အပဒါနပါဠိ (ဒု)
ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။
ဟိတေသီ သဗ္ဗသတ္တာနံ [သဗ္ဗပါဏီနံ (သီ။)], ဗဟုံ မောစေသိ ဗန္ဓနာ။
၁၁။ ‘‘နန္ဒာရာမဝနေ တဿ, အဟောသိံ ဖုဿကောကိလော [ပုဿကောကိလော (သီ။ သျာ။)]၊
ဂန္ဓကုဋိသမာသန္နေ, အမ္ဗရုက္ခေ ဝသာမဟံ။
၁၁။ ငါသည် ထိုမြတ်စွာဘုရား၏ နန္ဒာရုံတော၌ ဖုဿမည်သော ဥဩ ဖြစ်ခဲ့၏၊ ဂန္ဓကုဋိ အနီးသရက်ပင်၌ နေ၏။
၁၂။ ‘‘တဒါ ပိဏ္ဍာယ ဂစ္ဆန္တံ, ဒက္ခိဏေယျံ ဇိနုတ္တမံ၊
ဒိသွာ စိတ္တံ ပသာဒေတွာ, မဉ္ဇုနာဘိနိကူဇဟံ [မဉ္ဇုနာဒေန ကူဇဟံ (သီ။ ပီ။)]။
၁၂။ ထိုအခါ ငါသည် ဆွမ်းခံကြွတော်မူသော မြတ်သော အလှူကို ခံတော်မူထိုက်သော ဘုရားမြတ်ကိုဖူးမြင်ရ၍ စိတ်ကို ကြည်လင်စေပြီးလျှင် သာယာသော အသံဖြင့် တွန်မြည် ခဲ့၏။
၁၃။ ‘‘ရာဇုယျာနံ တဒါ ဂန္တွာ, သုပက္ကံ ကနကတ္တစံ၊
အမ္ဗပိဏ္ဍံ ဂဟေတွာန, သမ္ဗုဒ္ဓဿောပနာမယိံ။
၁၃။ ထိုအခါ ငါသည် မင်းဥယျာဥ်သို့ သွား၍ ကောင်းစွာမှည့်သော ရွှေနှင့်တူသော အခွံရှိသောသရက်သီးခိုင်ကို ဆွတ်ခူးယူပြီးလျှင် မြတ်စွာဘုရားအား ကပ်လှူခဲ့၏။
၁၄။ ‘‘တဒါ မေ စိတ္တမညာယ, မဟာကာရုဏိကော ဇိနော၊
ဥပဋ္ဌာကဿ ဟတ္ထတော, ပတ္တံ ပဂ္ဂဏှိ နာယကော။
၁၄။ ထိုအခါ ငါ၏ စိတ်ကို သိ၍ မြတ်သော ကရုဏာရှိသော မာရ်ငါးပါးကို အောင်တော် မူသော မြတ်စွာဘုရားသည် အလုပ်အကျွေးရဟန်း၏ လက်မှ သပိတ်ကို ယူတော်မူ၏။
၁၅။ ‘‘အဒါသိံ ဟဋ္ဌစိတ္တောဟံ [တုဋ္ဌစိတ္တောဟံ (သီ။)], အမ္ဗပိဏ္ဍံ မဟာမုနေ၊
ပတ္တေ ပက္ခိပ္ပ ပက္ခေဟိ, ပဉ္ဇလိံ [ပက္ခေဟဉ္ဇလိံ (သီ။)] ကတွာန မဉ္ဇုနာ။
၁၅။ ငါသည် ရွှင်လန်းသော စိတ်ရှိသည်ဖြစ်၍ သရက်သီးခိုင်ကို မြတ်စွာဘုရားအား သပိတ်၌ထည့်ပြီးလျှင် လှူဒါန်းခဲ့၏၊ အတောင်တို့ဖြင့် လက်အုပ်ချီလျက်-
၁၆။ ‘‘သရေန ရဇနီယေန, သဝနီယေန ဝဂ္ဂုနာ၊
ဝဿန္တော ဗုဒ္ဓပူဇတ္ထံ, နီဠံ [နိဒ္ဒံ (သျာ။ ပီ။)] ဂန္တွာ နိပဇ္ဇဟံ။
၁၆။ ငါသည် မြတ်စွာဘုရားကို ပူဇော်ခြင်းအကျိုးငှါ စွဲမက်ဖွယ် နာပျော်ဖွယ်ရှိသော ချိုသာသော အသံဖြင့်တွန်မြည်လျက် အသိုက်သို့ သွား၍ ဝပ်နေ၏။
၁၇။ ‘‘တဒါ မုဒိတစိတ္တံ မံ, ဗုဒ္ဓပေမဂတာသယံ၊
သကုဏဂ္ဃိ ဥပါဂန္တွာ, ဃာတယီ ဒုဋ္ဌမာနသော။
၁၇။ ထိုအခါ ဝမ်းမြောက်သော စိတ်ရှိသော ဘုရား၌ ကြည်ညိုသော အလို‘ဆန္ဒ’ရှိသော ငါ့ကိုဖျက်ဆီးလိုသော စိတ်ရှိသော သိမ်းစွန်သည် အနီးသို့ လာ၍ သတ်ခဲ့၏။
၁၈။ ‘‘တတော စုတောဟံ တုသိတေ, အနုဘောတွာ မဟာသုခံ၊
မနုဿယောနိမာဂစ္ဆိံ, တဿ ကမ္မဿ ဝါဟသာ။
၁၈။ ငါသည် ထိုဘဝမှ စုတေလတ်သော် ထိုကံ၏ အစွမ်းကြောင့် တုသိတာဘုံ၌ ကြီးစွာ သောချမ်းသာကို ခံစားပြီးလျှင် လူ့ဘဝသို့ ရောက်ခဲ့၏။
၁၉။ ‘‘ဣမမှိ ဘဒ္ဒကေ ကပ္ပေ, ဗြဟ္မဗန္ဓု မဟာယသော၊
ကဿပေါ နာမ ဂေါတ္တေန, ဥပ္ပဇ္ဇိ ဝဒတံ ဝရော။
၁၉။ ဤဘဒ္ဒကမ္ဘာ၌ များသော အခြံအရံအကျော်အစောရှိသော တရားဟောပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံးဖြစ်တော်မူသော အနွယ်အားဖြင့် ဗြာဟ္မဏအမျိုး၌ ဖြစ်သော ကဿပမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။
၂၀။ ‘‘သာသနံ ဇောတယိတွာ သော, အဘိဘုယျ ကုတိတ္ထိယေ၊
ဝိနယိတွာန ဝေနေယျေ, နိဗ္ဗုတော သော သသာဝကော။
၂၀။ ထိုမြတ်စွာဘုရားသည် သာသနာကို ထွန်းတောက်ပစေလျက် ယုတ်မာသော တိတ္ထိ တို့ကို လွှမ်းမိုးပြီးလျှင် ဝေနေယျသတ္တဝါတို့ကို ဆုံးမ၍ (ထိုမြတ်စွာဘုရားသည် ) တပည့် သာဝကနှင့်တကွပရိနိဗ္ဗာန် စံတော်မူ၏။
၂၁။ ‘‘နိဗ္ဗုတေ တမှိ လောကဂ္ဂေ, ပသန္နာ ဇနတာ ဗဟူ၊
ပူဇနတ္ထာယ ဗုဒ္ဓဿ, ထူပံ ကုဗ္ဗန္တိ သတ္ထုနော။
၂၁။ ထိုမြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူလတ်သော် များစွာသော ကြည်ညိုသူ လူ အပေါင်းတို့သည်မြတ်စွာဘုရားအား ပူဇော်ခြင်းအကျိုးငှါ မြတ်စွာဘုရား၏ ပုထိုး (စေတီ တော်) ကိုတည်ထားပြုလုပ်ကုန်၏။
၂၂။ ‘‘‘သတ္တယောဇနိကံ ထူပံ, သတ္တရတနဘူသိတံ၊
ကရိဿာမ မဟေသိဿ’, ဣစ္စေဝံ မန္တယန္တိ တေ။
၂၂။ ဤသို့လျှင် ထိုသူတို့သည် မြတ်စွာဘုရား၏ ပုထိုး (စေတီ) တော်ကို ရတနာ ခုနစ်ပါးဖြင့်တန်ဆာဆင်လျက် ခုနစ်ယူဇနာရှိအောင် ပြုကုန်အံ့ဟု တိုင်ပင်ကြကုန်၏။
၂၃။ ‘‘ကိကိနော ကာသိရာဇဿ, တဒါ သေနာယ နာယကော၊
ဟုတွာဟံ အပ္ပမာဏဿ, ပမာဏံ စေတိယေ ဝဒိံ။
၂၃။ ထိုအခါ ငါသည် ကိကီမည်သော ကာသိမင်း၏ စစ်ဗိုလ်ချုပ်ဖြစ်၍ အတိုင်းအရှည် မရှိသောမြတ်စွာဘုရား၏ စေတီတော်၌ အတိုင်းအရှည်ကို ပြောဆိုခဲ့၏။
၂၄။ ‘‘တဒါ တေ မမ ဝါကျေန, စေတိယံ ယောဇနုဂ္ဂတံ၊
အကံသု နရဝီရဿ, နာနာရတနဘူသိတံ။
၂၄။ ထိုအခါ ထိုသူတို့သည် ငါ၏ စကားကြောင့် မြတ်စွာဘုရား၏ စေတီတော်ကို အထူး ထူးသောရတနာတို့ဖြင့် တန်ဆာဆင်လျက် အမြင့်တစ်ယူဇနာရှိသည်ကို ပြုကုန်၏။
၂၅။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၂၅။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို ပယ်စွန့်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။
၂၆။ ‘‘ပစ္ဆိမေ စ ဘဝေ ဒါနိ, ဇာတော သေဋ္ဌိကုလေ အဟံ၊
သာဝတ္ထိယံ ပုရဝရေ, ဣဒ္ဓေ ဖီတေ မဟဒ္ဓနေ။
၂၆။ ငါသည် ဤယခုနောက်ဆုံးဘဝတွင် ပြည့်စုံစည်ကားလျက် များသော ဥစ္စာရှိသောသာဝတ္ထိမြို့တော်ဝယ် သူဌေးမျိုး၌ ဖြစ်ခဲ့၏။
၂၇။ ‘‘ပုရပ္ပဝေသေ သုဂတံ, ဒိသွာ ဝိမှိတမာနသော၊
ပဗ္ဗဇိတွာန န စိရံ, အရဟတ္တမပါပုဏိံ။
၂၇။ ငါသည် မြို့သို့ ဝင်တော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၍ ဝမ်းမြောက်သော စိတ်ရှိလျက်ရဟန်းပြုပြီးလျှင် မကြာမြင့်မီ အရဟတ္တဖိုလ်သို့ ရောက်ခဲ့၏။
၂၈။ ‘‘စေတိယဿ ပမာဏံ ယံ, အကရိံ တေန ကမ္မုနာ၊
လကုဏ္ဍကသရီရောဟံ, ဇာတော ပရိဘဝါရဟော။
၂၈။ စေတီတော်၏ အကြင်အတိုင်းအရှည်ကို ပြုခဲ့၏၊ ထိုကံကြောင့် ပုကွသော ကိုယ် ရှိသည်ဖြစ်၍သူတစ်ပါးတို့ ပြက်ရယ်ပြုထိုက်သူ ဖြစ်ရ၏။
၂၉။ ‘‘သရေန မဓုရေနာဟံ, ပူဇိတွာ ဣသိသတ္တမံ၊
မဉ္ဇုဿရာနံ ဘိက္ခူနံ, အဂ္ဂတ္တမနုပါပုဏိံ။
၂၉။ ငါသည် မြတ်စွာဘုရားကို ချိုသာသော အသံဖြင့် ပူဇော်ခဲ့ခြင်းကြောင့် ချိုသာသော အသံရှိသောရဟန်းတို့တွင် အမြတ်ဆုံး ပုဂ္ဂိုလ်အဖြစ်သို့ ရောက်ခဲ့၏။
၃၀။ ‘‘ဖလဒါနေန ဗုဒ္ဓဿ, ဂုဏာနုဿရဏေန စ၊
သာမညဖလသမ္ပန္နော, ဝိဟရာမိ အနာသဝေါ။
၃၀။ မြတ်စွာဘုရားအား သစ်သီးလှူခြင်းကြောင့်လည်းကောင်း၊ ဂုဏ်တော်ကို အကြိမ်ကြိမ်အောက်မေ့ခြင်းကြောင့်လည်းကောင်း သာမညဖိုလ် (အရဟတ္တဖိုလ်) နှင့် ပြည့်စုံလျက် အာသဝေါမရှိဘဲနေရပေ၏။
၃၁။ ‘‘ကိလေသာ ဈာပိတာ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ၊
နာဂေါဝ ဗန္ဓနံ ဆေတွာ, ဝိဟရာမိ အနာသဝေါ။
၃၁။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ ငါသည် အာသဝမရှိဘဲနေရ၏။
၃၂။ ‘‘သွာဂတံ ဝတ မေ အာသိ, ဗုဒ္ဓသေဋ္ဌဿ သန္တိကေ၊
တိဿော ဝိဇ္ဇာ အနုပ္ပတ္တာ, ကတံ ဗုဒ္ဓဿ သာသနံ။
၃၂။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာ ဘုရား၏ အထံတော်၌ ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၃၃။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။
၃၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကို လည်းကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကို လည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်လကုဏ္ဍဘဒ္ဒိယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော လကုဏ္ဍဘဒ္ဒိယတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ လကုဏ္ဍဘဒ္ဒိယော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
လကုဏ္ဍဘဒ္ဒိယတ္ထေရဿာပဒါနံ ပဌမံ။
၂။ ကင်္ခါရေဝတတ္ထေရအပဒါန
၃၄။ ‘‘ပဒုမုတ္တရော နာမ ဇိနော, သဗ္ဗဓမ္မေသု စက္ခုမာ၊
ဣတော သတသဟဿမှိ, ကပ္ပေ ဥပ္ပဇ္ဇိ နာယကော။
၂-ကင်္ခါရေဝတတ္ထေရအပဒါန ၃၄။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ အလုံးစုံသော တရားတို့၌ သိမြင်သော ပညာမျက်စိရှိတော်မူသော သတ္တဝါတို့ကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။
၃၅။ ‘‘သီဟဟနု ဗြဟ္မဂိရော, ဟံသဒုန္ဒုဘိနိဿနော [ဟံသဒုန္ဒုဘိနိဿရော (သီ။) … နိဿဝနော (ပီ။) … သာဝနော (သျာ။)]၊
နာဂဝိက္ကန္တဂမနော, စန္ဒသူရာဒိကပ္ပဘော။
၃၅။ ထိုမြတ်စွာဘုရားသည် ခြင်္သေ့မင်း၏ မေးနှင့်တူသော မေးရှိတော်မူ၏၊ ဗြဟ္မာမင်း၏ အသံနှင့်တူသော အသံရှိတော်မူ၏၊ ဟင်္သာမင်း၏ အသံနှင့် တူသော အသံရှိတော်မူ၏၊ ‘ဆဒ္ဒန်ဆင်မင်း၏သွားခြင်းကဲ့သို့’ သွားခြင်းရှိတော်မူ၏၊ လ, နေတို့ထက် သာလွန်သော အရောင်ရှိတော်မူ၏။
၃၆။ ‘‘မဟာမတီ မဟာဝီရော, မဟာဈာယီ မဟာဗလော [မဟာဂတိ (သျာ။), မဟာဟိတော (ပီ။)]၊
မဟာကာရုဏိကော နာထော, မဟာတမပနူဒနော [မဟာတမဝိဓံသနော (သျာ။), မဟာတမနိသူဒနော (ပီ။)]။
၃၆။ ကြီးမားသော ပညာရှိတော်မူ၏၊ ကြီးမားသော လုံ့လရှိတော်မူ၏၊ မြတ်သော ဈာန်ဝင်စားခြင်းရှိတော်မူ၏၊ ကြီးမားသော ခွန်အားရှိတော်မူ၏၊ ကြီးမားသော ကရုဏာရှိတော် မူ၏၊ (သတ္တဝါတို့၏) ကိုးကွယ်ရာဖြစ်တော်မူ၏၊ ကြီးမားသော အမိုက်မှောင်ကို ပယ်ဖျောက်တော်မူ၏။
၃၇။ ‘‘သ ကဒါစိ တိလောကဂ္ဂေါ, ဝေနေယျံ ဝိနယံ ဗဟုံ [ဝေနေယျေ ဝိနိယံ ဗဟူ (သီ။)]၊
ဓမ္မံ ဒေသေသိ သမ္ဗုဒ္ဓေါ, သတ္တာသယဝိဒူ မုနိ။
၃၇။ လောကထက် မြတ်တော်မူသော သစ္စာလေးပါးကို ကိုယ်တိုင် သိတော်မူသော သတ္တဝါတို့၏အလိုဆန္ဒကို သိတော်မူသော မြတ်စွာဘုရားသည် များစွာသော ဝေနေယျ သတ္တဝါအပေါင်းကို ဆုံးမလျက်တရားကို တစ်ရံတစ်ခါသာလျှင် ဟောတော်မူ၏။
၃၈။ ‘‘ဈာယိံ ဈာနရတံ ဝီရံ, ဥပသန္တံ အနာဝိလံ၊
ဝဏ္ဏယန္တော ပရိသတိံ, တောသေသိ [တောသေတိ (သျာ။ ပီ။ က။)] ဇနတံ ဇိနော။
၃၈။ ဈာန်ဝင်စားလေ့ရှိသော ဈာန်၌ ပျော်မွေ့၍ လုံ့လ‘ဝီရိယ’ရှိသော ကိလေသာမီး ငြိမ်း ပြီးသောနောက်ကျုခြင်းမရှိသော ရဟန်းကို မြတ်စွာဘုရားသည် ပရိသတ်၌ ချီးကျူးလျက် လူအပေါင်းကိုနှစ်သက်စေတော်မူ၏။
၃၉။ ‘‘တဒါဟံ ဟံသဝတိယံ, ဗြာဟ္မဏော ဝေဒပါရဂူ၊
ဓမ္မံ သုတွာန မုဒိတော, တံ ဌာနမဘိပတ္ထယိံ။
၃၉။ ထိုအခါ ငါသည် ဟံသာဝတီမြို့၌ ဝေဒကျမ်းတို့၌ တစ်ဖက်ကမ်းရောက် တတ် မြောက်သောပုဏ္ဏားဖြစ်လျက် တရားကို နာကြားရသည်ရှိသော် ဝမ်းမြောက်သည်ဖြစ်၍ ထို အရာအထူးကိုဆုတောင်းခဲ့၏။
၄၀။ ‘‘တဒါ ဇိနော ဝိယာကာသိ, သံဃမဇ္ဈေ ဝိနာယကော၊
‘မုဒိတော ဟောဟိ တွံ ဗြဟ္မေ, လစ္ဆသေ တံ မနောရထံ။
၄၀။ ထိုအခါ နတ်လူတို့ထက် အကြီးအမှူးဖြစ်တော်မူသော မြတ်စွာဘုရားသည် သံဃာ့ အလယ်၌ဗျာဒိတ်စကား မိန့်ကြားတော်မူ၏၊ ပုဏ္ဏား သင်သည် ဝမ်းမြောက်လေလော့၊ ထို စိတ်အလိုဆန္ဒရှိသောဆုကို ရလတ္တံ့။
၄၁။ ‘‘‘သတသဟဿိတော ကပ္ပေ, ဩက္ကာကကုလသမ္ဘဝေါ၊
ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။
၄၁။ ဤကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမမည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။
၄၂။ ‘‘‘တဿ ဓမ္မေသု ဒါယာဒေါ, ဩရသော ဓမ္မနိမ္မိတော၊
ရေဝတော နာမ နာမေန, ဟေဿတိ သတ္ထု သာဝကော’။
၄၂။ ထိုမြတ်စွာဘုရား၏ တရားတို့၌ တရားသည် ဖန်ဆင်းအပ်သော အမွေခံ သားတော် ဖြစ်၍အမည်အားဖြင့် “ရေဝတ”ဟု ထင်ရှားသော မြတ်စွာဘုရား၏ တပည့်သာဝက ဖြစ်လတ္တံ့ (ဟုမိန့်ကြားတော်မူ၏)။
၄၃။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၄၃။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။
၄၄။ ‘‘ပစ္ဆိမေ စ ဘဝေ ဒါနိ, ဇာတောဟံ ကောလိယေ ပုရေ၊
ခတ္တိယေ ကုလသမ္ပန္နေ, ဣဒ္ဓေ ဖီတေ မဟဒ္ဓနေ။
၄၄။ ဤယခု နောက်ဆုံးဘဝတွင် ငါသည် ကောလိယမြို့ဝယ် ကြွယ်ဝပြည့်စုံလျက် များသော ဥစ္စာရှိသောအမျိုးနှင့် ပြည့်စုံသော မင်းမျိုး၌ ဖြစ်ခဲ့၏။
၄၅။ ‘‘ယဒါ ကပိလဝတ္ထုသ္မိံ, ဗုဒ္ဓေါ ဓမ္မမဒေသယိ၊
တဒါ ပသန္နော သုဂတေ, ပဗ္ဗဇိံ အနဂါရိယံ။
၄၅။ အကြင်အခါ ကပိလဝတ်ပြည်၌ မြတ်စွာဘုရားသည် တရားကို ဟောတော်မူ၏၊ ထိုအခါမြတ်စွာဘုရား၌ ကြည်ညိုသည်ဖြစ်၍ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏။
၄၆။ ‘‘ကင်္ခါ မေ ဗဟုလာ အာသိ, ကပ္ပါကပ္ပေ တဟိံ တဟိံ၊
သဗ္ဗံ တံ ဝိနယီ ဗုဒ္ဓေါ, ဒေသေတွာ ဓမ္မမုတ္တမံ။
၄၆။ ထိုထိုအပ်စပ်သော အရာ, မအပ်စပ်သော အရာ၌ ငါ့အား များစွာသော ယုံမှားခြင်း ဖြစ်ခဲ့၏၊ မြတ်စွာဘုရားသည် မြတ်သော တရားကို ဟောကြားလျက် ထိုယုံမှားခြင်းအားလုံးကိုပယ်ဖျောက်တော်မူ၏။
၄၇။ ‘‘တတောဟံ တိဏ္ဏသံသာရော, သဒါ ဈာနသုခေ ရတော၊
ဝိဟရာမိ တဒါ ဗုဒ္ဓေါ, မံ ဒိသွာ ဧတဒဗြဝိ။
၄၇။ ထို့ကြောင့် ငါသည် သံသရာကို လွန်မြောက်၍ (လွန်မြောက်ပြီးသော ယုံမှားခြင်းရှိ သည်ဖြစ်၍) အခါခပ်သိမ်း ဈာန်ချမ်းသာ၌ ပျော်မွေ့လျက် နေ၏၊ ထိုအခါ မြတ်စွာဘုရားသည် ငါ့ကို မြင်၍ဤစကားကို မိန့်တော်မူ၏ -
၄၈။ ‘‘‘ယာ ကာစိ ကင်္ခါ ဣဓ ဝါ ဟုရံ ဝါ, သကဝေဒိယာ ဝါ ပရဝေဒိယာ ဝါ၊
ယေ ဈာယိနော တာ ပဇဟန္တိ သဗ္ဗာ, အာတာပိနော ဗြဟ္မစရိယံ စရန္တာ’။
၄၈။ ဤလောက၌ဖြစ်စေ, တမလွန်လောက၌ဖြစ်စေ မိမိသိအပ်ကုန်သော သူတစ်ပါးတို့ သိအပ်ကုန်သောအမှတ်မရှိကုန်သော ယုံမှားခြင်းတို့သည် ရှိကုန်ရာ၏၊ ထိုယုံမှားခြင်း အား လုံးတို့ကို ကိလေသာကိုလွန်စွာ ပူပန်စေတတ်သော လုံ့လရှိကုန်သော မြတ်သော အကျင့်ကို ကျင့်ကုန်သောဈာန်ဝင်စားလေ့ရှိသော ပုဂ္ဂိုလ်တို့သည် စွန့်ပယ်ကုန်၏။
၄၉။ ‘‘သတသဟဿေ ကတံ ကမ္မံ, ဖလံ ဒဿေသိ မေ ဣဓ၊
သုမုတ္တော သရဝေဂေါဝ ကိလေသေ ဈာပယိံ မမ။
၄၉။ ကမ္ဘာတစ်သိန်းထက်၌ ပြုခဲ့သော ကံသည် ဤဘဝ၌ ငါ့အား အကျိုးကို ပြ၏၊ ငါသည် ‘ကောင်းစွာပစ်လွှတ်အပ်သော မြားအဟုန်ကဲ့သို့’ ငါ၏ ကိလေသာတို့ကို ရှို့မြှိုက် လောင်ကျွမ်းစေခဲ့၏။
၅၀။ ‘‘တတော ဈာနရတံ ဒိသွာ, ဗုဒ္ဓေါ လောကန္တဂူ မုနိ၊
ဈာယီနံ ဘိက္ခူနံ အဂ္ဂေါ, ပညာပေတိ မဟာမတိ။
၅၀။ ထိုအခါ လောက၏ အဆုံးသို့ ရောက်တော်မူသော ရဟန်းမြတ်ဖြစ်တော်မူသော ကြီးမားသောပညာရှိသော မြတ်စွာဘုရားသည် ဈာန်၌ ပျော်မွေ့သည်ကို မြင်၍ ဈာန်ဝင်စား လေ့ရှိကုန်သောရဟန်းတို့တွင် အမြတ်ဆုံးဟု ပညတ်တော်မူ၏။
၅၁။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၅၁။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၅၂။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၅၂။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၅၃။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၅၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ကင်္ခါရေဝတမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် ကင်္ခါရေဝတတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ကင်္ခါရေဝတော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
ကင်္ခါရေဝတတ္ထေရဿာပဒါနံ ဒုတိယံ။
၃။ သီဝလိတ္ထေရအပဒါန
၅၄။ ‘‘ပဒုမုတ္တရော နာမ ဇိနော, သဗ္ဗဓမ္မေသု စက္ခုမာ၊
ဣတော သတသဟဿမှိ, ကပ္ပေ ဥပ္ပဇ္ဇိ နာယကော။
၃-သီဝလိတ္ထေရအပဒါန ၅၄။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ အလုံးစုံသော တရားတို့ကို သိမြင်သော ပညာမျက်စိရှိတော်မူသော သတ္တဝါတို့ကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သော ပဒုမုတ္တရ မည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။
၅၅။ ‘‘သီလံ တဿ အသင်္ခေယျံ, သမာဓိ ဝဇိရူပမော၊
အသင်္ခေယျံ ဉာဏဝရံ, ဝိမုတ္တိ စ အနောပမာ။
၅၅။ ထိုမြတ်စွာဘုရား၏ သီလတော်ကို ရေတွက်ခြင်းငှါ မစွမ်းနိုင်ချေ၊ ဝဇိရစိန်နှင့် တူသောသမာဓိတော်ကို ရေတွက်ခြင်းငှါ မစွမ်းနိုင်ချေ၊ ဉာဏ်တော်မြတ်ကို ရေတွက်ခြင်းငှါ မစွမ်းနိုင်ချေ၊ ဥပမာမရှိသော အရဟတ္တဖိုလ်ကို လည်း ရေတွက်ခြင်းငှါ မစွမ်းနိုင်ချေ။
၅၆။ ‘‘မနုဇာမရနာဂါနံ, ဗြဟ္မာနဉ္စ သမာဂမေ၊
သမဏဗြာဟ္မဏာကိဏ္ဏေ, ဓမ္မံ ဒေသေသိ နာယကော။
၅၆။ ရဟန်း, ပုဏ္ဏားတို့ဖြင့် ရောပြွမ်းသော လူ, နတ်, နဂါးတို့၏လည်းကောင်း၊ ဗြဟ္မာတို့၏လည်းကောင်း အစည်းအဝေး၌ မြတ်စွာဘုရားသည် တရားတော်ကို ဟောတော်မူ၏။
၅၇။ ‘‘သသာဝကံ မဟာလာဘိံ, ပုညဝန္တံ ဇုတိန္ဓရံ၊
ဌပေသိ ဧတဒဂ္ဂမှိ, ပရိသာသု ဝိသာရဒေါ။
၅၇။ ပရိသတ်တို့၌ ရဲရင့်တော်မူသော မြတ်စွာဘုရားသည် ဘုန်းကံကြီးမားလျက် များ သောလာဘ်ရှိသော အရောင်အလင်းကို ဆောင်သော မိမိတပည့်ကို ဧတဒဂ်အရာ၌ ထားတော်မူ၏။
၅၈။ ‘‘တဒါဟံ ခတ္တိယော အာသိံ, နဂရေ ဟံသသဝှယေ၊
သုတွာ ဇိနဿ တံ ဝါကျံ, သာဝကဿ ဂုဏံ ဗဟုံ။
၅၈။ ထိုအခါ ငါသည် ဟံသမည်သော မြို့၌ မင်းမျိုး ဖြစ်ခဲ့၏၊ တပည့်သာဝက၏ များ စွာသော ဂုဏ်ကို (ချီးကျူးတော်မူသော ) မြတ်စွာဘုရား၏ ထိုစကားကို ကြားနာရသည် ရှိသော် -
၅၉။ ‘‘နိမန္တယိတွာ သတ္တာဟံ, ဘောဇယိတွာ သသာဝကံ၊
မဟာဒါနံ ဒဒိတွာန, တံ ဌာနမဘိပတ္ထယိံ။
၅၉။ တပည့်သာဝကနှင့် တကွသော မြတ်စွာဘုရားကို ပင့်ဖိတ်၍ ခုနစ်ရက်ပတ်လုံး ဆွမ်းကျွေးလျက်အလှူကြီးကို လှူပြီးလျှင် ထိုအရာအထူးကို ဆုတောင်းခဲ့၏။
၆၀။ ‘‘တဒါ မံ ဝိနတံ ပါဒေ, ဒိသွာန ပုရိသာသဘော၊
သရေန မဟတာ ဝီရော [သုဿရေန မဟာဝီရော (သီ။ ပီ။)], ဣဒံ ဝစနမဗြဝိ။
၆၀။ ထိုအခါ ယောကျာ်းမြတ်ဖြစ်သော မြတ်စွာဘုရားသည် ခြေတော်တို့ကို ဦးခိုက်လျက် နေသော ငါ့ကိုမြင်၍ မြတ်သော အသံဖြင့် ဤစကားကို မိန့်တော်မူ၏-
၆၁။ ‘‘‘တတော ဇိနဿ ဝစနံ, သောတုကာမာ မဟာဇနာ၊
ဒေဝဒါနဝဂန္ဓဗ္ဗာ, ဗြဟ္မာနော စ မဟိဒ္ဓိကာ’။
၆၁။ ထိုအခါ မြတ်စွာဘုရား၏ စကားကို ကြားနာလိုကုန်သော များစွာသောလူတို့သည် လည်းကောင်း၊ နတ်, ဒါနောဘီလူး, ဂန္ဓဗ္ဗနတ်တို့သည်လည်းကောင်း၊ တန်ခိုးကြီးသော ဗြဟ္မာတို့သည်လည်းကောင်း-
၆၂။ ‘‘သမဏဗြာဟ္မဏာ စေဝ, နမဿိံသု ကတဉ္ဇလီ၊
‘နမော တေ ပုရိသာဇည, နမော တေ ပုရိသုတ္တမ။
၆၂။ ရဟန်း, ပုဏ္ဏားတို့သည်လည်းကောင်း လက်အုပ်ချီလျက် ရှိခိုးကုန်လျက် ယောကျာ်း အာဇာနည်ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ ယောကျာ်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏။
၆၃။ ‘‘‘ခတ္တိယေန မဟာဒါနံ, ဒိန္နံ သတ္တာဟိကမ္ပိ ဝေါ [သတ္တဟိကံ မိ ဝေါ (သီ။), သတ္တဟိကာဓိကံ (သျာ။), သတ္တဟိကံ ဝိဘော (ပီ။)]၊
သောတုကာမာ ဖလံ တဿ, ဗျာကရောဟိ မဟာမုနေ’။
၆၃။ မြတ်စွာဘုရား အရှင်ဘုရားတို့အား မင်းသည် ခုနစ်ရက်ပတ်လုံး အလှူကြီးကို ပေးလှူခဲ့ပါ၏၊ ထိုအလှူကြီး၏ အကျိုးကို နာလိုပါကုန်၏၊ ဟောကြားတော်မူပါ အရှင်ဘုရား (ဟု လျှောက်ဆိုကုန်၏)။
၆၄။ ‘‘တတော အဝေါစ ဘဂဝါ, ‘သုဏာထ မမ ဘာသိတံ၊
အပ္ပမေယျမှိ ဗုဒ္ဓမှိ, သသံဃမှိ ပတိဋ္ဌိတာ [သံဃမှိ သုပ္ပတိဋ္ဌိတာ (သီ။ ပီ။)]။
၆၄။ ထိုအခါ မြတ်စွာဘုရားသည် မိန့်တော်မူ၏၊ ငါဆိုမည့် စကားကို နာကြားကုန် လော့- သံဃာနှင့်တကွသော မနှိုင်းယှဥ်အပ်သော မြတ်စွာဘုရား၌ အလှူကို ဖြစ်စေအပ်၏။
၆၅။ ‘‘‘ဒက္ခိဏာ တာယ [ဒက္ခိဏာဒါယ (သျာ။ ပီ။)] ကော ဝတ္တာ, အပ္ပမေယျဖလာ ဟိ သာ၊
အပိ စေ သ မဟာဘောဂေါ, ဌာနံ ပတ္ထေတိ ဥတ္တမံ။
၆၅။ ထိုအလှူ၏ (အကျိုးကို) အဘယ်သူသည် ဟောပြောနိုင်အံ့နည်း၊ ထိုအလှူသည် မနှိုင်းယှဥ်နိုင်သောအကျိုးရှိ၏၊ စင်စစ်သော် ကား များစွာသော စည်းစိမ်ရှိသော ထိုမင်းသည် မြတ်သော အရာအထူးကိုဆုတောင်းပေ၏။
၆၆။ ‘‘‘လာဘီ ဝိပုလလာဘာနံ, ယထာ ဘိက္ခု သုဒဿနော၊
တထာဟမ္ပိ ဘဝေယျန္တိ, လစ္ဆသေ တံ အနာဂတေ။
၆၆။ ပြန့်ပြောသောလာဘ်တို့ကို ရလေ့ရှိသော သုဒဿနရဟန်းကဲ့သို့ ထို့အတူ ငါသည် လည်းဖြစ်ရပါလို၏ဟူသော ဤဆုကို အနာဂတ်ကာလ၌ ရလတ္တံ့။
၆၇။ ‘‘‘သတသဟဿိတော ကပ္ပေ, ဩက္ကာကကုလသမ္ဘဝေါ၊
ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။
၆၇။ ဤကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမမည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။
၆၈။ ‘‘‘တဿ ဓမ္မေသု ဒါယာဒေါ, ဩရသော ဓမ္မနိမ္မိတော၊
သီဝလိ နာမ နာမေန, ဟေဿတိ သတ္ထု သာဝကော’။
၆၈။ ထိုမြတ်စွာဘုရား၏ တရားတို့၌ တရားသည် ဖန်ဆင်းအပ်သော အမွေခံသားတော် ဖြစ်၍အမည်အားဖြင့် “သီဝလိ”ဟု ထင်ရှားသော မြတ်စွာဘုရား၏ တပည့်သာဝက ဖြစ်လတ္တံ့ (ဟုမိန့်တော်မူ၏)။
၆၉။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသူပဂေါ အဟံ။
၆၉။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။
၇၀။ ‘‘ဧကနဝုတိတော ကပ္ပေ, ဝိပဿီ လောကနာယကော၊
ဥပ္ပဇ္ဇိ စာရုဒဿနော, သဗ္ဗဓမ္မဝိပဿကော။
၇၀။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ တင့်တယ်သပ္ပါယ်သဖြင့် ဖူးမြော်ထိုက်သော အလုံးစုံသောတရားတို့ကို ရှုမြင်တတ်သော ဝိပဿီမြတ်စွာဘုရားသည် ပွင့်တော်မူ၏။
၇၁။ ‘‘တဒါဟံ ဗန္ဓုမတိယံ, ကုလဿညတရဿ စ၊
ဒယိတော ပဿိတော စေဝ, အာသိံ ကမ္မန္တဝါဝဋော [ကမ္မန္တဗျာဝဋော (သီ။ သျာ။ က။)]။
၇၁။ ထိုအခါ ငါသည် ဗန္ဓုမတီမြို့တွင် တစ်ခုသော အမျိုး၌ သနားကြည့်ရှုတတ်၍ အမှု ကိစ္စကိုကြောင့်ကြစိုက်တတ်သော သူ ဖြစ်ခဲ့၏။
၇၂။ ‘‘တဒါ အညတရော ပူဂေါ, ဝိပဿိဿ မဟေသိနော၊
ပရိဝေသံ အကာရယိ, မဟန္တမတိဝိဿုတံ။
၇၂။ ထိုအခါ အသင်းတစ်သင်းသည် ဝိပဿီမြတ်စွာဘုရားအား ကြီးကျယ်ထင်ရှားသော လုပ်ကျွေးခြင်းကို ပြုလေ၏။
၇၃။ ‘‘နိဋ္ဌိတေ စ မဟာဒါနေ, ဒဒုံ ခဇ္ဇကသဉှိတံ၊
နဝံ ဒဓိံ မဓုဉ္စေဝ, ဝိစိနံ နေဝ အဒ္ဒသုံ။
၇၃။ (အသင်းသားတို့သည်) အလှူကြီး ပြီးစီးလတ်သော် ခဲဖွယ်နှင့် စပ်သော အလှူကို ပေးလှူကုန်၏၊ (ထိုအခါ) အသစ်သော နို့ဓမ်းကိုလည်းကောင်း၊ ပျားရည်ကိုလည်းကောင်း ရှာဖွေသော် လည်းမမြင်မတွေ့ရကုန်။
၇၄။ ‘‘တဒါဟံ တံ ဂဟေတွာန, နဝံ ဒဓိံ မဓုမ္ပိ စ၊
ကမ္မဿာမိဃရံ ဂစ္ဆိံ, တမေသန္တာ မမဒ္ဒသုံ။
၇၄။ ထိုအခါ ငါသည် သစ်သော ထိုနို့ဓမ်းကိုလည်းကောင်း၊ ထိုုပျားရည်အသစ်ကိုလည်းကောင်း ယူ၍အလုပ်ရှင်၏ အိမ်သို့ သွား၏၊ ထိုအရာဝတ္ထုကို ရှာဖွေသူတို့သည် ငါ့ကို တွေ့မြင်ကုန်၏။
၇၅။ ‘‘သဟဿမပိ ဒတွာန, နာလဘိံသု စ တံ ဒွယံ၊
တတောဟံ ဧဝံ စိန္တေသိံ, ‘နေတံ ဟေဿတိ ဩရကံ။
၇၅။ (ထိုအသင်းသည်) အသပြာတစ်ထောင် ပေးသော် လည်း ထိုအရာဝတ္ထု (နို့ဓမ်း, ပျားရည်) နှစ်ခုကိုမရချေ၊ ထို့ကြောင့် ငါသည် ဤသို့ ကြံစည်ခဲ့၏၊ ဤအလှူသည် ယုတ်ညံ့ သော အလှူ မဖြစ်လတ္တံ့။
၇၆။ ‘‘‘ယထာ ဣမေ ဇနာ သဗ္ဗေ, သက္ကရောန္တိ တထာဂတံ၊
အဟမ္ပိ ကာရံ ကဿာမိ, သသံဃေ လောကနာယကေ’။
၇၆။ ဤလူအားလုံးတို့သည် မြတ်စွာဘုရားကို ကောင်းစွာ ပြုစုကုန်သကဲ့သို့ ငါသည် လည်းသံဃာနှင့်တကွ မြတ်စွာဘုရား၌ ပူဇော်သက္ကာရကို ပြုအံ့။
၇၇။ ‘‘တဒါဟမေဝံ စိန္တေတွာ, ဒဓိံ မဓုဉ္စ ဧကတော၊
မဒ္ဒိတွာ လောကနာထဿ, သသံဃဿ အဒါသဟံ။
၇၇။ ထိုအခါ ငါသည် ဤသို့ ကြံစည်ပြီးလျှင် နို့ဓမ်းကိုလည်းကောင်း၊ ပျားရည်ကိုလည်းကောင်းတစ်ပေါင်းတည်း နယ်၍ သံဃာနှင့်တကွသော မြတ်စွာဘုရားအား လှူဒါန်းခဲ့၏။
၇၈။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၇၈။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် ငါသည် တာဝတိံသာနတ် ပြည်သို့ရောက်ခဲ့၏။
၇၉။ ‘‘ပုနာဟံ ဗာရာဏသိယံ, ရာဇာ ဟုတွာ မဟာယသော၊
သတ္တုကဿ တဒါ ဒုဋ္ဌော, ဒွါရရောဓမကာရယိံ။
၇၉။ ငါသည် ဗာရာဏသီမြို့၌ များသော အခြံအရံအကျော်အစောရှိသော မင်း တစ်ဖန် ဖြစ်၍ ရန်သူအားအမျက်ထွက်၍ (ဝန်းရံလျက်) မြို့တံခါး ပိတ်ခြင်းကို ပြုခဲ့၏။
၈၀။ ‘‘တဒါ တပဿိနော ရုဒ္ဓါ, ဧကာဟံ ရက္ခိတာ အဟုံ၊
တတော တဿ ဝိပါကေန, ပါပတိံ [ပါပိဋ္ဌံ (သျာ။) ပါပတ္တံ (က။)] နိရယံ ဘုသံ။
၈၀။ ထိုအခါ ရသေ့ (ပစ္စေကဗုဒ္ဓါ) တို့သည် ဝန်းရံခံရကုန်လျက် တစ်ရက်မျှ စောင့်ရှောက် အပ်ကုန်၏ (ဆင်းရဲခြင်းသို့ ရောက်ကုန်၏)။ ထိုအခါ ထိုကံ၏ အကျိုးကြောင့် ပြင်းထန်သော ငရဲသို့ ကျရောက်ခဲ့ရ၏။
၈၁။ ‘‘ပစ္ဆိမေ စ ဘဝေ ဒါနိ, ဇာတောဟံ ကောလိယေ ပုရေ၊
သုပ္ပဝါသာ စ မေ မာတာ, မဟာလိ လိစ္ဆဝီ ပိတာ။
၈၁။ ဤယခု နောက်ဆုံးဘဝ၌ ငါသည် ကောလိယမြို့၌ မွေးဖွားခဲ့၏၊ ငါ၏ အမိကား သုပ္ပါဝါသာမည်၏၊ အဖကား မဟာလိလိစ္ဆဝီမည်၏။
၈၂။ ‘‘ခတ္တိယေ ပုညကမ္မေန, ဒွါရရောဓဿ ဝါဟသာ၊
သတ္တ ဝဿာနိ နိဝသိံ, မာတုကုစ္ဆိမှိ ဒုက္ခိတော။
၈၂။ ကုသိုလ်ကံကြောင့် မင်းမျိုး၌ ဖြစ်ခဲ့ရ၏၊ မြို့တံခါးကို ပိတ်ဆို့ခဲ့ခြင်း၏ အစွမ်း ကြောင့်ခုနစ်နှစ်တို့ပတ်လုံး အမိဝမ်း၌ ဆင်းရဲခြင်းသို့ ရောက်လျက် နေခဲ့ရ၏။
၈၃။ ‘‘သတ္တာဟံ ဒွါရမူဠှောဟံ, မဟာဒုက္ခသမပ္ပိတော၊
မာတာ မေ ဆန္ဒဒါနေန, ဧဝံ အာသိ သုဒုက္ခိတာ။
၈၃။ ငါသည် (မွေးဖွားစဥ်) ဒွါရ၌ တွေဝေမိန်းမောလျက် ခုနစ်ရက်ပတ်လုံး ကြီးစွာသော ဆင်းရဲခြင်းသို့ရောက်ခဲ့ရ၏၊ ငါ့အမိသည် (မြို့တံခါးပိတ်ရန်) အလိုဆန္ဒပေးခြင်းကြောင့် ဤသို့ အလွန်ဆင်းရဲသူဖြစ်ခဲ့ရ၏။
၈၄။ ‘‘သုဝတ္ထိတောဟံ နိက္ခန္တော, ဗုဒ္ဓေန အနုကမ္ပိတော၊
နိက္ခန္တဒိဝသေယေဝ, ပဗ္ဗဇိံ အနဂါရိယံ။
၈၄။ မြတ်စွာဘုရားသည် သနားစောင့်ရှောက်သည် ဖြစ်၍ ငါသည် အမိဝမ်းတိုက်မှ မွေးဖွားပြီးလျှင် မွေးဖွားသော နေ့၌ပင်လျှင် ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏။
၈၅။ ‘‘ဥပဇ္ဈာ သာရိပုတ္တော မေ, မောဂ္ဂလ္လာနော မဟိဒ္ဓိကော၊
ကေသေ ဩရောပယန္တော မေ, အနုသာသိ မဟာမတိ။
၈၅။ အသျှင်သာရိပုတ္တရာသည် ငါ၏ ဥပဇ္ဈာယ်ဆရာပေတည်း၊ တန်ခိုးကြီးမားသော မြတ်သောပညာရှိသော အသျှင်မောဂ္ဂလ္လာန်သည် ဆံပင်တို့ကို ချလျက် ငါ့အား ဆုံးမတော် မူ၏။
၈၆။ ‘‘ကေသေသု ဆိဇ္ဇမာနေသု, အရဟတ္တမပါပုဏိံ၊
ဒေဝါ နာဂါ မနုဿာ စ, ပစ္စယေ ဥပနေန္တိ မေ။
၈၆။ ဆံပင်တို့ကို ရိတ်ဖြတ်ကုန်စဥ် ငါသည် အရဟတ္တဖိုလ်သို့ ရောက်ခဲ့၏။ နတ်တို့သည် လည်းကောင်း၊ နဂါးတို့သည်လည်းကောင်း၊ လူတို့သည်လည်းကောင်း ငါ၏ (အထံသို့ ) ပစ္စည်းတို့ကို ပို့ဆောင်ကုန်၏။
၈၇။ ‘‘ပဒုမုတ္တရနာထဉ္စ, ဝိပဿိဉ္စ ဝိနာယကံ၊
ယံ ပူဇယိံ ပမုဒိတော, ပစ္စယေဟိ ဝိသေသတော။
၈၇။ ငါသည် အထူးအားဖြင့် ပဒုမုတ္တရမြတ်စွာဘုရားကိိုလည်းကောင်း၊ ဝိပဿီမြတ်စွာဘုရားကိုလည်းကောင်း ပစ္စည်းတို့ဖြင့် ဝမ်းမြောက်လျက် ပူဇော်ခဲ့၏။
၈၈။ ‘‘တတော တေသံ ဝိသေသေန, ကမ္မာနံ ဝိပုလုတ္တမံ၊
လာဘံ လဘာမိ သဗ္ဗတ္ထ, ဝနေ ဂါမေ ဇလေ ထလေ။
၈၈။ ထို့ကြောင့် ထိုကံတို့၏ အကျိုးအထူးအားဖြင့် တော၌လည်းကောင်း၊ ရွာ၌လည်းကောင်း၊ ရေ၌လည်းကောင်း၊ ကုန်း၌လည်းကောင်း အလုံးစုံသော အရပ်တို့၌ များမြတ်သောလာဘ်ကို ရ၏။
၈၉။ ‘‘ရေဝတံ ဒဿနတ္ထာယ, ယဒါ ယာတိ ဝိနာယကော၊
တိံသဘိက္ခုသဟဿေဟိ, သဟ လောကဂ္ဂနာယကော။
၈၉။ အကြင်အခါ လောက၏ အကြီးအမှူးဖြစ်သော မြတ်စွာဘုရားသည် အသျှင်ရေဝတ ကို တွေ့မြင်ရန်ရဟန်းသုံးသောင်းတို့နှင့်တကွ ကြွသွားတော်မူ၏။
၉၀။ ‘‘တဒါ ဒေဝေါပဏီတေဟိ, မမတ္ထာယ မဟာမတိ၊
ပစ္စယေဟိ မဟာဝီရော, သသံဃော လောကနာယကော။
၉၀။ ထိုအခါ ငါ၏ အကျိုးငှါ နတ်တို့သည် ပို့ဆောင်အပ်သော ပစ္စည်းတို့ဖြင့် သံဃာနှင့် တကွမြတ်သော ပညာရှိသော ကြီးသော လုံ့လရှိသော မြတ်စွာဘုရားကို-
၉၁။ ‘‘ဥပဋ္ဌိတော မယာ ဗုဒ္ဓေါ, ဂန္တွာ ရေဝတမဒ္ဒသ၊
တတော ဇေတဝနံ ဂန္တွာ, ဧတဒဂ္ဂေ ဌပေသိ မံ။
၉၁။ ငါသည် လုပ်ကျွေးအပ်၏၊ မြတ်စွာဘုရားသည် အသျှင်ရေဝတထံသို့ ကြွသွား၍ ရှုကြည့်တော်မူ၏၊ ထို့နောက် ဇေတဝန်ကျောင်းသို့ ကြွသွား၍ ငါ့ကို ဧတဒဂ်အရာ၌ ထားတော်မူ၏။
၉၂။ ‘‘‘လာဘီနံ သီဝလိ အဂ္ဂေါ, မမ သိဿေသု ဘိက္ခဝေါ’၊
သဗ္ဗလောကဟိတော သတ္ထာ, ကိတ္တယီ ပရိသာသု မံ။
၉၂။ ရဟန်းတို့ ငါ၏ တပည့်တို့၌ သီဝလိသည် လာဘ်ပေါများသူတို့တွင် အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ပေ၏ဟု အလုံးစုံသော လောက၏ အစီးအပွါးကို ဆောင်တော်မူတတ်သော မြတ်စွာဘုရားသည် ပရိသတ်တို့၌ ငါ့ကို ချီးကျူးတော်မူ၏။
၉၃။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၉၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၉၄။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၉၄။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၉၅။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၉၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သီဝလိမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် သီဝလိတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ သီဝလိထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
သီဝလိတ္ထေရဿာပဒါနံ တတိယံ။
၄။ ဝင်္ဂီသတ္ထေရအပဒါန
၉၆။ ‘‘ပဒုမုတ္တရော နာမ ဇိနော, သဗ္ဗဓမ္မေသု စက္ခုမာ၊
ဣတော သတသဟဿမှိ, ကပ္ပေ ဥပ္ပဇ္ဇိ နာယကော။
၄-ဝင်္ဂီသတ္ထေရအပဒါန ၉၆။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ အလုံးစုံသော တရားတို့ကို သိမြင်တော်မူ သော ပညာမျက်စိရှိတော်မူသော သတ္တဝါတို့ကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။
၉၇။ ‘‘ယထာပိ သာဂရေ ဦမိ, ဂဂနေ ဝိယ တာရကာ၊
ဧဝံ ပါဝစနံ တဿ, အရဟန္တေဟိ စိတ္တိတံ။
၉၇။ သမုဒ္ဒရာ၌ လှိုင်းတံပိုးကဲ့သို့လည်းကောင်း၊ ကောင်းကင်၌ ကြယ်တာရာတို့ကဲ့သို့ လည်းကောင်းဤအတူ ထိုမြတ်စွာဘုရား၏ သာသနာတော်သည် ရဟန္တာတို့ဖြင့် ဆန်း ကြယ်လျက် ရှိပေ၏။
၉၈။ ‘‘သဒေဝါသုရနာဂေဟိ, မနုဇေဟိ ပုရက္ခတော၊
သမဏဗြာဟ္မဏာကိဏ္ဏေ, ဇနမဇ္ဈေ ဇိနုတ္တမော။
၉၈။ ဘုရားမြတ်သည် ရဟန်းပုဏ္ဏားတို့ဖြင့် ရောပြွမ်းသော လူတို့၏ အလယ်၌ နတ်, အသုရာ, နဂါးနှင့် တကွကုန်သော လူတို့ဖြင့် ခြံရံလျက် ရှိပေ၏။
၉၉။ ‘‘ပဘာဟိ အနုရဉ္ဇန္တော, လောကေ [လောကံ (သီ။)] လောကန္တဂူ ဇိနော၊
ဝစနေန ဝိဗောဓေန္တော, ဝေနေယျပဒုမာနိ သော။
၉၉။ လောက၏ အဆုံးသို့ ရောက်တော်မူသော ထိုမြတ်စွာဘုရားသည် ရောင်ခြည်တော် တို့ဖြင့်လောက၌ တပ်စွန်းစေလျက် ဝေနေယျသတ္တဝါ ကြာပဒုမ္မာတို့ကို စကားတော်ဖြင့် ပွင့်စေတော်မူ၏။
၁၀၀။ ‘‘ဝေသာရဇ္ဇေဟိ သမ္ပန္နော, စတူဟိ ပုရိသုတ္တမော၊
ပဟီနဘယသာရဇ္ဇော, ခေမပ္ပတ္တော ဝိသာရဒေါ။
၁၀၀။ ယောကျာ်းမြတ်ဖြစ်လျက် ရဲရင့်တော်မူသော မြတ်စွာဘုရားသည် လေးပါးသောဝေသာရဇ္ဇဉာဏ်တို့နှင့် ပြည့်စုံတော်မူ၏၊ ကြောက်ခြင်း, ရွံရှာခြင်းကို ပယ်ရှားတော်မူ၏၊ ဘေးမဲ့ရာနိဗ္ဗာန်သို့ ရောက်တော်မူ၏။
၁၀၁။ ‘‘အာသဘံ ပဝရံ ဌာနံ, ဗုဒ္ဓဘူမိဉ္စ ကေဝလံ၊
ပဋိဇာနာတိ လောကဂ္ဂေါ, နတ္ထိ သဉ္စောဒကော ကွစိ။
၁၀၁။ လောက၌ အမြတ်ဆုံး မြတ်စွာဘုရားသည် အမြင့်မြတ်ဆုံး ဌာနဖြစ်သော မြတ်စွာ ဘုရား၏ အဆင့်အတန်းကို အကြွင်းမဲ့ ဝန်ခံတော်မူ၏၊ တစ်ဦးတစ်ယောက်မျှ အပြစ်တင် စောဒနာမည့်သူရှိတော်မမူချေ။
၁၀၂။ ‘‘သီဟနာဒမသမ္ဘီတံ, နဒတော တဿ တာဒိနော၊
ဒေဝေါ နရော ဝါ ဗြဟ္မာ ဝါ, ပဋိဝတ္တာ န ဝိဇ္ဇတိ။
၁၀၂။ ခြင်္သေ့သံနှင့် တူသော မကြောက်မရွံ့သော မိန့်ခွန်းကို မိန့် မြွက်တော်မူသော တာဒိဂုဏ်နှင့်ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားအား ကဲ့ရဲ့ပြောဆိုတတ်သော နတ်သည် လည်းကောင်း၊ လူသည်လည်းကောင်း၊ ဗြဟ္မာသည်လည်းကောင်း ရှိတော်မမူချေ။
၁၀၃။ ‘‘ဒေသေန္တော ပဝရံ ဓမ္မံ, သန္တာရေန္တော သဒေဝကံ၊
ဓမ္မစက္ကံ ပဝတ္တေတိ, ပရိသာသု ဝိသာရဒေါ။
၁၀၃။ ပရိသတ်တို့၌ ရဲရင့်တော်မူသော မြတ်စွာဘုရားသည် မြတ်သောတရားကို ဟောပြလျက် နတ်နှင့်တကွသော လူကို (ကောင်းစွာ) ကယ်တင်လျက် တရားစကြာကို လည်စေတော်မူ၏။
၁၀၄။ ‘‘ပဋိဘာနဝတံ အဂ္ဂံ, သာဝကံ သာဓုသမ္မတံ၊
ဂုဏံ ဗဟုံ ပကိတ္တေတွာ, ဧတဒဂ္ဂေ ဌပေသိ တံ။
၁၀၄။ ပဋိဘာန်ဉာဏ်ရှိသော ပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံးဖြစ်လျက် သူတော်ကောင်းဟု သမုတ်အပ်သောထိုတပည့်သာဝကကို များစွာသော ဂုဏ်တို့ဖြင့် ချီးကျူး၍ ဧတဒဂ်အရာ၌ ထားတော်မူ၏။
၁၀၅။ ‘‘တဒါဟံ ဟံသဝတိယံ, ဗြာဟ္မဏော သာဓုသမ္မတော၊
သဗ္ဗဝေဒဝိဒူ ဇာတော, ဝါဂီသော ဝါဒိသူဒနော။
၁၀၅။ ထိုအခါ ငါသည် ဟံသာဝတီမြို့၌ သူတော်ကောင်းဟု သမုတ်အပ်သော ပုဏ္ဏား ဖြစ်၍အလုံးစုံသော ဗေဒင်ကို သိသော သူ၊ ဝါဒကို ပြတတ်သော သူ၊ စကားကို အစိုးရသော သူ ဖြစ်ခဲ့၏။
၁၀၆။ ‘‘ဥပေစ္စ တံ မဟာဝီရံ, သုတွာဟံ ဓမ္မဒေသနံ၊
ပီတိဝရံ ပဋိလဘိံ, သာဝကဿ ဂုဏေ ရတော။
၁၀၆။ ငါသည် ထိုမြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ တရားဒေသနာကို နာကြားသည်ရှိ သော် တပည့်သာဝက၏ ဂုဏ်၌ မွေ့လျော်လျက် (စိတ်ညွတ်လျက်) မြတ်သော ပီတိကို ရခဲ့၏။
၁၀၇။ ‘‘နိမန္တေတွာဝ သုဂတံ, သသံဃံ လောကနန္ဒနံ၊
သတ္တာဟံ ဘောဇယိတွာဟံ, ဒုဿေဟစ္ဆာဒယိံ တဒါ။
၁၀၇။ ထိုအခါ ငါသည် လောကကို နှစ်သက်စေတတ်သော မြတ်စွာဘုရားကို သံဃာ တော်နှင့်တကွပင့်ဖိတ်၍ ခုနစ်ရက်ပတ်လုံး ဆွမ်းကျွေးပြီးလျှင် ပုဆိုး (သင်္ကန်း) တို့ဖြင့် ဖုံးလွှမ်းလှူဒါန်းခဲ့၏။
၁၀၈။ ‘‘နိပစ္စ သိရသာ ပါဒေ, ကတောကာသော ကတဉ္ဇလီ၊
ဧကမန္တံ ဌိတော ဟဋ္ဌော, သန္ထဝိံ ဇိနမုတ္တမံ။
၁၀၈။ အခွင့်ပြုအပ်ပြီးသော ငါသည် ခြေတော်တို့ကို ဦးတိုက်၍ သင့်လျော်ရာ အရပ်၌ ရပ်ပြီးလျှင် လက်အုပ်ချီလျက် ရွှင်လန်းဝမ်းမြောက်စွာ ဘုရားမြတ်ကို ချီးကျူးခဲ့၏။
၁၀၉။ ‘‘‘နမော တေ ဝါဒိမဒ္ဒန [ဝါဒိသဒ္ဒုလ (သီ။ ပီ။), ဝါဒိသူဒန (သျာ။)], နမော တေ ဣသိသတ္တမ [ပုရိသုတ္တမ (သီ။ ပီ။)]၊
နမော တေ သဗ္ဗလောကဂ္ဂ, နမော တေ အဘယင်္ကရ။
၁၀၉။ အယူဝါဒကို နှိမ်နင်းတော်မူတတ်သော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ ခုနစ်ဆူမြောက်ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ အလုံးစုံသော လောကထက်မြတ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ ဘေးမရှိအောင် ပြုတော်မူတတ်သောမြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏။
၁၁၀။ ‘‘‘နမော တေ မာရမထန [မာရမသန (အဋ္ဌ။)], နမော တေ ဒိဋ္ဌိသူဒန၊
နမော တေ သန္တိသုခဒ, နမော တေ သရဏင်္ကရ။
၁၁၀။ မာရ်ငါးပါးကို နှိမ်နင်းတော်မူနိုင်သော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ အယူကိုပြတော်မူတတ်သော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ ငြိမ်းချမ်းသော (နိဗ္ဗာန်) ချမ်းသာကို ပေးတော်မူတတ်သော မြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏၊ ကိုး ကွယ်ရာကို ပြုတော်မူတတ်သောမြတ်စွာဘုရား အရှင်ဘုရားအား ရှိခိုးပါ၏။
၁၁၁။ ‘‘‘အနာထာနံ ဘဝံ နာထော, ဘီတာနံ အဘယပ္ပဒေါ၊
ဝိဿာမဘူမိ [ဝိဿာသံ ဘူမိ (သျာ။), ဝိဿာနဘူမိ (ပီ။)] သန္တာနံ, သရဏံ သရဏေသိနံ’။
၁၁၁။ အရှင်ဘုရားသည် ကိုးကွယ်ရာမဲ့သူတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူပါပေ၏၊ ဘေးမှကြောက်ရွံ့နေသူတို့အား ဘေးမဲ့ကို ပေးတော်မူတတ်ပါပေ၏၊ ပင်ပန်းသူတို့၏ အပန်းဖြေရာဖြစ်တော်မူပါပေ၏၊ ကိုးကွယ်ရာကို ရှာဖွေသူတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူပါပေ၏။
၁၁၂။ ‘‘ဧဝမာဒီဟိ သမ္ဗုဒ္ဓံ, သန္ထဝိတွာ မဟာဂုဏံ၊
အဝေါစံ ဝါဒိသူဒဿ [ဝါဒိသူရဿ (သီ။ သျာ။ ပီ။)], ဂတိံ ပပ္ပေါမိ ဘိက္ခုနော။
၁၁၂။ ဤသို့အစရှိသော စကားတို့ဖြင့် မြတ်သော ဂုဏ်ရှိတော်မူသော မြတ်စွာဘုရားကို ချီးကျူးပြီးလျှင် အယူဝါဒကို ပြတတ်သော ‘ဝါဒိသူဒ’ ရဟန်း၏ လားရာဂတိသို့ ရောက်လိုပါ၏ဟု လျှောက်ထား၏။
၁၁၃။ ‘‘တဒါ အဝေါစ ဘဂဝါ, အနန္တပဋိဘာနဝါ၊
‘ယော သော ဗုဒ္ဓံ အဘောဇေသိ, သတ္တာဟံ သဟသာဝကံ။
၁၁၃ -၁၁၄။ ထိိုအခါ အဆုံးမရှိသော ပဋိဘာန်ဉာဏ်ရှိတော်မူသော မြတ်စွာဘုရားသည် ဗျာဒိတ်စကားမိန့်ကြားတော်မူ၏၊ အကြင်သူသည် တပည့်သာဝကနှင့်တကွ မြတ်စွာဘုရားကို ကြည်ညိုသည်ဖြစ်၍မိမိလက်တို့ဖြင့် ခုနစ်ရက်ပတ်လုံး ဆွမ်းကျွေး၏၊ ငါ၏ ဂုဏ်တော်ကို လည်း ချီးကျူးလျှောက်ထား၏၊ ဤသူသည် အယူဝါဒကို ပြတတ်သော ‘ဝါဒိသူဒ’ရဟန်း၏ အရာဌာနကို ဆုတောင်း၏။
၁၁၄။ ‘‘‘ဂုဏဉ္စ မေ ပကိတ္တေသိ, ပသန္နော သေဟိ ပါဏိဘိ၊
ဧသော ပတ္ထယတေ ဌာနံ, ဝါဒိသူဒဿ ဘိက္ခုနော။
၁၁၅။ ‘‘‘အနာဂတမှိ အဒ္ဓါနေ, လစ္ဆသေ တံ မနောရထံ၊
ဒေဝမာနုသသမ္ပတ္တိံ, အနုဘောတွာ အနပ္ပကံ။
၁၁၅။ ဤသူသည် အနာဂတ်ကာလ၌ များစွာသော နတ်, လူတို့၏ စည်းစိမ်ကို ခံစား ပြီးလျှင် စိတ်အလိုအတိုင်း ဖြစ်သော ထိုဆုကို ရလတ္တံ့။
၁၁၆။ ‘‘‘သတသဟဿိတော ကပ္ပေ, ဩက္ကာကကုလသမ္ဘဝေါ၊
ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။
၁၁၆။ ဤကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမမည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။
၁၁၇။ ‘‘‘တဿ ဓမ္မေသု ဒါယာဒေါ, ဩရသော ဓမ္မနိမ္မိတော၊
ဝင်္ဂီသော နာမ နာမေန, ဟေဿတိ သတ္ထု သာဝကော’။
၁၁၇။ ထိုမြတ်စွာဘုရား၏ တရားတို့၌ တရားသည် ဖန်ဆင်းအပ်သော အမွေခံသား တော်ဖြစ်၍အမည်အားဖြင့် “ဝင်္ဂီသ”ဟု ထင်ရှားသော မြတ်စွာဘုရား၏ တပည့်သာဝက ဖြစ်လတ္တံ့ (ဟုမိန့်ကြားတော်မူ၏)။
၁၁၈။ ‘‘တံ သုတွာ မုဒိတော ဟုတွာ, ယာဝဇီဝံ တဒါ ဇိနံ၊
ပစ္စယေဟိ ဥပဋ္ဌာသိံ, မေတ္တစိတ္တော တထာဂတံ။
၁၁၈။ ထိုအခါ ငါသည် ထိုစကားကို ကြားနာရသည်ရှိသော် ဝမ်းမြောက်သည်ဖြစ်၍ မာရ် ငါးပါးကိုအောင်တော်မူသော မြတ်စွာဘုရားကို မေတ္တာစိတ်ရှိလျက် ပစ္စည်းတို့ဖြင့် အသက် ထက်ဆုံး လုပ်ကျွေးခဲ့၏။
၁၁၉။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တုသိတံ [တာဝတိံသံ (သျာ။)] အဂမာသဟံ။
၁၁၉။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် ငါသည် တုသိတာဘုံသို့ ရောက်ခဲ့၏။
၁၂၀။ ‘‘ပစ္ဆိမေ စ ဘဝေ ဒါနိ, ဇာတော ဝိပ္ပကုလေ [ပရိဗ္ဗာဇကုလေ (သီ။ သျာ။ ပီ။)] အဟံ၊
ပစ္စာဇာတော [သမ္ပတ္တော စ (က။)] ယဒါ အာသိံ, ဇာတိယာ သတ္တဝဿိကော။
၁၂၀။ ဤယခု နောက်ဆုံးဘဝတွင်လည်း ငါသည် ပုဏ္ဏားမျိုး၌ ဖြစ်၏၊ အကြင်အခါ ငါသည်မွေးဖွားသည်မှ ခုနစ်နှစ်အရွယ်သို့ ရောက်သည် ဖြစ်၏။
၁၂၁။ ‘‘သဗ္ဗဝေဒဝိဒူ ဇာတော, ဝါဒသတ္ထဝိသာရဒေါ၊
ဝါဒိဿရော [ဝဂ္ဂုဿရော (သျာ။ ပီ။)] စိတ္တကထီ, ပရဝါဒပ္ပမဒ္ဒနော။
၁၂၁။ (ထိုအခါ ငါသည်) အလုံးစုံသော ဝေဒကျမ်းတို့ကို တတ်သိသော သူ ဖြစ်၏၊ ဝါဒ ကျမ်း၌ရဲရင့်၏၊ စကားကို အစိုးရ၏၊ ဆန်းကြယ်သော စကားကို ပြောလေ့ရှိ၏၊ သူတစ်ပါး အယူဝါဒကိုနှိမ်နင်းနိုင်၏။
၁၂၂။ ‘‘ဝင်္ဂေ ဇာတောတိ ဝင်္ဂီသော, ဝစနေ ဣဿရောတိ ဝါ၊
ဝင်္ဂီသော ဣတိ မေ နာမံ, အဘဝီ လောကသမ္မတံ။
၁၂၂။ ဝင်္ဂအနွယ်၌ မွေးဖွားခြင်းကြောင့်လည်းကောင်း၊ စကား၌ အစိုးရခြင်းကြောင့်လည်းကောင်း“ဝင်္ဂီသ”မည်၏။ ဤသို့ လူအပေါင်းတို့သည် သမုတ်အပ်သော “ဝင်္ဂီသ”ဟူသော ငါ၏ အမည်သည်ဖြစ်၏။
၁၂၃။ ‘‘ယဒါဟံ ဝိညုတံ ပတ္တော, ဌိတော ပဌမယောဗ္ဗနေ၊
တဒါ ရာဇဂဟေ ရမ္မေ, သာရိပုတ္တမဟဒ္ဒသံ [မထဒ္ဒသံ (သီ။ ပီ။), စ အဒ္ဒသံ (သျာ။)]။
ပဉ္စဝီသတိမံ ဘာဏဝါရံ။
၁၂၃။ အကြင်အခါ ငါသည် တတ်သိလိမ္မာသူ အဖြစ်သို့ ရောက်လျက် ပဌမအရွယ်၌ တည်၏၊ ထိုအခါ ပျော်မွေ့ဖွယ်ကောင်းသော ရာဇဂြိုဟ်ပြည်၌ အသျှင်သာရိပုတ္တရာကို ဖူးမြင်ခဲ့ ရ၏။ နှစ်ဆယ့်ငါးခုမြောက် ဘာဏဝါရ ပြီး၏။
၁၂၄။ ‘‘ပိဏ္ဍာယ ဝိစရန္တံ တံ, ပတ္တပါဏိံ သုသံဝုတံ၊
အလောလက္ခိံ မိတဘာဏိံ, ယုဂမတ္တံ နိဒက္ခိတံ [နိရိက္ခတံ (သီ။ ပီ။), ဥဒိက္ခတံ (သျာ။)]။
၁၂၄-၁၂၅။ သပိတ်ပိုက်လျက် ဆွမ်းခံကြွတော်မူသော ၊ ကောင်းစွာ စောင့်စည်းအပ်သော ဣန္ဒြေရှိသော၊ လျှပ်ပေါ်လော်လီသော မျက်စိမရှိသော၊ နှိုင်းနှိုင်းချိန်ချိန် ပြောဆိုတော်မူတတ် သော၊ ထမ်းပိုးတစ်ပြန်မျှကြည့်ရှုတော်မူသော ထိုအသျှင်သာရိပုတ္တရာကို ဖူးမြင်ရသည်ရှိသော် ငါသည် အံ့ဩခြင်းဖြစ်၍မဟာလှေကားပန်းကဲ့သို့ သီကုံးအပ်သော၊ ငါ့အား လျောက် ပတ်သော၊ ဆန်းကြယ်သော ဂါထာပုဒ်ကိုလျှောက်ခဲ့၏။
၁၂၅။ ‘‘တံ ဒိသွာ ဝိမှိတော ဟုတွာ, အဝေါစံ မမနုစ္ဆဝံ [မနနုစ္ဆဝံ (သီ။ သျာ။)]၊
ကဏိကာရံဝ နိစိတံ [ကဏိကာရပရိစိတံ (ပီ။), ခဏိကံ ဌာနရစိတံ (သီ။)], စိတ္တံ ဂါထာပဒံ အဟံ။
၁၂၆။ ‘‘အာစိက္ခိ သော မေ သတ္ထာရံ, သမ္ဗုဒ္ဓံ လောကနာယကံ၊
တဒါ သော ပဏ္ဍိတော ဝီရော, ဥတ္တရိံ [ဥတ္တရံ (သီ။ ပီ။)] သမဝေါစ မေ။
၁၂၆။ ထိုအသျှင်သာရိပုတ္တရာသည် ငါ့အား (တရားအားလုံးကို) မဖောက်မပြန် ကိုယ် တိုင်သိတော်မူသော လောကကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သော မြတ်စွာဘုရားကို ညွှန်ကြားခဲ့၏၊ ထိုအခါ ပညာရှိသော လုံ့လရှိသော ထိုအသျှင်သာရိပုတ္တရာသည် ငါ့အား လွန်မြတ်သောတရားစကားကိုလည်း ဟောတော်မူ၏။
၁၂၇။ ‘‘ဝိရာဂသံဟိတံ ဝါကျံ, ကတွာ ဒုဒ္ဒသမုတ္တမံ၊
ဝိစိတ္တပဋိဘာနေဟိ, တောသိတော တေန တာဒိနာ။
၁၂၇။ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော ထိုအသျှင်သာရိပုတ္တရာသည် မြင်နိုင်ခဲသော မြတ်သော နိဗ္ဗာန်နှင့်စပ်သော စကားကို ပြုလုပ်၍ ဆန်းကြယ်သော ပဋိဘာန်ဉာဏ်တို့ဖြင့် ငါ့ကို နှစ်သက်စေတော်မူ၏။
၁၂၈။ ‘‘နိပစ္စ သိရသာ ပါဒေ, ‘ပဗ္ဗာဇေဟီ’တိ မံ ဗြဝိ၊
တတော မံ သ မဟာပညော, ဗုဒ္ဓသေဋ္ဌမုပါနယိ။
၁၂၈။ ငါသည် ခြေတို့ကို ဦးတိုက်၍ တပည့်တော်ကို ရဟန်းပြုပေးတော်မူပါဟု လျှောက် ထား၏၊ ထိုအခါ ကြီးကျယ်သော ပညာရှိသော ထိုအသျှင်သာရိပုတ္တရာသည် ငါ့ကို ဘုရား မြတ်ထံသို့ ခေါ်ဆောင်လေ၏။
၁၂၉။ ‘‘နိပစ္စ သိရသာ ပါဒေ, နိသီဒိံ သတ္ထု သန္တိကေ၊
မမာဟ ဝဒတံ သေဋ္ဌော, ကစ္စိ ဝင်္ဂီသ ဇာနာသိ [သစ္စံ ဝင်္ဂီသ ကစ္စိ တေ (သျာ။)]။
၁၂၉။ ငါသည် ခြေတော်တို့ကို ဦးတိုက်၍ မြတ်စွာဘုရားအနီး၌ ထိုင်နေခဲ့၏၊ ငါ့အားတရားဟောပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံးဖြစ်တော်မူသော မြတ်စွာဘုရားသည် “ဝင်္ဂီသ အသို့ နည်း၊ သင်သည် တစ်စုံတစ်ရာသော အတတ်ကို တတ်သိသလော”ဟု မိန့်တော်မူ၏။
၁၃၀။ ‘‘ကိဉ္စိ သိပ္ပန္တိ တဿာဟံ, ‘ဇာနာမီ’တိ စ အဗြဝိံ၊
မတသီသံ ဝနစ္ဆုဒ္ဓံ, အပိ ဗာရသဝဿိကံ၊
တဝ ဝိဇ္ဇာဝိသေသေန, သစေ သက္ကောသိ ဝါစယ [ဘာသယ (သီ။ ပီ။)]။
၁၃၀။ အကျွန်ုပ်သည် တော၌ စွန့်ပစ်အပ်သော တစ်ဆယ့်နှစ်နှစ်ပင်ရှိသော သူသေဦး ခေါင်းခွံကိုလည်းသိပါ၏ဟု ထိုမြတ်စွာဘုရားအား လျှောက်ထား၏၊ သင်၏ အတတ်ပညာ အထူးဖြင့် အကယ်၍စွမ်းနိုင်အံ့၊ ပြောဆိုလော့။
၁၃၁။ ‘‘အာမောတိ မေ ပဋိညာတေ, တီဏိ သီသာနိ ဒဿယိ၊
နိရယနရဒေဝေသု, ဥပပန္နေ အဝါစယိံ။
၁၃၁။ ငါသည် “ကောင်းပါပြီဘုရား”ဟု ဝန်ခံလတ်သော် ဦးခေါင်းခွံသုံးခုတို့ကို ပြတော်မူ၏၊ ငရဲ, လူ, နတ်တို့၌ ဖြစ်သူတို့ကို လျှောက်ဆို၏။
၁၃၂။ ‘‘တဒါ ခီဏာသဝဿေဝ [ပစ္စေကဗုဒ္ဓဿ (သီ။ ပီ။)], သီသံ ဒဿေသိ နာယကော၊
တတောဟံ ဝိဟတာရဗ္ဘော, ပဗ္ဗဇ္ဇံ သမယာစိသံ။
၁၃၂။ ထိုအခါ မြတ်စွာဘုရားသည် ရဟန္တာပုဂ္ဂိုလ်၏ ဦးခေါင်းခွံကို ပြတော်မူ၏၊ ထိုအခါ ငါသည် (မသိနိုင်သည် ဖြစ်၍) အားလျှော့ကာ ရဟန်းအဖြစ်ကို တောင်းပန်ရတော့၏။
၁၃၃။ ‘‘ပဗ္ဗဇိတွာန သုဂတံ, သန္ထဝါမိ တဟိံ တဟိံ၊
တတော မံ ကဗ္ဗဝိတ္တောသိ [ကဝိစိတ္တောတိ (သျာ။ ပီ။)], ဥဇ္ဈာယန္တိဟ ဘိက္ခဝေါ။
၁၃၃။ ငါသည် ရဟန်းပြုပြီး၍ ထိုထိုအရပ်၌ မြတ်စွာဘုရားကို ချီးကျူး၏၊ ထို့ကြောင့်ဤသာသနာတော်၌ ရဟန်းတို့သည် ငါ့ကို “ကဗျာဖွဲ့ခြင်း၌ နှစ်သက်သူ ဖြစ်၏’ဟု ကဲ့ရဲ့ကုန်၏။
၁၃၄။ ‘‘တတော ဝီမံသနတ္ထံ မေ, အာဟ ဗုဒ္ဓေါ ဝိနာယကော၊
တက္ကိကာ ပနိမာ ဂါထာ, ဌာနသော ပဋိဘန္တိ တံ။
၁၃၄။ ထိုအခါ ဆုံးမတော်မူတတ်သော မြတ်စွာဘုရားသည် စုံစမ်းခြင်းအကျိုးငှါ ငါ့အား မိန့်တော်မူ၏၊ ဤဂါထာတို့သည် ကြံစည်ခြင်းရှိကုန်သလော၊ အကြောင်းအားလျော်စွာ (တစ်ခဏချင်း) သင်၏ ဉာဏ်၌ထင်ကုန်သလော။
၁၃၅။ ‘‘န ကဗ္ဗဝိတ္တောဟံ ဝီရ, ဌာနသော ပဋိဘန္တိ မံ၊
တေန ဟိ ဒါနိ ဝင်္ဂီသ, ဌာနသော သန္ထဝါဟိ မံ။
၁၃၅။ မြတ်စွာဘုရား တပည့်တော်သည် ကဗျာဖွဲ့ခြင်း၌ နှစ်သက်သူ မဟုတ်ပါ၊ အကြောင်းအားလျော်စွာတပည့်တော်၏ ဉာဏ်၌ ထင်ပါကုန်၏၊ ဝင်္ဂီသ ထိုသို့ဖြစ်မူ ယခုအခါ အကြောင်းအားလျော်စွာ ငါ့ကိုချီးကျူးလော့။
၁၃၆။ ‘‘တဒါဟံ သန္ထဝိံ ဝီရံ, ဂါထာဟိ ဣသိသတ္တမံ၊
ဌာနသော မေ တဒါ တုဋ္ဌော, ဇိနော အဂ္ဂေ ဌပေသိ မံ။
၁၃၆။ ထိုအခါ ငါသည် ဂါထာတို့ဖြင့် ကြီးသော လုံ့လရှိသော မြတ်စွာဘုရားကို အကြောင်းအားလျော်စွာ (တစ်ခဏချင်း) ချီးကျူး၏၊ ထိုအခါ မြတ်စွာဘုရားသည် ငါ့အား နှစ်သက်တော်မူသည်ဖြစ်၍ ငါ့ကိုဧတဒဂ်အရာ၌ ထားတော်မူ၏။
၁၃၇။ ‘‘ပဋိဘာနေန စိတ္တေန, အညေသမတိမညဟံ၊
ပေသလေ တေန သံဝိဂ္ဂေါ, အရဟတ္တမပါပုဏိံ။
၁၃၇။ ငါသည် ဆန်းကြယ်သော ပဋိဘာန်ဉာဏ်ဖြင့် သီလကို ချစ်မြတ်နိုးကုန်သော အခြားရဟန်းတို့ကို မထီမဲ့မြင် ပြုခဲ့၏၊ ထို့ကြောင့် သံဝေဂရလျက် အရဟတ္တဖိုလ်သို့ ရောက်၏။
၁၃၈။ ‘‘‘ပဋိဘာနဝတံ အဂ္ဂေါ, အညော ကောစိ န ဝိဇ္ဇတိ၊
ယထာယံ ဘိက္ခု ဝင်္ဂီသော, ဧဝံ ဓာရေထ ဘိက္ခဝေါ’။
၁၃၈။ ရဟန်းတို့ ဤဝင်္ဂီသရဟန်းကဲ့သို့ ပဋိဘာန်ဉာဏ်ရှိသော ရဟန်းတို့တွင် အမြတ် ဆုံးဖြစ်သော (ဝင်္ဂီသရဟန်းမှ) တစ်ပါး တစ်စုံတစ်ယောက်သော ရဟန်းသည် မရှိချေ၊ ဤသို့ သင်တို့ မှတ်ကုန်လော့။
၁၃၉။ ‘‘သတသဟဿေ ကတံ ကမ္မံ, ဖလံ ဒဿေသိ မေ ဣဓ၊
သုမုတ္တော သရဝေဂေါဝ ကိလေသေ ဈာပယိံ မမ။
၁၃၉။ ကမ္ဘာတစ်သိန်းထက်၌ ပြုအပ်သော ငါ၏ ကံသည် ဤဘဝ၌ အကျိုးကို ပြလေ၏၊ ‘လွှတ်အပ်သော မြားအဟုန်ကဲ့သို့’ ငါသည် ငါ၏ ကိလေသာတို့ကို ရှို့မြှိုက်လောင် ကျွမ်းစေခဲ့၏။
၁၄၀။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၁၄၀။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၁၄၁။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၁၄၁။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၁၄၂။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၁၄၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဝင်္ဂီသမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် ဝင်္ဂီသတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ဝင်္ဂီသော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
ဝင်္ဂီသတ္ထေရဿာပဒါနံ စတုတ္ထံ။
၅။ နန္ဒကတ္ထေရအပဒါန
၁၄၃။ ‘‘ပဒုမုတ္တရော နာမ ဇိနော, သဗ္ဗဓမ္မေသု စက္ခုမာ၊
ဣတော သတသဟဿမှိ, ကပ္ပေ ဥပ္ပဇ္ဇိ နာယကော။
၅-နန္ဒကတ္ထေရအပဒါန ၁၄၃။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ အလုံးစုံသော တရားတို့ကို သိမြင်တော်မူ သောပညာမျက်စိရှိတော်မူသော နိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။
၁၄၄။ ‘‘ဟိတာယ သဗ္ဗသတ္တာနံ, သုခါယ ဝဒတံ ဝရော၊
အတ္ထာယ ပုရိသာဇညော, ပဋိပန္နော သဒေဝကေ။
၁၄၄။ နတ်နှင့် တကွသော လောက၌ တရားဟောပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံးဖြစ်သောယောကျာ်းအာဇာနည် ဖြစ်တော်မူသော မြတ်စွာဘုရားသည် အလုံးစုံသော သတ္တဝါတို့၏ စီးပွါးခြင်းငှါချမ်းသာခြင်းငှါ အကျိုးဖြစ်ခြင်းငှါ ကျင့်တော်မူ၏။
၁၄၅။ ‘‘ယသဂ္ဂပတ္တော သိရိမာ, ကိတ္တိဝဏ္ဏဘတော [ကိတ္တိဝဏ္ဏ ဘဋော (သျာ။ က။)] ဇိနော၊
ပူဇိတော သဗ္ဗလောကဿ, ဒိသာ သဗ္ဗာသု ဝိဿုတော။
၁၄၅။ မြတ်စွာဘုရားသည် ကျော်စောခြင်း၏ အထွတ်အထိပ်သို့ ရောက်တော်မူ၏၊ ဘုန်းကျက်သရေရှိတော်မူ၏၊ ကျော်စောခြင်းဂုဏ်ကို ဆောင်တော်မူ၏၊ အလုံးစုံသော လောကသည်ပူဇော်တော်မူအပ်၏၊ အရပ်မျက်နှာအားလုံးတို့၌ ထင်ရှားကျော်စောတော်မူ၏။
၁၄၆။ ‘‘ဥတ္တိဏ္ဏဝိစိကိစ္ဆော သော, ဝီတိဝတ္တကထံကထော၊
ပရိပုဏ္ဏမနသင်္ကပ္ပေါ, ပတ္တော သမ္ဗောဓိမုတ္တမံ။
၁၄၆။ ထိုမြတ်စွာဘုရားသည် ယုံမှားခြင်းကို လွန်မြောက်တော်မူ၏၊ တွေးတောခြင်းကို ကျော်လွန်တော်မူ၏၊ စိတ်အကြံအစည် ပြည့်စုံခြင်း ရှိတော်မူ၏၊ မြတ်သော အရဟတ္တဖိုလ် ဉာဏ်သို့ရောက်တော်မူ၏။
၁၄၇။ ‘‘အနုပ္ပန္နဿ မဂ္ဂဿ, ဥပ္ပါဒေတာ နရုတ္တမော၊
အနက္ခာတဉ္စ အက္ခာသိ, အသဉ္ဇာတဉ္စ သဉ္ဇနီ။
၁၄၇။ လူတို့ထက် မြတ်သော မြတ်စွာဘုရားသည် မဖြစ်ဖူးသေးသော မဂ်ကို ဖြစ်စေတော်မူ၏၊ (သူတစ်ပါးတို့) မဟောကြားနိုင်သော တရားကိုလည်း ဟောကြားတော်မူ၏၊ (သူတစ်ပါးတို့) မသိအပ်သော တရားကိုလည်း သိတော်မူ၏။
၁၄၈။ ‘‘မဂ္ဂညူ မဂ္ဂဝိဒူ [သော မဂ္ဂဝိဒူ (သီ။ ပီ။)] စ, မဂ္ဂက္ခာယီ နရာသဘော၊
မဂ္ဂဿ ကုသလော သတ္ထာ, သာရထီနံ ဝရုတ္တမော [နရုတ္တမော (သျာ။)]။
၁၄၈။ မြတ်စွာဘုရားသည် မဂ်တရားကို သိတော်မူ၏၊ မဂ်တရား၌ ကျွမ်းကျင်တော်မူ၏၊ မဂ်တရားကိုဟောကြားလေ့ရှိတော်မူ၏၊ မြတ်စွာဘုရားသည် မဂ်တရား၌ လိမ္မာတော်မူ၏၊ ဆုံးမတတ်သောပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံး ဖြစ်တော်မူ၏။
၁၄၉။ ‘‘တဒါ မဟာကာရုဏိကော, ဓမ္မံ ဒေသေသိ နာယကော၊
နိမုဂ္ဂေ ကာမပင်္ကမှိ [မောဟပင်္ကမှိ (သီ။ သျာ။), မောဟမဂ္ဂမှိ (ပီ။)], သမုဒ္ဓရတိ ပါဏိနေ။
၁၄၉။ ထိုအခါ ကြီးမားသော ကရုဏာရှိတော်မူသော မြတ်စွာဘုရားသည် တရားကို ဟောတော်မူ၏၊ ကာမညွန်အိုင်၌ နစ်မြုပ်လျက်ရှိသော သတ္တဝါတို့ကို ကောင်းစွာ ထုတ်ဆောင်တော်မူ၏။
၁၅၀။ ‘‘ဘိက္ခုနီနံ ဩဝဒနေ, သာဝကံ သေဋ္ဌသမ္မတံ၊
ဝဏ္ဏယံ ဧတဒဂ္ဂမှိ, ပညပေသိ မဟာမုနိ။
၁၅၀။ မြတ်စွာဘုရားသည် ရဟန်းမိန်းမတို့ကို ဆုံးမခြင်း၌ အမြတ်ဆုံးဟု သမုတ် အပ်သောတပည့်သာဝကကို ချီးကျူးလျက် ဧတဒဂ်အရာ၌ ပညတ်တော်မူ၏။
၁၅၁။ ‘‘တံ သုတွာဟံ ပမုဒိတော, နိမန္တေတွာ တထာဂတံ၊
ဘောဇယိတွာ သသံဃံ တံ, ပတ္ထယိံ ဌာနမုတ္တမံ။
၁၅၁။ ငါသည် ထိုစကားကို ကြားနာရသည်ရှိသော် ဝမ်းမြောက်သည်ဖြစ်၍ သံဃာနှင့် တကွသောထိုမြတ်စွာဘုရားကို ပင့်ဖိတ်၍ ဆွမ်းကျွေးပြီးလျှင် မြတ်သော ထိုအရာအထူးကို ဆုတောင်းခဲ့၏။
၁၅၂။ ‘‘တဒါ ပမုဒိတော နာထော, မံ အဝေါစ မဟာဣသိ၊
‘သုခီ ဘဝဿု ဒီဃာဝု [ဒီဃာယု (သီ။ သျာ။)], လစ္ဆသေ တံ မနောရထံ။
၁၅၂။ ထိုအခါ နတ်, လူတို့၏ ကိုးကွယ်ရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝမ်းမြောက်သည်ဖြစ်၍ငါ့ကို မိန့်ဆိုတော်မူ၏၊ သင်သည် ချမ်းသာခြင်းရှိသူ, အသက်ရှည်သူ ဖြစ်လေလော့၊ စိတ်အလိုအတိုင်းဖြစ်သော ထိုဆုကို ရလတ္တံ့။
၁၅၃။ ‘‘‘သတသဟဿိတော ကပ္ပေ, ဩက္ကာကကုလသမ္ဘဝေါ၊
ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။
၁၅၃။ ဤကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမမည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။
၁၅၄။ ‘‘‘တဿ ဓမ္မေသု ဒါယာဒေါ, ဩရသော ဓမ္မနိမ္မိတော၊
နန္ဒကော နာမ နာမေန, ဟေဿတိ သတ္ထု သာဝကော’။
၁၅၄။ ထိုမြတ်စွာဘုရား၏ တရားတို့၌ တရားသည် ဖန်ဆင်းအပ်သော အမွေခံသားတော် ဖြစ်၍အမည်အားဖြင့် “နန္ဒက”ဟု ထင်ရှားသော မြတ်စွာဘုရား၏ တပည့်သာဝက ဖြစ်လတ္တံ့။
၁၅၅။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသူပဂေါ အဟံ။
၁၅၅။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။
၁၅၆။ ‘‘ပစ္ဆိမေ စ ဘဝေ ဒါနိ, ဇာတော သေဋ္ဌိကုလေ အဟံ၊
သာဝတ္ထိယံ ပုရေ ဝရေ, ဣဒ္ဓေ ဖီတေ မဟဒ္ဓနေ။
၁၅၆။ ငါသည် ဤယခု နောက်ဆုံးဘဝ၌လည်း ပြည့်စုံစည်ကားလျက် များသော ဥစ္စာ ရှိသောသာဝတ္ထိမြို့တော်တွင် သူဌေးအမျိုး၌ ဖြစ်၏။
၁၅၇။ ‘‘ပုရပ္ပဝေသေ သုဂတံ, ဒိသွာ ဝိမှိတမာနသော၊
ဇေတာရာမပဋိဂ္ဂါဟေ, ပဗ္ဗဇိံ အနဂါရိယံ။
၁၅၇။ ငါသည် မြို့အဝင်၌ မြတ်စွာဘုရားကို ဖူးမြင်ရသည်ရှိသော် အံ့ဩသော စိတ်ရှိ သည်ဖြစ်၍ဇေတဝန်ကျောင်းတော်၌ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏။
၁၅၈။ ‘‘နစိရေနေဝ ကာလေန, အရဟတ္တမပါပုဏိံ၊
တတောဟံ တိဏ္ဏသံသာရော, သာသိတော သဗ္ဗဒဿိနာ။
၁၅၈။ ငါသည် ကာလမကြာမြင့်မီပင် အရဟတ္တဖိုလ်သို့ ရောက်ခဲ့၏၊ ထိုအခါ ငါသည် အလုံးစုံကိုသိမြင်သော မြတ်စွာဘုရားသည် ဆုံးမအပ်သည် ဖြစ်၍ သံသရာကို ကူးမြောက်ခဲ့ ရ၏။
၁၅၉။ ‘‘ဘိက္ခုနီနံ ဓမ္မကထံ, ပဋိပုစ္ဆာကရိံ အဟံ၊
သာသိတာ တာ မယာ သဗ္ဗာ, အဘဝိံသု အနာသဝါ။
၁၅၉ -၁၆၀။ ငါသည် ရဟန်းမိန်းမတို့အား တရားစကားကို အမေးအဖြေ ပြု၍ ဟောကြားခဲ့၏၊ ငါဆုံးမအပ်သော ငါးရာအောက် မလျော့ကုန်သော ထိုရဟန်းမိန်းမအားလုံး တို့သည် အာသဝေါကင်းကွာ (ရဟန္တာမ) တို့ ဖြစ်ကြလေကုန်၏၊ ထိုအခါ မြတ်စွာဘုရား သည် အားရနှစ်သက်တော်မူသည် ဖြစ်၍ရဟန်းမိန်းမတို့အား ဆုံးမသော ရဟန်းတို့တွင် ငါ့ကို အမြတ်ဆုံးအရာဌာန၌ ထားတော်မူ၏။
၁၆၀။ ‘‘သတာနိ ပဉ္စနူနာနိ, တဒါ တုဋ္ဌော မဟာဟိတော၊
ဘိက္ခုနီနံ ဩဝဒတံ, အဂ္ဂဋ္ဌာနေ ဌပေသိ မံ။
၁၆၁။ ‘‘သတသဟဿေ ကတံ ကမ္မံ, ဖလံ ဒဿေသိ မေ ဣဓ၊
သုမုတ္တော သရဝေဂေါဝ, ကိလေသေ ဈာပယိံ မမ။
၁၆၁။ ကမ္ဘာတစ်သိန်းထက်၌ ပြုအပ်သော ငါ၏ ကံသည် ဤဘဝ၌ အကျိုးကို ပြ၏၊ ငါသည်‘ကောင်းစွာ လွှတ်အပ်သော မြားအဟုန်ကဲ့သို့’ ငါ၏ ကိလေသာတို့ကို ရှို့မြှိုက် လောင်ကျွမ်းစေခဲ့၏။
၁၆၂။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၁၆၂။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အသဝမရှိဘဲ နေရ၏။
၁၆၃။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၁၆၃။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၁၆၄။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၁၆၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်နန္ဒကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ငါးခုမြောက် နန္ဒကတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ နန္ဒကော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
နန္ဒကတ္ထေရဿာပဒါနံ ပဉ္စမံ။
၆။ ကာဠုဒါယိတ္ထေရအပဒါန
၁၆၅။ ‘‘ပဒုမုတ္တရော နာမ ဇိနော, သဗ္ဗဓမ္မေသု စက္ခုမာ၊
ဣတော သတသဟဿမှိ, ကပ္ပေ ဥပ္ပဇ္ဇိ နာယကော။
၆-ကာဠုဒါယိတ္ထေရအပဒါန ၁၆၅။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ အလုံးစုံသော တရားတို့ကို သိမြင်တော်မူ သောပညာမျက်စိရှိတော်မူသော နိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။
၁၆၆။ ‘‘နာယကာနံ ဝရော သတ္ထာ, ဂုဏာဂုဏဝိဒူ ဇိနော၊
ကတညူ ကတဝေဒီ စ, တိတ္ထေ ယောဇေတိ ပါဏိနေ [ပါဏိနော (သီ။ သျာ ပီ။)]။
၁၆၆။ မြတ်စွာဘုရားသည် နိဗ္ဗာန်သို့ ပို့ဆောင်တတ်သော ပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံး ဖြစ်တော်မူ၏၊ မြတ်စွာဘုရား သည် ဂုဏ်ရှိ, ဂုဏ်မဲ့ကို သိတော်မူ၏၊ ပြုအပ်သော ကျေးဇူးကို သိတော်မူ၏၊ ပြုဖူးသောကျေးဇူးကိုလည်း ထင်ရှားပြတော်မူ၏၊ သတ္တဝါတို့ကို နိဗ္ဗာန်ဆိပ် ကမ်း၌ ယှဥ်စေတော်မူ၏။
၁၆၇။ ‘‘သဗ္ဗညုတေန ဉာဏေန, တုလယိတွာ ဒယာသယော၊
ဒေသေတိ ပဝရံ ဓမ္မံ, အနန္တဂုဏသဉ္စယော။
၁၆၇။ သနားခြင်း၏ တည်ရာ ဖြစ်သော အဆုံးမရှိသော ဂုဏ်တို့၏ စုပေါင်းရာ ဖြစ် သောမြတ်စွာဘုရားသည် သဗ္ဗညုတဉာဏ်ဖြင့် နှိုင်းချိန်၍ မြတ်သော တရားကို ဟောတော် မူ၏။
၁၆၈။ ‘‘သ ကဒါစိ မဟာဝီရော, အနန္တဇိနသံသရိ [အနန္တဇနသံသဒိ (သီ။), အနန္တဇနသံသုဓိ (သျာ။), အနန္တဇနသံသရီ (ပီ။)]၊
ဒေသေတိ မဓုရံ ဓမ္မံ, စတုသစ္စူပသဉှိတံ။
၁၆၈။ အဆုံးမရှိသော ရန်ကို အောင်မြင်လျက် လှည့်လည်တော်မူသော ထိုမြတ်စွာဘုရား သည် ရံခါသစ္စာလေးပါးနှင့် စပ်ယှဥ်သော ချိုမြိန်ကောင်းမြတ်သော တရားကို ဟောတော်မူ၏။
၁၆၉။ ‘‘သုတွာန တံ ဓမ္မဝရံ, အာဒိမဇ္ဈန္တသောဘဏံ၊
ပါဏသတသဟဿာနံ, ဓမ္မာဘိသမယော အဟု။
၁၆၉။ အစ, အလယ်, အဆုံး၌ ကောင်းခြင်းရှိသော ထိုတရားတော်မြတ်ကို ကြားနာရခြင်း ကြောင့်သတ္တဝါတစ်သိန်းတို့အား သစ္စာလေးပါးတရားကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏။
၁၇၀။ ‘‘နိန္နာဒိတာ တဒါ ဘူမိ, ဂဇ္ဇိံသု စ ပယောဓရာ၊
သာဓုကာရံ ပဝတ္တိံသု, ဒေဝဗြဟ္မနရာသုရာ။
၁၇၀။ ထိုအခါ မြေကြီးသည် ပဲ့တင်ထပ်လေ၏၊ မိုးတို့သည်လည်း ထစ်ကြိုးကုန်၏၊ နတ်, ဗြဟ္မာ, လူ, အသုရာတို့သည် ကောင်းချီးကို ဖြစ်စေကုန်၏။
၁၇၁။ ‘‘‘အဟော ကာရုဏိကော သတ္ထာ, အဟော သဒ္ဓမ္မဒေသနာ၊
အဟော ဘဝသမုဒ္ဒမှိ, နိမုဂ္ဂေ ဥဒ္ဓရီ ဇိနော’။
၁၇၁။ သနားခြင်းရှိတော်မူသော မြတ်စွာဘုရားသည် ဪအံ့ဩဖွယ် ရှိပါပေစွ၊ သူတော်ကောင်းတရားကို ဟောတော်မူခြင်းသည် ဪ အံ့ဩဖွယ် ရှိပါပေစွ၊ ဘဝသမုဒ္ဒရာ၌ နစ်မြုပ်ကုန်သောသတ္တဝါတို့ကို ထုတ်ဆောင်တော်မူသော မြတ်စွာဘုရားသည် ဪ အံ့ဩ ဖွယ် ရှိပါပေစွ။
၁၇၂။ ‘‘ဧဝံ ပဝေဒဇာတေသု, သနရာမရဗြဟ္မသု၊
ကုလပ္ပသာဒကာနဂ္ဂံ, သာဝကံ ဝဏ္ဏယီ ဇိနော။
၁၇၂။ ဤသို့ လူနှင့် တကွ နတ်, ဗြဟ္မာတို့သည် နှစ်သက်ခြင်း ဖြစ်ကုန်လတ်သော် မြတ်စွာဘုရားသည် ဆွေမျိုးကို ကြည်ညိုစေတတ်သော ရဟန်းတို့တွင် အမြတ်ဆုံး ဖြစ်သော တပည့်သာဝကကို ချီးကျူးတော်မူ၏။
၁၇၃။ ‘‘တဒါဟံ ဟံသဝတိယံ, ဇာတောမစ္စကုလေ အဟုံ၊
ပါသာဒိကော ဒဿနိယော, ပဟူတဓနဓညဝါ။
၁၇၃။ ထိုအခါ ငါသည် ဟံသာဝတီမြို့တွင် အမတ်မျိုး၌ မွေးဖွားလျက် ကြည်ညိုဖွယ် ကောင်းသူ၊ ရှုချင်ဖွယ်ရှိသူ၊ များသော ဥစ္စာစပါးရှိသူ ဖြစ်၏။
၁၇၄။ ‘‘ဟံသာရာမမုပေစ္စာဟံ, ဝန္ဒိတွာ တံ တထာဂတံ၊
သုဏိတွာ မဓုရံ ဓမ္မံ, ကာရံ ကတွာ စ တာဒိနော။
၁၇၄။ ငါသည် ဟံသာရုံကျောင်းတိုက်သို့ ချဥ်းကပ်၍ ထိုမြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ချိုမြိန်ကောင်းမြတ်သော တရားကို နာကြားလျက် မြတ်စွာဘုရားအားလည်း ပူဇော်သက္ကာရ ကိုပြုပြီးလတ်သော် -
၁၇၅။ ‘‘နိပစ္စ ပါဒမူလေဟံ, ဣမံ ဝစနမဗြဝိံ၊
‘ကုလပ္ပသာဒကာနဂ္ဂေါ, ယော တယာ သန္ထုတော [ယော တဝ သာသနေ (သျာ။)] မုနေ။
၁၇၅။ ငါသည် ခြေရင်း၌ တုပ်ဝပ်လျက် ဤစကားကို လျှောက်ထားခဲ့၏၊ မြတ်စွာဘုရားအရှင်ဘုရားသည် အမျိုးကို ကြည်ညိုစေတတ်သော ရဟန်းတို့တွင် အကြင်ရဟန်းကို အမြတ် ဆုံးဟုချီးကျူးတော်မူ၏။
၁၇၆။ ‘‘‘တာဒိသော ဟောမဟံ ဝီရ [တာဒိသောဟံ မဟာဝီရ (သျာ။ က။)], ဗုဒ္ဓသေဋ္ဌဿ သာသနေ’၊
တဒါ မဟာကာရုဏိကော, သိဉ္စန္တော ဝါ မတေန မံ။
၁၇၆။ မြတ်စွာဘုရား တပည့်တော်သည် ဘုရားမြတ်၏ သာသနာတော်၌ ထိုသို့သဘော ရှိသော သူဖြစ်ရပါလို၏၊ ထိုအခါ ကြီးမြတ်သော ကရုဏာရှိသော မြတ်စွာဘုရားသည် ငါ့ကို အမြိုက်ရေဖြင့်သွန်းလောင်းလျက်သာလျှင် ငါ့ကို (ဤသို့) မိန့်တော်မူ၏။
၁၇၇။ ‘‘အာဟ မံ ‘ပုတ္တ ဥတ္တိဋ္ဌ, လစ္ဆသေ တံ မနောရထံ၊
ကထံ နာမ ဇိနေ ကာရံ, ကတွာန ဝိဖလော သိယာ။
၁၇၇။ သူဌေးသား ဆောက်တည်ရာ ရလေလော့၊ ထိုစိတ်အလိုရှိသော ဆုကို ရလတ္တံ့၊ မြတ်စွာဘုရား၌ပူဇော်သက္ကာရကို ပြုခဲ့သော် အဘယ်မှာ အကျိုးမဲ့ ဖြစ်နိုင်အံ့နည်း။
၁၇၈။ ‘‘‘သတသဟဿိတော ကပ္ပေ, ဩက္ကာကကုလသမ္ဘဝေါ၊
ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။
၁၇၈။ ဤကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမမည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။
၁၇၉။ ‘‘‘တဿ ဓမ္မေသု ဒါယာဒေါ, ဩရသော ဓမ္မနိမ္မိတော၊
ဥဒါယိ နာမ နာမေန, ဟေဿတိ သတ္ထု သာဝကော’။
၁၇၉။ ထိုမြတ်စွာဘုရား၏ တရားတို့၌ တရားသည် ဖန်ဆင်းအပ်သော အမွေခံသား တော်ဖြစ်၍အမည်အားဖြင့် “ဥဒါယီ”ဟု ထင်ရှားသော မြတ်စွာဘုရား၏ တပည့်သာဝက ဖြစ်လတ္တံ့။
၁၈၀။ ‘‘တံ သုတွာ မုဒိတော ဟုတွာ, ယာဝဇီဝံ တဒါ ဇိနံ၊
မေတ္တစိတ္တော ပရိစရိံ, ပစ္စယေဟိ ဝိနာယကံ။
၁၈၀။ ထိုအခါ ငါသည် ထိုစကားကို ကြားနာရသည်ရှိသော် ဝမ်းမြောက်ခြင်း ရှိသည် ဖြစ်၍မာရ်ငါးပါးကို အောင်တော်မူသော မြတ်စွာဘုရားကို မေတ္တာစိတ်ရှိလျက် ပစ္စည်းတို့ဖြင့် အသက်ထက်ဆုံးလုပ်ကျွေးခဲ့၏။
၁၈၁။ ‘‘တေန ကမ္မဝိပါကေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၁၈၁။ ထိုကံအကျိုးကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။
၁၈၂။ ‘‘ပစ္ဆိမေ စ ဘဝေ ဒါနိ, ရမ္မေ ကပိလဝတ္ထဝေ၊
ဇာတော မဟာမစ္စကုလေ, သုဒ္ဓေါဒနမဟီပတေ [သုဒ္ဓေါဒနော မဟီပတိ (သျာ။)]။
၁၈၂။ ဤယခု နောက်ဆုံးဘဝ၌လည်း ပျော်မွေ့ဖွယ်ကောင်းသော ကပိလဝတ်ပြည်တွင် သုဒ္ဓေါဒနမင်း၏အမတ်ကြီးမျိုး၌ ဖြစ်ခဲ့၏။
၁၈၃။ ‘‘တဒါ အဇာယိ သိဒ္ဓတ္ထော, ရမ္မေ လုမ္ဗိနိကာနနေ၊
ဟိတာယ သဗ္ဗလောကဿ, သုခါယ စ နရာသဘော။
၁၈၃။ ထိုအခါ လူတို့ထက် မြတ်သော သိဒ္ဓတ္ထမင်းသားသည် ပျော်မွေ့ဖွယ်ကောင်းသောလုမ္ဗိနီအင်ကြင်းတော၌ အလုံးစုံသော လောက၏ အစီးအပွါးအလို့ငှါလည်းကောင်း၊ ချမ်းသာ ခြင်းအလို့ငှါလည်းကောင်း ဖွားတော်မူလေ၏။
၁၈၄။ ‘‘တဒဟေဝ အဟံ ဇာတော, သဟ တေနေဝ ဝဍ္ဎိတော၊
ပိယော သဟာယော ဒယိတော, ဝိယတ္တော နီတိကောဝိဒေါ။
၁၈၄။ ငါသည် ထိုနေ့၌ပင်လျှင် မွေးဖွားလျက် ထိုသိဒ္ဓတ္ထမင်းသားနှင့် အတူတကွသာလျှင် ကြီးပွါးခြင်းသို့ရောက်ခဲ့၏၊ ငါသည် ချစ်အပ်သော အဆွေခင်ပွန်းပေတည်း၊ သနားတတ်သော အဆွေခင်ပွန်းပေတည်း၊ ထက်မြက်သော ပညာရှိပေတည်း၊ နီတိကျမ်း၌ ကျွမ်းကျင်သော သူပေတည်း။
၁၈၅။ ‘‘ဧကူနတိံသော ဝယသာ, နိက္ခမိတွာ အဂါရတော [နိက္ခန္တော ပဗ္ဗဇိတ္ထသော (သီ။ သျာ။)]၊
ဆဗ္ဗဿံ ဝီတိနာမေတွာ, အာသိ ဗုဒ္ဓေါ ဝိနာယကော။
၁၈၅။ ထိုသိဒ္ဓတ္ထမင်းသားသည် နှစ်ဆယ့်ကိုးနှစ် အရွယ်မျှဖြင့် အိမ်မှ တောထွက်လျက်ခြောက်နှစ်ကာလကို လွန်စေပြီးနောက် နိဗ္ဗာန်သို့ ပို့ဆောင်တတ်သော မြတ်စွာဘုရား ဖြစ် တော်မူလေ၏။
၁၈၆။ ‘‘ဇေတွာ သသေနကံ မာရံ, ခေပယိတွာန အာသဝေ၊
ဘဝဏ္ဏဝံ တရိတွာန, ဗုဒ္ဓေါ အာသိ သဒေဝကေ။
၁၈၆။ စစ်သည်နှင့် တကွသော မာရ်နတ်မင်းကို အောင်၍ အာသဝေါတို့ကို ကုန်စေပြီး လျှင်ဘဝဟူသော သမုဒ္ဒရာကို ကူးမြောက်လျက် နတ်နှင့် တကွသော လောက၌ ဘုရား ဖြစ်တော်မူ၏။
၁၈၇။ ‘‘ဣသိဝှယံ ဂမိတွာန [ဣသိဝှယံ ပတနံ ဂန္တွာ (သျာ။)], ဝိနေတွာ ပဉ္စဝဂ္ဂိယေ၊
တတော ဝိနေသိ ဘဂဝါ, ဂန္တွာ ဂန္တွာ တဟိံ တဟိံ။
၁၈၇။ ထိုအခါ မြတ်စွာဘုရားသည် ဣသိ (ပတန) မည်သော တောသို့ ကြွသွား၍ ပဉ္စဝဂ္ဂီတို့ကို ဆုံးမပြီးလတ်သော် ထိုထိုအရပ်သို့ ကြွကာ ကြွကာ ဆုံးမတော်မူ၏။
၁၈၈။ ‘‘ဝေနေယျေ ဝိနယန္တော သော, သင်္ဂဏှန္တော သဒေဝကံ၊
ဥပေစ္စ မဂဓေ ဂိရိံ [မာဂဒဂိရိံ (သီ။), မင်္ဂလာဂိရိံ (ပီ။)], ဝိဟရိတ္ထ တဒါ ဇိနော။
၁၈၈။ ထိုအခါ ထိုမြတ်စွာဘုရားသည် ဆုံးမထိုက်သူတို့ကို ဆုံးမလျက် နတ်နှင့် တကွ သော လူကို ချီးမြှောက်လိုသည်ဖြစ်၍ မဂဓတိုင်း ရာဇဂြိုဟ်ပြည်သို့ ကြွရောက်လျက်နေတော် မူ၏။
၁၈၉။ ‘‘တဒါ သုဒ္ဓေါဒနေနာဟံ, ဘူမိပါလေန ပေသိတော၊
ဂန္တွာ ဒိသွာ ဒသဗလံ, ပဗ္ဗဇိတွာရဟာ အဟုံ။
၁၈၉။ ထိုအခါ ငါသည် သုဒ္ဓေါဒနမင်းက စေခိုင်းအပ်သည် ဖြစ်၍ (ရာဇဂြိုဟ်သို့) သွား ပြီးလျှင် မြတ်စွာဘုရားကို ဖူးမြင်ရသော် ရဟန်းပြုလျက် ရဟန္တာ ဖြစ်ခဲ့၏။
၁၉၀။ ‘‘တဒါ မဟေသိံ ယာစိတွာ, ပါပယိံ ကပိလဝှယံ၊
တတော ပုရာဟံ ဂန္တွာန, ပသာဒေသိံ မဟာကုလံ။
၁၉၀။ ထိုအခါ မြတ်စွာဘုရားကို တောင်းပန်၍ ကပိလဝတ်မည်သော ပြည်သို့ ပင့်ဆောင် ခဲ့၏၊ ထိုအခါ ငါသည် ရှေးဦးစွာ ကြွသွား၍ များသော ဆွေမျိုးအပေါင်းကို ကြည်ညိုစေခဲ့၏။
၁၉၁။ ‘‘ဇိနော တသ္မိံ ဂုဏေ တုဋ္ဌော, မံ မဟာပရိသာယ သော [မမာဟ ပုရိသာသဘော (သျာ။ ပီ။)]၊
ကုလပ္ပသာဒကာနဂ္ဂံ, ပညာပေသိ ဝိနာယကော။
၁၉၁။ ထိုမြတ်စွာဘုရားသည် ထိုဂုဏ်၌ နှစ်သက်တော်မူသည်ဖြစ်၍ များစွာသော ပရိသတ်၌ ငါ့ကိုအမျိုးကို ကြည်ညိုစေတတ်သော ရဟန်းတို့တွင် အမြတ်ဆုံးဟု ပညတ်တော်မူ၏။
၁၉၂။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၁၉၂။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၁၉၃။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၁၉၃။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၁၉၄။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၁၉၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ကာဠုဒါယိမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် ကာဠုဒါယိတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ကာဠုဒါယိထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
ကာဠုဒါယိတ္ထေရဿာပဒါနံ ဆဋ္ဌံ။
၇။ အဘယတ္ထေရအပဒါန
၁၉၅။ ‘‘ပဒုမုတ္တရော နာမ ဇိနော, သဗ္ဗဓမ္မေသု စက္ခုမာ၊
ဣတော သတသဟဿမှိ, ကပ္ပေ ဥပ္ပဇ္ဇိ နာယကော။
၇-အဘယတ္ထေရအပဒါန ၁၉၅။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ အလုံးစုံသော တရားတို့၌ ပညာမျက်စိရှိ တော်မူသော နိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။
၁၉၆။ ‘‘သရဏဂမနေ ကိဉ္စိ, နိဝေသေသိ တထာဂတော၊
ကိဉ္စိ သီလေ နိဝေသေသိ, ဒသကမ္မပထုတ္တမေ။
၁၉၆။ မြတ်စွာဘုရားသည် အချို့သော သူကို သရဏဂုံ၌ တည်စေတော်မူ၏၊ အချို့ သောသူကို သီလ၌တည်စေတော်မူ၏၊ အချို့သော သူကို မြတ်သော (ကုသိုလ်) ကမ္မပထ ဆယ်ပါး၌ တည်စေတော်မူ၏။
၁၉၇။ ‘‘ဒေတိ ကဿစိ သော ဝီရော, သာမညဖလမုတ္တမံ၊
သမာပတ္တီ တထာ အဋ္ဌ, တိဿော ဝိဇ္ဇာ ပဝစ္ဆတိ။
၁၉၇။ ထိုမြတ်စွာဘုရားသည် အချို့သော သူအား ရဟန်းဖြစ်ခြင်း၏ အကျိုးမြတ်ကို ပေးတော်မူ၏၊ (အချို့သောသူအား) သမာပတ်ရှစ်ပါးတို့ကို ပေးတော်မူ၏၊ (အချို့သော သူအား) ဝိဇ္ဇာသုံးပါးတို့ကို ပေးတော်မူ၏။
၁၉၈။ ‘‘ဆဠဘိညာသု ယောဇေသိ, ကိဉ္စိ သတ္တံ နရုတ္တမော၊
ဒေတိ ကဿစိ နာထော သော, စတဿော ပဋိသမ္ဘိဒါ။
၁၉၈။ မြတ်စွာဘုရားသည် အချို့သော ပုဂ္ဂိုလ်ကို အဘိညာဥ်ခြောက်ပါးတို့၌ ယှဥ်စေတော်မူ၏၊ ထိုမြတ်စွာဘုရားသည် အချို့သောသူအား ပဋိသမ္ဘိဒါလေးပါးတို့ကို ပေးတော် မူ၏။
၁၉၉။ ‘‘ဗောဓနေယျံ ပဇံ ဒိသွာ, အသင်္ခေယျမ္ပိ ယောဇနံ [အသင်္ခေယျေပိ ယောဇနေ သီ။ သျာ။ ပီ။)]၊
ခဏေန ဥပဂန္တွာန, ဝိနေတိ နရသာရထိ။
၁၉၉။ မြတ်စွာဘုရားသည် (သစ္စာလေးပါးကို) သိစေထိုက်သော သတ္တဝါကို မြင်တော်မူ လတ်သော် မရေတွက်နိုင်သော ယူဇနာခရီးကိုသော် လည်း တစ်ခဏချင်းဖြင့် ကြွသွား၍ ဆုံးမတော်မူ၏။
၂၀၀။ ‘‘တဒါဟံ ဟံသဝတိယံ, အဟောသိံ ဗြာဟ္မဏတြဇော၊
ပါရဂူ သဗ္ဗဝေဒါနံ, ဝေယျာကရဏသမ္မတော။
၂၀၀။ ထိုအခါ ငါသည် ဟံသာဝတီမြို့၌ ပုဏ္ဏားအမျိုးသား ဖြစ်ခဲ့၏၊ အလုံးစုံသော ဝေဒကျမ်းတို့၏တစ်ဖက်ကမ်းရောက် တတ်မြောက်သူဖြစ်၍ ဗျာကရုဏ်းကျမ်းတတ်ဟူ၍ လည်း သမုတ်အပ်၏။
၂၀၁။ ‘‘နိရုတ္တိယာ စ ကုသလော, နိဃဏ္ဍုမှိ ဝိသာရဒေါ၊
ပဒကော ကေဋုဘဝိဒူ, ဆန္ဒောဝိစိတိကောဝိဒေါ။
၂၀၁။ နိရုတ္တိ (သဒ္ဒါကျမ်း) ၌လည်း ကျွမ်းကျင်လိမ္မာ၏၊ အဘိဓာန်ကျမ်း၌လည်း ရဲရင့်၏၊ ပုဒ်၌ လိမ္မာ၏၊ အလင်္ကာကျမ်းကို သိ၍ ဆန်းကျမ်း၌ လိမ္မာ၏။
၂၀၂။ ‘‘ဇင်္ဃာဝိဟာရံ ဝိစရံ, ဟံသာရာမမုပေစ္စဟံ၊
အဒ္ဒသံ ဝရဒံ [ဝဒတံ (သီ။ ပီ။), ပဝရံ (သျာ။)] သေဋ္ဌံ, မဟာဇနပုရက္ခတံ။
၂၀၂။ ငါသည် အညောင်းပြေ လမ်းလျှောက်စဥ် ဟံသာရုံကျောင်းတိုက်သို့ ချဥ်းကပ်သည် ရှိသော် လူအပေါင်းဖြင့် ခြံရံလျက်ရှိသော နိဗ္ဗာန်ဆုကို ပေးတတ်သော မြတ်စွာဘုရားကို ဖူးမြင်ရ၏။
၂၀၃။ ‘‘ဒေသေန္တံ ဝိရဇံ ဓမ္မံ, ပစ္စနီကမတီ အဟံ၊
ဥပေတွာ တဿ ကလျာဏံ, သုတွာန ဝိမလံ အဟံ [ဝါကျာနိ, သုတွာန ဝိမလာနဟံ (သီ။ သျာ။ ပီ။)]။
၂၀၃။ ဆန့်ကျင်ဘက်ကို အလိုရှိသော ငါသည် တရားကို ဟောတော်မူဆဲဖြစ်သောကိလေသာမြူကင်းသော မြတ်စွာဘုရားသို့ ချဥ်းကပ်လျက် ထိုမြတ်စွာဘုရား၏ အညစ်အကြေး ကင်းသောကောင်းသော တရားကို နာကြားရသည်ရှိသော် -
၂၀၄။ ‘‘ဗျာဟတံ ပုနရုတ္တံ ဝါ, အပတ္ထံ ဝါ နိရတ္ထကံ၊
နာဒ္ဒသံ တဿ မုနိနော, တတော ပဗ္ဗဇိတော အဟံ။
၂၀၄။ ထိုမြတ်စွာဘုရား၏ အထပ်ထပ် မိန့်ဆိုအပ်သော စကားကိုလည်းကောင်း၊ အနက် မရှိသောစကားကိုလည်းကောင်း၊ အကျိုးမရှိသော စကားကိုလည်းကောင်း မတွေ့မြင်ရ။ ထို့ကြောင့် ငါသည်ရဟန်းပြုခဲ့၏။
၂၀၅။ ‘‘နစိရေနေဝ ကာလေန, သဗ္ဗသတ္တဝိသာရဒေါ၊
နိပုဏော ဗုဒ္ဓဝစနေ, အဟောသိံ ဂုဏိသမ္မတော။
၂၀၅။ ကာလ မကြာမီပင်လျှင် အလုံးစုံသော ကျမ်းတို့၌ ရဲရင့်၏၊ မြတ်စွာဘုရား စကားတော်၌လိမ္မာသိမ်မွေ့၏၊ ဂုဏ်ရှိသော သူဟု သမုတ်ခံရ၏။
၂၀၆။ ‘‘တဒါ စတဿော ဂါထာယော, ဂန္ထယိတွာ သုဗျဉ္ဇနာ၊
သန္ထဝိတွာ တိလောကဂ္ဂံ, ဒေသယိဿံ ဒိနေ ဒိနေ။
၂၀၆။ ထိုအခါ ကောင်းသော သဒ္ဒါရှိကုန်သော လေးဂါထာတို့ကို သီကုံးထုံးဖွဲ့၍ မြတ်စွာ ဘုရားကိုချီးကျူးလျက် နေ့တိုင်းနေ့တိုင်း ဟောခဲ့၏။
၂၀၇။ ‘‘ဝိရတ္တောသိ မဟာဝီရော, သံသာရေ သဘယေ ဝသံ၊
ကရုဏာယ န နိဗ္ဗာယိ, တတော ကာရုဏိကော မုနိ။
၂၀၇။ မြတ်စွာဘုရားသည် တပ်ခြင်းကင်းတော်မူ၏၊ ဘေးနှင့် တကွသော သံသရာ၌ နေတော်မူစဥ်ကရုဏာကြောင့် ငြိမ်းအေးတော်မမူချေ၊ ထို့ကြောင့် မြတ်စွာဘုရားသည် ကရုဏာရှိတော်မူ၏။
၂၀၈။ ‘‘ပုထုဇ္ဇနော ဝယော သန္တော, န ကိလေသဝသော အဟု၊
သမ္ပဇာနော သတိယုတ္တော, တသ္မာ ဧသော အစိန္တိယော။
၂၀၈။ အကြင် (ဘုရားလောင်း) သတ္တဝါသည် ပုထုဇဥ်ဖြစ်လျက်ပင် ကိလေသာ၏ အလိုသို့ မလိုက်ပေ၊ ဆင်ခြင်ဉာဏ်ရှိ၏၊ သတိနှင့် ယှဥ်၏၊ ထို့ကြောင့် ဤဘုရားအလောင်းတော်ကို မကြံစည်ထိုက်ချေ။
၂၀၉။ ‘‘ဒုဗ္ဗလာနိ ကိလေသာနိ, ယဿာသယဂတာနိ မေ၊
ဉာဏဂ္ဂိပရိဒဍ္ဎာနိ, န ခီယိံသု တမဗ္ဘုတံ။
၂၀၉။ အကြင် မြတ်စွာဘုရားသည် အလိုဆန္ဒသို့ ရောက်ကုန်သည့် အားနည်းကုန်သောဤကိလေသာတို့ကို ဉာဏ်မီးဖြင့် လောင်ကျွမ်းစေအပ်ကုန်၏၊ ထိုကိလေသာတို့သည် မကုန်နိုင် ကုန်၊ ထိုသို့မကုန်နိုင်ခြင်းသည် အံ့ဩဖွယ် ဖြစ်၏။
၂၁၀။ ‘‘ယော သဗ္ဗလောကဿ ဂရု, လောကော [လောကေ (သျာ။ က။)] ယဿ တထာ ဂရု၊
တထာပိ လောကာစရိယော, လောကော တဿာနုဝတ္တကော။
၂၁၀။ အကြင်ဘုရားလောင်းသည် အလုံးစုံသော လောက၏ လေးစားအပ်သော ဆရာ တည်း၊ လောကသည်လည်း အကြင်ဘုရားလောင်းအား ထိုအခြင်းအရာအားဖြင့် အလေးပြု၏၊ ထို့ကြောင့်လည်းလောက၏ ဆရာတည်း၊ လောကသည် ထို (ဘုရားလောင်း) သို့ အတုလိုက်၏။
၂၁၁။ ‘‘ဧဝမာဒီဟိ သမ္ဗုဒ္ဓံ, ကိတ္တယံ ဓမ္မဒေသနံ၊
ယာဝဇီဝံ ကရိတွာန, ဂတော သဂ္ဂံ တတော စုတော။
၂၁၁။ ဤသို့ အစရှိသည်တို့ဖြင့် မြတ်စွာဘုရားကို ချီးကျူးလျက် တရားဟောမှုကို အသက်ထက်ဆုံးပြုလုပ်၍ ထိုဘဝမှ စုတေလတ်သော် နတ်ပြည်သို့ ရောက်ခဲ့၏။
၂၁၂။ ‘‘သတသဟဿိတော ကပ္ပေ, ယံ ဗုဒ္ဓမဘိကိတ္တယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ကိတ္တနာယ ဣဒံ ဖလံ။
၂၁၂။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ မြတ်စွာဘုရားကို အထူးချီးကျူးခဲ့၏၊ (ထို အခါမှစ၍) မကောင်းမှု ပြုသူတို့ လားရာ‘ဒုဂ္ဂတိ’ဘဝကို မသိရပေ။ ဤသို့ ဖြစ်ရခြင်းသည် ချီးကျူးခြင်း၏အကျိုးပေတည်း။
၂၁၃။ ‘‘ဒေဝလောကေ မဟာရဇ္ဇံ, ပါဒေသိံ ကဉ္စနဂ္ဃိယံ [ဒိဗ္ဗာနုဘောဇဟံ တဒါ (သျာ။), ရဇ္ဇံ ပါဒေသိ ကံစယံ (သီ။)]၊
စက္ကဝတ္တီ မဟာရဇ္ဇံ, ဗဟုသောနုဘဝိံ အဟံ။
၂၁၃။ ငါသည် နတ်ပြည်၌ ရွှေတုရိုဏ်တိုင်နှင့် တူသော နတ်မင်းမြတ်အဖြစ်သို့ ရောက်ခဲ့၏၊ ငါသည်စကြဝတေးမင်းမြတ်အဖြစ်ကို အကြိမ်များစွာ ခံစားခဲ့ရ၏။
၂၁၄။ ‘‘ဒုဝေ ဘဝေ ပဇာယာမိ, ဒေဝတ္တေ အထ မာနုသေ၊
အညံ ဂတိံ န ဇာနာမိ, ကိတ္တနာယ ဣဒံ ဖလံ။
၂၁၄။ နတ်ဘဝ, လူ့ဘဝဟူသော ဘဝနှစ်ပါး၌ ဖြစ်ရ၏၊ တစ်ပါးသောလားရာဂတိကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ချီးကျူးခြင်း၏ အကျိုးပေတည်း။
၂၁၅။ ‘‘ဒုဝေ ကုလေ ပဇာယာမိ, ခတ္တိယေ အထ ဗြာဟ္မဏေ၊
နီစေ ကုလေ န ဇာယာမိ, ကိတ္တနာယ ဣဒံ ဖလံ။
၂၁၅။ မင်းမျိုး, ပုဏ္ဏားမျိုးဟူသော အမျိုးနှစ်ပါး၌ ဖြစ်ရ၏၊ ယုတ်နိမ့်သော အမျိုး၌ မဖြစ်စဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် ချီးကျူးခြင်း၏ အကျိုးပေတည်း။
၂၁၆။ ‘‘ပစ္ဆိမေ စ ဘဝေ ဒါနိ, ဂိရိဗ္ဗဇပုရုတ္တမေ၊
ရညောဟံ ဗိမ္ဗိသာရဿ, ပုတ္တော နာမေန စာဘယော။
၂၁၆။ ဤယခု နောက်ဆုံးဘဝ၌လည်း ရာဇဂြိုဟ်ပြည်မြတ်၌ ငါသည် အမည်အားဖြင့် အဘယမည်သော ဗိမ္ဗိသာရမင်း၏ သားတော် ဖြစ်၏။
၂၁၇။ ‘‘ပါပမိတ္တဝသံ ဂန္တွာ, နိဂဏ္ဌေန ဝိမောဟိတော၊
ပေသိတော နာဋပုတ္တေန, ဗုဒ္ဓသေဋ္ဌမုပေစ္စဟံ။
၂၁၇။ ငါသည် ယုတ်မာသော မိတ်ဆွေ၏ အလိုသို့လိုက်၍ နာဋ၏သား နိဂဏ္ဌတက္ကတွန်း သည်တွေဝေစေအပ်လျက် စေခိုင်းအပ်သည်ရှိသော် ဘုရားမြတ်ထံသို့ ချဥ်းကပ်ပြီးလျှင် -
၂၁၈။ ‘‘ပုစ္ဆိတွာ နိပုဏံ ပဉှံ, သုတွာ ဗျာကရဏုတ္တမံ၊
ပဗ္ဗဇိတွာန နစိရံ, အရဟတ္တမပါပုဏိံ။
၂၁၈။ သိမ်မွေ့သော ပြဿနာကို မေးလျှောက်ရာ မြတ်သော အဖြေကို နာကြားရခြင်း ကြောင့်ရဟန်းပြုပြီး၍ မကြာမြင့်မီ အရဟတ္တဖိုလ်သို့ ရောက်၏။
၂၁၉။ ‘‘ကိတ္တယိတွာ ဇိနဝရံ, ကိတ္တိတော ဟောမိ သဗ္ဗဒါ၊
သုဂန္ဓဒေဟဝဒနော, အာသိံ သုခသမပ္ပိတော။
၂၁၉။ ငါသည် ဘုရားမြတ်ကို ချီးကျူးခဲ့ခြင်းကြောင့် အခါခပ်သိမ်း ချီးကျူးခံရသူ ဖြစ်၏၊ ကောင်းသောကိုယ်အနံ့, ခံတွင်းအနံ့ရှိလျက် ချမ်းသာနှင့် ပြည့်စုံသူ ဖြစ်၏။
၂၂၀။ ‘‘တိက္ခဟာသလဟုပညော, မဟာပညော တထေဝဟံ၊
ဝိစိတ္တပဋိဘာနော စ, တဿ ကမ္မဿ ဝါဟသာ။
၂၂၀။ ထိုကံ၏ အစွမ်းကြောင့် ထက်မြက်ကြည်ရွှင် လျင်မြန်သော ပညာရှိ၏၊ ကြီးမား သော ပညာရှိ၏၊ ထို့အတူပင် ငါသည် ဆန်းကြယ်သော ပဋိဘာန်ဉာဏ်လည်း ရှိ၏။
၂၂၁။ ‘‘အဘိတ္ထဝိတွာ ပဒုမုတ္တရာဟံ, ပသန္နစိတ္တော အသမံ သယမ္ဘုံ၊
န ဂစ္ဆိ ကပ္ပါနိ အပါယဘူမိံ, သတံ သဟဿာနိ ဗလေန တဿ။
၂၂၁။ ငါသည် ကြည်ညိုသော စိတ်ရှိလျက် အတုမရှိသော ပဒုမုတ္တရမြတ်စွာဘုရားကို ချီးကျူးခဲ့၍ ထိုကံ၏အစွမ်းအားကြောင့် ကမ္ဘာတစ်သိန်းတို့ပတ်လုံး အပါယ်ဘုံသို့ မရောက်ရ ပေ။
၂၂၂။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၂၂၂။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၂၂၃။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၂၂၃။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၂၂၄။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၂၂၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အဘယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် အဘယတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ အဘယော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
အဘယတ္ထေရဿာပဒါနံ သတ္တမံ။
၈။ လောမသကင်္ဂိယတ္ထေရအပဒါန
၂၂၅။ ‘‘ဣမမှိ ဘဒ္ဒကေ ကပ္ပေ, ဗြဟ္မဗန္ဓု မဟာယသော၊
ကဿပေါ နာမ ဂေါတ္တေန, ဥပ္ပဇ္ဇိ ဝဒတံ ဝရော။
၈-လောမသကင်္ဂံယတ္ထေရအပဒါန ၂၂၅။ ဤဘဒ္ဒကမ္ဘာ၌ တရားဟောပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံးဖြစ်သော ဗြာဟ္မဏမျိုးဖြစ်၍ များသောအခြံအရံရှိသော အနွယ်အားဖြင့် ကဿပဟု ထင်ရှားသော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။
၂၂၆။ ‘‘တဒါဟံ စန္ဒနော စေဝ, ပဗ္ဗဇိတွာန သာသနေ၊
အာပါဏကောဋိကံ ဓမ္မံ, ပူရယိတွာန သာသနေ။
၂၂၆။ ထိုအခါ ငါသည်လည်းကောင်း၊ စန္ဒနသည်လည်းကောင်း သာသနာတော်၌ ရဟန်း ပြု၍အသက်ဆုံးသည်တိုင်အောင် သာသနာတော်၌ တရားကို ဖြည့်ကျင့်ခဲ့ခြင်းကြောင့်-
၂၂၇။ ‘‘တတော စုတာ သန္တုသိတံ, ဥပပန္နာ ဥဘော မယံ၊
တတ္ထ ဒိဗ္ဗေဟိ နစ္စေဟိ, ဂီတေဟိ ဝါဒိတေဟိ စ။
၂၂၇။ ထိုဘဝမှ စုတေကုန်သော် ငါတို့နှစ်ဦးလုံး တုသိတာဘုံသို့ ရောက်ကုန်၏၊ ထိုဘုံ၌ နတ်၌ဖြစ်ကုန်သော ကခြင်းတို့ဖြင့်လည်းကောင်း၊ သီခြင်းတို့ဖြင့်လည်းကောင်း၊ တီးမှုတ်ခြင်းတို့ဖြင့်လည်းကောင်း-
၂၂၈။ ‘‘ရူပါဒိဒသဟင်္ဂေဟိ, အဘိဘောတွာန သေသကေ၊
ယာဝတာယုံ ဝသိတွာန, အနုဘောတွာ မဟာသုခံ။
၂၂၈။ အဆင်းစသော အင်္ဂါဆယ်ပါးတို့ဖြင့်လည်းကောင်း ကြွင်းသော နတ်တို့ကို လွှမ်း မိုး၍ကြီးစွာသော ချမ်းသာကို ခံစားလျက် အသက်ထက်ဆုံး နေပြီးလျှင် -
၂၂၉။ ‘‘တတော စဝိတွာ တိဒသံ, စန္ဒနော ဥပပဇ္ဇထ၊
အဟံ ကပိလဝတ္ထုသ္မိံ, အဇာယိံ သာကိယတြဇော။
၂၂၉။ ထိုဘုံမှ စုတေလတ်သော် စန္ဒနသည် တာဝတိံသာဘုံသို့ ဖြစ်လေ၏၊ ငါသည် ကပိလဝတ်ပြည်၌သာကိယမင်းသား ဖြစ်ခဲ့၏။
၂၃၀။ ‘‘ယဒါ ဥဒါယိတ္ထေရေန, အဇ္ဈိဋ္ဌော လောကနာယကော၊
အနုကမ္ပိယ သကျာနံ, ဥပေသိ ကပိလဝှယံ။
၂၃၀။ အကြင်အခါ မြတ်စွာဘုရားသည် ဥဒါယိထေရ် တိုက်တွန်းအပ်သည်ဖြစ်၍ သာကီဝင်မင်းတို့အားအစဥ်သနားတော်မူသဖြင့် ကပိလမည်သော မြို့သို့ ကြွရောက်တော် မူ၏။
၂၃၁။ ‘‘တဒါတိမာနိနော သကျာ, န ဗုဒ္ဓဿ ဂုဏညုနော၊
ပဏမန္တိ န သမ္ဗုဒ္ဓံ, ဇာတိထဒ္ဓါ အနာဒရာ။
၂၃၁။ ထိုအခါ အလွန်မာနကြီးကုန်သော မြတ်စွာဘုရား၏ ဂုဏ်ကို မသိသော သာကီဝင်မင်းတို့သည်ဇာတိမာန်ဖြင့် ခက်ထန်ကုန်သည်ဖြစ်၍ ရိုသေခြင်း ကင်းလျက် မြတ်စွာ ဘုရားကို ရှိမခိုးကုန်။
၂၃၂။ ‘‘တေသံ သင်္ကပ္ပမညာယ, အာကာသေ စင်္ကမီ ဇိနော၊
ပဇ္ဇုန္နော ဝိယ ဝဿိတ္ထ, ပဇ္ဇလိတ္ထ ယထာ သိခီ။
၂၃၂။ မြတ်စွာဘုရားသည် ထိုသာကီဝင်မင်းတို့၏ စိတ်အကြံကို သိ၍ ကောင်းကင်၌ စင်္ကြံကြွတော်မူ၏၊ ‘မိုးကဲ့သို့’ ရွာသွန်းတော်မူ၏၊ ‘မီးလျှံကဲ့သို့’ တောက်ပတော်မူ၏။
၂၃၃။ ‘‘ဒဿေတွာ ရူပမတုလံ, ပုန အန္တရဓာယထ၊
ဧကောပိ ဟုတွာ ဗဟုဓာ, အဟောသိ ပုနရေကကော။
၂၃၃။ အတုမရှိသော ရုပ်အဆင်းကို ပြ၍ တစ်ဖန် ကွယ်ပျောက်တော်မူ၏၊ တစ်ပါးတည်း ဖြစ်၍လည်းအများအပြားဖြစ်တော်မူ၏၊ (အများအပြား ဖြစ်၍လည်း) တစ်ဖန် တစ်ပါးတည်း ဖြစ်တော်မူ၏။
၂၃၄။ ‘‘အန္ဓကာရံ ပကာသဉ္စ, ဒဿယိတွာ အနေကဓာ၊
ပါဋိဟေရံ ကရိတွာန, ဝိနယီ ဉာတကေ မုနိ။
၂၃၄။ မြတ်စွာဘုရားသည် အမိုက်တိုက်ကိုလည်းကောင်း၊ အလင်းရောင်ကိုလည်းကောင်း၊ အများအပြားပြတော်မူ၍ တန်ခိုးပြာဋိဟာကို ပြုပြီးလျှင် ဆွေမျိုးတို့ကို ဆုံးမတော်မူ၏။
၂၃၅။ ‘‘စာတုဒ္ဒီပေါ မဟာမေဃော, တာဝဒေဝ ပဝဿထ၊
တဒါ ဟိ ဇာတကံ ဗုဒ္ဓေါ, ဝေဿန္တရမဒေသယိ။
၂၃၅။ ထိုခဏ၌ပင် လေးကျွန်းလုံး ပျံ့နှံ့သော မိုးကြီးသည် ရွာသွန်းလေ၏၊ ထိုအခါ မြတ်စွာဘုရားသည် ဝေဿန္တရာဇာတ်ကို ဟောတော်မူ၏။
၂၃၆။ ‘‘တဒါ တေ ခတ္တိယာ သဗ္ဗေ, နိဟန္တွာ ဇာတိဇံ မဒံ၊
ဥပေသုံ သရဏံ ဗုဒ္ဓံ, အာဟ သုဒ္ဓေါဒနော တဒါ။
၂၃၆။ ထိုအခါ ထိုမင်းအားလုံးတို့သည် ဇာတ်ကြောင့်ဖြစ်သော မာန်ယစ်ခြင်းကို ပယ် ဖျောက်ပြီးလျှင် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍လည်း ဆည်းကပ်ကုန်၏၊ ထိုအခါ သုဒ္ဓေါဒနမင်းသည်လျှောက်ထားလေ၏။
၂၃၇။ ‘‘‘ဣဒံ တတိယံ တဝ ဘူရိပည, ပါဒါနိ ဝန္ဒာမိ သမန္တစက္ခု၊
ယဒါဘိဇာတော ပထဝီ ပကမ္ပယီ, ယဒါ စ တံ နဇ္ဇဟိ ဇမ္ဗုဆာယာ’။
၂၃၇။ ထက်ဝန်းကျင် သိမြင်နိုင်သော (သဗ္ဗညုတဉာဏ်) မျက်စိရှိတော်မူသော မြတ်စွာ ဘုရားအရှင်ဘုရား၏ ခြေတော်တို့ကို ရှိခိုးပါ၏၊ ဤရှိခိုးခြင်းသည် သုံးကြိမ်မြောက် ရှိခိုးခြင်း ပါတည်း။ အကြင်အခါ မွေးဖွားတော်မူစဥ် မြေကြီးသည် တုန်လှုပ်၏၊ ထိုအခါ (ပထမ အကြိမ်) ရှိခိုးခဲ့ပါ၏။ အကြင်အခါလည်း သပြေပင်ရိပ်သည် အရှင်ဘုရားကို မစွန့်လွှတ်ချေ၊ ထိုအခါ လည်း နှစ်ကြိမ်မြောက်ရှိခိုးခဲ့ပါ၏။
၂၃၈။ ‘‘တဒါ ဗုဒ္ဓါနုဘာဝံ တံ, ဒိသွာ ဝိမှိတမာနသော၊
ပဗ္ဗဇိတွာန တတ္ထေဝ, နိဝသိံ မာတုပူဇကော။
၂၃၈။ ထိုအခါ ငါသည် မြတ်စွာဘုရား၏ တန်ခိုးအာနုဘော်ကို မြင်ရသည်ရှိသော် တက်ကြွသောစိတ်ရှိသည်ဖြစ်၍ ရဟန်းပြုပြီးလျှင် ထိုမြို့၌ပင် အမိကို ပူဇော်လျက် နေခဲ့၏။
၂၃၉။ ‘‘စန္ဒနော ဒေဝပုတ္တော မံ, ဥပဂန္တွာနုပုစ္ဆထ၊
ဘဒ္ဒေကရတ္တဿ တဒါ, သင်္ခေပဝိတ္ထာရံ နယံ။
၂၃၉။ ထိုအခါ စန္ဒနနတ်သားသည် ငါ့ထံသို့ ချဥ်းကပ်၍ ဘဒ္ဒေကရတ္တသုတ်၏ အကျဥ်း နည်းအကျယ်နည်းကို မေးမြန်းလေ၏။
၂၄၀။ ‘‘စောဒိတောဟံ တဒါ တေန, ဥပေစ္စ နရနာယကံ၊
ဘဒ္ဒေကရတ္တံ သုတွာန, သံဝိဂ္ဂေါ ဝနမာမကော။
၂၄၀။ ထိုအခါ ထိုစန္ဒနနတ်သား တိုက်တွန်းအပ်သော ငါသည် မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ဘဒ္ဒေကရတ္တသုတ်ကို ကြားနာရသည်ရှိသော် သံဝေဂရလျက် တော၌ နေခြင်းကို မြတ်နိုး၏။
၂၄၁။ ‘‘တဒါ မာတရမပုစ္ဆိံ, ဝနေ ဝစ္ဆာမိ ဧကကော၊
သုခုမာလောတိ မေ မာတာ, ဝါရယီ တံ [တေ (သျာ။ ပီ။ က။)] တဒါ ဝစံ။
၂၄၁။ ထိုအခါ ငါသည် “တော၌ တစ်ဦးတည်း နေပါရစေ”ဟု မယ်တော်ကို ပန်ကြား ခဲ့၏၊ “အရှင်ဘုရား သိမ်မွေ့နူးညံ့သော ပုဂ္ဂိုလ်ဖြစ်ပါသည်’ဟု ငါ၏ မယ်တော်က တားမြစ် လတ်သော် ထိုအခါ (ငါသည် ဤသို့) ပြောဆိုခဲ့၏။
၂၄၂။ ‘‘ကာသံ [ဒဗ္ဗံ (သီ။ သျာ။ ပီ။)] ကုသံ ပေါဋကိလံ, ဥသီရံ မုဉ္ဇပဗ္ဗဇံ [မုဉ္ဇဗဗ္ဗဇံ (သီ။ ပီ။)]၊
ဥရသာ ပနုဒိဿာမိ, ဝိဝေကမနုဗြူဟယံ။
၂၄၂။ ကျွန်ုပ်သည် ဝိဝေက (သုံးပါး) ကို ပွါးစေလျက် ကြိမ်နွယ်, သမန်းမြက်, ဖောင်း ကားမြက်, ပန်းရင်းဖြူဆံမြက် (ပိန်းမြက်) တို့ကို ရင်ဖြင့် နုတ်ပယ်ပါအံ့ (ဟု ပြောဆိုခဲ့၏)။
၂၄၃။ ‘‘တဒါ ဝနံ ပဝိဋ္ဌောဟံ, သရိတွာ ဇိနသာသနံ၊
ဘဒ္ဒေကရတ္တဩဝါဒံ, အရဟတ္တမပါပုဏိံ။
၂၄၃။ ထိုအခါ ငါသည် တောသို့ ဝင်လျက် မြတ်စွာဘုရားအဆုံးအမဖြစ်သော ဘဒ္ဒေကရတ္တသုတ်အဆုံးအမကို အောက်မေ့၍ အရဟတ္တဖိုလ်သို့ ရောက်ခဲ့၏။
၂၄၄။ ‘‘‘အတီတံ နာနွာဂမေယျ, နပ္ပဋိကင်္ခေ အနာဂတံ၊
ယဒတီတံ ပဟီနံ တံ, အပ္ပတ္တဉ္စ အနာဂတံ။
၂၄၄။ အတိတ် (ရုပ်နာမ်) တရားကို အစဥ် မလိုက်ရာ၊ အနာဂတ် (ရုပ်နာမ်) တရားကို အလိုမရှိ (မတောင့်တ) ရာ၊ အတိတ် (ရုပ်နာမ်) တရားကို ပယ်အပ်ခဲ့ပြီ၊ အနာဂတ် (ရုပ်နာမ်) တရားသည်ကားမရောက်သေးချေ။
၂၄၅။ ‘‘‘ပစ္စုပ္ပန္နဉ္စ ယော ဓမ္မံ, တတ္ထ တတ္ထ ဝိပဿတိ၊
အသံဟီရံ အသံကုပ္ပံ, တံ ဝိဒွါ မနုဗြူဟယေ။
၂၄၅။ အကြင်ပုဂ္ဂိုလ်သည် ပစ္စုပ္ပန် (ရုပ်နာမ်) တရားကို ထိုထိုဖြစ်ပေါ်ဆဲအခါ ရုပ်စသည်တို့ ၌ (အနိစ္စ, ဒုက္ခ, အနတ္တ)ဟု အမျိုးမျိုး ရှု၏၊ ပညာရှိပုဂ္ဂိုလ်သည် မတွန့်ဆုတ်၊ မပျက်စီး သော ထိုဝိပဿနာကိုပွါးများရာ၏။
၂၄၆။ ‘‘‘အဇ္ဇေဝ ကိစ္စမာတပ္ပံ, ကော ဇညာ မရဏံ သုဝေ၊
န ဟိ နော သင်္ဂရံ [သင်္ကရံ (က။)] တေန, မဟာသေနေန မစ္စုနာ။
၂၄၆။ ယနေ့ပင်လျှင် ကိလေသာကို ပူပန်စေတတ်သော လုံ့လကို ပြုသင့်၏၊ နက်ဖြန် သေရမည်ကိုအဘယ်သူသည် သိနိုင်ပါအံ့နည်း။ များသော စစ်သည်ရှိသော ထိုသေမင်းနှင့် ငါတို့အား ချိန်းချက်မှုသည်မရှိချေ။
၂၄၇။ ‘‘‘ဧဝံဝိဟာရိံ အာတာပိံ, အဟောရတ္တမတန္ဒိတံ၊
တံ ဝေ ဘဒ္ဒေကရတ္တောတိ, သန္တော အာစိက္ခတေ မုနိ’။
၂၄၇။ ဤသို့ နေလေ့ရှိသော ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသော နေ့ညဥ့် ပတ်လုံးပျင်းရိခြင်းမရှိသော ထိုပုဂ္ဂိုလ်ကို စင်စစ် ကောင်းမြတ်သော နေ့ညဥ့်ရှိသော ပုဂ္ဂိုလ်ဟု ကိလေသာမီးငြိမ်းတော်မူပြီးသော မြတ်စွာဘုရားသည် မိန့်ကြားတော်မူ၏။
၂၄၈။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၂၄၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၂၄၉။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၂၄၉။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၂၅၀။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၂၅၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်လောမသကင်္ဂံယမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် လောမသကင်္ဂံယတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ လောမသကင်္ဂိယော [လောမသင်္ခိယော (သျာ။ က။)] ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
လောမသကင်္ဂိယတ္ထေရဿာပဒါနံ အဋ္ဌမံ။
၉။ ဝနဝစ္ဆတ္ထေရအပဒါန
၂၅၁။ ‘‘ဣမမှိ ဘဒ္ဒကေ ကပ္ပေ, ဗြဟ္မဗန္ဓု မဟာယသော၊
ကဿပေါ နာမ ဂေါတ္တေန, ဥပ္ပဇ္ဇိ ဝဒတံ ဝရော။
၉-ဝနဝစ္ဆတ္ထေရအပဒါန ၂၅၁။ ဤဘဒ္ဒကမ္ဘာ၌ တရားဟောပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံးဖြစ်သော ဗြာဟ္မဏမျိုးဖြစ်၍ များသောအခြံအရံရှိသော အနွယ်အားဖြင့် ကဿပဟု ထင်ရှားသော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။
၂၅၂။ ‘‘တဒါဟံ ပဗ္ဗဇိတွာန, တဿ ဗုဒ္ဓဿ သာသနေ၊
ယာဝဇီဝံ စရိတွာန, ဗြဟ္မစာရံ တတော စုတော။
၂၅၂။ ထိုအခါ ငါသည် ထိုမြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းပြုပြီးလျှင် မြတ်သော အကျင့်ကိုအသက်ထက်ဆုံး ကျင့်၍ ထိုဘဝမှ စုတေလတ်သော် -
၂၅၃။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၂၅၃။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။
၂၅၄။ ‘‘တတော စုတော အရညမှိ, ကပေါတော အာသဟံ တဟိံ၊
ဝသတေ ဂုဏသမ္ပန္နော, ဘိက္ခု ဈာနရတော သဒါ။
၂၅၄။ ငါသည် ထိုဘဝမှ စုတေပြန်လတ်သော် တော၌ ခိုဖြစ်၏၊ ထိုတော၌ ဂုဏ်နှင့် ပြည့်စုံလျက်အခါခပ်သိမ်း ဈာန်၌ ပျော်မွေ့သော ရဟန်းသည် နေ၏။
၂၅၅။ ‘‘မေတ္တစိတ္တော ကာရုဏိကော, သဒါ ပမုဒိတာနနော၊
ဥပေက္ခကော မဟာဝီရော, အပ္ပမညာသု ကောဝိဒေါ။
၂၅၅။ (ထိုရဟန်းသည်) မေတ္တာစိတ်ရှိပေ၏၊ သနားခြင်းရှိပေ၏၊ အခါခပ်သိမ်း ရွှင်လန်းဝမ်းမြောက်သော မျက်နှာရှိပေ၏၊ လျစ်လျူရှုတတ်၏၊ ကြီးမားသော လုံ့လရှိ၏၊ အပ္ပမညာ တရားတို့၌ ကျွမ်းကျင်ပေ၏။
၂၅၆။ ‘‘ဝိနီဝရဏသင်္ကပ္ပေ, သဗ္ဗသတ္တဟိတာသယေ၊
ဝိသဋ္ဌော နစိရေနာသိံ, တသ္မိံ သုဂတသာဝကေ။
၂၅၆။ ငါသည် နီဝရဏကင်းသော စိတ်အကြံရှိသော အလုံးစုံသော သတ္တဝါတို့၏ အကျိုးစီးပွါးကိုလိုလားခြင်းရှိသော ထိုမြတ်စွာဘုရား၏ တပည့်သာဝက၌ မကြာမြင့်မီပင် အကျွမ်းဝင်သည် ဖြစ်၏။
၂၅၇။ ‘‘ဥပေစ္စ ပါဒမူလမှိ, နိသိန္နဿ တဒါဿမေ၊
ကဒါစိ သာမိသံ ဒေတိ, ဓမ္မံ ဒေသေသိ စေကဒါ။
၂၅၇။ ထိုအခါ ထိုရဟန်း၏ ခြေရင်း၌ ကပ်၍ နေသော ငါ့အား ထိုရဟန်းသည် တစ်ရံ တစ်ခါဆွမ်းအာမိသကို ပေး၏၊ တစ်ရံတစ်ခါ တရားတော်ကိုလည်း ဟောပြ၏။
၂၅၈။ ‘‘တဒါ ဝိပုလပေမေန, ဥပါသိတွာ ဇိနတြဇံ၊
တတော စုတော ဂတော သဂ္ဂံ, ပဝါသော သဃရံ ယထာ။
၂၅၈။ ထိုအခါ ငါသည် ပြန့်ပြောသော ချစ်ခြင်းဖြင့် မြတ်စွာဘုရား၏ သားတော်ကိုဆည်းကပ်ခဲ့ခြင်းကြောင့် ထိုဘဝမှ စုတေလတ်သော် ‘ (အိမ်နှင့်) ကွေကွင်းနေသူသည် မိမိအိမ် သို့ပြန်ရောက်သကဲ့သို့’ နတ်ပြည်သို့ ရောက်ရပေ၏။
၂၅၉။ ‘‘သဂ္ဂါ စုတော မနုဿေသု, နိဗ္ဗတ္တော ပုညကမ္မုနာ၊
အဂါရံ ဆဍ္ဍယိတွာန, ပဗ္ဗဇိံ ဗဟုသော အဟံ။
၂၅၉။ ငါသည် နတ်ပြည်မှ စုတေပြန်လတ်သော် ကုသိုလ်ကံကြောင့် လူ့ဘုံတို့၌ ဖြစ်ရ၏၊ ငါသည်အိမ်ကို စွန့်ပယ်၍ အကြိမ်များစွာ ရဟန်းပြု၏။
၂၆၀။ ‘‘သမဏော တာပသော ဝိပ္ပေါ, ပရိဗ္ဗဇော တထေဝဟံ၊
ဟုတွာ ဝသိံ အရညမှိ, အနေကသတသော အဟံ။
၂၆၀။ ထို့အတူပင် ငါသည် ရဟန်းသည်လည်းကောင်း၊ ရသေ့သည်လည်းကောင်း၊ ပုဏ္ဏားသည်လည်းကောင်း၊ ပရိဗိုဇ်သည်လည်းကောင်း ဖြစ်၍ တော၌အကြိမ်အရာမက နေခဲ့၏။
၂၆၁။ ‘‘ပစ္ဆိမေ စ ဘဝေ ဒါနိ, ရမ္မေ ကပိလဝတ္ထဝေ၊
ဝစ္ဆဂေါတ္တော ဒိဇော တဿ, ဇာယာယ အဟမောက္ကမိံ။
၂၆၁။ ငါသည် ဤယခုနောက်ဆုံးဘဝ၌လည်း ပျော်မွေ့ဖွယ်ကောင်းသော ကပိလဝတ် ပြည်၌ဝစ္ဆအနွယ်ရှိသော ပုဏ္ဏား၏ မယား၌ ပဋိသန္ဓေ နေခဲ့၏။
၂၆၂။ ‘‘မာတု မေ ဒေါဟဠော အာသိ, တိရောကုစ္ဆိဂတဿ မေ၊
ဇာယမာနသမီပမှိ, ဝနဝါသာယ နိစ္ဆယော။
၂၆၂။ ငါသည် အမိဝမ်းတိုက်၌ ပဋိသန္ဓေ တည်ရှိစဥ် ဖွားခါနီး အချိန်၌ ငါ၏ မယ်တော် အား တော၌နေလိုသော ချင်ခြင်းသည် ဖြစ်ပေါ်ခဲ့၏။
၂၆၃။ ‘‘တတော မေ အဇနီ မာတာ, ရမဏီယေ ဝနန္တရေ၊
ဂဗ္ဘတော နိက္ခမန္တံ မံ, ကာသာယေန ပဋိဂ္ဂဟုံ။
၂၆၃။ ထို့ကြောင့် မယ်တော်သည် ငါ့အား ပျော်မွေ့ဖွယ်ကောင်းသော တောအတွင်း၌ ဖွားမြင်ခဲ့၏၊ ဝမ်းတိုက်မှ မွေးဖွားသော ငါ့ကို ဖန်ရည်စွန်း အဝတ်ဖြင့် ခံယူကုန်၏။
၂၆၄။ ‘‘တတော ကုမာရော သိဒ္ဓတ္ထော, ဇာတော သကျကုလဒ္ဓဇော၊
တဿ မိတ္တော ပိယော အာသိံ, သံဝိသဋ္ဌော သုမာနိယော။
၂၆၄။ ထိုအခါ သာကီဝင်မင်းမျိုးတို့၏ တံခွန်သဖွယ်ဖြစ်သော သိဒ္ဓတ္ထမင်းသားသည် ဖွားမြင်လေ၏၊ ငါသည် ထိုမင်းသား၏ ချစ်အပ်သော ကောင်းစွာ အကျွမ်းဝင်သော အလွန် မြတ်နိုးအပ်သော မိတ်ဆွေဖြစ်ခဲ့၏။
၂၆၅။ ‘‘သတ္တသာရေဘိနိက္ခန္တေ, ဩဟာယ ဝိပုလံ ယသံ၊
အဟမ္ပိ ပဗ္ဗဇိတွာန, ဟိမဝန္တမုပါဂမိံ။
၂၆၅။ သတ္တဝါတို့၏ အနှစ်သဖွယ်ဖြစ်သော ဘုရားလောင်းသိဒ္ဓတ္ထမင်းသားသည် ကြီး ကျယ်သောအခြံအရံကို ပယ်စွန့်၍ တောထွက်သည်ရှိသော် ငါသည်လည်း ရဟန်းပြု၍ ဟိမဝန္တာသို့ ချဥ်းကပ်၏။
၂၆၆။ ‘‘ဝနာလယံ ဘာဝနီယံ, ကဿပံ ဓုတဝါဒိကံ၊
ဒိသွာ သုတွာ ဇိနုပ္ပါဒံ, ဥပေသိံ နရသာရထိံ။
၂၆၆။ တော၌ နေလေ့ရှိသော ချီးမွမ်းထိုက်သော ဓူတင်ကို ဟောပြောတတ်သော အရှင် ကဿပကိုဖူးမြင်၍ မြတ်စွာဘုရား ပွင့်တော်မူကြောင်းကို ကြားသိရသော် မြတ်စွာဘုရား ထံသို့ ချဥ်းကပ်ခဲ့၏။
၂၆၇။ ‘‘သော မေ ဓမ္မမဒေသေသိ, သဗ္ဗတ္ထံ သမ္ပကာသယံ၊
တတောဟံ ပဗ္ဗဇိတွာန, ဝနမေဝ ပုနာဂမံ [ပုနာဂမိံ (သီ။ ပီ။), ပုနောက္ကမံ (သျာ။)]။
၂၆၇။ ထိုမြတ်စွာဘုရားသည် ငါ့အား အလုံးစုံသော အကျိုးကို ကောင်းစွာဖော်ပြလျက် တရားကိုဟောတော်မူ၏၊ ထို့ကြောင့် ငါသည် ရဟန်းပြု၍ တောသို့သာလျှင် တစ်ဖန် ပြန်သွားခဲ့၏။
၂၆၈။ ‘‘တတ္ထာပ္ပမတ္တော ဝိဟရံ, ဆဠဘိညာ အဖဿယိံ [အပဿယိံ (သျာ။ က။)]၊
အဟော သုလဒ္ဓလာဘောမှိ, သုမိတ္တေနာနုကမ္ပိတော။
၂၆၈။ ထိုတော၌ မမေ့မလျော့ နေသည် ဖြစ်၍ ငါသည် အဘိညာဥ် ခြောက်ပါးတို့ကို ရခဲ့၏၊ မိတ်ဆွေကောင်းသည် အစဥ်စောင့်ရှောက်အပ်သည်ဖြစ်၍ ကောင်းစွာ ရအပ်သောလာဘ်ရှိသူ ဖြစ်ခဲ့၏၊ ဪ အံ့ဩဖွယ် ရှိပေစွ။
၂၆၉။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၂၆၉။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၂၇၀။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၂၇၀။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၂၇၁။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
၂၇၁။ လေးပါးသော ပဋိသမ္ဘိဒါတိုု့ကိုလည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဝနဝစ္ဆမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် ဝနဝစ္ဆတ္ထေရအပဒါန ပြီး၏။
ဣတ္ထံ သုဒံ အာယသ္မာ ဝနဝစ္ဆော ထေရော ဣမာ ဂါထာယော
အဘာသိတ္ထာတိ။
ဝနဝစ္ဆတ္ထေရဿာပဒါနံ နဝမံ။
၁၀။ စူဠသုဂန္ဓတ္ထေရအပဒါနံ
၂၇၂။ ‘‘ဣမမှိ ဘဒ္ဒကေ ကပ္ပေ, ဗြဟ္မဗန္ဓု မဟာယသော၊
ကဿပေါ နာမ ဂေါတ္တေန, ဥပ္ပဇ္ဇိ ဝဒတံ ဝရော။
၁၀-စူဠသုဂန္ဓတ္ထေရအပဒါန ၂၇၂။ ဤဘဒ္ဒကမ္ဘာ၌ တရားဟောပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံးဖြစ်၍ ဗြာဟ္မဏမျိုးဖြစ်သော အနွယ်အားဖြင့်ကဿပဟု ထင်ရှားသော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။
၂၇၃။ ‘‘အနုဗျဉ္ဇနသမ္ပန္နော, ဗာတ္တိံသဝရလက္ခဏော၊
ဗျာမပ္ပဘာပရိဝုတော, ရံသိဇာလသမောတ္ထဋော။
၂၇၃။ (ထိုမြတ်စွာဘုရားသည် ) လက္ခဏာတော်ငယ် ရှစ်ဆယ်နှင့် ပြည့်စုံတော်မူ၏၊ ယောကျာ်းမြတ်တို့၏သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်နှင့် ပြည့်စုံတော်မူ၏၊ တစ်လံမျှ သော အရောင်ဖြင့် ခြံရံလျက်ရှိတော်မူ၏၊ ရောင်ခြည်ကွန်ရက်ဖြင့် လွှမ်းမိုးလျက် ရှိတော် မူ၏။
၂၇၄။ ‘‘အဿာသေတာ ယထာ စန္ဒော, သူရိယောဝ ပဘင်္ကရော၊
နိဗ္ဗာပေတာ ယထာ မေဃော, သာဂရောဝ ဂုဏာကရော။
၂၇၄။ (ထိုမြတ်စွာ ဘုရားသည် ) လမင်းကဲ့သို့ သက်သာရာ ရစေတော်မူ၏၊ နေမင်း ကဲ့သို့အလင်းရောင်ကို ပြုတော်မူတတ်၏၊ မိုးကဲ့သို့ ငြိမ်းအေးစေတော်မူတတ်၏၊ သမုဒ္ဒရာ ကဲ့သို့ ဂုဏ်တို့၏တည်ရာ ဖြစ်တော်မူ၏။
၂၇၅။ ‘‘ဓရဏီရိဝ သီလေန, ဟိမဝါဝ သမာဓိနာ၊
အာကာသော ဝိယ ပညာယ, အသင်္ဂေါ အနိလော ယထာ။
၂၇၅။ (ထိုမြတ်စွာဘုရားသည် ) သီလအားဖြင့် မြေကြီးနှင့် တူတော်မူ၏၊ သမာဓိအားဖြင့် ဟိမဝန္တာနှင့်တူတော်မူ၏၊ ပညာအားဖြင့် ကောင်းကင်နှင့် တူတော်မူ၏၊ လေကဲ့သို့ ကပ်ငြိ ခြင်း ကင်းတော်မူ၏။
၂၇၆။ ‘‘တဒါဟံ ဗာရာဏသိယံ, ဥပပန္နော မဟာကုလေ၊
ပဟူတဓနဓညသ္မိံ, နာနာရတနသဉ္စယေ။
၂၇၆။ ထိုအခါ ငါသည် ဗာရာဏသီပြည်တွင် များသော ဥစ္စာစပါးရှိသော၊ ဆည်းပူးအပ် သောရတနာအမျိုးမျိုးရှိသော၊ မြင့်မြတ်သော အမျိုး၌ ဖြစ်၏။
၂၇၇။ ‘‘မဟတာ ပရိဝါရေန, နိသိန္နံ လောကနာယကံ၊
ဥပေစ္စ ဓမ္မမဿောသိံ, အမတံဝ မနောဟရံ။
၂၇၇။ ငါသည် များမြတ်သော အခြံအရံဖြင့် ထိုင်နေတော်မူသော မြတ်စွာဘုရားထံသို့ ချဥ်းကပ်၍‘အမြိုက်ရေစင်ကဲ့သို့’ စိတ်နှလုံးကို ဆွဲဆောင်တတ်သော တရားတော်ကို နာကြား ခဲ့၏။
၂၇၈။ ‘‘ဒွတ္တိံသလက္ခဏဓရော, သနက္ခတ္တောဝ စန္ဒိမာ၊
အနုဗျဉ္ဇနသမ္ပန္နော, သာလရာဇာဝ ဖုလ္လိတော။
၂၇၈။ (မြတ်စွာဘုရားသည် ) ‘နက္ခတ်နှင့် တကွသော လမင်းကဲ့သို့’ သုံးဆယ့်နှစ်ပါးသောလက္ခဏာတော်ကြီးတို့ကို ဆောင်တော်မူ၏၊ ‘ပင်လုံးကျွတ်ပွင့်သော အင်ကြင်းပင်မင်းကဲ့သို့’လက္ခဏာတော်ငယ် ရှစ်ဆယ်နှင့် ပြည့်စုံတော်မူ၏။
၂၇၉။ ‘‘ရံသိဇာလပရိက္ခိတ္တော, ဒိတ္တောဝ ကနကာစလော၊
ဗျာမပ္ပဘာပရိဝုတော, သတရံသီ ဒိဝါကရော။
၂၇၉။ ‘တောက်ပသော ရွှေတောင်ကဲ့သို့’ ရောင်ခြည်ကွန်ရက်တို့ဖြင့် လွှမ်းမိုးလျက် ရှိတော်မူ၏၊ ‘များသော ရောင်ခြည်ရှိသော နေမင်းကဲ့သို့’ တစ်လံမျှသော အရောင်ဖြင့် ခြံရံ လျက် ရှိတော်မူ၏။
၂၈၀။ ‘‘သောဏ္ဏာနနော ဇိနဝရော, သမဏီဝ [ရမ္မဏီဝ (သျာ။)] သိလုစ္စယော၊
ကရုဏာပုဏ္ဏဟဒယော, ဂုဏေန ဝိယ သာဂရော။
၂၈၀။ ဘုရားမြတ်သည် ရွှေအဆင်းနှင့် တူသော မျက်နှာရှိတော်မူ၏၊ ထိုဘုရားမြတ်သည်ပတ္တမြားကျောက်တောင်နှင့် တူတော်မူ၏၊ ကရုဏာဖြင့် ပြည့်သော စိတ်နှလုံး ရှိတော်မူ၏၊ ဂုဏ်တော်ကြောင့် သမုဒ္ဒရာနှင့် တူတော်မူပါပေ၏။
၂၈၁။ ‘‘လောကဝိဿုတကိတ္တိ စ, သိနေရူဝ နဂုတ္တမော၊
ယသသာ ဝိတ္ထတော ဝီရော, အာကာသသဒိသော မုနိ။
၂၈၁။ (မြတ်စွာဘုရားသည် ) လောက၌ ထင်ရှားကျော်စောခြင်းလည်း ရှိတော်မူပါပေ၏၊ မြင်းမိုရ်တောင်မြတ်နှင့်လည်း တူတော်မူပါပေ၏၊ လုံ့လရှိသော မြတ်စွာဘုရားသည် အခြံအရံ အားဖြင့်ကျယ်ပြန့်သော ကောင်းကင်နှင့် တူတော်မူပါပေ၏။
၂၈၂။ ‘‘အသင်္ဂစိတ္တော သဗ္ဗတ္ထ, အနိလော ဝိယ နာယကော၊
ပတိဋ္ဌာ သဗ္ဗဘူတာနံ, မဟီဝ မုနိသတ္တမော။
၂၈၂။ မြတ်စွာဘုရားသည် ‘လေကဲ့သို့’ အလုံးစုံသော အာရုံ၌ ကပ်ငြိခြင်းးကင်းသောစိတ်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရားသည် ‘မြေကြီးကဲ့သို့’ အလုံးစုံသော သတ္တဝါတို့၏တည်ရာဖြစ်တော်မူပါပေ၏။
၂၈၃။ ‘‘အနုပလိတ္တော လောကေန, တောယေန ပဒုမံ ယထာ၊
ကုဝါဒဂစ္ဆဒဟနော, အဂ္ဂိခန္ဓောဝ သောဘသိ [သောဘတိ (သီ။), သော ဝသိ (သျာ။ က။)]။
၂၈၃။ ‘ပဒုမ္မာကြာသည် ရေနှင့် မလိမ်းကျံသကဲ့သို့’ မြတ်စွာဘုရားသည် လောကနှင့် လိမ်းကျံငြိကပ်ခြင်းကင်းတော်မူပါပေ၏၊ ထိုမြတ်စွာဘုရားသည် ‘မီးပုံကဲ့သို့’ မိစ္ဆာဝါဒတည်းဟူသော တောချုံကိုလောင်ကျွမ်းစေလျက် တင့်တယ်တော်မူပါပေ၏။
၂၈၄။ ‘‘အဂဓော ဝိယ သဗ္ဗတ္ထ, ကိလေသဝိသနာသကော၊
ဂန္ဓမာဒနသေလောဝ, ဂုဏဂန္ဓဝိဘူသိတော။
၂၈၄။ (မြတ်စွာဘုရားသည် ) ‘ဆေးကဲ့သို့’ အလုံးစုံသော အာရုံတို့၌ ကိလေသာအဆိပ်ကိုဖျက်ဆီးတော်မူတတ်ပါပေ၏၊ ‘ဂန္ဓမာဒနတောင်ကဲ့သို့’ ဂုဏ်ရနံ့တို့ဖြင့် တန်ဆာဆင်တော်မူအပ် ပါပေ၏။
၂၈၅။ ‘‘ဂုဏာနံ အာကရော ဝီရော, ရတနာနံဝ သာဂရော၊
သိန္ဓူဝ ဝနရာဇီနံ, ကိလေသမလဟာရကော။
၂၈၅။ ‘သမုဒ္ဒရာသည် ရတနာတို့၏ တည်ရာဖြစ်သကဲ့သို့’ မြတ်စွာဘုရားသည် ဂုဏ်တို့၏တည်ရာဖြစ်တော်မူပါပေ၏၊ ‘သမုဒ္ဒရာသည် တောအရေးကို ပယ်ရှားသကဲ့သို့’ ကိလေသာအညစ်အကြေးကို ဖယ်ရှားတော်မူတတ်ပါပေ၏။
၂၈၆။ ‘‘ဝိဇယီဝ မဟာယောဓော, မာရသေနာဝမဒ္ဒနော၊
စက္ကဝတ္တီဝ သော ရာဇာ, ဗောဇ္ဈင်္ဂရတနိဿရော။
၂၈၆။ (မြတ်စွာဘုရားသည် ) ‘အောင်ပွဲဆင်သော စစ်ဗိုလ်ချုပ်ကဲ့သို့’ မာရ်စစ်တပ်ကို နှိမ် နင်းနိုင်လျက့်အောင်ပွဲဆင်တော်မူပါပေ၏၊ ထိုမြတ်စွာဘုရားသည် ‘စကြဝတေးမင်းကဲ့သို့’ ဗောဇ္ဈင်ရတနာကိုအစိုးရတော်မူပါပေ၏။
၂၈၇။ ‘‘မဟာဘိသက္ကသင်္ကာသော, ဒေါသဗျာဓိတိကိစ္ဆကော၊
သလ္လကတ္တော ယထာ ဝေဇ္ဇော, ဒိဋ္ဌိဂဏ္ဍဝိဖာလကော။
၂၈၇။ (မြတ်စွာဘုရားသည် ) (ကိလေသာ) အပြစ်အနာကို ကုစားတတ်သော သမားတော် ကြီးနှင့်တူတော်မူပါပေ၏၊ ‘မြားငြောင့်ကို ထုတ်နုတ် (ခွဲစိတ်ကုသ) တတ်သော ဆေးသမားကဲ့ သို့’ ဒိဋ္ဌိအိုင်းအမာကိုဖောက်ခွဲဖျက်ဆီးတော်မူတတ်ပါပေ၏။
၂၈၈။ ‘‘သော တဒါ လောကပဇ္ဇောတော, သနရာမရသက္ကတော၊
ပရိသာသု နရာဒိစ္စော, ဓမ္မံ ဒေသယတေ ဇိနော။
၂၈၈။ ထိုအခါ လောကကို ထွန်းလင်းတောက်ပစေတော်မူသော လူနှင့် တကွ နတ်တို့ သည်အရိုအသေပြုအပ်သော လူတို့၏ နေမင်းသဖွယ် ဖြစ်တော်မူသော ထိုမြတ်စွာဘုရား သည် ပရိသတ်တို့၌ တရားကို ဟောတော်မူ၏။
၂၈၉။ ‘‘ဒါနံ ဒတွာ မဟာဘောဂေါ, သီလေန သုဂတူပဂေါ၊
ဘာဝနာယ စ နိဗ္ဗာတိ, ဣစ္စေဝမနုသာသထ။
၂၈၉။ အလှူကို ပေးလှူခြင်းကြောင့် များသော စည်းစိမ်ရှိ၏၊ သီလကြောင့် ကောင်း သော ဂတိသို့ရောက်ရ၏၊ ဘာဝနာကြောင့် (ကိလေသာမီး) ငြိမ်း၏၊ ဤသို့လျှင် မြတ်စွာ ဘုရားသည် ဆုံးမတော်မူ၏။
၂၉၀။ ‘‘ဒေသနံ တံ မဟဿာဒံ, အာဒိမဇ္ဈန္တသောဘဏံ၊
သုဏန္တိ ပရိသာ သဗ္ဗာ, အမတံဝ မဟာရသံ။
၂၉၀။ ပရိသတ်အားလုံးတို့သည် အမြိုက်ရသာမြတ်ကို ခံစားရသကဲ့သို့ များသော သာယာဖွယ်ရှိသောအစ, အလယ်, အဆုံးကောင်းခြင်းရှိသော ထိုတရားဒေသနာကို ကြားနာရကုန်၏။
၂၉၁။ ‘‘သုတွာ သုမဓုရံ ဓမ္မံ, ပသန္နော ဇိနသာသနေ၊
သုဂတံ သရဏံ ဂန္တွာ, ယာဝဇီဝံ နမဿဟံ။
၂၉၁။ ငါသည် အလွန်ချိုမြိန်သော တရားတော်ကို နာကြားရသဖြင့် မြတ်စွာဘုရား သာသနာတော်၌ကြည်ညိုလျက် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပြီးလျှင် အသက်ထက်ဆုံး ရှိခိုးခဲ့ပေ၏။
၂၉၂။ ‘‘မုနိနော ဂန္ဓကုဋိယာ, ဩပုဉ္ဇေသိံ [ဥဗ္ဗဋ္ဋေသိံ (သျာ။)] တဒါ မဟိံ၊
စတုဇ္ဇာတေန ဂန္ဓေန, မာသေ အဋ္ဌ ဒိနေသွဟံ။
၂၉၂-၂၉၃။ ထိုအခါ စိမ်းရွှေညှီဟောက်သော အနံ့ရှိသည်ဖြစ်၍ ကိုယ်၏ကောင်းသော ရနံ့ရှိသူ၏အဖြစ်ကို ဆုတောင်းလျက် ငါသည် လတိုင်း ရှစ်ရက်နေ့တို့၌ မြတ်စွာဘုရား၏ ဂန္ဓကုဋီမြေကိုနံ့သာမျိုးလေးပါးတို့ဖြင့် လိမ်းကျံခဲ့၏၊ ထိုအခါ မြတ်စွာဘုရားသည် ကောင်း သော ရနံ့ရှိသောခန္ဓာကိုယ်ရနံ့ရှိသည့့်အဖြစ်ကို မိန့်ကြားတော်မူ၏။
၂၉၃။ ‘‘ပဏိဓာယ သုဂန္ဓတ္တံ, သရီရဝိဿဂန္ဓိနော [သရီရဿ ဝိဂန္ဓိနော (သီ။ သျာ။ ပီ။)]၊
တဒါ ဇိနော ဝိယာကာသိ, သုဂန္ဓတနုလာဘိတံ။
၂၉၄။ ‘‘‘ယော ယံ ဂန္ဓကုဋိဘူမိံ, ဂန္ဓေနောပုဉ္ဇတေ သကိံ၊
တေန ကမ္မဝိပါကေန, ဥပပန္နော တဟိံ တဟိံ။
၂၉၄။ အကြင်သူသည် ဂန္ဓကုဋီမြေကို နံ့သာဖြင့် တစ်ကြိမ် လိမ်းကျံ၏၊ ထိုကံ၏ အကျိုး ကြောင့်ထိုထိုဘဝ၌ ဖြစ်လတ်သော် -
၂၉၅။ ‘‘‘သုဂန္ဓဒေဟော သဗ္ဗတ္ထ, ဘဝိဿတိ အယံ နရော၊
ဂုဏဂန္ဓယုတ္တော ဟုတွာ, နိဗ္ဗာယိဿတိနာသဝေါ’။
၂၉၅။ ဤသူသည် အလုံးစုံသော ဘဝတို့၌ ကောင်းသော ကိုယ်ရနံ့ရှိသူ ဖြစ်လတ္တံ့၊ ဂုဏ်ရနံ့နှင့်ပြည့်စုံသူ ဖြစ်၍ အာသဝမရှိဘဲ ပရိနိဗ္ဗာန်စံရလတ္တံ့။
၂၉၆။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၂၉၆။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။
၂၉၇။ ‘‘ပစ္ဆိမေ စ ဘဝေ ဒါနိ, ဇာတော ဝိပ္ပကုလေ အဟံ၊
ဂဗ္ဘံ မေ ဝသတော မာတာ, ဒေဟေနာသိ သုဂန္ဓိတာ။
၂၉၇။ ဤယခု နောက်ဆုံးဘဝ၌လည်း ငါသည် ပုဏ္ဏားမျိုး၌ဖြစ်၍ ဝမ်း၌ နေရစဥ် ငါ၏ အမိသည်ကိုယ်အားဖြင့် ကောင်းသော ရနံ့ရှိသူ ဖြစ်၏။
၂၉၈။ ‘‘ယဒါ စ မာတုကုစ္ဆိမှာ, နိက္ခမာမိ တဒါ ပုရီ [ပုရံ (သျာ။ က။)]၊
သာဝတ္ထိသဗ္ဗဂန္ဓေဟိ, ဝါသိတာ ဝိယ ဝါယထ။
၂၉၈။ အကြင်အခါ ငါသည် အမိဝမ်းမှ မွေးဖွား၏၊ ထိုအခါ သာဝတ္ထိပြည်သည် ‘အလုံး စုံသောရနံံ့တို့ဖြင့် ထုံအပ်သကဲ့သို့’ ကြိုင်လှိုင်လျက် ရှိပေ၏။
၂၉၉။ ‘‘ပုပ္ဖဝဿဉ္စ သုရဘိ, ဒိဗ္ဗဂန္ဓံ မနောရမံ၊
ဓူပါနိ စ မဟဂ္ဃါနိ, ဥပဝါယိံသု တာဝဒေ။
၂၉၉။ ထိုအခိုက် ကောင်းသော ရနံ့ရှိသော ပန်းမိုးသည်လည်း ရွာသွန်းလေ၏၊ စိတ် နှလုံးကိုပျော်မွေ့စေနိုင်သော နတ်ရနံ့သည်လည်းကောင်း၊ အဖိုးများစွာထိုက်သော အခိုးအထုံတို့သည်လည်းကောင်း ကြိုင်လှိုင်ကုန်၏။
၃၀၀။ ‘‘ဒေဝါ စ သဗ္ဗဂန္ဓေဟိ, ဓူပပုပ္ဖေဟိ တံ ဃရံ၊
ဝါသယိံသု သုဂန္ဓေန, ယသ္မိံ ဇာတော အဟံ ဃရေ။
၃၀၀။ အကြင်အိမ်၌ ငါသည် ဖွားမြင်၏၊ ထိုအိမ်ကို နတ်တို့သည်လည်း အလုံးစုံသောရနံ့တို့ဖြင့်လည်းကောင်း၊ အခိုးအထုံပန်းတို့ဖြင့်လည်းကောင်း၊ ကောင်းသော ရနံ့ဖြင့်လည်းကောင်းကြိုင်လှိုင်စေကုန်၏။
၃၀၁။ ‘‘ယဒါ စ တရုဏော ဘဒ္ဒေါ, ပဌမေ ယောဗ္ဗနေ ဌိတော၊
တဒါ သေလံ [သေသံ (သျာ။)] သပရိသံ, ဝိနေတွာ နရသာရထိ။
၃၀၁။ အကြင်အခါ၌ ငါသည် နုပျိုသူ, လှပသူဖြစ်လျက် ပထမအရွယ်၌ တည်ရှိလေ၏၊ ထိုအခါမြတ်စွာဘုရားသည် ပရိသတ်နှင့် တကွသော သေလပုဏ္ဏားကို ဆုံးမပြီးလျှင် -
၃၀၂။ ‘‘တေဟိ သဗ္ဗေဟိ ပရိဝုတော [သဟိတော (သီ။ သျာ။ ပီ။)], သာဝတ္ထိပုရမာဂတော၊
တဒါ ဗုဒ္ဓါနုဘာဝံ တံ, ဒိသွာ ပဗ္ဗဇိတော အဟံ။
၃၀၂။ ထိုရဟန်းအားလုံးတို့ဖြင့် ခြံရံလျက် သာဝတ္ထိပြည်သို့ ကြွလာတော်မူ၏၊ ထိုအခါ ငါသည်ထိုမြတ်စွာဘုရား၏ အာနုဘော်ကို တွေ့မြင်ရသဖြင့် ရဟန်းပြုခဲ့၏။
၃၀၃။ ‘‘သီလံ သမာဓိပညဉ္စ, ဝိမုတ္တိဉ္စ အနုတ္တရံ၊
ဘာဝေတွာ စတုရော ဓမ္မေ, ပါပုဏိံ အာသဝက္ခယံ။
၃၀၃။ သီလကိုလည်းကောင်း၊ သမာဓိ, ပညာကိုလည်းကောင်း၊ အမြတ်ဆုံး အရဟတ္တဖိုလ်ဝိမုတ္တိကိုလည်းကောင်း လေးပါးသော တရားတို့ကို ပွါးများ၍ အာသဝကုန်ခြင်းသို့ ရောက်ခဲ့ပေ၏။
၃၀၄။ ‘‘ယဒါ ပဗ္ဗဇိတော စာဟံ, ယဒါ စ အရဟာ အဟုံ၊
နိဗ္ဗာယိဿံ ယဒါ စာဟံ, ဂန္ဓဝဿော တဒါ အဟု။
၃၀၄။ ငါသည် အကြင်အခါ၌လည်း ရဟန်းပြုခဲ့၏၊ အကြင်အခါ၌လည်း ရဟန္တာဖြစ်ခဲ့၏၊ အကြင်အခါ၌လည်း ပရိနိဗ္ဗာန်ပြုအံ့၊ ထိုအခါတို့၌ နံ့သာမိုးသည် ရွာသွန်းလေ၏။
၃၀၅။ ‘‘သရီရဂန္ဓော စ သဒါတိသေတိ [သဒါ ဝါသေတိ (က။)] မေ, မဟာရဟံ စန္ဒနစမ္ပကုပ္ပလံ၊
တထေဝ ဂန္ဓေ ဣတရေ စ သဗ္ဗသော, ပသယှ ဝါယာမိ တတော တဟိံ [ယဟိံ (သျာ။)] တဟိံ။
၃၀၅။ ငါ၏ ကိုယ်နံ့သည်လည်း အခါခပ်သိမ်း ကြိုင်လှိုင်လျက် ရှိ၏၊ အဖိုးများစွာ ထိုက် တန်သောစန္ဒကူးနံ့, စံကားနံ့, ကြာညိုနံ့ကိုလည်းကောင်း၊ ထို့အတူပင် အခြားသော (နံ့သာ) ရနံ့တို့ကို လည်းကောင်း အခါခပ်သိမ်း လွှမ်းမိုး၍ ထိုနံ့သာမျိုးတို့ထက် ထိုထိုအရပ်၌ ကြိုင် လှိုင်လျက်ရှိ၏။
၃၀၆။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။
၃၀၆။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၃၀၇။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။
၃၀၇။ ငါ၏ လာခြင်းကား။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။
၃၀၈။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ အာယသ္မာ စူဠသုဂန္ဓော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ၊
စူဠသုဂန္ဓတ္ထေရဿာပဒါနံ ဒသမံ။
ဘဒ္ဒိယဝဂ္ဂေါ ပဉ္စပညာသမော။
တဿုဒ္ဒါနံ -
ဘဒ္ဒိယော ရေဝတော ထေရော, မဟာလာဘီ စ သီဝလီ၊
ဝင်္ဂီသော နန္ဒကော စေဝ, ကာဠုဒါယီ တထာဘယော။
လောမသော ဝနဝစ္ဆော စ, သုဂန္ဓော စေဝ ဒသမော၊
တီဏိ ဂါထာသတာ တတ္ထ, သောဠသာ စ တဒုတ္တရိ။
၃၀၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သုဂန္ဓမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် စူဠသုဂန္ဓတ္ထေရအပဒါန ပြီး၏။ ငါးဆယ့်ငါးခုမြောက် ဘဒ္ဒိယဝဂ် ပြီး၏။
အထ ဝဂ္ဂုဒ္ဒါနံ
ကဏိကာရဝှယော ဝဂ္ဂေါ, ဖလဒေါ တိဏဒါယကော၊
ကစ္စာနော ဘဒ္ဒိယော ဝဂ္ဂေါ, ဂါထာယော ဂဏိတာ စိမာ။
နဝဂါထာသတာနီဟ, စတုရာသီတိယေဝ စ၊
သပညာသံ ပဉ္စသတံ, အပဒါနာ ပကာသိတာ။
သဟ ဥဒါနဂါထာဟိ, ဆသဟဿာနိ ဟောန္တိမာ၊
ဒွေသတာနိ စ ဂါထာနံ, အဋ္ဌာရသ တဒုတ္တရိ။
၅၆။ ယသဝဂ္ဂ
၁။ ယသတ္ထေရအပဒါန
၁။ ‘‘မဟာသမုဒ္ဒံ ဩဂ္ဂယှ, ဘဝနံ မေ သုနိမ္မိတံ၊
သုနိမ္မိတာ ပေါက္ခရဏီ, စက္ကဝါကူပကူဇိတာ။
၅၆-ယသဝဂ် ၁-ယသတ္ထေရအပဒါန ၁။ မဟာသမုဒ္ဒရာသို့ သက်ဝင်၍ ငါသည် ဘုံဗိမာန်ကို ကောင်းစွာ ဖန်ဆင်းအပ်၏၊ စက္ကဝါက်ငှက်တို့တွန်ကျူးအပ်သော ရေကန်ကို ကောင်းစွာ ဖန်ဆင်းအပ်၏။
၂။ ‘‘မန္ဒာရကေဟိ သဉ္ဆန္နာ, ပဒုမုပ္ပလကေဟိ စ၊
နဒီ စ သန္ဒတေ တတ္ထ, သုပတိတ္ထာ မနောရမာ။
၂။ (ထိုရေကန်၌) မန္ဒာရကပန်းတို့ဖြင့်လည်းကောင်း၊ ပဒုမ္မာကြာ, ကုမုဒြာကြာတို့ဖြင့် လည်းကောင်းဖုံးလွှမ်းအပ်၏။ ထိုဘုံ၌ ကောင်းသော ဆိပ်ရှိသော (နှလုံးမွေ့လျော်ဖွယ်) စိတ်ပျော်မွေ့ဖွယ်ရှိသောမြစ်သည်လည်း စီးဆင်း၏။
၃။ ‘‘မစ္ဆကစ္ဆပသဉ္ဆန္နာ, နာနာဒိဇသမောတ္ထဋာ [နာနာမိဂသမောတ္ထဋာ (သျာ။)]၊
မယူရကောဉ္စာဘိရုဒါ, ကောကိလာဒီဟိ ဝဂ္ဂုဟိ။
၃။ (ထိုမြစ်၌) ငါးလိပ်တို့ဖြင့် ဖုံးလွှမ်းအပ်၏၊ အထူးထူးသောငှက်တို့ စုဝေးရာ ဖြစ်၏၊ ဥဒေါင်း, ကြိုးကြာတို့ တွန်ကျူးကုန်၏၊ သာယာသော အသံရှိသော ဥဩငှက်စသည်တို့ (တွန်ကျူးကုန်၏။)
၄။ ‘‘ပါရေဝတာ ရဝိဟံသာ, စက္ကဝါကာ နဒီစရာ၊
တိတ္တိရာ သာဠိကာ စေတ္ထ, ပါဝကာ [သမ္ဗကာ (က။)] ဇီဝံဇီဝကာ။
၄။ ခိုတို့သည်လည်းကောင်း၊ ရွှေဟင်္သာတို့သည်လည်းကောင်း၊ စက္ကဝါက်ငှက်တို့သည် လည်းကောင်းမြစ်၌ ကျက်စားကုန်၏။ ဤမြစ်၌ ခါ (ရစ်) တို့သည်လည်းကောင်း၊ သာလိကာ (ဆက်ရက်) တို့သည်လည်းကောင်း၊ ပါဝကငှက် (ပုတ်သင်ပျံ) တို့သည်လည်းကောင်း၊ ဇီဝဇိုးငှက်တို့သည်လည်းကောင်း (များပြားကုန်၏)။
၅။ ‘‘ဟံသာကောဉ္စာဘိနဒိတာ, ကောသိယာ ပိင်္ဂလာ [ပိင်္ဂလီ (သီ။), သိင်္ဂလီ, သိင်္ဃလီ (က။)] ဗဟူ၊
သတ္တရတနသမ္ပန္နာ, မဏိမုတ္တပဝါဠိကာ။
၅။ (ထိုမြစ်၌) ဟင်္သာ, ကြိုးကြာတို့ တွန်ကျူးအပ်ကုန်၏၊ (အဆင်း) ကြောင်သော ခင်ပုတ်ငှက်တို့သည်များပြားကုန်၏၊ ရတနာခုနစ်ပါးနှင့် ပြည့်စုံကုန်၏၊ ပတ္တမြား, ပုလဲ, သန္တာရှိကုန်၏။
၆။ ‘‘သဗ္ဗေ သောဏ္ဏမယာ ရုက္ခာ, နာနာခန္ဓသမေရိတာ၊
ဥဇ္ဇောတေန္တိ ဒိဝါရတ္တိံ, ဘဝနံ သဗ္ဗကာလိကံ။
၆။ အထူးထူးသော ပင်စည်တို့ဖြင့် ကောင်းစွာ (ပြန့်ပွါး) စည်ပင်ကုန်သော အလုံးစုံ သောသစ်ပင်တို့သည် ရွှေဖြင့်ပြီးကုန်၏၊ နေ့, ညဥ့် အခါခပ်သိမ်း ဘုံဗိမာန်ကို ထိန်လင်း စေကုန်၏။
၇။ ‘‘သဋ္ဌိတုရိယသဟဿာနိ, သာယံ ပါတော ပဝဇ္ဇရေ၊
သောဠသိတ္ထိသဟဿာနိ, ပရိဝါရေန္တိ မံ သဒါ။
၇။ တူရိယာခြောက်သောင်းတို့သည် ညချမ်း၌လည်းကောင်း၊ နံနက်၌လည်းကောင်း တီး မှုတ်ကုန်၏။ မိန်းမတစ်သောင်းခြောက်ထောင်တို့သည် ငါ့ကို အခါခပ်သိမ်း ဝန်းရံကုန်၏။
၈။ ‘‘အဘိနိက္ခမ္မ ဘဝနာ, သုမေဓံ လောကနာယကံ၊
ပသန္နစိတ္တော သုမနော, ဝန္ဒယိံ တံ [သဗ္ဗဒဿိံ (က။)] မဟာယသံ။
၈။ (ငါသည်) ဘုံဗိမာန်မှ ထွက်ခဲ့၍ သုမေဓာမြတ်စွာဘုရားကို ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍အခြံအရံများသော ထိုသုမေဓာမြတ်စွာဘုရားကို ရှိခိုး၏။
၉။ ‘‘သမ္ဗုဒ္ဓံ အဘိဝါဒေတွာ, သသံဃံ တံ နိမန္တယိံ၊
အဓိဝါသေသိ သော ဓီရော, သုမေဓော လောကနာယကော။
၉။ မြတ်စွာဘုရားကို ရှိခိုး၍ သံဃာနှင့် တကွ ထိုမြတ်စွာဘုရားကို ပင့်ဖိတ်၏၊ ပညာရှိ တော်မူသော လောက၏ ရှေ့သွား ထိုသုမေဓာမြတ်စွာဘုရားသည် လက်ခံတော်မူ၏။
၁၀။ ‘‘မမ ဓမ္မကထံ ကတွာ, ဥယျောဇေသိ မဟာမုနိ၊
သမ္ဗုဒ္ဓံ အဘိဝါဒေတွာ, ဘဝနံ မေ ဥပါဂမိံ။
၁၀။ မြတ်စွာဘုရားသည် ငါ့အား တရားစကားကို ဟောပြော၍ လွှတ်လိုက်၏၊ မြတ်စွာ ဘုရားကိို ရှိခိုး၍ငါ၏ ဘုံဗိမာန်သို့ ချဥ်းကပ်၏။
၁၁။ ‘‘အာမန္တယိံ ပရိဇနံ, သဗ္ဗေ သန္နိပတုံ တဒါ၊
‘ပုဗ္ဗဏှသမယံ ဗုဒ္ဓေါ, ဘဝနံ အာဂမိဿတိ’။
၁၁။ (ငါသည်) အလုပ်အကျွေးအခြွေအရံတို့ကို မိန့်ဆို၏၊ ထိုအခါ အားလုံးတို့သည် စည်းဝေးကုန်၏၊ နံနက်အခါ၌ မြတ်စွာဘုရားသည် ဗိမာန်သို့ ကြွလာတော်မူလတ္တံ့ (ဟု မိန့် ဆို၏)။
၁၂။ ‘‘လာဘာ အမှံ သုလဒ္ဓါ နော, ယေ ဝသာမ တဝန္တိကေ၊
မယမ္ပိ ဗုဒ္ဓသေဋ္ဌဿ, ပူဇယိဿာမ သတ္ထုနော’။
၁၂။ (ထိုသူတို့သည်) အကြင်အကျွန်ုပ်တို့သည် သင်၏ အထံ၌ နေကုန်၏၊ ထိုအကျွန်ုပ် တို့သည်အရတော်ပါကုန်၏၊ အကျွန်ုပ်တို့အား ကောင်းစွာ ရအပ်ပါကုန်၏၊ အကျွန်ုပ်တို့ သည်လည်းဆရာဖြစ်တော်မူသော မြတ်စွာဘုရားအား ပူဇော်ပါကုန်အံ့ (ဟု ဆိုကုန်၏)။
၁၃။ ‘‘အန္နံ ပါနံ ပဋ္ဌပေတွာ, ကာလံ အာရောစယိံ အဟံ၊
ဝသီသတသဟဿေဟိ, ဥပေသိ လောကနာယကော။
၁၃။ ထမင်း, အဖျော်ကို ဖြစ်စေ၍ ငါသည် အချိန်ကာလကို လျှောက်ကြား၏၊ ဈာန်ရရဟန်းတစ်သိန်းတို့နှင့်တကွ မြတ်စွာဘုရားသည် ချဥ်းကပ်တော်မူ၏။
၁၄။ ‘‘ပဉ္စင်္ဂိကေဟိ တုရိယေဟိ, ပစ္စုဂ္ဂမမကာသဟံ၊
သဗ္ဗသောဏ္ဏမယေ ပီဌေ, နိသီဒိ ပုရိသုတ္တမော။
၁၄။ ငါသည် အင်္ဂါငါးပါးရှိသော တူရိယာတို့ဖြင့် ခရီးဦးကြိုဆို၏၊ ယောကျာ်းမြတ်ဖြစ် တော်မူသော မြတ်စွာဘုရားသည် အလုံးစုံ ရွှေဖြင့်ပြီးသော အင်းပျဥ်၌ ထိုင်တော်မူ၏။
၁၅။ ‘‘ဥပရိစ္ဆဒနံ အာသိ, သဗ္ဗသောဏ္ဏမယံ တဒါ၊
ဗီဇနီယော ပဝါယန္တိ, ဘိက္ခုသံဃံ အနုတ္တရံ။
၁၅။ ထိုအခါ အထက်အမိုးသည် အားလုံး ရွှေဖြင့်ပြီးသော အမိုးဖြစ်၏၊ လွန်မြတ်သူ မရှိသောရဟန်းသံဃာကို ယပ်တို့သည် တလွှဲလွှဲ တိုက်ခတ်ကုန်၏။
၁၆။ ‘‘ပဟူတေနန္နပါနေန, ဘိက္ခုသံဃံ အတပ္ပယိံ၊
ပစ္စေကဒုဿယုဂလေ, ဘိက္ခုသံဃဿဒါသဟံ။
၁၆။ များစွာသော ထမင်း, အဖျော်ဖြင့် ရဟန်းသံဃာကို ရောင့်ရဲတင်းတိမ်စေ၏၊ ငါသည် အသီး အသီးအဝတ်အစုံတို့ကို ရဟန်းသံဃာအား ပေးလှူ၏။
၁၇။ ‘‘ယံ ဝဒေတိ သုမေဓော သော, အာဟုတီနံ ပဋိဂ္ဂဟော၊
ဘိက္ခုသံဃေ နိသီဒိတွာ, ဣမာ ဂါထာ အဘာသထ။
၁၇။ ပူဇော်အထူးကို ခံတော်မူထိုက်သော ထိုသုမေဓာမြတ်စွာဘုရားသည် အကြင်စကားကိုဟောတော်မူ၏၊ ရဟန်းသံဃာ (အလယ်၌) ထိုင်၍ ဤဆိုမည့် ဂါထာတို့ကို ဟောတော်မူ၏-
၁၈။ ‘‘ယော မံ အန္နေန ပါနေန, သဗ္ဗေ ဣမေ စ တပ္ပယိ၊
တမဟံ ကိတ္တယိဿာမိ, သုဏာထ မမ ဘာသတော။
၁၈။ အကြင်သူသည် ငါဘုရားကိုလည်းကောင်း၊ ဤရဟန်းသံဃာအားလုံးတို့ကို လည်းကောင်းထမင်း, အဖျော်ဖြင့် ရောင့်ရဲတင်းတိမ်စေ၏။ ထိုသူကို ငါသည် ဟောကြားတော်မူအံ့၊ ဟောကြားမည့်ငါ့စကားကို ကြားနာကုန်လော့-
၁၉။ ‘‘‘အဋ္ဌာရသေ ကပ္ပသတေ, ဒေဝလောကေ ရမိဿတိ၊
သဟဿက္ခတ္တုံ ရာဇာယံ, စက္ကဝတ္တီ ဘဝိဿတိ။
၁၉။ ကမ္ဘာတစ်ထောင့်ရှစ်ရာတို့ပတ်လုံး နတ်ပြည်၌ ပျော်မွေ့ရလတ္တံ့။ ဤသူသည် အကြိမ်တစ်ထောင်စကြဝတေးမင်း ဖြစ်လတ္တံ့။
၂၀။ ‘‘‘ဥပဂစ္ဆတိ ယံ ယောနိံ, ဒေဝတ္တံ အထ မာနုသံ၊
သဗ္ဗသောဏ္ဏမယံ တဿ, ဆဒနံ ဓာရယိဿတိ။
၂၀။ ကပ်ရောက်ရတိုင်းသော လူ့အဖြစ်၊ နတ်အဖြစ်ဟူသမျှတို့၌ ထိုသူအား အလုံးစုံ ရွှေဖြင့်ပြီးသောအမိုးသည် ဆောင်းမိုးလတ္တံ့။
၂၁။ ‘‘‘တိံသကပ္ပသဟဿမှိ, ဩက္ကာကကုလသမ္ဘဝေါ၊
ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။
၂၁။ ကမ္ဘာသုံးသောင်းထက်၌ ဩက္ကာကမင်းမျိုးဖြစ်သော အနွယ်အားဖြင့် ဂေါတမမည် သောမြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။
၂၂။ ‘‘‘တဿ ဓမ္မေသု ဒါယာဒေါ, ဩရသော ဓမ္မနိမ္မိတော၊
သဗ္ဗာသဝေ ပရိညာယ, နိဗ္ဗာယိဿတိနာသဝေါ။
၂၂။ ထိုမြတ်စွာဘုရား၏ တရားတော်တို့၌ တရားသည် ဖန်ဆင်းအပ်သော အမွေခံသား တော်ဖြစ်၍အလုံးစုံသော အာသဝတို့ကို ပိုင်းခြားသိပြီးလျှင် အာသဝမရှိဘဲ ငြိမ်းအေးလတ္တံ့။
၂၃။ ‘‘‘ဘိက္ခုသံဃေ နိသီဒိတွာ, သီဟနာဒံ နဒိဿတိ’၊
စိတကေ ဆတ္တံ ဓာရေန္တိ, ဟေဋ္ဌာ ဆတ္တမှိ ဍယှထ။
၂၃။ ရဟန်းသံဃာ (အလယ်၌) ထိုင်၍ ရဲရင့်သော အသံကို ကြွေးကြော်လတ္တံ့၊ ထင်းပုံ၌ ထီးကိုစိုက်ဆောင်းကုန်၏၊ ထီးအောက်၌ မီးသင်္ဂြိုဟ်ကြကုန်၏။
၂၄။ ‘‘သာမညံ မေ အနုပ္ပတ္တံ, ကိလေသာ ဈာပိတာ မယာ၊
မဏ္ဍပေ ရုက္ခမူလေ ဝါ, သန္တာသော မေ န ဝိဇ္ဇတိ။
၂၄။ ငါသည် သာမညဖိုလ်သို့ အစဥ်ရောက်ပြီ၊ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ မဏ္ဍပ်၌လည်းကောင်း၊ သစ်ပင်ရင်း၌လည်းကောင်း ထိတ်လန့်မှု သည်ငါ့အား မရှိ။
၂၅။ ‘‘တိံသကပ္ပသဟဿမှိ, ယံ ဒါနမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, သဗ္ဗဒါနဿိဒံ ဖလံ။
၂၅။ ကမ္ဘာသုံးသောင်းထက်၌ အလှူကို လှူခဲ့ရသော အခါမှစ၍ မကောင်းသူတို့ လားရောက်ရာ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အလုံးစုံသော အလှူ၏ အကျိုးပေတည်း။
၂၆။ ‘‘ကိလေသာ ဈာပိတာ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ၊
၂၆။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ အာသဝ မရှိဘဲနေရပါ၏။
အရင်းအမြစ်များ
ကျမ်းကိုးကား
- Vipassana Research Institute. (n.d.). 56. Yasavaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#544