသော တာဒိဂုဏ်နှင့် ပြည့်စုံတော်မူ သော ဝိပဿီမြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။

၁၂။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိရောပယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၁၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို တင်လှူပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၁၃။ ‘‘သတ္တဝီသတိကပ္ပမှိ, ရာဇာ ဘီမရထော အဟု၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၁၃။ နှစ်ဆယ့်ခုနစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဘီမရထ”မည်သော စကြဝတေးမင်း ဖြစ်ခဲ့၏။

၁၄။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ကိင်္ကဏိပုပ္ဖိယော [ကိင်္ကိဏိကပုပ္ဖိယော (သီ။)] ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ကိင်္ကဏိပုပ္ဖိယတ္ထေရဿာပဒါနံ တတိယံ။

၁၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ကိင်္ကဏိပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် ကိင်္ကဏိပုပ္ဖိယတ္ထေရအပဒါန ပြီး၏။

၄။ တရဏိယတ္ထေရအပဒါနံ

၁၅။ ‘‘အတ္ထဒဿီ တု ဘဂဝါ, ဒွိပဒိန္ဒော နရာသဘော၊

ပုရက္ခတော သာဝကေဟိ, ဂင်္ဂါတီရမုပါဂမိ။

၄-တရဏိယတ္ထေရအပဒါန ၁၅။ အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရတော်မူသည်ဖြစ်၍ လူတို့ထက် မြတ် တော်မူသော အတ္ထဒဿီမြတ်စွာဘုရားသည် တပည့်သာဝကအပေါင်း ခြံရံလျက် ဂင်္ဂါမြစ် ကမ်းနားသို့ ချဥ်းကပ်တော်မူ၏။

၁၆။ ‘‘သမတိတ္တိ ကာကပေယျာ, ဂင်္ဂါ အာသိ ဒုရုတ္တရာ၊

ဥတ္တာရယိံ ဘိက္ခုသံဃံ, ဗုဒ္ဓဉ္စ ဒွိပဒုတ္တမံ။

၁၆။ ထိုဂင်္ဂါမြစ်သည် ကမ်းနှင့် အညီအမျှ ကျီးသောက်နိုင်လောက်သော ရေရှိသည်ဖြစ်၍ ကူးခပ်ခြင်းငှါ ခဲယဥ်း၏။ ထိုအခါ (ငါသည် ) ရဟန်းသံဃာကိုလည်းကောင်း၊ အခြေနှစ် ချောင်းရှိသူ နတ်လူတို့ထက် မြတ်တော်မူသော မြတ်စွာဘုရားကိုလည်းကောင်း ကူးမြောက်စေ ခဲ့၏။ (ကူးတို့ပို့ခဲ့၏)။

စာ-၂၂၉

၁၇။ ‘‘အဋ္ဌာရသေ ကပ္ပသတေ, ယံ ကမ္မမကရိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, တရဏာယ ဣဒံ ဖလံ။

၁၇။ ကမ္ဘာတစ်ထောင့်ရှစ်ရာထက်၌ ကူးတို့ပို့မှု ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ကူးတို့ပို့ရခြင်း၏ အကျိုးပေတည်း။

၁၈။ ‘‘တေရသေတော ကပ္ပသတေ, ပဉ္စ သဗ္ဗောဘဝါ [သဗ္ဘောဂဝါ (သီ။)] အဟုံ၊

သတ္တရတနသမ္ပန္နာ, စက္ကဝတ္တီ မဟဗ္ဗလာ။

၁၈။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်ထောင့်သုံးရာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သဗ္ဗောဘဝ”မည်သော စကြဝတေးမင်းတို့သည် ငါးကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးကုန်၏။

၁၉။ ‘‘ပစ္ဆိမေ စ ဘဝေ အသ္မိံ, ဇာတောဟံ ဗြာဟ္မဏေ ကုလေ၊

သဒ္ဓိံ တီဟိ သဟာယေဟိ, ပဗ္ဗဇိံ သတ္ထု သာသနေ။

၁၉။ ငါသည် အဆုံးစွန်ဖြစ်သော ဤဘဝ၌လည်း ဗြာဟ္မဏမျိုး၌ ဖြစ်၏၊ အဖော်သုံး ယောက်တို့နှင့် အတူ မြတ်စွာဘုရားသာသနာတော်၌ ရဟန်းပြု၏။

၂၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ တရဏိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ၊

တရဏိယတ္ထေရဿာပဒါနံ စတုတ္ထံ။

၂၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်တရဏိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် တရဏိယတ္ထေရအပဒါန ပြီး၏။

၅။ နိဂ္ဂုဏ္ဍိပုပ္ဖိယတ္ထေရအပဒါနံ

၂၁။ ‘‘ဝိပဿိဿ ဘဂဝတော, အာသိမာရာမိကော အဟံ၊

နိဂ္ဂုဏ္ဍိပုပ္ဖံ ပဂ္ဂယှ, ဗုဒ္ဓဿ အဘိရောပယိံ။

၅-နိဂ္ဂုဏ္ဍိပုပ္ဖိယတ္ထေရအပဒါန ၂၁။ ငါသည် ဝိပဿီမြတ်စွာဘုရား၏ အရံစောင့် ဖြစ်ခဲ့၏၊ (ထိုအခါ) ကြောင်ပန်းပွင့်ကို ယူ၍ မြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။

၂၂။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၂၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ကြောင်ပန်းပွင့်ကို တင်လှူပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားကို ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၂၃။ ‘‘ပဉ္စဝီသေ [ပဉ္စတိံသေ (သီ။ သျာ။)] ဣတော ကပ္ပေ, ဧကော အာသိံ ဇနာဓိပေါ၊

မဟာပတာပနာမေန, စက္ကဝတ္တီ မဟဗ္ဗလော။

၂၃။ ဤဘဒ္ဒကမ္ဘာမှ နှစ်ဆယ့်ငါးကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “မဟာပတာပ”အမည်ဖြင့် ထင်ရှားသော စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

၂၄။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ နိဂ္ဂုဏ္ဍိပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

နိဂ္ဂုဏ္ဍိပုပ္ဖိယတ္ထေရဿာပဒါနံ ပဉ္စမံ။

၂၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်နိဂ္ဂုဏ္ဍိပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် နိဂ္ဂုဏ္ဍိပုပ္ဖိယတ္ထေရအပဒါန ပြီး၏။

၆။ ဥဒကဒါယကတ္ထေရအပဒါနံ

၂၅။ ‘‘ဘုဉ္ဇန္တံ သမဏံ ဒိသွာ, ဝိပ္ပသန္နမနာဝိလံ၊

ဃဋေနောဒကမာဒါယ, သိဒ္ဓတ္ထဿ အဒါသဟံ။

၆-ဥဒကဒါယကတ္ထေရအပဒါန ၂၅။ ငါသည် ဆွမ်းဘုဥ်းးပေးဆဲ ဖြစ်တော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၍ ကြည် လင်သန့်ရှင်း နောက်ကျုခြင်း မရှိသော ရေကို အိုးဖြင့် ယူပြီးလျှင် သိဒ္ဓတ္ထမြတ်စွာဘုရားအား ပေးလှူခဲ့၏။

စာ-၂၃၀

၂၆။ ‘‘နိမ္မလော ဟောမဟံ အဇ္ဇ, ဝိမလော ခီဏသံသယော၊

ဘဝေ နိဗ္ဗတ္တမာနမှိ, ဖလံ နိဗ္ဗတ္တတေ မမ [သုဘံ (သီ။)]။

၂၆။ (ထို့ကြောင့်) ငါသည် ယခုဘဝ၌ အညစ်အကြေး မရှိသူ, အညစ်အကြေး ကင်းသူ, ယုံမှားမှု ကုန်ပြီးသူ ဖြစ်၏၊ ဘဝ၌ ကျင်လည်ရသည်ရှိသော် ငါ့အား ကောင်းကျိုးသည် ဖြစ်၏။

၂၇။ ‘‘စတုန္နဝုတိတော ကပ္ပေ, ဥဒကံ ယမဒါသဟံ [ယံ တဒါ အဒံ (သီ။), အဒဒိံ တဒါ (သျာ။)]၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဒကဒါနဿိဒံ ဖလံ။

၂၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ရေကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ရေလှူရခြင်း၏ အကျိုးပေတည်း။

၂၈။ ‘‘ဧကသဋ္ဌိမှိတော ကပ္ပေ, ဧကောဝ ဝိမလော အဟု၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၂၈။ ဤဘဒ္ဒကမ္ဘာမှ ခြောက်ဆယ့်တစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဝိမလ”မည်သော စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

၂၉။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဥဒကဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဥဒကဒါယကတ္ထေရဿာပဒါနံ ဆဋ္ဌံ။

၂၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဥဒကဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် ဥဒကဒါယကတ္ထေရအပဒါန ပြီး၏။

၇။ သလလမာလိယတ္ထေရအပဒါနံ

၃၀။ ‘‘ကဏိကာရံဝ ဇောတန္တံ, နိသိန္နံ ပဗ္ဗတန္တရေ၊

ဩဘာသေန္တံ ဒိသာ သဗ္ဗာ, သိဒ္ဓတ္ထံ နရသာရထိံ။

၇-သလလမာလိယတ္ထေရအပဒါန ၃၀။ ငါသည် ‘မဟာလှေကားပန်းကဲ့သို့’ ထွန်းတောက်ပတော်မူသော လူတို့ကို ဆုံးမ တော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားကို အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေလျက် တောင် ကြား၌ ထိုင်နေတော် မူစဥ်ဖူးမြင်ရ၏။

၃၁။ ‘‘ဓနုံ အဒွေဇ္ဈံ ကတွာန, ဥသုံ သန္နယှဟံ တဒါ၊

ပုပ္ဖံ သဝဏ္ဋံ ဆေတွာန, ဗုဒ္ဓဿ အဘိရောပယိံ။

၃၁။ ထိုအခါ ငါသည် လေးကို (ညှို့နှင့်) တစ်ပေါင်းတည်းပြုကာ မြားကို ဖွဲ့၍ ပွင့်ညှာနှင့်တကွ ပန်းကို (ပစ်ခတ်) ဖြတ်ယူပြီးလျှင် မြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။

၃၂။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိရောပယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၃၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ပန်းကို တင်လှူပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၃၃။ ‘‘ဧကပညာသိတော ကပ္ပေ, ဧကော အာသိံ ဇုတိန္ဓရော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၃၃။ ဤဘဒ္ဒကမ္ဘာမှ ငါးဆယ့်တစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့့်ဗိုလ်ပါအင်အားရှိသော “ဇုတိန္ဓရ”စကြာမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

၃၄။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ သလလမာလိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

သလလမာလိယတ္ထေရဿာပဒါနံ သတ္တမံ။

၃၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သလလမာလိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် သလလမာလိယတ္ထေရအပဒါန ပြီး၏။

စာ-၂၃၁

၈။ ကောရဏ္ဍပုပ္ဖိယတ္ထေရအပဒါနံ

၃၅။ ‘‘အက္ကန္တဉ္စ ပဒံ ဒိသွာ, စက္ကာလင်္ကာရဘူသိတံ၊

ပဒေနာနုပဒံ ယန္တော, ဝိပဿိဿ မဟေသိနော။

၈-ကောရဏ္ဍပုပ္ဖိယတ္ထေရအပဒါန ၃၅။ ဝိပဿီမြတ်စွာဘုရား၏ စက်လက္ခဏာတန်ဆာတို့ဖြင့် တင့်တယ်သော နင်းကြွသွား တော်မူပြီးသော ခြေရာကို မြင်သဖြင့် ခြေတော်ရာအစဥ်သို့ လိုက်သည်ရှိသော် -

၃၆။ ‘‘ကောရဏ္ဍံ ပုပ္ဖိတံ ဒိသွာ, သမူလံ ပူဇိတံ မယာ၊

ဟဋ္ဌော ဟဋ္ဌေန စိတ္တေန, အဝန္ဒိံ ပဒမုတ္တမံ။

၃၆။ ပွင့်နေသော လိပ်ဆူးရွှေပင်ကို မြင်၍ ငါသည် အမြစ်နှင့်တကွ လှူဒါန်းပူဇော်ခဲ့၏၊ ရွှင်လန်းသော ငါသည် ရွှင်ပျသော စိတ်ဖြင့် ခြေတော်ရာမြတ်ကို ရှိခိုးခဲ့၏။

၃၇။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၃၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို လှူဒါန်းပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၃၈။ ‘‘သတ္တပညာသကပ္ပမှိ, ဧကော ဝီတမလော အဟုံ၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၃၈။ ငါးဆယ့်ခုနစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဝီတမလ”မည်သော စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

၃၉။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ကောရဏ္ဍပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ကောရဏ္ဍပုပ္ဖိယတ္ထေရဿာပဒါနံ အဋ္ဌမံ။

၃၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ကောရဏ္ဍပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် ကောရဏ္ဍပုပ္ဖိယတ္ထေရအပဒါန ပြီး၏။

၉။ အာဓာရဒါယကတ္ထေရအပဒါနံ

၄၀။ ‘‘အာဓာရကံ မယာ ဒိန္နံ, သိခိနော လောကဗန္ဓုနော၊

ဓာရေမိ ပထဝိံ သဗ္ဗံ, ကေဝလံ ဝသုဓံ ဣမံ။

၉-အာဓာရဒါယကတ္ထေရအပဒါန ၄၀။ ငါသည် လောက၏ အဆွေဖြစ်တော်မူသော သိခီမြတ်စွာဘုရားအား သပိတ်ခြေကို ပေးလှူခဲ့၏၊ (ထို့ကြောင့်) ရတနာကို အကြွင်းမဲ့ ဆောင်သော ဤမြေပြင်အလုံးကို ဆောင်နိုင်ပေ၏။

၄၁။ ‘‘ကိလေသာ ဈာပိတာ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ၊

ဓာရေမိ အန္တိမံ ဒေဟံ, သမ္မာသမ္ဗုဒ္ဓသာသနေ။

၄၁။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ အလုံးစုံသော ဘဝ တို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ မြတ်စွာဘုရား၏ သာသနာတော်၌ အဆုံးဖြစ်သော ခန္ဓာကိုယ်ကို ဆောင်၏။

၄၂။ ‘‘သတ္တဝီသေ ဣတော ကပ္ပေ, အဟေသုံ စတုရော ဇနာ၊

သမန္တဝရဏာ နာမ, စက္ကဝတ္တီ မဟဗ္ဗလာ။

၄၂။ ဤဘဒ္ဒကမ္ဘာမှ နှစ်ဆယ့်ခုနစ်ကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သမန္တဝရဏ”အမည်ရှိသော စကြဝတေးမင်းတို့သည် လေးကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးကုန်၏။

၄၃။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ အာဓာရဒါယကော [ပရိယာဒါနိယော (က။)] ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

အာဓာရဒါယကတ္ထေရဿာပဒါနံ နဝမံ။

၄၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အာဓာရဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် အာဓာရဒါယကတ္ထေရအပဒါန ပြီး၏။

စာ-၂၃၂

၁၀။ ပါပနိဝါရိယတ္ထေရအပဒါနံ

၄၄။ ‘‘တိဿဿ တု ဘဂဝတော, ဒေဝဒေဝဿ တာဒိနော၊

ဧကစ္ဆတ္တံ မယာ ဒိန္နံ, ဝိပ္ပသန္နေန စေတသာ။

၁၀-ပါပနိဝါရိယတ္ထေရအပဒါန ၄၄။ နတ်ထက်နတ် ဖြစ်တော်မူသော တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော တိဿမြတ်စွာဘုရားအား ငါသည် အထူးကြည်လင်သော စိတ်ဖြင့် ထီးတစ်လက်ကို ပေးလှူခဲ့၏။

၄၅။ ‘‘နိဝုတံ ဟောတိ မေ ပါပံ, ကုသလဿုပသမ္ပဒါ၊

အာကာသေ ဆတ္တံ ဓာရေန္တိ, ပုဗ္ဗကမ္မဿိဒံ ဖလံ။

၄၅။ ငါသည် ကုသိုလ်၏ ပြည့်စုံခြင်းကြောင့် မကောင်းမှုကို ပိတ်ဆို့အပ်ပေ၏၊ (ငါ့အား) ကောင်းကင်၌ ထီးတို့သည် အလိုအလျောက် ဆောင်းမိုးကုန်၏။ ဤသို့ ဖြစ်ရခြင်းသည် ရှေးကောင်းမှုကံ၏ အကျိုးပေတည်း။

၄၆။ ‘‘စရိမံ ဝတ္တတေ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ၊

ဓာရေမိ အန္တိမံ ဒေဟံ, သမ္မာသမ္ဗုဒ္ဓသာသနေ။

၄၆။ ငါ၏ (ဘဝသည်) အဆုံးဘဝ ဖြစ်၏၊ ငါသည် အလုံးစုံသော ဘဝတို့ကို ပယ်နုတ်အပ်ပြီးပြီ၊ မြတ်စွာဘုရား၏ သာသနာတော်၌ အဆုံးဖြစ်သော ခန္ဓာကိုယ်ကို ဆောင်၏။

၄၇။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, ယံ ဆတ္တမဒဒိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဆတ္တဒါနဿိဒံ ဖလံ။

၄၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ထီးကို ပေးလှူခဲ့ရသောအခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ထီးလှူရခြင်း၏ အကျိုးပေတည်း။

၄၈။ ‘‘ဒွေသတ္တတိမှိတော ကပ္ပေ, အဋ္ဌာသိံသု ဇနာဓိပါ၊

မဟာနိဒါနနာမေန, ရာဇာနော စက္ကဝတ္တိနော။

၄၈။ ဤဘဒ္ဒကမ္ဘာမှ ခုနစ်ဆယ့်နှစ်ကမ္ဘာထက်၌ “မဟာနိဒါန”ဟူသော အမည်ဖြင့် စကြဝတေးမင်းတို့သည် ရှစ်ကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးကုန်၏။

၄၉။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ပါပနိဝါရိယော [ဝါတာတပနိဝါရိယော (သီ။)] ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ၊

ပါပနိဝါရိယတ္ထေရဿာပဒါနံ ဒသမံ။

ကဏိကာရပုပ္ဖိယဝဂ္ဂေါ ဧကဝီသတိမော။

တဿုဒ္ဒါနံ –

ကဏိကာရော မိနေလဉ္စ, ကိင်္ကဏိ တရဏေန စ၊

နိဂ္ဂုဏ္ဍိပုပ္ဖီ ဒကဒေါ, သလလော စ ကုရဏ္ဍကော၊

အာဓာရကော ပါပဝါရီ, အဋ္ဌတာလီသ ဂါထကာတိ။

၄၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပါပနိဝါရိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် ပါပနိဝါရိယတ္ထေရအပဒါန ပြီး၏။ နှစ်ဆယ့်တစ်ခုမြောက် ကဏိကာရပုပ္ဖိယဝဂ် ပြီး၏။

စာ-၂၃၃

၂၂။ ဟတ္ထိဝဂ္ဂေါ

၁။ ဟတ္ထိဒါယကတ္ထေရအပဒါနံ

၁။ ‘‘သိဒ္ဓတ္ထဿ ဘဂဝတော, ဒွိပဒိန္ဒဿ တာဒိနော၊

နာဂသေဋ္ဌော မယာ ဒိန္နော, ဤသာဒန္တော ဥရူဠှဝါ။

၂၂-ဟတ္ထိဝဂ် ၁-ဟတ္ထိဒါယကတ္ထေရအပဒါန ၁။ ငါသည် အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရတော်မူသော တာဒိဂုဏ်နှင့် ပြည့်စုံ တော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားအား ထွန်သန်သဖွယ် အစွယ်ရှိသော အလုံးအရပ်နှင့် ပြည့် စုံသော စီးတော်ဆင်မြတ်ကို ပေးလှူခဲ့၏၊

၂။ ‘‘ဥတ္တမတ္ထံ အနုဘောမိ, သန္တိပဒမနုတ္တရံ၊

နာဂဒါနံ [အဂ္ဂဒါနံ (သီ။ က။)] မယာ ဒိန္နံ, သဗ္ဗလောကဟိတေသိနော။

၂။ လောကအားလုံး၏ အစီးအပွါးကို ရှာတော်မူလေ့ရှိသော မြတ်စွာဘုရားအား ငါသည် မြတ်သော ဆင်အလှူကို ပေးလှူခဲ့၏၊ (ထိုအလှူကြောင့်) အတုမရှိ ငြိမ်သက်သော နိဗ္ဗာန်ဟု ဆိုအပ်သော မြတ်သော အကျိုးကို ခံစားရ၏။

၃။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ နာဂ [ဒါန (သီ။ က။)] မဒဒိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, နာဂဒါနဿိဒံ ဖလံ။

၃။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ စီးတော်ဆင်ကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဆင်ကို လှူရ ခြင်း၏ အကျိုးပေတည်း။

၄။ ‘‘အဋ္ဌသတ္တတိကပ္ပမှိ, သောဠသာသိံသု ခတ္တိယာ၊

သမန္တပါသာဒိကာ နာမ, စက္ကဝတ္တီ မဟဗ္ဗလာ။

၄။ ခုနစ်ဆယ့်ရှစ်ကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သမန္တပါသာဒိက” မည်သော စကြဝတေးမင်းတို့သည် တစ်ဆယ့်ခြောက်ကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးကုန်၏။

၅။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊

ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဟတ္ထိဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဟတ္ထိဒါယကတ္ထေရဿာပဒါနံ ပဌမံ။

၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဟတ္ထိဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော ဟတ္ထိဒါယကတ္ထေရအပဒါန ပြီး၏။

၂။ ပါနဓိဒါယကတ္ထေရအပဒါနံ

၆။ ‘‘အာရညိကဿ ဣသိနော, စိရရတ္တတပဿိနော [ဈာယိနော, မေတ္တစိတ္တတပဿိနော (သျာ။)]၊

ဗုဒ္ဓဿ [ဓမ္မဿ (သျာ။ က။)] ဘာဝိတတ္တဿ, အဒါသိံ ပါနဓိံ အဟံ။

၂-ပါနဓိဒါယကတ္ထေရအပဒါန ၆။ ငါသည် ကြာမြင့်စွာ (ကျင့်အပ်သော) အကျင့်ရှိသော တရားကို ပွါးစေအပ်ပြီးသော စိတ်ရှိသော တောနေရသေ့အား ဖိနပ်ကို ပေးလှူ၏။

၇။ ‘‘တေန ကမ္မေန ဒွိပဒိန္ဒ, လောကဇေဋ္ဌ နရာသဘ၊

ဒိဗ္ဗယာနံ [သဗ္ဗံ ယာနံ (သီ။)] အနုဘောမိ, ပုဗ္ဗကမ္မဿိဒံ ဖလံ။

၇။ အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရတော်မူသော လောကထက် အကြီးအမှူး ဖြစ်တော်မူသော မြတ်စွာဘုရား တပည့်တော်သည် ထိုကုသိုလ်ကံကြောင့် နတ်၌ဖြစ်သော ယာဥ်ကို ခံစားရပါ၏။ ဤသို့ ဖြစ်ရခြင်းသည် ရှေးကောင်းမှုကံ၏ အကျိုးပေတည်း။

၈။ ‘‘စတုန္နဝုတေ ဣတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ပါနဓိဿ ဣဒံ ဖလံ။

၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ဖိနပ်လှူဒါန်းမှုကို ပြုရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဖိနပ်လှူရခြင်း၏ အကျိုးပေတည်း။

စာ-၂၃၄

၉။ ‘‘သတ္တသတ္တတိတော ကပ္ပေ, အဋ္ဌ အာသိံသု ခတ္တိယာ၊

သုယာနာ နာမ နာမေန, စက္ကဝတ္တီ မဟဗ္ဗလာ။

၉။ ဤဘဒ္ဒကမ္ဘာမှ ခုနစ်ဆယ့်ခုနစ်ကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သုယာန” အမည်ရှိသော စကြဝတေးမင်းတို့သည် ရှစ်ကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးကုန်၏။

၁၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ပါနဓိဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ပါနဓိဒါယကတ္ထေရဿာပဒါနံ ဒုတိယံ။

၁၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်းကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပါနဓိဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် ပါနဓိဒါယကတ္ထေရအပဒါန ပြီး၏။

၃။ သစ္စသညကတ္ထေရအပဒါနံ

၁၁။ ‘‘ဝေဿဘူ တမှိ သမယေ, ဘိက္ခုသံဃပုရက္ခတော၊

ဒေသေတိ အရိယသစ္စာနိ, နိဗ္ဗာပေန္တော မဟာဇနံ။

၃-သစ္စသညကတ္ထေရအပဒါန ၁၁။ ထိုအခါ၌ ရဟန်းအပေါင်းခြံရံအပ်သော ဝေဿဘူမြတ်စွာဘုရားသည် လူအပေါင်းကို ငြိမ်းအေးစေတော်မူလျက် အရိယသစ္စာတရားတို့ကို ဟောပြတော်မူ၏။

၁၂။ ‘‘ပရမကာရုညပတ္တောမှိ, သမိတိံ အဂမာသဟံ၊

သောဟံ နိသိန္နကော သန္တော, ဓမ္မမဿောသိ သတ္ထုနော။

၁၂။ (ထိုအခါ) ငါသည် အလွန်သနားဖွယ်အဖြစ်သို့ ရောက်ခဲ့၏၊ ထိုငါသည် (တရားပွဲ၌) ထိုင်နေလျက် မြတ်စွာဘုရား၏ တရားတော်ကို နာယူ၏။

၁၃။ ‘‘တဿာဟံ ဓမ္မံ သုတွာန, ဒေဝလောကံ အဂစ္ဆဟံ၊

တိံသကပ္ပါနိ ဒေဝေသု, အဝသိံ တတ္ထဟံ ပုရေ။

၁၃။ ငါသည် ထိုမြတ်စွာဘုရား၏ တရားတော်ကို ကြားနာရ၍ နတ်ပြည်သို့ ရောက်ခဲ့ ရ၏၊ ရှေးအခါ၌ ငါသည် ထိုနတ်ပြည်တို့၌ ကမ္ဘာသုံးဆယ်တို့ပတ်လုံး နေခဲ့ဖူး၏။

၁၄။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ သညမလဘိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, သစ္စသညာယိဒံ ဖလံ။

၁၄။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ အကြင်သစ္စာတရားဟူသော အမှတ်ကို ရခဲ့ သော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အရိယသစ္စာဟူသော အမှတ်သညာကို မှတ်ရခြင်း၏ အကျိုးပေတည်း။

၁၅။ ‘‘ဆဗ္ဗီသမှိ ဣတော ကပ္ပေ, ဧကော အာသိံ ဇနာဓိပေါ၊

ဧကဖုသိတနာမေန, စက္ကဝတ္တီ မဟဗ္ဗလော။

၁၅။ ဤဘဒ္ဒကမ္ဘာမှ နှစ်ဆယ့်ခြောက်ကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဧကဖုသိတ”အမည်ဖြင့် ထင်ရှားသော စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

၁၆။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ သစ္စသညကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

သစ္စသညကတ္ထေရဿာပဒါနံ တတိယံ။

၁၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သစ္စသညကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် သစ္စသညကတ္ထေရအပဒါန ပြီး၏။

၄။ ဧကသညကတ္ထေရအပဒါနံ

၁၇။ ‘‘ဒုမဂ္ဂေ ပံသုကူလိကံ [ပံသုကူလကံ (?)], လဂ္ဂံ ဒိသွာန သတ္ထုနော၊

အဉ္ဇလိံ ပဂ္ဂဟေတွာန, ပံသုကူလံ အဝန္ဒဟံ။

၄-ဧကသညကတ္ထေရအပဒါန ၁၇။ ငါသည် သစ်ပင်ဖျား၌ ကပ်ငြိနေသော မြတ်စွာဘုရား၏ ပံ့သကူသင်္ကန်းကို မြင် သဖြင့် လက်အုပ်ချီ၍ ပံ့သကူသင်္ကန်းကို ရှိခိုးခဲ့၏။

၁၈။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ သညမလဘိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၁၈။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ သင်္ကန်းတော်ဟူသော အမှတ်ကို ရခဲ့သော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏ အကျိုးပေတည်း။

စာ-၂၃၅

၁၉။ ‘‘ပဉ္စဝီသေ ဣတော ကပ္ပေ, ဧကော အာသိံ ဇနာဓိပေါ၊

အမိတာဘောတိ နာမေန, စက္ကဝတ္တီ မဟဗ္ဗလော။

၁၉။ ဤဘဒ္ဒကမ္ဘာမှ နှစ်ဆယ့်ငါးကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “အမိတာဘ”ဟူသော အမည်ဖြင့် ထင်ရှားသော စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

၂၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဧကသညကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဧကသညကတ္ထေရဿာပဒါနံ စတုတ္ထံ။

၂၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဧကသညကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် ဧကသညကတ္ထေရအပဒါန ပြီး၏။

၅။ ရံသိသညကတ္ထေရအပဒါနံ

၂၁။ ‘‘ဥဒေန္တံ သတရံသိံဝ, ပီတရံသိံဝ [သိတရံသိံ ဝ (သီ။ သျာ။)] ဘာဏုမံ၊

ဗျဂ္ဃူသဘံဝ ပဝရံ, သုဇာတံ ပဗ္ဗတန္တရေ။

၅-ရံသိသညကတ္ထေရအပဒါန ၂၁။ အရာမကသော ရောင်ခြည်, ဝါဝင်းသော ရောင်ခြည်ရှိသော တက်သစ်စ နေလုလင် သဖွယ် ဖြစ်၍ မြတ်သော ကျားမင်းသဖွယ်လည်း ဖြစ်သော သုဇာတမြတ်စွာဘုရားကို တောင် ကြား၌ နေတော်မူစဥ် ဖူးမြင်ရ၏။

၂၂။ ‘‘ဗုဒ္ဓဿ အာနုဘာဝေါ သော, ဇလတေ ပဗ္ဗတန္တရေ၊

ရံသေ [ရံသျာ (?)] စိတ္တံ ပသာဒေတွာ, ကပ္ပံ သဂ္ဂမှိ မောဒဟံ။

၂၂။ မြတ်စွာဘုရား၏ ထိုတန်ခိုးအရောင်သည် တောင်ကြား၌ ထွန်းလင်းတောက်ပ၏၊ (ထိုအခါ) ငါသည် ရောင်ခြည်တော်၌ စိတ်ကို ကြည်ညိုစေ၍ တစ်ကမ္ဘာပတ်လုံး နတ်ပြည်၌ မွေ့လျော်ခဲ့ရ၏။

၂၃။ ‘‘အဝသေသေသု ကပ္ပေသု, ကုသလံ စရိတံ မယာ၊

တေန စိတ္တပ္ပသာဒေန, ဗုဒ္ဓါနုဿတိယာပိ စ။

၂၃။ ထိုစိတ်ကြည်လင်မှုကြောင့်လည်းကောင်း၊ မြတ်စွာဘုရား၏ ဂုဏ်တော်ကို အောက် မေ့ခြင်းကြောင့်လည်းကောင်း ကြွင်းသော ကမ္ဘာတို့၌ ငါသည် ကုသိုလ်ကို ပြုကျင့်ခဲ့၏။

၂၄။ ‘‘တိံသကပ္ပသဟဿေတော, ယံ သညမလဘိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓသညာယိဒံ ဖလံ။

၂၄။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာသုံးသောင်းထက်၌ ဘုရားဟူသော အမှတ်ကို ရခဲ့သော အခါမှ စ၍အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဘုရားကို အမှတ်ရ ခြင်း၏ အကျိုးပေတည်း။

၂၅။ ‘‘သတ္တပညာသကပ္ပမှိ, ဧကော အာသိံ ဇနာဓိပေါ၊

သုဇာတော နာမ နာမေန, စက္ကဝတ္တီ မဟဗ္ဗလော။

၂၅။ ငါးဆယ့်ခုနစ်ကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သုဇာတ”အမည် ဖြင့် ထင်ရှားသော စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

၂၆။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ရံသိသညကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ရံသိသညကတ္ထေရဿာပဒါနံ ပဉ္စမံ။

၂၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ရံသိသညကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် ရံသိသညကတ္ထေရအပဒါန ပြီး၏။

၆။ သန္ဓိတတ္ထေရအပဒါနံ

၂၇။ ‘‘အဿတ္ထေ ဟရိတောဘာသေ, သံဝိရူဠှမှိ ပါဒပေ၊

ဧကံ ဗုဒ္ဓဂတံ သညံ, အလဘိံဟံ [အလဘိဿံ (သီ။)] ပတိဿတော။

၆-သန္ဓိတတ္ထေရအပဒါန ၂၇။ စည်ပင်ပြန့်ပွါးသည်ဖြစ်၍ စိမ်းညိုသော အရောင်ရှိသော ညောင်ဗုဒ္ဓဟေဗောဓိပင်၌ ထင်သော သတိရှိသော ငါသည် ဘုရားလျှင် အာရုံရှိသော တစ်ခုသော သညာကို ရခဲ့၏၊

စာ-၂၃၆

၂၈။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ သညမလဘိံ တဒါ၊

တဿာ သညာယ ဝါဟသာ, ပတ္တော မေ အာသဝက္ခယော။

၂၈။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ဘုရားဟူသော သညာကို ရခဲ့၏၊ ထို သညာ၏အစွမ်းကြောင့် ငါသည် အာသဝေါတရား ကုန်ခန်းခြင်းသို့ ရောက်ရပေ၏။

၂၉။ ‘‘ဣတော တေရသကပ္ပမှိ, ဓနိဋ္ဌော နာမ ခတ္တိယော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၂၉။ ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်သုံးကမ္ဘာထက်၌ ငါသည် ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံ သည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဓနိဋ္ဌ”မည်သော စကြာမင်း ဖြစ်ခဲ့၏။

၃၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ သန္ဓိတော [သဏ္ဌိတော (သီ။)] ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

သန္ဓိတတ္ထေရဿာပဒါနံ ဆဋ္ဌံ။

၃၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သန္ဓိတမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် သန္ဓိတတ္ထေရအပဒါန ပြီး၏။

၇။ တာလဝဏ္ဋဒါယကတ္ထေရအပဒါနံ

၃၁။ ‘‘တာလဝဏ္ဋံ မယာ ဒိန္နံ, တိဿဿာဒိစ္စဗန္ဓုနော၊

ဂိမှနိဗ္ဗာပနတ္ထာယ, ပရိဠာဟောပသန္တိယာ။

၇-တာလဝဏ္ဋဒါယကတ္ထေရအပဒါန ၃၁။ ငါသည် နေမင်း၏ အဆွေဖြစ်တော်မူသော တိဿမြတ်စွာဘုရားအား နွေနေပူ ငြိမ်းစေခြင်းငှါလည်းကောင်း၊ ပူအိုက်မှုကို အေးမြစေခြင်းငှါလည်းကောင်း ထန်းရွက်ယပ်ဝန်းကို ပေးလှူခဲ့၏။

၃၂။ ‘‘သန္နိဗ္ဗာပေမိ ရာဂဂ္ဂိံ, ဒေါသဂ္ဂိဉ္စ တဒုတ္တရိံ၊

နိဗ္ဗာပေမိ စ မောဟဂ္ဂိံ, တာလဝဏ္ဋဿိဒံ ဖလံ။

၃၂။ ငါသည် ရာဂမီးကိုလည်းကောင်း၊ ဒေါသမီးကိုလည်းကောင်း ငြိမ်းစေခဲ့၏။ ထို့ ထက် လွန်သော မောဟမီးကိုလည်း ငြိမ်းစေနိုင်၏။ ဤသို့ ဖြစ်ရခြင်းသည် ထန်းရွက်ယပ်ဝန်း ကို ပေးလှူရခြင်း၏ အကျိုးပေတည်း။

၃၃။ ‘‘ကိလေသာ ဈာပိတာ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ၊

ဓာရေမိ အန္တိမံ ဒေဟံ, သမ္မာသမ္ဗုဒ္ဓသာသနေ။

၃၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ မြတ်စွာဘုရား၏ သာသနာတော်၌ အဆုံးဖြစ်သော ခန္ဓာကိုယ်ကို ဆောင်၏။

၃၄။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, တာလဝဏ္ဋဿိဒံ ဖလံ။

၃၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ထန်းရွက်ယပ်ဝန်း လှူဒါန်းမှုကို ပြုခဲ့ရ သော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ထန်းရွက်ယပ်ဝန်းလှူရခြင်း၏ အကျိုးပေတည်း။

၃၅။ ‘‘တေသဋ္ဌိမှိ ဣတော ကပ္ပေ, မဟာနာမသနာမကော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၃၅။ ဤဘဒ္ဒကမ္ဘာမှ ခြောက်ဆယ့်သုံးကမ္ဘာထက်၌ ငါသည် ရတနာခုနစ်ပါးတို့နှင့် ပြည့် စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “မဟာနာမ်”အမည်ရှိသော စကြာမင်း ဖြစ်ခဲ့၏။

၃၆။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ တာလဝဏ္ဋဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

တာလဝဏ္ဋဒါယကတ္ထေရဿာပဒါနံ သတ္တမံ။

၃၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်တာလဝဏ္ဋဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် တာလဝဏ္ဋဒါယကတ္ထေရအပဒါန ပြီး၏။

စာ-၂၃၇

၈။ အက္ကန္တသညကတ္ထေရအပဒါနံ

၃၇။ ‘‘ကုသာဋကံ ဂဟေတွာန, ဥပဇ္ဈာယဿဟံ ပုရေ၊

မန္တဉ္စ အနုသိက္ခာမိ, ဂန္ထာဒေါသဿ [ကဏ္ဍဘေဒဿ (သီ။), ဂဏ္ဍဘေဒဿ (သျာ။)] ပတ္တိယာ။

၈-အက္ကန္တသညကတ္ထေရအပဒါန ၃၇။ ငါသည် ပုဆိုးနွမ်းကို ယူ၍ ဥပဇ္ဈာယ်ဆရာ၏ ရှေ့၌ ကျမ်းဂန်၌ အပြစ်ကင်းခြင်းသို့ ရောက်ခြင်းငှါ ဗေဒင်ကိုလည်း သင်ယူ၏။

၃၈။ ‘‘အဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ, အာဟုတီနံ ပဋိဂ္ဂဟံ၊

ဥသဘံ ပဝရံ အဂ္ဂံ, တိဿံ ဗုဒ္ဓံ ဂဏုတ္တမံ [ဂဇုတ္တမံ (သျာ။)]။

၃၈။ (ထိုအခါ) ငါသည် လှူဒါန်းဖွယ် ပစ္စည်းဝတ္ထုကို ခံယူတော်မူထိုက်သော (ဘုန်းကံ အားဖြင့်) မြတ်တော်မူသော (ဂုဏ်အားဖြင့်) မြတ်တော်မူသော (အမျိုးအားဖြင့်) မြတ်တော် မူသော အရိယာအပေါင်းတို့တွင် အမြတ်ဆုံးဖြစ်တော်မူသော ကိလေသာတည်းဟူသော မြူ ကင်းသော သစ္စာလေးပါးကို သိတော်မူသော တိဿမြတ်စွာဘုရားကို ဖူးမြင်ရ၏။

၃၉။ ‘‘ကုသာဋကံ ပတ္ထရိတံ, အက္ကမန္တံ နရုတ္တမံ၊

သမုဂ္ဂတံ မဟာဝီရံ, လောကဇေဋ္ဌံ နရာသဘံ။

၃၉။ လူတို့ထက် မြတ်တော်မူသော ကောင်းစွာ ကျော်စောတော်မူသော ကြီးမားသော လုံ့လရှိတော်မူသော လူတို့၏ အကြီးအမှူးဖြစ်တော်မူသော မြတ်စွာဘုရားကို နင်းတော်မူခြင်း ငှါ ပုဆိုးနွမ်းကို ဖြန့်ခင်းအပ်၏။

၄၀။ ‘‘ဒိသွာ တံ လောကပဇ္ဇောတံ, ဝိမလံ စန္ဒသန္နိဘံ၊

အဝန္ဒိံ သတ္ထုနော ပါဒေ, ဝိပ္ပသန္နေန စေတသာ။

၄၀။ အညစ်အကြေးကင်းစင်သော လမင်းနှင့် တူသော လောက၌ ထွန်းလင်းတောက်ပ တော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြင်ရသည်ရှိသော် အထူးကြည်လင်လှသော စိတ်ဖြင့် မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုးခဲ့၏။

၄၁။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ အဒါသိံ ကုသာဋကံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ကုသာဋကဿိဒံ ဖလံ။

၄၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ပုဆိုးနွမ်းလှူဒါန်းခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပုဆိုးနွမ်းလှူဒါန်းရ ခြင်း၏ အကျိုးပေတည်း။

၄၂။ ‘‘သတ္တတိံသေ ဣတော ကပ္ပေ, ဧကော အာသိံ ဇနာဓိပေါ၊

သုနန္ဒော နာမ နာမေန, စက္ကဝတ္တီ မဟဗ္ဗလော။

၄၂။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်ခုနစ်ကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော သုနန္ဒအမည်ဖြင့် ထင်ရှားသော စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

၄၃။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ အက္ကန္တသညကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ၊

အက္ကန္တသညကတ္ထေရဿာပဒါနံ အဋ္ဌမံ။

၄၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အက္ကန္တသညကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် အက္ကန္တသညကတ္ထေရအပဒါန ပြီး၏။

၉။ သပ္ပိဒါယကတ္ထေရအပဒါနံ

၄၄။ ‘‘နိသိန္နော ပါသာဒဝရေ, နာရီဂဏပုရက္ခတော၊

ဗျာဓိတံ သမဏံ ဒိသွာ, အဘိနာမေသဟံ ဃရံ။

၉-သပ္ပိဒါယကတ္ထေရအပဒါန ၄၄။ မြတ်သော ပြာသာဒ်ထက်၌ မိန်းမအပေါင်း ခြံရံလျက် နေသော ငါသည် မကျန်းမာ တော်မူသော ကိလေသာကို ငြိမ်းအေးစေတော်မူသော မြတ်စွာဘုရားကို မြင်သဖြင့် အိမ်သို့ ပင့်ဆောင်ခဲ့၏။

၄၅။ ‘‘ဥပဝိဋ္ဌံ မဟာဝီရံ, ဒေဝဒေဝံ နရာသဘံ၊

သပ္ပိတေလံ မယာ ဒိန္နံ, သိဒ္ဓတ္ထဿ မဟေသိနော။

၄၅။ အိမ်သို့ ကြွတော်မူသော ကြီးမားသော လုံ့လရှိတော်မူသော လူတို့ထက် မြတ်၍ နတ်ထက် နတ်ဖြစ်တော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားအား ငါသည် ထောပတ်ဆီကို ပေးလှူခဲ့၏။

၄၆။ ‘‘ပဿဒ္ဓဒရထံ ဒိသွာ, ဝိပ္ပသန္နမုခိန္ဒြိယံ၊

ဝန္ဒိတွာ သတ္ထုနော ပါဒေ, အနုသံသာဝယိံ ပုရေ။

၄၆။ ပူပန်ခြင်း ငြိမ်းပြီးသော အထူးသဖြင့် ကြည်လင်သော မျက်နှာဣန္ဒြေရှိတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရသဖြင့် မြတ်စွာဘုရားခြေတော်တို့ကို ရှိခိုးပြီးလျှင် ရှေ့တော်၌ပင် ချီးကျူးစကား လျှောက်ထားခဲ့၏။

စာ-၂၃၈

၄၇။ ‘‘ဒိသွာ မံ သုပ္ပသန္နတ္တံ [သုပ္ပသန္နန္တံ (သျာ။ က။) သုပ္ပသန္နစိတ္တန္တိ အတ္ထော], ဣဒ္ဓိယာ ပါရမိင်္ဂတော၊

နဘံ အဗ္ဘုဂ္ဂမီ ဓီရော, ဟံသရာဇာဝ အမ္ဗရေ။

၄၇။ အထူးသဖြင့် ကြည်လင်သော စိတ်ရှိသော ငါ့ကို မြင်တော်မူ၍ ‘ဟင်္သာမင်းသည် ကောင်းကင်၌ တက်သကဲ့သို့’ နိဗ္ဗာန်ကမ်းတစ်ဖက်သို့ ရောက်တော်မူသော ဉာဏ်တော်ရှင် မြတ်စွာဘုရားသည် ကောင်းကင်သို့ တန်ခိုးဖြင့် ကြွတော်မူ၏။

၄၈။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ဒါနမဒဒိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, သပ္ပိတေလဿိဒံ ဖလံ။

၄၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ထောပတ်အလှူကို ပေးလှူခဲ့ရသော အခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ထောပတ်ဆီ လှူရခြင်း၏ အကျိုးပေတည်း။

၄၉။ ‘‘ဣတော သတ္တရသေ ကပ္ပေ, ဇုတိဒေဝ [ဒုတိဒေဝ (သျာ။), တုတိဒေဝ (က။)] သနာမကော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၄၉။ ငါသည် ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်ခုနစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံ သည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဇုတိဒေဝ”အမည်ရှိသော စကြဝတေးမင်း ဖြစ်ခဲ့ဖူး၏။

၅၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ သပ္ပိဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

သပ္ပိဒါယကတ္ထေရဿာပဒါနံ နဝမံ။

၅၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သပ္ပိဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် သပ္ပိဒါယကတ္ထေရအပဒါန ပြီး၏။

၁၀။ ပါပနိဝါရိယတ္ထေရအပဒါနံ

၅၁။ ‘‘ပိယဒဿိဿ ဘဂဝတော, စင်္ကမံ သောဓိတံ မယာ၊

နဠကေဟိ ပဋိစ္ဆန္နံ, ဝါတာတပနိဝါရဏံ။

၁၀-ပါပနိဝါရိယတ္ထေရအပဒါန ၅၁။ ငါသည် ကျူပင်တို့ဖြင့် ပိတ်ဖုံးအပ်သော လေနေပူကို တားမြစ်တတ်သော ပိယဒဿီ မြတ်စွာဘုရား၏ စင်္ကြံတော်ကို သုတ်သင်ရှင်းလင်းခဲ့၏။

၅၂။ ‘‘ပါပံ ဝိဝဇ္ဇနတ္ထာယ, ကုသလဿုပသမ္ပဒါ၊

ကိလေသာနံ ပဟာနာယ, ပဒဟိံ သတ္ထု သာသနေ။

၅၂။ ငါသည် စင်္ကြံသုတ်သင်ရှင်းလင်းမှုဟူသော ကုသိုလ်၏ ပြည့်စုံခြင်းကြောင့် မကောင်း မှုကို ရှောင်ကြင်ခြင်းငှါလည်းကောင်း၊ ကိလေသာတို့ကို ပယ်ခြင်းငှါလည်းကောင်း ဘုရား သာသနာတော်၌ (ကမ္မဋ္ဌာန်း) အားထုတ်ခဲ့၏။

၅၃။ ‘‘ဣတော ဧကာဒသေ ကပ္ပေ, အဂ္ဂိဒေဝေါတိ ဝိဿုတော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၅၃။ ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်တစ်ကမ္ဘာထက်၌ ငါသည် ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံ သည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “အဂ္ဂိဒေဝ”ဟု ထင်ရှားသော စကြဝတေး မင်း ဖြစ်ခဲ့၏။

၅၄။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ပါပနိဝါရိယော [ဝါတာတပနိဝါရိယော (?)] ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ပါပနိဝါရိယတ္ထေရဿာပဒါနံ ဒသမံ။

ဟတ္ထိဝဂ္ဂေါ ဗာဝီသတိမော။

တဿုဒ္ဒါနံ –

ဟတ္ထိ ပါနဓိ သစ္စဉ္စ, ဧကသညိ စ ရံသိကော၊

သန္ဓိတော တာလဝဏ္ဋဉ္စ, တထာ အက္ကန္တသညကော၊

သပ္ပိ ပါပနိဝါရီ စ, စတုပ္ပညာသ ဂါထကာတိ။

၅၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပါပနိဝါရိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် ပါပနိဝါရိယတ္ထေရအပဒါန ပြီး၏။ နှစ်ဆယ့်နှစ်ခုမြောက် ဟတ္ထိဝဂ် ပြီး၏။

စာ-၂၃၉

၂၃။ အာလမ္ဗဏဒါယကဝဂ္ဂေါ

၁။ အာလမ္ဗဏဒါယကတ္ထေရအပဒါနံ

၁။ ‘‘အတ္ထဒဿိဿ ဘဂဝတော, လောကဇေဋ္ဌဿ တာဒိနော၊

အာလမ္ဗဏံ မယာ ဒိန္နံ, ဒွိပဒိန္ဒဿ တာဒိနော။

၂၃-အာလမ္ဗဏဒါယကဝဂ် ၁-အာလမ္ဗဏဒါယကတ္ထေရအပဒါန ၁။ လောကထက် အကြီးအမှူးဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော အခြေနှစ်ချောင်း ရှိသူ နတ်လူတို့ကို အစိုးရသည်ဖြစ်၍ ထိုကဲ့သို့ ရှုချင်ဖွယ်ဖြစ်သော အတ္ထဒဿီမြတ်စွာဘုရားအား ငါသည် တံကဲပျဥ်ကို ပေးလှူခဲ့၏။

၂။ ‘‘ဓရဏိံ ပဋိပဇ္ဇာမိ, ဝိပုလံ သာဂရပ္ပရံ၊

ပါဏေသု စ ဣဿရိယံ, ဝတ္တေမိ ဝသုဓာယ စ။

၂။ သမုဒ္ဒရာ တစ်ဖက်ကမ်းတိုင်အောင် ပြန့်ကျယ်သော မြေအပြင်ကို အစိုးရ၏။ မြေ အပြင်၌လည်းကောင်း၊ သတ္တဝါတို့၌လည်းကောင်း အစိုးရသည်၏ အဖြစ်ကို ပြုကျင့်ရ၏။

၃။ ‘‘ကိလေသာ ဈာပိတာ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ၊

တိဿော ဝိဇ္ဇာ အနုပ္ပတ္တာ, ကတံ ဗုဒ္ဓဿ သာသနံ။

၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ဝိဇ္ဇာသုံးပါးတို့သို့ အစဥ်ရောက်ကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမ တော်ကို လိုက်နာကျင့်သုံးပြီးပြီ။

၄။ ‘‘ဣတော ဒွေသဋ္ဌိကပ္ပမှိ, တယော အာသိံသု ခတ္တိယာ၊

ဧကာပဿိတနာမာ တေ, စက္ကဝတ္တီ မဟဗ္ဗလာ။

၄။ ဤဘဒ္ဒကမ္ဘာမှ ခြောက်ဆယ့်နှစ်ကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော ဧကပဿီအမည်ရှိကုန်သော ထိုစကြဝတေးမင်းတို့သည် သုံးကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးကုန်၏။

၅။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊

ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ အာလမ္ဗဏဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

အာလမ္ဗဏဒါယကတ္ထေရဿာပဒါနံ ပဌမံ။

၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အာလမ္ဗဏဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော အာလမ္ဗဏဒါယကတ္ထေရအပဒါန ပြီး၏။

၂။ အဇိနဒါယကတ္ထေရအပဒါနံ

၆။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ဂဏသတ္ထာရကော အဟံ၊

အဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ, အာဟုတီနံ ပဋိဂ္ဂဟံ။

၂-အဇိနဒါယကတ္ထေရအပဒါန ၆။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ဂိုဏ်းဆရာဖြစ်သော ငါသည် ပေးလှူဖွယ် ပစ္စည်းဝတ္ထုတို့ကို ခံယူတော်မူထိုက်သော ကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ခဲ့ရ၏။

၇။ ‘‘စမ္မခဏ္ဍံ မယာ ဒိန္နံ, သိခိနော လောကဗန္ဓုနော၊

တေန ကမ္မေန ဒွိပဒိန္ဒ, လောကဇေဋ္ဌ နရာသဘ။

၇။ (ထိုအခါ) လောက၏ အဆွေဖြစ်တော်မူသော သိခီမြတ်စွာဘုရားအား ငါသည် သားရေပိုင်းကို ပေးလှူခဲ့၏၊ အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရတော်မူသော လောက၏ အကြီးအမှူးဖြစ်တော်မူသော မြတ်စွာဘုရား တပည့်တော်သည် ထိုကုသိုလ်ကံကြောင့်-

၈။ ‘‘သမ္ပတ္တိံ အနုဘောတွာန, ကိလေသေ ဈာပယိံ အဟံ၊

ဓာရေမိ အန္တိမံ ဒေဟံ, သမ္မာသမ္ဗုဒ္ဓသာသနေ။

၈။ စည်းစိမ်ချမ်းသာကို ခံစားပြီး၍ ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေပါပြီ၊ မြတ်စွာဘုရား၏ သာသနာတော်၌ အဆုံးဖြစ်သော ခန္ဓာကိုယ်ကို ဆောင်ရပါ၏။

၉။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, အဇိနံ ယံ အဒါသဟံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, အဇိနဿ ဣဒံ ဖလံ။

၉။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ငါသည် သစ်နက်ရေကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သစ်နက် ရေကို ပေးလှူရခြင်း၏ အကျိုးပေတည်း။

၁၀။ ‘‘ဣတော ပဉ္စမကေ ကပ္ပေ, ရာဇာ အာသိံ သုဒါယကော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၁၀။ ဤဘဒ္ဒကမ္ဘာမှ ငါးကမ္ဘာမြောက်၌ ငါသည် ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သုဒါယက”စကြဝတေးမင်း ဖြစ်ခဲ့၏။

စာ-၂၄၀

၁၁။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ အဇိနဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

အဇိနဒါယကတ္ထေရဿာပဒါနံ ဒုတိယံ။

၁၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အဇိနဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် အဇိနဒါယကတ္ထေရအပဒါန ပြီး၏။

၃။ ဒွေရတနိယတ္ထေရအပဒါနံ

၁၂။ ‘‘မိဂလုဒ္ဒေါ ပုရေ အာသိံ, အရညေ ကာနနေ အဟံ၊

အဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ, အာဟုတီနံ ပဋိဂ္ဂဟံ။

၃-ဒွေရတနိယတ္ထေရအပဒါန ၁၂။ ငါသည် ရှေးအခါက ငှက်စသည်တို့၏ တွန်မြူးရာဖြစ်သော တော၌ သားမုဆိုး ဖြစ်ခဲ့ဖူး၏၊ ထိုအခါ ပေးလှူဖွယ်ပစ္စည်းဝတ္ထုတို့ကို ခံယူတော်မူထိုက်သော ကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၏။

၁၃။ ‘‘မံသပေသိ မယာ ဒိန္နာ, ဝိပဿိဿ မဟေသိနော၊

သဒေဝကသ္မိံ လောကသ္မိံ, ဣဿရံ ကာရယာမဟံ။

၁၃။ ငါသည် မြတ်သော သီလက္ခန္ဓစသော ဂုဏ်ကျေးဇူးကို ရှာမှီးတော်မူပြီးသော ဝိပဿီမြတ်စွာဘုရားအား အသားတစ်ကို ပေးလှူခဲ့၏၊ (ထိုကံကြောင့်) ငါသည် နတ်နှင့် တကွသော လောက၌ အစိုးရသူ၏ အဖြစ်ကို ပြုရ၏။

၁၄။ ‘‘ဣမိနာ မံသဒါနေန, ရတနံ နိဗ္ဗတ္တတေ မမ၊

ဒုဝေမေ ရတနာ လောကေ, ဒိဋ္ဌဓမ္မဿ ပတ္တိယာ။

၁၄။ ဤအသားတစ်ကို ပေးလှူခြင်းကြောင့် ငါ့အား (သက်ရှိ, သက်မဲ့ဖြစ်သော) ရတနာ သည် ဖြစ်ပေါ်လာ၏၊ လောက၌ မျက်မှောက်ချမ်းသာသို့ ရောက်ခြင်းငှါ (သက်ရှိ, သက်မဲ့) ရတနာခုနစ်ပါးတို့သည် ငါ့အား ဖြစ်ပေါ်လာကုန်၏။

၁၅။ ‘‘တေဟံ သဗ္ဗေ အနုဘောမိ, မံသဒါနဿ သတ္တိယာ၊

ဂတ္တဉ္စ မုဒုကံ မယှံ, ပညာ နိပုဏဝေဒနီ။

၁၅။ ငါသည် အသားတစ်ကို ပေးလှူခြင်း၏ အစွမ်းကြောင့် ထိုရတနာအလုံးစုံတို့ကို ရရှိ ခံစားရ၏၊ ငါ့အား နူးညံ့သော ခန္ဓာကိုယ်လည်း ရှိ၏၊ ပညာ၏ သိမ်မွေ့သော အကျိုးတို့ကို ခံစားရ၏။

၁၆။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ မံသမဒဒိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, မံသဒါနဿိဒံ ဖလံ။

၁၆။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ငါသည် အသားတစ်ကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အသားတစ် ကို ပေးလှူရခြင်း၏ အကျိုးပေတည်း။

၁၇။ ‘‘ဣတော စတုတ္ထကေ ကပ္ပေ, ဧကော အာသိံ ဇနာဓိပေါ၊

မဟာရောဟိတနာမော သော, စက္ကဝတ္တီ မဟဗ္ဗလော။

၁၇။ ဤဘဒ္ဒကမ္ဘာမှ လေးကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “မဟာရောဟိတ” အမည်ရှိသော ထိုစကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

၁၈။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဒွေရတနိယော [ဒွိရတနိယော (သီ။)] ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဒွေရတနိယတ္ထေရဿာပဒါနံ တတိယံ။

ဒသမံ ဘာဏဝါရံ။

၁၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဒွေရတနိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် ဒွေရတနိယတ္ထေရအပဒါန ပြီး၏။ ဆယ်ခုမြောက် ဘာဏဝါရ ပြီး၏။

၄။ အာရက္ခဒါယကတ္ထေရအပဒါနံ

၁၉။ ‘‘သိဒ္ဓတ္ထဿ ဘဂဝတော, ဝေဒိ ကာရာပိတာ [ဝေဒိကာ ကာရိတာ (သျာ။)] မယာ၊

အာရက္ခော စ မယာ ဒိန္နော, သုဂတဿ မဟေသိနော။

၄-အာရက္ခဒါယကတ္ထေရအပဒါန ၁၉။ သိဒ္ဓတ္ထမြတ်စွာဘုရား၏ (ကျောင်းတော်၌) ငါသည် ပွတ်တိုင်ကို ပြုလုပ်စေခဲ့၏၊ မြတ်သော သီလက္ခန္ဓစသော ဂုဏ်ကျေးဇူးကို ရှာမှီးတော်မူသော မြတ်စွာဘုရားအား ငါသည် အစောင့်အရှောက်ကိုလည်း ပေးလှူခဲ့၏။

စာ-၂၄၁

၂၀။ ‘‘တေန ကမ္မဝိသေသေန, န ပဿိံ ဘယဘေရဝံ၊

ကုဟိဉ္စိ ဥပပန္နဿ, တာသော မယှံ န ဝိဇ္ဇတိ။

၂၀။ ထိုကံအထူးကြောင့် ငါသည် ကြောက်မက်ဖွယ် ဘေးကို မတွေ့မြင်ခဲ့ရပေ၊ တစ်စုံ တစ်ခုသော ဘဝ၌ ဖြစ်သော ငါ့အား ထိတ်လန့်ခြင်းသည် မရှိပေ။

၂၁။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ဝေဒိံ ကာရယိံ ပုရေ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဝေဒိကာယ ဣဒံ ဖလံ။

၂၁။ ဤဘဒ္ဒကမ္ဘာမှ ရှေးဖြစ်သော ကိုးဆယ့်လေးကမ္ဘာထက်၌ ပွတ်တိုင်ကို ပေးလှူခဲ့ရ သော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပွတ် တိုင်ကို လှူရခြင်း၏ အကျိုးပေတည်း။

၂၂။ ‘‘ဣတော ဆဋ္ဌမှိ ကပ္ပမှိ, အပဿေနသနာမကော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၂၂။ ဤဘဒ္ဒကမ္ဘာမှ ခြောက်ကမ္ဘာ၌ ငါသည် ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “အပဿေန”အမည်ရှိသော စကြဝတေးမင်း ဖြစ်ခဲ့၏။

၂၃။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ အာရက္ခဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

အာရက္ခဒါယကတ္ထေရဿာပဒါနံ စတုတ္ထံ။

၂၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အာရက္ခဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် အာရက္ခဒါယကတ္ထေရအပဒါန ပြီး၏။

၅။ အဗျာဓိကတ္ထေရအပဒါနံ

၂၄။ ‘‘ဝိပဿိဿ ဘဂဝတော, အဂ္ဂိသာလံ အဒါသဟံ၊

ဗျာဓိကာနဉ္စ အာဝါသံ, ဥဏှောဒကပဋိဂ္ဂဟံ။

၅-အဗျာဓိကတ္ထေရအပဒါန ၂၄။ ငါသည် ဝိပဿီမြတ်စွာဘုရားအား မီးတင်းကုပ်ကို ပေးလှူခဲ့၏။ အနာနှိပ်စက်သော ရဟန်းတို့အား ကျောင်းကိုလည်းကောင်း၊ ရေနွေးခံခွက်ကိုလည်းကောင်း ပေးလှူခဲ့၏။

၂၅။ ‘‘တေန ကမ္မေနယံ မယှံ, အတ္တဘာဝေါ သုနိမ္မိတော၊

ဗျာဓာဟံ နာဘိဇာနာမိ, ပုညကမ္မဿိဒံ ဖလံ။

၂၅။ ထိုကုသိုလ်ကံကြောင့် ငါ့အား ကောင်းစွာ ဖန်ဆင်းအပ်သော ဤခန္ဓာကိုယ်သည် ဖြစ်ပေါ်လာ၏၊ ငါသည် ဖျားနာခြင်းကို မသိရပေ။ ဤသို့ ဖြစ်ရခြင်းသည် (ပြုခဲ့သော) ကုသိုလ်ကံ၏ အကျိုးပေတည်း။

၂၆။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ သာလမဒဒိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, အဂ္ဂိသာလာယိဒံ ဖလံ။

၂၆။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ မီးတင်းကုပ်ကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မီးတင်းကုပ် (လှူရခြင်း)၏ အကျိုးပေတည်း။

၂၇။ ‘‘ဣတော စ သတ္တမေ ကပ္ပေ, ဧကောသိံ အပရာဇိတော [ဧကော အာသိံ နရာဓိပေါ (သျာ။)]၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၂၇။ ဤဘဒ္ဒကမ္ဘာမှ ခုနစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “အပရာဇိတ”မည်သော စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

၂၈။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ အဗျာဓိကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

အဗျာဓိကတ္ထေရဿာပဒါနံ ပဉ္စမံ။

၂၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အဗျာဓိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် အဗျာဓိကတ္ထေရအပဒါန ပြီး၏။

စာ-၂၄၂

၆။ အင်္ကောလပုပ္ဖိယတ္ထေရအပဒါနံ

၂၉။ ‘‘နာရဒေါ [ဝရဒေါ (က။)] ဣတိ မေ နာမံ, ကဿပေါ ဣတိ မံ ဝိဒူ၊

အဒ္ဒသံ သမဏာနဂ္ဂံ, ဝိပဿိံ ဒေဝသက္ကတံ။

၆-အင်္ကောလပုပ္ဖိယတ္ထေရအပဒါန ၂၉။ ငါ၏ အမည်သည် နာရဒဖြစ်၏၊ ကဿပဟူ၍လည်း ငါ့ကို အသိအမှတ်ပြုကြကုန်၏၊ ရဟန်းတို့ထက် အမြတ်ဆုံးဖြစ်တော်မူသော နတ်ဗြဟ္မာတို့သည် အရိုအသေပြုအပ်သော ဝိပဿီမြတ်စွာဘုရားကို ဖူးမြင်ရ၏။

၃၀။ ‘‘အနုဗျဉ္ဇနဓရံ ဗုဒ္ဓံ, အာဟုတီနံ ပဋိဂ္ဂဟံ၊

အင်္ကောလပုပ္ဖံ [ဝကုလပုပ္ဖံ (သျာ။), ဗကောလပုပ္ဖံ (က။)] ပဂ္ဂယှ, ဗုဒ္ဓဿ အဘိရောပယိံ။

၃၀။ ပေးလှူဖွယ်ပစ္စည်းဝတ္ထုတို့ကို အလှူခံတော်မူထိုက်သော မြတ်သော လက္ခဏာတော် ငယ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရသော် စက်ကတုံးပန်း၁ကို ယူ၍ မြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။

၃၁။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၃၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ စက်ကတုံးပန်းကို တင်လှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၃၂။ ‘‘စတုသတ္တတိတော ကပ္ပေ, ရောမသော နာမ ခတ္တိယော၊

အာမုက္ကမာလာဘရဏော, သယောဂ္ဂဗလဝါဟနော။

၃၂။ ဤဘဒ္ဒကမ္ဘာမှ ခုနစ်ဆယ့်လေးကမ္ဘာထက်၌ ဆင်ယင်အပ်သော ပန်းတန်ဆာရှိသော ယာဥ်နှင့်တကွ စစ်သည်ဗိုလ်ပါအင်အားရှိသော “ရောမသ”မည်သော မင်းဖြစ်ခဲ့၏။

၃၃။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ အင်္ကောလပုပ္ဖိယော [ဝကုလပုပ္ဖိယော (သျာ။), ဗကောလပုပ္ဖိယော (က။)] ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

အင်္ကောလပုပ္ဖိယတ္ထေရဿာပဒါနံ ဆဋ္ဌံ။

၃၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အင်္ကောလပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် အင်္ကောလပုပ္ဖိယတ္ထေရအပဒါန ပြီး၏။ ၁။ မှန်ကူပန်းလည်း ဟူ၏၊ အချို့မူတွင် ဝကုလဟု ရှိ၏၊ ခရေပန်းဟူလို။

၇။ သောဝဏ္ဏဝဋံသကိယတ္ထေရအပဒါနံ

၃၄။ ‘‘ဥယျာနဘူမိံ နိယျန္တော, အဒ္ဒသံ လောကနာယကံ၊

ဝဋံသကံ ဂဟေတွာန, သောဝဏ္ဏံ သာဓုနိမ္မိတံ။

၇-သောဝဏ္ဏဝဋံသကိယတ္ထေရအပဒါန ၃၄။ ငါသည် ဥယျာဥ်မြေသို့ ထွက်သွားလတ်သော် မြတ်စွာဘုရားကို ဖူးမြင်ရ၏၊ ထိုအခါ ကောင်းစွာ ဖန်ဆင်းမွမ်းမံအပ်သော ရွှေဖြင့် ပြီးသော ဦးဆောက်ပန်းကို ယူပြီးလျှင် -

၃၅။ ‘‘သီဃံ တတော သမာရုယှ, ဟတ္ထိက္ခန္ဓဂတော အဟံ၊

ဗုဒ္ဓဿ အဘိရောပေသိံ, သိခိနော လောကဗန္ဓုနော။

၃၅။ ဆင်ကျောက်ကုန်းထက်၌ ရောက်လျက်ရှိသော ငါသည် ထိုဆင်မှ လျင်မြန်စွာ သက် ဆင်း၍ လောက၏ အဆွေဖြစ်တော်မူသော သိခီမြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။

၃၆။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ပုပ္ဖမဘိရောပယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ပုပ္ဖပူဇာယိဒံ ဖလံ။

၃၆။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို တင်လှူပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၃၇။ ‘‘သတ္တဝီသေ ဣတော ကပ္ပေ, ဧကော အာသိံ ဇနာဓိပေါ၊

မဟာပတာပနာမေန, စက္ကဝတ္တီ မဟဗ္ဗလော။

၃၇။ ဤဘဒ္ဒကမ္ဘာမှ နှစ်ဆယ့်ခုနစ်ကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “မဟာပတာပ”မည်သော စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

စာ-၂၄၃

၃၈။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ သောဝဏ္ဏဝဋံသကိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

သောဝဏ္ဏဝဋံသကိယတ္ထေရဿာပဒါနံ သတ္တမံ။

၃၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သောဝဏ္ဏဝဋံသကိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် သောဝဏ္ဏဝဋံသကိယတ္ထေရအပဒါန ပြီး၏။

၈။ မိဉ္ဇဝဋံသကိယတ္ထေရအပဒါနံ

၃၉။ ‘‘နိဗ္ဗုတေ လောကနာထမှိ, သိခိမှိ ဝဒတံ ဝရေ၊

ဝဋံသကေဟိ အာကိဏ္ဏံ, ဗောဓိပူဇံ အကာသဟံ။

၈-မိဥ္ဇဝဋံသကိယတ္ထေရအပဒါန ၃၉။ တရားဟောပုဂ္ဂိလ်တို့တွင် အမြတ်ဆုံးဖြစ်တော်မူသော သိခီမြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံတော်မူသည်ရှိသော် ငါသည် ဦးဆောက်ပန်းတို့ဖြင့် ရောပြွမ်းလျက် (သရက်ဖြူ) မဟာဗောဓိပင်အား ပူဇော်ခြင်းကို ပြုခဲ့၏။

၄၀။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ပူဇမကရိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗောဓိပူဇာယိဒံ ဖလံ။

၄၀။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ခုမြောက်ကမ္ဘာထက်၌ ပန်းပူဇော်ခြင်းကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဗောဓိပင်ကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၄၁။ ‘‘ဣတော ဆဗ္ဗီသတိကပ္ပေ, အဟုံ မေဃဗ္ဘနာမကော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၄၁။ ဤဘဒ္ဒကမ္ဘာမှ နှစ်ဆယ့်ခြောက်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “မေဃဗ္ဘ”အမည်ရှိသော စကြဝတေးမင်း ဖြစ်ခဲ့၏။

၄၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ မိဉ္ဇဝဋံသကိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

မိဉ္ဇဝဋံသကိယတ္ထေရဿာပဒါနံ အဋ္ဌမံ။

၄၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်မိဉ္ဇဝဋံသကိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် မိဉ္ဇဝဋံသကိယတ္ထေရအပဒါန ပြီး၏။

၉။ သုကတာဝေဠိယတ္ထေရအပဒါနံ

၄၃။ ‘‘အသိတော နာမ နာမေန, မာလာကာရော အဟံ [အဟုံ (?)] တဒါ၊

အာဝေဠံ ပဂ္ဂဟေတွာန, ရညော ဒါတုံ ဝဇာမဟံ။

၉-သုကတာဝေဠိယတ္ထေရအပဒါန ၄၃။ ထိုအခါ၌ ငါသည် အမည်အားဖြင့် အသိတဟု ထင်ရှားသော ပန်းသည် ဖြစ်ခဲ့၏၊ ငါသည် နားသွယ်ပန်းကို ယူပြီးလျှင် ဘုရင်မင်းမြတ်အား ဆက်သခြင်းငှါ သွား၏။

၄၄။ ‘‘အသမ္ပတ္တောမှိ [အသမ္ပတ္တမှိ (သီ။), အသမ္ပတ္တောဝ (?)] ရာဇာနံ, အဒ္ဒသံ သိခိနာယကံ၊

ဟဋ္ဌော ဟဋ္ဌေန စိတ္တေန, ဗုဒ္ဓဿ အဘိရောပယိံ။

၄၄။ (ထိုအခါ) မင်းထံသို့ မရောက်မီ သိခီမြတ်စွာဘုရားကို ဖူးမြင်ရ၏၊ (ဖူးမြင်ရသည် ရှိသော်) ရွှင်လန်းသော ငါသည် ရွှင်လန်းသော စိတ်ဖြင့် သိခီမြတ်စွာဘုရားအား တင်လှူ ပူဇော်ခဲ့၏။

၄၅။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၄၅။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ နားသွယ်ပန်းကို တင်လှူပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

စာ-၂၄၄

၄၆။ ‘‘ပဉ္စဝီသေ ဣတော ကပ္ပေ, ရာဇာဟောသိံ မဟဗ္ဗလော၊

ဝေဘာရော နာမ နာမေန, စက္ကဝတ္တီ မဟဗ္ဗလော။

၄၆။ ဤဘဒ္ဒကမ္ဘာမှ နှစ်ဆယ့်ငါးကမ္ဘာထက်၌ အလွန်များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဝေဘာရ”အမည်ရှိသော စကြဝတေးမင်း ဖြစ်ခဲ့၏။

၄၇။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ သုကတာဝေဠိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

သုကတာဝေဠိယတ္ထေရဿာပဒါနံ နဝမံ။

၄၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သုကတာဝေဠိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် သုကတာဝေဠိယတ္ထေရအပဒါန ပြီး၏။

၁၀။ ဧကဝန္ဒနိယတ္ထေရအပဒါနံ

၄၈။ ‘‘ဥသဘံ ပဝရံ ဝီရံ, ဝေဿဘုံ ဝိဇိတာဝိနံ၊

ပသန္နစိတ္တော သုမနော, ဗုဒ္ဓသေဋ္ဌမဝန္ဒဟံ။

၁၀-ဧကဝန္ဒနိယတ္တေရအပဒါန ၄၈။ ငါသည် (အမျိုးအားဖြင့်) မြတ်သော (ဂုဏ်အားဖြင့်) မြတ်သော လုံ့လရှိတော် မူသော အောင်အပ်ပြီးသော ရန်ရှိတော်မူသော ဝေဿဘူမြတ်စွာဘုရားကို ကြည်ညိုဝမ်းမြောက် သော စိတ်ရှိသည်ဖြစ်၍ ရှိခိုး၏။

၄၉။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဝန္ဒနာယ ဣဒံ ဖလံ။

၄၉။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ (ရှိခိုးမှု) ကုသိုလ်ကံကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် (ဘုရား အား) ရှိခိုးရခြင်း၏ အကျိုးပေတည်း။

၅၀။ ‘‘စတုဝီသတိကပ္ပမှိ, ဝိကတာနန္ဒနာမကော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၅၀။ (ဤဘဒ္ဒကမ္ဘာမှ) နှစ်ဆယ့်လေးကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဝိကတာနန္ဒ”အမည်ရှိသော စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့ဖူး၏။

၅၁။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဧကဝန္ဒနိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဧကဝန္ဒနိယတ္ထေရဿာပဒါနံ ဒသမံ။

အာလမ္ဗဏဒါယကဝဂ္ဂေါ တေဝီသတိမော။

တဿုဒ္ဒါနံ –

အာလမ္ဗဏဉ္စ အဇိနံ, မံသဒါရက္ခဒါယကော၊

အဗျာဓိ အင်္ကောလံ [ဝကုလံ (သျာ။), ဗကုဠံ (က။)] သောဏ္ဏံ, မိဉ္ဇအာဝေဠဝန္ဒနံ၊

ပဉ္စပညာသ ဂါထာယော, ဂဏိတာ အတ္ထဒဿိဘိ။

၅၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဧကဝန္ဒနိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် ဧကဝန္ဒနိယတ္ထေရအပဒါန ပြီး၏။ နှစ်ဆယ့်သုံးခုမြောက် အာလမ္ဗဏဒါယကဝဂ် ပြီး၏။

စာ-၂၄၅

၂၄။ ဥဒကာသနဝဂ္ဂေါ

၁။ ဥဒကာသနဒါယကတ္ထေရအပဒါနံ

၁။ ‘‘အာရာမဒွါရာ နိက္ခမ္မ, ဖလကံ သန္ထရိံ အဟံ၊

ဥဒကဉ္စ ဥပဋ္ဌာသိံ, ဥတ္တမတ္ထဿ ပတ္တိယာ။

၂၄-ဥဒကာသနဝဂ် ၁-ဥဒကာသနဒါယကတ္ထေရအပဒါန ၁။ ငါသည် မြတ်သောအကျိုးကို ရခြင်းငှါ အရံတံခါးမှ ထွက်၍ ပျဥ်ချပ်ကို ခင်းခဲ့၏၊ သောက်ရေကိုလည်း တည်ထားခဲ့၏။

၂။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, အာသနေ စောဒကေ ဖလံ။

၂။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ကောင်းမှုကံကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် နေရာပျဥ်ခင်းခြင်း၊ သောက်ရေတည်ထားခြင်း၏ အကျိုးပေတည်း။

၃။ ‘‘ဣတော ပန္နရသေ ကပ္ပေ, အဘိသာမသမဝှယော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၃။ ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်ငါးကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “အဘိသာမ”အမည်ရှိသော စကြဝတေးမင်း ဖြစ်ခဲ့၏။

၄။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊

ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဥဒကာသနဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဥဒကာသနဒါယကတ္ထေရဿာပဒါနံ ပဌမံ။

၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဥဒကာသနဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော ဥဒကာသနဒါယကတ္ထေရအပဒါန ပြီး၏။

၂။ ဘာဇနပါလကတ္ထေရအပဒါနံ

၅။ ‘‘နဂရေ ဗန္ဓုမတိယာ, ကုမ္ဘကာရော အဟံ တဒါ၊

ဘာဇနံ အနုပါလေသိံ, ဘိက္ခုသံဃဿ တာဝဒေ။

၂-ဘာဇနပါလကတ္ထေရအပဒါန ၅။ ထိုအခါ ငါသည် ဗန္ဓုမတီမြို့၌ အိုးထိန်းသည် ဖြစ်ခဲ့၏၊ ထိုအခါ၌ ရဟန်းသံဃာ၏ သပိတ်ကို စောင့်ရှောက်ခဲ့၏။

၆။ ‘‘ဧကနဝုတိတော ကပ္ပေ, ဘာဇနံ အနုပါလယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဘာဇနဿ ဣဒံ ဖလံ။

၆။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ သပိတ်ကို စောင့်ရှောက်ခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သပိတ်ကို စောင့် ရှောက်ခဲ့ရခြင်း၏ အကျိုးပေတည်း။

၇။ ‘‘တေပညာသေ ဣတော ကပ္ပေ, အနန္တဇာလိနာမကော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၇။ ဤဘဒ္ဒကမ္ဘာမှ ငါးဆယ့်သုံးကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “အနန္တဇာလိ”အမည်ရှိသော စကြဝတေးမင်း ဖြစ်ခဲ့၏။

၈။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဘာဇနပါလကော [ဘာဇနဒါယကော (သီ။ သျာ။)] ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဘာဇနပါလကတ္ထေရဿာပဒါနံ ဒုတိယံ။

၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဘာဇနပါလကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် ဘာဇနပါလကတ္ထေရအပဒါန ပြီး၏။

စာ-၂၄၆

၃။ သာလပုပ္ဖိယတ္ထေရအပဒါနံ

၉။ ‘‘အရုဏဝတိယာ နဂရေ, အဟောသိံ ပူပိကော တဒါ၊

မမ ဒွါရေန ဂစ္ဆန္တံ, သိခိနံ အဒ္ဒသံ ဇိနံ။

၃-သာလပုပ္ဖိယတ္ထေရအပဒါန ၉။ ငါသည် အရုဏဝတီမြို့၌ မုန့်သည် ဖြစ်ခဲ့၏၊ ထိုအခါ ငါသည် မာရ်ငါးပါးကို အောင်တော်မူပြီးသော သိခီမြတ်စွာဘုရားကို ငါ၏ အိမ်တံခါး (အနီး) ၌ ကြွသွားတော်မူစဥ် ဖူးမြင်ခဲ့ရ၏။

၁၀။ ‘‘ဗုဒ္ဓဿ ပတ္တံ ပဂ္ဂယှ, သာလပုပ္ဖံ အဒါသဟံ၊

သမ္မဂ္ဂတဿ ဗုဒ္ဓဿ, ဝိပ္ပသန္နေန စေတသာ။

၁၀။ ငါသည် မြတ်စွာဘုရား၏ သပိတ်တော်ကို ယူပြီးလျှင် ကောင်းစွာ ကြွသွား တော်မူသော မြတ်စွာဘုရားအား ကြည်ညိုသော စိတ်ဖြင့် အင်ကြင်းပန်းကို ပေးလှူ၏။

အရင်းအမြစ်များ

မြန်မာပြန်
ပါဠိတော် မြန်မာပြန် — Ven. Ashin Neminda's MyanmarTipitaka Micro collection

ကျမ်းကိုးကား

  1. Vipassana Research Institute. (n.d.). 19. Kuṭajapupphiyavaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#506
  2. Vipassana Research Institute. (n.d.). 20. Tamālapupphiyavaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#507
  3. Vipassana Research Institute. (n.d.). 21. Kaṇikārapupphiyavaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#508
  4. Vipassana Research Institute. (n.d.). 22. Hatthivaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#509
  5. Vipassana Research Institute. (n.d.). 23. Ālambaṇadāyakavaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#510
  6. Vipassana Research Institute. (n.d.). 24. Udakāsanavaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#511