အပဒါနပါဠိ (ဒု)
ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။
အဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ, ဩဃတိဏ္ဏမနာသဝံ။
၄၀။ ‘‘သုကတံ မတ္တိကာပတ္တံ, ဗုဒ္ဓသေဋ္ဌဿဒါသဟံ၊
ပတ္တံ ဒတွာ ဘဂဝတော, ဥဇုဘူတဿ တာဒိနော။
၄၀။ ငါသည် ကောင်းစွာ ပြုအပ်သော မြေသပိတ်ကို ဘုရားမြတ်အား လှူဒါန်းခဲ့၏၊ ဖြောင့်မတ်သောစိတ်သဘော ရှိတော်မူသော တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား အား သပိတ်ကိုလှူဒါန်းခြင်းကြောင့်-
၄၁။ ‘‘ဘဝေ နိဗ္ဗတ္တမာနောဟံ, သောဏ္ဏထာလေ လဘာမဟံ၊
ရူပိမယေ စ သောဝဏ္ဏေ, တဋ္ဋိကေ စ မဏီမယေ။
၄၁-၄၂။ ငါသည် သံသရာဘဝ၌ ဖြစ်ရသည်ရှိသော် ရွှေခွက်တို့ကို ရပေ၏။ ငါသည် ငွေဖြင့်ပြီးသောခွက်တို့ကို လည်းကောင်း၊ ရွှေဖြင့်ပြီးသော ခွက်တို့ကို လည်းကောင်း၊ ပတ္တမြား ဖြင့် ပြီးကုန်သောသဘော့ဖျာ သင်ဖြူးတို့ကို လည်းကောင်း၊ ခွက်တို့ကို လည်းကောင်း သုံး ဆောင်ရပေ၏။ ဤသို့ဖြစ်ရခြင်းသည် ကောင်းမှုကံ၏ အကျိုးပေတည်း။ ငါသည် အခြံ အရံတို့၏လည်းကောင်း၊ ဥစ္စာတို့၏လည်းကောင်း အမြတ်ဆုံး ဖြစ်ရပေ၏။
၄၂။ ‘‘ပါတိယော ပရိဘုဉ္ဇာမိ, ပုညကမ္မဿိဒံ ဖလံ၊
ယသာနဉ္စ ဓနာနဉ္စ [ယသသာဝ ဇနာနဉ္စ (သျာ။)], အဂ္ဂဘူတော [ပတ္တဘူတော (သီ။ ပီ။)] စ ဟောမဟံ။
၄၃။ ‘‘ယထာပိ ဘဒ္ဒကေ ခေတ္တေ, ဗီဇံ အပ္ပမ္ပိ ရောပိတံ၊
သမ္မာဓာရံ ပဝစ္ဆန္တေ, ဖလံ တောသေတိ ကဿကံ။
၄၃။ ကောင်းသော လယ်၌ အနည်းငယ်သော မျိုးစေ့ကို စိုက်ပျိုးအပ်သော် လည်း မိုးသည်းထန်စွာရွာသည်ရှိသော် အသီးအနှံသည် လယ်သမားကို နှစ်သက်စေဘိသကဲ့သို့-
၄၄။ ‘‘တထေဝိဒံ ပတ္တဒါနံ, ဗုဒ္ဓခေတ္တမှိ ရောပိတံ၊
ပီတိဓာရေ ပဝဿန္တေ, ဖလံ မံ တောသယိဿတိ။
၄၄။ ထို့အတူပင် မြတ်စွာဘုရားဟူသော လယ်မြေ၌ ဤသပိတ်အလှူ (မျိုးစေ့) ကို စိုက်ပျိုးအပ်သည်ရှိသော် ပီတိမိုးရွာသည်ရှိသော် အကျိုးသည် ငါ့အား နှစ်သက်စေလတ္တံ့။ ၄၅၊ သံဃာဟူသော လယ်မြေတို့သည်လည်းကောင်း၊ ဂိုဏ်းဟူသော လယ်မြေတို့သည် လည်းကောင်းရှိကုန်၏။ (ထိုလယ်မြေတို့တွင်) အလုံးစုံသော သတ္တဝါတို့အား ချမ်းသာကို ပေးနိုင်သောဘုရားတည်းဟူသော လယ်မြေနှင့် တူသော အရာသည် မရှိ။
၄၅။ ‘‘ယာဝတာ ခေတ္တာ ဝိဇ္ဇန္တိ, သံဃာပိ စ ဂဏာပိ စ၊
ဗုဒ္ဓခေတ္တသမော နတ္ထိ, သုခဒေါ သဗ္ဗပါဏိနံ။
၄၆။ ‘‘နမော တေ ပုရိသာဇည, နမော တေ ပုရိသုတ္တမ၊
ဧကပတ္တံ ဒဒိတွာန, ပတ္တောမှိ အစလံ ပဒံ။
၄၆။ ယောကျာ်းအာဇာနည်ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ ယောကျာ်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ (အကျွန်ုပ်သည်) သပိတ်တစ်လုံးကိုလှူခဲ့ရခြင်းကြောင့် တုန်လှုပ်ခြင်း မရှိသော နိဗ္ဗာန်သို့ ရောက်ရပါ၏။
၄၇။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ပတ္တမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ပတ္တဒါနဿိဒံ ဖလံ။
၄၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ သပိတ်ကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သပိတ် လှူရခြင်း၏အကျိုးပေတည်း။
၄၈။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝေါ။
၄၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၄၉။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၄၉။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၅၀။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၅၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဧကပတ္တဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် ဧကပတ္တဒါယကတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ဧကပတ္တဒါယကော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
ဧကပတ္တဒါယကတ္ထေရဿာပဒါနံ ဒုတိယံ။
၃။ ကာသုမာရဖလိယတ္ထေရအပဒါန
၅၁။ ‘‘ကဏိကာရံဝ ဇောတန္တံ, နိသိန္နံ ပဗ္ဗတန္တရေ၊
အဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ, လောကဇေဋ္ဌံ နရာသဘံ။
၃-ကာသုမာရဖလိယတ္ထေရအပဒါန ၅၁။ ‘မဟာလှေကားပန်းကဲ့သို့’ တောက်ပလျက် ကိလေသာမြူကင်းသော လောက၏အကြီးအမှူးဖြစ်တော်မူ၍ လူတို့ထက် မြတ်တော်မူသော မြတ်စွာဘုရားကို တောင်ကြား၌ထိုင်နေတော်မူစဥ် ဖူးမြင်ရ၏။
၅၂။ ‘‘ပသန္နစိတ္တော သုမနော, သိရေ ကတွာန အဉ္ဇလိံ၊
ကာသုမာရိကမာဒါယ, ဗုဒ္ဓသေဋ္ဌဿဒါသဟံ။
၅၂။ ငါသည် ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ဦးခေါင်း၌ လက်အုပ်ချီလျက် သရက်ဖြူသီးကိုယူပြီးလျှင် ဘုရားမြတ်အား လှူဒါန်းခဲ့၏။
၅၃။ ‘‘ဧကတိံသေ ဣတော ကပ္ပေ, ယံ ဖလံ အဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဖလဒါနဿိဒံ ဖလံ။
၅၃။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ အသီးကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ‘ဒုဂ္ဂတိ’ ဘဝကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အသီး ကို လှူရခြင်း၏အကျိုးပေတည်း။
၅၄။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၅၄။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၅၅။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၅၅။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၅၆။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၅၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ကာသုမာရဖလိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် ကာသုမာရဖလိယတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ကာသုမာရဖလိယော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
ကာသုမာရဖလိယတ္ထေရဿာပဒါနံ တတိယံ။
၄။ အဝဋဖလိယတ္ထေရအပဒါန
၅၇။ ‘‘သဟဿရံသီ ဘဂဝါ, သယမ္ဘူ အပရာဇိတော၊
ဝိဝေကာ ဥဋ္ဌဟိတွာန, ဂေါစရာယာဘိနိက္ခမိ။
၄-အဝဋဖလိယတ္ထေရအပဒါန ၅၇။ အလိုလို ဖြစ်တော်မူသော ရန်သူတို့သည် မအောင်နိုင်သော ရောင်ခြည်တစ်ထောင် ရှိတော်မူသော မြတ်စွာဘုရားသည် ဆိတ်ငြိမ်ရာမှ ထ၍ ဆွမ်းခံခြင်းငှါ ရှေးရှု ထွက်တော်မူ၏။
၅၈။ ‘‘ဖလဟတ္ထော အဟံ ဒိသွာ, ဥပဂစ္ဆိံ နရာသဘံ၊
ပသန္နစိတ္တော သုမနော, အဝဋံ အဒဒိံ ဖလံ။
၅၈။ လက်၌ သစ်သီးရှိသော ငါသည် မြတ်စွာဘုရားကို ဖူးမြင်ရသည်ရှိသော် (မြတ်စွာ ဘုရားထံသို့ ) ချဥ်းကပ်ခဲ့၏၊ (ထိုအခါ ) ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ “အဝဋ” မည်သော သစ်သီးကိုလှူဒါန်းခဲ့၏။
၅၉။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ဖလံ အဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဖလဒါနဿိဒံ ဖလံ။
၅၉။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ အသီးကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ‘ဒုဂ္ဂတိ’ဘဝကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် အသီးကို လှူဒါန်းရခြင်း၏အကျိုးပေတည်း။
၆၀။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၆၀။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၆၁။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၆၁။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၆၂။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၆၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာ ကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အဝဋဖလိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် အဝဋဖလိယတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ အဝဋဖလိယော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
အဝဋဖလိယတ္ထေရဿာပဒါနံ စတုတ္ထံ။
၅။ ပါဒဖလိယတ္ထေရအပဒါန
၆၃။ ‘‘သုဝဏ္ဏဝဏ္ဏံ သမ္ဗုဒ္ဓံ, အာဟုတီနံ ပဋိဂ္ဂဟံ၊
ရထိယံ ပဋိပဇ္ဇန္တံ, ပါဒဖလံ [ဝါရဖလံ (သီ။), စာရဖလံ (သျာ။), ပါရဖလံ (ပီ။)] အဒါသဟံ။
၅-ပါဒဖလိယတ္ထေရအပဒါန ၆၃။ ပေးလှူဖွယ် ပစ္စည်းတို့ကို အလှူခံတော်မူထိုက်သော ရွှေအဆင်းနှင့် တူသော အဆင်းရှိတော်မူသော မြတ်စွာဘုရားကို ခရီးလမ်း၌ ကြွသွားတော်မူစဥ် ငါသည် သစ်မြစ် အသီးကို လှူဒါန်းခဲ့၏။
၆၄။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ဖလံ အဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဖလဒါနဿိဒံ ဖလံ။
၆၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ အသီးကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အသီးကို လှူရခြင်း၏အကျိုးပေတည်း။
၆၅။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၆၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၆၆။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၆၆။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၆၇။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၆၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပါဒဖလိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် ပါဒဖလိယတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ပါဒဖလိယော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
ပါဒဖလိယတ္ထေရဿာပဒါနံ ပဉ္စမံ။
၆။ မာတုလုင်္ဂဖလဒါယကတ္ထေရအပဒါန
၆၈။ ‘‘ကဏိကာရံဝ ဇလိတံ, ပုဏ္ဏမာယေဝ စန္ဒိမံ၊
ဇလန္တံ ဒီပရုက္ခံဝ, အဒ္ဒသံ လောကနာယကံ။
၆-မာတုလုင်္ဂဖလဒါယကတ္ထေရအပဒါန ၆၈။ ငါသည် ‘တောက်ပသော မဟာလှေကားပန်းကဲ့သို့လည်းကောင်း၊ လပြည့်နေ့၌ ပေါ်ထွန်းသောလဝန်းကဲ့သို့လည်းကောင်း၊ ထွန်းလင်းသော ဆီမီးတိုင်ကဲ့သို့လည်းကောင်း’ မြတ်စွာဘုရားကိုဖူးမြင်ရ၏။
၆၉။ ‘‘မာတုလုင်္ဂဖလံ ဂယှ, အဒါသိံ သတ္ထုနော အဟံ၊
ဒက္ခိဏေယျဿ ဝီရဿ [ဓီရဿ (သီ။)], ပသန္နော သေဟိ ပါဏိဘိ။
၆၉။ ငါသည် ကြည်ညိုသည်ဖြစ်၍ ရှောက်ချိုသီးကို ယူပြီးလျှင် မြတ်သော အလှူကို ခံတော်မူထိုက်သောလုံ့လရှိတော်မူသော မြတ်စွာဘုရားအား မိမိလက်တို့ဖြင့် လှူဒါန်းခဲ့၏။
၇၀။ ‘‘ဧကတိံသေ ဣတော ကပ္ပေ, ယံ ဖလံ အဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဖလဒါနဿိဒံ ဖလံ။
၇၀။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ အသီးကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အသီးကို လှူရခြင်း၏အကျိုးပေတည်း။
၇၁။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၇၁။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၇၂။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၇၂။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၇၃။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၇၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်မာတုလုင်္ဂဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် မာတုလုင်္ဂဖလဒါယကတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ မာတုလုင်္ဂဖလဒါယကော ထေရော ဣမာ
ဂါထာယော အဘာသိတ္ထာတိ။
မာတုလုင်္ဂဖလဒါယကတ္ထေရဿာပဒါနံ ဆဋ္ဌံ။
၇။ အဇေလိဖလဒါယကတ္ထေရအပဒါန
၇၄။ ‘‘အဇ္ဇုနော [အဇိနော (သျာ။)] နာမ သမ္ဗုဒ္ဓေါ, ဟိမဝန္တေ ဝသီ တဒါ၊
စရဏေန စ သမ္ပန္နော, သမာဓိကုသလော မုနိ။
၇-အဇေလိဖလဒါယကတ္ထေရအပဒါန ၇၄။ ထိုအခါ အဇ္ဇုနမည်သော မြတ်စွာဘုရားသည် ဟိမဝန္တာ၌ နေတော်မူ၏၊ မြတ်စွာ ဘုရားသည် အကျင့်‘စရဏ’နှင့်လည်း ပြည့်စုံတော်မူ၏၊ ဈာန်သမာဓိ၌လည်း ကျွမ်းကျင်လိမ္မာတော်မူ၏။
၇၅။ ‘‘ကုမ္ဘမတ္တံ ဂဟေတွာန, အဇေလိံ [အဉ္ဇလိံ (သျာ။), အဇေလံ (ပီ။)] ဇီဝဇီဝကံ၊
ဆတ္တပဏ္ဏံ ဂဟေတွာန, အဒါသိံ သတ္ထုနော အဟံ။
၇၅။ ငါသည် အသက်ကို ရှည်စေတတ်သော ‘ထီးကဲ့သို့’ အရွက်ရှိသော အိုစရည်းပမာဏ ရှိသောအဇေလိမည်သော အသီးကို ယူ၍ မြတ်စွာဘုရားအား လှူဒါန်းခဲ့၏။
၇၆။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ဖလံ အဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဖလဒါနဿိဒံ ဖလံ။
၇၆။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ အသီးကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အသီးကို လှူရခြင်း၏အကျိုးပေတည်း။
၇၇။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၇၇။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၇၈။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၇၈။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၇၉။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၇၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အဇေလိဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် အဇေလိဖလဒါယကတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ အဇေလိဖလဒါယကော ထေရော ဣမာ
ဂါထာယော အဘာသိတ္ထာတိ။
အဇေလိဖလဒါယကတ္ထေရဿာပဒါနံ သတ္တမံ။
၈။ အမောဒဖလိယတ္ထေရအပဒါန
၈၀။ ‘‘သုဝဏ္ဏဝဏ္ဏံ သမ္ဗုဒ္ဓံ, အာဟုတီနံ ပဋိဂ္ဂဟံ၊
ရထိယံ ပဋိပဇ္ဇန္တံ, အမောဒမဒဒိံ ဖလံ။
၈-အမောဒဖလိယတ္ထေရအပဒါန ၈၀။ ပေးလှူဖွယ်ပစ္စည်းဝတ္ထုကို ခံတော်မူထိုက်သော ရွှေအဆင်းနှင့် တူသော အဆင်း ရှိတော်မူသော မြတ်စွာဘုရားကို လမ်းခရီး၌ ကြွသွားတော်မူစဥ် အမောဒမည်သော အသီးကို လှူဒါန်းခဲ့၏။
၈၁။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ဖလံ အဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဖလဒါနဿိဒံ ဖလံ။
၈၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ အသီးကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အသီးကို လှူရခြင်း၏အကျိုးပေတည်း။
၈၂။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၈၂။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၈၃။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၈၃။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၈၄။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၈၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အမောဒဖလိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် အမောဒဖလိယတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ အမောဒဖလိယော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
အမောဒဖလိယတ္ထေရဿာပဒါနံ အဋ္ဌမံ။
၉။ တာလဖလဒါယကတ္ထေရအပဒါန
၈၅။ ‘‘သတရံသီ နာမ ဘဂဝါ, သယမ္ဘူ အပရာဇိတော၊
ဝိဝေကာ ဝုဋ္ဌဟိတွာန, ဂေါစရာယာဘိနိက္ခမိ။
၉-တာလဖလဒါယကတ္ထေရအပဒါန ၈၅။ အလိုလို ဖြစ်တော်မူသော ရန်သူတို့ မအောင်နိုင်သော သတရံသီမည်သော ပစ္စေကဗုဒ္ဓါအရှင်မြတ်သည် ဆိတ်ငြိမ်ရာမှ ထ၍ ဆွမ်းခံခြင်းငှါ ရှေးရှု ထွက်တော်မူ၏။
၈၆။ ‘‘ဖလဟတ္ထော အဟံ ဒိသွာ, ဥပဂစ္ဆိံ နရာသဘံ၊
ပသန္နစိတ္တော သုမနော, တာလဖလံ အဒါသဟံ။
၈၆။ လက်၌ သစ်သီးရှိသော ငါသည် ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကို ဖူးမြင်ရသည်ရှိသော် (ဘုရားထံသို့ ) ချဥ်းကပ်၏၊ ငါသည် ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ထန်းသီး ကို လှူဒါန်းခဲ့၏။
၈၇။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ဖလံ အဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဖလဒါနဿိဒံ ဖလံ။
၈၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ အသီးကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အသီးကို လှူရခြင်း၏အကျိုးပေတည်း။
၈၈။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၈၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၈၉။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၈၉။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၉၀။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၉၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်တာလဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် တာလဖလဒါယကတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ တာလဖလဒါယကော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
တာလဖလဒါယကတ္ထေရဿာပဒါနံ နဝမံ။
၁၀။ နာဠိကေရဖလဒါယကတ္ထေရအပဒါန
၉၁။ ‘‘နဂရေ ဗန္ဓုမတိယာ, အာရာမိကော အဟံ တဒါ၊
အဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ, ဂစ္ဆန္တံ အနိလဉ္ဇသေ။
၁၀-နာဠိကေရဖလဒါယကတ္ထေရအပဒါန ၉၁။ ထိုအခါ ငါသည် ဗန္ဓုမတီမြို့၌ အရံစောင့် ဖြစ်စဥ် ကောင်းကင်၌ ကြွသွားတော်မူ သောကိလေသာမြူ ကင်းသော မြတ်စွာဘုရားကို ဖူးမြင်ရ၏။
၉၂။ ‘‘နာဠိကေရဖလံ ဂယှ, ဗုဒ္ဓသေဋ္ဌဿဒါသဟံ၊
အာကာသေ ဌိတကော သန္တော, ပဋိဂ္ဂဏှိ မဟာယသော။
၉၂။ ငါသည် အုန်းသီးကို ယူ၍ ဘုရားမြတ်အား လှူဒါန်းခဲ့၏၊ မြတ်စွာဘုရားသည် ကောင်းကင်၌ရပ်တည်လျက်ပင် အလှူခံတော်မူ၏။
၉၃။ ‘‘ဝိတ္တိသဉ္ဇနနော မယှံ, ဒိဋ္ဌဓမ္မသုခါဝဟော၊
ဖလံ ဗုဒ္ဓဿ ဒတွာန, ဝိပ္ပသန္နေန စေတသာ။
၉၃။ အထူးကြည်ညိုသော စိတ်ဖြင့် အသီးကို မြတ်စွာဘုရားအား လှူခဲ့ခြင်းကြောင့် ငါ့အားနှစ်သက်ခြင်းကို ဖြစ်စေ၏၊ ငါ့အား မျက်မှောက်ချမ်းသာကို ရွက်ဆောင်၏။
၉၄။ ‘‘အဓိဂစ္ဆိံ တဒါ ပီတိံ, ဝိပုလဉ္စ သုခုတ္တမံ၊
ဥပ္ပဇ္ဇတေဝ ရတနံ, နိဗ္ဗတ္တဿ တဟိံ တဟိံ။
၉၄။ ထိုအခါ နှစ်သက်ခြင်းကို လည်းကောင်း၊ ပြန့်ပြောသော ချမ်းသာမြတ်ကိုလည်းကောင်း ရပေ၏။ ထိုထိုဘဝ၌ ဖြစ်သော ငါ့အား ရတနာသည် ဖြစ်သည်သာလျှင်တည်း။
၉၅။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ဖလံ အဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဖလဒါနဿိဒံ ဖလံ။
၉၅။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ အသီးကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အသီးကို လှူရခြင်း၏အကျိုးပေတည်း။
၉၆။ ‘‘ဒိဗ္ဗစက္ခု ဝိသုဒ္ဓံ မေ, သမာဓိကုသလော အဟံ၊
အဘိညာပါရမိပ္ပတ္တော, ဖလဒါနဿိဒံ ဖလံ။
၉၆။ ငါ၏ ဒိဗ္ဗစက္ခုဉာဏ်သည် အထူးစင်ကြယ်ပေ၏၊ ငါသည် ဈာန်သမာဓိ၌ ကျွမ်းကျင် လိမ္မာသူဖြစ်ပေ၏၊ အဘိညာဥ်၏ အထွတ်အထိပ်သို့ ရောက်သူ ဖြစ်ပေ၏။ ဤသို့ ဖြစ်ရ ခြင်းသည် အသီးကိုလှူရခြင်း၏ အကျိုးပေတည်း။
၉၇။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၉၇။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၉၈။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၉၈။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၉၉။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၉၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်နာဠိကေရဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် နာဠိကေရဖလဒါယကတ္ထေရအပဒါန ပြီး၏။ ငါးဆယ့်တစ်ခုမြောက် ကဏိကာရဝဂ် ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ နာဠိကေရဖလဒါယကော ထေရော ဣမာ
ဂါထာယော အဘာသိတ္ထာတိ။
နာဠိကေရဖလဒါယကတ္ထေရဿာပဒါနံ ဒသမံ။
ကဏိကာရဝဂ္ဂေါ ဧကပညာသမော။
တဿုဒ္ဒါနံ-
ကဏိကာရေကပတ္တာ စ, ကာသုမာရီ တထာဝဋာ၊
ပါဒဉ္စ မာတုလုင်္ဂဉ္စ, အဇေလီမောဒမေဝ စ။
တာလံ တထာ နာဠိကေရံ, ဂါထာယော ဂဏိတာ ဝိဟ၊
ဧကံ ဂါထာသတံ ဟောတိ, ဦနာဓိကဝိဝဇ္ဇိတံ။
၅၂။ ဖလဒါယကဝဂ္ဂ
၁။ ကုရဉ္စိယဖလဒါယကတ္ထေရအပဒါန
၁။ ‘‘မိဂလုဒ္ဒေါ ပုရေ အာသိံ, ဝိပိနေ ဝိစရံ အဟံ၊
အဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ, သဗ္ဗဓမ္မာန ပါရဂုံ။
၅၂-ဖလဒါယကဝဂ် ၁-ကုရဥ္စိယဖလဒါယကတ္ထေရအပဒါန ၁။ ရှေးအခါ ငါသည် တော၌ လှည့်လည်သော သားမုဆိုး ဖြစ်ခဲ့၏၊ အလုံးစုံသော တရားတို့၏တစ်ဖက်ကမ်းသို့ ရောက်တော်မူသော ကိလေသာမြူ ကင်းသော မြတ်စွာဘုရား ကို ဖူးမြင်ရ၏။
၂။ ‘‘ကုရဉ္စိယဖလံ ဂယှ, ဗုဒ္ဓသေဋ္ဌဿဒါသဟံ၊
ပုညက္ခေတ္တဿ တာဒိနော, ပသန္နော သေဟိ ပါဏိဘိ။
၂။ ငါသည် ကုရဉ္စိယမည်သော အသီးကို ယူ၍ ကုသိုလ်မျိုးစေ့ကို စိုက်ပျိုးရာ လယ်မြေ ကောင်းသဖွယ်ဖြစ်တော်မူသော တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော ဘုရားမြတ်အား ကြည်ညို သည်ဖြစ်၍ မိမိလက်တို့ဖြင့်လှူဒါန်းခဲ့၏။
၃။ ‘‘ဧကတိံသေ ဣတော ကပ္ပေ, ယံ ဖလံ အဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဖလဒါနဿိဒံ ဖလံ။
၃။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ အသီးကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အသီးကို လှူရခြင်း၏ အကျိုးပေတည်း။
၄။ ‘‘ကိလေသာ ဈာပိတာ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ၊
နာဂေါဝ ဗန္ဓနံ ဆေတွာ, ဝိဟရာမိ အနာသဝေါ။
၄။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ ငါသည် အာသဝမရှိဘဲ နေရ၏။
၅။ ‘‘သွာဂတံ ဝတ မေ အာသိ, ဗုဒ္ဓသေဋ္ဌဿ သန္တိကေ၊
တိဿော ဝိဇ္ဇာ အနုပ္ပတ္တာ, ကတံ ဗုဒ္ဓဿ သာသနံ။
၅။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာ ဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၆။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကို လည်းကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကို လည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ကုရဉ္စိယဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော ကုရဉ္စိယဖလဒါယကတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ကုရဉ္စိယဖလဒါယကော ထေရော ဣမာ
ဂါထာယော အဘာသိတ္ထာတိ။
ကုရဉ္စိယဖလဒါယကတ္ထေရဿာပဒါနံ ပဌမံ။
၂။ ကပိတ္ထဖလဒါယကတ္ထေရအပဒါန
၇။ ‘‘သုဝဏ္ဏဝဏ္ဏံ သမ္ဗုဒ္ဓံ, အာဟုတီနံ ပဋိဂ္ဂဟံ၊
ရထိယံ ပဋိပဇ္ဇန္တံ, ကပိတ္ထံ [ကပိဋ္ဌံ (သျာ။)] အဒဒိံ ဖလံ။
၂-ကပိတ္ထဖလဒါယကတ္ထေရအပဒါန ၇။ ပေးလှူဖွယ် ပစ္စည်းဝတ္ထုကို ခံတော်မူထိုက်သော ရွှေအဆင်းနှင့် တူသော အဆင်း ရှိတော်မူသော မြတ်စွာဘုရားအား လမ်းခရီး၌ ကြွသွားတော်မူစဥ် သီး, သီးကို လှူဒါန်းခဲ့၏။
၈။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ဖလံ အဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဖလဒါနဿိဒံ ဖလံ။
၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ အသီးကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် သီး, သီး ကို လှူရခြင်း၏ အကျိုးပေတည်း။
၉။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၉။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၁၀။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၁၀။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၁၁။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၁၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ကပိတ္ထဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် ကပိတ္ထဖလဒါယကတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ကပိတ္ထဖလဒါယကော ထေရော ဣမာ
ဂါထာယော အဘာသိတ္ထာတိ။
ကပိတ္ထဖလဒါယကတ္ထေရဿာပဒါနံ ဒုတိယံ။
၃။ ကောသမ္ဗဖလိယတ္ထေရအပဒါန
၁၂။ ‘‘ကကုဓံ ဝိလသန္တံဝ, ဒေဝဒေဝံ နရာသဘံ၊
ရထိယံ ပဋိပဇ္ဇန္တံ, ကောသမ္ဗံ [ကောသုမ္ဗံ (သီ။ သျာ။ ပီ။)] အဒဒိံ တဒါ။
၃-ကောသမ္ဗဖလိယတ္ထေရအပဒါန ၁၂။ ငါသည် ထိုအခါ ‘ရေခတက်ပင်ကဲ့သို့’ တင့်တယ်တော်မူသော လူတို့ထက်မြတ်သောမြတ်စွာဘုရားအား လမ်းခရီး၌ ကြွသွားတော်မူစဥ် ကြို့သီးကို လှူဒါန်းခဲ့၏။
၁၃။ ‘‘ဧကတိံသေ ဣတော ကပ္ပေ, ယံ ဖလံ အဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဖလဒါနဿိဒံ ဖလံ။
၁၃။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ အသီးကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ကြို့သီး ကို လှူရခြင်း၏အကျိုးပေတည်း။
၁၄။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၁၄။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၁၅။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၁၅။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၁၆။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၁၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ကောသမ္ဗဖလိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် ကောသမ္ဗဖလိယတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ကောသမ္ဗဖလိယော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
ကောသမ္ဗဖလိယတ္ထေရဿာပဒါနံ တတိယံ။
၄။ ကေတကပုပ္ဖိယတ္ထေရအပဒါန
၁၇။ ‘‘ဝိနတာနဒိယာ တီရေ, ဝိဟာသိ ပုရိသုတ္တမော၊
အဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ, ဧကဂ္ဂံ သုသမာဟိတံ။
၄-ကေတကပုပ္ဖိယတ္ထေရအပဒါန ၁၇။ ကောကျာ်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝိနတာမြစ်၏ ကမ်း၌နေတော်မူ၏၊ (ထိုအခါ ငါသည်) တစ်ခုသော အာရုံရှိ၍ ကောင်းစွာ တည်ကြည်သော စိတ်ရှိတော် မူသော ၊ ကိလေသာမြူကင်းသော မြတ်စွာဘုရားကို ဖူးမြင်ရ၏။
၁၈။ ‘‘မဓုဂန္ဓဿ ပုပ္ဖေန, ကေတကဿ အဟံ တဒါ၊
ပသန္နစိတ္တော သုမနော, ဗုဒ္ဓသေဋ္ဌမပူဇယိံ။
၁၈။ ထိုအခါ ငါသည် ပျားရနံ့ရှိသော ဆပ်သွားပင်၏ အပွင့်ပန်းဖြင့် ကြည်ညိုဝမ်းမြောက် သောစိတ်ရှိသည်ဖြစ်၍ မြတ်စွာဘုရားကို ပူဇော်ခဲ့၏။
၁၉။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၁၉။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပန်းပူဇော်ခဲ့ရသော အခါမှစ၍ မကောင်း မှု ပြုသူတို့လားရာ ‘ဒုဂ္ဂတိ’ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားကို ပူဇော်ရခြင်း၏အကျိုးပေတည်း။
၂၀။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၂၀။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၂၁။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၂၁။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၂၂။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၂၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ကေတကပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် ကေတကပုပ္ဖိယတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ကေတကပုပ္ဖိယော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
ကေတကပုပ္ဖိယတ္ထေရဿာပဒါနံ စတုတ္ထံ။
၅။ နာဂပုပ္ဖိယတ္ထေရအပဒါန
၂၃။ ‘‘သုဝဏ္ဏဝဏ္ဏံ သမ္ဗုဒ္ဓံ, အာဟုတီနံ ပဋိဂ္ဂဟံ၊
ရထိယံ ပဋိပဇ္ဇန္တံ, နာဂပုပ္ဖံ အပူဇယိံ။
၅-နာဂပုပ္ဖိယတ္ထေရအပဒါန ၂၃။ ပေးလှူဖွယ် ပစ္စည်းဝတ္ထုကို ခံတော်မူထိုက်သော ရွှေအဆင်းနှင့်တူသော အဆင်း ရှိတော်မူသော မြတ်စွာဘုရားအား လမ်းခရီး၌ ကြွသွားတော်မူစဥ် ကံ့ကော်ပန်းကို ပူဇော်ခဲ့၏။
၂၄။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၂၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို ပူဇော်ခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် မြတ်စွာ ဘုရားအား ပူဇော်ရခြင်း၏အကျိုးပေတည်း။
၂၅။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၂၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၂၆။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၂၆။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၂၇။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၂၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်နာဂပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် နာဂပုပ္ဖိယတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ နာဂပုပ္ဖိယော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
နာဂပုပ္ဖိယတ္ထေရဿာပဒါနံ ပဉ္စမံ။
၆။ အဇ္ဇုနပုပ္ဖိယတ္ထေရအပဒါန
၂၈။ ‘‘စန္ဒဘာဂါနဒီတီရေ, အဟောသိံ ကိန္နရော တဒါ၊
အဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ, သယမ္ဘုံ အပရာဇိတံ။
၆-အဇ္ဇုနပုပ္ဖိယတ္ထေရအပဒါန ၂၈။ ငါသည် စန္ဒဘာဂါမြစ်ကမ်း၌ ကိန္နရာ ဖြစ်ခဲ့၏၊ ထိုအခါ အလိုလို ဖြစ်တော်မူသော ရန်သူတို့မအောင်နိုင်သော ကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၏။
၂၉။ ‘‘ပသန္နစိတ္တော သုမနော, ဝေဒဇာတော ကတဉ္ဇလီ၊
ဂဟေတွာ အဇ္ဇုနံ ပုပ္ဖံ, သယမ္ဘုံ အဘိပူဇယိံ။
၂၉။ ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ နှစ်သက်ခြင်း ဖြစ်လျက် လက်အုပ် ချီပြီးလျှင် ဖောက်ကြံ့ပန်းကို ယူ၍ မြတ်စွာဘုရားအား ပူဇော်ခဲ့၏။
၃၀။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ ကိန္နရံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၃၀။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း ကိန္နရာဘဝကိုယ်ကို စွန့်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ရ၏။
၃၁။ ‘‘ဆတ္တိံသက္ခတ္တုံ ဒေဝိန္ဒော, ဒေဝရဇ္ဇမကာရယိံ၊
ဒသက္ခတ္တုံ စက္ကဝတ္တီ, မဟာရဇ္ဇမကာရယိံ။
၃၁။ သုံးဆယ့်ခြောက်ကြိမ်တိုင်တိုင် နတ်တို့ကို အစိုးရသူဖြစ်၍ နတ်မင်းအဖြစ်ကို ပြုခဲ့ရ၏၊ ဆယ်ကြိမ်တိုင်တိုင် စကြဝတေးမင်းကြီး အဖြစ်ကိုလည်း ပြုခဲ့ရ၏။
၃၂။ ‘‘ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ၊
သုခေတ္တေ ဝပ္ပိတံ ဗီဇံ, သယမ္ဘုမှိ အဟော မမ [အဟောသိ မေ (သျာ။)]။
၃၂။ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်၊ လယ်ယာမြေကောင်းသဖွယ် ဖြစ်သော မြတ်စွာဘုရား၌ စိုက်ပျိုးအပ်သော ငါ၏ (ကုသိုလ်) မျိုးစေ့သည်အံ့ဩဖွယ် ရှိပါပေစွ။
၃၃။ ‘‘ကုသလံ ဝိဇ္ဇတေ မယှံ, ပဗ္ဗဇိံ အနဂါရိယံ၊
ပူဇာရဟော အဟံ အဇ္ဇ, သကျပုတ္တဿ သာသနေ။
၃၃။ ငါ့အား ကုသိုလ်သည် ရှိ၏၊ (ထို့ကြောင့်) ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့ရပေ၏၊ သာကီဝင်မင်းသားမြတ်စွာဘုရား၏ သာသနာတော်၌ ငါသည် ပူဇော်ခံထိုက်သူ ဖြစ်ရ၏။
၃၄။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၃၄။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၃၅။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၃၅။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၃၆။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၃၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အဇ္ဇုနပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် အဇ္ဇုနပုပ္ဖိယတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ အဇ္ဇုနပုပ္ဖိယော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
အဇ္ဇုနပုပ္ဖိယတ္ထေရဿာပဒါနံ ဆဋ္ဌံ။
၇။ ကုဋဇပုပ္ဖိယတ္ထေရအပဒါန
၃၇။ ‘‘ဟိမဝန္တဿာဝိဒူရေ, ဝသလော [စာဝလော (သီ။ ပီ။), အစ္စယော (သျာ။)] နာမ ပဗ္ဗတော၊
ဗုဒ္ဓေါ သုဒဿနော နာမ, ဝသတေ ပဗ္ဗတန္တရေ။
၇-ကုဋဇပုပ္ဖိယတ္ထေရအပဒါန ၃၇။ ဟိမဝန္တာ၏ အနီး၌ ဝသလမည်သော တောင်သည် ရှိ၏၊ သုဒဿနမည်သော မြတ်စွာဘုရားသည် တောင်ကြား၌ နေတော်မူ၏။
၃၈။ ‘‘ပုပ္ဖံ ဟေမဝန္တံ ဂယှ, ဝေဟာသံ အဂမာသဟံ၊
တတ္ထဒ္ဒသာသိံ သမ္ဗုဒ္ဓံ, ဩဃတိဏ္ဏမနာသဝံ။
၃၈။ ငါသည် ဟိမဝန္တာ၌ ဖြစ်သော (ရွှေအဆင်းရှိသော) ပန်းကို ယူ၍ ‘ကောင်းကင်သို့’ သွားခဲ့၏၊ ထိုတောင်၌ ဩဃမှ လွန်မြောက်တော်မူသော အာသဝမရှိသော မြတ်စွာဘုရားကို ဖူးမြင်ရ၏။
၃၉။ ‘‘ပုပ္ဖံ ကုဋဇမာဒါယ, သိရေ ကတွာန အဉ္ဇလိံ [ကတွာနဟံ တဒါ (သျာ။ ပီ။ က။)]၊
ဗုဒ္ဓဿ အဘိရောပေသိံ, သယမ္ဘုဿ မဟေသိနော။
၃၉။ ထိုအခါ ငါသည် လက်ထုတ်ကြီးပန်းကို ယူ၍ ဦးခေါင်း၌ လက်အုပ်ချီလျက် အလိုလိုဖြစ်တော်မူသော မြတ်သော ဂုဏ်ကို ရှာမှီးတော်မူသော မြတ်စွာဘုရားအား တင်လှူပူဇော် ခဲ့၏။
၄၀။ ‘‘ဧကတိံသေ ဣတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၄၀။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို ပူဇော်ခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် မြတ်စွာ ဘုရားအား ပူဇော်ရခြင်း၏အကျိုးပေတည်း။
၄၁။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၄၁။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၄၂။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၄၂။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၄၃။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၄၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ကုဋဇပုပ္ဖိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် ကုဋဇပုပ္ဖိယတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ကုဋဇပုပ္ဖိယော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
ကုဋဇပုပ္ဖိယတ္ထေရဿာပဒါနံ သတ္တမံ။
၈။ ဃောသသညကတ္ထေရအပဒါန
၄၄။ ‘‘မိဂလုဒ္ဒေါ ပုရေ အာသိံ, အရညေ ဝိပိနေ အဟံ၊
အဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ, ဒေဝသံဃပုရက္ခတံ။
၈-ဃောသသညကတ္ထေရအပဒါန ၄၄။ ရှေးအခါ ငါသည် ငှက်တို့ မြည်တွန်ရာတော၌ သားမုဆိုး ဖြစ်ခဲ့၏၊ နတ်အပေါင်း ခြံရံအပ်သောကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၏။
၄၅။ ‘‘စတုသစ္စံ ပကာသေန္တံ, ဒေသေန္တံ အမတံ ပဒံ၊
အဿောသိံ မဓုရံ ဓမ္မံ, သိခိနော လောကဗန္ဓုနော။
၄၅။ သစ္စာလေးပါးကို ပြလျက် အမြိုက်နိဗ္ဗာန်ကို ဟောတော်မူသော သိခီမြတ်စွာဘုရား၏ ချိုမြိန်သောတရားသံကို ကြားနာခဲ့ရ၏။
၄၆။ ‘‘ဃောသေ စိတ္တံ ပသာဒေသိံ, အသမပ္ပဋိပုဂ္ဂလေ၊
တတ္ထ စိတ္တံ ပသာဒေတွာ, ဥတ္တရိံ [အတရိံ (သီ။ ပီ။)] ဒုတ္တရံ ဘဝံ။
၄၆။ အတူ ပြိုင်ဘက်မရှိသော မြတ်စွာဘုရား၌လည်းကောင်း၊ (မြတ်စွာဘုရား၏ ) အသံတော်၌လည်းကောင်း စိတ်ကို ကြည်ညိုစေခဲ့၏။ ထိုဘုရားနှင့် တရားသံ၌ စိတ်ကို ကြည်ညိုစေခြင်းကြောင့် ကူးမြောက်နိုင်ခဲသော ဘဝကို ကူးမြောက်ရပေ၏။
၄၇။ ‘‘ဧကတိံသေ ဣတော ကပ္ပေ, ယံ သညမလဘိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဃောသသညာယိဒံ ဖလံ။
၄၇။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ အမှတ်သညာကို ရခဲ့သော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် တရား သံကို မှတ်သားခြင်းသညာ၏ အကျိုးပေတည်း။
၄၈။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝေါ။
၄၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၄၉။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၄၉။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၅၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
၅၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဃောသသညကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် ဃောသသညကတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ဃောသသညကော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
ဃောသသညကတ္ထေရဿာပဒါနံ အဋ္ဌမံ။
၉။ သဗ္ဗဖလဒါယကတ္ထေရအပဒါန
၅၁။ ‘‘ဝရုဏော နာမ နာမေန, ဗြာဟ္မဏော မန္တပါရဂူ၊
ဆဍ္ဍေတွာ ဒသပုတ္တာနိ, ဝနမဇ္ဈောဂဟိံ တဒါ။
၉-သဗ္ဗဖလဒါယကတ္ထေရအပဒါန ၅၁။ ထိုအခါ ငါသည် ဗေဒင်သုံးပုံတို့၌ တစ်ဖက်ကမ်းသို့ရောက်သော အမည်အား ဖြင့် “ဝရုဏ”ဟုထင်ရှားသော ဗြာဟ္မဏဖြစ်၍ သားသမီးဆယ်ယောက်တို့ကို စွန့်ပြီးလျှင် တောအလယ်သို့ ဝင်ခဲ့၏။
၅၂။ ‘‘အဿမံ သုကတံ ကတွာ, သုဝိဘတ္တံ မနောရမံ၊
ပဏ္ဏသာလံ ကရိတွာန, ဝသာမိ ဝိပိနေ အဟံ။
၅၂။ ငါသည် သင်္ခမ်းကျောင်းကို ကောင်းစွာ ပြုလုပ်၍ ကောင်းစွာ ပိုင်းခြားအပ်သောစိတ်ပျော်မွေ့ဖွယ်ကောင်းသော သစ်ရွက်မိုးကျောင်းကို ပြုလုပ်ပြီးလျှင် တော၌ နေ၏။
၅၃။ ‘‘ပဒုမုတ္တရော လောကဝိဒူ, အာဟုတီနံ ပဋိဂ္ဂဟော၊
မမုဒ္ဓရိတုကာမော သော, အာဂစ္ဆိ မမ အဿမံ။
၅၃။ ပေးလှူဖွယ် ပစ္စည်းဝတ္ထုတို့ကို ခံယူတော်မူထိုက်သော ထိုပဒုမုတ္တရမြတ်စွာဘုရား သည် ငါ့အား (သံသရာမှ) ထုတ်ဆောင်တော်မူလိုသည်ဖြစ်၍ ငါ၏ သင်္ခမ်းကျောင်းသို့ ကြွ လာတော်မူ၏။
၅၄။ ‘‘ယာဝတာ ဝနသဏ္ဍမှိ, ဩဘာသော ဝိပုလော အဟု၊
ဗုဒ္ဓဿ အာနုဘာဝေန, ပဇ္ဇလီ ဝိပိနံ တဒါ။
၅၄။ ပြန့်ပြောသော အလင်းရောင်သည် တောအုပ်ရှိသလောက် ဖြစ်လေ၏၊ ထိိုအခါ မြတ်စွာဘုရား၏ အာနုဘော်ကြောင့် တောသည် ထိန်လင်းတောက်ပလျက် ရှိ၏။
၅၅။ ‘‘ဒိသွာန တံ ပါဋိဟီရံ, ဗုဒ္ဓသေဋ္ဌဿ တာဒိနော၊
ပတ္တပုဋံ ဂဟေတွာန, ဖလေန ပူဇယိံ အဟံ။
၅၅။ ငါသည် တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော ဘုရားမြတ်၏ ထိုတန်ခိုးပြာဋိဟာကို ဖူးမြင်ရ၍သစ်သီးထုပ်ကို ယူ၍ သစ်သီးဖြင့် ပူဇော်ခဲ့၏။
၅၆။ ‘‘ဥပဂန္တွာန သမ္ဗုဒ္ဓံ, သဟခါရိမဒါသဟံ၊
အနုကမ္ပာယ မေ ဗုဒ္ဓေါ, ဣဒံ ဝစနမဗြဝိ။
၅၆။ ငါသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ ပရိက္ခရာနှင့်တကွ လှူဒါန်းခဲ့၏၊ မြတ်စွာ ဘုရားသည့်ငါ့အား အစဥ်သနားသဖြင့် ဤစကားကို မိန့်တော်မူ၏-
၅၇။ ‘ခါရိဘာရံ ဂဟေတွာန, ပစ္ဆတော ဧဟိ မေ တုဝံ၊
ပရိဘုတ္တေ စ သံဃမှိ, ပုညံ တဝ ဘဝိဿတိ’။
၅၇။ သင်သည် ရသေ့ပရိက္ခရာဝန်ကို ယူ၍ ငါ၏ နောက်မှ လိုက်ခဲ့လော့၊ သံဃာသည်သုံးဆောင်အပ်သည်ရှိသော် သင့်အား ကုသိုလ်ကောင်းမှုသည် ဖြစ်လတ္တံ့ (ဟု မိန့်တော်မူ၏)။
၅၈။ ‘‘ပုဋကန္တံ ဂဟေတွာန, ဘိက္ခုသံဃဿဒါသဟံ၊
တတ္ထ စိတ္တံ ပသာဒေတွာ, တုသိတံ ဥပပဇ္ဇဟံ။
၅၈။ ငါသည် သစ်သီးထုပ်ကို ယူ၍ ရဟန်းသံဃာအား လှူဒါန်းခဲ့၏၊ ငါသည် ထို ရဟန်းသံဃာ၌ စိတ်ကိုကြည်ညိုစေ၍ တုသိတာဘုံသို့ ရောက်ရပေ၏။
၅၉။ ‘‘တတ္ထ ဒိဗ္ဗေဟိ နစ္စေဟိ, ဂီတေဟိ ဝါဒိတေဟိ စ၊
ပုညကမ္မေန သံယုတ္တံ, အနုဘောမိ သဒါ သုခံ။
၅၉။ ထိုတုသိတာဘုံ၌ နတ်၌ ဖြစ်သော ကခြင်းတို့ဖြင့်လည်းကောင်း၊ သီခြင်းတို့ဖြင့်လည်းကောင်း၊ တီးမှုတ်ခြင်းတို့ဖြင့်လည်းကောင်း ကောင်းမှုကံနှင့် ယှဥ်သော ချမ်းသာကို အခါခပ် သိမ်း ခံစားရပေ၏။
၆၀။ ‘‘ယံ ယံ ယောနုပပဇ္ဇာမိ, ဒေဝတ္တံ အထ မာနုသံ၊
ဘောဂေ မေ ဦနတာ နတ္ထိ, ဖလဒါနဿိဒံ ဖလံ။
၆၀။ ကပ်ရောက်ရတိုင်းသော လူ့အဖြစ် နတ်အဖြစ်ဟူသမျှတို့၌ ငါ့အား စည်းစိမ်ဥစ္စာ၌ယုတ်လျော့ခြင်းသည် မရှိချေ။ ဤသို့ ဖြစ်ရခြင်းသည် သစ်သီးလှူရခြင်း၏ အကျိုးပေတည်း။
၆၁။ ‘‘ယာဝတာ စတုရော ဒီပါ, သသမုဒ္ဒါ သပဗ္ဗတာ၊
ဖလံ ဗုဒ္ဓဿ ဒတွာန, ဣဿရံ ကာရယာမဟံ။
၆၁။ သမုဒ္ဒရာနှင့်တကွ တောင်နှင့်တကွသော လေးကျွန်းတို့သည် အကြင်မျှလောက် ရှိကုန်၏၊ ငါသည်သစ်သီးကို မြတ်စွာဘုရားအား လှူခြင်းကြောင့် ထိုလေးကျွန်းတို့၌ အစိုးရ ခြင်းကို ပြုရ၏။
၆၂။ ‘‘ယာဝတာ မေ ပက္ခိဂဏာ, အာကာသေ ဥပ္ပတန္တိ စေ၊
တေပိ မံ ဝသမနွေန္တိ, ဖလဒါနဿိဒံ ဖလံ။
၆၂။ ကောင်းကင်၌ ပျံသန်းနေကြသော ငှက်အပေါင်းတို့သည် အကြင်မျှလောက် အတိုင်း အရှည်ရှိကုန်၏၊ ထိုငှက်အပေါင်းတို့သည်လည်း ငါ၏ အလိုသို့ အစဥ်လိုက်ကြရကုန်၏။ ဤ သို့ဖြစ်ရခြင်းသည်သစ်သီးလှူရခြင်း၏ အကျိုးပေတည်း။
၆၃။ ‘‘ယာဝတာ ဝနသဏ္ဍမှိ, ယက္ခာ ဘူတာ စ ရက္ခသာ၊
ကုမ္ဘဏ္ဍာ ဂရုဠာ စာပိ, ပါရိစရိယံ ဥပေန္တိ မေ။
၆၃။ နတ်တို့သည်လည်းကောင်း၊ ဘုတ်ဘီလူးတို့သည်လည်းကောင်း၊ ရက္ခိုသ်တို့သည် လည်းကောင်း၊ ကုမ္ဘဏ်နတ်တို့သည်လည်းကောင်း၊ ဂဠုန်တို့သည်လည်းကောင်း အကြင်မျှ လောက် တောအုပ်၌ရှိကုန်၏၊ ထိုနတ်အစရှိသည်တို့သည်လည်း ငါ့အား ခစားဆည်းကပ် ခြင်းသို့ ရောက်ကုန်၏။
၆၄။ ‘‘ကုမ္ဘာ သောဏာ မဓုကာရာ, ဍံသာ စ မကသာ ဥဘော၊
တေပိ မံ ဝသမနွေန္တိ, ဖလဒါနဿိဒံ ဖလံ။
၆၄။ လိပ်တို့သည်လည်းကောင်း၊ ခွေးတို့သည်လည်းကောင်း၊ ပျားငယ်တို့သည်လည်းကောင်း၊ ခြင်မှက် နှစ်မျိုးစုံတို့သည်လည်းကောင်း ငါ့အား ခစားဆည်းကပ်ခြင်းသို့ ရောက်ကုန်၏။
၆၅။ ‘‘သုပဏ္ဏာ နာမ သကုဏာ, ပက္ခိဇာတာ မဟဗ္ဗလာ၊
တေပိ မံ သရဏံ ယန္တိ, ဖလဒါနဿိဒံ ဖလံ။
၆၅။ အတောင်ရှိကုန်သော ကြီးမားသော ခွန်အားရှိကုန်သော ဂဠုန် (သုပဏ္ဏ) မည်သော ငှက်တို့သည်ရှိကုန်၏၊ ထိုငှက်တို့သည်လည်း ငါ့ကို ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်ကုန်၏။ ဤသို့ ဖြစ်ရခြင်းသည် အသီးလှူရခြင်း၏ အကျိုးပေတည်း။
၆၆။ ‘‘ယေပိ ဒီဃာယုကာ နာဂါ, ဣဒ္ဓိမန္တော မဟာယသာ၊
တေပိ မံ ဝသမနွေန္တိ, ဖလဒါနဿိဒံ ဖလံ။
၆၆။ ရှည်သော အသက်ရှိကုန်သော ကြီးမားသော တန်ခိုးရှိကုန်သော များသော အခြံ အရံရှိကုန်သောအကြင်နဂါးတို့သည် ရှိကုန်၏၊ ထိုနဂါတို့သည်လည်း ငါ၏ အလိုသို့ အစဥ် လိုက်ကြရကုန်၏။ ဤသို့ဖြစ်ရခြင်းသည် အသီးလှူရခြင်း၏ အကျိုးပေတည်း။
၆၇။ ‘‘သီဟာ ဗျဂ္ဃါ စ ဒီပီ စ, အစ္ဆကောကတရစ္ဆကာ၊
တေပိ မံ ဝသမနွေန္တိ, ဖလဒါနဿိဒံ ဖလံ။
၆၇။ ခြင်္သေ့တို့သည်လည်းကောင်း၊ ကျားတို့သည်လည်းကောင်း၊ သစ်တို့သည်လည်းကောင်း၊ ဝံ, ဝံပုလွေ, အောင်းတို့သည်လည်းကောင်း ရှိကုန်၏။ ထိုသတ္တဝါတို့သည်လည်း ငါ၏ အလိုသို့အစဥ်လိုက်ကြရကုန်၏။ ဤသို့ ဖြစ်ရခြင်းသည် အသီးလှူရခြင်း၏ အကျိုး ပေတည်း။
၆၈။ ‘‘ဩသဓီတိဏဝါသီ စ, ယေ စ အာကာသဝါသိနော၊
သဗ္ဗေ မံ သရဏံ ယန္တိ, ဖလဒါနဿိဒံ ဖလံ။
၆၈။ ဆေးပင် မြက်ပင်၌ နေကုန်သော နတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌ နေကုန်သောနတ်တို့သည်လည်းကောင်း ရှိကုန်၏။ အလုံးစုံသော နတ်တို့သည် ငါ့ကို ကိုးကွယ်ဆည်းကပ်ခြင်းသို့ရောက်ကုန်၏။ ဤသို့ ဖြစ်ရခြင်းသည် အသီးလှူရခြင်း၏ အကျိုး ပေတည်း။
၆၉။ ‘‘သုဒုဒ္ဒသံ သုနိပုဏံ, ဂမ္ဘီရံ သုပ္ပကာသိတံ၊
ဖဿယိတွာ [ဖုသယိတွာ (က။)] ဝိဟရာမိ, ဖလဒါနဿိဒံ ဖလံ။
၆၉။ (ငါသည်) အလွန်သိမ်မွေ့နက်နဲ၍ ကောင်းစွာ ပြအပ်သော အလွန်မြင်နိုင်ခဲသော နိဗ္ဗာန်ကိုတွေ့ရောက်၍ နေရ၏။ ဤသို့ ဖြစ်ရခြင်းသည် အသီးလှူရခြင်း၏ အကျိုးပေ တည်း။
၇၀။ ‘‘ဝိမောက္ခေ အဋ္ဌ ဖုသိတွာ, ဝိဟရာမိ အနာသဝေါ၊
အာတာပီ နိပကော စာဟံ, ဖလဒါနဿိဒံ ဖလံ။
၇၀။ ကိလေသာကို ပူပန်စေတတ်သော ရင့်ကျက်သော ဉာဏ်လည်းရှိသော ငါသည် ဝိမောက္ခရှစ်ပါးတို့ကို တွေ့ရောက်၍ အာသဝမရှိဘဲ နေရ၏။ ဤသို့ဖြစ်ရခြင်းသည် အသီး လှူရခြင်း၏ အကျိုးပေတည်း။
၇၁။ ‘‘ယေ ဖလဋ္ဌာ ဗုဒ္ဓပုတ္တာ, ခီဏဒေါသာ မဟာယသာ၊
အဟမညတရော တေသံ, ဖလဒါနဿိဒံ ဖလံ။
၇၁။ ကုန်ပြီးသော ဒေါသရှိကုန်သော၊ များသော အခြံအရံရှိကုန်သော၊ ဖိုလ်၌ တည် ကုန်သောအကြင်မြတ်စွာဘုရား၏ သားတော်တို့သည် ရှိကုန်၏။ ထိုသားတော်တို့တွင် ငါသည်တစ်ယောက်အပါအဝင် ဖြစ်ရ၏။ ဤသို့ ဖြစ်ရခြင်းသည် အသီးလှူ ရခြင်း၏ အကျိုး ပေတည်း။
၇၂။ ‘‘အဘိညာပါရမိံ ဂန္တွာ, သုက္ကမူလေန စောဒိတော၊
သဗ္ဗာသဝေ ပရိညာယ, ဝိဟရာမိ အနာသဝေါ။
၇၂။ ငါသည် အဘိညာဥ်တို့၏ အထွတ်အထိပ်သို့ ရောက်၍ ဖြူစင်သော ကံအကြောင်း ရင်းသည်တိုက်တွန်းအပ်သောကြောင့် အလုံးစုံသော အာဝသတို့ကို ပိုင်းခြားသိသဖြင့် အာသဝမရှိဘဲ နေရ၏။
၇၃။ ‘‘တေဝိဇ္ဇာ ဣဒ္ဓိပတ္တာ စ, ဗုဒ္ဓပုတ္တာ မဟာယသာ၊
ဒိဗ္ဗသောတသမာပန္နာ, တေသံ အညတရော အဟံ။
၇၃။ ဝိဇ္ဇာသုံးပါးရှိကုန်သော တန်ခိုးသို့ ရောက်ကုန်သော များသော အခြံအရံရှိကုန်သောဒိဗ္ဗသောတအဘိညာဥ်နှင့် ပြည့်စုံကုန်သော မြတ်စွာဘုရား၏ သားတော်တို့သည် ရှိကုန်၏။ ထိုသားတော်တို့တွင် ငါသည် တစ်ယောက်အပါအဝင် ဖြစ်ရ၏။
၇၄။ ‘‘သတသဟဿိတော ကပ္ပေ, ယံ ဖလံ အဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဖလဒါနဿိဒံ ဖလံ။
၇၄။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ အသီးကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အသီးလှူ ရခြင်း၏ အကျိုးပေတည်း။
၇၅။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၇၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၇၆။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၇၆။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၇၇။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၇၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာ ကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သဗ္ဗဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် သဗ္ဗဖလဒါယကတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ သဗ္ဗဖလဒါယကော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
သဗ္ဗဖလဒါယကတ္ထေရဿာပဒါနံ နဝမံ။
၁၀။ ပဒုမဓာရိကတ္ထေရအပဒါန
၇၈။ ‘‘ဟိမဝန္တဿာဝိဒူရေ, ရောမသော နာမ ပဗ္ဗတော၊
ဗုဒ္ဓေါပိ သမ္ဘဝေါ နာမ, အဗ္ဘောကာသေ ဝသီ တဒါ။
၁၀-ပဒုမဓာရိကတ္ထေရအပဒါန ၇၈။ ဟိမဝန္တာ၏ အနီး၌ ရောမသမည်သော တောင်သည် ရှိ၏၊ ထိုတောင်၌ သမ္ဘဝ မည်သော ပစ္စေကဗုဒ္ဓါသည်လည်း ထိုအခါ လွင်တီးခေါင်၌ နေတော်မူ၏။
၇၉။ ‘‘ဘဝနာ နိက္ခမိတွာန, ပဒုမံ ဓာရယိံ အဟံ၊
ဧကာဟံ ဓာရယိတွာန, ဘဝနံ ပုနရာဂမိံ။
၇၉။ ငါသည် ဘုံဗိမာန်မှ ထွက်၍ ပဒုမ္မာကြာကို (ပစ္စေေကဗုဒ္ဓါအား) ဆောင်းမိုးခဲ့၏၊ တစ်ရက်မျှဆောင်းမိုး၍ ဘုံဗိမာန်သို့ တစ်ဖန် ပြန်လာခဲ့၏။
၈၀။ ‘‘ဧကတိံသေ ဣတော ကပ္ပေ, ယံ ဗုဒ္ဓမဘိပူဇယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၈၀။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပစ္စေကဗုဒ္ဓါကို ပူဇော်ခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ‘ဒုဂ္ဂတိ’ ဘဝကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ပစ္စေက ဗုဒ္ဓါကို ပူဇော်ရခြင်း၏အကျိုးပေတည်း။
၈၁။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၈၁။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၈၂။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၈၂။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၈၃။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၈၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ပဒုမဓာရိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် ပဒုမဓာရိကတ္ထေရအပဒါန ပြီး၏။ ငါးဆယ့်နှစ်ခုမြောက် ဖလဒါယကဝဂ် ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ပဒုမဓာရိကော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
ပဒုမဓာရိကတ္ထေရဿာပဒါနံ ဒသမံ။
ဖလဒါယကဝဂ္ဂေါ ဒွေပညာသမော။
တဿုဒ္ဒါနံ-
ကုရဉ္စိယံ ကပိတ္ထဉ္စ, ကောသမ္ဗမထ ကေတကံ၊
နာဂပုပ္ဖဇ္ဇုနဉ္စေဝ, ကုဋဇီ ဃောသသညကော။
ထေရော စ သဗ္ဗဖလဒေါ, တထာ ပဒုမဓာရိကော၊
အသီတိ စေတ္ထ ဂါထာယော, တိဿော ဂါထာ တဒုတ္တရိ။
၅၃။ တိဏဒါယကဝ
၁။ တိဏမုဋ္ဌိဒါယကတ္ထေရအပဒါန
၁။ ‘‘ဟိမဝန္တဿာဝိဒူရေ, လမ္ဗကော နာမ ပဗ္ဗတော၊
တတ္ထေဝ တိဿော [တတ္ထောပတိဿော (သီ။ ပီ။ က။)] သမ္ဗုဒ္ဓေါ, အဗ္ဘောကာသမှိ စင်္ကမိ။
၅၃-တိဏဒါယကဝဂ် ၁-တိဏမုဋ္ဌိဒါယကတ္ထေရအပဒါန ၁။ ဟိမဝန္တာ၏ အနီး၌ လမ္ဗကမည်သော တောင်သည် ရှိ၏၊ ထိုတောင်၌သာလျှင်တိဿမြတ်စွာဘုရားသည် လွင်တီးခေါင်၌ စင်္ကြံကြွသွားတော်မူ၏။
၂။ ‘‘မိဂလုဒ္ဒေါ ပုရေ အာသိံ, အရညေ ကာနနေ အဟံ၊
ဒိသွာန တံ ဒေဝဒေဝံ, တိဏမုဋ္ဌိမဒါသဟံ။
၂။ ငါသည် ရှေးအခါ ငှက်တို့၏ တွန်မြည်ရာ ဖြစ်သော တော၌ သာမုဆိုး ဖြစ်ခဲ့၏၊ ထို နတ်ထက်နတ်မြတ်ဖြစ်သော မြတ်စွာဘုရားကို ဖူးမြင်ရ၍ ငါသည် မြက်ဆုပ်ကို လှူဒါန်းခဲ့၏။
၃။ ‘‘နိသီဒနတ္ထံ ဗုဒ္ဓဿ, ဒတွာ စိတ္တံ ပသာဒယိံ၊
သမ္ဗုဒ္ဓံ အဘိဝါဒေတွာ, ပက္ကာမိံ [ပက္ကမိံ (က။)] ဥတ္တရာမုခေါ။
၃။ မြတ်စွာဘုရားအား ထိုင်တော်မူခြင်းငှါ (မြက်ဆုပ်ကို) လှူပြီးလျှင် စိတ်ကို ကြည်လင် စေခဲ့၏၊ ငါသည် မြတ်စွာဘုရားကို ရှိခိုးပြီး၍ မြောက်အရပ်သို့ ရှေးရှုဖဲသွားခဲ့၏။
၄။ ‘‘အစိရံ ဂတမတ္တဿ [ဂတမတ္တံ မံ (သီ။ သျာ။)], မိဂရာဇာ အပေါထယိ [အဟေဌယိ (သီ။ သျာ။ ပီ။)]၊
သီဟေန ပေါထိတော [ပါတိတော (သီ။ ပီ။), ဃာဋိတော (သျာ။)] သန္တော, တတ္ထ ကာလင်္ကတော အဟံ။
၄။ ဖဲသွား၍မျှ မကြာမြင့်မီ သားတို့သနင်း ခြင်္သေ့မင်းသည် (ငါ့ကို) နှိပ်စက်၏၊ ငါသည် ခြင်္သေ့နှိပ်စက်ခံရသည်ဖြစ်၍ ထိုအရပ်၌ ကွယ်လွန်ခဲ့၏။
၅။ ‘‘အာသန္နေ မေ ကတံ ကမ္မံ, ဗုဒ္ဓသေဋ္ဌေ အနာသဝေ၊
သုမုတ္တော သရဝေဂေါဝ, ဒေဝလောကမဂစ္ဆဟံ။
၅။ အာသဝကင်းတော်မူသော ဘုရားမြတ်၌ ငါသည် သေခါနီးအခါ ကောင်းမှုကံကို ပြုအပ်၏၊ (ထိုကံကြောင့်) ငါသည် ‘ကောင်းစွာ လွှတ်အပ်သော မြားအဟုန်ကဲ့သို့’ နတ်ပြည် သို့ ရောက်ရ၏။
၆။ ‘‘ယူပေါ တတ္ထ သုဘော အာသိ, ပုညကမ္မာဘိနိမ္မိတော၊
သဟဿကဏ္ဍော သတဘေဏ္ဍု, ဓဇာလု ဟရိတာမယော။
၆။ ထိုနတ်ပြည်၌ ကုသိုလ်သည် ဖန်ဆင်းအပ်သော တင့်တယ်လှပသော ပြာသာဒ်သည် ဖြစ်၏၊ အပိုင်းအခြား (အခန်း) တစ်ထောင်ရှိ၏၊ ဂျင်လုံး (ပွတ်လုံးတိုင်) တစ်ရာရှိ၏၊ တံခွန် များစွာ ရှိ၏။ ရွှေအတိ ပြီး၏။
၇။ ‘‘ပဘာ နိဒ္ဓါဝတေ တဿ, သတရံသီဝ ဥဂ္ဂတော၊
အာကိဏ္ဏော ဒေဝကညာဟိ, အာမောဒိံ ကာမကာမိဟံ။
၇။ ထိုပြာသာဒ်၏ အရောင်သည် ‘တက်သစ်သော နေမင်းကဲ့သို့’ ထိုမှ ဤမှ ပြေးသွား၏၊ ငါသည်နတ်သမီးတို့ဖြင့် ခြံရံလျက် အလိုရှိတိုင်း မွေ့လျော်ရ၏။
၈။ ‘‘ဒေဝလောကာ စဝိတွာန, သုက္ကမူလေန စောဒိတော၊
အာဂန္တွာန မနုဿတ္တံ, ပတ္တောမှိ အာသဝက္ခယံ။
၈။ နတ်ပြည်မှ စုတေလတ်သော် ဖြူစင်သော ကံအကြောင်းရင်းသည် တိုက်တွန်းအပ် သည် ဖြစ်၍လူ့ဘဝသို့ ရောက်ပြီးလျှင် အာသဝကုန်ရာ နိဗ္ဗာန်သို့ ရောက်ရ၏။
၉။ ‘‘စတုန္နဝုတိတော ကပ္ပေ, နိသီဒနမဒါသဟံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, တိဏမုဋ္ဌေ ဣဒံ ဖလံ။
၉။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ငါသည် နိသီဒိုင်ကို လှူခဲ့၏၊ ထိုအခါ မှစ၍ မကောင်းမှုပြုသူတို့ လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြက်ဆုပ် (လှူရခြင်း၏) အကျိုးပေတည်း။
၁၀။ ‘‘ကိလေသာ ဈာပိတာ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ၊
နာဂေါဝ ဗန္ဓနံ ဆေတွာ, ဝိဟရာမိ အနာသဝေါ။
၁၀။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ ငါသည် အာသဝမရှိဘဲနေရ၏။
၁၁။ ‘‘သွာဂတံ ဝတ မေ အာသိ, မမ ဗုဒ္ဓဿ သန္တိကေ၊
တိဿော ဝိဇ္ဇာ အနုပ္ပတ္တာ, ကတံ ဗုဒ္ဓဿ သာသနံ။
၁၁။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာ ဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၁၂။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
၁၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကို လည်းကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကို လည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်တိဏမုဋ္ဌိဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော တိဏမုဋ္ဌိဒါယကတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ တိဏမုဋ္ဌိဒါယကော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
တိဏမုဋ္ဌိဒါယကတ္ထေရဿာပဒါနံ ပဌမံ။
၂။ မဉ္စဒါယကတ္ထေရအပဒါန
၁၃။ ‘‘ဝိပဿိနော ဘဂဝတော, လောကဇေဋ္ဌဿ တာဒိနော၊
ဧကမဉ္စံ [ဧကံ ဝေစ္စံ (သျာ။), ဧကပစ္ဆံ (ပီ။)] မယာ ဒိန္နံ, ပသန္နေန သပါဏိနာ။
၂-မဉ္ဇဒါယကတ္ထေရအပဒါန ၁၃။ လောက၏ အကြီးအမှူးဖြစ်တော်မူသော တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော ဝိပဿီမြတ်စွာဘုရားအား ငါသည် ကြည်ညိုသည်ဖြစ်၍ မိမိလက်ဖြင့် ညောင်စောင်းတစ်ခုကို (ပြုလုပ်) လှူဒါန်းခဲ့၏။
၁၄။ ‘‘ဟတ္ထိယာနံ အဿယာနံ, ဒိဗ္ဗယာနံ သမဇ္ဈဂံ၊
တေန မဉ္စကဒါနေန, ပတ္တောမှိ အာသဝက္ခယံ။
၁၄။ ငါသည် ထိုညောင်စောင်းအလှူကြောင့် ဆင်ယာဥ်၊ မြင်းယာဥ်၊ နတ်ယာဥ်တို့ကို ရခဲ့၏။ အာသဝကုန်ရာ နိဗ္ဗာန်သို့ ရောက်ရ၏။
၁၅။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ မဉ္စမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, မဉ္စဒါနဿိဒံ ဖလံ။
၁၅။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ညောင်စောင်းကို လှူဒါန်းခဲ့ရသော အခါမှစ၍မကောင်းမှု ပြုသူတို့ လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည်ညောင်စောင်းလှူရခြင်း၏ အကျိုးပေတည်း။
၁၆။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၁၆။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၁၇။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၁၇။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၁၈။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ မဉ္စဒါယကော [ဝေစ္စကဒါယကော (သျာ။), သဒ္ဒသညိကဝဂ္ဂေပိ ဣဒံ§အပဒါနံ ဒိဿတိ] ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။
မဉ္စဒါယကတ္ထေရဿာပဒါနံ ဒုတိယံ။
၁၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်မဉ္စဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် မဉ္စဒါယကတ္ထေရအပဒါန ပြီး၏။
၃။ သရဏဂမနိယတ္ထေရအပဒါန
၁၉။ ‘‘အာရုဟိမှ တဒါ နာဝံ, ဘိက္ခု စာဇီဝိကော စဟံ၊
နာဝါယ ဘိဇ္ဇမာနာယ, ဘိက္ခု မေ သရဏံ အဒါ။
၃-သရဏဂမနိယတ္ထေရအပဒါန ၁၉။ ထိုအခါ ရဟန်းသည်လည်းကောင်း၊ အာဇီဝကတက္ကတွန်းသည်လည်းကောင်း၊ ငါသည်လည်းကောင်းလှေကို တက်စီးကြကုန်၏။ လှေသည် ပျက်လတ်သော် ရဟန်းသည် ငါ့အား သရဏဂုံကို ပေး၏။
၂၀။ ‘‘ဧကတိံသေ ဣတော ကပ္ပေ, ယံ သော မေ သရဏံ အဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, သရဏဂမနေ ဖလံ။
၂၀။ ဤဘဒ္ဒကမ္ဘာမှ သုံးးဆယ့်တစ်ကမ္ဘာထက်၌ ထိုရဟန်းသည် ငါ့အား သရဏဂုံကို ပေးခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့ လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သရဏဂုံ၏အကျိုးပေတည်း။
၂၁။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၂၁။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၂၂။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၂၂။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၂၃။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၂၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သရဏဂမနိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် သရဏဂမနိယတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ သရဏဂမနိယော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
သရဏဂမနိယတ္ထေရဿာပဒါနံ တတိယံ။
၄။ အဗ္ဘဉ္ဇနဒါယကတ္ထေရအပဒါန
၂၄။ ‘‘နဂရေ ဗန္ဓုမတိယာ, ရာဇုယျာနေ ဝသာမဟံ၊
စမ္မဝါသီ တဒါ အာသိံ, ကမဏ္ဍလုဓရော အဟံ။
၄-အဗ္ဘ ဉ္ဇနဒါယကတ္ထေရအပဒါန ၂၄။ ငါသည် ဗန္ဓုမတီမြို့ မင်းဥယျာဥ်၌ နေ၏၊ ထိုအခါ ငါသည် သားရေကို ဝတ်လျက် ရေကရားကိုဆောင်၏။
၂၅။ ‘‘အဒ္ဒသံ ဝိမလံ ဗုဒ္ဓံ, သယမ္ဘုံ အပရာဇိတံ၊
ပဓာနံ ပဟိတတ္တံ တံ, ဈာယိံ ဈာနရတံ ဝသိံ [ဣသိံ (သျာ။)]။
၂၅။ အညစ်အကြေးကင်းသော အလိုလို ဖြစ်၍ ရန်သူတို့ မအောင်နိုင်သော လုံ့လရှိသည် ဖြစ်၍နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိတော်မူသော ဈာန်ဝင်စားလျက် ဈာန်၌ မွေ့လျော်သောဝသီဘော်ရှိတော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြင်ရ၏။
၂၆။ ‘‘သဗ္ဗကာမသမိဒ္ဓိဉ္စ, ဩဃတိဏ္ဏမနာသဝံ၊
ဒိသွာ ပသန္နော သုမနော, အဗ္ဘဉ္ဇနမဒါသဟံ။
၂၆။ အလိုရှိသမျှ အလုံးစုံ ပြည့်စုံတော်မူသော ဩဃမှ လွန်မြောက်တော်မူသော အာသဝ မရှိသောထိုမြတ်စွာဘုရားကို ဖူးမြင်ရ၍ ငါသည် ကြည်ညိုဝမ်းမြောက်လျက် ခြေနယ်ဆီကို လှူခဲ့၏။
၂၇။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ဒါနမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, အဗ္ဘဉ္ဇနဿိဒံ ဖလံ။
၂၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ အလှူကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့လားရာ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ခြေနယ်ဆီ လှူရခြင်း၏ အကျိုးပေတည်း။
၂၈။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၂၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၂၉။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၂၉။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၃၀။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၃၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အဗ္ဘဉ္ဇနဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် အဗ္ဘ ဉ္ဇနဒါယကတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ အဗ္ဘဉ္ဇနဒါယကော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
အဗ္ဘဉ္ဇနဒါယကတ္ထေရဿာပဒါနံ စတုတ္ထံ။
၅။ သုပဋဒါယကတ္ထေရအပဒါန
၃၁။ ‘‘ဒိဝါဝိဟာရာ နိက္ခန္တော, ဝိပဿီ လောကနာယကော၊
လဟုံ သုပဋကံ [သုပဋိကံ (သျာ။), ပူပပဝံ (ပီ။)] ဒတွာ, ကပ္ပံ သဂ္ဂမှိ မောဒဟံ။
၅-သုပဋဒါယကတ္ထေရအပဒါန ၃၁။ ဝိပဿီမြတ်စွာဘုရားသည် နေ့အခါ၌ ကျောင်းမှ ထွက်လတ်သော် ငါသည် ကောင်း သောအဝတ်ပုဆိုးကို လျင်မြန်စွာ လှူဒါန်းခဲ့ခြင်းကြောင့် တစ်ကမ္ဘာပတ်လုံး နတ်ပြည်၌ မွေ့ လျော်ရ၏။
၃၂။ ‘‘ဧကနဝုတိတော ကပ္ပေ, သုပဋကမဒါသဟံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, သုပဋဿ ဣဒံ ဖလံ။
၃၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ငါသည် ကောင်းသောပုဆိုးကို လှူဒါန်း ခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့ လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ကောင်းသောပုဆိုး (လှူရခြင်း) ၏ အကျိုးပေတည်း။
၃၃။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၃၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၃၄။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၃၄။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၃၅။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၃၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သုပဋဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် သုပဋဒါယကတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ သုပဋဒါယကော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
သုပဋဒါယကတ္ထေရဿာပဒါနံ ပဉ္စမံ။
၆။ ဒဏ္ဍဒါယကတ္ထေရအပဒါန
၃၆။ ‘‘ကာနနံ ဝနမောဂယှ, ဝေဠုံ ဆေတွာနဟံ တဒါ၊
အာလမ္ဗဏံ ကရိတွာန, သံဃဿ အဒဒိံ ဗဟုံ [အဟံ (သီ။ သျာ။ ပီ။)]။
၆-ဒဏ္ဍဒါယကတ္ထေရအပဒါန ၃၆။ ထိုအခါ ငါသည် ငှက်တို့ တွန်မြည်ရာဖြစ်သော တောသို့ဝင်၍ ဝါးကို ဖြတ်ပြီးလျှင် တောင်ဝှေးကိုပြုလုပ်လျက် သံဃာအား များစွာ လှူဒါန်းခဲ့၏။
၃၇။ ‘‘တေန စိတ္တပ္ပသာဒေန, သုဗ္ဗတေ အဘိဝါဒိယ၊
အာလမ္ဗဒဏ္ဍံ ဒတွာန, ပက္ကာမိံ ဥတ္တရာမုခေါ။
၃၇။ ထိုစိတ်၏ ကြည်လင်ခြင်းကြောင့် ကောင်းသော အကျင့်ရှိသော သံဃာ၌ ရိုသေစွာ ရှိခိုး၍တောင်ဝှေးကို လှူပြီးလျှင် မြောက်အရပ်သို့ မျက်နှာမူလျက် ဖဲသွားခဲ့၏။
၃၈။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ဒဏ္ဍမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဒဏ္ဍဒါနဿိဒံ ဖလံ။
၃၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ တောင်ဝှေးကို လှူဒါန်းခဲ့ရသော အခါမှစ၍မကောင်းမှုပြုသူတို့ လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည်တောင်ဝှေးလှူရခြင်း၏ အကျိုးပေတည်း။
၃၉။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၃၉။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၄၀။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၄၀။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၄၁။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၄၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဒဏ္ဍဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် ဒဏ္ဍဒါယကတ္ထေရအပဒါန ပြီး၏။ နှစ်ဆယ့်သုံးခုမြောက် ဘာဏဝါရ ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ဒဏ္ဍဒါယကော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
ဒဏ္ဍဒါယကတ္ထေရဿာပဒါနံ ဆဋ္ဌံ။
တေဝီသတိမံ ဘာဏဝါရံ။
၇။ ဂိရိနေလပူဇကတ္ထေရအပဒါန
၄၂။ ‘‘မိဂလုဒ္ဒေါ ပုရေ အာသိံ, ဝိပိနေ ဝိစရံ အဟံ၊
အဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ, သဗ္ဗဓမ္မာန ပါရဂုံ။
၇-ဂိရိနေလပူဇကတ္ထေရအပဒါန ၄၂။ ရှေးအခါ ငါသည် တော၌ လှည့်လည်သော သားမုဆိုး ဖြစ်ခဲ့၏၊ အလုံးစုံသော တရားတို့၏ကမ်းတစ်ဖက်သို့ ရောက်တော်မူသော ကိလေသာမြူ ကင်းတော်မူသော မြတ်စွာ ဘုရားကို ဖူးမြင်ရ၏။
၄၃။ ‘‘တသ္မိံ မဟာကာရုဏိကေ, သဗ္ဗသတ္တဟိတေ ရတေ၊
ပသန္နစိတ္တော သုမနော, နေလပုပ္ဖမပူဇယိံ။
၄၃။ အလုံးစုံသော သတ္တဝါတို့၏ အစီးအပွား၌ ပျော်မွေ့တော်မူသော မဟာကရုဏာရှင် မြတ်စွာဘုရား၌ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ အောင်မဲညိုပွင့်ကို ပူဇော်ခဲ့၏။
၄၄။ ‘‘ဧကတိံသေ ဣတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၄၄။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပန်းကို ပူဇော်ခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် မြတ်စွာ ဘုရားကို ပူဇော်ရခြင်း၏အကျိုးပေတည်း။
၄၅။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၄၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၄၆။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၄၆။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၄၇။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၄၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဂိရိနေလပူဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် ဂိရိနေလပူဇကတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ဂိရိနေလပူဇကော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
ဂိရိနေလပူဇကတ္ထေရဿာပဒါနံ သတ္တမံ။
၈။ ဗောဓိသမ္မဇ္ဇကတ္ထေရအပဒါန
၄၈။ ‘‘အဟံ ပုရေ ဗောဓိပတ္တံ, ဥဇ္ဈိတံ စေတိယင်္ဂဏေ၊
တံ ဂဟေတွာန ဆဍ္ဍေသိံ, အလဘိံ ဝီသတီဂုဏေ။
၈-ဗောဓိသမ္မဇ္ဇကတ္ထေရအပဒါန ၄၈။ ရှေးအခါ စေတီယင်ပြင်၌ စွန့်ပစ်အပ်သော ဗောဓိရွက်သည် ရှိ၏၊ ငါသည် ထို ဗောဓိရွက်ကို ယူ၍စွန့်ပစ်ခဲ့၏၊ ထိုကောင်းမှုကြောင့် နှစ်ဆယ်သော ဂုဏ်ကျေးဇူးတို့ကို ရခဲ့၏။
၄၉။ ‘‘တဿ ကမ္မဿ တေဇေန, သံသရန္တော ဘဝါဘဝေ၊
ဒုဝေ ဘဝေ သံသရာမိ, ဒေဝတ္တေ စာပိ မာနုသေ။
၄၉။ ထိုကံ၏ တန်ခိုးကြောင့် ဘဝကြီး, ငယ်၌ ကျင်လည်ရသည်ရှိသော် နတ်ဘဝ, လူ့ဘဝ ဖြစ်သောနှစ်မျိုးသော ဘဝ၌ ကျင်လည်ရ၏။
၅၀။ ‘‘ဒေဝလောကာ စဝိတွာန, အာဂန္တွာ မာနုသံ ဘဝံ၊
ဒုဝေ ကုလေ ပဇာယာမိ, ခတ္တိယေ စာပိ ဗြာဟ္မဏေ။
၅၀။ နတ်ပြည်မှ စုတေ၍ လူ့ဘဝသို့ ရောက်သည်ရှိသော် မင်းမျိုး ဗြာဟ္မဏမျိုးဖြစ်သော နှစ်ပါးသောအမျိုး၌ ဖြစ်ရ၏။
၅၁။ ‘‘အင်္ဂပစ္စင်္ဂသမ္ပန္နော, အာရောဟပရိဏာဟဝါ၊
အဘိရူပေါ သုစိ ဟောမိ, သမ္ပုဏ္ဏင်္ဂေါ အနူနကော။
၅၁။ ငါသည် အင်္ဂါကြီးငယ်နှင့် ပြည့်စုံ၏၊ အလုံးအရပ်နှင့် ပြည့်စုံ၏၊ အလွန် အဆင်း လှ၏၊ စင်ကြယ်သူဖြစ်၏၊ မယုတ်လျော့ဘဲ ပြည့်ဖြိုးသော အင်္ဂါရှိသူ ဖြစ်ပေ၏။
၅၂။ ‘‘ဒေဝလောကေ မနုဿေ ဝါ, ဇာတော ဝါ ယတ္ထ ကတ္ထစိ၊
ဘဝေ သုဝဏ္ဏဝဏ္ဏော စ, ဥတ္တတ္တကနကူပမော။
၅၂။ ငါသည် နတ်ပြည်၌လည်းကောင်း၊ လူ့ပြည်၌လည်းကောင်း၊ အမှတ်မရှိ တစ်စုံတစ်ခု သောဘဝ၌လည်းကောင်း ဖြစ်သည်ရှိသော် ရွှေအဆင်းနှင့် တူသော အဆင်းရှိလျက် လှော်ပြီး, ဦးပြီးသောရွှေနှင့် တူသော သူ ဖြစ်ပေ၏။
၅၃။ ‘‘မုဒုကာ မဒ္ဒဝါ သ္နိဒ္ဓါ [မုဒု မဒ္ဒဝါ သိနိဒ္ဓါ (သျာ။)], သုခုမာ သုကုမာရိကာ၊
ဆဝိ မေ သဗ္ဗဒါ ဟောတိ, ဗောဓိပတ္တေ သုဆဍ္ဍိတေ [သုဆဍ္ဍိနေ (သီ။)]။
၅၃။ ဗောဓိရွက်ကို စွန့်ပစ်ရသော ကံကြောင့် ငါ၏ အသားအရေသည် အခါခပ်သိမ်း နူးညံ့၏၊ ပြေပြစ်၏၊ ညက်ညော၏၊ သိမ်မွေ့၏၊ အလွန် နုနယ်၏။
၅၄။ ‘‘ယတော ကုတောစိ ဂတီသု, သရီရေ သမုဒါဂတေ၊
န လိမ္ပတိ ရဇောဇလ္လံ, ဝိပါကော ပတ္တဆဍ္ဍိတေ။
၅၄။ အမှတ်မရှိသောလားရာဂတိဝယ် ဖြစ်ပေါ်လာသော ကိုယ်ခန္ဓာ၌ မြူအညစ်အကြေး မလိမ်းကျံ။ ဤကား ဗောဓိရွက် စွန့်ခြင်း၏ အကျိုးပေတည်း။
၅၅။ ‘‘ဥဏှေ ဝါတာတပေ တဿ, အဂ္ဂိတာပေန ဝါ ပန၊
ဂတ္တေ သေဒါ န မုစ္စန္တိ, ဝိပါကော ပတ္တဆဍ္ဍိတေ။
၅၅။ ထိုငါ့အား လေပူနေပူကြောင့်လည်းကောင်း၊ မီးပူကြောင့်လည်းကောင်း ကိုယ်၌ ချွေး တို့သည်မထွက်ကုန်။ ဤကား ဗောဓိရွက် စွန့်ခြင်း၏ အကျိုးပေတည်း။
၅၆။ ‘‘ကုဋ္ဌံ ဂဏ္ဍော ကိလာသော စ, တိလကာ ပိဠကာ တထာ၊
န ဟောန္တိ ကာယေ ဒဒ္ဒု စ, ဝိပါကော ပတ္တဆဍ္ဍိတေ။
၅၆။ နူနာလည်းကောင်း၊ အိုင်းအနာလည်းကောင်း၊ ဝဲကြီးနာလည်းကောင်း၊ မှဲ့လည်းကောင်း၊ သွေးစုနာလည်းကောင်း၊ ထိုမှတစ်ပါး ပွေးနာလည်းကောင်း ဤအနာတို့သည် ငါ၏ ကိုယ်ခန္ဓာ၌မဖြစ်ကုန်။ (ဤကား) ဗောဓိရွက် စွန့်ခြင်း၏ အကျိုးပေတည်း။
၅၇။ ‘‘အပရမ္ပိ ဂုဏံ တဿ, နိဗ္ဗတ္တတိ ဘဝါဘဝေ၊
ရောဂါ န ဟောန္တိ ကာယသ္မိံ, ဝိပါကော ပတ္တဆဍ္ဍိတေ။
၅၇။ “ဘဝကြီးငယ်၌ ထိုငါ့အား ကိုယ်၌ ရောဂါတို့သည် မဖြစ်ကုန်”ဟူသော တစ်ပါး သောဂုဏ်ကျေးဇူးသည်လည်း ဖြစ်၏။ (ဤကား) ဗောဓိရွက် စွန့်ခြင်း၏ အကျိုးပေတည်း။
၅၈။ ‘‘အပရမ္ပိ ဂုဏံ တဿ, နိဗ္ဗတ္တတိ ဘဝါဘဝေ၊
န ဟောတိ စိတ္တဇာ ပီဠာ, ဝိပါကော ပတ္တဆဍ္ဍိတေ။
၅၈။ “ဘဝကြီးငယ်၌ ထိုငါ့အား စိတ်ကြောင့် ဖြစ်သော နှိပ်စက်ခြင်းတို့သည် မဖြစ်”ဟူသောတစ်ပါးသော ဂုဏ်ကျေးဇူးသည်လည်း ဖြစ်၏။ (ဤကား) ဗောဓိရွက် စွန့်ခြင်း၏ အကျိုးပေတည်း။
၅၉။ ‘‘အပရမ္ပိ ဂုဏံ တဿ, နိဗ္ဗတ္တတိ ဘဝါဘဝေ၊
အမိတ္တာ န ဘဝန္တဿ, ဝိပါကော ပတ္တဆဍ္ဍိတေ။
၅၉။ “ဘဝကြီးငယ်၌ ထိုငါ့အား ရန်သူတို့သည် မရှိကုန်”ဟူသော တစ်ပါးသော ဂုဏ်ကျေးဇူးသည်လည်း ဖြစ်၏။ (ဤကား) ဗောဓိရွက် စွန့်ခြင်း၏ အကျိုးပေတည်း။
၆၀။ ‘‘အပရမ္ပိ ဂုဏံ တဿ, နိဗ္ဗတ္တတိ ဘဝါဘဝေ၊
အနူနဘောဂေါ ဘဝတိ, ဝိပါကော ပတ္တဆဍ္ဍိတေ။
၆၀။ “ဘဝကြီးငယ်၌ ထိုငါ့အား မယုတ်လျော့သော စည်းစိမ်ဥစ္စာရှိသူဖြစ်၏’ဟူသော တစ်ပါးသောဂုဏ်ကျေးဇူးသည်လည်း ဖြစ်၏။ (ဤကား) ဗောဓိရွက် စွန့်ခြင်း၏ အကျိုးပေ တည်း။
၆၁။ ‘‘အပရမ္ပိ ဂုဏံ တဿ, နိဗ္ဗတ္တတိ ဘဝါဘဝေ၊
အဂ္ဂိရာဇူဟိ စောရေဟိ, န ဟောတိ ဥဒကေ ဘယံ။
၆၁။ “ဘဝကြီးငယ်၌ ထိုငါ့အား မီးဘေး၊ မင်းဘေး၊ ခိုးသူဘေး၊ ရေဘေးသည် မဖြစ်”ဟူသောတစ်ပါးသော ဂုဏ်ကျေးဇူးသည်လည်း ဖြစ်၏။
၆၂။ ‘‘အပရမ္ပိ ဂုဏံ တဿ, နိဗ္ဗတ္တတိ ဘဝါဘဝေ၊
ဒါသိဒါသာ အနုစရာ, ဟောန္တိ စိတ္တာနုဝတ္တကာ။
၆၂။ “ဘဝကြီးငယ်၌ ထိုငါ့အား အခြံအရံဖြစ်သော ကျွန်မိန်းမ၊ ကျွန်ယောကျာ်းတို့သည် ငါ၏စိတ်အလိုသို့ လိုက်ကြကုန်၏’ဟူသော တစ်ပါးသော ဂုဏ်ကျေးဇူးသည်လည်း ဖြစ်၏။
၆၃။ ‘‘ယမှိ အာယုပ္ပမာဏမှိ, ဇာယတေ မာနုသေ ဘဝေ၊
တတော န ဟာယတေ အာယု, တိဋ္ဌတေ ယာဝတာယုကံ။
၆၃။ လူ့ဘ၀၀ယ် အကြင်အသက်တမ်း၌ ဖြစ်၏၊ ထိုအသက်တမ်းအောက် ငါ၏ အသက် သည်မယုတ်လျော့ချေ၊ ငါသည် အသက်တမ်းရှိသလောက် တည်ရပေ၏။
၆၄။ ‘‘အဗ္ဘန္တရာ စ ဗာဟိရာ [ဗဟိစရာ (သီ။ ပီ။ က။)], နေဂမာ စ သရဋ္ဌကာ၊
နုယုတ္တာ ဟောန္တိ သဗ္ဗေပိ, ဝုဒ္ဓိကာမာ သုခိစ္ဆကာ။
၆၄။ အတွင်းလူတို့သည်လည်းကောင်း၊ အပြင်လူတို့သည်လည်းကောင်း၊ တိုင်းသူပြည်သား နှင့်တကွနိဂုံးသူ၊ နိဂုံးသားတို့သည်လည်းကောင်း၊ အလုံးစုံသောသူတို့သည် မေတ္တာနှင့် ယှဥ်သော စိတ်ရှိကုန်လျက် (ငါ၏) ကြီးပွားခြင်းကို အလိုရှိကုန်၏။ ချမ်းသာခြင်းကို အလိုရှိကုန်၏။
၆၅။ ‘‘ဘောဂဝါ ယသဝါ ဟောမိ, သိရိမာ ဉာတိပက္ခဝါ၊
အပေတဘယသန္တာသော, ဘဝေဟံ သဗ္ဗတော ဘဝေ။
၆၅။ ငါသည် စည်းစိမ်ဥစ္စာရှိသူ၊ အခြံအရံရှိသူ၊ ဘုန်းကျက်သရေရှိသူ၊ ဆွေမျိုးအသင်း အပင်းရှိသူဖြစ်ပေ၏။ ငါသည် ဘဝ၌ ဖြစ်ရသည်ရှိသော် အခါခပ်သိမ်း ကြောက်ခြင်း ထိတ်လန့်ခြင်း ကင်းသူဖြစ်ပေ၏။
၆၆။ ‘‘ဒေဝါ မနုဿာ အသုရာ, ဂန္ဓဗ္ဗာ ယက္ခရက္ခသာ၊
သဗ္ဗေ တေ ပရိရက္ခန္တိ, ဘဝေ သံသရတော သဒါ။
၆၆။ “နတ်၊ လူ၊ အသုရာ၊ ဂန္ဓဗ္ဗနတ်၊ ဘီလူး၊ ရက္ခိုသ်”ဟူကုန်သော ထိုအလုံးစုံ တို့သည် ဘဝ၌ကျင်လည်သော ငါ့အား အခါခပ်သိမ်း စောင့်ရှောက်ကုန်၏။
၆၇။ ‘‘ဒေဝလောကေ မနုဿေ စ, အနုဘောတွာ ဥဘော ယသေ၊
အဝသာနေ စ နိဗ္ဗာနံ, သိဝံ ပတ္တော အနုတ္တရံ။
၆၇။ နတ်ပြည်၌လည်းကောင်း၊ လူ့ပြည်၌လည်းကောင်း စည်းစိမ်နှစ်မျိုးတို့ကို ခံစားပြီး၍အဆုံးဘဝ၌လည်း အေးမြသော အမြတ်ဆုံး နိဗ္ဗာန်သို့ ရောက်ရပေ၏။
၆၈။ ‘‘သမ္ဗုဒ္ဓမုဒ္ဒိသိတွာန, ဗောဓိံ ဝါ တဿ သတ္ထုနော၊
ယော ပုညံ ပသဝေ ပေါသော, တဿ ကိံ နာမ ဒုလ္လဘံ။
၆၈။ အကြင်သူသည် မြတ်စွာဘုရားကိုလည်းကောင်း၊ ထိုမြတ်စွာဘုရား၏ ဗောဓိ (ပင်) ကို လည်းကောင်းရည်စူး၍ ကုသိုလ်ကို ပွားစေ၏။ ထိုသူအား ရနိုင်ခဲသော အရာဝတ္ထုဟူ၍ အဘယ်မှာ ရှိပါမည်နည်း။
၆၉။ ‘‘မဂ္ဂေ ဖလေ အာဂမေ စ, ဈာနာဘိညာဂုဏေသု စ၊
အညေသံ အဓိကော ဟုတွာ, နိဗ္ဗာယာမိ အနာသဝေါ။
၆၉။ ငါသည် မဂ်၌လည်းကောင်း၊ ဖိုလ်၌လည်းကောင်း၊ ပရိယတ်အာဂုံ၌လည်းကောင်း၊ ဈာန်အဘိညာဥ်ဂုဏ်တို့၌ လည်းကောင်း သူတစ်ပါးတို့ထက် လွန်ကဲသူ ဖြစ်၍ အာသဝမရှိဘဲငြိမ်းအေးရပေ၏။
၇၀။ ‘‘ပုရေဟံ ဗောဓိယာ ပတ္တံ, ဆဍ္ဍေတွာ ဟဋ္ဌမာနသော၊
ဣမေဟိ ဝီသတင်္ဂေဟိ, သမင်္ဂီ ဟောမိ သဗ္ဗဒါ။
၇၀။ ရှေးအခါ ငါသည် ရွှင်လန်းသော စိတ်ရှိလျက် ဗောဓိပင်၏ အရွက်ကို စွန့်ခဲ့ခြင်း ကြောင့်ဤဂုဏ်အင်္ဂါနှစ်ဆယ်တို့နှင့် အခါခပ်သိမ်း ပြည့်စုံသူ ဖြစ်ရပေ၏။
၇၁။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၇၁။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၇၂။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၇၂။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၇၃။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၇၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဗောဓိသမ္မဇ္ဇကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် ဗောဓိသမ္မဇ္ဇကတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ဗောဓိသမ္မဇ္ဇကော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
ဗောဓိသမ္မဇ္ဇကတ္ထေရဿာပဒါနံ အဋ္ဌမံ။
၉။ အာမဏ္ဍဖလဒါယကတ္ထေရအပဒါန
၇၄။ ‘‘ပဒုမုတ္တရော နာမ ဇိနော, သဗ္ဗဓမ္မာန ပါရဂူ၊
ဝုဋ္ဌဟိတွာ သမာဓိမှာ, စင်္ကမီ လောကနာယကော။
၉-အာမဏ္ဍဖလဒါယကတ္ထေရအပဒါန ၇၄။ အလုံးစုံသော တရားတို့၏ ကမ်းတစ်ဖက်သို့ ရောက်တော်မူသော လောကကို နိဗ္ဗာန်သို့ပို့ဆောင်တော်မူတတ်သော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် သမာဓိ (နိရောဓသမာပတ်) မှ ထ၍စင်္ကြံကြွတော်မူ၏။
၇၅။ ‘‘ခါရိဘာရံ ဂဟေတွာန, အာဟရန္တော ဖလံ တဒါ၊
အဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ, စင်္ကမန္တံ မဟာမုနိံ။
၇၅။ ထိုအခါ ငါသည် ပရိက္ခရာဝန်ကို ယူ၍ သစ်သီးကို ဆောင်ယူသည်ရှိသော် ကိလေသာမြူကင်းတော်မူ၍ စင်္ကြံကြွတော်မူသော ရဟန်းမြတ် ဖြစ်သော မြတ်စွာဘုရားကို ဖူးမြင်ရ၏။
၇၆။ ‘‘ပသန္နစိတ္တော သုမနော, သိရေ ကတွာန အဉ္ဇလိံ၊
သမ္ဗုဒ္ဓံ အဘိဝါဒေတွာ, အာမဏ္ဍမဒဒိံ ဖလံ။
၇၆။ ငါသည် ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်၍ ဦးခေါင်း၌ လက်အုပ်ချီလျက်မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပြီးလျှင် သျှိသျှားသီးကို လှူဒါန်းခဲ့၏။
၇၇။ ‘‘သတသဟဿိတော ကပ္ပေ, ယံ ဖလံ အဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, အာမဏ္ဍဿ ဣဒံ ဖလံ။
၇၇။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ငါသည် အသီးကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် သျှိသျှားသီးကို လှူရခြင်း၏အကျိုးပေတည်း။
၇၈။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၇၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၇၉။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၇၉။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၈၀။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၈၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အာမဏ္ဍဖလဒါယကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် အာမဏ္ဍဖလဒါယကတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ အာမဏ္ဍဖလဒါယကော ထေရော ဣမာ
ဂါထာယော အဘာသိတ္ထာတိ။
အာမဏ္ဍဖလဒါယကတ္ထေရဿာပဒါနံ နဝမံ။
၁၀။ သုဂန္ဓတ္ထေရအပဒါန
၈၁။ ‘‘ဣမမှိ ဘဒ္ဒကေ ကပ္ပေ, ဗြဟ္မဗန္ဓု မဟာယသော၊
ကဿပေါ နာမ ဂေါတ္တေန [နာမေန (သဗ္ဗတ္ထ)], ဥပ္ပဇ္ဇိ ဝဒတံ ဝရော။
၁၀-သုဂန္ဓတ္ထေရအပဒါန ၈၁။ ဤဘဒ္ဒကမ္ဘာ၌ ဗြာဟ္မဏမျိုးဖြစ်တော်မူသော များသော အခြံအရံအကျော်အစော ရှိတော်မူသော တရားဟောပြသူတို့ထက် အမြတ်ဆုံးဖြစ်တော်မူသော အနွယ်အားဖြင့် ကဿပ မည်တော်မူသော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။
၈၂။ ‘‘အနုဗျဉ္ဇနသမ္ပန္နော, ဗာတ္တိံသဝရလက္ခဏော၊
ဗျာမပ္ပဘာပရိဝုတော, ရံသိဇာလသမောတ္ထဋော [ရံသိဇာလသမောသဋော (သီ။ ပီ။)]။
၈၂။ (ထိုမြတ်စွာဘုရားသည် ) လက္ခဏာတော် (ရှစ်ဆယ်) နှင့် ပြည့်စုံတော်မူ၏၊ သုံးဆယ့် နှစ်ပါးသောယောကျာ်းမြတ်တို့၏ လက္ခဏာတို့နှင့် ပြည့်စုံတော်မူ၏၊ ဗျာမပ္ပဘာရောင်ခြည် တော်ကဲ့သို့သောရောင်ခြည်တော်တို့ဖြင့် ခြံရံလျက် ရှိတော်မူ၏၊ ရောင်ခြည်တော်ကွန်ရက်ဖြင့် ဖုံးလွှမ်းလျက် ရှိတော်မူ၏။
၈၃။ ‘‘အဿာသေတာ ယထာ စန္ဒော, သူရိယောဝ ပဘင်္ကရော၊
နိဗ္ဗာပေတာ ယထာ မေဃော, သာဂရောဝ ဂုဏာကရော။
၈၃။ (ထိုမြတ်စွာဘုရားသည် ) ‘လကဲ့သို့’ သက်သာစေတော်မူ၏၊ ‘နေကဲ့သို့’ အရောင် အလင်းကို ပြုတော်မူတတ်၏၊ ‘မိုးကဲ့သို့’ ငြိမ်းအေးစေတော်မူတတ်၏၊ ‘သမုဒ္ဒရာကဲ့သို့’ ဂုဏ်ကျေးဇူး၏တည်ရာဖြစ်တော်မူ၏။
၈၄။ ‘‘ဓရဏီရိဝ သီလေန, ဟိမဝါဝ သမာဓိနာ၊
အာကာသော ဝိယ ပညာယ, အသင်္ဂေါ အနိလော ယထာ။
၈၄။ (ထိုမြတ်စွာဘုရားသည် ) သီလအားဖြင့် မြေကြီးနှင့် တူတော်မူ၏၊ သမာဓိအားဖြင့် ဟိမဝန္တာနှင့်တူတော်မူ၏၊ ပညာအားဖြင့် ကောင်းကင်နှင့် တူတော်မူ၏၊ မကပ်ငြိခြင်း၌ လေနှင့် တူတော်မူ၏။
၈၅။ ‘‘သ ကဒါစိ မဟာဝီရော, ပရိသာသု ဝိသာရဒေါ၊
သစ္စာနိ သမ္ပကာသေတိ, ဥဒ္ဓရန္တော မဟာဇနံ။
၈၅။ ကြီးမားသော လုံ့လရှိတော်မူသော ပရိသတ်တို့၌ ရဲရင့်တော်မူသော ထိုမြတ်စွာ ဘုရားသည် ရံခါလူများအပေါင်းကို (ဝဋ်မှ) ထုတ်ဆောင်လျက် သစ္စာတရားတို့ကို ကောင်း စွာ ပြတော်မူ၏။
၈၆။ ‘‘တဒါ ဟိ ဗာရာဏသိယံ, သေဋ္ဌိပုတ္တော မဟာယသော၊
အာသဟံ ဓနဓညဿ [အနန္တဓနဓညဿ (က။)], ပဟူတဿ ဗဟူ တဒါ။
၈၆။ ထိုအခါ ငါသည် ဗာရာဏသီပြည်၌ များသော အခြံအရံ အကျော်အစောရှိသော သူဌေးသားဖြစ်ခဲ့၏၊ ထိုအခါ ဆည်းပူးအပ်သော ဥစ္စာစပါးဖြင့် ပေါများ၏။
၈၇။ ‘‘ဇင်္ဃာဝိဟာရံ ဝိစရံ, မိဂဒါယမုပေစ္စဟံ [မုပေသဟံ (က။)]၊
အဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ, ဒေသေန္တံ အမတံ ပဒံ။
၈၇-၈၈။ ငါသည် အညောင်းပြေ လမ်းလျှောက်သည်ရှိသော် (သားတို့အား ဘေးမဲ့ပေး ရာ) မိဂဒါဝုန်တောသို့ ချဥ်းကပ်ခဲ့၏။ သန့်ရှင်းလျက် နှစ်သက်ဖွယ်သော စကားရှိတော်မူ သော၊ ကရဝိက်ငှက်၏ အသံနှင့် တူမျှသော အသံရှိတော်မူသော ၊ ဟင်္သာမင်း၏ အသံနှင့် တူသောအသံရှိတော်မူသော ၊ လူအပေါင်းကို သိစေတော်မူတတ်သော၊ အမြိုက်နိဗ္ဗာန်ကိုဟောကြားတော်မူတတ်သော၊ ကိလေသာမြူ ကင်းသော မြတ်စွာဘုရားကို ဖူးမြင်ရ၏။
၈၈။ ‘‘ဝိသဋ္ဌကန္တဝစနံ, ကရဝီကသမဿရံ၊
ဟံသရုတေဟိ [ဟံသဒုန္ဒုဘိ (သျာ။ ပီ။)] နိဂ္ဃေါသံ, ဝိညာပေန္တံ မဟာဇနံ။
၈၉။ ‘‘ဒိသွာ ဒေဝါတိဒေဝံ တံ, သုတွာဝ မဓုရံ ဂိရံ၊
ပဟာယနပ္ပကေ ဘောဂေ, ပဗ္ဗဇိံ အနဂါရိယံ။
၈၉။ ထိုနတ်ထက် နတ်ဖြစ်တော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရပြီးလျှင် ချိုမြိန်သော တရားသံကိုကြားနာရ၍သာလျှင် များစွာသော စည်းစိမ်ဥစ္စာတို့ကို ပယ်စွန့်လျက် ရဟန်း ဘောင်သို့ ဝင်ရောက် ခဲ့၏။
၉၀။ ‘‘ဧဝံ ပဗ္ဗဇိတော စာဟံ, န စိရေန ဗဟုဿုတော၊
အဟောသိံ ဓမ္မကထိကော, ဝိစိတ္တပဋိဘာဏဝါ။
၉၀။ ငါသည် ဤသို့ရဟန်းပြုပြီးလတ်သော် မကြာမြင့်မီ အကြားအမြင်များသူ ဖြစ်လျက် ဆန်းကြယ်သောတရားစကားကို ဟောကြားတတ်သော တရားဟော “ဓမ္မကထိက” ဖြစ်၏။
၉၁။ ‘‘မဟာပရိသမဇ္ဈေဟံ, ဟဋ္ဌစိတ္တော ပုနပ္ပုနံ၊
ဝဏ္ဏယိံ ဟေမဝဏ္ဏဿ, ဝဏ္ဏံ ဝဏ္ဏဝိသာရဒေါ။
၉၁။ ဂုဏ်ကျေးဇူးကို ချီးကျူးမှု၌ ရဲရင့်သော ငါသည် ရွှင်လန်းသော စိတ်ရှိသည်ဖြစ်၍ များစွာသောပရိသတ်အလယ်၌ ရွှေအဆင်းနှင့် တူသော အဆင်းရှိတော်မူသော မြတ်စွာ ဘုရား၏ ဂုဏ်တော်ကျေးဇူးတော်ကို အဖန်ဖန် ချီးကျူးခဲ့၏။
၉၂။ ‘‘ဧသ ခီဏာသဝေါ ဗုဒ္ဓေါ, အနီဃော ဆိန္နသံသယော၊
သဗ္ဗကမ္မက္ခယံ ပတ္တော, ဝိမုတ္တောပဓိသင်္ခယေ။
၉၂။ ဤမြတ်စွာဘုရားသည် ကုန်ပြီးသော အာသဝရှိတော်မူပါပေ၏၊ ဆင်းရဲခြင်း ကင်း တော်မူပါပေ၏၊ ဖြတ်အပ်ပြီးသော ယုံမှားခြင်း ရှိတော်မူပါပေ၏၊ အလုံးစုံသော ကုသိုလ် အကုသိုလ်ကံတို့၏ကုန်ခန်းခြင်းသို့ ရောက်တော်မူပါပေ၏၊ ဥပဓိကုန်ရာ နိဗ္ဗာန်၌ သက်ဝင် တော်မူပါပေ၏။
၉၃။ ‘‘ဧသ သော ဘဂဝါ ဗုဒ္ဓေါ, ဧသ သီဟော အနုတ္တရော၊
သဒေဝကဿ လောကဿ, ဗြဟ္မစက္ကပ္ပဝတ္တကော။
၉၃။ ဤမြတ်စွာဘုရားသည် ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူပါပေ၏၊ ဤမြတ်စွာ ဘုရားသည် ‘ခြင်္သေ့မင်းကဲ့သို့’ ရဲရင့်တော်မူပါပေ၏၊ အတုမရှိ မြင့်မြတ်တော်မူပါပေ၏၊ နတ်နှင့်တကွသောလောကအား မြတ်သော တရားစကြာကို လည်စေတော်မူတတ်ပါပေ၏။
၉၄။ ‘‘ဒန္တော ဒမေတာ သန္တော စ, သမေတာ နိဗ္ဗုတော ဣသိ၊
နိဗ္ဗာပေတာ စ အဿတ္ထော, အဿာသေတာ မဟာဇနံ။
၉၄။ မြတ်စွာဘုရားသည် (ကိုယ်တိုင်) ယဥ်ကျေး ပြီး၍ (လူအပေါင်းကိုလည်း) ယဥ်ကျေးစေတော်မူပါပေ၏၊ (ကိုယ်တိုင်) ငြိမ်သက်ပြီး၍ (လူအပေါင်းကိုလည်း) ငြိမ်သက်စေတော်မူ တတ်ပါပေ၏၊ (ကိုယ်တိုင်) ငြိမ်းအေးပြီး၍ (လူအပေါင်းကိုလည်း) ငြိမ်းအေးစေတော်မူတတ် ပါပေ၏၊ (ကိုယ်တိုင်) သက်သာရာရပြီး၍ (လူအပေါင်းကိုလည်း) သက်သာရာရစေတော်မူတတ် ပါပေ၏။
၉၅။ ‘‘ဝီရော သူရော စ ဝိက္ကန္တော [ဓီရော စ (သီ။ ပီ။)], ပညော ကာရုဏိကော ဝသီ၊
ဝိဇိတာဝီ စ သ ဇိနော, အပ္ပဂဗ္ဗော အနာလယော။
၉၅။ ထိုမြတ်စွာဘုရားသည် လုံ့လရှိတော်မူပါပေ၏၊ ရဲရင့်တော်မူပါပေ၏၊ နှစ်သက်ခြင်း ရှိတော်မူပါပေ၏၊ ပညာရှိတော်မူပါပေ၏၊ ကရုဏာ ရှိတော်မူပါပေ၏၊ ဝသီဘော် ရှိတော်မူ ပါပေ၏၊ ရန်ကိုအောင်ပြီးတော်မူပါပေ၏၊ မာန်မူခြင်း ကင်းတော်မူပါပေ၏၊ ကပ်ငြိတွယ်တာ ခြင်း ကင်းတော်မူပါပေ၏။
၉၆။ ‘‘အနေဉ္ဇော အစလော ဓီမာ, အမောဟော အသမော မုနိ၊
ဓောရယှော ဥသဘော နာဂေါ, သီဟော သက္ကော ဂရူသုပိ။
၉၆။ မြတ်စွာဘုရားသည် တဏှာ ကင်းတော်မူပါပေ၏၊ တုန်လှုပ်ခြင်း ကင်းတော်မူပါပေ၏၊ ပညာရှိတော်မူပါပေ၏၊ တွေဝေခြင်း ကင်းတော်မူပါပေ၏၊ ပြိုင်ဘက် ကင်းတော်မူပါ ပေ၏၊ လေးစားအပ်သူတို့တွင် ဝန်ဆောင်သော နွားလားဥသဘနှင့်လည်း တူတော်မူပါပေ၏၊ ဆင်ပြောင်နှင့်လည်းတူတော်မူပါပေ၏၊ ခြင်္သေ့မင်းနှင့်လည်း တူတော်မူပါပေ၏၊ သိကြားမင်း နှင့်လည်း တူတော်မူပါပေ၏။
၉၇။ ‘‘ဝိရာဂေါ ဝိမလော ဗြဟ္မာ, ဝါဒီ သူရော ရဏဉ္ဇဟော၊
အခိလော စ ဝိသလ္လော စ, အသမော သံယတော [ဝုသဘော (သျာ။), ပယတော (ပီ။)] သုစိ။
၉၇။ မြတ်စွာဘုရားသည် တပ်မက်ခြင်း ကင်းတော်မူပါပေ၏၊ အညစ်အကြေး ကင်းတော် မူပါပေ၏၊ ဗြဟ္မာနှင့် တူတော်မူပါပေ၏၊ အယူဝါဒရှိသူတို့ထက် ရဲရင့်တော်မူပါပေ၏၊ ကိလေသာ ကိုပယ်စွန့်တော်မူပါပေ၏၊ (ကိလေသာ) ငြောင့်တံသင်း ကင်းတော်မူပါပေ၏၊ (ကိလေသာ) မြားငြောင့်ကိုလည်း နုတ်ပြီးတော်မူပါပေ၏၊ အတုမဲ့ ဖြစ်တော်မူပါပေ၏၊ စောင့်စည်းခြင်း, စင်ကြယ်ခြင်းရှိတော်မူပါပေ၏။
၉၈။ ‘‘ဗြာဟ္မဏော သမဏော နာထော, ဘိသက္ကော သလ္လကတ္တကော၊
ယောဓော ဗုဒ္ဓေါ သုတာသုတော [သုတော သုတော (သီ။ ပီ။)], အစလော မုဒိတော သိတော [ဒိတော (သီ။)]။
၉၈။ မြတ်စွာဘုရားသည် မကောင်းမှုကို အပပြုပြီး ဖြစ်တော်မူပါပေ၏၊ ကိလေသာကိုငြိမ်းအေးစေတော်မူပါပေ၏၊ (လူအားလုံးတို့၏) ကိုးကွယ်ရာ ဖြစ်တော်မူပါပေ၏၊ ဆေးဆရာ နှင့်တူတော်မူပါပေ၏၊ ငြောင့်တံသင်းကို ပယ်နုတ်တတ်သော ဆေးဆရာနှင့် တူတော်မူ ပါပေ၏၊ သူရဲကောင်း (စစ်သား) နှင့် တူတော်မူပါပေ၏၊ ကျော်စောသူတို့ထက် ကျော်စော တော်မူပါပေ၏၊ တုန်လှုပ်ခြင်းကင်းတော်မူပါပေ၏၊ ဝမ်းမြောက်ရွှင်လန်းစေတော်မူပါပေ၏။
၉၉။ ‘‘ဓာတာ ဓတာ စ သန္တိ စ, ကတ္တာ နေတာ ပကာသိတာ၊
သမ္ပဟံသိတာ ဘေတ္တာ စ, ဆေတ္တာ သောတာ ပသံသိတာ။
၉၉။ မြတ်စွာဘုရားသည် (သံသရာမှ) ထုတ်ဆောင်တော်မူတတ်ပါပေ၏၊ နိဗ္ဗာန်ကိုဆောင်ထားတော်မူတတ်ပါပေ၏၊ ငြိမ်သက်တော်မူပါပေ၏၊ (တဏှာကို) သတ်တော်မူတတ်ပါ ပေ၏၊ (နိဗ္ဗာန်သို့) ဆောင်တော်မူတတ်ပါပေ၏၊ (သစ္စာတရားကို) ပြတော်မူတတ်ပါပေ၏၊ ကောင်းစွာရွှင်လန်းစေတော်မူတတ်ပါပေ၏၊ (ကိလေသာကို) ဖျက်ဆီးတော်မူတတ်ပါပေ၏၊ ဖြတ်တောက်တော်မူတတ်ပါပေ၏၊ (တရားကို) နာစေတော်မူတတ်ပါပေ၏၊ ချီးမွမ်းတော်မူ တတ်ပါပေ၏။
၁၀၀။ ‘‘အခိလော စ ဝိသလ္လော စ, အနီဃော အကထံကထီ၊
အနေဇော ဝိရဇော ကတ္တာ, ဂန္ဓာ ဝတ္တာ ပသံသိတာ။
၁၀၀။ (ကိလေသာ) တံသင်းလည်း ကင်းတော်မူပါပေ၏၊ (ကိလေသာ) ငြောင့်ကိုလည်းနုတ်တော်မူတတ်ပါပေ၏၊ ဆင်းရဲခြင်း ကင်းတော်မူပါပေ၏၊ သို့လောသို့လော တွေးတောခြင်း လည်းရှိတော်မမူ၊ တဏှာကင်းတော်မူပါပေ၏၊ ကိလေသာမြူ ကင်းတော်မူပါပေ၏၊ တဏှာ ကိုသတ်တော်မူပါပေ၏၊ သီလအနံ့ ရှိတော်မူပါပေ၏၊ ဆိုသင့်သည်ကို ဆိုတတ်သည်ဖြစ်၍ ချီးမွမ်းသင့်သည်ကိုချီးမွမ်းတော်မူတတ်ပါပေ၏။
၁၀၁။ ‘‘တာရေတာ အတ္ထကာရေတာ, ကာရေတာ သမ္ပဒါရိတာ၊
ပါပေတာ သဟိတာ ကန္တာ, ဟန္တာ အာတာပီ တာပသော [ဟန္တာ, တာပိတာ စ ဝိသောသိတာ (သျာ။)]။
၁၀၁။ မြတ်စွာဘုရားသည် ကယ်တင်တော်မူတတ်ပါပေ၏၊ အကျိုးကို ပြုတော်မူတတ်ပါ ပေ၏၊ ပြုစေတော်မူတတ်ပါပေ၏၊ ကိလေသာကို ဖောက်ခွဲတော်မူတတ်ပါပေ၏၊ (နိဗ္ဗာန်သို့) ရောက်စေတော်မူတတ်ပါပေ၏၊ (ကိလေသာကို) နှိပ်စက်တော်မူတတ်ပါပေ၏၊ နှစ်သက်စေတော်မူတတ်ပါပေ၏၊ ကိလေသာကို သတ်တော်မူတတ်ပါပေ၏၊ (ကိလေသာကို) ပူပန်စေတတ် သောလုံ့လရှိတော်မူပါပေ၏၊ အစွမ်းသတ္တိ ရှိတော်မူပါပေ၏။
၁၀၂။ ‘‘သမစိတ္တော [သစ္စဋ္ဌိတော (သျာ။)] သမသမော, အသဟာယော ဒယာလယော [ဒယာသယော (သီ။)]၊
အစ္ဆေရသတ္တော [အစ္ဆေရမန္တော (သျာ။)] အကုဟော, ကတာဝီ ဣသိသတ္တမော။
၁၀၂။ သတ္တဝါတို့ထက် မြတ်သော ဣသိဖြစ်တော်မူသော မြတ်စွာဘုရားသည် မျှတသောစိတ်ရှိတော်မူပါပေ၏၊ အတုမရှိသော ရှေးဘုရားတို့နှင့်သာ တူတော်မူပါပေ၏၊ (တဏှာ) အဖော်ကင်းတော်မူပါပေ၏၊ သနားခြင်းရှိတော်မူပါပေ၏၊ အကျော်အစောရှိတော်မူပါပေ၏။ ကိလေသာကိုဖြတ်တောက်သော လက်နက်ရှိတော်မူပါပေ၏၊ ပလွှားခြင်း ကင်းတော်မူပါပေ၏၊ ပြုအပ်ပြီးသော မဂ်ကိစ္စရှိတော်မူပါပေ၏။
၁၀၃။ ‘‘နိတ္တိဏ္ဏကင်္ခေါ နိမ္မာနော, အပ္ပမေယျော အနူပမော၊
သဗ္ဗဝါကျပထာတီတော, သစ္စ နေယျန္တဂူ [သဗ္ဗနေယျန္တိကော (သျာ။)] ဇိနော။
၁၀၃။ မြတ်စွာဘုရားသည် ကူးမြောက်ပြီးသော ယုံမှားခြင်း ရှိတော်မူပါပေ၏၊ မာန်မာနကင်းတော်မူပါပေ၏၊ မနှိုင်းယှဥ်အပ်သည်ဖြစ်၍ နှိုင်းယှဥ်စရာ ဥပမာရှိတော်မမူ၊ အလုံးစုံ သောစကားလမ်းကြောင်းကို ကျော်လွန်တော်မူပါပေ၏၊ သစ္စာလေးပါးကို သိခြင်း၌ အဆုံးသို့ရောက်တော်မူပါပေ၏။
၁၀၄။ ‘‘သတ္တသာရဝရေ [သတရံသီဝရေ (သျာ။)] တသ္မိံ, ပသာဒေါ အမတာဝဟော၊
တသ္မာ ဗုဒ္ဓေ စ ဓမ္မေ စ, သံဃေ သဒ္ဓါ မဟတ္ထိကာ [မဟိဒ္ဓိကာ (သီ။ က။)]။
၁၀၄။ သတ္တဝါတို့၏ အနှစ်အမြုတေ ဖြစ်သော ထိုမြတ်စွာဘုရား၌ ကြည်ညိုခြင်းသည် အမြိုက်နိဗ္ဗာန်ကိုရွက်ဆောင်နိုင်ပေ၏။ ထို့ကြောင့် မြတ်စွာဘုရား၌လည်းကောင်း၊ တရား၌ လည်းကောင်း၊ သံဃာ၌လည်းကောင်း ယုံကြည်မှု‘သဒ္ဓါ’သည် ကြီးမြတ်သော အကျိုးရှိပေ၏။
၁၀၅။ ‘‘ဂုဏေဟိ ဧဝမာဒီဟိ, တိလောကသရဏုတ္တမံ၊
ဝဏ္ဏေန္တော ပရိသာမဇ္ဈေ, အကံ [ကထိံ (သျာ။)] ဓမ္မကထံ အဟံ။
၁၀၅။ ဤသို့အစရှိကုန်သော ဂုဏ်တို့ဖြင့် လောကသုံးပါး၏ ကိုးကွယ်ရာ အမြတ်ဆုံးဖြစ် တော်မူသော မြတ်စွာဘုရားကိို ငါသည် ပရိသတ်အလယ်၌ ချီးကျူးလျက် တရားစကားဟော ပြောမှုကို ပြုခဲ့၏။
၁၀၆။ ‘‘တတော စုတာဟံ တုသိတေ, အနုဘောတွာ မဟာသုခံ၊
တတော စုတော မနုဿေသု, ဇာတော ဟောမိ သုဂန္ဓိကော။
၁၀၆။ ငါသည် ထိုဘဝမှ စုတေလတ်သော် တုသိတာဘုံ၌ ကြီးကျယ်သော ချမ်းသာကို ခံစားရ၍ထိုတုသိတာဘုံမှ စုတေလျက် လူ့ဘုံတို့၌ ဖြစ်လတ်သော် ကောင်းသော ဂုဏ်ရနံ့ ရှိသူ ဖြစ်ပေ၏။
၁၀၇။ ‘‘နိဿာသော မုခဂန္ဓော စ, ဒေဟဂန္ဓော တထေဝ မေ၊
သေဒဂန္ဓော စ သတတံ, သဗ္ဗဂန္ဓောဝ ဟောတိ မေ [သဗ္ဗဂန္ဓောတိသေတိ မေ (သီ။ ပီ။)]။
၁၀၇။ ခံတွင်းအနံ့သည်လည်း မကောင်းသော အနံ့ မရှိ၊ (မွှေးကြိုင်၏)။ ငါ၏ ကိုယ်နံ့ သည်အလားတူပင်တည်း၊ ချွေးအနံ့သည်လည်း အမြဲ ငါ့အား အလုံးစုံ မွှေးရနံ့သည်ပင် ဖြစ်၏။
၁၀၈။ ‘‘မုခဂန္ဓော သဒါ မယှံ, ပဒုမုပ္ပလစမ္ပကော၊
ပရိသန္တော [အာဒိသန္တော (သီ။), အတိကန္တော (သျာ။), အတိသန္တော (ပီ။)] သဒါ ဝါတိ, သရီရော စ တထေဝ မေ။
၁၀၈။ ငါ၏ ခံတွင်းနံ့သည် အခါခပ်သိမ်း ပဒုမ္မာကြာနံ့, ဥပ္ပလကြာနံ့, စံကားပန်းနံ့ ရှိ၏၊ ပရိသတ်အဆုံးတိုင်အောင် အခါခပ်သိမ်း ကြိုင်လှိုင်၏၊ ငါ၏ ကိုယ်နံ့သည်လည်း အလားတူမွှေးကြိုင်သည်သာတည်း။
၁၀၉။ ‘‘ဂုဏတ္ထဝဿ သဗ္ဗန္တံ, ဖလံ တု [ဖလန္တံ (သျာ။)] ပရမဗ္ဘုတံ၊
ဧကဂ္ဂမနသာ သဗ္ဗေ, ဝဏ္ဏယိဿံ [ဘာသိတဿ (သျာ။)] သုဏာထ မေ။
၁၀၉။ ငါသည် (မြတ်စွာဘုရား၏ ) ဂုဏ်ကို ချီးကျူးခြင်း၏ အလွန်အံ့ဖွယ်ကောင်းသောထိုအကျိုးအားလုံးကို မြွက်ဆိုပေအံ့၊ အလုံးစုံသော သင်တို့သည် တည်ကြည်သော စိတ်ဖြင့် ငါ၏စကားကို နာကုန်လော့-
၁၁၀။ ‘‘ဂုဏံ ဗုဒ္ဓဿ ဝတွာန, ဟိတာယ စ န သဒိသံ [ဟိတာယ ဇနသန္ဓိသု (သီ။ ပီ။), ဟိတာယ နံ သုခါဝဟံ (သျာ။)]၊
သုခိတော [သုစိတ္တော (သျာ။)] ဟောမိ သဗ္ဗတ္ထ, သံဃော ဝီရသမာယုတော [သရဒ္ဓနိသမာယုတော (သီ။)]။
၁၁၀။ မြတ်စွာဘုရား၏ ဂုဏ်ကို ပြောဆိုခြင်းကြောင့် အစီးအပွား၌လည်း အတူ မရှိချေ၊ ငါသည်အလုံးစုံသော ဘဝ၌ ချမ်းသာသောသူ၊ ကိလေသာကို ညှဥ်းဆဲနိုင်သူ၊ ရဲရင့်ခြင်းနှင့် ပြည့်စုံသောသူဖြစ်ရပေ၏။
၁၁၁။ ‘‘ယသဿီ သုခိတော ကန္တော, ဇုတိမာ ပိယဒဿနော၊
ဝတ္တာ အပရိဘူတော စ, နိဒ္ဒေါသော ပညဝါ တထာ။
၁၁၁။ ငါသည် အခြံအရံအကျော်အစောရှိ၏၊ ချမ်းသာခြင်းရှိ၏၊ နှစ်သက်အပ်၏၊ အရောင်အဆင်းရှိသည်ဖြစ်၍ ချစ်ဖွယ်ကောင်းသူ၊ ရှုချင်ဖွယ်ကောင်းသူ ဖြစ်၏။ ယဥ်ကျေးစွာ ပြောဆို တတ်၏၊ သူတစ်ပါးတို့ မနှိပ်စက်နိုင်သည်ဖြစ်၍ အပြစ်ကင်းသူ ဖြစ်၏၊ (ထိုမှတစ်ပါး) ပညာ ရှိသူ ဖြစ်၏။
၁၁၂။ ‘‘ခီဏေ အာယုသိ [ပါသုသိ (သျာ။)] နိဗ္ဗာနံ, သုလဘံ ဗုဒ္ဓဘတ္တိနော၊
တေသံ ဟေတုံ ပဝက္ခာမိ, တံ သုဏာထ ယထာတထံ။
၁၁၂။ မြတ်စွာဘုရားကို ဆည်းကပ်လေ့ရှိသော သူအား အသက်တမ်းကုန်သည်ရှိသော် နိဗ္ဗာန်ကိုရလွယ်ပေ၏၊ ထိုပုဂ္ဂိုလ်တို့၏ အကြောင်းကို အမှန်အတိုင်း ဆိုပေအံ့၊ ထိုစကားကို နာကုန်လော့-
၁၁၃။ ‘‘သန္တံ ယသံ ဘဂဝတော, ဝိဓိနာ အဘိဝါဒယံ၊
တတ္ထ တတ္ထူပပန္နောပိ [ယတ္ထ တတ္ထူပပန္နောပိ (သီ။ ပီ။)], ယသဿီ တေန ဟောမဟံ။
၁၁၃။ ငါသည် မြတ်စွာဘုရားအား ထင်ရှားရှိသော ကျော်စောခြင်းကို (ဆိုအပ်ပြီးသော) အစီအရင်ဖြင့်ချီးကျူးခဲ့၍ ထိုထိုဘဝ၌ ဖြစ်သော် လည်း ထိုကုသိုလ်ကံကြောင့် အခြံအရံ အကျော်အစောများသူဖြစ်ရပေ၏။
၁၁၄။ ‘‘ဒုက္ခဿန္တကရံ ဗုဒ္ဓံ, ဓမ္မံ သန္တမသင်္ခတံ၊
ဝဏ္ဏယံ သုခဒေါ အာသိံ, သတ္တာနံ သုခိတော တတော။
၁၁၄။ ငါသည် ဆင်းရဲ၏ အဆုံးကို ပြုတတ်သော မြတ်စွာဘုရားကိုလည်းကောင်း၊ (အကြောင်းတရားတို့) မပြုပြင်အပ်သော ငြိမ်သက်သော တရားကိုလည်းကောင်း ချီးမွမ်းခဲ့၍ ထိုကံကြောင့် (ကိုယ်တိုင်) ချမ်းသာသော သူ ဖြစ်လျက် သတ္တဝါတို့ကို လည်း ချမ်းသာပေး နိုင်သူ ဖြစ်ရပေ၏။
၁၁၅။ ‘‘ဂုဏံ ဝဒန္တော ဗုဒ္ဓဿ, ဗုဒ္ဓပီတိသမာယုတော၊
သကန္တိံ ပရကန္တိဉ္စ, ဇနယိံ တေန ကန္တိမာ။
၁၁၅။ ငါသည် မြတ်စွာဘုရား၌ နှစ်သက်ခြင်းရှိသည် ဖြစ်၍ မြတ်စွာဘုရား၏ ဂုဏ်တော် ကို ချီးကျူးလျက်မိမိကိုယ်တိုင် နှစ်သက်ခြင်းကို လည်းကောင်း၊ သူတစ်ပါးကိုလည်း နှစ်သက် စေခြင်းကို လည်းကောင်းဖြစ်စေ၏။ ထိုကံကြောင့် ငါသည် နှစ်သက်ခြင်းခံရသူလည်း ဖြစ်ရပေ၏။
၁၁၆။ ‘‘ဇိနော တေ တိတ္ထိကာကိဏ္ဏေ [ဇနောဃေ တိတ္ထကာကိဏ္ဏေ (သီ။ ပီ။), ဇိနော ယော တိတ္ထိကာတိဏ္ဏော (သျာ။)], အဘိဘုယျ ကုတိတ္ထိယေ၊
ဂုဏံ ဝဒန္တော ဇောတေသိံ [ထောမေသိံ (သျာ။)], နာယကံ ဇုတိမာ တတော။
၁၁၆။ ပညာရောင် ရှိတော်မူသော မြတ်စွာဘုရားသည် တိတ္ထိဖြင့် ရောပြွမ်းသော လောက ၌ယုတ်မာသော တိတ္ထိကို လွှမ်းမိုး၍ အောင်မြင်တော်မူပါပေ၏။ ဤသို့ အကျွန်ုပ်သည် အရှင် ဘုရား၏ ဂုဏ်တော်ကို ချီးကျူးလျက် မြတ်စွာဘုရား၏ ဂုဏ်တော်ကို ထွန်းတောက်စေခဲ့ပါ၏။
၁၁၇။ ‘‘ပိယကာရီ ဇနဿာပိ, သမ္ဗုဒ္ဓဿ ဂုဏံ ဝဒံ၊
သရဒေါဝ သသင်္ကောဟံ, တေနာသိံ ပိယဒဿနော။
၁၁၇။ ငါသည် လူအပေါင်းအား ချစ်ခင်ဖွယ်ကို ပြုလေ့ရှိသော မြတ်စွာဘုရား၏ ဂုဏ်တော်ကိုလည်းချီးကျူးခဲ့ပေ၏၊ ထိုကံကြောင့် ငါသည် ‘တန်ဆောင်မုန်းလ၌ ထွက်ပေါ် သော လမင်းကဲ့သို့’ ချစ်အပ်သူ၊ ချစ်ခင်ဖွယ်ရှိသူ ဖြစ်ရပေ၏။
၁၁၈။ ‘‘ယထာသတ္တိဝသေနာဟံ, သဗ္ဗဝါစာဟိ သန္ထဝိံ၊
သုဂတံ တေန ဝါဂိသော, ဝိစိတ္တပဋိဘာနဝါ။
၁၁၈။ ငါသည် အစွမ်းသတ္တိ ရှိသည့်အတိုင်း အလုံးစုံသော စကားတို့ဖြင့် မြတ်စွာဘုရား ကို ချီးကျုးခဲ့၏၊ ထိုကံကြောင့် စကားကို အစိုးရသူ၊ ဆန်းကြယ်သော ဉာဏ်ပဋိဘာန်ရှိသူ ဖြစ်ရပေ၏။
၁၁၉။ ‘‘ယေ ဗာလာ ဝိမတိံ ပတ္တာ, ပရိဘောန္တိ မဟာမုနိံ၊
နိဂ္ဂဟိံ တေ သဒ္ဓမ္မေန, ပရိဘူတော န တေနဟံ [ပရိဘူတေန တေနဟံ (သျာ။)]။
၁၁၉။ ယုံမှားခြင်းသို့ ရောက်သော အကြင်လူမိုက်တို့သည် မြတ်စွာဘုရားကို ရှုတ်ချ ကဲ့ရဲ့ကုန်၏၊ ငါသည် ထိုလူမိုက်တို့ကို သူတော်ကောင်းတရားဖြင့် နှိမ်နင်းခဲ့၏၊ ထိုကုသိုလ်ကံ ကြောင့် ငါသည်ရှုတ်ချကဲ့ရဲ့ခံရသူ မဖြစ်ရပေ။
၁၂၀။ ‘‘ဗုဒ္ဓဝဏ္ဏေန သတ္တာနံ, ကိလေသေ အပနေသဟံ၊
နိက္ကိလေသမနော ဟောမိ, တဿ ကမ္မဿ ဝါဟသာ။
၁၂၀။ ငါသည် မြတ်စွာဘုရားကို ချီးကျူးခြင်းဖြင့် သတ္တဝါတို့၏ ကိလေသာတို့ကို ပယ် ရှားခဲ့၏၊ ထိုကံ၏အစွမ်းကြောင့် ကိလေသာကင်းသော စိတ်ရှိသူ ဖြစ်ရပေ၏။
၁၂၁။ ‘‘သောတူနံ ဝုဒ္ဓိမဇနိံ [ဗုဒ္ဓိမဇနိံ (သီ။ ပီ။)], ဗုဒ္ဓါနုဿတိဒေသကော၊
တေနာဟမာသိံ [တေနာပိ စာသိံ (သျာ။)] သပ္ပညော, နိပုဏတ္ထဝိပဿကော။
၁၂၁။ ငါသည် မြတ်စွာဘုရားအား အောက်မေ့ခြင်းဂုဏ်ကို ညွှန်ပြလျက် တရားနာသူ တို့၏ကြီးပွားခြင်းကို ဖြစ်စေခဲ့၏၊ ထိုကုသိုလ်ကံကြောင့်လည်း သိမ်မွေ့သော အနက် အဓိပ္ပါယ်ကို သိမြင်သောပညာရှိ ဖြစ်ရပေ၏။
၁၂၂။ ‘‘သဗ္ဗာသဝပရိက္ခီဏော, တိဏ္ဏသံသာရသာဂရော၊
သိခီဝ အနုပါဒါနော, ပါပုဏိဿာမိ နိဗ္ဗုတိံ။
၁၂၂။ ငါသည် အာသဝအားလုံး ကုန်ခန်းလျက် သံသရာသမုဒ္ဒရာကို ကူးမြောက်ပြီးသည် ဖြစ်၍‘လောင်စာမရှိသော မီးလျှံကဲ့သို့’ ငြိမ်းအေးခြင်းသို့ ရောက်ရတော့အံ့။
၁၂၃။ ‘‘ဣမသ္မိံယေဝ ကပ္ပသ္မိံ, ယမဟံ သန္ထဝိံ ဇိနံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓဝဏ္ဏဿိဒံ ဖလံ။
၁၂၃။ ဤကမ္ဘာ၌ပင်လျှင် ငါသည် မြတ်စွာဘုရားကို ချီးကျူးခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာ ဘုရားအား ချီးကျူးရခြင်း၏အကျိုးပေတည်း။
၁၂၄။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၁၂၄။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၁၂၅။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၁၂၅။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၁၂၆။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၁၂၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာ ကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သုဂန္ဓမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် သုဂန္ဓတ္ထေရအပဒါန ပြီး၏။ ငါးဆယ့်သုံးခုမြောက် တိဏဒါယကဝဂ် ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ သုဂန္ဓော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
သုဂန္ဓတ္ထေရဿာပဒါနံ ဒသမံ။
တိဏဒါယကဝဂ္ဂေါ တေပညာသမော။
တဿုဒ္ဒါနံ-
တိဏဒေါ မဉ္စဒေါ စေဝ, သရဏဗ္ဘဉ္ဇနပ္ပဒေါ၊
သုပဋော ဒဏ္ဍဒါယီ စ, နေလပူဇီ တထေဝ စ။
ဗောဓိသမ္မဇ္ဇကော မဏ္ဍော, သုဂန္ဓော ဒသမောတိ စ၊
ဂါထာသတံ သတေဝီသံ, ဂဏိတဉ္စေတ္ထ သဗ္ဗသော။
၅၄။ ကစ္စာယနဝဂ္ဂ
၁။ မဟာကစ္စာယနတ္ထေရအပဒါန
၁။ ‘‘ပဒုမုတ္တရော နာမ ဇိနော, အနေဇော အဇိတံ ဇယော၊
သတသဟဿေ ကပ္ပါနံ, ဣတော ဥပ္ပဇ္ဇိ နာယကော။
၅၄-ကစ္စာယနဝဂ် ၁-မဟာကစ္စာယနတ္ထေရအပဒါန ၁။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ မာရ်ငါးပါးကို အောင်တော်မူသော တဏှာကင်း တော်မူသော အောင်နိုင်ခဲသော ရန်အပေါင်းကို အောင်တော်မူသော ပဒုမုတ္တရအမည်ရှိသော မြတ်စွာဘုရားသည် ပွင့်တော်မူလေ၏။
၂။ ‘‘ဝီရော ကမလပတ္တက္ခော, သသင်္ကဝိမလာနနော၊
ကနကာစလသင်္ကာသော [ကဉ္စနတစသင်္ကာသော (သျာ။)], ရဝိဒိတ္တိသမပ္ပဘော။
၂။ (ထိုမြတ်စွာဘုရားသည် ) လုံ့လရှိတော်မူ၏၊ ကြာညိုပွင့်ချပ်နှင့် တူသော မျက်လုံးရှိတော်မူ၏၊ ‘လကဲ့သို့’ အညစ်အကြေးကင်းသော မျက်နှာရှိတော်မူ၏၊ ရွှေတောင်နှင့် တူတော်မူ၏၊ နေရောင်နှင့်တူမျှသော အရောင်ရှိတော်မူ၏။
၃။ ‘‘သတ္တနေတ္တမနောဟာရီ, ဝရလက္ခဏဘူသိတော၊
သဗ္ဗဝါကျပထာတီတော, မနုဇာမရသက္ကတော။
၃။ သတ္တဝါတို့၏ မျက်စိနှင့် စိတ်နှလုံးကို ဆွဲဆောင်တော်မူတတ်၏၊ မြတ်သော လက္ခဏာ တို့ဖြင့်တန်ဆာဆင်တော်မူအပ်၏၊ အလုံးစုံသော စကားစ လမ်းကြောင်းကို ကျော်လွန်တော် မူ၏၊ လူ, နတ်တို့သည် အရိုအသေ ပြုအပ်သော ပုဂ္ဂိုလ် ဖြစ်တော်မူ၏။
၄။ ‘‘သမ္ဗုဒ္ဓေါ ဗောဓယံ သတ္တေ, ဝါဂီသော မဓုရဿရော၊
ကရုဏာနိဗန္ဓသန္တာနော, ပရိသာသု ဝိသာရဒေါ။
၄။ မြတ်စွာဘုရားသည် သတ္တဝါတို့အား သစ္စာလေးပါကို သိစေတော်မူတတ်၏၊ စကားကိုအစိုးရတော်မူ၏၊ ချိုမြိန်သော အသံရှိတော်မူ၏၊ ကရုဏာဖြင့် နှောင်ဖွဲ့အပ်သော စိတ်အစဥ် ရှိတော်မူ၏၊ ပရိသတ်တို့၌ ရဲရင့်တော်မူ၏။
၅။ ‘‘ဒေသေတိ မဓုရံ ဓမ္မံ, စတုသစ္စူပသံဟိတံ၊
နိမုဂ္ဂေ မောဟပင်္ကမှိ, သမုဒ္ဓရတိ ပါဏိနေ။
၅။ (ထိုမြတ်စွာဘုရားသည် ) သစ္စာလေးပါးနှင့် စပ်သော ချိုမြိန်သော တရားတော်ကို ဟောတော်မူ၏၊ မောဟညွန်၌ နစ်မြုပ်သော သတ္တဝါတို့ကို ကောင်းစွာ ထုတ်ဆောင်ကယ် တင်တော်မူ၏။
၆။ ‘‘တဒါ ဧကစရော ဟုတွာ, တာပသော ဟိမဝါလယော၊
နဘသာ မာနုသံ လောကံ, ဂစ္ဆန္တော ဇိနမဒ္ဒသံ။
၆။ ထိုအခါ ငါသည် ဟိမဝန္တာ၌ နေလျက် တစ်ဦးတည်း ကျင့်သော ရသေ့ဖြစ်၍ ကောင်း ကင်ဖြင့်လူတို့ မြို့ရွာသို့ သွားသည်ရှိသော် မြတ်စွာဘုရားကို ဖူးမြင်ရပေ၏။
၇။ ‘‘ဥပေစ္စ သန္တိကံ တဿ, အဿောသိံ ဓမ္မဒေသနံ၊
ဝဏ္ဏယန္တဿ ဝီရဿ, သာဝကဿ မဟာဂုဏံ။
၇။ ငါသည် ထိုမြတ်စွာဘုရား၏ အထံသို့ ချဥ်းကပ်၍ တပည့် ‘သာဝက’၏ ကြီးမြတ်သော ဂုဏ်ကိုချီးကျူးတော်မူသော မြတ်စွာဘုရား၏ တရားဒေသနာတော်ကို နာကြားခဲ့၏။
၈။ ‘‘သင်္ခိတ္တေန မယာ ဝုတ္တံ, ဝိတ္ထာရေန ပကာသယံ၊
ပရိသံ မဉ္စ တောသေတိ, ယထာ ကစ္စာယနော အယံ။
၈။ ဤကစ္စာယနမထေရ်သည် အကျဥ်းအားဖြင့် ငါဟောအပ်သည်ကို အကျယ်အားဖြင့် ဟောပြလျက့်ပရိသတ်ကိုလည်းကောင်း၊ ငါ့ကိုလည်းကောင်း အကြင်အခြင်းအရာအားဖြင့် နှစ်သက်စေနိုင်ပေ၏။
၉။ ‘‘‘နာဟံ ဧဝမိဓေကစ္စံ [ဧဝံဝိဓံ ကဉ္စိ (သီ။ ပီ။)], အညံ ပဿာမိ သာဝကံ၊
တသ္မာတဒဂ္ဂေ [တသ္မေတဒဂ္ဂေ (သီ။)] ဧသဂ္ဂေါ, ဧဝံ ဓာရေထ ဘိက္ခဝေါ’။
၉။ ငါသည် ဤသို့သဘောရှိသော (ကစ္စာယနမှ) တစ်ပါးသော တပည့် ‘သာဝက’ တစ်စုံ တစ်ယောက်ကိုမြင်တော်မမူ၊ ထို့ကြောင့် ထိုမြတ်သော ပုဂ္ဂိုလ်တို့တွင် ဤကစ္စာယန မထေရ် သည် အမြတ်ဆုံးဖြစ်၏၊ ရဟန်းတို့ သင်တို့သည် ဤသို့ မှတ်ကုန်လော့။
၁၀။ ‘‘တဒါဟံ ဝိမှိတော ဟုတွာ, သုတွာ ဝါကျံ မနောရမံ၊
ဟိမဝန္တံ ဂမိတွာန, အာဟိတွာ [အာဟတွာ (သီ။ ပီ။)] ပုပ္ဖသဉ္စယံ။
၁၀။ ထိုအခါ ငါသည် စိတ်ကို မွေ့လျော်စေတတ်သော စကားကို ကြားနာရသည်ရှိသော် အံ့ဩသည်ဖြစ်၍ဟိမဝန္တာသို့ သွားပြီးလျှင် ပန်းအပေါင်းကို ဆောင်ယူလျက်-
၁၁။ ‘‘ပူဇေတွာ လောကသရဏံ, တံ ဌာနမဘိပတ္ထယိံ၊
တဒါ မမာသယံ ဉတွာ, ဗျာကာသိ သ ရဏဉ္ဇဟော။
၁၁။ လောက၏ ကိုးကွယ်ရာ မြတ်စွာဘုရားကို ပူဇော်၍ ထိုအရာကို ဆုတောင်းခဲ့၏၊ ထိုအခါ ငါ၏စိတ်အလိုကို သိ၍ ကိလေသာကို စွန့်ပြီးသော ထိုမြတ်စွာဘုရားသည် ဗျာဒိတ် စကား မိန့်ကြားတော်မူ၏။
၁၂။ ‘‘‘ပဿထေတံ ဣသိဝရံ, နိဒ္ဓန္တကနကတ္တစံ၊
ဥဒ္ဓဂ္ဂလောမံ ပီဏံသံ, အစလံ ပဉ္ဇလိံ ဌိတံ။
၁၂-၁၃။ လှော်ပြီး, ဦးပြီးသော ရွှေနှင့် တူသော အရေရှိသော၊ ရွှင်လန်းတက်ကြွသော အမွေးရှိသော၊ ပြည့်ဖြိုးသော ပခုံးရှိသော၊ တုန်လှုပ်ခြင်း မရှိသော၊ လက်အုပ်ချီလျက် တည် နေသော၊ ရွှင်လန်းသော၊ ပြည့်ဖြိုးသော မျက်စိရှိသော၊ မြတ်စွာဘုရား၏ ဂုဏ် (ကျေးဇူး) ၌ ရောက်သော စိတ်အလိုရှိသော၊ တရားကြောင့်ဖြစ်သော တက်ကြွသော စိတ်နှလုံးရှိသော၊ အမြိုက်ရေစင် သွန်းအပ်သကဲ့သို့ ဖြစ်သောဤရသေ့မြတ်ကို ရှုကုန်လော့-
၁၃။ ‘‘‘ဟာသံ သုပုဏ္ဏနယနံ, ဗုဒ္ဓဝဏ္ဏဂတာသယံ၊
ဓမ္မဇံ ဥဂ္ဂဟဒယံ [ဓမ္မံဝ ဝိဂ္ဂဟဝရံ (သီ။), ဓမ္မပဋိဂ္ဂဟဝရံ (ပီ။)], အမတာသိတ္တသန္နိဘံ’။
၁၄။ ‘‘ကစ္စာနဿ ဂုဏံ သုတွာ, တံ ဌာနံ ပတ္ထယံ ဌိတော၊
အနာဂတမှိ အဒ္ဓါနေ, ဂေါတမဿ မဟာမုနေ။
၁၄-၁၅။ ကစ္စာယနမထေရ်၏ ဂုဏ်ကို ကြားနာရ၍ ထိုအရာအထူးကို ဆုတောင်းလျက် တည်နေသောရသေ့သည် အနာဂတ်ကာလဝယ် ထိုဂေါတမမြတ်စွာဘုရား၏ တရားတို့၌ တရားဖြင့် ဖန်ဆင်းအပ်သောအမွေခံသားတော်ဖြစ်၍ အမည်အားဖြင့် “ကစ္စာယန”ဟု ထင်ရှားသော မြတ်စွာဘုရား၏ တပည့်သာဝကဖြစ်လတ္တံ့။
၁၅။ ‘‘တဿ ဓမ္မေသု ဒါယာဒေါ, ဩရသော ဓမ္မနိမ္မိတော၊
ကစ္စာနော နာမ နာမေန, ဟေဿတိ သတ္ထု သာဝကော။
၁၆။ ‘‘ဗဟုဿုတော မဟာဉာဏီ, အဓိပ္ပါယဝိဒူ မုနေ၊
ပါပုဏိဿတိ တံ ဌာနံ, ယထာယံ ဗျာကတော မယာ။
၁၆။ ဤရသေ့သည် ငါဘုရား ဗျာဒိတ်စကား မိန့်ကြားသည့်အတိုင်း များသော အကြား အမြင်ရှိသောကြီးသော ဉာဏ်ရှိသော မြတ်စွာဘုရား၏ အလို (အဓိပ္ပါယ်) ကို သိသော ရဟန်း ဖြစ်၍ ထိုအရာအထူးသို့ရောက်လတ္တံ့။
၁၇။ ‘‘သတသဟဿိတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၁၇။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ကုသိုလ်ကံကို ပြုခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏အကျိုးပေတည်း။
၁၈။ ‘‘ဒုဝေ ဘဝေ သံသရာမိ, ဒေဝတ္တေ အထ မာနုသေ၊
အညံ ဂတိံ န ဂစ္ဆာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၁၈။ နတ်ဘဝနှင့် လူ့ဘဝဟူသော နှစ်ပါးသော ဘဝ၌ ကျင်လည်ရပေ၏၊ တစ်ပါးသောလားရာဂတိ (ဒုဂ္ဂတိ) သို့ မရောက်ရပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော် ရခြင်း၏အကျိုးပေတည်း။
၁၉။ ‘‘ဒုဝေ ကုလေ ပဇာယာမိ, ခတ္တိယေ အထ ဗြာဟ္မဏေ၊
နီစေ ကုလေ န ဇာယာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၁၉။ မင်းမျိုးနှင့် ပုဏ္ဏားမျိုးဟူသော နှစ်ပါးသော အမျိုး၌ ဖြစ်ရပေ၏၊ ယုတ်နိမ့်သော အမျိုး၌မဖြစ်ရပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏ အကျိုးပေ တည်း။
၂၀။ ‘‘ပစ္ဆိမေ စ ဘဝေ ဒါနိ, ဇာတော ဥဇ္ဇေနိယံ ပုရေ [ဇာတော, ဥဇ္ဇေနိယံ ပုရေ ရမေ (သျာ။)]၊
ပဇ္ဇောတဿ စ စဏ္ဍဿ, ပုရောဟိတဒိဇာဓိနော [ပုရောဟိတဒိဇာတိနော (သီ။ ပီ။)]။
၂၀။ ယခုနောက်ဆုံးဖြစ်သော ဘဝ၌လည်း ဥဇ္ဇေနီပြည်၌ စဏ္ဍပဇ္ဇောတမင်း၏ ပုရောဟိတ် ပုဏ္ဏားနှင့်စပ်သွယ်သော-
၂၁။ ‘‘ပုတ္တော တိရိဋိဝစ္ဆဿ [တိရိဋဝစ္ဆဿ (သီ။), တိပိတိဝစ္ဆဿ (သျာ။)], နိပုဏော ဝေဒပါရဂူ၊
မာတာ စ စန္ဒိမာ နာမ, ကစ္စာနောဟံ ဝရတ္တစော။
၂၁။ တိရိဋိဝစ္ဆပုဏ္ဏား၏ သားဖြစ်၍ သိမ်မွေ့၏၊ ဗေဒင်အရာ၌ တစ်ဖက်ကမ်းရောက် တတ်မြောက်၏၊ အမိ (သည်) ကား စန္ဒိမာ အမည်ရှိပေ၏၊ ငါကား မြတ်သော အရေအဆင်း ရှိသောကစ္စာယနသတို့သားပေတည်း။
၂၂။ ‘‘ဝီမံသနတ္ထံ ဗုဒ္ဓဿ, ဘူမိပါလေန ပေသိတော၊
ဒိသွာ မောက္ခပုရဒွါရံ, နာယကံ ဂုဏသဉ္စယံ။
၂၂။ မြတ်စွာဘုရားအား စုံစမ်းခြင်းငှါ မင်းသည် စေလွှတ်သည်ရှိသော် နိဗ္ဗာန်မြို့ တံခါးသဖွယ် ဖြစ်သောဂုဏ်တို့၏ စုပေါင်းရာ မြတ်စွာဘုရားကို ဖူးမြင်၍လည်းကောင်း-
၂၃။ ‘‘သုတွာ စ ဝိမလံ ဝါကျံ, ဂတိပင်္ကဝိသောသနံ၊
ပါပုဏိံ အမတံ သန္တံ, သေသေဟိ သဟ သတ္တဟိ။
၂၃။ ဂတိဟူသော ညွန်ကို ခြောက်သွေ့စေတတ်သော၊ အညစ်အကြေးကင်းသော တရား စကားကိုကြားနာရ၍လည်းကောင်း ကြွင်းသော အဖော်ခုနစ်ယောက်တို့နှင့်တကွ ငြိမ်သက် သော အမြိုက်နိဗ္ဗာန်သို့ရောက်ရပေ၏။
၂၄။ ‘‘အဓိပ္ပါယဝိဒူ ဇာတော, သုဂတဿ မဟာမတေ၊
ဌပိတော ဧတဒဂ္ဂေ စ, သုသမိဒ္ဓမနောရထော။
၂၄။ ငါသည် မြတ်စွာဘုရား၏ မြတ်သော အယူဝါဒ၌ အလို (အဓိပ္ပါယ်) ကို သိသူ ဖြစ်၍ ဧတဒဂ်အရာ၌တင်ထားအပ်သူ ဖြစ်၍ စိတ်နှလုံး အလိုပြီးမြောက်သူ ဖြစ်ပေ၏။
၂၅။ ‘‘ကိလေသာ ဈာပိတာ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ၊
နာဂေါဝ ဗန္ဓနံ ဆေတွာ, ဝိဟရာမိ အနာသဝေါ။
၂၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ ငါသည် အာသဝမရှိဘဲနေရ၏။
၂၆။ ‘‘သွာဂတံ ဝတ မေ အာသိ, မမ ဗုဒ္ဓဿ သန္တိကေ၊
‘‘သွာဂတံ ဝတ မေ အာသိ, မမ ဗုဒ္ဓဿ သန္တိကေ၊ တိဿော ဝိဇ္ဇာ အနုပ္ပတ္တာ, ကတံ ဗုဒ္ဓဿ သာသနံ။
၂၆။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာ ဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၂၇။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
၂၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကို လည်းကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကို လည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်မဟာကစ္စာယနမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော မဟာကစ္စာယနတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ မဟာကစ္စာယနော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
မဟာကစ္စာယနတ္ထေရဿာပဒါနံ ပဌမံ။
၂။ ဝက္ကလိတ္ထေရအပဒါန
၂၈။ ‘‘ဣတော သတသဟဿမှိ, ကပ္ပေ ဥပ္ပဇ္ဇိ နာယကော၊
အနောမနာမော အမိတော, နာမေန ပဒုမုတ္တရော။
၂-ဝက္ကလိတ္ထေရအပဒါန ၂၈။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ မယုတ်ညံ့သော အမည်တော်ရှိသော၊ (ဂုဏ် အားဖြင့်) မနှိုင်းယှဥ်နိုင်သော၊ အမည်အားဖြင့် “ပဒုမုတ္တရ”ဟု ထင်ရှားသော မြတ်စွာဘုရား သည်ပွင့်တော်မူလေ၏။
၂၉။ ‘‘ပဒုမာကာရဝဒနော, ပဒုမာမလသုစ္ဆဝီ၊
လောကေနာနုပလိတ္တောဝ တောယေန ပဒုမံ ယထာ။
၂၉။ (ထိုမြတ်စွာဘုရားသည် ) ပဒုမ္မာကြာနှင့် တူသော နှုတ်ခမ်းရှိတော်မူ၏၊ ‘ပဒုမ္မာကြာ ကဲ့သို့’အညစ်အကြေးကင်းလျက် သန့်ရှင်းသော အရေအဆင်းရှိတော်မူ၏၊ ‘ရေနှင့် ပဒုမ္မာ ကြာသည်အချင်းချင်း မကပ်ငြိသကဲ့သို့ပင်လျှင်’ လောကနှင့် လိမ်းကျံကပ်ငြိတော် မမူချေ။
၃၀။ ‘‘ဝီရော ပဒုမပတ္တက္ခော, ကန္တော စ ပဒုမံ ယထာ၊
ပဒုမုတ္တရဂန္ဓောဝ, တသ္မာ သော ပဒုမုတ္တရော။
၃၀။ လုံ့လရှိတော်မူသော မြတ်စွာဘုရားသည် ကြာပဒုမ္မာပွင့်ချပ်နှင့်တူသော မျက်လုံး ရှိတော်မူ၏၊ ‘ပဒုမ္မာကြာကဲ့သို့’ နှစ်သက်ဖွယ်ရှိတော်မူ၏၊ ‘ပဒုမ္မာကြာကဲ့သို့’ မြတ်သော အနံ့ ရှိတော်မူ၏၊ ထို့ကြောင့်ထိုမြတ်စွာဘုရားသည် “ပဒုမုတ္တရ”အမည်ရှိတော်မူ၏။
၃၁။ ‘‘လောကဇေဋ္ဌော စ နိမ္မာနော, အန္ဓာနံ နယနူပမော၊
သန္တဝေသော ဂုဏနိဓိ, ကရုဏာမတိသာဂရော။
၃၁။ (ထိုမြတ်စွာဘုရားသည် ) လောက၏ အကြီးအမှူးလည်း ဖြစ်တော်မူ၏၊ မာန်လည်း ကင်းတော်မူ၏၊ သူကန်းတို့၏ မျက်စိသဖွယ် ဖြစ်တော်မူ၏၊ ငြိမ်သက်သော အသွင်သဏ္ဌာန် ရှိတော်မူ၏၊ ဂုဏ်၏ တည်ရာဖြစ်တော်မူ၏၊ ‘သမုဒ္ဒရာကဲ့သို့’ ကရုဏာပညာ ရှိတော်မူ၏။
၃၂။ ‘‘သ ကဒါစိ မဟာဝီရော, ဗြဟ္မာသုရသုရစ္စိတော၊
သဒေဝမနုဇာကိဏ္ဏေ, ဇနမဇ္ဈေ ဇိနုတ္တမော [ဇနုတ္တမော (သျာ။ ပီ။), အနုတ္တမော (က။) ဝင်္ဂီသတ္ထေရာပဒါနေပိ]။
၃၂။ ဗြဟ္မာ, အသုရာနှင့် နတ်တို့သည် ပူဇော်အပ်သော၊ လုံ့လကြီးမားသော၊ အမြတ်ဆုံး ဖြစ်သောထိုမြတ်စွာဘုရားသည် တစ်ရံတစ်ခါ နတ်နှင့် တကွသော လူတို့နှင့် ရောပြွမ်းလျက် ရှိသော သတ္တဝါတို့အလယ်၌-
၃၃။ ‘‘ဝဒနေန သုဂန္ဓေန, မဓုရေန ရုတေန စ၊
ရဉ္ဇယံ ပရိသံ သဗ္ဗံ, သန္ထဝီ သာဝကံ သကံ။
၃၃။ ကောင်းသော အနံ့ရှိသော ခံတွင်းတော်မှ ချိုမြိန်သော အသံတော်ဖြင့် အလုံးစုံသော ပရိသတ်ကို ရွှင်ပြုံးနှစ်သက်စေလျက် မိမိတပည့် ‘သာဝက’ အပေါင်းကို ချီးကျူးတော်မူ၏။
၃၄။ ‘‘သဒ္ဓါဓိမုတ္တော သုမတိ, မမ ဒဿနလာလသော [ဒဿနသာလယော (သျာ။)]၊
နတ္ထိ ဧတာဒိသော အညော, ယထာယံ ဘိက္ခု ဝက္ကလိ။
၃၄။ ဤဝက္ကလိရဟန်းသည် ကြည်ညိုခြင်း ‘သဒ္ဓါ’ ၌ သက်ဝင်၍ တည်သူ ဖြစ်ပေ၏၊ ကောင်းသောပညာရှိသူ ဖြစ်ပေ၏၊ ငါ့အား ဖူးမြင်ခြင်း၌ ပြင်းပြသော စိတ်အလိုရှိသူ ဖြစ်ပေ၏၊ ထိုအခြင်းအရာအားဖြင့် ဤသို့ သဘောရှိသော အခြားသော ရဟန်းသည် မရှိချေ။
၃၅။ ‘‘တဒါဟံ ဟံသဝတိယံ, နဂရေ ဗြာဟ္မဏတြဇော၊
ဟုတွာ သုတွာ စ တံ ဝါကျံ, တံ ဌာနမဘိရောစယိံ။
၃၅။ ထိုအခါ ငါသည် ဟံသာဝတီမြို့၌ ပုဏ္ဏား၏ သားဖြစ်၍ ထိုစကားကို ကြားနာ ရသည်ရှိသော် ထိုအရာအထူးကို အလွန် နှစ်သက်ခဲ့၏။
၃၆။ ‘‘သသာဝကံ တံ ဝိမလံ, နိမန္တေတွာ တထာဂတံ၊
သတ္တာဟံ ဘောဇယိတွာန, ဒုဿေဟစ္ဆာဒယိံ တဒါ။
၃၆။ ထိုအခါ ငါသည် (ကိလေသာ) အညစ်အကြေး ကင်းသော ထိုမြတ်စွာဘုရားကို တပည့့်သာဝကနှင့်တကွ ပင့်ဖိတ်၍ ခုနစ်ရက်ပတ်လုံး ဆွမ်းကပ်ပြီးလျှင် အဝတ်ပုဆိုးတို့ဖြင့် ဖုံးလွှမ်းလှူဒါန်းခဲ့၏။
၃၇။ ‘‘နိပစ္စ သိရသာ တဿ, အနန္တဂုဏသာဂရေ၊
နိမုဂ္ဂေါ ပီတိသမ္ပုဏ္ဏော, ဣဒံ ဝစနမဗြဝိံ။
၃၇။ ငါသည် ထိုမြတ်စွာဘုရား၏ အဆုံးမရှိသော ဂုဏ်တော်သမုဒ္ဒရာ၌ နစ်မြုပ်၍ ပီတိ ဖြင့် ပြည့်လျက်ဦးညွတ်ပြီးလျှင် ဤစကားကို လျှောက်၏-
၃၈။ ‘‘‘ယော သော တယာ သန္ထဝိတော, ဣတော သတ္တမကေ မုနိ [ဣဓ သဒ္ဓါဓိမုတ္တော ဣသိ (သျာ။), ဣတော သတ္တမကေဟနိ (သီ။ ပီ။)]၊
ဘိက္ခု သဒ္ဓါဝတံ အဂ္ဂေါ, တာဒိသော ဟောမဟံ မုနေ’။
၃၈။ မြတ်စွာဘုရား ဤနေ့မှ ခုနစ်ရက်မြောက်သောနေ့၌ ကြည်ညိုခြင်း ‘သဒ္ဓါ’ ရှိသော ပုဂ္ဂိုလ်တို့တွင်ဤရဟန်းသည် မြတ်၏ဟု အကြင်ရဟန်းကို ချီးကျူးတော်မူခဲ့ပါ၏၊ မြတ်စွာ ဘုရား တပည့်တော်သည်ထိုသို့သဘောရှိသော ရဟန်း ဖြစ်ရပါလို၏။
၃၉။ ‘‘ဧဝံ ဝုတ္တေ မဟာဝီရော, အနာဝရဏဒဿနော၊
ဣမံ ဝါကျံ ဥဒီရေသိ, ပရိသာယ မဟာမုနိ။
၃၉။ ဤသို့ လျှောက်အပ်သော် အပိတ်အပင်မရှိသော ဉာဏ်အမြင်ရှိတော်မူသော လုံ့လ ကြီးမားသောမြတ်စွာဘုရားသည် ပရိသတ်အား ဤစကားကို မိန့်တော်မူ၏-
၄၀။ ‘‘‘ပဿထေတံ မာဏဝကံ, ပီတမဋ္ဌနိဝါသနံ၊
ဟေမယညောပစိတင်္ဂံ [ဟေမယညောပဝီတင်္ဂံ (သီ။)], ဇနနေတ္တမနောဟရံ။
၄၀။ ပြေပြစ်သော ရွှေရောင်ပုဆိုးကို ဝတ်သော ရွှေစလွယ်တင်သော ကိုယ်အင်္ဂါရှိသော လူတို့၏မျက်စိနှင့် စိတ်နှလုံးကို ဆွဲဆောင်နိုင်သော ဤလုလင်ကို ရှုကုန်လော့-
၄၁။ ‘‘‘ဧသော အနာဂတဒ္ဓါနေ, ဂေါတမဿ မဟေသိနော၊
အဂ္ဂေါ သဒ္ဓါဓိမုတ္တာနံ, သာဝကောယံ ဘဝိဿတိ။
၄၁။ ဤလုလင်သည် အနာဂတ်ကာလ၌ ဂေါတမမြတ်စွာဘုရားအား ကြည်ညိုခြင်း‘သဒ္ဓါ’၌ သက်ဝင်၍တည်သော ပုဂ္ဂိုလ်တို့တွင် မြတ်သော တပည့် ‘သာဝက’ သည် ဖြစ်လတ္တံ့။
၄၂။ ‘‘‘ဒေဝဘူတော မနုဿော ဝါ, သဗ္ဗသန္တာပဝဇ္ဇိတော၊
သဗ္ဗဘောဂပရိဗျူဠှော, သုခိတော သံသရိဿတိ။
၄၂။ နတ်ဖြစ်သော် လည်းကောင်း၊ လူဖြစ်သော် လည်းကောင်း အလုံးစုံသော ပူပန်ခြင်း ကင်းသူ၊ အလုံးစုံသော စည်းစိမ်ဥစ္စာ တိုးပွားသူ၊ ချမ်းသာသော သူ ဖြစ်၍ ကျင်လည်ရ လတ္တံ့။
၄၃။ ‘‘‘သတသဟဿိတော ကပ္ပေ, ဩက္ကာကကုလသမ္ဘဝေါ၊
ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။
၄၃။ ဤကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့်ဂေါတမအမည်ရှိသော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။
၄၄။ ‘‘‘တဿ ဓမ္မေသု ဒါယာဒေါ, ဩရသော ဓမ္မနိမ္မိတော၊
ဝက္ကလိ နာမ နာမေန, ဟေဿတိ သတ္ထု သာဝကော’။
၄၄။ ထိုမြတ်စွာဘုရား၏ တရားတို့၌ တရားဖြင့် ဖန်ဆင်းအပ်သော မြတ်စွာဘုရား၏ တရားအမွေခံတပည့်သားတော်ဖြစ်၍ အမည်အားဖြင့် “ဝက္ကလိ”ဟု ထင်ရှားသော မြတ်စွာ ဘုရား၏ တပည့်‘သာဝက’ဖြစ်လတ္တံ့။
အရင်းအမြစ်များ
ကျမ်းကိုးကား
- Vipassana Research Institute. (n.d.). 52. Phaladāyakavaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#540
- Vipassana Research Institute. (n.d.). 54. Kaccāyanavaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#542