ဓမ္မလမ်း
← အပဒါနပါဠိ (ပ)

အပဒါနပါဠိ (ပ)

ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။

စာ-၂၄၆

၁၁။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ပုပ္ဖမဘိဒါသဟံ [ယံ ခဇ္ဇကမဒါသဟံ (သီ။), ယံ ခဇ္ဇမဘိဒါသဟံ (က။) သာလပုပ္ဖနာမကံ ခဇ္ဇကံ ဝါ ဘဝေယျ]၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, သာလပုပ္ဖဿိဒံ ဖလံ။

၁၁။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ငါသည် အင်ကြင်းပန်းကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အင်ကြင်း ပန်းကို ပေးလှူခဲ့ရခြင်း၏ အကျိုးပေတည်း။

၁၂။ ‘‘ဣတော စုဒ္ဒသကပ္ပမှိ, အဟောသိံ အမိတဉ္ဇလော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၁၂။ ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်လေးကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “အမိတဉ္ဇလ”မည်သော စကြာမင်း ဖြစ်ခဲ့၏။

၁၃။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ သာလပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

သာလပုပ္ဖိယတ္ထေရဿာပဒါနံ တတိယံ။

၁၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သာလပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် သာလပုပ္ဖိယတ္ထေရအပဒါန ပြီး၏။

၄။ ကိလဉ္ဇဒါယကတ္ထေရအပဒါနံ

၁၄။ ‘‘တိဝရာယံ ပုရေ ရမ္မေ, နဠကာရော အဟံ တဒါ၊

သိဒ္ဓတ္ထေ လောကပဇ္ဇောတေ, ပသန္နာ ဇနတာ တဟိံ။

၄-ကိလဥ္ဇဒါယကတ္ထေရအပဒါန ၁၄။ ထိုအခါ ငါသည် မွေ့လျော်ဖွယ်ကောင်းသော တိဝရာပြည်၌ ကျူထရံသည် ဖြစ်ခဲ့၏၊ ထိုအခါ လောက၌ ထွန်းလင်းတောက်ပတော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရား၌ ကြည်ညိုသော လူအပေါင်းသည်-

၁၅။ ‘‘ပူဇတ္ထံ လောကနာထဿ, ကိလဉ္ဇံ ပရိယေသတိ၊

ဗုဒ္ဓပူဇံ ကရောန္တာနံ, ကိလဉ္ဇံ အဒဒိံ အဟံ။

၁၅။ မြတ်စွာဘုရားအား ပူဇော်ခြင်းငှါ ဖျာကို ရှာဖွေလျက် ရှိ၏၊ ငါသည် မြတ်စွာဘုရားအား ပူဇော်မှုကို ပြုကုန်သော သူတို့အား ဖျာကို ပေးလှူခဲ့၏။

၁၆။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ကိလဉ္ဇဿ ဣဒံ ဖလံ။

၁၆။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ အကြင်ဖျာလှူခြင်းကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဖျာကို လှူရခြင်း၏ အကျိုးပေတည်း။

၁၇။ ‘‘သတ္တသတ္တတိကပ္ပမှိ, ရာဇာ အာသိံ ဇလဒ္ဓရော [ဇုတိန္ဓရော (သီ။)]၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၁၇။ ခုနစ်ဆယ့်ခုနစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ် သည့် ဗိုလ်ပါအင်အားရှိသော “ဇလဒ္ဓရ”မည်သော စကြာမင်း ဖြစ်ခဲ့၏။

၁၈။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ကိလဉ္ဇဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ကိလဉ္ဇဒါယကတ္ထေရဿာပဒါနံ စတုတ္ထံ။

၁၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ကိလဉ္ဇဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် ကိလဉ္ဇဒါယကတ္ထေရအပဒါန ပြီး၏။

စာ-၂၄၇

၅။ ဝေဒိကာရကတ္ထေရအပဒါနံ

၁၉။ ‘‘ဝိပဿိနော ဘဂဝတော, ဗောဓိယာ ပါဒပုတ္တမေ၊

ပသန္နစိတ္တော သုမနော, ကာရေသိံ ဝေဒိကံ အဟံ။

၅-ဝေဒိကာရကတ္ထေရအပဒါန ၁၉။ ငါသည် ဝိပဿီမြတ်စွာဘုရား၏ မြတ်သော သခွတ်ပင်ဗောဓိ၌ ကြည်ညိုဝမ်း မြောက်သော စိတ်ရှိသည်ဖြစ်၍ ပွတ်တိုင်ကို ပြုစေခဲ့၏။

၂၀။ ‘‘ဧကနဝုတိတော ကပ္ပေ, ကာရေသိံ ဝေဒိကံ အဟံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဝေဒိကာယ ဣဒံ ဖလံ။

၂၀။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ငါသည် ပွတ်တိုင်ကို ပြုစေခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပွတ်တိုင်ကို လှူရခြင်း၏ အကျိုးပေတည်း။

၂၁။ ‘‘ဣတော ဧကာဒသေ ကပ္ပေ, အဟောသိံ သူရိယဿမော၊

သတ္တရတ္တနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၂၁။ ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်တစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သူရိယဿမ”မည်သော စကြဝတေးမင်း ဖြစ်ခဲ့၏။

၂၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဝေဒိကာရကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဝေဒိကာရကတ္ထေရဿာပဒါနံ ပဉ္စမံ။

၂၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဝေဒိကာရကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် ဝေဒိကာရကတ္ထေရအပဒါန ပြီး၏။

၆။ ဝဏ္ဏကာရတ္ထေရအပဒါနံ

၂၃။ ‘‘နဂရေ အရုဏဝတိယာ, ဝဏ္ဏကာရော အဟံ တဒါ၊

စေတိယေ ဒုဿဘဏ္ဍာနိ, နာနာဝဏ္ဏံ ရဇေသဟံ [ရဇိံ အဟံ (က။), ရဇေမဟံ (သျာ။)]။

၆-ဝဏ္ဏကာရတ္ထေရအပဒါန ၂၃။ ထိုအခါ ငါသည် အရုဏဝတီမြို့၌ ပန်းဆိုးသမား ဖြစ်ခဲ့ဖူး၏၊ ငါသည် စေတီ၌ (ရှိသော) ပုဆိုးဘဏ္ဍာအဝတ်တို့ကို အရောင်အမျိုးမျိုးကို ဆိုးခဲ့၏။

၂၄။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ဝဏ္ဏံ ရဇယိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဝဏ္ဏဒါနဿိဒံ ဖလံ။

၂၄။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ အကြင်ဆေးရောင်ကို ဆိုးခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဆေးရောင်ကို လှူရခြင်း၏ အကျိုးပေတည်း။

၂၅။ ‘‘ဣတော တေဝီသတိကပ္ပေ, ဝဏ္ဏသမ [စန္ဒုပမ (သီ။), စန္ဒသမ (သျာ။)] သနာမကော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၂၅။ ဤဘဒ္ဒကမ္ဘာမှ နှစ်ဆယ့်သုံးကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဝဏ္ဏသမ”အမည်ရှိသော စကြဝတေးမင်း ဖြစ်ခဲ့ဖူး၏။

၂၆။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဝဏ္ဏကာရော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဝဏ္ဏကာရတ္ထေရဿာပဒါနံ ဆဋ္ဌံ။

၂၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဝဏ္ဏကာရမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် ဝဏ္ဏကာရတ္ထေရအပဒါန ပြီး၏။

စာ-၂၄၈

၇။ ပိယာလပုပ္ဖိယတ္ထေရအပဒါနံ

၂၇။ ‘‘မိဂလုဒ္ဒေါ ပုရေ အာသိံ, အရညေ ကာနနေ အဟံ၊

ပိယာလံ ပုပ္ဖိတံ ဒိသွာ, ဂတမဂ္ဂေ ခိပိံ အဟံ။

၇-ပိယာလပုပ္ဖိယတ္ထေရအပဒါန ၂၇။ ရှေးအခါက ငါသည် ငှက်စသည်တို့၏ တွန်မြူးရာဖြစ်သော တော၌ သားမုဆိုး ဖြစ်ခဲ့၏၊ ထိုအခါ ပွင့်နေသော လွန်ပင်ကို မြင်၍ ဆွတ်ခူးပြီးလျှင် ငါသည် မြတ်စွာဘုရား ကြွတော်မူရာ ခရီး၌ ပစ်ချပူဇော်ခဲ့၏။

၂၈။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၂၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို ပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်း ပူဇော်ခြင်း၏ အကျိုးပေတည်း။

၂၉။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ပိယာလပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ပိယာလပုပ္ဖိယတ္ထေရဿာပဒါနံ သတ္တမံ။

၂၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပိယာလပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် ပိယာလပုပ္ဖိယတ္ထေရအပဒါန ပြီး၏။

၈။ အမ္ဗယာဂဒါယကတ္ထေရအပဒါနံ

၃၀။ ‘‘သကေ သိပ္ပေ အပတ္ထဒ္ဓေါ, အဂမံ ကာနနံ အဟံ၊

သမ္ဗုဒ္ဓံ ယန္တံ ဒိသွာန, အမ္ဗယာဂံ အဒါသဟံ။

၈-အမ္ဗယာဂဒါယကတ္ထေရအပဒါန ၃၀။ မိမိအတတ်ပညာ၌ ကျွမ်းကျင်သော ငါသည် တောသို့ သွားခဲ့၏၊ (ထိုအခါ) ငါသည် မြတ်စွာဘုရား ကြွသွားတော်မူစဥ် ဖူးမြင်ရ၍ သရက်သီးအလှူကို လှူခဲ့၏။

၃၁။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ဒါနမဒဒိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, အမ္ဗယာဂဿိဒံ ဖလံ။

၃၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ သရက်သီးအလှူကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သရက်သီး ကို လှူရခြင်း၏ အကျိုးပေတည်း။

၃၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ အမ္ဗယာဂဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

အမ္ဗယာဂဒါယကတ္ထေရဿာပဒါနံ အဋ္ဌမံ။

၃၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အမ္ဗယာဂဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် အမ္ဗယာဂဒါယကတ္ထေရအပဒါန ပြီး၏။

၉။ ဇဂတိကာရကတ္ထေရအပဒါနံ

၃၃။ ‘‘နိဗ္ဗုတေ လောကနာထမှိ, အတ္ထဒဿိ နရုတ္တမေ၊

ဇဂတီ ကာရိတာ မယှံ, ဗုဒ္ဓဿ ထူပမုတ္တမေ။

၉-ဇဂတိကာရကတ္ထေရအပဒါန ၃၃။ လူတို့ထက် မြတ်တော်မူသော အတ္ထဒဿီမြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံတော်မူ သည်ရှိသော် မြတ်စွာဘုရား၏ စေတီတော်မြတ်၌ အကျည် (ပန်းတင်ခုံ) မြှင့်ခြင်းကို ပြုလုပ်ပြင် ဆင်ခဲ့၏။

၃၄။ ‘‘အဋ္ဌာရသေ ကပ္ပသတေ, ယံ ကမ္မမကရိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဇဂတိယာ ဣဒံ ဖလံ။

၃၄။ တစ်ထောင့်ရှစ်ရာကမ္ဘာထက်၌ ကောင်းမှုကံကို ပြုလုပ်ခဲ့ရသော အခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အကျည် (ပန်းတင်ခုံ) ပြုပြင်ရ ခြင်း၏ အကျိုးပေတည်း။

စာ-၂၄၉

၃၅။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဇဂတိကာရကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဇဂတိကာရကတ္ထေရဿာပဒါနံ နဝမံ။

၃၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဇဂတိကာရကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် ဇဂတိကာရကတ္ထေရအပဒါန ပြီး၏။

၁၀။ ဝါသိဒါယကတ္ထေရအပဒါနံ

၃၆။ ‘‘ကမ္မာရောဟံ ပုရေ အာသိံ, တိဝရာယံ ပုရုတ္တမေ၊

ဧကာ ဝါသိ မယာ ဒိန္နာ, သယမ္ဘုံ အပရာဇိတံ [သယမ္ဘုမှိပရာဇိတေ (?)]။

၁၀-ဝါသိဒါယကတ္ထေရအပဒါန ၃၆။ ရှေးအခါက ငါသည် တိဝရာပြည်မြတ်၌ ပန်းပဲသမား ဖြစ်ခဲ့၏၊ ငါသည် ရန်သူတို့သည် မအောင်အပ်သော မြတ်စွာဘုရားအား ပဲခွပ်တစ်ခုကို ပေးလှူခဲ့၏။

၃၇။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ဝါသိမဒဒိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဝါသိဒါနဿိဒံ ဖလံ။

၃၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ပဲခွပ်ကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပဲခွပ်လှူရခြင်း၏ အကျိုးပေတည်း။

၃၈။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဝါသိဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဝါသိဒါယကတ္ထေရဿာပဒါနံ ဒသမံ။

ဥဒကာသနဝဂ္ဂေါ စတုဝီသတိမော။

တဿုဒ္ဒါနံ –

ဥဒကာသနဘာဇနံ, သာလပုပ္ဖီ ကိလဉ္ဇကော၊

ဝေဒိကာ ဝဏ္ဏကာရော စ, ပိယာလအမ္ဗယာဂဒေါ၊

ဇဂတီ ဝါသိဒါတာ စ, ဂါထာ တိံသ စ အဋ္ဌ စ။

၃၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဝါသိဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် ဝါသိဒါယကတ္ထေရအပဒါန ပြီး၏။ နှစ်ဆယ့်လေးခုမြောက် ဥဒကာသနဝဂ် ပြီး၏။

စာ-၂၅၀

၂၅။ တုဝရဒါယကဝဂ္ဂေါ

၁။ တုဝရဒါယကတ္ထေရအပဒါနံ

၁။ ‘‘မိဂလုဒ္ဒေါ ပုရေ အာသိံ, အရညေ ကာနနေ အဟံ၊

ဘရိတွာ တုဝရမာဒါယ [ဘရိတွာ တုရဝမာဒါယ (က။), ဘဇ္ဇိတံ တုဝရမာဒါယ (?) ဧတ္ထ တုဝရန္တိ မုဂ္ဂကလာယသဒိသံ တုဝရဋ္ဌိန္တိ တဒဋ္ဌကထာ၊ တုဝရော ဓညဘေဒေတိ သက္ကတာဘိဓာနေ], သံဃဿ အဒဒိံ အဟံ။

၂၅-တုဝရဒါယကဝဂ် ၁-တုဝရဒါယကတ္ထေရအပဒါန ၁။ ငါသည် ရှေးအခါက ငှက်စသည်တို့၏ တွန်မြူးရာဖြစ်သော တော၌ သားမုဆိုး ဖြစ်ခဲ့၏၊ (ထိုအခါ) ငါသည် ကတုံကနက်စေ့၁ကို ယူ၍ လှော်ပြီးလျှင် သံဃာအား ပေးလှူခဲ့၏။

၂။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ဒါနမဒဒိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, တုဝရဿ ဣဒံ ဖလံ။

၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ကတုံကနက်စေ့ကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ကတုံကနက်စေ့ကို လှူရခြင်း၏ အကျိုးပေတည်း။

၃။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊

ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ တုဝရဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

တုဝရဒါယကတ္ထေရဿာပဒါနံ ပဌမံ။

၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်တုဝရဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော တုဝရဒါယကတ္ထေရအပဒါန ပြီး၏။ ၁။ အင်္ဂတိုင်းရှိ တုဝရမြစ်အနီး၌ ပေါက်ရောက်သော အစေ့ ဖြစ်သည်၊ ကတုံကနက်စေ့လည်း ဟူလို။ အဋ္ဌကထာ၌ ‘မုဂ္ဂကလာယ သဒိသ’ဟု ဖွင့်သဖြင့် ပဲနောက်, ကုလားပဲတို့နှင့် တူသော ပဲစေ့တစ်မျိုးဟု ယူဆရ၏။

၂။ နာဂကေသရိယတ္ထေရအပဒါနံ

၄။ ‘‘ဓနုံ အဒွေဇ္ဈံ ကတွာန, ဝနမဇ္ဈောဂဟိံ အဟံ၊

ကေသရံ ဩဂတံ [ဩသရံ (သျာ။), ဩသဋံ (သီ။)] ဒိသွာ, ပတပတ္တံ သမုဋ္ဌိတံ။

၂-နာဂကေသရိယတ္ထေရအပဒါန ၄။ ငါသည် လေးကို ညှို့နှင့် တစ်ပေါင်းတည်း ပြုလုပ်၍ တောသို့ ဝင်ခဲ့၏၊ (ထိုအခါ) အောက်သို့ အရွက်ကြွေကျ၍ ကောင်းစွာ ပေါက်သော ကံ့ကော်ဝတ်ဆံကို မြင်၍ -

၅။ ‘‘ဥဘော ဟတ္ထေဟိ ပဂ္ဂယှ, သိရေ ကတွာန အဉ္ဇလိံ၊

ဗုဒ္ဓဿ အဘိရောပေသိံ, တိဿဿ လောကဗန္ဓုနော။

၅။ လက်နှစ်ဖက်တို့ဖြင့် ယူပြီးလျှင် ဦးခေါင်းထက်၌ လက်အုပ်ချီလျက် လောက၏ အဆွေဖြစ်တော်မူသော တိဿမြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။

၆။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၆။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ပန်းတင်ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်း ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၇။ ‘‘တေသတ္တတိမှိ ကပ္ပမှိ [သတ္တသတ္တတိမေ ကပ္ပေ (သျာ။)], သတ္တ ကေသရနာမကာ၊

သတ္တရတနသမ္ပန္နာ, စက္ကဝတ္တီ မဟဗ္ဗလာ။

၇။ ခုနစ်ဆယ့်သုံးကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ကေသရ”အမည်ရှိကုန်သော စကြဝတေးမင်းတို့သည် ခုနစ်ကြိမ်တိုင် တိုင် ဖြစ်ခဲ့ဖူးကုန်၏။

၈။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ နာဂကေသရိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

နာဂကေသရိယတ္ထေရဿာပဒါနံ ဒုတိယံ။

၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်နာဂကေသရိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် နာဂကေသရိယတ္ထေရအပဒါန ပြီး၏။

စာ-၂၅၁

၃။ နဠိနကေသရိယတ္ထေရအပဒါနံ

၉။ ‘‘ဇာတဿရဿ ဝေမဇ္ဈေ, ဝသာမိ ဇလကုက္ကုဋော၊

အဒ္ဒသာဟံ [အထဒ္ဒသံ (သီ။ သျာ။)] ဒေဝဒေဝံ, ဂစ္ဆန္တံ အနိလဉ္ဇသေ။

၃-နဠိနကေသရိယတ္ထေရအပဒါန ၉။ ငါသည် ဇာတဿရရေအိုင်၏ အလယ်၌ ရေကြက် ဖြစ်၍ နေ၏၊ (ထိုအခါ) ငါသည် နတ်ထက်နတ် ဖြစ်တော်မူသော မြတ်စွာဘုရားကို ကောင်းကင်၌ ကြွသွားတော်မူစဥ် ဖူးမြင်ရ၏။

၁၀။ ‘‘တုဏ္ဍေန ကေသရိံ [ကေသရံ (သျာ။)] ဂယှ, ဝိပ္ပသန္နေန စေတသာ၊

ဗုဒ္ဓဿ အဘိရောပေသိံ, တိဿဿ လောကဗန္ဓုနော။

၁၀။ (ဖူးမြင်ရသော်) နှုတ်သီးဖြင့် ကြာပန်းကို ယူပြီးလျှင် အထူးကြည်လင်သော စိတ်ဖြင့် လောက၏ အဆွေဖြစ်တော်မူသော တိဿမြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။

၁၁။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၁၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ပန်းတင်ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၁၂။ ‘‘တေသတ္တတိမှိ ကပ္ပမှိ, သတ္တ ကေသရနာမကာ [သတပတ္တသနာမကော (သီ။ သျာ။)]၊

သတ္တရတနသမ္ပန္နာ, စက္ကဝတ္တီ မဟဗ္ဗလာ။

၁၂။ ခုနစ်ဆယ့်သုံးကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ကေသရ”မည်သော စကြဝတေးမင်းတို့သည် ခုနစ်ကြိမ်တိုင်တိုင် ဖြစ်ခဲ့ ဖူးကုန်၏။

၁၃။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ နဠိနကေသရိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

နဠိနကေသရိယတ္ထေရဿာပဒါနံ တတိယံ။

၁၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်နဠိနကေသရိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် နဠိနကေသရိယတ္ထေရအပဒါန ပြီး၏။

၄။ ဝိရဝပုပ္ဖိယတ္ထေရအပဒါနံ

၁၄။ ‘‘ခီဏာသဝသဟဿေဟိ, နိယျာတိ လောကနာယကော၊

ဝိရဝပုပ္ဖမာဒါယ [ဝိရဝိပုပ္ဖံ ပဂ္ဂယှ (သီ။)], ဗုဒ္ဓဿ အဘိရောပယိံ။

၄-ဝိရဝပုပ္ဖိယတ္ထေရအပဒါန ၁၄။ မြတ်စွာဘုရားသည် ရဟန္တာတစ်ထောင်တို့နှင့် တကွ ကြွသွားတော်မူ၏၊ (ထိုအခါ) ငါသည် ဝိရဝမည်သော ပန်းကို ယူ၍ မြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။

၁၅။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၁၅။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပန်းပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော် ရခြင်း၏ အကျိုးပေတည်း။

၁၆။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဝိရဝပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဝိရဝပုပ္ဖိယတ္ထေရဿာပဒါနံ စတုတ္ထံ။

၁၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဝိရဝပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် ဝိရဝပုပ္ဖိယတ္ထေရအပဒါန ပြီး၏။

စာ-၂၅၂

၅။ ကုဋိဓူပကတ္ထေရအပဒါနံ

၁၇။ ‘‘သိဒ္ဓတ္ထဿ ဘဂဝတော, အဟောသိံ ကုဋိဂေါပကော၊

ကာလေန ကာလံ ဓူပေသိံ, ပသန္နော သေဟိ ပါဏိဘိ။

၅-ကုဋိဓူပကတ္ထေရအပဒါန ၁၇။ ငါသည် သိဒ္ဓတ္ထမြတ်စွာဘုရား၏ ဂန္ဓကုဋိတိုက်စောင့် ဖြစ်ခဲ့၏၊ ငါသည် ကြည်ညို သည်ဖြစ်၍ အခါအားလျော်စွာ မိမိလက်တို့ဖြင့် နံ့သာအခိုးလွှတ်၍ ပူဇော်ခဲ့၏။

၁၈။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဓူပဒါနဿိဒံ [ဗုဒ္ဓပူဇာယိဒံ (သီ။)] ဖလံ။

၁၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ နံ့သာအခိုးထုံမှုကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် နံ့သာအခိုးကို ပေးလှူခဲ့ရခြင်း၏ အကျိုးပေတည်း။

၁၉။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ကုဋိဓူပကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ကုဋိဓူပကတ္ထေရဿာပဒါနံ ပဉ္စမံ။

၁၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ကုဋိဓူပကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် ကုဋိဓူပကတ္ထေရအပဒါန ပြီး၏။

၆။ ပတ္တဒါယကတ္ထေရအပဒါနံ

၂၀။ ‘‘ပရမေန ဒမထေန, သိဒ္ဓတ္ထဿ မဟေသိနော၊

ပတ္တဒါနံ မယာ ဒိန္နံ, ဥဇုဘူတဿ တာဒိနော။

၆-ပတ္တဒါယကတ္ထေရအပဒါန ၂၀။ ကိုယ်နှုတ်နှလုံးကို လွန်စွာ ဆုံးမတော်မူသဖြင့် ဖြောင့်မတ်သည် ဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားအား ငါသည် သပိတ်အလှူကို ပေးလှူခဲ့၏။

၂၁။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ဒါနမဒဒိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ပတ္တဒါနဿိဒံ ဖလံ။

၂၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ သပိတ်လှူဒါန်းခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် သပိတ်ကို လှူရခြင်း၏ အကျိုးပေတည်း။

၂၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ပတ္တဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ပတ္တဒါယကတ္ထေရဿာပဒါနံ ဆဋ္ဌံ။

၂၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပတ္တဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် ပတ္တဒါယကတ္ထေရအပဒါန ပြီး၏။

၇။ ဓာတုပူဇကတ္ထေရအပဒါနံ

၂၃။ ‘‘နိဗ္ဗုတေ လောကနာထမှိ, သိဒ္ဓတ္ထမှိ နရုတ္တမေ၊

ဧကာ ဓာတု မယာ လဒ္ဓါ, ဒွိပဒိန္ဒဿ တာဒိနော။

၇-ဓာတုပူဇကတ္ထေရအပဒါန ၂၃။ လူတို့ထက် မြတ်တော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံတော်မူသည် ရှိသော် အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရသည်ဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူ သော မြတ်စွာဘုရား၏ ဓါတ်တော်တစ်ဆူကို ငါသည် ရခဲ့၏။

၂၄။ ‘‘တာဟံ ဓာတုံ ဂဟေတွာန, ဗုဒ္ဓဿာဒိစ္စဗန္ဓုနော၊

ပဉ္စဝဿေ ပရိစရိံ, တိဋ္ဌန္တံဝ နရုတ္တမံ။

၂၄။ ငါသည် နေမင်း၏ အဆွေဖြစ်တော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရား၏ ထိုဓာတ်တော်ကို ယူပြီးလျှင် သက်တော်ထင်ရှားရှိသော မြတ်စွာဘုရားကဲ့သို့ ငါးနှစ်တို့ပတ်လုံး လုပ်ကျွေးခဲ့၏။

စာ-၂၅၃

၂၅။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ဓာတုံ ပူဇယိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဓာတုပဋ္ဌဟနေ ဖလံ။

၂၅။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ဓာတ်တော်ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဓာတ်တော်ကို လုပ်ကျွေးပူဇော်ရခြင်း၏ အကျိုးပေတည်း။

၂၆။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဓာတုပူဇကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဓာတုပူဇကတ္ထေရဿာပဒါနံ သတ္တမံ။

၂၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဓာတုပူဇကထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် ဓာတုပူဇကတ္ထေရအပဒါန ပြီး၏။

၈။ သတ္တလိပုပ္ဖပူဇကတ္ထေရအပဒါနံ

၂၇။ ‘‘သတ္တ သတ္တလိပုပ္ဖါနိ, သီသေ ကတွာနဟံ တဒါ၊

ဗုဒ္ဓဿ အဘိရောပေသိံ, ဝေဿဘုမှိ နရုတ္တမေ [ဝိဘတ္တိဝိပလ္လာသော စိန္တေတဗ္ဗော]။

၈-သတ္တလိပုပ္ဖပူဇကတ္ထေရအပဒါန ၂၇။ ထိုအခါ ငါသည် မိုးစွေပန်း ခုနစ်ပွင့်တို့ကို ဦးခေါင်း၌ တင်ပြီးလျှင် လူတို့ထက် မြတ်တော်မူသော ဝေဿဘူမြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။

၂၈။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၂၈။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ မိုးစွေပန်းပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၂၉။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ သတ္တလိပုပ္ဖပူဇကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

သတ္တလိပုပ္ဖပူဇကတ္ထေရဿာပဒါနံ အဋ္ဌမံ။

၂၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သတ္တလိပုပ္ဖပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် သတ္တလိပုပ္ဖပူဇကတ္ထေရအပဒါန ပြီး၏။

၉။ ဗိမ္ဗိဇာလိယတ္ထေရအပဒါနံ

၃၀။ ‘‘ပဒုမုတ္တရော နာမ ဇိနော, သယမ္ဘူ အဂ္ဂပုဂ္ဂလော၊

စတုသစ္စံ ပကာသေတိ, ဒီပေတိ အမတံ ပဒံ။

၉-ဗိမ္ဗိဇာလိယတ္ထေရအပဒါန ၃၀။ မိမိအလိုလို ဖြစ်၍ အမြတ်ဆုံး ပုဂ္ဂိုလ်လည်းဖြစ်သော ပဒုမုတ္တရမြတ်စွာဘုရားသည် သစ္စာလေးပါးကို ဖော်ပြတော်မူ၏၊ အမြိုက်နိဗ္ဗာန်ကိုလည်း ထွန်းပြတော်မူ၏။

၃၁။ ‘‘ဗိမ္ဗိဇာလကပုပ္ဖါနိ [ဗိမ္ဗဇာလကပုပ္ဖါနိ (က။)], ပုထု ကတွာနဟံ တဒါ၊

ဗုဒ္ဓဿ အဘိရောပေသိံ, ဒွိပဒိန္ဒဿ တာဒိနော။

၃၁။ ထိုအခါ၌ ငါသည် လိပ်ဆူးရွှေပွင့်တို့ကို အမျိုးမျိုးပြု၍ အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရတော်မူသည်ဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။

၃၂။ ‘‘အဋ္ဌသဋ္ဌိမှိတော ကပ္ပေ, စတုရော ကိဉ္ဇကေသရာ၊

သတ္တရတနသမ္ပန္နာ, စက္ကဝတ္တီ မဟဗ္ဗလာ။

၃၂။ ဤဘဒ္ဒကမ္ဘာမှ ခြောက်ဆယ့်ရှစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ကိဉ္ဇကေသရ”မည်သော စကြဝတေးမင်းတို့သည် လေးကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးကုန်၏။

စာ-၂၅၄

၃၃။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဗိမ္ဗိဇာလိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဗိမ္ဗိဇာလိယတ္ထေရဿာပဒါနံ နဝမံ။

၃၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဗိမ္ဗိဇာလိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် ဗိမ္ဗိဇာလိယတ္ထေရအပဒါန ပြီး၏။

၁၀။ ဥဒ္ဒါလကဒါယကတ္ထေရအပဒါနံ

၃၄။ ‘‘ကကုဓော နာမ နာမေန, သယမ္ဘူ အပရာဇိတော၊

ပဝနာ နိက္ခမိတွာန, အနုပ္ပတ္တော မဟာနဒိံ။

၁၀-ဥဒ္ဒါလကဒါယကတ္ထေရအပဒါန ၃၄။ ရန်သူတို့သည် မအောင်အပ်သော ကကုဓမည်သော ပစ္စေကဗုဒ္ဓါ ဘုရားသည် တောမှ ထွက်၍ မြစ်ကြီးသို့ (မဟာနဒီမြစ်သို့) အစဥ်ရောက်တော်မူ၏။

၃၅။ ‘‘ဥဒ္ဒါလကံ ဂဟေတွာန, သယမ္ဘုဿ အဒါသဟံ၊

သံယတဿုဇုဘူတဿ, ပသန္နမာနသော အဟံ။

၃၅။ ထိုအခါ ငါသည် ငုရွှေပန်းကို ယူပြီးလျှင် ဖြောင့်မတ်စွာ စောင့်စည်းတော်မူသော မြတ်စွာဘုရားအား ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ပေးလှူခဲ့၏။

၃၆။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ပုပ္ဖဒါနဿိဒံ ဖလံ။

၃၆။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ငုရွှေပန်းကို ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပန်းလှူရခြင်း၏ အကျိုးပေတည်း။

၃၇။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဥဒ္ဒါလကဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဥဒ္ဒါလကဒါယကတ္ထေရဿာပဒါနံ ဒသမံ။

တုဝရဒါယကဝဂ္ဂေါ ပဉ္စဝီသတိမော။

တဿုဒ္ဒါနံ –

တုဝရနာဂနဠိနာ, ဝိရဝီ ကုဋိဓူပကော၊

ပတ္တော ဓာတုသတ္တလိယော, ဗိမ္ဗိ ဥဒ္ဒါလကေန စ၊

သတ္တတိံသတိ ဂါထာယော, ဂဏိတာယော ဝိဘာဝိဘိ။

၃၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဥဒ္ဒါလကဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် ဥဒ္ဒါလကဒါယကတ္ထေရအပဒါန ပြီး၏။ နှစ်ဆယ့်ငါးခုမြောက် တုဝရဒါယကဝဂ် ပြီး၏။ ၁။ “ကကုသန္ဓဿ ဘဂဝတော”ဟု အဋ္ဌကထာ ဆို၏၊ သုံးဆယ့်တစ်ကမ္ဘာထက်၌ဟူသော စကားနှင့် ဆန့်ကျင်လှသည်။ “သယမ္ဘူ အပရာဇိတော”ဟူသော ပုဒ်ကို ဘုရားဟုသာ ပေးသင့်သည်၊ ကကုဓဘုရားဟူ၍ မရှိသဖြင့် ဤ၌ ပစ္စေကဗုဒ္ဓါဟုသာ ထားသည်။

စာ-၂၅၅

၂၆။ ထောမကဝဂ္ဂေါ

၁။ ထောမကတ္ထေရအပဒါနံ

၁။ ‘‘ဒေဝလောကေ ဌိတော သန္တော, ဝိပဿိဿ မဟေသိနော၊

ဓမ္မံ သုဏိတွာ မုဒိတော, ဣမံ ဝါစံ အဘာသဟံ။

၂၆-ထောမကဝဂ် ၁-ထောမကတ္ထေရအပဒါန ၁။ ငါသည် နတ်ပြည်၌ တည်ရှိစဥ် ဝိပဿီမြတ်စွာဘုရား၏ တရားတော်ကို နာယူခဲ့၍ ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်ရကား ဤဆိုလတ္တံ့သော စကားကို မြွက်ဆိုခဲ့၏-

၂။ ‘‘‘နမော တေ ပုရိသာဇည, နမော တေ ပုရိသုတ္တမ၊

ဗဟုဇ္ဇနံ [ဗဟုံ ဇနံ (သီ။)] တာရယသိ, ဒေသေန္တော အမတံ ပဒံ’။

၂။ ယောကျာ်းအာဇာနည် ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ ယောကျာ်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ အရှင်ဘုရား သည် သေခြင်းကင်းသော နိဗ္ဗာန်ကို ဟောတော်မူလျက် လူများအပေါင်းကို ကယ်တင်တော်မူပါပေ၏။

၃။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ဝါစမဘဏိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ထောမနာယ ဣဒံ ဖလံ။

၃။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ချီးကျူးစကားကို ပြောဆိုခဲ့ရသော အခါမှ စ၍အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် (ဘုရားကို) ချီးကျူးရခြင်း၏ အကျိုးပေတည်း။

၄။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊

ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ထောမကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ထောမကတ္ထေရဿာပဒါနံ ပဌမံ။

၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ထောမကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော ထောမကတ္ထေရအပဒါန ပြီး၏။

၂။ ဧကာသနဒါယကတ္ထေရအပဒါနံ

၅။ ‘‘ဝိဇဟိတွာ ဒေဝဝဏ္ဏံ, သဘရိယော ဣဓာဂမိံ၊

အဓိကာရံ ကတ္တုကာမော, ဗုဒ္ဓသေဋ္ဌဿ သာသနေ။

၂-ဧကာသနဒါယကတ္ထေရအပဒါန ၅။ ငါသည် ပဒုမုတ္တရမြတ်စွာဘုရား၏ သာသနာတော်၌ လွန်ကဲသော ကုသိုလ်ကောင်းမှု ကို ပြုလိုသည်ဖြစ်၍ နတ်၏ အသွင်ကို စွန့်၍ မယားနှင့်တကွ ဤလူ့ပြည်သို့ လာခဲ့၏။

၆။ ‘‘ဒေဝလော နာမ နာမေန, ပဒုမုတ္တရသာဝကော၊

တဿ ဘိက္ခာ မယာ ဒိန္နာ, ဝိပ္ပသန္နေန စေတသာ။

၆။ (ထိုအခါ) ဒေဝလအမည်ဖြင့် ထင်ရှားသော ပဒုမုတ္တရမြတ်စွာဘုရား၏ တပည့်သာဝက သည် ရှိ၏၊ ထိုမထေရ်အား ငါသည် အလွန်ကြည်လင်သော စိတ်ဖြင့် ဆွမ်းကို လှူဒါန်းခဲ့၏။

၇။ ‘‘သတသဟဿိတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ပိဏ္ဍပါတဿိဒံ ဖလံ။

၇။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ကုသိုလ်ကောင်းမှုကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဆွမ်းလှူရခြင်း၏ အကျိုးပေတည်း။

၈။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဧကာသနဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဧကာသနဒါယကတ္ထေရဿာပဒါနံ ဒုတိယံ။

၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဧကာသနဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် ဧကာသနဒါယကတ္ထေရအပဒါန ပြီး၏။

စာ-၂၅၆

၃။ စိတကပူဇကတ္ထေရအပဒါနံ

၉။ ‘‘အာနန္ဒော နာမ သမ္ဗုဒ္ဓေါ, သယမ္ဘူ အပရာဇိတော၊

အရညေ ပရိနိဗ္ဗာယိ, အမနုဿမှိ ကာနနေ။

၃-စိတကပူဇကတ္ထေရအပဒါန ၉။ မိမိအလိုလို ဖြစ်တော်မူသော ရန်သူတို့သည် မအောင်အပ်သော အာနန္ဒာမည်သော ပစ္စေကဗုဒ္ဓါသည် လူသူမရှိသော ငှက်တို့၏ တွန်မြည်ရာဖြစ်သော တောအတွင်း၌ ပရိနိဗ္ဗာန် စံတော်မူ၏။

၁၀။ ‘‘ဒေဝလောကာ ဣဓာဂန္တွာ, စိတံ ကတွာနဟံ တဒါ၊

သရီရံ တတ္ထ ဈာပေသိံ, သက္ကာရဉ္စ အကာသဟံ။

၁၀။ ထိုအခါ ငါသည် နတ်ပြည်မှ ဤလူ့ပြည်သို့ လာ၍ ထိုအရပ်၌ ထင်းပုံကို ပြုလုပ်ပြီး လျှင် အလောင်းတော်ကို မီးသင်္ဂြိုဟ်ခဲ့၏၊ ငါသည် ပူဇော်မှုကိုလည်း ပြုခဲ့၏။

၁၁။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၁၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ကုသိုလ်ကောင်းမှုကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပစ္စေကဗုဒ္ဓါအား ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၁၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ စိတကပူဇကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

စိတကပူဇကတ္ထေရဿာပဒါနံ တတိယံ။

၁၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်စိတကပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် စိတကပူဇကတ္ထေရအပဒါန ပြီး၏။

၄။ တိစမ္ပကပုပ္ဖိယတ္ထေရအပဒါနံ

၁၃။ ‘‘ဟိမဝန္တဿာဝိဒူရေ, ဝိကတော [ဝိကနော (သီ။ သျာ။)] နာမ ပဗ္ဗတော၊

တဿ ဝေမဇ္ဈေ ဝသတိ, သမဏော ဘာဝိတိန္ဒြိယော။

၄-တိစမ္ပကပုပ္ဖိယတ္ထေရအပဒါန ၁၃။ ဟိမဝန္တာတောင်၏ အနီး၌ ဝိကတမည်သော တောင်သည် ရှိ၏၊ ထိုတောင်၏ အလယ်၌ ပွါးများအပ်ပြီးသော ဣန္ဒြေရှိသော ရဟန်းသည် သီတင်းသုံးတော်မူ၏။

၁၄။ ‘‘ဒိသွာန တဿောပသမံ, ဝိပ္ပသန္နေန စေတသာ၊

တီဏိ စမ္ပကပုပ္ဖါနိ, ဂဟေတွာန သမောကိရိံ။

၁၄။ ငါသည် ထိုရဟန်း၏ ငြိမ်သက်ခြင်းကို ဖူးမြင်ရ၍ အလွန်ကြည်လင်သောစိတ်ဖြင့် စကားဝါပန်းသုံးပွင့်ကို ယူ၍ ကြဲမြှောက် (ပူဇော်) ခဲ့၏။

၁၅။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၁၅။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ စကားဝါပန်းကို ပူဇော်ခဲ့ရသော အခါမှ စ၍ ငါသည် အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပန်း ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၁၆။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ တိစမ္ပကပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

တိစမ္ပကပုပ္ဖိယတ္ထေရဿာပဒါနံ စတုတ္ထံ။

၁၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်တိစမ္ပကပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် တိစမ္ပကပုပ္ဖိယတ္ထေရအပဒါန ပြီး၏။

၅။ သတ္တပါဋလိယတ္ထေရအပဒါနံ

၁၇။ ‘‘ကဏိကာရံဝ ဇောတန္တံ, နိသိန္နံ ပဗ္ဗတန္တရေ၊

သတ္တ ပါဋလိပုပ္ဖါနိ, ဗုဒ္ဓဿ အဘိရောပယိံ။

၅-သတ္တပါဋလိယတ္ထေရအပဒါန ၁၇။ ‘မဟာလှေကားပန်းကဲ့သို့’ တောက်ပတော်မူသော, တောင်ကြား၌ သီတင်းသုံးတော် မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၏၊ ထိုအခါ ငါသည် မြတ်စွာဘုရားအား သခွတ်ပန်း ခုနစ်ပွင့်တို့ကို တင်လှူခဲ့၏။

စာ-၂၅၇

၁၈။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိရောပယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၁၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ပန်းကို တင်လှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၁၉။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ သတ္တပါဋလိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

သတ္တပါဋလိယတ္ထေရဿာပဒါနံ ပဉ္စမံ။

၁၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သတ္တပါဋလိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် သတ္တပါဋလိယတ္ထေရအပဒါန ပြီး၏။

၆။ ဥပါဟနဒါယကတ္ထေရအပဒါနံ

၂၀။ ‘‘အဟောသိံ စန္ဒနော နာမ, သမ္ဗုဒ္ဓဿတြဇော တဒါ၊

ဧကောပါဟနော မယာ ဒိန္နော, ဗောဓိံ သမ္ပဇ္ဇ မေ တုဝံ။

၆-ဥပါဟနဒါယကတ္ထေရအပဒါန ၂၀။ ငါသည် စန္ဒနမည်သော ပစ္စေကဗုဒ္ဓါ၏ သားဖြစ်ခဲ့၏၊ ထိုအခါ ငါသည် ဖိနပ်တစ်ရံကို ပေးလှူခဲ့၏၊ (ထိုဖိနပ်ပေးလှူရသောကြောင့်) အရှင်ဘုရားသည် အကျွန်ုပ်အား သာဝကဗောဓိ ဉာဏ်ကို ပြည့်စုံပါစေသတည်း (ဟု ဆုတောင်းခဲ့၏)။

၂၁။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ပါနဓိံ [ယမုပါဟနံ (သီ။), ယံ ပါဒုံ (သျာ။)] ဒဒိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဥပါဟနဿိဒံ ဖလံ။

၂၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ဖိနပ်ကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဖိနပ် (လှူရခြင်း)၏ အကျိုးပေတည်း။

၂၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဥပါဟနဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဥပါဟနဒါယကတ္ထေရဿာပဒါနံ ဆဋ္ဌံ။

၂၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဥပါဟနဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် ဥပါဟနဒါယကတ္ထေရအပဒါန ပြီး၏။

၇။ မဉ္ဇရိပူဇကတ္ထေရအပဒါနံ

၂၃။ ‘‘မဉ္ဇရိကံ ကရိတွာန, ရထိယံ ပဋိပဇ္ဇဟံ၊

အဒ္ဒသံ သမဏာနဂ္ဂံ, ဘိက္ခုသံဃပုရက္ခတံ။

၇-မဥ္ဇရိပူဇကတ္ထေရအပဒါန ၂၃။ ငါသည် ပန်းခိုင်ကို ပြုလုပ်၍ လမ်းခရီး၌ သွား၏၊ (ထိုအခါ) ရဟန်းအပေါင်း ခြံရံအပ်သော ရဟန်းတို့ထက် မြတ်တော်မူသော (ဖုဿ) မြတ်စွာဘုရားကို ဖူးမြင်ရ၏။

၂၄။ ‘‘ပသန္နစိတ္တော သုမနော, ပရမာယ စ ပီတိယာ၊

ဥဘော ဟတ္ထေဟိ ပဂ္ဂယှ, ဗုဒ္ဓဿ အဘိရောပယိံ။

၂၄။ ငါသည် (ဖူးမြင်ရသော်) လွန်ကဲသော ပီတိဖြင့် ကြည်ညိုဝမ်းမြောက်သော စိတ်ရှိ သည်ဖြစ်၍ လက်နှစ်ဖက်တို့ဖြင့် (ပန်းခိုင်ကို) ယူပြီးလျှင် မြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။

၂၅။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ပုပ္ဖပူဇာယိဒံ ဖလံ။

၂၅။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ပန်းကို တင်လှူပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

စာ-၂၅၈

၂၆။ ‘‘ဣတော တေသတ္တတိကပ္ပေ, ဧကော အာသိံ မဟီပတိ၊

ဇောတိယော နာမ နာမေန, စက္ကဝတ္တီ မဟဗ္ဗလော။

၂၆။ ဤဘဒ္ဒကမ္ဘာမှ ခုနစ်ဆယ့်သုံးကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော အမည်အားဖြင့် “ဇောတိယ”ဟု ထင်ရှားသော စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

၂၇။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ မဉ္ဇရိပူဇကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

မဉ္ဇရိပူဇကတ္ထေရဿာပဒါနံ သတ္တမံ။

၂၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်မဉ္ဇရိပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် မဉ္ဇရိပူဇကတ္ထေရအပဒါန ပြီး၏။

၈။ ပဏ္ဏဒါယကတ္ထေရအပဒါနံ

၂၈။ ‘‘ပဗ္ဗတေ ဟိမဝန္တမှိ, ဝါကစီရဓရော အဟံ၊

အလောဏပဏ္ဏဘက္ခောမှိ, နိယမေသု စ သံဝုတော။

၈-ပဏ္ဏဒါယကတ္ထေရအပဒါန ၂၈။ ငါသည် ဟိမဝန္တာတောင်၌ လျှော်တေသင်္ကန်းကို ဆောင်သော ဆားမပါသော သစ်ရွက်ကို စားသော မြတ်သော အကျင့် (ငါးပါးသီလ) တို့၌လည်း ကောင်းစွာ ကျင့်သုံးသော ရသေ့ဖြစ်ခဲ့၏။

၂၉။ ‘‘ပါတရာသေ အနုပ္ပတ္တေ, သိဒ္ဓတ္ထော ဥပဂစ္ဆိ မံ၊

တာဟံ ဗုဒ္ဓဿ ပါဒါသိံ, ပသန္နော သေဟိ ပါဏိဘိ။

၂၉။ နံနက်စာ စားချိန်သို့ ရောက်လတ်သော် သိဒ္ဓတ္ထမြတ်စွာဘုရားသည် ငါ၏ အထံသို့ ကြွလာတော်မူ၏၊ ငါသည် မြတ်စွာဘုရားအား ကြည်ညိုသည်ဖြစ်၍ မိမိလက်တို့ဖြင့် ထို သစ်ရွက် (စားဖွယ်) ကို ပေးလှူခဲ့၏။

၃၀။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ပဏ္ဏမဒဒိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ပဏ္ဏဒါနဿိဒံ ဖလံ။

၃၀။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ သစ်ရွက်ကို ပေးလှူခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သစ်ရွက်ကို လှူရ ခြင်း၏ အကျိုးပေတည်း။

၃၁။ ‘‘သတ္တဝီသတိကပ္ပမှိ, ရာဇာ အာသိံ သဒတ္ထိယော [ယဒတ္ထိယော (သီ။ သျာ။)]၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၃၁။ နှစ်ဆယ့်ခုနစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သဒတ္ထိယ”မည်သော စကြဝတေးမင်း ဖြစ်ခဲ့၏။

၃၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ပဏ္ဏဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ပဏ္ဏဒါယကတ္ထေရဿာပဒါနံ အဋ္ဌမံ။

၃၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပဏ္ဏဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် ပဏ္ဏဒါယကတ္ထေရအပဒါန ပြီး၏။

၉။ ကုဋိဒါယကတ္ထေရအပဒါနံ

၃၃။ ‘‘ဝိပိနစာရီ သမ္ဗုဒ္ဓေါ, ရုက္ခမူလေ ဝသီ တဒါ၊

ပဏ္ဏသာလံ ကရိတွာန, အဒါသိံ အပရာဇိတေ။

၉-ကုဋိဒါယကတ္ထေရအပဒါန ၃၃။ တော၌ လှည့်လည်လေ့ရှိတော်မူသော မြတ်စွာဘုရားသည် သစ်ပင်ရင်း၌ နေတော် မူ၏၊ ထိုအခါ ငါသည် သစ်ရွက်မိုးကျောင်းကို ဆောက်လုပ်၍ မြတ်စွာဘုရားအား လှူဒါန်း ခဲ့၏။

၃၄။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ပဏ္ဏကုဋိကံ အဒံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ကုဋိဒါနဿိဒံ ဖလံ။

၃၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ သစ်ရွက်မိုးကျောင်းကို ပေလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သစ်ရွက်မိုး ကျောင်းကို လှူရခြင်း၏ အကျိုးပေတည်း။

စာ-၂၅၉

၃၅။ ‘‘အဋ္ဌဝီသေ [အဋ္ဌတိံသေ (သျာ။)] ဣတော ကပ္ပေ, သောဠသာသိံသု ရာဇာနော၊

သဗ္ဗတ္ထ အဘိဝဿီတိ, ဝုစ္စရေ စက္ကဝတ္တိနော။

၃၅။ ဤဘဒ္ဒကမ္ဘာမှ နှစ်ဆယ့်ရှစ်ကမ္ဘာထက်၌ မြေအားလုံးကို အစိုးရသော စကြဝတေး မင်း တစ်ဆယ့်ခြောက်ကြိမ် ဖြစ်ခဲ့ဖူးကုန်၏ဟု ဆိုအပ်ကုန်၏။

၃၆။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ကုဋိဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ကုဋိဒါယကတ္ထေရဿာပဒါနံ နဝမံ။

၃၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ကုဋိဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် ကုဋိဒါယကတ္ထေရအပဒါန ပြီး၏။

၁၀။ အဂ္ဂပုပ္ဖိယတ္ထေရအပဒါနံ

၃၇။ ‘‘သုဝဏ္ဏဝဏ္ဏံ သမ္ဗုဒ္ဓံ, နိသိန္နံ ပဗ္ဗတန္တရေ၊

ဩဘာသယန္တံ ရံသေန [ရံသိယာ (သျာ။)], သိခိနံ သိခိနံ ယထာ။

၁၀-အဂ္ဂပုပ္ဖိယတ္ထေရအပဒါန ၃၇။ ငါသည် ‘မီးကဲ့သို့’ အရောင်ဖြင့် တောက်ပတော်မူသည်ဖြစ်၍ ရွှေအဆင်းနှင့် တူသော အဆင်းရှိတော်မူသော သိခီမြတ်စွာဘုရားကို တောင်ကြား၌ သီတင်းသုံးတော်မူစဥ် ဖူးမြင်ရ၏။

၃၈။ ‘‘အဂ္ဂဇံ ပုပ္ဖမာဒါယ, ဥပါဂစ္ဆိံ နရုတ္တမံ၊

ပသန္နစိတ္တော သုမနော, ဗုဒ္ဓဿ အဘိရောပယိံ။

၃၈။ ငါသည် အဂ္ဂဇမည်သော ပန်းကို ယူ၍ မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပြီးလျှင် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ မြတ်စွာဘုရားအား တင်လှူပူဇော်ခဲ့၏။

၃၉။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၃၉။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို ပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၄၀။ ‘‘ပဉ္စဝီသတိကပ္ပမှိ, အဟောသိ အမိတောဂတော [အမိတဝှယော (သီ။)]၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၄၀။ နှစ်ဆယ့်ငါးကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော ‘ ‘အမိတောဂတ’ ’ မည်သော စကြဝတေးမင်း ဖြစ်ခဲ့ဖူး၏။

၄၁။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ အဂ္ဂပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

အဂ္ဂပုပ္ဖိယတ္ထေရဿာပဒါနံ ဒသမံ။

ထောမကဝဂ္ဂေါ ဆဗ္ဗီသတိမော။

တဿုဒ္ဒါနံ –

ထောမကေကာသနစိတကံ, စမ္ပကော သတ္တပါဋလိ၊

ပါနဓိ [ပါဟနော (သီ။), ပါဒု (သျာ။)] မဉ္ဇရီ ပဏ္ဏံ, ကုဋိဒေါ အဂ္ဂပုပ္ဖိယော၊

ဂါထာယော ဂဏိတာ စေတ္ထ, ဧကတာလီသမေဝ စာတိ။

၄၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အဂ္ဂပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် အဂ္ဂပုပ္ဖိယတ္ထေရအပဒါန ပြီး၏။ နှစ်ဆယ့်ခြောက်ခုမြောက် ထောမကဝဂ် ပြီး၏။

စာ-၂၆၀

၂၇။ ပဒုမုက္ခိပဝဂ္ဂေါ

၁။ အာကာသုက္ခိပိယတ္ထေရအပဒါနံ

၁။ ‘‘သုဝဏ္ဏဝဏ္ဏံ သိဒ္ဓတ္ထံ, ဂစ္ဆန္တံ အန္တရာပဏေ၊

ဇလဇဂ္ဂေ ဒုဝေ ဂယှ, ဥပါဂစ္ဆိံ နရာသဘံ။

၂၇-ပဒုမုက္ခိပဝဂ် ၁-အာကာသုက္ခိပိယတ္ထေရအပဒါန ၁။ ငါသည် ဈေးအကြားခရီးလမ်း၌ ကြွသွားတော်မူသော ရွှေအဆင်းနှင့် တူသော အဆင်းရှိတော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားကို (ဖူးမြင်ရ၏)၊ ထိုအခါ ကြာပန်းနှစ်ပွင့်တို့ကို ယူပြီးလျှင် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ခဲ့၏။

၂။ ‘‘ဧကဉ္စ ပုပ္ဖံ ပါဒေသု, ဗုဒ္ဓသေဋ္ဌဿ နိက္ခိပိံ၊

ဧကဉ္စ ပုပ္ဖံ ပဂ္ဂယှ, အာကာသေ ဥက္ခိပိံ အဟံ။

၂။ ငါသည် ပန်းပွင့်တစ်ပွင့်ကို ဘုရားမြတ်၏ ခြေတော်တို့၌ ချထား (ပူဇော်) ခဲ့၏၊ ပန်းပွင့် တစ်ပွင့်ကို ယူ၍ ကောင်းကင်၌ ကြဲမြှောက် (ပူဇော်) ခဲ့၏။

၃။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိရောပယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ပုပ္ဖဒါနဿိဒံ ဖလံ။

၃။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ပန်းကို တင်လှူပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပန်းလှူရခြင်း၏ အကျိုးပေတည်း။

၄။ ‘‘ဣတော ဆတ္တိံသကပ္ပမှိ, ဧကော အာသိံ မဟီပတိ၊

အန္တလိက္ခကရော နာမ, စက္ကဝတ္တီ မဟဗ္ဗလော။

၄။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်ခြောက်ကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော ‘ ‘အန္တလိက္ခကရ’ ’ မည်သော စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

၅။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊

ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ အာကာသုက္ခိပိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

အာကာသုက္ခိပိယတ္ထေရဿာပဒါနံ ပဌမံ။

၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အာကာသုက္ခိပိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော အာကာသုက္ခိပိယတ္ထေရအပဒါန ပြီး၏။

၂။ တေလမက္ခိယတ္ထေရအပဒါနံ

၆။ ‘‘သိဒ္ဓတ္ထမှိ ဘဂဝတိ, နိဗ္ဗုတမှိ နရာသဘေ၊

ဗောဓိယာ ဝေဒိကာယာဟံ, တေလံ မက္ခေသိ တာဝဒေ။

၂-တေလမက္ခိယတ္ထေရအပဒါန ၆။ လူတို့ထက် မြတ်တော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံတော်မူသည် ရှိသော် ငါသည် ထိုအခါ၌ (မဟာလှေကား) ဗောဓိပင်၏ ဝရန်တာ (ပွတ်တိုင်) ၌ ဆီကို လိမ်း ကျံခဲ့၏။

၇။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ တေလံ မက္ခယိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, မက္ခနာယ ဣဒံ ဖလံ။

၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ဆီကို လိမ်းကျံခဲ့သောအခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဆီလိမ်းကျံရခြင်း၏ အကျိုး ပေတည်း။

၈။ ‘‘စတုဝီသေ ဣတော ကပ္ပေ, သုစ္ဆဝိ နာမ ခတ္တိယော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၈။ ဤဘဒ္ဒကမ္ဘာမှ နှစ်ဆယ့်လေးကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော ‘ ‘သုစ္ဆဝိ’ ’ မည်သော စကြဝတေးမင်း ဖြစ်ခဲ့၏။

၉။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ တေလမက္ခိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

တေလမက္ခိယတ္ထေရဿာပဒါနံ ဒုတိယံ။

၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်တေလမက္ခိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် တေလမက္ခိယတ္ထေရအပဒါန ပြီး၏။

စာ-၂၆၁

၃။ အဍ္ဎစန္ဒိယတ္ထေရအပဒါနံ

၁၀။ ‘‘တိဿဿ ခေါ ဘဂဝတော, ဗောဓိယာ ပါဒပုတ္တမေ၊

အဍ္ဎစန္ဒံ မယာ ဒိန္နံ, ဓရဏီရုဟပါဒပေ။

၃-အဋ္ဌစန္ဒိယတ္ထေရအပဒါန ၁၀။ ငါသည် တိဿမြတ်စွာဘုရား၏ မြေ၌ ပေါက်သော သစ်ပင်တကာတို့ထက် မြတ် သော (ပိတောက်) ဗောဓိပင်အား (ပန်းတို့ကို ) လခြမ်းသဏ္ဌာန် (ပြုလုပ်၍) ပေးလှူခဲ့၏။

၁၁။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, ယံ စန္ဒ [ယံ ပုပ္ဖ (က။)] မဘိရောပယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗောဓိပူဇာယိဒံ ဖလံ။

၁၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ပန်းကို ပေးလှူခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဗောဓိပင်ကို ပူဇော်ရ ခြင်း၏ အကျိုးပေတည်း။

၁၂။ ‘‘ပဉ္စဝီသေ ဣတော ကပ္ပေ, ဒေဝလော နာမ ခတ္တိယော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၁၂။ ဤဘဒ္ဒကမ္ဘာမှ နှစ်ဆယ့်ငါးကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဒေဝလ” မည်သော စကြဝတေးမင်း ဖြစ်ခဲ့၏။

၁၃။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ အဍ္ဎစန္ဒိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

အဍ္ဎစန္ဒိယတ္ထေရဿာပဒါနံ တတိယံ။

၁၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အဋ္ဌစန္ဒိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် အဋ္ဌစန္ဒိယတ္ထေရအပဒါန ပြီး၏။

၄။ ပဒီပဒါယကတ္ထေရအပဒါနံ

၁၄။ ‘‘ဒေဝဘူတော အဟံ သန္တော, ဩရုယှ ပထဝိံ တဒါ၊

ပဒီပေ ပဉ္စ ပါဒါသိံ, ပသန္နော သေဟိ ပါဏိဘိ။

၄-ပဒီပဒါယကတ္ထေရအပဒါန ၁၄။ ထိုအခါ ငါသည် နတ်သားဖြစ်၍ မြေသို့ သက်ဆင်းပြီးလျှင် ကြည်လင်သော စိတ် ရှိသည်ဖြစ်ရကား မိမိလက်တို့ဖြင့် ဆီမီးငါးတိုင်တို့ကို ပေးလှူခဲ့၏။

၁၅။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ပဒီပမဒံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဒီပဒါနဿိဒံ ဖလံ။

၁၅။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ဆီမီးတိုင်ကို ပေးလှူခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဆီမီးလှူရခြင်း၏ အကျိုးပေတည်း။

၁၆။ ‘‘ပဉ္စပညာသကေ ကပ္ပေ, ဧကော အာသိံ မဟီပတိ၊

သမန္တစက္ခုနာမေန, စက္ကဝတ္တီ မဟဗ္ဗလော။

၁၆။ ငါးဆယ့်ငါးကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သမန္တစက္ခု”မည်သော စကြဝတေးမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

၁၇။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ပဒီပဒါယကော [အပဏ္ဏဒီပိယော (သီ။ က။)] ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ပဒီပဒါယကတ္ထေရဿာပဒါနံ စတုတ္ထံ။

၁၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပဒီပဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် ပဒီပဒါယကတ္ထေရအပဒါန ပြီး၏။

၅။ ဗိဠာလိဒါယကတ္ထေရအပဒါနံ

၁၈။ ‘‘ဟိမဝန္တဿာဝိဒူရေ, ရောမသော နာမ ပဗ္ဗတော၊

တမှိ ပဗ္ဗတပါဒမှိ, သမဏော ဘာဝိတိန္ဒြိယော။

၅-ဗိဠာလိဒါယကတ္ထေရအပဒါန ၁၈။ ဟိမဝန္တာတောင်၏ အနီး၌ ရောမသမည်သော တောင်သည် ရှိ၏၊ ထိုရောမသ တောင်ခြေ၌ ပွါးများအပ်ပြီးသော ဣန္ဒြေရှိသော ကိလေသာငြိမ်းပြီးသော မြတ်စွာဘုရားသည် သီတင်းသုံးတော်မူ၏။

စာ-၂၆၂

၁၉။ ‘‘ဗိဠာလိယော ဂဟေတွာန, သမဏဿ အဒါသဟံ၊

အနုမောဒိ မဟာဝီရော, သယမ္ဘူ အပရာဇိတော။

၁၉။ ငါသည် ပိန်းဥတို့ကို ယူပြီးလျှင် ကိလေသာငြိမ်းပြီးသော မြတ်စွာဘုရားအား လှူဒါန်းခဲ့၏၊ ရန်သူတို့သည် မအောင်အပ်သော မိမိအလိုလို ဖြစ်တော်မူသော မြတ်စွာဘုရား သည် အနုမောဒနာပြုတော်မူ၏။

၂၀။ ‘‘ဗိဠာလီ တေ မမ ဒိန္နာ, ဝိပ္ပသန္နေန စေတသာ၊

ဘဝေ နိဗ္ဗတ္တမာနမှိ, ဖလံ နိဗ္ဗတ္တတံ တဝ။

၂၀။ သင်သည် ငါ့အား အထူးကြည်လင်သောစိတ်ဖြင့် ပိန်းဥတို့ကို ပေးလှူအပ်၏၊ (ထိုကောင်းမှုကြောင့်) ဘုံဘဝ၌ ဖြစ်သည်ရှိသော် သင့်အား အကျိုးဖြစ်ထွန်းစေသတည်း (ဟု မိန့်တော်မူ၏)။

၂၁။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ဗိဠာလိမဒါသဟံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗိဠာလိယာ ဣဒံ ဖလံ။

၂၁။ ငါသည် ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ပိန်းဥကို လှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပိန်းဥလှူရခြင်း၏ အကျိုးပေတည်း။

၂၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဗိဠာလိဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဗိဠာလိဒါယကတ္ထေရဿာပဒါနံ ပဉ္စမံ။

၂၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဗိဠာလိဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် ဗိဠာလိဒါယကတ္ထေရအပဒါန ပြီး၏။

၆။ မစ္ဆဒါယကတ္ထေရအပဒါနံ

၂၃။ ‘‘စန္ဒဘာဂါနဒီတီရေ, ဥက္ကုသော အာသဟံ တဒါ၊

မဟန္တံ မစ္ဆံ ပဂ္ဂယှ, သိဒ္ဓတ္ထမုနိနော အဒံ။

၆-မစ္ဆဒါယကတ္ထေရအပဒါန ၂၃။ ငါသည် စန္ဒဘာဂါမြစ်ကမ်းအနီး၌ ဝန်လိုငှက် ဖြစ်ခဲ့ဖူး၏၊ ထိုအခါ ကြီးမားသော ငါးကို ယူ၍ သိဒ္ဓတ္ထမြတ်စွာဘုရားအား ပေးလှူခဲ့၏။

၂၄။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ မစ္ဆမဒဒိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, မစ္ဆဒါနဿိဒံ ဖလံ။

၂၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ငါးကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ငါးလှူရခြင်း၏ အကျိုး ပေတည်း။

၂၅။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ မစ္ဆဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

မစ္ဆဒါယကတ္ထေရဿာပဒါနံ ဆဋ္ဌံ။

၂၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်မစ္ဆဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် မစ္ဆဒါယကတ္ထေရအပဒါန ပြီး၏။

၇။ ဇဝဟံသကတ္ထေရအပဒါနံ

၂၆။ ‘‘စန္ဒဘာဂါနဒီတီရေ, အာသိံ ဝနစရော တဒါ၊

သိဒ္ဓတ္ထံ အဒ္ဒသံ ဗုဒ္ဓံ, ဂစ္ဆန္တံ အနိလဉ္ဇသေ။

၇-ဇဝဟံသကတ္ထေရအပဒါန ၂၆။ (ငါသည် ) စန္ဒဘာဂါမြစ်ကမ်းအနီး၌ တောမုဆိုး ဖြစ်ခဲ့၏၊ ထိုအခါ ငါသည် ကြွသွားတော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားကို ကောင်းကင်၌ ကြွသွားတော်မူစဥ် ဖူးမြင်ရ၏။

၂၇။ ‘‘အဉ္ဇလိံ ပဂ္ဂဟေတွာန, ဥလ္လောကေန္တော မဟာမုနိံ၊

သကံ စိတ္တံ ပသာဒေတွာ, အဝန္ဒိံ နာယကံ အဟံ။

၂၇။ လက်အုပ်ချီပြီးလျှင် မြတ်စွာဘုရားကို ဖူးမြော်လျက် မိမိစိတ်ကို ကြည်လင်စေ၍ ငါသည် မြတ်စွာဘုရားကို ရှိခိုးခဲ့၏။

စာ-၂၆၃

၂၈။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယမဝန္ဒိံ နရာသဘံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဝန္ဒနာယ ဣဒံ ဖလံ။

၂၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ မြတ်စွာဘုရားကို ရှိခိုးခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရား အား ရှိခိုးရခြင်း၏ အကျိုးပေတည်း။

၂၉။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဇဝဟံသကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဇဝဟံသကတ္ထေရဿာပဒါနံ သတ္တမံ။

၂၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဇဝဟံသကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် ဇဝဟံသကတ္ထေရအပဒါန ပြီး၏။

၈။ သဠလပုပ္ဖိယတ္ထေရအပဒါနံ

၃၀။ ‘‘စန္ဒဘာဂါနဒီတီရေ, အဟောသိံ ကိန္နရော တဒါ၊

ဝိပဿိံ အဒ္ဒသံ ဗုဒ္ဓံ, ရံသိဇာလသမာကုလံ။

၈-သဠလပုပ္ဖိယတ္ထေရအပဒါန ၃၀။ (ငါသည် ) စန္ဒဘာဂါမြစ်ကမ်းအနီး၌ ကိန္နရာ ဖြစ်ခဲ့ဖူး၏၊ ထိုအခါ ရောင်ခြည်တော်ကွန်ရက်တို့ဖြင့် ရောပြွမ်းသော ဝိပဿီမြတ်စွာဘုရားကို ဖူးမြင်ရ၏။

၃၁။ ‘‘ပသန္နစိတ္တော သုမနော, ပရမာယ စ ပီတိယာ၊

ပဂ္ဂယှ သဠလံ ပုပ္ဖံ, ဝိပဿိံ ဩကိရိံ အဟံ။

၃၁။ (ဖူးမြင်ရလျှင်) လွန်ကဲသောပီတိဖြင့် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ထင်းရှူးပန်းကို ယူပြီးလျှင် ငါသည် ဝိပဿီမြတ်စွာဘုရားအား ကြဲမြှောက်ပူဇော်ခဲ့၏။

၃၂။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၃၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ထင်ရှူးပန်းကို ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည်မြတ်စွာဘုရားအား ပန်းပူဇော်ရခြင်း၏ အကျိုးပေတည်း။

၃၃။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ သဠလပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

သဠလပုပ္ဖိယတ္ထေရဿာပဒါနံ အဋ္ဌမံ။

၃၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင်အသျှင်သဠလပုပ္ဖိယမထေရ်သည်ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက်သဠလပုပ္ဖိယတ္ထေရအပဒါနပြီး၏။

၉။ ဥပါဂတာသယတ္ထေရအပဒါနံ

၃၄။ ‘‘ဟိမဝန္တဿ ဝေမဇ္ဈေ, သရော အာသိ သုနိမ္မိတော၊

တတ္ထာဟံ ရက္ခသော အာသိံ, ဟေဌသီလော ဘယာနကော။

၉- ဥပါဂတာသယတ္ထေရအပဒါန ၃၄။ ဟိမဝန္တာတောင်၏ အလယ်၌ ကောင်းစွာ ဖန်ဆင်းအပ်သော အိုင်သည် ရှိ၏၊ ငါသည် ထိုအိုင်၌ (သူတစ်ပါးတို့ကို ) ညှဥ်းဆဲလေ့ရှိသော ကြောက်မက်ဖွယ်ကောင်းသော ရက္ခိုသ်ဘီလူး ဖြစ်ခဲ့၏။

၃၅။ ‘‘အနုကမ္ပကော ကာရုဏိကော, ဝိပဿီ လောကနာယကော၊

မမုဒ္ဓရိတုကာမော သော, အာဂစ္ဆိ မမ သန္တိကံ။

၃၅။ အစဥ်စောင့်ရှောက်တော်မူ၍ ကရုဏာရှိတော်မူသော လူတို့၏ ရှေ့သွား ထိုဝိပဿီ မြတ်စွာဘုရားသည် ငါ့ကို သံသရာမှ ကယ်တင်တော်မူလိုသည် ဖြစ်၍ ငါ၏ အထံသို့ ကြွလာ တော်မူ၏။

၃၆။ ‘‘ဥပါဂတံ မဟာဝီရံ, ဒေဝဒေဝံ နရာသဘံ၊

အာသယာ အဘိနိက္ခမ္မ, အဝန္ဒိံ သတ္ထုနော အဟံ။

၃၆။ (ငါ၏ အထံသို့) ကြွလာတော်မူသော ကြီးမားသော လုံ့လရှိတော်မူသည်ဖြစ်၍ နတ် ထက်နတ် ဖြစ်တော်မူသော မြတ်စွာဘုရားကို (ဖူးမြင်ရသဖြင့်) ငါသည် နေရာမှ ထွက်၍ မြတ်စွာဘုရားအား ရှိခိုးခဲ့၏။

စာ-၂၆၄

၃၇။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ဝန္ဒိံ ပုရိသုတ္တမံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဝန္ဒနာယ ဣဒံ ဖလံ။

၃၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ယောကျာ်းမြတ်ဖြစ်သော မြတ်စွာဘုရားကို ရှိခိုးခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်း သည် မြတ်စွာဘုရားအား ရှိခိုးရခြင်း၏ အကျိုးပေတည်း။

၃၈။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဥပါဂတာသယော [ဥပါဂတဟာသနိယော (သျာ။), ဥပါဂတာဟာသနိယော (က။)] ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဥပါဂတာသယတ္ထေရဿာပဒါနံ နဝမံ။

၃၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဥပါဂတာသယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် ဥပါဂတာသယတ္ထေရအပဒါန ပြီး၏။

၁၀။ တရဏိယတ္ထေရအပဒါနံ

၃၉။ ‘‘သုဝဏ္ဏဝဏ္ဏော သမ္ဗုဒ္ဓေါ, ဝိပဿီ ဒက္ခိဏာရဟော၊

နဒီတီရေ ဌိတော သတ္ထာ, ဘိက္ခုသံဃပုရက္ခတော။

၁၀-တရဏိယတ္ထေရအပဒါန ၃၉။ မြတ်သောအလှူကို ခံတော်မူထိုက်သည် ဖြစ်၍ ရွှေအဆင်းနှင့် တူသော အဆင်းရှိ တော်မူသော သစ္စာလေးပါးတရားတို့ကို ထိုးထွင်း၍ သိတော်မူသော ဝိပဿီမြတ်စွာဘုရား သည် ရဟန်းအပေါင်း ခြံရံလျက် မြစ်ကမ်းအနီး၌ ရပ်တည်တော်မူ၏။

၄၀။ ‘‘နာဝါ န ဝိဇ္ဇတေ တတ္ထ, သန္တာရဏီ မဟဏ္ဏဝေ၊

နဒိယာ အဘိနိက္ခမ္မ, တာရေသိံ လောကနာယကံ။

၄၀။ ထိုမြစ်မ၌ (တစ်ဖက်ကမ်းသို့) ပို့ဆောင်သောလှေ မရှိ၊ (ထိုအခါ ငါသည် ) မြစ်မှ ထွက်၍ မြတ်စွာဘုရားကို ပို့ဆောင်ခဲ့၏။

၄၁။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ တာရေသိံ နရုတ္တမံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, တရဏာယ ဣဒံ ဖလံ။

၄၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ မြတ်စွာဘုရားကို ပို့ဆောင်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ကူးတို့ပို့ ဆောင်ရခြင်း၏ အကျိုးပေတည်း။

၄၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ တရဏိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

တရဏိယတ္ထေရဿာပဒါနံ ဒသမံ။

ပဒုမုက္ခိပဝဂ္ဂေါ သတ္တဝီသတိမော။

တဿုဒ္ဒါနံ –

ဥက္ခိပီ တေလစန္ဒီ စ, ဒီပဒေါ စ ဗိဠာလိဒေါ၊

မစ္ဆော ဇဝေါ သဠလဒေါ, ရက္ခသော တရဏော ဒသ၊

ဂါထာယော စေတ္ထ သင်္ခါတာ, တာလီသံ စေကမေဝ စာတိ။

၄၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်တရဏိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် တရဏိယတ္ထေရအပဒါန ပြီး၏။ နှစ်ဆယ့်ခုနစ်ခုမြောက် ပဒုမုက္ခိပဝဂ် ပြီး၏။

စာ-၂၆၅

၂၈။ သုဝဏ္ဏဗိဗ္ဗောဟနဝဂ္ဂေါ

၁။ သုဝဏ္ဏဗိဗ္ဗောဟနိယတ္ထေရအပဒါနံ

၁။ ‘‘ဧကာသနံ အဟမဒံ, ပသန္နော သေဟိ ပါဏိဘိ၊

ဗိဗ္ဗောဟနဉ္စ [ဗိမ္ဗောဟနဉ္စ (သီ။ ပီ။)] ပါဒါသိံ, ဥတ္တမတ္ထဿ ပတ္တိယာ။

၂၈-သုဝဏ္ဏဗိဗ္ဗောဟနဝဂ် ၁-သုဝဏ္ဏဗိဗ္ဗောဟနိယတ္ထေရအပဒါန ၁။ ငါသည် မြတ်သော အကျိုးကို ရခြင်းငှါ ကြည်ညိုသည်ဖြစ်၍ မိမိလက်တို့ဖြင့် တစ်ခုသော နေရာကိုလည်းကောင်း၊ ခေါင်းအုံးကိုလည်းကောင်း ပေးလှူခဲ့၏။

၂။ ‘‘ဧကနဝုတိတော ကပ္ပေ, ဗိဗ္ဗောဟနမဒါသဟံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗိဗ္ဗောဟနဿိဒံ ဖလံ။

၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ငါသည် (နေရာနှင့်တကွ) ခေါင်းအုံးကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်း သည် ခေါင်းအုံးကို ပေးလှူရခြင်း၏ အကျိုးပေတည်း။

၃။ ‘‘ဣတော တေသဋ္ဌိမေ ကပ္ပေ, အသမော နာမ ခတ္တိယော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၃။ ဤဘဒ္ဒကမ္ဘာမှ ခြောက်ဆယ့်သုံးကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “အသမ” မည်သော စကြဝတေးမင်း ဖြစ်ခဲ့ဖူး၏။

၄။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊

ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ သုဝဏ္ဏဗိဗ္ဗောဟနိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

သုဝဏ္ဏဗိဗ္ဗောဟနိယတ္ထေရဿာပဒါနံ ပဌမံ။

၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သုဝဏ္ဏဗိဗ္ဗောဟနိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော သုဝဏ္ဏဗိဗ္ဗောဟနိယတ္ထေရအပဒါန ပြီး၏။

၂။ တိလမုဋ္ဌိဒါယကတ္ထေရအပဒါနံ

၅။ ‘‘မမ သင်္ကပ္ပမညာယ, သတ္ထာ လောကဂ္ဂနာယကော၊

မနောမယေန ကာယေန, ဣဒ္ဓိယာ ဥပသင်္ကမိ။

၂-တိလမုဋ္ဌိဒါယကတ္ထေရအပဒါန ၅။ လောကထက် မြတ်သည် ဖြစ်၍ လူတို့၏ ရှေ့သွားဖြစ်တော်မူသော မြတ်စွာဘုရား သည် ငါ၏ စိတ်အကြံကို သိတော်မူ၍ အဘိညာဥ်စိတ်တန်ခိုးကြောင့် ပြီးသော ကိုယ်တော်ဖြင့် (ငါ၏ အထံသို့) ကြွလာတော်မူ၏။

၆။ ‘‘သတ္ထာရံ ဥပသင်္ကန္တံ, ဝန္ဒိတွာ ပုရိသုတ္တမံ၊

ပသန္နစိတ္တော သုမနော, တိလမုဋ္ဌိမဒါသဟံ။

၆။ ငါသည် ယောကျာ်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရားကို ကြွလာတော်မူစဥ် ရှိခိုးပြီး လျှင် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ နှမ်းဆုပ်ကို ပေးလှူခဲ့၏။

၇။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ဒါနမဒဒိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, တိလမုဋ္ဌိယိဒံ ဖလံ။

၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ နှမ်းဆုပ်အလှူကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် နှမ်းဆုပ် (လှူရခြင်း)၏ အကျိုးပေတည်း။

၈။ ‘‘ဣတော သောဠသကပ္ပမှိ, တန္တိသော [ခန္တိယော (သျာ။)] နာမ ခတ္တိယော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၈။ ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်ခြောက်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “တန္တိသ”မည်သော စကြဝတေးမင်း ဖြစ်ခဲ့ဖူး၏။

၉။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ တိလမုဋ္ဌိဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

တိလမုဋ္ဌိဒါယကတ္ထေရဿာပဒါနံ ဒုတိယံ။

၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်တိလမုဋ္ဌိဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် တိလမုဋ္ဌိဒါယကတ္ထေရအပဒါန ပြီး၏။

စာ-၂၆၆

၃။ စင်္ကောဋကိယတ္ထေရအပဒါနံ

၁၀။ ‘‘မဟာသမုဒ္ဒံ နိဿာယ, ဝသတီ ပဗ္ဗတန္တရေ၊

ပစ္စုဂ္ဂန္တွာန ကတွာန [ပစ္စုဂ္ဂန္တွာန’ကာသဟံ (အဋ္ဌ။), ပစ္စုဂ္ဂမနံ ကတွာန (?)], စင်္ကောဋက [စင်္ဂေါဋက (သီ။)] မဒါသဟံ။

၃-စင်္ကောဋကိယတ္ထေရအပဒါန ၁၀။ (သိဒ္ဓတ္ထမြတ်စွာဘုရားသည်) မဟာသမုဒ္ဒရာကို မှီ၍ (တည်သော) တောင်ကြား၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ ငါသည် (မြတ်စွာဘုရားထံသို့) ချဥ်းကပ်ရန် ပန်းကလပ် (ပန်း၊ ကတ်) ကို ပြုပြီးလျှင် ပေးလှူခဲ့၏။

၁၁။ ‘‘သိဒ္ဓတ္ထဿ မဟေသိနော, သဗ္ဗသတ္တာနုကမ္ပိနော [သယမ္ဘုဿာနုကမ္ပိနော (သျာ။)]၊

ပုပ္ဖစင်္ကောဋကံ ဒတွာ, ကပ္ပံ သဂ္ဂမှိ မောဒဟံ။

၁၁။ ငါသည် သတ္တဝါအားလုံးကို သနားစောင့်ရှောက်တော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရား အား ပန်းကလပ်ကို ပေးလှူခဲ့သောကြောင့် နတ်ပြည်၌ တစ်ကမ္ဘာပတ်လုံး မွေ့လျော်ခဲ့ရ၏။

၁၂။ ‘‘စတုန္နဝုတိတော ကပ္ပေ, စင်္ကောဋကမဒံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, စင်္ကောဋကဿိဒံ ဖလံ။

၁၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ပန်းကလပ်ကို ပေးလှူသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပန်းကလပ်ကို လှူရ ခြင်း၏ အကျိုးပေတည်း။

၁၃။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ စင်္ကောဋကိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

စင်္ကောဋကိယတ္ထေရဿာပဒါနံ တတိယံ။

၁၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်စင်္ကောဋကိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် စင်္ကောဋကိယတ္ထေရအပဒါန ပြီး၏။

၄။ အဗ္ဘဉ္ဇနဒါယကတ္ထေရအပဒါနံ

၁၄။ ‘‘ကောဏ္ဍညဿ ဘဂဝတော, ဝီတရာဂဿ တာဒိနော၊

အာကာသသမစိတ္တဿ [အကက္ကသစိတ္တဿာထ (အဋ္ဌ။)], နိပ္ပပဉ္စဿ ဈာယိနော။

၄-အဗ္ဘဥ္ဇနဒါယကတ္ထေရအပဒါန ၁၄-၁၅။ ရာဂကင်းတော်မူသည် ဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော၊ ကောင်းကင် သဖွယ် ငြိတွယ်ခြင်းကင်းသော စိတ်ရှိတော်မူသော၊ သံသရာချဲ့ ‘ပပဉ္စ’ တရား ရှိတော်မမူသော၊ ဈာန်ဝင်စားလေ့ရှိတော်မူသော၊ မောဟအားလုံးကို လွန်မြောက်တော်မူပြီးသော၊ အလုံးစုံသော လောက၏ အစီးအပွါးကို ရှာမှီးလေ့ရှိတော်မူသော၊ အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရ တော်မူသော၊ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော ကောဏ္ဍညမြတ်စွာဘုရားအား ငါသည် ခြေနယ်ဆီကို ပေးလှူခဲ့၏။

၁၅။ ‘‘သဗ္ဗမောဟာတိဝတ္တဿ, သဗ္ဗလောကဟိတေသိနော၊

အဗ္ဘဉ္ဇနံ မယာ ဒိန္နံ, ဒွိပဒိန္ဒဿ တာဒိနော။

၁၆။ ‘‘အပရိမေယျေ ဣတော ကပ္ပေ, အဗ္ဘဉ္ဇနမဒံ တဒါ [အမ္ဘဉ္ဇနမဒါသဟံ (သျာ။)]၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, အဗ္ဘဉ္ဇနဿိဒံ ဖလံ။

၁၆။ ဤဘဒ္ဒကမ္ဘာမှ မရေတွက်နိုင်သော ကမ္ဘာတို့ပတ်လုံး ခြေနယ်ဆီကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ခြေနယ်ဆီ ကို လှူရခြင်း၏ အကျိုးပေတည်း။

၁၇။ ‘‘ဣတော ပန္နရသေ ကပ္ပေ, စိရပ္ပေါ နာမ ခတ္တိယော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၁၇။ ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်ငါးကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “စိရပ္ပ”မည်သော စကြဝတေးမင်း ဖြစ်ခဲ့၏။

၁၈။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ အဗ္ဘဉ္ဇနဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

အဗ္ဘဉ္ဇနဒါယကတ္ထေရဿာပဒါနံ စတုတ္ထံ။

၁၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အဗ္ဘဉ္ဇနဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် အဗ္ဘဉ္ဇနဒါယကတ္ထေရအပဒါန ပြီး၏။

စာ-၂၆၇

၅။ ဧကဉ္ဇလိကတ္ထေရအပဒါနံ

၁၉။ ‘‘ဥဒုမ္ဗရေ ဝသန္တဿ, နိယတေ ပဏ္ဏသန္ထရေ၊

ဝုတ္ထောကာသော မယာ ဒိန္နော, သမဏဿ မဟေသိနော။

၅-ဧကဥ္ဇလိကတ္ထေရအပဒါန ၁၉။ ရေသဖန်းပင်အနီး၌ အမြဲခင်းအပ်သော သစ်ရွက်အခင်း၌ သီတင်းသုံးတော်မူသော ကိလေသာမီး ငြိမ်းပြီးတော်မူသော မြတ်စွာဘုရားအား နေရာအရပ်ကို ပေးလှူခဲ့၏။

၂၀။ ‘‘တိဿဿ ဒွိပဒိန္ဒဿ, လောကနာထဿ တာဒိနော၊

အဉ္ဇလိံ ပဂ္ဂဟေတွာန, သန္ထရိံ ပုပ္ဖသန္ထရံ။

၂၀။ အခြေနှစ်ချောင်းရှိသူ နတ်လူသတ္တဝါတို့ကို အစိုးရတော်မူသည် ဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော တိဿမြတ်စွာဘုရားအား လက်အုပ်ချီမြှောက်၍ ပန်းအခင်းကို ခင်းလှူခဲ့၏။

၂၁။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, ယံ ကရိံ ပုပ္ဖသန္ထရံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, သန္ထရဿ ဣဒံ ဖလံ။

၂၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ပန်းအခင်းကို ခင်းလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပန်းအခင်းကို ခင်းလှူရ ခြင်း၏ အကျိုးပေတည်း။

၂၂။ ‘‘ဣတော စုဒ္ဒသကပ္ပမှိ, အဟောသိံ မနုဇာဓိပေါ၊

ဧကအဉ္ဇလိကော နာမ, စက္ကဝတ္တီ မဟဗ္ဗလော။

၂၂။ ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်လေးကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဧကအဉ္ဇလိက” မည်သော စကြဝတေးမင်း ဖြစ်ခဲ့၏။

၂၃။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဧကဉ္ဇလိကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဧကဉ္ဇလိကတ္ထေရဿာပဒါနံ ပဉ္စမံ။

၂၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဧကဉ္ဇလိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် ဧကဉ္ဇလိကတ္ထေရအပဒါန ပြီး၏။

၆။ ပေါတ္ထကဒါယကတ္ထေရအပဒါနံ

၂၄။ ‘‘သတ္ထာရံ ဓမ္မမာရဗ္ဘ, သံဃဉ္စာပိ မဟေသိနံ၊

ပေါတ္ထဒါနံ မယာ ဒိန္နံ, ဒက္ခိဏေယျေ အနုတ္တရေ။

၆-ပေါတ္ထကဒါယကတ္ထေရအပဒါန ၂၄။ မြတ်သော ကျေးဇူးကို ဆည်းပူးရှာမှီးတော်မူသော မြတ်စွာဘုရားကိုလည်းကောင်း၊ တရားကိုလည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း အာရုံပြု၍ အမြတ်ဆုံး အလှူခံပုဂ္ဂိုလ် အား ငါသည် လျှော်တေအဝတ်ကို ပေးလှူခဲ့၏။

၂၅။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ပေါတ္ထဒါနဿိဒံ ဖလံ။

၂၅။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ကုသိုလ်ကောင်းမှုကို ပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် လျှော်တေအဝတ်ကို လှူရခြင်း၏ အကျိုးပေတည်း။

၂၆။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ပေါတ္ထကဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ပေါတ္ထကဒါယကတ္ထေရဿာပဒါနံ ဆဋ္ဌံ။

၂၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပေါတ္ထကဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် ပေါတ္ထကဒါယကတ္ထေရအပဒါန ပြီး၏။

၇။ စိတကပူဇကတ္ထေရအပဒါနံ

၂၇။ ‘‘စန္ဒဘာဂါနဒီတီရေ, အနုသောတံ ဝဇာမဟံ၊

သတ္တ မာလုဝပုပ္ဖါနိ, စိတမာရောပယိံ အဟံ။

၇-စိတကပူဇကတ္ထေရအပဒါန ၂၇။ ငါသည် စန္ဒဘာဂါမြစ်ကမ်းနားမှ အောက် (ဂင်္ဂါ) သို့ သွား၏၊ ထိုအခါ ငါသည် သဲပုံ စေတီကို တည်၍ (ထိုစေတီအား) မာလောပန်း ခုနစ်ပွင့်တို့ကို တင်လှူခဲ့၏။

စာ-၂၆၈

၂၈။ ‘‘စတုန္နဝုတိတော ကပ္ပေ, စိတကံ ယမပူဇယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, စိတပူဇာယိဒံ ဖလံ။

၂၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ သဲပုံစေတီကို ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သဲပုံစေတီကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၂၉။ ‘‘သတ္တသဋ္ဌိမှိတော ကပ္ပေ, ပဋိဇဂ္ဂသနာမကာ၊

သတ္တရတနသမ္ပန္နာ, သတ္တာသုံ စက္ကဝတ္တိနော [ပဋိဇဂ္ဂသနာမကော၊ သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော (သျာ။)]။

၂၉။ ဤဘဒ္ဒကမ္ဘာမှ ခြောက်ဆယ့်ခုနစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံကုန်သော “ပဋိဇဂ္ဂ”အမည်ရှိကုန်သော စကြဝတေးမင်းတို့သည် ခုနစ်ကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးကုန်၏။

၃၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ စိတကပူဇကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

စိတကပူဇကတ္ထေရဿာပဒါနံ သတ္တမံ။

၃၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်စိတကပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် စိတကပူဇကတ္ထေရအပဒါန ပြီး၏။

၈။ အာလုဝဒါယကတ္ထေရအပဒါနံ

၃၁။ ‘‘ပဗ္ဗတေ ဟိမဝန္တမှိ, မဟာသိန္ဓု သုဒဿနာ၊

တတ္ထဒ္ဒသံ ဝီတရာဂံ, သုပ္ပဘာသံ သုဒဿနံ။

၈-အာလုဝဒါယကတ္ထေရအပဒါန ၃၁။ ဟိမဝန္တာတောင်၌ သုဒဿနမည်သော မြစ်ကြီး ရှိ၏၊ ထိုမြစ်ကြီး၌ တင့်တယ်သော အရောင်ရှိသော ကြည်ညိုဖွယ်ကောင်းသော ရဟန္တာကို ဖူးမြင်ရ၏။

၃၂။ ‘‘ပရမောပသမေ ယုတ္တံ, ဒိသွာ ဝိမှိတမာနသော၊

အာလုဝံ တဿ ပါဒါသိံ, ပသန္နော သေဟိ ပါဏိဘိ။

၃၂။ လွန်စွာ ငြိမ်သက်ခြင်း (သမာဓိ) နှင့် ယှဥ်သော ရဟန္တာကို ဖူးမြင်ရသဖြင့် မဖြစ်စဖူး ထူးကဲကြည်လင်သော စိတ်ရှိသည်ဖြစ်၍ ထိုရဟန္တာအား မိမိလက်တို့ဖြင့် မျောက်ဥ (ပိန်းဥ) ကို ပေးလှူခဲ့၏။

၃၃။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ဖလမဒဒိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, အာလုဝဿ ဣဒံ ဖလံ။

၃၃။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ မျောက်ဥကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မျောက်ဥကို လှူရ ခြင်း၏ အကျိုးပေတည်း။

၃၄။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ အာလုဝဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

အာလုဝဒါယကတ္ထေရဿာပဒါနံ အဋ္ဌမံ။

၃၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အာလုဝဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် အာလုဝဒါယကတ္ထေရအပဒါန ပြီး၏။

၉။ ဧကပုဏ္ဍရီကတ္ထေရအပဒါနံ

၃၅။ ‘‘ရောမသော နာမ နာမေန, သယမ္ဘူ သုဗ္ဗတော [သပ္ပဘော (သျာ။)] တဒါ၊

ပုဏ္ဍရီကံ မယာ ဒိန္နံ, ဝိပ္ပသန္နေန စေတသာ။

၉-ဧကပုဏ္ဍရီကတ္ထေရအပဒါန ၃၅။ ထိုအခါ၌ ကောင်းသော အကျင့်ရှိတော်မူသော အမည်အားဖြင့် “ရောမသ”ဟု ထင်ရှားသော ပစ္စေကဗုဒ္ဓါသည် ပွင့်တော်မူ၏၊ ငါသည် (ထိုမြတ်စွာဘုရားအား) အထူး ကြည်ညိုသောစိတ်ဖြင့် သရက်ဖြူသီးကို လှူဒါန်းခဲ့၏။

၃၆။ ‘‘စတုန္နဝုတိတော ကပ္ပေ, ပုဏ္ဍရီကမဒံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ပုဏ္ဍရီကဿိဒံ ဖလံ။

၃၆။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ သရက်ဖြူသီးကို လှူဒါန်းခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သရက်ဖြူသီးကို လှူရခြင်း၏ အကျိုးပေတည်း။

စာ-၂၆၉

၃၇။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဧကပုဏ္ဍရီကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဧကပုဏ္ဍရီကတ္ထေရဿာပဒါနံ နဝမံ။

၃၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဧကပုဏ္ဍရီကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် ဧကပုဏ္ဍရီကတ္ထေရအပဒါန ပြီး၏။

၁၀။ တရဏီယတ္ထေရအပဒါနံ

၃၈။ ‘‘မဟာပထမှိ ဝိသမေ, သေတု ကာရာပိတော မယာ၊

တရဏတ္ထာယ လောကဿ, ပသန္နော သေဟိ ပါဏိဘိ။

၁၀-တရဏီယတ္ထေရအပဒါန ၃၈။ မညီညွတ်သော ခရီးလမ်းမ၌ လူအပေါင်း၏ ကူးသွားရန်အကျိုးငှါ ကြည်ညိုသည် ဖြစ်၍ ငါသည် မိမိလက်တို့ဖြင့် တံတားကို ပြုလုပ်ခဲ့၏။

၃၉။ ‘‘ဧကနဝုတိတော ကပ္ပေ, ယော သေတု ကာရိတော မယာ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, သေတုဒါနဿိဒံ ဖလံ။

၃၉။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ တံတားကို ပြုလုပ်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် တံတားကို လှူရခြင်း၏ အကျိုးပေတည်း။

၄၀။ ‘‘ပဉ္စပညာသိတော ကပ္ပေ, ဧကော အာသိံ သမောဂဓော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၄၀။ ဤဘဒ္ဒကမ္ဘာမှ ငါးဆယ့်ငါးကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော ‘ ‘သမောဂဓ’ ’ စကြဝတေမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

၄၁။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ တရဏီယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

တရဏီယတ္ထေရဿာပဒါနံ ဒသမံ။

သုဝဏ္ဏဗိဗ္ဗောဟနဝဂ္ဂေါ အဋ္ဌဝီသတိမော။

တဿုဒ္ဒါနံ –

သုဝဏ္ဏံ တိလမုဋ္ဌိ စ, စင်္ကောဋဗ္ဘဉ္ဇနဉ္ဇလီ၊

ပေါတ္ထကော စိတမာလုဝါ, ဧကပုဏ္ဍရီ သေတုနာ၊

ဒွေစတ္တာလီသ ဂါထာယော, ဂဏိတာယော ဝိဘာဝိဘီတိ။

ဧကာဒသမံ ဘာဏဝါရံ။

၄၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်တရဏီယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် တရဏီယတ္ထေရအပဒါန ပြီး၏။ နှစ်ဆယ့်ရှစ်ခုမြောက် သုဝဏ္ဏဗိဗ္ဗောဟနဝဂ် ပြီး၏။

စာ-၂၇၀

၂၉။ ပဏ္ဏဒါယကဝဂ္ဂေါ

၁။ ပဏ္ဏဒါယကတ္ထေရအပဒါနံ

၁။ ‘‘ပဏ္ဏသာလေ နိသိန္နောမှိ, ပဏ္ဏဘောဇနဘောဇနော၊

ဥပဝိဋ္ဌဉ္စ မံ သန္တံ, ဥပါဂစ္ဆိ မဟာဣသိ [မဟာမုနိ (သီ။)]။

၂၉-ပဏ္ဏဒါယကဝဂ် ၁-ပဏ္ဏဒါယကတ္ထေရအပဒါန ၁-၂။ ငါသည် သစ်ရွက်အစာကိုသာ စားလျက် သစ်ရွက်မိုးကျောင်း၌ နေ၏၊ (ထိုအခါ) ကျောင်းတွင်းသို့ ဝင်နေသော ထင်ရှားရှိသော ငါ့ထံသို့ လောက၌ ထွန်းလင်းတောက်ပတော် မူသော အလုံးစုံသော လောက၏ ဆေးသမားဖြစ်တော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားသည် ကြွလာတော်မူ၏၊ သစ်ရွက်အခင်း၌ ထိုင်နေတော်မူသော မြတ်စွာဘုရားအား ငါသည် သစ်ရွက် (ဟင်းရွက်ပြုတ်) ကို ပေးလှူခဲ့၏။

၂။ ‘‘သိဒ္ဓတ္ထော လောကပဇ္ဇောတော, သဗ္ဗလောကတိကိစ္ဆကော၊

တဿ ပဏ္ဏံ မယာ ဒိန္နံ, နိသိန္နံ [နိသိန္နဿ (သျာ။ အဋ္ဌ။)] ပဏ္ဏသန္ထရေ။

၃။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ပဏ္ဏမဒဒိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ပဏ္ဏဒါနဿိဒံ ဖလံ။

၃။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ သစ်ရွက်ကို ပေးလှူခဲ့ရသော အခါမှ စ၍ ငါသည် အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သစ်ရွက်ကို လှူရခြင်း၏ အကျိုးပေတည်း။

၄။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊

ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ပဏ္ဏဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ပဏ္ဏဒါယကတ္ထေရဿာပဒါနံ ပဌမံ။

၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပဏ္ဏဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော ပဏ္ဏဒါယကတ္ထေရအပဒါန ပြီး၏။

၂။ ဖလဒါယကတ္ထေရအပဒါနံ

၅။ ‘‘သိနေရုသမသန္တောသော, ဓရဏီသမ [ဓရဏီဓရ (သီ။ သျာ။)] သာဒိသော၊

ဝုဋ္ဌဟိတွာ သမာဓိမှာ, ဘိက္ခာယ မမုပဋ္ဌိတော။

၂-ဖလဒါယကတ္ထေရအပဒါန ၅။ ‘မြင်းမိုရ်တောင်ကဲ့သို့’ ငြိမ်သက်ခြင်း ရှိတော်မူသည်ဖြစ်၍ မြေနှင့် တူသော သည်းခံ ခြင်းရှိတော်မူသော (သိဒ္ဓတ္ထ) မြတ်စွာဘုရားသည် နိရောဓသမာပတ် (သမာဓိ) မှထ၍ ဆွမ်းအလို့ ငှါ ငါ၏ အထံသို့ ရပ်တော်မူ၏။

၆။ ‘‘ဟရီတကံ [ဟရီတကိံ (သျာ။)] အာမလကံ, အမ္ဗဇမ္ဗုဝိဘီတကံ၊

ကောလံ ဘလ္လာတကံ ဗိလ္လံ, ဖာရုသကဖလာနိ စ။

၆။ (ထိုအခါ) ငါသည် သဖန်းခါးသီးကိုလည်းကောင်း၊ ဆီးဖြူ (သျှိသျှား) သီးကိုလည်း ကောင်း၊ သရက်, သပြေ, သစ်ဆိမ့်သီးကိုလည်းကောင်း၊ ဆီးသီးကိုလည်းကောင်း၊ ချေးသီးကိုလည်းကောင်း၊ ဥသျှစ်သီးကိုလည်းကောင်၊ ဖက်သက်တရော်သီးတို့ကိုလည်းကောင်း၊ ထိုဆိုခဲ့ ပြီးသော အသီးအလုံးစုံကိုလည်းကောင်း -

၇။ ‘‘သိဒ္ဓတ္ထဿ မဟေသိဿ, သဗ္ဗလောကာနုကမ္ပိနော၊

တဉ္စ သဗ္ဗံ မယာ ဒိန္နံ, ဝိပ္ပသန္နေန စေတသာ။

၇။ အလုံးစုံသော လောကကို သနားစောင့်ရှောက်တော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားအား အလွန်ကြည်ညိုသော စိတ်ဖြင့် ပေးလှူခဲ့၏။

၈။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ဖလံ အဒဒိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဖလဒါနဿိဒံ ဖလံ။

၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ သစ်သီးကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သစ်သီးကို လှူရခြင်း၏ အကျိုးပေတည်း။

၉။ ‘‘သတ္တပညာသိတော ကပ္ပေ, ဧကဇ္ဈော နာမ ခတ္တိယော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၉။ ဤဘဒ္ဒကမ္ဘာမှ ငါးဆယ့်ခုနစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော ‘ ‘ဧကဇ္ဈ’ ’ မည်သော စကြဝတေမင်း ဖြစ်ခဲ့ဖူး၏။

စာ-၂၇၁

၁၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဖလဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဖလဒါယကတ္ထေရဿာပဒါနံ ဒုတိယံ။

၁၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် ဖလဒါယကတ္ထေရအပဒါန ပြီး၏။

၃။ ပစ္စုဂ္ဂမနိယတ္ထေရအပဒါနံ

၁၁။ ‘‘သီဟံ ယထာ ဝနစရံ, နိသဘာဇာနိယံ ယထာ၊

ကကုဓံ ဝိလသန္တံဝ, အာဂစ္ဆန္တံ နရာသဘံ။

၃-ပစ္စုဂ္ဂမနိယတ္ထေရအပဒါန ၁၁။ ‘တော၌ ကျက်စားသော ခြင်္သေ့ကဲ့သို့လည်းကောင်း၊ နိသဘအာဇာနည်ကဲ့သို့လည်း ကောင်း၊ တင့်တယ်သော ဖောက်ကြံ့ပင် (ထောက်ကြံ့ပင်) ကဲ့သို့လည်းကောင်း’ ကြွလာတော်မူ သော၊ လူတို့ထက် မြတ်တော်မူသော-

၁၂။ ‘‘သိဒ္ဓတ္ထံ လောကပဇ္ဇောတံ, သဗ္ဗလောကတိကိစ္ဆကံ၊

အကာသိံ ပစ္စုဂ္ဂမနံ, ဝိပ္ပသန္နေန စေတသာ။

၁၂။ လောက၏ ဆီမီးတန်ဆောင်သဖွယ် ဖြစ်တော်မူသော၊ လူအပေါင်း၏ သမားတော် သဖွယ် ဖြစ်တော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားကို ငါသည် အထူးကြည်ညိုသော စိတ်ဖြင့် ခရီး ဦးကြိုဆိုခဲ့၏။

၁၃။ ‘‘စတုန္နဝုတိတော ကပ္ပေ, ပစ္စုဂ္ဂစ္ဆိံ နရာသဘံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ပစ္စုဂ္ဂမနေ ဣဒံ ဖလံ။

၁၃။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ မြတ်စွာဘုရားကို ခရီးဦးကြိုဆိုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ခရီးဦး ကြိုဆိုရခြင်း၏ အကျိုးပေတည်း။

၁၄။ ‘‘သတ္တတိံသေ [သတ္တဝီသေ (သီ။ သျာ။)] ဣတော ကပ္ပေ, ဧကော အာသိံ ဇနာဓိပေါ၊

သပရိဝါရောတိ နာမေန, စက္ကဝတ္တီ မဟဗ္ဗလော။

၁၄။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်ခုနစ်ကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သပရိဝါရ”ဟု အမည်ထင်ရှားသော စကြဝတေမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

၁၅။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ပစ္စုဂ္ဂမနိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ပစ္စုဂ္ဂမနိယတ္ထေရဿာပဒါနံ တတိယံ။

၁၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပစ္စုဂ္ဂမနိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် ပစ္စုဂ္ဂမနိယတ္ထေရအပဒါန ပြီး၏။

၄။ ဧကပုပ္ဖိယတ္ထေရအပဒါနံ

၁၆။ ‘‘ဒက္ခိဏမှိ ဒုဝါရမှိ, ပိသာစော အာသဟံ တဒါ၊

အဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ, ပီတရံသိံဝ ဘာဏုမံ။

၄-ဧကပုပ္ဖိယတ္ထေရအပဒါန ၁၆။ ငါသည် (မြို့၏) တောင်တံခါး၌ မြေဘုတ်ဘီလူး ဖြစ်ခဲ့၏၊ ထိုအခါ ‘နေမင်းကဲ့သို့’ ဝါဝင်းသော ရောင်ခြည်တော်ရှိတော်မူသော ကိလေသာအညစ်အကြေး ကင်းတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၏။

၁၇။ ‘‘ဝိပဿိဿ နရဂ္ဂဿ, သဗ္ဗလောကဟိတေသိနော၊

ဧကပုပ္ဖံ မယာ ဒိန္နံ, ဒွိပဒိန္ဒဿ တာဒိနော။

၁၇။ လူတို့ထက် မြတ်တော်မူသော အလုံးစုံသော လောက၏ အစီးအပွါးကို ရှာမှီးတော် မူသော အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရတော်မူသော တာဒိဂုဏ်နှင့် ပြည့်စုံတော်မူ သော ဝိပဿီမြတ်စွာဘုရားအား ငါသည် ပန်းတစ်ပွင့်ကို ပေးလှူခဲ့၏။

၁၈။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဒဒိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၁၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား (ပန်း) ပူဇော်ရခြင်း၏ အကျိုးပေတည်း။

စာ-၂၇၂

၁၉။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဧကပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဧကပုပ္ဖိယတ္ထေရဿာပဒါနံ စတုတ္ထံ။

၁၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဧကပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် ဧကပုပ္ဖိယတ္ထေရအပဒါန ပြီး၏။

၅။ မဃဝပုပ္ဖိယတ္ထေရအပဒါနံ

၂၀။ ‘‘နမ္မဒါနဒိယာ တီရေ, သယမ္ဘူ အပရာဇိတော၊

သမာဓိံ သော သမာပန္နော, ဝိပ္ပသန္နော အနာဝိလော။

၅-မဃဝပုပ္ဖိယတ္ထေရအပဒါန ၂၀။ ရန်သူတို့သည် မအောင်အပ်သော အလိုလိုဖြစ်တော်မူသော ထိုမြတ်စွာဘုရားသည် နမ္မဒါမြစ်ကမ်းအနီး၌ နိရောဓသမာပတ်ကို ဝင်စားတော်မူ၏၊ အထူးသဖြင့် ကြည်လင်တော်မူ၏၊ နောက်ကျုခြင်း ရှိတော်မမူ။

၂၁။ ‘‘ဒိသွာ ပသန္နသုမနော, သမ္ဗုဒ္ဓံ အပရာဇိတံ၊

တာဟံ မဃဝပုပ္ဖေန, သယမ္ဘုံ ပူဇယိံ တဒါ။

၂၁။ ထိုအခါ ငါသည် ရန်သူတို့သည် မအောင်အပ်သော မြတ်စွာဘုရားကို ဖူးမြင်ရသည် ရှိသော် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ဖက်ထုပ်ပန်း (မဃဝပန်း) ဖြင့် ထိိုု မြတ်စွာဘုရားကို ပူဇော်ခဲ့၏။

၂၂။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၂၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို ပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား (ပန်း) ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၂၃။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ မဃဝပုပ္ဖိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

မဃဝပုပ္ဖိယတ္ထေရဿာပဒါနံ ပဉ္စမံ။

၂၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်မဃဝပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် မဃဝပုပ္ဖိယတ္ထေရအပဒါန ပြီး၏။

၆။ ဥပဋ္ဌာကဒါယကတ္ထေရအပဒါနံ

၂၄။ ‘‘ရထိယံ ပဋိပဇ္ဇန္တံ, အာဟုတီနံ ပဋိဂ္ဂဟံ၊

ဒွိပဒိန္ဒံ မဟာနာဂံ, လောကဇေဋ္ဌံ နရာသဘံ။

၆-ဥပဋ္ဌာကဒါယကတ္ထေရအပဒါန ၂၄။ လှူဒါန်းဖွယ် ပစ္စည်းဝတ္ထုတို့ကို ခံယူတော်မူထိုက်သော, အခြေနှစ်ချောင်းရှိသူ နတ် လူတို့ကို အစိုးရတော်မူသော, ရဟန္တာမြတ်ဖြစ်တော်မူသော, လောက၏ အကြီးအမှူးဖြစ် တော်မူသော မြတ်စွာဘုရားကို ငါသည် လမ်းခရီး၌ ကြွသွားတော်မူစဥ် (ဖူးမြင်ရ၏)။

၂၅။ ‘‘ပက္ကောသာပိယ တဿာဟံ, သဗ္ဗလောကဟိတေသိနော၊

ဥပဋ္ဌာကော မယာ ဒိန္နော, သိဒ္ဓတ္ထဿ မဟေသိနော။

၂၅။ ကျက်ပြီးသော အာဟာရ၌ ရောင့်ရဲတော်မူသော, အလုံးစုံသော လောက၏ အစီး အပွါးကို ရှာမှီးတော်မူသော ထိုသိဒ္ဓတ္ထမြတ်စွာဘုရားအား ငါသည် အလုပ်အကျွေးကို ပေးလှူ ခဲ့၏။

၂၆။ ‘‘ပဋိဂ္ဂဟေတွာ [ပဋိဂ္ဂဟေသိ (က။)] သမ္ဗုဒ္ဓေါ, နိယျာဒေသိ မဟာမုနိ [မဟာဣသိ (က။)]၊

ဥဋ္ဌာယ အာသနာ တမှာ, ပက္ကာမိ ပါစိနာမုခေါ။

၂၆။ တရားအားလုံးကို သိတော်မူသော မြတ်စွာဘုရားသည် အလှူခံပြီး၍ ပြန်လည် ဆောက်နှင်းတော်မူခဲ့ပြီးနောက် ထိုနေရာမှ ထ၍ အရှေ့အရပ်သို့ ဖဲကြွတော်မူ၏။

စာ-၂၇၃

၂၇။ ‘‘စတုန္နဝုတိတော ကပ္ပေ, ဥပဋ္ဌာကမဒံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဥပဋ္ဌာနဿိဒံ ဖလံ။

၂၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ အလုပ်အကျွေးကို ပေးလှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် အလုပ် အကျွေးကို ပေးလှူရခြင်း၏ အကျိုးပေတည်း။

၂၈။ ‘‘သတ္တပညာသိတော ကပ္ပေ, ဗလသေနသနာမကော၊

သတ္တရတနသမ္ပန္နော, စက္ကဝတ္တီ မဟဗ္ဗလော။

၂၈။ ဤဘဒ္ဒကမ္ဘာမှ ငါးဆယ့်ခုနစ်ကမ္ဘာထက်၌ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံသည် ဖြစ်၍ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “ဗလသေန”အမည်ရှိသော စကြဝတေမင်း ဖြစ်ခဲ့ဖူး၏။

၂၉။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဥပဋ္ဌာကဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဥပဋ္ဌာကဒါယကတ္ထေရဿာပဒါနံ ဆဋ္ဌံ။

၂၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဥပဋ္ဌာကဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် ဥပဋ္ဌာကဒါယကတ္ထေရအပဒါန ပြီး၏။

၇။ အပဒါနိယတ္ထေရအပဒါနံ

၃၀။ ‘‘အပဒါနံ သုဂတာနံ, ကိတ္တယိံဟံ မဟေသိနံ၊

ပါဒေ စ သိရသာ ဝန္ဒိံ, ပသန္နော သေဟိ ပါဏိဘိ။

၇-အပဒါနိယတ္ထေရအပဒါန ၃၀။ ငါသည် မြတ်သော သီလက္ခန္ဓစသော ကျေးဇူးကို ရှာမှီးလေ့ရှိတော်မူကြကုန်သော မြတ်စွာဘုရားတို့၏ အကြောင်းအရာကို မြွက်ဆိုခဲ့၏။ ကြည်ညိုသည်ဖြစ်၍ ဦးခေါင်းဖြင့်လည်းကောင်း၊ မိမိလက်တို့ဖြင့်လည်းကောင်း ခြေတို့ကို ရှိခိုးခဲ့၏။

၃၁။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, အပဒါနံ ပကိတ္တယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ကိတ္တနာယ ဣဒံ ဖလံ။

၃၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ မြတ်စွာဘုရားတို့၏ အကြောင်းအရာကို မြွက်ဆိုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်း သည် မြတ်စွာဘုရားတို့၏ အကြောင်းအရာကို မြွက်ဆိုရခြင်း၏ အကျိုးပေတည်း။

၃၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ အပဒါနိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

အပဒါနိယတ္ထေရဿာပဒါနံ သတ္တမံ။

၃၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အပဒါနိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် အပဒါနိယတ္ထေရအပဒါန ပြီး၏။

၈။ သတ္တာဟပဗ္ဗဇိတတ္ထေရအပဒါနံ

၃၃။ ‘‘ဝိပဿိဿ ဘဂဝတော, သံဃော သက္ကတမာနိတော၊

ဗျသနံ မေ အနုပ္ပတ္တံ, ဉာတိဘေဒေါ ပုရေ အဟု။

၈-သတ္တာဟပဗ္ဗဇိတတ္ထေရအပဒါန ၃၃။ (လူအပေါင်းသည်) ဝိပဿီမြတ်စွာဘုရား၏ တပည့်အပေါင်း (သံဃာတော်) ကို ရိုသေ မြတ်နိုးအပ်၏၊ (ထိုအခါ) ငါသည် (စည်းစိမ်) ပျက်စီးခြင်သို့ အစဥ်ရောက်ခဲ့၏၊ ရှေ့အခါ၌လည်း (ငါ့အား) ဆွေမျိုးတို့၏ ပျက်စီးခြင်းသည် ဖြစ်ခဲ့၏။

၃၄။ ‘‘ပဗ္ဗဇ္ဇံ ဥပဂန္တွာန, ဗျသနုပသမာယဟံ၊

သတ္တာဟာဘိရတော တတ္ထ, သတ္ထုသာသနကမျတာ။

၃၄။ ငါသည် ပျက်စီးခြင်းမှ ငြိမ်းအေးခြင်းငှါ ရဟန်းအဖြစ်သို့ ကပ်ရောက်၍ (ရဟန်းပြု ၍) ထိုဘုရားရှင်သာသနာတော်၌ မြတ်စွာဘုရားအဆုံးအမတော်ကို အလိုရှိသူ၏ အဖြစ်ဖြင့် ခုနစ်ရက်ပတ်လုံး အလွန်မွေ့လျော်ခဲ့၏။

၃၅။ ‘‘ဧကနဝုတိတော ကပ္ပေ, ယမဟံ ပဗ္ဗဇိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ပဗ္ဗဇ္ဇာယ ဣဒံ ဖလံ။

၃၅။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ငါသည် ရဟန်းပြုခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ရဟန်းပြုခဲ့ရခြင်း၏ အကျိုးပေတည်း။

စာ-၂၇၄

၃၆။ ‘‘သတ္တသဋ္ဌိမှိတော ကပ္ပေ, သတ္တ အာသုံ မဟီပတီ၊

သုနိက္ခမာတိ ဉာယန္တိ, စက္ကဝတ္တီ မဟဗ္ဗလာ။

၃၆။ ဤဘဒ္ဒကမ္ဘာမှ ခြောက်ဆယ့်ခုနစ်ကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိကုန် သော “သုနိက္ခမ”ဟု ထင်ရှားကုန်သော စကြဝတေမင်းတို့သည် ခုနစ်ကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူး ကုန်၏။

၃၇။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ သတ္တာဟပဗ္ဗဇိတော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

သတ္တာဟပဗ္ဗဇိတတ္ထေရဿာပဒါနံ အဋ္ဌမံ။

၃၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သတ္တာဟပဗ္ဗဇိတမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် သတ္တာဟပဗ္ဗဇိတတ္ထေရအပဒါန ပြီး၏။

၉။ ဗုဒ္ဓုပဋ္ဌာယိကတ္ထေရအပဒါနံ

၃၈။ ‘‘ဝေဋမ္ဘိနီတိ [ဝေဋမ္ဗရီတိ (သီ။), ဝေဓမ္ဘိနီတိ (သျာ။)] မေ နာမံ, ပိတုသန္တံ [ပိတာ’သန္တံ (?)] မမံ တဒါ၊

မမ ဟတ္ထံ ဂဟေတွာန, ဥပါနယိ မဟာမုနိံ။

၉-ဗုဒ္ဓုပဋ္ဌာယိကတ္ထေရအပဒါန ၃၈။ ငါ၏ အမည်သည် ဝေဋ မ္ဘိနိ မည်၏၊ ထိုအခါ၌ ငါ၏ ဖခင်သည် ငါ၏ လက်ကို ဆွဲ၍ ငြိမ်သက်သော (သမာဓိရှိတော်မူသော) မြတ်စွာဘုရားအထံတော်သို့ ခေါ်ဆောင်ခဲ့၏။

၃၉။ ‘‘ဣမေမံ ဥဒ္ဒိသိဿန္တိ, ဗုဒ္ဓါ လောကဂ္ဂနာယကာ၊

တေဟံ ဥပဋ္ဌိံ သက္ကစ္စံ, ပသန္နော သေဟိ ပါဏိဘိ။

၃၉။ ‘လောက၌ အမြတ်ဆုံး အကြီးအမှူးဖြစ်တော်မူကုန်သော ဤမြတ်စွာဘုရားတို့သည် ငါ့ကို ညွှန်ပြကုန်လတ္တံ့’ (ဟု နှလုံးသွင်း၍) ငါသည် ကြည်ညိုသည် ဖြစ်ရကား မိမိလက်တို့ဖြင့် ရိုသေစွာ ထိုမြတ်စွာဘုရားတို့ကို လုပ်ကျွေးခဲ့၏။

၄၀။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ဗုဒ္ဓေ ဥပဋ္ဌဟိံ [ပရိစရိံ (သီ။ သျာ။)] တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဥပဋ္ဌာနဿိဒံ ဖလံ။

၄၀။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ မြတ်စွာဘုရားတို့ကို လုပ်ကျွေးခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားတို့ကို လုပ်ကျွေးရခြင်း၏ အကျိုးပေတည်း။

၄၁။ ‘‘တေဝီသမှိ ဣတော ကပ္ပေ, စတုရော အာသု ခတ္တိယာ၊

သမဏုပဋ္ဌာကာ နာမ, စက္ကဝတ္တီ မဟဗ္ဗလာ။

၄၁။ ဤဘဒ္ဒကမ္ဘာမှ နှစ်ဆယ့်သုံးကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိကုန်သော “သမဏုပဋ္ဌာက”မည်ကုန်သော စကြာမင်းတို့သည် လေးကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးကုန်၏။

၄၂။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဗုဒ္ဓုပဋ္ဌာယိကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဗုဒ္ဓုပဋ္ဌာယိကတ္ထေရဿာပဒါနံ နဝမံ။

၄၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဗုဒ္ဓုပဋ္ဌာယိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် ဗုဒ္ဓုပဋ္ဌာယိကတ္ထေရအပဒါန ပြီး၏။

၁၀။ ပုဗ္ဗင်္ဂမိယတ္ထေရအပဒါနံ

၄၃။ ‘‘စုလ္လာသီတိသဟဿာနိ, ပဗ္ဗဇိမှ အကိဉ္စနာ၊

တေသံ ပုဗ္ဗင်္ဂမော အာသိံ, ဥတ္တမတ္ထဿ ပတ္တိယာ။

၁၀-ပုဗ္ဗင်္ဂမိယတ္ထေရအပဒါန ၄၃။ မြတ်သော အကျိုးကို ရခြင်းငှါ ရှစ်သောင်းလေးထောင်ကုန်သော အမျိုးသားဖြစ် ကုန်သော ငါတို့သည် ကြောင့်ကြမရှိကုန်ဘဲ ရဟန်းပြုကြကုန်၏၊ ငါသည် ထိုအမျိုးသား တို့၏ ရှေ့သွားခေါင်းဆောင် ဖြစ်ခဲ့၏။

စာ-၂၇၅

၄၄။ ‘‘သရာဂါ သဘဝါ [သမောဟာ (သျာ။)] စေတေ, ဝိပ္ပသန္နမနာဝိလာ၊

ဥပဋ္ဌဟိံသု သက္ကစ္စံ, ပသန္နာ သေဟိ ပါဏိဘိ။

၄၄။ ရာဂနှင့် တကွ ဘဝနှင့်လည်း တကွဖြစ်ကုန်သော ထိုအမျိုးသားတို့သည် ကြည်ညို ကုန်လျက် အထူးသဖြင့် ကြည်လင်ခြင်း ရှိကုန်, နောက်ကျုခြင်း ကင်းကုန်သည်ဖြစ်၍ မိမိ လက်တို့ဖြင့် ရိုသေစွာ လုပ်ကျွေးကြကုန်၏။

၄၅။ ‘‘ခီဏာသဝါ ဝန္တဒေါသာ, ကတကိစ္စာ အနာသဝါ၊

ဖရိံသု မေတ္တစိတ္တေန, သယမ္ဘူ အပရာဇိတာ။

၄၅။ ထွေးအန်ပြီးသော ကိလေသာအပြစ်ရှိကုန်သော, ပြုအပ်ပြီးသော မဂ်ကိစ္စရှိကုန်သော, အာသဝေါ မရှိကုန်သော ရဟန္တာပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ရန်သူတို့သည် မအောင်အပ် ကုန်သော မြတ်စွာဘုရားတို့သည်လည်းကောင်း မေတ္တာစိတ်ဖြင့် ဖြန့်၍ နေကြကုန်၏။

၄၆။ ‘‘တေသံ ဥပဋ္ဌဟိတွာန, သမ္ဗုဒ္ဓါနံ ပတိဿတော၊

မရဏဉ္စ အနုပ္ပတ္တော, ဒေဝတ္တဉ္စ အဂမှသေ။

၄၆။ ငါတို့သည် သတိရှေ့သွား ရှိကုန်လျက် သစ္စာလေးပါးကို သိတော်မူကုန်သော ထိုရဟန္တာနှင့် မြတ်စွာဘုရားတို့အား လုပ်ကျွေးခဲ့ခြင်းကြောင့် သေခြင်းသို့ ရောက်ကုန်လတ် သော် နတ်ပြည်သို့ ရောက်ကုန်၏။

၄၇။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ သီလမနုပါလယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, သညမဿ ဣဒံ ဖလံ။

၄၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ သီလကို စောင့်ရှောက်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် စောင့်စည်းရခြင်း၏ အကျိုးပေတည်း။

၄၈။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ပုဗ္ဗင်္ဂမိယော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ပုဗ္ဗင်္ဂမိယတ္ထေရဿာပဒါနံ ဒသမံ။

ပဏ္ဏဒါယကဝဂ္ဂေါ ဧကူနတိံသတိမော။

တဿုဒ္ဒါနံ –

ပဏ္ဏံ ဖလံ ပစ္စုဂ္ဂမံ, ဧကပုပ္ဖိ စ မဃဝါ၊

ဥပဋ္ဌာကာပဒါနဉ္စ, ပဗ္ဗဇ္ဇာ ဗုဒ္ဓုပဋ္ဌာကော၊

ပုဗ္ဗင်္ဂမော စ ဂါထာယော, အဋ္ဌတာလီသ ကိတ္တိတာ။

၄၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပုဗ္ဗင်္ဂမိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် ပုဗ္ဗင်္ဂမိယတ္ထေရအပဒါန ပြီး၏။ နှစ်ဆယ့်ကိုးခုမြောက် ပဏ္ဏဒါယကဝဂ် ပြီး၏။

စာ-၂၇၆

၃၀။ စိတကပူဇကဝဂ္ဂေါ

၁။ စိတကပူဇကတ္ထေရအပဒါနံ

၁။ ‘‘အဇိတော နာမ နာမေန, အဟောသိံ ဗြာဟ္မဏော တဒါ၊

အာဟုတိံ ယိဋ္ဌုကာမောဟံ, နာနာပုပ္ဖံ သမာနယိံ။

၃၀-စိတကပူဇကဝဂ် ၁-စိတကပူဇကတ္ထေရအပဒါန ၁။ ထိုအခါ ငါသည် အမည်အားဖြင့် “အဇိတ”ဟု ထင်ရှားသော ပုဏ္ဏား ဖြစ်ခဲ့၏၊ အလှူ ဝတ္ထုကို ပူဇော်လိုသည်ဖြစ်၍ ပန်းအမျိုးမျိုးကို ဆောင်ယူခဲ့၏။

၂။ ‘‘ဇလန္တံ စိတကံ ဒိသွာ, သိခိနော လောကဗန္ဓုနော၊

တဉ္စ ပုပ္ဖံ သမာနေတွာ, စိတကေ ဩကိရိံ အဟံ။

၂။ ငါသည် လောက၏ အဆွေဖြစ်တော်မူသော သိခီမြတ်စွာဘုရား၏ တောက်ပသော အလောင်းတော်ထင်းပုံကို တွေ့မြင်သဖြင့် ထိုပန်းကိုလည်း ဆောင်ယူ၍ အလောင်းတော်ထင်းပုံ ၌ ကြဲဖြန့်ပူဇော်ခဲ့၏။

၃။ ‘‘ဧကတ္တိံသေ ဣတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၃။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို ပူဇော်ခဲ့ရသောအခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပန်းပူဇော် ရခြင်း၏ အကျိုးပေတည်း။

၄။ ‘‘သတ္တဝီသေ [သတ္တတိံသေ (က။)] ဣတော ကပ္ပေ, သတ္တာသုံ မနုဇာဓိပါ၊

သုပဇ္ဇလိတနာမာ တေ, စက္ကဝတ္တီ မဟဗ္ဗလာ။

၄။ ဤဘဒ္ဒကမ္ဘာမှ နှစ်ဆယ့်ခုနစ်ကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိကုန်သော “သုပဇ္ဇလိတ”မည်သော ထိုစကြဝတေမင်းတို့သည် ခုနစ်ကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးကုန်၏။

၅။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊

ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ စိတကပူဇကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

စိတကပူဇကတ္ထေရဿာပဒါနံ ပဌမံ။

၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်စိတကပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော စိတကပူဇကတ္ထေရအပဒါန ပြီး၏။

၂။ ပုပ္ဖဓာရကတ္ထေရအပဒါနံ

၆။ ‘‘ဝါကစီရဓရော အာသိံ, အဇိနုတ္တရဝါသနော၊

အဘိညာ ပဉ္စ နိဗ္ဗတ္တာ, စန္ဒဿ ပရိမဇ္ဇကော။

၂-ပုပ္ဖဓာရကတ္ထေရအပဒါန ၆။ ငါသည် လျှော်တေသင်္ကန်းကို ဆောင်သော သစ်နက်ရေကို ဝတ်ရုံလေ့ရှိသော ရသေ့ ဖြစ်ခဲ့၏၊ (ငါ့အား) အဘိညာဥ်ငါးပါးတို့ ဖြစ်ပေါ်ကုန်၏၊ (ထို့ကြောင့် ငါသည် ) လဝန်းကို သုံးသပ်နိုင်၏။

၇။ ‘‘ဝိပဿိံ လောကပဇ္ဇောတံ, ဒိသွာ အဘိဂတံ မမံ၊

ပါရိစ္ဆတ္တကပုပ္ဖါနိ, ဓာရေသိံ သတ္ထုနော အဟံ။

၇။ ငါ၏ အထံသို့ ကြွလာတော်မူသော လောက၌ ထွန်းလင်းတောက်ပတော်မူသော ဝိပဿီ မြတ်စွာဘုရားကို ဖူးမြင်ရ၍ ငါသည် ပင်လယ်ကသစ်ပန်းတို့ကို မြတ်စွာဘုရားအား (ထီး သဖွယ်) ဆောင်းမိုး (ကပ်လှူ) ခဲ့၏။

၈။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဓာရဏာယ ဣဒံ ဖလံ။

၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ် လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပန်းထီးကို ဆောင်းမိုးရခြင်း၏ အကျိုးပေတည်း။

၉။ ‘‘သတ္တာသီတိမှိတော ကပ္ပေ, ဧကော အာသိံ မဟီပတိ၊

သမန္တဓာရဏော နာမ, စက္ကဝတ္တီ မဟဗ္ဗလော။

၉။ ဤဘဒ္ဒကမ္ဘာမှ ရှစ်ဆယ့်ခုနစ်ကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော “သမန္တဓာရဏ”မည်သော စကြဝတေမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

စာ-၂၇၇

၁၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ပုပ္ဖဓာရကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ပုပ္ဖဓာရကတ္ထေရဿာပဒါနံ ဒုတိယံ။

၁၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပုပ္ဖဓာရကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် ပုပ္ဖဓာရကတ္ထေရအပဒါန ပြီး၏။

၃။ ဆတ္တဒါယကတ္ထေရအပဒါနံ

၁၁။ ‘‘ပုတ္တော မမ ပဗ္ဗဇိတော, ကာသာယဝသနော တဒါ၊

သော စ ဗုဒ္ဓတ္တံ သမ္ပတ္တော, နိဗ္ဗုတော လောကပူဇိတော။

၃-ဆတ္တဒါယကတ္ထေရအပဒါန ၁၁။ ထိုအခါ၌ ငါ၏ သားသည် ဖန်ရည်စွန်းသော အဝတ်ကို ဝတ်လျက် ရဟန်းပြု၏၊ ထိုငါ၏ သားသည်ကား သစ္စာလေးပါးကို သိသော ရဟန္တာအဖြစ်သို့ ရောက်လျက် လောက သည် ပူဇော်အပ်သည်ဖြစ်၍ ပရိနိဗ္ဗာန်စံတော်မူလေ၏။

၁၂။ ‘‘ဝိစိနန္တော သကံ ပုတ္တံ, အဂမံ ပစ္ဆတော အဟံ၊

နိဗ္ဗုတဿ မဟန္တဿ, စိတကံ အဂမာသဟံ။

၁၂။ ငါသည် မိမိသားကို စူးစမ်းရှာဖွေလိုသောကြောင့် နောက်မှ (သားထံသို့) လိုက်သွား ခဲ့၏၊ ရဟန္တာမြတ်ဖြစ်တော်မူသော ပရိနိဗ္ဗာန်စံတော်မူသော (ငါ့သား၏) မီးသင်္ဂြိုဟ်ရာ ထင်းပုံသို့ ငါသည် ရောက်ခဲ့၏။

၁၃။ ‘‘ပဂ္ဂယှ အဉ္ဇလိံ တတ္ထ, ဝန္ဒိတွာ စိတကံ အဟံ၊

သေတစ္ဆတ္တဉ္စ ပဂ္ဂယှ, အာရောပေသိံ အဟံ တဒါ။

၁၃။ ထိုအခါ ထိုအရပ်၌ လက်အုပ်မြှောက်ချီလျက် အလောင်းတော်ထင်းပုံကို ရှိခိုးပြီလျှင် ထီးဖြူကိုလည်း ယူ၍ တင်လှူပူဇော်ခဲ့၏။

၁၄။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ဆတ္တမဘိရောပယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဆတ္တဒါနဿိဒံ ဖလံ။

၁၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ထီးဖြူကို လှူခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ထီးလှူရခြင်း၏ အကျိုး ပေတည်း။

၁၅။ ‘‘ပဉ္စဝီသေ ဣတော ကပ္ပေ, သတ္တ အာသုံ ဇနာဓိပါ၊

မဟာရဟသနာမာ တေ, စက္ကဝတ္တီ မဟဗ္ဗလာ။

၁၅။ ဤဘဒ္ဒကမ္ဘာမှ နှစ်ဆယ့်ငါးကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိကုန်သော “မဟာရဟ”ဟု တူသော အမည်ရှိကုန်သော စကြဝတေမင်းတို့သည် ခုနစ်ကြိမ်တိုင်တိုင် ဖြစ်ခဲ့ဖူးကုန်၏။

၁၆။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဆတ္တဒါယကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဆတ္တဒါယကတ္ထေရဿာပဒါနံ တတိယံ။

၁၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဆတ္တဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် ဆတ္တဒါယကတ္ထေရအပဒါန ပြီး၏။

၄။ သဒ္ဒသညကတ္ထေရအပဒါနံ

၁၇။ ‘‘အနုဂ္ဂတမှိ အာဒိစ္စေ, ပနာဒေါ [ပသာဒေါ (သျာ။ အဋ္ဌ။)] ဝိပုလော အဟု၊

ဗုဒ္ဓသေဋ္ဌဿ လောကမှိ, ပါတုဘာဝေါ မဟေသိနော။

၄-သဒ္ဒသညကတ္ထေရအပဒါန ၁၇။ နေတက်သည်ရှိသော် လောက၌ မြတ်သော သီလက္ခန္ဓစသော ကျေးဇူးကို ရှာမှီး လေ့ရှိတော်မူသော မြတ်စွာဘုရား၏ ထင်ရှားပွင့်တော်မူခြင်းသည် ဖြစ်၏ဟု မိုးသောက်ထအခါ၌ ပြန့်ပြောသော အသံသည် ဖြစ်ပေါ်လေ၏။

စာ-၂၇၈

၁၈။ ‘‘ဃောသ [သဒ္ဒ (သီ။ သျာ။)] မဿောသဟံ တတ္ထ, န စ ပဿာမိ တံ ဇိနံ၊

မရဏဉ္စ အနုပ္ပတ္တော, ဗုဒ္ဓသညမနုဿရိံ။

၁၈။ ထိုအချိန်၌ ငါသည် ဘုရားဟူသော အသံကို ကြားရ၏၊ သေခြင်းအနီးသို့ ရောက်သည်ဖြစ်၍ ထိုမြတ်စွာဘုရားကိုကား မဖူးမြင်ရပေ၊ ဘုရားဟူသော အမှတ်ကိုကား အောက်မေ့နိုင်ခဲ့၏။

၁၉။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ သညမလဘိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၁၉။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ဘုရားဟူသော အမှတ်ကို ရခဲ့သော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၂၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ သဒ္ဒသညကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

သဒ္ဒသညကတ္ထေရဿာပဒါနံ စတုတ္ထံ။

၂၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သဒ္ဒသညကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် သဒ္ဒသညကတ္ထေရအပဒါန ပြီး၏။

၅။ ဂေါသီသနိက္ခေပကတ္ထေရအပဒါနံ

၂၁။ ‘‘အာရာမဒွါရာ နိက္ခမ္မ, ဂေါသီသံ သန္ထတံ မယာ၊

အနုဘောမိ သကံ ကမ္မံ, ပုဗ္ဗကမ္မဿိဒံ ဖလံ။

၅-ဂေါသီသနိက္ခေပကတ္ထေရအပဒါန ၂၁။ ကျောင်းအရံတံခါးမှ ထွက်၍ ငါသည် နွားဦးခေါင်းရိုးကို ခင်းခဲ့၏၊ မိမိကုသိုလ်ကံကို ခံစားရ၏။ ဤသို့ ဖြစ်ရခြင်းသည် ရှေးကောင်းမှု၏ အကျိုးပေတည်း။

၂၂။ ‘‘အာဇာနိယာ ဝါတဇဝါ, သိန္ဓဝါ သီဃဝါဟနာ၊

အနုဘောမိ သဗ္ဗမေတံ, ဂေါသီသဿ ဣဒံ ဖလံ။

၂၂။ လေကဲ့သို့ လျင်သော အဟုန်ရှိသော အာဇာနည်သိန္ဓောမြင်းတို့သည်လည်းကောင်း၊ လျင်မြန်သော ယာဥ်ရထားတို့သည်လည်းကောင်း (ငါ့အား ဖြစ်ကုန်၏)၊ ဤအလုံးစုံကို ခံစား ရ၏။ ဤသို့ ဖြစ်ရခြင်းသည်ကား နွားဦးခေါင်းရိုး ခင်းရခြင်း၏ အကျိုးပေတည်း။

၂၃။ ‘‘အဟော ကာရံ ပရမကာရံ, သုခတ္တေ သုကတံ မယာ၊

သံဃေ ကတဿ ကာရဿ, န အညံ ကလမဂ္ဃတိ။

၂၃။ မြင့်မြတ်စွာ ပြုအပ်သော ကောင်းမှုသည် အံ့ဩဖွယ် ရှိပါပေစွ၊ လယ်မြေကောင်း သဖွယ်ဖြစ်သော သံဃာ၌ ငါသည် ကောင်းစွာ ပြုလုပ်အပ်သော ကုသိုလ်ကံသည် အံ့ဩဖွယ် ရှိပါပေစွ၊ (သာသနာပ၌ ပြုအပ်သော) တစ်ပါးသော ကုသိုလ်ကံသည် သံဃာ၌ ကောင်းစွာ ပြုအပ်သော ကုသိုလ်ကံ၏ (တစ်ဆယ့်ခြောက်စိတ် စိတ်၍) တစ်စိတ်ကိုမျှ မမီနိုင်။

၂၄။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ သီသံ သန္ထရိံ အဟံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, သန္ထရဿ ဣဒံ ဖလံ။

၂၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ငါသည် နွားဦးခေါင်းခွံရိုးအခင်းကို ခင်းခဲ့ ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် နွားဦးခေါင်းရိုးကို ခင်းရခြင်း၏ အကျိုးပေတည်း။

၂၅။ ‘‘ပဉ္စသတ္တတိကပ္ပမှိ, သုပ္ပတိဋ္ဌိတနာမကော၊

ဧကော အာသိံ မဟာတေဇော, စက္ကဝတ္တီ မဟဗ္ဗလော။

၂၅။ ခုနစ်ဆယ့်ငါးကမ္ဘာထက်၌ များမြတ်သည့် ဗိုလ်ပါအင်အားရှိသော တန်ခိုးကြီးမား သော သုပ္ပတိဋ္ဌိတမည်သော စကြဝတေမင်း တစ်ကြိမ် ဖြစ်ခဲ့၏။

၂၆။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဂေါသီသနိက္ခေပကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဂေါသီသနိက္ခေပကတ္ထေရဿာပဒါနံ ပဉ္စမံ။

၂၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဂေါသီသနိက္ခေပကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် ဂေါသီသနိက္ခေပကတ္ထေရအပဒါန ပြီး၏။

စာ-၂၇၉

၆။ ပါဒပူဇကတ္ထေရအပဒါနံ

၂၇။ ‘‘ပဗ္ဗတေ ဟိမဝန္တမှိ, အဟောသိံ ကိန္နရော တဒါ၊

အဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ, ပီတရံသိံဝ ဘာဏုမံ။

၆-ပါဒပူဇကတ္ထေရအပဒါန ၂၇။ ထိုအခါ ငါသည် ဟိမဝန္တာတောင်၌ ကိန္နရာ ဖြစ်ခဲ့၏၊ ‘နေမင်းကဲ့သို့’ ဝါဝင်းသော အရောင်အဆင်းရှိသည်ဖြစ်၍ ကင်းသော မြူရှိသော မြတ်စွာဘုရားကို ဖူးမြင်ရ၏။

၂၈။ ‘‘ဥပေတံ တမဟံ [ဥပေတောပိ တဒါ (သျာ။), ဥပေသိံ တမဟံ (?)] ဗုဒ္ဓံ, ဝိပဿိံ လောကနာယကံ၊

စန္ဒနံ တဂရဉ္စာပိ, ပါဒေ ဩသိဉ္စဟံ တဒါ။

၂၈။ ထိုအခါ ငါသည် ငါ့ထံသို့ ကြွလာတော်မူသော လောက၏ ရှေ့သွားဖြစ်တော်မူသော ဝိပဿီမြတ်စွာဘုရား၏ ခြေတော်၌ စန္ဒကူးကိုလည်းကောင်း၊ တောင်ဇလပ်ပန်းကိုလည်း ကောင်း ကြဲဖြန့်ပူဇော်ခဲ့၏။

၂၉။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ပါဒံ အဘိပူဇယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ပါဒပူဇာယိဒံ ဖလံ။

၂၉။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ခြေတော်ကို ပူဇော်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ခြေတော်ကို ပူဇော်ရ ခြင်း၏ အကျိုးပေတည်း။

၃၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ပါဒပူဇကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ပါဒပူဇကတ္ထေရဿာပဒါနံ ဆဋ္ဌံ။

၃၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပါဒပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် ပါဒပူဇကတ္ထေရအပဒါန ပြီး၏။

၇။ ဒေသကိတ္တကတ္ထေရအပဒါနံ

၃၁။ ‘‘ဥပသာလကနာမောဟံ, အဟောသိံ ဗြာဟ္မဏော တဒါ၊

ကာနနံ ဝနမောဂါဠှံ, လောကဇေဋ္ဌံ နရာသဘံ။

၇-ဒေသကိတ္တကတ္ထေရအပဒါန ၃၁။ ထိုအခါ ငါသည် “ဥပသာလက”အမည်ရှိသော ပုဏ္ဏား ဖြစ်ခဲ့၏၊ ငှက်တို့၏ တွန်မြူးရာဖြစ်သော တောသို့ ဝင်တော်မူသော လောက၏ အကြီးအမှူးဖြစ်တော်မူသော မြတ်စွာဘုရားကို (ဖူးမြင်ရ၏)။

၃၂။ ‘‘ဒိသွာန ဝန္ဒိံ ပါဒေသု, လောကာဟုတိပဋိဂ္ဂဟံ၊

ပသန္နစိတ္တံ မံ ဉတွာ, ဗုဒ္ဓေါ အန္တရဓာယထ။

၃၂။ လောက၏ ပူဇော်ဖွယ်ကို ခံတော်မူထိုက်သော မြတ်စွာဘုရားကို ဖူးမြင်ရ၍ ခြေတော် တို့၌ ရှိခိုးခဲ့၏၊ မြတ်စွာဘုရားသည် ကြည်ညိုသော စိတ်ရှိသော ငါ့ကို သိတော်မူပြီး၍ (ကြွသွား) ကွယ်ပျောက်တော်မူ၏။

၃၃။ ‘‘ကာနနာ အဘိနိက္ခမ္မ, ဗုဒ္ဓသေဋ္ဌမနုဿရိံ၊

တံ ဒေသံ ကိတ္တယိတွာန, ကပ္ပံ သဂ္ဂမှိ မောဒဟံ။

၃၃။ ငါသည် တောမှ ထွက်၍ မြတ်စွာဘုရားကို အောက်မေ့ခဲ့၏၊ ထိုအရပ်ကို ချီးကျူး ခြင်းကြောင့် တစ်ကမ္ဘာပတ်လုံး နတ်ပြည်၌ မွေ့လျော်ရ၏။

၃၄။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, ယံ ဒေသမဘိကိတ္တယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ကိတ္တနာယ ဣဒံ ဖလံ။

၃၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ အရပ်ကို ချီးကျူးခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ချီးကျူးရခြင်း၏ အကျိုးပေတည်း။

၃၅။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ဒေသကိတ္တကော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဒေသကိတ္တကတ္ထေရဿာပဒါနံ သတ္တမံ။

၃၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဒေသကိတ္တကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် ဒေသကိတ္တကတ္ထေရအပဒါန ပြီး၏။

စာ-၂၈၀

၈။ သရဏဂမနိယတ္ထေရအပဒါနံ

၃၆။ ‘‘ပဗ္ဗတေ ဟိမဝန္တမှိ, အဟောသိံ လုဒ္ဒကော တဒါ၊

ဝိပဿိံ အဒ္ဒသံ ဗုဒ္ဓံ, လောကဇေဋ္ဌံ နရာသဘံ။

၈-သရဏဂမနိယတ္ထေရအပဒါန ၃၆။ ထိုအခါ ငါသည် ဟိမဝန္တာတောင်၌ မုဆိုး ဖြစ်ခဲ့ဖူး၏၊ လောက၏ အကြီးအမှူးဖြစ်၍ လူတို့ထက် မြတ်တော်မူသော ဝိပဿီမြတ်စွာဘုရားကို ဖူးမြင်ရ၏။

၃၇။ ‘‘ဥပါသိတွာန သမ္ဗုဒ္ဓံ, ဝေယျာဝစ္စမကာသဟံ၊

သရဏဉ္စ ဥပါဂစ္ဆိံ, ဒွိပဒိန္ဒဿ တာဒိနော။

၃၇။ ငါသည် မြတ်စွာဘုရားကို ဆည်းကပ်ပြီးလျှင် အမှုကြီးငယ် (ဝေယျာဝစ္စ) ကို ပြုစုခဲ့၏၊ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသည် ဖြစ်၍ အခြေနှစ်ချောင်းရှိသူ နတ်လူတို့ကို အစိုးရတော် မူသော မြတ်စွာဘုရားအား ကိုးကွယ်ဆည်းကပ်ခြင်းသို့လည်း ရောက်ခဲ့၏။

၃၈။ ‘‘ဧကနဝုတိတော ကပ္ပေ, သရဏံ ဥပဂစ္ဆဟံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, သရဏာဂမနပ္ဖလံ။

၃၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ငါသည် (မြတ်စွာဘုရားကို) ကိုးကွယ် ဆည်းကပ်ခြင်းသို့ ရောက်ခဲ့ရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူး ပေ။ ဤသို့ ဖြစ်ရခြင်းသည့်သရဏဂုံ ဆောက်တည်ရခြင်း၏ အကျိုးပေတည်း။

၃၉။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

၃၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သရဏဂမနိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် သရဏဂမနိယတ္ထေရအပဒါန ပြီး၏။

အရင်းအမြစ်များ

မြန်မာပြန်
ပါဠိတော် မြန်မာပြန် — Ven. Ashin Neminda's MyanmarTipitaka Micro collection

ကျမ်းကိုးကား

  1. Vipassana Research Institute. (n.d.). 25. Tuvaradāyakavaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#512
  2. Vipassana Research Institute. (n.d.). 26. Thomakavaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#513
  3. Vipassana Research Institute. (n.d.). 27. Padumukkhipavaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#514
  4. Vipassana Research Institute. (n.d.). 28. Suvaṇṇabibbohanavaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#515
  5. Vipassana Research Institute. (n.d.). 29. Paṇṇadāyakavaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#516
  6. Vipassana Research Institute. (n.d.). 30. Citakapūjakavaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#517