အပဒါနပါဠိ (ဒု)
ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။
ဥဂ္ဃရန္တံ ပဂ္ဃရန္တံ, ဗာလာနံ အဘိနန္ဒိတံ။
၃၅၅။ ‘‘‘အသုဘာယ စိတ္တံ ဘာဝေဟိ, ဧကဂ္ဂံ သုသမာဟိတံ၊
သတိ ကာယဂတာ တျတ္ထု, နိဗ္ဗိဒါ ဗဟုလာ ဘဝ။
၃၅၅။ မတင့်တယ်သော အသုဘအားဖြင့် စိတ်ကို အာရုံတစ်ခုတည်း ရှိလျက် ကောင်းစွာ တည်တံ့အောင်ပွါးများစေပါလော့၊ သင့်အား ကိုယ်၌ ဖြစ်သော အောက်မေ့ခြင်း ‘ကာယဂတာ သတိ’ သည်ဖြစ်စေပါလော့၊ များစွာ ငြီးငွေ့ခြင်းသည် သင့်အား ဖြစ်စေပါလော့။
၃၅၆။ ‘‘‘ယထာ ဣဒံ တထာ ဧတံ, ယထာ ဧတံ တထာ ဣဒံ၊
အဇ္ဈတ္တဉ္စ ဗဟိဒ္ဓါ စ, ကာယေ ဆန္ဒံ ဝိရာဇယ။
၃၅၆။ ဤခန္ဓာကိုယ်ကဲ့သို့ ထို့အတူ ထိုခန္ဓာကိုယ်သည်လည်းကောင်း၊ ထိုခန္ဓာကိုယ်ကဲ့သို့ ထို့အတူဤခန္ဓာကိုယ်သည်လည်းကောင်း ဖြစ်ပေ၏။ (ထို့ကြောင့်) အတွင်း (မိမိ) ခန္ဓာကိုယ်၌ လည်းကောင်း၊ အပ (သူတစ်ပါး) ခန္ဓာကိုယ်၌လည်းကောင်း တပ်နှစ်သက်ခြင်းကို ကင်းကွာစေ လော့။
၃၅၇။ ‘‘‘အနိမိတ္တဉ္စ ဘာဝေဟိ, မာနာနုသယမုဇ္ဇဟ၊
တတော မာနာဘိသမယာ, ဥပသန္တာ စရိဿသိ။
၃၅၇။ နိမိတ်မရှိသော (အနိစ္စသညာ) ဝိပဿနာကိုလည်း ပွါးများလေလော့၊ မာနာနုသယ ကိုလည်းစွန့်ပယ်ပါလော့၊ ထိုမာနကို စွန့်ပယ်ခြင်းကြောင့် ငြိမ်းအေးလျက် လှည့်လည်ရ လတ္တံ့။
၃၅၈။ ‘‘‘ယေ ရာဂရတ္တာနုပတန္တိ သောတံ, သယံ ကတံ မက္ကဋကောဝ ဇာလံ၊
ဧတမ္ပိ ဆေတွာန ပရိဗ္ဗဇန္တိ, န ပေက္ခိနော [အနပေက္ခိနော (သီ။ သျာ။ ပီ။)] ကာမသုခံ ပဟာယ’။
၃၅၈။ ‘ပင့်ကူသည် ကိုယ်တိုင် ပြုအပ်သော (ပင့်ကူမျှင်) ကွန်ရက်သို့ အစဥ်လိုက်သကဲ့ သို့’အကြင်သူတို့သည် ရာဂဖြင့် တပ်စွန်းကုန်လျက် (ကိုယ်တိုင် ပြုအပ်သော ရာဂ) အလျဥ် သို့အစဥ်လိုက်ကုန်၏၊ (ထိုသူတို့သည်) ဤရာဂကိုလည်း ဖြတ်၍ ငဲ့ကွက်ခြင်းမရှိဘဲ ကာမ ချမ်းသာကိုပယ်စွန့်လျက် ကျင့်ကုန်၏ (ဟု ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏)။
၃၅၉။ ‘‘တတော ကလ္လိတစိတ္တံ [ကလ္လိကစိတ္တံ (သျာ။), ကလိကစိတ္တံ (ပီ။)] မံ, ဉတွာန နရသာရထိ၊
မဟာနိဒါနံ ဒေသေသိ, သုတ္တန္တံ ဝိနယာယ မေ။
၃၅၉။ ထို့နောက် မြတ်စွာဘုရားသည် သင့်လျော်သော စိတ်ရှိသော ငါ့ကို သိ၍ ငါ့အား ဆုံးမခြင်းငှါမဟာနိဒါနသုတ္တန်ဖြစ်သော (ပဋိစ္စသမုပ္ပါဒ်) တရားကို ဟောတော်မူ၏။
၃၆၀။ ‘‘သုတွာ သုတ္တန္တသေဋ္ဌံ တံ, ပုဗ္ဗသညမနုဿရိံ၊
တတ္ထ ဌိတာဝဟံ သန္တီ, ဓမ္မစက္ခုံ ဝိသောဓယိံ။
၃၆၀။ ငါသည် ထိုသုတ္တန်တရားတော်မြတ်ကို ကြားနာရ၍ ရှေးက ဖြစ်ဖူးသော အမှတ် သညာကိုအစဥ်အောက်မေ့ပြီ၊ ငါသည် ထိုနေရာ၌ တည်လျက်ပင် ငြိမ်းအေးလျက် တရား မျက်စိ (သောတာပတ္တိမဂ်ဉာဏ်) ကို သုတ်သင်၏။
၃၆၁။ ‘‘နိပတိတွာ မဟေသိဿ, ပါဒမူလမှိ တာဝဒေ၊
အစ္စယံ ဒေသနတ္ထာယ, ဣဒံ ဝစနမဗြဝိံ။
၃၆၁။ ထိုအခါ ငါသည် မြတ်စွာဘုရား၏ ခြေတော်ရင်း၌ တုပ်ဝပ်၍ အပြစ်ကို (ဝန်ခံ) ပြောကြားခြင်းငှါဤစကားကို လျှောက်ထား၏-
၃၆၂။ ‘‘‘နမော တေ သဗ္ဗဒဿာဝီ, နမော တေ ကရုဏာကရ၊
နမော တေ တိဏ္ဏသံသာရ, နမော တေ အမတံ ဒဒ။
၃၆၂။ အလုံးစုံသော တရားကို သိမြင်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုး ပါ၏၊ ကရုဏာ၏ တည်ရာဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ သံသရာကိုကူးမြောက်ပြီးတော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ အမြိုက် နိဗ္ဗာန်ကိုပေးတော်မူတတ်သော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏။
၃၆၃။ ‘‘‘ဒိဋ္ဌိဂဟနပက္ခန္ဒာ [… ပက္ခန္တာ (သီ။ သျာ။)], ကာမရာဂဝိမောဟိတာ၊
တယာ သမ္မာ ဥပါယေန, ဝိနီတာ ဝိနယေ ရတာ။
၃၆၃။ မိစ္ဆာဒိဋ္ဌိတောအုပ်သို့ ပြေးဝင်လျက် ကာမရာဂဖြင့် ပြင်းစွာ တွေဝေသော အကျွန်ုပ် သည်အကြောင်းဥပါယ်အားဖြင့် အရှင်ဘုရားသည် ကောင်းစွာ ဆုံးမတော်မူအပ်သည်ဖြစ်၍ သာသနာတော်၌ပျော်မွေ့လျက်ရှိပါ၏။
၃၆၄။ ‘‘‘အဒဿနေန ဝိဘောဂါ [ဝိဗ္ဘောဂါ (သီ။), ဝိဟိတာ (သျာ။)], တာဒိသာနံ မဟေသိနံ၊
အနုဘောန္တိ မဟာဒုက္ခံ, သတ္တာ သံသာရသာဂရေ။
၃၆၄။ ထိုသို့သဘောရှိသော မြတ်စွာဘုရားတို့ကို မဖူးမြင်ရခြင်းကြောင့် ကွေကွင်းလျက် ရှိသောသူတို့သည် သံသရာတည်းဟူသော သမုဒ္ဒရာ၌ ကြီးစွာသော ဆင်းရဲကို ခံစားနေရ ပါကုန်၏။
၃၆၅။ ‘‘‘ယဒါဟံ လောကသရဏံ, အရဏံ အရဏန္တဂုံ [မရဏန္တဂံ (သျာ။)]၊
နာဒ္ဒသာမိ အဒူရဋ္ဌံ, ဒေသယာမိ [ဒေသေဿာမိ (သျာ။)] တမစ္စယံ။
၃၆၅။ အကျွန်ုပ်သည် လောက၏ ကိုးကွယ်ရာ ဖြစ်တော်မူသော ကိလေသာ ကင်းတော် မူသော ကိလေသာ ကင်းခြင်း၏ အဆုံးသို့ ရောက်တော်မူသော မြတ်စွာဘုရားကို အနီး၌ တည်ရှိပါလျက်မဖူးမြင်ခဲ့ပါ၊ ထိုအပြစ်ကို လျှောက်ကြားပါ၏။
၃၆၆။ ‘‘‘မဟာဟိတံ ဝရဒဒံ, အဟိတောတိ ဝိသင်္ကိတာ၊
နောပေသိံ ရူပနိရတာ, ဒေသယာမိ တမစ္စယံ’။
၃၆၆။ အကျွန်ုပ်သည် အဆင်း၌ မွေ့လျော်သည် ဖြစ်၍ အကျိုးမဲ့ဟု မှတ်ထင်လျက် အကျိုးကိုများစွာဆောင်တော်မူသော မြတ်သော နိဗ္ဗာန်ကို ပေးတော်မူသော မြတ်စွာဘုရား ထံသို့ မချဥ်းကပ်ခဲ့ပါ၊ ထိုအပြစ်ကို လျှောက်ကြားပါ၏ (ဟု ဤစကားကို လျှောက်ထား လေ၏)။
၃၆၇။ ‘‘တဒါ မဓုရနိဂ္ဃေါသော, မဟာကာရုဏိကော ဇိနော၊
အဝေါစ တိဋ္ဌ ခေမေတိ, သိဉ္စန္တော အမတေန မံ။
၃၆၇။ ထိုအခါ ချိုသာသော အသံရှိတော်မူ၍ မဟာကရုဏာရှိတော်မူသော မြတ်စွာဘုရား သည် ငါ့ကိုအမြိုက်ရေစင်ဖြင့် သွန်းလောင်းတော်မူလျက် “ခေမာ ရှိပါစေတော့”ဟု မိန့်တော် မူ၏။
၃၆၈။ ‘‘တဒါ ပဏမျ သိရသာ, ကတွာ စ နံ ပဒက္ခိဏံ၊
ဂန္တွာ ဒိသွာ နရပတိံ, ဣဒံ ဝစနမဗြဝိံ။
၃၆၈။ ထိုအခါ ငါသည် ထိုမြတ်စွာဘုရားကို ဦးခေါင်းဖြင့် ရှိခိုးပြီးလျှင် အရိုအသေ ပြုလျက် (ပြန်) သွားလတ်သော် မင်းကြီးကို ဖူးမြင်၍ ဤစကားကို လျှောက်ထားခဲ့၏-၃၆၉။ အရှင်မင်းမြတ် အရှင်သည် ကောင်းစွာ ကြံစည်အပ်သော ဤအကြောင်းဥပါယ် သည်အံ့ဩဖွယ်ရှိပါပေစွ၊ ဝေဠုဝန်ဥယျာဥ်ကို ကြည့်ရှုလိုသော အကျွန်ုပ်သည် ကိလေသာ ကင်းတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ခဲ့ရပါ၏။
၃၆၉။ ‘‘‘အဟော သမ္မာ ဥပါယော တေ, စိန္တိတောယမရိန္ဒမ၊
ဝနဒဿနကာမာယ, ဒိဋ္ဌော နိဗ္ဗာနတော မုနိ။
၃၇၀။ ‘‘‘ယဒိ တေ ရုစ္စတေ ရာဇ [ရာဇာ (သျာ။)], သာသနေ တဿ တာဒိနော၊
ပဗ္ဗဇိဿာမိ ရူပေဟံ, နိဗ္ဗိန္နာ မုနိဝါဏိနာ’ [မုနိဘာဏိနာ (သျာ။ ပီ။)]။
ဒုတိယံ ဘာဏဝါရံ။
၃၇၀။ အရှင်မင်းမြတ် အရှင်သည် အကယ်၍ နှစ်သက်ပါမူ အကျွန်ုပ်သည် မြတ်စွာဘုရား၏ (တရား) စကားတော်ကြောင့် ရုပ်အဆင်း၌ ငြီးငွေ့သည် ဖြစ်၍ ထိုမြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းပြုပါတော့အံ့ (ဟု လျှောက်ထားလေ၏)။ နှစ်ခုမြောက် ဘာဏဝါရ ပြီး၏။
၃၇၁။ ‘‘အဉ္ဇလိံ ပဂ္ဂဟေတွာန, တဒါဟ သ မဟီပတိ၊
‘အနုဇာနာမိ တေ ဘဒ္ဒေ, ပဗ္ဗဇ္ဇာ တဝ သိဇ္ဈတု’။
၃၇၁။ ထိုအခါ ထိုမင်းကြီးသည် လက်အုပ်ချီ၍ ရှင်မ သင့်အား ခွင့်ပြုပါ၏၊ သင်၏ ရဟန်းအဖြစ်သည်ပြည့်စုံပါစေ (ဟု မိန့်ဆို၏)။
၃၇၂။ ‘‘ပဗ္ဗဇိတွာ တဒါ စာဟံ, အဒ္ဓမာသေ [သတ္တမာသေ (သျာ။)] ဥပဋ္ဌိတေ၊
ဒီပေါဒယဉ္စ ဘေဒဉ္စ, ဒိသွာ သံဝိဂ္ဂမာနသာ။
၃၇၂။ ထိုအခါ ငါသည် ရဟန်းပြုပြီး၍ လခွဲအနီး၌ တည်လတ်သော် ဆီမီးတိုင်၏ဖြစ်ခြင်း (ဆီမီးလျှံ) ကိုလည်းကောင်း၊ ပျက်စီးခြင်းကိုလည်းကောင်း တွေ့မြင်ရသောကြောင့်ထိတ်လန့်သော စိတ်ရှိသည်ဖြစ်၍-
၃၇၃။ ‘‘နိဗ္ဗိန္နာ သဗ္ဗသင်္ခါရေ, ပစ္စယာကာရကောဝိဒါ၊
စတုရောဃေ အတိက္ကမ္မ, အရဟတ္တမပါပုဏိံ။
၃၇၃။ အလုံးစုံသော သင်္ခါရ၌ ငြီးငွေ့ပြီးလျှင် ပဋိစ္စသမုပ္ပါဒ်၌ ကျွမ်းကျင်လျက် ဩဃ လေးပါးတို့ကိုလွန်မြောက်ပြီး၍ အရဟတ္တဖိုလ်သို့ ရောက်လေ၏။
၃၇၄။ ‘‘ဣဒ္ဓီသု စ ဝသီ အာသိံ, ဒိဗ္ဗာယ သောတဓာတုယာ၊
စေတောပရိယဉာဏဿ, ဝသီ စာပိ ဘဝါမဟံ။
၃၇၄။ ငါသည် ဣဒ္ဓိဝိဓအဘိညာဥ်တို့၌ လည်း လေ့လာပြီးသူ ဖြစ်၏၊ ဒိဗ္ဗသောတ အဘိညာဥ်နှင့်စေတောပရိယအဘိညာဥ်ကိုလည်း လေ့လာပြီးသူ ဖြစ်၏။
၃၇၅။ ‘‘ပုဗ္ဗေနိဝါသံ ဇာနာမိ, ဒိဗ္ဗစက္ခု ဝိသောဓိတံ၊
သဗ္ဗာသဝပရိက္ခီဏာ, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။
၃၇၅။ ရှေးဘဝ၌ နေဖူးသော ခန္ဓာအစဥ်ကို သိပေ၏၊ ဒိဗ္ဗစက္ခုအဘိညာဥ်ကို သုတ်သင် အပ်ပေပြီ၊ အလုံးစုံသော အာသဝတို့ ကုန်ခန်းပေပြီ၊ ယခုအခါ ဘဝသစ်၌ တစ်ဖန် ဖြစ်ခြင်း မရှိတော့ချေ။
၃၇၆။ ‘‘အတ္ထဓမ္မနိရုတ္တီသု, ပဋိဘာနေ တထေဝ စ၊
ပရိသုဒ္ဓံ မမ ဉာဏံ, ဥပ္ပန္နံ ဗုဒ္ဓသာသနေ။
၃၇၆။ မြတ်စွာဘုရားသာသနာတော်၌ အတ္ထပဋိသမ္ဘိဒါဉာဏ်, ဓမ္မပဋိသမ္ဘိဒါဉာဏ်, နိရုတ္တိ ပဋိသမ္ဘိဒါဉာဏ်, ပဋိဘာနပဋိသမ္ဘိဒါဉာဏ်၌လည်းကောင်း စင်ကြယ်သော ဉာဏ်သည် ငါ့အား ဖြစ်ပြီ။
၃၇၇။ ‘‘ကုသလာဟံ ဝိသုဒ္ဓီသု, ကထာဝတ္ထုဝိသာရဒါ၊
အဘိဓမ္မနယညူ စ, ဝသိပ္ပတ္တာမှိ သာသနေ။
၃၇၇။ ငါသည် ဝိသုဒ္ဓိတို့၌ ကျွမ်းကျင်လိမ္မာ၏၊ ကထာဝတ္ထုကျမ်း၌ ရဲရင့်၏၊ အဘိဓမ္မာ နည်းကို သိ၏၊ သာသနာတော်၌ ဝသီဘော်သို့ ရောက်သူဖြစ်၏။
၃၇၈။ ‘‘တတော တောရဏဝတ္ထုသ္မိံ, ရညာ ကောသလသာမိနာ၊
ပုစ္ဆိတာ နိပုဏေ ပဉှေ, ဗျာကရောန္တီ ယထာတထံ။
၃၇၈။ ထို့နောက် ငါသည် တောရဏဝတ္ထု၌ ကောသလတိုင်းရှင် ဘုရင်မင်းကြီးသည် မေးအပ်သည်ဖြစ်၍သိမ်မွေ့သော ပြဿနာတို့ကို အမှန်အတိုင်း ဖြေကြားခဲ့ပေ၏။
၃၇၉။ ‘‘တဒါ သ ရာဇာ သုဂတံ, ဥပသင်္ကမ္မ ပုစ္ဆထ၊
တထေဝ ဗုဒ္ဓေါ ဗျာကာသိ, ယထာ တေ ဗျာကတာ မယာ။
၃၇၉။ ထိုအခါ ကောသလမင်းကြီးသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ (တစ်ဖန်) မေး လျှောက်၏၊ မြတ်စွာဘုရားသည် ထိုပြဿနာတို့ကို ငါဖြေကြားသည့်အတိုင်းပင် ဖြေကြားတော် မူ၏။
၃၈၀။ ‘‘ဇိနော တသ္မိံ ဂုဏေ တုဋ္ဌော, ဧတဒဂ္ဂေ ဌပေသိ မံ၊
မဟာပညာနမဂ္ဂါတိ, ဘိက္ခုနီနံ နရုတ္တမော။
၃၈၀။ လူတို့ထက် မြတ်တော်မူသော မြတ်စွာဘုရားသည် ထိုဂုဏ်၌ နှစ်သက်တော်မူသည် ဖြစ်၍ပညာကြီးသော ရဟန်းမိန်းမတို့တွင် အမြတ်ဆုံးဟု ငါ့ကို ဧတဒဂ်အရာ၌ ထားတော် မူ၏။
၃၈၁။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝါ။
၃၈၁။ ငါသည် ကိလေသာတို့ကို။ပ။ အာသဝမရှိဘဲ နေရ၏။
၃၈၂။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၃၈၂။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။ပ။ အဆုံးအမတော် ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၃၈၃။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ ခေမာ ဘိက္ခုနီ ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ခေမာထေရိယာပဒါနံ အဋ္ဌမံ။
၃၈၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် ခေမာရဟန်းမသည် ဤဂါထာတို့ကို မိန့်ဆိုခဲ့၏။ ။ ရှစ်ခုမြောက် ခေမာထေရီအပဒါန ပြီး၏။
၉။ ဥပ္ပလဝဏ္ဏာထေရီအပဒါန
၃၈၄။ ‘‘ဘိက္ခုနီ ဥပ္ပလဝဏ္ဏာ, ဣဒ္ဓိယာ ပါရမိံ ဂတာ၊
ဝန္ဒိတွာ သတ္ထုနော ပါဒေ, ဣဒံ ဝစနမဗြဝိ။
၉-ဥပ္ပလဝဏ္ဏာထေရီအပဒါန ၃၈၄။ တန်ခိုးအဘိညာဥ်၏ အပြီးအဆုံးသို့ ရောက်သော ဥပ္ပလဝဏ်ရဟန်းမသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုး၍ ဤစကားကို လျှောက်ထားလေ၏-
၃၈၅။ ‘‘‘နိတ္ထိဏ္ဏာ ဇာတိသံသာရံ [ဇာတိသံသာရာ (ပီ။)], ပတ္တာဟံ အစလံ ပဒံ၊
သဗ္ဗဒုက္ခံ မယာ ခီဏံ, အာရောစေမိ မဟာမုနိ။
၃၈၅။ မြတ်စွာဘုရား အရှင်ဘုရားအား လျှောက်ပါ၏၊ အကျွန်ုပ်သည် ဘဝသံသရာကိုကူးမြောက်ပြီးပါပြီ၊ တုန်လှုပ်ခြင်းမရှိသော နိဗ္ဗာန်သို့ ရောက်ပါပြီ၊ အကျွန်ုပ်အား အလုံးစုံ သောဆင်းရဲဒုက္ခသည် ကုန်ပါပြီ (ဟု လျှောက်ကြားပါ၏)။
၃၈၆။ ‘‘‘ယာဝတာ ပရိသာ အတ္ထိ, ပသန္နာ ဇိနသာသနေ၊
ယဿာ စ မေပရာဓောတ္ထိ, ခမန္တု ဇိနသမ္မုခါ။
၃၈၆။ မြတ်စွာဘုရား၏ သာသနာတော်၌ ကြည်ညိုကုန်သော ပရိသတ်တို့သည် အကြင် မျှလောက်ရှိပါကုန်၏၊ အကျွန်ုပ်၏ အပြစ်သည် ယင်းပရိသတ်အပေါ်၌ (အကယ်၍) ရှိငြားအံ့၊ ထိုပရိသတ်တို့သည့်မြတ်စွာဘုရား၏ မျက်မှောက်၌ သည်းခံကြပါကုန်။
၃၈၇။ ‘‘‘သံသာရေ သံသရန္တိယာ [သံသရန္တာ မေ (သျာ။)], ခလိတံ မေ သစေ ဘဝေ၊
အာရောစေမိ မဟာဝီရ, အပရာဓံ ခမဿု တံ [မေ (သျာ။)]။
၃၈၇။ မြတ်စွာဘုရား အရှင်ဘုရားအား လျှောက်ပါ၏၊ သံသရာ၌ ကျင်လည်ရစဥ် အကျွန်ုပ်၏ချွတ်ယွင်းချက် အပြစ်သည် အကယ်၍ ရှိခဲ့ပါမူ ထိုအပြစ်ကို သည်းခံတော်မူပါ အရှင်ဘုရား (ဟုဤစကားကို လျှောက်ထားလေ၏)။
၃၈၈။ ‘‘‘ဣဒ္ဓိဉ္စာပိ နိဒဿေဟိ, မမ သာသနကာရိကေ၊
စတဿော ပရိသာ အဇ္ဇ, ကင်္ခံ ဆိန္ဒာဟိ ယာဝတာ။
၃၈၈။ ငါ၏ အဆုံးအမကို လိုက်နာလေ့ရှိသော ဥပ္ပလဝဏ် (သင်သည်) တန်ခိုးကိုလည်း ပြဦးလော့၊ အကြင်မျှလောက် ပရိသတ်လေးပါးတို့သည် ရှိကုန်၏၊ (ထိုပရိသတ်တို့၏) ယုံမှား ခြင်းကို ယနေ့ဖြတ်တောက်လေလော့။
၃၈၉။ ‘‘‘ဓီတာ တုယှံ မဟာဝီရ, ပညဝန္တ ဇုတိန္ဓရ၊
ဗဟုဉ္စ ဒုက္ကရံ ကမ္မံ, ကတံ မေ အတိဒုက္ကရံ။
၃၈၉။ ပညာရှိတော်မူသော အလင်းရောင်ကို ဆောင်တော်မူသော ကြီးသော လုံ့လရှိတော် မူသော မြတ်စွာဘုရား (အကျွန်ုပ်သည်) အရှင်ဘုရား၏ သမီးတော်ပါတည်း၊ အကျွန်ုပ်သည် များစွာ ပြုနိုင်ခဲသောအမှုကိုလည်းကောင်း၊ အလွန်ပြုနိုင်ခဲသော အမှုကိုလည်းကောင်း ပြုခဲ့ ပါပြီ။
၃၉၀။ ‘‘‘ဥပ္ပလဿေဝ မေ ဝဏ္ဏော, နာမေနုပ္ပလနာမိကာ၊
သာဝိကာ တေ မဟာဝီရ, ပါဒေ ဝန္ဒာမိ စက္ခုမ။
၃၉၀။ စက္ခုငါးမျိုးရှိတော်မူသော မြတ်စွာဘုရား အကျွန်ုပ်၏ အဆင်းသည် ကြာညိုပန်း နှင့်တူသောအဆင်းရှိသည်ဖြစ်၍ အမည်အားဖြင့် ဥပ္ပလဝဏ်အမည်ရှိပါ၏၊ တပည့် ‘သာဝိကာမ’ ဖြစ်သောအကျွန်ုပ်သည် အရှင်ဘုရား၏ ခြေတော်တို့ကို ရှိခိုးပါ၏။
၃၉၁။ ‘‘‘ရာဟုလော စ အဟဉ္စေဝ, နေကဇာတိသတေ ဗဟူ၊
ဧကသ္မိံ သမ္ဘဝေ ဇာတာ, သမာနဆန္ဒမာနသာ။
၃၉၁။ ရာဟုလာသည်လည်းကောင်း၊ အကျွန်ုပ်သည်လည်းကောင်း အရာမကသော ဘဝများစွာတို့ပတ်လုံးတစ်ဝမ်းတည်း၌ ဖြစ်ကုန်၍ တူမျှသော စိတ်ဆန္ဒရှိပါကုန်၏။
၃၉၂။ ‘‘‘နိဗ္ဗတ္တိ ဧကတော ဟောတိ, ဇာတိယာပိ စ ဧကတော [ဇာတီသု ဗဟုသော မမ (သီ။)]၊
ပစ္ဆိမေ ဘဝေ သမ္ပတ္တေ, ဥဘောပိ နာနာသမ္ဘဝါ။
၃၉၂။ ဖြစ်ရာဘဝအားဖြင့်လည်း တစ်ပေါင်းတည်း ဖြစ်ပါ၏၊ ဇာတ်အားဖြင့်လည်း တစ်မျိုးတည်းဖြစ်ပါ၏၊ နောက်ဆုံးဘဝသို့ ရောက်လတ်သော် နှစ်ဦးလုံးတို့သည် အသီး အသီးသော အမိဝမ်း၌ဖြစ်ခဲ့ပါကုန်၏။
၃၉၃။ ‘‘‘ပုတ္တော စ ရာဟုလော နာမ, ဓီတာ ဥပ္ပလသဝှယာ၊
ပဿ ဝီရ မမံ ဣဒ္ဓိံ, ဗလံ ဒဿေမိ သတ္ထုနော။
၃၉၃။ သားတော်သည်ကား ရာဟုလာအမည်ရှိ၏၊ သမီးတော်သည်ကား ဥပ္ပလဝဏ် အမည်ရှိ၏၊ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အကျွန်ုပ်၏ တန်ခိုးကို ကြည့်ရှု တော်မူပါ၊ မြတ်စွာဘုရားအား (အကျွန်ုပ်၏) အစွမ်းအားကို ပြပါတော့အံ့။
၃၉၄။ ‘‘‘မဟာသမုဒ္ဒေ စတုရော, ပက္ခိပိ ဟတ္ထပါတိယံ၊
တေလံ ဟတ္ထဂတဉ္စေဝ, ခိဍ္ဍော [ဝေဇ္ဇော (သီ။ ပီ။)] ကောမာရကော ယထာ။
၃၉၄။ ‘ကစားသော သူငယ်သည် ဆီကို လက်၌ ထည့်ထားသကဲ့သို့’ သမုဒ္ဒရာကြီး လေးစင်းတို့ကိုလက်ဟူသော ခွက်၌ ထည့်ထားလေ၏။
၃၉၅။ ‘‘‘ဥဗ္ဗတ္တယိတွာ ပထဝိံ, ပက္ခိပိ ဟတ္ထပါတိယံ၊
စိတ္တံ မုဉ္ဇံ ယထာ နာမ, လုဉ္စိ ကောမာရကော ယုဝါ။
၃၉၅။ ‘နုပျိုသော သူငယ်သည် ဆန်းကြယ်သော ဖြူဆံမြက်ကို နုတ်သကဲ့သို့’ မြေကြီးကို အထက်သို့မ, လှန်၍ လက်ဟူသော ခွက်၌ ထည့်ထားလေ၏။
၃၉၆။ ‘‘‘စက္ကဝါဠသမံ ပါဏိံ, ဆာဒယိတွာန မတ္ထကေ၊
ဝဿာပေတွာန ဖုသိတံ, နာနာဝဏ္ဏံ ပုနပ္ပုနံ။
၃၉၆။ အဆင်းအမျိုးမျိုးရှိသော မိုးပေါက်ကို အကြိမ်ကြိမ် ရွာစေ၍ စကြဝဠာနှင့် ညီမျှ သောလက်ဝါးကို ဦးထိပ်၌ ဆောင်းမိုးလျက်-
၃၉၇။ ‘‘‘ဘူမိံ ဥဒုက္ခလံ ကတွာ, ဓညံ ကတွာန သက္ခရံ၊
သိနေရုံ မုသလံ ကတွာ, မဒ္ဒိ ကောမာရိကာ ယထာ။
၃၉၇။ မြေကြီးကို ဆုံပြုပြီးလျှင် ကျောက်စရစ်ခဲကို စပါးပြုကာ မြင်းမိုရ်တောင်ကို ကျည်ပွေ့ပြုလျက်‘သူငယ်မကဲ့သို့’ ထောင်းထုလေ၏။
၃၉၈။ ‘‘‘ဓီတာဟံ ဗုဒ္ဓသေဋ္ဌဿ, နာမေနုပ္ပလသဝှယာ၊
အဘိညာသု ဝသီဘူတာ, တဝ သာသနကာရိကာ။
၃၉၈။ အကျွန်ုပ်သည် ဘုရားမြတ်၏ သမီးတော်ပါတည်း၊ အမည်အားဖြင့် ဥပ္ပလဝဏ် အမည်ရှိပါ၏၊ အဘိညာဥ်တို့၌ လေ့လာပြီး ဖြစ်ပါ၏၊ အရှင်ဘုရား၏ အဆုံးအမတော်ကို လိုက်နာလေ့ရှိပါ၏။
၃၉၉။ ‘‘‘နာနာဝိကုဗ္ဗနံ ကတွာ, ဒဿေတွာ လောကနာယကံ၊
နာမဂေါတ္တဉ္စ သာဝေတွာ [ပကာသေတွာ (သျာ။)], ပါဒေ ဝန္ဒာမိ စက္ခုမ။
၃၉၉။ မြတ်စွာဘုရား အကျွန်ုပ်သည် အမျိုးမျိုးတန်ခိုး ဖန်ဆင်းခြင်းကို ပြုလျက် မြတ်စွာဘုရားကို ပြပြီးလျှင် အမည်အနွယ်ကိုလည်း လျှောက်ကြား၍ (အရှင်ဘုရား၏ ) ခြေတော်တို့ကို ရှိခိုးပါ၏။
၄၀၀။ ‘‘‘ဣဒ္ဓီသု စ ဝသီ ဟောမိ, ဒိဗ္ဗာယ သောတဓာတုယာ၊
စေတောပရိယဉာဏဿ, ဝသီ ဟောမိ မဟာမုနေ။
၄၀၀။ မြတ်စွာဘုရား (အကျွန်ုပ်သည်) ဣဒ္ဓိဝိဓအဘိညာဥ်၌လည်း လေ့လာပြီး ဖြစ်ပါ၏၊ ဒိဗ္ဗသောတအဘိညာဥ်နှင့် စေတောပရိယအဘိညာဥ်ကိုလည်း လေ့လာပြီး ဖြစ်ပါ၏။
၄၀၁။ ‘‘‘ပုဗ္ဗေနိဝါသံ ဇာနာမိ, ဒိဗ္ဗစက္ခု ဝိသောဓိတံ၊
သဗ္ဗာသဝပရိက္ခီဏာ, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။
၄၀၁။ ရှေးရှေးဘဝ၌ နေဖူးသော ခန္ဓာအစဥ်ကို သိပါ၏၊ ဒိဗ္ဗစက္ခုအဘိညာဥ်ကို သုတ် သင်ခဲ့ပါ၏၊ အလုံးစုံသော အာသဝတို့ ကုန်ခန်းပါကုန်ပြီ၊ ယခုအခါ ဘဝသစ်၌ တစ်ဖန် ဖြစ်ခြင်းမရှိတော့ပြီ။
၄၀၂။ ‘‘‘အတ္ထဓမ္မနိရုတ္တီသု, ပဋိဘာနေ တထေဝ စ၊
ဉာဏံ မေ ဝိမလံ [ဝိပုလံ (သျာ။)] သုဒ္ဓံ, သဘာဝေန မဟေသိနော။
၄၀၂။ မြတ်စွာဘုရား၏ (သာသနာတော်၌) အတ္ထပဋိသမ္ဘိဒါ, ဓမ္မပဋိသမ္ဘိဒါ, နိရုတ္တိ့ပဋိသမ္ဘိဒါတို့၌ လည်းကောင်း၊ ထို့အတူ ပဋိဘာနပဋိသမ္ဘိဒါ ၌လည်းကောင်း ဉာဏ်သည် မိမိသဘောအားဖြင့် အကျွန်ုပ်အား အညစ်အကြေးကင်းလျက် စင်ကြယ်ခဲ့ပါပြီ။
၄၀၃။ ‘‘‘ပုရိမာနံ ဇိနဂ္ဂါနံ, သင်္ဂမံ တေ နိဒဿိတံ [သမ္မုခါ စ ပရမ္မုခါ (သီ။)]၊
အဓိကာရံ ဗဟုံ မယှံ, တုယှတ္ထာယ မဟာမုနိ။
၄၀၃။ မြတ်စွာဘုရား ရှေး၌ ဖြစ်ကုန်သော ဘုရားမြတ်တို့၏ အထံ၌ ဆည်းကပ်ခြင်းဖြင့် ညွှန်ပြအပ်သောအရှင်ဘုရားအား ဖူးမြင်ရခြင်း၏ အကျိုးငှါ ဆုတောင်းခြင်းသည် အကျွန်ုပ် အား များလှပါ၏။
၄၀၄။ ‘‘‘ယံ မယာ ပူရိတံ ကမ္မံ, ကုသလံ သရ မေ မုနိ၊
တဝတ္ထာယ မဟာဝီရ, ပုညံ ဥပစိတံ မယာ။
၄၀၄။ မြတ်စွာဘုရား အကျွန်ုပ်သည် အကြင်ကုသိုလ်ကံကို ဖြည့်ကျင့်ခဲ့ပါ၏၊ (အကျွန်ုပ်၏) ထိုကုသိုလ်ကံကို အောက်မေ့တော်မူပါ၊ မြတ်စွာဘုရား အရှင်ဘုရားအား ဖူးမြင်ရခြင်းအကျိုး ငှါအကျွန်ုပ်သည် ကုသိုလ်ကောင်းမှုကို ဆည်းပူးခဲ့ပါ၏။
၄၀၅။ ‘‘‘အဘဗ္ဗဋ္ဌာနေ ဝဇ္ဇေတွာ, ဝါရယန္တီ [ပရိဝဇ္ဇန္တိ (သီ။), ပရိပါစေန္တော (သျာ။)] အနာစရံ၊
တဝတ္ထာယ မဟာဝီရ, စတ္တံ မေ ဇီဝိတုတ္တမံ။
၄၀၅။ မြတ်စွာဘုရား အကျွန်ုပ်သည် မထိုက်တန်သော အရာဌာနကို ရှောင်ကြဥ်၍ မလျော်သောအကျင့်ကို တားမြစ်လျက် အရှင်ဘုရားအား (ဖူးမြင်ရခြင်း) အကျိုးငှါ (အကျွန်ုပ်၏) မြတ်သောအသက်ကို စွန့်လွှတ်ခဲ့ပါ၏။
၄၀၆။ ‘‘‘ဒသကောဋိသဟဿာနိ, အဒါသိံ မမ ဇီဝိတံ၊
ပရိစ္စတ္တာ စ မေ ဟောမိ, တဝတ္ထာယ မဟာမုနိ။
၄၀၆။ အကျွန်ုပ်သည် (ဘဝပေါင်း) ကုဋေတစ်သောင်းတို့တိုင်အောင် အကျွန်ုပ်၏ အသက် ကိုလှူဒါန်းခဲ့ပါ၏၊ မြတ်စွာဘုရား အရှင်ဘုရား၏ အကျိုးငှါ အကျွန်ုပ်သည် အသက်ကို စွန့်လွှတ်ခဲ့သူလည်းဖြစ်ပါ၏။
၄၀၇။ ‘‘‘တဒါတိဝိမှိတာ သဗ္ဗာ, သိရသာဝ ကတဉ္ဇလီ၊
အဝေါစယျေ ကထံ အာသိ, အတုလိဒ္ဓိပရက္ကမာ’။
၄၀၇။ ထိုအခါ ပရိသတ်အားလုံးသည် အလွန် အံ့ဩကြသည်ဖြစ်၍ ဦးခေါင်း၌ လက်အုပ် ချီလျက်သာလျှင်အရှင်မ အရှင်မသည် အဘယ်သို့ အတုမရှိသော တန်ခိုးရှိသူ, လုံ့လရှိသူ ဖြစ်ခဲ့ပါသနည်းဟုလျှောက်လေ၏။
၄၀၈။ ‘‘သတသဟဿိတော ကပ္ပေ, နာဂကညာ အဟံ တဒါ၊
ဝိမလာ နာမ နာမေန, ကညာနံ သာဓုသမ္မတာ။
၄၀၈။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ (အကျွန်ုပ်သည်) နဂါးသတို့သမီး ဖြစ်ခဲ့၏၊ ထိုအခါအမည်အားဖြင့် “ဝိမလာ”ဟု ထင်ရှား၏၊ သတို့သမီးတို့တွင် သူတော်ကောင်းဟု သမုတ်ခံရပေ၏။
၄၀၉။ ‘‘မဟောရဂေါ မဟာနာဂေါ, ပသန္နော ဇိနသာသနေ၊
ပဒုမုတ္တရံ မဟာတေဇံ, နိမန္တေသိ သသာဝကံ။
၄၀၉။ မဟောရဂမည်သော နဂါးမင်းကြီးသည် မြတ်စွာဘုရားသာသနာ၌ ကြည်ညို၍ ကြီးသောတန်ခိုးရှိတော်မူသော ပဒုမုတ္တရမြတ်စွာဘုရားကို တပည့်သာဝကနှင့်တကွ ပင့်ဖိတ် လေ၏။
၄၁၀။ ‘‘ရတနမယံ မဏ္ဍပံ, ပလ္လင်္ကံ ရတနာမယံ၊
ရတနံ ဝါလုကာကိဏ္ဏံ, ဥပဘောဂံ ရတနာမယံ။
၄၁၀။ ထိုအခါ နဂါးမင်းသည် ရတနာဖြင့် ပြီးသော မဏ္ဍပ်ကိုလည်းကောင်း၊ ရတနာဖြင့် ပြီးသောပလ္လင်ကိုလည်းကောင်း၊ သဲဖြင့် ရောပြွမ်းသော ရတနာကိုလည်းကောင်း၊ ရတနာဖြင့် ပြီးသောအသုံးအဆောင်ကိုလည်းကောင်း -
၄၁၁။ ‘‘မဂ္ဂဉ္စ ပဋိယာဒေသိ, ရတနဒ္ဓဇဘူသိတံ၊
ပစ္စုဂ္ဂန္တွာန သမ္ဗုဒ္ဓံ, ဝဇ္ဇန္တော တူရိယေဟိ သော။
၄၁၁။ ရတနာတံခွန်တို့ဖြင့် တန်ဆာဆင်သော လမ်းကိုလည်းကောင်း စီရင်စေ၏၊ ထို နဂါးမင်းကြီးသည်တူရိယာတို့ဖြင့် တီးမှုတ်လျက် မြတ်စွာဘုရားကို ခရီးဦးကြိုဆို၍ -
၄၁၂။ ‘‘ပရိသာဟိ စ စတူဟိ [ပရိသာဟိ စတူဟိ သော (သီ။), ပရိသာဟိ စတဿော ဟိ (ပီ။)], ပရိဝုတော [သဟိတော (သီ။), ဖရတေ (သျာ။), ပရေတော (ပီ။)] လောကနာယကော၊
မဟောရဂဿ ဘဝနေ, နိသီဒိ ပရမာသနေ။
၄၁၂။ ပရိသတ်လေးပါးတို့ဖြင့် ခြံရံအပ်သော မြတ်စွာဘုရားသည် မဟောရဂနဂါးမင်း ကြီး၏ဘုံဗိမာန်တွင် မြတ်သော နေရာ၌ ထိုင်နေတော်မူလေ၏။
၄၁၃။ ‘‘အန္နံ ပါနံ ခါဒနီယံ, ဘောဇနဉ္စ မဟာရဟံ၊
ဝရံ ဝရဉ္စ ပါဒါသိ, နာဂရာဇာ မဟာယသံ။
၄၁၃။ နဂါးမင်းသည် များသော အခြံအရံရှိသော မြတ်စွာဘုရားအား မြတ်သော သူတို့ အားသာထိုက်တန်သော အမြတ်ဆုံးထမင်း, အဖျော်ကိုလည်းကောင်း၊ ခဲဖွယ်, ဘောဇဥ်ကို လည်းကောင်းလှူဒါန်းလေ၏။
၄၁၄။ ‘‘ဘုဉ္ဇိတွာန သမ္ဗုဒ္ဓေါ, ပတ္တံ ဓောဝိတွာ ယောနိသော၊
အနုမောဒနီယံကာသိ, နာဂကညာ မဟိဒ္ဓိကာ။
၄၁၄။ မြတ်စွာဘုရားသည် ဆွမ်းဘုဥ်းပေးပြီး၍ သပိတ်ကို ဆေးပြီးလျှင် သင့်လျော်သောအကြောင်းအားဖြင့် အနုမောဒနာပြုလေ၏၊ (တရားနာပရိသတ်ဖြစ်ကုန်သော) နဂါးသတို့သမီး တို့သည်တန်ခိုးကြီးကုန်၏။
၄၁၅။ ‘‘သဗ္ဗညုံ ဖုလ္လိတံ ဒိသွာ, နာဂကညာ မဟာယသံ၊
ပသန္နံ သတ္ထုနော စိတ္တံ, သုနိဗန္ဓဉ္စ မာနသံ။
၄၁၅။ နဂါးသတို့သမီးတို့သည် များသော အခြံအရံရှိသော (ဉာဏ်တော်ဖြင့်) ပွင့်တော်မူ သောမြတ်စွာဘုရားကို ဖူးမြင်ရကုန်သည်ရှိသော် မြတ်စွာဘုရားအား ကြည်ညိုသော စိတ် သည်လည်းကောင်း၊ (ဘုရားအာရုံဖြင့်) ကောင်းစွာ ဖွဲ့အပ်သော စိတ်သည်လည်းကောင်း ဖြစ်ပေါ်လေကုန်၏။
၄၁၆။ ‘‘မမဉ္စ စိတ္တမညာယ, ဇလဇုတ္တမနာမကော၊
တသ္မိံ ခဏေ မဟာဝီရော, ဘိက္ခုနိံ ဒဿယိဒ္ဓိယာ။
၄၁၆။ ပဒုမုတ္တရအမည်ရှိသော မြတ်စွာဘုရားသည် ငါ၏ စိတ်ကိုသိ၍ ထိုခဏ၌ ရဟန်းမကိုတန်ခိုးပြစေတော်မူ၏။
၄၁၇။ ‘‘ဣဒ္ဓီ အနေကာ ဒဿေသိ, ဘိက္ခုနီ သာ ဝိသာရဒါ၊
ပမောဒိတာ ဝေဒဇာတာ, သတ္ထာရံ ဣဒမဗြဝိ [ဧတဒဗြဝိံ (သျာ။ ပီ။)]။
၄၁၇။ တန်ခိုးပြခြင်း၌ ရဲရင့်သော ထိုရဟန်းမသည် များစွာသော တန်ခိုးတို့ကို ပြလေ၏၊ (ထိုအခါငါသည်) ဝမ်းမြောက်နှစ်သက်သည်ဖြစ်၍ မြတ်စွာဘုရားအား ဤစကားကို မေး လျှောက်ခဲ့၏ -
၄၁၈။ ‘‘‘အဒ္ဒသာဟံ ဣမံ ဣဒ္ဓိံ, သုမနံ ဣတရာယပိ၊
ကထံ အဟောသိ သာ ဝီရ, ဣဒ္ဓိယာ သုဝိသာရဒါ’။
၄၁၈။ အကျွန်ုပ်သည် ဤရဟန်းမ၏ ဤဝမ်းမြောက်ဖွယ်ရှိသော တန်ခိုးတော်ကို တွေ့မြင် ရပါ၏၊ မြတ်စွာဘုရား ထိုရဟန်းမသည် အဘယ်ကြောင့် တန်ခိုး၌ အလွန်ရဲရင့်သူ ဖြစ်ပါ သနည်း (ဟုဤစကားကို မေးလျှောက်ခဲ့၏)။
၄၁၉။ ‘‘‘ဩရသာ မုခတော ဇာတာ, ဓီတာ မမ မဟိဒ္ဓိကာ၊
မမာနုသာသနိကရာ, ဣဒ္ဓိယာ သုဝိသာရဒါ’။
၄၁၉။ ငါ၏ ရင်၌ဖြစ်သော သမီးတော်သည် (တရားတည်းဟူသော) ခံတွင်းမှ မွေးဖွား လျက်ကြီးမားသော တန်ခိုးရှိပေ၏၊ ငါ၏ အဆုံးအမကို လိုက်နာပြုကျင့်တတ်ပေ၏၊ (ထို့ ကြောင့်) တန်ခိုး၌အလွန်ရဲရင့်သူ ဖြစ်ပေ၏ (ဟု ဖြေတော်မူ၏)။
၄၂၀။ ‘‘ဗုဒ္ဓဿ ဝစနံ သုတွာ, ဧဝံ ပတ္ထေသဟံ တဒါ [တုဋ္ဌာ ဧဝံ အဝေါစဟံ (သျာ။), ဧဝမဟောသဟံ တဒါ (က။)]၊
အဟမ္ပိ တာဒိသာ ဟောမိ, ဣဒ္ဓိယာ သုဝိသာရဒါ။
၄၂၀။ ထိုအခါ ငါသည် မြတ်စွာဘုရား၏ စကားကို ကြားနာရ၍ ငါသည်လည်း တန်ခိုး၌အလွန်ရဲရင့်လျက် ထိုကဲ့သို့သော ရဟန်းမမျိုး ဖြစ်ရပါလို၏ဟု ဤသို့ ဆုတောင်းခဲ့၏။
၄၂၁။ ‘‘ပမောဒိတာဟံ သုမနာ, ပတ္ထေ ဥတ္တမမာနသာ [ပတ္တဥတ္တမမာနသာ (သီ။ သျာ။ ပီ။)]၊
အနာဂတမှိ အဒ္ဓါနေ, ဤဒိသာ ဟောမိ နာယက။
၄၂၁။ ငါသည် အလွန်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ မြတ်စွာဘုရား အကျွန်ုပ်သည်အနာဂတ်ကာလ၌ ဤသို့သဘောရှိသော ရဟန်းမ ဖြစ်ရပါလို၏ဟု မြင့်မြတ်သော စိတ်ဖြင့်ဆုတောင်းခဲ့ပါ၏။
၄၂၂။ ‘‘မဏိမယမှိ ပလ္လင်္ကေ, မဏ္ဍပမှိ ပဘဿရေ၊
အန္နပါနေန တပ္ပေတွာ, သသံဃံ လောကနာယကံ။
၄၂၂။ ပတ္တမြားဖြင့် ပြီးသော ပလ္လင်၌လည်းကောင်း၊ ပြိုးပြိုးပြက်သော အရောင်ရှိသောမဏ္ဍပ်၌လည်းကောင်း သံဃာနှင့် တကွသော မြတ်စွာဘုရားကို ထမင်း, အဖျော်ဖြင့် ရောင့်ရဲ စေပြီးလျှင် -
၄၂၃။ ‘‘နာဂါနံ ပဝရံ ပုပ္ဖံ, အရုဏံ နာမ ဥပ္ပလံ၊
ဝဏ္ဏံ မေ ဤဒိသံ ဟောတု, ပူဇေသိံ လောကနာယကံ။
၄၂၃။ အကျွန်ုပ်၏ အဆင်းသည် ဤသို့ သဘောရှိသည် ဖြစ်ပါစေသော်ဟု (ဆုတောင်း လျက်) နဂါးတို့၏ အရုဏမည်သော ကြာညိုပန်းမြတ်ကို မြတ်စွာဘုရားအား ပူဇော်ခဲ့၏။
၄၂၄။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၄၂၄။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။
၄၂၅။ ‘‘တတော စုတာဟံ မနုဇေ, ဥပပန္နာ သယမ္ဘုနော၊
ဥပ္ပလေဟိ ပဋိစ္ဆန္နံ, ပိဏ္ဍပါတမဒါသဟံ။
၄၂၅။ ငါသည် ထိုဘုံမှ စုတေလတ်သော် လူ့ဘုံ၌ ဖြစ်ခဲ့၏၊ ငါသည် မြတ်စွာဘုရားအားကြာညိုပန်းတို့ဖြင့် ဖုံးလွှမ်းအပ်သော ဆွမ်းကို လှူဒါန်းခဲ့၏။
၄၂၆။ ‘‘ဧကနဝုတိတော ကပ္ပေ, ဝိပဿီ နာမ နာယကော၊
ဥပ္ပဇ္ဇိ စာရုဒဿနော, သဗ္ဗဓမ္မေသု စက္ခုမာ။
၄၂၆။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ရှုချင်စဖွယ် တင့်တယ်တော်မူသော အလုံးစုံသောတရားတို့၌ ပညာမျက်စိရှိတော်မူသော ဝိပဿီမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။
၄၂၇။ ‘‘သေဋ္ဌိဓီတာ တဒါ ဟုတွာ, ဗာရာဏသိပုရုတ္တမေ၊
နိမန္တေတွာန သမ္ဗုဒ္ဓံ, သသံဃံ လောကနာယကံ။
၄၂၇။ ထိုအခါ ငါသည် ဗာရာဏသီမြို့တော်၌ သူဌေးသမီးဖြစ်၍ လောကကို နိဗ္ဗာန်သို့ပို့ဆောင်တော်မူတတ်သော မြတ်စွာဘုရားကို သံဃာနှင့်တကွ ပင့်ဖိတ်ပြီးလျှင် -
၄၂၈။ ‘‘မဟာဒါနံ ဒဒိတွာန, ဥပ္ပလေဟိ ဝိနာယကံ၊
ပူဇယိတွာ စေတသာဝ [စ တေဟေဝ (သျာ။ ပီ။)], ဝဏ္ဏသောဘံ အပတ္ထယိံ။
၄၂၈။ ကြီးကျယ်သော အလှူကို လှူပြီးသော် မြတ်စွာဘုရားကို ကြာညိုပန်းတို့ဖြင့် ပူဇော်လျက်အဆင်းလှပတင့်တယ်ခြင်းကို စိတ်ဖြင့်သာလျှင် တောင့်တခဲ့၏။
၄၂၉။ ‘‘ဣမမှိ ဘဒ္ဒကေ ကပ္ပေ, ဗြဟ္မဗန္ဓု မဟာယသော၊
ကဿပေါ နာမ ဂေါတ္တေန, ဥပ္ပဇ္ဇိ ဝဒတံ ဝရော။
၄၂၉။ ဤဘဒ္ဒကမ္ဘာ၌ ဗြာဟ္မဏမျိုးဖြစ်၍ များမြတ်သည့် အခြံအရံ အကျော်အစောရှိ တော်မူသော တရားဟောပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံး ဖြစ်တော်မူ၍ အနွယ်အားဖြင့် ကဿပ မည်သော မြတ်စွာဘုရားသည် ပွင့်တော်မူလေ၏။
၄၃၀။ ‘‘ဥပဋ္ဌာကော မဟေသိဿ, တဒါ အာသိ နရိဿရော၊
ကာသိရာဇာ ကိကီ နာမ, ဗာရာဏသိပုရုတ္တမေ။
၄၃၀။ ထိုအခါ ဗာရာဏသီပြည်တော်၌ မြတ်စွာဘုရား၏ အလုပ်အကျွေးဖြစ်သော လူတို့ ကို အစိုးရသောကိကီမည်သော ကာသိမင်းသည် ရှိလေ၏။
၄၃၁။ ‘‘တဿာသိံ ဒုတိယာ ဓီတာ, သမဏဂုတ္တသဝှယာ၊
ဓမ္မံ သုတွာ ဇိနဂ္ဂဿ, ပဗ္ဗဇ္ဇံ သမရောစယိံ။
၄၃၁။ ငါသည် ထိုမင်း၏ သမဏဂုတ္တာအမည်ရှိသော ဒုတိယသမီးတော် ဖြစ်ခဲ့၏၊ ဘုရား မြတ်၏တရားတော်ကို နာကြားရ၍ (ခမည်းတော်အား) ရဟန်းအဖြစ်ကို တောင်းပန်လျှောက် ကြား၏။
၄၃၂။ ‘‘အနုဇာနိ န နော တာတော, အဂါရေဝ တဒါ မယံ၊
ဝီသဝဿသဟဿာနိ, ဝိစရိမှ အတန္ဒိတာ။
၄၃၂-၄၃၃။ ခမည်းတော်သည် ငါတို့အား ခွင့်မပြုခဲ့ချေ၊ ထိုအခါ ငါတို့သည် အိမ်၌သာ လျှင်ချမ်းသာသဖြင့် ကြီးပွါးကုန်သော မင်းသမီးများ ဖြစ်ပါလျက် အပျိုစင်အဖြစ်ဖြင့် မြတ် သောအကျင့်ကိုအနှစ်နှစ်သောင်းတို့ပတ်လုံး မပျင်းမရိ ကျင့်ခဲ့ကုန်၏၊ သမီးတော်ခုနစ်ယောက် တို့သည် ဝမ်းမြောက်စွာမြတ်စွာဘုရားကို ဆည်းကပ်လုပ်ကျွေးခြင်း၌ အမြဲပျော်မွေ့ခဲ့ကုန်၏။
၄၃၃။ ‘‘ကောမာရိဗြဟ္မစရိယံ, ရာဇကညာ သုခေဓိတာ၊
ဗုဒ္ဓေါပဋ္ဌာနနိရတာ, မုဒိတာ သတ္တဓီတရော။
၄၃၄။ ‘‘သမဏီ သမဏဂုတ္တာ စ, ဘိက္ခုနီ ဘိက္ခုဒါယိကာ [ဘိက္ခုဒါသိကာ (သီ။ သျာ။)]၊
ဓမ္မာ စေဝ သုဓမ္မာ စ, သတ္တမီ သံဃဒါယိကာ [သံဃဒါသိကာ (သီ။ သျာ။)]။
၄၃၄။ ယင်းသမီးခုနစ်ယောက်တို့ဟူသည်မှာ သမဏီ၊ သမဏဂုတ္တာ၊ ဘိက္ခုနီ၊ ဘိက္ခု ဒါယိကာ၊ ဓမ္မာ၊ သုဓမ္မာနှင့် ခုနစ်ယောက်မြောက် သံဃဒါယိကာတို့တည်း။
၄၃၅။ ‘‘အဟံ ခေမာ စ သပ္ပညာ, ပဋာစာရာ စ ကုဏ္ဍလာ၊
ကိသာဂေါတမီ ဓမ္မဒိန္နာ, ဝိသာခါ ဟောတိ သတ္တမီ။
၄၃၅။ (ယခုအခါ အစဥ်အတိုင်း) ပညာရှိသော ခေမာသည်လည်းကောင်း၊ ငါသည်လည်းကောင်း၊ ပဋာစာရာသည်လည်းကောင်း၊ ကုဏ္ဍလကေသာသည်လည်းကောင်း၊ ကိသာဂေါတမီ သည်လည်းကောင်း၊ ဓမ္မဒိန္နာသည်လည်းကောင်း၊ ခုနစ်ယောက်မြောက် ဝိသာခါသည်လည်းကောင်း ဖြစ်၏။
၄၃၆။ ‘‘တေဟိ ကမ္မေဟိ သုကတေဟိ, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၄၃၆။ ကောင်းစွာ ပြုအပ်ကုန်သော ထိုကံတို့ကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံ သို့ရောက်ခဲ့၏။
၄၃၇။ ‘‘တတော စုတာ မနုဿေသု, ဥပပန္နာ မဟာကုလေ၊
ပီတံ မဋ္ဌံ ဝရံ ဒုဿံ, အဒံ အရဟတော အဟံ။
၄၃၇။ ငါသည် တာဝတိံသာဘုံမှ စုတေလတ်သော် လူ့ဘုံတွင် မြတ်သောအမျိုး၌ ဖြစ်ခဲ့၏၊ ငါသည်ရဟန္တာအား နူးညံ့ပြေပြစ်သော ရွှေရောင်ပုဆိုးမြတ်ကို လှူဒါန်းခဲ့၏။
၄၃၈။ ‘‘တတော စုတာရိဋ္ဌပုရေ, ဇာတာ ဝိပ္ပကုလေ အဟံ၊
ဓီတာ တိရိဋိဝစ္ဆဿ, ဥမ္မာဒန္တီ မနောဟရာ။
၄၃၈။ ငါသည် ထိုဘဝမှ စုတေလတ်သော် အရိဋ္ဌပြည်တွင် ဗြာဟ္မဏမျိုး၌ တိရိဋိဝစ္ဆ၏ သမီးဖြစ်၍ (ယောကျာ်းတို့၏) စိတ်ကို ဆွဲဆောင်နိုင်သော ဥမ္မာဒန္တီသတို့သမီး ဖြစ်ခဲ့၏။
၄၃၉။ ‘‘တတော စုတာ ဇနပဒေ, ကုလေ အညတရေ အဟံ၊
ပသူတာ နာတိဖီတမှိ, သာလိံ ဂေါပေမဟံ တဒါ။
၄၃၉။ ငါသည် ထိုဘဝမှ စုတေလတ်သော် ဇနပုဒ်တွင် (အလွန်) ကြွယ်ဝသော တစ်ခုသော အမျိုး၌မွေးဖွား၏၊ ထိုအခါ ငါသည် သလေးခင်းကို စောင့်ရှောက်ရ၏။
၄၄၀။ ‘‘ဒိသွာ ပစ္စေကသမ္ဗုဒ္ဓံ, ပဉ္စလာဇာသတာနိဟံ၊
ဒတွာ ပဒုမစ္ဆန္နာနိ, ပဉ္စ ပုတ္တသတာနိဟံ။
၄၄၀။ ငါသည် ပစ္စေကဗုဒ္ဓါကို ဖူးမြင်ရ၍ ပဒုမ္မာကြာဖြင့် ဖုံးလွှမ်းအပ်သော ပေါက်ပေါက် ငါးရာတို့ကို လှူပြီးလျှင် သားငါးရာတို့ကို ဆုတောင်းခဲ့၏။
၄၄၁။ ‘‘ပတ္ထယိံ တေပိ ပတ္ထေသုံ, မဓုံ ဒတွာ သယမ္ဘုနော၊
တတော စုတာ အရညေဟံ, အဇာယိံ ပဒုမောဒရေ။
၄၄၁။ ထိုသားဖြစ်ထိုက်သော သူတို့သည်လည်း ပစ္စေကဗုဒ္ဓါအား ပျားရည်ကို လှူ၍ (ဤသတို့သမီး၏သား ဖြစ်လိုကုန်၏ဟု) ဆုတောင်းခဲ့ကုန်၏၊ ငါသည် ထိုဘဝမှ စုတေလတ် သော် တောတွင်ပဒုမ္မာကြာတိုက်၌ ဖြစ်ခဲ့၏။
၄၄၂။ ‘‘ကာသိရညော မဟေသီဟံ, ဟုတွာ သက္ကတပူဇိတာ၊
အဇနိံ ရာဇပုတ္တာနံ, အနူနံ သတပဉ္စကံ။
၄၄၂။ ငါသည် ရိုသေခြင်း, ပူဇော်ခြင်းခံရသော ကာသိမင်း၏ မိဖုရားဖြစ်၍ မယုတ်လျော့ သောမင်းသားငါးရာတို့ကို မွေးဖွားခဲ့၏။
၄၄၃။ ‘‘ယဒါ တေ ယောဗ္ဗနပ္ပတ္တာ, ကီဠန္တာ ဇလကီဠိတံ၊
ဒိသွာ ဩပတ္တပဒုမံ, အာသုံ ပစ္စေကနာယကာ။
၄၄၃။ အကြင်အခါ ထိုသားငါးရာတို့သည် အရွယ်သို့ ရောက်လတ်ကုန်၍ ရေကစားကုန် စဥ်ရင့်ရော်ကြွေကျသော ပဒုမ္မာကြာကို မြင်ရခြင်းကြောင့် ပစ္စေကဗုဒ္ဓါတို့ ဖြစ်ကုန်၏။
၄၄၄။ ‘‘သာဟံ တေဟိ ဝိနာဘူတာ, သုတဝီရေဟိ သောကိနီ [သုတဝရေဟိ သောကိနီ (သီ။ သျာ။)]၊
စုတာ ဣသိဂိလိပဿေ, ဂါမကမှိ အဇာယိဟံ။
၄၄၄။ ထိုငါသည် ရဲရင့်သော ထိုသားတော်တို့နှင့် ကွေကွင်းခြင်းကြောင့် လွမ်းဆွတ်ပူဆွေး လျက်စုတေလတ်သော် ငါသည် ဣသိဂိလိတောင်နံပါး ရွာငယ်၌ မွေးဖွားခဲ့၏။
၄၄၅။ ‘‘ယဒါ ဗုဒ္ဓါ သုတမတီ, သုတာနံ ဘတ္တုနောပိ စ [ကသတံ တဒါ (သီ။), အတ္တနောပိ စ (သျာ။)]၊
ယာဂုံ အာဒါယ ဂစ္ဆန္တီ, အဋ္ဌ ပစ္စေကနာယကေ။
၄၄၅။ အကြင်အခါ (အရွယ်အားဖြင့်) ကြီးသော သားသမီးနှင့်ပြည့်စုံသော ငါသည်သားသမီးတို့၏လည်းကောင်း၊ လင်၏လည်းကောင်း (အကျိုးငှါ) ယာဂုကို ယူ၍ သွားစဥ်ပစ္စေကဗုဒ္ဓါရှစ်ပါးတို့ကို -
၄၄၆။ ‘‘ဘိက္ခာယ ဂါမံ ဂစ္ဆန္တေ, ဒိသွာ ပုတ္တေ အနုဿရိံ၊
ခီရဓာရာ ဝိနိဂ္ဂစ္ဆိ, တဒါ မေ ပုတ္တပေမသာ။
၄၄၆။ ရွာသို့ ဆွမ်းခံကြွလာသည်တို့ကို ဖူးမြင်ရခြင်းကြောင့် သားတော်ဖြစ်သော ပစ္စေက ဗုဒ္ဓါတို့ကို အောက်မေ့မိ၏၊ ထိုအခါ ငါ့အား သား၌ ချစ်ခြင်းဖြင့် နို့ရည်အလျဥ်သည် ပန်းထွက်လေ၏။
၄၄၇။ ‘‘တတော တေသံ အဒံ ယာဂုံ, ပသန္နာ သေဟိ ပါဏိဘိ၊
တတော စုတာဟံ တိဒသံ, နန္ဒနံ ဥပပဇ္ဇဟံ။
၄၄၇။ ထိုအခါ ငါသည် ပစ္စေကဗုဒ္ဓါတို့အား ကြည်ညိုသည်ဖြစ်၍ မိမိလက်တို့ဖြင့် ယာဂုကို လှူဒါန်းခဲ့၏၊ ငါသည် ထိုဘဝမှ စုတေလတ်သော် နှစ်သက်ဖွယ်ရှိသော တာဝတိံသာဘုံသို့ ရောက်ခဲ့လေ၏။
၄၄၈။ ‘‘အနုဘောတွာ သုခံ ဒုက္ခံ, သံသရိတွာ ဘဝါဘဝေ၊
တဝတ္ထာယ မဟာဝီရ, ပရိစ္စတ္တဉ္စ ဇီဝိတံ။
၄၄၈။ မြတ်စွာဘုရား အကျွန်ုပ်သည် ဘဝကြီးငယ်၌ ကျင်လည်၍ ချမ်းသာဆင်းရဲကို ခံစားလျက်အရှင်ဘုရား၏ အကျိုးငှါ အသက်ကိုလည်း စွန့်လွှတ်ခဲ့ပါ၏။
၄၄၉။ ‘‘ဧဝံ ဗဟုဝိဓံ ဒုက္ခံ, သမ္ပတ္တီ စ ဗဟုဗ္ဗိဓာ၊
ပစ္ဆိမေ ဘဝေ သမ္ပတ္တေ, ဇာတာ သာဝတ္ထိယံ ပုရေ။
၄၄၉။ ဤသို့ များပြားသော ဆင်းရဲကိုလည်းကောင်း၊ များသော စည်းစိမ်ကိုလည်းကောင်း (ခံစားပြီးလျှင် ) နောက်ဆုံးဖြစ်သော ဘဝသို့ ရောက်လတ်သော် သာဝတ္ထိပြည်တွင်-
၄၅၀။ ‘‘မဟာဓနသေဋ္ဌိကုလေ, သုခိတေ သဇ္ဇိတေ တထာ၊
နာနာရတနပဇ္ဇောတေ, သဗ္ဗကာမသမိဒ္ဓိနေ။
၄၅၀။ ချမ်းသာသော အလိုရှိတိုင်း ရသော ထိုမှတစ်ပါး အထူးထူးသော ရတနာတို့ဖြင့် တောက်ပသောအလုံးစုံသော ကာမဂုဏ်တို့နှင့် ပြည့်စုံသော များသော ဥစ္စာရှိသော သူဌေး မျိုး၌ ဖြစ်ခဲ့၏။
၄၅၁။ ‘‘သက္ကတာ ပူဇိတာ စေဝ, မာနိတာပစိတာ တထာ၊
ရူပသီရိမနုပ္ပတ္တာ [ရူပသောဘဂ္ဂသမ္ပန္နာ (သီ။)], ကုလေသု အတိသက္ကတာ [အဘိသမ္မတာ (သီ။)]။
၄၅၁။ ငါသည် (လူအပေါင်းတို့၏) ရိုသေခြင်း, ပူဇော်ခြင်း, မြတ်နိုးခြင်း, ယုယခြင်း ခံရပေ၏၊ ထိုမှတစ်ပါး အသရေရှိသော ရုပ်အဆင်းနှင့် ပြည့်စုံသူဖြစ်၍ အမျိုးတို့၌ အထူး ရိုသေ ခြင်း ခံရပေ၏။
၄၅၂။ ‘‘အတီဝ ပတ္ထိတာ စာသိံ, ရူပဘောဂသိရီဟိ စ၊
ပတ္ထိတာ သေဋ္ဌိပုတ္တေဟိ, အနေကေဟိ သတေဟိပိ။
၄၅၂။ ရုပ်အဆင်း, စည်းစိမ်, ကျက်သရေတို့ကြောင့်လည်း (ငါ့ကို လူအပေါင်းတို့သည်) အလွန်ပင်လိုချင်တောင့်တအပ်ပေ၏၊ အရာမကများစွာသော သူဌေးသားတို့သည်လည်း (ငါ့ကို) လိုချင်တောင့်တလျက် ရှိကုန်၏။
၄၅၃။ ‘‘အဂါရံ ပဇဟိတွာန, ပဗ္ဗဇိံ အနဂါရိယံ၊
အဍ္ဎမာသေ အသမ္ပတ္တေ, စတုသစ္စမပါပုဏိံ။
၄၅၃။ ငါသည် အိမ်ကို စွန့်ပယ်၍ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့လေ၏၊ လခွဲမတိုင်မီ သစ္စာလေးပါးကိုသိသူအဖြစ်သို့ ရောက်ခဲ့ပြီ။
၄၅၄။ ‘‘ဣဒ္ဓိယာ အဘိနိမ္မိတွာ, စတုရဿံ ရထံ အဟံ၊
ဗုဒ္ဓဿ ပါဒေ ဝန္ဒိဿံ, လောကနာထဿ တာဒိနော။
၄၅၄။ ငါသည် မြင်းလေးကောင်က, သော ရထားကို တန်ခိုးဖြင့် ဖန်ဆင်း၍ လောက၏ ကိုးကွယ်ရာဖြစ်တော်မူသော တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏ ခြေတော် တို့ကို ရှိခိုးရပေတော့အံ့ (ဟု ဤသို့ ကြံစည်၍ နေစဥ်) -၄၅၅။ (ရဟန်းမ) သင်သည် ကောင်းစွာ ပွင့်သော အဖျားရှိသော အင်ကြင်းတောသို့ ချဥ်းကပ်၍အင်ကြင်းပင်ရင်း၌ တစ်ယောက်တည်း ရပ်တည်ဘိ၏၊ သင့်အား အဖော်တစ်စုံ တစ်ယောက်သည်လည်းမရှိချေ၊ အမိုက်မ သင်သည် ပျော်ပါးမူးရူးသေသောက်ကြူးတို့ကို မကြောက်ပါသလော (ဟု မာရ်နတ်သည်ပြောဆို၏)။
၄၅၅။ ‘‘‘သုပုပ္ဖိတဂ္ဂံ ဥပဂမ္မ ပါဒပံ [ဘိက္ခုနီ (သီ။ ပီ။ က။) ထေရီဂါ။ ၂၃၀], ဧကာ တုဝံ တိဋ္ဌသိ သာလမူလေ၊
န စာပိ တေ ဒုတိယော အတ္ထိ ကောစိ [န စတ္ထိ တေ ဒုတိယာ ဝဏ္ဏဓာတု (သီ။ ပီ။ က။)], ဗာလေ န တွံ ဘာယသိ ဓုတ္တကာနံ’။
၄၅၆။ ‘‘‘သတံ သဟဿာနိပိ ဓုတ္တကာနံ [သဟဿာနမ္ပိ ဓုတ္တကာနံ (ပီ။) ထေရီဂါ။ ၂၃၁], သမာဂတာ ဧဒိသကာ ဘဝေယျုံ၊
လောမံ န ဣဉ္ဇေ န သမ္ပဝေဓေ, ကိံ မေ တုဝံ မာရ ကရိဿသေကော [န မာရ ဘာယာမိ တဝေကိကာပိ (သီ။ က။) … တမေကိကာသိံ (ပီ။)]။
၄၅၆။ မာရ်နတ် ပျော်ပါးမူးရူးသေသောက်ကြူး တစ်သိန်းတို့သော် လည်း ဤအရပ်သို့ လာကုန်စေကာမူထိုသင်ကဲ့သို့ သဘောရှိသော သူတို့သာ ဖြစ်ကုန်ရာ၏၊ (ငါ့အား) မွေးညင်း တစ်ပင်မျှကိုပင်မလှုပ်နိုင်စေရာ၊ ပြင်းစွာ မလှုပ်စေနိုင်ရာ၊ မာရ်နတ် တစ်ယောက်တည်းသော သင်သည် ငါ့အား အသို့ပြုလတ္တံ့နည်း။
၄၅၇။ ‘‘‘ဧသာ အန္တရဓာယာမိ, ကုစ္ဆိံ ဝါ ပဝိသာမိ တေ၊
ဘမုကန္တရိကာယမ္ပိ, တိဋ္ဌန္တိံ မံ န ဒက္ခသိ။
၄၅၇။ ဤငါသည် ကွယ်ပျောက်သွားနိုင်ပေ၏၊ သင်၏ ဝမ်းတွင်းသို့လည်း ဝင်နိုင်ပေ၏၊ သင်၏မျက်မှောင်နှစ်ခုအကြား၌ ရပ်တည်နေသော ငါ့ကိုလည်း သင် မမြင်ရလတ္တံ့။
၄၅၈။ ‘‘‘စိတ္တသ္မိံ ဝသီဘူတာမှိ, ဣဒ္ဓိပါဒါ သုဘာဝိတာ၊
သဗ္ဗဗန္ဓနမုတ္တာမှိ, န တံ ဘာယာမိ အာဝုသော။
၄၅၈။ အချင်းမာရ်နတ် ငါသည် စိတ်၌ လေ့လာပြီးသူ ဖြစ်၏၊ ဣဒ္ဓိပါဒ်တို့ကို ကောင်းစွာ ပွါးများစေပြီးသူဖြစ်၏၊ အလုံးစုံသော အနှောင်အဖွဲ့မှ လွတ်မြောက်ပြီးသူ ဖြစ်၏၊ (ထို့ ကြောင့်) သင့်ကို ငါမကြောက်လန့်ချေ။
၄၅၉။ ‘‘‘သတ္တိသူလူပမာ ကာမာ, ခန္ဓာသံ အဓိကုဋ္ဋနာ၊
ယံ တွံ ကာမရတိံ ဗြူသိ, အရတီ ဒါနိ သာ မမ။
၄၅၉။ ကာမဂုဏ်တို့သည် လှံတံကျင်လျှင် ဥပမာရှိကုန်၏၊ ခန္ဓာငါးပါးတို့သည် ထို ကာမဂုဏ်တို့၏စဥ်းတီတုံးသဖွယ် ဖြစ်ကုန်၏၊ သင်သည် အကြင်ကာမ၌ မွေ့လျော်ခြင်းကို ပြောဆိုဘိ၏၊ ထိုကာမ၌မွေ့လျော်ခြင်းသည် ယခု ငါ့အား မွေ့လျော်ခြင်း မဖြစ်တော့ချေ။
၄၆၀။ ‘‘‘သဗ္ဗတ္ထ ဝိဟတာ နန္ဒီ, တမောခန္ဓော ပဒါလိတော၊
ဧဝံ ဇာနာဟိ ပါပိမ, နိဟတော တွမသိ အန္တက’။
၄၆၀။ မာရ်ယုတ် ငါသည် အလုံးစုံကာမဂုဏ်တို့၌ နှစ်သက်ခြင်းကို ပယ်ဖျောက်အပ်ပြီ၊ အမိုက်တုံးကိုဖျက်ခွဲအပ်ပြီ၊ ဤသို့ သင် သိပါလော့၊ မာရ်နတ် သင်သည် နိမ့်ကျပြီးသူ ဖြစ်ပေ၏။
၄၆၁။ ‘‘ဇိနော တမှိ ဂုဏေ တုဋ္ဌော, ဧတဒဂ္ဂေ ဌပေသိ မံ၊
အဂ္ဂါ ဣဒ္ဓိမတီနန္တိ, ပရိသာသု ဝိနာယကော။
၄၆၁။ မာရ်ငါးပါးကို အောင်မြင်တော်မူသော မြတ်စွာဘုရားသည် ထိုဂုဏ်၌ နှစ်သက် တော်မူသည်ဖြစ်၍ပရိသတ်တို့၌ တန်ခိုးကြီးသော ရဟန်းမတို့တွင် အမြတ်ဆုံးဟု ငါ့ကို ဧတဒဂ်အရာ၌ ထားတော်မူ၏။
၄၆၂။ ‘‘ပရိစိဏ္ဏော မယာ သတ္ထာ, ကတံ ဗုဒ္ဓဿ သာသနံ၊
ဩဟိတော ဂရုကော ဘာရော, ဘဝနေတ္တိ သမူဟတာ။
၄၆၂။ ငါသည် မြတ်စွာဘုရားကို လုပ်ကျွေးခဲ့ပေပြီ၊ မြတ်စွာဘုရား၏ အဆုံးအမကိုလိုက်နာကျင့်သုံးခဲ့ပေပြီ၊ လေးသော ခန္ဓာဝန်ကို ချထားအပ်ပြီ၊ ဘဝတဏှာကို ပယ်နုတ် အပ်ပြီ။
၄၆၃။ ‘‘ယဿတ္ထာယ ပဗ္ဗဇိတာ, အဂါရသ္မာနဂါရိယံ၊
သော မေ အတ္ထော အနုပ္ပတ္တော, သဗ္ဗသံယောဇနက္ခယော။
၄၆၃။ ငါသည် အကြင် နိဗ္ဗာန်အကျိုးငှါ အိမ်မှ (ထွက်၍) ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့ ပေ၏၊ အလုံးစုံသော သံယောဇဥ်တို့ ကုန်ခြင်းဟူသော ထိုနိဗ္ဗာန်အကျိုးကို ငါရအပ်ပေပြီ။
၄၆၄။ ‘‘စီဝရံ ပိဏ္ဍပါတဉ္စ, ပစ္စယံ သယနာသနံ၊
ခဏေန ဥပနာမေန္တိ, သဟဿာနိ သမန္တတော။
၄၆၄။ သင်္ကန်းကိုလည်းကောင်း၊ ဆွမ်းကိုလည်းကောင်း၊ ဆေးပစ္စည်းကိုလည်းကောင်း၊ အိပ်ရာနေရာ (ကျောင်း) ကိုလည်းကောင်း အထောင်မကသော ပစ္စည်းလေးပါးတို့ကို ထက်ဝန်း ကျင်မှတစ်ခဏချင်းဖြင့် ဆက်ကပ်ကြလေကုန်၏။
၄၆၅။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝါ၊
၄၆၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၄၆၆။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၄၆၆။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။ပ။ အဆုံးအမတော် ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၄၆၇။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ ဥပ္ပလဝဏ္ဏာ ဘိက္ခုနီ ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဥပ္ပလဝဏ္ဏာထေရိယာပဒါနံ နဝမံ။
၄၆၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် ဥပ္ပလဝဏ္ဏာရဟန်းမသည် ဤဂါထာတို့ကို မိန့်ဆိုခဲ့၏။ ။ ကိုးခုမြောက် ဥပ္ပလဝဏ္ဏာထေရီအပဒါန ပြီး၏။
၁၀။ ပဋာစာရာထေရီအပဒါန
၄၆၈။ ‘‘ပဒုမုတ္တရော နာမ ဇိနော, သဗ္ဗဓမ္မာန ပါရဂူ၊
ဣတော သတသဟဿမှိ, ကပ္ပေ ဥပ္ပဇ္ဇိ နာယကော။
၁၀-ပဋာစာရာထေရီအပဒါန ၄၆၈။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ လူတို့၏ ရှေ့သွား ဖြစ်တော်မူသော အလုံးစုံသောတရားတို့၏ တစ်ဖက်ကမ်းသို့ ရောက်တော်မူသော ပဒုမုတ္တရမည်သော မြတ်စွာဘုရား သည်ပွင့်တော်မူလေ၏။
၄၆၉။ ‘‘တဒါဟံ ဟံသဝတိယံ, ဇာတာ သေဋ္ဌိကုလေ အဟုံ၊
နာနာရတနပဇ္ဇောတေ, မဟာသုခသမပ္ပိတာ။
၄၆၉။ ထိုအခါ ငါသည် ဟံသာဝတီမြို့တွင် အထူးထူးသော ရတနာတို့ဖြင့် တောက်ပ သောကြီးကျယ်သော ချမ်းသာနှင့် ပြည့်စုံသော သူဌေးမျိုး၌ မွေးဖွားသူ ဖြစ်ခဲ့၏။
၄၇၀။ ‘‘ဥပေတွာ တံ မဟာဝီရံ, အဿောသိံ ဓမ္မဒေသနံ၊
တတော ဇာတပသာဒါဟံ, ဥပေသိံ သရဏံ ဇိနံ။
၄၇၀။ ငါသည် ထိုမြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ တရားဒေသနာကို နာကြားခဲ့၏၊ ထိုအခါ ငါသည်ကြည်ညိုခြင်း ရှိသည်ဖြစ်၍ မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခဲ့ ပေ၏။
၄၇၁။ ‘‘တတော ဝိနယဓာရီနံ, အဂ္ဂံ ဝဏ္ဏေသိ နာယကော၊
ဘိက္ခုနိံ လဇ္ဇိနိံ တာဒိံ, ကပ္ပါကပ္ပဝိသာရဒံ။
၄၇၁။ ထိုအခါ မြတ်စွာဘုရားသည် (မကောင်းမှုကို) ရှက်တတ်သော တာဒိဂုဏ်နှင့် ပြည့်စုံသောအပ်သောအရာ, မအပ်သောအရာ၌ ရဲရင့်သော ရဟန်းမကို ဝိနည်းဆောင်ရဟန်းမ တို့တွင် အမြတ်ဆုံးဟုချီးကျူးတော်မူ၏။
၄၇၂။ ‘‘တဒါ မုဒိတစိတ္တာဟံ, တံ ဌာနမဘိကင်္ခိနီ၊
နိမန္တေတွာ ဒသဗလံ, သသံဃံ လောကနာယကံ။
၄၇၂။ ထိုအခါ ဝမ်းမြောက်သော စိတ်ရှိသော ငါသည် ထိုအရာအထူးကို အလွန်အလိုရှိ သည်ဖြစ်၍လောက၏ ရှေးသွား မြတ်စွာဘုရားကို သံဃာနှင့်တကွ ပင့်ဖိတ်ပြီးလျှင် -
၄၇၃။ ‘‘ဘောဇယိတွာန သတ္တာဟံ, ဒဒိတွာဝ တိစီဝရံ [ဒဒိတွာ ပတ္တစီဝရံ (သျာ။)]၊
နိပစ္စ သိရသာ ပါဒေ, ဣဒံ ဝစနမဗြဝိံ။
၄၇၃။ ခုနစ်ရက်ပတ်လုံး ဆွမ်းလုပ်ကျွေးလျက် သင်္ကန်းသုံးထည်ကို လှူဒါန်းကာ ခြေတော်တို့ကို ဦးတိုက်၍ ဤစကားကို လျှောက်ထားခဲ့၏ -
၄၇၄။ ‘‘‘ယာ တယာ ဝဏ္ဏိတာ ဝီရ, ဣတော အဋ္ဌမကေ မုနိ၊
တာဒိသာဟံ ဘဝိဿာမိ, ယဒိ သိဇ္ဈတိ နာယက’။
၄၇၄။ လုံ့လရှိတော်မူသော မြတ်စွာဘုရား ဤနေ့မှ ရှစ်ရက်မြောက်သောနေ့၌ အရှင် ဘုရားသည် အကြင်ရဟန်းမကို ချီးကျူးတော်မူခဲ့ပါ၏၊ မြတ်စွာဘုရား (အကျွန်ုပ်၏ ကောင်းမှု ကံသည်) အကယ်၍ပြည့်စုံပါအံ့၊ အကျွန်ုပ်သည် ထိုကဲ့သို့ သဘောရှိသောသူ ဖြစ်ရပါ လို၏ (ဟု ဤစကားကိုလျှောက်ထား၏)။
၄၇၅။ ‘‘တဒါ အဝေါစ မံ သတ္ထာ, ‘ဘဒ္ဒေ မာ ဘာယိ အဿသ၊
အနာဂတမှိ အဒ္ဓါနေ, လစ္ဆသေ တံ မနောရထံ။
၄၇၅။ ထိုအခါ မြတ်စွာဘုရားသည် ငါ့ကို မိန့်တော်မူ၏၊ ချစ်သမီး မကြောက်လင့်၊ သက်သာရာရလော့၊ အနာဂတ်ကာလ၌ စိတ်အလိုရှိသော ထိုဆုကို ရလတ္တံ့။
၄၇၆။ ‘‘‘သတသဟဿိတော ကပ္ပေ, ဩက္ကာကကုလသမ္ဘဝေါ၊
ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။
၄၇၆။ ဤကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမမည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။
၄၇၇။ ‘‘‘တဿ ဓမ္မေသု ဒါယာဒါ, ဩရသာ ဓမ္မနိမ္မိတာ၊
ပဋာစာရာတိ နာမေန, ဟေဿတိ သတ္ထု သာဝိကာ’။
၄၇၇။ ထိုမြတ်စွာဘုရား၏ တရားတို့၌ တရားသည် ဖန်ဆင်းအပ်သော အမွေခံသမီးတော် ဖြစ်၍“ပဋာစာရာ”ဟူသော အမည်ဖြင့် မြတ်စွာဘုရား၏ တပည့်မ ‘သာဝိကာ’ ဖြစ်လတ္တံ့ (ဟု မိန့်တော်မူ၏)။
၄၇၈။ ‘‘တဒါဟံ မုဒိတာ [ပမုဒီ (က။)] ဟုတွာ, ယာဝဇီဝံ တဒါ ဇိနံ၊
မေတ္တစိတ္တာ ပရိစရိံ, သသံဃံ လောကနာယကံ။
၄၇၈။ ထိုအခါ ငါသည် ဝမ်းမြောက်ခြင်းရှိသည် ဖြစ်၍ လောက၏ ရှေ့သွားဖြစ်တော်မူ သောထိုမြတ်စွာဘုရားကို သံဃာနှင့်တကွ မေတ္တာစိတ်ရှိလျက် အသက်ထက်ဆုံး လုပ်ကျွေး ခဲ့၏။
၄၇၉။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၄၇၉။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။
၄၈၀။ ‘‘ဣမမှိ ဘဒ္ဒကေ ကပ္ပေ, ဗြဟ္မဗန္ဓု မဟာယသော၊
ကဿပေါ နာမ ဂေါတ္တေန, ဥပ္ပဇ္ဇိ ဝဒတံ ဝရော။
၄၈၀။ ဤဘဒ္ဒကမ္ဘှာ၌ ဗြာဟ္မဏမျိုး ဖြစ်တော်မူ၍ များမြတ်သည့် အခြံအရံအကျော်အစော ရှိတော်မူသော တရားဟောပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံး ဖြစ်တော်မူသော အနွယ်အားဖြင့် ကဿပမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။
၄၈၁။ ‘‘ဥပဋ္ဌာကော မဟေသိဿ, တဒါ အာသိ နရိဿရော၊
ကာသိရာဇာ ကိကီ နာမ, ဗာရာဏသိပုရုတ္တမေ။
၄၈၁။ ထိုအခါ ဗာရာဏသီပြည်တော်၌ မြတ်စွာဘုရား၏ အလုပ်အကျွေးဖြစ်သော လူတို့ ကို အစိုးရသော“ကိကီ”မည်သော ကာသိမင်းသည် ရှိလေ၏။
၄၈၂။ ‘‘တဿာသိံ တတိယာ ဓီတာ, ဘိက္ခုနီ ဣတိ ဝိဿုတာ၊
ဓမ္မံ သုတွာ ဇိနဂ္ဂဿ, ပဗ္ဗဇ္ဇံ သမရောစယိံ။
၄၈၂။ ငါသည် ထိုမင်း၏ တတိယသမီး ဖြစ်၍ “ဘိက္ခုနီ”ဟူ၍ ကျော်စောထင်ရှားခဲ့၏၊ ဘုရားမြတ်၏တရားတော်ကို နာကြားရ၍ (ခမည်းတော်အား) ရဟန်းအဖြစ်ကို တောင်းပန် လျှောက်ကြားခဲ့၏။
၄၈၃။ ‘‘အနုဇာနိ န နော တာတော, အဂါရေဝ တဒါ မယံ၊
ဝီသဝဿသဟဿာနိ, ဝိစရိမှ အတန္ဒိတာ။
၄၈၃-၄၈၄။ ခမည်းတော်သည် ငါတို့အား ခွင့်မပြုခဲ့ချေ၊ ထိုအခါ ငါတို့သည် အိမ်၌ သာလျှင်ချမ်းသာသဖြင့် ကြီးပွါးရသော မင်းသမီးများ ဖြစ်ပါလျက် အပျိုစင်အဖြစ်ဖြင့် မြတ်သော အကျင့်ကိုအနှစ်နှစ်သောင်းတို့ပတ်လုံး မပျင်းမရိ ကျင့်ခဲ့ကုန်၏၊ သမီးတော် ခုနစ်ယောက်တို့သည် ဝမ်းမြောက်စွာမြတ်စွာဘုရားကို ဆည်းကပ်လုပ်ကျွေးခြင်း၌ အမြဲ ပျော်မွေ့ကုန်၏။
၄၈၄။ ‘‘ကောမာရိဗြဟ္မစရိယံ, ရာဇကညာ သုခေဓိတာ၊
ဗုဒ္ဓေါပဋ္ဌာနနိရတာ, မုဒိတာ သတ္တဓီတရော။
၄၈၅။ ‘‘သမဏီ သမဏဂုတ္တာ စ, ဘိက္ခုနီ ဘိက္ခုဒါယိကာ၊
ဓမ္မာ စေဝ သုဓမ္မာ စ, သတ္တမီ သံဃဒါယိကာ။
၄၈၅။ ယင်းသမီးတော်ခုနစ်ယောက်တို့ဟူသည်မှာ သမဏီ, သမဏဂုတ္တာ, ဘိက္ခုနီ, ဘိက္ခုဒါယိကာ, ဓမ္မာ, သုဓမ္မာနှင့် ခုနစ်ယောက်မြောက် သံဃဒါယိကာတို့တည်း။
၄၈၆။ ‘‘အဟံ ဥပ္ပလဝဏ္ဏာ စ, ခေမာ ဘဒ္ဒါ စ ဘိက္ခုနီ၊
ကိသာဂေါတမီ ဓမ္မဒိန္နာ, ဝိသာခါ ဟောတိ သတ္တမီ။
၄၈၆။ ယခုအခါ (အစဥ်အတိုင်း) ခေမာသည်လည်းကောင်း၊ ဥပ္ပလဝဏ်သည်လည်းကောင်း၊ ငါသည်လည်းကောင်း၊ ဘဒ္ဒါမည်သော ကုဏ္ဍလကေသာရဟန်းမသည်လည်းကောင်း၊ ကိသာဂေါတမီသည်လည်းကောင်း၊ ဓမ္မဒိန္နာသည်လည်းကောင်း၊ ခုနစ်ယောက်မြောက် ဝိသာခါသည်လည်းကောင်း ဖြစ်၏။
၄၈၇။ ‘‘တေဟိ ကမ္မေဟိ သုကတေဟိ, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၄၈၇။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။
၄၈၈။ ‘‘ပစ္ဆိမေ စ ဘဝေ ဒါနိ, ဇာတာ သေဋ္ဌိကုလေ အဟံ၊
သာဝတ္ထိယံ ပုရဝရေ, ဣဒ္ဓေ ဖီတေ မဟဒ္ဓနေ။
၄၈၈။ ယခု နောက်ဆုံးဖြစ်သော ဘဝ၌လည်း ငါသည် သာဝတ္ထိပြည်တော်တွင် ပြည့်စုံ ကြွယ်ဝလျက်များသော ဥစ္စာရှိသော သူဌေးမျိုး၌ ဖြစ်၏။
၄၈၉။ ‘‘ယဒါ စ ယောဗ္ဗနူပေတာ, ဝိတက္ကဝသဂါ အဟံ၊
နရံ ဇာရပတိံ ဒိသွာ, တေန သဒ္ဓိံ အဂစ္ဆဟံ။
၄၈၉။ အကြင်အခါ ငါသည် အရွယ်သို့ ရောက်သည်ရှိသော် မိဘမျက်ကွယ်လင်ကို တွေ့မြင်သဖြင့်ကာမဝိတက်၏ အလိုသို့ လိုက်၍ ထိုလင်နှင့် အတူ လိုက်သွားခဲ့၏။
၄၉၀။ ‘‘ဧကပုတ္တပသူတာဟံ, ဒုတိယော ကုစ္ဆိယာ မမံ၊
တဒါဟံ မာတာပိတရော, ဩက္ခာမီတိ [ဣက္ခာမီတိ (သျာ။), ဒက္ခာမီတိ (သီ။)] သုနိစ္ဆိတာ။
၄၉၀။ ငါသည် သားတစ်ယောက်ကို မွေးဖွားခဲ့လေပြီ၊ နှစ်ယောက်မြောက် (ဒုတိယ) သား သည်ငါ၏ဝမ်း၌ ရှိလေ၏၊ ထိုအခါ ငါသည် အမိ, အဖတို့ကို တွေ့မြင်အံ့ဟု ကောင်းစွာ ဆုံးဖြတ်ခဲ့၏။
၄၉၁။ ‘‘နာရောစေသိံ ပတိံ မယှံ, တဒါ တမှိ ပဝါသိတေ၊
ဧကိကာ နိဂ္ဂတာ ဂေဟာ, ဂန္တုံ သာဝတ္ထိမုတ္တမံ။
၄၉၁။ ထိုအခါ ငါ၏ ထိုလင်သည် အရပ်တစ်ပါးသို့ သွားနေစဥ် ငါသည် လင်ကို မပြော ကြားခဲ့ပေ၊ ငါသည် သာဝတ္ထိပြည်တော်သို့ သွားရန် တစ်ယောက်တည်း အိမ်မှ ထွက်ခဲ့၏။
၄၉၂။ ‘‘တတော မေ သာမိ အာဂန္တွာ, သမ္ဘာဝေသိ ပထေ မမံ၊
တဒါ မေ ကမ္မဇာ ဝါတာ, ဥပ္ပန္နာ အတိဒါရုဏာ။
၄၉၂။ ထိုအခါ ငါ၏ လင်သည် လိုက်လာ၍ လမ်းခရီး၌ ငါ့ကို မီလေ၏၊ ထိုအခါ ငါ့အားအလွန်ပြင်းထန်သော ကမ္မဇလေတို့သည် ဖြစ်ပေါ်ကုန်၏။
၄၉၃။ ‘‘ဥဋ္ဌိတော စ မဟာမေဃော, ပသူတိသမယေ မမ၊
ဒဗ္ဗတ္ထာယ တဒါ ဂန္တွာ, သာမိ သပ္ပေန မာရိတော။
၄၉၃။ ငါ၏ သားဖွားသော အချိန်၌ မိုးကြီးသည် ရွာချလေ၏၊ ထိုအခါ ထင်းရှာဖွေရန် အလို့ငှါသွားလတ်သော် လင်ကို မြွေသည် ပေါက်သတ်လေ၏။
၄၉၄။ ‘‘တဒါ ဝိဇာတဒုက္ခေန, အနာထာ ကပဏာ အဟံ၊
ကုန္နဒိံ ပူရိတံ ဒိသွာ, ဂစ္ဆန္တီ သကုလာလယံ။
၄၉၄။ ထိုအခါ သားဖွားခြင်းဆင်းရဲဖြင့် ကိုးကွယ်ရာမဲ့လျက် အထီးကျန်သော ငါသည် မိမိအမျိုး အိမ်သို့သွားသည်ရှိသော် ရေပြည့်နေသော မြစ်ငယ်ကို မြင်၍-
၄၉၅။ ‘‘ဗာလံ အာဒါယ အတရိံ, ပါရကူလေ စ ဧကကံ၊
သာယေတွာ [ပါယေတွာ (သျာ။), ပါတေတွာ (က။)] ဗာလကံ ပုတ္တံ, ဣတရံ တရဏာယဟံ။
၄၉၅။ သူငယ်ကို ချီလျက် ကူးခတ်ခဲ့၏၊ ငါသည် ထိုမှာဘက်ကမ်း၌ သားငယ်ကို တစ်ယောက်တည်းချထားခဲ့၍ (အိပ်စေ၍) အခြားသားကြီးကို ကူးမြောက်စေခြင်းငှါ-
၄၉၆။ ‘‘နိဝတ္တာ ဥက္ကုသော ဟာသိ, တရုဏံ ဝိလပန္တကံ၊
ဣတရဉ္စ ဝဟီ သောတော, သာဟံ သောကသမပ္ပိတာ။
၄၉၆-၄၉၇။ ပြန်လာသည်ရှိသော် ဝန်လိုငှက်သည် မြည်တမ်းငိုကြွေးနေသော သားငယ် ကိုသုတ်ဆောင်လေ၏၊ အခြားသားကြီးသည်လည်း ရေအလျဥ်၌ မျောပါလေ၏၊ ထိုငါသည်သောကလောင်မီး ဖိစီးခံရလျက် သာဝတ္ထိပြည်သို့ သွားသည်ရှိသော် ဆွေမျိုးတို့ သေဆုံး ကြောင်းကိုကြားသိရလေ၏၊ ထိုအခါ ကြီးစွာသော သောကဖြင့် ပြည့်လျှံလျက်ရှိသော ငါသည် ပူဆွေးခြင်းနှိပ်စက်အပ်သည်ဖြစ်၍ (ဤသို့) ပြောဆိုမြည်တမ်း၏။
၄၉၇။ ‘‘သာဝတ္ထိနဂရံ ဂန္တွာ, အဿောသိံ သဇနေ မတေ၊
တဒါ အဝေါစံ သောကဋ္ဋာ, မဟာသောကသမပ္ပိတာ။
၄၉၈။ ‘‘ဥဘော ပုတ္တာ ကာလင်္ကတာ, ပန္ထေ မယှံ ပတီ မတော၊
မာတာ ပိတာ စ ဘာတာ စ, ဧကစိတမှိ ဍယှရေ။
၄၉၈။ သားနှစ်ယောက်တို့သည် သေကုန်ပြီ၊ ငါ၏ လင်သည်လည်း လမ်းခရီး၌ သေခဲ့ပြီ၊ အမိသည်လည်းကောင်း၊ အဖသည်လည်းကောင်း၊ မောင်သည်လည်းကောင်း ထင်းတစ်ပုံ တည်း၌လောင်ကျွမ်းလျက် ရှိကုန်၏ဟု ပြောဆို (မြည်တမ်း) ခဲ့၏။
၄၉၉။ ‘‘တဒါ ကိသာ စ ပဏ္ဍု စ, အနာထာ ဒီနမာနသာ၊
ဣတော တတော ဘမန္တီဟံ [ဂစ္ဆန္တီဟံ (သျာ။), ဂမေန္တီဟံ (က။)], အဒ္ဒသံ နရသာရထိံ။
၄၉၉။ ထိုအခါ ငါသည် ကိုးကွယ်ရာမဲ့ကာ ဆင်းရဲသော စိတ်ရှိသည် ဖြစ်၍ ပိန်ချုံး ဖျော့တော့သောအဆင်းရှိ၏၊ ဤမှ ထိုမှ သွားလာလှည့်လည်သည်ရှိသော် မြတ်စွာဘုရားကို ဖူးမြင်ရ၏။
၅၀၀။ ‘‘တတော အဝေါစ မံ သတ္ထာ, ‘ပုတ္တေ မာ သောစိ အဿသ၊
အတ္တာနံ တေ ဂဝေသဿု, ကိံ နိရတ္ထံ ဝိဟညသိ။
၅၀၀။ ထိုအခါ မြတ်စွာဘုရားသည် ငါ့ကို မိန့်ကြားတော်မူ၏၊ ချစ်သမီး ပူဆွေး၍ မနေ ပါလင့်၊ သက်သာရာ ရစေလော့၊ သင်၏ ကိုယ်ကို ရှာဖွေလော့၊ သင်သည် အဘယ့်ကြောင့် အကျိုးမဲ့ဆင်းရဲပင်ပန်းနေဘိသနည်း။
၅၀၁။ ‘‘‘န သန္တိ ပုတ္တာ တာဏာယ, န ဉာတီ နပိ ဗန္ဓဝါ၊
အန္တကေနာဓိပန္နဿ, နတ္ထိ ဉာတီသု တာဏတာ’။
၅၀၁။ သားသမီးတို့သည် အားထားရာ မဟုတ်ကုန်၊ ဆွေမျိုးတို့သည်လည်း အားထား ရာ မဟုတ်ကုန်၊ မိတ်ဆွေတို့သည်လည်း အားထားရာ မဟုတ်ကုန်၊ သေမင်းယုတ် နှိပ်စက် ခံရသူအား ဆွေမျိုးတို့၌ အားထားရာ မရှိတော့ချေ (ဟု မိန့်တော်မူ၏)။
၅၀၂။ ‘‘တံ သုတွာ မုနိနော ဝါကျံ, ပဌမံ ဖလမဇ္ဈဂံ၊
ပဗ္ဗဇိတွာန နစိရံ, အရဟတ္တမပါပုဏိံ။
၅၀၂။ ငါသည် မြတ်စွာဘုရား၏ ထိုတရားစကားကို ကြားနာရသည်ရှိသော် ပထမ (သောတာပတ္တိ) ဖိုလ်ကို ရ၏၊ ရဟန်းပြု၍ မကြာမြင့်မီ အရဟတ္တဖိုလ်သို့ ရောက်၏။
၅၀၃။ ‘‘ဣဒ္ဓီသု စ ဝသီ ဟောမိ, ဒိဗ္ဗာယ သောတဓာတုယာ၊
ပရစိတ္တာနိ ဇာနာမိ, သတ္ထုသာသနကာရိကာ။
၅၀၃။ ငါသည် ဣဒ္ဓိဝိဓအဘိညာဥ်တို့၌ လည်းကောင်း၊ ဒိဗ္ဗသောတအဘိညာဥ်၌လည်းကောင်းလေ့လာပြီးသူ ဖြစ်၏၊ သူတစ်ပါးစိတ်တို့ကို သိ၏၊ မြတ်စွာဘုရားအဆုံးအမကို လိုက်နာကျင့်သုံးသူ ဖြစ်၏။
၅၀၄။ ‘‘ပုဗ္ဗေနိဝါသံ ဇာနာမိ, ဒိဗ္ဗစက္ခု ဝိသောဓိတံ၊
ခေပေတွာ အာသဝေ သဗ္ဗေ, ဝိသုဒ္ဓါသိံ သုနိမ္မလာ။
၅၀၄။ ရှေးရှေးဘဝ၌ နေဖူးသော ခန္ဓာအစဥ်ကို သိ၏၊ ဒိဗ္ဗစက္ခုအဘိညာဥ်ကို သုတ်သင် အပ်ပြီ၊ အာသဝအားလုံးတို့ကို ကုန်ခန်းစေ၍ (ကိလေသာ) အညစ်အကြေး ကင်းလျက် အထူး စင်ကြယ်သူ ဖြစ်၏။
၅၀၅။ ‘‘တတောဟံ ဝိနယံ သဗ္ဗံ, သန္တိကေ သဗ္ဗဒဿိနော၊
ဥဂ္ဂဟိံ သဗ္ဗဝိတ္ထာရံ, ဗျာဟရိဉ္စ ယထာတထံ။
၅၀၅။ ထို့နောက် ငါသည် အလုံးစုံကို သိမြင်တော်မူသော မြတ်စွာဘုရား၏ အထံ၌ ဝိနည်းအားလုံးကိုအလုံးစုံ အကျယ် သင်ယူ၏၊ အမှန်အတိုင်းလည်း ဆောင်ထား၏။
၅၀၆။ ‘‘ဇိနော တသ္မိံ ဂုဏေ တုဋ္ဌော, ဧတဒဂ္ဂေ ဌပေသိ မံ၊
အဂ္ဂါ ဝိနယဓာရီနံ, ပဋာစာရာဝ ဧကိကာ။
၅၀၆။ မြတ်စွာဘုရားသည် ထိုဂုဏ်၌ နှစ်သက်၍ ဝိနည်းကို ဆောင်သူတို့တွင် ပဋာစာရာ တစ်ဦးသာလျှင်အမြတ်ဆုံး ဖြစ်၏ဟု ငါ့ကို ဧတဒဂ်အရာ၌ ထားတော်မူ၏။
၅၀၇။ ‘‘ပရိစိဏ္ဏော မယာ သတ္ထာ, ကတံ ဗုဒ္ဓဿ သာသနံ၊
ဩဟိတော ဂရုကော ဘာရော, ဘဝနေတ္တိ သမူဟတာ။
၅၀၇။ ငါသည် မြတ်စွာဘုရားကို လုပ်ကျွေးအပ်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမကို လိုက်နာကျင့်သုံးပြီးပြီ၊ လေးသော ခန္ဓာဝန်ကို ချပြီးပြီ၊ ဘဝတဏှာကို ပယ်နုတ်အပ်ပြီ။
၅၀၈။ ‘‘ယဿတ္ထာယ ပဗ္ဗဇိတာ, အဂါရသ္မာနဂါရိယံ၊
သော မေ အတ္ထော အနုပ္ပတ္တော, သဗ္ဗသံယောဇနက္ခယော။
၅၀၈။ အကြင်အကျိုးငှါ အိမ်မှ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏၊ အလုံးစုံသော သံယောဇဥ်ကုန်ရာဖြစ်သော ထိုနိဗ္ဗာန်အကျိုးကို ငါသည် ရအပ်ပြီ။
၅၀၉။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝါ။
၅၀၉။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၅၁၀။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၅၁၀။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။ပ။ အဆုံးအမ တော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၅၁၁။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ ပဋာစာရာ ဘိက္ခုနီ ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ပဋာစာရာထေရိယာပဒါနံ ဒသမံ။
ဧကူပေါသထိကဝဂ္ဂေါ ဒုတိယော။
တဿုဒ္ဒါနံ –
ဧကူပေါသထိကာ စေဝ, သဠလာ စာထ မောဒကာ၊
ဧကာသနာ ပဉ္စဒီပါ, နဠမာလီ စ ဂေါတမီ။
ခေမာ ဥပ္ပလဝဏ္ဏာ စ, ပဋာစာရာ စ ဘိက္ခုနီ၊
ဂါထာ သတာနိ ပဉ္စေဝ, နဝ စာပိ တဒုတ္တရိ။
၅၁၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် ပဋာစာရာရဟန်းမသည် ဤဂါထာတို့ကို မိန့်ဆိုခဲ့၏။ ။ ဆယ်ခုမြောက် ပဋာစာရာထေရီအပဒါန ပြီး၏။ နှစ်ခုမြောက် ဧကူပေါသထိကဝဂ် ပြီး၏။
၃။ ကုဏ္ဍလကေသီဝဂ္ဂ
၁။ ကုဏ္ဍလကေသာထေရီအပဒါန
၁။ ‘‘ပဒုမုတ္တရော နာမ ဇိနော, သဗ္ဗဓမ္မာန ပါရဂူ၊
ဣတော သတသဟဿမှိ, ကပ္ပေ ဥပ္ပဇ္ဇိ နာယကော။
၃-ကုဏ္ဍလကေသီဝဂ် ၁-ကုဏ္ဍလကေသာထေရီအပဒါန ၁။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ မာရ်ငါးပါးကို အောင်တော်မူသော အလုံးစုံ သော တရားတို့၏တစ်ဖက်ကမ်းသို့ ရောက်တော်မူသော ပဒုမုတ္တရမည်သော မြတ်စွာဘုရား သည် ပွင့်တော်မူ၏။
၂။ ‘‘တဒါဟံ ဟံသဝတိယံ, ဇာတာ သေဋ္ဌိကုလေ အဟုံ၊
နာနာရတနပဇ္ဇောတေ, မဟာသုခသမပ္ပိတာ။
၂။ ထိုအခါ ငါသည် ဟံသာဝတီမြို့တွင် အထူးထူးသော ရတနာတို့ဖြင့် တောက်ပသော ကြီးစွာသောချမ်းသာနှင့် ပြည့်စုံသော သူဌေးမျိုး၌ မွေးဖွားသည် ဖြစ်ခဲ့၏။
၃။ ‘‘ဥပေတွာ တံ မဟာဝီရံ, အဿောသိံ ဓမ္မဒေသနံ၊
တတော ဇာတပ္ပသာဒါဟံ, ဥပေသိံ သရဏံ ဇိနံ။
၃။ ငါသည် ထိုမြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ တရားဒေသနာကို နာကြားခဲ့၏၊ ထိုအခါ ငါသည်ဖြစ်သော ကြည်ညိုခြင်းရှိသည်ဖြစ်၍ မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ် ခဲ့၏။
၄။ ‘‘တဒါ မဟာကာရုဏိကော, ပဒုမုတ္တရနာမကော၊
ခိပ္ပါဘိညာနမဂ္ဂန္တိ, ဌပေသိ ဘိက္ခုနိံ သုဘံ။
၄။ ထိုအခါ ကြီးသော သနားခြင်း မဟာကရုဏာ ရှိတော်မူသော ပဒုမုတ္တရမြတ်စွာဘုရား သည်“သုဘာ”မည်သော ရဟန်းမကို လျင်မြန်သော အဘိညာဥ်ရှိသူတို့တွင် အမြတ်ဆုံးဟု (ဧတဒဂ်အရာ၌) ထားတော်မူ၏။
၅။ ‘‘တံ သုတွာ မုဒိတာ ဟုတွာ, ဒါနံ ဒတွာ မဟေသိနော၊
နိပစ္စ သိရသာ ပါဒေ, တံ ဌာနမဘိပတ္ထယိံ။
၅။ ငါသည် ထိုစကားကို ကြားနာရသော် ဝမ်းမြောက်သည်ဖြစ်၍ မြတ်စွာဘုရားအား လှူဖွယ်ဝတ္ထုကိုလှူပြီးလျှင် ခြေတော်တို့ကို ဦးတိုက်လျက် ထိုအရာအထူးကို ဆုတောင်းခဲ့၏။
၆။ ‘‘အနုမောဒိ မဟာဝီရော, ‘ဘဒ္ဒေ ယံ တေဘိပတ္ထိတံ၊
သမိဇ္ဈိဿတိ တံ သဗ္ဗံ, သုခိနီ ဟောဟိ နိဗ္ဗုတာ။
၆။ ထိုအခါ မြတ်စွာဘုရားသည် ချစ်သမီး သင်သည် အကြင်အရာကို ဆုတောင်း၏၊ ထိုအရာအားလုံးသည် ပြည့်စုံလတ္တံ့၊ ချမ်းသာခြင်းရှိလျက် ငြိမ်းချမ်းသူ ဖြစ်ပါလော့။
၇။ ‘‘‘သတသဟဿိတော ကပ္ပေ, ဩက္ကာကကုလသမ္ဘဝေါ၊
ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။
၇။ ဤကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့်ဂေါတမအမည်ရှိသော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။
၈။ ‘‘‘တဿ ဓမ္မေသု ဒါယာဒါ, ဩရသာ ဓမ္မနိမ္မိတာ၊
ဘဒ္ဒါကုဏ္ဍလကေသာတိ, ဟေဿတိ သတ္ထု သာဝိကာ’။
၈။ ထိုမြတ်စွာဘုရား၏ တရားတို့၌ တရားသည် ဖန်ဆင်းအပ်သော အမွေခံသမီးတော် ဖြစ်၍“ဘဒ္ဒါကုဏ္ဍလကေသာ”ဟူသော မြတ်စွာဘုရား၏ တပည့်မ ‘သာဝိကာ’ ဖြစ်လတ္တံ့ (ဟု အနုမောဒနာပြုတော်မူ၏)။
၉။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၉။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက် ရ၏။
၁၀။ ‘‘တတော စုတာ ယာမမဂံ, တတောဟံ တုသိတံ ဂတာ၊
တတော စ နိမ္မာနရတိံ, ဝသဝတ္တိပုရံ တတော။
၁၀။ ငါသည် ထိုဘုံမှ စုတေလတ်သော် ယာမာဘုံသို့ ရောက်ရ၏၊ ထိုဘုံမှ တုသိတာ ဘုံသို့ ရောက်ရ၏၊ ထိုဘုံမှ နိမ္မာနရတိဘုံသို့လည်းကောင်း၊ ဝသဝတ္တိဘုံသို့လည်းကောင်း ရောက်ရ၏။
၁၁။ ‘‘ယတ္ထ ယတ္ထူပပဇ္ဇာမိ, တဿ ကမ္မဿ ဝါဟသာ၊
တတ္ထ တတ္ထေဝ ရာဇူနံ, မဟေသိတ္တမကာရယိံ။
၁၁။ ငါသည် အကြင်အကြင်ဘုံဘဝ၌ ဖြစ်ရ၏၊ ထိုထိုဘုံဘဝ၌ ထိုကံ၏ အစွမ်းကြောင့် မင်းတို့၏မိဖုရားအဖြစ်ကိုသာလျှင် ပြုခဲ့ရ၏။
၁၂။ ‘‘တတော စုတာ မနုဿေသု, ရာဇူနံ စက္ကဝတ္တိနံ၊
မဏ္ဍလီနဉ္စ ရာဇူနံ, မဟေသိတ္တမကာရယိံ။
၁၂။ ထိုဘုံမှ စုတေလတ်သော် လူတို့ဘုံ၌ စကြဝတေးမင်းတို့၏လည်းကောင်း၊ ပဒေသရာဇ်မင်းတို့၏လည်းကောင်း မိဖုရားအဖြစ်ကို ပြုခဲ့ရ၏။
၁၃။ ‘‘သမ္ပတ္တိံ အနုဘောတွာန, ဒေဝေသု မာနုသေသု စ၊
သဗ္ဗတ္ထ သုခိတာ ဟုတွာ, နေကကပ္ပေသု သံသရိံ။
၁၃။ နတ်ဘုံတို့၌ လည်းကောင်း၊ လူ့ဘုံတို့၌ လည်းကောင်း စည်းစိမ်ကို ခံစားပြီးလျှင် ၊ အလုံးစုံသောဘဝတို့၌ ချမ်းသာခြင်းသို့ ရောက်သည်ဖြစ်၍ များစွာသော ကမ္ဘာတို့၌ ကျင်လည်ခဲ့ရ၏။
၁၄။ ‘‘ဣမမှိ ဘဒ္ဒကေ ကပ္ပေ, ဗြဟ္မဗန္ဓု မဟာယသော၊
ကဿပေါ နာမ ဂေါတ္တေန, ဥပ္ပဇ္ဇိ ဝဒတံ ဝရော။
၁၄။ ဤဘဒ္ဒကမ္ဘာ၌ ဗြာဟ္မဏမျိုးဖြစ်၍ များမြတ်သည့် အခြံအရံအကျော်အစော ရှိတော်မူ သောတရားဟောပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံးဖြစ်၍ အနွယ်အားဖြင့် ကဿပအမည်ရှိသော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။
၁၅။ ‘‘ဥပဋ္ဌာကော မဟေသိဿ, တဒါ အာသိ နရိဿရော၊
ကာသိရာဇာ ကိကီ နာမ, ဗာရာဏသိပုရုတ္တမေ။
၁၅။ ထိုအခါ ဗာရာဏသီပြည်တော်၌ မြတ်စွာဘုရား၏ အလုပ်အကျွေးဖြစ်သော လူတို့ကို အစိုးရသောကိကီမည်သော ကာသိမင်းသည် ရှိလေ၏။
၁၆။ ‘‘တဿ ဓီတာ စတုတ္ထာသိံ, ဘိက္ခုဒါယီတိ ဝိဿုတာ၊
ဓမ္မံ သုတွာ ဇိနဂ္ဂဿ, ပဗ္ဗဇ္ဇံ သမရောစယိံ။
၁၆။ ငါသည် ထိုမင်း၏ “ဘိက္ခုဒါယိကာ”ဟူ၍ ကျော်စောထင်ရှားသော စတုတ္ထသမီးတော် ဖြစ်ခဲ့၏၊ ထိုအခါ ငါသည် ဘုရားမြတ်၏ တရားကို နာကြားရ၍ (ခမည်းတော်မင်းအား) ရဟန်းအဖြစ်ကိုတောင်းပန်လျှောက်ထားခဲ့၏။
၁၇။ ‘‘အနုဇာနိ န နော တာတော, အဂါရေဝ တဒါ မယံ၊
ဝီသဝဿသဟဿာနိ, ဝိစရိမှ အတန္ဒိတာ။
၁၇-၁၈။ ခမည်းတော်သည် ငါတို့အား ခွင့်မပြုခဲ့ချေ၊ ထိုအခါ ငါတို့သည် အိမ်၌သာလျှင် ချမ်းသာသဖြင့်ကြီးပွါးရသော မင်းသမီးများ ဖြစ်ပါလျက် အပျိုစင်အဖြစ်ဖြင့် မြတ်သော အကျင့်ကိုအနှစ်နှစ်သောင်းတို့ပတ်လုံး မပျင်းမရိ ကျင့်ခဲ့ကုန်၏၊ သမီးတော် ခုနစ်ယောက်တို့ သည် ဝမ်းမြောက်စွာမြတ်စွာဘုရားကို ဆည်းကပ်လုပ်ကျွေးခြင်း၌ အမြဲ ပျော်မွေ့ကုန်၏။
၁၈။ ‘‘ကောမာရိဗြဟ္မစရိယံ, ရာဇကညာ သုခေဓိတာ၊
ဗုဒ္ဓေါပဋ္ဌာနနိရတာ, မုဒိတာ သတ္တ ဓီတရော။
၁၉။ ‘‘သမဏီ သမဏဂုတ္တာ စ, ဘိက္ခုနီ ဘိက္ခုဒါယိကာ၊
ဓမ္မာ စေဝ သုဓမ္မာ စ, သတ္တမီ သံဃဒါယိကာ။
၁၉။ ယင်းသမီးတော်ခုနစ်ယောက်တို့ဟူသည်မှာ သမဏီ, သမဏဂုတ္တာ, ဘိက္ခုနီ, ဘိက္ခုဒါယိကာ, ဓမ္မာ, သုဓမ္မာနှင့် ခုနစ်ယောက်မြောက် သံဃဒါယိကာတို့တည်း။
၂၀။ ‘‘ခေမာ ဥပ္ပလဝဏ္ဏာ စ, ပဋာစာရာ အဟံ တဒါ၊
ကိသာဂေါတမီ ဓမ္မဒိန္နာ, ဝိသာခါ ဟောတိ သတ္တမီ။
၂၀။ ယခုအခါ (အစဥ်အတိုင်း) ခေမာသည်လည်းကောင်း၊ ဥပ္ပလဝဏ်သည်လည်းကောင်း၊ ပဋာစာရာသည်လည်းကောင်း၊ ငါသည်လည်းကောင်း၊ ကိသာဂေါတမီသည်လည်းကောင်း၊ ဓမ္မဒိန္နာသည်လည်းကောင်း၊ ခုနစ်ယောက်မြောက် ဝိသာခါသည်လည်းကောင်း ဖြစ်၏။
၂၁။ ‘‘တေဟိ ကမ္မေဟိ သုကတေဟိ, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၂၁။ ငါသည် ကောင်းစွာ ပြုအပ်ကုန်သော ထိုကံတို့ကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသော် တာဝတိံသာဘုံသို့ ရောက်ရ၏။
၂၂။ ‘‘ပစ္ဆိမေ စ ဘဝေ ဒါနိ, ဂိရိဗ္ဗဇပုရုတ္တမေ၊
ဇာတာ သေဋ္ဌိကုလေ ဖီတေ, ယဒါဟံ ယောဗ္ဗနေ ဌိတာ။
၂၂။ ငါသည် ယခု နောက်ဆုံးဖြစ်သော ဘဝ၌ကား ရာဇဂြိုဟ်ပြည်တော်တွင် ကြွယ်ဝ သော သူဌေးမျိုး၌ဖြစ်ရ၏၊ ငါသည် ပျိုမျစ်နုနယ်သော အရွယ်၌ တည်၏။
၂၃။ ‘‘စောရံ ဝဓတ္ထံ နီယန္တံ, ဒိသွာ ရတ္တာ တဟိံ အဟံ၊
ပိတာ မေ တံ သဟဿေန, မောစယိတွာ ဝဓာ တတော။
၂၃။ ငါသည် သတ်ရန် ထုတ်ဆောင်လာသော ခိုးသူကို မြင်ရသော် ထိုခိုးသူ၌ တပ်မက် သည်ဖြစ်၍ ငါ၏အဖသည် အသပြာတစ်ထောင်ဖြင့် ထိုခိုးသူကို ထိုသတ်ခြင်းမှ လွတ်စေ လျက်-
၂၄။ ‘‘အဒါသိ တဿ မံ တာတော, ဝိဒိတွာန မနံ မမ၊
တဿာဟမာသိံ ဝိသဋ္ဌာ, အတီဝ ဒယိတာ ဟိတာ။
၂၄။ ဖခင်သည် ငါ၏ စိတ်ကို သိ၍ ငါ့ကို ထိုခိုးသူအား ပေးလေ၏၊ ငါသည် ထိုခိုးသူ အား အလွန်ယုယကြင်နာလျက် အစီးအပွါးကို ဆောင်ကာ ချစ်ကျွမ်းဝင်သူ ဖြစ်ခဲ့၏။
၂၅။ ‘‘သော မေ ဘူသနလောဘေန, ဗလိမဇ္ဈာသယော [ခလိတဇ္ဈာသယော (သီ။), ဗလိံ ပစ္စာဟရံ (သျာ။), မာလပစ္ဆာဟတံ (ပီ။)] ဒိသော၊
စောရပ္ပပါတံ နေတွာန, ပဗ္ဗတံ စေတယီ ဝဓံ။
၂၅။ ရန်သူဖြစ်သော ထိုခိုးသားသည် ငါ၏ အဆင်တန်ဆာကို လိုချင်သောကြောင့် ဗလိနတ်စာ ပူဇော်လို၍ခိုးသူချရာ ချောက်ကမ်းပါးပြတ်ရှိသော တောင်သို့ ခေါ်ဆောင်လျက် သတ်ဖို့ရန် အားထုတ်၏။
၂၆။ ‘‘တဒါဟံ ပဏမိတွာန, သတ္တုကံ သုကတဉ္ဇလီ၊
ရက္ခန္တီ အတ္တနော ပါဏံ, ဣဒံ ဝစနမဗြဝိံ။
၂၆။ ထိုအခါ ငါသည် ခိုးသူကို ကောင်းစွာ လက်အုပ်ချီရှိခိုးလျက် မိမိအသက်ကို စောင့်ရှောက်လို၍ဤစကားကို ပြောဆို၏ -
၂၇။ ‘‘‘ဣဒံ သုဝဏ္ဏကေယူရံ, မုတ္တာ ဝေဠုရိယာ ဗဟူ၊
သဗ္ဗံ ဟရဿု [ဝရဿု (က။)] ဘဒ္ဒန္တေ, မဉ္စ ဒါသီတိ သာဝယ’။
၂၇။ အရှင့်သား ဤရွှေလက်ကြပ်ကိုလည်းကောင်း၊ များစွာကုန်သော ပုလဲ, ကြောင်မျက်ရွဲတို့ကို လည်းကောင်း အလုံးစုံကို ယူပါလော့။ အကျွန်ုပ်ကိုလည်း ကျွန်မဟူ၍ ပြောကြားပါ လော့ဟုဤစကားကို ပြောဆို၏။
၂၈။ ‘‘‘ဩရောပယဿု ကလျာဏီ, မာ ဗာဠှံ ပရိဒေဝသိ၊
န စာဟံ အဘိဇာနာမိ, အဟန္တွာ ဓနမာဘတံ’။
၂၈။ ကောင်းခြင်းလက္ခဏာနှင့် ပြည့်စုံသော ရှင်မ အဆင်တန်ဆာချွတ်လော့၊ ပြင်းစွာ မငိုကြွေးလင့်၊ ငါကား မသတ်ဘဲ ဥစ္စာကို ဆောင်ယူဖူးသည်ကို မသိစဖူးဟု ခိုးသူသည် ဆို၏။
၂၉။ ‘‘‘ယတော သရာမိ အတ္တာနံ, ယတော ပတ္တောသ္မိ ဝိညုတံ၊
န စာဟံ အဘိဇာနာမိ, အညံ ပိယတရံ တယာ’။
၂၉။ အရှင် အကျွန်ုပ်သည် အကြင်အခါမှစ၍ မိမိကိုယ်ကို အမှတ်ရ၏၊ အကြင်အခါမှစ၍လိမ္မာသူအဖြစ်သို့ ရောက်၏၊ ထိုအခါ မှစ၍ အရှင့်ထက် သာလွန်၍ ချစ်သော အခြား သူကို မသိစဖူးပါ။
၃၀။ ‘‘‘ဧဟိ တံ ဥပဂူဟိဿံ, ကတွာန တံ ပဒက္ခိဏံ၊
န စ ဒါနိ ပုနော အတ္ထိ [တံ ဝန္ဒာမိ ပုန နတ္ထိ (သျာ။)], မမ တုယှဉ္စ သင်္ဂမော။
၃၀။ အရှင် လာပါလော့၊ အရှင့်ကို လက်ယာရစ်လှည့်သည်ကို ပြု၍ အရှင့်ကို ပွေ့ဖက်ပါ အံ့၊ ယခုအကျွန်ုပ်၏လည်းကောင်း၊ အရှင်၏လည်းကောင်း နောက်ထပ်တစ်ဖန် ပေါင်းဆုံခြင်း သည် မရှိတော့ပါ။ (ဤသို့ ဆို၍ ခိုးသူကို ကမ်းပါးပြတ်၌ တွန်းချ၏)။
၃၁။ ‘‘‘န ဟိ သဗ္ဗေသု ဌာနေသု, ပုရိသော ဟောတိ ပဏ္ဍိတော၊
ဣတ္ထီပိ ပဏ္ဍိတာ ဟောတိ, တတ္ထ တတ္ထ ဝိစက္ခဏာ။
၃၁။ ထိုအံ့ဩဖွယ်ကို မြင်၍ တောင်စောင့်နတ်သည် အလုံးစုံသော အရာတို့၌ ယောကျာ်း သည်သာပညာရှိသည် မဟုတ်၊ မိန်းမသည်လည်း ထိုထိုအရာ၌ ဆင်ခြင်နိုင်သော ပညာရှိ၏။
၃၂။ ‘‘‘န ဟိ သဗ္ဗေသု ဌာနေသု, ပုရိသော ဟောတိ ပဏ္ဍိတော၊
ဣတ္ထီပိ ပဏ္ဍိတာ ဟောတိ, လဟုံ အတ္ထဝိစိန္တိကာ။
၃၂။ အလုံးစုံသော အရာတို့၌ ယောကျာ်းသည်သာ ပညာရှိသည် မဟုတ်၊ မိန်းမသည် လည်းလျင်မြန်စွာ အကျိုးကို ကြံစည်နိုင်သော ပညာရှိ၏ (ဟု ကြွေးကြော်၏)။
၃၃။ ‘‘‘လဟုဉ္စ ဝတ ခိပ္ပဉ္စ, နိကဋ္ဌေ [နေကတ္ထေ (သီ။ သျာ။)] သမစေတယိံ၊
မိဂံ ဥဏ္ဏာ ယထာ ဧဝံ [စိတ္တပုဏ္ဏာယ တာနေဝ (သျာ။), မိဂံ ပုဏ္ဏာယ တေနေဝ (ပီ။)], တဒါဟံ သတ္တုကံ ဝဓိံ။
၃၃။ ငါသည် သေခါနီး၌ လျင်မြန်စွာ အားထုတ်ခဲ့၏၊ အမွေးသည် သိုးဖြစ်သော သားကောင်ကိုသတ်သကဲ့သို့ ဤအတူ ထိုအခါ ငါသည် ခိုးသူကို သတ်ခဲ့၏။
၃၄။ ‘‘‘ယော စ ဥပ္ပတိတံ အတ္ထံ, န ခိပ္ပမနုဗုဇ္ဈတိ၊
သော ဟညတေ မန္ဒမတိ, စောရောဝ ဂိရိဂဗ္ဘရေ။
၃၄။ အကြင်သူသည် ကျရောက်လာသော အကျိုးကို လျင်မြန်စွာ မသိ၊ ‘ခိုးသူကို ထောင်ချောက်၌သတ်အပ်သကဲ့သို့’ ထိုပညာနုံ့သော သူကို သတ်အပ်၏။
၃၅။ ‘‘‘ယော စ ဥပ္ပတိတံ အတ္ထံ, ခိပ္ပမေဝ နိဗောဓတိ၊
မုစ္စတေ သတ္တုသမ္ဗာဓာ, တဒါဟံ သတ္တုကာ ယထာ’။
၃၅။ အကြင်သူသည် ကျရောက်လာသော အကျိုးကို လျင်မြန်စွာသာလျှင် သိ၏၊ ထိုအခါ ငါသည်‘ခိုးသူမှ လွတ်မြောက်သကဲ့သို့’ ထိုသူသည် ရန်သူ့အကြပ်အတည်းမှ လွတ်မြောက်၏။
၃၆။ ‘‘တဒါဟံ ပါတယိတွာန, ဂိရိဒုဂ္ဂမှိ သတ္တုကံ၊
သန္တိကံ သေတဝတ္ထာနံ, ဥပေတွာ ပဗ္ဗဇိံ အဟံ။
၃၆။ ထိုအခါ ငါသည် တောင်ကမ်းပါးပြတ်၌ ခိုးသူကို တွန်းချပြီးလျှင် အဝတ်ဖြူဝတ်သူ (ပရိဗိုဇ်မ) တို့၏အထံသို့ ကပ်၍ ရဟန်းပြုခဲ့၏။
၃၇။ ‘‘သဏ္ဍာသေန စ ကေသေ မေ, လုဉ္စိတွာ သဗ္ဗသော တဒါ၊
ပဗ္ဗဇိတွာန သမယံ, အာစိက္ခိံသု နိရန္တရံ။
၃၇။ ထိုအခါ ပရိဗိုဇ်မတို့သည် မွေးညှပ်ဖြင့် ငါ၏ ဆံပင်တို့ကို အကြွင်းမဲ့ နုတ်၍ ရဟန်းပြုပေးကြပြီးလျှင် အယူဝါဒကို မပြတ်ပြောကြားကြကုန်၏။
၃၈။ ‘‘တတော တံ ဥဂ္ဂဟေတွာဟံ, နိသီဒိတွာန ဧကိကာ၊
သမယံ တံ ဝိစိန္တေသိံ, သုဝါနော မာနုသံ ကရံ။
၃၈-၃၉။ ထိုအခါ ငါသည် ထိုအယူကို သင်ယူ၍ တစ်ကိုယ်တည်း ထိုင်နေလျက် ထို အယူကိုကြံစည်စဥ်းစား၏၊ (ဤသို့ စဥ်းစားနေစဥ်) ခွေးသည် လူ့လက်ပြတ်ကို ချီယူ၍ ငါ၏ အနီး၌ ချလျက်ဖဲသွား၏၊ ငါသည် ပိုးလောက်တို့ဖြင့် ပြွမ်းသော ထိုလက်ကို မြင်၍ ပုဠဝကအမှတ်နိမိတ်ကို ရလေ၏။
၃၉။ ‘‘ဆိန္နံ ဂယှ သမီပေ မေ, ပါတယိတွာ အပက္ကမိ၊
ဒိသွာ နိမိတ္တမလဘိံ, ဟတ္ထံ တံ ပုဠဝါကုလံ။
၄၀။ ‘‘တတော ဥဋ္ဌာယ သံဝိဂ္ဂါ, အပုစ္ဆိံ သဟဓမ္မိကေ၊
တေ အဝေါစုံ ဝိဇာနန္တိ, တံ အတ္ထံ သကျဘိက္ခဝေါ။
၄၀။ ထိုအခါ ငါသည် ထိတ်လန့်သည်ဖြစ်၍ နေရာမှ ထပြီးလျှင် အတူ တရားကျင့်ဘက် တို့ကို မေး၏၊ ထိုသူတို့သည် သာကီဝင်မင်းသားရဟန်းတို့သည် ထိုအကြောင်းကို အထူး သိကုန်၏ဟု ပြောဆိုကုန်၏။
၄၁။ ‘‘သာဟံ တမတ္ထံ ပုစ္ဆိဿံ, ဥပေတွာ ဗုဒ္ဓသာဝကေ၊
တေ မမာဒါယ ဂစ္ဆိံသု, ဗုဒ္ဓသေဋ္ဌဿ သန္တိကံ။
၄၁။ ထိုငါသည် ထိုအကြောင်းကို မြတ်စွာဘုရားတပည့်သာဝကတို့ထံသို့ ချဥ်းကပ်၍ မေးလျှောက်အံ့ (ဟုကြံစည်လျက် ချဥ်းကပ်သည်ရှိသော်) ထိုဘုရား၏ တပည့်သာဝကတို့ သည် ငါ့အား ဘုရားမြတ်၏အထံသို့ ခေါ်ယူ၍ သွားကုန်၏။
၄၂။ ‘‘သော မေ ဓမ္မမဒေသေသိ, ခန္ဓာယတနဓာတုယော၊
အသုဘာနိစ္စဒုက္ခာတိ, အနတ္တာတိ စ နာယကော။
၄၂။ ထိုမြတ်စွာဘုရားသည် ငါ့အား ခန္ဓာ, အာယတန, ဓာတ်တို့ကို အသုဘ, အနိစ္စ, ဒုက္ခဟူ၍လည်းကောင်း၊ အနတ္တဟူ၍လည်းကောင်း တရားကို ဟောတော်မူ၏။
၄၃။ ‘‘တဿ ဓမ္မံ သုဏိတွာဟံ, ဓမ္မစက္ခုံ ဝိသောဓယိံ၊
တတော ဝိညာတသဒ္ဓမ္မာ, ပဗ္ဗဇ္ဇံ ဥပသမ္ပဒံ။
၄၃-၄၄။ ငါသည် ထိုမြတ်စွာဘုရား၏ တရားကို နာကြားရ၍ တရားမျက်စိ (မဂ်ဉာဏ်) ကို သုတ်သင်ခဲ့၏၊ ထိုအခါ ငါသည် သူတော်ကောင်းတရားကို သိပြီးသူဖြစ်၍ ရှင်အဖြစ်, ရဟန်း အဖြစ်ကို တောင်းပန်ခဲ့၏၊ ထိုအခါ မြတ်စွာဘုရားသည် “ချစ်သမီး လာလော့”ဟု မိန့်ဆိုတော်မူ၏၊ ထိုအခါ ငါသည် ပဉ္စင်းဖြစ်ပြီး၍အနည်းငယ်သော ရေကို တွေ့မြင်၏။
၄၄။ ‘‘အာယာစိတော တဒါ အာဟ, ‘ဧဟိ ဘဒ္ဒေ’တိ နာယကော၊
တဒါဟံ ဥပသမ္ပန္နာ, ပရိတ္တံ တောယမဒ္ဒသံ။
၄၅။ ‘‘ပါဒပက္ခာလနေနာဟံ, ဉတွာ သဥဒယဗ္ဗယံ၊
တထာ သဗ္ဗေပိ သင်္ခါရေ, ဤဒိသံ စိန္တယိံ [သင်္ခါရာ, ဣတိ သံစိန္တယိံ (သီ။ သျာ။ ပီ။)] တဒါ။
၄၅။ ထိုအခါ ငါသည် ခြေကို ရေဆေးသဖြင့် အဖြစ်အပျက်နှင့်တကွ သိ၍ ထို့အတူ အလုံးစုံသောသင်္ခါရတို့ကို လည်း ဤသို့ သဘောရှိ၏ဟု ကြံစည်၏။
၄၆။ ‘‘တတော စိတ္တံ ဝိမုစ္စိ မေ, အနုပါဒါယ သဗ္ဗသော၊
ခိပ္ပါဘိညာနမဂ္ဂံ မေ, တဒါ ပညာပယီ ဇိနော။
၄၆။ ထိုအခါ ငါ၏ စိတ်သည် စွဲလမ်းခြင်း မရှိဘဲ အကြွင်းမဲ့ ကိလေသာမှ လွတ် မြောက်၏၊ ထိုအခါ မြတ်စွာဘုရားသည် ငါ့ကို လျင်မြန်သော အဘိညာဥ်ရှိသူတို့တွင် အမြတ် ဆုံးဟု ပညတ်တော်မူ၏။
၄၇။ ‘‘ဣဒ္ဓီသု စ ဝသီ ဟောမိ, ဒိဗ္ဗာယ သောတဓာတုယာ၊
ပရစိတ္တာနိ ဇာနာမိ, သတ္ထုသာသနကာရိကာ။
၄၇-၄၈။ ငါသည် ဣဒ္ဓိဝိဓအဘိညာဥ်တို့၌လည်းကောင်း၊ ဒိဗ္ဗသောတဓာတ်အဘိညာဥ်၌ လည်းကောင်းလေ့လာပြီးသူ ဖြစ်၏။ သူတစ်ပါး၏ စိတ်တို့ကို သိ၏၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကိုလိုက်နာပြုကျင့်သူဖြစ်၏၊ ရှေးရှေးဘဝ၌ နေဖူးသော ခန္ဓာအစဥ်ကို သိ၏၊ ဒိဗ္ဗစက္ခုအဘိညာဥ်ကိုအထူးသုတ်သင်အပ်၏၊ အာသဝေါအားလုံးတို့ကို ကုန်ခန်းစေ၍ ကောင်း စွာ အညစ်အကြေးကင်းသောအထူးစင်ကြယ်သူ ဖြစ်၏။
၄၈။ ‘‘ပုဗ္ဗေနိဝါသံ ဇာနာမိ, ဒိဗ္ဗစက္ခု ဝိသောဓိတံ၊
ခေပေတွာ အာသဝေ သဗ္ဗေ, ဝိသုဒ္ဓါသိံ သုနိမ္မလာ။
၄၉။ ‘‘ပရိစိဏ္ဏော မယာ သတ္ထာ, ကတံ ဗုဒ္ဓဿ သာသနံ၊
ဩဟိတော ဂရုကော ဘာရော, ဘဝနေတ္တိ သမူဟတာ။
၄၉။ ငါသည် မြတ်စွာဘုရားကို လုပ်ကျွေးအပ်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမကို လိုက်နာကျင့်သုံးအပ်ပြီ၊ လေးသော ခန္ဓာဝန်ကို ချထားအပ်ပြီ၊ ဘဝတဏှာကို ပယ်နုတ်အပ်ပြီ။
၅၀။ ‘‘ယဿတ္ထာယ ပဗ္ဗဇိတာ, အဂါရသ္မာနဂါရိယံ၊
သော မေ အတ္ထော အနုပ္ပတ္တော, သဗ္ဗသံယောဇနက္ခယော။
၅၀။ အကြင်အကျိုးငှါ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏၊ အလုံးစုံသောသံယောဇဥ်ကုန်ရာဖြစ်သော ထိုုနိဗ္ဗာန်အကျိုးကို ငါသည် ရအပ်ပြီ။
၅၁။ ‘‘အတ္ထဓမ္မနိရုတ္တီသု, ပဋိဘာနေ တထေဝ စ၊
ဉာဏံ မေ ဝိမလံ သုဒ္ဓံ, ဗုဒ္ဓသေဋ္ဌဿ သာသနေ။
၅၁။ ဘုရားမြတ်၏ သာသနာတော်၌ အတ္ထ, ဓမ္မ, နိရုတ္တိပဋိသမ္ဘိဒါတို့၌ လည်းကောင်း၊ ထို့ အတူပင်ပဋိဘာနပဋိသမ္ဘိဒါတို့၌ လည်းကောင်း ငါ၏ ဉာဏ်သည် အညစ်အကြေး ကင်းလျက် စင်ကြယ်၏။
၅၂။ ‘‘ကိလေသာ ဈာပိတာ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ၊
နာဂီဝ ဗန္ဓနံ ဆေတွာ, ဝိဟရာမိ အနာသဝါ။
၅၂။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်မသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ ငါသည် အာသဝ မရှိဘဲ နေရ၏။
၅၃။ ‘‘သွာဂတံ ဝတ မေ အာသိ, မမ ဗုဒ္ဓဿ သန္တိကေ၊
တိဿော ဝိဇ္ဇာ အနုပ္ပတ္တာ, ကတံ ဗုဒ္ဓဿ သာသနံ။
၅၃။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။ ငါသည် မြတ်စွာ ဘုရားအထံတော်၌ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၅၄။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ ဘဒ္ဒါကုဏ္ဍလကေသာ ဘိက္ခုနီ ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ကုဏ္ဍလကေသာထေရိယာပဒါနံ ပဌမံ။
၅၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကို လည်းကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကို လည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် ဘဒ္ဒါကုဏ္ဍလကေသာရဟန်းမသည် ဤဂါထာတို့ကို မိန့်ဆိုခဲ့၏။ ။ ရှေးဦးစွာသော ကုဏ္ဍလကေသာထေရီအပဒါန ပြီး၏။
၂။ ကိသာဂေါတမီထေရီအပဒါန
၅၅။ ‘‘ပဒုမုတ္တရော နာမ ဇိနော, သဗ္ဗဓမ္မာန ပါရဂူ၊
ဣတော သတသဟဿမှိ, ကပ္ပေ ဥပ္ပဇ္ဇိ နာယကော။
၂-ကိသာဂေါတမီထေရီအပဒါန ၅၅။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ မာရ်ငါးပါးကို အောင်တော်မူသော အလုံးစုံ သောတရားတို့၏ တစ်ဖက်ကမ်းသို့ ရောက်တော်မူသော ပဒုမုတ္တရအမည်ရှိသော မြတ်စွာ ဘုရားသည် ပွင့်တော်မူ၏။
၅၆။ ‘‘တဒါဟံ ဟံသဝတိယံ, ဇာတာ အညတရေ ကုလေ၊
ဥပေတွာ တံ နရဝရံ, သရဏံ သမုပါဂမိံ။
၅၆။ ထိုအခါ ငါသည် ဟံသာဝတီမြို့တွင် မထင်ရှားသော အမျိုး၌ ဖြစ်၍ ထိုမြတ်စွာ ဘုရားသို့ချဥ်းကပ်လျက် ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခဲ့၏။
၅၇။ ‘‘ဓမ္မဉ္စ တဿ အဿောသိံ, စတုသစ္စူပသဉှိတံ၊
မဓုရံ ပရမဿာဒံ, ဝဋ္ဋသန္တိသုခါဝဟံ [စိတ္တသန္တိ … (သျာ။)]။
၅၇။ ထိုမြတ်စွာဘုရား၏ အလွန်သာယာဖွယ်ရှိသော ဝဋ်ငြိမ်းရာချမ်းသာကို ဆောင်နိုင် သောသစ္စာလေးပါးနှင့် စပ်သော ချိ်ုမြိန်သော တရားတော်ကို နာကြားခဲ့၏။
၅၈။ ‘‘တဒါ စ ဘိက္ခုနိံ ဝီရော, လူခစီဝရဓာရိနိံ၊
ဌပေန္တော ဧတဒဂ္ဂမှိ, ဝဏ္ဏယီ ပုရိသုတ္တမော။
၅၈။ ထိုအခါ လုံ့လရှိတော်မူသော မြတ်စွာဘုရားသည် ခေါင်းပါးသော သင်္ကန်းကို ဆောင်လေ့ရှိသောရဟန်းမကို ဧတဒဂ်အရာ၌ ထားလျက် ချီးမွမ်းတော်မူ၏။
၅၉။ ‘‘ဇနေတွာနပ္ပကံ ပီတိံ, သုတွာ ဘိက္ခုနိယာ ဂုဏေ၊
ကာရံ ကတွာန ဗုဒ္ဓဿ, ယထာသတ္တိ ယထာဗလံ။
၅၉။ ရဟန်းမ၏ ဂုဏ်တို့ကို ကြားနာရသော် များစွာသော နှစ်သိမ့်ခြင်းကိို ဖြစ်စေလျက်စွမ်းအားအလျောက် မြတ်စွာဘုရားအား ပူဇော်သက္ကာရကို ပြုပြီးလျှင် -
၆၀။ ‘‘နိပစ္စ မုနိဝရံ တံ, တံ ဌာနမဘိပတ္ထယိံ၊
တဒါနုမောဒိ သမ္ဗုဒ္ဓေါ, ဌာနလာဘာယ နာယကော။
၆၀။ ထိုမြတ်စွာဘုရားကို ဦးတိုက်၍ ထိုအရာအထူးကို ဆုတောင်းခဲ့၏၊ ထိုအခါ လောက၏ရှေ့သွားဖြစ်တော်မူသော မြတ်စွာဘုရားသည် ဧတဒဂ်အရာအထူးကို ရခြင်းငှါ အနုမောဒနာ ပြုတော်မူ၏။
၆၁။ ‘‘‘သတသဟဿိတော ကပ္ပေ, ဩက္ကာကကုလသမ္ဘဝေါ၊
ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။
၆၁။ ဤကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့်ဂေါတမအမည်ရှိသော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။
၆၂။ ‘‘‘တဿ ဓမ္မေသု ဒါယာဒါ, ဩရသာ ဓမ္မနိမ္မိတာ၊
ကိသာဂေါတမီ [ဂေါတမီ နာမ (သီ။ က။)] နာမေန, ဟေဿတိ သတ္ထု သာဝိကာ’။
၆၂။ ထိုမြတ်စွာဘုရား၏ တရားတို့၌ တရားသည် ဖန်ဆင်းအပ်သော အမွေခံသမီးတော် ဖြစ်၍အမည်အားဖြင့် ကိသာဂေါတမီမည်သော မြတ်စွာဘုရား၏ တပည့်မ ‘သာဝိကာ’ ဖြစ် လတ္တံ့ (ဟုအနုမောဒနာပြုတော်မူ၏)။
၆၃။ ‘‘တံ သုတွာ မုဒိတာ ဟုတွာ, ယာဝဇီဝံ တဒါ ဇိနံ၊
မေတ္တစိတ္တာ ပရိစရိံ, ပစ္စယေဟိ ဝိနာယကံ။
၆၃။ ထိုအခါ ငါသည် ထိုစကားကို ကြားနာရသော် ဝမ်းမြောက်ခြင်း ဖြစ်၍ မာရ်ငါးပါးကိုအောင်တော်မူသော မြတ်စွာဘုရားကို အသက်ထက်ဆုံး မေတ္တာစိတ်ရှိလျက် ပစ္စည်းလေးပါး တို့ဖြင့်လုပ်ကျွေးခဲ့၏။
၆၄။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၆၄။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ရ၏။
၆၅။ ‘‘ဣမမှိ ဘဒ္ဒကေ ကပ္ပေ, ဗြဟ္မဗန္ဓု မဟာယသော၊
ကဿပေါ နာမ ဂေါတ္တေန, ဥပ္ပဇ္ဇိ ဝဒတံ ဝရော။
၆၅။ ဤဘဒ္ဒကမ္ဘာ၌ ဗြာဟ္မဏမျိုးဖြစ်၍ များမြတ်သည့် အခြံအရံအကျော်အစော ရှိတော် မူသော တရားဟောပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံးဖြစ်၍ အနွယ်အားဖြင့် ကဿပအမည်ရှိသော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။
၆၆။ ‘‘ဥပဋ္ဌာကော မဟေသိဿ, တဒါ အာသိ နရိဿရော၊
ကာသိရာဇာ ကိကီ နာမ, ဗာရာဏသိပုရုတ္တမေ။
၆၆။ ထိုအခါ ဗာရာဏသီပြည်တော်၌ မြတ်စွာဘုရား၏ အလုပ်အကျွေးဖြစ်သော လူတို့ကို အစိုးရသောကိကီမည်သော ကာသိမင်းသည် ရှိလေ၏။
၆၇။ ‘‘ပဉ္စမီ တဿ ဓီတာသိံ, ဓမ္မာ နာမေန ဝိဿုတာ၊
ဓမ္မံ သုတွာ ဇိနဂ္ဂဿ, ပဗ္ဗဇ္ဇံ သမရောစယိံ။
၆၇။ ထိုအခါ ငါသည် ထိုမင်း၏ အမည်အားဖြင့် “ဓမ္မာ”ဟု ကျော်စောထင်ရှားသော ပဉ္စမသမီးတော်ဖြစ်ခဲ့၏၊ ဘုရားမြတ်၏ တရားကို နာကြား၍ ခမည်းတော်အား ရဟန်းအဖြစ် ကိုတောင်းပန်လျှောက်ထားခဲ့၏။
၆၈။ ‘‘အနုဇာနိ န နော တာတော, အဂါရေဝ တဒါ မယံ၊
ဝီသဝဿသဟဿာနိ, ဝိစရိမှ အတန္ဒိတာ။
၆၈-၆၉။ ခမည်းတော်သည် ငါတို့အား ခွင့်မပြုချေ၊ ထိုအခါ ငါတို့သည် အိမ်၌သာလျှင် ချမ်းသာသဖြင့်ကြီးပွါးရသော မင်းသမီးများ ဖြစ်ပါလျက် အပျိုစင် အဖြစ်ဖြင့် မြတ်သော အကျင့်ကိုအနှစ်နှစ်သောင်းတို့ပတ်လုံး မပျင်းမရိ ကျင့်သုံးခဲ့ကုန်၏၊ သမီးတော် ခုနစ်ယောက် တို့သည်ဝမ်းမြောက်စွာ မြတ်စွာဘုရားကို ဆည်းကပ်လျက် လုပ်ကျွေးခြင်း၌ အမြဲ ပျော်မွေ့ကုန်၏။
၆၉။ ‘‘ကောမာရိဗြဟ္မစရိယံ, ရာဇကညာ သုခေဓိတာ၊
ဗုဒ္ဓေါပဋ္ဌာနနိရတာ, မုဒိတာ သတ္တ ဓီတရော။
၇၀။ ‘‘သမဏီ သမဏဂုတ္တာ စ, ဘိက္ခုနီ ဘိက္ခုဒါယိကာ၊
ဓမ္မာ စေဝ သုဓမ္မာ စ, သတ္တမီ သံဃဒါယိကာ။
၇၀။ ယင်းသမီးတော် ခုနစ်ယောက်တို့ဟူသည်မှာ သမဏီ, သမဏဂုတ္တာ, ဘိက္ခုနီ, ဘိက္ခုဒါယိကာ, ဓမ္မာ, သုဓမ္မာနှင့် ခုနစ်ယောက်မြောက် သံဃဒါယိကာတို့တည်း။
၇၁။ ‘‘ခေမာ ဥပ္ပလဝဏ္ဏာ စ, ပဋာစာရာ စ ကုဏ္ဍလာ၊
အဟဉ္စ ဓမ္မဒိန္နာ စ, ဝိသာခါ ဟောတိ သတ္တမီ။
၇၁။ ယခုအခါ (အစဥ်အတိုင်း) ခေမာသည်လည်းကောင်း၊ ဥပ္ပလဝဏ်သည်လည်းကောင်း၊ ပဋာစာရာသည်လည်းကောင်း၊ ကုဏ္ဍလကေသာသည်လည်းကောင်း၊ ငါသည်လည်းကောင်း၊ ဓမ္မဒိန္နာသည်လည်းကောင်း၊ ခုနစ်ယောက်မြောက် ဝိသာခါသည်လည်းကောင်း ဖြစ် လာ၏။
၇၂။ ‘‘တေဟိ ကမ္မေဟိ သုကတေဟိ, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၇၂။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ရ၏။
၇၃။ ‘‘ပစ္ဆိမေ စ ဘဝေ ဒါနိ, ဇာတာ သေဋ္ဌိကုလေ အဟံ၊
ဒုဂ္ဂတေ အဓနေ နဋ္ဌေ [နီစေ (သျာ။), နိဒ္ဓေ (ပီ။)], ဂတာ စ သဓနံ ကုလံ။
၇၃။ ယခု နောက်ဆုံး ဖြစ်သော ဘဝ၌ကား ငါသည် ဆင်းရဲသော ဥစ္စာမရှိသော ပျက်စီး သောသူဌေးမျိုး၌ ဖြစ်၍ ဥစ္စာရှိသော အမျိုးသို့ ရောက်ရ၏။
၇၄။ ‘‘ပတိံ ဌပေတွာ သေသာ မေ, ဒေဿန္တိ အဓနာ ဣတိ၊
ယဒါ စ ပသူတာ [သသုတာ (သီ။ ပီ။)] အာသိံ, သဗ္ဗေသံ ဒယိတာ တဒါ။
၇၄။ လင်ကို ထား၍ ကြွင်းသော သူတို့သည် ငါ့အား ဥစ္စာမရှိသူဟု မထေမဲ့မြင် ပြုကုန်၏၊ အကြင်အခါသားမွေးဖွား၏၊ ထိုအခါ အလုံးစုံသော သူတို့သည် ငါ့အား ချစ်ကြင် နာကုန်၏။
၇၅။ ‘‘ယဒါ သော တရုဏော ဘဒ္ဒေါ [ပုတ္တော (သီ။ သျာ။)], ကောမလကော [ကောမာရကော (သျာ။), ကောမလင်္ဂေါ (သီ။ ပီ။)] သုခေဓိတော၊
သပါဏမိဝ ကန္တော မေ, တဒါ ယမဝသံ ဂတော။
၇၅။ အကြင်အခါ ထိုသားသည် နုပျို၏၊ ကောင်းခြင်းလက္ခဏာနှင့် ပြည့်စုံနူးညံ့၏၊ ချမ်းသာသဖြင့်ကြီးပွါး၏၊ ငါသည် မိမိအသက်ကဲ့သို့ ချစ်နှစ်သက်၏၊ ထိုအခါ (သားသည်) ယမမင်း (သေမင်း) နိုင်ငံသို့လိုက်သွားလေ၏။
၇၆။ ‘‘သောကဋ္ဋာ ဒီနဝဒနာ, အဿုနေတ္တာ ရုဒမ္မုခါ၊
မတံ ကုဏပမာဒါယ, ဝိလပန္တီ ဂမာမဟံ။
၇၆။ စိုးရိမ်ခြင်းဖြင့် နှိပ်စက်၍ ပင်ပန်းဆင်းရဲသော မျက်နှာရှိသော ငါသည် မျက်ရည် ပြည့်သော မျက်လုံးငိုသော မျက်နှာရှိလျက် သေလေပြီးသော အပုပ်ကောင်ကို ယူဆောင်၍ မြည်တမ်းလျက် သွား၏။
၇၇။ ‘‘တဒါ ဧကေန သန္ဒိဋ္ဌာ, ဥပေတွာဘိသက္ကုတ္တမံ၊
အဝေါစံ ဒေဟိ ဘေသဇ္ဇံ, ပုတ္တသဉ္ဇီဝနန္တိ ဘော။
၇၇။ ထိုအခါ ပညာရှိသူ တစ်ယောက်သည် ညွှန်ပြအပ်သည်ဖြစ်၍ ဆေးဆရာမြတ်ထံသို့ ချဥ်းကပ်လျက်အရှင်, သားကို ရှင်စေတတ်သော ဆေးကို ပေးပါလော့ဟု ဆို၏။
၇၈။ ‘‘န ဝိဇ္ဇန္တေ မတာ ယသ္မိံ, ဂေဟေ သိဒ္ဓတ္ထကံ တတော၊
အာဟရာတိ ဇိနော အာဟ, ဝိနယောပါယကောဝိဒေါ။
၇၈။ ဆုံးမခြင်းအကြောင်းဥပါယ်၌ လိမ္မာတော်မူသော မြတ်စွာဘုရားသည် အကြင်အိမ်၌ သေဖူးသော သူမရှိ၊ ထိုအိမ်မှ မုန်ညင်းစေ့ကို ဆောင်ခဲ့လော့ဟု မိန့်ဆိုတော်မူ၏။
၇၉။ ‘‘တဒါ ဂမိတွာ သာဝတ္ထိံ, န လဘိံ တာဒိသံ ဃရံ၊
ကုတော သိဒ္ဓတ္ထကံ တသ္မာ, တတော လဒ္ဓါ သတိံ အဟံ။
၇၉။ ထိုအခါ သာဝတ္ထိပြည်သို့ သွား၍ ထိုသို့ လူမသေဖူးသော သဘောရှိသော အိမ်ကို မရခဲ့ပေ၊ အဘယ်မှာ ထိုအိမ်မှ မုန်ညင်းစေ့ကို ရအံ့နည်း၊ ထိုအခါ ငါသည် သတိကို ရ၏။
၈၀။ ‘‘ကုဏပံ ဆဍ္ဍယိတွာန, ဥပေသိံ လောကနာယကံ၊
ဒူရတောဝ မမံ ဒိသွာ, အဝေါစ မဓုရဿရော။
၈၀။ အပုပ်ကောင်ကို စွန့်ပစ်ပြီးလျှင် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၏၊ ချိုသာသော အသံရှိတော်မူသော မြတ်စွာဘုရားသည် အဝေးမှပင် ငါ့ကို မြင်၍ မိန့်တော်မူ၏-
၈၁။ ‘‘‘ယော စ ဝဿသတံ ဇီဝေ, အပဿံ ဥဒယဗ္ဗယံ၊
ဧကာဟံ ဇီဝိတံ သေယျော, ပဿတော ဥဒယဗ္ဗယံ။
၈၁။ အကြင်သူသည် အဖြစ်, အပျက်ကို မရှုမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှင်၏၊ (ထိုသို့ရှင်ခြင်းထက်) အဖြစ်, အပျက်ကို ရှုမြင်သူ၏ တစ်ရက်မျှ အသက်ရှင်ရခြင်းသည် မြတ်၏။
၈၂။ ‘‘‘န ဂါမဓမ္မော နိဂမဿ ဓမ္မော, န စာပိယံ ဧကကုလဿ ဓမ္မော၊
သဗ္ဗဿ လောကဿ သဒေဝကဿ, ဧသေဝ ဓမ္မော ယဒိဒံ အနိစ္စတာ’။
၈၂။ အကြင်မမြဲခြင်းသဘောသည် ရှိ၏၊ ထိုမမြဲခြင်းသဘောသည် တစ်ရွာ၏ သဘော မဟုတ်၊ တစ်နိဂုံး၏ သဘောမဟုတ်၊ တစ်ခုသော အမျိုး၏ သဘောလည်း မဟုတ်၊ ဤမမြဲ ခြင်းသဘောသည်နတ်နှင့်တကွသော လောက၏ သဘောပင်တည်း။
၈၃။ ‘‘သာဟံ သုတွာနိမာ [သဟသုတွာနိမာ (က။)] ဂါထာ, ဓမ္မစက္ခုံ ဝိသောဓယိံ၊
တတော ဝိညာတသဒ္ဓမ္မာ, ပဗ္ဗဇိံ အနဂါရိယံ။
၈၃။ ငါသည် ဤဂါထာတို့ကို ကြားနာရသည်နှင့် တစ်ပြိုင်နက် တရားမျက်စိ (မဂ်ဉာဏ်) ကိုသုတ်သင်ခဲ့၏၊ ထိုအခါ သူတော်ကောင်းတရားကို သိပြီးသော ငါသည် ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏။
၈၄။ ‘‘တထာ ပဗ္ဗဇိတာ သန္တီ, ယုဉ္ဇန္တီ ဇိနသာသနေ၊
န စိရေနေဝ ကာလေန, အရဟတ္တမပါပုဏိံ။
၈၄။ မြတ်စွာဘုရားသာသနာတော်၌ ထိုသို့ ရဟန်းဖြစ်လာလျက် အားထုတ်သည်ရှိသော် ကာလမကြာမြင့်မီပင် အရဟတ္တဖိုလ်သို့ ရောက်ခဲ့၏။
၈၅။ ‘‘ဣဒ္ဓီသု စ ဝသီ ဟောမိ, ဒိဗ္ဗာယ သောတဓာတုယာ၊
ပရစိတ္တာနိ ဇာနာမိ, သတ္ထုသာသနကာရိကာ။
၈၅။ ဣဒ္ဓိဝိဓအဘိညာဥ်တို့၌ လည်းကောင်း၊ ဒိဗ္ဗသောတဓာတ်အဘိညာဥ်၌လည်းကောင်း လေ့လာပြီးသူဖြစ်၏။ သူတစ်ပါးစိတ်တို့ကို သိ၏၊ မြတ်စွာဘုရားအဆုံးအမကို လိုက်နာကျင့် သုံးသူ ဖြစ်၏။
၈၆။ ‘‘ပုဗ္ဗေနိဝါသံ ဇာနာမိ, ဒိဗ္ဗစက္ခု ဝိသောဓိတံ၊
ခေပေတွာ အာသဝေ သဗ္ဗေ, ဝိသုဒ္ဓါသိံ သုနိမ္မလာ။
၈၆။ ရှေးရှေးဘဝ၌ နေဖူးသော ခန္ဓာအစဥ်ကို သိ၏၊ ဒိဗ္ဗစက္ခုအဘိညာဥ်ကို အထူး သုတ်သင်အပ်၏၊ အာသဝေါအားလုံးတို့ကို ကုန်ခန်းစေ၍ ကောင်းစွာ အညစ်အကြေး ကင်းသော အထူးစင်ကြယ်သူဖြစ်ခဲ့၏။
၈၇။ ‘‘ပရိစိဏ္ဏော မယာ သတ္ထာ, ကတံ ဗုဒ္ဓဿ သာသနံ၊
ဩဟိတော ဂရုကော ဘာရော, ဘဝနေတ္တိ သမူဟတာ။
၈၇။ ငါသည် မြတ်စွာဘုရားကို လုပ်ကျွေးအပ်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမကို လိုက်နာကျင့်သုံးအပ်ပြီ၊ လေးသော ခန္ဓာဝန်ကို ချထားအပ်ပြီ၊ ဘဝတဏှာကို ပယ်နုတ် အပ်ပြီ။
၈၈။ ‘‘ယဿတ္ထာယ ပဗ္ဗဇိတာ, အဂါရသ္မာနဂါရိယံ၊
သော မေ အတ္ထော အနုပ္ပတ္တော, သဗ္ဗသံယောဇနက္ခယော။
၈၈။ အကြင်အကျိုးငှါ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏၊ အလုံးစုံသောသံယောဇဥ်ကုန်ရာဖြစ်သော ထိုနိဗ္ဗာန်အကျိုးကို ငါသည် ရအပ်ပြီ။
၈၉။ ‘‘အတ္ထဓမ္မနိရုတ္တီသု, ပဋိဘာနေ တထေဝ စ၊
ဉာဏံ မေ ဝိမလံ သုဒ္ဓံ, ဗုဒ္ဓသေဋ္ဌဿ ဝါဟသာ။
၈၉။ ဘုရားမြတ်၏ အစွမ်းကြောင့် အတ္ထ, ဓမ္မ, နိရုတ္တိပဋိသမ္ဘိဒါတို့၌ လည်းကောင်း၊ တို့ အတူပင်ပဋိဘာနပဋိသမ္ဘိဒါ၌လည်းကောင်း ငါ၏ဉာဏ်သည် အညစ်အကြေးကင်းလျက် စင်ကြယ်၏။
၉၀။ ‘‘သင်္ကာရကူဋာ အာဟိတွာ, သုသာနာ ရထိယာပိ စ၊
တတော သံဃာဋိကံ ကတွာ, လူခံ ဓာရေမိ စီဝရံ။
၉၀။ ထိုအခါ ငါသည် တံမြက်ချေးစုမှလည်းကောင်း၊ သုသာန်မှလည်းကောင်း၊ လမ်းခရီး မှလည်းကောင်းဆောင်ယူ၍ ဒုကုဋ်သင်္ကန်းပြုလျက် ခေါင်းပါးသော သင်္ကန်းကို ဆောင်၏။
၉၁။ ‘‘ဇိနော တသ္မိံ ဂုဏေ တုဋ္ဌော, လူခစီဝရဓာရဏေ၊
ဌပေသိ ဧတဒဂ္ဂမှိ, ပရိသာသု ဝိနာယကော။
၉၁။ မာရ်ငါးပါးကို အောင်တော်မူသော မြတ်စွာဘုရားသည် ခေါင်းပါးသော သင်္ကန်းကို ဆောင်သောငါ့ကို ထိုဂုဏ်၌ နှစ်သက်သည်ဖြစ်၍ ပရိသတ်အလယ် ဧတဒဂ်အရာ၌ ထားတော် မူ၏။
၉၂။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝါ။
၉၂။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၉၃။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၉၃။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။ပ။ အဆုံးအမတော် ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၉၄။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ ကိသာဂေါတမီ ဘိက္ခုနီ ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ကိသာဂေါတမီထေရိယာပဒါနံ ဒုတိယံ။
၉၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် ကိသာဂေါတမီရဟန်းမသည် ဤဂါထာတို့ကို မိန့်ဆိုခဲ့၏။ ။ နှစ်ခုမြောက် ကိသာဂေါတမီထေရီအပဒါန ပြီး၏။
၃။ ဓမ္မဒိန္နာထေရီအပဒါန
၉၅။ ‘‘ပဒုမုတ္တရော နာမ ဇိနော, သဗ္ဗဓမ္မာန ပါရဂူ၊
ဣတော သတသဟဿမှိ, ကပ္ပေ ဥပ္ပဇ္ဇိ နာယကော။
၃-ဓမ္မဒိန္နာထေရီအပဒါန ၉၅။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ မာရ်ငါးပါးကို အောင်တော်မူသော အလုံး စုံသောတရားတို့၏ တစ်ဖက်ကမ်းသို့ ရောက်တော်မူသော ပဒုမုတ္တရ အမည်ရှိသော မြတ်စွာ ဘုရားသည် ပွင့်တော်မူ၏။
၉၆။ ‘‘တဒါဟံ ဟံသဝတိယံ, ကုလေ အညတရေ အဟုံ၊
ပရကမ္မကာရီ အာသိံ, နိပကာ သီလသံဝုတာ။
၉၆။ ထိုအခါ ငါသည် ဟံသာဝတီမြို့တွင် မထင်ရှားသော အမျိုး၌ ဖြစ်ခဲ့၏၊ သူတစ်ပါး အမှုကို ပြုရသူ၊ ပညာရင့်ကျက်သူ၊ သီလကို စောင့်ထိန်းသူ ဖြစ်ခဲ့၏။
၉၇။ ‘‘ပဒုမုတ္တရဗုဒ္ဓဿ, သုဇာတော အဂ္ဂသာဝကော၊
ဝိဟာရာ အဘိနိက္ခမ္မ, ပိဏ္ဍပါတာယ [ပတ္တမာဒါယ (က။)] ဂစ္ဆတိ။
၉၇။ ပဒုမုတ္တရ မြတ်စွာဘုရား၏ အဂ္ဂသာဝက ဖြစ်သော သုဇာတမထေရ်သည် ကျောင်းမှ ထွက်၍ဆွမ်းအလို့ငှါ (သပိတ်ကို) ယူလျက် ကြွသွားတော်မူ၏။
၉၈။ ‘‘ဃဋံ ဂဟေတွာ ဂစ္ဆန္တီ, တဒါ ဥဒကဟာရိကာ၊
တံ ဒိသွာ အဒဒံ ပူပံ, ပသန္နာ သေဟိ ပါဏိဘိ။
၉၈။ ထိုအခါ ရေကို ဆောင်ယူသော ငါသည် အိုးကို ယူ၍ သွားလတ်သော် ထိုမထေရ်ကို ဖူးမြင်ရလျှင်ကြည်ညိုသည်ဖြစ်၍ မိမိလက်တို့ဖြင့် မုန့်ကို လှူဒါန်း၏။
၉၉။ ‘‘ပဋိဂ္ဂဟေတွာ တတ္ထေဝ, နိသိန္နော ပရိဘုဉ္ဇိ သော၊
တတော နေတွာန တံ ဂေဟံ, အဒါသိံ တဿ ဘောဇနံ။
၉၉။ ထိုမထေရ်သည် ခံယူ၍ ထိုနေရာ၌ပင်လျှင် ထိုင်လျက် ဘုဥ်းပေး၏၊ ထို့နောက် ထို မထေရ်ကိုအိမ်သို့ ပင့်ဆောင်၍ ထိုမထေရ်အား ဘောဇဥ်ကို လှူဒါန်းခဲ့၏။
၁၀၀။ ‘‘တတော မေ အယျကော တုဋ္ဌော, အကရီ သုဏိသံ သကံ၊
သဿုယာ သဟ ဂန္တွာန, သမ္ဗုဒ္ဓံ အဘိဝါဒယိံ။
၁၀၀။ ထိုအခါ ငါ၏ အရှင်သခင်သည် နှစ်သက်၍ ငါ့အား မိမိချွေးမအဖြစ်ကို ပြုလေ၏၊ ငါသည်ယောက္ခမနှင့်တကွ သွား၍ မြတ်စွာဘုရားကို ရှိခိုး၏။
၁၀၁။ ‘‘တဒါ သော ဓမ္မကထိကံ, ဘိက္ခုနိံ ပရိကိတ္တယံ၊
ဌပေသိ ဧတဒဂ္ဂမှိ, တံ သုတွာ မုဒိတာ အဟံ။
၁၀၁။ ထိုအခါ ထိုမြတ်စွာဘုရားသည် ဓမ္မကထိက ဖြစ်သော ရဟန်းမကို ချီးကျူးလျက် ဧတဒဂ်အရာ၌ထားတော်မူ၏၊ ငါသည် ထိုစကားကို ကြားနာရသော် ဝမ်းမြောက်သည် ဖြစ်၍-
၁၀၂။ ‘‘နိမန္တယိတွာ သုဂတံ, သသံဃံ လောကနာယကံ၊
မဟာဒါနံ ဒဒိတွာန, တံ ဌာနမဘိပတ္ထယိံ။
၁၀၂။ လောက၏ ရှေ့သွားဖြစ်တော်မူသော မြတ်စွာဘုရားကို သံဃာနှင့်တကွ ပင့်ဖိတ်၍ အလှူကြီးကိုလှူပြီးလျှင် ထိုဧတဒဂ်အရာအထူးကို ဆုတောင်းခဲ့၏။
၁၀၃။ ‘‘တတော မံ သုဂတော အာဟ, ဃနနိန္နာဒသုဿရော [ဃနနိန္နာဒသုဿရေ (က။)]၊
‘မမုပဋ္ဌာနနိရတေ, သသံဃပရိဝေသိကေ။
၁၀၃။ ထိုအခါ ငါ့ကို ‘တစ်ခဲနက်သော ပဲ့တင်သံကဲ့သို့’ ကောင်းသောအသံရှိသော မြတ်စွာဘုရားသည် ငါဘုရားကို ဆည်းကပ်လုပ်ကြွေးခြင်း၌ အမြဲပျော်မွေ့သော သံဃာနှင့် တကွ လုပ်ကျွေးတတ်သော-
၁၀၄။ ‘‘‘သဒ္ဓမ္မဿဝနေ ယုတ္တေ, ဂုဏဝဒ္ဓိတမာနသေ၊
ဘဒ္ဒေ ဘဝဿု မုဒိတာ, လစ္ဆသေ ပဏိဓီဖလံ။
၁၀၄။ သူတော်ကောင်းတရားကို နာခြင်းနှင့် ယှဥ်သော ဂုဏ်ဖြင့် ပွါးသော စိတ်ရှိသော ချစ်သမီး (သင်သည်) ဝမ်းမြောက်ခြင်းရှိသည် ဖြစ်လော့၊ သင်သည် ဆုတောင်းသော အကျိုး ကို ရလတ္တံ့။
၁၀၅။ ‘‘‘သတသဟဿိတော ကပ္ပေ, ဩက္ကာကကုလသမ္ဘဝေါ၊
ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။
၁၀၅။ ဤကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့်ဂေါတမအမည်ရှိသော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။
၁၀၆။ ‘‘‘တဿ ဓမ္မေသု ဒါယာဒါ, ဩရသာ ဓမ္မနိမ္မိတာ၊
ဓမ္မဒိန္နာတိ နာမေန, ဟေဿတိ သတ္ထု သာဝိကာ’။
၁၀၆။ ထိုမြတ်စွာဘုရားတို့၏ တရားတို့၌ တရားသည် ဖန်ဆင်းအပ်သော အမွေခံသမီး တော်ဖြစ်၍အမည်အားဖြင့် “ဓမ္မဒိန္နာ”ဟူ၍ မြတ်စွာဘုရား၏ တပည့်မ ‘သာဝိကာ’ ဖြစ်လတ္တံ့ (ဟု မိန့်တော်မူ၏)။
၁၀၇။ ‘‘တံ သုတွာ မုဒိတာ ဟုတွာ, ယာဝဇီဝံ မဟာမုနိံ၊
မေတ္တစိတ္တာ ပရိစရိံ, ပစ္စယေဟိ ဝိနာယကံ။
၁၀၇။ ငါသည် ထိုစကားကို ကြားနာရသော် ဝမ်းမြောက်ခြင်းဖြစ်၍ ရဟန်းမြတ်ဖြစ်သောမြတ်စွာဘုရားကို အသက်ထက်ဆုံး မေတ္တာစိတ်ရှိလျက် ပစ္စည်းလေးပါးတို့ဖြင့် လုပ်ကျွေးခဲ့၏။
၁၀၈။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၁၀၈။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ရ၏။
၁၀၉။ ‘‘ဣမမှိ ဘဒ္ဒကေ ကပ္ပေ, ဗြဟ္မဗန္ဓု မဟာယသော၊
ကဿပေါ နာမ ဂေါတ္တေန, ဥပ္ပဇ္ဇိ ဝဒတံ ဝရော။
၁၀၉။ ဤဘဒ္ဒကမ္ဘာ၌ ဗြာဟ္မဏမျိုးဖြစ်၍ များမြတ်သည့် အခြံအရံအကျော်အစော ရှိတော် မူသော တရားဟောပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံး ဖြစ်တော်မူ၍ အနွယ်အားဖြင့် ကဿပအမည် ရှိသောမြတ်စွာဘုရားသည် ပွင့်တော်မူ၏။
၁၁၀။ ‘‘ဥပဋ္ဌာကော မဟေသိဿ, တဒါ အာသိ နရိဿရော၊
ကာသိရာဇာ ကိကီ နာမ, ဗာရာဏသိပုရုတ္တမေ။
၁၁၀။ ထိုအခါ ဗာရာဏသီပြည်တော်၌ မြတ်စွာဘုရား၏ အလုပ်အကျွေးဖြစ်သော လူတို့ ကို အစိုးရသောကိကီမည်သော ကာသိမင်းသည် ရှိလေ၏။
၁၁၁။ ‘‘ဆဋ္ဌာ တဿာသဟံ ဓီတာ, သုဓမ္မာ ဣတိ ဝိဿုတာ၊
ဓမ္မံ သုတွာ ဇိနဂ္ဂဿ, ပဗ္ဗဇ္ဇံ သမရောစယိံ။
၁၁၁။ ငါသည် ထိုမင်း၏ သုဓမ္မာဟူ၍ ကျော်စောထင်ရှားသော ဆဋ္ဌသမီးတော်ဖြစ်ခဲ့၏၊ ဘုရားမြတ်၏တရားကို နာကြားရ၍ ခမည်းတော်အား ရဟန်းအဖြစ်ကို တောင်းပန်လျှောက် ထားခဲ့၏။
၁၁၂။ ‘‘အနုဇာနိ န နော တာတော, အဂါရေဝ တဒါ မယံ၊
ဝီသဝဿသဟဿာနိ, ဝိစရိမှ အတန္ဒိတာ။
တတိယံ ဘာဏဝါရံ။
၁၁၂-၁၁၃။ ခမည်းတော်သည် ငါတို့အား ခွင့်မပြုချေ၊ ထိုအခါ ငါတို့သည် အိမ်၌သာ လျှင်ချမ်းသာသဖြင့် ကြီးပွါးကုန်သော မင်းသမီးများဖြစ်ပါလျက် အပျိုစင်အဖြစ်ဖြင့် မြတ် သောအကျင့်ကိုအနှစ်နှစ်သောင်းတို့ပတ်လုံး မပျင်းမရိ ကျင့်သုံးခဲ့ကုန်၏၊ သမီးတော် ခုနစ်ယောက်တို့သည်ဝမ်းမြောက်စွာ မြတ်စွာဘုရားကို ဆည်းကပ်လုပ်ကျွေးခြင်း၌ အမြဲပျော် မွေ့ကုန်၏။ တတိယဘာဏဝါရ ပြီး၏။
၁၁၃။ ‘‘ကောမာရိဗြဟ္မစရိယံ, ရာဇကညာ သုခေဓိတာ၊
ဗုဒ္ဓေါပဋ္ဌာနနိရတာ, မုဒိတာ သတ္တ ဓီတရော။
၁၁၄။ ‘‘သမဏီ သမဏဂုတ္တာ စ, ဘိက္ခုနီ ဘိက္ခုဒါယိကာ၊
ဓမ္မာ စေဝ သုဓမ္မာ စ, သတ္တမီ သံဃဒါယိကာ။
၁၁၄။ ယင်းသမီးတော်ခုနစ်ယောက်တို့ဟူသည်မှာ သမဏီ, သမဏဂုတ္တာ, ဘိက္ခုနီ, ဘိက္ခုဒါယိကာ, ဓမ္မာ, သုဓမ္မာနှင့် ခုနစ်ယောက်မြောက် သံဃဒါယိကာတို့တည်း။
၁၁၅။ ‘‘ခေမာ ဥပ္ပလဝဏ္ဏာ စ, ပဋာစာရာ စ ကုဏ္ဍလာ၊
ဂေါတမီ စ အဟဉ္စေဝ, ဝိသာခါ ဟောတိ သတ္တမီ။
၁၁၅။ ယခုအခါ (အစဥ်အတိုင်း) ခေမာသည်လည်းကောင်း၊ ဥပ္ပလဝဏ်သည်လည်းကောင်း၊ ပဋာစာရာသည်လည်းကောင်း၊ ကုဏ္ဍလကေသာသည်လည်းကောင်း၊ ကိသာဂေါတမီ သည်လည်းကောင်း၊ ငါသည်လည်းကောင်း၊ ခုနစ်ယောက်မြောက် ဝိသာခါသည်လည်းကောင်း ဖြစ်၏။
၁၁၆။ ‘‘တေဟိ ကမ္မေဟိ သုကတေဟိ, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၁၁၆။ ကောင်းစွာ ပြုအပ်သော ထိုကံတို့ကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ရ၏။
၁၁၇။ ‘‘ပစ္ဆိမေ စ ဘဝေ ဒါနိ, ဂိရိဗ္ဗဇပုရုတ္တမေ၊
ဇာတာ သေဋ္ဌိကုလေ ဖီတေ, သဗ္ဗကာမသမိဒ္ဓိနေ။
၁၁၇။ ယခု နောက်ဆုံးဖြစ်သော ဘဝ၌ကား ရာဇဂြိုဟ်ပြည်တော်တွင် အလုံးစုံသော ကာမနှင့်ပြည့်စုံသော ကြွယ်ဝသော သူဌေးမျိုး၌ ဖြစ်၏။
၁၁၈။ ‘‘ယဒါ ရူပဂုဏူပေတာ, ပဌမေ ယောဗ္ဗနေ ဌိတာ၊
တဒါ ပရကုလံ ဂန္တွာ, ဝသိံ သုခသမပ္ပိတာ။
၁၁၈။ အကြင်အခါ ငါသည် ပထမအရွယ်၌တည်လျက် အဆင်းဂုဏ်နှင့်ပြည့်စုံ၏၊ ထိုအခါ လင့်အိမ်သို့လိုက်ရပြီးလျှင် ချမ်းသာနှင့် ပြည့်စုံစွာ နေရ၏။
၁၁၉။ ‘‘ဥပေတွာ လောကသရဏံ, သုဏိတွာ ဓမ္မဒေသနံ၊
အနာဂါမိဖလံ ပတ္တော, သာမိကော မေ သုဗုဒ္ဓိမာ။
၁၁၉။ ကောင်းသော အသိဉာဏ်ရှိသော ငါ၏ လင်သည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍တရားဒေသနာကို နာကြားရသော် အနာဂါမိဖိုလ်သို့ ရောက်၏။
၁၂၀။ ‘‘တဒါဟံ အနုဇာနေတွာ, ပဗ္ဗဇိံ အနဂါရိယံ၊
န စိရေနေဝ ကာလေန, အရဟတ္တမပါပုဏိံ။
၁၂၀။ ထိုအခါ ငါသည် ခွင့်ပြုစေ၍ ရဟန်းဘောင်သို့ ဝင်ရောက်ရဟန်းပြုခဲ့၏၊ ငါသည် ကာလမကြာမြင့်မီပင် အရဟတ္တဖိုလ်သို့ ရောက်၏။
၁၂၁။ ‘‘တဒါ ဥပါသကော သော မံ, ဥပဂန္တွာ အပုစ္ဆထ၊
ဂမ္ဘီရေ နိပုဏေ ပဉှေ, တေ သဗ္ဗေ ဗျာကရိံ အဟံ။
၁၂၁။ ထိုအခါ ထိုဝိသာခဥပါသကာသည် ငါ့ထံသို့ ချဥ်းကပ်၍ နက်နဲသိမ်မွေ့ကုန်သော ပြဿနာတို့ကို မေး၏၊ ငါသည် ထိုပြဿနာအားလုံးတို့ကို ဖြေကြား၏။
၁၂၂။ ‘‘ဇိနော တသ္မိံ ဂုဏေ တုဋ္ဌော, ဧတဒဂ္ဂေ ဌပေသိ မံ၊
‘ဘိက္ခုနိံ ဓမ္မကထိကံ, နာညံ ပဿာမိ ဧဒိသိံ။
၁၂၂။ မြတ်စွာဘုရားသည် ထိုဂုဏ်၌ နှစ်သက်အားရတော်မူ၍ ဤဓမ္မာဒိန္နာကဲ့သို့ သဘောရှိသောအခြားတစ်ပါးသော ဓမ္မကထိကရဟန်းမကို ငါသည် မြင်တော်မမူဟု ငါ့ကို ဧတဒဂ်အရာ၌ ထားတော်မူ၏။
၁၂၃။ ‘ဓမ္မဒိန္နာ ယထာ ဓီရာ, ဧဝံ ဓာရေထ ဘိက္ခဝေါ’၊
‘‘ဧဝါဟံ ပဏ္ဍိတာ ဟောမိ [ဇာတာ (သီ။), နာမ (သျာ။)], နာယကေနာနုကမ္ပိတာ။
၁၂၃။ ရဟန်းတို့ ဓမ္မဒိန္နာသည် အကြင်အခြင်းအရာအားဖြင့် ပညာရှိ၏၊ ထိုအခြင်းအရာ အားဖြင့်မှတ်ကုန်လော့၊ ဤသို့ မြတ်စွာဘုရားသည် အစဥ်စောင့်ရှောက်တော်မူ၍ ငါသည် ပညာရှိ ဖြစ်၏။
၁၂၄။ ‘‘ပရိစိဏ္ဏော မယာ သတ္ထာ, ကတံ ဗုဒ္ဓဿ သာသနံ၊
ဩဟိတော ဂရုကော ဘာရော, ဘဝနေတ္တိ သမူဟတာ။
၁၂၄။ ငါသည် မြတ်စွာဘုရားကို လုပ်ကျွေးအပ်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမကို လိုက်နာကျင့်သုံးအပ်ပြီ၊ လေးလံသော ခန္ဓာဝန်ကို ချထားအပ်ပြီ၊ ဘဝတဏှာကို ပယ်နုတ်အပ်ပြီ။
၁၂၅။ ‘‘ယဿတ္ထာယ ပဗ္ဗဇိတာ, အဂါရသ္မာနဂါရိယံ၊
သော မေ အတ္ထော အနုပ္ပတ္တော, သဗ္ဗသံယောဇနက္ခယော။
၁၂၅။ အကြင်အကျိုးငှါ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏၊ အလုံးစုံသော သံယောဇဥ်ကုန်ရာထိုနိဗ္ဗာန်အကျိုးကို ငါသည် ရအပ်ပြီ။
၁၂၆။ ‘‘ဣဒ္ဓီသု စ ဝသီ ဟောမိ, ဒိဗ္ဗာယ သောတဓာတုယာ၊
ပရစိတ္တာနိ ဇာနာမိ, သတ္ထုသာသနကာရိကာ။
၁၂၆။ ငါသည် ဣဒ္ဓိဝိဓအဘိညာဥ်တို့၌ လည်းကောင်း၊ ဒိဗ္ဗသောတဓာတ်အဘိညာဥ်၌ လည်းကောင်းလေ့လာပြီးသူ ဖြစ်၏။ သူတစ်ပါး၏ စိတ်ကို သိ၏၊ မြတ်စွာဘုရား၏ အဆုံး အမတော်ကိုလိုက်နာပြုကျင့်သူ ဖြစ်၏၊
၁၂၇။ ‘‘ပုဗ္ဗေနိဝါသံ ဇာနာမိ, ဒိဗ္ဗစက္ခု ဝိသောဓိတံ၊
ခေပေတွာ အာသဝေ သဗ္ဗေ, ဝိသုဒ္ဓါသိံ သုနိမ္မလာ။
၁၂၇။ ရှေး၌ နေဖူးသော ခန္ဓာအစဥ်ကို သိ၏၊ ဒိဗ္ဗစက္ခုအဘိညာဥ်ကို အထူးသုတ်သင် အပ်၏၊ အာသဝအားလုံးတို့ကို ကုန်ခန်းစေ၍ ကောင်းစွာ အညစ်အကြေးကင်းသော အထူး စင်ကြယ်သူ ဖြစ်၏။
၁၂၈။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝါ။
၁၂၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၁၂၉။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၁၂၉။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။ပ။ အဆုံးအမတော် ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၁၃၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ ဓမ္မဒိန္နာ ဘိက္ခုနီ ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဓမ္မဒိန္နာထေရိယာပဒါနံ တတိယံ။
၁၃၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် ဓမ္မဒိန္နာရဟန်းမသည် ဤဂါထာတို့ကို မိန့်ဆိုခဲ့၏။ ။ သုံးခုမြောက် ဓမ္မဒိန္နာထေရီအပဒါန ပြီး၏။
၄။ သကုလာထေရီအပဒါန
၁၃၁။ ‘‘ပဒုမုတ္တရော နာမ ဇိနော, သဗ္ဗဓမ္မာန ပါရဂူ၊
ဣတော သတသဟဿမှိ, ကပ္ပေ ဥပ္ပဇ္ဇိ နာယကော။
၄-သကုလာထေရီအပဒါန ၁၃၁။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ မာရ်ငါးပါးကို အောင်တော်မူသော အလုံးစုံသောတရားတို့၏ တစ်ဖက်ကမ်းသို့ ရောက်တော်မူသော ပဒုမုတ္တရအမည်ရှိသော မြတ်စွာ ဘုရားသည် ပွင့်တော်မူ၏။
၁၃၂။ ‘‘ဟိတာယ သဗ္ဗသတ္တာနံ, သုခါယ ဝဒတံ ဝရော၊
အတ္ထာယ ပုရိသာဇညော, ပဋိပန္နော သဒေဝကေ။
၁၃၂။ တရားဟောပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံးဖြစ်တော်မူသော ယောကျာ်းအာဇာနည် ဖြစ် တော်မူသော မြတ်စွာဘုရားသည် နတ်နှင့်တကွသော လောက၌ အလုံးစုံသော သတ္တဝါတို့၏ အစီးအပွါးအလို့ငှါချမ်းသာခြင်းငှါ အကျိုးဖြစ်ထွန်းရန် အလို့ငှါ ကျင့်တော်မူ၏။
၁၃၃။ ‘‘ယသဂ္ဂပတ္တော သိရိမာ, ကိတ္တိဝဏ္ဏဂတော ဇိနော၊
ပူဇိတော သဗ္ဗလောကဿ, ဒိသာသဗ္ဗာသု ဝိဿုတော။
၁၃၃။ မြတ်စွာဘုရားသည် မြတ်သော အခြံအရံကျော်စောခြင်းသို့ ရောက်တော်မူ၏၊ အသရေရှိတော်မူ၏၊ ကျော်စောချီးမွမ်းခြင်းဂုဏ်သို့ ရောက်တော်မူ၏၊ အလုံးစုံသော လောက သည် ပူဇော်အပ်၏၊ အလုံးစုံသော အရပ်တို့၌ ကျော်စောထင်ရှား၏။
၁၃၄။ ‘‘ဥတ္တိဏ္ဏဝိစိကိစ္ဆော သော, ဝီတိဝတ္တကထံကထော၊
သမ္ပုဏ္ဏမနသင်္ကပ္ပေါ, ပတ္တော သမ္ဗောဓိမုတ္တမံ။
၁၃၄။ ထိုမြတ်စွာဘုရားသည် ယုံမှားခြင်းကို ကူးမြောက်ပြီး ဖြစ်၏၊ သို့လောသို့လော တွေးတောခြင်းကို လွန်မြောက်ပြီး ဖြစ်၏၊ ပြည့်စုံသော စိတ်အကြံအစည်ရှိတော်မူ၏၊ သမ္မာ သမ္ဗောဓိဉာဏ်မြတ်သို့ရောက်တော်မူ၏။
၁၃၅။ ‘‘အနုပ္ပန္နဿ မဂ္ဂဿ, ဥပ္ပါဒေတာ နရုတ္တမော၊
အနက္ခာတဉ္စ အက္ခာသိ, အသဉ္ဇာတဉ္စ သဉ္ဇနီ။
၁၃၅။ မြတ်စွာဘုရားသည် မဖြစ်ဖူးသော မဂ်ကို ဖြစ်စေတော်မူ၏၊ မဟောကြားဖူးသော တရားကိုလည်းဟောကြားတော်မူ၏၊ မသိဖူးသော တရားကိုလည်း သိစေတော်မူ၏။
၁၃၆။ ‘‘မဂ္ဂညူ စ မဂ္ဂဝိဒူ, မဂ္ဂက္ခာယီ နရာသဘော၊
မဂ္ဂဿ ကုသလော သတ္ထာ, သာရထီနံ ဝရုတ္တမော။
၁၃၆။ ဆုံးမတတ်သူတို့တွင် အမြတ်ဆုံး ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် မဂ်ဉာဏ်ကိုသိသည်ဖြစ်၍ ‘မဂ္ဂဝိဒူ’ ဖြစ်တော်မူ၏၊ မဂ်ဉာဏ်ကိုလည်း ဟောကြားလေ့ရှိတော်မူ၏၊ မဂ်ဉာဏ်၌လည်းကျွမ်းကျင်တော်မူ၏။
၁၃၇။ ‘‘မဟာကာရုဏိကော သတ္ထာ, ဓမ္မံ ဒေသေသိ နာယကော၊
နိမုဂ္ဂေ ကာမပင်္ကမှိ, သမုဒ္ဓရတိ ပါဏိနေ။
၁၃၇။ ကြီးမားသော သနားခြင်း ‘ကရုဏာ’ ရှိတော်မူသော လူနတ်တို့၏ ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် တရားကို ဟောတော်မူ၏၊ ကာမညွန်၌ နစ်မြုပ်ကုန်သော သတ္တဝါတို့ကို ထုတ်ဆောင်ကယ်တင်တော်မူ၏။
၁၃၈။ ‘‘တဒါဟံ ဟံသဝတိယံ, ဇာတာ ခတ္တိယနန္ဒနာ၊
သုရူပါ သဓနာ စာပိ, ဒယိတာ စ သိရီမတီ။
၁၃၈။ ထိုအခါ ငါသည် ဟံသာဝတီမြို့တွင် နှစ်သက်ဖွယ် မင်းသမီးဖြစ်၍ ကောင်းသော အဆင်းလည်းရှိ၏၊ ဥစ္စာလည်း ရှိ၏၊ ကြင်နာဖွယ်လည်း ရှိ၏၊ အသရေလည်း ရှိ၏။
၁၃၉။ ‘‘အာနန္ဒဿ မဟာရညော, ဓီတာ ပရမသောဘဏာ၊
ဝေမာတာ [ဝေမာတု (သီ။)] ဘဂိနီ စာပိ, ပဒုမုတ္တရနာမိနော။
၁၃၉။ အာနန္ဒာမင်းမြတ်၏ အလွန်လှပတင့်တယ်သော သမီးတော်လည်း ဖြစ်၏၊ ပဒုမုတ္တရအမည်ရှိသောမြတ်စွာဘုရား၏ မယ်တော်ကွဲ နှမလည်း ဖြစ်၏။
၁၄၀။ ‘‘ရာဇကညာဟိ သဟိတာ, သဗ္ဗာဘရဏဘူသိတာ၊
ဥပါဂမ္မ မဟာဝီရံ, အဿောသိံ ဓမ္မဒေသနံ။
၁၄၀။ ငါသည် အလုံးစုံသော တန်ဆာတို့ဖြင့် တန်ဆာဆင်လျက် မင်းသမီးတို့နှင့် တကွမြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ တရားဒေသနာကို နာကြားခဲ့၏။
၁၄၁။ ‘‘တဒါ ဟိ သော လောကဂရု, ဘိက္ခုနိံ ဒိဗ္ဗစက္ခုကံ၊
ကိတ္တယံ ပရိသာမဇ္ဈေ [စတုပရိသာယ မဇ္ဈေ (သျာ။)], အဂ္ဂဋ္ဌာနေ ဌပေသိ တံ။
၁၄၁။ ထိုအခါ ထိုမြတ်စွာဘုရားသည် ဒိဗ္ဗစက္ခုအဘိညာဥ်ရှိသော ရဟန်းမိန်းမကို ပရိသတ်အလယ်၌ချီးကျူးလျက် ထိုရဟန်းမိန်းမကို မြတ်သော ‘ဧတဒဂ်’ အရာ၌ ထားတော် မူ၏။
၁၄၂။ ‘‘သုဏိတွာ တမဟံ ဟဋ္ဌာ, ဒါနံ ဒတွာန သတ္ထုနော၊
ပူဇိတွာန စ သမ္ဗုဒ္ဓံ, ဒိဗ္ဗစက္ခုံ အပတ္ထယိံ။
၁၄၂။ ငါသည် မြတ်စွာဘုရား၏ ထိုစကားကို ကြားရသော် ရွှင်လန်းနှစ်သက်သည် ဖြစ်၍မြတ်စွာဘုရားအား အလှူကို ပေးလှူလျက် မြတ်စွာဘုရားကို ပူဇော်ပြီးလျှင် ဒိဗ္ဗစက္ခု အဘိညာဥ်ကိုဆုတောင်းခဲ့၏။
၁၄၃။ ‘‘တတော အဝေါစ မံ သတ္ထာ, ‘နန္ဒေ လစ္ဆသိ ပတ္ထိတံ၊
ပဒီပဓမ္မဒါနာနံ, ဖလမေတံ သုနိစ္ဆိတံ။
၁၄၃။ ထိုအခါ မြတ်စွာဘုရားသည် ငါ့ကို နန္ဒာ သင်တောင့်တသော ဒိဗ္ဗစက္ခုအဘိညာဥ်ကို ရလတ္တံ့။ ဤသို့ ဖြစ်ခြင်းကို ဆီမီးအလှူ, တရားအလှူတို့၏ အကျိုးတည်းဟု ကောင်းစွာ ဆုံးဖြတ်အပ်၏။
၁၄၄။ ‘‘‘သတသဟဿိတော ကပ္ပေ, ဩက္ကာကကုလသမ္ဘဝေါ၊
ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။
၁၄၄။ ဤကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့်ဂေါတမအမည်ရှိသော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။
၁၄၅။ ‘‘‘တဿ ဓမ္မေသု ဒါယာဒါ, ဩရသာ ဓမ္မနိမ္မိတာ၊
သကုလာ နာမ နာမေန [သကုလာတိ စ နာမေန (သျာ။)], ဟေဿတိ သတ္ထု သာဝိကာ’။
၁၄၅။ ထိုမြတ်စွာဘုရား၏ တရားတို့၌ တရားသည် ဖန်ဆင်းအပ်သော အမွေခံ သမီးတော်ဖြစ်၍အမည်အားဖြင့် ‘သကုလာ’ဟု ထင်ရှားသော မြတ်စွာဘုရား၏ တပည့်မ ‘သာဝိကာ’ ဖြစ်လတ္တံ့ (ဟုမိန့်ကြားတော်မူ၏)။
၁၄၆။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၁၄၆။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ရ၏။
၁၄၇။ ‘‘ဣမမှိ ဘဒ္ဒကေ ကပ္ပေ, ဗြဟ္မဗန္ဓု မဟာယသော၊
ကဿပေါ နာမ ဂေါတ္တေန, ဥပ္ပဇ္ဇိ ဝဒတံ ဝရော။
၁၄၇။ ဤဘဒ္ဒကမ္ဘာ၌ ဗြာဟ္မဏမျိုးဖြစ်၍ များမြတ်သည့် အခြံအရံအကျော်အစော ရှိတော်မူသော တရားဟောပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံး ဖြစ်တော်မူ၍ အနွယ်အားဖြင့် ကဿပ အမည်ရှိသောမြတ်စွာဘုရားသည် ပွင့်တော်မူ၏။
၁၄၈။ ‘‘ပရိဗ္ဗာဇကိနီ အာသိံ, တဒါဟံ ဧကစာရိနီ၊
ဘိက္ခာယ ဝိစရိတွာန, အလဘိံ တေလမတ္တကံ။
၁၄၈။ ထိုအခါ ငါသည် တစ်ကိုယ်တည်း ကျင့်လေ့ရှိသော ပရိဗိုဇ်မ ဖြစ်ခဲ့၏၊ ဆွမ်း အကျိုးငှါလှည့်လည်လတ်သော် ဆီကိုသာ ရခဲ့၏။
၁၄၉။ ‘‘တေန ဒီပံ ပဒီပေတွာ, ဥပဋ္ဌိံ သဗ္ဗသံဝရိံ၊
စေတိယံ ဒွိပဒဂ္ဂဿ [ဒိပဒဂ္ဂဿ (သီ။ သျာ။ ပီ။)], ဝိပ္ပသန္နေန စေတသာ။
၁၄၉။ ထိုဆီဖြင့် ဆီမီးကို ထွန်းညှိ၍ လူအားလုံးတို့ စောင့်ရှောက်အပ်သော ခြေ နှစ်ချောင်းရှိသူနတ်, လူတို့ထက် မြတ်တော်မူသော မြတ်စွာဘုရား၏ စေတီတော်ကို အထူး ကြည်ညိုသော စိတ်ဖြင့်ဆည်းကပ်ပူဇော်ခဲ့၏။
၁၅၀။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၁၅၀။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ရ၏။
၁၅၁။ ‘‘ယတ္ထ ယတ္ထူပပဇ္ဇာမိ, တဿ ကမ္မဿ ဝါဟသာ၊
ပဇ္ဇလန္တိ [သဉ္ဇလန္တိ (သျာ။ က။), သံစရန္တိ (ပီ။)] မဟာဒီပါ, တတ္ထ တတ္ထ ဂတာယ မေ။
၁၅၁။ အကြင်အကြင်ဘဝ၌ ဖြစ်၏၊ ထိုဘဝ၌ ဖြစ်သော ငါ့အား ထိုကံ၏ အစွမ်းကြောင့် များစွာသောဆီမီးတို့သည် ကောင်းစွာ တောက်ပကုန်၏။
၁၅၂။ ‘‘တိရောကုဋ္ဋံ တိရောသေလံ, သမတိဂ္ဂယှ ပဗ္ဗတံ၊
ပဿာမဟံ ယဒိစ္ဆာမိ, ဒီပဒါနဿိဒံ ဖလံ။
၁၅၂။ ငါသည် အကယ်၍ အလိုရှိငြားအံ့၊ နံရံတစ်ဖက်ကိုလည်းကောင်း၊ ကျောက်တောင်တစ်ဖက်ကိုလည်းကောင်း ကျော်လွန်၍ မြင်နိုင်၏။ ဤသို့ ဖြစ်ရခြင်းသည် ဆီမီးအလှူ၏အကျိုးပေတည်း။
၁၅၃။ ‘‘ဝိသုဒ္ဓနယနာ ဟောမိ, ယသသာ စ ဇလာမဟံ၊
သဒ္ဓါပညာဝတီ စေဝ, ဒီပဒါနဿိဒံ ဖလံ။
၁၅၃။ ငါသည် အထူးစင်ကြယ်သော မျက်လုံးရှိသူ ဖြစ်၏၊ အခြံအရံဖြင့်လည်း တောက်ပ၏၊ သဒ္ဓါလည်း ရှိ၏၊ ပညာလည်း ရှိ၏။ ဤသို့ ဖြစ်ရခြင်းသည် ဆီမီးအလှူ၏ အကျိုးပေ တည်း။
၁၅၄။ ‘‘ပစ္ဆိမေ စ ဘဝေ ဒါနိ, ဇာတာ ဝိပ္ပကုလေ အဟံ၊
ပဟူတဓနဓညမှိ, မုဒိတေ ရာဇပူဇိတေ။
၁၅၄။ ဤယခု နောက်ဆုံးဖြစ်သော ဘဝ၌ကား ငါသည် များသော ဥစ္စာစပါးရှိသော မင်းတို့သည်ပူဇော်အပ်သော ဝမ်းမြောက်ဖွယ် ဗြာဟ္မဏမျိုး၌ ဖြစ်၏။
၁၅၅။ ‘‘အဟံ သဗ္ဗင်္ဂသမ္ပန္နာ, သဗ္ဗာဘရဏဘူသိတာ၊
ပုရပ္ပဝေသေ သုဂတံ, ဝါတပါနေ ဌိတာ အဟံ။
၁၅၅။ အလုံးစုံသော အင်္ဂါတို့နှင့် ပြည့်စုံသော အလုံးစုံသော တန်ဆာတို့ဖြင့် တန်ဆာ ဆင်အပ်သောငါသည် လေသာပြူတင်း၌ ရပ်လျက်နေစဥ်-
၁၅၆။ ‘‘ဒိသွာ ဇလန္တံ ယသသာ, ဒေဝမနုဿသက္ကတံ၊
အနုဗျဉ္ဇနသမ္ပန္နံ, လက္ခဏေဟိ ဝိဘူသိတံ။
၁၅၆။ အခြံအရံဖြင့် တောက်ပတော်မူသော နတ်, လူတို့သည် ပူဇော်အပ်တော်မူသော လက္ခဏာငယ်တို့ဖြင့် ပြည့်စုံသော လက္ခဏာကြီးတို့ဖြင့် တန်ဆာဆင်အပ်သော မြတ်စွာဘုရား ကိုမြို့တွင်းသို့ ဝင်ရာ၌ ဖူးမြင်ရသော် -
၁၅၇။ ‘‘ဥဒဂ္ဂစိတ္တာ သုမနာ, ပဗ္ဗဇ္ဇံ သမရောစယိံ၊
န စိရေနေဝ ကာလေန, အရဟတ္တမပါပုဏိံ။
၁၅၇။ တက်ကြွဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ရဟန်းအဖြစ်ကို တောင်းပန်လျှောက် ကြားခဲ့၏၊ ငါသည် ကာလမကြာမြင့်မီပင် အရဟတ္တဖိုလ်သို့ ရောက်၏။
၁၅၈။ ‘‘ဣဒ္ဓီသု စ ဝသီ ဟောမိ, ဒိဗ္ဗာယ သောတဓာတုယာ၊
ပရစိတ္တာနိ ဇာနာမိ, သတ္ထုသာသနကာရိကာ။
၁၅၈။ ငါသည် ဣဒ္ဓိဝိဓအဘိညာဥ်တို့၌ လည်းကောင်း၊ ဒိဗ္ဗသောတဓာတ်အဘိညာဥ်၌ လည်းကောင်းလေ့လာပြီးသူ ဖြစ်၏။ သူတစ်ပါး၏ စိတ်တို့ကို သိ၏၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကိုလိုက်နာပြုကျင့်သူ ဖြစ်၏။
၁၅၉။ ‘‘ပုဗ္ဗေနိဝါသံ ဇာနာမိ, ဒိဗ္ဗစက္ခု ဝိသောဓိတံ၊
ခေပေတွာ အာသဝေ သဗ္ဗေ, ဝိသုဒ္ဓါသိံ သုနိမ္မလာ။
၁၅၉။ ရှေး၌ နေဖူးသော ခန္ဓာအစဥ်ကို သိ၏၊ ဒိဗ္ဗစက္ခုအဘိညာဥ်ကို အထူး သုတ်သင် အပ်၏၊ အာသဝအားလုံးတို့ကို ကုန်ခန်းစေ၍ ကောင်းစွာ အညစ်အကြေးကင်းသော အထူး စင်ကြယ်သူ ဖြစ်၏။
၁၆၀။ ‘‘ပရိစိဏ္ဏော မယာ သတ္ထာ, ကတံ ဗုဒ္ဓဿ သာသနံ၊
ဩဟိတော ဂရုကော ဘာရော, ဘဝနေတ္တိ သမူဟတာ။
၁၆၀။ ငါသည် မြတ်စွာဘုရားကို ကောင်းစွာ လုပ်ကျွေးအပ်၏၊ မြတ်စွာဘုရား၏ အဆုံး အမတော်ကိုလိုက်နာပြုကျင့်အပ်ပြီ၊ လေးသော ခန္ဓာဝန်ကို ချထားအပ်၏၊ ဘဝတဏှာကို ပယ်နုတ်အပ်ပြီ။
၁၆၁။ ‘‘ယဿတ္ထာယ ပဗ္ဗဇိတာ, အဂါရသ္မာနဂါရိယံ၊
သော မေ အတ္ထော အနုပ္ပတ္တော, သဗ္ဗသံယောဇနက္ခယော။
၁၆၁။ အကြင်အကျိုးငှါ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏၊ အလုံးစုံသော သံယောဇဥ်ကုန်ရာထိုနိဗ္ဗာန်အကျိုးကို ငါသည် ရအပ်ပြီ။
၁၆၂။ ‘‘တတော မဟာကာရုဏိကော, ဧတဒဂ္ဂေ ဌပေသိ မံ၊
ဒိဗ္ဗစက္ခုကာနံ အဂ္ဂါ, သကုလာတိ နရုတ္တမော။
၁၆၂။ ထိုအခါ ကြီးမြတ်သော ကရုဏာရှိတော်မူသော မြတ်စွာဘုရားသည် “သကုလာ သည်ဒိဗ္ဗစက္ခုအဘိညာဥ်ရှိသူတို့တွင် အမြတ်ဆုံး ဖြစ်၏’ဟု ငါ့ကို ဧတဒဂ်အရာ၌ ထားတော်မူ၏။
၁၆၃။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝါ။
၁၆၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၁၆၄။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၁၆၄။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။ပ။ အဆုံးအမ တော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၁၆၅။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ သကုလာ ဘိက္ခုနီ ဣမာ ဂါထာယော အဘာသိတ္ထာတိ။
သကုလာထေရိယာပဒါနံ စတုတ္ထံ။
၁၆၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာ ကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် သကုလာရဟန်းမသည် ဤဂါထာတို့ကို မိန့်ဆိုခဲ့၏။ လေးခုမြောက် သကုလာထေရီအပဒါန ပြီး၏။
၅။ နန္ဒာထေရီအပဒါန
၁၆၆။ ‘‘ပဒုမုတ္တရော နာမ ဇိနော, သဗ္ဗဓမ္မာန ပါရဂူ၊
ဣတော သတသဟဿမှိ, ကပ္ပေ ဥပ္ပဇ္ဇိ နာယကော။
၅-နန္ဒာထေရီအပဒါန ၁၆၆။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ မာရ်ငါးပါးကို အောင်တော်မူသော အလုံးစုံ သောတရားတို့၏ တစ်ဖက်ကမ်းသို့ ရောက်တော်မူသော ပဒုမုတ္တရမည်သော မြတ်စွာဘုရား သည် ပွင့်တော်မူ၏။
၁၆၇။ ‘‘ဩဝါဒကော ဝိညာပကော, တာရကော သဗ္ဗပါဏိနံ၊
ဒေသနာကုသလော ဗုဒ္ဓေါ, တာရေသိ ဇနတံ ဗဟုံ။
၁၆၇။ အလုံးစုံသော သတ္တဝါတို့ကို ဆုံးမတော်မူတတ်သော အထူးသိစေတော်မူသည် ဖြစ်၍ကယ်တင်တော်မူတတ်သော ဒေသနာ၌ လိမ္မာတော်မူသော မြတ်စွာဘုရားသည် များစွာ သောလူအပေါင်းကို ကယ်တင်တော်မူ၏။
၁၆၈။ ‘‘အနုကမ္ပကော ကာရုဏိကော, ဟိတေသီ သဗ္ဗပါဏိနံ၊
သမ္ပတ္တေ တိတ္ထိယေ သဗ္ဗေ, ပဉ္စသီလေ ပတိဋ္ဌပိ။
၁၆၈။ အလုံးစုံသော သတ္တဝါတို့၏ အစီးအပွါးအလို့ငှါ အစဥ် စောင့်ရှောက်တော်မူတတ် သောကြီးမြတ်သော ကရုဏာရှိတော်မူသော မြတ်စွာဘုရားသည် ရောက်လာသော တိတ္ထိ အားလုံးတို့ကိုငါးပါးသီလ၌ တည်စေတော်မူ၏။
၁၆၉။ ‘‘ဧဝံ နိရာကုလံ အာသိ, သုညတံ တိတ္ထိယေဟိ စ၊
ဝိစိတ္တံ အရဟန္တေဟိ, ဝသီဘူတေဟိ တာဒိဘိ။
၁၆၉။ ဤသို့ တိတ္ထိတို့မှလည်း ဆိတ်သုဥ်းသည်ဖြစ်၍ ရောယှက်ခြင်းကင်း၏၊ ဝသီ ဘော်သို့ရောက်ကုန်သော သည်းခံခြင်း တာဒိဂုဏ်ရှိကုန်သော ရဟန္တာတို့ဖြင့်လည်း ဆန်း ကြယ်၏။
၁၇၀။ ‘‘ရတနာနဋ္ဌပညာသံ, ဥဂ္ဂတောဝ မဟာမုနိ၊
ကဉ္စနဂ္ဃိယသင်္ကာသော, ဗာတ္တိံသဝရလက္ခဏော။
၁၇၀။ မြတ်စွာဘုရားသည် ငါးဆယ့်ရှစ်တောင် တိုင်တိုင် မြင့်တော်မူ၏၊ အဖိုးထိုက် တန်သောရွှေတုရိုဏ်တိုင်နှင့် တူတော်မူ၏၊ လက္ခဏာမြတ် သုံးဆယ့်နှစ်ပါးနှင့် ပြည့်စုံတော် မူ၏။
၁၇၁။ ‘‘ဝဿသတသဟဿာနိ, အာယု ဝိဇ္ဇတိ တာဝဒေ၊
တာဝတာ တိဋ္ဌမာနော သော, တာရေသိ ဇနတံ ဗဟုံ။
၁၇၁။ ထိုအခါ အနှစ်တစ်သိန်း အသက် (တမ်း) ရှိ၏၊ ထိုမျှလောက် သက်တော်တည် လျက်ထိုမြတ်စွာဘုရားသည် များစွာသော လူအပေါင်းကို ကယ်တင်တော်မူ၏။
၁၇၂။ ‘‘တဒါဟံ ဟံသဝတိယံ, ဇာတာ သေဋ္ဌိကုလေ အဟုံ၊
နာနာရတနပဇ္ဇောတေ, မဟာသုခသမပ္ပိတာ။
၁၇၂။ ထိုအခါ ငါသည် ဟံသာဝတီမြို့တွင် ရတနာအမျိုးမျိုးတို့ဖြင့် တောက်ပသော သူဌေးမျိုး၌ဖြစ်၍ကြီးစွာသော ချမ်းသာနှင့် ပြည့်စုံသည် ဖြစ်၏။
အရင်းအမြစ်များ
ကျမ်းကိုးကား
- Vipassana Research Institute. (n.d.). 3. Kuṇḍalakesīvaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#547