ဓမ္မလမ်း
← အပဒါနပါဠိ (ဒု)

အပဒါနပါဠိ (ဒု)

ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။

စာ-၁၇၁

နာဂေါဝ ဗန္ဓနံ ဆေတွာ, ဝိဟရာမိ အနာသဝေါ။

၂၇။ ‘‘သွာဂတံ ဝတ မေ အာသိ, မမ ဗုဒ္ဓဿ သန္တိကေ၊

တိဿော ဝိဇ္ဇာ အနုပ္ပတ္တာ, ကတံ ဗုဒ္ဓဿ သာသနံ။

၂၇။ ငါ၏ လာခြင်းကား စင်စစ် ကောင်းသောလာခြင်းဖြစ်၏၊ ငါသည် မြတ်စွာဘုရား၏ အထံ၌ဝိဇ္ဇာသုံးပါးတို့သို့ အစဥ်ရောက်အပ်ကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၂၈။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊

ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ အာယသ္မာ ယသော ထေရော ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ယသတ္ထေရဿာပဒါနံ ပဌမံ။

၂၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကို လည်းကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကို လည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ယသမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှေးဦးစွာသော ယသတ္ထေရအပဒါန ပြီး၏။

၂။ နဒီကဿပတ္ထေရအပဒါန

၂၉။ ‘‘ပဒုမုတ္တရဿ ဘဂဝတော, လောကဇေဋ္ဌဿ တာဒိနော၊

ပိဏ္ဍစာရံ စရန္တဿ, ဝါရတော ဥတ္တမံ ယသံ၊

အဂ္ဂဖလံ ဂဟေတွာန, အဒါသိံ သတ္ထုနော အဟံ။

၂-နဒီကဿပတ္ထေရအပဒါန ၂၉။ လောကထက် ကြီးမြတ်သည်ဖြစ်၍ တာဒိဂုဏ်ရှိတော်မူသော ပဒုမုတ္တရမြတ်စွာဘုရား သည်ဆွမ်းခံလှည့်လည်တော်မူစဥ် မြတ်သော ကျော်စောသော သစ်သီးဦးကို ယူ၍ ငါသည် မြတ်စွာဘုရားအားအလှည့်အကြိမ်အားဖြင့် လှူဒါန်းခဲ့၏။

၃၀။ ‘‘တေန ကမ္မေန ဒေဝိန္ဒော, လောကဇေဋ္ဌော နရာသဘော၊

သမ္ပတ္တောမှိ အစလံ ဌာနံ, ဟိတွာ ဇယပရာဇယံ။

၃၀။ ထိုကံကြောင့် ‘သိကြားမင်းကဲ့သို့’ လောကထက် ကြီးမြတ်သော လူတို့၏ အမြတ် ရဟန္တာဖြစ်၍အောင်ခြင်း, ရှုံးခြင်းကို စွန့်ပယ်ပြီးလျှင် မတုန်လှုပ်ရာဌာန (နိဗ္ဗာန်) သို့ ရောက် သူ ဖြစ်ပါ၏။

၃၁။ ‘‘သတသဟဿိတော ကပ္ပေ, ယံ ဖလံ အဒဒိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, အဂ္ဂဒါနဿိဒံ ဖလံ။

၃၁။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ အသီးကို လှူခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့လားရောက်ရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အဦးအလှူ၏ အကျိုးပေတည်း။

၃၂။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။

၃၂။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၃၃။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။

၃၃။ ငါ၏ လာခြင်းကား စင်စစ် ကောင်းသောလာခြင်း ဖြစ်၏။ပ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။

၃၄။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။

၃၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ မြတ်စွာဘုရား၏ အဆုံးအမတော် ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်နဒီကဿပမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ နှစ်ခုမြောက် နဒီကဿပတ္ထေရအပဒါန ပြီး၏။

ဣတ္ထံ သုဒံ အာယသ္မာ နဒီကဿပေါ ထေရော ဣမာ ဂါထာယော

အဘာသိတ္ထာတိ။

နဒီကဿပတ္ထေရဿာပဒါနံ ဒုတိယံ။

စာ-၁၇၂

၃။ ဂယာကဿပတ္ထေရအပဒါန

၃၅။ ‘‘အဇိနစမ္မဝတ္ထောဟံ [အဇိနဝတ္တံ နိဝတ္တောဟံ (သီ။)], ခါရိဘာရဓရော တဒါ၊

ခါရိကံ ဟာရယိတွာန, ကောလံ အဟာသိ အဿမံ။

၃-ဂယာကဿပတ္ထေရအပဒါန ၃၅။ သစ်နက်ရေကို ဝတ်လျက် ထမ်းပိုးဝန် (ရသေ့ပရိက္ခရာဝန်) ကို ဆောင်သော ငါသည် ထိုအခါထမ်းပိုးဝန် ရသေ့ပရိက္ခရာကို ဆောင်၍ ဆီးသီးကို သင်္ခမ်းကျောင်းသို့ ပို့ဆောင် ခဲ့၏။

၃၆။ ‘‘ဘဂဝါ တမှိ သမယေ, ဧကော အဒုတိယော ဇိနော၊

မမဿမံ ဥပါဂစ္ဆိ, ဇောတေန္တော သဗ္ဗကာလိကံ။

၃၆။ ထိုအခါ မာရ်ငါးပါးကို အောင်တော်မူသော မြတ်စွာဘုရားသည် အဖော်မရှိဘဲ တစ်ပါးတည်းပင်အခါခပ်သိမ်း ထွန်းလင်းတောက်ပလျက် ငါ၏ သင်္ခမ်းကျောင်းသို့ ချဥ်းကပ်တော်မူ၏။

၃၇။ ‘‘သကံ စိတ္တံ ပသာဒေတွာ, အဘိဝါဒေတွာန သုဗ္ဗတံ၊

ဥဘော ဟတ္ထေဟိ ပဂ္ဂယှ, ကောလံ ဗုဒ္ဓဿဒါသဟံ။

၃၇။ မိမိစိတ်ကို ကြည်ညိုစေ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ငါသည် လက်နှစ်ဖက်တို့ ဖြင့် ယူမြှောက်၍ဆီးသီးကို မြတ်စွာဘုရားအား လှူဒါန်း၏။

၃၈။ ‘‘ဧကတိံသေ ဣတော ကပ္ပေ, ယံ ဖလံ အဒဒိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ကောလဒါနဿိဒံ ဖလံ။

၃၈။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ အသီးကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရောက်ရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဆီးသီးအလှူ၏အကျိုးပေတည်း။

၃၉။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။

၃၉။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၄၀။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။

၄၀။ ငါ၏ လာခြင်းကား စင်စစ် ကောင်းသောလာခြင်း ဖြစ်၏။ပ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။

၄၁။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။

၄၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ မြတ်စွာဘုရား၏ အဆုံးအမ တော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဂယာကဿပမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ သုံးခုမြောက် ဂယာကဿပတ္ထေရအပဒါန ပြီး၏။

ဣတ္ထံ သုဒံ အာယသ္မာ ဂယာကဿပေါ ထေရော ဣမာ ဂါထာယော

အဘာသိတ္ထာတိ။

ဂယာကဿပတ္ထေရဿာပဒါနံ တတိယံ။

၄။ ကိမိလတ္ထေရအပဒါန

၄၂။ ‘‘နိဗ္ဗုတေ ကကုသန္ဓမှိ, ဗြာဟ္မဏမှိ ဝုသီမတိ၊

ဂဟေတွာ သလလံ မာလံ, မဏ္ဍပံ ကာရယိံ အဟံ။

၄-ကိမိလတ္ထေရအပဒါန ၄၂။ မကောင်းမှုကို အပပြုအပ်ပြီးသော (အကျင့်မြတ်ကို) ကျင့်သုံးခြင်းရှိသော ကကုသန်မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုလတ်သော် ငါသည် ထင်းရှူးပန်းကို ယူ၍ မဏ္ဍပ်ပြုလုပ်ခဲ့၏။

၄၃။ ‘‘တာဝတိံသံ ဂတော သန္တော, လဘိမှ [လဘာမိ (က။)] ဗျမှမုတ္တမံ၊

အညေ ဒေဝေတိရောစာမိ, ပုညကမ္မဿိဒံ ဖလံ။

၄၃။ တာဝတိံသာဘုံသို့ ရောက်သည်ဖြစ်၍ မြတ်သောဗိမာန်ကို ရ၏၊ အခြားသော နတ်တို့ထက်သာလွန်တင့်တယ်၏။ ဤသို့ ဖြစ်ရခြင်းသည် ကောင်းမှုကံ၏ အကျိုးပေတည်း။

၄၄။ ‘‘ဒိဝါ ဝါ ယဒိ ဝါ ရတ္တိံ, စင်္ကမန္တော ဌိတော စဟံ၊

ဆန္နော သလလပုပ္ဖေဟိ, ပုညကမ္မဿိဒံ ဖလံ။

၄၄။ ငါသည် နေ့၌ဖြစ်စေ သို့မဟုတ် ညဥ့်၌ဖြစ်စေ စင်္ကြံသွားသော် လည်းကောင်း၊ ရပ်သော် လည်းကောင်း ထင်းရှူးပန်းပွင့်တို့ဖြင့် မိုးအပ်၏။ ဤသို့ ဖြစ်ရခြင်းသည် ကောင်းမှု ကံ၏အကျိုးပေတည်း။

၄၅။ ‘‘ဣမသ္မိံယေဝ ကပ္ပမှိ, ယံ ဗုဒ္ဓမဘိပူဇယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၄၅။ ငါသည် ဤဘဒ္ဒကမ္ဘာ၌ပင် မြတ်စွာဘုရားကို ပူဇော်ခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရောက်ရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာ ဘုရားကို ပူဇော်ခြင်း၏အကျိုးပေတည်း။

စာ-၁၇၃

၄၆။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။

၄၆။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၄၇။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။

၄၇။ ငါ၏ လာခြင်းကား စင်စစ် ကောင်းသောလာခြင်း ဖြစ်၏။ပ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။

၄၈။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။

၄၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ မြတ်စွာဘုရား၏ အဆုံးအမ တော်ကိုလိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ကိမိလမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ လေးခုမြောက် ကိမိလတ္ထေရအပဒါန ပြီး၏။

ဣတ္ထံ သုဒံ အာယသ္မာ ကိမိလော [ကိမ္ဗိလော (သီ။)] ထေရော ဣမာ ဂါထာယော

အဘာသိတ္ထာတိ။

ကိမိလတ္ထေရဿာပဒါနံ စတုတ္ထံ။

၅။ ဝဇ္ဇီပုတ္တတ္ထေရအပဒါန

၄၉။ ‘‘သဟဿရံသီ ဘဂဝါ, သယမ္ဘူ အပရာဇိတော၊

ဝိဝေကာ ဝုဋ္ဌဟိတွာန, ဂေါစရာယာဘိနိက္ခမိ။

၅-ဝဇ္ဇီပုတ္တတ္ထေရအပဒါန ၄၉။ ရောင်ခြည်တစ်ထောင်ဆောင်၍ ကိုယ်တိုင် ပွင့်တော်မူသော (ရန်သူတို့သည်) မအောင် အပ်, မအောင်နိုင်သော မြတ်စွာဘုရားသည် ဆိတ်ငြိမ်ရာ‘ဝိဝေက’ မှ ထ၍ ဆွမ်းခံလှည့် လည်ခြင်းငှါထွက်တော်မူ၏။

၅၀။ ‘‘ဖလဟတ္ထော အဟံ ဒိသွာ, ဥပဂစ္ဆိံ နရာသဘံ၊

ပသန္နစိတ္တော သုမနော, သဝဏ္ဋံ အဒဒိံ ဖလံ။

၅၀။ လက်၌ အသီးရှိသော ငါသည် (ဘုရားရှင်ကို) ဖူးမြင်ရသောကြောင့် မြတ်စွာဘုရား ထံသို့ ချဥ်းကပ်၏၊ (ငါသည်) ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ အညှာရှိသော (သရက်) အသီးကိုလှူဒါန်း၏။

၅၁။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ဖလံ အဒဒိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဖလဒါနဿိဒံ ဖလံ။

၅၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ အသီးကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် အသီး အလှူ၏အကျိုးပေတည်း။

၅၂။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။

၅၂။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၅၃။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။

၅၃။ ငါ၏ လာခြင်းကား စင်စစ် ကောင်းသောလာခြင်းဖြစ်၏။ပ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။

၅၄။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။

၅၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ မြတ်စွာဘုရား၏ အဆုံးအမတော် ကိုလိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဝဇ္ဇီပုတ္တမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ငါးခုမြောက် ဝဇ္ဇီပုတ္တတ္ထေရအပဒါန ပြီး၏။

ဣတ္ထံ သုဒံ အာယသ္မာ ဝဇ္ဇီပုတ္တော ထေရော ဣမာ ဂါထာယော

အဘာသိတ္ထာတိ။

ဝဇ္ဇီပုတ္တတ္ထေရဿာပဒါနံ ပဉ္စမံ။

၆။ ဥတ္တရတ္ထေရအပဒါန

၅၅။ ‘‘သုမေဓော နာမ သမ္ဗုဒ္ဓေါ, ဗာတ္တိံသဝရလက္ခဏော၊

ဝိဝေကကာမော ဘဂဝါ, ဟိမဝန္တမုပါဂမိ။

၆-ဥတ္တရတ္ထေရအပဒါန ၅၅။ ကိုယ်တော်တိုင် သိတော်မူသော သုံးဆယ့်နှစ်ပါးသော လက္ခဏာမြတ်ရှိတော်မူသော သုမေဓာမည်သော မြတ်စွာဘုရားသည် ဆိတ်ငြိမ်ရာ‘ဝိဝေက’ကို အလိုရှိသည်ဖြစ်၍ ဟိမဝန္တာ တောသို့ချဥ်းကပ်တော်မူ၏။

၅၆။ ‘‘အဇ္ဈောဂါဟေတွာ ဟိမဝန္တံ, အဂ္ဂေါ ကာရုဏိကော မုနိ၊

ပလ္လင်္ကံ အာဘုဇိတွာန, နိသီဒိ ပုရိသုတ္တမော။

၅၆။ မြတ်သော ကရုဏာရှိတော်မူသည်ဖြစ်၍ ယောကျာ်းမြတ်ဖြစ်တော်မူသော မြတ်စွာ ဘုရားသည် ဟိမဝန္တာတောသို့ သက်ဝင်၍ ထက်ဝယ်ပလ္လင်ကို ဖွဲ့ခွေ၍ ထိုင်နေတော်မူ၏။

စာ-၁၇၄

၅၇။ ‘‘ဝိဇ္ဇဓရော တဒါ အာသိံ, အန္တလိက္ခစရော အဟံ၊

တိသူလံ သုဂတံ ဂယှ, ဂစ္ဆာမိ အမ္ဗရေ တဒါ။

၅၇။ ထိုအခါ ငါသည် ကောင်းကင်၌ ကျက်စားသော ဝိဇ္ဇာဓိုရ်ဖြစ်၏၊ ကောင်းစွာ ပြုအပ် သောအဖျားထက်သော တံကျင်ကို ယူ၍ ထိုအခါ ကောင်းကင်၌ သွား၏။

၅၈။ ‘‘ပဗ္ဗတဂ္ဂေ ယထာ အဂ္ဂိ, ပုဏ္ဏမာယေဝ စန္ဒိမာ၊

ဝနံ ဩဘာသတေ ဗုဒ္ဓေါ, သာလရာဇာဝ ဖုလ္လိတော။

၅၈။ ထိုအခါ ‘တောင်ထိပ်၌ မီးကဲ့သို့လည်းကောင်း၊ လပြည့်နေ့၌ လမင်းကဲ့သို့လည်းကောင်း၊ ပင်လုံးကျွတ်ပွင့်သော အင်ကြင်းပင်မင်းကဲ့သိုု့လည်းကောင်း’ မြတ်စွာဘုရားသည် တောကိုထွန်းလင်းစေ၏။

၅၉။ ‘‘ဝနဂ္ဂါ နိက္ခမိတွာန, ဗုဒ္ဓရံသီဘိဓာဝရေ [ဗုဒ္ဓရံသီ ဝိဓာဝရေ (သီ။ က။)]၊

နဠဂ္ဂိဝဏ္ဏသင်္ကာသာ [နဠဂ္ဂိဝ နသင်္ကာသံ (သီ။)], ဒိသွာ စိတ္တံ ပသာဒယိံ။

၅၉။ တောဖျားမှ ထွက်၍ မြတ်စွာဘုရားရောင်ခြည်တော်တို့သည် ပြေးသွားကုန်၏၊ ကျူမီးအဆင်းနှင့်တူသည်တို့ကို မြင်၍ စိတ်ကို ကြည်လင်စေ၏။

၆၀။ ‘‘ဝိစိနံ အဒ္ဒသံ ပုပ္ဖံ, ကဏိကာရံ ဒေဝဂန္ဓိကံ၊

တီဏိ ပုပ္ဖါနိ အာဒါယ, ဗုဒ္ဓသေဋ္ဌမပူဇယိံ။

၆၀။ စူးစမ်းရှာဖွေလတ်သော် နတ်ရနံ့ရှိသော မဟာလှေကားပွင့်ကို မြင်၏၊ ပန်းသုံးပွင့် တို့ကို ယူ၍မြတ်စွာဘုရားကို ပူဇော်၏။

၆၁။ ‘‘ဗုဒ္ဓဿ အာနုဘာဝေန, တီဏိ ပုပ္ဖါနိ မေ တဒါ၊

ဥဒ္ဓံ ဝဏ္ဋာ အဓောပတ္တာ, ဆာယံ ကုဗ္ဗန္တိ သတ္ထုနော။

၆၁။ ထိုအခါ ငါ၏ ပန်းသုံးပွင့်တို့သည် မြတ်စွာဘုရား၏ အာနုဘော်ကြောင့် အထက်၌ အညှာအောက်၌အရွက်ဖြစ်၍ မြတ်စွာဘုရားအား အရိပ်ကို ပြုကုန်၏။

၆၂။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊

ဇဟိတွာ မာနုသံ ဒေဟံ တာဝတိံသမဂစ္ဆဟံ။

၆၂။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်၏။

၆၃။ ‘‘တတ္ထ မေ သုကတံ ဗျမှံ, ကဏိကာရီတိ [ကဏိကာရောတိ (သီ။)] ဉာယတိ၊

သဋ္ဌိယောဇနမုဗ္ဗေဓံ, တိံသယောဇနဝိတ္ထတံ။

၆၃။ ထိုဘုံ၌ ကောင်းစွာ ပြုအပ်သော ငါ၏ ဗိမာန်ကို မဟာလှေကားဗိမာန် ‘ကဏိကာရီ ဗိမာန်’ဟုသိအပ်၏၊ (ထိုဗိမာန်သည်) ယူဇနာခြောက်ဆယ် အစောက်မြင့်၏၊ ယူဇနာ သုံးဆယ် ကျယ်ပြန့်၏။

၆၄။ ‘‘သဟဿကဏ္ဍံ သတဘေဏ္ဍု, ဓဇာလု ဟရိတာမယံ၊

သတသဟဿနိယျူဟာ [သတသဟဿာနိ ဗျူဟာနိ (သီ။)], ဗျမှေ ပါတုဘဝိံသု [ပါတုရဟံသု (သီ။), ပါတုရဟိံသု (က။)] မေ။

၆၄။ အပိုင်းအခြား (အခန်း) တစ်ထောင်ရှိ၏၊ ပွတ်လုံးတစ်ရာရှိ၏၊ များသော တံခွန် ရှိ၏၊ ရွှေဖြင့်ပြီး၏။ ငါ၏ ဗိမာန်၌ နန်းဦးစနုဆောင်တစ်သိန်းတို့သည် ထင်ရှားဖြစ်ကုန်၏။

၆၅။ ‘‘သောဏ္ဏမယာ မဏိမယာ, လောဟိတင်္ကမယာပိ စ၊

ဖလိကာပိ စ ပလ္လင်္ကာ, ယေနိစ္ဆကာ ယဒိစ္ဆကာ။

၆၅။ ရွှေဖြင့်ပြီးသော ပလ္လင်၊ ပတ္တမြားဖြင့်ပြီးသော ပလ္လင်၊ ကျောက်နီဖြင့်ပြီးသော ပလ္လင်၊ ဖလ်တို့ဖြင့်ပြီးသော ပလ္လင်တို့သည်လည်း အလိုရှိရာ၌ အလိုရှိတိုင်း (ဖြစ်ကုန်၏)။

၆၆။ ‘‘မဟာရဟဉ္စ သယနံ, တူလိကာ ဝိကတီယုတံ၊

ဥဒ္ဓလောမိဉ္စ ဧကန္တံ, ဗိမ္ဗောဟနသမာယုတံ။

၆၆။ မြတ်သော သူတို့သာ ထိုက်တန်သော အိပ်ရာသည် လဲမွေ့ရာ ဆန်းကြယ်သော အခင်းနှင့် ယှဥ်၏၊ (နှစ်ဖက်) အမွေးရှိသော ဥဒ္ဓလောမိအခင်း၊ (တစ်ဖက်အမွေးရှိသော) ဧကန္တလောမိအခင်းသည်လည်းခေါင်းအုံးနှင့် ယှဥ်၏။

၆၇။ ‘‘ဘဝနာ နိက္ခမိတွာန, စရန္တော ဒေဝစာရိကံ၊

ယထာ ဣစ္ဆာမိ [ယထာ ဂစ္ဆာမိ (သီ။)] ဂမနံ, ဒေဝသံဃပုရက္ခတော။

၆၇။ ဗိမာန်မှ ထွက်၍ နတ်ပြည်သို့ ဒေသစာရီကို လှည့်လည်လတ်သော် နတ်အပေါင်းခြံရံ လျက်သွားခြင်းကို အလိုရှိတိုင်း ပြည့်စုံ၏။

၆၈။ ‘‘ပုပ္ဖဿ ဟေဋ္ဌာ တိဋ္ဌာမိ, ဥပရိစ္ဆဒနံ မမ၊

သမန္တာ ယောဇနသတံ, ကဏိကာရေဟိ ဆာဒိတံ။

၆၈။ ပန်းပွင့်၏ အောက်၌ တည်ရ၏၊ ငါ၏ အထက်၌ အမိုးသည် ထက်ဝန်းကျင်မှယူဇနာတစ်ရာတိုင်အောင် မဟာလှေကားပွင့်တို့ဖြင့် လွှမ်းအပ်၏။

စာ-၁၇၅

၆၉။ ‘‘သဋ္ဌိတုရိယသဟဿာနိ, သာယပါတံ ဥပဋ္ဌဟုံ၊

ပရိဝါရေန္တိ မံ နိစ္စံ, ရတ္တိန္ဒိဝမတန္ဒိတာ။

၆၉။ တူရိယာတီးမှုတ်သူ ခြောက်သောင်းတို့သည် ညချမ်း, နံနက်တိုင်း ခစားလုပ်ကျွေးကုန်၏၊ ညဥ့်, နေ့ပတ်လုံး မပျင်းရိကုန်ဘဲ ငါ့ကို အမြဲ ဝန်းရံကုန်၏။

၇၀။ ‘‘တတ္ထ နစ္စေဟိ ဂီတေဟိ, တာလေဟိ ဝါဒိတေဟိ စ၊

ရမာမိ ခိဍ္ဍာ ရတိယာ, မောဒါမိ ကာမကာမဟံ။

၇၀။ ထိုနတ်ပြည်၌ ကခြင်းတို့ဖြင့်လည်းကောင်း၊ သီခြင်းတို့ဖြင့်လည်းကောင်း၊ မောင်း ကြေးနင်းတို့ဖြင့်လည်းကောင်း၊ တီးမှုတ်ခြင်းတို့ဖြင့်လည်းကောင်း၊ မြူးထူးပျော်မွေ့ခြင်းဖြင့်လည်းကောင်း ပျော်မွေ့ရ၏။ ငါသည် အလိုရှိတိုင်း အလိုရှိတိုင်း ပျော်မွေ့ရ၏။

၇၁။ ‘‘တတ္ထ ဘုတွာ ပိဝိတွာ စ, မောဒါမိ တိဒသေ တဒါ၊

နာရီဂဏေဟိ သဟိတော, မောဒါမိ ဗျမှမုတ္တမေ။

၇၁။ ထိုအခါ ထိုနတ်ပြည် တာဝတိံသာနတ်ဘုံ၌ စား၍လည်းကောင်း၊ သောက်၍လည်းကောင်းပျော်မွေ့ရ၏။ နတ်သမီးအပေါင်းတို့နှင့် တကွဖြစ်၍ ဗိမာန်မြတ်၌ ပျော်မွေ့ရ၏။

၇၂။ ‘‘သတာနံ ပဉ္စက္ခတ္တုဉ္စ, ဒေဝရဇ္ဇမကာရယိံ၊

သတာနံ တီဏိက္ခတ္တုဉ္စ, စက္ကဝတ္တီ အဟောသဟံ၊

ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ။

၇၂။ တစ်ရာတို့၏ ငါးကြိမ်တိုင်အောင် (အကြိမ်ငါးရာတိုင်အောင်) နတ်မင်းအဖြစ်ကို ပြုခဲ့ရ၏၊ တစ်ရာတို့၏ သုံးကြိမ်တိုင်အောင် (အကြိမ်သုံးရာတိုင်အောင်) ငါသည် စကြဝတေး မင်းလည်း ဖြစ်ခဲ့၏၊ ပြန့်ပြောသော ပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေ တွက်နိုင်။

၇၃။ ‘‘ဘဝေ ဘဝေ သံသရန္တော, မဟာဘောဂံ လဘာမဟံ၊

ဘောဂေ မေ ဦနတာ နတ္ထိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၇၃။ ဘဝတိုင်းဘဝတိုင်း ကျင်လည်ရသော် ငါသည် များစွာသော စည်းစိမ်ကို ရပါ၏၊ ငါ့အား စည်းစိမ်၌ယုတ်လျော့သည့် အဖြစ်သည် မရှိချေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာ ဘုရားအား ပူဇော်ခြင်း၏အကျိုးပေတည်း။

၇၄။ ‘‘ဒုဝေ ဘဝေ သံသရာမိ, ဒေဝတ္တေ အထ မာနုသေ၊

အညံ ဂတိံ န ဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၇၄။ နတ်ဘဝ, လူ့ဘဝဟူသော ဘဝနှစ်ပါး၌ ကျင်လည်ရပါ၏၊ အခြားတစ်ပါးသော ဂတိ ကို မသိရပါ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၇၅။ ‘‘ဒုဝေ ကုလေ ပဇာယာမိ [ယတ္ထ ပစ္ဆာ ပဇာယာမိ (သီ။)], ခတ္တိယေ စာပိ ဗြာဟ္မဏေ၊

နီစေ ကုလေ န ဇာယာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၇၅။ မင်းမျိုး၌လည်းကောင်း၊ ပုဏ္ဏားမျိုး၌လည်းကောင်း အမျိုးနှစ်ပါး၌ ဖြစ်ရ၏။ ယုတ်နိမ့်သော အမျိုး၌ဖြစ်ခြင်းကို မသိပါ။ ဤသို့ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော် ရခြင်း၏ အကျိုးပေတည်း။

၇၆။ ‘‘ဟတ္ထိယာနံ အဿယာနံ, သိဝိကံ သန္ဒမာနိကံ၊

လဘာမိ သဗ္ဗမေဝေတံ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၇၆။ ဆင်ယာဥ်၊ မြင်းယာဥ်၊ ထမ်းစင်၊ သံလျှင်းဟူသော ဤအလုံးစုံကိုပင် ရပေ၏။ ဤ သို့ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၇၇။ ‘‘ဒါသီဂဏံ ဒါသဂဏံ, နာရိယော သမလင်္ကတာ၊

လဘာမိ သဗ္ဗမေဝေတံ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၇၇။ ကျွန်မိန်းမအပေါင်း၊ ကျွန်ယောကျာ်းအပေါင်းကိုလည်းကောင်း၊ ကောင်းစွာ တန်ဆာ ဆင်အပ်သောမိန်းမတို့ကို လည်းကောင်း ဤအလုံးစုံကိုပင် ရပေ၏။ ဤသို့ဖြစ်ရခြင်းသည် မြတ်စွာဘုရားအားပူဇော်ရခြင်း၏ အကျိုးပေတည်း။

၇၈။ ‘‘ကောသေယျကမ္ဗလိယာနိ, ခေါမကပ္ပါသိကာနိ စ၊

လဘာမိ သဗ္ဗမေဝေတံ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၇၈။ ပိုးထည်, ကမ္ဗလာထည်တို့ကို လည်းကောင်း၊ ခေါမထည်, ဝါချည်ထည်တို့ကို လည်းကောင်းဤအလုံးစုံကိုပင် ရပေ၏။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရ ခြင်း၏ အကျိုးပေတည်း။

၇၉။ ‘‘နဝဝတ္ထံ နဝဖလံ, နဝဂ္ဂရသဘောဇနံ၊

လဘာမိ သဗ္ဗမေဝေတံ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၇၉။ အဝတ်သစ်ကိုလည်းကောင်း၊ အသီးသစ် (သစ်သီးဦး) ကိုလည်းကောင်း၊ မြတ်သော အရသာရှိသောဘောဇဥ်သစ် (ဘောဇဥ်ဦး) ကိုလည်းကောင်း ဤအလုံးစုံကိုပင် ရပေ၏။ ဤသို့ ဖြစ်ရခြင်းသည်မြတ်စွာဘုရားအား ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၈၀။ ‘‘ဣမံ ခါဒ ဣမံ ဘုဉ္ဇ, ဣမမှိ သယနေ သယ၊

လဘာမိ သဗ္ဗမေဝေတံ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၈၀။ “ဤခဲဖွယ်ကို ခဲပါလော့၊ ဤစားဖွယ်ကို စားပါလော့၊ ဤအိပ်ရာ၌ အိပ်ပါလော့”ဟူသောဤအလုံးစုံကိုပင် ရပေ၏။ ဤသို့ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၈၁။ ‘‘သဗ္ဗတ္ထ ပူဇိတော ဟောမိ, ယသော အစ္စုဂ္ဂတော မမ၊

မဟာပက္ခော [မဟေသက္ခော (က။)] သဒါ ဟောမိ, အဘေဇ္ဇပရိသော သဒါ၊

ဉာတီနံ ဥတ္တမော ဟောမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၈၁။ အရပ်အားလုံး၌ ပူဇော်အပ်သူ ဖြစ်ပါ၏၊ ငါ၏ ကျော်စောခြင်းသည် လွှမ်းမိုးပျံ့နှံ့ တက်၏၊ အခါခပ်သိမ်း အသင်းအပင်းများသူ ဖြစ်ပေ၏၊ အခါခပ်သိမ်း ပရိသတ်မကွဲပျက်သူ ဖြစ်ပါ၏၊ ဆွေမျိုးတို့ထက် မြတ်သူ ဖြစ်ပါ၏။ ဤသို့ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏အကျိုးပေတည်း။

စာ-၁၇၆

၈၂။ ‘‘သီတံ ဥဏှံ န ဇာနာမိ, ပရိဠာဟော န ဝိဇ္ဇတိ၊

အထော စေတသိကံ ဒုက္ခံ, ဟဒယေ မေ န ဝိဇ္ဇတိ။

၈၂။ အအေး, အပူကို မသိရပေ၊ အိုက်စပ်ခြင်းသည် ငါ့အား မရှိပေ၊ ထိုမှတစ်ပါး ငါ၏ နှလုံး၌စိတ်ကြောင့် ဖြစ်သော ဆင်းရဲခြင်းသည် မရှိချေ။

၈၃။ ‘‘သုဝဏ္ဏဝဏ္ဏော ဟုတွာန, သံသရာမိ ဘဝါဘဝေ၊

ဝေဝဏ္ဏိယံ န ဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၈၃။ ရွှေအဆင်းနှင့် တူသော အဆင်းရှိသူဖြစ်၍ ဘဝကြီးငယ်၌ ကျင်လည်ရ၏၊ အဆင်းဖောက်ပြန်သည်ကို မသိရပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏အကျိုးပေတည်း။

၈၄။ ‘‘ဒေဝလောကာ စဝိတွာန, သုက္ကမူလေန စောဒိတော၊

သာဝတ္ထိယံ ပုရေ ဇာတော, မဟာသာလေသု အဍ္ဎကေ။

၈၄။ ငါသည် နတ်ပြည်မှ စုတေ၍ ဖြူစင်သော ကုသိုလ်ကံအကြောင်းရင်းသည် တိုက်တွန်းအပ်သည်ဖြစ်၍ သာဝတ္ထိပြည်ဝယ် ကောင်းစွာ ကြွယ်ဝသော မဟာသာလအမျိုး၌ ဖြစ်ရ၏။

၈၅။ ‘‘ပဉ္စ ကာမဂုဏေ ဟိတွာ, ပဗ္ဗဇိံ အနဂါရိယံ၊

ဇာတိယာ သတ္တဝဿောဟံ, အရဟတ္တမပါပုဏိံ။

၈၅။ ကာမဂုဏ်ငါးပါးတို့ကို ပယ်စွန့်၍ အိမ်ရာမထောင် ရဟန်းဘောင်၌ ရဟန်းပြု၏၊ ငါသည့်မွေးဖွားသည်မှ ခုနစ်နှစ်သာ ရှိသေးလျက် အရဟတ္တဖိုလ်သို့ ရောက်ခဲ့၏။

၈၆။ ‘‘ဥပသမ္ပဒါယီ ဗုဒ္ဓေါ, ဂုဏမညာယ စက္ခုမာ၊

တရုဏော ပူဇနီယောဟံ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၈၆။ စက္ခုငါးမျိုးရှိသော မြတ်စွာဘုရားသည် ငါ၏ ဂုဏ်ကို သိ၍ ငါ့ကို (ရဟန်းခံ) ပေးတော်မူ၏၊ ငါသည် ငယ်ရွယ်သူ ဖြစ်လျက် ပူဇော်ခံရသူ ဖြစ်၏။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအားပူဇော်ရခြင်း၏ အကျိုးပေတည်း။

၈၇။ ‘‘ဒိဗ္ဗစက္ခုဝိသုဒ္ဓံ မေ, သမာဓိကုသလော အဟံ၊

အဘိညာပါရမိပ္ပတ္တော, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၈၇။ ငါ၏ ဒိဗ္ဗစက္ခုဉာဏ်သည် အထူးစင်ကြယ်၏၊ ငါသည် ဈာန်သမာဓိ၌ လိမ္မာကျွမ်း ကျင်၏၊ အဘိညာဥ်၏ အဆုံးသို့ ရောက်၏။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏အကျိုးပေတည်း။

၈၈။ ‘‘ပဋိသမ္ဘိဒါ အနုပ္ပတ္တော, ဣဒ္ဓိပါဒေသု ကောဝိဒေါ၊

ဓမ္မေသု ပါရမိပ္ပတ္တော, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၈၈။ ငါသည် ပဋိသမ္ဘိဒါသို့ အစဥ်ရောက်၏၊ ဣဒ္ဓိပါဒ်တို့၌ လိမ္မာကျွမ်းကျင်ပေ၏၊ တရား တို့၌ အထွတ်အထိပ်သို့ ရောက်ပေ၏။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရ ခြင်း၏အကျိုးပေတည်း။

၈၉။ ‘‘တိံသကပ္ပသဟဿမှိ, ယံ ဗုဒ္ဓမဘိပူဇယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၈၉။ ကမ္ဘာသုံးသောင်းထက်၌ မြတ်စွာဘုရားကို ပူဇော်ခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ ‘ဒုဂ္ဂတိ’ဘဝကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏အကျိုးပေတည်း။

၉၀။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။

၉၀။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၉၁။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။

၉၁။ ငါ၏ လာခြင်းကား စင်စစ် ကောင်းသောလာခြင်း ဖြစ်၏။ပ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။

၉၂။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။

၉၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ မြတ်စွာဘုရား၏ အဆုံးအမတော် ကိုလိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဥတ္တရမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခြောက်ခုမြောက် ဥတ္တရတ္ထေရအပဒါန ပြီး၏။

ဣတ္ထံ သုဒံ အာယသ္မာ ဥတ္တရော ထေရော ဣမာ ဂါထာယော

အဘာသိတ္ထာတိ။

ဥတ္တရတ္ထေရဿာပဒါနံ ဆဋ္ဌံ။

၇။ အပရဥတ္တရတ္ထေရအပဒါန

၉၃။ ‘‘နိဗ္ဗုတေ လောကနာထမှိ, သိဒ္ဓတ္ထေ လောကနာယကေ၊

မမ ဉာတီ သမာနေတွာ, ဓာတုပူဇံ အကာသဟံ။

၇-အပရဥတ္တရတ္ထေရအပဒါန ၉၃။ လောက၏ ကိုးကွယ်ရာ ဖြစ်တော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြု လတ်သော် ငါသည် ငါ၏ ဆွေမျိုးတို့ကို အထူးစုပေါင်း၍ ဓာတ်တော်ပူဇော်ခြင်းကို ပြုခဲ့၏။

၉၄။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ဓာတုမဘိပူဇယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဓာတုပူဇာယိဒံ ဖလံ။

၉၄။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ဓာတ်တော်ကို ပူဇော်ခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရောက်ရာ ‘ဒုဂ္ဂတိ’ဘဝကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် ဓာတ်တော်ကိုပူဇော်ရခြင်း၏ အကျိုးပေတည်း။

စာ-၁၇၇

၉၅။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။

၉၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၉၆။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။

၉၆။ ငါ၏ လာခြင်းကား စင်စစ် ကောင်းသောလာခြင်း ဖြစ်၏။ပ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။

၉၇။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။

၉၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ မြတ်စွာဘုရား၏ အဆုံးအမ တော်ကိုလိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အပရဥတ္တရမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ခုနစ်ခုမြောက် အပရဥတ္တရတ္ထေရအပဒါန ပြီး၏။

ဣတ္ထံ သုဒံ အာယသ္မာ အပရဥတ္တရတ္ထေရော ဣမာ ဂါထာယော

အဘာသိတ္ထာတိ။

အပရဿ ဥတ္တရတ္ထေရဿာပဒါနံ သတ္တမံ။

၈။ ဘဒ္ဒဇိတ္ထေရအပဒါန

၉၈။ ‘‘ဩဂယှ ယံ ပေါက္ခရဏိံ, နာနာကုဉ္ဇရသေဝိတံ၊

ဥဒ္ဓရာမိ ဘိသံ တတ္ထ, ဃာသဟေတု အဟံ တဒါ။

၈-ဘဒ္ဒဇိတ္ထေရအပဒါန ၉၈။ အထူးထူးသော ဆင်တို့ မှီဝဲအပ်သော အကြင်ရေကန်သို့ သက်ဆင်း၍ ထိုအခါ ငါသည် စားလိုခြင်းအကြောင်းကြောင့် ထိုရေကန်၌ ကြာစွယ်ကို နုတ်ယူ၏။

၉၉။ ‘‘ဘဂဝါ တမှိ သမယေ, ပဒုမုတ္တရသဝှယော၊

ရတ္တမ္ဗရဓရော ဗုဒ္ဓေါ, ဂစ္ဆတေ အနိလဉ္ဇသေ။

၉၉။ ထိုအခါ၌ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော ပဒုမုတ္တရအမည်ရှိသော နီမြန်းသောအဝတ်သင်္ကန်းကို ဆောင်သော မြတ်စွာဘုရားသည် ကောင်းကင်ခရီး၌ ကြွသွားတော်မူ၏။

၁၀၀။ ‘‘ဓုနန္တော ပံသုကူလာနိ, သဒ္ဒံ အဿောသဟံ တဒါ၊

ဥဒ္ဓံ နိဇ္ဈာယမာနောဟံ, အဒ္ဒသံ လောကနာယကံ။

၁၀၀။ ထိုအခါ ပံ့သကူသင်္ကန်းတို့ကို ခါတွက်လတ်သော် ငါသည် အသံကို ကြား၏၊ ငါသည် အထက်သို့ကြည့်ရှုလတ်သော် မြတ်စွာဘုရားကို ဖူးမြင်ရ၏။

၁၀၁။ ‘‘တတ္ထေဝ ဌိတကော သန္တော, အာယာစိံ လောကနာယကံ၊

မဓုံ ဘိသေဟိ သဟိတံ, ခီရံ သပ္ပိံ မုဠာလိကံ [မဓုံ ဘိသေဟိ ပစတိ, ခီရသပ္ပိ မုလာလိဘိ (က။) ဘိသဒါယကတ္ထေရာပဒါနေပိ]။

၁၀၁။ ထိုနေရာ၌ပင် ရပ်တည်သည် ဖြစ်၍ မြတ်စွာဘုရားကို တောင်းပန်၏၊ ကြာစွယ်တို့ နှင့်တကွဖြစ်သော ပျားရည်ကိုလည်းကောင်း၊ ကြာစွယ်ကြာရင်းရှိသော နို့ရည်ထောပတ်ကို လည်းကောင်း-

၁၀၂။ ‘‘ပဋိဂ္ဂဏှာတု မေ ဗုဒ္ဓေါ, အနုကမ္ပာယ စက္ခုမာ၊

တတော ကာရုဏိကော သတ္ထာ, ဩရောဟိတွာ မဟာယသော။

၁၀၂။ စက္ခုငါးမျိုးရှိတော်မူသော မြတ်စွာဘုရားသည် အကျွန်ုပ်အား သနားသောအားဖြင့်ခံယူတော်မူပါလော့ (ဟု တောင်းပန်၏)၊ ထိုအခါ ကရုဏာရှိတော်မူသော အခြံအရံများသောမြတ်စွာဘုရားသည် ဆင်းသက်၍-

၁၀၃။ ‘‘ပဋိဂ္ဂဏှိ မမ ဘိက္ခံ, အနုကမ္ပာယ စက္ခုမာ၊

ပဋိဂ္ဂဟေတွာ သမ္ဗုဒ္ဓေါ, အကာ မေ အနုမောဒနံ။

၁၀၃။ စက္ခုငါးမျိုးရှိတော်မူသော မြတ်စွာဘုရားသည် အစဥ်သနားသောအားဖြင့် ငါ၏ ဆွမ်းကိုခံယူတော်မူ၏၊ ခံယူပြီးသော် မြတ်စွာဘုရားသည် ငါ့အား အနုမောဒနာကို ပြုတော် မူ၏။

၁၀၄။ ‘‘‘သုခီ ဟောတု မဟာပုည, ဂတိ တုယှံ သမိဇ္ဈတု၊

ဣမိနာ ဘိသဒါနေန, လဘဿု ဝိပုလံ သုခံ’။

၁၀၄။ ဘုန်းကြီးသောသူ, ချမ်းသာခြင်းရှိသူ ဖြစ်ပါစေ၊ သင့်အား လားရာဂတိသည် ပြည့်စုံပါစေ၊ ဤကြာစွယ်အလှူကြောင့် ပြန့်ပြောသော ချမ်းသာခြင်းကို ရပါစေသတည်းဟု-

၁၀၅။ ‘‘ဣဒံ ဝတွာန သမ္ဗုဒ္ဓေါ, ဇလဇုတ္တမနာမကော၊

ဘိက္ခမာဒါယ သမ္ဗုဒ္ဓေါ, အာကာသေနာဂမာ ဇိနော။

၁၀၅။ ပဒုမုတ္တရအမည်ရှိသော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၍ ဆွမ်းကို ယူပြီးလျှင် ကိုယ်တိုင် သိတော်မူသော မြတ်စွာဘုရားသည် ကောင်းကင်ခရီးဖြင့် ကြွသွားတော် မူ၏။

၁၀၆။ ‘‘တတော ဘိသံ ဂဟေတွာန, အဂစ္ဆိံ မမ အဿမံ၊

ဘိသံ ရုက္ခေ လဂ္ဂေတွာန, မမ ဒါနံ အနုဿရိံ။

၁၀၆။ ထို့နောက်မှ ကြာစွယ်ကို ယူ၍ ငါ၏ သင်္ခမ်းကျောင်းသို့ လာခဲ့၏၊ ကြာစွယ်ကို သစ်ပင်၌ချိတ်ထား၍ ငါ၏ အလှူကို အစဥ်လျှောက်၍ အောက်မေ့၏။

စာ-၁၇၈

၁၀၇။ ‘‘မဟာဝါတော ဥဋ္ဌဟိတွာ, သဉ္စာလေသိ ဝနံ တဒါ၊

အာကာသော အဘိနာဒိတ္ထ, အသနီ စ ဖလီ တဒါ။

၁၀၇။ ထိုအခါ လေကြီးသည် ထ၍ တောကို လှုပ်ရှားစေ၏၊ ကောင်းကင်သည် ထစ်ချုံး၏၊ ထိုအခါမိုးကြိုးသည်လည်း ကွဲကျ၏။

၁၀၈။ ‘‘တတော မေ အသနီပါတော, မတ္ထကေ နိပတီ တဒါ၊

သောဟံ နိသိန္နကော သန္တော, တတ္ထ ကာလင်္ကတော အဟံ။

၁၀၈။ ထို့ကြောင့် ထိုအခါ မိုးကြိုး ကျလတ်သော် ငါ၏ ဦးခေါင်းထိပ်ထက်၌ ကျ၏၊ ထိုငါသည်ထိုင်နေသည်ဖြစ်၍သာလျှင် ထိုနေရာ၌ ကွယ်လွန်၏။

၁၀၉။ ‘‘ပုညကမ္မေန သညုတ္တော, တုသိတံ ဥပပဇ္ဇဟံ၊

ကဠေဝရံ မေ ပတိတံ, ဒေဝလောကေ ရမာမဟံ။

၁၀၉။ ကုသိုလ်ကံနှင့် ယှဥ်၍ ငါသည် တုသိတာဘုံ၌ ဖြစ်၏၊ ငါ၏ ကိုယ်ကောင်သည် လည်း ကျ၏၊ ငါသည် နတ်ပြည်၌ ပျော်မွေ့ရ၏။

၁၁၀။ ‘‘ဆဠသီတိသဟဿာနိ, နာရိယော သမလင်္ကတာ၊

သာယံ ပါတံ ဥပဋ္ဌန္တိ, ဘိသဒါနဿိဒံ ဖလံ။

၁၁၀။ ကောင်းစွာ တန်ဆာဆင်အပ်ကုန်သော နတ်သမီးရှစ်သောင်းခြောက်ထောင်တို့သည် ညချမ်းတိုင်းနံနက်တိုင်း ခစားလုပ်ကျွေးကုန်၏။ ဤသို့ ဖြစ်ရခြင်းသည် ကြာစွယ်အလှူ၏ အကျိုးပေတည်း။

၁၁၁။ ‘‘မနုဿယောနိမာဂန္တွာ, သုခိတော ဟောမဟံ တဒါ၊

ဘောဂါ မေ ဦနတာ နတ္ထိ, ဘိသဒါနဿိဒံ ဖလံ။

၁၁၁။ ထိုအခါ လူ့အဖြစ်သို့ ရောက်လာ၍ ငါသည် ချမ်းသာခြင်းရှိသူ ဖြစ်၏၊ ငါ့အား စည်းစိမ်တို့၏ယုတ်လျော့သည်၏ အဖြစ်သည် မရှိပေ။ ဤသို့ ဖြစ်ရခြင်းသည် ကြာစွယ် အလှူ၏ အကျိုးပေတည်း။

၁၁၂။ ‘‘အနုကမ္ပိတကော တေန, ဒေဝဒေဝေန တာဒိနာ၊

သဗ္ဗာသဝပရိက္ခီဏာ, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။

၁၁၂။ နတ်ထက် နတ်ဖြစ်တော်မူသော တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာ ဘုရားသည် အစဥ်စောင့်ရှောက်အပ်သည် ဖြစ်၍ အာသဝအားလုံး ကုန်ခန်းကုန်ပြီ၊ ယခုအခါ ဘဝသစ် တစ်ဖန်ဖြစ်ခြင်း မရှိတော့ပြီ။

၁၁၃။ ‘‘သတသဟဿိတော ကပ္ပေ, ယံ ဘိသံ အဒဒိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဘိသဒါနဿိဒံ ဖလံ။

၁၁၃။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ကြာစွယ်ကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရောက်ရာ‘ဒုဂ္ဂတိ’ဘဝကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် ကြာစွယ် အလှူ၏အကျိုးပေတည်း။

၁၁၄။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။

၁၁၄။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၁၅။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။

၁၁၅။ ငါ၏ လာခြင်းကား စင်စစ် ကောင်းသောလာခြင်း ဖြစ်၏။ပ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၁၁၆။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။

၁၁၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ မြတ်စွာဘုရား၏ အဆုံးအမ တော်ကိုလိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဘဒ္ဒဇိမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ရှစ်ခုမြောက် ဘဒ္ဒဇိတ္ထေရအပဒါန ပြီး၏။

ဣတ္ထံ သုဒံ အာယသ္မာ ဘဒ္ဒဇိတ္ထေရော ဣမာ ဂါထာယော

အဘာသိတ္ထာတိ။

ဘဒ္ဒဇိတ္ထေရဿာပဒါနံ အဋ္ဌမံ။

၉။ သိဝကတ္ထေရအပဒါန

၁၁၇။ ‘‘ဧသနာယ စရန္တဿ, ဝိပဿိဿ မဟေသိနော၊

ရိတ္တကံ ပတ္တံ ဒိသွာန, ကုမ္မာသံ ပူရယိံ အဟံ။

၉-သိဝကတ္ထေရအပဒါန ၁၁၇။ ရှာမှီးခြင်းငှါ (ဆွမ်းခံခြင်းငှါ) လှည့်လည်တော်မူသော ဝိပဿီမြတ်စွာဘုရား၏ အချည်းနှီးသောသပိတ်ကို မြင်၍ ငါသည် မုယောဆွမ်းကို ပြည့်စေ၏။

၁၁၈။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ဘိက္ခမဒဒိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ကုမ္မာသဿ ဣဒံ ဖလံ။

၁၁၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ဆွမ်းကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရောက်ရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မုယောဆွမ်း၏အကျိုးပေတည်း။

၁၁၉။ ‘‘ကိလေသာ ဈာပိတာ မယှံ ။ပ။ ဝိဟရာမိ အနာသဝေါ။

၁၁၉။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

စာ-၁၇၉

၁၂၀။ ‘‘သွာဂတံ ဝတ မေ အာသိ ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ။

၁၂၀။ ငါ၏ လာခြင်းကား စင်စစ် ကောင်းသောလာခြင်း ဖြစ်၏။ပ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၁၂၁။ ‘‘ပဋိသမ္ဘိဒါ စတဿော ။ပ။ ကတံ ဗုဒ္ဓဿ သာသနံ’’။

၁၂၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ မြတ်စွာဘုရား၏ အဆုံးအမ တော်ကိုလိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်သိဝကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ကိုးခုမြောက် သိဝကတ္ထေရအပဒါန ပြီး၏။

ဣတ္ထံ သုဒံ အာယသ္မာ သိဝကတ္ထေရော ဣမာ ဂါထာယော

အဘာသိတ္ထာတိ။

သိဝကတ္ထေရဿာပဒါနံ နဝမံ။

၁၀။ ဥပဝါနတ္ထေရအပဒါန

၁၂၂။ ‘‘ပဒုမုတ္တရော နာမ ဇိနော, သဗ္ဗဓမ္မာန ပါရဂူ၊

ဇလိတွာ အဂ္ဂိက္ခန္ဓောဝ, သမ္ဗုဒ္ဓေါ ပရိနိဗ္ဗုတော။

၁၀-ဥပဝါနတ္ထေရအပဒါန ၁၂၂။ အလုံးစုံသော တရားတို့၏ ကမ်းတစ်ဖက်သို့ ရောက်တော်မူသော (မာရ်ငါးပါးကို) အောင်တော်မူသော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် မီးပုံကဲ့သို့ တောက်ပ၍ ပရိနိဗ္ဗာန်ပြုတော်မူ၏။

၁၂၃။ ‘‘မဟာဇနာ သမာဂမ္မ, ပူဇယိတွာ တထာဂတံ၊

စိတံ ကတွာန သုဂတံ, သရီရံ အဘိရောပယုံ။

၁၂၃။ လူအများတို့သည် အညီအညွတ်လာကုန်၍ မြတ်စွာဘုရားကို ပူဇော်၍ ထင်းပုံကို ပြုပြီးလျှင် မြတ်စွာဘုရားကိုယ်တော်ကို တင်ထားကုန်၏။

၁၂၄။ ‘‘သရီရကိစ္စံ ကတွာန, ဓာတုံ တတ္ထ သမာနယုံ၊

သဒေဝမနုဿာ သဗ္ဗေ, ဗုဒ္ဓထူပံ အကံသု တေ။

၁၂၄။ ကိုယ်တော်ကို မီးသင်္ဂြိုဟ်ခြင်းကိစ္စကို ပြုပြီးသော် ထိုနေရာ၌ ဓာတ်တော်ကို ကောင်းစွာပင့်ဆောင်ကုန်၏၊ အလုံးစုံသော ထိုနတ်, လူတို့သည် ဘုရားပုထိုး (စေတီ) ကို တည်ကုန်၏။

၁၂၅။ ‘‘ပဌမာ ကဉ္စနမယာ, ဒုတိယာ စ မဏိမယာ၊

တတိယာ ရူပိယမယာ, စတုတ္ထီ ဖလိကာမယာ။

၁၂၅။ ပထမပစ္စယံသည် ရွှေဖြင့်ပြီး၏။ ဒုတိယပစ္စယံသည် ပတ္တမြားဖြင့်ပြီး၏။ တတိယ ပစ္စယံသည်ငွေဖြင့်ပြီး၏။ စတုတ္ထပစ္စယံသည် ဖလ်ဖြင့်ပြီး၏။

၁၂၆။ ‘‘တတ္ထ ပဉ္စမိကာ စေဝ [တတ္ထ ပဉ္စမိကာ စေတိ (သီ။)], လောဟိတင်္ကမယာ အဟု၊

ဆဋ္ဌာ မသာရဂလ္လဿ, သဗ္ဗံ ရတနမယူပရိ။

၁၂၆။ ထိုပုထိုး၌ ပဉ္စမပစ္စယံသည် ပတ္တမြားနီဖြင့် ပြီး၏။ ဆဋ္ဌပစ္စယံသည် ပတ္တမြား ပြောက် (မသာရဂလ်) ဖြင့် ပြီး၏။ အထက်၌ အလုံးစုံသည် ရတနာဖြင့် ပြီး၏။

၁၂၇။ ‘‘ဇင်္ဃာ မဏိမယာ အာသိ, ဝေဒိကာ ရတနာမယာ၊

သဗ္ဗသောဏ္ဏမယော ထူပေါ, ဥဒ္ဓံ ယောဇနမုဂ္ဂတော။

၁၂၇။ ပန်းတင်ခုံ ဖရုံတုံးဖိနပ်တော်သည် ပတ္တမြားဖြင့် ပြီးသည် ဖြစ်၏၊ ပွတ်တိုင်ဝရံတာ သည် ရတနာဖြင့် ပြီး၏။ အလုံးစုံရွှေဖြင့်ပြီးသော ပုထိုးစေတီသည် အထက်သို့ တစ်ယူဇနာ တိုင်အောင်မြင့်တက်၏။

၁၂၈။ ‘‘ဒေဝါ တတ္ထ သမာဂန္တွာ, ဧကတော မန္တယုံ တဒါ၊

‘မယမ္ပိ ထူပံ ကဿာမ, လောကနာထဿ တာဒိနော။

၁၂၈။ ထိုအခါ နတ်တို့သည် ထိုပုထိုးသို့ အညီအညွတ် လာကုန်၍ ငါတို့သည်လည်းတာဒိဂုဏ်ရှိတော်မူသော မြတ်စွာဘုရား၏ ပုထိုးစေတီကို တည်ကုန်အံ့ဟု တစ်ပေါင်းတည်း တိုင်ပင်ကုန်၏။

၁၂၉။ ‘‘‘ဓာတု အာဝေဏိကာ နတ္ထိ, သရီရံ ဧကပိဏ္ဍိတံ၊

ဣမမှိ ဗုဒ္ဓထူပမှိ, ကဿာမ ကဉ္စုကံ မယံ’။

၁၂၉။ ဓာတ်တော်သည် အသီးအခြား မရှိ၊ (ကိုယ်တော်သည်) သရီရဓာတ်တော်သည် အစိုင်အခဲတစ်ခုတည်း ဖြစ်၏၊ ငါတို့သည် ဤမြတ်စွာဘုရားပုထိုးစေတီ၌ သင်တိုင်းစွပ် စေတီကို တည်ပြုကုန်အံ့ဟုတစ်ပေါင်းတည်း တိုင်ပင်ကုန်၏။

၁၃၀။ ‘‘ဒေဝါ သတ္တဟိ ရတ္နေဟိ, အညံ ဝဍ္ဎေသုံ ယောဇနံ၊

ထူပေါ ဒွိယောဇနုဗ္ဗေဓော, တိမိရံ ဗျပဟန္တိ သော။

၁၃၀။ နတ်တို့သည် ရတနာခုနစ်ပါးတို့ဖြင့် တစ်ပါးသော ယူဇနာကို ပွါးစေကုန်၏၊ ပုထိုးစေတီသည့်နှစ်ယူဇနာအစောက်ရှိ၏၊ ထိုပုထိုးစေတီသည် အမိုက်မှောင်ကို ပယ်ဖျောက်၏။

၁၃၁။ ‘‘နာဂါ တတ္ထ သမာဂန္တွာ, ဧကတော မန္တယုံ တဒါ၊

‘မနုဿာ စေဝ ဒေဝါ စ, ဗုဒ္ဓထူပံ အကံသု တေ။

၁၃၁-၁၃၂။ ထိုအခါ နဂါးတို့သည် ထိုပုထိုးသို့ အညီအညွတ်လာကုန်၍ လူတို့သည် လည်းကောင်း၊ နတ်တို့သည်လည်းကောင်း ထိုသူတို့သည် မြတ်စွာဘုရားပုထိုးစေတီကို တည်ကုန်၏၊ ငါတို့အားမေ့လျော့ခြင်း မဖြစ်စေကုန်လင့်၊ နတ်နှင့် တကွသော လူတို့သည် မမေ့လျော့ကုန်၊ ငါတို့သည်လည်းတာဒိဂုဏ်ရှိတော်မူသော မြတ်စွာဘုရား၏ ပုထိုးစေတီကို တည်ကုန်အံ့ဟု တစ်ပေါင်းတည်း တိုင်ပင်ကုန်၏။

စာ-၁၈၀

၁၃၂။ ‘‘‘မာ နော ပမတ္တာ အဿုမှ, အပ္ပမတ္တာ သဒေဝကာ၊

မယမ္ပိ ထူပံ ကဿာမ, လောကနာထဿ တာဒိနော’။

၁၃၃။ ‘‘ဣန္ဒနီလံ မဟာနီလံ, အထော ဇောတိရသံ မဏိံ၊

ဧကတော သန္နိပါတေတွာ, ဗုဒ္ဓထူပံ အဆာဒယုံ။

၁၃၃။ ဣန္ဒနီလာတည်းဟူသော နီလာမြတ်ကိုလည်းကောင်း၊ ထိုမှတစ်ပါး ဇောတိရသပတ္တမြားကိုလည်းကောင်း တစ်ပေါင်းတည်း စုဝေး၍ မြတ်စွာဘုရားပုထိုးစေတီကို ဖုံးလွှမ်းကုန်၏။

၁၃၄။ ‘‘သဗ္ဗံ မဏိမယံ အာသိ, ယာဝတာ [တာဝတာ (က။)] ဗုဒ္ဓစေတိယံ၊

တိယောဇနသမုဗ္ဗေဓံ, အာလောကကရဏံ တဒါ။

၁၃၄။ မြတ်စွာဘုရားစေတီတော် မြင့်မားကျယ်ဝန်းသလောက် အလုံးစုံသည် ပတ္တမြားဖြင့် ပြီးသည်ဖြစ်၏၊ သုံးယူဇနာ အစောက်ရှိ၏၊ ထိုအခါ အလင်းရောင်ကို ပြုတတ်၏။

၁၃၅။ ‘‘ဂရုဠာ စ သမာဂန္တွာ, ဧကတော မန္တယုံ တဒါ၊

‘မနုဿာ ဒေဝနာဂါ စ, ဗုဒ္ဓပူဇံ အကံသု တေ။

၁၃၅-၁၃၆။ ဂဠုန်တို့သည်လည်း အညီအညွတ် လာကုန်၍ လူတို့သည်လည်းကောင်း၊ နတ်, နဂါးတို့သည်လည်းကောင်း ထိုသူတို့သည် မြတ်စွာဘုရားအား ပူဇော်ခြင်းကို ပြုကုန်၏၊ ငါတို့အားမေ့လျော့ခြင်း မဖြစ်စေကုန်လင့်၊ နတ်နှင့် တကွသော လူ, နဂါးတို့သည် မမေ့ လျော့ကုန်၊ ငါတို့သည်လည်း တာဒိဂုဏ်ရှိတော်မူသော မြတ်စွာဘုရား၏ ပုထိုးစေတီကို တည် ကုန်အံ့ဟုတစ်ပေါင်းတည်း တိုင်ပင်ကုန်၏။

၁၃၆။ ‘‘‘မာ နော ပမတ္တာ အဿုမှ, အပ္ပမတ္တာ သဒေဝကာ၊

မယမ္ပိ ထူပံ ကဿာမ, လောကနာထဿ တာဒိနော’။

၁၃၇။ ‘‘သဗ္ဗံ မဏိမယံ ထူပံ, အကရုံ တေ စ ကဉ္စုကံ၊

ယောဇနံ တေပိ ဝဍ္ဎေသုံ, အာယတံ ဗုဒ္ဓစေတိယံ။

၁၃၇။ ထိုဂဠုန်တို့သည်လည်း အလုံးစုံသော ပတ္တမြားဖြင့် ပြီးသော ပုထိုးကို သင်တိုင်း စွပ်စေတီတည်ကုန်၏၊ ထိိုုဂဠုန်တို့သည်လည်း ရှည်လျားသော မြတ်စွာဘုရားစေတီကို တစ်ယူဇနာပွါးစေကုန်၏။

၁၃၈။ ‘‘စတုယောဇနမုဗ္ဗေဓော, ဗုဒ္ဓထူပေါ ဝိရောစတိ၊

ဩဘာသေတိ ဒိသာ သဗ္ဗာ, သတရံသီဝ ဥဂ္ဂတော။

၁၃၈။ လေးယူဇနာ အစောက်ရှိသော မြတ်စွာဘုရားပုထိုးစေတီသည် တင့်တယ်တောက်ပ၏၊ တက်သစ်သော နေကဲ့သို့ အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေ၏။

၁၃၉။ ‘‘ကုမ္ဘဏ္ဍာ စ သမာဂန္တွာ, ဧကတော မန္တယုံ တဒါ၊

‘မနုဿာ စေဝ ဒေဝါ စ, နာဂါ စ ဂရုဠာ တထာ။

၁၄၀။ ‘‘‘ပစ္စေကံ ဗုဒ္ဓသေဋ္ဌဿ, အကံသု ထူပမုတ္တမံ၊

မာ နော ပမတ္တာ အဿုမှ, အပ္ပမတ္တာ သဒေဝကာ။

၁၄၁။ ‘‘‘မယမ္ပိ ထူပံ ကဿာမ, လောကနာထဿ တာဒိနော၊

ရတနေဟိ ဆာဒေဿာမ, အာယတံ ဗုဒ္ဓစေတိယံ’။

၁၄၂။ ‘‘ယောဇနံ တေပိ ဝဍ္ဎေသုံ, အာယတံ ဗုဒ္ဓစေတိယံ၊

ပဉ္စယောဇနမုဗ္ဗေဓော, ထူပေါ ဩဘာသတေ တဒါ။

၁၃၉-၁၄၀-၁၄၁။ ထိုအခါ ကုမ္ဘဏ်နတ်တို့သည်လည်း အညီအညွတ် လာကုန်၍ လူတို့သည်လည်းကောင်း၊ နတ်တို့သည်လည်းကောင်း၊ နဂါးတို့သည်လည်းကောင်း၊ ထို့အတူဂဠုန်တို့သည်လည်းကောင်း အသီးအသီး အထူးချီးမွမ်းတော်မူအပ်သော မြတ်စွာဘုရား၏ ပုထိုးစေတီမြတ်ကို တည်ကုန်၏။ ငါတို့အား မေ့လျော့ခြင်း မဖြစ်စေကုန်လင့်၊ နတ်နှင့် တကွသောလူ, နဂါး, ဂဠုန်တို့သည် မမေ့လျော့ကုန်။ ငါတို့သည်လည်း တာဒိဂုဏ်ရှိတော် မူသော မြတ်စွာဘုရား၏ ပုထိုးစေတီကို တည်ကုန်အံ့၊ ရှည်လျားသော မြတ်စွာဘုရားစေတီကို ရတနာတို့ဖြင့် ဖုံးလွှမ်းကုန်အံ့ဟုတစ်ပေါင်းတည်း တိုင်ပင်ကုန်၏။ ၁၄၂။ ထိုကုမ္ဘဏ်နတ်တို့သည်လည်း ရှည်လျားသော မြတ်စွာဘုရားစေတီကို တစ်ယူဇနာ ပွါးစေကုန်၏၊ ထိုအခါ ငါးယူဇနာ အစောက်ရှိသော ပုထိုးစေတီသည် ထွန်းလင်းတောက်ပ၏။

၁၄၃။ ‘‘ယက္ခာ တတ္ထ သမာဂန္တွာ, ဧကတော မန္တယုံ တဒါ၊

‘မနုဿာ ဒေဝနာဂါ စ, ဂရုဠာ စ ကုမ္ဘဏ္ဍကာ။

၁၄၄။ ‘‘‘ပစ္စေကံ ဗုဒ္ဓသေဋ္ဌဿ, အကံသု ထူပမုတ္တမံ၊

မာ နော ပမတ္တာ အဿုမှ, အပ္ပမတ္တာ သဒေဝကာ။

စာ-၁၈၁

၁၄၅။ ‘‘‘မယမ္ပိ ထူပံ ကဿာမ, လောကနာထဿ တာဒိနော၊

ဖလိကာ ဆာဒယိဿာမ, အာယတံ ဗုဒ္ဓစေတိယံ’။

၁၄၆။ ‘‘ယောဇနံ တေပိ ဝဍ္ဎေသုံ, အာယတံ ဗုဒ္ဓစေတိယံ၊

ဆယောဇနိကမုဗ္ဗေဓော, ထူပေါ ဩဘာသတေ တဒါ။

၁၄၃-၁၄၄-၁၄၅။ ထိုအခါ ဘီလူးတို့သည် ပုထိုးစေတီသို့ အညီအညွတ် လာကုန်၍လူတို့သည်လည်းကောင်း၊ နတ်, နဂါးတို့သည်လည်းကောင်း၊ ဂဠုန်တို့သည်လည်းကောင်း၊ ကုမ္ဘဏ်နတ်တို့သည်လည်းကောင်း အသီးအသီး အထူးချီးမွမ်းတော်မူအပ်သော မြတ်စွာ ဘုရား၏ ပုထိုးမြတ်ကို တည်ကုန်၏။ ငါတို့အား မေ့လျော့ခြင်း မဖြစ်စေကုန်လင့်၊ နတ်နှင့် တကွသောလူ, နဂါး, ဂဠုန်, ကုမ္ဘဏ်နတ်တို့သည် မမေ့လျော့ကုန်။ ငါတို့သည်လည်း တာဒိဂုဏ်ရှိတော်မူသော မြတ်စွာဘုရား၏ ပုထိုးစေတီကို တည်ကုန်အံ့၊ ရှည်လျားသော မြတ်စွာဘုရားစေတီကို ဖလ်တို့ဖြင့်ဖုံးလွှမ်းကုန်အံ့ဟု တစ်ပေါင်းတည်း တိုင်ပင်ကုန်၏။ ၁၄၆။ ထိုဘီလူးတို့သည်လည်း ရှည်လျားသော မြတ်စွာဘုရားစေတီကို တစ်ယူဇနာ ပွါး စေကုန်၏၊ ထိုအခါ ခြောက်ယူဇနာ အစောက်ရှိသော ပုထိုးစေတီသည် ထွန်းလင်းတောက်ပ၏။

၁၄၇။ ‘‘ဂန္ဓဗ္ဗာ စ သမာဂန္တွာ, ဧကတော မန္တယုံ တဒါ၊

‘မနုဇာ ဒေဝတာ နာဂါ, ကုမ္ဘဏ္ဍာ ဂရုဠာ တထာ [ကုမ္ဘဏ္ဍာ စ ယက္ခာ တထာ (သီ။)]။

၁၄၇။ ထိုအခါ ဂန္ဓဗ္ဗနတ်တို့သည်လည်း အညီအညွတ် လာကုန်၍ လူတို့သည်လည်းကောင်း၊ နတ်တို့သည်လည်းကောင်း၊ နဂါးတို့သည်လည်းကောင်း၊ ဂဠုန်တို့သည်လည်းကောင်း၊ ကုမ္ဘဏ်, ဘီလူးတို့သည်လည်းကောင်း-

၁၄၈။ ‘‘‘သဗ္ဗေ အကံသု ဗုဒ္ဓထူပံ, မယမေတ္ထ အကာရကာ၊

မယမ္ပိ ထူပံ ကဿာမ, လောကနာထဿ တာဒိနော’။

၁၄၈။ အလုံးစုံသော သူတို့သည် မြတ်စွာဘုရားပုထိုးစေတီကို တည်ကုန်၏၊ ဤပုထိုး စေတီ၌ ငါတို့သည်မတည်ကြရကုန်သေး၊ ငါတို့သည်လည်း တာဒိဂုဏ်ရှိတော်မူသော မြတ်စွာ ဘုရား၏ ပုထိုးစေတီကိုတည်ကုန်အံ့ဟု တစ်ပေါင်းတည်း တိုင်ပင်ကုန်၏။

၁၄၉။ ‘‘ဝေဒိယော သတ္တ ကတွာန, ဓဇံ ဆတ္တံ အကံသု တေ၊

သဗ္ဗသောဏ္ဏမယံ ထူပံ, ဂန္ဓဗ္ဗာ ကာရယုံ တဒါ။

၁၄၉။ ထိုဂန္ဓဗ္ဗနတ်တို့သည် ပွတ်တိုင်အရံတို့ကို ခုနစ်ဆင်ပြု၍ တံခွန်ထီးကို တင်ကြကုန်၏၊ ထိုအခါဂန္ဓဗ္ဗနတ်တို့သည် အလုံးစုံ ရွှေဖြင့်ပြီးသော ပုထိုးစေတီကို တည်ကြကုန်၏။

၁၅၀။ ‘‘သတ္တယောဇနမုဗ္ဗေဓော, ထူပေါ ဩဘာသတေ တဒါ၊

ရတ္တိန္ဒိဝါ န ဉာယန္တိ, အာလောကော ဟောတိ သဗ္ဗဒါ။

၁၅၀။ ထိုအခါ ခုနစ်ယူဇနာ အစောက်ရှိသော ပုထိုးသည် ထွန်းလင်းတောက်ပ၏၊ ညဥ့် နေ့တို့သည်မထင်ကုန်၊ အခါခပ်သိမ်း အလင်းရောင်သည် ဖြစ်၏။

၁၅၁။ ‘‘အဘိဘောန္တိ န တဿာဘာ, စန္ဒသူရာ သတာရကာ၊

သမန္တာ ယောဇနသတေ, ပဒီပေါပိ န ပဇ္ဇလိ။

၁၅၁။ ထိုပုထိုး၏ အရောင်တို့ကို ကြယ်တာရာနှင့် တကွသော လ, နေတို့သည် မလွှမ်း မိုးနိုင်ကုန်၊ ဆီမီးသည်လည်း ထက်ဝန်းကျင်မှ ယူဇနာတစ်ရာ၌ မတောက်ပနိုင်။

၁၅၂။ ‘‘တေန ကာလေန ယေ ကေစိ, ထူပံ ပူဇေန္တိ မာနုသာ၊

န တေ ထူပံ အာရုဟန္တိ, အမ္ဗရေ ဥက္ခိပန္တိ တေ။

၁၅၂။ ထိုအခါ ခပ်သိမ်းသော လူတို့သည် ပုထိုးစေတီကို ပူဇော်ကုန်၏၊ ထိုလူတို့သည် ပုထိုစေတီသို့မတက်နိုင်ကုန်၊ ထိုလူတို့သည် ကောင်းကင်၌ ပစ်တင်ကုန်၏။

၁၅၃။ ‘‘ဒေဝေဟိ ဌပိတော ယက္ခော, အဘိသမ္မတနာမကော၊

ဓဇံ ဝါ ပုပ္ဖဒါမံ ဝါ, အဘိရောပေတိ ဥတ္တရိံ။

၁၅၃။ နတ်တို့သည် ထားအပ်သော အဘိသမ္မတအမည်ရှိသော ဘီလူးသည် တံခွန်ကို လည်းကောင်း၊ ပန်းဆိုင်းကိုလည်းကောင်း အထက်သို့ တင်ဆောင်၏။

၁၅၄။ ‘‘န တေ ပဿန္တိ တံ ယက္ခံ, ဒါမံ ပဿန္တိ ဂစ္ဆတော၊

ဧဝံ ပဿိတွာ ဂစ္ဆန္တာ, သဗ္ဗေ ဂစ္ဆန္တိ သုဂ္ဂတိံ။

၁၅၄။ ထိုလူတို့သည် ဘီလူးကို မမြင်ရကုန်၊ သွားသော (ဘီလူး၏) ပန်းဆိုင်းကိုသာ မြင်ရကုန်၏၊ ဤသို့ (လှူဖွယ်ဝတ္ထု) သွားသည်တို့ကို မြင်ရသောကြောင့် အလုံးစုံသော လူတို့သည် သုဂတိဘုံသို့လားရကုန်၏။

၁၅၅။ ‘‘ဝိရုဒ္ဓါ ယေ ပါဝစနေ, ပသန္နာ ယေ စ သာသနေ၊

ပါဋိဟီရံ ဒဋ္ဌုကာမာ, ထူပံ ပူဇေန္တိ မာနုသာ။

၁၅၅။ အကြင်သူတို့သည် သာသနာတော်၌ ဆန့်ကျင်ကုန်၏၊ အကြင်သူတို့သည် သာသနာတော်၌ကြည်ညိုကုန်၏၊ ထိုလူတို့သည် တန်ခိုးပြာဋိဟာကို ရှုမြင်လိုကုန်၍ ပုထိုး စေတီကို ပူဇော်ကုန်၏။

၁၅၆။ ‘‘နဂရေ ဟံသဝတိယာ, အဟောသိံ ဘတကော တဒါ၊

အာမောဒိတံ ဇနံ ဒိသွာ, ဧဝံ စိန္တေသဟံ တဒါ။

၁၅၆။ ထိုအခါ (ငါသည်) ဟံသာဝတီမြို့၌ သူခစားဖြစ်ခဲ့၏၊ ဝမ်းမြောက်ခြင်းရှိသော လူအပေါင်းကို မြင်၍ငါသည် ဤသို့ ကြံစည်၏-

၁၅၇။ ‘‘‘ဥဠာရော ဘဂဝါ နေသော, ယဿ ဓာတုဃရေ ဒိသံ၊

ဣမာ စ ဇနတာ တုဋ္ဌာ, ကာရံ ကုဗ္ဗံ န တပ္ပရေ။

၁၅၇။ ဤမြတ်စွာဘုရားသည် စင်စစ် မြတ်တော်မူ၏၊ ယင်းမြတ်စွာဘုရား၏ ဓာတ်တော် အိမ်၌ (တန်ခိုးပြာဋိဟာသည်) ဤသို့ သဘောရှိ၏၊ ဤလူအပေါင်းသည်လည်း နှစ်သက်၍ ကောင်းမှုကိုပြုလျက် မရောင့်ရဲနိုင်ကုန်။

စာ-၁၈၂

၁၅၈။ ‘‘‘အဟမ္ပိ ကာရံ ကဿာမိ, လောကနာထဿ တာဒိနော၊

တဿ ဓမ္မေသု ဒါယာဒေါ, ဘဝိဿာမိ အနာဂတေ’။

၁၅၈။ ငါသည်လည်း တာဒိဂုဏ်ရှိတော်မူသော မြတ်စွာဘုရား၏ (ဓာတ်တော်အိမ်၌) ကောင်းမှုကို ပြုအံ့၊ (ဤသို့ ပြုသော်) အနာဂတ်အခါ၌ ထိုမြတ်စွာဘုရား၏ တရားတို့၌ အမွေခံ ဖြစ်အံ့ဟု ဤသို့ ကြံ၏။

၁၅၉။ ‘‘သုဓောတံ ရဇကေနာဟံ, ဥတ္တရေယျံ ပဋံ မမ၊

ဝေဠဂ္ဂေ အာလဂ္ဂေတွာန, ဓဇံ ဥက္ခိပိမမ္ဗရေ။

၁၅၉။ ငါသည် ခဝါသည်ဖြင့် ကောင်းစွာ ဖွပ်အပ်သော ငါ၏ အပေါ်ရုံအဝတ်ကို ဝါးလုံး ဖျား၌ ချိတ်ဆွဲ၍တံခွန် (ပြုကာ) ကောင်းကင်သို့ မြှောက်တင်၏။

၁၆၀။ ‘‘အဘိသမ္မတကော ဂယှ, အမ္ဗရေ ဟာသိ မေ ဓဇံ၊

ဝါတေရိတံ ဓဇံ ဒိသွာ, ဘိယျော ဟာသံ ဇနေသဟံ။

၁၆၀။ အဘိသမ္မတဘီလူးသည် ငါ၏ တံခွန်ကို ယူ၍ ကောင်းကင်၌ ဆောင်၏၊ လေကြောင့်လှုပ်ရှားသော တံခွန်ကို မြင်၍ ငါသည် အလွန်ရွှင်လန်းခြင်းကို ဖြစ်စေ၏။

၁၆၁။ ‘‘တတ္ထ စိတ္တံ ပသာဒေတွာ, သမဏံ ဥပသင်္ကမိံ၊

တံ ဘိက္ခုံ အဘိဝါဒေတွာ, ဝိပါကံ ပုစ္ဆဟံ ဓဇေ။

၁၆၁။ ထိုတံခွန်အလှူ၌ စိတ်ကို ကြည်လင်စေ၍ ရဟန်းသို့ ချဥ်းကပ်၏၊ ထိုရဟန်းကို ရှိခိုး၍ ငါသည်တံခွန်အလှူ၌ အကျိုးကို မေးလျှောက်၏။

၁၆၂။ ‘‘သော မေ ကထေသိ အာနန္ဒီ, ပီတိသဉ္ဇနနံ မမ၊

‘တဿ ဓဇဿ ဝိပါကံ, အနုဘောဿသိ သဗ္ဗဒါ။

၁၆၂။ ထိုရဟန်းသည် အကျွန်ုပ်အား နှစ်သက်ဖွယ် (တရားစကား) ကို ဟော၏၊ အကျွန်ုပ် အား ပီတိကိုဖြစ်စေ၏၊ ထိုတံခွန် (အလှူ) ၏ အကျိုးကို အခါခပ်သိမ်း ခံစားရလတ္တံ့။

၁၆၃။ ‘‘‘ဟတ္ထိအဿရထာပတ္တီ, သေနာ စ စတုရင်္ဂိနီ၊

ပရိဝါရေဿန္တိ တံ နိစ္စံ, ဓဇဒါနဿိဒံ ဖလံ။

၁၆၃။ ဆင်, မြင်း, ရထား, ခြေသည် အင်္ဂါလေးပါးရှိသော စစ်သည်တို့သည် သင့်ကို အမြဲ ဝန်းရံကုန်လတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် တံခွန်အလှူ၏ အကျိုးတည်း။

၁၆၄။ ‘‘‘သဋ္ဌိတုရိယသဟဿာနိ, ဘေရိယော သမလင်္ကတာ၊

ပရိဝါရေဿန္တိ တံ နိစ္စံ, ဓဇဒါနဿိဒံ ဖလံ။

၁၆၄။ တူရိယာခြောက်သောင်းတို့သည်လည်းကောင်း၊ ကောင်းစွာ တန်ဆာဆင်အပ်သောစည်တို့သည်လည်းကောင်း သင့်ကို အမြဲ ဝန်းရံကုန်လတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် တံခွန် အလှူ၏အကျိုးတည်း။

၁၆၅။ ‘‘‘ဆဠသီတိသဟဿာနိ, နာရိယော သမလင်္ကတာ၊

ဝိစိတ္တဝတ္ထာဘရဏာ, အာမုက္ကမဏိကုဏ္ဍလာ။

၁၆၅-၁၆၆။ ကောင်းစွာ တန်ဆာဆင်အပ်ကုန်သော၊ ဆန်းကြယ်သော အဝတ်အဆင် တန်ဆာရှိကုန်သော၊ ပုတီး, ပတ္တမြားနားတောင်း ဆင်အပ်ကုန်သော၊ ကော့တက်သော မျက် တောင်ရှိကုန်သော၊ ပြုံးရွှင်စွာပြောဆိုတတ်ကုန်သော၊ ကောင်းသော အမှတ်သညာရှိ ကုန်သော၊ သေးသွယ်သော ခါးရှိကုန်သော၊ ရှစ်သောင်းခြောက်ထောင်သော မိန်းမတို့သည် သင့်ကို အမြဲဝန်းရံကုန်လတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည်တံခွန်အလှူ၏ အကျိုးတည်း။

၁၆၆။ ‘‘‘အာဠာရပမှာ ဟသုလာ, သုသညာ [သုတ္ထနာ (သီ။) အပ။ ထေရ ၂။၄၈။၁၉ မဏိပူဇကတ္ထေရာပဒါနေပိ] တနုမဇ္ဈိမာ၊

ပရိဝါရေဿန္တိ တံ နိစ္စံ, ဓဇဒါနဿိဒံ ဖလံ။

၁၆၇။ ‘‘‘တိံသကပ္ပသဟဿာနိ, ဒေဝလောကေ ရမိဿသိ၊

အသီတိက္ခတ္တုံ ဒေဝိန္ဒော, ဒေဝရဇ္ဇံ ကရိဿသိ။

၁၆၇။ ကမ္ဘာသုံးသောင်းတို့ပတ်လုံး နတ်ပြည်၌ ပျော်မွေ့ရလတ္တံ့၊ အကြိမ်ရှစ်ဆယ်တိုင် တိုင် နတ်တို့ကို အစိုးရသော သိကြားနတ်မင်းအဖြစ်ကို ပြုရလတ္တံ့။

၁၆၈။ ‘‘‘သဟဿက္ခတ္တုံ ရာဇာ စ, စက္ကဝတ္တီ ဘဝိဿတိ၊

ပဒေသရဇ္ဇံ ဝိပုလံ, ဂဏနာတော အသင်္ခိယံ။

၁၆၈။ အကြိမ်တစ်ထောင်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်လတ္တံ့၊ ပြန့်ပြောသောပဒေသရာဇ်မင်းအဖြစ်သည်ကား ဂဏန်းအားဖြင့် မရေတွက်နိုင်။

၁၆၉။ ‘‘‘ကပ္ပသတသဟဿမှိ, ဩက္ကာကကုလသမ္ဘဝေါ၊

ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။

၁၆၉။ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး ဖြစ်၍ အနွယ်အားဖြင့် ဂေါတမမည် သောမြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၁၇၀။ ‘‘‘ဒေဝလောကာ စဝိတွာန, သုက္ကမူလေန စောဒိတော၊

ပုညကမ္မေန သညုတ္တော, ဗြဟ္မဗန္ဓု ဘဝိဿသိ။

၁၇၀။ နတ်ပြည်မှ စုတေလတ်သော် ဖြူစင်သော ကုသိုလ်ကံအကြောင်းရင်းသည် တိုက်တွန်းအပ်သည်ဖြစ်၍ ကောင်းမှုကံနှင့် ယှဥ်သော ဗြာဟ္မဏမျိုး ပုဏ္ဏားဖြစ်လတ္တံ့။

စာ-၁၈၃

၁၇၁။ ‘‘‘အသီတိကောဋိံ ဆဍ္ဍေတွာ, ဒါသေ ကမ္မကရေ ဗဟူ၊

ဂေါတမဿ ဘဂဝတော, သာသနေ ပဗ္ဗဇိဿသိ။

၁၇၁။ ကုဋေရှစ်ဆယ်ကိုလည်းကောင်း၊ ကျွန်အမှုလုပ်များစွာတို့ကို လည်းကောင်း စွန့်၍ဂေါတမမြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းပြုလတ္တံ့။

၁၇၂။ ‘‘‘အာရာဓယိတွာ သမ္ဗုဒ္ဓံ, ဂေါတမံ သကျပုင်္ဂဝံ၊

ဥပဝါနောတိ နာမေန, ဟေဿသိ သတ္ထု သာဝကော’။

၁၇၂။ သာကီဝင်မင်းတို့၏ ရှေ့သွား ဂေါတမမြတ်စွာဘုရားကို နှစ်သက်စေ၍ “ဥပဝါန”ဟူသောအမည်ဖြင့် မြတ်စွာဘုရား၏ တပည့်သာဝက ဖြစ်လတ္တံ့ဟု (ဟောဆို၏)။

၁၇၃။ ‘‘သတသဟဿေ ကတံ ကမ္မံ, ဖလံ ဒဿေသိ မေ ဣဓ၊

သုမုတ္တော သရဝေဂေါဝ, ကိလေသေ ဈာပယိံ [ကိလေသာ ဈာပိတာ (သီ။)] မမ။

၁၇၃။ ကမ္ဘာတစ်သိန်းထက်၌ ပြုအပ်သော ကံသည် ငါ့အား ဤဘဝ၌ အကျိုးကို ပြ၏၊ ကောင်းစွာ‘လွှတ်အပ်သော မြားအဟုန်ကဲ့သို့’ ငါ၏ ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်း စေပြီ။

၁၇၄။ ‘‘စက္ကဝတ္တိဿ သန္တဿ, စာတုဒ္ဒီပိဿရဿ မေ၊

တီဏိ ယောဇနာနိ သာမန္တာ, ဥဿီယန္တိ ဓဇာ သဒါ။

၁၇၄။ လေးကျွန်းလုံးကို အစိုးရသော စကြဝတေးမင်းဖြစ်သော ငါ့အား ထက်ဝန်းကျင်မှသုံးယူဇနာတိုင်အောင် တံခွန်တို့ကို အခါခပ်သိမ်း စိုက်ထောင်ကုန်၏။

၁၇၅။ ‘‘သတသဟဿိတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဓဇဒါနဿိဒံ ဖလံ။

၁၇၅။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ကောင်းမှုကံကို ပြုခဲ့သော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ ‘ဒုဂ္ဂတိ’ဘဝကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် တံခွန် အလှူ၏ အကျိုးပေတည်း။

၁၇၆။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝေါ။

၁၇၆။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၇၇။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။

၁၇၇။ ငါ၏ လာခြင်းကား စင်စစ် ကောင်းသောလာခြင်း ဖြစ်၏။ပ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၁၇၈။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

၁၇၈။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ မြတ်စွာဘုရား၏ အဆုံးအမ တော်ကိုလိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ဥပဝါနမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ ဆယ်ခုမြောက် ဥပဝါနတ္ထေရအပဒါန ပြီး၏။

ဣတ္ထံ သုဒံ အာယသ္မာ ဥပဝါနတ္ထေရော ဣမာ ဂါထာယော

အဘာသိတ္ထာတိ။

ဥပဝါနတ္ထေရဿာပဒါနံ ဒသမံ။

၁၁။ ရဋ္ဌပါလတ္ထေရအပဒါန

၁၇၉။ ‘‘ပဒုမုတ္တရဿ ဘဂဝတော, လောကဇေဋ္ဌဿ တာဒိနော၊

ဝရနာဂေါ မယာ ဒိန္နော, ဤသာဒန္တော ဥရူဠှဝါ။

၁၁-ရဋ္ဌပါလတ္ထေရအပဒါန ၁၇၉-၁၈၀။ လောကထက် ကြီးမြတ်သည် ဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော ပဒုမုတ္တရမြတ်စွာဘုရားအား ငါသည် လှည်းသံသဖွယ် အစွယ်ရှိသော (မင်းကို) ဆောင်စွမ်း နိုင်သော ထီးဖြူဖြင့် တင့်တယ်သော ဆင်ကုန်းနှင့် တကွသော ဆင်ဦးစီးနှင့် တကွသော ဆင်မြတ်ကို ပေးလှူအပ်၏၊ ထိုအားလုံးကို အဖိုးဖြတ်စေ၍ သံဃာ့အရံကို ဆောက်လုပ်ခဲ့၏။

၁၈၀။ ‘‘သေတစ္ဆတ္တောပသောဘိတော, သကပ္ပနော [သီဒဗ္ဗနော (သီ။)] သဟတ္ထိပေါ၊

အဂ္ဃါပေတွာန တံ သဗ္ဗံ, သံဃာရာမံ အကာရယိံ။

၁၈၁။ ‘‘စတုပညာသသဟဿာနိ, ပါသာဒေ ကာရယိံ အဟံ၊

မဟောဃဒါနံ [မဟဂ္ဃဉ္စ (သီ။), မယာ ဘတ္တံ (က။) အပ။ ထေရ ၁။၂။၉၉] ကရိတွာန, နိယျာဒေသိံ မဟေသိနော။

၁၈၁။ ငါသည် ပြာသာဒ်ငါးသောင်းလေးထောင်တို့ကို ဆောက်လုပ်ခဲ့၏၊ ရေအလျဥ်ကြီး သဖွယ် ဖြစ်သော အလှူကို ပြု၍ မြတ်စွာဘုရားအား ဆောက်နှင်းလှူဒါန်းခဲ့၏။

စာ-၁၈၄

၁၈၂။ ‘‘အနုမောဒိ မဟာဝီရော, သယမ္ဘူ အဂ္ဂပုဂ္ဂလော၊

သဗ္ဗေ ဇနေ ဟာသယန္တော, ဒေသေသိ အမတံ ပဒံ။

၁၈၂။ ကြီးသော လုံ့လရှိတော်မူ၍ ပုဂ္ဂိုလ်မြတ်ဖြစ်သော မြတ်စွာဘုရားသည် အလုံးစုံ သော လူတို့ကို ရွှင်လန်းစေလျက် အနုမောဒနာပြုတော်မူ၏၊ အမြိုက်နိဗ္ဗာန်ကိုလည်း ဟောတော်မူ၏။

၁၈၃။ ‘‘တံ မေ ဗုဒ္ဓေါ ဝိယာကာသိ, ဇလဇုတ္တမနာမကော၊

ဘိက္ခုသံဃေ နိသီဒိတွာ, ဣမာ ဂါထာ အဘာသထ။

၁၈၃။ ငါ၏ ထိုအလှူကို ပဒုမုတ္တရအမည်ရှိသော မြတ်စွာဘုရားသည် မြွက်ကြားတော် မူ၏၊ ရဟန်းသံဃာ (အလယ်) ၌ ထိုင်နေတော်မူ၍ ဤဆိုမည့် ဂါထာတို့ကို ဟောတော်မူ၏-

၁၈၄။ ‘‘‘စတုပညာသသဟဿာနိ, ပါသာဒေ ကာရယီ အယံ၊

ကထယိဿာမိ ဝိပါကံ, သုဏာထ မမ ဘာသတော။

၁၈၄။ ဤသူသည် ပြာသာဒ်ငါးသောင်းလေးထောင်တို့ကို ဆောက်လုပ်ခဲ့၏၊ အကျိုးကို ဟောအံ့၊ ငါဟောမည့်စကားကို နာကြားကုန်လော့-

၁၈၅။ ‘‘‘အဋ္ဌာရသသဟဿာနိ, ကူဋာဂါရာ ဘဝိဿရေ၊

ဗျမှုတ္တမမှိ နိဗ္ဗတ္တာ, သဗ္ဗသောဏ္ဏမယာ စ တေ။

၁၈၅။ အထွတ်တပ်သော ပြာသာဒ်တစ်သောင်းရှစ်ထောင်တို့သည် ဖြစ်ကုန်လတ္တံ့၊ ဗိမာန် မြတ်၌ ဖြစ်သောထိုအထွတ်တပ်သော ပြာသာဒ်တို့သည် အလုံးစုံ ရွှေဖြင့်ပြီးကုန်၏။

၁၈၆။ ‘‘‘ပညာသက္ခတ္တုံ ဒေဝိန္ဒော, ဒေဝရဇ္ဇံ ကရိဿတိ၊

အဋ္ဌပညာသက္ခတ္တုဉ္စ, စက္ကဝတ္တီ ဘဝိဿတိ။

၁၈၆။ အကြိမ်ငါးဆယ်တိုင်တိုင် နတ်တို့ကို အစိုးရသော သိကြားနတ်မင်း အဖြစ်ကို ပြုရလတ္တံ့၊ ငါးဆယ့်ရှစ်ကြိမ်တိုင်တိုင် စကြဝတေးမင်းလည်း ဖြစ်ရလတ္တံ့။

၁၈၇။ ‘‘‘ကပ္ပသတသဟဿမှိ, ဩက္ကာကကုလသမ္ဘဝေါ၊

ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။

၁၈၇။ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုးဖြစ်၍ အနွယ်အားဖြင့် ဂေါတမမည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၁၈၈။ ‘‘‘ဒေဝလောကာ စဝိတွာန, သုက္ကမူလေန စောဒိတော၊

အဍ္ဎေ ကုလေ မဟာဘောဂေ, နိဗ္ဗတ္တိဿတိ တာဝဒေ။

၁၈၈။ ထိုအခါ နတ်ပြည်မှ စုတေလတ်သော် ဖြူစင်သော ကုသိုလ်ကံအကြောင်းရင်းသည်တိုက်တွန်းအပ်သည်ဖြစ်၍ ကြွယ်ဝသော စည်းစိမ်များသော အမျိုး၌ ဖြစ်ရလတ္တံ့။

၁၈၉။ ‘‘‘သော ပစ္ဆာ ပဗ္ဗဇိတွာန, သုက္ကမူလေန စောဒိတော၊

ရဋ္ဌပါလောတိ နာမေန, ဟေဿတိ သတ္ထု သာဝကော။

၁၈၉။ ထိုသူသည် နောက်၌ ရဟန်းပြု၍ ဖြူစင်သော ကုသိုလ်ကံအကြောင်းရင်းသည် တိုက်တွန်းအပ်သည်ဖြစ်၍ “ရဋ္ဌပါလ”ဟူသော အမည်ဖြင့် မြတ်စွာဘုရား၏ တပည့်သာဝက ဖြစ်လတ္တံ့။

၁၉၀။ ‘‘‘ပဓာနပဟိတတ္တော သော, ဥပသန္တော နိရူပဓိ၊

သဗ္ဗာသဝေ ပရိညာယ, နိဗ္ဗာယိဿတိနာသဝေါ’။

၁၉၀။ ထိုသူသည် ကမ္မဋ္ဌာန်းစီးဖြန်းခြင်းဖြင့် နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိကာ ငြိမ်းအေးလျက်ဥပဓိမရှိဘဲ အလုံးစုံသော အာသဝတို့ကို ပိုင်းခြားသိ၍ အာသဝမရှိဘဲ ငြိမ်း အေးလတ္တံ့။

၁၉၁။ ‘‘ဥဋ္ဌာယ အဘိနိက္ခမ္မ, ဇဟိတာ ဘောဂသမ္ပဒါ၊

ခေဠပိဏ္ဍေဝ ဘောဂမှိ, ပေမံ မယှံ န ဝိဇ္ဇတိ။

၁၉၁။ (လုံ့လဝီရိယဖြင့်) နိုးကြားထကြွ၍ တောထွက်ပြီးလျှင် စည်းစိမ်ချမ်းသာတို့ကို စွန့်အပ်၏၊ တံတွေးပေါက်ကဲ့သို့ စည်းစိမ်၌ ချစ်ခင်ခြင်းသည် ငါ့အား မရှိပေ။

၁၉၂။ ‘‘ဝီရိယံ မေ ဓုရဓောရယှံ, ယောဂက္ခေမာဓိဝါဟနံ၊

ဓာရေမိ အန္တိမံ ဒေဟံ, သမ္မာသမ္ဗုဒ္ဓသာသနေ။

၁၉၂။ ယောဂကုန်ရာ နိဗ္ဗာန်သို့ ဆောင်တတ်သော ငါ၏ ဝီရိယသည် ဝန်ဆောင်နွားလား သဖွယ် ဖြစ်၏၊ မြတ်စွာဘုရားသာသနာတော်၌ အဆုံးစွန်သော ကိုယ်ကို ဆောင်ပါ၏။

၁၉၃။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝေါ။

၁၉၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၉၄။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။

၁၉၄။ ငါ၏ လာခြင်းကား စင်စစ် ကောင်းသောလာခြင်းဖြစ်၏။ပ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။

စာ-၁၈၅

၁၉၅။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

၁၉၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ မြတ်စွာဘုရား၏ အဆုံးအမတော် ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်ရဋ္ဌပါလမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။ တစ်ဆယ့်တစ်ခုမြောက် ရဋ္ဌပါလတ္ထေရအပဒါန ပြီး၏။ ငါးဆယ့်ခြောက်ခုမြောက် ယသဝဂ် ပြီး၏။ ထေရာပဒါန်ပါဠိတော် မြန်မာပြန် ပြီး၏။ ခုဒ္ဒကနိကာယ် ထေရီအပဒါနပါဠိတော် မြန်မာပြန် နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ ၁-သုမေဓာဝဂ် ၁-သုမေဓာထေရီအပဒါန ထေရာပဒါန်၏ အခြားမဲ့၌ ထေရီအပဒါနတို့ကို နာကြားကုန်လော့-

ဣတ္ထံ သုဒံ အာယသ္မာ ရဋ္ဌပါလော ထေရော ဣမာ ဂါထာယော

အဘာသိတ္ထာတိ။

ရဋ္ဌပါလတ္ထေရဿာပဒါနံ ဧကာဒသမံ။

ယသဝဂ္ဂေါ ဆပညာသမော။

တဿုဒ္ဒါနံ –

ယသော နဒီကဿပေါ စ, ဂယာကိမိလဝဇ္ဇိနော၊

ဒုဝေ ဥတ္တရာ ဘဒ္ဒဇီ, သိဝကော ဥပဝါဟနော၊

ရဋ္ဌပါလော ဧကသတံ, ဂါထာနံ ပဉ္စနဝုတိ။

ထေရာပဒါနံ သမတ္တံ။

ဧတ္တာဝတာ ဗုဒ္ဓါပဒါနဉ္စ ပစ္စေကာပဒါနဉ္စ ထေရာပဒါနဉ္စ

သမတ္တာနိ။

စာ-၁၈၇

ခုဒ္ဒကနိကာယ

ထေရီအပဒါနပါဠိ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၁။ သုမေဓာဝဂ္ဂ

၁။ သုမေဓာထေရီအပဒါန

အထ ထေရိကာပဒါနာနိ သုဏာထ –

၁။ ‘‘ဘဂဝတိ ကောဏာဂမနေ, သံဃာရာမမှိ နဝနိဝေသနမှိ [နိဝေသမှိ (သျာ။)]၊

သခိယော တိဿော ဇနိယော, ဝိဟာရဒါနံ အဒါသိမှ။

၁။ သုံးယောက်သော မိတ်ဆွေမ ဖြစ်သော ငါတို့သည် ကောဏာဂုံမြတ်စွာဘုရား၏ ကျောင်းတိုက်သစ်ဖြစ်သော သံဃာ့အရံ၌ ကျောင်းအလှူကို လှူခဲ့ကုန်၏။

၂။ ‘‘ဒသက္ခတ္တုံ သတက္ခတ္တုံ, ဒသသတက္ခတ္တုံ သတာနဉ္စ သတက္ခတ္တုံ [သတာနိ စ သတ္တက္ခတ္တုံ (သီ။ က။)]၊

ဒေဝေသု ဥပပဇ္ဇိမှ, ကော ဝါဒေါ မာနုသေ ဘဝေ။

၂။ (ငါတို့သည်) ဆယ်ကြိမ်၊ အကြိမ်တစ်ရာ၊ အကြိမ်တစ်ထောင်၊ အကြိမ်တစ်သောင်း နတ်ပြည်တို့၌ ဖြစ်ခဲ့ကုန်၏။ လူ့ဘဝ၌မူ အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။

၃။ ‘‘ဒေဝေ မဟိဒ္ဓိကာ အဟုမှ, မာနုသကမှိ ကော ဝါဒေါ၊

သတ္တရတနမဟေသီ [သတ္တရတနဿ မဟေသီ (သီ။ ပီ။)], ဣတ္ထိရတနံ အဟံ ဘဝိံ။

၃။ (ငါတို့သည်) နတ်ပြည်၌ တန်ခိုးကြီးသူတို့ ဖြစ်ခဲ့ကုန်၏၊ လူ့ပြည်၌ အဘယ်ဆိုဖွယ် ရာရှိအံ့နည်း၊ ငါသည် ရတနာခုနစ်ပါးရှိသော စကြဝတေးမင်း၏ မိဖုရာမိန်းမရတနာ ဖြစ်၏။

၄။ ‘‘ဣဓ သဉ္စိတကုသလာ [တတ္ထ သဉ္စိတံ ကုသလံ (သျာ။)], သုသမိဒ္ဓကုလပ္ပဇာ၊

ဓနဉ္ဇာနီ စ ခေမာ စ, အဟမ္ပိ စ တယော ဇနာ။

၄။ ဓနဉ္ဇာနီသည်လည်းကောင်း၊ ခေမာသည်လည်းကောင်း၊ ငါသည်လည်းကောင်းသုံးယောက်သောသူတို့သည် ဆည်းပူးသော ကုသိုလ်ကြောင့် လူ့ပြည်၌ အလွန်ကြွယ်ဝသော အမျိုး၌ဖြစ်ရကုန်၏။

၅။ ‘‘အာရာမံ သုကတံ ကတွာ, သဗ္ဗာဝယဝမဏ္ဍိတံ၊

ဗုဒ္ဓပ္ပမုခသံဃဿ, နိယျာဒေတွာ သမောဒိတာ။

၅။ (ငါတို့သည်) အလုံးစုံသော အစိတ်အပိုင်းတို့ဖြင့် တန်ဆာဆင်အပ်သော ကျောင်းတိုက် အရံကိုကောင်းစွာ ဆောက်ပြီးလျှင် ဘုရားအမှူးရှိသော သံဃာအား အပ်နှင်း၍ လွန်စွာ ဝမ်းမြောက်ခဲ့ကုန်၏။

စာ-၁၈၈

၆။ ‘‘ယတ္ထ ယတ္ထူပပဇ္ဇာမိ, တဿ ကမ္မဿ ဝါဟသာ၊

ဒေဝေသု အဂ္ဂတံ ပတ္တာ, မနုဿေသု တထေဝ စ။

၆။ ထိုကံ၏ အစွမ်းကြောင့် ကပ်ရောက်ရတိုင်းသော လူအဖြစ်, နတ်အဖြစ်ဟူသမျှတို့၌ မြတ်သောသူအဖြစ်သို့ ရောက်ရကုန်၏။

၇။ ‘‘ဣမသ္မိံယေဝ ကပ္ပမှိ, ဗြဟ္မဗန္ဓု မဟာယသော၊

ကဿပေါ နာမ ဂေါတ္တေန, ဥပ္ပဇ္ဇိ ဝဒတံ ဝရော။

၇။ ဤဘဒ္ဒကမ္ဘာ၌ပင်လျှင် များသော အခြံအရံ အကျော်အစောရှိသော တရားဟောပုဂ္ဂိုလ် တို့တွင်အမြတ်ဆုံးဖြစ်သော အနွယ်အားဖြင့် ကဿပမည်သော ဗြာဟ္မဏမျိုးဖြစ်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။

၈။ ‘‘ဥပဋ္ဌာကော မဟေသိဿ, တဒါ အာသိ နရိဿရော၊

ကာသိရာဇာ ကိကီ နာမ, ဗာရာဏသိပုရုတ္တမေ။

၈။ ထိုအခါ ဗာရာဏသီမြို့တော်၌ လူတို့ကို အစိုးရသော ကိကီမည်သော ကာသိမင်း သည်မြတ်စွာဘုရား၏ အလုပ်အကျွေး ဖြစ်၏။

၉။ ‘‘တဿာသုံ သတ္တ ဓီတရော, ရာဇကညာ သုခေဓိတာ [သုခေထိတာ (သျာ။)]၊

ဗုဒ္ဓေါပဋ္ဌာနနိရတာ, ဗြဟ္မစရိယံ စရိံသု တာ။

၉။ ထိုမင်းအား ချမ်းသာစွာ ကြီးပွားကုန်သော သမီးတော်ခုနစ်ယောက်တို့သည် ရှိကုန်၏၊ ထိုသမီးတော်ခုနစ်ယောက်တို့သည် မြတ်စွာဘုရားကို ဆည်းကပ်ခြင်း၌ အမြဲ ပျော်မွေ့ ကုန်လျက်မြတ်သော အကျင့်ကို ကျင့်ကုန်၏။

၁၀။ ‘‘တာသံ သဟာယိကာ ဟုတွာ, သီလေသု သုသမာဟိတာ၊

ဒတွာ ဒါနာနိ သက္ကစ္စံ, အဂါရေဝ ဝတံ [အဂါရေဝ ဝတ္တံ (သျာ။)] စရိံ။

၁၀။ (ငါသည်) ထိုမင်းသမီးတို့၏ အဖော်မ ဖြစ်၍ သီလတို့၌ ကောင်းစွာဆောက် တည်ကာ အလှူတို့ကို ရိုသေစွာ လှူပြီးလျှင် အိမ်၌ပင်လျှင် အကျင့်ကို ကျင့်ခဲ့၏။

၁၁။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊

ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသူပဂါ အဟံ။

၁၁။ ငါသည် ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် တာဝတိံသာဘုံသို့ ရောက် ခဲ့၏။

၁၂။ ‘‘တတော စုတာ ယာမမဂံ [ယာမသဂ္ဂံ (သျာ။)], တတောဟံ တုသိတံ ဂတာ၊

တတော စ နိမ္မာနရတိံ, ဝသဝတ္တိပုရံ တတော။

၁၂။ ငါသည် ထိုတာဝတိံသာဘုံမှ စုတေလတ်သော် ယာမာဘုံသို့ ရောက်၏၊ ထိုဘုံမှတုသိတာဘုံသို့လည်းကောင်း၊ ထိုဘုံမှ နိမ္မာနရတိဘုံသို့လည်းကောင်း၊ ထိုဘုံမှ ဝသဝတ္တီဘုံသို့လည်းကောင်း ရောက်၏။

၁၃။ ‘‘ယတ္ထ ယတ္ထူပပဇ္ဇာမိ, ပုညကမ္မသမောဟိတာ၊

တတ္ထ တတ္ထေဝ ရာဇူနံ, မဟေသိတ္တမကာရယိံ။

၁၃။ ကုသိုလ်ကံကို ကောင်းစွာ ဆောက်တည်ခဲ့သော ငါသည် အကြင်အကြင်ဘုံ၌ ဖြစ်ရ၏၊ ထိုထိုဘုံ၌နတ်မင်းတို့၏ မိဖုရားအဖြစ်ကိုသာလျှင် ပြုခဲ့ရ၏။

၁၄။ ‘‘တတော စုတာ မနုဿတ္တေ, ရာဇူနံ စက္ကဝတ္တိနံ၊

မဏ္ဍလီနဉ္စ ရာဇူနံ, မဟေသိတ္တမကာရယိံ။

၁၄။ ငါသည် ထို (နတ်ဘုံ) မှ စုတေလတ်သော် လူ့အဖြစ်၌ စကြဝတေးမင်းတို့၏လည်းကောင်း၊ ပဒေသရာဇ်မင်းတို့၏လည်းကောင်း မိဖုရားအဖြစ်ကို ပြုခဲ့ရ၏။

၁၅။ ‘‘သမ္ပတ္တိမနုဘောတွာန, ဒေဝေသု မာနုသေသု စ၊

သဗ္ဗတ္ထ သုခိတာ ဟုတွာ, နေကဇာတီသု သံသရိံ။

၁၅။ ငါသည် အလုံးစုံသော နတ်ပြည်တို့၌ လည်းကောင်း၊ လူ့ပြည်တို့၌ လည်းကောင်း ချမ်းသာခြင်းရှိသည်ဖြစ်၍ စည်းစိမ်ကို ခံစားပြီးလျှင် ဘဝများစွာတို့၌ ကျင်လည်ခဲ့၏။

၁၆။ ‘‘သော ဟေတု စ သော ပဘဝေါ, တမ္မူလံ သာသနေ ခမံ [တမ္မူလံ သာ စ သာသနေ ခန္တိ (သီ။ ပီ။ က။)]၊

ပဌမံ တံ သမောဓာနံ, တံ ဓမ္မရတာယ နိဗ္ဗာနံ [နိဗ္ဗုတံ (သျာ။)]။

၁၆။ သာသနာ၌ (ငါ့အား) ထိုကျောင်းအရံပြုသော ကံလျှင် အကြောင်းရှိသော ထိုကံလျှင် အမွန်ရှိသော ထိုကံလျှင် အရင်းရှိသော နှစ်သက်ခြင်းသည် ဖြစ်၏၊ ရှေးဦးစွာ ထိုတရားနှင့် ပေါင်းမိ၍ တရားနှင့်ပျော်မွေ့ခြင်းကြောင့် ထိုနိဗ္ဗာန်သည် ဖြစ်၏။

၁၇။ ‘‘ကိလေသာ ဈာပိတာ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ၊

နာဂီဝ ဗန္ဓနံ ဆေတွာ, ဝိဟရာမိ အနာသဝါ။

၁၇။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်မသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ ငါသည် အာသဝ မရှိဘဲနေရပေ၏။

၁၈။ ‘‘သွာဂတံ ဝတ မေ အာသိ, မမ ဗုဒ္ဓဿ [ဗုဒ္ဓသေဋ္ဌဿ (သီ။ သျာ။ က။)] သန္တိကေ၊

တိဿော ဝိဇ္ဇာ အနုပ္ပတ္တာ, ကတံ ဗုဒ္ဓဿ သာသနံ။

၁၈။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ငါသည် မြတ်စွာ ဘုရား၏ အထံ၌ဝိဇ္ဇာသုံးပါးတို့ကို ရအပ်ကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက် နာပြုကျင့်အပ်ပါပြီ။

စာ-၁၈၉

၁၉။ ‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊

ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ သုမေဓာ ဘိက္ခုနီ ဣမာ ဂါထာယော အဘာသိတ္ထာတိ။

သုမေဓာထေရိယာပဒါနံ ပဌမံ။

၁၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကို လည်းကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကို လည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် သုမေဓာရဟန်းမသည် ဤဂါထာတို့ကို မိန့်ဆိုခဲ့၏။ ။ ရှေးဦးစွာသော သုမေဓာထေရီအပဒါန ပြီး၏။

၂။ မေခလာဒါယိကာထေရီအပဒါန

၂၀။ ‘‘သိဒ္ဓတ္ထဿ ဘဂဝတော, ထူပကာရာပိကာ အဟုံ [ထူပကာရ မကာသဟံ (သျာ။)]၊

မေခလိကာ မယာ ဒိန္နာ, နဝကမ္မာယ သတ္ထုနော။

၂-မေခလာဒါယိကာထေရီအပဒါန ၂၀။ သိဒ္ဓတ္ထမြတ်စွာဘုရား၏ ပုထိုးစေတီကို တည်ထား ဆောက်လုပ်အပ်ကုန်၏၊ ငါသည်မြတ်စွာဘုရား၏ အမှုသစ်အကျိုးငှါ ခါးကြိုးတန်ဆာကို လှူခဲ့၏။

၂၁။ ‘‘နိဋ္ဌိတေ စ မဟာထူပေ, မေခလံ ပုနဒါသဟံ၊

လောကနာထဿ မုနိနော, ပသန္နာ သေဟိ ပါဏိဘိ။

၂၁။ ပုထိုးစေတီတော်ကြီး ပြီးစီးလတ်သော် ငါသည် လောက၏ ကိုးကွယ်ရာဖြစ်သော မြတ်စွာဘုရားအားကြည်ညိုသည်ဖြစ်၍ မိမိလက်တို့ဖြင့် ခါးကြိုးတန်ဆာကို တစ်ဖန်လှူခဲ့၏။

၂၂။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ မေခလမဒံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ထူပကာရဿိဒံ ဖလံ။

၂၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ခါးကြိုးကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့၏ လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် ပုထိုး စေတီတော်ကိုတည်ထားဆောက်လုပ်ရခြင်း၏ အကျိုးပေတည်း။

၂၃။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝါ။

၂၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၂၄။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။

၂၄။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။ပ။ အဆုံးအမတော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။

၂၅။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ မေခလာဒါယိကာ ဘိက္ခုနီ ဣမာ ဂါထာယော အဘာသိတ္ထာတိ။

မေခလာဒါယိကာထေရိယာပဒါနံ ဒုတိယံ။

၂၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် မေခလာဒါယိကာရဟန်းမသည် ဤဂါထာတို့ကို မိန့်ဆိုခဲ့၏။ ။ နှစ်ခုမြောက် မေခလာဒါယိကာထေရီအပဒါန ပြီး၏။

၃။ မဏ္ဍပဒါယိကာထေရီအပဒါန

၂၆။ ‘‘ကောဏာဂမနဗုဒ္ဓဿ, မဏ္ဍပေါ ကာရိတော မယာ၊

ဓုဝံ တိစီဝရံဒါသိံ [ထူပဉ္စ ပဝရမဒံ (သျာ။), ဓုဝဉ္စ စီဝရံ အဒံ (ပီ။)], ဗုဒ္ဓဿ လောကဗန္ဓုနော။

၃-မဏ္ဍပဒါယိကာထေရီအပဒါန ၂၆။ ငါသည် ကောဏာဂုံမြတ်စွာဘုရားအား မဏ္ဍပ်ကို ဆောက်လုပ်လှူဒါန်းခဲ့၏၊ လောက၏အဆွေဖြစ်တော်မူသော မြတ်စွာဘုရားအား သင်္ကန်းသုံးထည်ကို အမြဲ လှူဒါန်းခဲ့၏။

၂၇။ ‘‘ယံ ယံ ဇနပဒံ ယာမိ, နိဂမေ ရာဇဓာနိယော၊

သဗ္ဗတ္ထ ပူဇိတော ဟောမိ, ပုညကမ္မဿိဒံ ဖလံ။

၂၇။ ငါသည် အကြင်အကြင်ဇနပုဒ်, နိဂုံး, မင်းနေပြည်တို့ကို သွားရောက်၏၊ အလုံးစုံ သော အရပ်တို့၌ ပူဇော်ခံရသူ ဖြစ်ရ၏။ ဤသို့ ဖြစ်ရခြင်းသည် ကောင်းမှုကံ၏ အကျိုးပေ တည်း။

၂၈။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝါ။

၂၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

စာ-၁၉၀

၂၉။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။

၂၉။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။ပ။ အဆုံးအမတော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။

၃၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ မဏ္ဍပဒါယိကာ ဘိက္ခုနီ ဣမာ ဂါထာယော အဘာသိတ္ထာတိ။

မဏ္ဍပဒါယိကာထေရိယာပဒါနံ တတိယံ။

၃၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် မဏ္ဍပဒါယိကာရဟန်းမသည် ဤဂါထာတို့ကို မိန့်ဆိုခဲ့၏။ ။ သုံးခုမြောက် မဏ္ဍပဒါယိကာထေရီအပဒါန ပြီး၏။

၄။ သင်္ကမနတ္ထာထေရီအပဒါန

၃၁။ ‘‘ဝိပဿိဿ ဘဂဝတော [ကောဏ္ဍညဿ ဘဂဝတော (သျာ။ ပီ။)], လောကဇေဋ္ဌဿ တာဒိနော၊

ရထိယံ ပဋိပန္နဿ, တာရယန္တဿ ပါဏိနော။

၄-သင်္ကမနတ္ထာထေရီအပဒါန ၃၁။ လောက၏ အကြီးအမှူးဖြစ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော သတ္တဝါတို့ကို ကယ်တင်တော်မူတတ်သော ဝိပဿီမြတ်စွာဘုရားသည် လမ်းခရီး၌ ကြွသွားတော်မူစဥ်-

၃၂။ ‘‘ဃရတော နိက္ခမိတွာန, အဝကုဇ္ဇာ နိပဇ္ဇဟံ၊

အနုကမ္ပကော လောကနာထော, သိရသိ [သီသန္တေ (သီ။ က။)] အက္ကမီ မမ [တဒါ (သျာ။ ပီ။)]။

၃၂။ ငါသည် အိမ်မှ ထွက်၍ မှောက်လျက် အိပ်ခဲ့၏၊ ထိုအခါ အစဥ်သနားတော်မူတတ် သောထိုမြတ်စွာဘုရားသည် ငါ၏ ဦးခေါင်းစွန်းဆံပင်၌ နင်းတော်မူလေ၏။

၃၃။ ‘‘အက္ကမိတွာန သိရသိ [သမ္ဗုဒ္ဓေါ (က။)], အဂမာ လောကနာယကော၊

တေန စိတ္တပ္ပသာဒေန, တုသိတံ အဂမာသဟံ။

၃၃။ လောကကို နိဗ္ဗာန်သို့ ပို့ဆောင်တတ်သော မြတ်စွာဘုရားသည် ဦးခေါင်းစွန်းဆံပင်၌ နင်း၍ကြွသွားတော်မူ၏၊ ငါသည် ထိုစိတ်၏ ကြည်ညိုခြင်းကြောင့် တုသိတာဘုံသို့ ရောက်ခဲ့၏။

၃၄။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝါ။

၃၄။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၃၅။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။

၃၅။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၃၆။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ သင်္ကမနတ္ထာ [သင်္ကမနဒါ (သျာ။)] ဘိက္ခုနီ ဣမာ ဂါထာယော အဘာသိတ္ထာတိ။

သင်္ကမနတ္ထာထေရိယာပဒါနံ စတုတ္ထံ။

၃၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် သင်္ကမနတ္ထာရဟန်းမသည် ဤဂါထာတို့ကို မိန့်ဆိုခဲ့၏။ ။ လေးခုမြောက် သင်္ကမနတ္ထာထေရီအပဒါန ပြီး၏။

၅။ နဠမာလိကာထေရီအပဒါန

၃၇။ ‘‘စန္ဒဘာဂါနဒီတီရေ, အဟောသိံ ကိန္နရီ တဒါ၊

အဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ, သယမ္ဘုံ အပရာဇိတံ။

၅-နဠမာလိကာထေရီအပဒါန ၃၇။ ငါသည် စန္ဒဘာဂါမြစ်ကမ်းအနီး၌ ကိန္နရီမ ဖြစ်ခဲ့၏၊ ထိုအခါ ကိလေသာမြူ ကင်းတော်မူသော အလိုလို ဖြစ်တော်မူ၍ ရန်သူတို့ မအောင်နိုင်သော မြတ်စွာဘုရားကို ဖူးမြင် ရ၏။

၃၈။ ‘‘ပသန္နစိတ္တာ သုမနာ, ဝေဒဇာတာ ကတဉ္ဇလီ၊

နဠမာလံ ဂဟေတွာန, သယမ္ဘုံ အဘိပူဇယိံ။

၃၈။ ငါသည် ကြည်ညိုဝမ်းမြောက် နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ လက်အုပ်ချီလျက် ကျူပန်းကိုယူပြီးလျှင် မြတ်စွာဘုရားကို ပူဇော်ခဲ့၏။

စာ-၁၉၁

၃၉။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊

ဇဟိတွာ ကိန္နရီဒေဟံ, အဂစ္ဆိံ တိဒသံ ဂတိံ။

၃၉။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း ကိန္နရီမ ကိုယ်ခန္ဓာကို စွန့်ရသည်ရှိသော် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။

၄၀။ ‘‘ဆတ္တိံသဒေဝရာဇူနံ, မဟေသိတ္တမကာရယိံ၊

ဒသန္နံ စက္ကဝတ္တီနံ, မဟေသိတ္တမကာရယိံ၊

သံဝေဇေတွာန မေ စိတ္တံ [ဝေဒယိတွာန ကုသလံ (သျာ။), သံဝေဒယိတွာ ကုသလံ (ပီ။)], ပဗ္ဗဇိံ အနဂါရိယံ။

၄၀။ သုံးကျိပ်ခြောက်ယောက်သော နတ်မင်းတို့၏ မိဖုရားအဖြစ်ကို ပြုခဲ့ရ၏၊ စကြဝတေး မင်းတစ်ကျိပ်တို့၏ မိဖုရားအဖြစ်ကို ပြုခဲ့ရ၏၊ ငါသည် ငါ၏ စိတ်ကို (သံဝေဂရ) ထိတ် လန့်စေ၍ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏။

၄၁။ ‘‘ကိလေသာ ဈာပိတာ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ [ဘဝါ သံဃာတိတာ မမ (က။)]၊

သဗ္ဗာသဝပရိက္ခီဏာ, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။

၄၁။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ငါသည် ဘဝအားလုံး ကိုပယ်နုတ်အပ်ကုန်ပြီ၊ အလုံးစုံသော အာသဝတို့ ကုန်ခန်းကုန်ပြီ၊ ယခုအခါ ဘဝသစ်၌ တစ်ဖန် ဖြစ်ခြင်းမရှိတော့ပြီ။

၄၂။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ပုပ္ဖပူဇာယိဒံ ဖလံ။

၄၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ ပန်းပွင့်ကို ပူဇော်ခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့၏ လားရာ ‘ဒုဂ္ဂတိ’ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအားပူဇော်ရခြင်း၏ အကျိုးပေတည်း။

၄၃။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝါ။

၄၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၄၄။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။

၄၄။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။ပ။ အဆုံးအမတော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။

၄၅။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ နဠမာလိကာ ထေရီ ဣမာ ဂါထာယော အဘာသိတ္ထာတိ။

နဠမာလိကာထေရိယာပဒါနံ ပဉ္စမံ။

၄၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် နဠမာလိကာရဟန်းမသည် ဤဂါထာတို့ကို မိန့်ဆိုခဲ့၏။ ။ ငါးခုမြောက် နဠမာလိကာထေရီအပဒါန ပြီး၏။

၆။ ဧကပိဏ္ဍပါတဒါယိကာထေရီအပဒါန

၄၆။ ‘‘နဂရေ ဗန္ဓုမတိယာ, ဗန္ဓုမာ နာမ ခတ္တိယော၊

တဿ ရညော အဟုံ ဘရိယာ, ဧကဇ္ဈံ စာရယာမဟံ [ဧကစ္စံ ဝါဒယာမဟံ (သျာ။)]။

၆-ဧကပိဏ္ဍပါတဒါယိကာထေရီအပဒါန ၄၆။ ဗန္ဓုမတီမြို့၌ ဗန္ဓုမာမည်သော မင်းသည် ရှိ၏၊ ငါသည် ထိုမင်း၏ မိဖုရားဖြစ်၏၊ မင်းနှင့်တစ်ပေါင်းတည်း တရားကျင့်ခဲ့၏။

၄၇။ ‘‘ရဟောဂတာ နိသီဒိတွာ, ဧဝံ စိန္တေသဟံ တဒါ၊

‘အာဒါယ ဂမနီယဉှိ, ကုသလံ နတ္ထိ မေ ကတံ။

၄၇။ ထိုအခါ ငါသည် ဆိတ်ငြိမ်ရာသို့ ကပ်လျက် ထိုင်ပြီးလျှင် ဤသို့ ကြံစည်ခဲ့၏၊ ငါ့အား သံသရာ၌ယူ၍ သွားရန် ပြုထားပြီးသော ကုသိုလ်သည် မရှိချေ။

၄၈။ ‘‘‘မဟာဘိတာပံ ကဋုကံ, ဃောရရူပံ သုဒါရုဏံ၊

နိရယံ နူန ဂစ္ဆာမိ, ဧတ္ထ မေ နတ္ထိ သံသယော’။

၄၈။ ငါသည် အလွန်ပူပြင်း, စပ်ခါး, ကြမ်းတမ်းသော သဘောရှိသော၊ အလွန်ကြမ်း ကြုတ်သောငရဲသို့ ဧကန် သွားရတော့အံ့။ ဤအရာ၌ ငါ့အား ယုံမှားဖွယ်မရှိချေ (ဟု ကြံစည်ခဲ့၏)။

၄၉။ ‘‘ရာဇာနံ ဥပသင်္ကမ္မ, ဣဒံ ဝစနမဗြဝိံ၊

‘ဧကံ မေ သမဏံ ဒေဟိ, ဘောဇယိဿာမိ ခတ္တိယ’။

၄၉။ (ကြံစည်ပြီးလျှင် ) မင်းသို့ ချဥ်းကပ်၍ အရှင်မင်းမြတ် အကျွန်ုပ်အား ရဟန်း တစ်ပါးကိုပေးတော်မူပါ၊ ဆွမ်းကျွေးမွေးပါရစေဟု ဤစကားကို လျှောက်ခဲ့၏။

၅၀။ ‘‘အဒါသိ မေ မဟာရာဇာ, သမဏံ ဘာဝိတိန္ဒြိယံ၊

တဿ ပတ္တံ ဂဟေတွာန, ပရမန္နေန ပူရယိံ [တပ္ပယိံ (သီ။)]။

၅၀။ မင်းမြတ်သည် ပွားပြီးသော ဣန္ဒြေရှိသော ရဟန်းကို ငါ့အား ပေးလေ၏၊ (ငါသည်) ထိုရဟန်း၏သပိတ်ကို ယူ၍ မွန်မြတ်သော ဆွမ်းဖြင့် ပြည့်စေခဲ့၏။

စာ-၁၉၂

၅၁။ ‘‘ပူရယိတွာ ပရမန္နံ, ဂန္ဓာလေပံ အကာသဟံ၊

ဇာလေန ပိဒဟိတွာန, ဝတ္ထယုဂေန [ပီတစောဠေန (သျာ။), မဟာနေလေန (ပီ။)] ဆာဒယိံ။

၅၁။ ငါသည် မွန်မြတ်သော ဆွမ်းကို ပြည့်စေ၍ နံ့သာလိမ်းကျံခြင်းကို ပြုခဲ့၏၊ ကွန်ရက် ဖြင့် ပိတ်၍ဝတ်စုံဖြင့် ဖုံးလွှမ်း (လှူဒါန်း) ခဲ့၏။

၅၂။ ‘‘အာရမ္မဏံ မမံ ဧတံ, သရာမိ ယာဝဇီဝိဟံ၊

တတ္ထ စိတ္တံ ပသာဒေတွာ, တာဝတိံသမဂစ္ဆဟံ။

၅၂။ ငါ၏ ဤအာရုံကို ငါသည် အသက်ထက်ဆုံး အောက်မေ့ခဲ့၏၊ ငါသည် ထိုအာရုံ၌ စိတ်ကိုကြည်လင်စေ၍ တာဝတိံသာဘုံသို့ ရောက်ခဲ့၏။

၅၃။ ‘‘တိံသာနံ ဒေဝရာဇူနံ, မဟေသိတ္တမကာရယိံ၊

မနသာ ပတ္ထိတံ မယှံ, နိဗ္ဗတ္တတိ ယထိစ္ဆိတံ [ယတိစ္ဆကံ (သျာ။), ယဒိစ္ဆကံ (ပီ။ က။)]။

၅၃။ ငါသည် သုံးကျိပ်သော နတ်မင်းတို့၏ မိဖုရားအဖြစ်ကို ပြုခဲ့ရ၏၊ ငါ၏ စိတ်ဖြင့် တောင့်တအပ်သောအရာသည် အလိုရှိတိုင်း ဖြစ်ရ၏။

၅၄။ ‘‘ဝီသာနံ စက္ကဝတ္တီနံ, မဟေသိတ္တမကာရယိံ၊

ဩစိတတ္တာဝ [ဥပစိတတ္တာ (သျာ။)] ဟုတွာန, သံသရာမိ ဘဝေသွဟံ။

၅၄။ နှစ်ကျိပ်သော စကြဝတေးမင်းတို့၏ မိဖုရားအဖြစ်ကို ပြုခဲ့ရ၏၊ ဆည်းပူးအပ်သောကိုယ်စိတ်ရှိသည်ဖြစ်၍ ငါသည် ဘဝတို့၌ ကျင်လည်ရပေ၏။

၅၅။ ‘‘သဗ္ဗဗန္ဓနမုတ္တာဟံ, အပေတာ မေ ဥပါဒိကာ၊

သဗ္ဗာသဝပရိက္ခီဏာ, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။

၅၅။ ငါသည် အလုံးစုံသော အနှောင်အဖွဲ့မှ လွတ်မြောက်ပေပြီ၊ ငါ့အား စွဲလမ်းခြင်း ကင်းလေပြီ၊ ငါ့အားအလုံးစုံသော အာသဝတို့သည် ကုန်ခန်းကုန်ပြီ၊ ယခုအခါ ဘဝသစ်၌ တစ်ဖန် ဖြစ်ခြင်း မရှိတော့ပြီ။

၅၆။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ဒါနမဒဒိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ပိဏ္ဍပါတဿိဒံ ဖလံ။

၅၆။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ အလှူကို လှူခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ‘ဒုဂ္ဂတိ’ဘဝကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် ဆွမ်း လှူရခြင်း၏ အကျိုးပေတည်း။

၅၇။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝါ။

၅၇။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၅၈။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။

၅၈။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။ပ။ အဆုံးအမတော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။

၅၉။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ ဧကပိဏ္ဍပါတဒါယိကာ ဘိက္ခုနီ ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဧကပိဏ္ဍပါတဒါယိကာထေရိယာပဒါနံ ဆဋ္ဌံ။

၅၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် ဧကပိဏ္ဍပါတဒါယိကာရဟန်းမသည် ဤဂါထာတို့ကို မိန့်ဆိုခဲ့၏။ ။ ခြောက်ခုမြောက် ဧကပိဏ္ဍပါတဒါယိကာထေရီအပဒါန ပြီး၏။

၇။ ကဋစ္ဆုဘိက္ခာဒါယိကာထေရီအပဒါန

၆၀။ ‘‘ပိဏ္ဍစာရံ စရန္တဿ, တိဿနာမဿ သတ္ထုနော၊

ကဋစ္ဆုဘိက္ခံ ပဂ္ဂယှ, ဗုဒ္ဓသေဋ္ဌဿ ဒါသဟံ။

၇-ကဋစ္ဆုဘိက္ခာဒါယိကာထေရီအပဒါန ၆၀။ ငါသည် ဆွမ်းခံလှည့်လည်တော်မူသော နတ်လူတို့၏ ဆရာဖြစ်တော်မူသော တိဿ မည်သော ဘုရားမြတ်အား တစ်ဇွန်းမျှသော ဆွမ်းကို ယူ၍ ပေးလှူခဲ့၏။

၆၁။ ‘‘ပဋိဂ္ဂဟေတွာ သမ္ဗုဒ္ဓေါ, တိဿော လောကဂ္ဂနာယကော၊

ဝီထိယာ သဏ္ဌိတော သတ္ထာ, အကာ မေ အနုမောဒနံ။

၆၁။ လောကထက် အမြတ်ဆုံးရှေ့သွား တိဿမြတ်စွာဘုရားသည် အလှူခံပြီး၍ လမ်း ခရီး၌ရပ်တန့်တော်မူလျက် ငါ့အား အနုမောဒနာပြုတော်မူ၏။

စာ-၁၉၃

၆၂။ ‘‘‘ကဋစ္ဆုဘိက္ခံ ဒတွာန, တာဝတိံသံ ဂမိဿသိ၊

ဆတ္တိံသဒေဝရာဇူနံ, မဟေသိတ္တံ ကရိဿသိ။

၆၂။ သင်သည် တစ်ဇွန်းမျှသော ဆွမ်းကို လှူရခြင်းကြောင့် တာဝတိံသာဘုံသို့ ရောက်ရ လတ္တံ့၊ သုံးကျိပ်ခြောက်ယောက်သော နတ်မင်းတို့၏ မိဖုရားအဖြစ်ကို ပြုရလတ္တံ့။

၆၃။ ‘‘‘ပညာသံ စက္ကဝတ္တီနံ, မဟေသိတ္တံ ကရိဿသိ၊

မနသာ ပတ္ထိတံ သဗ္ဗံ, ပဋိလစ္ဆသိ သဗ္ဗဒါ။

၆၃။ ငါးကျိပ်သော စကြဝတေးမင်းတို့၏ မိဖုရားအဖြစ်ကို ပြုရလတ္တံ့၊ စိတ်ဖြင့် တောင့် တအပ်သောအရာအားလုံးကို အခါခပ်သိမ်း ရလတ္တံ့။

၆၄။ ‘‘‘သမ္ပတ္တိံ အနုဘောတွာန, ပဗ္ဗဇိဿသိကိဉ္စနာ၊

သဗ္ဗာသဝေ ပရိညာယ, နိဗ္ဗာယိဿသိနာသဝါ’။

၆၄။ စည်းစိမ်ကို ခံစားပြီး၍ ကြောင့်ကြမရှိဘဲ ရဟန်းပြုရလတ္တံ့၊ အလုံးစုံသော အာသဝ တို့ကို ပိုင်းခြားသိ၍ အာသဝမရှိဘဲ ပရိနိဗ္ဗာန် ပြုရလတ္တံ့။

၆၅။ ‘‘ဣဒံ ဝတွာန သမ္ဗုဒ္ဓေါ, တိဿော လောကဂ္ဂနာယကော၊

နဘံ အဗ္ဘုဂ္ဂမီ ဝီရော, ဟံသရာဇာဝ အမ္ဗရေ။

၆၅။ လောကထက် အမြတ်ဆုံးရှေ့သွား တိဿမြတ်စွာဘုရားသည် ဤစကားကို မိန့်ဆို ပြီးလျှင် ‘ကောင်းကင်၌ ဟင်္သာမင်းကဲ့သို့’ ကောင်းကင်သို့ တက်ကြွတော်မူ၏။

၆၆။ ‘‘သုဒိန္နံ မေ ဒါနဝရံ [သုဒိန္နမေဝ မေ ဒါနံ (သျာ။)], သုယိဋ္ဌာ ယာဂသမ္ပဒါ၊

ကဋစ္ဆုဘိက္ခံ ဒတွာန, ပတ္တာဟံ အစလံ ပဒံ။

၆၆။ ငါသည် အလှူ မြတ်ကို ကောင်းစွာ လှူအပ်ပြီ၊ ပြည့်စုံသော ပူဇော်မှုကို ကောင်းစွာ ပူဇော်အပ်ပြီ၊ ငါသည် တစ်ဇွန်းမျှသော ဆွမ်းကို ပေးလှူရခြင်းကြောင့် တုန်လှုပ်ခြင်း မရှိ သော နိဗ္ဗာန်သို့ရောက်ရပေ၏။

၆၇။ ‘‘ဒွေနဝုတေ ဣတော ကပ္ပေ, ယံ ဒါနမဒဒိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဘိက္ခာဒါနဿိဒံ ဖလံ။

၆၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ အလှူကို လှူခဲ့ရသော အခါမှစ၍ မကောင်းမှု ပြုသူတို့လားရာ‘ဒုဂ္ဂတိ’ဘဝကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် ဆွမ်းလှူ ရခြင်း၏ အကျိုးပေတည်း။

၆၈။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝါ။

၆၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၆၉။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။

၆၉။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။ပ။ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၇၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ ကဋစ္ဆုဘိက္ခာဒါယိကာ ဘိက္ခုနီ ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ကဋစ္ဆုဘိက္ခာဒါယိကာထေရိယာပဒါနံ သတ္တမံ။

၇၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် ကဋစ္ဆုဘိက္ခာဒါယိကာရဟန်းမသည် ဤဂါထာတို့ကို မိန့်ဆိုခဲ့၏။ ။ ခုနစ်ခုမြောက် ကဋစ္ဆုဘိက္ခာဒါယိကာထေရီအပဒါန ပြီး၏။

၈။ သတ္တုပ္ပလမာလိကာထေရီအပဒါန

၇၁။ ‘‘နဂရေ အရုဏဝတိယာ, အရုဏော နာမ [အရုဏဝါ နာမ (သီ။ ပီ။)] တ္တိယော၊

တဿ ရညော အဟုံ ဘရိယာ, ဝါရိတံ ဝါရယာမဟံ [စာရိကံ စာရယာမဟံ (သီ။), န ဂုလံ ပါဒယာမဟံ (သျာ။), န မာလံ ပါဒယာမဟံ (ပီ။)]။

၈-သတ္တုပ္ပလမာလိကာထေရီအပဒါန ၇၁။ အရုဏဝတီမြို့၌ အရုဏမည်သော မင်းသည် ရှိလေ၏၊ ငါသည် ထိုမင်း၏ မိဖုရား ဖြစ်၍တားမြစ်သင့်သော အရာကို တားမြစ်ခဲ့၏။

၇၂။ ‘‘သတ္တမာလံ ဂဟေတွာန, ဥပ္ပလာ ဒေဝဂန္ဓိကာ၊

နိသဇ္ဇ ပါသာဒဝရေ, ဧဝံ စိန္တေသိ တာဝဒေ။

၇၂။ ထိုအခါ ငါသည် နတ်ရနံ့ရှိသော ကြာညိုပန်း ခုနစ်ပွင့်ကို ယူပြီးလျှင် မြတ်သော ပြာသာဒ်၌ ထိုင်၍ဤသို့ ကြံစည်ခဲ့၏။

စာ-၁၉၄

၇၃။ ‘‘‘ကိံ မေ ဣမာဟိ မာလာဟိ, သိရသာရောပိတာဟိ မေ၊

ဝရံ မေ ဗုဒ္ဓသေဋ္ဌဿ, ဉာဏမှိ အဘိရောပိတံ’။

၇၃။ ငါသည် ဦးခေါင်း၌ ပန်ဆင်ထားသော ဤပန်းတို့ဖြင့် ငါ့အား အဘယ်အကျိုးရှိ အံ့နည်း၊ ဘုရားမြတ်၏ ဉာဏ်တော်၌ တင်စိုက်လှူခြင်းသည် ငါ့အား မြတ်ပေ၏ဟု ဤသို့ ကြံစည်ခဲ့၏၊ (ကြံစည်ပြီးလျှင် ) -၇၄။ အကြင်အခါ မြတ်စွာဘုရားသည် ကြွလာတော်မူလတ္တံ့၊ ထိုအခါ ငါသည် မြတ်စွာ ဘုရားကိုပူဇော်အံ့ဟု မြတ်စွာဘုရားကို စောင့်မျှော်လျက် တံခါးအနီး၌ ထိုင်နေ၏။

၇၄။ ‘‘သမ္ဗုဒ္ဓံ ပဋိမာနေန္တီ, ဒွါရာသန္နေ နိသီဒဟံ၊

‘ယဒါ ဧဟိတိ သမ္ဗုဒ္ဓေါ, ပူဇယိဿံ မဟာမုနိံ’။

၇၅။ ‘‘ကကုဓော ဝိလသန္တောဝ, မိဂရာဇာဝ ကေသရီ၊

ဘိက္ခုသံဃေန သဟိတော, အာဂစ္ဆိ ဝီထိယာ ဇိနော။

၇၅။ ‘တင့်တယ်သော ရေခံတက်ပင်ကဲ့သို့လည်းကောင်း၊ သားတို့သနင်း ခြင်္သေ့မင်းကဲ့သို့လည်းကောင်း’ မြတ်စွာဘုရားသည် ရဟန်းသံဃာနှင့်တကွ လမ်းခရီး၌ ကြွလာတော် မူ၏။

၇၆။ ‘‘ဗုဒ္ဓဿ ရံသိံ ဒိသွာန, ဟဋ္ဌာ သံဝိဂ္ဂမာနသာ၊

ဒွါရံ အဝါပုရိတွာန [အပါပုဏိတွာ (သျာ။)], ဗုဒ္ဓသေဋ္ဌမပူဇယိံ။

၇၆။ ထိတ်လန့်သော စိတ်ရှိသော ငါသည် မြတ်စွာဘုရား၏ ရောင်ခြည်တော်ကို ဖူးမြင်ရ သည်ရှိသော် ရွှင်လန်းလျက် တံခါးကို ဖွင့်၍ ဘုရားမြတ်ကို ပူဇော်ခဲ့၏။

၇၇။ ‘‘သတ္တ ဥပ္ပလပုပ္ဖါနိ, ပရိကိဏ္ဏာနိ [သုဝိတ္ထိဏ္ဏာနိ (သျာ။)] အမ္ဗရေ၊

ဆဒိံ ကရောန္တော ဗုဒ္ဓဿ, မတ္ထကေ ဓာရယန္တိ တေ။

၇၇။ ကြာညိုပန်း ခုနစ်ပွင့်တို့သည် ကောင်းကင်၌ ရောယှက်လျက် ရှိကုန်၏၊ ထိုပန်းတို့ သည် အမိုးကိုပြုလျက် မြတ်စွာဘုရား၏ ဦးထိပ်ထက်၌ ဆောင်းမိုးကုန်၏။

၇၈။ ‘‘ဥဒဂ္ဂစိတ္တာ သုမနာ, ဝေဒဇာတာ ကတဉ္ဇလီ၊

တတ္ထ စိတ္တံ ပသာဒေတွာ, တာဝတိံသမဂစ္ဆဟံ။

၇၈။ ငါသည် တက်ကြွ, ဝမ်းမြောက်, နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ လက်အုပ်ချီလျက် ထိုမြတ်စွာဘုရား၌စိတ်ကြည်ညိုခြင်းကြောင့် တာဝတိံသာဘုံသို့ ရောက်ရ၏။

၇၉။ ‘‘မဟာနေလဿ ဆာဒနံ, ဓာရေန္တိ မမ မုဒ္ဓနိ၊

ဒိဗ္ဗဂန္ဓံ ပဝါယာမိ, သတ္တုပ္ပလဿိဒံ ဖလံ။

၇၉။ မြတ်သော ဗိတာန် (မျက်နှာကြက်) ညိုအမိုးသည် ငါ၏ ဦးထိပ်ထက်၌ ဆောင်းမိုး လျက် ရှိ၏။ ငါသည် နတ်ရနံ့ကို ကြိုင်လှိုင်စေ၏။ ဤသို့ ဖြစ်ရခြင်းသည် ကြာညိုခုနစ်ပွင့် လှူရခြင်း၏အကျိုးပေတည်း။

၈၀။ ‘‘ကဒါစိ နီယမာနာယ, ဉာတိသံဃေန မေ တဒါ၊

ယာဝတာ ပရိသာ မယှံ, မဟာနေလံ ဓရီယတိ။

၈၀။ တစ်ရံတစ်ခါ ဆွေမျိုးအပေါင်းသည် ငါ့ကို ခေါ်ဆောင်လတ်သော် ထိုအခါ ပရိသတ် ရှိသလောက်မြတ်သော ဗိတာန် (မျက်နှာကြက်) ညိုသည် ငါ့အား ဆောင်းမိုး၏။

၈၁။ ‘‘သတ္တတိ ဒေဝရာဇူနံ, မဟေသိတ္တမကာရယိံ၊

သဗ္ဗတ္ထ ဣဿရာ ဟုတွာ, သံသရာမိ ဘဝါဘဝေ။

၈၁။ ခုနစ်ကျိပ်သော နတ်မင်းတို့၏ မိဖုရားအဖြစ်ကို ပြုခဲ့၏၊ အလုံးစုံသော ဘဝတို့၌ အစိုးရသူဖြစ်၍ဘဝကြီးငယ်၌ ကျင်လည်ရပေ၏။

၈၂။ ‘‘တေသဋ္ဌိ စက္ကဝတ္တီနံ, မဟေသိတ္တမကာရယိံ၊

သဗ္ဗေ မမနုဝတ္တန္တိ, အာဒေယျဝစနာ အဟုံ။

၈၂။ ခြောက်ဆယ့်သုံးယောက်သော စကြဝတေးမင်းတို့၏ မိဖုရားအဖြစ်ကို ပြုခဲ့ရ၏၊ အလုံးစုံသောသူတို့သည် ငါသို့ အစဥ်လိုက်ကုန်၏၊ (ထိုသူတို့သည် ငါ၏) စကားကို လိုက် နာသူတို့ ဖြစ်ကုန်၏။

၈၃။ ‘‘ဥပ္ပလဿေဝ မေ ဝဏ္ဏော, ဂန္ဓော စေဝ ပဝါယတိ၊

ဒုဗ္ဗဏ္ဏိယံ န ဇာနာမိ [ဒုဂ္ဂတိံ နာဘိဇာနာမိ (သျာ။ ပီ။)], ဗုဒ္ဓပူဇာယိဒံ ဖလံ။

၈၃။ ‘ကြာညိုပန်းအဆင်းကဲ့သို့’ ငါ့အား အဆင်းရှိ၏၊ ‘ကြာညိုပန်းအနံ့ကဲ့သို့’ ငါ၏ အနံ့သည်လည်းကြိုင်လှိုင်၏၊ အဆင်းမလှသည့် အဖြစ်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရ ခြင်းသည် မြတ်စွာဘုရားအားပူဇော်ရခြင်း၏ အကျိုးပေတည်း။

၈၄။ ‘‘ဣဒ္ဓိပါဒေသု ကုသလာ, ဗောဇ္ဈင်္ဂဘာဝနာ ရတာ၊

အဘိညာပါရမိပ္ပတ္တာ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၈၄။ ငါသည် ဣဒ္ဓိပါဒ်တို့၌ ကျွမ်းကျင်ပေ၏၊ ဗောဇ္ဈင်ကို ပွားများခြင်း၌ ပျော်မွေ့ပေ၏၊ အဘိညာဥ်၏အထွတ်အထိပ်သို့ ရောက်ပေ၏။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏အကျိုးပေတည်း။

၈၅။ ‘‘သတိပဋ္ဌာနကုသလာ, သမာဓိဈာနဂေါစရာ၊

သမ္မပ္ပဓာနမနုယုတ္တာ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၈၅။ ငါသည် သတိပဋ္ဌာန်၌ ကျွမ်းကျင်လိမ္မာပေ၏၊ သမာဓိဈာန်၌ ကျက်စားပေ၏၊ သမ္မပ္ပဓာန်ကိုအားထုတ်ပေ၏။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာဘုရားအား ပူဇော်ရခြင်း၏ အကျိုးပေတည်း။

စာ-၁၉၅

၈၆။ ‘‘ဝီရိယံ မေ ဓုရဓောရယှံ, ယောဂက္ခေမာဓိဝါဟနံ၊

သဗ္ဗာသဝပရိက္ခီဏာ, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။

၈၆။ ငါ၏ လုံ့လဝီရိယသည် ဝန်ဆောင်နွားလားသဖွယ် ဖြစ်၏၊ ယောဂကုန်ရာ (နိဗ္ဗာန်) ကို ပို့ဆောင်နိုင်၏၊ အလုံးစုံသော အာသဝတို့ ကုန်ခန်းကုန်ပြီ၊ ယခုအခါ ဘဝသစ်၌ တစ်ဖန်ဖြစ် ခြင်း မရှိတော့ပြီ။

၈၇။ ‘‘ဧကတိံသေ ဣတော ကပ္ပေ, ယံ ပုပ္ဖမဘိပူဇယိံ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။

၈၇။ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ ပန်းပွင့်ကို ပူဇော်ခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာ ဘုရားအားပူဇော်ရခြင်း၏ အကျိုးပေတည်း။

၈၈။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝါ။

၈၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၈၉။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။

၈၉။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။ပ။ အဆုံးအမတော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။

၉၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ သတ္တုပ္ပလမာလိကာ ဘိက္ခုနီ ဣမာ ဂါထာယော အဘာသိတ္ထာတိ။

သတ္တုပ္ပလမာလိကာထေရိယာပဒါနံ အဋ္ဌမံ။

၉၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် သတ္တုပ္ပလမာလိကာရဟန်းမသည် ဤဂါထာတို့ကို မိန့်ဆိုခဲ့၏။ ။ ရှစ်ခုမြောက် သတ္တုပ္ပလမာလိကာထေရီအပဒါန ပြီး၏။

၉။ ပဉ္စဒီပိကာထေရီအပဒါန

၉၁။ ‘‘နဂရေ ဟံသဝတိယာ, စာရိကီ [စာရိနိံ (သျာ။)] အာသဟံ တဒါ၊

အာရာမေန စ အာရာမံ, စရာမိ ကုသလတ္ထိကာ။

၉-ပဥ္စဒီပိကာထေရီအပဒါန ၉၁။ ငါသည် ဟံသာဝတီမြို့၌ လှည့်လည်လေ့ရှိသူ ဖြစ်၏၊ ထိုအခါ ငါသည် ကုသိုလ်ကို အလိုရှိသည်ဖြစ်၍ အရံတစ်ခုမှ အရံတစ်ခုသို့ လှည့်လည်၏။

၉၂။ ‘‘ကာဠပက္ခမှိ ဒိဝသေ, အဒ္ဒသံ ဗောဓိမုတ္တမံ၊

တတ္ထ စိတ္တံ ပသာဒေတွာ, ဗောဓိမူလေ နိသီဒဟံ။

၉၂။ ငါသည် လဆုတ်ပက္ခ လကွယ်နေ့၌ (ထင်းရှူး) ဗောဓိပင်မြတ်ကို ဖူးမြင်ရ၏၊ ထိုဗောဓိပင်၌ စိတ်ကိုကြည်လင်စေ၍ ဗောဓိပင်ရင်း၌ ထိုင်နေ၏။

၉၃။ ‘‘ဂရုစိတ္တံ ဥပဋ္ဌေတွာ, သိရေ ကတွာန အဉ္ဇလိံ၊

သောမနဿံ ပဝေဒေတွာ, ဧဝံ စိန္တေသိ တာဝဒေ။

၉၃။ ထိုအခါ လေးစားသော စိတ်ကို ဖြစ်စေ၍ ဦးခေါင်း၌ လက်အုပ်ချီပြီးလျှင် ဝမ်းမြောက်ခြင်းကို ဖြစ်စေလျက် ဤသို့ ကြံစည်ခဲ့၏။

၉၄။ ‘‘‘ယဒိ ဗုဒ္ဓေါ အမိတဂုဏော, အသမပ္ပဋိပုဂ္ဂလော၊

ဒဿေတု ပါဋိဟီရံ မေ, ဗောဓိ ဩဘာသတု အယံ’။

၉၄။ အကယ်၍ မြတ်စွာဘုရားသည် မနှိုင်းယှဥ်နိုင်သော ဂုဏ်ရှိသော ပုဂ္ဂိုလ်, အတူမရှိပြိုင်ဘက်မရှိသော ပုဂ္ဂိုလ်ဖြစ်ပါမူ ဤဗောဓိပင်သည် ငါ့အား တန်ခိုးပြာဋိဟာကို ပြပါစေ သတည်း၊ ဤဗောဓိပင်သည် ထွန်းလင်းပါစေသတည်းဟု ကြံစည်ခဲ့၏။

၉၅။ ‘‘သဟ အာဝဇ္ဇိတေ မယှံ, ဗောဓိ ပဇ္ဇလိ တာဝဒေ၊

သဗ္ဗသောဏ္ဏမယာ အာသိ, ဒိသာ သဗ္ဗာ ဝိရောစတိ။

၉၅။ ထိုအခါ ငါ ကြံစည်သည်နှင့် တစ်ပြိုင်နက် ဗောဓိပင်သည် ထွန်းလင်းတောက်ပ၏၊ အလုံးစုံ ရွှေဖြင့်ပြီးလေ၏၊ အရပ်မျက်နှာအားလုံး တောက်ပတင့်တယ်၏။

၉၆။ ‘‘သတ္တရတ္တိန္ဒိဝံ [သတ္တရတ္တိဒိဝံ (ပီ။ က။)] တတ္ထ, ဗောဓိမူလေ နိသီဒဟံ၊

သတ္တမေ ဒိဝသေ ပတ္တေ, ဒီပပူဇံ အကာသဟံ။

၉၆။ ငါသည် ခုနစ်ညဥ့်, ခုနစ်နေ့တို့ပတ်လုံး ထိုဗောဓိပင်ရင်း၌ ထိိုင်နေ၏၊ ခုနစ်ရက် မြောက်သောနေ့ရောက်လတ်သော် ငါသည် ဆီမီးပူဇော်ခြင်းကို ပြုခဲ့၏။

၉၇။ ‘‘အာသနံ ပရိဝါရေတွာ, ပဉ္စဒီပါနိ ပဇ္ဇလုံ၊

ယာဝ ဥဒေတိ သူရိယော, ဒီပါ မေ ပဇ္ဇလုံ တဒါ။

၉၇။ ထိုအခါ (ဗောဓိပင်၏) နေရာကို ဝန်းရံ၍ ဆီမီးငါးတိုင်တို့သည် ထွန်းလင်းတောက်ပကုန်၏၊ နေတက်သည်တိုင်အောင် ငါ၏ ဆီမီးတိုင်တို့သည် တောက်ပလျက် ရှိကုန်၏။

စာ-၁၉၆

၉၈။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊

ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။

၉၈။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။

၉၉။ ‘‘တတ္ထ မေ သုကတံ ဗျမှံ, ပဉ္စဒီပါတိ ဝုစ္စတိ၊

သဋ္ဌိယောဇနမုဗ္ဗေဓံ [သတယောဇနမုဗ္ဗေဓံ (သီ။ သျာ။ ပီ။)], တိံသယောဇနဝိတ္ထတံ [သဋ္ဌိ… (သျာ။ ပီ။)]။

၉၉။ ထိုဘုံ၌ ငါ၏ ကောင်းစွာ ပြုအပ်သော ဗိမာန်ကို “ပဉ္စဒီပ”ဟူ၍ ခေါ်ဆိုအပ်၏၊ ထို ဗိမာန်သည်ယူဇနာခြောက်ဆယ် အစောက်မြင့်၏၊ ယူဇနာသုံးဆယ် ကျယ်ပြန့်၏။

၁၀၀။ ‘‘အသင်္ခိယာနိ ဒီပါနိ, ပရိဝါရေ ဇလန္တိ မေ၊

ယာဝတာ ဒေဝဘဝနံ, ဒီပါလောကေန ဇောတတိ။

၁၀၀။ မရေတွက်နိုင်သော ဆီမီးတိုင်တို့သည် ငါ့အား ဝန်းရံလျက် တောက်ပကုန်၏၊ နတ်ဘုံရှိသလောက်ဆီမီးရောင်ဖြင့် ထွန်းလင်းလေ၏။

၁၀၁။ ‘‘ပရမ္မုခါ နိသီဒိတွာ [ပုရတ္ထာဘိမုခါ သန္တိ (သျာ။), ပုရတ္ထာဘိမုခါ ထိတာ (ပီ။)], ယဒိ ဣစ္ဆာမိ ပဿိတုံ၊

ဥဒ္ဓံ အဓော စ တိရိယံ, သဗ္ဗံ ပဿာမိ စက္ခုနာ။

၁၀၁။ ငါသည် မျက်ကွယ်၌ ထိုင်လျက် အကယ်၍ ရှုကြည့်ရန် အလိုရှိအံ့၊ အထက် အောက် ဖီလာအားလုံးကိုပင် မျက်စိဖြင့် မြင်ရပေ၏။

၁၀၂။ ‘‘ယာဝတာ အဘိကင်္ခါမိ, ဒဋ္ဌုံ သုဂတဒုဂ္ဂတေ [သုကတဒုက္ကတေ (ပီ။]၊

တတ္ထ အာဝရဏံ နတ္ထိ, ရုက္ခေသု ပဗ္ဗတေသု ဝါ။

၁၀၂။ အကြင်မျှလောက် ကောင်းသောလားရာ ဂတိရှိသူ, မကောင်းသောလားရာ ဂတိရှိသူတို့ကို ရှုကြည့်ရန် ငါအလိုရှိခဲ့မူ ထိုအရပ်၌ သစ်ပင်တို့ကြောင့်လည်းကောင်း၊ တောင် တို့ကြောင့်လည်းကောင်းပိတ်ပင်ခြင်းသည် မရှိချေ။

၁၀၃။ ‘‘အသီတိ ဒေဝရာဇူနံ, မဟေသိတ္တမကာရယိံ၊

သတာနံ စက္ကဝတ္တီနံ, မဟေသိတ္တမကာရယိံ။

၁၀၃။ ရှစ်ကျိပ်သော နတ်မင်းတို့၏ မိဖုရားအဖြစ်ကို ပြုခဲ့ရ၏၊ တစ်ရာသော စကြဝတေး မင်းတို့၏မိဖုရားအဖြစ်ကိုလည်း ပြုခဲ့ရ၏။

၁၀၄။ ‘‘ယံ ယံ ယောနုပပဇ္ဇာမိ, ဒေဝတ္တံ အထ မာနုသံ၊

ဒီပသတသဟဿာနိ, ပရိဝါရေ ဇလန္တိ မေ။

၁၀၄။ ကပ်ရောက်ရတိုင်းသော လူ့အဖြစ်, နတ်အဖြစ်ဟူသမျှတို့၌ ဆီမီးတစ်သိန်းတို့သည် ငါ့အားဝန်းရံလျက် တောက်ပကုန်၏။

၁၀၅။ ‘‘ဒေဝလောကာ စဝိတွာန, ဥပ္ပဇ္ဇိံ မာတုကုစ္ဆိယံ၊

မာတုကုစ္ဆိဂတာ သန္တီ [မာတုကုစ္ဆိဂတံ သန္တိံ (သီ။)], အက္ခိ မေ န နိမီလတိ။

၁၀၅။ နတ်ပြည်မှ စုတေ၍ အမိဝမ်း၌ ဖြစ်ခဲ့ရ၏၊ အမိဝမ်းသို့ ရောက်သည် ဖြစ်ပါလျက် ငါ၏မျက်စိသည် မှိတ်ခြင်း မရှိချေ။

၁၀၆။ ‘‘ဒီပသတသဟဿာနိ, ပုညကမ္မသမင်္ဂိတာ၊

ဇလန္တိ သူတိကာဂေဟေ [သူတိဃရေ ပဇ္ဇလန္တိ (သဗ္ဗတ္ထ)], ပဉ္စဒီပါနိဒံ ဖလံ။

၁၀၆။ ကောင်းမှုကံနှင့် ပြည့်စုံသူ၏ အဖြစ်ကြောင့် ဆီမီးတစ်သိန်းတို့သည် မွေးဖွားရာ အိမ်၌တောက်ပလျက် ရှိကုန်၏။ ဤသို့ ဖြစ်ရခြင်းသည် ဆီမီးငါးတိုင်တို့၏ အကျိုးပေ တည်း။

၁၀၇။ ‘‘ပစ္ဆိမေ ဘဝေ သမ္ပတ္တေ, မာနသံ ဝိနိဝတ္တယိံ၊

အဇရာမတံ သီတိဘာဝံ, နိဗ္ဗာနံ ဖဿယိံ အဟံ။

၁၀၇။ ငါသည် နောက်ဆုံးဘဝသို့ ရောက်လတ်သော် လူ့ဘဝသို့ ပြန်လည်ခဲ့၏၊ ငါသည် မအိုရာ, မသေရာ ဖြစ်၍ ငြိမ်းအေးခြင်းသဘောရှိသော နိဗ္ဗာန်ကို တွေ့မြင်ရပေပြီ။

၁၀၈။ ‘‘ဇာတိယာ သတ္တဝဿာဟံ, အရဟတ္တမပါပုဏိံ၊

ဥပသမ္ပာဒယီ ဗုဒ္ဓေါ, ဂုဏမညာယ ဂေါတမော။

၁၀၈။ ငါသည် မွေးဖွားသည်မှ ခုနစ်နှစ်သာ ရှိသေးလျက် အရဟတ္တဖိုလ်သို့ ရောက်ခဲ့၏၊ ဂေါတမမြတ်စွာဘုရားသည် ငါ၏ ဂုဏ်ကို သိ၍ ငါ့ကို (ရဟန်းပြုပေးတော်မူ၏)။

၁၀၉။ ‘‘မဏ္ဍပေ ရုက္ခမူလေ ဝါ, ပါသာဒေသု ဂုဟာသု ဝါ၊

သုညာဂါရေ ဝသန္တိယာ [စ ဈာယန္တေ (သီ။), စ ဈာယန္တာ (ပီ။), ပဇ္ဈာယန္တာ (သျာ။)], ပဉ္စဒီပါ ဇလန္တိ မေ။

၁၀၉။ မဏ္ဍပ်၌လည်းကောင်း၊ သစ်ပင်ရင်း၌လည်းကောင်း၊ ပြာသာဒ်တို့၌ လည်းကောင်း၊ လိုဏ်ဂူတို့၌ လည်းကောင်း၊ ဆိတ်ငြိမ်သော ကျောင်း၌လည်းကောင်း နေသည်ရှိသော် (ဈာန်ဝင်စားသည်ရှိသော်) ဆီမီးတိုင်ငါးတိုင်တို့သည် ငါ့အား တောက်ပလျက် ရှိကုန်၏။

စာ-၁၉၇

၁၁၀။ ‘‘ဒိဗ္ဗစက္ခု ဝိသုဒ္ဓံ မေ, သမာဓိကုသလာ အဟံ၊

အဘိညာပါရမိပ္ပတ္တာ, ပဉ္စဒီပါနိဒံ ဖလံ။

၁၁၀။ ငါ၏ ဒိဗ္ဗစက္ခုအဘိညာဥ်သည် အထူးစင်ကြယ်ပေ၏၊ ငါသည် ဈာန်သမာဓိ၌ ကျွမ်း ကျင်လိမ္မာပေ၏၊ အဘိညာဥ်၏ အထွတ်အထိပ်သို့ ရောက်ပေ၏။ ဤသို့ဖြစ်ရခြင်းသည် ဆီမီးငါးတိုင်တို့၏အကျိုးပေတည်း။

၁၁၁။ ‘‘သဗ္ဗဝေါသိတဝေါသာနာ, ကတကိစ္စာ အနာသဝါ၊

ပဉ္စဒီပါ မဟာဝီရ, ပါဒေ ဝန္ဒာမိ [ဝန္ဒတိ (သီ။ က။)] စက္ခုမ။

၁၁၁။ ကြီးမားသော လုံ့လရှိတော်မူသော စက္ခုငါးမျိုးရှိတော်မူသော မြတ်စွာဘုရား အလုံးစုံသောမဂ်တို့၌ ကျင့်သုံးခြင်းကိစ္စ ပြီးဆုံးသော မဂ်ကိစ္စကို ပြုပြီးသော အာသဝမရှိ သော ပဉ္စဒီပမည်သော တပည့်မသည် အရှင်ဘုရား၏ ခြေတော်တို့ကို ရှိခိုးပါ၏။

၁၁၂။ ‘‘သတသဟဿိတော ကပ္ပေ, ယံ ဒီပမဒဒိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ပဉ္စဒီပါနိဒံ ဖလံ။

၁၁၂။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဆီမီးတိုင်ကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှု့ပြုသူတို့ လားရာ‘ဒုဂ္ဂတိ’ဘဝကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် ဆီမီး ငါးတိုင်တို့၏ အကျိုးပေတည်း။

၁၁၃။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝါ။

၁၁၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၁၄။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။

၁၁၄။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။ပ။ အဆုံးအမ တော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။

၁၁၅။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ ပဉ္စဒီပိကာ ဘိက္ခုနီ ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ပဉ္စဒီပိကာထေရိယာပဒါနံ နဝမံ။

၁၁၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် ပဉ္စဒီပိကာရဟန်းမသည် ဤဂါထာတို့ကို မိန့်ဆိုခဲ့၏။ ။ ကိုးခုမြောက် ပဉ္စဒီပိကာထေရီအပဒါန ပြီး၏။

၁၀။ ဥဒကဒါယိကာထေရီအပဒါန

၁၁၆။ ‘‘နဂရေ ဗန္ဓုမတိယာ, အဟောသိံ ဥဒဟာရိကာ၊

ဥဒဟာရေန ဇီဝါမိ, တေန ပေါသေမိ ဒါရကေ။

၁၀-ဥဒကဒါယိကာထေရီအပဒါန ၁၁၆။ ဗန္ဓုမတီမြို့၌ ရေသည်မ ဖြစ်ခဲ့၏၊ ရေခပ်ခြင်းဖြင့် အသက်မွေးရ၏၊ ထိုရေခပ်ခြင်း ဖြင့်ပင်သားငယ်, သမီးငယ်တို့ကို မွေးမြူရ၏။

၁၁၇။ ‘‘ဒေယျဓမ္မော စ မေ နတ္ထိ, ပုညက္ခေတ္တေ အနုတ္တရေ၊

ကောဋ္ဌကံ ဥပသင်္ကမ္မ, ဥဒကံ ပဋ္ဌပေသဟံ။

၁၁၇။ ကုသိုလ်မျိုးစေ့တို့၏ စိုက်ပျိုးရာ အမြတ်ဆုံး လယ်မြေသဖွယ် ဖြစ်သော သံဃာ တော်၌လှူဖွယ်ဝတ္ထုသည်လည်း ငါ့အား မရှိ၊ ငါသည် ရေချိုးအိမ်သို့ ချဥ်းကပ်၍ ရေကို တည်ထားခဲ့၏။

၁၁၈။ ‘‘တေန ကမ္မေန သုကတေန, တာဝတိံသမဂစ္ဆဟံ၊

တတ္ထ မေ သုကတံ ဗျမှံ, ဥဒဟာရေန နိမ္မိတံ။

၁၁၈။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့် ငါသည် တာဝတိံသာဘုံသို့ ရောက်ရ၏၊ ထိုဘုံ၌ကောင်းစွာ ပြုထားပြီးဖြစ်သော ငါ၏ ဗိမာန်ကို ရေခပ်မှုကံဖြင့် ဖန်ဆင်းအပ်၏။

၁၁၉။ ‘‘အစ္ဆရာနံ သဟဿဿ, အဟဉှိ ပဝရာ တဒါ၊

ဒသဋ္ဌာနေဟိ တာ သဗ္ဗာ, အဘိဘောမိ သဒါ အဟံ။

၁၁၉။ ထိုအခါ နတ်သမီးတစ်ထောင်တို့တွင် ငါသည်သာ အမြတ်ဆုံး ဖြစ်ပေ၏၊ ငါသည် အကြောင်းအရာဆယ်ပါးတို့ဖြင့် ထိုနတ်သမီးအားလုံးတို့ကို အခါခပ်သိမ်း လွှမ်းမိုးရပေ၏။

၁၂၀။ ‘‘ပညာသံ ဒေဝရာဇူနံ, မဟေသိတ္တမကာရယိံ၊

ဝီသတိစက္ကဝတ္တီနံ, မဟေသိတ္တမကာရယိံ။

၁၂၀။ ငါးကျိပ်သော နတ်မင်းတို့၏ မိဖုရားအဖြစ်ကို ပြုခဲ့ရ၏၊ နှစ်ကျိပ်သော စကြဝတေးမင်းတို့၏မိဖုရားအဖြစ်ကိုလည်း ပြုခဲ့ရ၏။

၁၂၁။ ‘‘ဒုဝေ ဘဝေ သံသရာမိ, ဒေဝတ္တေ အထ မာနုသေ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဒကဒါနဿိဒံ ဖလံ။

၁၂၁။ နတ်ဘဝ, လူ့ဘဝဟူသော နှစ်မျိုးသော ဘဝ၌ ကျင်လည်ရပေ၏၊ မကောင်းမှု ပြုသူတို့လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ရေလှူရခြင်း၏ အကျိုးပေတည်း။

စာ-၁၉၈

၁၂၂။ ‘‘ပဗ္ဗတဂ္ဂေ ဒုမဂ္ဂေ ဝါ, အန္တလိက္ခေ စ ဘူမိယံ၊

ယဒါ ဥဒကမိစ္ဆာမိ, ခိပ္ပံ ပဋိလဘာမဟံ။

၁၂၂။ တောင်ထိပ်၌လည်းကောင်း၊ သစ်ပင်ဖျား၌လည်းကောင်း၊ ကောင်းကင်၌လည်းကောင်း၊ မြေ၌လည်းကောင်း အကြင်အခါ ငါသည် ရေကို အလိုရှိ၏၊ ထိုအခါ လျင်မြန်စွာ ရပေ၏။

၁၂၃။ ‘‘အဝုဋ္ဌိကာ ဒိသာ နတ္ထိ, သန္တတ္တာ ကုထိတာပိ [သန္တတ္တာ ကုထိတာ န စ (သီ။ ပီ။), သန္တတ္တာ ခုပ္ပိတာ ဟိ မေ (သျာ။)] စ၊

မမ သင်္ကပ္ပမညာယ, မဟာမေဃော ပဝဿတိ။

၁၂၃။ မိုးမရွာသော အရပ်သည်လည်းကောင်း၊ ပူပြင်းလျက် ကျိုက်ကျိုက်ဆူသော အရပ်သည်လည်းကောင်း ငါ့အား မရှိချေ။ မိုးကြီးသည် ငါ၏ စိတ်အကြံအစည်ကို သိ၍ ရွာသွန်း၏။

၁၂၄။ ‘‘ကဒါစိ နီယမာနာယ, ဉာတိသံဃေန မေ တဒါ၊

ယဒါ ဣစ္ဆာမဟံ ဝဿံ, မဟာမေဃော အဇာယထ။

၁၂၄။ တစ်ရံတစ်ခါ ဆွေမျိုးအပေါင်းသည် ငါ့ကို ခေါ်ဆောင်အပ်သည်ရှိသော် အကြင်အခါ ငါသည် မိုးကိုအလိုရှိ၏၊ ထိုအခါ မိုးရွာခြင်းသည် ဖြစ်ပေါ်လေ၏။

၁၂၅။ ‘‘ဥဏှံ ဝါ ပရိဠာဟော ဝါ, သရီရေ မေ န ဝိဇ္ဇတိ၊

ကာယေ စ မေ ရဇော နတ္ထိ, ဒကဒါနဿိဒံ ဖလံ။

၁၂၅။ ငါ၏ ကိုယ်၌ ပူခြင်းသည်လည်းကောင်း၊ အိုက်စပ်ခြင်းသည်လည်းကောင်း မရှိ။ ငါ၏ ကိုယ်၌မြူမှုန်သည်လည်း မရှိ။ ဤသို့ ဖြစ်ရခြင်းသည် ရေလှူရခြင်း၏ အကျိုးပေ တည်း။

၁၂၆။ ‘‘ဝိသုဒ္ဓမနသာ အဇ္ဇ, အပေတမနပါပိကာ၊

သဗ္ဗာသဝပရိက္ခီဏာ, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။

၁၂၆။ ငါသည် ယခု အထူးစင်ကြယ်သော စိတ်ရှိ၏၊ ယုတ်မာသော စိတ်မှကင်းရှင်း လျက်ရှိ၏၊ အလုံးစုံသော အာသဝတို့ ကုန်ခန်းကုန်ပြီ၊ ယခုအခါ ဘဝသစ်၌ တစ်ဖန် ဖြစ်ခြင်း မရှိတော့ချေ။

၁၂၇။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ဒကံ အဒဒိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဒကဒါနဿိဒံ ဖလံ။

၁၂၇။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ရေကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ‘ဒုဂ္ဂတိ’ဘဝကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် ရေလှူရ ခြင်း၏ အကျိုးပေတည်း။

၁၂၈။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝါ။

၁၂၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၁၂၉။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။

၁၂၉။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။ပ။ အဆုံးအမ တော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။

၁၃၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ ဥဒကဒါယိကာ ဘိက္ခုနီ ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဥဒကဒါယိကာထေရိယာပဒါနံ ဒသမံ။

သုမေဓာဝဂ္ဂေါ ပဌမော။

တဿုဒ္ဒါနံ –

သုမေဓာ မေခလာဒါယီ, မဏ္ဍပံ သင်္ကမံ ဒဒါ၊

နဠမာလီ ပိဏ္ဍဒဒါ, ကဋစ္ဆု ဥပ္ပလပ္ပဒါ။

ဒီပဒါ ဒကဒါ စေဝ, ဂါထာယော ဂဏိတာ ဣဟ၊

ဧကဂါထာသတဉ္စေဝ, တိံသတိ စ တဒုတ္တရိ [သတ္တရသံ တဒုတ္တရိ (သျာ။), သတ္တာဒသ တဒုတ္တရိံ (ပီ။)]။

၁၃၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာ ကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် ဥဒကဒါယိကာရဟန်းမသည် ဤဂါထာတို့ကို မိန့်ဆိုခဲ့၏။ ။ ဆယ်ခုမြောက် ဥဒကဒါယိကာထေရီအပဒါန ပြီး၏။ ရှေးဦးစွာသော သုမေဓာဝဂ် ပြီး၏။

စာ-၁၉၉

၂။ ဧကူပေါသထိကဝဂ္ဂ

၁။ ဧကူပေါသထိကာထေရီအပဒါန

၁။ ‘‘နဂရေ ဗန္ဓုမတိယာ, ဗန္ဓုမာ နာမ ခတ္တိယော၊

ဒိဝသေ ပုဏ္ဏမာယ သော, ဥပဝသိ ဥပေါသထံ။

၂-ဧကူပေါသထိကဝဂ် ၁-ဧကူပေါသထိကာထေရီအပဒါန ၁။ ဗန္ဓုမတီမြို့၌ ဗန္ဓုမာမည်သော မင်းသည် ရှိ၏၊ ထိုမင်းသည် လပြည့်နေ့၌ ဥပုသ်ကို ကျင့်သုံ၏။

၂။ ‘‘အဟံ တေန သမယေန, ကုမ္ဘဒါသီ အဟံ တဟိံ၊

ဒိသွာ သရာဇကံ သေနံ, ဧဝါဟံ စိန္တယိံ တဒါ။

၂။ ထိုအခါ ငါသည် ထိုမြို့၌ အိုးရွက်ကျွန်မ ဖြစ်ခဲ့၏၊ ထိုအခါ ငါသည် မင်းနှင့်တကွ သောစစ်သည်တော်ကို မြင်သည်ရှိသော် ဤသို့ ကြံစည်ခဲ့၏။

၃။ ‘ရာဇာပိ ရဇ္ဇံ ဆဍ္ဍေတွာ, ဥပဝသိ ဥပေါသထံ၊

သဖလံ နူန တံ ကမ္မံ, ဇနကာယော ပမောဒိတော’။

၃။ မင်းသည်သော် လည်း မင်းအဖြစ်ကို စွန့်၍ ဥပုသ်ကို ကျင့်သုံး၏၊ ထိုအမှုသည် စင်စစ် အကျိုးရှိသည်ဖြစ်ရာ၏၊ လူအပေါင်းသည် လွန်စွာ ဝမ်းမြောက်လျက် ရှိပေ၏ (ဟု ဤသို့ ကြံစည်ခဲ့၏)။

၄။ ‘‘ယောနိသော ပစ္စဝေက္ခိတွာ, ဒုဂ္ဂစ္စဉ္စ [ဒုဂ္ဂတိဉ္စ (သျာ။)] ဒလိဒ္ဒတံ [ဒဠိဒ္ဒတံ (သီ။)]၊

မာနသံ သမ္ပဟံသိတွာ, ဥပဝသိံ ဥပေါသထံ။

၄။ ငါသည် (ကြံစည်ပြီးလျှင် ) ယုတ်နိမ့်သော အမျိုး၌ ဖြစ်ရခြင်းကို လည်းကောင်း၊ ဆင်းရဲရခြင်းကို လည်းကောင်း အသင့်အားဖြင့် ဆင်ခြင်၍ စိတ်ကို ရွှင်လန်းစေလျက် ဥပုသ်ကို ကျင့်သုံးခဲ့၏။

၅။ ‘‘အဟံ ဥပေါသထံ ကတွာ, သမ္မာသမ္ဗုဒ္ဓသာသနေ၊

တေန ကမ္မေန သုကတေန, တာဝတိံသမဂစ္ဆဟံ။

၅။ ငါသည် မြတ်စွာဘုရားသာသနာတော်၌ ဥပုသ်ကို ဆောက်တည်ပြီးလျှင် ကောင်းစွာ ပြုအပ်သောထိုကံကြောင့် (ငါသည်) တာဝတိံသာဘုံသို့ ရောက်ခဲ့၏။

၆။ ‘‘တတ္ထ မေ သုကတံ ဗျမှံ, ဥဗ္ဘယောဇနမုဂ္ဂတံ [ဥဒ္ဓံ ယောဇနမုဂ္ဂတံ (သီ။ သျာ။ ပီ။)]၊

ကူဋာဂါရဝရူပေတံ, မဟာသနသုဘူသိတံ။

၆။ ထိုတာဝတိံသာဘုံ၌ ကောင်းစွာ ပြုအပ်သော ငါ၏ ဗိမာန်သည် အထက် တစ်ယူဇနာ တိုင်အောင်မြင့်၏၊ အထွတ်တပ်သော မြတ်သော ပြာသာဒ်ဆောင်နှင့် ပြည့်စုံ၏၊ မြတ်သော နေရာတို့ဖြင့်တန်ဆာဆင်ထားအပ်၏။

၇။ ‘‘အစ္ဆရာ သတသဟဿာ, ဥပတိဋ္ဌန္တိ မံ သဒါ၊

အညေ ဒေဝေ အတိက္ကမ္မ, အတိရောစာမိ သဗ္ဗဒါ။

၇။ တစ်သိန်းသော နတ်သမီးတို့သည် ငါ့ကို အခါခပ်သိမ်း ခစားကြကုန်၏၊ ငါသည် အခြားသောနတ်တို့ကို လွန်၍ အခါခပ်သိမ်း အလွန်တင့်တယ်၏။

၈။ ‘‘စတုသဋ္ဌိ ဒေဝရာဇူနံ, မဟေသိတ္တမကာရယိံ၊

တေသဋ္ဌိ စက္ကဝတ္တီနံ, မဟေသိတ္တမကာရယိံ။

၈။ ခြောက်ကျိပ်လေးယောက်သော နတ်မင်းတို့၏ မိဖုရားအဖြစ်ကို ပြုခဲ့ရပေ၏၊ ခြောက်ကျိပ်သုံးယောက်သော စကြဝတေးမင်းတို့၏ မိဖုရားအဖြစ်ကို ပြုခဲ့ရပေ၏။

၉။ ‘‘သုဝဏ္ဏဝဏ္ဏာ ဟုတွာန, ဘဝေသု သံသရာမဟံ၊

သဗ္ဗတ္ထ ပဝရာ ဟောမိ, ဥပေါသထဿိဒံ ဖလံ။

၉။ ငါသည် ရွှေအဆင်းနှင့် တူသော အဆင်းရှိသူဖြစ်၍ ဘဝတို့၌ ကျင်လည်ရပေ၏၊ အလုံးစုံသောဘဝတို့၌ အမြတ်ဆုံး ဖြစ်ရပေ၏။ ဤသို့ ဖြစ်ရခြင်းသည် ဥပုသ် (ကျင့်သုံး ခြင်း) ၏ အကျိုးပေတည်း။

၁၀။ ‘‘ဟတ္ထိယာနံ အဿယာနံ, ရထယာနဉ္စ သီဝိကံ [ကေဝလံ (သီ။ သျာ။ ပီ။)]၊

လဘာမိ သဗ္ဗမေဝေတံ, ဥပေါသထဿိဒံ ဖလံ။

၁၀။ ဆင်ယာဥ်, မြင်းယာဥ်, ရထားယာဥ်, ထမ်းစင် ဤအလုံးစုံကိုလည်း ရရှိပေ၏။ ဤသို့ဖြစ်ရခြင်းသည် ဥပုသ် (ကျင့်သုံးခြင်း) ၏ အကျိုးပေတည်း။

၁၁။ ‘‘သောဏ္ဏမယံ ရူပိမယံ, အထောပိ ဖလိကာမယံ၊

လောဟိတင်္ဂမယဉ္စေဝ, သဗ္ဗံ ပဋိလဘာမဟံ။

၁၁။ ငါသည် ရွှေဖြင့်ပြီးသော ငွေဖြင့်ပြီးသော ထိုမှတစ်ပါးလည်း ဖန်ဖြင့်ပြီးသော ပတ္တမြား (ကျောက်နီ) ဖြင့်ပြီးသော အရာဝတ္ထုအားလုံးကိုလည်း ရရှိပေ၏။

၁၂။ ‘‘ကောသေယျကမ္ဗလိယာနိ, ခေါမကပ္ပါသိကာနိ စ၊

မဟဂ္ဃါနိ စ ဝတ္ထာနိ, သဗ္ဗံ ပဋိလဘာမဟံ။

၁၂။ ငါသည် ပိုးထည်, ကမ္ဗလာထည်တို့ကို လည်းကောင်း၊ ခေါမတိုင်းဖြစ် အထည်တို့ကို လည်းကောင်း၊ ဝါချည်တို့ကို လည်းကောင်း၊ အဖိုးများစွာ ထိုက်ကုန်သော အထည် (အဝတ်) တို့ကို လည်းကောင်းဤအထည်အားလုံးကိုလည်း ရရှိပေ၏။

စာ-၂၀၀

၁၃။ ‘‘အန္နံ ပါနံ ခါဒနီယံ, ဝတ္ထသေနာသနာနိ စ၊

သဗ္ဗမေတံ ပဋိလဘေ, ဥပေါသထဿိဒံ ဖလံ။

၁၃။ ငါသည် ထမင်းကိုလည်းကောင်း၊ အဖျော်ကိုလည်းကောင်း၊ ခဲဖွယ်ကိုလည်းကောင်း၊ အဝတ်, အိပ်ရာ, နေရာတို့ကို လည်းကောင်း ဤအားလုံးကိုလည်း ရရှိပေ၏။ ဤသို့ ဖြစ်ရခြင်းသည် ဥပုသ် (ကျင့်သုံးခြင်း) ၏ အကျိုးပေတည်း။

၁၄။ ‘‘ဝရဂန္ဓဉ္စ မာလဉ္စ, စုဏ္ဏကဉ္စ ဝိလေပနံ၊

သဗ္ဗမေတံ ပဋိလဘေ, ဥပေါသထဿိဒံ ဖလံ။

၁၄။ ကောင်းမြတ်သော နံ့သာကိုလည်းကောင်း၊ ပန်းကိုလည်းကောင်း၊ ကသယ် (နံ့သာ) မှုန့်ကိုလည်းကောင်း၊ နံ့သာပျောင်းကိုလည်းကောင်း ဤအားလုံးကိုလည်း ရရှိပေ၏။ ဤသို့ဖြစ်ရခြင်းသည် ဥပုသ် (ကျင့်သုံးခြင်း) ၏ အကျိုးပေတည်း။

၁၅။ ‘‘ကူဋာဂါရဉ္စ ပါသာဒံ, မဏ္ဍပံ ဟမ္မိယံ ဂုဟံ၊

သဗ္ဗမေတံ ပဋိလဘေ, ဥပေါသထဿိဒံ ဖလံ။

၁၅။ အထွတ်တပ်သော အိမ်ကိုလည်းကောင်း၊ ပြာသာဒ်ကိုလည်းကောင်း၊ မဏ္ဍပ်ကို လည်းကောင်း၊ ပြာသာဒ်ဦးပြည်းကိုလည်းကောင်း၊ လိုဏ်ဂူ (ဥမင်) ကိုလည်းကောင်း ဤ အားလုံးကိုလည်း ရရှိပေ၏။ ဤသို့ ဖြစ်ရခြင်းသည် ဥပုသ် (ကျင့်သုံးခြင်း) ၏ အကျိုးပေ တည်း။

၁၆။ ‘‘ဇာတိယာ သတ္တဝဿာဟံ, ပဗ္ဗဇိံ အနဂါရိယံ၊

အဍ္ဎမာသေ အသမ္ပတ္တေ, အရဟတ္တမပါပုဏိံ။

၁၆။ ငါသည် မွေးဖွားသည်မှ ခုနစ်နှစ်သာ ရှိသေးလျက် ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏၊ လခွဲမရောက်မီ အရဟတ္တဖိုလ်သို့ ရောက်ခဲ့၏။

၁၇။ ‘‘ကိလေသာ ဈာပိတာ မယှံ, ဘဝါ သဗ္ဗေ သမူဟတာ၊

သဗ္ဗာသဝပရိက္ခီဏာ, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။

၁၇။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးတို့ကို ပယ်နုတ်အပ်ကုန်ပြီ၊ အလုံးစုံသော အာသဝေါတို့ ကုန်ခန်းကုန်ပြီ၊ ယခုအခါ ဘဝသစ်၌ တစ်ဖန် ဖြစ်ခြင်းမရှိတော့ပြီ။

၁၈။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ကမ္မမကရိံ တဒါ၊

ဒုဂ္ဂတိံ နာဘိဇာနာမိ, ဥပေါသထဿိဒံ ဖလံ။

၁၈။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ဥပုသ်စောင့်မှုကို ပြုခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ‘ဒုဂ္ဂတိ’ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဥပုသ် (ကျင့်သုံးခြင်း) ၏အကျိုးပေတည်း။

၁၉။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝါ။

၁၉။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။

၂၀။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။

၂၀။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။ပ။ အဆုံးအမတော် ကို လိုက်နာပြုကျင့်အပ်ပါပြီ။

၂၁။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။

ဣတ္ထံ သုဒံ ဧကူပေါသထိကာ ဘိက္ခုနီ ဣမာ ဂါထာယော အဘာသိတ္ထာတိ။

ဧကူပေါသထိကာထေရိယာပဒါနံ ပဌမံ။

၂၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် ဧကူပေါသထိကာရဟန်းမသည် ဤဂါထာတို့ကို မိန့်ဆိုခဲ့၏။ ။ ရှေးဦးစွာသော ဧကူပေါသထိကာထေရီအပဒါန ပြီး၏။

အရင်းအမြစ်များ

မြန်မာပြန်
ပါဠိတော် မြန်မာပြန် — Ven. Ashin Neminda's MyanmarTipitaka Micro collection

ကျမ်းကိုးကား

  1. Vipassana Research Institute. (n.d.). 1. Sumedhāvaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#545
  2. Vipassana Research Institute. (n.d.). 2. Ekūposathikavaggo (Suttapiṭaka, Khuddakanikāya, Therāpadānapāḷi). In Chaṭṭha Saṅgāyana Tipiṭaka. Retrieved October 27, 2026, from https://tipitaka.org/romn/#546