ဓမ္မလမ်း
← အပဒါနပါဠိ (ဒု)

အပဒါနပါဠိ (ဒု)

ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။

စာ-၁၁၆

၄၅။ ‘‘တေန ကမ္မဝိသေသေန, စေတနာပဏိဓီဟိ စ၊

ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။

၄၅။ ထိုကံအထူးကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကိုစွန့်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။

၄၆။ ‘‘သဗ္ဗတ္ထ သုခိတော ဟုတွာ, သံသရန္တော ဘဝါဘဝေ၊

သာဝတ္ထိယံ ပုရေ ဇာတော, ကုလေ အညတရေ အဟံ။

၄၆။ ငါသည် ဘဝကြီးငယ်၌ ကျင်လည်ရသည်ရှိသော် အလုံးစုံသော ဘဝတို့၌ ချမ်းသာ ခြင်းရှိသူဖြစ်၍သာဝတ္ထိပြည်၌ အမှတ်မရှိသော အမျိုး၌ ဖြစ်ခဲ့၏။

၄၇။ ‘‘နောနီတသုခုမာလံ မံ, ဇာတပလ္လဝကောမလံ၊

မန္ဒံ ဥတ္တာနသယနံ, ပိသာစဘယတဇ္ဇိတာ။

၄၇။ ‘ဆီဦးကဲ့သို့’ သိမ်မွေ့သော ‘ပေါက်ခါစ ရွက်နုကဲ့သို့’ နူးညံ့သော ပက်လက် အိပ်တတ်ကာမျှဖြင့်ငယ်ရွယ်သော ငါ့ကို မြေဘုတ်ဘီလူးဘေးမှ ကြောက်လန့်ကုန်သော မိဘ တို့သည်-

၄၈။ ‘‘ပါဒမူလေ မဟေသိဿ, သာယေသုံ ဒီနမာနသာ၊

ဣမံ ဒဒါမ တေ နာထ, သရဏံ ဟောဟိ နာယက။

၄၈။ စိတ်ဆင်းရဲကုန်သည် ဖြစ်၍ မြတ်စွာဘုရား၏ ခြေတော်ရင်း၌ အိပ်စေကုန်၏၊ မြတ်စွာဘုရားအရှင်ဘုရားအား ဤသူငယ်ကို လှူပါကုန်၏၊ မြတ်စွာဘုရား အရှင်ဘုရားသည် ကိုးကွယ်ရာဖြစ်တော်မူပါလော့။

စာ-၁၁၇

၄၉။ ‘‘တဒါ ပဋိဂ္ဂဟိ သော မံ, ဘီတာနံ သရဏော မုနိ၊

ဇာလိနာ စက္ကင်္ကိတေန [သင်္ကလင်္ကေန (သီ။)], မုဒုကောမလပါဏိနာ။

၄၉။ ထိုအခါ ကြောက်လန့်သူတို့၏ ကိုးကွယ်ရာ ဖြစ်သော ထိုမြတ်စွာဘုရားသည် စက် လက္ခဏာတို့ဖြင့်ပြည့်သော ရွှေကွန်ရက်နှင့် တူသော နူးညံ့သိမ်မွေ့သောလက်ဖြင့် ငါ့ကို ခံယူတော်မူ၏။

၅၀။ ‘‘တဒါ ပဘုတိ တေနာဟံ, အရက္ခေယျေန ရက္ခိတော၊

သဗ္ဗဝေရဝိနိမုတ္တော [သဗ္ဗဗျာဓိဝိနိမုတ္တော (သျာ။), သဗ္ဗူပဓိဝိနိမုတ္တော (ပီ။)], သုခေန ပရိဝုဒ္ဓိတော။

၅၀။ ငါသည် ထိုအခါ မှစ၍ အစောင့်အရှောက် ကင်းသော ထိုမြတ်စွာဘုရားသည် စောင့်ရှောက်အပ်သည်ဖြစ်၍ အလုံးစုံသော ဘေးရန်တို့မှ လွတ်မြောက်လျက် ချမ်းသာသဖြင့် ကြီးပွားခဲ့ရသူဖြစ်၏။

၅၁။ ‘‘သုဂတေန ဝိနာ ဘူတော, ဥက္ကဏ္ဌာမိ မုဟုတ္တကံ၊

ဇာတိယာ သတ္တဝဿောဟံ, ပဗ္ဗဇိံ အနဂါရိယံ။

၅၁။ ငါသည် မြတ်စွာဘုရားနှင့် တစ်မုဟုတ်မျှ ကင်းကွာလတ်သော် ငြီးငွေ့ပျင်းရိလျက် ရှိပေ၏၊ မွေးဖွားသည်မှ ခုနစ်နှစ်မျှ ရှိသေးလျက် ငါသည် ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏။

၅၂။ ‘‘သဗ္ဗပါရမိသမ္ဘူတံ, နီလက္ခိနယနံ [လင်္ကိနီလယနံ (သီ။)] ဝရံ၊

ရူပံ သဗ္ဗသုဘာကိဏ္ဏံ, အတိတ္တော ဝိဟရာမဟံ [ဝိဟယာမဟံ (သီ။ ပီ။)]။

၅၂။ ငါသည် အလုံးစုံသော ပါရမီတော်ကြောင့်ဖြစ်သော ညိုသော မျက်စိ, မျက်လုံးရှိသော အလုံးစုံတင့်တယ်ခြင်းတို့ဖြင့် ပြွမ်းသော ရုပ်ပုံတော် (အဆင်း) မြတ်ကို (ဖူးမြော်လျက်) မရောင့်ရဲနိုင်ဘဲ နေရပေ၏။

၅၃။ ‘‘ဗုဒ္ဓရူပရတိံ [ဗုဒ္ဓေါ ရူပရတိံ (သီ။)] ဉတွာ, တဒါ ဩဝဒိ မံ ဇိနော၊

‘အလံ ဝက္ကလိ ကိံ ရူပေ, ရမသေ ဗာလနန္ဒိတေ။

၅၃။ ထိုအခါ မြတ်စွာဘုရားသည် မြတ်စွာဘုရား၏ ရုပ်ပုံတော် (အဆင်း) ၌ မွေ့လျော်ခြင်း ကို သိ၍ ငါ့ကို ဆုံးမတော်မူ၏။ ဝက္ကလိ မသင့်လျော်၊ သူမိုက်တို့သာ နှစ်သက်အပ်သော ရုပ် အဆင်း၌ သင်သည်အဘယ့်ကြောင့် မွေ့လျော်နေဘိသနည်း။

၅၄။ ‘‘‘ယော ဟိ ပဿတိ သဒ္ဓမ္မံ, သော မံ ပဿတိ ပဏ္ဍိတော၊

အပဿမာနော သဒ္ဓမ္မံ, မံ ပဿမ္ပိ န ပဿတိ။

၅၄။ ပညာရှိသော အကြင်သူသည် သူတော်ကောင်းတရားကို မြင်၏၊ ထိုသူသည် ငါ့ကိုမြင်သည်သာတည်း။ သူတော်ကောင်းတရားကို မမြင်သော သူသည် ငါ့ကို မြင်သော် လည်း မမြင်သည်မည်၏။

၅၅။ ‘‘‘အနန္တာဒီနဝေါ ကာယော, ဝိသရုက္ခသမူပမော၊

အာဝါသော သဗ္ဗရောဂါနံ, ပုဉ္ဇော ဒုက္ခဿ ကေဝလော။

၅၅။ ကိုယ်ခန္ဓာသည် အဆုံးအပိုင်းအခြား မရှိသော အပြစ်ရှိပေ၏၊ အဆိပ်ပင်နှင့်တူသော ဥပမာ ရှိပေ၏၊ အလုံးစုံသော ရောဂါတို့၏ နေရာ ဖြစ်ပေ၏၊ အလုံးစုံသော ဆင်းရဲ ခြင်း၏ အစုအပုံ ဖြစ်ပေ၏။

၅၆။ ‘‘‘နိဗ္ဗိန္ဒိယ တတော ရူပေ, ခန္ဓာနံ ဥဒယဗ္ဗယံ၊

ပဿ ဥပက္ကိလေသာနံ, သုခေနန္တံ ဂမိဿတိ’။

၅၆။ ထို့ကြောင့် သင်သည် ရုပ်အဆင်း၌ ငြီးငွေ့၍ ခန္ဓာတို့၏ ဖြစ်ခြင်း ပျက်ခြင်းကို ရှုလတ်သော် ညစ်ညူးကြောင်း ကိလေသာတို့၏ အဆုံးသို့ ချမ်းသာစွာ ရောက်လတ္တံ့။

၅၇။ ‘‘ဧဝံ တေနာနုသိဋ္ဌောဟံ, နာယကေန ဟိတေသိနာ၊

ဂိဇ္ဈကူဋံ သမာရုယှ, ဈာယာမိ ဂိရိကန္ဒရေ။

၅၇။ ဤသို့ အစီးအပွားကို တောင့်တရှာမှီးတော်မူသော ထိုမြတ်စွာဘုရားသည် ဆုံးမ တော်မူသည်ရှိသော် ငါသည် ဂိဇ္ဈကုဋ်တောင်သို့ ကောင်းစွာ တက်၍ တောင်ချောက်ကြား၌ ကြံမှိုင်၏။

၅၈။ ‘‘ဌိတော ပဗ္ဗတပါဒမှိ, အဿာသယိ [မမာဟသော (သီ။)] မဟာမုနိ၊

ဝက္ကလီတိ ဇိနော ဝါစံ, တံ သုတွာ မုဒိတော အဟံ။

၅၈။ မြတ်စွာဘုရားသည် တောင်ခြေ၌ ရပ်လျက် သက်သာစေတော်မူ၏၊ မြတ်စွာဘုရား သည်“ဝက္ကလိ”ဟူသော စကားကို မိန့်ခေါ်တော်မူ၏၊ ငါသည် မြတ်စွာဘုရား၏ ထိုစကားကို ကြားရ၍ဝမ်းမြောက်၏။

၅၉။ ‘‘ပက္ခန္ဒိံ သေလပဗ္ဘာရေ, အနေကသတပေါရိသေ၊

တဒါ ဗုဒ္ဓါနုဘာဝေန, သုခေနေဝ မဟိံ ဂတော။

၅၉။ အသူတစ်ရာ မကသော ကျောက်တောင်ဝှမ်း၌ ချော်ကျလေ၏၊ ထိုအခါ မြတ်စွာ ဘုရား၏ အာနုဘော်ကြောင့် ချမ်းသာသဖြင့်သာလျှင် မြေသို့ ရောက်ရပေ၏။

၆၀။ ‘‘ပုနောပိ [ပုနာပိ (သျာ။), မုနိ မံ (က။)] ဓမ္မံ ဒေသေတိ, ခန္ဓာနံ ဥဒယဗ္ဗယံ၊

တမဟံ ဓမ္မမညာယ, အရဟတ္တမပါပုဏိံ။

၆၀။ မြတ်စွာဘုရားသည် ငါ့အား ခန္ဓာတို့၏ အဖြစ်, အပျက်တရားကို ဟောတော်မူ၏။ ငါသည်ထိုတရားကို သိ၍ အရဟတ္တဖိုလ်သို့ ရောက်၏။

စာ-၁၁၈

၆၁။ ‘‘သုမဟာပရိသမဇ္ဈေ, တဒါ မံ စရဏန္တဂေါ၊

အဂ္ဂံ သဒ္ဓါဓိမုတ္တာနံ, ပညပေသိ မဟာမတိ။

၆၁။ ထိုအခါ အလွန်များသော ပရိသတ်အလယ်၌ အကျင့်‘စရဏ’၏ အပြီးအဆုံးသို့ ရောက်တော်မူသော မြတ်စွာဘုရားသည် ငါ့ကို ကြည်ညိုခြင်း ‘သဒ္ဓါ’၌ သက်ဝင်၍ တည်သော ပုဂ္ဂိုလ်တို့တွင် မြတ်၏ဟုပညတ်တော်မူ၏။

၆၂။ ‘‘သတသဟဿိတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၆၂။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ကုသိုလ်ကံကို ပြုခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာ ဘုရားအား ပူဇော်ရခြင်း၏အကျိုးပေတည်း။

၆၃။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။

၆၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၆၄။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။

၆၄။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၆၅။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။

၆၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဝက္ကလိမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် ဝက္ကလိတ္ထေရအပဒါန ပြီး၏။

ဣတ္ထံ သုဒံ အာယသ္မာ ဝက္ကလိတ္ထေရော ဣမာ ဂါထာယော

အဘာသိတ္ထာတိ။

ဝက္ကလိတ္ထေရဿာပဒါနံ ဒုတိယံ။

၃။ မဟာကပ္ပိနတ္ထေရအပဒါန

၆၆။ ‘‘ပဒုမုတ္တရော နာမ ဇိနော, သဗ္ဗဓမ္မာန ပါရဂူ၊

ဥဒိတော အဇဋာကာသေ [ဇဂဒါကာသေ (သီ။), ဇလဒါကာသေ (ပီ။)], ရဝီဝ သရဒမ္ဗရေ။

၃-မဟာကပ္ပိနတ္ထေရအပဒါန ၆၆။ အလုံးစုံသော တရားတို့၏ ကမ်းတစ်ဖက်သို့ ရောက်တော်မူသော ပဒုမုတ္တရမည် သောမြတ်စွာဘုရားသည် ‘တန်ဆောင်မုန်းလအခါ မရေးခြစ်အပ်သော ကောင်းကင်၌ နေကဲ့ သို့’တောက်ပလျက် (သဗ္ဗညုတဉာဏ်သို့) တက်ကြွတော်မူ၏။

၆၇။ ‘‘ဝစနာဘာယ ဗောဓေတိ, ဝေနေယျပဒုမာနိ သော၊

ကိလေသပင်္ကံ သောသေတိ, မတိရံသီဟိ နာယကော။

၆၇။ ထိုမြတ်စွာဘုရားသည် ဝေနေယျကြာ သတ္တဝါတို့ကို တရားစကားတော်အရောင်ဖြင့် ပွင့်စေတော်မူ၏၊ မြတ်စွာဘုရားသည် ပညာအရောင်တို့ဖြင့် ကိလေသာညွန်ကို ခြောက်သွေ့စေတော်မူ၏။

၆၈။ ‘‘တိတ္ထိယာနံ ယသေ [ယသော (သီ။ ပီ။)] ဟန္တိ, ခဇ္ဇောတာဘာ ယထာ ရဝိ၊

သစ္စတ္ထာဘံ ပကာသေတိ, ရတနံဝ ဒိဝါကရော။

၆၈။ နေသည် ပိုးစိမ်းဖြူရောင်တို့ကို ပယ်ဖျောက်သကဲ့သို့ (ထို့အတူ မြတ်စွာဘုရား သည်) တိတ္ထိတို့၏အကျော်အစောတို့ကို ပယ်ဖျောက်တော်မူ၏။ နေသည် ရတနာကို ထင်ရှားပြသကဲ့သို့ (ထို့အတူ)မြတ်စွာဘုရားသည် သစ္စာလေးပါးတို့၏ အနက်အဓိပ္ပါယ် အရောင်ကို ပြတော်မူ၏။

၆၉။ ‘‘ဂုဏာနံ အာယတိဘူတော, ရတနာနံဝ သာဂရော၊

ပဇ္ဇုန္နောရိဝ ဘူတာနိ, ဓမ္မမေဃေန ဝဿတိ။

၆၉။ မြတ်စွာဘုရားသည် ‘ရတနာတို့၏ တည်ရာဖြစ်သော မဟာသမုဒ္ဒရာကဲ့သို့’ ဂုဏ်တို့၏ တည်ရာဖြစ်တော်မူပါပေ၏၊ ‘မိုးနတ်သားကဲ့သို့’ သတ္တဝါတို့ကို တရားမိုးဖြင့် ရွာသွန်း တော်မူပါပေ၏။

၇၀။ ‘‘အက္ခဒဿော တဒါ အာသိံ, နဂရေ ဟံသသဝှယေ၊

ဥပေစ္စ ဓမ္မမဿောသိံ, ဇလဇုတ္တမနာမိနော။

၇၀။ ထိုအခါ ငါသည် ဟံသအမည်ရှိသော မြို့၌ တရားသူကြီး ဖြစ်ခဲ့၏၊ ငါသည် ပဒုမုတ္တရအမည်ရှိသော မြတ်စွာဘုရား၏ အထံသို့ ချဥ်းကပ်၍ တရားတော်ကို နာကြားခဲ့၏။

၇၁။ ‘‘ဩဝါဒကဿ ဘိက္ခူနံ, သာဝကဿ ကတာဝိနော၊

ဂုဏံ ပကာသယန္တဿ, တပ္ပယန္တဿ [တောသယန္တဿ (သီ။), ဟာသယန္တဿ (သျာ။), ဝါသယန္တဿ (ပီ။)] မေ မနံ။

၇၁။ (မြတ်စွာဘုရားသည် ) ရဟန်းတို့ကို ဆုံးမတတ်သော “ကတာဝိ”မည်သော တပည့် ‘သာဝက’ရဟန်း၏ ဂုဏ်ကို ပြလျက် ငါ၏ စိတ်ကို နှစ်သက်စေတော်မူလတ်သော် -

၇၂။ ‘‘သုတွာ ပတီတော သုမနော, နိမန္တေတွာ တထာဂတံ၊

သသိဿံ ဘောဇယိတွာန, တံ ဌာနမဘိပတ္ထယိံ။

၇၂။ ငါသည် ကြားနာရ၍ နှစ်သက်ဝမ်းမြောက်လျက် မြတ်စွာဘုရားကို တပည့်သံဃာနှင့် တကွပင့်ဖိတ်၍ဆွမ်းဘောဇဥ် လုပ်ကျွေးပြီးလျှင် ထိုအရာဌာနကို ဆုတောင်း (တောင့်တ) ခဲ့၏။

စာ-၁၁၉

၇၃။ ‘‘တဒါ ဟံသသမဘာဂေါ, ဟံသဒုန္ဒုဘိနိဿနော [ဟံသဒုန္ဒုဘိသုဿရော (သီ။)]၊

ပဿထေတံ မဟာမတ္တံ, ဝိနိစ္ဆယဝိသာရဒံ။

၇၄။ ‘‘ပတိတံ ပါဒမူလေ မေ, သမုဂ္ဂတတနူရုဟံ၊

ဇီမူတဝဏ္ဏံ ပီဏံသံ, ပသန္နနယနာနနံ။

၇၅။ ‘‘ပရိဝါရေန မဟတာ, ရာဇယုတ္တံ မဟာယသံ၊

ဧသော ကတာဝိနော ဌာနံ, ပတ္ထေတိ မုဒိတာသယော။

၇၆။ ‘‘‘ဣမိနာ ပဏိပါတေန, စာဂေန ပဏိဓီဟိ စ [ပိဏ္ဍပါတေန, စေတနာ ပဏိဓီဟိ စ (သီ။)]၊

ကပ္ပသတသဟဿာနိ, နုပပဇ္ဇတိ ဒုဂ္ဂတိံ။

၇၃-၇၄-၇၅။ ထိုအခါ ဟင်္သာမင်းနှင့် တူမျှသော အဖို့ရှိသော၊ ဟင်္သာမင်း၏ အသံနှင့် တူသောစကားသံရှိသော မြတ်စွာဘုရားသည် မိန့်တော်မူ၏- တရားအဆုံးအဖြတ်၌ ရဲရင့် သော ငါ၏ ခြေရင်း၌ဝပ်လျက်ရှိသော၊ ရွှင်လန်းတက်ကြွသော ကိုယ်အမွေးရှိသော၊ မိုးတိမ် ညို (သုံးဆင့်ပန်း) အဆင်းရှိသော၊ ပြည့်ဖြိုးသော ပခုံးရှိသော၊ ကြည်လင်သော မျက်လုံး မျက်နှာရှိသော၊ များသော အခြံအရံအားဖြင့်မင်းနှင့် ယှဥ်သော အခြံအရံအကျော် အစောရှိ သော ဤအမတ်ကြီးကို ရှုကုန်လော့။ ဤအမတ်ကြီးသည်ကတာဝိရဟန်း၏ အရာအထူးကို ဝမ်းမြောက်သောအားဖြင့် အလိုရှိလျက် ဆုတောင်း၏။ ၇၆။ ဤပဏိပါတ သရဏဂုံကြောင့်လည်းကောင်း၊ လှူဒါန်း စွန့်ကြဲခြင်းကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း ကမ္ဘာတစ်သိန်းတို့ပတ်လုံး မကောင်း မှု ပြုသူတို့လားရာ ‘ဒုဂ္ဂတိ’ဘဝသို့ မရောက်ရလတ္တံ့။

၇၇။ ‘‘‘ဒေဝေသု ဒေဝသောဘဂ္ဂံ, မနုဿေသု မဟန္တတံ၊

အနုဘောတွာန သေသေန [အဘုတွာဝ သေသေန (သီ။), အနုဘောတွာဝ သေသေန (သျာ။)], နိဗ္ဗာနံ ပါပုဏိဿတိ။

၇၇။ နတ်ပြည်တို့၌ နတ်၏ တင့်တယ်ခြင်းကို လည်းကောင်း၊ လူတို့၌ မြင့်မြတ်ခြင်းကို လည်းကောင်းခံစားရ၍ ကြွင်းသော ကုသိုလ်ကြောင့် နိဗ္ဗာန်သို့ ရောက်ရလတ္တံ့။

၇၈။ ‘‘‘သတသဟဿိတော ကပ္ပေ, ဩက္ကာကကုလသမ္ဘဝေါ၊

ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။

၇၈။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့်ဂေါတမမည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၇၉။ ‘‘‘တဿ ဓမ္မေသု ဒါယာဒေါ, ဩရသော ဓမ္မနိမ္မိတော၊

ကပ္ပိနော နာမ နာမေန, ဟေဿတိ သတ္ထု သာဝကော’။

၇၉။ ထိုမြတ်စွာဘုရား၏ တရားတို့၌ တရားဖြင့် ဖန်ဆင်းအပ်သော မြတ်စွာဘုရား၏ တရားအမွေခံသားတော်တပည့် ‘သာဝက’ ဖြစ်၍ အမည်အားဖြင့် “ကပ္ပိန”ဟု ထင်ရှားသော တပည့် ‘သာဝက’သည်ဖြစ်လတ္တံ့။

၈၀။ ‘‘တတောဟံ သုကတံ ကာရံ, ကတွာန ဇိနသာသနေ၊

ဇဟိတွာ မာနုသံ ဒေဟံ, တုသိတံ အဂမာသဟံ။

၈၀။ ထို့နောက် ငါသည် မြတ်စွာဘုရားသာသနာတော်၌ ကောင်းစွာ ပြုအပ်သော ပူဇော် သက္ကာရကိုပြုခဲ့၍ လူ့ခန္ဓာကိုယ်ကို စွန့်ရသည်ရှိသော် တုသိတာဘုံသို့ ရောက်ခဲ့၏။

၈၁။ ‘‘ဒေဝမာနုသရဇ္ဇာနိ, သတသော အနုသာသိယ၊

ဗာရာဏသိယမာသန္နေ, ဇာတော ကေနိယဇာတိယံ။

၈၁။ နတ်မင်း, လူမင်းအဖြစ်တို့ကို အမြဲအားဖြင့် ဆုံးမ၍ ဗာရာဏသီမြို့ အနီးဝယ် ရက် ကန်းသည် (ကေနိယဇာတ်) အမျိုး၌ ဖြစ်၏။

၈၂။ ‘‘သဟဿပရိဝါရေန [သတသဟဿပရိဝါရော (သျာ။)], သပဇာပတိကော အဟံ၊

ပဉ္စ ပစ္စေကဗုဒ္ဓါနံ, သတာနိ သမုပဋ္ဌဟိံ။

၈၂။ မယားနှင့်တကွသော ငါသည် အခြံအရံတစ်ထောင်နှင့်အတူ ပစ္စေကဗုဒ္ဓါငါးရာတို့ကို ကောင်းစွာလုပ်ကျွေးခဲ့၏။

၈၃။ ‘‘တေမာသံ ဘောဇယိတွာန, ပစ္ဆာဒမှ တိစီဝရံ၊

တတော စုတာ မယံ သဗ္ဗေ, အဟုမှ တိဒသူပဂါ။

၈၃။ ငါတို့သည် ဝါတွင်းသုံးလပတ်လုံး ဆွမ်းကျွေးမွေးပြီးလျှင် နောက်အခါ တိစီဝရိက်သင်္ကန်းသုံးထည်ကိုပါ လှူဒါန်းခဲ့ကုန်၏၊ ငါတို့အားလုံးသည် ထိုဘဝမှ စုတေကုန်သည်ရှိသော် တာဝတိံသာဘုံသို့ ရောက်ကြရကုန်၏။

၈၄။ ‘‘ပုနော သဗ္ဗေ မနုဿတ္တံ, အဂမိမှ တတော စုတာ၊

ကုက္ကုဋမှိ ပုရေ ဇာတာ, ဟိမဝန္တဿ ပဿတော။

၈၄။ တစ်ဖန် ထိုတာဝတိံသာဘုံမှ စုတေပြီးနောက် အားလုံးသော ငါတို့သည် လူ့ဘဝ သို့ရောက်လာကုန်၏၊ ဟိမဝန္တာ၏ နံပါးမှ ကုက္ကုဋပြည်၌ ဖြစ်ကြကုန်၏။

စာ-၁၂၀

၈၅။ ‘‘ကပ္ပိနော နာမဟံ အာသိံ, ရာဇပုတ္တော မဟာယသော၊

သေသာမစ္စကုလေ ဇာတာ, မမေဝ ပရိဝါရယုံ။

၈၅။ ငါသည် များသော အခြံအရံ အကျော်အစော ရှိသော ကပ္ပိနမည်သော မင်းသား ဖြစ်ခဲ့၏၊ ကြွင်းသော သူတို့သည် အမတ်မျိုး၌ ဖြစ်ကုန်၍ ငါ့ကိုပင် ခြံရံကုန်၏။

၈၆။ ‘‘မဟာရဇ္ဇသုခံ ပတ္တော, သဗ္ဗကာမသမိဒ္ဓိမာ၊

ဝါဏိဇေဟိ သမက္ခာတံ, ဗုဒ္ဓုပ္ပါဒမဟံ သုဏိံ။

၈၆။ မြတ်သော မင်းအဖြစ်သို့ ချမ်းသာစွာ ရောက်လျက် အလို ‘ဆန္ဒ’အားလုံး ပြည့်စုံ ခြင်းရှိသောငါသည် ကုန်သည်တို့ ကောင်းစွာ ပြောကြားအပ်သော ဘုရားပွင့်တော်မူကြောင်း ကို ကြားသိရပေ၏။

၈၇။ ‘‘‘ဗုဒ္ဓေါ လောကေ သမုပ္ပန္နော, အသမော ဧကပုဂ္ဂလော၊

သော ပကာသေတိ သဒ္ဓမ္မံ, အမတံ သုခမုတ္တမံ။

၈၇။ အတုမရှိ တစ်ပါးတည်းသော ပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် လောက၌ ကောင်းစွာပွင့်ထွန်းတော်မူ၏။ ထိုမြတ်စွာဘုရားသည် သူတော်ကောင်းတရားကိုလည်းကောင်း၊ အမြိုက်နိဗ္ဗာန်ချမ်းသာမြတ်ကိုလည်းကောင်း ပြတော်မူ၏။

၈၈။ ‘‘‘သုယုတ္တာ တဿ သိဿာ စ, သုမုတ္တာ စ အနာသဝါ’၊

‘‘သုတွာ နေသံ သုဝစနံ, သက္ကရိတွာန ဝါဏိဇေ။

၈၈။ ထိုမြတ်စွာဘုရား၏ တပည့်တို့သည်လည်းကောင်းမြတ်သော အကျင့်သီလနှင့် ယှဥ်ကုန်၏၊ (ကိလေသာမှ) လွတ်မြောက်လျက် အာသဝလည်း ကင်းတော်မူကုန်၏၊ ငါသည် ထိုကုန်သည်တို့၏ (အထံမှ) ကောင်းသော စကားကို ကြားရသဖြင့် ကုန်သည်တို့ကို (အသပြာသုံးသိန်း) ပူဇော်ပြီးလျှင် -

၈၉။ ‘‘ပဟာယ ရဇ္ဇံ သာမစ္စော, နိက္ခမိံ ဗုဒ္ဓမာမကော၊

နဒိံ ဒိသွာ မဟာစန္ဒံ, ပူရိတံ သမတိတ္တိကံ။

၈၉-၉၀။ မင်းအဖြစ်ကို ပယ်စွန့်၍ မြတ်စွာဘုရားကို မြတ်နိုးသည် ဖြစ်၍ အမတ်တို့နှင့် တကွထွက်လာခဲ့၏၊ (ထိုအခါ ) ကမ်းနှင့် အညီအမျှ ရေဖြင့် ပြည့်သော ထောက်တည်ရာ မရှိသောဆွဲစရာမရှိသော ကူးနိုင်ခဲသော လျင်သော ရေအဟုန်ရှိသော မဟာစန္ဒမြစ်ကို တွေ့မြင်ရသည်ရှိသော် မြတ်စွာဘုရား၏ ဂုဏ်တော်ကို အောက်မေ့ခြင်းကြောင့် ချမ်းသာသဖြင့် ကောင်းစွာ လွန်မြောက်ခဲ့ပေ၏။

၉၀။ ‘‘အပ္ပတိဋ္ဌံ အနာလမ္ဗံ, ဒုတ္တရံ သီဃဝါဟိနိံ၊

ဂုဏံ သရိတွာ ဗုဒ္ဓဿ, သောတ္ထိနာ သမတိက္ကမိံ။

၉၁။ ‘‘‘ဘဝသောတံ သစေ ဗုဒ္ဓေါ, တိဏ္ဏော လောကန္တဂူ ဝိဒူ [ဝိဘူ (က။)]၊

ဧတေန သစ္စဝဇ္ဇေန, ဂမနံ မေ သမိဇ္ဈတု။

၉၁။ မြတ်စွာဘုရားသည် ဘဝအယဥ်ကို ကူးမြောက်ပြီး ဖြစ်၍ လောက၏ အဆုံးသို့ ရောက်လျက် (လောကကို) သိသော (လွှမ်းမိုးနိုင်သော) ပုဂ္ဂိုလ် အကယ်၍ ဖြစ်အံ့၊ ဤသို့ ဖြစ်သည်ရှိသော် ဤသစ္စာစကားကို ဆိုခြင်းကြောင့် ငါ၏ သွားခြင်းကိစ္စသည် ပြီးမြောက်ပါစေ သတည်း။

၉၂။ ‘‘‘ယဒိ သန္တိဂမော မဂ္ဂေါ, မောက္ခော စစ္စန္တိကံ [မောက္ခဒံ သန္တိကံ (သျာ။)] သုခံ၊

ဧတေန သစ္စဝဇ္ဇေန, ဂမနံ မေ သမိဇ္ဈတု။

၉၂။ မဂ်သည် နိဗ္ဗာန်သို့ ရောက်ကြောင်းတရားဖြစ်၍ နိဗ္ဗာန်သည်လည်း ဧကန်စင်စစ် ချမ်းသာသောတရားသည် အကယ်၍ ဖြစ်အံ့၊ ဤသို့ ဖြစ်သည်ရှိသော် ဤ (အမှန်) သစ္စာ စကားကို ဆိုခြင်းကြောင့်ငါ၏ သွားခြင်းကိစ္စသည် ပြီးမြောက်ပါစေသတည်း။

၉၃။ ‘‘‘သံဃော စေ တိဏ္ဏကန္တာရော, ပုညက္ခေတ္တော အနုတ္တရော၊

ဧတေန သစ္စဝဇ္ဇေန, ဂမနံ မေ သမိဇ္ဈတု’။

၉၃။ သံဃာတော်သည် (သံသရာ) ခရီးခဲကို ကူးမြောက်ပြီးဖြစ်၍ အတုမရှိသော ကုသိုလ် မျိုးစေ့ကိုစိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် အကယ်၍ ဖြစ်အံ့၊ ဤသို့ ဖြစ်သည် ရှိသော် ဤ (အမှန်) သစ္စာစကားကို ဆိုခြင်းကြောင့် ငါ၏ သွားခြင်းကိစ္စသည် ပြီးမြောက်ပါ စေသတည်း။

၉၄။ ‘‘သဟ ကတေ သစ္စဝရေ, မဂ္ဂါ အပဂတံ ဇလံ၊

တတော သုခေန ဥတ္တိဏ္ဏော, နဒီတီရေ မနောရမေ။

၉၄။ မြတ်သော သစ္စာကို ပြုသည်နှင့် တစ်ပြိုင်နက် ရေသည် လမ်းခရီးမှ ဖဲသွားလေ၏၊ ထိုအခါ ချမ်းသာစွာ ကူးမြောက်ခဲ့ရ၏၊ စိတ်ကို မွေ့လျော်စေနိုင်သော မြစ်ကမ်းအနီး၌-

၉၅။ ‘‘နိသိန္နံ အဒ္ဒသံ ဗုဒ္ဓံ, ဥဒေန္တံဝ ပဘင်္ကရံ၊

ဇလန္တံ ဟေမသေလံဝ, ဒီပရုက္ခံဝ ဇောတိတံ။

၉၅-၉၆။ ‘တက်သစ်သော နေမင်းကဲ့သို့လည်းကောင်း၊ တောက်ပသော ရွှေတောင်ကဲ့ သို့လည်းကောင်း၊ ထွန်းလင်းသော ဆီမီးတိုင်ကဲ့သို့လည်းကောင်း၊ ကြယ်တာရာနှင့် တကွဖြစ် သောလမင်းကဲ့သို့လည်းကောင်း’ ဒေသနာကွန်ရက်ကို ဖြန့်ကာ တပည့်သာဝကတို့ ခြံရံ လျက်ထိုင်နေတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရလေ၏။

၉၆။ ‘‘သသိံဝ တာရာသဟိတံ, သာဝကေဟိ ပုရက္ခတံ၊

ဝါသဝံ ဝိယ ဝဿန္တံ, ဒေသနာဇလဒန္တရံ [ဒေဝေန ဇလနန္ဒနံ (သျာ။ ပီ။)]။

၉၇။ ‘‘ဝန္ဒိတွာန သဟာမစ္စော, ဧကမန္တမုပါဝိသိံ၊

တတော နော အာသယံ [တတော အဇ္ဈာသယံ (သျာ။)] ဉတွာ, ဗုဒ္ဓေါ ဓမ္မမဒေသယိ။

၉၇။ အမတ်တို့နှင့် တကွ ရှိခိုး၍ သင့်လျော်သော အရပ်၌ ချဥ်းကပ်ဝင်ရောက်ခဲ့၏၊ ထိိုအခါမြတ်စွာဘုရားသည် ငါတို့၏ အလိုဆန္ဒကို သိ၍ တရားကို ဟောတော်မူ၏။

စာ-၁၂၁

၉၈။ ‘‘သုတွာန ဓမ္မံ ဝိမလံ, အဝေါစုမှ မယံ ဇိနံ၊

‘ပဗ္ဗာဇေဟိ မဟာဝီရ, နိဗ္ဗိန္ဒာမှ [နိဗ္ဗိန္နာမှ (သီ။ ပီ။), ဩတိဏ္ဏမှ (သျာ။)] မယံ ဘဝေ’။

၉၈။ ငါတို့သည် အညစ်အကြေးကင်းသော တရားကို ကြားနာရ၍ မြတ်စွာဘုရား အကျွန်ုပ်တို့သည်ဘဝ၌ ငြီးငွေ့ပါကုန်၏၊ အကျွန်ုပ်တို့ကို ရဟန်းပြုပေးတော်မူပါဟု မြတ်စွာ ဘုရားကို လျှောက်ထားကုန်၏။

၉၉။ ‘‘‘သွက္ခာတော ဘိက္ခဝေ ဓမ္မော, ဒုက္ခန္တကရဏာယ ဝေါ၊

စရထ ဗြဟ္မစရိယံ’, ဣစ္စာဟ မုနိသတ္တမော။

၉၉။ ရဟန်းတို့ ငါသည် သင်တို့အား ဆင်းရဲခြင်း၏ အဆုံးကို ပြုခြင်းငှါ တရားကို ကောင်းစွာဟောကြားအပ်ပေပြီ၊ မြတ်သော အကျင့်ကို သင်တို့ ကျင့်ကုန်လော့၊ ဤသို့ မြတ်စွာဘုရားသည် မိန့်တော်မူလေ၏။

၁၀၀။ ‘‘သဟ ဝါစာယ သဗ္ဗေပိ, ဘိက္ခုဝေသဓရာ မယံ၊

အဟုမှ ဥပသမ္ပန္နာ, သောတာပန္နာ စ သာသနေ။

၁၀၀။ မိန့်တော်မူသည်နှင့် တစ်ပြိုင်နက် အလုံးစုံသော ငါတို့သည်လည်း ရဟန်းအသွင် ကိုဆောင်ကုန်လျက် သာသနာတော်၌ သောတာပန်ရဟန်းတို့ ဖြစ်ကုန်၏။

၁၀၁။ ‘‘တတော ဇေတဝနံ ဂန္တွာ, အနုသာသိ ဝိနာယကော၊

အနုသိဋ္ဌော ဇိနေနာဟံ, အရဟတ္တမပါပုဏိံ။

၁၀၁။ ထို့နောက် ဇေတဝန်ကျောင်းတိုက်သို့ သွားရောက်သော အခါ မြတ်စွာဘုရားသည် ဆုံးမတော်မူ၏၊ ငါသည် မြတ်စွာဘုရား ဆုံးမတော်မူအပ်သည်ရှိသော် အရဟတ္တဖိုလ်သို့ ရောက်၏။

၁၀၂။ ‘‘တတော ဘိက္ခုသဟဿာနိ [ဘိက္ခုသဟဿံ တံ (သီ။ ပီ။)], အနုသာသိမဟံ တဒါ၊

မမာနုသာသနကရာ, တေပိ အာသုံ အနာသဝါ။

၁၀၂။ ထို့နောက် ငါသည် ရဟန်းတစ်ထောင်တို့ကို ဆုံးမ၏၊ ထိုအခါ ငါ၏ အဆုံးအမကိုလိုက်နာပြုကျင့်ကုန်သော ထိုရဟန်းတို့သည်လည်း အာသဝကင်းကွာ ရဟန္တာ ဖြစ်ကြကုန်၏။

၁၀၃။ ‘‘ဇိနော တသ္မိံ ဂုဏေ တုဋ္ဌော, ဧတဒဂ္ဂေ ဌပေသိ မံ၊

ဘိက္ခုဩဝါဒကာနဂ္ဂေါ, ကပ္ပိနောတိ မဟာဇနေ။

၁၀၃။ မြတ်စွာဘုရားသည် ထိုဂုဏ်၌ နှစ်သက်သည် ဖြစ်၍ “ကပ္ပိနသည် ရဟန်းတို့အားဆုံးမတတ်သူတို့တွင် မြတ်၏’ဟု လူများအပေါင်းဝယ် ငါ့ကို ဧတဒဂ်အရာ၌ ထားတော်မူ၏။

၁၀၄။ ‘‘သတသဟဿေ ကတံ ကမ္မံ, ဖလံ ဒဿေသိ မေ ဣဓ၊

ပမုတ္တော သရဝေဂေါဝ, ကိလေသေ ဈာပယိံ [ဈာပယီ (သီ။)] မမ။

၁၀၄။ ကမ္ဘာတစ်သိန်းထက်၌ ပြုအပ်ခဲ့သော ကံသည်ပင် ‘လွှတ်လိုက်သော မြားအဟုန်ကဲ့ သို့’ ဤဘဝ၌ငါ့အား အကျိုးကို ပြလေ၏၊ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်း စေအပ်ပြီ။

၁၀၅။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။

၁၀၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၀၆။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။

၁၀၆။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၁၀၇။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။

၁၀၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်မဟာကပ္ပိနမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် မဟာကပ္ပိနတ္ထေရအပဒါန ပြီး၏။

ဣတ္ထံ သုဒံ အာယသ္မာ မဟာကပ္ပိနော ထေရော ဣမာ ဂါထာယော

အဘာသိတ္ထာတိ။

မဟာကပ္ပိနတ္ထေရဿာပဒါနံ တတိယံ။

၄။ ဒဗ္ဗမလ္လပုတ္တတ္ထေရအပဒါန

၁၀၈။ ‘‘ပဒုမုတ္တရော နာမ ဇိနော, သဗ္ဗလောကဝိဒူ မုနိ၊

ဣတော သတသဟဿမှိ, ကပ္ပေ ဥပ္ပဇ္ဇိ စက္ခုမာ။

၄-ဒဗ္ဗမလ္လပုတ္တတ္ထေရအပဒါန ၁၀၈။ အလုံးစုံသော လောကကို သိတော်မူသော ရဟန်းမြတ်ဖြစ်တော်မူသော စက္ခုငါး မျိုးရှိတော်မူသော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်း ထက်၌ ပွင့်တော်မူ၏။

၁၀၉။ ‘‘ဩဝါဒကော ဝိညာပကော, တာရကော သဗ္ဗပါဏိနံ၊

ဒေသနာကုသလော ဗုဒ္ဓေါ, တာရေသိ ဇနတံ ဗဟုံ။

၁၀၉။ မြတ်စွာဘုရားသည် ဆုံးမတော်မူတတ်၏၊ (တရားကို) အထူးသိစေတော်မူတတ်၏၊ (အလုံးစုံသောသတ္တဝါတို့ကို ) ကယ်တင်တော်မူတတ်၏၊ ဒေသနာ၌ ကျွမ်းကျင်လိမ္မာတော်မူ၏၊ များစွာသောလူအပေါင်းကို ကယ်တင်တော်မူ၏။

စာ-၁၂၂

၁၁၀။ ‘‘အနုကမ္ပကော ကာရုဏိကော, ဟိတေသီ သဗ္ဗပါဏိနံ၊

သမ္ပတ္တေ တိတ္ထိယေ သဗ္ဗေ, ပဉ္စသီလေ ပတိဋ္ဌပိ [ပတိဋ္ဌဟိ (သျာ။ က။)]။

၁၁၀။ အလုံးစုံသော သတ္တဝါတို့ကို အစဥ်စောင့်ရှောက်တော်မူ၏၊ သနားခြင်းရှိတော်မူ၏၊ အလုံးစုံသောသတ္တဝါတို့၏ အစီးအပွါးကို တောင့်တ (ရှာမှီး)တော်မူ၏၊ ရောက်လာသော တိတ္ထိအားလုံးတို့ကို ငါးပါးသီလ၌ တည်စေတော်မူ၏။

၁၁၁။ ‘‘ဧဝံ နိရာကုလံ အာသိ, သုညတံ [သုညကံ (သီ။) ဧဝမုပရိပိ] တိတ္ထိယေဟိ စ၊

ဝိစိတ္တံ အရဟန္တေဟိ, ဝသီဘူတေဟိ တာဒိဘိ။

၁၁၁။ ဤသို့ (မြတ်စွာဘုရားသာသနာတော်သည်) ရောယှက်ရှုပ်ထွေးခြင်း မရှိဘဲ တိတ္တိ တို့မှလည်းဆိတ်သုဥ်း၏၊ ဝသီဘော်သို့ ရောက်ကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံသော ရဟန္တာတို့ဖြင့်အထူးဆန်းကြယ်ခြင်း ရှိပေ၏။

၁၁၂။ ‘‘ရတနာနဋ္ဌပညာသံ, ဥဂ္ဂတော သော မဟာမုနိ၊

ကဉ္စနဂ္ဃိယသင်္ကာသော, ဗာတ္တိံသဝရလက္ခဏော။

၁၁၂။ ထိုမြတ်စွာဘုရားသည် အတောင် ငါးဆယ့်ရှစ်တောင် တိုင်တိုင် မြင့်တော်မူ၏၊ အဖိုးများစွာထိုက်သော ရွှေတုရိုဏ်နှင့် တူတော်မူ၏၊ သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ် တို့၏ လက္ခဏာနှင့်ပြည့်စုံတော်မူ၏။

၁၁၃။ ‘‘ဝဿသတသဟဿာနိ, အာယု ဝိဇ္ဇတိ တာဝဒေ၊

တာဝတာ တိဋ္ဌမာနော သော, တာရေသိ ဇနတံ ဗဟုံ။

၁၁၃။ ထိုအခါ အနှစ်တစ်သိန်းတို့ပတ်လုံး အသက်တမ်း တည်ရှိ၏၊ ထိုမြတ်စွာဘုရား သည်ထိုအနှစ်တစ်သိန်းမျှလောက် တည်တော်မူလျက် များစွာသော လူအပေါင်းတို့ကို ကယ် တင်တော်မူ၏။

၁၁၄။ ‘‘တဒါဟံ ဟံသဝတိယံ, သေဋ္ဌိပုတ္တော မဟာယသော၊

ဥပေတွာ လောကပဇ္ဇောတံ, အဿောသိံ ဓမ္မဒေသနံ။

၁၁၄။ ထိုအခါ ငါသည် ဟံသာဝတီမြို့၌ များသော အခြံအရံအကျော်အစောရှိသော သူဌေးသား ဖြစ်လျက်မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ တရားဒေသနာကို နာကြားခဲ့၏။

၁၁၅။ ‘‘သေနာသနာနိ ဘိက္ခူနံ, ပညာပေန္တံ သသာဝကံ၊

ကိတ္တယန္တဿ ဝစနံ, သုဏိတွာ မုဒိတော အဟံ။

၁၁၅။ ငါသည် ရဟန်းတို့တွင် ကျောင်း, အိပ်ရာ, နေရာတို့ကို ခင်းထားတတ်သော မိမိ တပည့်‘သာဝက’ကို ချီးကျူးတော်မူသော မြတ်စွာဘုရား၏ စကားကို ကြားနာရ၍ လွန်စွာ ဝမ်းမြောက်သူဖြစ်လေ၏။

၁၁၆။ ‘‘အဓိကာရံ သသံဃဿ, ကတွာ တဿ မဟေသိနော၊

နိပစ္စ သိရသာ ပါဒေ, တံ ဌာနမဘိပတ္ထယိံ။

၁၁၆။ သံဃာနှင့် တကွသော ထိုမြတ်စွာဘုရားအား ပူဇော်ခြင်းကို ပြု၍ ခြေတော်၌ ဦးခေါင်းဖြင့် ဝပ်ကာထိုအရာအထူးကို (တောင့်တ) ဆုတောင်းခဲ့၏။

၁၁၇။ ‘‘တဒါဟ သ မဟာဝီရော, မမ ကမ္မံ ပကိတ္တယံ၊

‘ယော သသံဃမဘောဇေသိ, သတ္တာဟံ လောကနာယကံ။

၁၁၇။ ထိုအခါ ထိုမြတ်စွာဘုရားသည် ငါ၏ ကောင်းမှုကံကို ချီးကျူးလျက် (ဗျာဒိတ် စကား) မိန့်တော်မူ၏၊ အကြင်သူဌေးသားသည် သံဃာတော်နှင့်တကွ မြတ်စွာဘုရားကို ခုနစ်ရက်ပတ်လုံး ဆွမ်းကျွေးမွေး၏။

၁၁၈။ ‘‘‘သောယံ ကမလပတ္တက္ခော, သီဟံသော ကနကတ္တစော၊

မမ ပါဒမူလေ နိပတိ [ပတိတော (ပီ။)], ပတ္ထယံ ဌာနမုတ္တမံ။

၁၁၈။ ကြာညိုပွင့်ချပ်နှင့် တူသော မျက်လုံးရှိသော၊ ခြင်္သေ့ပခုံးနှင့် တူသော ပခုံးရှိသော၊ ရွှေနှင့်တူသောအရေအဆင်းရှိသော ထိုသူဌေးသားသည် မြတ်သော အရာအထူးကို ဆု တောင်းလျက် ငါ၏ ခြေရင်း၌ဝပ်၏။

၁၁၉။ ‘‘‘သတသဟဿိတော ကပ္ပေ, ဩက္ကာကကုလသမ္ဘဝေါ၊

ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။

၁၁၉။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အား ဖြင့်ဂေါတမအမည်ရှိသော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၁၂၀။ ‘‘‘သာဝကော တဿ ဗုဒ္ဓဿ, ဒဗ္ဗော နာမေန ဝိဿုတော၊

သေနာသနပညာပကော, အဂ္ဂေါ ဟေဿတိယံ တဒါ’။

၁၂၀။ ထိုအခါ ဤသူဌေးသားသည် ထိုမြတ်စွာဘုရား၏ တပည့်သာဝက ဖြစ်၍ အမည် အားဖြင့် ‘ဒဗ္ဗ’ဟုထင်ရှားကျော်စောလျက် ကျောင်း, အိပ်ရာ, နေရာတို့ကို ခင်းထားတတ်သော မြတ်သော ပုဂ္ဂိုလ် ဖြစ်လတ္တံ့။

၁၂၁။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊

ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။

၁၂၁။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်၏။

၁၂၂။ ‘‘သတာနံ တီဏိက္ခတ္တုဉ္စ, ဒေဝရဇ္ဇမကာရယိံ၊

သတာနံ ပဉ္စက္ခတ္တုဉ္စ, စက္ကဝတ္တီ အဟောသဟံ။

၁၂၂။ ငါသည် အကြိမ်သုံးရာတိုင်တိုင် နတ်မင်းအဖြစ်ကိုလည်း ပြုခဲ့၏၊ ငါသည် အကြိမ်ငါးရာတို့တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်ခဲ့၏။

စာ-၁၂၃

၁၂၃။ ‘‘ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ၊

သဗ္ဗတ္ထ သုခိတော အာသိံ, တဿ ကမ္မဿ ဝါဟသာ။

၁၂၃။ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်၊ ထိုကံ၏အစွမ်းကြောင့် အလုံးစုံသော ဘဝတို့၌ ချမ်းသာသော သူ ဖြစ်ရပေ၏။

၁၂၄။ ‘‘ဧကနဝုတိတော ကပ္ပေ, ဝိပဿီ နာမ နာယကော၊

ဥပ္ပဇ္ဇိ စာရုဒဿနော [စာရုနယနော (သီ။ သျာ။ ပီ။)], သဗ္ဗဓမ္မဝိပဿကော။

၁၂၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ရှုချင်ဖွယ် တင့်တယ်ခြင်းရှိသော အလုံး စုံသောတရားတို့ကို အထူးရှုမြင်တတ်သော ဝိပဿီမည်သော မြတ်စွာဘုရားသည် ပွင့်တော် မူ၏။

၁၂၅။ ‘‘ဒုဋ္ဌစိတ္တော ဥပဝဒိံ, သာဝကံ တဿ တာဒိနော၊

သဗ္ဗာသဝပရိက္ခီဏံ, သုဒ္ဓေါတိ စ ဝိဇာနိယ။

၁၂၅။ ငါသည် ပြစ်မှားလိုသော စိတ်ရှိသည်ဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော ထို မြတ်စွာဘုရား၏ အလုံးစုံသော အာသဝကုန်ပြီးသော တပည့်‘သာဝက’ကို စင်ကြယ်သူဟု သိလျက်လည်း စွပ်စွဲခဲ့၏။

၁၂၆။ ‘‘တဿေဝ နရဝီရဿ, သာဝကာနံ မဟေသိနံ၊

သလာကဉ္စ ဂဟေတွာန [သလာကံ ပဂ္ဂဟေတွာန (သီ။ ပီ။)], ခီရောဒနမဒါသဟံ။

၁၂၆။ ငါသည် ထိုမြတ်စွာဘုရား၏ သာလျှင် မြတ်သော ဂုဏ်ကို ရှာမှီးလေ့ရှိကုန်သော တပည့်‘သာဝက’တို့အား စာရေးတံကို ယူ၍ နို့ဆွမ်းကိုလည်း ကပ်လှူခဲ့၏။

၁၂၇။ ‘‘ဣမမှိ ဘဒ္ဒကေ ကပ္ပေ, ဗြဟ္မဗန္ဓု မဟာယသော၊

ကဿပေါ နာမ ဂေါတ္တေန, ဥပ္ပဇ္ဇိ ဝဒတံ ဝရော။

၁၂၇။ ဤဘဒ္ဒကမ္ဘာ၌ ဗြာဟ္မဏမျိုး ဖြစ်၍ များသော အခြံအရံအကျော်အစောရှိသောတရားဟောပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံးဖြစ်သော အမည်အားဖြင့် ကဿပမည်သော မြတ်စွာ ဘုရားသည် ပွင့်တော်မူ၏။

၁၂၈။ ‘‘သာသနံ ဇောတယိတွာန, အဘိဘုယျ ကုတိတ္ထိယေ၊

ဝိနေယျေ ဝိနယိတွာဝ, နိဗ္ဗုတော သော သသာဝကော။

၁၂၈။ ထိုမြတ်စွာဘုရားသည် တပည့် ‘သာဝက’နှင့်တကွ သာသနာတော်ကို ထွန်လင်းစေ လျက်ယုတ်မာသော တိတ္ထိတို့ကို နှိမ်နင်း၍ ဝေနေယျသတ္တဝါတို့ကို ဆုံးမပြီးလျှင် ပရိနိဗ္ဗာန် ဝင်စံတော်မူ၏။

၁၂၉။ ‘‘သသိဿေ နိဗ္ဗုတေ နာထေ, အတ္ထမေန္တမှိ သာသနေ၊

ဒေဝါ ကန္ဒိံသု သံဝိဂ္ဂါ, မုတ္တကေသာ ရုဒမ္မုခါ။

၁၂၉။ မြတ်စွာဘုရားသည် တပည့်တို့နှင့် တကွ ပရိနိဗ္ဗာန် ဝင်စံတော်မူ၍ သာသနာ တော်သည်ကွယ်ခြင်းသို့ ရောက်လုလတ်သော် နတ်တို့သည် ထိတ်လန့်ကြ၍ ဆံပင်ကို ဖြေကာ ငိုသောမျက်နှာရှိကုန်လျက် မြည်တမ်းကြကုန်၏။

၁၃၀။ ‘‘နိဗ္ဗာယိဿတိ ဓမ္မက္ခော, န ပဿိဿာမ သုဗ္ဗတေ၊

န သုဏိဿာမ သဒ္ဓမ္မံ, အဟော နော အပ္ပပုညတာ။

၁၃၀။ တရားကို ဟောကြားတော်မူသော မြတ်စွာဘုရားသည် ချုပ်ငြိမ်းတော်မူလတ္တံ့၊ ကောင်းသောအကျင့်ရှိသော သံဃာတို့ကို မဖူးမြင်ရကုန်တော့အံ့၊ သူတော်ကောင်းတရားကို မနာကြားရကုန်တော့အံ့။ ငါတို့၏ ဘုန်းကံနည်းပါးသည်၏ အဖြစ်သည် ဪ အံ့ဩဖွယ် ရှိပါပေစွ။

၁၃၁။ ‘‘တဒါယံ ပထဝီ သဗ္ဗာ, အစလာ သာ စလာစလာ [စလာစလီ (သီ။), ပုလာပုလီ (သျာ။)]၊

သာဂရော စ သသောကောဝ, ဝိနဒီ ကရုဏံ ဂိရံ။

၁၃၁။ ထိုအခါ မတုန်လှုပ်နိုင်သော အလုံးစုံသော ဤမြေကြီးသည် ပြင်းစွာ တုန်လှုပ်လေ၏။ သမုဒ္ဒရာသည်လည်း စိုးရိမ်ခြင်းရှိသူကဲ့သို့ သနားဖွယ် အသံကို မြည်ဟည်းလေ၏။

၁၃၂။ ‘‘စတုဒ္ဒိသာ ဒုန္ဒုဘိယော, နာဒယိံသု အမာနုသာ၊

သမန္တတော အသနိယော, ဖလိံသု စ ဘယာဝဟာ။

၁၃၂။ အရပ်လေးမျက်နှာမှ လူသံ မဟုတ်သော တော်လည်းသံတို့သည် မြည်ဟည်းကုန်၏၊ ကြောက်မက်ဖွယ်ကို ဆောင်ကုန်သော မိုးကြိုးတို့သည်လည်း ထက်ဝန်းကျင်မှ ထစ်ကြိုးကုန်၏။

၁၃၃။ ‘‘ဥက္ကာ ပတိံသု နဘသာ, ဓူမကေတု စ ဒိဿတိ၊

သဓူမာ ဇာလဝဋ္ဋာ စ [သဗ္ဗထလဇသတ္တာ စ (သီ။)], ရဝိံသု ကရုဏံ မိဂါ။

၁၃၃။ ကောင်းကင်မှ ဥပါတ် (ဥက္ကာ) တို့သည် ကျရောက်ကုန်၏၊ ကြိတ် (အခိုးအလျှံအလုံး) သည်လည်းကောင်း၊ အခိုးနှင့်တကွ တိမ်တံခွန်သည်လည်းကောင်း ထင်ရှားလျက် ရှိ၏။ သားကောင်တို့သည် သနားစဖွယ် အော်မြည်ကုန်၏။

၁၃၄။ ‘‘ဥပ္ပါဒေ ဒါရုဏေ ဒိသွာ, သာသနတ္ထင်္ဂသူစကေ၊

သံဝိဂ္ဂါ ဘိက္ခဝေါ သတ္တ, စိန္တယိမှ မယံ တဒါ။

၁၃၄။ ထိုအခါ သာသနာကွယ်ခြင်း၏ အကြောင်းကို ပြကုန်သော ကြမ်းတမ်းသော ဥပါတ် နိမိတ်တို့ကို တွေ့မြင်ရ၍ ထိတ်လန့်ကြသော ငါတို့ ရဟန်းခုနစ်ပါးတို့သည် စဥ်းစားကြံစည်ကုန်၏။

၁၃၅။ ‘‘သာသနေန ဝိနာမှာကံ, ဇီဝိတေန အလံ မယံ၊

ပဝိသိတွာ မဟာရညံ, ယုဉ္ဇာမ ဇိနသာသနံ။

၁၃၅။ ငါတို့အား သာသနာတော်နှင့် ကင်း၍ အသက်ရှင်ခြင်းဖြင့် အကျိုးမရှိချေ၊ ငါတို့ သည်တောကြီးသို့ ဝင်၍ မြတ်စွာဘုရားသာသနာတော်ကို အားထုတ်ကုန်အံ့။

စာ-၁၂၄

၁၃၆။ ‘‘အဒ္ဒသမှ တဒါရညေ, ဥဗ္ဗိဒ္ဓံ သေလမုတ္တမံ၊

နိဿေဏိယာ တမာရုယှ, နိဿေဏိံ ပါတယိမှသေ။

၁၃၆။ ထိုအခါ (ငါတို့သည်) တော၌ မြင့်မားသော ကျောက်တောင်မြတ်ကို တွေ့မြင်ကုန်၏၊ (ထမ်းကျင့်) လှေကားဖြင့် ထိုတောင်သို့ တက်ပြီးလျှင် (ထမ်းကျင့်) လှေကားကို အောက် သို့ချလိုက်ကုန်၏။

၁၃၇။ ‘‘တဒါ ဩဝဒိ နော ထေရော, ဗုဒ္ဓုပ္ပါဒေါ သုဒုလ္လဘော၊

သဒ္ဓါတိဒုလ္လဘာ လဒ္ဓါ, ထောကံ သေသဉ္စ သာသနံ။

၁၃၇။ ထိုအခါ ငါတို့အား (အကြီးဆုံး) မထေရ်သည် ဆုံးမ၏၊ (ငါတို့အား) အလွန်ရခဲ သောဘုရားပွင့်တော်မူခြင်းကို ရအပ်၏၊ အလွန်ရခဲသော ယုံကြည်ခြင်း‘သဒ္ဓါ’တရားကို ရအပ်၏၊ သာသနာတော်သည်လည်း အနည်းငယ် ကြွင်းကျန်သေး၏။

၁၃၈။ ‘‘နိပတန္တိ ခဏာတီတာ, အနန္တေ ဒုက္ခသာဂရေ၊

တသ္မာ ပယောဂေါ ကတ္တဗ္ဗော, ယာဝ ဌာတိ မုနေ မတံ [ယာဝ တိဋ္ဌတိ သာသနံ (သျာ။)]။

၁၃၈။ (ဘုရားပွင့်တော်မူရာ) ခဏကို လွန်သွားသူတို့သည် အဆုံးမရှိသော ဆင်းရဲခြင်း သမုဒ္ဒရာ၌ကျရောက်ရကုန်၏၊ ထို့ကြောင့် မြတ်စွာဘုရားသာသနာတော် တည်တံ့နေသမျှ အားထုတ်ခြင်းကို ပြုသင့်ပေ၏။

၁၃၉။ ‘‘အရဟာ အာသိ သော ထေရော, အနာဂါမီ တဒါနုဂေါ၊

သုသီလာ ဣတရေ ယုတ္တာ, ဒေဝလောကံ အဂမှသေ။

၁၃၉။ ထိုမထေရ်ကြီးသည် ရဟန္တာ ဖြစ်တော်မူလေ၏၊ ထိုမထေရ်၏ နောက်လိုက် မထေရ်သည်အနာဂါမ် ဖြစ်တော်မူလေ၏၊ တရားအားထုတ်ဘက် အခြားရဟန်းငါးပါးတို့သည် ကောင်းသောသီလရှိကုန်သည်ဖြစ်၍ နတ်ပြည်သို့ ရောက်ကြရကုန်၏။

၁၄၀။ ‘‘နိဗ္ဗုတော တိဏ္ဏသံသာရော, သုဒ္ဓါဝါသေ စ ဧကကော၊

အဟဉ္စ ပက္ကုသာတိ စ, သဘိယော ဗာဟိယော တထာ။

၁၄၀။ သံသရာကို ကူးမြောက်သော ရဟန္တာမထေရ်ကြီးသည် ပရိနိဗ္ဗာန် ဝင်စံတော်မူလေ၏၊ အနာဂါမ်မထေရ်တစ်ဦးကား သုဒ္ဓါဝါသဘုံ၌ ဖြစ်လေ၏။ ငါ (ဒဗ္ဗ) သည်လည်းကောင်း၊ ပက္ကုသာတိသည်လည်းကောင်း၊ သဘိယသည်လည်းကောင်း၊ ဗာဟိယသည်လည်းကောင်း၊ ထိုမှတစ်ပါး-

၁၄၁။ ‘‘ကုမာရကဿပေါ စေဝ, တတ္ထ တတ္ထူပဂါ မယံ၊

သံသာရဗန္ဓနာ မုတ္တာ, ဂေါတမေနာနုကမ္ပိတာ။

၁၄၁။ ကုမာရကဿပသည်လည်းကောင်း ငါတို့သည် ထိုထိုဘဝသို့ ရောက်ကုန်လျက်ဂေါတမမြတ်စွာဘုရားသည် အစဥ်စောင့်ရှောက်မှုကြောင့် သံသရာအနှောင်အဖွဲ့မှ လွတ်မြောက် ကြကုန်၏။

၁၄၂။ ‘‘မလ္လေသု ကုသိနာရာယံ, ဇာတော ဂဗ္ဘေဝ မေ သတော၊

မာတာ မတာ စိတာရုဠှာ, တတော နိပ္ပတိတော အဟံ။

၁၄၂။ ငါသည် မလ္လတိုင်း ကုသိနာရုံမြို့၌ မွေးဖွားခဲ့၏၊ ငါသည် အမိဝမ်း၌ ရှိစဥ်သာလျှင်အမိကွယ်လွန်သဖြင့် ထင်းပုံသို့ တင်သည်ရှိသော် ထိုအမိဝမ်းမှ ထွက်ကျခဲ့၏။

၁၄၃။ ‘‘ပတိတော ဒဗ္ဗပုဉ္ဇမှိ, တတော ဒဗ္ဗောတိ ဝိဿုတော၊

ဗြဟ္မစာရီဗလေနာဟံ, ဝိမုတ္တော သတ္တဝဿိကော။

၁၄၃။ ထင်းတုံးစပေါ်၌ ကျ၏၊ ထို့ကြောင့် “ဒဗ္ဗ”ဟု ကျော်စော၏၊ ငါသည် အကျင့် မြတ်၏အစွမ်းကြောင့် ခုနစ်နှစ်သာ ရှိသေးလျက် ကိလေသာမှ လွတ်မြောက်ခဲ့၏။

၁၄၄။ ‘‘ခီရောဒနဗလေနာဟံ, ပဉ္စဟင်္ဂေဟုပါဂတော၊

ခီဏာသဝေါပဝါဒေန, ပါပေဟိ ဗဟုစောဒိတော။

၁၄၄။ ငါသည် နို့ဆွမ်း (လှူခြင်း) အစွမ်းကြောင့် အင်္ဂါငါးပါးတို့နှင့် ပြည့်စုံသူ ဖြစ်ပေ၏၊ ရဟန္တာကိုစွပ်စွဲခဲ့ခြင်းကြောင့် ယုတ်မာသော ရဟန်းတို့သည် ငါ့ကို အကြိမ်များစွာ စွပ်စွဲ အပ်၏။

၁၄၅။ ‘‘ဥဘော ပုညဉ္စ ပါပဉ္စ, ဝီတိဝတ္တောမှိ ဒါနိဟံ၊

ပတွာန ပရမံ သန္တိံ, ဝိဟရာမိ အနာသဝေါ။

၁၄၅။ ယခုအခါ ငါသည် ကုသိုလ်ကို လည်းကောင်း၊ အကုသိုလ်ကို လည်းကောင်း နှစ်ပါး စုံကိုလွန်မြောက်သူ ဖြစ်၏။ အမြတ်ဆုံးနိဗ္ဗာန်သို့ ရောက်၍ အာသဝမရှိဘဲ နေရ၏။

၁၄၆။ ‘‘သေနာသနံ ပညာပယိံ, ဟာသယိတွာန သုဗ္ဗတေ၊

ဇိနော တသ္မိံ ဂုဏေ တုဋ္ဌော, ဧတဒဂ္ဂေ ဌပေသိ မံ။

၁၄၆။ ကောင်းသော အကျင့်ရှိသော သံဃာတော်တို့ကို ရွှင်လန်းစေလျက် အိပ်ရာနေရာကို ခင်းပေးခဲ့၏၊ မြတ်စွာဘုရားသည် ထိုဂုဏ်ကျေးဇူး၌ နှစ်သက်အားရတော်မူသည် ဖြစ်၍ ငါ့ကို ဧတဒဂ်အရာ၌ထားတော်မူ၏။

၁၄၇။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။

၁၄၇။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၄၈။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။

၁၄၈။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၁၄၉။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။

၁၄၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဒဗ္ဗမလ္လပုတ္တမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် ဒဗ္ဗမလ္လပုတ္တတ္ထေရအပဒါန ပြီး၏။

ဣတ္ထံ သုဒံ အာယသ္မာ ဒဗ္ဗမလ္လပုတ္တော ထေရော ဣမာ ဂါထာယော

အဘာသိတ္ထာတိ။

ဒဗ္ဗမလ္လပုတ္တတ္ထေရဿာပဒါနံ စတုတ္ထံ။

စာ-၁၂၅

၅။ ကုမာရကဿပတ္ထေရအပဒါန

၁၅၀။ ‘‘ဣတော သတသဟဿမှိ, ကပ္ပေ ဥပ္ပဇ္ဇိ နာယကော၊

သဗ္ဗလောကဟိတော ဝီရော, ပဒုမုတ္တရနာမကော။

၅-ကုမာရကဿပတ္ထေရအပဒါန ၁၅၀။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ အလုံးစုံသော လောက၏ အစီးအပွါး ဖြစ်သောလုံ့လရှိတော်မူသော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။

၁၅၁။ ‘‘တဒါဟံ ဗြာဟ္မဏော ဟုတွာ, ဝိဿုတော ဝေဒပါရဂူ၊

ဒိဝါဝိဟာရံ ဝိစရံ, အဒ္ဒသံ လောကနာယကံ။

၁၅၁-၁၅၂။ ထိုအခါ ငါသည် ဝေဒကျမ်းတို့၌ တစ်ဖက်ကမ်းရောက် တတ်မြောက်လျက် ကျော်စောသောပုဏ္ဏားဖြစ်၍ နေ့၌နေရာအရပ်သို့ လှည့်လည်လတ်သော် နတ်နှင့် တကွသော လူအပေါင်းအားသစ္စာလေးပါးတရားကို ဖော်ပြသိစေတော်မူသည်ဖြစ်၍ ဆန်းကြယ်စွာ ဟော ပြောတတ်သောပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံးဖြစ်သော ရဟန်းကို လူအပေါင်း၌ ချီးကျူး တော်မူဆဲ ဖြစ်သောမြတ်စွာဘုရားကို ဖူးမြင်ရပေ၏။

၁၅၂။ ‘‘စတုသစ္စံ ပကာသေန္တံ, ဗောဓယန္တံ သဒေဝကံ၊

ဝိစိတ္တကထိကာနဂ္ဂံ, ဝဏ္ဏယန္တံ မဟာဇနေ။

၁၅၃။ ‘‘တဒါ မုဒိတစိတ္တောဟံ, နိမန္တေတွာ တထာဂတံ၊

နာနာရတ္တေဟိ ဝတ္ထေဟိ, အလင်္ကရိတွာန မဏ္ဍပံ။

၁၅၃-၁၅၄။ ထိုအခါ ငါသည် ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ မြတ်စွာဘုရားကို ပင့်ဖိတ်လျက်ရတနာအမျိုးမျိုးတို့ဖြင့် တောက်ပသော မဏ္ဍပ်ကို အရောင်အမျိုးမျိုး ဆိုးအပ် ကုန်သော အဝတ်တို့ဖြင့်တန်ဆာဆင်ပြီးလျှင် ထိုမဏ္ဍပ်၌ သံဃာနှင့်တကွ ဆွမ်းလုပ်ကျွေး၏၊ ငါသည် မြတ်သော အရသာရှိသောဘောဇဥ်အမျိုးမျိုးကို ခုနစ်ရက်ပတ်လုံး ကျွေး မွေး၍-

၁၅၄။ ‘‘နာနာရတနပဇ္ဇောတံ, သသံဃံ ဘောဇယိံ တဟိံ၊

ဘောဇယိတွာန သတ္တာဟံ, နာနဂ္ဂရသဘောဇနံ။

၁၅၅။ ‘‘နာနာစိတ္တေဟိ [နာနာဝဏ္ဏေဟိ (သီ။)] ပုပ္ဖေဟိ, ပူဇယိတွာ သသာဝကံ [မဟာဝီရံ (က။)]၊

နိပစ္စ ပါဒမူလမှိ, တံ ဌာနံ ပတ္ထယိံ အဟံ။

၁၅၅။ ငါသည် အထူးထူး ဆန်းကြယ်ကုန်သော ပန်းတို့ဖြင့် တပည့်‘သာဝက’နှင့် တကွ သောမြတ်စွာဘုရားကို ပူဇော်ပြီးလျှင် ခြေတော်ရင်း၌ ဝပ်လျက် ထိုအရာအထူးကို ဆုတောင်း ခဲ့၏။

၁၅၆။ ‘‘တဒါ မုနိဝရော အာဟ, ကရုဏေကရသာသယော [ကရုဏော ကရုဏာလယော (သျာ။)]၊

‘ပဿထေတံ ဒိဇဝရံ, ပဒုမာနနလောစနံ။

၁၅၇။ ‘‘‘ပီတိပါမောဇ္ဇဗဟုလံ, သမုဂ္ဂတတနူရုဟံ၊

ဟာသမှိတဝိသာလက္ခံ, မမ သာသနလာလသံ။

၁၅၈။ ‘‘‘ပတိတံ ပါဒမူလေ မေ, ဧကာဝတ္ထသုမာနသံ [ဧကဝတ္ထံ သုမာနသံ (သျာ။ က။)]၊

ဧသ ပတ္ထေတိ တံ ဌာနံ, ဝိစိတ္တကထိကတ္တနံ [ဝိစိတ္တကထိကတ္တဒံ (သီ။ ပီ။)]။

၁၅၉။ ‘‘‘သတသဟဿိတော ကပ္ပေ, ဩက္ကာကကုလသမ္ဘဝေါ၊

ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။

၁၅၆-၁၅၇-၁၅၈။ ထိုအခါ သနားခြင်းကိစ္စ၏ တည်ရာဖြစ်သော ဘုရားမြတ်သည် မိန့်ဆိုတော်မူ၏-ပဒုမ္မာကြာနှင့်တူသော မျက်နှာ, မျက်လုံးရှိသော၊ များသော နှစ်သက်ဝမ်းမြောက် ခြင်းရှိသော၊ ကောင်းစွာရွှင်လန်းတက်ကြွသော အမွေးရှိသော၊ ရွှင်ခြင်းပြုံးခြင်းရှိလျက် ကျယ်သော မျက်စိရှိသော၊ ငါ၏သာသနာတော်ကို လွန်စွာ နှစ်သက်သော၊ ငါ၏ ခြေရင်း၌ ပျပ်ဝပ်လျက်ရှိသော၊ တစ်ထည်သောအဝတ်ကို ဝတ်လျက် ကောင်းသော စိတ်ရှိသော ဤ ပုဏ္ဏားမြတ်ကို ရှုကုန်လော့။ ဤပုဏ္ဏားသည်ဆန်းကြယ်သော တရားစကားကို ဟောကြား တတ်သူ၏ အဖြစ်ဟူသော ထိုအရာအထူးကို ဆုတောင်း၏။ ၁၅၉။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အား ဖြင့်ဂေါတမအမည်ရှိသော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၁၆၀။ ‘‘‘တဿ ဓမ္မေသု ဒါယာဒေါ, ဩရသော ဓမ္မနိမ္မိတော၊

ကုမာရကဿပေါ နာမ, ဟေဿတိ သတ္ထု သာဝကော။

၁၆၀။ ထိုမြတ်စွာဘုရား၏ တရားတို့၌ တရားဖြင့် ဖန်ဆင်းအပ်သော အမွေခံသားတော် ဖြစ်၍ကုမာရကဿပမည်သော မြတ်စွာဘုရား၏ တပည့် ‘သာဝက’ ဖြစ်လတ္တံ့။

၁၆၁။ ‘‘‘ဝိစိတ္တပုပ္ဖဒုဿာနံ, ရတနာနဉ္စ ဝါဟသာ၊

ဝိစိတ္တကထိကာနံ သော, အဂ္ဂတံ ပါပုဏိဿတိ’။

၁၆၁။ ဆန်းကြယ်သော ပန်းပွင့်ပုဆိုးတို့၏လည်းကောင်း၊ ရတနာတို့၏လည်းကောင်း အစွမ်းကြောင့်ထိုပုဏ္ဏားသည် ဆန်းကြယ်သော တရားစကားကို ဟောကြားတတ်သူတို့တွင် အမြတ်ဆုံး ပုဂ္ဂိုလ်အဖြစ်သို့ရောက်လတ္တံ့ (ဟု မိန့်တော်မူ၏)။

စာ-၁၂၆

၁၆၂။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊

ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။

၁၆၂။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်သည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။

၁၆၃။ ‘‘ပရိဗ္ဘမံ ဘဝါဘဝေ [ဘဝါကာသေ (သီ။ ပီ။)], ရင်္ဂမဇ္ဈေ ယထာ နဋော၊

သာခမိဂတြဇော ဟုတွာ, မိဂိယာ ကုစ္ဆိမောက္ကမိံ။

၁၆၃။ ‘ပွဲလမ်းသဘင်အလယ်၌ ကချေသည်ကဲ့သို့’ ဘဝကြီးငယ်၌ ချာချာလည်ခဲ့ရသည် ရှိသော် “သာခ”သမင်မင်း၏ သားဖြစ်၍ သမင်မ၏ ဝမ်းသို့ သက်ရောက်ခဲ့ရ၏။

၁၆၄။ ‘‘တဒါ မယိ ကုစ္ဆိဂတေ, ဝဇ္ဈဝါရော ဥပဋ္ဌိတော၊

သာခေန စတ္တာ မေ မာတာ, နိဂြောဓံ သရဏံ ဂတာ။

၁၆၄။ ထိုအခါ ငါသည် ဝမ်း၌ တည်ရှိစဥ် ငါ့အမိကို သတ်ရန် အလှည့်ရောက်လာ၏၊ ငါ့အမိသည်“သာခ”သမင်မင်း စွန့်ပစ်အပ်သည်ရှိသော် “နိဂြောဓ”သမင်မင်းကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏။

၁၆၅။ ‘‘တေန သာ မိဂရာဇေန, မရဏာ ပရိမောစိတာ၊

ပရိစ္စဇိတွာ သပါဏံ [သံပါဏံ (သီ။ ပီ။)], မမေဝံ ဩဝဒီ တဒါ။

၁၆၅။ ထိုနိဂြောဓသမင်မင်းသည် မိမိအသက်ကို စွန့်လွှတ်၍ ထိုအမိသမင်မကို သေခြင်းမှ လွတ်မြောက်စေ၏၊ ထိုအခါ (အမိသည်) ငါ့အား ဤသို့ ဆုံးမ၏-

၁၆၆။ ‘‘‘နိဂြောဓမေဝ သေဝေယျ, န သာခမုပသံဝသေ၊

နိဂြောဓသ္မိံ မတံ သေယျော, ယဉ္စေ သာခမှိ ဇီဝိတံ’။

၁၆၆။ နိဂြောဓသမင်မင်းကိုသာလျှင် မှီဝဲဆည်းကပ်ရာ၏၊ သာခသမင်မင်းကို မမှီဝဲ မဆည်းကပ်ရာ၊ နိဂြောဓသမင်မင်း (အထံ) ၌ သေရခြင်းသည် မြတ်၏၊ သာခသမင်မင်း (အထံ) ၌ အသက်ရှင်ရခြင်းသည်မမြတ်ချေ။

၁၆၇။ ‘‘တေနာနုသိဋ္ဌာ မိဂယူထပေန, အဟဉ္စ မာတာ စ တထေတရေ စ [စိတရေ စ (သျာ။), တဿောဝါဒေန (ပီ။), စိတရေ စ တဿောဝါဒံ (က။)]၊

အာဂမ္မ ရမ္မံ တုသိတာဓိဝါသံ, ဂတာ ပဝါသံ သဃရံ ယထေဝ။

၁၆၇။ သမင်အပေါင်းကို စောင့်ရှောက်တတ်သော ထို (နိဂြောဓ) သမင်မင်း၏ အဆုံးအမကို ခံရသောငါသည်လည်းကောင်း၊ အမိသည်လည်းကောင်း၊ အခြားသော သမင်တို့သည်လည်းကောင်းထိုသမင်မင်း၏ အဆုံးအမကို စွဲ၍ ‘ကင်းကွာနေသော မိမိအိမ်သို့ ရောက်ရ သကဲ့ သို့သာလျှင်’မွေ့လျော်ဖွယ်ရှိသော တုသိတာဘုံသို့ ရောက်ကုန်၏။

၁၆၈။ ‘‘ပုနော ကဿပဝီရဿ, အတ္ထမေန္တမှိ သာသနေ၊

အာရုယှ သေလသိခရံ, ယုဉ္ဇိတွာ ဇိနသာသနံ။

၁၆၈။ တစ်ဖန် ကဿပမြတ်စွာဘုရား၏ သာသနာတော်သည် ကွယ်ခြင်းသို့ ရောက်လု လတ်သော် ကျောက်တောင်ထွတ်သို့ တက်၍ မြတ်စွာဘုရားသာသနာတော်ကို အားထုတ်ခဲ့ သောကြောင့်-

၁၆၉။ ‘‘ဣဒါနာဟံ ရာဇဂဟေ, ဇာတော သေဋ္ဌိကုလေ အဟုံ၊

အာပန္နသတ္တာ မေ မာတာ, ပဗ္ဗဇိ အနဂါရိယံ။

၁၆၉။ ယခုအခါ ငါသည် ရာဇဂြိုဟ်မြို့ သူဌေးအမျိုး၌ မွေးဖွားရသူ ဖြစ်ရပေ၏၊ ကိုယ်ဝန်ရှိသော ငါ၏အမိသည် ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏။

၁၇၀။ ‘‘သဂဗ္ဘံ တံ ဝိဒိတွာန, ဒေဝဒတ္တမုပါနယုံ၊

သော အဝေါစ ‘ဝိနာသေထ, ပါပိကံ ဘိက္ခုနိံ ဣမံ’။

၁၇၀။ (ငါ၏) ကိုယ်ဝန်ရှိသော ထိုအမိကို သိကုန်၍ ဒေဝဒတ်အထံသို့ ပို့ဆောင်ကုန်၏၊ (ထိုအခါ ) ထိုဒေဝဒတ်သည် “ယုတ်မာသော ဤရဟန်းမိန်းမကို ဖျက်ဆီးကုန်လော့”ဟု မိန့်ဆို လေ၏။

၁၇၁။ ‘‘ဣဒါနိပိ မုနိန္ဒေန, ဇိနေန အနုကမ္ပိတာ၊

သုခိနီ အဇနီ မယှံ, မာတာ ဘိက္ခုနုပဿယေ။

၁၇၁။ ဤအခါ၌လည်း ရဟန်းမင်း ဖြစ်တော်မူသော မြတ်စွာဘုရားသည် အစဥ်စောင့်ရှောက်တော်မူအပ်သည်ဖြစ်၍ ငါ၏ အမိသည် ရဟန်းမိန်းမကျောင်း၌ ငါ့အား ချမ်းသာခြင်း ရှိသည်ဖြစ်၍မွေးဖွားခဲ့၏။

၁၇၂။ ‘‘တံ ဝိဒိတွာ မဟီပါလော, ကောသလော မံ အပေါသယိ၊

ကုမာရပရိဟာရေန, နာမေနာဟဉ္စ ကဿပေါ။

၁၇၂။ ထိုအကြောင်းကို သိ၍ ကောသလမင်းသည် မင်းသားတို့၏ အဆောင်အယောင်ဖြင့် ငါ့ကိုမွေးစားခဲ့၏၊ ငါသည်ကား အမည်အားဖြင့် ကဿပမည်၏။

၁၇၃။ ‘‘မဟာကဿပမာဂမ္မ, အဟံ ကုမာရကဿပေါ၊

ဝမ္မိကသဒိသံ ကာယံ, သုတွာ ဗုဒ္ဓေန ဒေသိတံ။

၁၇၃။ အရှင်မဟာကဿပကို စွဲ၍ ငါသည် ကုမာရကဿပမည်၏၊ မြတ်စွာဘုရားသည် ကိုယ်ကိုတောင်တို့နှင့် တူကြောင်း (ဥပမာပြု၍) ဟောအပ်သော တရားတော်ကို နာကြား ရ၍-

စာ-၁၂၇

၁၇၄။ ‘‘တတော စိတ္တံ ဝိမုစ္စိ မေ, အနုပါဒါယ သဗ္ဗသော၊

ပါယာသိံ ဒမယိတွာဟံ, ဧတဒဂ္ဂမပါပုဏိံ။

၁၇၄။ ထိုအခါ ငါ၏ စိတ်သည် (တစ်စုံတစ်ရာကို) မစွဲလမ်းဘဲ အကြွင်းမဲ့ လွတ်မြောက်၏၊ ငါသည်ပါယာသိ (ရာဇည) မင်းကို ဆုံးမ၍ ဧတဒဂ်အရာဌာနသို့ ရောက်၏။

၁၇၅။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။

၁၇၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၇၆။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။

၁၇၆။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၁၇၇။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။

၁၇၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ကုမာရကဿပမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် ကုမာရကဿပတ္ထေရအပဒါန ပြီး၏။ နှစ်ဆယ့်လေးခုမြောက် ဘာဏဝါရပြီး၏။

ဣတ္ထံ သုဒံ အာယသ္မာ ကုမာရကဿပေါ ထေရော ဣမာ ဂါထာယော

အဘာသိတ္ထာတိ။

ကုမာရကဿပတ္ထေရဿာပဒါနံ ပဉ္စမံ။

စတုဝီသတိမံ ဘာဏဝါရံ။

၆။ ဗာဟိယတ္ထေရအပဒါန

၁၇၈။ ‘‘ဣတော သတသဟဿမှိ, ကပ္ပေ ဥပ္ပဇ္ဇိ နာယကော၊

မဟပ္ပဘော တိလောကဂ္ဂေါ, နာမေန ပဒုမုတ္တရော။

၆-ဗာဟိယတ္ထေရအပဒါန ၁၇၈။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ကြီးမားသော အရောင်တော်ရှိသော လောကသုံးပါးထက်မြတ်သော အမည်အားဖြင့် ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။

၁၇၉။ ‘‘ခိပ္ပါဘိညဿ ဘိက္ခုဿ, ဂုဏံ ကိတ္တယတော မုနေ၊

သုတွာ ဥဒဂ္ဂစိတ္တောဟံ, ကာရံ ကတွာ မဟေသိနော။

၁၇၉။ ငါသည် လျင်မြန်သော အဘိညာဥ် (အသိဉာဏ်) ရှိသော ရဟန်း၏ ဂုဏ်ကျေးဇူးကိုချီးကျူးတော်မူသော မြတ်စွာဘုရား၏ စကားကို ကြားနာရသည်ရှိသော် တက်ကြွသော စိတ်ရှိသည်ဖြစ်၍မြတ်စွာဘုရားအား ပူဇော်သက္ကာရကို ပြုပြီးလျှင် -

၁၈၀။ ‘‘ဒတွာ သတ္တာဟိကံ ဒါနံ, သသိဿဿ မုနေ အဟံ၊

အဘိဝါဒိယ သမ္ဗုဒ္ဓံ, တံ ဌာနံ ပတ္ထယိံ တဒါ။

၁၈၀။ ငါသည် တပည့်နှင့် တကွသော မြတ်စွာဘုရားအား ခုနစ်ရက်ပတ်လုံး အလှူကို ပေးလှူ၍ ထိုအခါ မြတ်စွာဘုရားကို ရှိးခိုးလျက် ထိုအရာဌာနကို ဆုတောင်းခဲ့၏။

၁၈၁။ ‘‘တတော မံ ဗျာကရိ ဗုဒ္ဓေါ, ‘ဧတံ ပဿထ ဗြာဟ္မဏံ၊

ပတိတံ ပါဒမူလေ မေ, စရိယံ ပစ္စဝေက္ခဏံ [ပသန္နနယနာနနံ (သီ။), ပီနသမ္ပန္နဝေက္ခဏံ (သျာ။), ပီဏံသံ ပစ္စဝေက္ခဏံ (ပီ။)]။

၁၈၂။ ‘‘‘ဟေမယညောပစိတင်္ဂံ, အဝဒါတတနုတ္တစံ၊

ပလမ္ဗဗိမ္ဗတမ္ဗောဋ္ဌံ, သေတတိဏှသမံ ဒိဇံ။

၁၈၃။ ‘‘‘ဂုဏထာမဗဟုတရံ, သမုဂ္ဂတတနူရုဟံ၊

ဂုဏောဃာယတနီဘူတံ, ပီတိသမ္ဖုလ္လိတာနနံ။

၁၈၄။ ‘‘‘ဧသော ပတ္ထယတေ ဌာနံ, ခိပ္ပါဘိညဿ ဘိက္ခုနော၊

အနာဂတေ မဟာဝီရော, ဂေါတမော နာမ ဟေဿတိ။

၁၈၁-၁၈၂-၁၈၃။ ထို့နောက် မြတ်စွာဘုရားသည် ငါ့ကို ဗျာဒိတ်စကား မိန့်ကြားတော်မူ၏-ပုဏ္ဏားသည် အကျင့်ကို ဆင်ခြင်လျက် ငါ၏ ခြေရင်း၌ ပျပ်ဝပ်လျက် နေသော၊ ရွှေစလွယ်တင်သောကိုယ်အင်္ဂါရှိသော၊ ဖြူဖွေးသော ကိုယ်အရေရှိသော၊ တွဲရရွဲ ကျသော၊ ကျီးအာသီးနှင့် တူသောနီမြန်းသော နှုတ်ခမ်းရှိသော၊ ဖြူဖွေးသော, ထက်သော, ညီညာသော သွားရှိသော၊ အထူးထူးအပြားပြား များပြားသော ဂုဏ်အားအစွမ်းရှိသော၊ ကောင်းစွာ ရွှင်လန်းတက်ကြွသော ကိုယ်အမွေးရှိသော၊ ဂုဏ်အပေါင်း၏ တည်ရာဖြစ်သော ပီတိဖြင့် ကောင်းစွာ ပွင့်သော မျက်စိရှိသော ဤပုဏ္ဏားကို ရှုကုန်လော့။ ၁၈၄။ ဤပုဏ္ဏားသည် လျင်မြန်သော အဘိညာဥ် (အသိဉာဏ်) ရှိသော ရဟန်း၏ အရာ ဌာနကိုဆုတောင်းလျက် ရှိ၏၊ နောင်အခါ၌ ဂေါတမမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ လတ္တံ့။

စာ-၁၂၈

၁၈၅။ ‘‘‘တဿ ဓမ္မေသု ဒါယာဒေါ, ဩရသော ဓမ္မနိမ္မိတော၊

ဗာဟိယော နာမ နာမေန, ဟေဿတိ သတ္ထု သာဝကော’။

၁၈၅။ ထိုမြတ်စွာဘုရား၏ တရားတို့၌ တရားသည် ဖန်ဆင်းအပ်သော အမွေခံ သား တော်ဖြစ်၍အမည်အားဖြင့် ဗာဟိယမည်သော မြတ်စွာဘုရား၏ တပည့် ‘သာဝက’ ဖြစ်လတ္တံ့ (ဟု မိန့်တော်မူ၏)။

၁၈၆။ ‘‘တဒါ ဟိ တုဋ္ဌော ဝုဋ္ဌာယ, ယာဝဇီဝံ မဟာမုနေ၊

ကာရံ ကတွာ စုတော သဂ္ဂံ, အဂံ သဘဝနံ ယထာ။

၁၈၆။ ထိုအခါ ငါသည် နှစ်သက်သည်ဖြစ်၍ နေရာမှ ထပြီးလျှင် အသက်ထက်ဆုံး မြတ်စွာဘုရား၌ပူဇော်သက္ကာရကို ပြုခဲ့ခြင်းကြောင့် (ဤဘဝမှ) စုတေလတ်သော် ‘မိမိနေရာ အိမ်ကဲ့သို့’ နတ်ပြည်ဘုံသို့ရောက်၏။

၁၈၇။ ‘‘ဒေဝဘူတော မနုဿော ဝါ, သုခိတော တဿ ကမ္မုနော၊

ဝါဟသာ သံသရိတွာန, သမ္ပတ္တိမနုဘောမဟံ။

၁၈၇။ ငါသည် ထိုကံ၏ အစွမ်းကြောင့် နတ်ဖြစ်သော် လည်းကောင်း၊ လူဖြစ်သော် လည်းကောင်းချမ်းသာသော သူ ဖြစ်လျက် ကျင်လည်ခဲ့ပြီးလျှင် စည်းစိမ်ချမ်းသာကို ခံစားရပေ၏။

၁၈၈။ ‘‘ပုန ကဿပဝီရဿ, အတ္ထမေန္တမှိ [အတ္ထင်္ဂတမှိ (သျာ။)] သာသနေ၊

အာရုယှ သေလသိခရံ, ယုဉ္ဇိတွာ ဇိနသာသနံ။

၁၈၈။ တစ်ဖန် ကဿပမြတ်စွာဘုရား၏ သာသနာသည် ကွယ်ခြင်းသို့ ရောက်လုလတ် သော် ကျောက်တောင်ထွတ်သို့ တက်ပြီးလျှင် မြတ်စွာဘုရားသာသနာကို အားထုတ်၍-

၁၈၉။ ‘‘ဝိသုဒ္ဓသီလော သပ္ပညော, ဇိနသာသနကာရကော၊

တတော စုတာ ပဉ္စ ဇနာ, ဒေဝလောကံ အဂမှသေ။

၁၈၉။ ငါသည် အထူးစင်ကြယ်သော သီလရှိ၏၊ ပညာရှိ၏၊ မြတ်စွာဘုရား၏ အဆုံးအမ သာသနာကိုလိုက်နာပြုကျင့်တတ်၏၊ ငါးယောက်သော ငါတို့သည် ထိုဘဝမှ စုတေကုန်လတ် သော် နတ်ပြည်သို့ရောက်ကြရကုန်၏။

၁၉၀။ ‘‘တတောဟံ ဗာဟိယော ဇာတော, ဘာရုကစ္ဆေ ပုရုတ္တမေ၊

တတော နာဝါယ ပက္ခန္ဒော [ပက္ခန္တော (သီ။), ပက္ကန္တော (ပီ။)], သာဂရံ အပ္ပသိဒ္ဓိယံ [အတ္ထသိဒ္ဓိယံ (က။)]။

၁၉၀။ ထို့နောက် ငါ ဗာဟိယသည် ဘာရုကစ္ဆပြည်မြတ်၌ ဖွားမြင်ခဲ့၏၊ ထိုအခါ လှေ သင်္ဘောဖြင့်အကျိုးပြီးစီးမှု နည်းပါးသော သမုဒ္ဒရာကို ကူးသွား၏။

၁၉၁။ ‘‘တတော နာဝါ အဘိဇ္ဇိတ္ထ, ဂန္တွာန ကတိပါဟကံ၊

တဒါ ဘီသနကေ ဃောရေ, ပတိတော မကရာကရေ။

၁၉၁။ ထိုအခါ လှေသင်္ဘောသည် နှစ်ရက်သုံးရက် သွားပြီးလတ်သော် ကွဲပျက်၏၊ ထို အခါ မကရ်းတို့၏တည်ရာ ကြောက်မက်ဖွယ် ကြမ်းတမ်းသော သမုဒ္ဒရာ၌ ကျလေ၏။

၁၉၂။ ‘‘တဒါဟံ ဝါယမိတွာန, သန္တရိတွာ မဟောဒဓိံ၊

သုပ္ပါဒပဋ္ဋနဝရံ [သုပ္ပါရပဋ္ဋနဝရံ (သီ။ ပီ။)], သမ္ပတ္တော မန္ဒဝေဓိတော [မန္ဒမေဓိကော (သီ။), မန္ဒဝေဒိတော (သျာ။), မဒ္ဒဝေရတံ (က။)]။

၁၉၂။ ထိုအခါ ငါသည် အားထုတ်၍ သမုဒ္ဒရာကို ကူးသည်ရှိသော် အနည်းငယ် ဖောက်ထွင်း၍ (ရန်ကိုနှိမ်နင်းရာ) သုပ္ပါဒက သင်္ဘောဆိပ်သို့ ကောင်းစွာ ရောက်ခဲ့၏။

၁၉၃။ ‘‘ဒါရုစီရံ နိဝါသေတွာ, ဂါမံ ပိဏ္ဍာယ ပါဝိသိံ၊

တဒါဟ သော ဇနော တုဋ္ဌော, အရဟာယမိဓာဂတော။

၁၉၃။ ငါသည် ပျဥ်ချပ်စီသော အဝတ်ကို ဝတ်၍ ဆွမ်းအလို့ငှါ ရွာသို့ ဝင်၏၊ ထိုအခါ ထိုလူအပေါင်းသည် နှစ်သက်သည်ဖြစ်၍ “ဤရဟန္တာသည် ဤအရပ်သို့ ကြွလာတော်မူ၏”ဟု ပြောဆိုလေ၏။

၁၉၄။ ‘‘ဣမံ အန္နေန ပါနေန, ဝတ္ထေန သယနေန စ၊

ဘေသဇ္ဇေန စ သက္ကတွာ, ဟေဿာမ သုခိတာ မယံ။

၁၉၄။ ငါတို့သည် ဤရဟန္တာကို ဆွမ်းဖြင့်လည်းကောင်း၊ အဖျော်ဖြင့်လည်းကောင်း၊ အဝတ်ဖြင့်လည်းကောင်း၊ အိပ်ရာနေရာဖြင့်လည်းကောင်း၊ ဆေးဖြင့်လည်းကောင်း ပူဇော်ရ သောကြောင့်ချမ်းသာသူတို့ ဖြစ်ကုန်အံ့ (ဟု ပြောဆိုကုန်၏)။

၁၉၅။ ‘‘ပစ္စယာနံ တဒါ လာဘီ, တေဟိ သက္ကတပူဇိတော၊

အရဟာဟန္တိ သင်္ကပ္ပံ, ဥပ္ပါဒေသိံ အယောနိသော။

၁၉၅။ ထိုအခါ ထိုသူတို့ကား အလေးအမြတ် ပူဇော်အပ်သောကြောင့် ပစ္စည်းတို့ကို ရခြင်းရှိသည်ဖြစ်၍ငါသည် ရဟန္တာတည်းဟူသော အကြံအစည်ကို မသင့်သောအားဖြင့် ဖြစ်စေခဲ့၏။

၁၉၆။ ‘‘တတော မေ စိတ္တမညာယ, စောဒယီ ပုဗ္ဗဒေဝတာ၊

‘န တွံ ဥပါယမဂ္ဂညူ, ကုတော တွံ အရဟာ ဘဝေ’။

၁၉၆။ ထိုအခါ ရှေး၌ အဆွေဖြစ်ဖူးသော ဗြဟ္မာသည် ငါ၏ စိတ်ကို သိ၍ သင်သည် မဂ်ရကြောင်းကိုပင်သိသူ မဟုတ်ချေ၊ အဘယ်မှာ သင်သည် ရဟန္တာ ဖြစ်မည်နည်းဟု အပြစ်တင်၏။

၁၉၇။ ‘‘စောဒိတော တာယ သံဝိဂ္ဂေါ, တဒါဟံ ပရိပုစ္ဆိ တံ၊

‘ကေ ဝါ ဧတေ ကုဟိံ လောကေ, အရဟန္တော နရုတ္တမာ။

၁၉၇။ ထိုအခါ ငါသည် ထိုဗြဟ္မာက အပြစ်တင်သည် ရှိသော် ထိတ်လန့်လျက် ထိုဗြဟ္မာ ကိုပင်လောက၌ ရဟန္တာပုဂ္ဂိုလ်မြတ်တို့သည် အဘယ်သူတို့နည်း၊ ဤရဟန္တာပုဂ္ဂိုလ်မြတ် တို့သည် အဘယ်မှာ (ရှိကုန်) သနည်းဟု မေးမြန်းခဲ့၏။

စာ-၁၂၉

၁၉၈။ ‘‘‘သာဝတ္ထိယံ ကောသလမန္ဒိရေ ဇိနော, ပဟူတပညော ဝရဘူရိမေဓသော၊

သော သကျပုတ္တော အရဟာ အနာသဝေါ, ဒေသေတိ ဓမ္မံ အရဟတ္တပတ္တိယာ။

၁၉၈။ ကောသလမင်း နန်းစိုက်ရာ သာဝတ္ထိမြို့၌ ကြီးမားသော ပညာရှိသော ‘မြေကြီး ကဲ့သို့’မြတ်သော ပညာရှိတော်မူသော မြတ်စွာဘုရားသည် ရှိတော်မူ၏၊ အာသဝေါကင်း လျက် ရဟန္တာဖြစ်သောထိုသာကီဝင်မင်းသား မြတ်စွာဘုရားသည် အရဟတ္တဖိုလ်သို့ ရောက်ခြင်းငှါ တရားဟောတော်မူ၏ (ဟု ဆို၏)။

၁၉၉။ ‘‘‘တဒဿ သုတွာ ဝစနံ သုပီဏိတော [ပီဏိတွာ (က။)], နိဓိံဝ လဒ္ဓါ ကပဏောတိ ဝိမှိတော၊

ဥဒဂ္ဂစိတ္တော အရဟတ္တမုတ္တမံ, သုဒဿနံ ဒဋ္ဌုမနန္တဂေါစရံ။

၁၉၉။ အထီးကျန်သော သူသည် ရွှေအိုးကို ရသည်ရှိသော် အလွန်ရွှင်လန်းဝမ်းမြောက် သကဲ့သို့ ထို့အတူငါသည် ထိုဗြဟ္မာ၏ စကားကို ကြားရသည်ရှိသော် နှစ်သက်လျက် တက်ကြွသော စိတ်ရှိသည်ဖြစ်၍အရဟတ္တဖိုလ်တရားမြတ်ကို ကောင်းစွာ သိမြင်တော်မူသော အဆုံးမရှိသော သဗ္ဗညုတဉာဏ်ရှိတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရန်အလို့ငှါ-

၂၀၀။ ‘‘‘တဒါ တတော နိက္ခမိတွာန သတ္ထုနော [နိက္ခမိတုန သတ္ထုဝရံ (သီ။)], သဒါ ဇိနံ ပဿာမိ ဝိမလာနနံ [ပရာဇိနံ ပဿာမိ ကမလာနနံ (က။)]၊

ဥပေစ္စ ရမ္မံ ဝိဇိတဝှယံ ဝနံ, ဒိဇေ အပုစ္ဆိံ ကုဟိံ လောကနန္ဒနော။

၂၀၀။ ထိုသင်္ဘောဆိပ်မှ ထွက်ခဲ့၍ အညစ်အကြေးကင်းသော မျက်နှာတော်ရှိသော မြတ်စွာဘုရားကိုအခါခပ်သိမ်း ဖူးမြော်အံ့ဟု (ကြံလျက်) မြတ်စွာဘုရား၏ မွေ့လျော်ဖွယ်ရှိ သော ဇေတဝန်မည်သော ထိုကျောင်းတိုက်သို့သာလျှင် ချဥ်းကပ်၍ လူအားလုံး ချစ်နှစ်သက် အပ်သော မြတ်စွာဘုရားသည် အဘယ်မှာနည်းဟု ရဟန္တာတို့ကို မေးလျှောက်ခဲ့၏။

၂၀၁။ ‘‘‘တတော အဝေါစုံ နရဒေဝဝန္ဒိတော, ပုရံ ပဝိဋ္ဌော အသနေသနာယ သော၊

သသောဝ [ပစ္စေဟိ (သီ။ သျာ။)] ခိပ္ပံ မုနိဒဿနုဿုကော, ဥပေစ္စ ဝန္ဒာဟိ တမဂ္ဂပုဂ္ဂလံ’။

၂၀၁။ ထိုအခါ (ရဟန္တာတို့က) လူနတ်တို့ ရှိခိုးအပ်သော ထိုမြတ်စွာဘုရားသည် မြို့သို့ဆွမ်းခံဝင်တော်မူ၏၊ သင်သည် မြတ်စွာဘုရားကို ဖူးမြင်ရန် ကြိုးစားအားထုတ်ခဲ့သော် လျင် မြန်စွာချဥ်းကပ်လော့၊ ချဥ်းကပ်၍ ထိုမြတ်စွာဘုရားကို ရှိခိုးလေလော့ဟု မိန့်ဆိုကုန်၏။

၂၀၂။ ‘‘တတောဟံ တုဝဋံ ဂန္တွာ, သာဝတ္ထိံ ပုရမုတ္တမံ၊

ဝိစရန္တံ တမဒ္ဒက္ခိံ, ပိဏ္ဍတ္ထံ အပိဟာဂိဓံ။

၂၀၂။ ထိုအခါ ငါသည် သာဝတ္ထိမြို့တော်သို့ လျင်မြန်စွာ သွားသည်ရှိသော် ချစ်ခင်တပ် မက်ခြင်းကင်းလျက် ဆွမ်းအကျိုးငှါ လှည့်လည်တော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြင်ရပေ၏။

၂၀၃။ ‘‘ပတ္တပါဏိံ အလောလက္ခံ, ပါစယန္တံ ပီတာကရံ [ဘာဇယန္တံ ဝိယာမတံ (သီ။), ဇောတယန္တံ ဣဓာမတံ (သျာ။), ဘာဇယန္တံ ဣဒံမတံ (ပီ။)]၊

သိရီနိလယသင်္ကာသံ, ရဝိဒိတ္တိဟရာနနံ။

၂၀၃။ လက်၌ သပိတ်ရှိတော်မူသော ၊ မလျှပ်ပေါ်သော ဣန္ဒြေရှိတော်မူသော ၊ အကျိုးကို ရင့်ကျက်စေတော်မူတတ်သော၊ ဝါဝင်းသော အရောင်ရှိတော်မူသော ၊ အသရေ၏ တည်ရာ အိမ်သဖွယ်ဖြစ်တော်မူသော ၊ နေ၏ အရောင်ကို ပယ်ရှားနိုင်သော မျက်နှာရှိတော်မူသော -

၂၀၄။ ‘‘တံ သမေစ္စ နိပစ္စာဟံ, ဣဒံ ဝစနမဗြဝိံ၊

‘ကုပထေ ဝိပ္ပနဋ္ဌဿ, သရဏံ ဟောဟိ ဂေါတမ။

၂၀၄။ ထိုမြတ်စွာဘုရားသို့ ငါသည် ကောင်းစွာ ချဥ်းကပ်၍ တုပ်ဝပ်လျက် ဂေါတမ မြတ်စွာဘုရားခရီးလမ်းမှား၌ ပျက်စီးလျက်ရှိသော တပည့်တော်၏ ကိုးကွယ်ရာ ဖြစ်တော်မူ ပါဟု ဤစကားကိုလျှောက်၏။

၂၀၅။ ‘‘‘ပါဏသန္တာရဏတ္ထာယ, ပိဏ္ဍာယ ဝိစရာမဟံ၊

န တေ ဓမ္မကထာကာလော, ဣစ္စာဟ မုနိသတ္တမော’။

၂၀၅။ (ဗာဟိယ) ငါသည် အသက်ကို ဆောင်ခြင်းအကျိုးငှါ ဆွမ်းခံလှည့်လည်လျက် ရှိ၏၊ သင့်အားတရားဟောရန် အခါ မဟုတ်ပေ၊ ဤသို့ မြတ်စွာဘုရားသည် မိန့်တော်မူ၏။

၂၀၆။ ‘‘တဒါ ပုနပ္ပုနံ ဗုဒ္ဓံ, အာယာစိံ ဓမ္မလာလသော၊

ယော မေ ဓမ္မမဒေသေသိ, ဂမ္ဘီရံ သုညတံ ပဒံ။

၂၀၆။ ထိုအခါ တရားကို အလွန်လိုလားသော ငါသည် မြတ်စွာဘုရားကို အကြိမ်ကြိမ် တောင်းပန်ခဲ့၏၊ အကြင်မြတ်စွာဘုရားသည် နက်နဲသော ရာဂစသည် ဆိတ်ငြိမ်သော နိဗ္ဗာန် ရောက်ကြောင်းတရားကိုငါ့အား ဟောတော်မူ၏။

စာ-၁၃၀

၂၀၇။ ‘‘တဿ ဓမ္မံ သုဏိတွာန, ပါပုဏိံ အာသဝက္ခယံ၊

ပရိက္ခီဏာယုကော သန္တော, အဟော သတ္ထာနုကမ္ပကော။

၂၀၇။ ထိုမြတ်စွာဘုရား၏ တရားကို နာကြားရ၍ အသက်ကုန်ခါနီးသူ ဖြစ်ပါလျက် ငါသည်အာသဝေါကုန်ခြင်းသို့ ရောက်ခဲ့၏၊ မြတ်စွာဘုရား၏ သနားစောင့်ရှောက်တော်မူခြင်း သည် ဪအံ့ဩဖွယ်ရှိပါပေစွ။

၂၀၈။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။

၂၀၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၂၀၉။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။

၂၀၉။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၂၁၀။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။

၂၁၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

၂၁၁။ ‘‘ဧဝံ ထေရော ဝိယာကာသိ, ဗာဟိယော ဒါရုစီရိယော၊

သင်္ကာရကူဋေ ပတိတော, ဘူတာဝိဋ္ဌာယ ဂါဝိယာ။

၂၁၁။ ဤသို့ ပျဥ်ချပ်အဝတ်ကို ဝတ်သော ဗာဟိယမထေရ်သည် ဖုတ်ဘီလူး ပူးဝင် သော နွားမ၏ဝှေ့ခတ်ခြင်းကြောင့် အမှိုက်ပုံ၌ လဲကျစဥ် ပြောကြားတော်မူလေ၏။

၂၁၂။ ‘‘အတ္တနော ပုဗ္ဗစရိယံ, ကိတ္တယိတွာ မဟာမတိ၊

ပရိနိဗ္ဗာယိ သော ထေရော [ဝီရော (သီ။), ဓီရော (သျာ။)], သာဝတ္ထိယံ ပုရုတ္တမေ။

၂၁၂။ ကြီးမြတ်သော ပညာရှိသော ထိုမထေရ်သည် မိမိ၏ ရှေးအကျင့်ကို မိန့်ကြားပြီး လျှင်သာဝတ္ထိမြို့တော်၌ ပရိနိဗ္ဗာန်စံတော်မူလေ၏။

၂၁၃။ ‘‘နဂရာ နိက္ခမန္တော တံ, ဒိသွာန ဣသိသတ္တမော၊

ဒါရုစီရဓရံ ဓီရံ, ဗာဟိယံ ဗာဟိတာဂမံ။

၂၁၃-၂၁၄။ မြတ်စွာဘုရားသည် မြို့မှ ထွက်လတ်သော် (သာသနာတော်၏) အပမှ လာသော‘သိကြားမင်း၏ မှန်ကင်းကို ချသကဲ့သို့’ မြေ၌ လဲကျသော ယဥ်ကျေးပြီးသော ထိုအခါ အသက်ကုန်ပြီးခါစ ဖြစ်သော မြတ်စွာဘုရားအဆုံးအမကို လိုက်နာပြုကျင့်တတ်သော ပျဥ်ချပ်အဝတ်ကို ဝတ်သော ထိုပညာရှိ ဗာဟိယကို မြင်သည်ရှိသော် -

၂၁၄။ ‘‘ဘူမိယံ ပတိတံ ဒန္တံ, ဣန္ဒကေတူဝ ပါတိတံ၊

ဂတာယုံ သုက္ခကိလေသံ [ဂတာယု သံဂတက္လေသံ (သီ။ ပီ။), တဒါယု သင်္ကတာလေသံ (က။)], ဇိနသာသနကာရကံ။

၂၁၅။ ‘‘တတော အာမန္တယီ သတ္ထာ, သာဝကေ သာသနေ ရတေ၊

‘ဂဏှထ နေတွာ [ဟုတွာ (သျာ။ ပီ။ က။)] ဈာပေထ, တနုံ သဗြဟ္မစာရိနော။

၂၁၅။ ထိုအခါ မြတ်စွာဘုရားသည် သာသနာ၌ ပျော်မွေ့ကုန်သော တပည့်သာဝကတို့ကို မိန့်တော်မူ၏၊ သီတင်းသုံးဖော်ဖြစ်သော ဗာဟိယ၏ အလောင်းကို ယူခဲ့ကုန်လော့၊ ပူဇော်၍ မီးသင်္ဂြိုဟ်ကုန်လော့။

၂၁၆။ ‘‘‘ထူပံ ကရောထ ပူဇေထ, နိဗ္ဗုတော သော မဟာမတိ၊

ခိပ္ပါဘိညာနမေသဂ္ဂေါ, သာဝကော မေ ဝစောကရော။

၂၁၆။ စေတီပုထိုးကို ပြုကုန်လော့၊ ပူဇော်ကုန်လော့၊ မြတ်သော ပညာရှိသော ထိုတပည့် သာဝကသည်ပရိနိဗ္ဗာန်ပြုပြီ၊ ငါ၏ စကားကို လိုက်နာတတ်သော ဤတပည့်သာဝကသည် လျင်မြန်သော အဘိညာဥ် (အသိဉာဏ်) ရှိသူတို့တွင် အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်၏။

၂၁၇။ ‘‘‘သဟဿမပိ စေ ဂါထာ, အနတ္ထပဒသဉှိတာ၊

ဧကံ ဂါထာပဒံ သေယျော, ယံ သုတွာ ဥပသမ္မတိ။

၂၁၇။ အကျိုးမရှိသော ပုဒ်နှင့် စပ်ယှဥ်သော ဂါထာသည် အကယ်၍ တစ်ထောင်ပင်ရှိ သော် လည်းမမြတ်ပေ၊ အကြင်ဂါထာပုဒ်ကို ကြားနာရ၍ ကိလေသာ (မီး) ငြိမ်းအေး၏၊ ထို ဂါထာပုဒ်သည်တစ်ဂါထာပင် ဖြစ်သော် လည်း မြတ်၏။

၂၁၈။ ‘‘‘ယတ္ထ အာပေါ စ ပထဝီ, တေဇော ဝါယော န ဂါဓတိ၊

န တတ္ထ သုက္ကာ ဇောတန္တိ, အာဒိစ္စော န ပကာသတိ။

၂၁၈။ အကြင်နိဗ္ဗာန်၌ ရေဓာတ်သည်လည်းကောင်း၊ မြေဓာတ်သည်လည်းကောင်း၊ မီးဓာတ်သည်လည်းကောင်း၊ လေဓာတ်သည်လည်းကောင်း မတည်တံ့နိုင်။ ထိုနိဗ္ဗာန်၌ ဖြူ သောအရောင်ရှိသော ဂြိုဟ်တို့သည် မထွန်းတောက်နိုင်ကုန်၊ နေသည်လည်း အလင်းရောင် ကို မပြနိုင်ချေ။

၂၁၉။ ‘‘‘န တတ္ထ စန္ဒိမာ ဘာတိ, တမော တတ္ထ န ဝိဇ္ဇတိ၊

ယဒါ စ အတ္တနာ ဝေဒိ, မုနိမောနေန ဗြာဟ္မဏော။

၂၁၉။ ထိုနိဗ္ဗာန်၌ လသည်လည်း မထွန်းလင်းနိုင်ချေ၊ ထိုနိဗ္ဗာန်၌ အမိုက်မှောင်သည် လည်း မရှိချေ၊ အကြင်အခါ၌ မကောင်းမှုကို အပပြုပြီးသော ရဟန်းသည် မဂ်ဉာဏ်ဖြင့် မိမိကိုယ်တိုင်ပင် သိ၏။

စာ-၁၃၁

၂၂၀။ ‘‘‘အထ ရူပါ အရူပါ စ, သုခဒုက္ခာ ဝိမုစ္စတိ’၊

ဣစ္စေဝံ အဘဏီ နာထော, တိလောကသရဏော မုနိ’’။

၂၂၀။ ထိုအခါ ရုပ်မှလည်းကောင်း၊ နာမ်မှလည်းကောင်း၊ ချမ်းသာခြင်း, ဆင်းရဲခြင်းမှ လည်းကောင်းလွတ်မြောက်၏။ ဤသို့လျှင် သတ္တဝါတို့၏ ကိုးကွယ်ရာ၊ လောကသုံးပါး၏ ကိုးကွယ်ရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ဤသို့လျှင် အသျှင်ဗာဟိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် ဗာဟိယတ္ထေရအပဒါန ပြီး၏။

ဣတ္ထံ သုဒံ အာယသ္မာ ဗာဟိယော ထေရော ဣမာ ဂါထာယော

အဘာသိတ္ထာတိ။

ဗာဟိယတ္ထေရဿာပဒါနံ ဆဋ္ဌံ။

၇။ မဟာကောဋ္ဌိကတ္ထေရအပဒါန

၂၂၁။ ‘‘ပဒုမုတ္တရော နာမ ဇိနော, သဗ္ဗလောကဝိဒူ မုနိ၊

ဣတော သတသဟဿမှိ, ကပ္ပေ ဥပ္ပဇ္ဇိ စက္ခုမာ။

၇-မဟာကောဋ္ဌိကတ္ထေရအပဒါန ၂၂၁။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ အလုံးစုံသော လောကကို သိတော်မူသော ရဟန်းမြတ်ဖြစ်တော်မူသော စက္ခုငါးမျိုးရှိတော်မူသော ပဒုမုတ္တရမည်သော မြတ်စွာဘုရား သည် ပွင့်တော်မူ၏။

၂၂၂။ ‘‘ဩဝါဒကော ဝိညာပကော, တာရကော သဗ္ဗပါဏိနံ၊

ဒေသနာကုသလော ဗုဒ္ဓေါ, တာရေသိ ဇနတံ ဗဟုံ။

၂၂၂။ မြတ်စွာဘုရားသည် အလုံးစုံသော သတ္တဝါတို့ကို ဆုံးမတော်မူတတ်၏၊ (သစ္စာ လေးပါးကို) အထူးသိစေတော်မူတတ်၏၊ (သံသရာမှ) ကယ်တင်တော်မူတတ်၏၊ တရားပြမှု၌ကျွမ်းကျင်လိမ္မာတော်မူ၏၊ များစွာသော လူအပေါင်းကို ကယ်တင်တော်မူ၏။

၂၂၃။ ‘‘အနုကမ္ပကော ကာရုဏိကော, ဟိတေသီ သဗ္ဗပါဏိနံ၊

သမ္ပတ္တေ တိတ္ထိယေ သဗ္ဗေ, ပဉ္စသီလေ ပတိဋ္ဌပိ။

၂၂၃။ အလုံးစုံသော သတ္တဝါတို့ကို အစဥ် စောင့်ရှောက်တော်မူတတ်၏၊ သနာခြင်း ရှိတော်မူ၏၊ (သတ္တဝါအားလုံးတို့၏) အစီးအပွါးကို ရှာမှီးတော်မူတတ်၏၊ ရောက်လာကုန်သော တိတ္ထိအားလုံးတို့ကို ငါးပါးသီလ၌ တည်စေတော်မူ၏။

၂၂၄။ ‘‘ဧဝံ နိရာကုလံ အာသိ, သုညတံ တိတ္ထိယေဟိ စ၊

ဝိစိတ္တံ အရဟန္တေဟိ, ဝသီဘူတေဟိ တာဒိဘိ။

၂၂၄။ ဤသို့ (မြတ်စွာဘုရား၏ သာသနာတော်သည်) ရောယှက်ရှုပ်ထွေးခြင်း ကင်း လေ၏၊ တိတ္ထိတို့မှလည်း ဆိတ်သုဥ်းလေ၏၊ ဝသီဘော်ရှိကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံသောရဟန္တာတို့ဖြင့်လည်း ဆန်းကြယ်ပေ၏။

၂၂၅။ ‘‘ရတနာနဋ္ဌပညာသံ, ဥဂ္ဂတော သော မဟာမုနိ၊

ကဉ္စနဂ္ဃိယသင်္ကာသော, ဗာတ္တိံသဝရလက္ခဏော။

၂၂၅။ ထိုမြတ်စွာဘုရားသည် အတောင်ငါးဆယ့်ရှစ်တောင် မြင့်တော်မူ၏၊ ရွှေပန်းကုံးနှင့် တူတော်မူ၏၊ သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ်၏ လက္ခာဏာတို့နှင့်လည်း ပြည့်စုံတော် မူ၏။

၂၂၆။ ‘‘ဝဿသတသဟဿာနိ, အာယု ဝိဇ္ဇတိ တာဝဒေ၊

တာဝတာ တိဋ္ဌမာနော သော, တာရေသိ ဇနတံ ဗဟုံ။

၂၂၆။ ထိုအခါ အသက်တမ်းသည် အနှစ်တစ်သိန်းတို့ပတ်လုံး တည်ရှိ၏၊ ထိုမြတ်စွာ ဘုရားသည် ထိုမျှလောက် သက်တော်တည်ရှိသည်ဖြစ်၍ များစွာသော လူအပေါင်းတို့ကို ကယ် တင်တော်မူ၏။

၂၂၇။ ‘‘တဒါဟံ ဟံသဝတိယံ, ဗြာဟ္မဏော ဝေဒပါရဂူ၊

ဥပေစ္စ သဗ္ဗလောကဂ္ဂံ [သဗ္ဗသာရဂ္ဂံ (သီ။), သတ္တပါရဂံ (ပီ။)], အဿောသိံ ဓမ္မဒေသနံ။

၂၂၇။ ထိုအခါ ငါသည် ဟံသာဝတီမြို့၌ ဝေဒကျမ်း၌ တစ်ဖက်ကမ်းရောက် တတ်မြောက် သောပုဏ္ဏားဖြစ်၍ မြတ်စွာဘုရားအထံသို့ ချဥ်းကပ်လျက် တရားဒေသနာတော်ကို နာကြား ခဲ့၏။

၂၂၈။ ‘‘တဒါ သော သာဝကံ ဝီရော, ပဘိန္နမတိဂေါစရံ၊

အတ္ထေ ဓမ္မေ နိရုတ္တေ စ, ပဋိဘာနေ စ ကောဝိဒံ။

၂၂၈။ ထိုအခါ ထိုမြတ်စွာဘုရားသည် ပဋိသမ္ဘိဒါဉာဏ်၏ အာရုံရှိသော အကျိုး (အနက်) ၌ လည်းကောင်း၊ အကြောင်း (ပါဠိ) ၌လည်းကောင်း၊ သဒ္ဒါ၌လည်းကောင်း၊ ပဋိဘာန်ဉာဏ်၌ လည်းကောင်းကျွမ်းကျင်လိမ္မာသော တပည့်သာဝကကို-

၂၂၉။ ‘‘ဌပေသိ ဧတဒဂ္ဂမှိ, တံ သုတွာ မုဒိတော အဟံ၊

သသာဝကံ ဇိနဝရံ, သတ္တာဟံ ဘောဇယိံ တဒါ။

၂၂၉။ ဧတဒဂ်အရာ၌ ထားတော်မူ၏၊ ထိုအခါ ငါသည် ထိုစကားကို ကြားနာရသည် ရှိသော် ဝမ်းမြောက်သည်ဖြစ်၍ တပည့်သာဝကနှင့်တကွ ဘုရားမြတ်ကို ခုနစ်ရက်ပတ်လုံး ဆွမ်းလုပ်ကျွေး၏။

၂၃၀။ ‘‘ဒုဿေဟစ္ဆာဒယိတွာန, သသိဿံ ဗုဒ္ဓိသာဂရံ [ဗုဒ္ဓသာဂရံ (က။)]၊

နိပစ္စ ပါဒမူလမှိ, တံ ဌာနံ ပတ္ထယိံ အဟံ။

၂၃၀။ ငါသည် သမုဒ္ဒရာနှင့် တူသော ပညာရှိသော မြတ်စွာဘုရားကို တပည့်နှင့် တကွအဝတ်ပုဆိုးတို့ဖြင့် ဖုံးလွှမ်း (လှူဒါန်း) ၍ ခြေရင်း၌ တုပ်ဝပ်လျက် ထိုအရာအထူးကို ဆု တောင်းခဲ့၏။

စာ-၁၃၂

၂၃၁။ ‘‘တတော အဝေါစ လောကဂ္ဂေါ, ‘ပဿထေတံ ဒိဇုတ္တမံ၊

ဝိနတံ ပါဒမူလေ မေ, ကမလောဒရသပ္ပဘံ။

၂၃၁။ ထိုအခါ မြတ်စွာဘုရားသည် ဗျာဒိတ်စကားကို မိန့်ကြားတော်မူ၏၊ ငါ၏ ခြေရင်း၌ ဦးညွှတ်လျက်နေသော ကြာတိုက်နှင့် တူသော အရောင်ရှိသော ဤပုဏ္ဏားမြတ်ကို ရှုကုန် လော့။

၂၃၂။ ‘‘‘ဗုဒ္ဓသေဋ္ဌဿ [သေဋ္ဌံ ဗုဒ္ဓဿ (သျာ။ က။)] ဘိက္ခုဿ, ဌာနံ ပတ္ထယတေ အယံ၊

တာယ သဒ္ဓါယ စာဂေန, သဒ္ဓမ္မဿဝနေန [တေန ဓမ္မဿဝေန (သီ။ ပီ။ က။)] စ။

၂၃၂။ ဤပုဏ္ဏားသည် မြတ်စွာဘုရား၏ (တပည့်ဖြစ်သော ပဋိသမ္ဘိဒါပတ္တ) ရဟန်း၏ မြတ်သောအရာဌာနကို ဆုတောင်း၏။ ထိုယုံကြည်ခြင်းသဒ္ဓါကြောင့်လည်းကောင်း၊ ထိုစွန့်ကြဲခြင်းကြောင့်လည်းကောင်း၊ ထိုတရားနာခြင်းကြောင့်လည်းကောင်း-

၂၃၃။ ‘‘‘သဗ္ဗတ္ထ သုခိတော ဟုတွာ, သံသရိတွာ ဘဝါဘဝေ၊

အနာဂတမှိ အဒ္ဓါနေ, လစ္ဆသေ တံ မနောရထံ။

၂၃၃။ ဘဝငယ်, ဘဝကြီး၌ ကျင်လည်ရသည်ရှိသော် အလုံးစုံသော ဘဝတို့၌ ချမ်းသာ ခြင်းရှိသည်ဖြစ်၍အနာဂတ်ကာလ၌ ထိုစိတ်နှလုံး အလို‘ဆန္ဒ’ရှိသော ဆုကို ရရှိလတ္တံ့။

၂၃၄။ ‘‘‘သတသဟဿိတော ကပ္ပေ, ဩက္ကာကကုလသမ္ဘဝေါ၊

ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။

၂၃၄။ ဤကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမမည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၂၃၅။ ‘‘‘တဿ ဓမ္မေသု ဒါယာဒေါ, ဩရသော ဓမ္မနိမ္မိတော၊

ကောဋ္ဌိကော နာမ နာမေန, ဟေဿတိ သတ္ထု သာဝကော’။

၂၃၅။ ထိုမြတ်စွာဘုရား၏ တရားတို့၌ တရားဖြင့် ဖန်ဆင်းအပ်သော အမွေခံ သားတော် ဖြစ်၍အမည်အားဖြင့် “ကောဋ္ဌိက”ဟု ထင်ရှားသော မြတ်စွာဘုရား၏ တပည့် ‘သာဝက’ ဖြစ်လတ္တံ့ (ဟုမိန့်ကြားတော်မူ၏)။

၂၃၆။ ‘‘တံ သုတွာ မုဒိတော ဟုတွာ, ယာဝဇီဝံ တဒါ ဇိနံ၊

မေတ္တစိတ္တော ပရိစရိံ, သတော ပညာသမာဟိတော။

၂၃၆။ ထိုအခါ သတိ, ပညာ, သမာဓိနှင့် ပြည့်စုံသော ငါသည် ထိုစကားကို ကြားနာရ သည်ရှိသော် ဝမ်းမြောက်သည် ဖြစ်လျက် အသက်ထက်ဆုံး မြတ်စွာဘုရားကို မေတ္တာစိတ်ရှိ သည် ဖြစ်၍ လေ့ကျက်ခဲ့၏။

၂၃၇။ ‘‘တေန ကမ္မဝိပါကေန, စေတနာပဏိဓီဟိ စ၊

ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။

၂၃၇။ ထိုကံအကျိုးကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်းလူ့ခန္ဓာကိုယ်ကို ပယ်စွန့်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။

၂၃၈။ ‘‘သတာနံ တီဏိက္ခတ္တုဉ္စ, ဒေဝရဇ္ဇမကာရယိံ၊

သတာနံ ပဉ္စက္ခတ္တုဉ္စ, စက္ကဝတ္တီ အဟောသဟံ။

၂၃၈။ ငါသည် အကြိမ်သုံးရာတိုင်တိုင် နတ်မင်းအဖြစ်ကိုလည်း ပြုခဲ့ရ၏၊ အကြိမ်ငါးရာ တိုင်တိုင်စကြဝတေမင်းလည်း ဖြစ်ခဲ့၏။

၂၃၉။ ‘‘ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ၊

သဗ္ဗတ္ထ သုခိတော အာသိံ, တဿ ကမ္မဿ ဝါဟသာ။

၂၃၉။ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်၊ ထိုကံ၏အစွမ်းကြောင့် အလုံးစုံသော ဘဝတို့၌ ချမ်းသာသော သူ ဖြစ်ခဲ့၏။

၂၄၀။ ‘‘ဒုဝေ ဘဝေ သံသရာမိ, ဒေဝတ္တေ အထ မာနုသေ၊

အညံ ဂတိံ န ဂစ္ဆာမိ, သုစိဏ္ဏဿ ဣဒံ ဖလံ။

၂၄၀။ ငါသည် နတ်ဘဝ သို့မဟုတ် လူ့ဘဝဟူသော ဘဝနှစ်ပါး၌သာ ကျင်လည်ခဲ့ရ၏၊ အခြားတစ်ပါးသောလားရာဂတိသို့ မရောက်ရပေ။ ဤသို့ ဖြစ်ရခြင်းသည် ကောင်းစွာ လေ့ကျက်ခြင်း၏ အကျိုးပေတည်း။

၂၄၁။ ‘‘ဒုဝေ ကုလေ ပဇာယာမိ, ခတ္တိယေ အထ ဗြာဟ္မဏေ၊

‘‘နီစေ ကုလေ န ဇာယာမိ, သုစိဏ္ဏဿ ဣဒံ ဖလံ။

၂၄၁။ မင်းမျိုး သို့မဟုတ် ပုဏ္ဏားမျိုးဖြစ်သော အမျိုးနှစ်ပါး၌သာ ဖြစ်ရ၏၊ နိမ့်ကျ သော အမျိုး၌မဖြစ်ရပေ။ ဤသို့ ဖြစ်ရခြင်းသည် ကောင်းစွာ လေ့ကျက်ခြင်း၏ အကျိုးပေ တည်း။

၂၄၂။ ‘‘ပစ္ဆိမေ ဘဝေ သမ္ပတ္တေ, ဗြဟ္မဗန္ဓု အဟောသဟံ၊

သာဝတ္ထိယံ ဝိပ္ပကုလေ, ပစ္စာဇာတော မဟဒ္ဓနေ။

၂၄၂။ ငါသည် နောက်ဆုံးဘဝသို့ ရောက်လတ်သော် သာဝတ္ထိမြို့တွင် များသော ဥစ္စာရှိ သောဗြာဟ္မဏမျိုး၌ မွေးဖွားသော ပုဏ္ဏားဖြစ်ခဲ့၏။

၂၄၃။ ‘‘မာတာ စန္ဒဝတီ နာမ, ပိတာ မေ အဿလာယနော၊

ယဒါ မေ ပိတရံ ဗုဒ္ဓေါ, ဝိနယီ သဗ္ဗသုဒ္ဓိယာ။

၂၄၃။ (ငါ၏) အမိသည် စန္ဒဝတီမည်၏၊ ငါ၏ အဖကား အဿလာယနမည်၏။ အကြင် အခါ၌မြတ်စွာဘုရားသည် အလုံးစုံ စင်ကြယ်ခြင်းငှါ ငါ၏ အဖကို ဆုံးမတော်မူ၏။

စာ-၁၃၃

၂၄၄။ ‘‘တဒါ ပသန္နော သုဂတေ, ပဗ္ဗဇိံ အနဂါရိယံ၊

မောဂ္ဂလ္လာနော အာစရိယော, ဥပဇ္ဈာ သာရိသမ္ဘဝေါ။

၂၄၄။ ထိုအခါ ငါသည် မြတ်စွာဘုရား၌ ကြည်ညိုသည် ဖြစ်၍ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏။ အရှင်မဟာမောဂ္ဂလာန်သည် ငါ၏ နိဿရည်းဆရာပေတည်း၊ အရှင် သာရိပုတ္တရာသည် (ငါ၏)ဥပဇ္ဈာယ်ဆရာပေတည်း။

၂၄၅။ ‘‘ကေသေသု ဆိဇ္ဇမာနေသု, ဒိဋ္ဌိ ဆိန္နာ သမူလိကာ၊

နိဝါသေန္တော စ ကာသာဝံ, အရဟတ္တမပါပုဏိံ။

၂၄၅။ ဆံပင်တို့ကို ဖြတ်အပ်ကုန်စဥ် အမြစ်နှင့် တကွ မှားသော အယူသည် ပြတ်လေကုန်၏၊ ငါသည်သင်္ကန်းကို ဝတ်သည်ရှိသော် အရဟတ္တဖိုလ်သို့လည်း ရောက်ခဲ့၏။

၂၄၆။ ‘‘အတ္ထဓမ္မနိရုတ္တီသု, ပဋိဘာနေ စ မေ မတိ၊

ပဘိန္နာ တေန လောကဂ္ဂေါ, ဧတဒဂ္ဂေ ဌပေသိ မံ။

၂၄၆။ ငါ၏ ဉာဏ်ပညာသည် အကျိုး (အနက်), အကြောင်း (ပါဠိ), သဒ္ဒါတို့၌ လည်းကောင်း၊ ပဋိဘာန်ဉာဏ်၌လည်းကောင်း ခွဲခြမ်းစိတ်ဖြာနိုင်ပေ၏။ ထို့ကြောင့် မြတ်စွာဘုရား သည် ငါ့ကိုဧတဒဂ်အရာ၌ ထားတော်မူ၏။

၂၄၇။ ‘‘အသန္ဒိဋ္ဌံ ဝိယာကာသိံ, ဥပတိဿေန ပုစ္ဆိတော၊

ပဋိသမ္ဘိဒါသု တေနာဟံ, အဂ္ဂေါ သမ္ဗုဒ္ဓသာသနေ။

၂၄၇။ အရှင်ဥပတိဿသည် မေးအပ်သည် ဖြစ်၍ ပဋိသမ္ဘိဒါလေးပါးတို့ကို ယုံမှားခြင်း မရှိဘဲဖြေကြားခဲ့၏၊ ထို့ကြောင့် ငါသည် မြတ်စွာဘုရားသာသနာတော်၌ ထိုပဋိသမ္ဘိဒါသို့ ရောက်သောရဟန်းတို့တွင် အမြတ်ဆုံး ဖြစ်၏။

၂၄၈။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။

၂၄၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၂၄၉။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။

၂၄၉။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၂၅၀။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။

၂၅၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်မဟာကောဋ္ဌိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် မဟာကောဋ္ဌိကတ္ထေရအပဒါန ပြီး၏။

ဣတ္ထံ သုဒံ အာယသ္မာ မဟာကောဋ္ဌိကော ထေရော ဣမာ ဂါထာယော

အဘာသိတ္ထာတိ။

မဟာကောဋ္ဌိကတ္ထေရဿာပဒါနံ သတ္တမံ။

၈။ ဥရုဝေဠကဿပတ္ထေရအပဒါန

၂၅၁။ ‘‘ပဒုမုတ္တရော နာမ ဇိနော, သဗ္ဗလောကဝိဒူ မုနိ၊

ဣတော သတသဟဿမှိ, ကပ္ပေ ဥပ္ပဇ္ဇိ စက္ခုမာ။

၈-ဥရုဝေဠကဿပတ္ထေရအပဒါန ၂၅၁။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ အလုံးစုံသော လောကကို သိတော်မူသော ရဟန်းမြတ်ဖြစ်တော်မူသော စက္ခုငါးမျိုးရှိတော်မူသော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။

၂၅၂။ ‘‘ဩဝါဒကော ဝိညာပကော, တာရကော သဗ္ဗပါဏိနံ၊

ဒေသနာကုသလော ဗုဒ္ဓေါ, တာရေသိ ဇနတံ ဗဟုံ။

၂၅၂။ မြတ်စွာဘုရားသည် အလုံးစုံသော သတ္တဝါတို့ကို ဆုံးမတော်မူတတ်၏၊ (သစ္စာ လေးပါးကို) အထူးသိစေတော်မူတတ်၏၊ (သံသရာမှ) ကယ်တင်တော်မူတတ်၏၊ တရားဟော ပြမှု၌ကျွမ်းကျင်လိမ္မာတော်မူ၏၊ များစွာသော လူအပေါင်းတို့ကို ကယ်တင်တော်မူ၏။

၂၅၃။ ‘‘အနုကမ္ပကော ကာရုဏိကော, ဟိတေသီ သဗ္ဗပါဏိနံ၊

သမ္ပတ္တေ တိတ္ထိယေ သဗ္ဗေ, ပဉ္စသီလေ ပတိဋ္ဌပိ။

၂၅၃။ အလုံးစုံသော သတ္တဝါတို့ကိ်ု အစဥ်စောင့်ရှောက်တော်မူတတ်၏၊ သနာခြင်း ‘ကရုဏာ’ ရှိတော်မူ၏၊ (သတ္တဝါအားလုံးတို့၏) အစီးအပွါးကို ရှာမှီးတော်မူ၏၊ ရောက်လာ သော တိတ္ထိအားလုံးတို့ကို ငါးပါးသီလ၌ တည်စေတော်မူ၏။

၂၅၄။ ‘‘ဧဝံ နိရာကုလံ အာသိ, သုညတံ တိတ္ထိယေဟိ စ၊

ဝိစိတ္တံ အရဟန္တေဟိ, ဝသီဘူတေဟိ တာဒိဘိ။

၂၅၄။ ဤသို့ မြတ်စွာဘုရားသာသနာတော်သည် ရောယှက်ရှုပ်ထွေးခြင်း ကင်းလေ၏၊ တိတ္ထိတို့မှလည်းဆိတ်သုဥ်းလေ၏၊ ဝသီဘော်ရှိကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံသော ရဟန္တာ တို့ဖြင့်လည်း ဆန်းကြယ်၏။

၂၅၅။ ‘‘ရတနာနဋ္ဌပညာသံ, ဥဂ္ဂတော သော မဟာမုနိ၊

ကဉ္စနဂ္ဃိယသင်္ကာသော, ဗာတ္တိံသဝရလက္ခဏော။

၂၅၅။ ထိုမြတ်စွာဘုရားသည် အတောင်ငါးဆယ့်ရှစ်တောင် မြင့်တော်မူ၏၊ ပန်းကုံးနှင့် တူတော်မူ၏၊ သုံးဆယ့်နှစ်ပါးသော ယောကျာ်းမြတ်တို့၏ လက္ခဏာတို့နှင့် ပြည့်စုံတော်မူ၏။

စာ-၁၃၄

၂၅၆။ ‘‘ဝဿသတသဟဿာနိ, အာယု ဝိဇ္ဇတိ တာဝဒေ၊

တာဝတာ တိဋ္ဌမာနော သော, တာရေသိ ဇနတံ ဗဟုံ။

၂၅၆။ ထိုအခါ အသက်တမ်းသည် အနှစ်တစ်သိန်းတို့ပတ်လုံး တည်ရှိလေ၏၊ ထိုမြတ်စွာ ဘုရားသည် ထိုမျှလောက် (အသက်တော်) တည်ရှိလျက် များစွာသော လူအပေါင်းကို ကယ် တင်တော်မူ၏။

၂၅၇။ ‘‘တဒါဟံ ဟံသဝတိယာ, ဗြာဟ္မဏော သာဓုသမ္မတော၊

ဥပေစ္စ လောကပဇ္ဇောတံ, အဿောသိံ ဓမ္မဒေသနံ။

၂၅၇။ ထိုအခါ ငါသည် ဟံသာဝတီမြို့၌ သူတော်ကောင်းဟု သမုတ်အပ်သော ပုဏ္ဏား ဖြစ်၍မြတ်စွာဘုရားသို့ ချဥ်းကပ်ပြီးလျှင် တရားဒေသနာတော်ကို နာကြားခဲ့၏။

၂၅၈။ ‘‘တဒါ မဟာပရိသတိံ, မဟာပရိသသာဝကံ၊

ဌပေန္တံ ဧတဒဂ္ဂမှိ, သုတွာန မုဒိတော အဟံ။

၂၅၈။ ထိုအခါ ငါသည် များစွာသော ပရိသတ်၌ များသော ပရိသတ်ရှိသော တပည့် သာဝကကိုဧတဒဂ်အရာ၌ ထားတော်မူသည်ကို ကြားနာရသည်ရှိသော် ဝမ်းမြောက်သည် ဖြစ်၍-

၂၅၉။ ‘‘မဟတာ ပရိဝါရေန, နိမန္တေတွာ မဟာဇိနံ၊

ဗြာဟ္မဏာနံ သဟဿေန, သဟဒါနမဒါသဟံ။

၂၅၉။ ငါသည် ဘုရားမြတ်ကို ပင့်ဖိတ်၍ များစွာသော အခြံအရံဖြစ်သော ပုဏ္ဏား တစ်ထောင်နှင့်တကွအလှူကို ပေးလှူခဲ့၏။

၂၆၀။ ‘‘မဟာဒါနံ ဒဒိတွာန, အဘိဝါဒိယ နာယကံ၊

ဧကမန္တံ ဌိတော ဟဋ္ဌော, ဣဒံ ဝစနမဗြဝိံ။

၂၆၀။ သင့်လျော်သော အရပ်၌ တည်နေသော ငါသည် ရွှင်လန်းလျက် ကြီးကျယ်သော အလှူကြီးကို ပေးလှူ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ဤစကားကို လျှောက်ထား၏-

၂၆၁။ ‘‘‘တယိ သဒ္ဓါယ မေ ဝီရ, အဓိကာရဂုဏေန စ၊

ပရိသာ မဟတီ ဟောတု, နိဗ္ဗတ္တဿ တဟိံ တဟိံ’။

၂၆၁။ မြတ်စွာဘုရား အရှင်ဘုရား၌ တပည့်တော်၏ ယုံကြည်ခြင်း ‘သဒ္ဓါ’ ကြောင့်လည်းကောင်း၊ ဆုတောင်းခြင်း ဂုဏ်ကြောင့်လည်းကောင်း ထိုထိုဘဝ၌ ဖြစ်ရသော တပည့်တော် အား များသောပရိသတ်သည် ဖြစ်ပါစေသော် (ဟု ဆုတောင်းလျှောက်ထား၏)။

၂၆၂။ ‘‘တဒါ အဝေါစ ပရိသံ, ဂဇဂဇ္ဇိတသုဿရော၊

ကရဝီကရုတော သတ္ထာ, ‘ဧတံ ပဿထ ဗြာဟ္မဏံ။

၂၆၂-၂၆၃။ ထိုအခါ ‘ဆင်မြည်သံကဲ့သို့’ ကောင်းသော အသံရှိတော်မူသော မြတ်စွာ ဘုရားသည် ပရိသတ်ကို မိန့်တော်မူ၏- ရွှေအဆင်းရှိသော၊ ကြီးမားသော လက်ရုံးရှိသော၊ ကြာနှင့် တူသောမျက်နှာ, မျက်လုံးရှိသော၊ ရွှင်လန်းတက်ကြွသော အမွေးရှိသော၊ ရွှင်လန်း ခြင်းရှိသော ငါဘုရား၏ ဂုဏ်၌ ယုံကြည်ခြင်း‘သဒ္ဓါ’ရှိသော ဤပုဏ္ဏားကို ရှုကုန်လော့။

၂၆၃။ ‘‘‘ဟေမဝဏ္ဏံ မဟာဗာဟုံ, ကမလာနနလောစနံ၊

ဥဒဂ္ဂတနုဇံ ဟဋ္ဌံ, သဒ္ဓဝန္တံ ဂုဏေ မမ။

၂၆၄။ ‘‘‘ဧသ ပတ္ထယတေ ဌာနံ [ပတ္ထယိ တံ ဌာနံ (သျာ။)], သီဟဃောသဿ ဘိက္ခုနော၊

အနာဂတမှိ အဒ္ဓါနေ, လစ္ဆသေ တံ မနောရထံ။

၂၆၄။ ဤပုဏ္ဏားသည် “သီဟဃောသ”မည်သော ရဟန်း၏ အရာအထူးကို ဆုတောင်း၏။ အနာဂတ်ကာလ၌ ဤစိတ်အလို ‘ဆန္ဒ’ရှိသော ဆုကို ရလတ္တံ့။

၂၆၅။ ‘‘‘သတသဟဿိတော ကပ္ပေ, ဩက္ကာကကုလသမ္ဘဝေါ၊

ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။

၂၆၅။ ဤကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမမည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၂၆၆။ ‘‘‘တဿ ဓမ္မေသု ဒါယာဒေါ, ဩရသော ဓမ္မနိမ္မိတော၊

ကဿပေါ နာမ ဂေါတ္တေန, ဟေဿတိ သတ္ထု သာဝကော’။

၂၆၆။ ထိုမြတ်စွာဘုရား၏ တရားတို့၌ တရားသည် ဖန်ဆင်းအပ်သော အမွေခံ သား တော်ဖြစ်၍အမည်အားဖြင့် ကဿပမည်သော မြတ်စွာဘုရား၏ တပည့်သာဝက ဖြစ်လတ္တံ့ (ဟု မိန့်တော်မူ၏)။

၂၆၇။ ‘‘ဣတော ဒွေနဝုတေ ကပ္ပေ, အဟု သတ္ထာ အနုတ္တရော၊

အနူပမော အသဒိသော, ဖုဿော လောကဂ္ဂနာယကော။

၂၆၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ သာလွန်သူမရှိသော၊ ဥပမာမရှိသော၊ တူသောသူမရှိသော၊ လောက၏ အမြတ်ဆုံး ရှေ့သွားဖြစ်တော်မူသော ဖုဿမြတ်စွာဘုရား သည် ပွင့်တော်မူခဲ့၏။

၂၆၈။ ‘‘သော စ သဗ္ဗံ တမံ ဟန္တွာ, ဝိဇဋေတွာ မဟာဇဋံ၊

ဝဿတေ အမတံ ဝုဋ္ဌိံ, တပ္ပယန္တော သဒေဝကံ။

၂၆၈။ ထိုမြတ်စွာဘုရားသည် (ကား) အလုံးစုံသော အမိုက်မှောင်ကို ပယ်ဖျောက်၍ ကြီးစွာသောတဏှာအရှုပ်အထွေးကို ဖြေရှင်းပြီးလျှင် နတ်နှင့် တကွသော လူကို ရောင့်ရဲနှစ် သက်စေလျက်အမြိုက်နိဗ္ဗာန်မိုးကို ရွာချတော်မူ၏။

စာ-၁၃၅

၂၆၉။ ‘‘တဒါ ဟိ ဗာရာဏသိယံ, ရာဇာ ပစ္စာ အဟုမှသေ၊

ဘာတရောမှ တယော သဗ္ဗေ, သံဝိသဋ္ဌာဝ ရာဇိနော။

၂၆၉။ ထိုအခါ၌ပင်လျှင် (ငါတို့သည်) ဗာရာဏသီမြို့၌ မင်း၏ သားတော်ဖြစ်ခဲ့ကုန်၏၊ သုံးယောက်သောငါတို့ညီနောင်အားလုံးတို့သည် မင်းအား ကြောက်ရွံ့ခြင်း ကင်းစေကုန်၏။

၂၇၀။ ‘‘ဝီရင်္ဂရူပါ ဗလိနော, သင်္ဂါမေ အပရာဇိတာ၊

တဒါ ကုပိတပစ္စန္တော [ကုပ္ပတိ ပစ္စန္တော (က။)], အမှေ အာဟ မဟီပတိ။

၂၇၀။ ရဲရင့်သော အင်္ဂါရုပ်ရှိကုန်၏၊ ခွန်အား ကောင်းကုန်၏၊ စစ်မြေပြင်၌ ရန်သူတို့ သည်မအောင်နိုင်ကုန်၊ ထိုအခါ တိုင်းစွန်ပြည်ဖျားအရပ်သည် (သောင်းကျန်းမှုကြောင့်) ပျက် စီး၏၊ မင်းသည်ငါတို့ကို မိန့်ဆို၏-

၂၇၁။ ‘‘‘ဧထ ဂန္တွာန ပစ္စန္တံ, သောဓေတွာ အဋ္ဋဝီဗလံ၊

ခေမံ ဝိဇိရိတံ ကတွာ, ပုန ဒေထာတိ ဘာသထ’။

၂၇၁။ လာကြကုန်လော့၊ တိုင်းစွန်ပြည်ဖျားအရပ်သို့ သွား၍ တောနေသူပုန်ကို သုတ်သင် ပြီးလျှင် ငါ၏နိုင်ငံတော်ကို ဘေးကင်းအောင်ပြု၍ ပြန်သိမ်းပေးကုန်လော့ဟု မိန့်ဆိုလေ၏။

၂၇၂။ ‘‘တတော မယံ အဝေါစုမှ, ယဒိ ဒေယျာသိ နာယကံ၊

ဥပဋ္ဌာနာယ အမှာကံ, သာဓယိဿာမ ဝေါ တတော။

၂၇၂။ ထိုအခါ ငါတို့သည် ဤသို့ လျှောက်ကုန်၏- မြတ်စွာဘုရားကို လုပ်ကျွေးခြင်းငှါအရှင်မင်းကြီးသည် အကျွန်ုပ်တို့အား အကယ်၍ ပေးငြားအံ့၊ ထိုသို့ ပေးခဲ့သော် အရှင် မင်းကြီးတို့၏ (အမှုကိစ္စကို) ပြီးစေပါကုန်အံ့ (ဟု လျှောက်၏)။

၂၇၃။ ‘‘တတော မယံ လဒ္ဓဝရာ, ဘူမိပါလေန ပေသိတာ၊

နိက္ခိတ္တသတ္ထံ ပစ္စန္တံ, ကတွာ ပုနရုပစ္စ တံ။

၂၇၃။ ထိုအခါ ဆုရပြီးသော ငါတို့သည် မင်းသည် စေလွှတ်အပ်ကုန်သည်ဖြစ်၍ တိုင်းစွန် ပြည်ဖျားအရပ်ကို လက်နက်ချစေပြီးလျှင် ထိုမင်းထံသို့ တစ်ဖန် ချဥ်းကပ်လျက်-

၂၇၄။ ‘‘ယာစိတွာ သတ္ထုပဋ္ဌာနံ, ရာဇာနံ လောကနာယကံ၊

မုနိဝီရံ လဘိတွာန, ယာဝဇီဝံ ယဇိမှ တံ။

၂၇၄။ မြတ်စွာဘုရားအား လုပ်ကျွေးရန် မင်းကို တောင်းပန်လတ်သော် လောက၏ ရှေ့သွားဘုရားမြတ်ကို ရ၍ ထိုမြတ်စွာဘုရားကို အသက်ထက်ဆုံး ပူဇော်ခဲ့ကုန်၏။

၂၇၅။ ‘‘မဟဂ္ဃါနိ စ ဝတ္ထာနိ, ပဏီတာနိ ရသာနိ စ၊

သေနာသနာနိ ရမ္မာနိ, ဘေသဇ္ဇာနိ ဟိတာနိ စ။

၂၇၅။ အဖိုးများစွာ ထိုက်တန်သော အဝတ်တို့ကို လည်းကောင်း၊ မွန်မြတ်ကုန်သောအရသာတို့ကို လည်းကောင်း၊ မွေ့လျော်ဖွယ်ရှိသော ကျောင်းအိပ်ရာနေရာတို့ကို လည်းကောင်း၊ အစီးအပွါးကို ဆောင်သော ဆေးတို့ကို လည်းကောင်း-

၂၇၆။ ‘‘ဒတွာ သသံဃမုနိနော [သသံဃဿ မုနေ (သီ။ ပီ။)], ဓမ္မေနုပ္ပါဒိတာနိ နော၊

သီလဝန္တော ကာရုဏိကာ, ဘာဝနာယုတ္တမာနသာ။

၂၇၆။ သီလရှိကုန်သော သနားခြင်းရှိကုန်သော ဘာဝနာနှင့် ယှဥ်သော စိတ်ရှိကုန်သော ငါတို့သည်သံဃာနှင့် တကွသော မြတ်စွာဘုရားအား ငါတို့၏ တရားသဖြင့် ဖြစ်စေအပ် ကုန်သော ဝတ္ထုတို့ကို ပေးလှူ၍-

၂၇၇။ ‘‘သဒ္ဓါ ပရိစရိတွာန, မေတ္တစိတ္တေန နာယကံ၊

နိဗ္ဗုတေ တမှိ လောကဂ္ဂေ, ပူဇံ ကတွာ ယထာဗလံ။

၂၇၇။ မြတ်စွာဘုရားကို သဒ္ဓါတရားရှိကုန်သည်ဖြစ်၍ မေတ္တာစိတ်ဖြင့် လုပ်ကျွေးပြီးလျှင် ထိုမြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံတော်မူလတ်သော် မြတ်စွာဘုရားကို စွမ်းအားရှိသလောက် ပူဇော်ခြင်းကို ပြုခဲ့ခြင်းကြောင့်-

၂၇၈။ ‘‘တတော စုတာ သန္တုသိတံ [တာဝတိံသံ (သျာ။)], ဂတာ တတ္ထ မဟာသုခံ၊

အနုဘူတာ မယံ သဗ္ဗေ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၂၇၈။ ထိုဘဝမှ စုတေလတ်ကုန်သော် တုသိတာဘုံသို့ ရောက်ကြရကုန်၏၊ ထိုတုသိတာ ဘုံ၌ငါတို့အားလုံးသည် ကြီးစွာသော ချမ်းသာကို ခံစားကြရကုန်၏။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားကိုပူဇော်ရခြင်း၏ အကျိုးပေတည်း။

၂၇၉။ ‘‘မာယာကာရော ယထာ ရင်္ဂေ [လဒ္ဓေါ (သျာ။ ပီ။)], ဒဿေသိ ဝိကတိံ ဗဟုံ၊

တထာ ဘဝေ ဘမန္တောဟံ [ဂမေန္တောဟံ (က။), ဘဝန္တောဟံ (သျာ။)], ဝိဒေဟာဓိပတီ အဟုံ။

၂၇၉။ မျက်လှည့်သမားသည် ပွဲသဘင်၌ (နိုင်ငံ၌) အထူးအဆန်း များစွာကို ပြသကဲ့သို့ ထို့အတူ ငါသည်သံသရာဘဝ၌ ကျင်လည်ရသော် ဝိဒေဟ (တိုင်းကိုအစိုးရသော အင်္ဂတိ) မင်း ဖြစ်ခဲ့၏။

၂၈၀။ ‘‘ဂုဏာစေဠဿ ဝါကျေန, မိစ္ဆာဒိဋ္ဌိဂတာသယော၊

နရကံ မဂ္ဂမာရူဠှော, ရုစာယ မမ ဓီတုယာ။

၂၈၀။ ငါသည် ဂုဏတက္ကတွန်း၏ စကားကြောင့် မိစ္ဆာဒိဋ္ဌိသည် ဖျက်ဆီးအပ်သော စိတ် အလိုရှိသူ ဖြစ်၍ငရဲလမ်းကြောင်းသို့ တက်ရောက်လျက် ရှိလေ၏၊ ငါသည် ငါ၏ သမီးတော် ရုစာ၏-

၂၈၁။ ‘‘ဩဝါဒံ နာဒိယိတွာန, ဗြဟ္မုနာ နာရဒေနဟံ၊

ဗဟုဓာ သံသိတော သန္တော, ဒိဋ္ဌိံ ဟိတွာန ပါပိကံ။

၂၈၁။ အဆုံးအမကို မနာယူခြင်းကြောင့် ငါ့ကို နာရဒဗြဟ္မာသည် များစွာ ဆုံးမအပ်သည် ဖြစ်၍ယုတ်ညံ့သော ဒိဋ္ဌိအယူကို ပယ်စွန့်ပြီးလျှင် -

စာ-၁၃၆

၂၈၂။ ‘‘ပူရယိတွာ ဝိသေသေန, ဒသ ကမ္မပထာနိဟံ၊

ဟိတွာန ဒေဟမဂမိံ, သဂ္ဂံ သဘဝနံ ယထာ။

၂၈၂။ ငါသည် ကမ္မပထဆယ်ပါးတို့ကို အထူးသဖြင့် ပြည့်စေလျက် ခန္ဓာကိုယ်ကို ပယ်စွန့်ရသည်ရှိသော် ‘မိမိဘုံကဲ့သို့’ နတ်ပြည်သို့ ရောက်ခဲ့ရ၏။

၂၈၃။ ‘‘ပစ္ဆိမေ ဘဝေ သမ္ပတ္တေ, ဗြဟ္မဗန္ဓု အဟောသဟံ၊

ဗာရာဏသိယံ ဖီတာယံ, ဇာတော ဝိပ္ပမဟာကုလေ။

၂၈၃။ ငါသည် နောက်ဆုံးဘဝသို့ ရောက်လတ်သော် စည်ပင်ဝပြောသော ဗာရာဏသီမြို့ တွင် မြတ်သောဗြာဟ္မဏမျိုး၌ မွေးဖွားသော ပုဏ္ဏား ဖြစ်ခဲ့၏။

၂၈၄။ ‘‘မစ္စုဗျာဓိဇရာ ဘီတော, ဩဂါဟေတွာ မဟာဝနံ [ဇဟိတွာန မဟာဓနံ (သီ။), ဇဟိတွာ စ မဟာဓနံ (ပီ။)]၊

နိဗ္ဗာနံ ပဒမေသန္တော, ဇဋိလေသု ပရိဗ္ဗဇိံ။

၂၈၄။ ငါသည် သေခြင်း၊ နာခြင်း၊ အိုခြင်းမှ ကြောက်လန့်သည် ဖြစ်၍ ဥရုဝေဠတောကြီး သို့ဝင်ပြီးလျှင် နိဗ္ဗာန် (ရောက်ကြောင်းတရား) ကို ရှာမှီးလိုသဖြင့် ရသေ့တို့ဘောင်၌ ဝင်ရောက် ခဲ့၏။

၂၈၅။ ‘‘တဒါ ဒွေ ဘာတရော မယှံ, ပဗ္ဗဇိံသု မယာ သဟ၊

ဥရုဝေဠာယံ မာပေတွာ, အဿမံ နိဝသိံ အဟံ။

၂၈၅။ ထိုအခါ ငါ၏ ညီနောင်နှစ်ယောက်တို့သည် ငါနှင့် အတူ ရသေ့ရဟန်းပြု၏၊ ငါသည်ဥရုဝေဠတော၌ သင်္ခမ်းကျောင်းကို ဖန်ဆင်း၍ နေခဲ့၏။

၂၈၆။ ‘‘ကဿပေါ နာမ ဂေါတ္တေန, ဥရုဝေဠနိဝါသိကော [ဥရုဝေဠာယ နိဝသိံ (သျာ။)]၊

တတော မေ အာသိ ပညတ္တိ, ဥရုဝေဠကဿပေါ ဣတိ။

၂၈၆။ အနွယ်အားဖြင့် ကဿပ အမည်ရှိ၏၊ ဥရုဝေဠတော၌ နေခဲ့၏၊ ထို့ကြောင့် ငါ့အား“ဥရုဝေဠကဿပ”ဟူသော အမည်ပညတ်သည် ဖြစ်လေ၏။

၂၈၇။ ‘‘နဒီသကာသေ ဘာတာ မေ, နဒီကဿပသဝှယော၊

အာသီ သကာသနာမေန, ဂယာယံ ဂယာကဿပေါ။

၂၈၇။ ငါ၏ ညီအလတ်သည် မြစ်အနီး၌ နေခြင်းကြောင့် နဒီကဿပ အမည်ရှိ၏။ ဂယာ၌ နေသောငါ၏ ညီငယ်သည် မိမိနေရာ အမည်အားဖြင့် “ဂယာကဿပ” ဖြစ်လေ၏။

၂၈၈။ ‘‘ဒွေ သတာနိ ကနိဋ္ဌဿ, တီဏိ မဇ္ဈဿ ဘာတုနော၊

မမ ပဉ္စ သတာနူနာ, သိဿာ သဗ္ဗေ မမာနုဂါ။

၂၈၈။ ညီငယ်အား နှစ်ရာသော တပည့်တို့ ရှိကုန်၏၊ ညီလတ်အား သုံးရာသော တပည့် တို့ရှိကုန်၏၊ ငါ့အား မယုတ်လျော့ကုန်သော တပည့်ငါးရာတို့သည် ရှိကုန်၏၊ တပည့်အားလုံး တို့သည် ငါ၏နောက်လိုက်များ ဖြစ်ကုန်၏။

၂၈၉။ ‘‘တဒါ ဥပေစ္စ မံ ဗုဒ္ဓေါ, ကတွာန ဝိဝိဓာနိ မေ [ကတွာ နာနာဝိဓာနိ မေ (သီ။)]၊

ပါဋိဟီရာနိ လောကဂ္ဂေါ, ဝိနေသိ နရသာရထိ။

၂၈၉။ ထိုအခါ လောကထက်မြတ်သော လူတို့ကို ဆုံးမတတ်သော မြတ်စွာဘုရားသည် ငါ့ထံသို့ ချဥ်းကပ်၍ ငါ့အား တန်ခိုးပြာဋိဟာ အမျိုးမျိုးတို့ကို ပြ၍ ဆုံးမတော်မူ၏။

၂၉၀။ ‘‘သဟဿပရိဝါရေန, အဟောသိံ ဧဟိဘိက္ခုကော၊

တေဟေဝ သဟ သဗ္ဗေဟိ, အရဟတ္တမပါပုဏိံ။

၂၉၀။ ငါသည် တစ်ထောင်သော အခြံအရံနှင့် တကွ ဧဟိဘိက္ခုရဟန်းဖြစ်ခဲ့၏၊ ထိုတပည့် အားလုံးတို့နှင့်အတူတကွ အရဟတ္တဖိုလ်သို့ ရောက်ခဲ့၏။

၂၉၁။ ‘‘တေ စေဝညေ စ ဗဟဝေါ, သိဿာ မံ ပရိဝါရယုံ၊

သာသိတုဉ္စ သမတ္ထောဟံ, တတော မံ ဣသိသတ္တမော။

၂၉၁။ များစွာသော ထိုတပည့်တို့သည်လည်းကောင်း၊ အခြားသော သူတို့သည်လည်းကောင်း ငါ့ကိုခြံရံကုန်၏။ ငါသည်လည်း ဆုံးမခြင်းငှါ စွမ်းနိုင်ပေ၏၊ ထို့ကြောင့် မြတ်စွာ ဘုရားသည် ငါ့ကို-

၂၉၂။ ‘‘မဟာပရိသဘာဝသ္မိံ, ဧတဒဂ္ဂေ ဌပေသိ မံ၊

အဟော ဗုဒ္ဓေ ကတံ ကာရံ, သဖလံ မေ အဇာယထ။

၂၉၂။ များသော ပရိသတ်ရှိခြင်းဟူသော ဧတဒဂ်အရာ၌ ထားတော်မူ၏၊ မြတ်စွာဘုရား၌ ပြုအပ်သောပူဇော်သက္ကာရသည် အံ့ဩဖွယ် ရှိပါပေစွ၊ ငါ့အား အကျိုးရှိသည် ဖြစ်၏။

၂၉၃။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။

၂၉၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၂၉၄။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။

၂၉၄။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

စာ-၁၃၇

၂၉၅။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။

၂၉၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဥရုဝေဠကဿပမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် ဥရုဝေဠကဿပတ္ထေရအပဒါန ပြီး၏။

ဣတ္ထံ သုဒံ အာယသ္မာ ဥရုဝေဠကဿပေါ ထေရော ဣမာ ဂါထာယော

အဘာသိတ္ထာတိ။

ဥရုဝေဠကဿပတ္ထေရဿာပဒါနံ အဋ္ဌမံ။

၉။ ရာဓတ္ထေရအပဒါန

၂၉၆။ ‘‘ပဒုမုတ္တရော နာမ ဇိနော, သဗ္ဗလောကဝိဒူ မုနိ၊

ဣတော သတသဟဿမှိ, ကပ္ပေ ဥပ္ပဇ္ဇိ စက္ခုမာ။

၉-ရာဓတ္ထေရအပဒါန ၂၉၆။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ အလုံးစုံသော လောကကို သိတော်မူ၍ စက္ခုငါးမျိုးရှိသည့်ရဟန်းမြတ်ဖြစ်တော်မူသော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။

၂၉၇။ ‘‘ဩဝါဒကော ဝိညာပကော, တာရကော သဗ္ဗပါဏိနံ၊

ဒေသနာကုသလော ဗုဒ္ဓေါ, တာရေသိ ဇနတံ ဗဟုံ။

၂၉၇။ မြတ်စွာဘုရားသည် အလုံးစုံသော သတ္တဝါတို့ကို ဆုံးမတော်မူတတ်၏၊ (သစ္စာ လေးပါးကို) အထူးသိစေတော်မူတတ်၏၊ (သံသရာမှ) ကယ်တင်တော်မူတတ်၏၊ တရားဟော ပြောမှု၌ကျွမ်းကျင်လိမ္မာတော်မူ၍ များစွာသော လူအပေါင်းကို ကယ်တင်တော်မူ၏။

၂၉၈။ ‘‘အနုကမ္ပကော ကာရုဏိကော, ဟိတေသီ သဗ္ဗပါဏိနံ၊

သမ္ပတ္တေ တိတ္ထိယေ သဗ္ဗေ, ပဉ္စသီလေ ပတိဋ္ဌပိ။

၂၉၈။ အလုံးစုံသော သတ္တဝါတို့ကို အစဥ်စောင့်ရှောက်တော်မူတတ်၏၊ သနားခြင်းရှိတော် မူ၏၊ (သတ္တဝါအားလုံးတို့၏) အစီးအပွါးကို ရှာမှီးတော်မူ၏၊ ရောက်လာသော တိတ္ထိအားလုံး တို့ကို ငါးပါးသီလ၌ တည်စေတော်မူ၏။

၂၉၉။ ‘‘ဧဝံ နိရာကုလံ အာသိ, သုညတံ တိတ္ထိယေဟိ စ၊

ဝိစိတ္တံ အရဟန္တေဟိ, ဝသီဘူတေဟိ တာဒိဘိ။

၂၉၉။ ဤသို့ (မြတ်စွာဘုရား၏ သာသနာတော်သည်) ရောယှက်ရှုပ်ထွေးခြင်းကင်းလေ၏၊ တိတ္ထိတို့မှလည်း ဆိတ်သုဥ်းလေ၏၊ ဝသီဘော်သို့ ရောက်သော တာဒိဂုဏ်နှင့် ပြည့်စုံ သောရဟန္တာတို့ဖြင့်လည်း ဆန်းကြယ်ပေ၏။

၃၀၀။ ‘‘ရတနာနဋ္ဌပညာသံ, ဥဂ္ဂတော သော မဟာမုနိ၊

ကဉ္စနဂ္ဃိယသင်္ကာသော, ဗာတ္တိံသဝရလက္ခဏော။

၃၀၀။ ထိုမြတ်စွာဘုရားသည် အတောင်ငါးဆယ့်ရှစ်တောင် မြင့်တော်မူ၏၊ ရွှေတုရိုဏ် တိုင်နှင့်တူတော်မူ၏၊ ယောကျာ်းမြတ်တို့၏ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်နှင့် ပြည့်စုံတော်မူ၏။

၃၀၁။ ‘‘ဝဿသတသဟဿာနိ, အာယု ဝိဇ္ဇတိ တာဝဒေ၊

တာဝတာ တိဋ္ဌမာနော သော, တာရေသိ ဇနတံ ဗဟုံ။

၃၀၁။ ထိုအခါ အသက်တမ်းသည် အနှစ်တစ်သိန်းတို့ပတ်လုံး တည်ရှိ၏၊ ထိုမြတ်စွာ ဘုရားသည် ထိုမျှလောက် အသက်တော် တည်ရှိလျက် များစွာသော လူအပေါင်းကို ကယ်တင်တော်မူ၏။

၃၀၂။ ‘‘တဒါဟံ ဟံသဝတိယံ, ဗြာဟ္မဏော မန္တပါရဂူ၊

ဥပေစ္စ တံ နရဝရံ, အဿောသိံ ဓမ္မဒေသနံ။

၃၀၂-၃၀၃။ ထိုအခါ ငါသည် ဟံသာဝတီမြို့၌ ဗေဒင်သုံးပုံတို့ကို တစ်ဖက်ကမ်းရောက် တတ်မြောက်သောပုဏ္ဏားဖြစ်၍ ပဋိဘာန်ဉာဏ်ရှိသော တရားဒေသနာ ဖြစ်ခြင်းငှါ ထိုက်သော ရဟန်းကို ဧတဒဂ်အရာ၌တင်ထားပညတ်တော်မူသော ကြီးမားသော လုံ့လရှိတော်မူသော ပရိသတ်တို့၌ ရဲရင့်တော်မူသော သတ္တဝါတို့ကို ဆုံးမတော်မူတတ်သော ထိုမြတ်စွာဘုရားသို့ ကပ်၍ တရားဒေသနာတော်ကို နာကြားခဲ့၏။

၃၀၃။ ‘‘ပညပေန္တံ မဟာဝီရံ, ပရိသာသု ဝိသာရဒံ၊

ပဋိဘာနေယျကံ ဘိက္ခုံ, ဧတဒဂ္ဂေ ဝိနာယကံ။

၃၀၄။ ‘‘တဒါဟံ ကာရံ ကတွာန, သသံဃေ လောကနာယကေ၊

နိပစ္စ သိရသာ ပါဒေ, တံ ဌာနံ အဘိပတ္ထယိံ။

၃၀၄။ ထိုအခါ ငါသည် သံဃာနှင့် တကွသော မြတ်စွာဘုရားအား ပူဇော်သက္ကာရကို ပြုပြီးလျှင် ခြေတော်တို့ကို ဦးတိုက်၍ ထိုအရာအထူးကို ဆုတောင်းခဲ့၏။

၃၀၅။ ‘‘တတော မံ ဘဂဝါ အာဟ, သိင်္ဂီနိက္ခသမပ္ပဘော၊

သရေန ရဇနီယေန, ကိလေသမလဟာရိနာ။

၃၀၅။ ထိုအခါ သိင်္ဂနိက်ရွှေနှင့် တူမျှသော အရောင်ရှိတော်မူသော မြတ်စွာဘုရားသည် ကိလေသာအညစ်အကြေးကို ပယ်ရှားတတ်သော နှစ်သက်ဖွယ်ရှိသော အသံတော်ဖြင့် ငါ့ကို ဗျာဒိတ်စကားမိန့်ကြားတော်မူ၏-

စာ-၁၃၈

၃၀၆။ ‘‘‘သုခီ ဘဝဿု ဒီဃာယု, သိဇ္ဈတု ပဏိဓီ တဝ၊

သသံဃေ မေ ကတံ ကာရံ, အတီဝ ဝိပုလံ တယာ။

၃၀၆။ သင်သည် သံဃာနှင့် တကွသော ငါဘုရားအား အလွန်လျှင် ကြီးကျယ်ပြန့် ပြောသောပူဇော်သက္ကာရကို ပြုခဲ့၏။ (ထို့ကြောင့်) ချမ်းသာရှိသူ၊ အသက်ရှည်သူ ဖြစ်စေ သတည်း။ သင်၏ဆုတောင်းခြင်းသည် ပြည့်စုံစေသတည်း။

၃၀၇။ ‘‘‘သတသဟဿိတော ကပ္ပေ, ဩက္ကာကကုလသမ္ဘဝေါ၊

ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။

၃၀၇။ ဤကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမမည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၃၀၈။ ‘‘‘တဿ ဓမ္မေသု ဒါယာဒေါ, ဩရသော ဓမ္မနိမ္မိတော၊

ရာဓောတိ နာမဓေယျေန, ဟေဿတိ သတ္ထု သာဝကော။

၃၀၈။ ထိုမြတ်စွာဘုရား၏ တရားတို့၌ တရားသည် ဖန်ဆင်းအပ်သော အမွေခံ သားတော်ဖြစ်၍“ရာဓ”ဟူသော အမည်ဖြင့် ထင်ရှားသော မြတ်စွာဘုရား၏ တပည့်သာဝက ဖြစ်လတ္တံ့။

၃၀၉။ ‘‘‘သ တေ ဟေတုဂုဏေ တုဋ္ဌော, သကျပုတ္တော နရာသဘော [ဣဒံ ပါဒဒွယံ သျာမမူလေ နတ္ထီ]၊

ပဋိဘာနေယျကာနဂ္ဂံ, ပညပေဿတိ နာယကော’။

၃၀၉။ လူတို့ထက် မြတ်သော သာကီဝင်မင်းသား မြတ်စွာဘုရားသည် မိမိဥစ္စာ ဖြစ် ကုန်သောအကြောင်းပါရမီဂုဏ်၌ နှစ်သက်တော်မူသည်ဖြစ်၍ ပဋိဘာန်ဉာဏ်ရှိသော ပုဂ္ဂိုလ်တို့ တွင် အမြတ်ဆုံးဟု တင်ထားပညတ်တော်မူလတ္တံ့ (ဟု မိန့်ကြားတော်မူ၏)။

၃၁၀။ ‘‘တံ သုတွာ မုဒိတော ဟုတွာ, ယာဝဇီဝံ တဒါ ဇိနံ၊

မေတ္တစိတ္တော ပရိစရိံ, သတော ပညာသမာဟိတော။

၃၁၀။ ထိုအခါ သတိ၊ ပညာ၊ သမာဓိရှိသော ငါသည် ထိုစကားကို ကြားနာရသည် ရှိသော် ဝမ်းမြောက်သည်ဖြစ်၍ အသက်ရှင်သမျှ ကာလပတ်လုံး မြတ်စွာဘုရားကို မေတ္တာစိတ် ရှိသည်ဖြစ်၍လုပ်ကျွေးခဲ့၏။

၃၁၁။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊

ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။

၃၁၁။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို ပယ်စွန့်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။

၃၁၂။ ‘‘သတာနံ တီဏိက္ခတ္တုဉ္စ, ဒေဝရဇ္ဇမကာရယိံ၊

သတာနံ ပဉ္စက္ခတ္တုဉ္စ, စက္ကဝတ္တီ အဟောသဟံ။

၃၁၂။ ငါသည် အကြိမ်သုံးရာတိုင်တိုင် နတ်မင်းအဖြစ်ကိုလည်း ပြုခဲ့၏၊ အကြိမ်ငါးရာ တိုင်တိုင်စကြဝတေးမင်းလည်း ဖြစ်ခဲ့၏။

၃၁၃။ ‘‘ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ၊

သဗ္ဗတ္ထ သုခိတော အာသိံ, တဿ ကမ္မဿ ဝါဟသာ။

၃၁၃။ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်၊ ထိုကံ၏အစွမ်းကြောင့် အလုံးစုံသော ဘဝတို့၌ ချမ်းသာသောသူ ဖြစ်ခဲ့၏။

၃၁၄။ ‘‘ပစ္ဆိမေ ဘဝေ သမ္ပတ္တေ, ဂိရိဗ္ဗဇပုရုတ္တမေ၊

ဇာတော ဝိပ္ပကုလေ နိဒ္ဓေ, ဝိကလစ္ဆာဒနာသနေ။

၃၁၄။ နောက်ဆုံးဘဝသို့ ရောက်လတ်သော် ရာဇဂြိုဟ်မြို့တော်မြတ်တွင် အဝတ်အစား ချို့တဲ့သောပုဏ္ဏားမျိုး၌ ဖြစ်ရ၏။

၃၁၅။ ‘‘ကဋစ္ဆုဘိက္ခံ ပါဒါသိံ, သာရိပုတ္တဿ တာဒိနော၊

ယဒါ ဇိဏ္ဏော စ ဝုဒ္ဓေါ စ, တဒါရာမမုပါဂမိံ။

၃၁၅။ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော အသျှင်သာရိပုတ္တရာအား တစ်ဇွန်းမျှသော ဆွမ်းကို ပေးလှူခဲ့၏၊ အကြင်အခါ၌ အိုမင်းသူလည်း ဖြစ်၏၊ အရွယ်ကြီးသူလည်း ဖြစ်၏၊ ထိုအခါတွင်မှ ငါသည်ကျောင်းအရံသို့ ချဥ်းကပ်ခဲ့၏။

၃၁၆။ ‘‘ပဗ္ဗဇတိ န မံ ကောစိ [ပဗ္ဗာဇေန္တိ န မံ ကေစိ (သီ။ သျာ ပီ။)], ဇိဏ္ဏဒုဗ္ဗလထာမကံ၊

တေန ဒီနော ဝိဝဏ္ဏင်္ဂေါ [ဝိဝဏ္ဏကော (က။)], သောကော စာသိံ တဒါ အဟံ။

၃၁၆။ ထိုအခါ တစ်စုံတစ်ယောက်သော ရဟန်းမျှ အိုမင်း၍ နည်းသော အားအစွမ်းရှိ သော ငါ့ကိုရဟန်းပြုမပေးချေ၊ ထို့ကြောင့် ငါသည် ဆင်းရဲလျက် ရုပ်အဆင်းအင်္ဂါမလှဘဲ စိုးရိမ်ခြင်းရှိသူ ဖြစ်ခဲ့၏။

၃၁၇။ ‘‘ဒိသွာ မဟာကာရုဏိကော, မမမာဟ [မမာဟ သော (သီ။), မမာဟ စ (ပီ။)] မဟာမုနိ၊

‘ကိမတ္ထံ ပုတ္တသောကဋ္ဋော, ဗြူဟိ တေ စိတ္တဇံ ရုဇံ’။

၃၁၇။ ကြီးမြတ်သော သနားခြင်းရှိတော်မူသော မြတ်စွာဘုရားသည် ငါ့ကို မြင်၍ ချစ်သားအဘယ့်ကြောင့် စိုးရိမ်ခြင်းသည် နှိပ်စက်အပ်ဘိသနည်း၊ စိတ်ကြောင့်ဖြစ်သော သင်၏ ရောဂါကိုပြောဆိုလော့ဟု မိန့်တော်မူ၏။

၃၁၈။ ‘‘‘ပဗ္ဗဇ္ဇံ န လဘေ ဝီရ, သွာက္ခာတေ တဝ သာသနေ၊

တေန သောကေန ဒီနောသ္မိ, သရဏံ ဟောဟိ နာယက’။

၃၁၈။ မြတ်စွာဘုရား ကောင်းစွာ ဟောကြားတော်မူအပ်သော အရှင်ဘုရား၏ သာသနာ တော်၌ရဟန်းအဖြစ်ကို မရပါ၊ ထိုစိုးရိမ်ခြင်းကြောင့် ဆင်းရဲသူ ဖြစ်ရပါ၏၊ မြတ်စွာဘုရား အရှင်ဘုရားသည် (တပည့်တော်၏) ကိုးကွယ်ရာ ဖြစ်တော်မူပါ။

စာ-၁၃၉

၃၁၉။ ‘‘တဒါ ဘိက္ခူ သမာနေတွာ, အပုစ္ဆိ မုနိသတ္တမော၊

‘ဣမဿ အဓိကာရံ ယေ, သရန္တိ ဗျာဟရန္တု တေ’။

၃၁၉။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို စည်းဝေးစေ၍ ဤပုဏ္ဏား၏ ပြုဖူး သော ကျေးဇူးကိုအမှတ်ရသူတို့သည် ပြောကြားကုန်လော့ဟု မေးတော်မူ၏။

၃၂၀။ ‘‘သာရိပုတ္တော တဒါဝေါစ, ‘ကာရမဿ သရာမဟံ၊

ကဋစ္ဆုဘိက္ခံ ဒါပေသိ, ပိဏ္ဍာယ စရတော မမ’။

၃၂၀။ ထိုအခါ အသျှင်သာရိပုတ္တရာသည် ထိုပုဏ္ဏား၏ ပြုဖူးသော ကျေးဇူးကို တပည့် တော်အောက်မေ့မိပါ၏၊ ဆွမ်းအကျိုးငှါ လှည့်လည်သော တပည့်တော်အား တစ်ဇွန်းမျှသော ဆွမ်းကိုလှူခဲ့ဖူးပါ၏ဟု လျှောက်ဆို၏။

၃၂၁။ ‘‘‘သာဓု သာဓု ကတညူသိ, သာရိပုတ္တ ဣမံ တုဝံ၊

ပဗ္ဗာဇေဟိ ဒိဇံ ဝုဍ္ဎံ, ဟေဿတာဇာနိယော အယံ’။

၃၂၁။ သာရိပုတ္တရာ သာဓု, သာဓု၊ (ကောင်းစွ, ကောင်းစွ)။ သင်သည် ပြုခဲ့သော ကျေးဇူးကို သိသူဖြစ်၏၊ သင်သည် ဤပုဏ္ဏားအိုကြီးကို ရဟန်းပြုပေးလိုက်လော့၊ ဤ ပုဏ္ဏားသည် အာဇာနည်ပုဂ္ဂိုလ်ဖြစ်လတ္တံ့။

၃၂၂။ ‘‘တတော အလတ္ထံ ပဗ္ဗဇ္ဇံ, ကမ္မဝါစောပသမ္ပဒံ၊

န စိရေနေဝ ကာလေန, ပါပုဏိံ အာသဝက္ခယံ။

၃၂၂။ ထိုအခါ (ဉ တ္တိစတုတ္ထ) ကမ္မဝါစာဖြင့် ပဉ္စင်းခံသော ရဟန်းအဖြစ်ကို ရခဲ့၏၊ ကာလမကြာမြင့်မီပင်အာသဝေါကုန်ခြင်းသို့ ရောက်၏။

၃၂၃။ ‘‘သက္ကစ္စံ မုနိနော ဝါကျံ, သုဏာမိ မုဒိတော ယတော၊

ပဋိဘာနေယျကာနဂ္ဂံ, တတော မံ ဌပယီ ဇိနော။

၃၂၃။ ငါသည် မြတ်စွာဘုရား၏ တရားစကားကို ဝမ်းမြောက်လျက် ရိုသေစွာ နာယူခဲ့၏၊ ထို့ကြောင့်မြတ်စွာဘုရားသည် ငါ့ကို ပဋိဘာန်ဉာဏ်ရှိသူတို့တွင် (တရားဒေသနာ ဖြစ်ခြင်းငှါ ထိုက်သူတို့တွင်) အမြတ်ဆုံးဟု (ဧတဒဂ်) ထားတော်မူ၏။

၃၂၄။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။

၃၂၄။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၃၂၅။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။

၃၂၅။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၃၂၆။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။

၃၂၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ရာဓမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် ရာဓတ္ထေရအပဒါန ပြီး၏။

ဣတ္ထံ သုဒံ အာယသ္မာ ရာဓော ထေရော ဣမာ ဂါထာယော

အဘာသိတ္ထာတိ။

ရာဓတ္ထေရဿာပဒါနံ နဝမံ။

၁၀။ မောဃရာဇတ္ထေရအပဒါန

၃၂၇။ ‘‘ပဒုမုတ္တရော နာမ ဇိနော, သဗ္ဗလောကဝိဒူ မုနိ၊

ဣတော သတသဟဿမှိ, ကပ္ပေ ဥပ္ပဇ္ဇိ စက္ခုမာ။

၁၀-မောဃရာဇတ္ထေရအပဒါန ၃၂၇။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ အလုံးစုံသော လောကကို သိတော်မူ၍ စက္ခုငါးမျိုးရှိသည့်ရဟန်းမြတ်ဖြစ်တော်မူသော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။

၃၂၈။ ‘‘ဩဝါဒကော ဝိညာပကော, တာရကော သဗ္ဗပါဏိနံ၊

ဒေသနာကုသလော ဗုဒ္ဓေါ, တာရေသိ ဇနတံ ဗဟုံ။

၃၂၈။ မြတ်စွာဘုရားသည် အလုံးစုံသော သတ္တဝါတို့ကို ဆုံးမတော်မူတတ်၏၊ (သစ္စာ လေးပါးကို) အထူးသိစေတော်မူတတ်၏၊ (သံသရာမှ) ကယ်တင်တော်မူတတ်၏၊ တရားဟော ပြောမှု၌ကျွမ်းကျင်လိမ္မာတော်မူ၏၊ များစွာသော လူအပေါင်းကို ကယ်တင်တော်မူ၏။

၃၂၉။ ‘‘အနုကမ္ပကော ကာရုဏိကော, ဟိတေသီ သဗ္ဗပါဏိနံ၊

သမ္ပတ္တေ တိတ္ထိယေ သဗ္ဗေ, ပဉ္စသီလေ ပတိဋ္ဌပိ။

၃၂၉။ အလုံးစုံသော သတ္တဝါတို့ကို အစဥ်စောင့်ရှောက်တော်မူတတ်၏၊ သနားခြင်းရှိတော်မူ၏၊ (သတ္တဝါအားလုံးတို့၏) အစီးအပွါးကို ရှာမှီးတော်မူ၏၊ ရောက်လာသော တိတ္ထိ အားလုံးတို့ကို ငါးပါးသီလ၌ တည်စေတော်မူ၏။

၃၃၀။ ‘‘ဧဝံ နိရာကုလံ အာသိ, သုညတံ တိတ္ထိယေဟိ စ၊

ဝိစိတ္တံ အရဟန္တေဟိ, ဝသီဘူတေဟိ တာဒိဘိ။

၃၃၀။ ဤသို့ (မြတ်စွာဘုရားသာသနာတော်သည်) ရောယှက်ရှုပ်ထွေးခြင်း ကင်းလေ၏၊ တိတ္ထိတို့မှလည်းဆိတ်သုဥ်းလေ၏၊ ဝသီဘော်သို့ ရောက်သော တာဒိဂုဏ်နှင့် ပြည့်စုံသော ရဟန္တာတို့ဖြင့်လည်းဆန်းကြယ်ပေ၏။

စာ-၁၄၀

၃၃၁။ ‘‘ရတနာနဋ္ဌပညာသံ, ဥဂ္ဂတော သော မဟာမုနိ၊

ကဉ္စနဂ္ဃိယသင်္ကာသော, ဗာတ္တိံသဝရလက္ခဏော။

၃၃၁။ ထိုမြတ်စွာဘုရားသည် အတောင် ငါးဆယ့်ရှစ်တောင် မြင့်တော်မူ၏၊ ရွှေတုရိုဏ် တိုင်နှင့်တူတော်မူ၏၊ ယောကျာ်းမြတ်တို့၏ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်နှင့် ပြည့်စုံတော်မူ၏။

၃၃၂။ ‘‘ဝဿသတသဟဿာနိ, အာယု ဝိဇ္ဇတိ တာဝဒေ၊

တာဝတာ တိဋ္ဌမာနော သော, တာရေသိ ဇနတံ ဗဟုံ။

၃၃၂။ ထိုအခါ အသက်တမ်းသည် အနှစ်တစ်သိန်းတို့ပတ်လုံး တည်လျက် ရှိ၏၊ ထို မြတ်စွာဘုရားသည် ထိုမျှလောက် အသက်တော် တည်ရှိလျက် များစွာသော လူအပေါင်းကို ကယ်တင်တော်မူ၏။

၃၃၃။ ‘‘တဒါဟံ ဟံသဝတိယံ, ကုလေ အညတရေ အဟုံ၊

ပရကမ္မာယနေ ယုတ္တော, နတ္ထိ မေ ကိဉ္စိ သံဓနံ။

၃၃၃။ ထိုအခါ ငါသည် ဟံသာဝတီမြို့တွင် အမှတ်မရှိသော အမျိုး၌ သူတစ်ပါး အလုပ် ကိုလုပ်ကိုင်ရသော သူ ဖြစ်ခဲ့ရ၏၊ ငါ့အား တစ်စုံတစ်ရာ မိမိဥစ္စာသည် မရှိချေ။

၃၃၄။ ‘‘ပဋိက္ကမနသာလာယံ, ဝသန္တော ကတဘူမိယံ၊

အဂ္ဂိံ ဥဇ္ဇာလယိံ တတ္ထ, ဒဠှံ ကဏှာသိ သာ [ကဏှာ သိယာ (သီ။ ပီ။), ဍယှကဏှာ သိလာ (သျာ။)] ဟီ။

၃၃၄။ တည်းခိုရာ ဇရပ်၌ နေသော ငါသည် အပြေအပြစ် ပြုအပ်သော မြေပေါ်၌ မီးဖိုခဲ့၏၊ ထိုမီးဖိုရာ၌ထိုမြေကြီးသည် စွဲမြဲစွာ မည်းနက်ခြင်း ဖြစ်၏။

၃၃၅။ ‘‘တဒါ ပရိသတိံ နာထော, စတုသစ္စပကာသကော၊

သာဝကံ သမ္ပကိတ္တေသိ, လူခစီဝရဓာရကံ။

၃၃၅။ ထိုအခါ သစ္စာလေးပါးကို ပြတော်မူတတ်သော မြတ်စွာဘုရားသည် ခေါင်းပါးသော သင်္ကန်းကိုဆောင်သော တပည့်သာဝကကို ပရိသတ်၌ ချီးကျူးတော်မူ၏။

၃၃၆။ ‘‘တဿ တမှိ ဂုဏေ တုဋ္ဌော, ပဏိပစ္စ [ပတိပဇ္ဇ (သျာ။)] တထာဂတံ၊

လူခစီဝရဓာရဂ္ဂံ, ပတ္ထယိံ ဌာနမုတ္တမံ။

၃၃၆။ ငါသည် ထိုရဟန်း၏ ထိုဂုဏ်ကျေးဇူး၌ နှစ်သက်သည်ဖြစ်၍ မြတ်စွာဘုရားကို ဦးညွတ်၍ခေါင်းပါးသော သင်္ကန်းကို ဆောင်သော ရဟန်းတို့တွင် အမြတ်ဆုံးဖြစ်သော အရာ အထူးကိုဆုတောင်းခဲ့၏။

၃၃၇။ ‘‘တဒါ အဝေါစ ဘဂဝါ, သာဝကေ ပဒုမုတ္တရော၊

‘ပဿထေတံ ပုရိသကံ, ကုစေလံ တနုဒေဟကံ။

၃၃၇-၃၃၈။ ထိုအခါ ပဒုမုတ္တရမြတ်စွာဘုရားသည် တပည့်သာဝကတို့ကို မိန့်တော်မူ၏- စက်ဆုပ်ဖွယ်အဝတ်ပုဆိုးရှိသော, ပိန်လှီသော ကိုယ်ရှိသော, ပီတိဖြင့် ကြည်လင်သော မျက်နှာရှိသော, သဒ္ဓါဥစ္စာဖြင့်အစဥ်လိုက်၍ တက်ကြွသော အမွေးရှိသော, ရွှင်လန်းဝမ်း မြောက်၍ တုန်လှုပ်ခြင်း မရှိသော, အင်ကြင်းပင်အစုနှင့် တူသော ဤယောကျာ်းကို ရှုကုန် လော့ (ဟု မိန့်တော်မူ၏)။

၃၃၈။ ‘‘‘ပီတိပ္ပသန္နဝဒနံ, သဒ္ဓါဓနသမနွိတံ [သဒ္ဓါသ္နေဟသမနွတံ (က။)]၊

ဥဒဂ္ဂတနုဇံ ဟဋ္ဌံ, အစလံ သာလပိဏ္ဍိတံ။

၃၃၉။ ‘‘‘ဧသော ပတ္ထေတိ တံ ဌာနံ, သစ္စသေနဿ ဘိက္ခုနော၊

လူခစီဝရဓာရိဿ, တဿ ဝဏ္ဏသိတာသယော [ဝဏ္ဏဂတာသယော (သီ။ သျာ။ ပီ။)]။

၃၃၉။ ဤယောကျာ်းသည် ခေါင်းပါးသော သင်္ကန်းကို ဆောင်လေ့ရှိသော ထိုသစ္စသေန ရဟန်း၏ဂုဏ်ကျေးဇူး၌ မှီသော အလိုဆန္ဒရှိသူ ဖြစ်၍ ထိုအရာအထူးကို ဆုတောင်း၏။

၃၄၀။ ‘‘တံ သုတွာ မုဒိတော ဟုတွာ, နိပစ္စ သိရသာ ဇိနံ၊

ယာဝဇီဝံ သုဘံ ကမ္မံ, ကရိတွာ ဇိနသာသနေ။

၃၄၀။ ထိုစကားကို ကြားရသည်ရှိသော် ငါသည် ဝမ်းမြောက်ခြင်းရှိသည်ဖြစ်၍ မြတ်စွာ ဘုရားကိုဦးတိုက်လျက် အသက်ထက်ဆုံး မြတ်စွာဘုရားသာသနာ၌ ကောင်းမှုကံကို ပြုခဲ့ပြီး လျှင်-

၃၄၁။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊

ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသူပဂေါ အဟံ။

၃၄၁။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို ပယ်စွန့်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။

၃၄၂။ ‘‘ပဋိက္ကမနသာလာယံ, ဘူမိဒါဟကကမ္မုနာ၊

သမသဟဿံ နိရယေ, အဒယှိံ ဝေဒနာဋ္ဋိတော။

၃၄၂။ တည်းခိုရာ ဇရပ်ဝယ် မြေ၌ မီးတိုက်ခြင်း ကံကြောင့် အနှစ်တစ်ထောင်တိတိ ငရဲ၌ဆင်းရဲဝေဒနာဖြင့် နှိပ်စက်အပ်လျက် ပူလောင်ခဲ့၏။

၃၄၃။ ‘‘တေန ကမ္မာဝသေသေန, ပဉ္စ ဇာတိသတာနိဟံ၊

မနုဿော ကုလဇော ဟုတွာ, ဇာတိယာ လက္ခဏင်္ကိတော။

၃၄၃။ ငါသည် ထိုကံကြွင်းကြောင့် ဘဝငါးရာတို့ပတ်လုံး လူဖြစ်၍ ပဋိသန္ဓေကပင် အမည်းမှတ်စွဲထင်ခဲ့ရသူ ဖြစ်ခဲ့၏။

စာ-၁၄၁

၃၄၄။ ‘‘ပဉ္စ ဇာတိသတာနေဝ, ကုဋ္ဌရောဂသမပ္ပိတော၊

မဟာဒုက္ခံ အနုဘဝိံ, တဿ ကမ္မဿ ဝါဟသာ။

၃၄၄။ ငါသည် ထိုကံ၏ အစွမ်းကြောင့် ဘဝငါးရာတို့ပတ်လုံးပင် နူနာဖြင့် နှိပ်စက်အပ် သည်ဖြစ်၍ကြီးစွာသော ဆင်းရဲကို ခံစားခဲ့ရ၏။

၃၄၅။ ‘‘ဣမသ္မိံ ဘဒ္ဒကေ ကပ္ပေ, ဥပရိဋ္ဌံ ယသဿိနံ၊

ပိဏ္ဍပါတေန တပ္ပေသိံ, ပသန္နမာနသော အဟံ။

၃၄၅။ ငါသည် ဤဘဒ္ဒကမ္ဘာ၌ အခြံအရံအကျော်အစောရှိသော ဥပရိဋ္ဌပစ္စေကဗုဒ္ဓါကို ကြည် ညိုသောစိတ်ရှိသည်ဖြစ်၍ ဆွမ်းဖြင့် ရောင့်ရဲနှစ်သိမ့်စေခဲ့၏။

၃၄၆။ ‘‘တေန ကမ္မဝိသေသေန, စေတနာပဏိဓီဟိ စ၊

ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။

၃၄၆။ ထိုကံအထူးကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကိုစွန့်ပယ်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။

၃၄၇။ ‘‘ပစ္ဆိမေ ဘဝေ သမ္ပတ္တေ, အဇာယိံ ခတ္တိယေ ကုလေ၊

ပိတုနော အစ္စယေနာဟံ, မဟာရဇ္ဇသမပ္ပိတော။

၃၄၇။ ငါသည် နောက်ဆုံးဘဝသို့ ရောက်လတ်သော် မင်းမျိုး၌ ဖြစ်ခဲ့၏၊ အဖကွယ်လွန် သဖြင့် ငါသည်မြတ်သော မင်းအဖြစ်သို့ ရောက်ရ၏။

၃၄၈။ ‘‘ကုဋ္ဌရောဂါဓိဘူတောဟံ, န ရတိံ န သုခံ လဘေ၊

မောဃံ ရဇ္ဇံ သုခံ ယသ္မာ, မောဃရာဇာ တတော အဟံ။

၃၄၈။ ငါသည် နူနာရောဂါဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ ပျော်မွေ့ခြင်းကို မရပေ၊ ချမ်းသာ ခြင်းကို လည်းမရရှိခဲ့ပေ၊ (အကြင့်ကြောင့်) မင်းစည်းစိမ်ချမ်းသာသည် ငါ့အား အချည်းနှီးဖြစ်၏၊ ထို့ကြောင့် ငါသည် (မောဃရာဇ) အချည်းနှီးသော မင်းဖြစ်လေ၏။

၃၄၉။ ‘‘ကာယဿ ဒေါသံ ဒိသွာန, ပဗ္ဗဇိံ အနဂါရိယံ၊

ဗာဝရိဿ ဒိဇဂ္ဂဿ, သိဿတ္တံ အဇ္ဈုပါဂမိံ။

၃၄၉။ ငါသည် ခန္ဓာကိုယ်၏ အပြစ်ကို မြင်၍ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏၊ ဗာဝရီ ပုဏ္ဏားမြတ်၏တပည့်အဖြစ်သို့ ကပ်ရောက်ခဲ့၏။

၃၅၀။ ‘‘မဟတာ ပရိဝါရေန, ဥပေစ္စ နရနာယကံ၊

အပုစ္ဆိံ နိပုဏံ ပဉှံ, တံ ဝီရံ ဝါဒိသူဒနံ။

၃၅၀။ များစွာသော အခြံအရံဖြင့် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ အယူဝါဒကို ပြတတ် သောထိုမြတ်စွာဘုရားအား သိမ်မွေ့သော ပြဿနာကို မေးလျှောက်ခဲ့၏။

၃၅၁။ ‘‘‘အယံ လောကော ပရော လောကော, ဗြဟ္မလောကော သဒေဝကော၊

ဒိဋ္ဌိံ နော [ဒိဋ္ဌာ နော (သီ။), ဒိဋ္ဌံ နော (ပီ။), ဒိဋ္ဌိံ တေ (သျာ။)] နာဘိဇာနာမိ, ဂေါတမဿ ယသဿိနော။

၃၅၁။ (မြတ်စွာဘုရား) ဤလောကသည်လည်းကောင်း၊ တမလွန်လောကသည်လည်းကောင်း၊ နတ်နှင့်တကွသော ဗြဟ္မာလောကသည်လည်းကောင်း ရှိပါ၏။ (သို့သော်) များ သော အခြံအရံအကျော်အစောရှိသော ဂေါတမမြတ်စွာဘုရား၏ အယူဝါဒကို အကျွန်ုပ် မသိပါ။

၃၅၂။ ‘‘‘ဧဝါဘိက္ကန္တဒဿာဝိံ, အတ္ထိ ပဉှေန အာဂမံ၊

ကထံ လောကံ အဝေက္ခန္တံ, မစ္စုရာဇာ န ပဿတိ’။

၃၅၂။ အကျွန်ုပ်သည် ဤသို့ လောကမှ လွန်မြောက်ရာ နိဗ္ဗာန်ကို မြင်တော်မူလေ့ရှိသောမြတ်စွာဘုရားကို ပြဿနာမေးလိုသဖြင့် လာရောက်ပါ၏၊ လောကကို အဘယ်သို့ ရှုကြည့် သူကိုသေမင်းသည် မမြင်နိုင်ပါသနည်း (ဟု မေးလျှောက်၏)။

၃၅၃။ ‘‘‘သုညတော လောကံ အဝေက္ခဿု, မောဃရာဇ သဒါ သတော၊

အတ္တာနုဒိဋ္ဌိံ ဥဟစ္စ, ဧဝံ မစ္စုတရော သိယာ။

၃၅၃။ မောဃရာဇ အခါခပ်သိမ်း သတိရှိလျက် အတ္တသို့ အစဥ်လိုက်သော (သက္ကာယ) ဒိဋ္ဌိကို ပယ်၍ (အတ္တ, သုခ, နိစ္စမှ) ဆိတ်သုဥ်းသောအားဖြင့် လောကကို ရှုကြည့်လော့။ ဤသို့ ရှုကြည့်လတ်သော် သေမင်းကို လွန်မြောက်သည် ဖြစ်ရာ၏။

၃၅၄။ ‘‘‘ဧဝံ လောကံ အဝေက္ခန္တံ, မစ္စုရာဇာ န ပဿတိ’၊

ဣတိ မံ အဘဏိ ဗုဒ္ဓေါ, သဗ္ဗရောဂတိကိစ္ဆကော။

၃၅၄။ ဤသို့ လောကကို ရှုကြည့်ရသော သူကို သေမင်း မမြင်နိုင်ချေ၊ ဤသို့ အလုံး စုံသော ရောဂါကိုကုစားတတ်သော မြတ်စွာဘုရားသည် ငါ့ကို မိန့်တော်မူ၏။

၃၅၅။ ‘‘သဟ ဂါထာဝသာနေန, ကေသမဿုဝိဝဇ္ဇိတော၊

ကာသာဝဝတ္ထဝသနော, အာသိံ ဘိက္ခု တထာရဟာ။

၃၅၅။ ဂါထာဆုံးသည်နှင့် တစ်ပြိုင်နက် ဆံမုတ်ဆိတ်ကင်းလျက် ဖန်ရည်စွန်းအဝတ်ကို ဝတ်သောထိုထိုအခြင်းအရာအားဖြင့် အပူဇော်ခံထိုက်သော (ဧဟိဘိက္ခုရဟန္တာ) ရဟန်း ဖြစ်ခဲ့၏။

၃၅၆။ ‘‘သံဃိကေသု ဝိဟာရေသု, န ဝသိံ ရောဂပီဠိတော၊

မာ ဝိဟာရော ပဒုဿီတိ, ဝါတရောဂေဟိ ပီဠိတော [ဝါစာယာဘိသုပီဠိတော (သျာ။ ပီ။), ဝါတရောဂီ သုပီဠိတော (က။)]။

၃၅၆။ လေရောဂါတို့သည် အလွန် နှိပ်စက်အပ်သည်ဖြစ်၍ ကျောင်းသည် မပျက်စီးပါစေ လင့်ဟုနှလုံးသွင်းလျက် ရောဂါနှိပ်စက်သော ငါသည် သံဃိကကျောင်းတို့၌ မနေခဲ့ပေ။

စာ-၁၄၂

၃၅၇။ ‘‘သင်္ကာရကူဋာ အာဟိတွာ, သုသာနာ ရထိကာဟိ စ၊

တတော သံဃာဋိံ ကရိတွာ, ဓာရယိံ လူခစီဝရံ။

၃၅၇။ ငါသည် အမှိုက်ပုံမှလည်းကောင်း၊ သုသာန်မှလည်းကောင်း၊ လမ်းခရီးတို့မှလည်းကောင်းဆောင်ယူပြီးနောက် ဒုကုဋ်ကို ပြု၍ ခေါင်းပါးသော သင်္ကန်းကို ဆောင်ခဲ့၏။

၃၅၈။ ‘‘မဟာဘိသက္ကော တသ္မိံ မေ, ဂုဏေ တုဋ္ဌော ဝိနာယကော၊

လူခစီဝရဓာရီနံ, ဧတဒဂ္ဂေ ဌပေသိ မံ။

၃၅၈။ ဆေးသမားကြီးသဖွယ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် ငါ၏ ထိုဂုဏ်၌ နှစ်သက်သည်ဖြစ်၍ ခေါင်းပါးသော သင်္ကန်းကို ဆောင်သော ရဟန်းတို့တွင် ဧတဒဂ်အရာ၌ ငါ့ကို ထားတော်မူ၏။

၃၅၉။ ‘‘ပုညပါပပရိက္ခီဏော, သဗ္ဗရောဂဝိဝဇ္ဇိတော၊

သိခီဝ အနုပါဒါနော, နိဗ္ဗာယိဿမနာသဝေါ။

၃၅၉။ ငါသည် ကုသိုလ် အကုသိုလ် ကုန်ခန်းလျက် အလုံးစုံသော ရောဂါ ကင်းပျောက် ပြီးလျှင် ‘လောင်စာမရှိသော မီးကဲ့သို့’ အာသဝမရှိဘဲ ငြိမ်းတော့အံ့ (ပရိနိဗ္ဗာန်ပြုအံ့)။

၃၆၀။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။

၃၆၀။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၃၆၁။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။

၃၆၁။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၃၆၂။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။

၃၆၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်မောဃရာဇမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် မောဃရာဇတ္ထေရအပဒါန ပြီး၏။ ငါးဆယ့်လေးခုမြောက် ကစ္စာယနဝဂ် ပြီး၏။

ဣတ္ထံ သုဒံ အာယသ္မာ မောဃရာဇာ ထေရော ဣမာ ဂါထာယော

အဘာသိတ္ထာတိ။

မောဃရာဇတ္ထေရဿာပဒါနံ ဒသမံ။

ကစ္စာယနဝဂ္ဂေါ စတုပညာသမော။

တဿုဒ္ဒါနံ

ကစ္စာနော ဝက္ကလီ ထေရော, မဟာကပ္ပိနသဝှယော၊

ဒဗ္ဗော ကုမာရနာမော စ, ဗာဟိယော ကောဋ္ဌိကော ဝသီ။

ဥရုဝေဠကဿပေါ ရာဓော, မောဃရာဇာ စ ပဏ္ဍိတော၊

တီဏိ ဂါထာသတာနေတ္ထ, ဗာသဋ္ဌိ စေဝ ပိဏ္ဍိတာ။

စာ-၁၄၃

၅၅။ ဘဒ္ဒိယဝဂ္ဂ

၁။ လကုဏ္ဍဘဒ္ဒိယတ္ထေရအပဒါန

၁။ ‘‘ပဒုမုတ္တရော နာမ ဇိနော, သဗ္ဗဓမ္မေသု စက္ခုမာ၊

ဣတော သတသဟဿမှိ, ကပ္ပေ ဥပ္ပဇ္ဇိ နာယကော။

၅၅-ဘဒ္ဒိယဝဂ် ၁-လကုဏ္ဍဘဒ္ဒိယတ္ထေရအပဒါန ၁။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ အလုံးစုံသော တရားတို့၌ သိမြင်သော ပညာမျက်စိရှိတော်မူသော သတ္တဝါတို့ကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။

၂။ ‘‘တဒါဟံ ဟံသဝတိယံ, သေဋ္ဌိပုတ္တော မဟဒ္ဓနော၊

ဇင်္ဃာဝိဟာရံ ဝိစရံ, သံဃာရာမံ အဂစ္ဆဟံ။

၂။ ထိုအခါ ငါသည် ဟံသာဝတီမြို့၌ များသော ဥစ္စာရှိသော သူဌေးသားဖြစ်၍ အညောင်းပြေလမ်းလျှောက်သွားလတ်သော် သံဃာ့အရံသို့ ရောက်ခဲ့၏။

၃။ ‘‘တဒါ သော လောကပဇ္ဇောတော, ဓမ္မံ ဒေသေသိ နာယကော၊

မဉ္ဇုဿရာနံ ပဝရံ, သာဝကံ အဘိကိတ္တယိ။

၃။ ထိုအခါ လောက၏ မီးရှူးတန်ဆောင်ဖြစ်သော ထိုမြတ်စွာဘုရားသည် တရားကို ဟောတော်မူ၏၊ သာယာသော အသံရှိသော ပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံး တပည့်သာဝကကို ချီးကျူးတော်မူ၏။

၄။ ‘‘တံ သုတွာ မုဒိတော ဟုတွာ, ကာရံ ကတွာ မဟေသိနော၊

ဝန္ဒိတွာ သတ္ထုနော ပါဒေ, တံ ဌာနမဘိပတ္ထယိံ။

၄။ ထိုစကားကို ကြားနာရသည်ရှိသော် ဝမ်းမြောက်သည်ဖြစ်၍ မြတ်စွာဘုရားအား ပူဇော်သက္ကာရကိုပြုပြီးလျှင် မြတ်စွာဘုရား၏ ခြေတော်တို့ကို ရှိခိုးလျက် ထိုအရာအထူးကို ဆုတောင်းခဲ့၏။

၅။ ‘‘တဒါ ဗုဒ္ဓေါ ဝိယာကာသိ, သံဃမဇ္ဈေ ဝိနာယကော၊

‘အနာဂတမှိ အဒ္ဓါနေ, လစ္ဆသေ တံ မနောရထံ။

၅။ ထိုအခါ (သတ္တဝါတို့ကို နိဗ္ဗာန်သို့) ပို့ဆောင်တတ်သော မြတ်စွာဘုရားသည် သံဃာ့ အလယ်၌ဗျာဒိတ်စကား မိန့်ကြားတော်မူ၏၊ ဤသူသည် အနာဂတ်ကာလ၌ ထိုစိတ်အလို ရှိသော ဆုကို ရရှိလတ္တံ့။

၆။ ‘‘‘သတသဟဿိတော ကပ္ပေ, ဩက္ကာကကုလသမ္ဘဝေါ၊

ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။

၆။ ဤကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့်ဂေါတမအမည်ရှိသော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၇။ ‘‘‘တဿ ဓမ္မေသု ဒါယာဒေါ, ဩရသော ဓမ္မနိမ္မိတော၊

ဘဒ္ဒိယော နာမ နာမေန, ဟေဿတိ သတ္ထု သာဝကော’။

၇။ ထိုမြတ်စွာဘုရား၏ တရားတို့၌ တရားသည် ဖန်ဆင်းအပ်သော အမွေခံသားတော် ဖြစ်၍အမည်အားဖြင့် “ဘဒ္ဒိယ”ဟု ထင်ရှားသော မြတ်စွာဘုရား၏ တပည့်သာဝက ဖြစ်လတ္တံ့ (ဟုမိန့်ကြားတော်မူ၏)။

၈။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊

ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။

၈။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက် ခဲ့၏။

၉။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, ဖုဿော ဥပ္ပဇ္ဇိ နာယကော၊

ဒုရာသဒေါ ဒုပ္ပသဟော, သဗ္ဗလောကုတ္တမော ဇိနော။

၉။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ချဥ်းကပ်နိုင်ခဲသော နှိပ်စက်နိုင်ခဲသော အလုံးစုံသောလောကထက် မြတ်သော မာရ်ငါးပါးကို အောင်တော်မူသော ဖုဿမြတ်စွာဘုရား သည် ပွင့်တော်မူ၏။

၁၀။ ‘‘စရဏေန စ သမ္ပန္နော, ဗြဟာ ဥဇု ပတာပဝါ၊

၁၀။ ထိုမြတ်စွာဘုရားသည် အကျင့် ‘စရဏ’ နှင့်လည်း ပြည့်စုံတော်မူ၏၊ ကြီးမားသော ပညာ, ဖြောင့်မတ်သော သမာဓိ, ပြင်းထန်သော လုံ့လလည်း ရှိတော်မူ၏၊ အလုံးစုံသော သတ္တဝါတို့၏အစီးအပွါးကိုလည်း ရှာမှီးတော်မူ၏၊ များစွာသော သတ္တဝါအပေါင်းကို အနှောင် အဖွဲ့မှလည်းလွတ်စေတော်မူ၏။

အရင်းအမြစ်များ

မြန်မာပြန်
ပါဠိတော် မြန်မာပြန် — Ven. Ashin Neminda's MyanmarTipitaka Micro collection

ကျမ်းကိုးကား

  1. Vipassana Research Institute. (n.d.). 55. Bhaddiyavaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#543