အပဒါနပါဠိ (ဒု)
ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။
‘‘ဘဂဝါ တမှိ သမယေ, သုမေဓော လောကနာယကော၊
ဥဒ္ဓရန္တော ဗဟူ သတ္တေ, ဒေသေတိ အမတံ ပဒံ။
၅၃။ ‘‘ဇနကာယမတိက္ကမ္မ, ဝန္ဒိတွာ ဇိနသာဂရံ၊
ဧကံသံ အဇိနံ ကတွာ, သန္ထဝိံ လောကနာယကံ။
၅၃။ ငါသည် လူအပေါင်းကို ကျော်လွန်၍ သမုဒ္ဒရာနှင့် တူသော မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ပခုံးတစ်ဖက်၌ သစ်နက်ရေကို တင်လျက် မြတ်စွာဘုရားကို ချီးကျူးခဲ့၏။
၅၄။ ‘‘‘တုဝံ သတ္ထာ စ ကေတု စ, ဓဇော ယူပေါ စ ပါဏိနံ၊
ပရာယနော [ပရာယဏော (သီ။ ပီ။)] ပတိဋ္ဌာ စ, ဒီပေါ စ ဒွိပဒုတ္တမော။
ဧကဝီသတိမံ ဘာဏဝါရံ။
၅၄။ အရှင်ဘုရားသည် သတ္တဝါတို့၏ ဆရာလည်း ဖြစ်တော်မူပါပေ၏၊ မှန်ကင်းသဖွယ် လည်းဖြစ်တော်မူပါပေ၏၊ တံခွန်သဖွယ်လည်း ဖြစ်တော်မူပါပေ၏ ယဇ်တိုင်သဖွယ်လည်း ဖြစ်တော်မူပါပေ၏၊ လဲလျောင်းရာလည်း ဖြစ်တော်မူပါပေ၏၊ တည်ရာမှီရာလည်း ဖြစ်တော်မူ ပါပေ၏၊ ကျွန်းသဖွယ်လည်း ဖြစ်တော်မူပါပေ၏၊ အခြေနှစ်ချောင်းရှိသူ နတ်လူတို့ထက် မြတ်တော်မူပါပေ၏။ နှစ်ဆယ့်တစ်ခုမြောက် ဘာဏဝါရ ပြီး၏။
၅၅။ ‘‘‘နေပုညော ဒဿနေ ဝီရော, တာရေသိ ဇနတံ တုဝံ၊
နတ္ထညော တာရကော လောကေ, တဝုတ္တရိတရော မုနေ။
၅၅။ မြတ်စွာဘုရား အရှင်ဘုရားသည် ဉာဏ်အမြင်၌ သိမ်မွေ့ခြင်း ရှိတော်မူပါပေ၏၊ လုံ့လရှိတော်မူပါပေ၏၊ လူအပေါင်းကို ကယ်တင်တော်မူပါပေ၏၊ အရှင်ဘုရားထက် သာလွန် သောအခြားကယ်တင်နိုင်သူသည် လောက၌ မရှိပါ။
၅၆။ ‘‘‘သက္ကာ ထေဝေ [ဟဝေ (သီ။ ပီ။) ဘဝေ (သျာ။ က။)] ကုသဂ္ဂေန, ပမေတုံ သာဂရုတ္တမေ [သာဂရုတ္တမော (သီ။ သျာ။ ပီ။)]၊
နတွေဝ တဝ သဗ္ဗညု, ဉာဏံ သက္ကာ ပမေတဝေ။
၅၆။ သမုဒ္ဒရာမြတ်၌ ရေပေါက်တို့ကို သမန်းမြက်ဖျားဖြင့် နှိုင်းယှဥ် (ရေတွက်) ခြင်းငှါ စွမ်းနိုင်ရာပါ၏၊ မြတ်စွာဘုရား အရှင်ဘုရား၏ ဉာဏ်တော်ကို နှိုင်းယှဥ် (ရေတွက်) ခြင်းငှါ မစွမ်းနိုင်သည်သာတည်း။
၅၇။ ‘‘‘တုလဒဏ္ဍေ [တုလမဏ္ဍလေ (သီ။ ပီ။)] ဌပေတွာန, မဟိံ [မဟီ (သျာ။ ပီ။)] သက္ကာ ဓရေတဝေ၊
နတွေဝ တဝ ပညာယ, ပမာဏမတ္ထိ စက္ခုမ။
၅၇။ ချိန်ခွင် (မောင်း) ၌ မြေကိို တင်ထား၍ ချိန်ဆောင်ခြင်းငှါ စွမ်းနိုင်ရာပါ၏၊ မြတ်စွာ ဘုရားအရှင်ဘုရား၏ ပညာတော်၏ အတိုင်းအရှည်ကား မရှိသည်သာတည်း။
၅၈။ ‘‘‘အာကာသော မိနိတုံ သက္ကာ, ရဇ္ဇုယာ အင်္ဂုလေန ဝါ၊
နတွေဝ တဝ သဗ္ဗညု, သီလံ သက္ကာ ပမေတဝေ။
၅၈။ ကောင်းကင်ကို ကြိုးဖြင့်လည်းကောင်း၊ လက်သစ်ဖြင့်လည်းကောင်း နှိုင်းယှဥ် (တိုင်းတာ) ခြင်းငှါစွမ်းနိုင်ရာပါ၏။ မြတ်စွာဘုရား အရှင်ဘုရား၏ သီလတော်ကို နှိုင်းယှဥ် (တိုင်းတာ) ခြင်းငှါမစွမ်းနိုင်သည်သာတည်း။
၅၉။ ‘‘‘မဟာသမုဒ္ဒေ ဥဒကံ, အာကာသော စ ဝသုန္ဓရာ၊
ပရိမေယျာနိ ဧတာနိ, အပ္ပမေယျောသိ စက္ခုမ’။
၅၉။ မဟာသမုဒ္ဒရာ၌ ရေလည်းကောင်း၊ ကောင်းကင်လည်းကောင်း၊ မြေကြီးလည်းကောင်း ဤအရာတို့သည် နှိုင်းယှဥ်နိုင်ပါကုန်၏။ မြတ်စွာဘုရား အရှင်ဘုရားသည် မနှိုင်း ယှဥ်အပ်သော ပုဂ္ဂိုလ်ဖြစ်တော်မူပါပေ၏။
၆၀။ ‘‘ဆဟိ ဂါထာဟိ သဗ္ဗညုံ, ကိတ္တယိတွာ မဟာယသံ၊
အဉ္ဇလိံ ပဂ္ဂဟေတွာန, တုဏှီ အဋ္ဌာသဟံ တဒါ။
၆၀။ ထိုအခါ ငါသည် များသော အခြံအရံအကျော်အစော ရှိတော်မူသော မြတ်စွာဘုရား ကိုခြောက်ဂါထာတို့ဖြင့် (ပြောကြား) ချီးကျူး၍ လက်အုပ်ကိုချီပြီးလျှင် ဆိတ်ဆိတ် ရပ် တည်၏။
၆၁။ ‘‘ယံ ဝဒန္တိ သုမေဓောတိ, ဘူရိပညံ သုမေဓသံ၊
ဘိက္ခုသံဃေ နိသီဒိတွာ, ဣမာ ဂါထာ အဘာသထ။
၆၁။ ထိုအခါ မြေကြီးအထုနှင့် တူသော ပညာရှိတော်မူသော ကောင်းသော ပညာရှိတော် မူသော အကြင်မြတ်စွာဘုရားကို “သုမေဓာ”ဟူ၍ ပြောဆိုကုန်၏၊ ထိုမြတ်စွာဘုရားသည် ရဟန်းသံဃာ (အလယ်) ၌ ထိုင်ကာ ဤဆိုမည့် ဂါထာတို့ကို မိန့်တော်မူ၏-
၆၂။ ‘‘‘ယော မေ ဉာဏံ ပကိတ္တေသိ, ဝိပ္ပသန္နေန စေတသာ၊
တမဟံ ကိတ္တယိဿာမိ, သုဏာထ မမ ဘာသတော။
၆၂။ အကြင်သူသည် ငါ၏ ဉာဏ်တော်ကို အထူးကြည်လင်သော စိတ်ဖြင့် ချီးကျူးလေ၏၊ ထိုသူ့ကိုငါသည် ဗျာဒိတ်စကားကို မိန့်ကြားတော်မူအံ့၊ မိန့်ဆိုမည့် ငါ၏ စကားကို နာယူ ကြကုန်လော့-
၆၃။ ‘‘‘သတ္တသတ္တတိ ကပ္ပါနိ, ဒေဝလောကေ ရမိဿတိ၊
သဟဿက္ခတ္တုံ ဒေဝိန္ဒော, ဒေဝရဇ္ဇံ ကရိဿတိ။
၆၃။ ခုနစ်ဆယ့်ခုနစ်ကမ္ဘာတို့ပတ်လုံး နတ်ပြည်၌ ပျော်မွေ့ရလတ္တံ့၊ အကြိမ်တစ်ထောင် တိုင်တိုင်နတ်တို့ကို အစိုးရ၍ သိကြားမင်းအဖြစ်ကို ပြုရလတ္တံ့။
၆၄။ ‘‘‘အနေကသတက္ခတ္တုဉ္စ, စက္ကဝတ္တီ ဘဝိဿတိ၊
ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ။
၆၄။ အကြိမ်တစ်ရာမက စကြဝတေးမင်းလည်း ဖြစ်လတ္တံ့၊ ပြန့်ပြောသော ပဒေသရာဇ် မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်။
၆၅။ ‘‘‘ဒေဝဘူတော မနုဿော ဝါ, ပုညကမ္မသမာဟိတော၊
အနူနမနသင်္ကပ္ပေါ, တိက္ခပညော ဘဝိဿတိ’။
၆၅။ ကုသိုက်ကံကို ဆောက်တည်ပြီးသူသည် နတ်ဖြစ်သော် လည်းကောင်း၊ လူဖြစ်သော် လည်းကောင်းမယုတ်လျော့သော စိ်တ်အကြံရှိလျက် ထက်မြက်သော ပညာရှိသူ ဖြစ်လတ္တံ့။
၆၆။ ‘‘တိံသကပ္ပသဟဿမှိ, ဩက္ကာကကုလသမ္ဘဝေါ၊
ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။
၆၆။ ကမ္ဘာသုံးသောင်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမမည် သောမြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။
၆၇။ ‘‘အဂါရာ အဘိနိက္ခမ္မ, ပဗ္ဗဇိဿတိ ကိဉ္စနော၊
ဇာတိယာ သတ္တဝဿေန, အရဟတ္တံ ဖုသိဿတိ။
၆၇။ အိမ်မှ ထွက်၍ ကြောင့်ကြမရှိဘဲ ရဟန်းပြုလတ္တံ့၊ မွေးဖွားသည်မှ ခုနစ်နှစ်မျှဖြင့် အရဟတ္တဖိုလ်သို့ရောက်ရလတ္တံ့။
၆၈။ ‘‘ယတော သရာမိ အတ္တာနံ, ယတော ပတ္တောသ္မိ သာသနံ၊
ဧတ္ထန္တရေ န ဇာနာမိ, စေတနံ အမနောရမံ။
၆၈။ အကြင်အခါမှ (စ၍) ငါသည် မိမိကိုယ်ကို အောက်မေ့နိုင်၏၊ အကြင်အခါမှ (စ၍) ငါသည်သာသနာတော်သို့ ရောက်၏၊ ဤအတွင်း၌ မပျော်မွေ့သော စိတ်စေတနာကို မသိ စဖူးပေ။
၆၉။ ‘‘သံသရိတွာ ဘဝေ သဗ္ဗေ, သမ္ပတ္တာနုဘဝိံ အဟံ၊
ဘောဂေ မေ ဦနတာ နတ္ထိ, ဖလံ ဉာဏဿ ထောမနေ။
၆၉။ ငါသည် အလုံးစုံသော ဘဝ၌ ကျင်လည်၍ စည်းစိမ်ကို ခံစားခဲ့ရ၏၊ စည်းစိမ်ဥစ္စာ၌ ငါ့အားယုတ်လျော့ခြင်းသည် မရှိချေ။ (ဤကား) ဉာဏ်တော်ကို ချီးကျူးခြင်း၏ အကျိုးပေ တည်း။
၇၀။ ‘‘တိယဂ္ဂီ နိဗ္ဗုတာ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ၊
သဗ္ဗာသဝါ ပရိက္ခီဏာ, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။
၇၀။ မီးသုံးပါးတို့သည် ငါ့အား ငြိမ်းကုန်ပြီ၊ အလုံးစုံသော ဘဝတို့ကို ပယ်နုတ်ပြီးကုန် ပြီ၊ အာသဝအားလုံး ကုန်ခန်းကုန်ပြီ၊ ယခုအခါ တစ်ဖန် ဘဝသစ်သည် (ငါ့အား) မရှိ တော့ပြီ။
၇၁။ ‘‘တိံသကပ္ပသဟဿမှိ, ယံ ဉာဏမထဝိံ အဟံ [မဘိထောမယိံ (သီ။ ပီ။), မဘိထောမဟံ (သျာ။)]၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဖလံ ဉာဏဿ ထောမနေ။
၇၁။ ကမ္ဘာသုံးသောင်းထက်၌ ဉာဏ်တော်ကို ချီးကျူးခဲ့ရသော အခါမှစ၍ ငါသည် မကောင်းမှု ပြုသူတို့လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် ဉာဏ် တော်ကို ချီးကျူးရခြင်း၏အကျိုးပေတည်း။
၇၂။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၇၂။ ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၇၃။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၇၃။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။
၇၄။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၇၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ သာသနာကို လိုက်နာကျင့်သုံးပြီး ပါပြီ။ ဤသို့လျှင် အသျှင်ဉာဏထဝိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် ဉာဏထဝိကတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ဉာဏထဝိကော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
ဉာဏထဝိကတ္ထေရဿာပဒါနံ စတုတ္ထံ။
၅။ စန္ဒနမာလိယတ္ထေရအပဒါန
၇၅။ ‘‘ပဉ္စ ကာမဂုဏေ ဟိတွာ, ပိယရူပေ မနောရမေ၊
အသီတိကောဋိယော ဟိတွာ, ပဗ္ဗဇိံ အနဂါရိယံ။
၅-စန္ဒနမာလိယတ္ထေရအပဒါန ၇၅။ ငါသည် ချစ်အပ်သော သဘောရှိသော စိတ်ကို ပျော်မွေ့စေနိုင်သော ကာမဂုဏ် ငါးပါးတို့ကိုပယ်စွန့်၍ ဥစ္စာကုဋေရှစ်ဆယ်တို့ကို ပယ်စွန့်ပြီးလျှင် ရဟန်းဘောင်သို့ ဝင် ရောက်ခဲ့၏။
၇၆။ ‘‘ပဗ္ဗဇိတွာန ကာယေန, ပါပကမ္မံ ဝိဝဇ္ဇယိံ၊
ဝစီဒုစ္စရိတံ ဟိတွာ, နဒီကူလေ ဝသာမဟံ။
၇၆။ ရဟန်းပြုပြီး၍ ကိုယ်ဖြင့် မကောင်းမှုကို ရှောင်ကြဥ်ခဲ့၏၊ ငါသည် ဝစီဒုစရိုက်ကို ပယ်စွန့်၍ မြစ်ကမ်း၌ နေ၏။
၇၇။ ‘‘ဧကကံ မံ ဝိဟရန္တံ, ဗုဒ္ဓသေဋ္ဌော ဥပါဂမိ၊
နာဟံ ဇာနာမိ ဗုဒ္ဓေါတိ, အကာသိံ ပဋိသန္ထရံ [ပဋိသန္ဓာရံ (က။)]။
၇၇။ ဘုရားမြတ်သည် တစ်ယောက်တည်းနေသော ငါ၏ အထံသို့ ကြွလာတော်မူ၏၊ ငါသည်“ဘုရား”ဟူ၍ မသိချေ၊ (သို့သော်) ပဋိသန္ထာရအမှု (စေ့စပ်ပြောဟောခြင်း) ကို ပြုခဲ့၏။
၇၈။ ‘‘ကရိတွာ ပဋိသန္ထာရံ, နာမဂေါတ္တမပုစ္ဆဟံ၊
‘ဒေဝတာနုသိ ဂန္ဓဗ္ဗော, အဒု သက္ကော ပုရိန္ဒဒေါ။
၇၈။ ငါသည် ပဋိသန္ထာရအမှု (စေ့စပ်ပြောဟောခြင်း) ကို ပြုပြီး၍ အမည်နှင့်အနွယ်ကို မေးမြန်းခဲ့၏၊ သင်သည် နတ် ဖြစ်ပါသလော၊ သင်သည် ဂန္ဓဗ္ဗ (နတ်) မျိုး ဖြစ်ပါသလော၊ သို့မဟုတ် (ရှေး၌အလှူပေးဖူးသော) သိကြားမင်း ဖြစ်ပါသလော။
၇၉။ ‘‘‘ကော ဝါ တွံ ကဿ ဝါ ပုတ္တော, မဟာဗြဟ္မာ ဣဓာဂတော၊
ဝိရောစေသိ ဒိသာ သဗ္ဗာ, ဥဒယံ သူရိယော ယထာ။
၇၉။ သင်သည် အဘယ်သူ ဖြစ်ပါသနည်း၊ သင်သည် အဘယ်သူ၏သား ဖြစ်ပါသနည်း၊ ဗြဟ္မာကြီးသည်ပင် ဤအရပ်သို့ လာပါသလော၊ သင်သည် ‘တက်သစ်သော နေမင်းကဲ့သို့’အရပ်မျက်နှာအားလုံးတို့ကို တင့်တယ်စေဘိ၏။
၈၀။ ‘‘‘သဟဿာရာနိ စက္ကာနိ, ပါဒေ ဒိဿန္တိ မာရိသ၊
ကော ဝါ တွံ ကဿ ဝါ ပုတ္တော, ကထံ ဇာနေမု တံ မယံ၊
နာမဂေါတ္တံ ပဝေဒေဟိ, သံသယံ အပနေဟိ မေ’။
၈၀။ အချင်း (သင်၏) ခြေ၌ အကန့်တစ်ထောင်ရှိသော စက်တို့ကို တွေ့မြင်ရပါကုန်၏၊ သင်သည်အဘယ်သူ ဖြစ်ပါသနည်း၊ အဘယ်သူ၏ သား ဖြစ်ပါသနည်း၊ ငါတို့သည် သင့်ကို အဘယ်သို့သိရပါကုန်အံ့နည်း၊ အမည်အနွယ်ကို ပြောကြားပါလော့၊ ငါ၏ ယုံမှားခြင်းကို ပယ်ဖျောက်ပါလော့ (ဟုမေး၏)။
၈၁။ ‘‘‘နမှိ ဒေဝေါ န ဂန္ဓဗ္ဗော, နမှိ [နာပိ (သီ။)] သက္ကော ပုရိန္ဒဒေါ၊
ဗြဟ္မဘာဝေါ စ မေ နတ္ထိ, ဧတေသံ ဥတ္တမော အဟံ။
၈၁။ ငါသည် နတ်လည်း မဟုတ်၊ ဂန္ဓဗ္ဗနတ်မျိုးလည်း မဟုတ်၊ ရှေး၌ အလှူပေးခဲ့ဖူး သောသိကြားမင်းလည်း မဟုတ်၊ ငါ့အား ဗြဟ္မာအဖြစ်သည်လည်း မရှိချေ၊ ငါကား ထိုသူ တို့ထက် မြတ်၏။
၈၂။ ‘‘‘အတီတော ဝိသယံ တေသံ, ဒါလယိံ ကာမဗန္ဓနံ၊
သဗ္ဗေ ကိလေသေ ဈာပေတွာ, ပတ္တော သမ္ဗောဓိမုတ္တမံ’။
၈၂။ ငါသည် ထိုသူတို့၏ အရာကို လွန်မြောက်လျက် ကာမအနှောင်အဖွဲ့ကို ဖြတ် တောက်ခဲ့၏၊ အလုံးစုံသော ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေ၍ မြတ်သော သမ္မာ သမ္ဗောဓိဉာဏ် (ဘုရားအဖြစ်) သို့ ရောက်သူ ဖြစ်ပေ၏ (ဟု ဖြေကြားပေ၏)။
၈၃။ ‘‘တဿ ဝါစံ သုဏိတွာဟံ, ဣဒံ ဝစနမဗြဝိံ၊
‘ယဒိ ဗုဒ္ဓေါတိ သဗ္ဗညူ, နိသီဒ တွံ မဟာမုနေ။
၈၃။ ငါသည် ထိုမြတ်စွာဘုရား၏ စကားကို ကြားရ၍ ဤစကားကို လျှောက်ဆို၏၊ မြတ်စွာဘုရားအရှင်သည် အကယ်၍ အလုံးစုံကို သိသော မြတ်စွာဘုရား ဖြစ်ပါမူ ထိုင်တော် မူပါ။
၈၄။ ‘တမဟံ ပူဇယိဿာမိ, ဒုက္ခဿန္တကရော တုဝံ’၊
‘‘ပတ္ထရိတွာ ဇိနစမ္မံ, အဒါသိ သတ္ထုနော အဟံ။
၈၄။ အရှင်သည် ဆင်းရဲခြင်း၏ အဆုံးကို ပြုတော်မူတတ်ပါ၏၊ (ထို့ကြောင့်) အကျွန်ုပ် သည် အရှင်ကိုပူဇော်ပါအံ့၊ (ဤသိုု့) ငါသည် လျှောက်ပြီးလျှင် ငါသည် သစ်နက်ရေကို ဖြန့် ခင်း၍ မြတ်စွာဘုရားအားပေးလှူခဲ့၏။
၈၅။ ‘‘နိသီဒိ တတ္ထ ဘဂဝါ, သီဟောဝ ဂိရိဂဗ္ဘရေ၊
ခိပ္ပံ ပဗ္ဗတမာရုယှ, အမ္ဗဿ ဖလမဂ္ဂဟိံ။
၈၅။ ‘တောင်ခေါင်း (လိုဏ်ဂူ) ၌ ခြင်္သေ့မင်းကဲ့သိုု့’ မြတ်စွာဘုရားသည် ထိုနေရာ၌ ထိုင် နေတော်မူ၏၊ ငါသည် တောင်ပေါ်သို့ လျင်စွာ တက်၍ သရက်သီးကို ဆွတ်ယူခဲ့၏။
၈၆။ ‘‘သာလကလျာဏိကံ ပုပ္ဖံ, စန္ဒနဉ္စ မဟာရဟံ၊
ခိပ္ပံ ပဂ္ဂယှ တံ သဗ္ဗံ, ဥပေတွာ လောကနာယကံ။
၈၆။ အင်ကြင်ပန်းကိုလည်းကောင်း၊ မြတ်သူတို့အား ထိုုက်တန်သော စန္ဒကူးကိုလည်းကောင်းထိုအလုံးစုံကို လျင်မြန်စွာ ယူ၍ မြတ်စွာဘုရားသို့ ချဥ်းကပ်ပြီးလျှင် -
၈၇။ ‘‘ဖလံ ဗုဒ္ဓဿ ဒတွာန, သာလပုပ္ဖမပူဇယိံ၊
စန္ဒနံ အနုလိမ္ပိတွာ, အဝန္ဒိံ သတ္ထုနော အဟံ။
၈၇-၈၈။ သရက်သီးကို မြတ်စွာဘုရားအား လှူ၍ အင်ကြင်းပန်းကို ပူဇော်ခဲ့၏၊ ငါသည်ကြည်လင်ဝမ်းမြောက်သော စိတ်ရှိလျက် ပြန့်ပြောသော ပီတိဖြင့် မြတ်စွာဘုရားအား စန္ဒကူး ကိုလိမ်းကျံ၍ ရှိခိုးခဲ့၏၊ သုမေဓာမြတ်စွာဘုရားသည် သစ်နက်ရေ၌ ထိုင်တော်မူ၏။
၈၈။ ‘‘ပသန္နစိတ္တော သုမနော, ဝိပုလာယ စ ပီတိယာ၊
အဇိနမှိ နိသီဒိတွာ, သုမေဓော လောကနာယကော။
၈၉။ ‘‘မမ ကမ္မံ ပကိတ္တေသိ, ဟာသယန္တော မမံ တဒါ၊
‘ဣမိနာ ဖလဒါနေန, ဂန္ဓမာလေဟိ စူဘယံ။
၈၉။ ထိုအခါ ငါ့ကို ရွှင်လန်းစေလျက် ငါ၏ ကောင်းမှုကံကို ဗျာဒိတ်စကား မိန့်ကြားတော်မူ၏၊ ဤသရက်သီးအလှူကြောင့်လည်းကောင်း၊ နံ့သာပန်း (အလှူ) တို့ကြောင့်လည်းကောင်း နှစ်ပါးစုံသောအလှူတို့ကြောင့်-
၉၀။ ‘‘‘ပဉ္စဝီသေ ကပ္ပသတေ, ဒေဝလောကေ ရမိဿတိ၊
အနူနမနသင်္ကပ္ပေါ, ဝသဝတ္တီ ဘဝိဿတိ။
၉၀။ ကမ္ဘာနှစ်ထောင့်ငါးရာတို့ပတ်လုံး နတ်ပြည်၌ ပျော်မွေ့ရလတ္တံ့၊ မယုတ်လျော့သောစိတ်အကြံရှိသူဖြစ်၍ မိမိအလိုဆန္ဒအတိုင်း လိုက်စေနိုင်သူ ဖြစ်လတ္တံ့။
၉၁။ ‘‘‘ဆဗ္ဗီသတိကပ္ပသတေ, မနုဿတ္တံ ဂမိဿတိ၊
ဘဝိဿတိ စက္ကဝတ္တီ, စာတုရန္တော မဟိဒ္ဓိကော။
၉၁။ ကမ္ဘာနှစ်ထောင့်ခြောက်ရာတို့ပတ်လုံး လူ့အဖြစ်သို့ ရောက်ရလတ္တံ့၊ ကျွန်းကြီးလေး ကျွန်းအပိုင်းအခြားရှိသည်ဖြစ်၍ တန်ခိုးကြီးသော စကြဝတေးမင်း ဖြစ်လတ္တံ့။
၉၂။ ‘‘‘ဝေဘာရံ နာမ နဂရံ, ဝိဿကမ္မေန မာပိတံ၊
ဟေဿတိ သဗ္ဗသောဝဏ္ဏံ, နာနာရတနဘူသိတံ။
၉၂။ (ထိုမင်းအား) ဝိသကြုံနတ်သား ဖန်ဆင်းအပ်သော အလုံးစုံ ရွှေဖြင့်ပြီးသော ရတနာအမျိုးမျိုးတို့ဖြင့် တန်ဆာဆင်အပ်သော ဝေဘာရမည်သော မြို့သည် ဖြစ်လတ္တံ့။
၉၃။ ‘‘‘ဧတေနေဝ ဥပါယေန, သံသရိဿတိ သော ဘဝေ [ယောနိသော (သျာ။ ပီ။)]၊
သဗ္ဗတ္ထ ပူဇိတော ဟုတွာ, ဒေဝတ္တေ အထ မာနုသေ။
၉၃။ ဤနည်းအားဖြင့်သာလျှင် ထိုသူသည် နတ်ဘဝ၌ဖြစ်စေ သို့မဟုတ် လူ့ဘဝ၌ဖြစ်စေ အလုံးစုံသောဘဝတို့၌ ပူဇော်ခံရသူ ဖြစ်၍ ကျင်လည်ရလတ္တံ့။
၉၄။ ‘‘‘ပစ္ဆိမေ ဘဝေ သမ္ပတ္တေ, ဗြဟ္မဗန္ဓု ဘဝိဿတိ၊
အဂါရာ အဘိနိက္ခမ္မ, အနဂါရီ ဘဝိဿတိ၊
အဘိညာပါရဂူ ဟုတွာ, နိဗ္ဗာယိဿတိနာသဝေါ’။
၉၄။ နောက်ဆုံးဘဝသို့ ရောက်လတ်သော် ဗြဟ္မာ၏ အဆွေဖြစ်သော ဗြာဟ္မဏမျိုး ဖြစ်လတ္တံ့၊ အိမ်မှထွက်၍ ရဟန်းဖြစ်လတ္တံ့၊ အဘိညာဥ်၏ ကမ်းတစ်ဖက်သို့ ရောက်သူ ဖြစ်၍ အာသဝမရှိဘဲပရိနိဗ္ဗာန်ပြုရလတ္တံ့ (ဟု ဟောတော်မူ၏)။
၉၅။ ‘‘ဣဒံ ဝတွာန သမ္ဗုဒ္ဓေါ, သုမေဓော လောကနာယကော၊
မမ နိဇ္ဈာယမာနဿ, ပက္ကာမိ အနိလဉ္ဇသေ။
၉၅။ လောက၏ ရှေ့သွား သုမေဓာမြတ်စွာဘုရားသည် ဤစကားကို မိန့်ဆို၍ ငါသည် ဖူးမြော်နေစဥ်ပင် ကောင်းကင်၌ ဖဲကြွတော်မူ၏။
၉၆။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၉၆။ ငါသည် ကောင်းစွာ ပြုအပ်သော ထိုကောင်းမှုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ၏ ကိုယ်ခန္ဓာစွန့်၍ တာဝတိံ သာသို့ ရောက်ခဲ့၏။
၉၇။ ‘‘တုသိတတော စဝိတွာန, နိဗ္ဗတ္တိံ မာတုကုစ္ဆိယံ၊
ဘောဂေ မေ ဦနတာ နတ္ထိ, ယမှိ ဂဗ္ဘေ ဝသာမဟံ။
၉၇။ ငါသည် တုသိတာနတ်ပြည်မှ စုတေ၍ အမိဝမ်း၌ ဖြစ်၏၊ ငါ့အား စည်းစိမ်ဥစ္စာ၌ယုတ်လျော့သည့်အဖြစ်သည် မရှိချေ၊ ငါသည် အကြင်အမိဝမ်း၌ နေ၏။
၉၈။ ‘‘မာတုကုစ္ဆိဂတေ မယိ, အန္နပါနဉ္စ ဘောဇနံ၊
မာတုယာ မမ ဆန္ဒေန, နိဗ္ဗတ္တတိ ယဒိစ္ဆကံ။
၉၈။ ငါသည် အမိဝမ်းသို့ ရောက်သည်ရှိသော် ထမင်း, အဖျော်သည်လည်းကောင်း၊ စားဖွယ်သည်လည်းကောင်း ငါ၏ အလိုဆန္ဒကြောင့် အမိအား အလိုရှိတိုင်း ဖြစ်လေ၏။
၉၉။ ‘‘ဇာတိယာ ပဉ္စဝဿေန, ပဗ္ဗဇိံ အနဂါရိယံ၊
ဩရောပိတမှိ ကေသမှိ, အရဟတ္တမပါပုဏိံ။
၉၉။ မွေးဖွားသည်မှ ငါးနှစ်မျှဖြင့် ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏၊ ဆံကို ချအပ်သည် ရှိသော် ငါသည်အရဟတ္တဖိုလ်သို့ ရောက်၏။
၁၀၀။ ‘‘ပုဗ္ဗကမ္မံ ဂဝေသန္တော, ဩရေန နာဒ္ဒသံ အဟံ၊
တိံသကပ္ပသဟဿမှိ, မမ ကမ္မမနုဿရိံ။
၁၀၀။ ငါသည် ရှေးကံကို ရှာဖွေစုံစမ်းသည်ရှိသော် (ကမ္ဘာသုံးသောင်း) အတွင်း၌ မတွေ့ မြင်ရချေ၊ ကမ္ဘာသုံးသောင်းထက်၌ ငါ၏ ကံကို အစဥ်လျှောက်၍ အောက်မေ့နိုင်၏။
၁၀၁။ ‘‘နမော တေ ပုရိသာဇည, နမော တေ ပုရိသုတ္တမ၊
တဝ သာသနမာဂမ္မ, ပတ္တောမှိ အစလံ ပဒံ။
၁၀၁။ ယောကျာ်းအာဇာနည် ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ ယောကျာ်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ အရှင်ဘုရား၏ အဆုံးအမကို ရရှိ၍ တုန်လှုပ်ခြင်း မရှိသော နိဗ္ဗာန်သို့ ရောက်ရပါ၏။
၁၀၂။ ‘‘တိံသကပ္ပသဟဿမှိ, ယံ ဗုဒ္ဓမဘိပူဇယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၁၀၂။ ကမ္ဘာသုံးသောင်းထက်၌ မြတ်စွာဘုရားကို ပူဇော်ခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏အကျိုးပေတည်း။
၁၀၃။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၁၀၃။ ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၁၀၄။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၁၀၄။ ငါ၏ လာခြင်းကား။ပ။ သာသနာကို လိုက်နာပြုကျင့်အပ်ပါပြီ။
၁၀၅။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၁၀၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ သာသနာတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်စန္ဒနမာလိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် စန္ဒနမာလိယတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ စန္ဒနမာလိယော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
စန္ဒနမာလိယတ္ထေရဿာပဒါနံ ပဉ္စမံ။
၆။ ဓာတုပူဇကတ္ထေရအပဒါန
၁၀၆။ ‘‘နိဗ္ဗုတေ လောကနာထမှိ, သိဒ္ဓတ္ထေ လောကနာယကေ၊
မမ ဉာတီ သမာနေတွာ, ဓာတုပူဇံ အကာသဟံ။
၆-ဓာတုပူဇကတ္ထေရအပဒါန ၁၀၆။ လောက၏ ကိုးကွယ်ရာ ဖြစ်တော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူသည်ရှိသော် ငါသည် ငါ၏ ဆွေမျိုးတို့ကို ခေါ်ဆောင်၍ ဓာတ်တော်ပူဇော်ခြင်းကို ပြုခဲ့၏။
၁၀၇။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ဓာတုမဘိပူဇယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဓာတုပူဇာယိဒံ ဖလံ။
၁၀၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ဓာတ်တော်ကို ပူဇော်ခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဓာတ်တော်ပူဇော်ရခြင်း၏အကျိုးပေတည်း။
၁၀၈။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၁၀၈။ ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၁၀၉။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၁၀၉။ ငါ၏ လာခြင်းကား။ပ။ သာသနာတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၁၁၀။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၁၁၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ သာသနာတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဓာတုပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် ဓာတုပူဇကတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ဓာတုပူဇကော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
ဓာတုပူဇကတ္ထေရဿာပဒါနံ ဆဋ္ဌံ။
၇။ ပုလိနုပ္ပါဒကတ္ထေရအပဒါန
၁၁၁။ ‘‘ပဗ္ဗတေ ဟိမဝန္တမှိ, ဒေဝလော နာမ တာပသော၊
တတ္ထ မေ စင်္ကမော အာသိ, အမနုဿေဟိ မာပိတော။
၇-ပုလိနုပ္ပါဒကတ္ထေရအပဒါန ၁၁၁။ (ငါသည်) ဟိမဝန္တာတောင်၌ ဒေဝလမည်သော ရသေ့ ဖြစ်ခဲ့၏၊ ထိုတောင်၌ နတ်တို့ဖန်ဆင်းအပ်သော ငါ၏ စင်္ကြံသည် ရှိ၏။
၁၁၂။ ‘‘ဇဋာဘာရေန [ဇဋာဘာရဿ (သျာ။ က။)] ဘရိတော, ကမဏ္ဍလုဓရော သဒါ၊
ဥတ္တမတ္ထံ ဂဝေသန္တော, ဝိပိနာ နိက္ခမိံ တဒါ။
၁၁၂။ ထိုအခါ အခါခပ်သိမ်း ရေကရားကို ဆောင်သော ငါသည် ရသေ့ပရိက္ခရာဝန်ဖြင့် ပြည့်လျက်မြတ်သော အကျိုးကို ရှာမှီးလို၍ တောမှ ထွက်ခဲ့၏။
၁၁၃။ ‘‘စုလ္လာသီတိသဟဿာနိ, သိဿာ မယှံ ဥပဋ္ဌဟုံ၊
သကကမ္မာဘိပသုတာ, ဝသန္တိ ဝိပိနေ တဒါ။
၁၁၃။ ရှစ်သောင်းလေးထောင်သော တပည့်တို့သည် ငါ့အား ဆည်းကပ်လုပ်ကျွေးကုန်၏၊ ထိုအခါ (တပည့်တို့သည်) မိမိအမှု၌ လေ့လာအားထုတ်ကုန်လျက် တော၌ နေကုန်၏။
၁၁၄။ ‘‘အဿမာ အဘိနိက္ခမ္မ, အကံ ပုလိနစေတိယံ၊
နာနာပုပ္ဖံ သမာနေတွာ, တံ စေတိယမပူဇယိံ။
၁၁၄။ ငါသည် သင်္ခမ်းကျောင်းမှ ထွက်၍ သဲပုံစေတီကို ပြုခဲ့၏၊ ပန်းအမျိုးမျိုးကို ကောင်းစွာဆောင်ယူ၍ ထိုစေတီကို ပူဇော်ခဲ့၏။
၁၁၅။ ‘‘တတ္ထ စိတ္တံ ပသာဒေတွာ, အဿမံ ပဝိသာမဟံ၊
သဗ္ဗေ သိဿာ သမာဂန္တွာ, ဧတမတ္ထံ ပုစ္ဆိံသု မံ [ဧတမတ္ထမပုစ္ဆု မံ (သီ။), ဧတမတ္တံ အပုစ္ဆိံသု (သျာ။ က။)]။
၁၁၅။ ငါသည် ထိုစေတီ၌ စိတ်ကို ကြည်လင်စေ၍ သင်္ခမ်းကျောင်းသို့ ဝင်၏၊ (ထိုအခါ ) တပည့်အားလုံးတို့သည် စုဝေးလာရောက်ကုန်၍ ငါ့အား ဤအကြောင်းကို မေးမြန်းကုန်၏။
၁၁၆။ ‘‘‘ပုလိနေန ကတော ထူပေါ [ကတော ထူပေ (သီ။)], ယံ တွံ ဒေဝ [ဒေဝံ (သီ။ ပီ။)] မဿတိ၊
မယမ္ပိ ဉာတုမိစ္ဆာမ, ပုဋ္ဌော အာစိက္ခ နော တုဝံ’။
၁၁၆။ အရှင်ရသေ့ အရှင်သည် စေတီကို သဲဖြင့် ပြုအပ်၏၊ ယင်းစေတီကို ရှိခိုးဘိ၏၊ အကျွန်ုပ်တို့လည်းသိလိုပါကုန်၏၊ မေးအပ်သော အရှင်ရသေ့သည် အကျွန်ုပ်တို့အား ဖြေ ကြားပါလော့။
၁၁၇။ ‘‘‘နိဒ္ဒိဋ္ဌာ နု [နိဒ္ဒိဋ္ဌာ နော (သီ။ ပီ။), ဒိဋ္ဌာနော ဝေါ (သျာ။)] မန္တပဒေ, စက္ခုမန္တော မဟာယသာ၊
တေ ခေါ အဟံ နမဿာမိ, ဗုဒ္ဓသေဋ္ဌေ မဟာယသေ’။
၁၁၇။ များသော အခြံအရံရှိသော စက္ခုငါးမျိုးရှိတော်မူသော မြတ်စွာဘုရားတို့ကို ဗေဒင် ကျမ်းဂန်၌ညွှန်ပြထားကုန်သည် မဟုတ်ပါလော၊ ငါသည် များသော အခြံအရံ အကျော် အစောရှိကုန်သောထိုဘုရားမြတ်တို့ကို ရှိခိုးပေ၏။
၁၁၈။ ‘‘‘ကီဒိသာ တေ မဟာဝီရာ, သဗ္ဗညူ လောကနာယကာ၊
ကထံဝဏ္ဏာ ကထံသီလာ, ကီဒိသာ တေ မဟာယသာ’။
၁၁၈။ မြတ်သော လုံ့လရှိသော အရှင်ရသေ့ တရားအားလုံးကို သိတော်မူကုန်သောထိုမြတ်စွာဘုရားတို့သည် အဘယ်သို့ သဘောရှိပါကုန်သနည်း၊ အဘယ်သို့ ကျေးဇူးဂုဏ်ရှိပါကုန်သနည်း၊ အဘယ်သို့ အကျင့်သီလ ရှိပါကုန်သနည်း၊ ထိုမြတ်စွာဘုရားတို့သည် အဘယ်သို့သဘောရှိပါကုန်သနည်း (ဟု မေးကုန်၏)။
၁၁၉။ ‘‘‘ဗာတ္တိံသလက္ခဏာ ဗုဒ္ဓါ, စတ္တာလီသဒိဇာပိ စ၊
နေတ္တာ ဂေါပခုမာ တေသံ, ဇိဉ္ဇုကာ ဖလသန္နိဘာ။
၁၁၉။ မြတ်စွာဘုရားတို့သည် သုံးဆယ့်နှစ်ပါးသော လက္ခဏာတို့နှင့် ပြည့်စုံတော်မူကုန်၏၊ လေးဆယ်သော သွားတော်တို့နှင့်လည်း ပြည့်စုံတော်မူကုန်၏၊ ထိုမြတ်စွာဘုရားတို့၏ နွားငယ်၏မျက်တောင်နှင့် တူသော မျက်တောင်မွေးရှိသော မျက်လုံးတော်တို့သည် ချင်ရွေး သီးနှင့် တူကုန်၏။
၁၂၀။ ‘‘‘ဂစ္ဆမာနာ စ တေ ဗုဒ္ဓါ, ယုဂမတ္တဉ္စ ပေက္ခရေ၊
န တေသံ ဇာဏု နဒတိ, သန္ဓိသဒ္ဒေါ န သုယျတိ။
၁၂၀။ ထိုမြတ်စွာဘုရားတို့သည် ကြွသွားကုန်သော် လည်း ထမ်းပိုးတစ်ပြန်မျှကိုသာ ကြည့်ရှုတော်မူကုန်၏၊ ထိုမြတ်စွာဘုရားတို့၏ ပုဆစ်ဒူးဝန်းသည် မြည်ခြင်းမရှိ၊ အရိုးဆက် အသံကိုလည်း မကြားရချေ။
၁၂၁။ ‘‘‘ဂစ္ဆမာနာ စ သုဂတာ, ဥဒ္ဓရန္တာဝ ဂစ္ဆရေ၊
ပဌမံ ဒက္ခိဏံ ပါဒံ, ဗုဒ္ဓါနံ ဧသ ဓမ္မတာ။
၁၂၁။ မြတ်စွာဘုရားတို့သည် ကြွသွားကုန်သော် လည်း လက်ယာခြေကို ရှေးဦးစွာ ကြွချီလျက်သာလျှင်ကြွသွားတော်မူကုန်၏။ ဤကား မြတ်စွာဘုရားတို့၏ သဘောဓမ္မတာ တည်း။
၁၂၂။ ‘‘‘အသမ္ဘီတာ စ တေ ဗုဒ္ဓါ, မိဂရာဇာဝ ကေသရီ၊
နေဝုက္ကံသေန္တိ အတ္တာနံ, နော စ ဝမ္ဘေန္တိ ပါဏိနံ။
၁၂၂။ ထိုမြတ်စွာဘုရားတို့သည် ‘သားတို့သနင်း ခြင်္သေ့မင်းတို့ကဲ့သို့’ ကြောက်ရွံ့ခြင်း မရှိကုန်၊ မိမိကိုယ်ကိုလည်း မြှောက်ပင့်တော်မမူကုန်၊ သတ္တဝါတို့ကိုလည်း နှိမ့်ချရှုတ်ချတော် မမူကုန်။
၁၂၃။ ‘‘‘မာနာဝမာနတော မုတ္တာ, သမာ သဗ္ဗေသု ပါဏိသု၊
အနတ္တုက္ကံသကာ ဗုဒ္ဓါ, ဗုဒ္ဓါနံ ဧသ ဓမ္မတာ။
၁၂၃။ မြတ်စွာဘုရားတို့သည် မောက်မာခြင်း, မထီမဲ့မြင် ပြုခြင်းတို့မှ လွတ်ကင်းတော်မူကုန်၏၊ အလုံးစုံသော သတ္တဝါတို့၌ ညီမျှသော စိတ်ရှိတော်မူကုန်၏၊ မိမိကိုယ်ကို မြှောက်ပင့် တော်မမူကုန်။ ဤကား မြတ်စွာဘုရားတို့၏ သဘောဓမ္မတာတည်း။
၁၂၄။ ‘‘‘ဥပ္ပဇ္ဇန္တာ စ သမ္ဗုဒ္ဓါ, အာလောကံ ဒဿယန္တိ တေ၊
ဆပ္ပကာရံ ပကမ္ပေန္တိ, ကေဝလံ ဝသုဓံ ဣမံ။
၁၂၄။ ထိုမြတ်စွာဘုရားတို့သည် ပွင့်ထွန်းတော်မူကုန်သည်ရှိသော် တရားအလင်းရောင်ကိုပြတော်မူတတ်ကုန်၏၊ အလုံးစုံသော ဤမြေကြီးကို ခြောက်ပါးသော အခြင်းအရာအားဖြင့့်တုန်လှုပ်စေတော်မူကုန်၏။
၁၂၅။ ‘‘‘ပဿန္တိ နိရယဉ္စေတေ, နိဗ္ဗာတိ နိရယော တဒါ၊
ပဝဿတိ မဟာမေဃော, ဗုဒ္ဓါနံ ဧသ ဓမ္မတာ။
၁၂၅။ ထိုမြတ်စွာဘုရားတို့သည် ငရဲကို အကယ်၍ ကြည့်ရှုကုန်အံ့၊ ထိုအခါ ငရဲမီးသည် ငြိမ်းအေး၏၊ မိုးကြီးသည် ရွာသွန်း၏။ ဤကား မြတ်စွာဘုရားတို့၏ သဘောဓမ္မတာတည်း။
၁၂၆။ ‘‘‘ဤဒိသာ တေ မဟာနာဂါ, အတုလာ စ [တေ (သျာ။ က။)] မဟာယသာ၊
ဝဏ္ဏတော အနတိက္ကန္တာ, အပ္ပမေယျာ တထာဂတာ’။
၁၂၆။ ထိုမြတ်စွာဘုရားတို့သည် ဤသို့ သဘောရှိတော်မူကုန်၏၊ မြတ်စွာဘုရားတို့သည်အတုရှိတော်မမူကုန်၊ (သူတစ်ပါးတို့သည်) မြတ်စွာဘုရားတို့ကို ကျေးဇူးဂုဏ်အားဖြင့် မသာ လွန်နိုင်ကုန်၊ မနှိုင်းယှဥ်နိုင်ကုန် (ဟု ပြောကြား၏)။
၁၂၇။ ‘‘‘အနုမောဒိံသု မေ ဝါကျံ, သဗ္ဗေ သိဿာ သဂါရဝါ၊
တထာ စ ပဋိပဇ္ဇိံသု, ယထာသတ္တိ ယထာဗလံ’။
၁၂၇။ ရိုသေလေးစားခြင်းရှိသော တပည့်အားလုံးတို့သည် ငါ၏ စကားကို ဝမ်းမြောက် ဝမ်းသာလက်ခံလည်း လက်ခံကြလေကုန်၏၊ အစွမ်းရှိသလောက် ခွန်အားရှိသလောက် ထိုသို့ မိန့်ဆိုသည့်အတိုင်းကျင့်လည်း ကျင့်ကြလေကုန်၏။
၁၂၈။ ‘‘ပဋိပူဇေန္တိ ပုလိနံ, သကကမ္မာဘိလာသိနော၊
သဒ္ဒဟန္တာ မမ ဝါကျံ, ဗုဒ္ဓသက္ကတမာနသာ [ဗုဒ္ဓတ္တဂတမာနသာ (သီ။ သျာ။ ပီ။)]။
၁၂၈။ မိမိအလုပ်ကို အထူးလိုလားသော တပည့်တို့သည် ငါ၏ စကားကို ယုံကြည်ကုန် သည်ဖြစ်၍မြတ်စွာဘုရား၌ ရိုသေသော စိတ်ရှိကုန်လျက် သဲပုံစေတီကို အကြိမ်ကြိမ် ပူဇော် ကြကုန်၏။
၁၂၉။ ‘‘တဒါ စဝိတွာ တုသိတာ, ဒေဝပုတ္တော မဟာယသော၊
ဥပ္ပဇ္ဇိ မာတုကုစ္ဆိမှိ, ဒသသဟဿိ ကမ္ပထ။
၁၂၉။ ထိုအခါ များသော အခြံအရံ အကျော်အစောရှိသော (အလောင်းတော်) နတ်သား သည်တုသိတာ (နတ်ပြည်) မှ စုတေ၍ မယ်တော်ဝမ်း၌ ဖြစ်လေ၏၊ (ထိုအခါ ) စကြဝဠာ တိုက်တစ်သောင်းသည်တုန်လှုပ်လေ၏။
၁၃၀။ ‘‘အဿမဿာဝိဒူရမှိ, စင်္ကမမှိ ဌိတော အဟံ၊
သဗ္ဗေ သိဿာ သမာဂန္တွာ, အာဂစ္ဆုံ မမ သန္တိကေ။
၁၃၀။ ငါသည် သင်္ခမ်းကျောင်း၏ အနီးဖြစ်သော စင်္ကြံ ၌ ရပ်တည်လျက် ရှိစဥ် အလုံးစုံ သောတပည့်တို့သည် အညီအညွတ် စည်းဝေးကုန်၍ ငါ၏ အထံသို့ လာရောက်ကြလေကုန်၏။
၁၃၁။ ‘‘ဥသဘောဝ မဟီ နဒတိ, မိဂရာဇာဝ ကူဇတိ၊
သုသုမာရောဝ [သုံသုမာရောဝ (သီ။ သျာ။ ပီ။)] သဠတိ, ကိံ ဝိပါကော ဘဝိဿတိ။
၁၃၁။ (ထိုအခါ တပည့်တို့က) အရှင်ရသေ့ မြေကြီးသည် ‘နွားလားဥသဘကဲ့သို့’ မြည် တွန်ပါ၏၊ ‘ခြင်္သေ့မင်းကဲ့သို့’ ဟိန်းဟောက်ပါ၏၊ ‘မိကျောင်းကဲ့သို့’ အော်မြည်ပါ၏၊ အဘယ် သို့သော အကျိုးသည်ဖြစ်ပေါ်လတ္တံ့နည်း (ဟု မေးမြန်းကုန်၏)။
၁၃၂။ ‘‘ယံ ပကိတ္တေမိ သမ္ဗုဒ္ဓံ, သိကတာထူပသန္တိကေ၊
သော ဒါနိ ဘဂဝါ သတ္ထာ, မာတုကုစ္ဆိမုပါဂမိ။
၁၃၂။ ငါသည် သဲပုံစေတီအနီး၌ အကြင်မြတ်စွာဘုရားကို ချီးကျူးပြောဆိုခဲ့၏၊ ဘုန်း တော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားသည် မယ်တော်ဝမ်းသို့ ယခုအခါကပ်ရောက်တော်မူ၏။
၁၃၃။ ‘‘တေသံ ဓမ္မကထံ ဝတွာ, ကိတ္တယိတွာ မဟာမုနိံ၊
ဥယျောဇေတွာ သကေ သိဿေ, ပလ္လင်္ကမာဘုဇိံ အဟံ။
၁၃၃။ ငါသည် ထိုတပည့်တို့အား တရားစကားကို ဟောကြား၍ မြတ်စွာဘုရားကို ချီးကျူးလျက်မိမိတပည့်တို့ကို လွှတ်လိုက်ပြီးလျှင် ထက်ဝယ်ပလ္လင်ကို ဖွဲ့ခွေခဲ့၏။
၁၃၄။ ‘‘ဗလဉ္စ ဝတ မေ ခီဏံ, ဗျာဓိနာ [ဗျာဓိတော (သီ။ သျာ။ ပီ။ က။)] ပရမေန တံ၊
ဗုဒ္ဓသေဋ္ဌံ သရိတွာန, တတ္ထ ကာလင်္ကတော [ကာလကတော (သီ။ ပီ။)] အဟံ။
၁၃၄။ ငါ့ကို လွန်ကဲသော အနာရောဂါ နှိပ်စက်ခြင်းကြောင့် ငါ၏ ခွန်အားသည် စင်စစ် ကုန်ခန်းလျက်ရှိပေ၏၊ ငါသည် မြတ်စွာဘုရားကို အောက်မေ့၍ ထိုအရပ်၌ ကွယ်လွန်ခဲ့၏။
၁၃၅။ ‘‘သဗ္ဗေ သိဿာ သမာဂန္တွာ, အကံသု စိတကံ တဒါ၊
ကဠေဝရဉ္စ မေ ဂယှ, စိတကံ အဘိရောပယုံ။
၁၃၅။ ထိုအခါ အလုံးစုံသော တပည့်တို့သည် အညီအညွတ် လာရောက်ကုန်၍ (မီး သင်္ဂြိုဟ်ရန်) ထင်းပုံကို ပြုကြကုန်၏၊ ငါ၏ အလောင်းကိုလည်း ယူကုန်၍ (မီးသင်္ဂြိုဟ်ရန်) ထင်းပုံသို့တင်ထားလေကုန်၏။
၁၃၆။ ‘‘စိတကံ ပရိဝါရေတွာ, သီသေ ကတွာန အဉ္ဇလိံ၊
သောကသလ္လပရေတာ တေ, ဝိက္ကန္ဒိံသု သမာဂတာ။
၁၃၆။ အညီအညွတ် ရောက်လာသော ထိုတပည့်တို့သည် (မီးသင်္ဂြိုဟ်ရာ) ထင်းပုံကို ဝန်းရံကုန်ပြီးလျှင် ဦးထိပ်၌ လက်အုပ်ချီကုန်လျက် စိုးရိမ်ခြင်းငြောင့်ဖြင့် နှိပ်စက်အပ်ကုန်သည် ဖြစ်၍ငိုကြွေးမြည်တမ်းကြလေကုန်၏။
၁၃၇။ ‘‘တေသံ လာလပ္ပမာနာနံ, အဂမံ စိတကံ တဒါ၊
‘အဟံ အာစရိယော တုမှံ, မာ သောစိတ္ထ သုမေဓသာ။
၁၃၇။ ထိုအခါ ငါသည် ထိုတပည့်တို့ ငိုကြွေးမြည်တမ်းကုန်စဥ်ပင် (မီးသင်္ဂြိုဟ်ရာ) ထင်းပုံးသို့ သွားခဲ့၏၊ ငါသည် သင်တို့၏ ဆရာပေတည်း၊ ကောင်းသော ပညာရှိတပည့်တို့ (သင်တို့) မစိုးရိမ်ကြကုန်လင့်။
၁၃၈။ ‘‘‘သဒတ္ထေ ဝါယမေယျာထ, ရတ္တိန္ဒိဝမတန္ဒိတာ၊
မာ ဝေါ ပမတ္တာ အဟုတ္ထ [အဟုဝတ္ထ (သီ။)], ခဏော ဝေါ ပဋိပါဒိတော’။
၁၃၈။ သင်တို့သည် ညဥ့်နေ့ပတ်လုံး မပျင်းရိကုန်ဘဲ မိမိအကျိုး၌ အားထုတ်ကြကုန် လော့၊ သင်တို့သည် မေ့လျော့ခြင်း မဖြစ်ကြကုန်လင့်၊ သင်တို့အား အခွင့်ကောင်း အခါ ကောင်းသည်ပြီးပြည့်စုံလျက် ရှိ၏။
၁၃၉။ ‘‘သကေ သိဿေနုသာသိတွာ, ဒေဝလောကံ ပုနာဂမိံ၊
အဋ္ဌာရသ စ ကပ္ပါနိ, ဒေဝလောကေ ရမာမဟံ။
၁၃၉။ ငါသည် မိမိတပည့်တို့ကို ဆုံးမ၍ နတ်ပြည်သို့ ပြန်သွားခဲ့၏၊ ငါသည် တစ်ဆယ့်ရှစ်ကမ္ဘာပတ်လုံး နတ်ပြည်၌ ပျော်မွေ့ရ၏။
၁၄၀။ ‘‘သတာနံ ပဉ္စက္ခတ္တုဉ္စ, စက္ကဝတ္တီ အဟောသဟံ၊
အနေကသတက္ခတ္တုဉ္စ, ဒေဝရဇ္ဇမကာရယိံ။
၁၄၀။ ငါသည် အကြိမ်ငါးရာတိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်ခဲ့၏၊ အကြိမ်အရာမက နတ်မင်းအဖြစ်ကိုလည်း ပြုရ၏။
၁၄၁။ ‘‘အဝသေသေသု ကပ္ပေသု, ဝေါကိဏ္ဏော [ဝေါကိဏ္ဏံ (သီ။ သျာ။ က။)] သံသရိံ အဟံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဥပ္ပါဒဿ ဣဒံ ဖလံ [ပုလိနပူဇာယိဒံ ဖလံ (သီ။)]။
၁၄၁။ ငါသည် ကြွင်းသော ကမ္ဘာတို့၌ (လူ့ပြည်နတ်ပြည်) ရောပြွမ်းလျက် ကျင်လည်ရ ပေ၏၊ မကောင်းမှု ပြုသူတို့ လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် နိမိတ်ဖတ်ခြင်း (သဲပုံစေတီ တည်ထားခြင်း) ၏ အကျိုးပေတည်း။
၁၄၂။ ‘‘ယထာ ကောမုဒိကေ မာသေ, ဗဟူ ပုပ္ဖန္တိ ပါဒပါ၊
တထေဝါဟမ္ပိ သမယေ, ပုပ္ဖိတောမှိ မဟေသိနာ။
၁၄၂။ ကုမုဒြာကြာဖြူ ပွင့်ဆဲဖြစ်သော တန်ဆောင်မုန်းလ၌ များစွာကုန်သော သစ်ပင်တို့ သည်ပွင့်ကုန်သကဲ့သို့ ထို့အတူပင် ငါသည်လည်း မြတ်စွာဘုရားကြောင့် ပွင့်ချိန်တန်သော အခါ၌ ပွင့်ရပေ၏။
၁၄၃။ ‘‘ဝီရိယံ မေ ဓုရဓောရယှံ, ယောဂက္ခေမာဓိဝါဟနံ၊
နာဂေါဝ ဗန္ဓနံ ဆေတွာ, ဝိဟရာမိ အနာသဝေါ။
၁၄၃။ ငါ၏ လုံ့လဝီရိယသည် ဝန်ကို ဆောင်နိုင်၏၊ ယောဂကုန်ရာ နိဗ္ဗာန်သို့ ပို့ ဆောင်နိုင်၏၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ ငါသည် အာသဝ မရှိဘဲ နေရပေ၏။
၁၄၄။ ‘‘သတသဟဿိတော ကပ္ပေ, ယံ ဗုဒ္ဓမဘိကိတ္တယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ကိတ္တနာယ ဣဒံ ဖလံ။
၁၄၄။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ မြတ်စွာဘုရားကို ချီးကျူးခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဘုရားကို ချီးကျူးရခြင်း၏အကျိုးပေတည်း။
၁၄၅။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၁၄၅။ ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၁၄၆။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၁၄၆။ ငါ၏ လာခြင်းကား။ပ။ လိုက်နာပြုကျင့်အပ်ပါပြီ။
၁၄၇။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၁၄၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ သာသနာတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပုလိနုပ္ပါဒကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် ပုလိနုပ္ပါဒကတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ပုလိနုပ္ပါဒကော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
ပုလိနုပ္ပါဒကတ္ထေရဿာပဒါနံ သတ္တမံ။
၈။ တရဏိယတ္ထေရအပဒါန
၁၄၈။ ‘‘အတ္ထဒဿီ တု ဘဂဝါ, သယမ္ဘူ လောကနာယကော၊
ဝိနတာ နဒိယာ တီရံ [တီရေ (သျာ။ ပီ။ က။)], ဥပါဂစ္ဆိ တထာဂတော။
၈-တရဏိယတ္ထေရအပဒါန ၁၄၈။ အလိုလို ဖြစ်တော်မူ၍ လောက၏ ရှေ့သွား ဖြစ်တော်မူတတ်သော ‘ရှေးဘုရားတို့ ကဲ့သို့’ကောင်းစွာ ကြွလာတော်မူတတ်သော အတ္ထဒဿီမြတ်စွာဘုရားသည် ဝိနတာမြစ်ကမ်း သို့ချဥ်းကပ်တော်မူ၏။
၁၄၉။ ‘‘ဥဒကာ အဘိနိက္ခမ္မ, ကစ္ဆပေါ ဝါရိဂေါစရော၊
ဗုဒ္ဓံ တာရေတုကာမောဟံ, ဥပေသိံ လောကနာယကံ။
၁၄၉။ ငါသည် ရေ၌ ကျက်စားသော လိပ်ဖြစ်၍ ရေမှ ပေါ်ထွက်လျက် မြတ်စွာဘုရား ကိုကူးတို့ပို့လိုသောကြောင့် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ခဲ့၏။
၁၅၀။ ‘‘‘အဘိရူဟတု မံ ဗုဒ္ဓေါ, အတ္ထဒဿီ မဟာမုနိ၊
အဟံ တံ တာရယိဿာမိ, ဒုက္ခဿန္တကရော တုဝံ’။
၁၅၀။ အတ္ထဒဿီမြတ်စွာဘုရား မြတ်စွာဘုရားသည် တပည့်တော်ကို တက်စီးတော်မူပါ၊ တပည့်တော်သည် အရှင်ဘုရားကို ကူးတို့ပို့ပါအံ့၊ အရှင်ဘုရားသည် ဆင်းရဲခြင်း၏ အဆုံးကိုပြုတော်မူတတ်ပါပေ၏။
၁၅၁။ ‘‘မမ သင်္ကပ္ပမညာယ, အတ္ထဒဿီ မဟာယသော၊
အဘိရူဟိတွာ မေ ပိဋ္ဌိံ, အဋ္ဌာသိ လောကနာယကော။
၁၅၁။ များသော အခြံအရံ, အကျော်အစော ရှိတော်မူသော အတ္ထဒဿီမြတ်စွာဘုရားသည် ငါ၏စိတ်အကြံကို သိသဖြင့် ငါ၏ ကျောက်ကုန်းထက်သို့ တက်စီးလျက် ရပ်တည်တော်မူလေ၏။
၁၅၂။ ‘‘ယတော သရာမိ အတ္တာနံ, ယတော ပတ္တောသ္မိ ဝိညုတံ၊
သုခံ မေ တာဒိသံ နတ္ထိ, ဖုဋ္ဌေ ပါဒတလေ ယထာ။
၁၅၂။ အကြင်အခါမှ (စ၍) မိမိကိုယ်ကို အောက်မေ့နိုင်၏၊ အကြင်အခါမှ (စ၍) သိကြားလိမ္မာသည်၏အဖြစ်သို့ ရောက်၏၊ (မြတ်စွာဘုရား၏) ခြေတော်အပြင်သည် (ငါ၏ ကျောက်ကုန်း၌) တွေ့ထိသောအခါငါ့အား (ဖြစ်ပေါ်လာသော) ချမ်းသာနှင့် တူသော ချမ်းသာမျိုးသည် မရှိခဲ့ဘူးပေ။
၁၅၃။ ‘‘ဥတ္တရိတွာန သမ္ဗုဒ္ဓေါ, အတ္ထဒဿီ မဟာယသော၊
နဒီတီရမှိ ဌတွာန, ဣမာ ဂါထာ အဘာသထ။
၁၅၃။ များသော အခြံအရံ, အကျော်အစော ရှိတော်မူသော အတ္ထဒဿီမြတ်စွာဘုရား သည် ကူးမြောက်ပြီး၍ မြစ်ကမ်း၌ ရပ်တည်လျက် ဤဂါထာတို့ကို မိန့်တော်မူ၏ -
၁၅၄။ ‘‘‘ယာဝတာ ဝတ္တတေ စိတ္တံ, ဂင်္ဂါသောတံ တရာမဟံ၊
အယဉ္စ ကစ္ဆပေါ ရာဇာ, တာရေသိ မမ ပညဝါ။
၁၅၄။ ငါသည် ဂင်္ဂါမြစ်ရေအလျဥ်ကို ကူးအံ့ဟု အကြင်အခါ၌ (ငါ၏) စိတ်သည် ဖြစ်ပေါ် လေ၏၊ (ထိုအခါ ) ပညာရှိသော ဤလိပ်မင်းသည် ငါ့ကို ကူးတို့ပို့ပေး၏။
၁၅၅။ ‘‘‘ဣမိနာ ဗုဒ္ဓတရဏေန, မေတ္တစိတ္တဝတာယ စ၊
အဋ္ဌာရသေ ကပ္ပသတေ, ဒေဝလောကေ ရမိဿတိ။
၁၅၅။ ဤမြတ်စွာဘုရားကို ကူးတို့ပို့ခြင်းကြောင့်လည်းကောင်း၊ မေတ္တာစိတ်ရှိသည်၏အဖြစ်ကြောင့်လည်းကောင်း ကမ္ဘာတစ်ထောင့်ရှစ်ရာပတ်လုံး နတ်ပြည်၌ ပျော်မွေ့ရလတ္တံ့။
၁၅၆။ ‘‘‘ဒေဝလောကာ ဣဓာဂန္တွာ, သုက္ကမူလေန စောဒိတော၊
ဧကာသနေ နိသီဒိတွာ, ကင်္ခါသောတံ တရိဿတိ။
၁၅၆။ နတ်ပြည်မှ ဤလူ့ပြည်သို့ လာသည်ရှိသော် ဖြူစင်သော ကုသိုလ်ကံအကြောင်း ရင်းသည်တိုက်တွန်းနှိုးဆော်အပ်သည်ဖြစ်၍ တစ်ခုသော နေရာ၌ ထိုင်လျက် ယုံမှားခြင်း ရေအလျဥ်ကိုကူးမြောက်လတ္တံ့။
၁၅၇။ ‘‘‘ယထာပိ ဘဒ္ဒကေ ခေတ္တေ, ဗီဇံ အပ္ပမ္ပိ ရောပိတံ၊
သမ္မာဓာရေ ပဝစ္ဆန္တေ, ဖလံ တောသေတိ ကဿကံ [ကဿကေ (သျာ။)]။
၁၅၇။ ကောင်းသော လယ်၌ အနည်းငယ်သော မျိုးစေ့ကိုလည်း စိုက်ပျိုးအပ်သည် ရှိသော် အလျဥ်သည်းထန်စွာ မိုးရွာသောအခါ အသီးသည် လယ်သမားကို အားရနှစ်သိမ့်စေ သကဲ့သို့-
၁၅၈။ ‘‘‘တထေဝိဒံ ဗုဒ္ဓခေတ္တံ, သမ္မာသမ္ဗုဒ္ဓဒေသိတံ၊
သမ္မာဓာရေ ပဝစ္ဆန္တေ, ဖလံ မံ တောသယိဿတိ’။
၁၅၈။ ထို့အတူပင် ဤမြတ်စွာဘုရားပွင့်တော်မူရာခေတ်၌ မြတ်စွာဘုရား တရားဟောတော်မူသည်ရှိသော် အလျဥ်သည်းထန်စွာ သဒ္ဓါမိုးရွာသောအခါ အကျိုးသည် ငါ့ကို ကောင်းစွာအားရနှစ်သိမ့်စေလတ္တံ့။
၁၅၉။ ‘‘ပဓာနပဟိတတ္တောမှိ, ဥပသန္တော နိရူပဓိ၊
သဗ္ဗာသဝေ ပရိညာယ, ဝိဟရာမိ အနာသဝေါ။
၁၅၉။ ငါသည် ကမ္မဋ္ဌာန်း အားထုတ်ခြင်း၌ စိတ်ကို စေလွှတ်ထားသူ ဖြစ်၏၊ ကိလေသာ မီးငြိမ်းလျက်ဥပဓိမရှိသူ ဖြစ်ပေ၏၊ အာသဝအားလုံးတို့ကို ပိုင်းခြားသိသဖြင့် အာသဝ မရှိဘဲ နေရပေ၏။
၁၆၀။ ‘‘အဋ္ဌာရသေ ကပ္ပသတေ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, တရဏာယ ဣဒံ ဖလံ။
၁၆၀။ ကမ္ဘာတစ်ထောင့်ရှစ်ရာထက်၌ ကုသိုလ်ကံကို ပြုခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ ‘ဒုဂ္ဂတိ’ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ကူးတို့ပို့ရခြင်း၏ အကျိုးပေတည်း။
၁၆၁။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၁၆၁။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၁၆၂။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၁၆၂။ ငါ၏ လာခြင်းကား။ပ။ သာသနာတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၁၆၃။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၁၆၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ သာသနာတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်တရဏိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် တရဏိယတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ တရဏိယော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
တရဏိယတ္ထေရဿာပဒါနံ အဋ္ဌမံ။
၉။ ဓမ္မရုစိယတ္ထေရအပဒါန
၁၆၄။ ‘‘ယဒါ ဒီပင်္ကရော ဗုဒ္ဓေါ, သုမေဓံ ဗျာကရီ ဇိနော၊
‘အပရိမေယျေ ဣတော ကပ္ပေ, အယံ ဗုဒ္ဓေါ ဘဝိဿတိ။
၉-ဓမ္မရုစိယတ္ထေရအပဒါန ၁၆၄။ မာရ်ငါးပါးကို အောင်တော်မူသော ဒီပင်္ကရာမြတ်စွာဘုရားသည် သုမေဓာရသေ့ကို အကြင်အခါ၌ဗျာဒိတ်စကား မိန့်ကြားတော်မူ၏၊ (အဘယ်သို့ မိန့်ကြားတော်မူသနည်း)။ ဤ ကမ္ဘာမှမရေတွက်နိုင်သော လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ ဤရသေ့သည် ဘုရား ဖြစ်လတ္တံ့။
၁၆၅။ ‘‘‘ဣမဿ ဇနိကာ မာတာ, မာယာ နာမ ဘဝိဿတိ၊
ပိတာ သုဒ္ဓေါဒနော နာမ, အယံ ဟေဿတိ ဂေါတမော။
၁၆၅။ ဤရသေ့၏ မယ်တော်ရင်းသည် မာယာမည်သော မယ်တော် ဖြစ်လတ္တံ့၊ ဤ ရသေ့၏ခမည်းတော်သည် သုဒ္ဓေါဒနမည်သော ခမည်းတော် ဖြစ်လတ္တံ့၊ ဤရသေ့ကား ဂေါတမ (ဘုရား) ဖြစ်လတ္တံ့။
၁၆၆။ ‘‘‘ပဓာနံ ပဒဟိတွာန, ကတွာ ဒုက္ကရကာရိကံ၊
အဿတ္ထမူလေ သမ္ဗုဒ္ဓေါ, ဗုဇ္ဈိဿတိ မဟာယသော။
၁၆၆။ (ဤရသေ့သည်) ကမ္မဋ္ဌာန်းကို အားထုတ်၍ ပြုနိုင်ခဲသော အကျင့်ကို ပြုကျင့် လျက်ညောင်ဗုဒ္ဓဟေပင်ရင်း၌ များသော အခြံအရံအကျော်အစောရှိသော ဘုရားဖြစ်၍ ပွင့် တော်မူလတ္တံ့။
၁၆၇။ ‘‘‘ဥပတိဿော ကောလိတော စ, အဂ္ဂါ ဟေဿန္တိ သာဝကာ၊
အာနန္ဒော နာမ နာမေန [အာနန္ဒော နာမုပဋ္ဌာကော (သျာ။)], ဥပဋ္ဌိဿတိမံ ဇိနံ။
၁၆၇။ ဥပတိဿနှင့် ကောလိတတို့သည် အဂ္ဂသာကဝတို့ ဖြစ်ကုန်လတ္တံ့၊ အမည် အားဖြင့် အာနန္ဒာဟုထင်ရှားသော ရဟန်းသည် ဤမြတ်စွာဘုရားကို လုပ်ကျွေးလတ္တံ့။
၁၆၈။ ‘‘‘ခေမာ ဥပ္ပလဝဏ္ဏာ စ, အဂ္ဂါ ဟေဿန္တိ သာဝိကာ၊
စိတ္တော အာဠဝကော စေဝ, အဂ္ဂါ ဟေဿန္တုပါသကာ။
၁၆၈။ ခေမာသည်လည်းကောင်း၊ ဥပ္ပလဝဏ်သည်လည်းကောင်း မြတ်သော အဂ္ဂသာ ဝိကာမတို့ဖြစ်ကုန်လတ္တံ့။ စိတ္တသည်လည်းကောင်း၊ အာဠဝကသည်လည်းကောင်း မြတ် သော ဥပါသကာတို့ဖြစ်ကုန်လတ္တံ့။
၁၆၉။ ‘‘‘ခုဇ္ဇုတ္တရာ နန္ဒမာတာ, အဂ္ဂါ ဟေဿန္တုပါသိကာ၊
ဗောဓိ ဣမဿ ဝီရဿ, အဿတ္ထောတိ ပဝုစ္စတိ’။
၁၆၉။ ခုဇ္ဇုတ္တရာနှင့် နန္ဒမာတာသည် မြတ်သော ဥပါသိကာမတို့ ဖြစ်ကုန်လတ္တံ့၊ ရဲရင့် သောလုံ့လရှိသော ဤဂေါတမဘုရား၏ ဗောဓိပင်ကို ညောင်ဗုဒ္ဓဟေဟူ၍ ခေါ်ဆိုရလတ္တံ့။ (ဤသို့ဗျာဒိတ်စကား မိန့်ကြားတော်မူ၏။)
၁၇၀။ ‘‘ဣဒံ သုတွာန ဝစနံ, အသမဿ မဟေသိနော၊
အာမောဒိတာ နရမရူ, နမဿန္တိ ကတဉ္ဇလီ။
၁၇၀။ လူနတ်တို့သည် အတုမရှိသော မြတ်စွာဘုရား၏ ဤစကားကို ကြားရခြင်းကြောင့် လွန်စွာဝမ်းမြေောက်ကုန်သည်ဖြစ်၍ လက်အုပ်ချီလျက် ရှိခိုးကုန်၏။
၁၇၁။ ‘‘တဒါဟံ မာဏဝေါ အာသိံ, မေဃော နာမ သုသိက္ခိတော၊
သုတွာ ဗျာကရဏံ သေဋ္ဌံ, သုမေဓဿ မဟာမုနေ။
၁၇၁။ မြတ်စွာဘုရား အကျွန်ုပ်သည် ထိုအခါ ကောင်းစွာ သင်ကြားပြီးသော အတတ်ရှိ သောမေဃမည်သော လုလင်ဖြစ်ခဲ့ပါ၏၊ သုမေဓာရသေ့အား (မိန့်ကြားသော) ဗျာဒိတ်စကား မြတ်ကိုကြားရ၍ -
၁၇၂။ ‘‘သံဝိသဋ္ဌော ဘဝိတွာန, သုမေဓေ ကရုဏာသယေ [ကရုဏာလယေ (သျာ။)]၊
ပဗ္ဗဇန္တဉ္စ တံ ဝီရံ, သဟာဝ အနုပဗ္ဗဇိံ။
၁၇၂။ ကရုဏာ၏ တည်ရာဖြစ်သော သုမေဓာရသေ့၌ အလွန်အကျွမ်းဝင်သည်ဖြစ်၍ ရသေ့, ရဟန်းဖြစ်သော ထိုသုမေဓာရသေ့နောက်သို့ တကွပင် အတူလိုက်၍ ရဟန်းပြုခဲ့ပါ၏။
၁၇၃။ ‘‘သံဝုတော ပါတိမောက္ခသ္မိံ, ဣန္ဒြိယေသု စ ပဉ္စသု၊
သုဒ္ဓါဇီဝေါ သတော ဝီရော, ဇိနသာသနကာရကော။
၁၇၃။ အကျွန်ုပ်သည် ရသေ့, ရဟန်း ပြုပြီးလတ်သော် ပါတိမောက်သီလ၌လည်းကောင်း၊ ငါးပါးသောဣန္ဒြေတို့၌ လည်းကောင်း စောင့်စည်းခဲ့ပါ၏။ စင်ကြယ်သော အသက်မွေးခြင်း ရှိသူဖြစ်၍ သတိ, ဝီရိယနှင့် ပြည့်စုံလျက် မြတ်စွာဘုရား၏ အဆုံးအမကို လိုက်နာပြုကျင့်ခဲ့သူ ဖြစ်ပါ၏။
၁၇၄။ ‘‘ဧဝံ ဝိဟရမာနောဟံ, ပါပမိတ္တေန ကေနစိ၊
နိယောဇိတော အနာစာရေ, သုမဂ္ဂါ ပရိဓံသိတော။
၁၇၄။ အကျွန်ုပ်သည် ဤသို့ နေစဥ် တစ်စုံတစ်ယောက်သော ယုတ်မာသော မိတ်ဆွေ သည်မလျော်သော အကျင့်၌ တိုက်တွန်းအပ်သည်ဖြစ်၍ ကောင်းသော အကျင့်လမ်းမှ လျော ခဲ့ပါ၏။
၁၇၅။ ‘‘ဝိတက္ကဝသိကော ဟုတွာ, သာသနတော အပက္ကမိံ၊
ပစ္ဆာ တေန ကုမိတ္တေန, ပယုတ္တော မာတုဃာတနံ။
၁၇၅-၁၇၆။ (ယုတ်မာသော) အကြံအစည်၏ အလိုသို့ လိုက်သူ ဖြစ်လျက် သာသနာမှ ဖဲခွါခဲ့ရပါ၏၊ နောက်အခါ ထိုယုတ်မာသော မိတ်ဆွေသည်ပင် တိုက်တွန်းအပ်သည် ဖြစ်၍ အမိ သတ်မှုအနန္တရိယကံကိုလည်း ပြုမိခဲ့ပါ၏၊ (အကျွန်ုပ်သည်) ပြစ်မှားသော စိတ်ရှိလျက် (အမိကို) သတ်မိခဲ့ပါ၏၊ ထိုဘဝမှ စုတေလတ်သော် အလွန်ကြမ်းကြုတ်သော အဝီစိငရဲကြီးသို့ ရောက်ခဲ့ရပါ၏။
၁၇၆။ ‘‘အကရိံ အာနန္တရိယံ [အကရိံ နန္တရိယဉ္စ (သျာ။ က။)], ဃာတယိံ ဒုဋ္ဌမာနသော၊
တတော စုတော မဟာဝီစိံ, ဥပပန္နော သုဒါရုဏံ။
၁၇၇။ ‘‘ဝိနိပါတဂတော သန္တော, သံသရိံ ဒုက္ခိတော စိရံ၊
န ပုနော အဒ္ဒသံ ဝီရံ, သုမေဓံ နရပုင်္ဂဝံ။
၁၇၇။ အကျွန်ုပ်သည် ဖရိုဖရဲ ပျက်စီး၍ ကျရာ ငရဲသို့ ရောက်သည် ရှိသော် ကြာမြင့် စွာသောကာလပတ်လုံး ဆင်းဆင်းရဲရဲ ကျင်လည်ခဲ့ရပါ၏၊ လုံ့လရှိသော လူတို့၏ ရှေ့သွား ခေါင်းဆောင်ဖြစ်သောသုမေဓာရသေ့ကို တစ်ဖန် မတွေ့မြင်တော့ပါ။
၁၇၈။ ‘‘အသ္မိံ ကပ္ပေ သမုဒ္ဒမှိ, မစ္ဆော အာသိံ တိမိင်္ဂလော၊
ဒိသွာဟံ သာဂရေ နာဝံ, ဂေါစရတ္ထမုပါဂမိံ။
၁၇၈။ အကျွန်ုပ်သည် ဤကမ္ဘာတွင် သမုဒ္ဒရာ၌ တိမိင်္ဂလငါးကြီး ဖြစ်ခဲ့ပါ၏၊ သမုဒ္ဒရာ၌ လှေကို မြင်၍ကျက်စားခြင်း၏ အကျိုးငှါ (အစာရှာခြင်းငှါ) ချဥ်းကပ်ခဲ့ပါ၏။
၁၇၉။ ‘‘ဒိသွာ မံ ဝါဏိဇာ ဘီတာ, ဗုဒ္ဓသေဋ္ဌမနုဿရုံ၊
ဂေါတမောတိ မဟာဃောသံ, သုတွာ တေဟိ ဥဒီရိတံ။
၁၇၉။ ကုန်သည်တို့သည် အကျွန်ုပ်ကို မြင်သည်ရှိသော် ကြောက်ရွံ့ကုန်သည်ဖြစ်၍ ဘုရားမြတ်ကိုအဖန်ဖန် အောက်မေ့ကြပါကုန်၏၊ အကျွန်ုပ်သည် ထိုကုန်သည်တို့ မြွက်ဆို အပ်သော “ဂေါတမ”ဟူသောအသံကြီးကို ကြားရ၍ -
၁၈၀။ ‘‘ပုဗ္ဗသညံ သရိတွာန, တတော ကာလင်္ကတော အဟံ၊
သာဝတ္ထိယံ ကုလေ ဣဒ္ဓေ, ဇာတော ဗြာဟ္မဏဇာတိယံ။
၁၈၀။ ရှေး၌ ဖြစ်ဖူးသော အမှတ်သညာကို အောက်မေ့လျက် ထိုငါးဘဝမှ စုတေလတ် သော် သာဝတ္ထိမြို့ဝယ် ကြွယ်ဝသော အမျိုးဖြစ်သော ဗြာဟ္မဏဇာတ်၌ ဖြစ်ခဲ့ပါ၏။
၁၈၁။ ‘‘အာသိံ ဓမ္မရုစိ နာမ, သဗ္ဗပါပဇိဂုစ္ဆကော၊
ဒိသွာဟံ လောကပဇ္ဇောတံ, ဇာတိယာ သတ္တဝဿိကော။
၁၈၁။ အကျွန်ုပ်သည် အလုံးစုံသော အကုသိုလ်ကို စက်ဆုပ်တတ်သော ဓမ္မရုစိမည်သော သူ ဖြစ်ခဲ့ပါ၏၊ မွေးဖွားသည်မှ ခုနစ်နှစ်သားရှိလတ်သော် မြတ်စွာဘုရားကို ဖူးမြင်ရ သဖြင့် -
၁၈၂။ ‘‘မဟာဇေတဝနံ ဂန္တွာ, ပဗ္ဗဇိံ အနဂါရိယံ၊
ဥပေမိ ဗုဒ္ဓံ တိက္ခတ္တုံ, ရတ္တိယာ ဒိဝသဿ စ။
၁၈၂။ ဇေတဝန်ကျောင်းတော်သို့ သွား၍ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့ပါ၏၊ ညဥ့်၌ လည်းကောင်း၊ နေ့၌လည်းကောင်း သုံးကြိမ် မြတ်စွာဘုရားထံသို့ ချဥ်းကပ်ပါ၏။
၁၈၃။ ‘‘တဒါ ဒိသွာ မုနိ အာဟ, စိရံ ဓမ္မရုစီတိ မံ၊
တတောဟံ အဝစံ ဗုဒ္ဓံ, ပုဗ္ဗကမ္မပဘာဝိတံ။
၁၈၃။ ထိုအခါ မြတ်စွာဘုရားသည် အကျွန်ုပ်ကို မြင်၍ “ဓမ္မရုစိ ကြာမြင့်ပြီ”ဟု မိန့်ဆိုတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားအား ရှေးကံလျှင် အကြောင်းရင်းရှိသော စကားကို လျှောက်ထားပါ၏။
၁၈၄။ ‘‘သုစိရံ သတပုညလက္ခဏံ, ပတိပုဗ္ဗေန ဝိသုဒ္ဓပစ္စယံ၊
အဟမဇ္ဇသုပေက္ခနံ ဝတ, တဝ ပဿာမိ နိရုပမံ ဝိဂ္ဂဟံ [နိရူပမဂ္ဂဟံ (သီ။)]။
၁၈၄။ အရာ မကသော ဘုန်းကံလက္ခဏာ ရှိတော်မူသော ရှေးဘဝ၌ အထူးစင်ကြယ် သောအကြောင်းကံ ရှိတော်မူသော မြတ်စွာဘုရားကို (မဖူးမြင်ရသည်ကား) အလွန် ကြာမြင့် ပါပြီ၊ ယခုတပည့်တော်သည် အရှင်ဘုရား၏ မနှိုင်းယှဥ်နိုင်သော ကိုယ်တော်ကို ဖူးမြင်ရပါ၏၊ (ထိုဖူးမြင်ရခြင်းသည်) စင်စစ် ကောင်းသော ဖူးမြင်ရခြင်းပါတည်း။
၁၈၅။ ‘‘သုစိရံ ဝိဟတတ္တမော မယာ, သုစိရက္ခေန နဒီ ဝိသောသိတာ၊
သုစိရံ အမလံ ဝိသောဓိတံ, နယနံ ဉာဏမယံ မဟာမုနေ။
၁၈၅။ အကျွန်ုပ်သည် မောဟအမိုက်မှောင်ကို အလွန်ကြာမြင့်စွာ ဖျက်ဆီးခဲ့ရပါ၏၊ စင် ကြယ်စွာစောင့်ရှောက်အပ်သော သီလအကျင့်မြတ်ဖြင့် တဏှာမြစ်ကို ခြောက်သွေ့စေအပ်ပါပြီ၊ မြတ်စွာဘုရားအကျွန်ုပ်သည် ဉာဏ်ဖြင့် ပြီးသော မျက်လုံးကို အညစ်အကြေး မရှိအောင် အလွန်ကြာမြင့်စွာသုတ်သင်ခဲ့ရပါပြီ။
၁၈၆။ ‘‘စိရကာလသမင်္ဂိတော [စိရကာလံ သမာဂတော (ပီ။)] တယာ, အဝိနဋ္ဌော ပုနရန္တရံ စိရံ၊
ပုနရဇ္ဇသမာဂတော တယာ, န ဟိ နဿန္တိ ကတာနိ ဂေါတမ။
၁၈၆။ အကျွန်ုပ်သည် အရှင်ဘုရားနှင့် ကာလကြာမြင့်စွာ အတူတကွ ပေါင်းဆုံခဲ့ရပါ၏၊ တစ်ဖန်ဘဝအလယ်၌ ကြာမြင့်စွာသော ကာလပတ်လုံး ကွေကွင်းခဲ့ရပါ၏၊ ယခုတစ်ဖန် အရှင် ဘုရားနှင့်ပေါင်းဆုံရပြန်ပါ၏။ ဂေါတမမြတ်စွာဘုရား မှန်ပါ၏၊ ပြုအပ်သော ကံတို့သည် မပျောက်ပျက်ပါကုန်။
၁၈၇။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၁၈၇။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၁၈၈။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၁၈၈။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာကျင့်သုံးအပ်ပါပြီ။
၁၈၉။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၁၈၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဓမ္မရုစိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် ဓမ္မရုစိယတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ဓမ္မရုစိယော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
ဓမ္မရုစိယတ္ထေရဿာပဒါနံ နဝမံ။
၁၀။ သာလမဏ္ဍပိယတ္ထေရအပဒါန
၁၉၀။ ‘‘အဇ္ဈောဂါဟေတွာ သာလဝနံ, သုကတော အဿမော မမ၊
သာလပုပ္ဖေဟိ သဉ္ဆန္နော, ဝသာမိ ဝိပိနေ တဒါ။
၁၀-သာလမဏ္ဍပိယတ္ထေရအပဒါန ၁၉၀။ ငါသည် အင်ကြင်းတောသို့ သက်ဝင်၍ သင်္ခမ်းကျောင်းကို ကောင်းစွာ ဆောက် လုပ်ထား၏၊ (သင်္ခမ်းကျောင်းသည်) အင်ကြင်းပွင့်တို့ဖြင့် ကောင်းစွာဖုံးလွှမ်းလျက် ရှိ၏၊ ငါသည် ထိုအခါ တော၌နေ၏။
၁၉၁။ ‘‘ပိယဒဿီ စ ဘဂဝါ, သယမ္ဘူ အဂ္ဂပုဂ္ဂလော၊
ဝိဝေကကာမော သမ္ဗုဒ္ဓေါ, သာလဝနမုပါဂမိ။
၁၉၁။ အလိုလို ဖြစ်တော်မူသော အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်တော်မူသော သစ္စာလေးပါးကို ကိုယ်တိုင်သိတော်မူသော ပိယဒဿီမြတ်စွာဘုရားသည် လည်း တိတ်ဆိတ်ခြင်းကို အလိုရှိ တော်မူ၍အင်ကြင်းတောသို့ ကြွတော်မူလေ၏။
၁၉၂။ ‘‘အဿမာ အဘိနိက္ခမ္မ, ပဝနံ အဂမာသဟံ၊
မူလဖလံ ဂဝေသန္တော, အာဟိဏ္ဍာမိ ဝနေ တဒါ။
၁၉၂။ ငါသည် သင်္ခမ်းကျောင်းမှ ထွက်၍ တောသို့ ထွက်သွားခဲ့၏၊ ထိုအခါ ငါသည် သစ်မြစ်, သစ်သီးကို ရှာဖွေလျက် တော၌ လှည့်လည်၏။
၁၉၃။ ‘‘တတ္ထဒ္ဒသာသိံ သမ္ဗုဒ္ဓံ, ပိယဒဿိံ မဟာယသံ၊
သုနိသိန္နံ သမာပန္နံ, ဝိရောစန္တံ မဟာဝနေ။
၁၉၃။ ထိုတောကြီး၌ ကောင်းစွာ ထိုင်လျက် သမာပတ်ဝင်စားကာ တင့်တယ်တော်မူသော များသောအခြံအရံအကျော်အစော ရှိတော်မူသော ပိယဒဿီမြတ်စွာဘုရားကို ဖူးမြင်ရ၏။
၁၉၄။ ‘‘စတုဒဏ္ဍေ ဌပေတွာန, ဗုဒ္ဓဿ ဥပရီ အဟံ၊
မဏ္ဍပံ သုကတံ ကတွာ, သာလပုပ္ဖေဟိ ဆာဒယိံ။
၁၉၄။ ငါသည် မြတ်စွာဘုရားအထက်၌ တိုင်လေးတိုင်တို့ကို စိုက်ထား၍ မဏ္ဍပ်ကို ကောင်းစွာပြုလုပ်ပြီးလျှင် အင်ကြင်းပန်းတို့ဖြင့် ဖုံးလွှမ်းခဲ့၏။
၁၉၅။ ‘‘သတ္တာဟံ ဓာရယိတွာန, မဏ္ဍပံ သာလဆာဒိတံ၊
တတ္ထ စိတ္တံ ပသာဒေတွာ, ဗုဒ္ဓသေဋ္ဌမဝန္ဒဟံ။
၁၉၅။ ငါသည် ခုနစ်ရက်ပတ်လုံး အင်ကြင်းပန်းတို့ဖြင့် ဖုံးလွှမ်းအပ်သော မဏ္ဍပ်ကို ဆောင်းမိုးပြီးလျှင် ထိုမြတ်စွာဘုရား၌ စိတ်ကို ကြည်ညိုစေလျက် ဘုရားမြတ်ကို ရှိခိုးခဲ့၏။
၁၉၆။ ‘‘ဘဂဝါ တမှိ သမယေ, ဝုဋ္ဌဟိတွာ သမာဓိတော၊
ယုဂမတ္တံ ပေက္ခမာနော, နိသီဒိ ပုရိသုတ္တမော။
၁၉၆။ ထိုအခါ ယောကျာ်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် သမာပတ်မှ ထ၍ထမ်းပိုးတစ်ပြန်မျှကိုသာ ကြည့်ရှုလျက် ထိုင်နေတော်မူ၏။
၁၉၇။ ‘‘သာဝကော ဝရုဏော နာမ, ပိယဒဿိဿ သတ္ထုနော၊
ဝသီသတသဟဿေဟိ, ဥပဂစ္ဆိ ဝိနာယကံ။
၁၉၇။ ပိယဒဿီမြတ်စွာဘုရား၏ ဝရုဏမည်သော တပည့် ‘သာဝက’သည် ရဟန္တာ တစ်သိန်းတို့နှင့်အတူမြတ်စွာဘုရားထံသို့ ကြွလာ၏။
၁၉၈။ ‘‘ပိယဒဿီ စ ဘဂဝါ, လောကဇေဋ္ဌော နရာသဘော၊
ဘိက္ခုသံဃေ နိသီဒိတွာ, သိတံ ပါတုကရီ ဇိနော။
၁၉၈။ လောက၏ အကြီးအမှူးဖြစ်၍ လူတို့ထက် မြတ်တော်မူသော မာရ်ငါးပါးကို အောင်တော်မူသော ပိယဒဿီမြတ်စွာဘုရားသည် ရဟန်းသံဃာအလယ်၌ ထိုင်နေ၍ ပြုံးခြင်း ကို ထင်ရှားပြုတော်မူ၏။
၁၉၉။ ‘‘အနုရုဒ္ဓေါ ဥပဋ္ဌာကော, ပိယဒဿိဿ သတ္ထုနော၊
ဧကံသံ စီဝရံ ကတွာ, အပုစ္ဆိတ္ထ မဟာမုနိံ။
၁၉၉။ ပိယဒဿီမြတ်စွာဘုရား၏ အလုပ်အကျွေးဖြစ်သော အနုရုဒ္ဓါမထေရ်သည် ပခုံး တစ်ဖက်၌သင်္ကန်းစကို တင်၍ မြတ်စွာဘုရားကို မေးလျှောက်လေ၏ -
၂၀၀။ ‘‘‘ကော နု ခေါ ဘဂဝါ ဟေတု, သိတကမ္မဿ သတ္ထုနော၊
ကာရဏေ ဝိဇ္ဇမာနမှိ, သတ္ထာ ပါတုကရေ သိတံ’။
၂၀၀။ မြတ်စွာဘုရား မြတ်စွာဘုရား၏ (ပြုံးခြင်းကို ) ပြုတော်မူခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ မြတ်စွာဘုရားသည် အကြောင်းရှိသော် သာ ပြုံးခြင်းကို ထင်ရှားပြုတော်မူပါ၏ (ဟု မေးလျှောက်၏)။
၂၀၁။ ‘‘‘သတ္တာဟံ သာလစ္ဆဒနံ [ပုပ္ဖဆဒနံ (သီ။ သျာ။ ပီ။)], ယော မေ ဓာရေသိ မာဏဝေါ၊
တဿ ကမ္မံ သရိတွာန, သိတံ ပါတုကရိံ အဟံ။
၂၀၁။ အကြင်ပုဂ္ဂိုလ်သည် ငါ့အား အင်ကြင်းပန်းအမိုးကို ခုနစ်ရက်ပတ်လုံး ဆောင်းမိုး၏၊ ငါသည်ထိုပုဂ္ဂိုလ်၏ ကောင်းမှုကို အောက်မေ့၍ ပြုံးခြင်းကို ထင်စွာ ပြုတော်မူခဲ့၏။
၂၀၂။ ‘‘‘အနောကာသံ န ပဿာမိ, ယတ္ထ [ယံ တံ (သျာ။ ပီ။ က။)] ပုညံ ဝိပစ္စတိ၊
ဒေဝလောကေ မနုဿေ ဝါ, ဩကာသောဝ န သမ္မတိ။
၂၀၂။ ငါသည် အကျိုးပေးခွင့် မရှိသော ကုသိုလ်ကို မြင်တော် မမူ။ အကြင်ဘုံ၌ ကုသိုလ်ကို ရင့်ကျက်၏ (အကျိုးပေး၏)၊ ထိုကုသိုလ်၏ အကျိုးပေးခွင့်သည် နတ်ပြည်၌လည်းကောင်း၊ လူ့ပြည်၌လည်းကောင်း မဆန့်သည်သာတည်း။
၂၀၃။ ‘‘‘ဒေဝလောကေ ဝသန္တဿ, ပုညကမ္မသမင်္ဂိနော၊
ယာဝတာ ပရိသာ တဿ, သာလစ္ဆန္နာ ဘဝိဿတိ။
၂၀၃။ နတ်ပြည်၌ နေရသည်ရှိသော် ဘုန်းကံနှင့် ပြည့်စုံသော ပုဂ္ဂိုလ်အား ထိုသူ၏ ပရိသတ်ရှိသလောက်အင်ကြင်းပန်းတို့ဖြင့် ဖုံးလွှမ်းသည် ဖြစ်လတ္တံ့။
၂၀၄။ ‘‘‘တတ္ထ ဒိဗ္ဗေဟိ နစ္စေဟိ, ဂီတေဟိ ဝါဒိတေဟိ စ၊
ရမိဿတိ သဒါ သန္တော, ပုညကမ္မသမာဟိတော။
၂၀၄။ ထိုနတ်ပြည်၌ ကောင်းမှုကံနှင့် ပြည့်စုံသော သူတော်ကောင်းသည် နတ်၌ ဖြစ် ကုန်သောကခြင်းတို့ဖြင့်လည်းကောင်း၊ သီဆိုခြင်းတို့ဖြင့်လည်းကောင်း၊ တီးမှုတ်ခြင်းတို့ဖြင့့် လည်းကောင်းအခါခပ်သိမ်း ပျော်မွေ့ရလတ္တံ့။
၂၀၅။ ‘‘‘ယာဝတာ ပရိသာ တဿ, ဂန္ဓဂန္ဓီ ဘဝိဿတိ၊
သာလဿ ပုပ္ဖဝဿော စ, ပဝဿိဿတိ တာဝဒေ။
၂၀၅။ ထိုပုဂ္ဂိုလ်၏ ပရိသတ်ရှိသလောက် မွှေးကြိုင်သော ရနံ့သည် ဖြစ်လတ္တံ့၊ ထို အခိုက်အင်ကြင်းပန်းမိုးသည် ရွာလတ္တံ့။
၂၀၆။ ‘‘‘တတော စုတောယံ မနုဇော, မာနုသံ အာဂမိဿတိ၊
ဣဓာပိ သာလစ္ဆဒနံ, သဗ္ဗကာလံ ဓရိဿတိ [ဓရိယတိ (သီ။ ပီ။)]။
၂၀၆။ ဤသူသည် ဤနတ်ပြည်မှ စုတေလတ်သော် လူ့ပြည်သို့ ရောက်လတ္တံ့၊ ဤ လူ့ပြည်၌လည်းအင်ကြင်းပန်းအမိုးသည် (ထိုသူ့အား) အခါခပ်သိမ်း ဆောင်းမိုးလတ္တံ့။
၂၀၇။ ‘‘‘ဣဓ နစ္စဉ္စ ဂီတဉ္စ, သမ္မတာဠသမာဟိတံ၊
ပရိဝါရေဿန္တိ မံ နိစ္စံ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၂၀၇။ ဤလူ့ပြည်၌ မောင်း, ကြေးနင်း, ခွက်ခွင်းနှင့် တကွဖြစ်သော ကခြင်းသည်လည်းကောင်း၊ သီဆိုခြင်းသည်လည်းကောင်း ဤသူ့ကို အမြဲ ခြံရံကုန်လတ္တံ့။ ဤသို့ဖြစ်ရခြင်းသည် မြတ်စွာဘုရားကိုပူဇော်ရခြင်း၏ အကျိုးပေတည်း။
၂၀၈။ ‘‘‘ဥဂ္ဂစ္ဆန္တေ စ သူရိယေ, သာလဝဿံ ပဝဿတိ၊
ပုညကမ္မေန သံယုတ္တံ, ဝဿတေ သဗ္ဗကာလိကံ။
၂၀၈။ နေတက်သည်ရှိသော် အင်ကြင်းပန်းမိုးသည် ရွာလတ္တံ့၊ ကုသိုလ်ကံနှင့် ယှဥ်သည် ဖြစ်၍အခါခပ်သိမ်း ရွာ၏။
၂၀၉။ ‘‘‘အဋ္ဌာရသေ ကပ္ပသတေ, ဩက္ကာကကုလသမ္ဘဝေါ၊
ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။
၂၀၉။ ကမ္ဘာတစ်ထောင့်ရှစ်ရာထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမမည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။
၂၁၀။ ‘‘‘တဿ ဓမ္မေသု ဒါယာဒေါ, ဩရသော ဓမ္မနိမ္မိတော၊
သဗ္ဗာသဝေ ပရိညာယ, နိဗ္ဗာယိဿတိနာသဝေါ။
၂၁၀။ ထိုမြတ်စွာဘုရား၏ တရားသည် ဖန်ဆင်းအပ်သော တရားအမွေခံသား ဖြစ်၍ အလုံးစုံသောအာသဝေါတို့ကို ပိုင်းခြားသိပြီးလျှင် အာသဝမရှိဘဲ ပရိနိဗ္ဗာန်ပြုလတ္တံ့။
၂၁၁။ ‘‘‘ဓမ္မံ အဘိသမေန္တဿ, သာလစ္ဆန္နံ ဘဝိဿတိ၊
စိတကေ ဈာယမာနဿ, ဆဒနံ တတ္ထ ဟေဿတိ’။
၂၁၁။ တရားကို ထိုးထွင်းသိသော ထိုပုဂ္ဂိုလ်အား အင်ကြင်းပန်းအမိုးသည် ဖြစ်လတ္တံ့၊ မီးသင်္ဂြိုဟ်ရန်ထင်းပုံ၌ မီးသင်္ဂြိုဟ်စဥ် အင်ကြင်ပန်းအမိုးသည် ထိုပုဂ္ဂိုလ်အား မီးသင်္ဂြိုဟ်ရာ၌ ဖြစ်လတ္တံ့ (ဟုမိန့်တော်မူ၏)။
၂၁၂။ ‘‘ဝိပါကံ ကိတ္တယိတွာန, ပိယဒဿီ မဟာမုနိ၊
ပရိသာယ ဓမ္မံ ဒေသေသိ, တပ္ပေန္တော ဓမ္မဝုဋ္ဌိယာ။
၂၁၂။ ပိယဒဿီမြတ်စွာဘုရားသည် (ထိုကံ၏) အကျိုးကို မိန့်ကြား၍ တရားမိုးဖြင့် ရောင့်ရဲစေလျက် ပရိသတ်အား တရားကို ဟောတော်မူ၏။
၂၁၃။ ‘‘တိံသကပ္ပါနိ ဒေဝေသု, ဒေဝရဇ္ဇမကာရယိံ၊
သဋ္ဌိ စ သတ္တက္ခတ္တုဉ္စ, စက္ကဝတ္တီ အဟောသဟံ။
၂၁၃။ ငါသည် ကမ္ဘာသုံးဆယ်တို့ပတ်လုံး နတ်ပြည်တို့၌ နတ်မင်းအဖြစ်ကို ပြုခဲ့ရ၏၊ ခြောက်ဆယ့်ခုနစ်ကြိမ်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်ခဲ့၏။
၂၁၄။ ‘‘ဒေဝလောကာ ဣဓာဂန္တွာ, လဘာမိ ဝိပုလံ သုခံ၊
ဣဓာပိ သာလစ္ဆဒနံ, မဏ္ဍပဿ ဣဒံ ဖလံ။
၂၁၄။ နတ်ပြည်မှ ဤလူ့ပြည်သို့ ရောက်လာ၍ ပြန့်ပြောသော ချမ်းသာကို ရပေ၏၊ ဤလူ့ပြည်၌လည်းအင်ကြင်းပန်းအမိုးကို ရပေ၏။ ဤသို့ ဖြစ်ရခြင်းသည် မဏ္ဍပ်၏ အကျိုး ပေတည်း။
၂၁၅။ ‘‘အယံ ပစ္ဆိမကော မယှံ, စရိမော ဝတ္တတေ ဘဝေါ၊
ဣဓာပိ သာလစ္ဆဒနံ, ဟေဿတိ သဗ္ဗကာလိကံ။
၂၁၅။ ဤဘဝသည်ကား ငါ့အား နောက်ဆုံးဘဝဖြစ်ပေ၏၊ ဤနောက်ဆုံးဘဝ၌လည်း အင်ကြင်းပန်းအမိုးသည် အခါခပ်သိမ်း ဖြစ်လတ္တံ့။
၂၁၆။ ‘‘မဟာမုနိံ တောသယိတွာ, ဂေါတမံ သကျပုင်္ဂဝံ၊
ပတ္တောမှိ အစလံ ဌာနံ, ဟိတွာ ဇယပရာဇယံ။
၂၁၆။ သာကီဝင်မင်းသားတို့၏ ရှေ့သွားခေါင်းဆောင်ဖြစ်သော ဂေါတမမြတ်စွာဘုရားကိုအားရနှစ်သက်စေလျက် အောင်ခြင်း, ရှုံးခြင်း (အနိုင်, အရှုံး) ကို စွန့်ပယ်၍ တုန်လှုပ်ခြင်း မရှိ သောနိဗ္ဗာန်သို့ ရောက်ရပေ၏။
၂၁၇။ ‘‘အဋ္ဌာရသေ ကပ္ပသတေ, ယံ ဗုဒ္ဓမဘိပူဇယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၂၁၇။ ကမ္ဘာတစ်ထောင့်ရှစ်ရာထက်၌ မြတ်စွာဘုရားကို ပူဇော်ခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ‘ဒုဂ္ဂတိ’ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာ ဘုရားကို ပူဇော်ရခြင်း၏အကျိုးပေတည်း။
၂၁၈။ ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၂၁၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၂၁၉။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၂၁၉။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၂၂၀။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၂၂၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သာလမဏ္ဍပိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် သာလမဏ္ဍပိယထ္ထေရအပဒါန ပြီး၏။ လေးဆယ့်ကိုးခုမြောက် ပံသုကူလဝဂ် ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ သာလမဏ္ဍပိယော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
သာလမဏ္ဍပိယတ္ထေရဿာပဒါနံ ဒသမံ။
ပံသုကူလဝဂ္ဂေါ ဧကူနပညာသမော။
တဿုဒ္ဒါနံ-
ပံသုကူလံ ဗုဒ္ဓသညီ, ဘိသဒေါ ဉာဏကိတ္တကော၊
စန္ဒနီ ဓာတုပူဇီ စ, ပုလိနုပ္ပါဒကောပိ စ။
တရဏော ဓမ္မရုစိကော, သာလမဏ္ဍပိယော တထာ၊
သတာနိ ဒွေ ဟောန္တိ ဂါထာ, ဦနဝီသတိမေဝ စ။
၅၀။ ကိင်္ကဏိပုပ္ဖဝဂ္ဂ
၁။ တိကိင်္ကဏိပုပ္ဖိယတ္ထေရအပဒါန
၁။ ‘‘ကဏိကာရံဝ ဇောတန္တံ, နိသိန္နံ ပဗ္ဗတန္တရေ၊
အဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ, ဝိပဿိံ လောကနာယကံ။
၅၀-ကိင်္ကဏိပုပ္ဖဝဂ် ၁-တိကိင်္ကဏိပုပ္ဖိယတ္ထေရအပဒါန ၁။ ‘မဟာလှေကားပန်းကဲ့သို့’ တောက်ပလျက်ရှိသော ကိလေသာမြူ ကင်းတော်မူသော လောက၏ရှေ့သွား ဝိပဿီမြတ်စွာဘုရားကို တောင်ကြား၌ ထိုင်နေတော်မူစဥ် ငါသည် ဖူးမြင်ရ၏။
၂။ ‘‘တီဏိ ကိင်္ကဏိပုပ္ဖါနိ, ပဂ္ဂယှ အဘိရောပယိံ၊
သမ္ဗုဒ္ဓမဘိပူဇေတွာ, ဂစ္ဆာမိ ဒက္ခိဏာမုခေါ။
၂။ ငါသည် ဆည်းလည်းပန်း သုံးပွင့်တို့ကို ယူ၍ တင်လှူပူဇော်ခဲ့၏၊ မြတ်စွာဘုရားကို ပူဇော်ပြီးလျှင် တောင်အရပ်သို့ ရှေးရှု (မျက်နှာမူ) လျက် သွား၏။
၃။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၃။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။
၄။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ဗုဒ္ဓမဘိပူဇယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ မြတ်စွာဘုရားကို ပူဇော်ခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားကို ပူဇော်ရခြင်း၏အကျိုးပေတည်း။
၅။ ‘‘ကိလေသာ ဈာပိတာ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ၊
နာဂေါဝ ဗန္ဓနံ ဆေတွာ, ဝိဟရာမိ အနာသဝေါ။
၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ အာသဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ ငါသည် အာသဝမရှိဘဲနေရ၏။
၆။ ‘‘သွာဂတံ ဝတ မေ အာသိ, မမ ဗုဒ္ဓဿ သန္တိကေ၊
တိဿော ဝိဇ္ဇာ အနုပ္ပတ္တာ, ကတံ ဗုဒ္ဓဿ သာသနံ။
၆။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာ ဘုရားအထံတော်၌ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၇။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကို လည်းကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကို လည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်တိကိင်္ကဏိပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော တိကိင်္ကဏိပုပ္ဖိယတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ တိကိင်္ကဏိပုပ္ဖိယော ထေရော ဣမာ
ဂါထာယော အဘာသိတ္ထာတိ။
တိကိင်္ကဏိပုပ္ဖိယတ္ထေရဿာပဒါနံ ပဌမံ။
၂။ ပံသုကူလပူဇကတ္ထေရအပဒါန
၈။ ‘‘ဟိမဝန္တဿာဝိဒူရေ, ဥဒင်္ဂဏော နာမ ပဗ္ဗတော၊
တတ္ထဒ္ဒသံ ပံသုကူလံ, ဒုမဂ္ဂမှိ ဝိလမ္ဗိတံ။
၂-ပံသုကူလပူဇကတ္ထေရအပဒါန ၈။ ဟိမဝန္တာတောင်၏ အနီး၌ ဥဒင်္ဂဏမည်သော တောင်သည် ရှိ၏၊ ထိုတောင်၌ သစ်ပင်ဖျားဝယ်တွဲရရွဲ ဆွဲထားသော ပံ့သကူသင်္ကန်းကို တွေ့မြင်ရ၏။
၉။ ‘‘တီဏိ ကိင်္ကဏိပုပ္ဖါနိ, ဩစိနိတွာနဟံ တဒါ၊
ဟဋ္ဌော ဟဋ္ဌေန စိတ္တေန, ပံသုကူလမပူဇယိံ။
၉။ ထိုအခါ ငါသည် ဆည်းလည်းပန်း သုံးပွင့်တို့ကို ဆွတ်ခူး၍ ရွှင်လန်းသည် ဖြစ်၍ ရွှင်လန်းသောစိတ်ဖြင့် ပံ့သကူသင်္ကန်းကို ပူဇော်ခဲ့၏။
၁၀။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၁၀။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက် ခဲ့၏။
၁၁။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ပူဇိတွာ အရဟဒ္ဓဇံ။
၁၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ငါသည် ပူဇော်မှုကို ပြုခဲ့ရသော အခါမှစ၍ရဟန္တာပုဂ္ဂိုလ်တို့၏ တံခွန်သဖွယ် ဖြစ်သော သင်္ကန်းကို ပူဇော်ခြင်းကြောင့် မကောင်းမှု ပြုသူတို့လားရာ‘ဒုဂ္ဂတိ’ဘဝကို မသိစဖူးပေ။
၁၂။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၁၂။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၁၃။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၁၃။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၁၄။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၁၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပံသုကူလပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် ပံသုကူလပူဇကတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ပံသုကူလပူဇကော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
ပံသုကူလပူဇကတ္ထေရဿာပဒါနံ ဒုတိယံ။
၃။ ကောရဏ္ဍပုပ္ဖိယတ္ထေရအပဒါန
၁၅။ ‘‘ဝနကမ္မိကော ပုရေ အာသိံ, ပိတုမာတုမတေနဟံ [ပိတုပေတာမဟေနဟံ (သီ။ သျာ။ ပီ။)]၊
ပသုမာရေန ဇီဝါမိ, ကုသလံ မေ န ဝိဇ္ဇတိ။
၃-ကောရဏ္ဍပုပ္ဖိယတ္ထေရအပဒါန ၁၅။ ရှေးအခါ ငါသည် အဖ အမိ (မိဘ) ကွယ်လွန်သဖြင့် တော၌အမှုလုပ်သူ ဖြစ်ခဲ့၏၊ သားကောင်ကိုသတ်ခြင်းဖြင့် အသက်မွေးရပေ၏၊ (ထို့ကြောင့်) ငါ့အား ကုသိုလ်သည် မရှိပေ။
၁၆။ ‘‘မမ အာသယသာမန္တာ, တိဿော လောကဂ္ဂနာယကော၊
ပဒါနိ တီဏိ ဒဿေသိ, အနုကမ္ပာယ စက္ခုမာ။
၁၆။ လောကထက် မြတ်သော နိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သော တိဿမြတ်စွာ ဘုရားသည် အစဥ်သနားတော်မူသဖြင့် ငါ၏ နေရာ အနီး၌ ခြေတော်ရာ သုံးဆူတို့ကို ပြတော်မူ၏။
၁၇။ ‘‘အက္ကန္တေ စ ပဒေ ဒိသွာ, တိဿနာမဿ သတ္ထုနော၊
ဟဋ္ဌော ဟဋ္ဌေန စိတ္တေန, ပဒေ စိတ္တံ ပသာဒယိံ။
၁၇။ တိဿမည်သော မြတ်စွာဘုရား၏ နင်းကြွသော ခြေတော်ရာတို့ကို ဖူးမြင်ရ၍ ရွှင်လန်းသောငါသည် ရွှင်ပျသော စိတ်ဖြင့် ခြေတော်ရာ၌ စိတ်ကို ကြည်လင်စေခဲ့၏။
၁၈။ ‘‘ကောရဏ္ဍံ ပုပ္ဖိတံ ဒိသွာ, ပါဒပံ ဓရဏီရုဟံ၊
သကောသကံ ဂဟေတွာန, ပဒသေဋ္ဌမပူဇယိံ [ပဒသေဋ္ဌေ အပူဇယိံ (သီ။ ပီ။)]။
၁၈။ မြေ၌ ပေါက်သော ပွင့်နေသော လိပ်ဆူးရွှေပင်ကို မြင်၍ အခိုင်နှင့် တကွ ဆွတ်ယူ၍ခြေတော်ရာမြတ်ကို ပူဇော်ခဲ့၏။
၁၉။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၁၉။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက် ခဲ့၏။
၂၀။ ‘‘ယံ ယံ ယောနုပပဇ္ဇာမိ, ဒေဝတ္တံ အထ မာနုသံ၊
ကောရဏ္ဍကဆဝိ ဟောမိ, သုပ္ပဘာသော [သပဘာသော (သီ။ သျာ။ ပီ။ က။)] ဘဝါမဟံ။
၂၀။ ကပ်ရောက်ရတိုင်းသော လူ့အဖြစ်နတ်အဖြစ်ဟူသမျှတို့၌ ငါသည် ‘လိပ်ဆူးရွှေကဲ့ သို့’ အရေရှိသူဖြစ်၏၊ ကောင်းသော အရောင်အဆင်း ရှိသူလည်း ဖြစ်၏။
၂၁။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ပဒပူဇာယိဒံ ဖလံ။
၂၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ပူဇော်မှုကို ပြုခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ခြေတော် ရာကို ပူဇော်ရခြင်း၏အကျိုးပေတည်း။
၂၂။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၂၂။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၂၃။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၂၃။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၂၄။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၂၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ကောရဏ္ဍပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် ကောရဏ္ဍပုပ္ဖိယတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ကောရဏ္ဍပုပ္ဖိယော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
ကောရဏ္ဍပုပ္ဖိယတ္ထေရဿာပဒါနံ တတိယံ။
၄။ ကိံသုကပုပ္ဖိယတ္ထေရအပဒါန
၂၅။ ‘‘ကိံသုကံ ပုပ္ဖိတံ ဒိသွာ, ပဂ္ဂဟေတွာန အဉ္ဇလိံ၊
ဗုဒ္ဓသေဋ္ဌံ သရိတွာန, အာကာသေ အဘိပူဇယိံ။
၄-ကိံသုကပုပ္ဖိယတ္ထေရအပဒါန ၂၅။ ပွင့်နေသော ပေါက်ပွင့်ကို မြင်၍ လက်အုပ်ချီပြီးလျှင် ဘုရားမြတ်ကို အောက်မေ့ လျက်ကောင်းကင်၌ ပူဇော်ခဲ့၏။
၂၆။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၂၆။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။
၂၇။ ‘‘ဧကတိံသေ ဣတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၂၇။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပူဇော်မှုကို ပြုခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာ ဘုရားကို ပူဇော်ရခြင်း၏အကျိုးပေတည်း။
၂၈။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၂၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၂၉။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၂၉။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၃၀။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၃၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ကိံသုကပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် ကိံသုကပုပ္ဖိယတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ကိံသုကပုပ္ဖိယော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
ကိံသုကပုပ္ဖိယတ္ထေရဿာပဒါနံ စတုတ္ထံ။
၅။ ဥပဍ္ဎဒုဿဒါယကတ္ထေရအပဒါန
၃၁။ ‘‘ပဒုမုတ္တရဘဂဝတော, သုဇာတော နာမ သာဝကော၊
ပံသုကူလံ ဂဝေသန္တော, သင်္ကာရေ စရတေ [စရတီ (သီ။ က။)] တဒါ။
၅-ဥပဋ္ဌဒုဿဒါယကတ္ထေရအပဒါန ၃၁။ ထိုအခါ ပဒုမုတ္တရမြတ်စွာဘုရား၏ သုဇာတမည်သော တပည့် ‘သာဝက’ သည် ပံ့သကူသင်္ကန်းကိုရှာဖွေလျက် တံမြက်ချေးစွန့်ရာ အရပ်၌ လှည့်လည်လျက် ရှိ၏။
၃၂။ ‘‘နဂရေ ဟံသဝတိယာ, ပရေသံ ဘတကော အဟံ၊
ဥပဍ္ဎဒုဿံ ဒတွာန, သိရသာ အဘိဝါဒယိံ။
၃၂။ ထိုအခါ ငါသည် ဟံသာဝတီမြို့၌ သူတစ်ပါးတို့၏ အခစား ဖြစ်၍ ပုဆိုးတစ်ပိုင်းကို လှူ၍ဦးခေါင်းဖြင့် ရှိခိုးခဲ့၏။
၃၃။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၃၃။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက် ခဲ့၏။
၃၄။ ‘‘တေတ္တိံသက္ခတ္တုံ ဒေဝိန္ဒော, ဒေဝရဇ္ဇမကာရယိံ၊
သတ္တသတ္တတိက္ခတ္တုဉ္စ, စက္ကဝတ္တီ အဟောသဟံ။
၃၄။ သုံးဆယ့်သုံးကြိမ်တိုင်တိုင် နတ်တို့ကို အစိုးရသည် ဖြစ်၍ သိကြားနတ်မင်းအဖြစ်ကို ပြုရ၏၊ ငါသည် ခုနစ်ဆယ့်ခုနစ်ကြိမ်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်ရ၏။
၃၅။ ‘‘ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ၊
ဥပဍ္ဎဒုဿဒါနေန, မောဒါမိ အကုတောဘယော။
၃၅။ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်၊ ပုဆိုးပိုင်းကိုပေးလှူရခြင်းကြောင့် တစ်စုံတစ်ခုသော အရပ်မှ ဘေးမရှိသည်ဖြစ်၍ ဝမ်းမြောက် ရပေ၏။
၃၆။ ‘‘ဣစ္ဆမာနော စဟံ အဇ္ဇ, သကာနနံ သပဗ္ဗတံ၊
ခေါမဒုဿေဟိ ဆာဒေယျံ, အဍ္ဎဒုဿဿိဒံ ဖလံ။
၃၆။ ငါသည် ယခု အလိုရှိလတ်သော် တော, တောင်နှင့် တကွသော အရပ်ကို မျက်နှာရှိ သမျှကိုခေါမပုဆိုးတို့ဖြင့် ဖုံးလွှမ်းနိုင်ပေ၏။ ဤသို့ ဖြစ်ရခြင်းသည် ပုဆိုးတစ်ပိုင်း လှူရ ခြင်း၏အကျိုးပေတည်း။
၃၇။ ‘‘သတသဟဿိတော ကပ္ပေ, ယံ ဒါနမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, အဍ္ဎဒုဿဿိဒံ ဖလံ။
၃၇။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ပုဆိုးအလှူကို လှူခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပုဆိုး တစ်ပိုင်း လှူရခြင်း၏အကျိုးပေတည်း။
၃၈။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၃၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၃၉။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၃၉။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၄၀။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၄၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဥပဋ္ဌဒုဿဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် ဥပဋ္ဌဒုဿဒါယကတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ဥပဍ္ဎဒုဿဒါယကော ထေရော ဣမာ
ဂါထာယော အဘာသိတ္ထာတိ။
ဥပဍ္ဎဒုဿဒါယကတ္ထေရဿာပဒါနံ ပဉ္စမံ။
၆။ ဃတမဏ္ဍဒါယကတ္ထေရအပဒါန
၄၁။ ‘‘သုစိန္တိတံ ဘဂဝန္တံ, လောကဇေဋ္ဌံ နရာသဘံ၊
ဥပဝိဋ္ဌံ မဟာရညံ, ဝါတာဗာဓေန ပီဠိတံ။
၆-ဃတမဏ္ဍဒါယကတ္ထေရအပဒါန ၄၁။ လောက၏ အကြီးအမှူး ဖြစ်တော်မူသော လူတို့ထက် မြတ်တော်မူသော သုစိန္တိတ မည်သော ပစ္စေကဗုဒ္ဓါကို တောကြီးသို့ ဝင်တော်မူလျက် လေနာဖြင့် နှိပ်စက်ခံနေရသည်ကို -
၄၂။ ‘‘ဒိသွာ စိတ္တံ ပသာဒေတွာ, ဃတမဏ္ဍမုပါနယိံ၊
ကတတ္တာ အာစိတတ္တာ [ဥပစိတတ္တာ (သျာ။ က။)] စ, ဂင်္ဂါ ဘာဂီရထီ အယံ။
၄၂။ ဖူးမြင်ရ၍ စိတ်ကို ကြည်လင်စေလျက် ထောပတ်ကြည်ကို ကပ်လှူခဲ့၏၊ ပြုအပ်, ဆည်းပူးအပ်သော ကံကြောင့် ဤဘာဂီရထီဂင်္ဂါမြစ်သည်လည်းကောင်း၊ -
၄၃။ ‘‘မဟာသမုဒ္ဒါ စတ္တာရော, ဃတံ သမ္ပဇ္ဇရေ မမ၊
အယဉ္စ ပထဝီ ဃောရာ, အပ္ပမာဏာ အသင်္ခိယာ။
၄၃။ သမုဒ္ဒရာကြီးလေးစင်းတို့သည်လည်းကောင်း ငါ့အား ထောပတ် ဖြစ်ကုန်၏။ မနှိုင်း ယှဥ်နိုင်, မရေတွက်နိုင်သော ကြမ်းတမ်းသော ဤမြေကြီးသည်လည်း -
၄၄။ ‘‘မမ သင်္ကပ္ပမညာယ, ဘဝတေ မဓုသက္ကရာ [မဓုသက္ခရာ (သျာ။ က။)]၊
စာတုဒ္ဒီပါ ဣမေ ရုက္ခာ, ပါဒပါ ဓရဏီရုဟာ။
၄၄။ ငါ၏ စိတ်အကြံကို သိ၍ ပျားသကာ ဖြစ်၏၊ အခြေဖြင့် ရေကိုသောက်လျက် မြေ၌ပေါက်ကုန်သော လေးကျွန်းလုံးရှိ ဤသစ်ပင်တို့သည် -
၄၅။ ‘‘မမ သင်္ကပ္ပမညာယ, ကပ္ပရုက္ခာ ဘဝန္တိ တေ၊
ပညာသက္ခတ္တုံ ဒေဝိန္ဒော, ဒေဝရဇ္ဇမကာရယိံ။
၄၅။ ငါ၏ စိတ်အကြံကို သိကုန်၍ ပဒေသာပင်တို့ ဖြစ်ကုန်၏၊ ငါသည် အကြိမ်ငါးဆယ် တိုင်တိုင်နတ်တို့ကို အစိုးရသူဖြစ်၍ သိကြားမင်းအဖြစ်ကို ပြုခဲ့ရ၏။
၄၆။ ‘‘ဧကပညာသက္ခတ္တုဉ္စ, စက္ကဝတ္တီ အဟောသဟံ၊
ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ။
၄၆။ ငါးဆယ့်တစ်ကြိမ်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်ခဲ့၏၊ ပြန့်ပြောသော ပဒေသရာဇ်မင်း အဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်။
၄၇။ ‘‘စတုန္နဝုတိတော [ဆနဝုတေ ဣတော (သီ။)] ကပ္ပေ, ယံ ဒါနမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဃတမဏ္ဍဿိဒံ ဖလံ။
၄၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ အလှူကို လှူခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ထောပတ်ကြည် (လှူရခြင်း) ၏အကျိုးပေတည်း။
၄၈။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၄၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၄၉။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၄၉။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၅၀။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၅၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဃတမဏ္ဍဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် ဃတမဏ္ဍဒါယကတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ဃတမဏ္ဍဒါယကော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
ဃတမဏ္ဍဒါယကတ္ထေရဿာပဒါနံ ဆဋ္ဌံ။
၇။ ဥဒကဒါယကတ္ထေရအပဒါန
၅၁။ ‘‘ပဒုမုတ္တရဗုဒ္ဓဿ, ဘိက္ခုသံဃေ အနုတ္တရေ၊
ပသန္နစိတ္တော သုမနော, ပါနီဃဋမပူရယိံ။
၇-ဥဒကဒါယကတ္ထေရအပဒါန ၅၁။ ပဒုမုတ္တရမြတ်စွာဘုရား၏ အမြတ်ဆုံးဖြစ်သော ရဟန်းသံဃာ၌ ကြည်ညိုဝမ်းမြောက် သောစိတ်ရှိသည်ဖြစ်၍ သောက်ရေအိုးကို ပြည့်စေခဲ့၏။
၅၂။ ‘‘ပဗ္ဗတဂ္ဂေ ဒုမဂ္ဂေ ဝါ, အာကာသေ ဝါထ ဘူမိယံ၊
ယဒါ ပါနီယမိစ္ဆာမိ, ခိပ္ပံ နိဗ္ဗတ္တတေ မမ။
၅၂။ တောင်ထိပ်၌လည်းကောင်း၊ သစ်ပင်ဖျား၌လည်းကောင်း၊ ကောင်းကင်၌လည်းကောင်း၊ သို့မဟုတ်မြေပြင်၌လည်းကောင်း သောက်ရေကို အလိုရှိ၏။ ထိုအခါ (ရေသည်) ငါ့အား လျင်မြန်စွာ ဖြစ်လေ၏။
၅၃။ ‘‘သတသဟဿိတော ကပ္ပေ, ယံ ဒါနမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဒကဒါနဿိဒံ ဖလံ။
၅၃။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ အလှူကို လှူခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ရေလှူရ ခြင်း၏ အကျိုးပေတည်း။
၅၄။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၅၄။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၅၅။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၅၅။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၅၆။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၅၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဥဒကဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် ဥဒကဒါယကတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ဥဒကဒါယကော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
ဥဒကဒါယကတ္ထေရဿာပဒါနံ သတ္တမံ။
၈။ ပုလိနထူပိယတ္ထေရအပဒါန
၅၇။ ‘‘ဟိမဝန္တဿာဝိဒူရေ, ယမကော နာမ ပဗ္ဗတော၊
အဿမော သုကတော မယှံ, ပဏ္ဏသာလာ သုမာပိတာ။
၈-ပုလိနထူပိယတ္ထေရအပဒါန ၅၇။ ဟိမဝန္တာ၏ အနီး၌ ယမကမည်သော တောင်သည် ရှိ၏၊ ထိုတောင်၌ ငါသည် သင်္ခမ်းကျောင်းကိုကောင်းစွာ ဆောက်လုပ်ထား၏၊ သစ်ရွက်မိုးကျောင်းကို ကောင်းစွာ ဖန်ဆင်းထား၏။
၅၈။ ‘‘နာရဒေါ နာမ နာမေန, ဇဋိလော ဥဂ္ဂတာပနော၊
စတုဒ္ဒသသဟဿာနိ, သိဿာ ပရိစရန္တိ မံ။
၅၈။ ငါသည် အမည်အားဖြင့် “နာရဒ”ဟု ထင်ရှားသော ထက်သော တန်ခိုးရှိသော ရသေ့ဖြစ်၏၊ တစ်သောင်းလေးထောင်ကုန်သော တပည့်တို့သည် ငါ့ကို ခြံရံ, လုပ်ကျွေးကုန်၏။
၅၉။ ‘‘ပဋိသလ္လီနကော သန္တော, ဧဝံ စိန္တေသဟံ တဒါ၊
‘သဗ္ဗော ဇနော မံ ပူဇေတိ, နာဟံ ပူဇေမိ ကိဉ္စနံ။
၅၉။ ထိုအခါ ငါသည် တစ်ယောက်တည်း ကိန်းအောင်းလျက် ဤသို့ ကြံစည်ခဲ့၏၊ အလုံးစုံသောလူအပေါင်းတို့သည် ငါ့ကို ပူဇော်ပေ၏၊ ငါသည်ကား တစ်စုံတစ်ယောက်ကိုမျှ မပူဇော်ရချေ။
၆၀။ ‘‘‘န မေ ဩဝါဒကော အတ္ထိ, ဝတ္တာ ကောစိ န ဝိဇ္ဇတိ၊
အနာစရိယုပဇ္ဈာယော, ဝနေ ဝါသံ ဥပေမဟံ။
၆၀။ ငါ့အား ဆုံးမတတ်သော တစ်စုံတစ်ယောက်သော သူသည် မရှိ၊ ပြောဆိုတတ်သောတစ်စုံတစ်ယောက်သော သူသည် မရှိ၊ ငါသည် ဆရာဥပဇ္ဈာယ် မရှိဘဲ တော၌ နေရ၏၊
၆၁။ ‘‘‘ဥပါသမာနော ယမဟံ, ဂရုစိတ္တံ ဥပဋ္ဌဟေ၊
သော မေ အာစရိယော နတ္ထိ, ဝနဝါသော နိရတ္ထကော။
၆၁။ ငါသည် အကြင်ဆရာကို ဆည်းကပ်လျက် အလေးပြုသော စိတ်ကို ဖြစ်စေရာ၏၊ ထိုဆရာသည်ငါ့အား မရှိ၊ တော၌ နေခြင်းသည် (ငါ့အား) အကျိုးမရှိချေ။
၆၂။ ‘‘‘အာယာဂံ မေ ဂဝေသိဿံ, ဂရုံ ဘာဝနိယံ တထာ၊
သာဝဿယော ဝသိဿာမိ, န ကောစိ ဂရဟိဿတိ’။
၆၂။ ငါသည် အလေးပြုထိုက် မြတ်နိုးထိုက် ပူဇော်ထိုက်သော ဆရာကို ရှာဖွေအံ့၊ မှီခိုရာရှိလျက်သာလျှင် နေတော့အံ့၊ (ဤသို့ နေသည်ရှိသော်) တစ်စုံတစ်ယောက်သောသူသည် (ငါ့အား) မကဲ့ရဲ့လတ္တံ့။
၆၃။ ‘‘ဥတ္တာနကူလာ နဒိကာ, သုပတိတ္ထာ မနောရမာ၊
သံသုဒ္ဓပုလိနာကိဏ္ဏာ, အဝိဒူရေ မမဿမံ။
၆၃။ ငါ၏ သင်္ခမ်းကျောင်းအနီး၌ မြစ်ငယ်သည် တိမ်သော ကမ်းရှိ၏၊ ကောင်းသော ရေဆိပ်ရှိ၏၊ စိတ်နှလုံးမွေ့လျော်ဖွယ်ရှိ၏၊ ကောင်းစွာ စင်ကြယ်သော သဲဖြင့် ရောပြွမ်းလျက် ရှိ၏။
၆၄။ ‘‘နဒိံ အမရိကံ နာမ, ဥပဂန္တွာနဟံ တဒါ၊
သံဝဍ္ဎယိတွာ ပုလိနံ, အကံ ပုလိနစေတိယံ။
၆၄။ ထိုအခါ ငါသည် အမရိကမည်သော မြစ်သို့ ချဥ်းကပ်၍ သဲကို ကြီးပွါးစေ (ပေါင်းစု) လျက်သဲပုံစေတီကို ပြုခဲ့၏။
၆၅။ ‘‘ယေ တေ အဟေသုံ သမ္ဗုဒ္ဓါ, ဘဝန္တကရဏာ မုနီ၊
တေသံ ဧတာဒိသော ထူပေါ, တံ နိမိတ္တံ ကရောမဟံ။
၆၅။ ဘဝအဆုံးကို ပြုတော်မူတတ်ကုန်သော ရဟန်းမြတ် ဖြစ်တော်မူကုန်သော အကြင်မြတ်စွာဘုရားတို့သည် ပွင့်တော်မူခဲ့ကြကုန်၏၊ ထိုမြတ်စွာဘုရားတို့၏ စေတီပုထိုးသည် ဤ သို့သဘောရှိပေ၏၊ ငါသည် ထိုစေတီပုထိုးဟူသော အမှတ်နိမိတ်ကို ပြု၏။
၆၆။ ‘‘ကရိတွာ ပုလိနံ [ပုဠိနေ (သီ။ သျာ။ ပီ။)] ထူပံ, သောဝဏ္ဏံ မာပယိံ အဟံ၊
သောဏ္ဏကိင်္ကဏိပုပ္ဖါနိ, သဟဿေ တီဏိ ပူဇယိံ။
၆၆။ ငါသည် သဲပုံစေတီကို ပြု၍ ရွှေအတိပြီးအောင် ဖန်ဆင်းခဲ့၏၊ ရွှေဆည်းလည်းပန်း သုံးထောင်တို့ကို ပူဇော်ခဲ့၏။
၆၇။ ‘‘သာယပါတံ နမဿာမိ, ဝေဒဇာတော ကတဉ္ဇလီ၊
သမ္မုခါ ဝိယ သမ္ဗုဒ္ဓံ, ဝန္ဒိံ ပုလိနစေတိယံ။
၆၇။ ငါသည် နှစ်သက်ခြင်း ဖြစ်၍ လက်အုပ်ချီလျက် ညဥ့်နံနက် ရှိခိုးခဲ့၏၊ ငါသည် သဲပုံ စေတီကို‘မျက်မှောက် (သက်တော်ထင်ရှား) မြတ်စွာဘုရားကဲ့သို့’ ရှိခိုးခဲ့၏။
၆၈။ ‘‘ယဒါ ကိလေသာ ဇာယန္တိ, ဝိတက္ကာ ဂေဟနိဿိတာ၊
သရာမိ သုကတံ ထူပံ, ပစ္စဝေက္ခာမိ တာဝဒေ။
၆၈။ အကြင်အခါ အိမ်၌ မှီကုန်သော အကြံအစည် ကိလေသာတို့သည် ဖြစ်ကုန်၏၊ ထို အခါ ငါသည်ကောင်းစွာ ပြုအပ်သော စေတီပုထိုးကို အောက်မေ့၏၊ (စေတီပုထိုးကို) ဆင်ခြင်၏။
၆၉။ ‘‘ဥပနိဿာယ ဝိဟရံ, သတ္ထဝါဟံ ဝိနာယကံ၊
ကိလေသေ သံဝသေယျာသိ, န ယုတ္တံ တဝ မာရိသ။
၆၉။ လှည်းမှူးနှင့် တူသော မြတ်စွာဘုရားကို မှီ၍ နေပါလျက် (သင်သည်) ကိလေသာ တို့နှင့်အတူတကွ နေငြားအံ့၊ အမောင် သင့်အား (ထိုသို့ နေခြင်းသည်) မသင့်လျော်ချေ။
၇၀။ ‘‘သဟ အာဝဇ္ဇိတေ ထူပေ, ဂါရဝံ ဟောတိ မေ တဒါ၊
ကုဝိတက္ကေ ဝိနောဒေသိံ, နာဂေါ တုတ္တဋ္ဋိတော ယထာ။
၇၀။ စေတီပုထိုးကို ဆင်ခြင်သည်နှင့် တစ်ပြိုင်နက် ထိုအခါ ငါ့အား (စေတီပုထိုး၌) ရိုသေလေးစားမှုသည်ဖြစ်၏၊ ထိုအခါ ငါသည် ‘သံချွန်ဖြင့် ထိုးအပ်သော ဆင်ကဲ့သို့’ ယုတ်မာသော အကြံအစည်တို့ကို ပယ်ဖျောက်နိုင်ခဲ့၏။
၇၁။ ‘‘ဧဝံ ဝိဟရမာနံ မံ, မစ္စုရာဇာဘိမဒ္ဒထ၊
တတ္ထ ကာလင်္ကတော သန္တော, ဗြဟ္မလောကမဂစ္ဆဟံ။
၇၁။ ဤသို့ နေသော ငါ့ကို သေမင်းသည် လွှမ်းမိုးနှိပ်စက်လေ၏၊ ငါသည် ထိုအရပ်၌ ကွယ်လွန်လျက်ဗြဟ္မာ့ပြည်သို့ ရောက်ခဲ့၏။
၇၂။ ‘‘ယာဝတာယုံ ဝသိတွာန, တိဒိဝေ [တိဒသေ (သီ။ ပီ။)] ဥပပဇ္ဇဟံ၊
အသီတိက္ခတ္တုံ ဒေဝိန္ဒော, ဒေဝရဇ္ဇမကာရယိံ။
၇၂။ ငါသည် အသက်ထက်ဆုံး (ဗြဟ္မာ့ဘုံ၌) နေပြီးလျှင် တာဝတိံသာနတ်ဘုံ၌ ဖြစ်ခဲ့၏၊ အကြိမ်ရှစ်ဆယ်တိုင်တိုင် နတ်တို့ကို အစိုးရသူ ဖြစ်၍ သိကြားမင်းအဖြစ်ကို ပြုခဲ့ရ၏။
၇၃။ ‘‘သတာနံ တီဏိက္ခတ္တုဉ္စ, စက္ကဝတ္တီ အဟောသဟံ၊
ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ။
၇၃။ ငါသည် အကြိမ်သုံးရာတိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်ခဲ့၏၊ ပြန့်ပြောသောပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်။
၇၄။ ‘‘သောဏ္ဏကိင်္ကဏိပုပ္ဖါနံ [တေသံ ကိင်္ကဏိပုပ္ဖါနံ (သီ။)], ဝိပါကံ အနုဘောမဟံ၊
ဓာတီသတသဟဿာနိ, ပရိဝါရေန္တိ မံ [မေ (က။)] ဘဝေ။
၇၄။ ငါသည် ရွှေဆည်းလည်းပန်းတို့၏ အကျိုးကို ခံစားရပေ၏၊ နို့ထိန်း တစ်သိန်းတို့ သည်ဖြစ်ရာဘဝ၌ ငါ့ကို ခြံရံကုန်၏။
၇၅။ ‘‘ထူပဿ ပရိစိဏ္ဏတ္တာ, ရဇောဇလ္လံ န လိမ္ပတိ၊
ဂတ္တေ သေဒါ န မုစ္စန္တိ, သုပ္ပဘာသော ဘဝါမဟံ။
၇၅။ စေတီပုထိုးကို နှလုံးသွင်းလေ့ကျက်ခဲ့ခြင်းကြောင့် မြူအညစ်အကြေးသည် ကိုယ်၌ မလိမ်းကျံပေ၊ ချွေးတို့သည် (ကိုယ်မှ) မထွက်ကုန်၊ ငါသည် အရောင်အဆင်းတောက်ပသူ ဖြစ်ပေ၏။
၇၆။ ‘‘အဟော မေ သုကတော ထူပေါ, သုဒိဋ္ဌာမရိကာ နဒီ၊
ထူပံ ကတွာန ပုလိနံ, ပတ္တောမှိ အစလံ ပဒံ။
၇၆။ ကောင်းစွာ ပြုအပ်သော ငါ၏ စေတီပုထိုးသည်လည်းကောင်း၊ ကောင်းစွာ ရှုမြင် အပ်သောအမရိကာမြစ်သည်လည်းကောင်း အံ့ဩဖွယ်ရှိပါပေစွ။ ငါသည် သဲပုံစေတီကို ပြုခဲ့ ခြင်းကြောင့်တုန်လှုပ်ခြင်း မရှိသော နိဗ္ဗာန်သို့ ရောက်ရပေ၏။
၇၇။ ‘‘ကုသလံ ကတ္တုကာမေန, ဇန္တုနာ သာရဂါဟိနာ၊
နတ္ထိ ခေတ္တံ အခေတ္တံ ဝါ, ပဋိပတ္တီဝ သာဓကာ [သာရိကာ (ပီ။), သာရကာ (သျာ။), သာရတာ (က။)]။
၇၇။ ကုသိုလ်ကို ပြုရန် အလိုရှိလျက် တရားအနှစ်ကို ယူလေ့ရှိသော ပုဂ္ဂိုလ်သတ္တဝါအားခေတ်သည်လည်းကောင်း၊ ခေတ်မဟုတ်ခြင်းသည်လည်းကောင်း (ခေတ်ကောင်း, မကောင်း သည်) မရှိ။ အကျင့်သည်သာလျှင် (အကျိုးကို) ပြီးစေတတ်၏၊ (တရားအနှစ်ပေတည်း)။
၇၈။ ‘‘ယထာပိ ဗလဝါ ပေါသော, အဏ္ဏဝံ တရိတုဿဟေ၊
ပရိတ္တံ ကဋ္ဌမာဒါယ, ပက္ခန္ဒေယျ မဟာသရံ။
၇၈။ ‘အားကောင်းသော ယောကျာ်းသည် သမုဒ္ဒရာကို ကူးရန် အားထုတ်ရာသကဲ့သို့ လည်းကောင်း၊ သေးငယ်သော သစ်သားကို ယူ၍ သမုဒ္ဒရာကို ကူးရာသကဲ့သို့လည်းကောင်း’ -
၇၉။ ‘‘ဣမာဟံ ကဋ္ဌံ နိဿာယ, တရိဿာမိ မဟောဒဓိံ၊
ဥဿာဟေန ဝီရိယေန, တရေယျ ဥဒဓိံ နရော။
၇၉။ ငါသည် ဤသစ်သားကို မှီ၍ သမုဒ္ဒရာကို ကူးရတော့အံ့။ လူသည် အားထုတ်ခြင်း လုံ့လဖြင့်သမုဒ္ဒရာကို ကူးရာသကဲ့သို့ -
၈၀။ ‘‘တထေဝ မေ ကတံ ကမ္မံ, ပရိတ္တံ ထောကကဉ္စ ယံ၊
တံ ကမ္မံ ဥပနိဿာယ, သံသာရံ သမတိက္ကမိံ။
၈၀။ ထို့အတူပင် ငါပြုအပ်သော ကံသည် သေးငယ်၏၊ နည်းပါး၏။ ထိုကံကို အမှီ ပြု၍ ငါသည့်သံသရာကို ကောင်းစွာ လွန်မြောက်ခဲ့၏။
၈၁။ ‘‘ပစ္ဆိမေ ဘဝေ သမ္ပတ္တေ, သုက္ကမူလေန စောဒိတော၊
သာဝတ္ထိယံ ပုရေ ဇာတော, မဟာသာလေ သုအဍ္ဎကေ။
၈၁။ နောက်ဆုံးဖြစ်သော ဘဝသို့ ရောက်လတ်သော် ဖြူစင်သော ကုသိုလ်ကံအကြောင်း ရင်းသည်တိုက်တွန်းအပ်သည်ဖြစ်၍ သာဝတ္ထိပြည်ဝယ် ကောင်းစွာ ကြွယ်ဝသော မဟာသာလ အမျိုး၌ ဖြစ်ရ၏။
၈၂။ ‘‘သဒ္ဓါ မာတာ ပိတာ မယှံ, ဗုဒ္ဓဿ သရဏံ ဂတာ၊
ဥဘော ဒိဋ္ဌပဒါ ဧတေ, အနုဝတ္တန္တိ သာသနံ။
၈၂။ ငါ၏ အမိ, အဖတို့သည် ယုံကြည်မှု ‘သဒ္ဓါ’တရား ရှိကုန်၏၊ မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ဆည်းကပ်ကုန်၏၊ ဤမိဘနှစ်ပါးတို့သည် နိဗ္ဗာန်ကို မြင်ကုန်၏၊ (မြတ်စွာ ဘုရား၏ ) အဆုံးအမတော်ကိုလိုက်နာကျင့်ကြံကုန်၏။
၈၃။ ‘‘ဗောဓိပပဋိကံ ဂယှ, သောဏ္ဏထူပမကာရယုံ၊
သာယပါတံ [သာယံ ပါတံ (သျာ။ က။)] နမဿန္တိ, သကျပုတ္တဿ သမ္မုခါ။
၈၃။ (ငါ၏ မိဘတို့သည်) ဗောဓိပင်အပွေးကို ယူ၍ ရွှေပုထိုးစေတီကို ပြုကုန်၏၊ ညဥ့်, နံနက်မြတ်စွာဘုရား၏ မျက်မှောက်၌ ရှိခိုးကုန်၏။
၈၄။ ‘‘ဥပေါသထမှိ ဒိဝသေ, သောဏ္ဏထူပံ ဝိနီဟရုံ၊
ဗုဒ္ဓဿ ဝဏ္ဏံ ကိတ္တေန္တာ, တိယာမံ ဝီတိနာမယုံ။
၈၄။ ဥပုသ်နေ့၌ ရွှေပုထိုးစေတီကို ထုတ်ကြကုန်၏၊ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးကို ချီးကျူးကုန်လျက်ညဥ့်သုံးယံကို လွန်စေကုန်၏။
၈၅။ ‘‘သဟ ဒိသွာနဟံ [ပသာဒေတွာနဟံ (က။)] ထူပံ, သရိံ ပုလိနစေတိယံ၊
ဧကာသနေ နိသီဒိတွာ, အရဟတ္တမပါပုဏိံ။
ဒွါဝီသတိမံ ဘာဏဝါရံ။
၈၅။ ငါသည် စေတီပုထိုးကို ဖူးမြင်ရ၍ သဲပုံစေတီကို အောက်မေ့ခဲ့၏၊ တစ်ခုသော နေရာ၌ နေ၍အရဟတ္တဖိုလ်သို့ ရောက်ခဲ့၏။ နှစ်ဆယ့်နှစ်ခုမြောက် ဘာဏဝါရ ပြီး၏။
၈၆။ ‘‘ဂဝေသမာနော တံ ဝီရံ, ဓမ္မသေနာပတိဒ္ဒသံ၊
အဂါရာ နိက္ခမိတွာန, ပဗ္ဗဇိံ တဿ သန္တိကေ။
၈၆။ ငါသည် ထိုမြတ်စွာဘုရားကို ရှာဖွေလတ်သော် တရားစစ်သူကြီးဖြစ်သော အရှင် သာရိပုတ္တရာကိုဖူးမြင်ရ၏၊ (ထိုအခါ) အိမ်မှ ထွက်၍ ထိုတရားစစ်သူကြီးဖြစ်သော အရှင် သာရိပုတ္တရာ၏ အထံ၌ရဟန်းပြုခဲ့၏။
၈၇။ ‘‘ဇာတိယာ သတ္တဝဿေန, အရဟတ္တမပါပုဏိံ၊
ဥပသမ္ပာဒယီ ဗုဒ္ဓေါ, ဂုဏမညာယ စက္ခုမာ။
၈၇။ မွေးဖွားသည်မှ ခုနစ်နှစ်ဖြင့် အရဟတ္တဖိုလ်သို့ ရောက်ခဲ့၏၊ စက္ခုငါးမျိုးရှိတော်မူ သောမြတ်စွာဘုရားသည် (ငါ၏) ဂုဏ်ကို သိ၍ ရဟန်းခံပေးတော်မူ၏။
၈၈။ ‘‘ဒါရကေနေဝ သန္တေန, ကိရိယံ နိဋ္ဌိတံ မယာ၊
ကတံ မေ ကရဏီယဇ္ဇ, သကျပုတ္တဿ သာသနေ။
၈၈။ ငယ်ရွယ်သူမျှသာ ဖြစ်လျက် ငါသည် ပြုဖွယ်ကိစ္စကို ပြီးဆုံးစေခဲ့ပြီ၊ သာကီဝင် မင်းသားမြတ်စွာဘုရား၏ သာသနာတော်၌ ငါသည် ပြုဖွယ်ကိစ္စကို ယခု ပြုအပ်ပြီ။
၈၉။ ‘‘သဗ္ဗဝေရဘယာတီတော, သဗ္ဗသင်္ဂါတိဂေါ [သဗ္ဗသင်္ကာတိတော (က။)] ဣသိ၊
သာဝကော တေ မဟာဝီရ, သောဏ္ဏထူပဿိဒံ ဖလံ။
၈၉။ မြတ်စွာဘုရား အရှင်ဘုရား၏ တပည့် ‘သာဝက’ ရဟန်းသည် အလုံးစုံသော ဘေးရန်အပေါင်းမှလွန်မြောက်လျက် အလုံးစုံသော ငြိကပ်တွယ်တာခြင်းမှ လွန်မြောက်ပါ၏။ ဤသို့ ဖြစ်ရခြင်းသည်ရွှေပုထိုးစေတီကို တည်ထားရခြင်း၏ အကျိုးပေတည်း။
၉၀။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၉၀။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၉၁။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၉၁။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၉၂။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၉၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပုလိနထူပိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် ပုလိနထူပိယတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ပုလိနထူပိယော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
ပုလိနထူပိယတ္ထေရဿာပဒါနံ အဋ္ဌမံ။
၉။ နဠကုဋိဒါယကတ္ထေရအပဒါန
၉၃။ ‘‘ဟိမဝန္တဿာဝိဒူရေ, ဟာရိတော နာမ ပဗ္ဗတော၊
သယမ္ဘူ နာရဒေါ နာမ, ရုက္ခမူလေ ဝသီ တဒါ။
၉-နဠကုဋိဒါယကတ္ထေရအပဒါန ၉၃။ ဟိမဝန္တာ၏ အနီး၌ ဟာရိတမည်သော တောင်သည် ရှိ၏၊ ထိုတောင်၌ ထိုအခါ ‘နာရဒ’ မည်သော မြတ်စွာဘုရားသည် သစ်ပင်ရင်း၌ နေတော်မူ၏။
၉၄။ ‘‘နဠာဂါရံ ကရိတွာန, တိဏေန ဆာဒယိံ အဟံ၊
စင်္ကမံ သောဓယိတွာန, သယမ္ဘုဿ အဒါသဟံ။
၉၄။ ငါသည် ကျူထရံကျောင်းကို မြက် (သက်ငယ်) ဖြင့် မိုးခဲ့၏။ ငါသည် စင်္ကြံကို သုတ်သင်၍မြတ်စွာဘုရားအား လှူဒါန်းခဲ့၏။
၉၅။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၉၅။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက် ရ၏။
၉၆။ ‘‘တတ္ထ မေ သုကတံ ဗျမှံ, နဠကုဋိကနိမ္မိတံ၊
သဋ္ဌိယောဇနမုဗ္ဗေဓံ, တိံသယောဇနဝိတ္ထတံ။
၉၆။ ထိုဘုံ၌ ကောင်းစွာ ပြုအပ်သော ငါ၏ ဗိမာန်ကို ကျူထရံကျောင်းကို ဆောက်လုပ်သော ကံသည်ဖန်ဆင်းအပ်၏၊ (ထိုဗိမာန်သည်) ယူဇနာခြောက်ဆယ် မြင့်၏၊ ယူဇနာသုံးဆယ် ကျယ်ပြန့်၏။
၉၇။ ‘‘စတုဒ္ဒသေသု ကပ္ပေသု, ဒေဝလောကေ ရမိံ အဟံ၊
ဧကသတ္တတိက္ခတ္တုဉ္စ, ဒေဝရဇ္ဇမကာရယိံ။
၉၇။ တစ်ဆယ့်လေးကမ္ဘာတို့၌ ငါသည် နတ်ပြည်၌ ပျော်မွေ့ခဲ့ရ၏၊ ခုနစ်ဆယ့်တစ်ကြိမ် တိုင်တိုင်သိကြားမင်းအဖြစ်ကိုလည်း ပြုရ၏။
၉၈။ ‘‘စတုတိံသတိက္ခတ္တုဉ္စ, စက္ကဝတ္တီ အဟောသဟံ၊
ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ။
၉၈။ ငါသည် သုံးဆယ့်လေးကြိမ်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်ခဲ့၏၊ ပြန့်ပြော သောပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်။
၉၉။ ‘‘ဓမ္မပါသာဒမာရုယှ, သဗ္ဗာကာရဝရူပမံ၊
ယဒိစ္ဆကာဟံ ဝိဟရေ, သကျပုတ္တဿ သာသနေ။
၉၉။ ငါသည် သာကီဝင်မင်းသား မြတ်စွာဘုရား၏ သာသနာတော်၌ အလုံးစုံ မြတ်သော အခြင်းအရာဖြင့်နှိုင်းယှဥ်အပ်သော တရားတည်းဟူသော ပြာသာဒ်သို့ တက်၍ အလိုရှိတိုင်း နေရပေ၏။
၁၀၀။ ‘‘ဧကတိံသေ ဣတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, နဠကုဋိယိဒံ ဖလံ။
၁၀၀။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ကောင်းမှုကံကို ပြုခဲ့ရသော အခါမှစ၍မကောင်းမှုပြုသူတို့ လားရာ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် ကျူထရံ ကျောင်းကိုဆောက်လုပ်ရခြင်း၏ အကျိုးပေတည်း။
၁၀၁။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၁၀၁။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၁၀၂။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၁၀၂။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၁၀၃။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၁၀၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်နဠကုဋိဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက်နဠကုဋိဒါယကတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ နဠကုဋိဒါယကော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
နဠကုဋိဒါယကတ္ထေရဿာပဒါနံ နဝမံ။
၁၀။ ပိယာလဖလဒါယကတ္ထေရအပဒါန
၁၀၄။ ‘‘မိဂလုဒ္ဒေါ ပုရေ အာသိံ, ဝိပိနေ ဝိစရံ တဒါ၊
အဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ, သဗ္ဗဓမ္မာန ပါရဂုံ။
၁၀-ပိယာလဖလဒါယကတ္ထေရအပဒါန ၁၀၄။ ငါသည် ရှေးအခါ တော၌ လှည့်လည်သော သားမုဆိုး ဖြစ်ခဲ့၏၊ ထိုအခါ ကိလေသာမြူကင်းတော်မူသည်ဖြစ်၍ အလုံးစုံသော တရားတို့၏ တစ်ဖက်ကမ်းသို့ ရောက် တော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၏။
၁၀၅။ ‘‘ပိယာလဖလမာဒါယ, ဗုဒ္ဓသေဋ္ဌဿဒါသဟံ၊
ပုညက္ခေတ္တဿ ဝီရဿ, ပသန္နော သေဟိ ပါဏိဘိ။
၁၀၅။ ငါသည် လွန်သီးကို ယူ၍ ကုသိုလ်မျိုးစေ့ကို စိုက်ပျိုးရာ လယ်ယာမြေကောင်း သဖွယ်ဖြစ်တော်မူသော လုံ့လရှိတော်မူသော ဘုရားမြတ်အား ကြည်ညိုသည်ဖြစ်၍ မိမိ လက်တို့ဖြင့် လှူဒါန်းခဲ့၏။
၁၀၆။ ‘‘ဧကတိံသေ ဣတော ကပ္ပေ, ယံ ဖလံ အဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဖလဒါနဿိဒံ ဖလံ။
၁၀၆။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ လွန်သီးကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ‘ဒုဂ္ဂတိ’ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် လွန်သီးကို လှူရခြင်း၏အကျိုးပေတည်း။
၁၀၇။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၁၀၇။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၁၀၈။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၁၀၈။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၁၀၉။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၁၀၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပိယာလဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် ပိယာလဖလဒါယကတ္ထေရအပဒါန ပြီး၏။ ငါးဆယ်ခုမြောက် ကိင်္ကဏိပုပ္ဖဝဂ် ပြီး၏။ မေတ္တေယျဒသကဝဂ် ပြီး၏။ ငါးခုမြောက် မထေရ်တစ်ရာအပေါင်း ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ပိယာလဖလဒါယကော ထေရော ဣမာ
ဂါထာယော အဘာသိတ္ထာတိ။
ပိယာလဖလဒါယကတ္ထေရဿာပဒါနံ ဒသမံ။
ကိင်္ကဏိပုပ္ဖဝဂ္ဂေါ ပညာသမော။
တဿုဒ္ဒါနံ-
ကိင်္ကဏီ ပံသုကူလဉ္စ, ကောရဏ္ဍမထ ကိံသုကံ၊
ဥပဍ္ဎဒုဿီ ဃတဒေါ, ဥဒကံ ထူပကာရကော။
နဠကာရီ စ နဝမော, ပိယာလဖလဒါယကော၊
သတမေကဉ္စ ဂါထာနံ, နဝကဉ္စ တဒုတ္တရိ။
အထ ဝဂ္ဂုဒ္ဒါနံ –
မေတ္တေယျဝဂ္ဂေါ ဘဒ္ဒါလိ, သကိံသမ္မဇ္ဇကောပိ စ၊
ဧကဝိဟာရီ ဝိဘီတကီ, ဇဂတီ သာလပုပ္ဖိယော။
နဠာဂါရံ ပံသုကူလံ, ကိင်္ကဏိပုပ္ဖိယော တထာ၊
အသီတိ ဒွေ စ ဂါထာယော, စတုဒ္ဒသသတာနိ စ။
မေတ္တေယျဝဂ္ဂဒသကံ။
ပဉ္စမသတကံ သမတ္တံ။
၅၁။ ကဏိကာရဝဂ္ဂ
၁။ တိကဏိကာရပုပ္ဖိယတ္ထေရအပဒါန
၁။ ‘‘သုမေဓော နာမ သမ္ဗုဒ္ဓေါ, ဗာတ္တိံသဝရလက္ခဏော၊
ဝိဝေကကာမော သမ္ဗုဒ္ဓေါ, ဟိမဝန္တမုပါဂမိံ။
၅၁-ကဏိကာရဝဂ် ၁-တိကဏိကာရပုပ္ဖိယတ္ထေရအပဒါန ၁။ သစ္စာလေးပါးကို သိတော်မူသော သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ်၏ လက္ခဏာ တော်နှင့်ပြည့်စုံတော်မူသော သုမေဓာမည်သော မြတ်စွာဘုရားသည် ဆိတ်ငြိမ်ခြင်းကို အလိုရှိ တော်မူသည်ဖြစ်၍ဟိမဝန္တာသို့ ချဥ်းကပ်တော်မူ၏။
၂။ ‘‘အဇ္ဈောဂယှ ဟိမဝန္တံ, အဂ္ဂေါ ကာရုဏိကော မုနိ၊
ပလ္လင်္ကမာဘုဇိတွာန, နိသီဒိ ပုရိသုတ္တမော။
၂။ သနားခြင်း ကရုဏာရှိတော်မူသော ယောကျာ်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား သည်ဟိမဝန္တာသို့ ဝင်ရောက်၍ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူ၏။
၃။ ‘‘ဝိဇ္ဇာဓရော တဒါ အာသိံ, အန္တလိက္ခစရော အဟံ၊
တိသူလံ သုကတံ ဂယှ, ဂစ္ဆာမိ အမ္ဗရေ တဒါ။
၃။ ထိုအခါ ငါသည် ကောင်းကင်၌ သွားနိုင်သော ဝိဇ္ဇာဓိုရ် ဖြစ်ခဲ့၏၊ ထိုအခါ ကောင်းစွာ ပြုအပ်သောတံကျင်သုံးခွကို ကိုင်၍ ကောင်းကင်၌ သွား၏။
၄။ ‘‘ပဗ္ဗတဂ္ဂေ ယထာ အဂ္ဂိ, ပုဏ္ဏမာယေဝ စန္ဒိမာ၊
ဝနေ ဩဘာသတေ ဗုဒ္ဓေါ, သာလရာဇာဝ ဖုလ္လိတော။
၄။ မြတ်စွာဘုရားသည် ‘တောင်ထိပ်၌ မီးကဲ့သို့လည်းကောင်း၊ လပြည့်နေ့၌ ပေါ်ထွက် သောလဝန်းကဲ့သို့လည်းကောင်း၊ ပွင့်သော အင်ကြင်းပင်မင်းကဲ့သို့လည်းကောင်း’ ထွန်းလင်းတောက်ပတော်မူလျက် ရှိ၏။
၅။ ‘‘ဝနဂ္ဂါ နိက္ခမိတွာန, ဗုဒ္ဓရံသီဘိဓာဝရေ၊
နဠဂ္ဂိဝဏ္ဏသင်္ကာသာ, ဒိသွာ စိတ္တံ ပသာဒယိံ။
၅။ မြတ်စွာဘုရား၏ ရောင်ခြည်တော်တို့သည် တောဖျားမှ ထွက်၍ (ပြိုးပြက်) ပြေး သွားကုန်၏၊ ငါသည် ကျူမီးအဆင်းနှင့် တူသော ရောင်ခြည်တော်တို့ကို ဖူးမြင်ရ၍ စိတ်ကို ကြည်လင်စေခဲ့၏။
၆။ ‘‘ဝိစိနံ အဒ္ဒသံ ပုပ္ဖံ, ကဏိကာရံ ဒေဝဂန္ဓိကံ၊
တီဏိ ပုပ္ဖါနိ အာဒါယ, ဗုဒ္ဓသေဋ္ဌမပူဇယိံ။
၆။ ငါသည် နတ် (ပန်း) ရနံ့ရှိသော မဟာလှေကားပန်းကို ရှာဖွေစဥ် မြတ်စွာဘုရားကို ဖူးမြင်ရ၏၊ ပန်းသုံးပွင့်တို့ကို ယူ၍ ဘုရားမြတ်ကို ပူဇော်ခဲ့၏။
၇။ ‘‘ဗုဒ္ဓဿ အာနုဘာဝေန, တီဏိ ပုပ္ဖါနိ မေ တဒါ၊
ဥဒ္ဓံဝဏ္ဋာ အဓောပတ္တာ, ဆာယံ ကုဗ္ဗန္တိ သတ္ထုနော။
၇။ ထိုအခါ ငါ၏ ပန်းသုံးပွင့်တို့သည် မြတ်စွာဘုရား၏ အာနုဘော်ကြောင့် အထက်၌ အညှာအောက်၌ပွင့်ချပ်ရှိကုန်လျက် မြတ်စွာဘုရားအား အရိပ်ကို ပြုကုန်၏။
၈။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၈။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်လွှတ်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။
၉။ ‘‘တတ္ထ မေ သုကတံ ဗျမှံ, ကဏိကာရီတိ ဉာယတိ၊
သဋ္ဌိယောဇနမုဗ္ဗေဓံ, တိံသယောဇနဝိတ္ထတံ။
၉။ ထိုဘုံ၌ ကောင်းစွာ ပြုအပ်သော ငါ၏ ဗိမာန်သည် “ကဏိကာရီ”ဟု ထင်ရှားလျက်ယူဇနာခြောက်ဆယ် မြင့်၏၊ ယူဇနာသုံးဆယ် ကျယ်ပြန့်၏။
၁၀။ ‘‘သဟဿကဏ္ဍံ သတဘေဏ္ဍု [သတဂေဏ္ဍု (သျာ။)], ဓဇာလုဟရိတာမယံ၊
သတသဟဿနိယျူဟာ, ဗျမှေ ပါတုဘဝိံသု မေ။
၁၀။ ငါ၏ ဗိမာန်သည် အပိုင်းအခြား တစ်ထောင် ရှိ၏၊ (အခန်း တစ်ထောင် ရှိ၏)။ ကျင်လုံး (ပွတ်လုံး) တစ်ရာရှိ၏၊ များသော တံခွန် ရှိ၏၊ ရွှေအတိ ပြီး၏။ ငါ၏ ဗိမာန်၌ ပြာသာဒ်ဆောင်တစ်သိန်းတို့သည် ထင်ရှားရှိကုန်၏။
၁၁။ ‘‘သောဏ္ဏမယာ မဏိမယာ, လောဟိတင်္ဂမယာပိ စ၊
ဖလိကာပိ စ ပလ္လင်္ကာ, ယေနိစ္ဆကာ ယဒိစ္ဆကာ [ယေနိစ္ဆယာ ယဒိစ္ဆကံ (သျာ။), ယဒိစ္ဆကာယဒိစ္ဆကာ (က။)]။
၁၁။ ရွှေပလ္လင်၊ ပတ္တမြားပလ္လင်၊ ကျောက်နီပလ္လင်၊ ဖန်ပလ္လင်တို့သည်လည်း အလိုရှိတိုင်း အလိုရှိတိုင်းဖြစ်ပေါ်ကုန်၏။
၁၂။ ‘‘မဟာရဟဉ္စ သယနံ, တူလိကာဝိကတီယုတံ၊
ဥဒ္ဓလောမိကဧကန္တံ, ဗိမ္ဗောဟနသမာယုတံ [ဗိဗ္ဗောဟနသမာယုတံ… (သျာ။ က။)]။
၁၂။ မြတ်သော သူတို့အား ထိုက်တန်သော အိပ်ရာသည်လည်း လဲသွတ်သော မွေ့ရာ အရုပ်တို့ဖြင့်ဆန်းကြယ်သော အခင်းတို့နှင့် ယှဥ်၏၊ တစ်ဖက်အမွေးရှိသော အခင်းသည် လည်းကောင်း၊ နှစ်ဖက်အမွေးရှိသော အခင်းသည်လည်းကောင်း ခေါင်းအုံးနှင့် ယှဥ်လျက် ရှိ၏။
၁၃။ ‘‘ဘဝနာ နိက္ခမိတွာန, စရန္တော ဒေဝစာရိကံ၊
ယဒါ ဣစ္ဆာမိ ဂမနံ, ဒေဝသံဃပုရက္ခတော။
၁၃။ အကြင်အခါ ငါသည် နတ်အပေါင်း ခြံရံလျက် ဗိမာန်မှ ထွက်၍ နတ်ပြည်သို့ လှည့် လည်သွားလာခြင်းကို အလိုရှိ၏။
၁၄။ ‘‘ပုပ္ဖဿ ဟေဋ္ဌာ တိဋ္ဌာမိ, ဥပရိစ္ဆဒနံ မမ၊
သမန္တာ ယောဇနသတံ, ကဏိကာရေဟိ ဆာဒိတံ။
၁၄။ ထိုအခါ ငါသည် ပန်းပွင့်အောက်၌ ရပ်တည်ရပေ၏၊ ငါ၏ အထက်၌ အမိုးသည် ထက်ဝန်းကျင်ယူဇနာတစ်ရာတိုင်တိုင် မဟာလှေကားပန်းတို့ဖြင့် ဖုံးလွှမ်းအပ်၏။
၁၅။ ‘‘သဋ္ဌိတုရိယသဟဿာနိ, သာယပါတမုပဋ္ဌဟုံ၊
ပရိဝါရေန္တိ မံ နိစ္စံ, ရတ္တိန္ဒိဝမတန္ဒိတာ။
၁၅။ တူရိယာခြောက်သောင်းတို့သည် ညဥ့်, နံနက် ခစားလျက် ရှိကုန်၏၊ ညဥ့်, နေ့ ပတ်လုံးမပျင်းမရိကုန်ဘဲ ငါ့ကို အမြဲ ခြံရံလျက် ရှိကုန်၏။
၁၆။ ‘‘တတ္ထ နစ္စေဟိ ဂီတေဟိ, တာဠေဟိ ဝါဒိတေဟိ စ၊
ရမာမိ ခိဍ္ဍာရတိယာ, မောဒါမိ ကာမကာမိဟံ။
၁၆။ ထိုနတ်ပြည်၌ ကခြင်းတို့ဖြင့်လည်းကောင်း၊ သီဆိုခြင်းတို့ဖြင့်လည်းကောင်း၊ မောင်းကြေးနင်းတို့ဖြင့်လည်းကောင်း၊ တီးမှုတ်ခြင်းတို့ဖြင့်လည်းကောင်း ပျော်မွေ့ရ၏။ ငါသည် အလိုရှိတိုင်းမြူးထူးပျော်ရွှင်မှုဖြင့် ဝမ်းမြောက်ရ၏။
၁၇။ ‘‘တတ္ထ ဘုတွာ ပိဝိတွာ စ, မောဒါမိ တိဒသေ တဒါ၊
နာရီဂဏေဟိ သဟိတော, မောဒါမိ ဗျမှမုတ္တမေ။
၁၇။ ထိုအခါ တာဝတိံသာနတ်ပြည်၌ အလိုရှိတိုင်း ခံစား၍လည်းကောင်း၊ သောက်၍ လည်းကောင်းဝမ်းမြောက်ရ၏။ ဗိမာန်မြတ်၌ နတ်သမီးအပေါင်းတို့နှင့် အတူတကွ ဝမ်း မြောက်ရ၏။
၁၈။ ‘‘သတာနံ ပဉ္စက္ခတ္တုဉ္စ, ဒေဝရဇ္ဇမကာရယိံ၊
သတာနံ တီဏိက္ခတ္တုဉ္စ, စက္ကဝတ္တီ အဟောသဟံ၊
ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ။
၁၈။ အကြိမ်ငါးရာတိုင်တိုင် နတ်မင်းအဖြစ်ကိုလည်း ပြုရ၏၊ ငါသည် အကြိမ်သုံးရာ တိုင်တိုင်စကြဝတေးမင်းလည်း ဖြစ်ခဲ့၏၊ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားပြင့့်မရေတွက်နိုင်။
၁၉။ ‘‘ဘဝါဘဝေ သံသရန္တော, မဟာဘောဂံ လဘာမဟံ၊
ဘောဂေ မေ ဦနတာ နတ္ထိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၁၉။ ငါသည် ဘဝငယ်, ဘဝကြီး၌ ကျင်လည်ရသော် များသော စည်းစိမ်ဥစ္စာကို ရပေ၏၊ ငါ့အားစည်းစိမ်ဥစ္စာ၌ ယုတ်လျော့ခြင်းသည် မရှိချေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရား ကို ပူဇော်ရခြင်း၏အကျိုးပေတည်း။
၂၀။ ‘‘ဒုဝေ ဘဝေ သံသရာမိ, ဒေဝတ္တေ အထ မာနုသေ၊
အညံ ဂတိံ န ဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၂၀။ နတ်ဘဝ သို့မဟုတ် လူ့ဘဝဟူသော ဘဝနှစ်ပါး၌ ကျင်လည်ရ၏၊ တစ်ပါးသောလားရာဂတိကိုမသိရပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားကို ပူဇော်ရခြင်း၏ အကျိုး ပေတည်း။
၂၁။ ‘‘ဒုဝေ ကုလေ ပဇာယာမိ, ခတ္တိယေ စာပိ ဗြာဟ္မဏေ၊
နီစေ ကုလေ န ဇာယာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၂၁။ မင်းမျိုး သို့မဟုတ် ဗြာဟ္မဏမျိုးဟူသော နှစ်ပါးသော အမျိုး၌ ဖြစ်ရ၏၊ ယုတ် နိမ့်သော အမျိုး၌မဖြစ်ရပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။
၂၂။ ‘‘ဟတ္ထိယာနံ အဿယာနံ, သိဝိကံ သန္ဒမာနိကံ၊
လဘာမိ သဗ္ဗမေဝေတံ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၂၂။ ဆင်ယာဥ်ကိုလည်းကောင်း၊ မြင်းယာဥ်ကိုလည်းကောင်း၊ ထမ်းစင်ကိုလည်းကောင်း၊ သံလျင်းကိုလည်းကောင်း ဤအလုံးစုံကိုပင် ရပေ၏။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရား ကိုပူဇော်ရခြင်း၏ အကျိုးပေတည်း။
၂၃။ ‘‘ဒါသီဂဏံ ဒါသဂဏံ, နာရိယော သမလင်္ကတာ၊
လဘာမိ သဗ္ဗမေဝေတံ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၂၃။ ကျွန်မအပေါင်းကိုလည်းကောင်း၊ ကျွန်ယောကျာ်းအပေါင်းကိုလည်းကောင်း၊ ကောင်း စွာတန်ဆာဆင်အပ်ကုန်သော မိန်းမတို့ကို လည်းကောင်း ဤအလုံးစုံကိုပင် ရပေ၏။ ဤသို့ ဖြစ်ရခြင်းသည်မြတ်စွာဘုရားကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။
၂၄။ ‘‘ကောသေယျကမ္ဗလိယာနိ, ခေါမကပ္ပါသိကာနိ စ၊
လဘာမိ သဗ္ဗမေဝေတံ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၂၄။ ပိုးအထည်, ကမ္ဗလာအထည်တို့ကို လည်းကောင်း၊ ခေါမအထည်, ဝါချည်အထည်တို့ကို လည်းကောင်း ဤအလုံးစုံကိုပင် ရပေ၏။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားကို ပူဇော်ရခြင်း၏အကျိုးပေတည်း။
၂၅။ ‘‘နဝဝတ္ထံ နဝဖလံ, နဝဂ္ဂရသဘောဇနံ၊
လဘာမိ သဗ္ဗမေဝေတံ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၂၅။ အဝတ်ဦးကိုလည်းကောင်း၊ သစ်သီးဦးကိုလည်းကောင်း၊ မြတ်သော အရသာရှိ သောစားဖွယ်ဘောဇဥ်ဦးကိုလည်းကောင်း ဤအလုံးစုံကိုပင် ရပေ၏။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားကိုပူဇော်ရခြင်း၏ အကျိုးပေတည်း။
၂၆။ ‘‘ဣမံ ခါဒ ဣမံ ဘုဉ္ဇ, ဣမမှိ သယနေ သယ၊
လဘာမိ သဗ္ဗမေဝေတံ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၂၆။ ဤခဲဖွယ်ကို ခဲလော့၊ ဤစားဖွယ်ကို စားလော့၊ ဤအိပ်ရာ၌ အိပ်လော့၊ ဤ (ဖိတ်ခေါ်မှု) အလုံးစုံကိုပင် ရ၏။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။
၂၇။ ‘‘သဗ္ဗတ္ထ ပူဇိတော ဟောမိ, ယသော အဗ္ဘုဂ္ဂတော မမ၊
မဟာပက္ခော သဒါ ဟောမိ, အဘေဇ္ဇပရိသော သဒါ၊
ဉာတီနံ ဥတ္တမော ဟောမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၂၇။ ငါသည် အလုံးစုံသော အရပ်၌ ပူဇော်ခံရသူ ဖြစ်၏၊ ငါ၏ အကျော်အစောသတင်း သည်ပျံ့နှံ့လျက်ရှိ၏၊ ငါသည် အခါခပ်သိမ်း များသော အသင်းအပင်းရှိသူ၊ အခါခပ်သိမ်း မကွဲပြားသောပရိသတ်ရှိသူ ဖြစ်၏၊ အဆွေအမျိုးတို့ထက် မြတ်သူ ဖြစ်၏။ ဤသို့ ဖြစ်ရ ခြင်းသည် မြတ်စွာဘုရားကိုပူဇော်ရခြင်း၏ အကျိုးပေတည်း။
၂၈။ ‘‘သီတံ ဥဏှံ န ဇာနာမိ, ပရိဠာဟော န ဝိဇ္ဇတိ၊
အထော စေတသိကံ ဒုက္ခံ, ဟဒယေ မေ န ဝိဇ္ဇတိ။
၂၈။ အအေး, အပူကို မသိရပေ၊ အိုက်စပ်ခြင်းသည် (ငါ့အား) မရှိချေ၊ ထိုမှတစ်ပါး ငါ၏ နှလုံး၌စိတ်ကြောင့်ဖြစ်သော ဆင်းရဲခြင်းသည် မရှိချေ။
၂၉။ ‘‘သုဝဏ္ဏဝဏ္ဏော ဟုတွာန, သံသရာမိ ဘဝါဘဝေ၊
ဝေဝဏ္ဏိယံ န ဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၂၉။ ဘဝငယ်, ဘဝကြီး၌ ရွှေအဆင်းနှင့် တူသော အဆင်းရှိသူဖြစ်၍ ကျင်လည်ရပေ၏၊ အဆင်းဖောက်ပြန်ခြင်းကို မသိရပေ။ ဤသို့ဖြစ်ရခြင်းသည် မြတ်စွာဘုရားကို ပူဇော်ရခြင်း၏အကျိုးပေတည်း။
၃၀။ ‘‘ဒေဝလောကာ စဝိတွာန, သုက္ကမူလေန စောဒိတော၊
သာဝတ္ထိယံ ပုရေ ဇာတော, မဟာသာလေ သုအဍ္ဎကေ။
၃၀။ (ငါသည်) နတ်ပြည်မှ စုတေ၍ ဖြူစင်သော ကုသိုလ်ကံ အကြောင်းရင်းသည် တိုက်တွန်းအပ်သည်ဖြစ်၍ သာဝတ္ထိပြည်ဝယ် ကောင်းစွာ ကြွယ်ဝသော မဟာသာလအမျိုး၌ ဖြစ်ရ ပေ၏။
၃၁။ ‘‘ပဉ္စ ကာမဂုဏေ ဟိတွာ, ပဗ္ဗဇိံ အနဂါရိယံ၊
ဇာတိယာ သတ္တဝဿောဟံ, အရဟတ္တမပါပုဏိံ။
၃၁။ ငါသည် ကာမဂုဏ်ငါးပါးတို့ကို စွန့်ပယ်၍ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏၊ ငါသည် မွေးဖွားသည်မှခုနစ်နှစ်သာ ရှိသေးလျက် အရဟတ္တဖိုလ်သို့ ရောက်ရပေ၏။
၃၂။ ‘‘ဥပသမ္ပာဒယီ ဗုဒ္ဓေါ, ဂုဏမညာယ စက္ခုမာ၊
တရုဏော ပူဇနီယောဟံ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၃၂။ စက္ခုငါးမျိုးရှိတော်မူသော မြတ်စွာဘုရားသည် (ငါ၏) ဂုဏ်ကို သိ၍ ငါ့ကို ရဟန်း ခံပေးတော်မူ၏၊ ငါသည် ငယ်ရွယ်သူ ဖြစ်လျက် ပူဇော်ခံရသူ ဖြစ်၏။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားကိုပူဇော်ရခြင်း၏ အကျိုးပေတည်း။
၃၃။ ‘‘ဒိဗ္ဗစက္ခု ဝိသုဒ္ဓံ မေ, သမာဓိကုသလော အဟံ၊
အဘိညာပါရမိပ္ပတ္တော, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၃၃။ ငါ၏ ဒိဗ္ဗစက္ခုဉာဏ်သည် အထူးစင်ကြယ်၏၊ ငါသည် ဈာန်သမာဓိ၌ လိမ္မာကျွမ်း ကျင်၏၊ အဘိညာဥ်တို့၏ အထွတ်အထိပ်သို့ ရောက်ပေ၏။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာ ဘုရားကိုပူဇော်ရခြင်း၏ အကျိုးပေတည်း။
၃၄။ ‘‘ပဋိသမ္ဘိဒါ အနုပ္ပတ္တော, ဣဒ္ဓိပါဒေသု ကောဝိဒေါ၊
ဓမ္မေသု ပါရမိပ္ပတ္တော, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၃၄။ ငါသည် ပဋိသမ္ဘိဒါဉာဏ်တို့ကို အစဥ်ရောက်ရပေ၏၊ ဣဒ္ဓိပါဒ်တို့၌ လိမ္မာကျွမ်းကျင် ပေ၏၊ တရားတို့၌ အထွတ်အထိပ်သို့ ရောက်ရပေ၏။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာ ဘုရားကို ပူဇော်ရခြင်း၏အကျိုးပေတည်း။
၃၅။ ‘‘တိံသကပ္ပသဟဿမှိ, ယံ ဗုဒ္ဓမဘိပူဇယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၃၅။ ကမ္ဘာသုံးသောင်းထက်၌ မြတ်စွာဘုရားကို ပူဇော်ခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ ‘ဒုဂ္ဂတိ’ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားကို ပူဇော်ရခြင်း၏အကျိုးပေတည်း။
၃၆။ ‘‘ကိလေသာ ဈာပိတာ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ၊
နာဂေါဝ ဗန္ဓနံ ဆေတွာ, ဝိဟရာမိ အနာသဝေါ။
၃၆။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ ငါသည် အာသဝမရှိဘဲနေရ၏။
၃၇။ ‘‘သွာဂတံ ဝတ မေ အာသိ, မမ ဗုဒ္ဓဿ သန္တိကေ၊
တိဿော ဝိဇ္ဇာ အနုပ္ပတ္တာ, ကတံ ဗုဒ္ဓဿ သာသနံ။
၃၇။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာ ဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၃၈။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ။
၃၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကို လည်းကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကို လည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်တိကဏိကာရပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော တိကဏိကာရပုပ္ဖိယတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ တိကဏိကာရပုပ္ဖိယော ထေရော ဣမာ
ဂါထာယော အဘာသိတ္ထာတိ။
တိကဏိကာရပုပ္ဖိယတ္ထေရဿာပဒါနံ ပဌမံ။
၂။ ဧကပတ္တဒါယကတ္ထေရအပဒါန
၃၉။ ‘‘နဂရေ ဟံသဝတိယာ, ကုမ္ဘကာရော အဟောသဟံ၊
၂-ဧကပတ္တဒါယကတ္ထေရအပဒါန ၃၉။ ငါသည် ဟံသာဝတီမြို့၌ အိုးထိန်းသည် ဖြစ်ခဲ့၏၊ ကိလေသာမြူ ကင်းသော ဩဃကိုလွန်မြောက်သော အာသဝေါ ကင်းတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၏။
အရင်းအမြစ်များ
ကျမ်းကိုးကား
- Vipassana Research Institute. (n.d.). 50. Kiṅkaṇipupphavaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#538
- Vipassana Research Institute. (n.d.). 51. Kaṇikāravaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#539