အပဒါနပါဠိ (ဒု)
ပါဠိ စကားလုံးကို နှိပ်၍ အဘိဓာန် အဓိပ္ပာယ် ကြည့်နိုင်သည်။
၂။ သဠလပုပ္ဖိကာထေရီအပဒါန
၂၂။ ‘‘စန္ဒဘာဂါနဒီတီရေ, အဟောသိံ ကိန္နရီ တဒါ၊
အဒ္ဒသာဟံ ဒေဝဒေဝံ, စင်္ကမန္တံ နရာသဘံ။
၂-သဠလပုပ္ဖိကာထေရီအပဒါန ၂၂။ ထိုအခါ ငါသည် စန္ဒဘာဂါမြစ်ကမ်းအနီး၌ ကိန္ဒရီမ ဖြစ်ခဲ့၏၊ လူတို့ထက်မြတ်၍နတ်ထက်နတ်ဖြစ်တော်မူသော မြတ်စွာဘုရား စင်္ကြံကြွနေတော်မူသည်ကို ဖူးမြင်ရ၏။
၂၃။ ‘‘ဩစိနိတွာန သဠလံ, ဗုဒ္ဓသေဋ္ဌဿဒါသဟံ၊
ဥပသိင်္ဃိ မဟာဝီရော, သဠလံ ဒေဝဂန္ဓိကံ။
၂၃။ ငါသည် ထင်းရှူးပန်းကို ဆွတ်ခူး၍ ဘုရားမြတ်အား ပေးလှူခဲ့၏၊ မြတ်စွာဘုရား သည်နတ်ရနံ့ရှိသော ထင်းရှူးပန်းကို နမ်းရှူတော်မူ၏။
၂၄။ ‘‘ပဋိဂ္ဂဟေတွာ သမ္ဗုဒ္ဓေါ, ဝိပဿီ လောကနာယကော၊
ဥပသိင်္ဃိ မဟာဝီရော, ပေက္ခမာနာယ မေ တဒါ။
၂၄။ ထိုအခါ ကြီးမားသော လုံ့လရှိတော်မူသော လောက၏ ရှေ့သွား ဝိပဿီမြတ်စွာ ဘုရားသည် အလှူခံတော်မူပြီးလျှင် ငါကြည့်ရှုစဥ် နမ်းရှူတော်မူ၏။
၂၅။ ‘‘အဉ္ဇလိံ ပဂ္ဂဟေတွာန, ဝန္ဒိတွာ ဒွိပဒုတ္တမံ [ဒိပဒုတ္တမံ (သီ။ သျာ။ ပီ။)]၊
သကံ စိတ္တံ ပသာဒေတွာ, တတော ပဗ္ဗတမာရုဟိံ။
၂၅။ ငါသည် လက်အုပ်ချီ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် မိမိစိတ်ကို ကြည်လင်စေလျက် ထိုအရပ်မှတောင်သို့ တက်ခဲ့၏။
၂၆။ ‘‘ဧကနဝုတိတော ကပ္ပေ, ယံ ပုပ္ဖမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဗုဒ္ဓပူဇာယိဒံ ဖလံ။
၂၆။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပန်းပွင့်ကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဘူးပေ။ ဤသို့ ဖြစ်ရခြင်းသည် မြတ်စွာ ဘုရားအားပူဇော်ရခြင်း၏ အကျိုးပေတည်း။
၂၇။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝါ။
၂၇။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၂၈။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၂၈။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။ပ။ အဆုံးအမတော် ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၂၉။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ သဠလပုပ္ဖိကာ ဘိက္ခုနီ ဣမာ ဂါထာယော အဘာသိတ္ထာတိ။
သဠလပုပ္ဖိကာထေရိယာပဒါနံ ဒုတိယံ။
၂၉။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် သဠလပုပ္ဖိကာရဟန်းမသည် ဤဂါထာတို့ကို မိန့်ဆိုခဲ့၏။ ။ နှစ်ခုမြောက် သဠလပုပ္ဖိကာထေရီအပဒါန ပြီး၏။
၃။ မောဒကဒါယိကာထေရီအပဒါန
၃၀။ ‘‘နဂရေ ဗန္ဓုမတိယာ, ကုမ္ဘဒါသီ အဟောသဟံ၊
မမ ဘာဂံ ဂဟေတွာန, ဂစ္ဆံ ဥဒကဟာရိကာ [ဥဒကဟာရိကံ (သီ။), ဥဒကဟာရိကေ (သျာ။)]။
၃-မောဒကဒါယိကာထေရီအပဒါန ၃၀။ ငါသည် ဗန္ဓုမတီမြို့၌ အိုးရွက်ကျွန်မ ဖြစ်ခဲ့၏၊ ငါသည် ငါ၏ ဝေစုအဖို့ကို ယူ၍ ရေခပ်ရန်သွားလတ်သော် -
၃၁။ ‘‘ပန္ထမှိ သမဏံ ဒိသွာ, သန္တစိတ္တံ သမာဟတံ၊
ပသန္နစိတ္တာ သုမနာ, မောဒကေ တီဏိဒါသဟံ။
၃၁။ လမ်းခရီး၌ ငြိမ်သက်သော စိတ်ရှိသော တည်ကြည်သော ရဟန်းကို ဖူးမြင်ရသည် ရှိသော် ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ကတွတ် (လဍူး) မုန့် သုံးခုတို့ကို လှူဒါန်းခဲ့၏။
၃၂။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဧကနဝုတိကပ္ပါနိ [ဧကူနတိံသကပ္ပါနိ (သျာ။)], ဝိနိပါတံ နဂစ္ဆဟံ။
၃၂။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း၊ ကိုးဆယ့်တစ်ကမ္ဘာတို့ပတ်လုံး ငါသည် ဖရိုဖရဲ ပျက်စီးကျရာ ငရဲသို့ မရောက်ခဲ့ရပေ။
၃၃။ ‘‘သမ္ပတ္တိ တံ [သမ္ပတ္တိဉ္စ (သျာ။), သမ္ပတ္တိကံ (က။)] ကရိတွာန, သဗ္ဗံ အနုဘဝိံ အဟံ၊
မောဒကေ တီဏိ ဒတွာန, ပတ္တာဟံ အစလံ ပဒံ။
၃၃။ ငါသည် စည်းစိမ်ရှိသည်၏အဖြစ်ကို ပြုလုပ်၍ အလုံးစုံသောစည်းစိမ်ကို ခံစားခဲ့၏၊ ငါသည်ကတွတ်မုန့်သုံးခုတို့ကို လှူခဲ့ခြင်းကြောင့် တုန်လှုပ်ခြင်း မရှိသော နိဗ္ဗာန်သို့ ရောက်ရ ပေ၏။
၃၄။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝါ။
၃၄။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၃၅။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၃၅။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။ပ။ အဆုံးအမတော် ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၃၆။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ မောဒကဒါယိကာ ဘိက္ခုနီ ဣမာ ဂါထာယော အဘာသိတ္ထာတိ။
မောဒကဒါယိကာထေရိယာပဒါနံ တတိယံ။
၃၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် မောဒကဒါယိကာရဟန်းမသည် ဤဂါထာတို့ကို မိန့်ဆိုခဲ့၏။ ။ သုံးခုမြောက် မောဒကဒါယိကာထေရီအပဒါန ပြီး၏။
၄။ ဧကာသနဒါယိကာထေရီအပဒါန
၃၇။ ‘‘နဂရေ ဟံသဝတိယာ, အဟောသိံ ဗာလိကာ [မာလိကာ (သျာ။ ပီ။)] တဒါ၊
မာတာ စ မေ ပိတာ စေဝ, ကမ္မန္တံ အဂမံသု တေ။
၄-ဧကာသနဒါယိကာထေရီအပဒါန ၃၇။ ငါသည် ဟံသာဝတီမြို့၌ ကလေးသူငယ်မ ဖြစ်ခဲ့၏၊ ထိုအခါ ငါ၏ အမိသည်လည်းကောင်း၊ အဖသည်လည်းကောင်း ထိုအမိ, အဖတို့သည် အလုပ်လုပ်ရာဌာနသို့ သွားကုန်၏။
၃၈။ ‘‘မဇ္ဈနှိကမှိ သူရိယေ, အဒ္ဒသံ သမဏံ အဟံ၊
ဝီထိယာ အနုဂစ္ဆန္တံ, အာသနံ ပညပေသဟံ။
၃၈။ နေသည် မွန်းတည့်လတ်သော် ငါသည် လမ်းခရီး၌ ကြွသွားတော်မူသော ရဟန်း မြတ် ဖြစ်သောမြတ်စွာဘုရားကို ဖူးမြင်ရ၏။ (ဖူးမြင်ရ၍ နေရာကို ခင်းခဲ့၏)။
၃၉။ ‘‘ဂေါနကာဝိကတိကာဟိ [ဂေါနကစိတ္တကာဒီဟိ (သီ။)], ပညပေတွာ မမာသနံ၊
ပသန္နစိတ္တာ သုမနာ, ဣဒံ ဝစနမဗြဝိံ။
၃၉။ ငါ၏ နေရာကို မွေးရှည်ကော်ဇောအရုပ်တို့ဖြင့် ဆန်းကြယ်သော အခင်းတို့ဖြင့် ခင်း၍ကြည်ညိုဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်၍ ဤစကားကို လျှောက်ထားခဲ့၏-
၄၀။ ‘‘‘သန္တတ္တာ ကုထိတာ ဘူမိ, သူရော မဇ္ဈနှိကေ ဌိတော၊
မာလုတာ စ န ဝါယန္တိ, ကာလော စေဝေတ္ထ မေဟိတိ [စေတ္ထ ဥပဋ္ဌိတော (သီ။), စေဝတ္ထံ ဧတိ တံ (ပီ။)]။
၄၀။ မြေကြီးသည် ပူပြင်း၏၊ ကျိုက်ကျိုက်ဆူ၏၊ နေသည် မွန်းတည့်ချိန်၌ တည်၏၊ လေတို့သည်လည်းမတိုက်ခတ်ပါကုန်၊ ဆွမ်းစားချိန်လည်း တန်နေပါပြီ၊ အကျွန်ုပ်၏ ဤ နေရာသို့ ကြွလာတော်မူပါလော့။
၄၁။ ‘‘‘ပညတ္တမာသနမိဒံ, တဝတ္ထာယ မဟာမုနိ၊
အနုကမ္ပံ ဥပါဒါယ, နိသီဒ မမ အာသနေ’။
၄၁။ မြတ်စွာဘုရား အရှင်ဘုရား၏ အကျိုးငှါ ဤနေရာကို ခင်းထားပါ၏၊ အစဥ်သနား ခြင်းကိုအကြောင်းပြု၍ အကျွန်ုပ်၏ နေရာ၌ ထိုင်တော်မူပါ (ဟု ဤစကားကို လျှောက်ထား ခဲ့၏)။
၄၂။ ‘‘နိသီဒိ တတ္ထ သမဏော, သုဒန္တော သုဒ္ဓမာနသော၊
တဿ ပတ္တံ ဂဟေတွာန, ယထာရန္ဓံ အဒါသဟံ။
၄၂။ လွန်စွာ ယဥ်ကျေးတော်မူသော စင်ကြယ်သော စိတ်ရှိတော်မူသော မြတ်စွာဘုရား သည် ထိုနေရာ၌ထိုင်တော်မူ၏၊ ငါသည် ထိုမြတ်စွာဘုရား၏ သပိတ်ကို ယူ၍ ချက်ပြုတ်ထား သော စားဖွယ်ကိုလှူဒါန်းခဲ့၏။
၄၃။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၄၃။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ရပေ၏။
၄၄။ ‘‘တတ္ထ မေ သုကတံ ဗျမှံ, အာသနေန သုနိမ္မိတံ၊
သဋ္ဌိယောဇနမုဗ္ဗေဓံ, တိံသယောဇနဝိတ္ထတံ။
၄၄။ ထိုဘုံ၌ ကောင်းစွာ ပြုအပ်သော ငါ၏ ဗိမာန်ကို နေရာဖြင့် ကောင်းစွာ ဖန်ဆင်း ထားပေ၏၊ ယူဇနာခြောက်ဆယ် မြင့်၏၊ ယူဇနာသုံးဆယ် ကျယ်ပြန့်၏။
၄၅။ ‘‘သောဏ္ဏမယာ မဏိမယာ, အထောပိ ဖလိကာမယာ၊
လောဟိတင်္ဂမယာ စေဝ, ပလ္လင်္ကာ ဝိဝိဓာ မမ။
၄၅။ ရွှေဖြင့်ပြီးသော, ပတ္တမြားဖြင့်ပြီးသော, ထိုမှတစ်ပါး ဖလ်ဖြင့်ပြီးသော, ကျောက်နီ ဖြင့်လည်းပြီးကုန်သော ပလ္လင်တို့သည် ငါ့အား အမျိုးမျိုး ရှိကုန်၏။
၄၆။ ‘‘တူလိကာ ဝိကတိကာဟိ, ကဋ္ဋိဿစိတ္တကာဟိ စ၊
ဥဒ္ဒဧကန္တလောမီ စ, ပလ္လင်္ကာ မေ သုသဏ္ဌိတာ [သုသန္ထတာ (သီ။)]။
၄၆။ လဲမွေ့ရာအခင်း၊ အရုပ်တို့ဖြင့် ဆန်းကြယ်သော အခင်းတို့ဖြင့်လည်းကောင်း၊ ရတနာတို့ဖြင့်ချုပ်သော ပိုးချည်အခင်း၊ ဆန်းကြယ်သော သားမွေးအခင်းတို့ဖြင့်လည်းကောင်း၊ နှစ်ဖက်အမွေးရှိသောသားမွေးအခင်း၊ တစ်ဖက်အမွေးရှိသော သားမွေးအခင်း တို့ဖြင့်လည်းကောင်း ငါ၏ ပလ္လင်တို့သည်ကောင်းစွာ တည်လျက် ရှိကုန်၏။
၄၇။ ‘‘ယဒါ ဣစ္ဆာမိ ဂမနံ, ဟာသခိဍ္ဍသမပ္ပိတာ၊
သဟ ပလ္လင်္ကသေဋ္ဌေန, ဂစ္ဆာမိ မမ ပတ္ထိတံ။
၄၇။ အကြင်အခါ ငါသည် သွားခြင်းကို အလိုရှိ၏၊ ထိုအခါ ရယ်ရွှင်မြူးထူးခြင်းနှင့် ပြည့်စုံလျက်ပလ္လင်မြတ်နှင့်တကွ ငါ၏ တောင့်တရာအရပ်သို့ သွားရပေ၏။
၄၈။ ‘‘အသီတိ ဒေဝရာဇူနံ, မဟေသိတ္တမကာရယိံ၊
သတ္တတိ စက္ကဝတ္တီနံ, မဟေသိတ္တမကာရယိံ။
၄၈။ ရှစ်ကျိပ်သော နတ်မင်းတို့၏ မိဖုရားအဖြစ်ကို ပြုခဲ့ရပေ၏၊ ခုနစ်ကျိပ်သော စကြဝတေးမင်းတို့၏မိဖုရားအဖြစ်ကိုလည်း ပြုခဲ့ရပေ၏။
၄၉။ ‘‘ဘဝါဘဝေ သံသရန္တီ, မဟာဘောဂံ လဘာမဟံ၊
ဘောဂေ မေ ဦနတာ နတ္ထိ, ဧကာသနဿိဒံ ဖလံ [ဧကာသနဖလံ ဣဒံ (သဗ္ဗတ္ထ) ဧဝမုပရိပိ]။
၄၉။ ငါသည် ဘဝကြီးငယ်၌ ကျင်လည်ရသည်ရှိသော် များမြတ်သော စည်းစိမ်ဥစ္စာကို ရရှိပေ၏၊ ငါ့အားစည်းစိမ်ဥစ္စာ၌ ယုတ်လျော့သည်၏အဖြစ် မရှိချေ။ ဤသို့ဖြစ်ရခြင်းသည် တစ်ခုသော နေရာကိုခင်းလှူခြင်း၏ အကျိုးပေတည်း။
၅၀။ ‘‘ဒုဝေ ဘဝေ သံသရာမိ, ဒေဝတ္တေ အထ မာနုသေ၊
အညေ ဘဝေ န ဇာနာမိ, ဧကာသနဿိဒံ ဖလံ။
၅၀။ နတ်ဘဝ, လူဘဝဟူသော ဘဝနှစ်ပါး၌ ကျင်လည်ရပေ၏၊ အခြားတစ်ပါးသော ဘဝတို့ကိုမသိရပေ။ ဤသို့ ဖြစ်ရခြင်းသည် တစ်ခုသော နေရာကို ခင်းလှူခြင်း၏ အကျိုး ပေတည်း။
၅၁။ ‘‘ဒုဝေ ကုလေ ပဇာယာမိ, ခတ္တိယေ စာပိ ဗြာဟ္မဏေ၊
ဥစ္စာကုလီနာ [ဥစ္စာကုလိကာ (သျာ။ ပီ။ က။)] သဗ္ဗတ္ထ, ဧကာသနဿိဒံ ဖလံ။
၅၁။ မင်းမျိုး, ပုဏ္ဏားမျိုးဟူသော အမျိုးနှစ်ပါး၌ ဖြစ်ရပေ၏၊ အလုံးစုံသော ဘဝတို့၌ မြင့်မြတ်သောအမျိုး၌ ဖြစ်ရပေ၏။ ဤသို့ ဖြစ်ရခြင်းသည် တစ်ခုသော နေရာကို ခင်းလှူ ခြင်း၏ အကျိုးပေတည်း။
၅၂။ ‘‘ဒေါမနဿံ န ဇာနာမိ, စိတ္တသန္တာပနံ မမ၊
ဝေဝဏ္ဏိယံ န ဇာနာမိ, ဧကာသနဿိဒံ ဖလံ။
၅၂။ ငါ၏ စိတ်ကို ပူလောင်စေတတ်သော စိတ်ဆင်းရဲခြင်းကို မသိရပေ၊ အဆင်းမလှ ခြင်းကိုမသိရပေ။ ဤသို့ ဖြစ်ရခြင်းသည် တစ်ခုသော နေရာကို ခင်းလှူခြင်း၏ အကျိုးပေ တည်း။
၅၃။ ‘‘ဓာတိယော မံ ဥပဋ္ဌန္တိ, ခုဇ္ဇာ စေလာပိကာ [ခေလာပိကာ (သီ။), စေလာဝိကာ (ပီ။)] ဗဟူ၊
အင်္ကေန အင်္ကံ ဂစ္ဆာမိ, ဧကာသနဿိဒံ ဖလံ။
၅၃။ အထိန်းတို့သည် ငါ့ကို ခစားလုပ်ကျွေးကြရကုန်၏၊ ကုန်းကွသောသူ, အစေအပါး ဖြစ်သူတို့သည်များပြားကုန်၏၊ ရင်ခွင်တစ်ခုမှ ရင်ခွင်တစ်ခုသို့ ပြောင်းသွားရပေ၏။ ဤသို့ ဖြစ်ရခြင်းသည် တစ်ခုသောနေရာကို ခင်းလှူခြင်း၏ အကျိုးပေတည်း။
၅၄။ ‘‘အညာ နှာပေန္တိ ဘောဇေန္တိ, အညာ ရမေန္တိ မံ သဒါ၊
အညာ ဂန္ဓံ ဝိလိမ္ပန္တိ, ဧကာသနဿိဒံ ဖလံ [အညာ မမေဝ နှာပေန္တိ, အညာ ဘောဇေန္တိ ဘောဇနံ၊ အညာ မံ အလင်္ကရောန္တိ, အညာ ရမေန္တိ မံ သဒ္ဓါ၊ (သျာ။)]။
၅၄။ အချို့သူတို့သည် (ငါ့ကို) ရေချိုးပေးကုန်၏၊ အချို့သူတို့သည် (ငါ့ကို) ကျွေးမွေးကုန်၏၊ အချို့သူတို့သည် ငါ့ကို အခါခပ်သိမ်း ပျော်မွေ့စေကုန်၏၊ အချို့သူတို့သည် နံ့သာ ကို (ငါ့အား) လိမ်းကျံပေးကုန်၏။ ဤသို့ ဖြစ်ရခြင်းသည် တစ်ခုသော နေရာကို ခင်းလှူခြင်း၏ အကျိုးပေတည်း။
၅၅။ ‘‘မဏ္ဍပေ ရုက္ခမူလေ ဝါ, သုညာဂါရေ ဝသန္တိယာ၊
မမ သင်္ကပ္ပမညာယ, ပလ္လင်္ကော ဥပတိဋ္ဌတိ။
၅၅။ မဏ္ဍပ်၌လည်းကောင်း၊ သစ်ပင်ရင်း၌လည်းကောင်း၊ ဆိတ်ငြိမ်ရာ၌လည်းကောင်း နေလတ်သော် ငါ၏ စိတ်အကြံကို သိ၍ ပလ္လင်သည် ရှေ့ရှုတည်လာ၏။
၅၆။ ‘‘အယံ ပစ္ဆိမကော မယှံ, စရိမော ဝတ္တတေ ဘဝေါ၊
အဇ္ဇာပိ ရဇ္ဇံ ဆဍ္ဍေတွာ, ပဗ္ဗဇိံ အနဂါရိယံ။
၅၆။ ဤဘဝသည် ငါ့အား နောက်ဆုံးဖြစ်သော ဘဝဖြစ်ပေ၏၊ ဤယခုဘဝ၌လည်း မင်း (မိဖုရား) အဖြစ်ကို စွန့်ပယ်၍ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏။
၅၇။ ‘‘သတသဟဿိတော ကပ္ပေ, ယံ ဒါနမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ဧကာသနဿိဒံ ဖလံ။
၅၇။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိရပေ။ ဤသို့ ဖြစ်ရခြင်းသည်တစ်ခုသော နေရာကို ခင်းလှူခြင်း၏ အကျိုးပေတည်း။
၅၈။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝါ။
၅၈။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၅၉။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၅၉။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။ပ။ အဆုံးအမ တော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၆၀။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ ဧကာသနဒါယိကာ ဘိက္ခုနီ ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ဧကာသနဒါယိကာထေရိယာပဒါနံ စတုတ္ထံ။
၆၀။ လေးပါးသော ပဋိသမ္ဘိ ဒါတို့ကိုလည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် ဧကာသနဒါယိကာရဟန်းမသည် ဤဂါထာတို့ကို မိန့်ဆိုခဲ့၏။ ။ လေးခုမြောက် ဧကာသနဒါယိကာထေရီအပဒါန ပြီး၏။
၅။ ပဉ္စဒီပဒါယိကာထေရီအပဒါန
၆၁။ ‘‘နဂရေ ဟံသဝတိယာ, စာရိကီ [စာရိကာ (သီ။ သျာ။)] အာသဟံ တဒါ၊
အာရာမေန စ အာရာမံ [အာရာမေန ဝိဟာရေန (သျာ။ ပီ။)], စရာမိ ကုသလတ္ထိကာ။
၅-ပဥ္စဒီပဒါယိကာထေရီအပဒါန ၆၁။ ငါသည် ဟံသာဝတီမြို့၌ လှည့်လည်လေ့ရှိသူ ဖြစ်၏၊ ထိုအခါ ငါသည် ကုသိုလ်ကိုအလိုရှိသည်ဖြစ်၍ အရံတစ်ခုမှ အရံတစ်ခုသို့ လှည့်လည်၏။
၆၂။ ‘‘ကာဠပက္ခမှိ ဒိဝသေ, အဒ္ဒသံ ဗောဓိမုတ္တမံ၊
တတ္ထ စိတ္တံ ပသာဒေတွာ, ဗောဓိမူလေ နိသီဒဟံ။
၆၂။ လဆုတ်ပက္ခ လကွယ်နေ့၌ (ထင်းရှူး) ဗောဓိပင်မြတ်ကို ဖူးမြင်ရ၏၊ ထိုဗောဓိပင်၌ စိတ်ကိုကြည်လင်စေ၍ ဗောဓိပင်ရင်း၌ ထိုင်နေ၏။
၆၃။ ‘‘ဂရုစိတ္တံ ဥပဋ္ဌေတွာ, သိရေ ကတွာန အဉ္ဇလိံ၊
သောမနဿံ ပဝေဒေတွာ, ဧဝံ စိန္တေသိ တာဝဒေ။
၆၃။ ထိုအခါ လေးစားသော စိတ်ကို ဖြစ်စေ၍ ဦးခေါင်း၌ လက်အုပ်ချီပြီးလျှင် ဝမ်း မြောက်ခြင်းကို့ဖြစ်စေလျက် ဤသို့ ကြံစည်ခဲ့၏-
၆၄။ ‘‘‘ယဒိ ဗုဒ္ဓေါ အမိတဂုဏော, အသမပ္ပဋိပုဂ္ဂလော၊
ဒဿေတု ပါဋိဟီရံ မေ, ဗောဓိ ဩဘာသတု အယံ’။
၆၄။ အကယ်၍ မြတ်စွာဘုရားသည် မနှိုင်းယှဥ်နိုင်သော ဂုဏ်ရှိသောပုဂ္ဂိုလ်, အတုမရှိ ပြိုင်ဘက်မရှိသောပုဂ္ဂိုလ်ဖြစ်ပါမူ ဤဗောဓိပင်သည် ငါ့အား တန်ခိုးပြာဋိဟာကို ပြပါစေ သတည်း၊ ဤဗောဓိပင်သည်ထွန်းလင်းပါစေသတည်း (ဟု ကြံစည်ဆင်ခြင်၏)။
၆၅။ ‘‘သဟ အာဝဇ္ဇိတေ မယှံ, ဗောဓိ ပဇ္ဇလိ တာဝဒေ၊
သဗ္ဗသောဏ္ဏမယာ အာသိ, ဒိသာ သဗ္ဗာ ဝိရောစတိ။
၆၅။ ထိုအခါ ငါ ကြံစည်သည်နှင့် တစ်ပြိုင်နက် ဗောဓိပင်သည် ထွန်းလင်းတောက်ပ၏၊ အလုံးစုံရွှေဖြင့်ပြီးလေ၏၊ အရပ်မျက်နှာအားလုံး တောက်ပတင့်တယ်၏။
၆၆။ ‘‘သတ္တရတ္တိန္ဒိဝံ တတ္ထ, ဗောဓိမူလေ နိသီဒဟံ၊
သတ္တမေ ဒိဝသေ ပတ္တေ, ဒီပပူဇံ အကာသဟံ။
၆၆။ ငါသည် ခုနစ်ညဥ့်, ခုနစ်နေ့တို့ပတ်လုံး ထိုဗောဓိပင်ရင်း၌ ထိုင်နေခဲ့၏၊ ခုနစ်ရက် မြောက်နေ့ရောက်လတ်သော် ဆီမီးပူဇော်ခြင်းကို ပြုခဲ့၏။
၆၇။ ‘‘အာသနံ ပရိဝါရေတွာ, ပဉ္စ ဒီပါနိ ပဇ္ဇလုံ၊
ယာဝ ဥဒေတိ သူရိယော, ဒီပါ မေ ပဇ္ဇလုံ တဒါ။
၆၇။ ထိုအခါ (ဗောဓိပင်၏) နေရာကို ဝန်းရံ၍ ဆီမီးငါးတိုင်တို့သည် ထွန်းလင်း တောက်ပကုန်၏၊ နေတက်သည့်တိုင်အောင် ငါ၏ ဆီမီးတိုင်တို့သည် တောက်ပလျက် ရှိကုန်၏။
၆၈။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၆၈။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် တာဝတိံ သာဘုံသို့ ရောက်ခဲ့၏။
၆၉။ ‘‘တတ္ထ မေ သုကတံ ဗျမှံ, ပဉ္စဒီပါတိ ဝုစ္စတိ၊
သဋ္ဌိယောဇနမုဗ္ဗေဓံ, တိံသယောဇနဝိတ္ထတံ။
၆၉။ ထိုဘုံ၌ ငါ၏ ကောင်းစွာ ပြုအပ်သော ဗိမာန်ကို “ပဉ္စဒီပ”ဟူ၍ ခေါ်ဆိုအပ်၏၊ (ထိုဗိမာန်သည်) ယူဇနာခြောက်ဆယ် အစောက်မြင့်၏၊ ယူဇနာသုံးဆယ် ကျယ်ပြန့်၏။
၇၀။ ‘‘အသင်္ခိယာနိ ဒီပါနိ, ပရိဝါရေ ဇလိံသု မေ၊
ယာဝတာ ဒေဝဘဝနံ, ဒီပါလောကေန ဇောတတိ။
၇၀။ မရေမတွက်နိုင်ကုန်သော ဆီမီးတိုင်တို့သည် ငါ့အား ဝန်းရံကုန်လျက် တောက်ပကုန်၏၊ နတ်ဘုံရှိသလောက် ဆီမီးရောင်ဖြင့် ထွန်းလင်းလေ၏။
၇၁။ ‘‘ပရမ္မုခါ [ပုဗ္ဗမုခါ (သျာ။)] နိသီဒိတွာ, ယဒိ ဣစ္ဆာမိ ပဿိတုံ၊
ဥဒ္ဓံ အဓော စ တိရိယံ, သဗ္ဗံ ပဿာမိ စက္ခုနာ။
၇၁။ ငါသည် မျက်ကွယ်၌ ထိုင်နေလျက် အကယ်၍ ကြည့်ရှုရန် အလိုရှိအံ့။ အထက်, အောက်, ဖီလာအားလုံးကိုပင် မျက်စိဖြင့် မြင်ရပေ၏။
၇၂။ ‘‘ယာဝတာ အဘိကင်္ခါမိ, ဒဋ္ဌုံ သုဂတဒုဂ္ဂတေ [သုကတဒုက္ကဋေ (ပီ။)]၊
တတ္ထ အာဝရဏံ နတ္ထိ, ရုက္ခေသု ပဗ္ဗတေသု ဝါ။
၇၂။ အကြင်မျှလောက် ကောင်းသောလားရာဂတိရှိသူ, မကောင်းသောလားရာဂတိ ရှိသူတို့ကိုကြည့်ရှုရန် (အကယ်၍) အလိုရှိမူ ထိုအရပ်၌ သစ်ပင်တို့ကြောင့်လည်းကောင်း၊ တောင်တို့ကြောင့်လည်းကောင်း ပိတ်ပင်ခြင်းသည် မရှိချေ။
၇၃။ ‘‘အသီတိ ဒေဝရာဇူနံ, မဟေသိတ္တမကာရယိံ၊
သတာနံ စက္ကဝတ္တီနံ, မဟေသိတ္တမကာရယိံ။
၇၃။ ရှစ်ကျိပ်သော နတ်မင်းတို့၏ မိဖုရားအဖြစ်ကို ပြုခဲ့ရ၏၊ တစ်ရာသော စကြဝတေး မင်းတို့၏မိဖုရားအဖြစ်ကိုလည်း ပြုခဲ့ရ၏။
၇၄။ ‘‘ယံ ယံ ယောနုပပဇ္ဇာမိ, ဒေဝတ္တံ အထ မာနုသံ၊
ဒီပသတသဟဿာနိ, ပရိဝါရေ ဇလန္တိ မေ။
၇၄။ ကပ်ရောက်ရတိုင်းသော လူ့အဖြစ်, နတ်အဖြစ်ဟူသမျှတို့၌ ဆီမီးတစ်သိန်းတို့သည် ငါ့အားဝန်းရံလျက် တောက်ပကုန်၏။
၇၅။ ‘‘ဒေဝလောကာ စဝိတွာန, ဥပ္ပဇ္ဇိံ မာတုကုစ္ဆိယံ၊
မာတုကုစ္ဆိဂတာ သန္တီ, အက္ခိ မေ န နိမီလတိ။
၇၅။ နတ်ပြည်မှ စုတေ၍ အမိဝမ်း၌ ဖြစ်ခဲ့ရ၏၊ အမိဝမ်းသို့ ရောက်သည် ဖြစ်ပါလျက် ငါ၏ မျက်စိသည်မှိတ်ခြင်း မရှိချေ။
၇၆။ ‘‘ဒီပသတသဟဿာနိ, ပုညကမ္မသမင်္ဂိတာ၊
ဇလန္တိ သူတိကာဂေဟေ, ပဉ္စဒီပါနိဒံ ဖလံ။
၇၆။ ကောင်းမှုကံနှင့် ပြည့်စုံသူ၏ အဖြစ်ကြောင့် ဆီမီးတစ်သိန်းတို့သည် မွေးဖွားရာ အိမ်၌တောက်ပလျက်ရှိကုန်၏။ ဤသို့ ဖြစ်ရခြင်းသည် ဆီမီးငါးတိုင်တို့၏ အကျိုးပေတည်း။
၇၇။ ‘‘ပစ္ဆိမေ ဘဝေ သမ္ပတ္တေ, မာနသံ ဝိနိဝတ္တယိံ၊
အဇရာမတံ သီတိဘာဝံ, နိဗ္ဗာနံ ဖဿယိံ အဟံ။
၇၇။ ငါသည် နောက်ဆုံးဘဝသို့ ရောက်လတ်သော် လူ့ဘဝသို့ ပြန်လည်ခဲ့၏၊ ငါသည် မအိုရာမသေရာဖြစ်၍ ငြိမ်းအေးခြင်းသဘောရှိသော နိဗ္ဗာန်ကို တွေ့မြင်ရပေ၏။
၇၈။ ‘‘ဇာတိယာ သတ္တဝဿာဟံ, အရဟတ္တမပါပုဏိံ၊
ဥပသမ္ပာဒယီ ဗုဒ္ဓေါ, ဂုဏမညာယ ဂေါတမော။
၇၈။ ငါသည် မွေးဖွားသည်မှ ခုနစ်နှစ်သာ ရှိသေးလျက် အရဟတ္တဖိုလ်သို့ ရောက်ခဲ့၏၊ ဂေါတမမြတ်စွာဘုရားသည် (ငါ၏) ဂုဏ်ကို သိတော်မူ၍ ငါ့ကို ရဟန်းပြုပေးတော်မူ၏။
၇၉။ ‘‘မဏ္ဍပေ ရုက္ခမူလေ ဝါ, သုညာဂါရေ ဝသန္တိယာ၊
သဒါ ပဇ္ဇလတေ ဒီပံ, ပဉ္စဒီပါနိဒံ ဖလံ။
၇၉။ မဏ္ဍပ်၌လည်းကောင်း၊ သစ်ပင်ရင်း၌လည်းကောင်း၊ ဆိတ်ငြိမ်ရာ ကျောင်း၌လည်းကောင်းနေသည်ရှိသော် ဆီမီးသည် အခါခပ်သိမ်း တောက်ပ၏။ ဤသို့ ဖြစ်ရခြင်းသည် ဆီမီးငါးတိုင်ပူဇော်ရခြင်း၏ အကျိုးပေတည်း။
၈၀။ ‘‘ဒိဗ္ဗစက္ခု ဝိသုဒ္ဓံ မေ, သမာဓိကုသလာ အဟံ၊
အဘိညာပါရမိပ္ပတ္တာ, ပဉ္စဒီပါနိဒံ ဖလံ။
၈၀။ ငါ၏ ဒိဗ္ဗစက္ခုအဘိညာဥ်သည် အထူးစင်ကြယ်ပေ၏၊ ငါသည် ဈာန်သမာဓိ၌ ကျွမ်း ကျင်လိမ္မာပေ၏၊ အဘိညာဥ်၏ အထွတ်အထိပ်သို့ ရောက်ရပေ၏။ ဤသို့ ဖြစ်ရခြင်းသည် ဆီမီးငါးတိုင့်ပူဇော်ရခြင်း၏ အကျိုးပေတည်း။
၈၁။ ‘‘သဗ္ဗဝေါသိတဝေါသာနာ, ကတကိစ္စာ အနာသဝါ၊
ပဉ္စဒီပါ မဟာဝီရ, ပါဒေ ဝန္ဒာမိ စက္ခုမ။
၈၁။ ကြီးမားသော လုံ့လရှိတော်မူ၍ စက္ခုငါးမျိုးရှိတော်မူသော မြတ်စွာဘုရား အလုံးစုံ သော မဂ်တို့၌ ကျင့်သုံးခြင်းကိစ္စ ပြီးဆုံးသော မဂ်ကိစ္စကို ပြုပြီးသော အာသဝမရှိသော ပဉ္စဒီပါမည်သော တပည့်တော်မသည် အရှင်ဘုရား၏ ခြေတော်တို့ကို ရှိခိုးပါ၏။
၈၂။ ‘‘သတသဟဿိတော ကပ္ပေ, ယံ ဒီပမဒဒိံ တဒါ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, ပဉ္စဒီပါနိဒံ ဖလံ။
၈၂။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဆီမီးတိုင်ကို လှူဒါန်းခဲ့ရသော အခါမှစ၍ မကောင်းမှုပြုသူတို့ လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဆီမီး ငါးတိုင် ပူဇော်ရခြင်း၏အကျိုးပေတည်း။
၈၃။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝါ။
၈၃။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၈၄။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၈၄။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။ပ။ အဆုံးအမ တော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၈၅။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ ပဉ္စဒီပဒါယိကာ ဘိက္ခုနီ ဣမာ ဂါထာယော အဘာသိတ္ထာတိ။
ပဉ္စဒီပဒါယိကာထေရိယာပဒါနံ ပဉ္စမံ။
၈၅။ လေးပါးသော ပဋိသမ္ဘိ ဒါတို့ကိုလည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် ပဉ္စဒီပဒါယိကာရဟန်းမသည် ဤဂါထာတို့ကို မိန့်ဆိုခဲ့၏။ ။ ငါးခုမြောက် ပဉ္စဒီပဒါယိကာထေရီအပဒါန ပြီး၏။
၆။ နဠမာလိကာထေရီအပဒါန
၈၆။ ‘‘စန္ဒဘာဂါနဒီတီရေ, အဟောသိံ ကိန္နရီ တဒါ၊
အဒ္ဒသံ ဝိရဇံ ဗုဒ္ဓံ, သယမ္ဘုံ အပရာဇိတံ။
၆-နဠမာလိကာထေရီအပဒါန ၈၆။ ငါသည် စန္ဒဘာဂါမြစ်ကမ်းအနီး၌ ကိန္နရီ ဖြစ်ခဲ့၏၊ ထိုအခါ အလိုလို ဖြစ်တော် မူသော ရန်သူတို့မအောင်နိုင်သော ကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရပေ၏။
၈၇။ ‘‘ပသန္နစိတ္တာ သုမနာ, ဝေဒဇာတာ ကတဉ္ဇလီ၊
နဠမာလံ ဂဟေတွာန, သယမ္ဘုံ အဘိပူဇယိံ။
၈၇။ ငါသည် ကြည်ညိုဝမ်းမြောက် နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ လက်အုပ်ချီလျက် ကျူပန်းကိုယူပြီးလျှင် မြတ်စွာဘုရားကို ပူဇော်ခဲ့၏။
၈၈။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ ကိန္နရီဒေဟံ [မာနသံ ဒေဟံ (သီ။ ပီ။ က။) သုမေဓာဝဂ္ဂေပိ], တာဝတိံသမဂစ္ဆဟံ။
၈၈။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း ကိန္နရီခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် ငါသည် တာဝတိံ သာဘုံသို့ ရောက်ခဲ့၏။
၈၉။ ‘‘ဆတ္တိံသဒေဝရာဇူနံ, မဟေသိတ္တမကာရယိံ၊
မနသာ ပတ္ထိတံ မယှံ, နိဗ္ဗတ္တတိ ယထိစ္ဆိတံ။
၈၉။ သုံးကျိပ်ခြောက်ယောက်သော နတ်မင်းတို့၏ မိဖုရားအဖြစ်ကို ပြုခဲ့ရပေ၏၊ စိတ်ဖြင့်တောင့်တတိုင်းသော အရာဝတ္ထုသည် အလိုရှိတိုင်း ငါ့အား ဖြစ်လေ၏။
၉၀။ ‘‘ဒသန္နံ စက္ကဝတ္တီနံ, မဟေသိတ္တမကာရယိံ၊
ဩစိတတ္တာဝ [သုစိတတ္တာဝ (ပီ။)] ဟုတွာန, သံသရာမိ ဘဝေသွဟံ။
၉၀။ တစ်ကျိပ်သော စကြဝတေးမင်းတို့၏ မိဖုရားအဖြစ်ကို ပြုခဲ့ရပေ၏၊ ငါသည် ဆည်း ပူးအပ်သောကိုယ်, စိတ်ရှိသည် ဖြစ်၍သာလျှင် ဘဝတို့၌ ကျင်လည်ခဲ့၏။
၉၁။ ‘‘ကုသလံ ဝိဇ္ဇတေ မယှံ, ပဗ္ဗဇိံ အနဂါရိယံ၊
ပူဇာရဟာ အဟံ အဇ္ဇ, သကျပုတ္တဿ သာသနေ။
၉၁။ ငါ့အား ကုသိုလ်သည် ရှိ၏၊ (ထို့ကြောင့်) ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏၊ ငါသည် ယခုသာကီဝင်မင်းသား မြတ်စွာဘုရား၏ သာသနာတော်၌ အပူဇော်ခံထိုက်သော ရဟန္တာဖြစ်ရ၏။
၉၂။ ‘‘ဝိသုဒ္ဓမနသာ အဇ္ဇ, အပေတမနပါပိကာ၊
သဗ္ဗာသဝပရိက္ခီဏာ, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။
၉၂။ ငါသည် ယခု အထူးစင်ကြယ်သော စိတ်ရှိပေ၏၊ ယုတ်မာသော စိတ်မှ ကင်းရှင်း ပေ၏၊ အလုံးစုံသော အာသဝတို့ ကုန်ခန်းပေပြီ၊ ယခုအခါ ဘဝသစ်၌ တစ်ဖန် ဖြစ်ရခြင်း မရှိတော့ပြီ။
၉၃။ ‘‘စတုန္နဝုတိတော ကပ္ပေ, ယံ ဗုဒ္ဓမဘိပူဇယိံ၊
ဒုဂ္ဂတိံ နာဘိဇာနာမိ, နဠမာလာယိဒံ ဖလံ။
၉၃။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ မြတ်စွာဘုရားကို ပူဇော်ခဲ့ရသော အခါမှစ၍မကောင်းမှု ပြုသူတို့ လားရာ ‘ဒုဂ္ဂတိ’ ဘဝကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် ကျူပန်းလှူရခြင်း၏အကျိုးပေတည်း။
၉၄။ ‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝါ။
၉၄။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၉၅။ ‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၉၅။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။ပ။ အဆုံးအမ တော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၉၆။ ‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ’’။
ဣတ္ထံ သုဒံ နဠမာလိကာ ဘိက္ခုနီ ဣမာ ဂါထာယော အဘာသိတ္ထာတိ။
နဠမာလိကာထေရိယာပဒါနံ ဆဋ္ဌံ။
၉၆။ လေးပါးသော ပဋိသမ္ဘိ ဒါတို့ကိုလည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။ ဤသို့လျှင် နဠမာလိကာရဟန်းမသည် ဤဂါထာတို့ကို မိန့်ဆိုခဲ့၏။ ။ ခြောက်ခုမြောက် နဠမာလိကာထေရီအပဒါန ပြီး၏။
၇။ မဟာပဇာပတိဂေါတမီထေရီအပဒါန
၉၇။ ‘‘ဧကဒါ လောကပဇ္ဇောတော, ဝေသာလိယံ မဟာဝနေ၊
ကူဋာဂါရေ သုသာလာယံ, ဝသတေ နရသာရထိ။
၇-မဟာပဇာပတိဂေါတမီထေရီအပဒါန ၉၇။ အခါတစ်ပါး လောကကို ထွန်းလင်းစေတော်မူ၍ လူတို့ကို ဆုံးမတော်မူသော မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော အထွတ်တပ်သော ဇရပ်ကျောင်း၌ နေတော်မူ၏။
၉၈။ ‘‘တဒါ ဇိနဿ မာတုစ္ဆာ, မဟာဂေါတမိ ဘိက္ခုနီ၊
တဟိံ ကတေ [တဟိံယေဝ (သျာ။)] ပုရေ ရမ္မေ, ဝသီ ဘိက္ခုနုပဿယေ။
၉၈။ ထိုအခါ မြတ်စွာဘုရား၏ မိထွေးတော်ဖြစ်သော မဟာဂေါတမီရဟန်းမသည် ထိုမြို့၌ဆောက်လုပ်အပ်သော ပျော်မွေ့ဖွယ် ကောင်းသော ရဟန်းမကျောင်း၌ နေလေ၏။
၉၉။ ‘‘ဘိက္ခုနီဟိ ဝိမုတ္တာဟိ, သတေဟိ သဟ ပဉ္စဟိ၊
ရဟောဂတာယ တဿေဝံ, စိတဿာသိ [စိတ္တဿာပိ (သျာ။)] ဝိတက္ကိတံ။
၉၉။ ကိလေသာမှ လွတ်ကုန်သော ရဟန်းမငါးရာတို့နှင့် တကွ (နေ၏၊) ဆိတ်ငြိမ်ရာ အရပ်သို့ချဥ်းကပ်သော ထိုမဟာဂေါတမီအားလည်း ဤသို့ စိတ်အကြံ ဖြစ်လေ၏-
၁၀၀။ ‘‘ဗုဒ္ဓဿ ပရိနိဗ္ဗာနံ, သာဝကဂ္ဂယုဂဿ ဝါ၊
ရာဟုလာနန္ဒနန္ဒာနံ, နာဟံ လစ္ဆာမိ ပဿိတုံ။
၁၀၀။ ငါသည် မြတ်စွာဘုရား၏ လည်းကောင်း၊ အဂ္ဂသာဝကအစုံ၏လည်းကောင်း၊ အသျှင် ရာဟုလာ, အသျှင်အာနန္ဒာ, အသျှင်နန္ဒတို့၏လည်းကောင်း ပရိနိဗ္ဗာန်ပြုတော်မူခြင်းကို ဖူးမြင် ရန် ရလိမ့်မည်မဟုတ်ချေ။
၁၀၁။ ‘‘ဗုဒ္ဓဿ ပရိနိဗ္ဗာနာ, သာဝကဂ္ဂယုဂဿ ဝါ၊
မဟာကဿပနန္ဒာနံ, အာနန္ဒရာဟုလာန စ။
၁၀၁။ မြတ်စွာဘုရား၏ လည်းကောင်း၊ အဂ္ဂသာဝကအစုံ၏လည်းကောင်း၊ အသျှင်မဟာ ကဿပ, အသျှင်နန္ဒတို့၏လည်းကောင်း၊ အသျှင်အာနန္ဒာ, အသျှင်ရာဟုလာတို့၏လည်းကောင်းပရိနိဗ္ဗာန်ပြုတော်မူသည်မှ-
၁၀၂။ ‘‘ပဋိကစ္စာယုသင်္ခါရံ [ပဋိဂစ္စာယုသင်္ခါရေ (သီ။)], ဩသဇ္ဇိတွာန နိဗ္ဗုတိံ၊
ဂစ္ဆေယျံ လောကနာထေန, အနုညာတာ မဟေသိနာ။
၁၀၂။ ရှေးဦးစွာ အာယုသင်္ခါရကို စွန့်လွှတ်ပြီးလျှင် လောက၏ ကိုးကွယ်ရာ ဖြစ်တော် မူသော မြတ်စွာဘုရားသည် ခွင့်ပြုတော်မူအပ်သည် ဖြစ်၍ (ငါသည်) ငြိမ်းအေးရာ နိဗ္ဗာန်သို့ သွားတော့အံ့၊ (ဤသို့ စိတ်အကြံ ဖြစ်၏)။
၁၀၃။ ‘‘တထာ ပဉ္စသတာနမ္ပိ, ဘိက္ခုနီနံ ဝိတက္ကိတံ၊
အာသိ ခေမာဒိကာနမ္ပိ, ဧတဒေဝ ဝိတက္ကိတံ။
၁၀၃။ ရဟန်းမငါးရာတို့အားလည်း ထို့အတူပင် စိတ်အကြံ ဖြစ်လေ၏၊ ခေမာစသောရဟန်းမတို့အားလည်း ဤသို့သော စိတ်အကြံသည်ပင် ဖြစ်လေ၏။
၁၀၄။ ‘‘ဘူမိစာလော တဒါ အာသိ, နာဒိတာ ဒေဝဒုန္ဒုဘီ၊
ဥပဿယာဓိဝတ္ထာယော, ဒေဝတာ သောကပီဠိတာ။
၁၀၄။ ထိုအခါ မြေလှုပ်ခြင်းသည် ဖြစ်လေ၏၊ နတ်စည်တို့သည် မြည်ဟည်းကုန်၏၊ ရဟန်းမကျောင်းကို (စိုးအုပ်၍ နေသော) နတ်တို့သည် စိုးရိမ်ခြင်းဖြင့် နှိပ်စက်အပ်ကုန်သည် ဖြစ်၍-
၁၀၅။ ‘‘ဝိလပန္တာ သုကရုဏံ [သကရုဏံ (သီ။ သျာ။ ပီ။)], တတ္ထဿူနိ ပဝတ္တယုံ၊
မိတ္တာ [သဗ္ဗာ (သျာ။ ပီ။)] ဘိက္ခုနိယော တာဟိ, ဥပဂန္တွာန ဂေါတမိံ။
၁၀၅။ အလွန်သနားစဖွယ် ငိုကြွေးမြည်တမ်းကုန်လျက် ထိုကျောင်း၌ မျက်ရည်တို့ကို ဖြစ်စေကုန်၏။ မိတ်ဆွေရဟန်းမတို့သည် ထိုနတ်တို့နှင့် အတူတကွ မဟာဂေါတမီအထံသို့ ချဥ်းကပ်၍-
၁၀၆။ ‘‘နိပစ္စ သိရသာ ပါဒေ, ဣဒံ ဝစနမဗြဝုံ၊
‘တတ္ထ တောယလဝါသိတ္တာ, မယမယျေ ရဟောဂတာ။
၁၀၆။ ခြေတို့ကို ဦးတိုက်ကာ ဤစကားကို လျှောက်ထားကုန်၏- အရှင်မ အကျွန်ုပ်တို့ သည်ထိုကျောင်း၌ ရေပေါက်ဖြင့် ဆွတ်ဖြန်းကုန်လျက် ဆိတ်ငြိမ်ရာအရပ်သို့ ချဥ်းကပ်ကုန်၏။
၁၀၇။ ‘‘‘သာ စလာ စလိတာ ဘူမိ, နာဒိတာ ဒေဝဒုန္ဒုဘီ၊
ပရိဒေဝါ စ သုယျန္တေ, ကိမတ္ထံ နူန ဂေါတမီ’။
၁၀၇။ ထိုမြေသည်လည်း မလှုပ်စဖူး လှုပ်ခဲ့ပါ၏၊ နတ်စည်တို့သည်လည်း မြည်ဟည်းပါကုန်၏၊ ငိုကြွေးသံတို့ကိုလည်း ကြားရပါကုန်၏၊ အရှင်မဂေါတမီ အဘယ်အကျိုးငှါ ဖြစ်ပါကုန် သနည်း (ဟုဤစကားကို လျှောက်ထားကုန်၏)။
၁၀၈။ ‘‘တဒါ အဝေါစ သာ သဗ္ဗံ, ယထာပရိဝိတက္ကိတံ၊
တာယောပိ သဗ္ဗာ အာဟံသု, ယထာပရိဝိတက္ကိတံ။
၁၀၈။ ထိုအခါ ထိုမဟာဂေါတမီသည် (မိမိ) ကြံစည်သည့်အတိုင်း အလုံးစုံကိုမိန့်ဆို၏၊ ထိုရဟန်းမအားလုံးတို့သည်လည်း (မိမိတို့) ကြံစည်ကြသည့်အတိုင်း လျှောက်ထားကြကုန်၏။
၁၀၉။ ‘‘‘ယဒိ တေ ရုစိတံ အယျေ, နိဗ္ဗာနံ ပရမံ သိဝံ၊
နိဗ္ဗာယိဿာမ သဗ္ဗာပိ, ဗုဒ္ဓါနုညာယ သုဗ္ဗတေ။
၁၀၉။ အရှင်မ အရှင်မသည် ချမ်းမြေ့သော အမြတ်ဆုံး နိဗ္ဗာန်ကို အကယ်၍ နှစ်သက် အံ့၊ မြတ်စွာဘုရား ခွင့်ပြုချက်ဖြင့် ကောင်းသော အကျင့်သီလရှိသော အကျွန်ုပ်တို့အားလုံးပင်ပရိနိဗ္ဗာန်ပြုပါကုန်အံ့။
၁၁၀။ ‘‘‘မယံ သဟာဝ နိက္ခန္တာ, ဃရာပိ စ ဘဝါပိ စ၊
သဟာယေဝ ဂမိဿာမ, နိဗ္ဗာနံ ပဒမုတ္တမံ’။
၁၁၀။ အကျွန်ုပ်တို့သည် အိမ်မှလည်းကောင်း၊ ဘဝမှလည်းကောင်း အတူတကွသာလျှင်ထွက်မြောက်ကုန်၍ ငြိမ်းအေးသော အမြတ်ဆုံး နိဗ္ဗာန်သို့လည်း အတူတကွသာလျှင် သွားပါ ကုန်အံ့ (ဟုလျှောက်ထားကုန်၏)။
၁၁၁။ ‘‘‘နိဗ္ဗာနာယ ဝဇန္တီနံ, ကိံ ဝက္ခာမီ’တိ သာ ဝဒံ၊
သဟ သဗ္ဗာဟိ နိဂ္ဂဉ္ဆိ, ဘိက္ခုနီနိလယာ တဒါ။
၁၁၁။ ထိုအခါ ထိုမဟာဂေါတမီသည် ပရိနိဗ္ဗာန် ပြုခြင်းငှါ ကျင့်ကုန်သော ပြောဆိုကုန် သောရဟန်းမတို့အား ငါသည် အဘယ်သို့ ပြောဆိုရမည်နည်းဟု မိန့်ဆိုလျက် ရဟန်းမတို့၏ ကျောင်းမှ့ရဟန်းမအားလုံးတို့နှင့်တကွ ထွက်၏။
၁၁၂။ ‘‘ဥပဿယေ ယာဓိဝတ္ထာ, ဒေဝတာ တာ ခမန္တု မေ၊
ဘိက္ခုနီနိလယဿေဒံ, ပစ္ဆိမံ ဒဿနံ မမ။
၁၁၂။ အကြင်နတ်တို့သည် ရဟန်းမကျောင်း၌ အုပ်စိုးလျက် နေကုန်၏၊ ထိုနတ်တို့သည် အကျွန်ုပ်အားသည်းခံပါကုန်လော့၊ ဤရဟန်းမကျောင်းကို ရှုမြင်ခြင်းသည် အကျွန်ုပ်၏ နောက်ဆုံးဖြစ်သောရှုမြင်ခြင်းပင်တည်း။
၁၁၃။ ‘‘န ဇရာ မစ္စု ဝါ ယတ္ထ, အပ္ပိယေဟိ သမာဂမော၊
ပိယေဟိ န ဝိယောဂေါတ္ထိ, တံ ဝဇိဿံ [တံ ဝဇ္ဇိယံ (သျာ။)] အသင်္ခတံ။
၁၁၃။ အကြင်နိဗ္ဗာန်၌ အိုခြင်းသည်လည်းကောင်း၊ သေခြင်းသည်လည်းကောင်း၊ မုန်း သူတို့နှင့်ပေါင်းသင်းရခြင်းသည်လည်းကောင်း၊ ချစ်သူတို့နှင့် ကွေကွင်းရခြင်းသည်လည်းကောင်း မရှိချေ။ ငါသည်အကြောင်းတရားတို့ မပြုပြင်အပ်သော ထိုနိဗ္ဗာန်သို့ သွားတော့ အံ့။
၁၁၄။ ‘‘အဝီတရာဂါ တံ သုတွာ, ဝစနံ သုဂတောရသာ၊
သောကဋ္ဋာ ပရိဒေဝိံသု, အဟော နော အပ္ပပုညတာ။
၁၁၄။ ရာဂမကင်းသေးကုန်သော မြတ်စွာဘုရား၏ သမီးတော်တို့သည် ထိုစကားကိုကြားရကုန်သည်ရှိသော် စိုးရိမ်ခြင်းဖြင့် နှိပ်စက်ကုန်လျက် ငါတို့အား ဘုန်းကံနည်းပါးလေကုန်စွတကားဟု ငိုကြွေးကြလေကုန်၏။
၁၁၅။ ‘‘ဘိက္ခုနီနိလယော သုညော, ဘူတော တာဟိ ဝိနာ အယံ၊
ပဘာတေ ဝိယ တာရာယော, န ဒိဿန္တိ ဇိနောရသာ။
၁၁၅။ ဤရဟန်းမကျောင်းသည် ထိုရဟန်းမတို့နှင့် ကင်း၍ ဆိတ်သုဥ်းခဲ့လေ၏၊ မိုးလင်း သောအခါ‘ကြယ် (တာရာ) တို့ကဲ့သို့’ မြတ်စွာဘုရားသမီးတော်တို့ကို မတွေ့မြင်ရကုန်။
၁၁၆။ ‘‘နိဗ္ဗာနံ ဂေါတမီ ယာတိ, သတေဟိ သဟ ပဉ္စဟိ၊
နဒီသတေဟိဝ သဟ, ဂင်္ဂါ ပဉ္စဟိ သာဂရံ။
၁၁၆။ ဂင်္ဂါမြစ်သည် မြစ်ငယ်ငါးရာတို့နှင့် တကွသာလျှင် သမုဒ္ဒရာသို့ သွားသကဲ့သို့ ထို့ အတူမဟာဂေါတမီသည် ရဟန်းမငါးရာတို့နှင့် အတူတကွ နိဗ္ဗာန်သို့ ကြွသွားလေ၏။
၁၁၇။ ‘‘ရထိယာယ ဝဇန္တိယော [ဝဇန္တိံ တံ (သီ။), ဝဇန္တိ တံ (သျာ။), ဝဇန္တာနံ (ပီ။)], ဒိသွာ သဒ္ဓါ ဥပါသိကာ၊
ဃရာ နိက္ခမ္မ ပါဒေသု, နိပစ္စ ဣဒမဗြဝုံ။
၁၁၇။ သဒ္ဓါတရားရှိကုန်သော ဥပါသိကာမတို့သည် လမ်းခရီး၌ ကြွသွားကုန်သော ရဟန်းမတို့ကိုမြင်သည်ရှိသော် အိမ်မှ ထွက်ပြီးလျှင် ခြေတို့၌ ဦးတိုက်၍ ဤစကားကို လျှောက်ထားကုန်၏-
၁၁၈။ ‘‘‘ပသီဒဿု မဟာဘောဂေ, အနာထာယော ဝိဟာယ နော၊
တယာ န ယုတ္တာ [ယုတ္တံ (သီ။ သျာ။ ပီ။)] နိဗ္ဗာတုံ, ဣစ္ဆဋ္ဋာ ဝိလပိံသု တာ’။
၁၁၈။ စည်းစိမ်ရှင်မကြီး (အကျွန်ုပ်တို့ကို) ကြည်လင်စေပါလော့၊ ကိုးကွယ်ရာမဲ့ကုန်သော အကျွန်ုပ်တို့ကိုစွန့်ပစ်၍ အရှင်မသည် ပရိနိဗ္ဗာန်ပြုရန် မသင့်ပါဟု အလိုဖြင့် နှိပ်စက်ကုန် သော ထိုဥပါသိကာမတို့သည်ငိုကြွေးမြည်တမ်းကြကုန်၏။
၁၁၉။ ‘‘တာသံ သောကပဟာနတ္ထံ, အဝေါစ မဓုရံ ဂိရံ၊
‘ရုဒိတေန အလံ ပုတ္တာ, ဟာသကာလောယမဇ္ဇ ဝေါ။
၁၁၉။ ထိုဥပါသိကာမတို့၏ စိုးရိမ်ခြင်းကို ပယ်ဖျောက်ခြင်းအကျိုးငှါ ချိုသာသော စကား ကို မိန့်ဆို၏၊ ချစ်သမီးတို့ ငိုခြင်းဖြင့် အကျိုးမရှိ၊ ယခု ဤအခါသည်ကား သင်တို့အား ရွှင်ပြုံးရမည့် အခါတည်း။
၁၂၀။ ‘‘‘ပရိညာတံ မယာ ဒုက္ခံ, ဒုက္ခဟေတု ဝိဝဇ္ဇိတော၊
နိရောဓော မေ သစ္ဆိကတော, မဂ္ဂေါ စာပိ သုဘာဝိတော။
ပဌမံ ဘာဏဝါရံ။
၁၂၀။ ငါသည် ဒုက္ခကို ပိုင်းခြား၍ သိအပ်ပြီ၊ ဒုက္ခ၏ အကြောင်းကို ကြဥ်ပယ်အပ်ပြီ၊ ငါသည်ဒုက္ခချုပ်ရာ (နိဗ္ဗာန်) ကို မျက်မှောက်ပြုအပ်ပြီ၊ မဂ်ကိုလည်းကောင်းစွာ ပွါးများ အပ်ပြီ။ ပထမ ဘာဏဝါရ ပြီး၏။
၁၂၁။ ‘‘‘ပရိစိဏ္ဏော မယာ သတ္ထာ, ကတံ ဗုဒ္ဓဿ သာသနံ၊
ဩဟိတော ဂရုကော ဘာရော, ဘဝနေတ္တိ သမူဟတာ။
၁၂၁။ ငါသည် မြတ်စွာဘုရားကို လုပ်ကျွေးအပ်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကိုလိုက်နာပြုကျင့်အပ်ပြီ၊ လေးလံသော ခန္ဓာဝန်ကို ချအပ်ပြီ၊ ဘဝကို ဆောင်တတ်သော တဏှာ ကိုပယ်နုတ်အပ်ပြီ။
၁၂၂။ ‘‘‘ယဿတ္ထာယ ပဗ္ဗဇိတာ, အဂါရသ္မာနဂါရိယံ၊
သော မေ အတ္ထော အနုပ္ပတ္တော, သဗ္ဗသံယောဇနက္ခယော။
၁၂၂။ အကြင်အကျိုးငှါ အိမ်မှ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏၊ ငါသည် အလုံးစုံသောသံယောဇဥ်ကုန်ရာ ထိုအကျိုးသို့ အစဥ်ရောက်အပ်ပြီ။
၁၂၃။ ‘‘‘ဗုဒ္ဓေါ တဿ စ သဒ္ဓမ္မော, အနူနော ယာဝ တိဋ္ဌတိ၊
နိဗ္ဗာတုံ တာဝ ကာလော မေ, မာ မံ သောစထ ပုတ္တိကာ။
၁၂၃။ မြတ်စွာဘုရားသည် လည်းကောင်း၊ ထိုမြတ်စွာဘုရား၏ သူတော်ကောင်းတရား သည်လည်းကောင်းမယုတ်လျော့မူ၍ အကြင်မျှလောက် တည်၏။ ထိုမျှလောက် ငါ၏ ပရိနိဗ္ဗာန်ပြုရန် အခါတည်း။ ချစ်သမီးတို့ ငါ့ကို မစိုးရိမ်ကုန်လင့်။
၁၂၄။ ‘‘‘ကောဏ္ဍညာနန္ဒနန္ဒာဒီ, တိဋ္ဌန္တိ ရာဟုလော ဇိနော၊
သုခိတော သဟိတော သံဃော, ဟတဒဗ္ဗာ စ တိတ္ထိယာ။
၁၂၄။ အသျှင်ကောဏ္ဍည, အသျှင်အာနန္ဒာ, အသျှင်နန္ဒစသည်တို့သည်လည်းကောင်း၊ အသျှင်ရာဟုလာသည်လည်းကောင်း၊ မြတ်စွာဘုရားသည် လည်းကောင်း တည်ရှိကုန်၏။ သံဃာသည်လည်း ချမ်းသာခြင်း ရှိ၏၊ ညီညွတ်၏၊ တိတ္ထိတို့သည်လည်း မာန်မူခြင်းကို ပယ် ဖျောက်ပြီးဖြစ်ကုန်၏။
၁၂၅။ ‘‘‘ဩက္ကာကဝံသဿ ယသော, ဥဿိတော မာရမဒ္ဒနော၊
နနု သမ္ပတိ ကာလော မေ, နိဗ္ဗာနတ္ထာယ ပုတ္တိကာ။
၁၂၅။ ဩက္ကာကရာဇ်အနွယ်၏ ဂုဏ်သတင်းကို စိုက်ထူ၍ မာန်ကို နှိမ်နင်းအပ်ပြီ၊ ချစ်သမီးတို့ ယခုအခါငါ ပရိနိဗ္ဗာန်ပြုဖို့ရန် အခါ မဟုတ်ပါလော။
၁၂၆။ ‘‘‘စိရပ္ပဘုတိ ယံ မယှံ, ပတ္ထိတံ အဇ္ဇ သိဇ္ဈတေ၊
အာနန္ဒဘေရိကာလောယံ, ကိံ ဝေါ အဿူဟိ ပုတ္တိကာ။
၁၂၆။ ငါသည် တစ်သိန်းကမ္ဘာ ကြာမြင့်စွာသော အခါမှစ၍ အကြင်နိဗ္ဗာန်ကို တောင့်တခဲ့၏၊ ထိုနိဗ္ဗာန်သည် ယခု ပြည့်စုံ၏၊ ဤအခါသည် ဝမ်းမြောက်ဖွယ် စည်ရွမ်းရမည့် အခါတည်း။ ချစ်သမီးတို့သင်တို့အား ယိုစီးသော မျက်ရည်တို့ဖြင့် အဘယ်အကျိုးရှိ အံ့နည်း။
၁၂၇။ ‘‘‘သစေ မယိ ဒယာ အတ္ထိ, ယဒိ စတ္ထိ ကတညုတာ၊
သဒ္ဓမ္မဋ္ဌိတိယာ သဗ္ဗာ, ကရောထ ဝီရိယံ ဒဠှံ။
၁၂၇။ အကယ်၍ ငါ့အပေါ် သနားကြင်နာခြင်း အကယ်၍ ရှိသည်ဖြစ်အံ့၊ ပြုခဲ့သော ကျေးဇူးကိုသိသည်၏ အဖြစ်သည်လည်း အကယ်၍ ရှိသည်ဖြစ်အံ့။ ဤသို့ ဖြစ်သည်ရှိသော် ဥပါသိကာမအားလုံးတို့သည် သူတော်ကောင်းတရား တည်ခြင်းငှါ မြဲမြံစွာ လုံ့လ ပြုကုန် လော့။
၁၂၈။ ‘‘‘ထီနံ အဒါသိ ပဗ္ဗဇ္ဇံ, သမ္ဗုဒ္ဓေါ ယာစိတော မယာ၊
တသ္မာ ယထာဟံ နန္ဒိဿံ, တထာ တမနုတိဋ္ဌထ’။
၁၂၈။ ငါတောင်းပန်အပ်သည်ဖြစ်၍ မြတ်စွာဘုရားသည် မိန်းမတို့အား ရဟန်းအဖြစ်ကို ပေးခဲ့၏၊ ထို့ကြောင့် ငါ နှစ်သက်သဘောကျသည့်အတိုင်း ထိုလုံ့လကို အစဥ်တည်ကြကုန် လော့။
၁၂၉။ ‘‘တာ ဧဝမနုသာသိတွာ, ဘိက္ခုနီဟိ ပုရက္ခတာ၊
ဥပေစ္စ ဗုဒ္ဓံ ဝန္ဒိတွာ, ဣဒံ ဝစနမဗြဝိ။
၁၂၉။ ထိုဥပါသိကာမတို့ကို ဤသို့ ဆုံးမပြီးလျှင် ရဟန်းမတို့ဖြင့် ခြံရံလျက် မြတ်စွာ ဘုရားထံသို့ ချဥ်းကပ်၍ ရှိခိုးပြီးသော် ဤစကားကို လျှောက်ထားလေ၏။
၁၃၀။ ‘‘‘အဟံ သုဂတ တေ မာတာ, တွဉ္စ ဝီရ ပိတာ မမ၊
သဒ္ဓမ္မသုခဒ [သဒ္ဓမ္မသုခဒေါ (သီ။ သျာ။ ပီ။)] နာထ, တယာ ဇာတာမှိ ဂေါတမ။
၁၃၀။ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား အကျွန်ုပ်သည် အရှင်ဘုရား၏ မယ်တော်ပါတည်း၊ လုံ့လရှိတော်မူသော မြတ်စွာဘုရား အရှင်ဘုရားသည် ကား အကျွန်ုပ်၏ခမည်းတော်ပါတည်း၊ သူတော်ကောင်းတရား ချမ်းသာကို ပေးတော်မူတတ်သော လူတို့ကိုးကွယ်ရာဖြစ်တော်မူသော ဂေါတမမြတ်စွာဘုရား အကျွန်ုပ်သည် အရှင်ဘုရားမှ မွေးဖွားသူ ဖြစ်ပါ၏။
၁၃၁။ ‘‘‘သံဝဒ္ဓိတောယံ သုဂတ, ရူပကာယော မယာ တဝ၊
အနိန္ဒိတော [အာနန္ဒိယော (သျာ။), အနိန္ဒိယော (ပီ။)] ဓမ္မကာယော [ဓမ္မတနု (သီ။ ပီ။ က။)], မမ သံဝဒ္ဓိတော တယာ။
၁၃၁။ မြတ်စွာဘုရား အရှင်ဘုရား၏ ဤရူပကာယကို အကျွန်ုပ်သည် ကောင်းစွာ ကြီးပွါးစေအပ်ပါ၏၊ အကျွန်ုပ်၏ မကဲ့ရဲ့ထိုက်သော တရားတည်းဟူသော ကိုယ်ကို အရှင် ဘုရားသည် ကောင်းစွာကြီးပွါးစေအပ်ပါ၏။
၁၃၂။ ‘‘‘မုဟုတ္တံ တဏှာသမဏံ, ခီရံ တွံ ပါယိတော မယာ၊
တယာဟံ သန္တမစ္စန္တံ, ဓမ္မခီရဉှိ [ဓမ္မခီရမ္ပိ (သျာ။, က။)] ပါယိတာ။
၁၃၂။ အကျွန်ုပ်သည် အရှင်ဘုရားကို တစ်မုဟုတ်မျှ တပ်ခြင်းကို ငြိမ်းအေးစေနိုင်သော နို့ရည်ကိုတိုက်ကျွေးခဲ့ပါ၏၊ အရှင်ဘုရားသည် ကား အကျွန်ုပ်ကို စင်စစ် ငြိမ်းအေးသော တရားတည်းဟူသောနို့ရည်ကို တိုက်ကျွေးတော်မူပါ၏။
၁၃၃။ ‘‘‘ဗန္ဓနာရက္ခနေ မယှံ, အဏဏော [အနဏော (သီ။ သျာ။ ပီ။)] တွံ မဟာမုနေ၊
ပုတ္တကာမာ ထိယော ယာစံ, လဘန္တိ တာဒိသံ သုတံ။
၁၃၃။ မြတ်စွာဘုရား အရှင်ဘုရားသည် အကျွန်ုပ်အား ကိလေသာအနှောင်အဖွဲ့မှ စောင့်ရှောက်ခြင်းကြောင့် နို့ဖိုးကြွေး မရှိပါ၊ သားကို အလိုရှိကုန်သော မိန်းမတို့သည် သားဆု တောင်းကုန်၍ထိုသို့ သဘောရှိသော သားကို ရကုန်၏။
၁၃၄။ ‘‘‘မန္ဓာတာဒိနရိန္ဒာနံ, ယာ မာတာ သာ ဘဝဏ္ဏဝေ၊
နိမုဂ္ဂါဟံ တယာ ပုတ္တ, တာရိတာ ဘဝသာဂရာ။
၁၃၄။ “မန္ဓာတု”စသော မင်းတို့၏ အကြင်အမိသည် ရှိ၏၊ ထိုအမိသည် ဘဝဟူသော သမုဒ္ဒရာ၌နစ်မြုပ်ရ၏၊ သားတော်ဘုရား အရှင်ဘုရားသည် အကျွန်ုပ်ကို ဘဝဟူသော သမုဒ္ဒရာမှကယ်တင်တော်မူပါပေ၏။
၁၃၅။ ‘‘‘ရညော မာတာ မဟေသီတိ, သုလဘံ နာမမိတ္ထိနံ၊
ဗုဒ္ဓမာတာတိ ယံ နာမံ, ဧတံ ပရမဒုလ္လဘံ။
၁၃၅။ မိန်းမတို့အား မင်း၏ မယ်တော်, မိဖုရားဟူသော အမည်ကို ရလွယ်ပါ၏၊ မြတ်စွာဘုရား၏ မယ်တော်ဟူသော အကြင်အမည်သည် ရှိ၏၊ ထိုအမည်ကို အလွန်ရခဲပါ၏။
၁၃၆။ ‘‘‘တဉ္စ လဒ္ဓံ မဟာဝီရ, ပဏိဓာနံ မမံ တယာ၊
အဏုကံ ဝါ မဟန္တံ ဝါ, တံ သဗ္ဗံ ပူရိတံ မယာ။
၁၃၆။ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အကျွန်ုပ် ဆုတောင်းသော ထို အမည်ကိုလည်းအရှင်ဘုရားကြောင့် ရအပ်ပါပြီ၊ အကျွန်ုပ်သည် ငယ်သည်လည်းဖြစ်သော ကြီးသည်လည်းဖြစ်သောထိုအလုံးစုံကိို ပြည့်စေအပ်ပါပြီ။
၁၃၇။ ‘‘‘ပရိနိဗ္ဗာတုမိစ္ဆာမိ, ဝိဟာယေမံ ကဠေဝရံ၊
အနုဇာနာဟိ မေ ဝီရ, ဒုက္ခန္တကရ နာယက။
၁၃၇။ အကျွန်ုပ်သည် ဤကိုယ်ကောင်ကို စွန့်ပယ်၍ ပရိနိဗ္ဗာန်ပြုရန် အလိုရှိပါ၏၊ လုံ့လရှိတော်မူသော ဒုက္ခအဆုံးကို ပြုတတ်သော မြတ်စွာဘုရား အကျွန်ုပ်အား ခွင့်ပြု တော်မူပါ။
၁၃၈။ ‘‘‘စက္ကင်္ကုသဓဇာကိဏ္ဏေ, ပါဒေ ကမလကောမလေ၊
ပသာရေဟိ ပဏာမံ တေ, ကရိဿံ ပုတ္တဥတ္တမေ [ပုတ္တပေမသာ (သီ။ ပီ။), ပုတ္တပေမဟံ (သျာ။)]။
၁၃၈။ စကြာချွန်းတောင်း တံခွန်တို့ဖြင့် ပြွမ်းကုန်၍ ‘ကြာကဲ့သို့’ နူးညံ့ကုန်သော ခြေတော်တို့ကိုဆန့်တော်မူပါ၊ သားတော်ဘုရား အရှင်ဘုရား၏ မြတ်သော ခြေတော်တို့ကို ရှိခိုးခြင်းကို ပြုပါအံ့။
၁၃၉။ ‘‘‘သုဝဏ္ဏရာသိသင်္ကာသံ, သရီရံ ကုရု ပါကဋံ၊
ကတွာ ဒေဟံ သုဒိဋ္ဌံ တေ, သန္တိံ ဂစ္ဆာမိ နာယက’။
၁၃၉။ မြတ်စွာဘုရား ရွှေတုံးနှင့် တူသော ကိုယ်တော်ကို ထင်ရှားအောင် ပြုတော်မူပါ၊ အရှင်ဘုရား၏ ကိုယ်တော်ကို ကောင်းစွာ ဖူးမြင်ခြင်းကို ပြု၍ ငြိမ်းအေးရာ နိဗ္ဗာန်သို့ သွားပါ တော့အံ့ (ဟု ဤစကားကိုလျှောက်ဆို၏)။
၁၄၀။ ‘‘ဒွတ္တိံသလက္ခဏူပေတံ, သုပ္ပဘာလင်္ကတံ တနုံ၊
သဉ္ဈာဃနာဝ ဗာလက္ကံ, မာတုစ္ဆံ ဒဿယီ ဇိနော။
၁၄၀။ မြတ်စွာဘုရားသည် သုံးဆယ့်နှစ်ပါးသော လက္ခဏာတို့နှင့် ပြည့်စုံသော ရောင် ခြည်တော်တို့ဖြင့်တန်ဆာဆင်အပ်သော ကိုယ်တော်ကို ‘တစ်ခဲနက်သော ဆည်းဆာရောင်မှ နေလုလင်ကဲ့သို့’မိထွေးတော်ဂေါတမီအား ပြတော်မူ၏။
၁၄၁။ ‘‘ဖုလ္လာရဝိန္ဒသံကာသေ, တရုဏာဒိစ္စသပ္ပဘေ၊
စက္ကင်္ကိတေ ပါဒတလေ, တတော သာ သိရသာ ပတိ။
၁၄၁။ ထိုအခါ ထိုမိထွေးတော်ဂေါတမီသည် ‘ပွင့်သော ကြာနှင့် တူသော နေလုလင်ကဲ့ သို့’ ထွက်သောရောင်ခြည်ရှိသော စက်လက္ခဏာတို့ဖြင့် ခတ်နှိပ်အပ်သော ခြေဖဝါးအပြင်၌ ဦးခေါင်းဖြင့် တိုက်လေ၏။
၁၄၂။ ‘‘‘ပဏမာမိ နရာဒိစ္စ, အာဒိစ္စကုလကေတုကံ၊
ပစ္ဆိမေ မရဏေ မယှံ [သရဏံ မယှံ (သျာ။)], န တံ ဣက္ခာမဟံ ပုနော။
၁၄၂။ အာဒိစ္စဝင်မင်းမျိုးတို့၏ မှန်ကင်းသဖွယ်ဖြစ်သော လူတို့၏ နေမင်းဖြစ်သော မြတ်စွာဘုရားနောက်ဆုံးဖြစ်သော သေခါနီး အခါ၌ အရှင်ဘုရားအား ရှိခိုးပါ၏၊ အကျွန်ုပ် သည် အရှင်ဘုရားကို တစ်ဖန် မဖူးမြင်ရပါတော့အံ့။
၁၄၃။ ‘‘‘ဣတ္ထိယော နာမ လောကဂ္ဂ, သဗ္ဗဒေါသာကရာ မတာ၊
ယဒိ ကော စတ္ထိ ဒေါသော မေ, ခမဿု ကရုဏာကရ။
၁၄၃။ လောကထက် မြတ်တော်မူသော မြတ်စွာဘုရား မိန်းမတို့ မည်သည်ကို အလုံးစုံ သောအပြစ်တို့၏ တည်ရာတို့ဟု သိအပ်ပါကုန်၏၊ သနားခြင်း၏ တည်ရာ ဖြစ်တော်မူသော မြတ်စွာဘုရားအကယ်၍ အကျွန်ုပ်အား တစ်စုံတစ်ရာသော အပြစ်သည် ရှိအံ့၊ သည်းခံတော် မူပါ။
၁၄၄။ ‘‘‘ဣတ္ထိကာနဉ္စ ပဗ္ဗဇ္ဇံ, ဟံ တံ ယာစိံ ပုနပ္ပုနံ၊
တတ္ထ စေ အတ္ထိ ဒေါသော မေ, တံ ခမဿု နရာသဘ။
၁၄၄။ မြတ်စွာဘုရား မိန်းမတို့၏ ရဟန်းအဖြစ်ကိုလည်း အကျွန်ုပ်သည် အကြိမ်ကြိမ် တောင်းပန်ခဲ့ပါ၏၊ ထိုသို့တောင်းပန်ရာ၌ အကယ်၍ အကျွန်ုပ်အား အပြစ်ရှိပါအံ့၊ ထိုအပြစ်ကို သည်းခံတော်မူပါ။
၁၄၅။ ‘‘‘မယာ ဘိက္ခုနိယော ဝီရ, တဝါနုညာယ သာသိတာ၊
တတြ စေ အတ္ထိ ဒုန္နီတံ, တံ ခမဿု ခမာဓိပ [ခမာဓိတိ (သျာ။), ခမာပိတော (က။)]။
၁၄၅။ မြတ်စွာဘုရား အကျွန်ုပ်သည် အရှင် ခွင့်ပြုချက်ဖြင့် ရဟန်းမတို့ကို ဆုံးမအပ်ပါကုန်၏၊ ထိုသို့ဆုံးမရာ၌ အကယ်၍ မကောင်းသော ထုတ်ဆောင်ခြင်း ရှိအံ့၊ သည်းခံခြင်းကို အစိုးရသော မြတ်စွာဘုရားအရှင်ဘုရားသည် ထိုအပြစ်ကို သည်းခံတော်မူပါ (ဟု တောင်းပန်၏)။
၁၄၆။ ‘‘‘အက္ခန္တေ နာမ ခန္တဗ္ဗံ, ကိံ ဘဝေ ဂုဏဘူသနေ၊
ကိမုတ္တရံ တေ ဝက္ခာမိ, နိဗ္ဗာနာယ ဝဇန္တိယာ။
၁၄၆။ ဂုဏ်တို့ဖြင့် တန်ဆာဆင်အပ်သော မိထွေးတော်ဂေါတမီ သည်းခံဖွယ် မလိုသော အရာ၌သည်းခံဖွယ်မည်သည် အဘယ်မှာ ရှိအံ့နည်း၊ ပရိနိဗ္ဗာန်ပြုခြင်းငှါ သွားတော့မည့် ဆဲဆဲဖြစ်သော သင့်အားအဘယ်မှာ အတုန့်အပြန် ပြောရပါတော့အံ့နည်း။
၁၄၇။ ‘‘‘သုဒ္ဓေ အနူနေ မမ ဘိက္ခုသံဃေ, လောကာ ဣတော နိဿရိတုံ ခမန္တေ၊
ပဘာတကာလေ ဗျသနင်္ဂတာနံ, ဒိသွာန နိယျာတိဝ စန္ဒလေခါ’။
၁၄၇။ ‘မိုးသောက်သောအခါ၌ ကွယ်ပျောက်ခြင်းသို့ ရောက်ကုန်သော နက္ခတ်တာရာတို့ ကိုမြင်ရသောကြောင့် လရေးသည် ကမ္ဘာ့မြင်ကွင်းမှ ထွက်ခွါသွားသကဲ့သို့’ ဤလောကမှ ထွက်မြောက်ဖို့ရန်လိုလားနှစ်သက်ကုန်သော မယုတ်မလျော့ စင်ကြယ်သော ငါဘုရား၏ တပည့်ရဟန်းအပေါင်းတို့ကိုမြင်ရသောကြောင့် ငါဘုရားသည် လည်း လောကမှ ထွက်ခွါသွားရ လတ္တံ့ (ဟု မိန့်တော်မူ၏)။
၁၄၈။ ‘‘‘တဒေတရာ ဘိက္ခုနိယော ဇိနဂ္ဂံ, တာရာဝ စန္ဒာနုဂတာ သုမေရုံ၊
ပဒက္ခိဏံ ကစ္စ နိပစ္စ ပါဒေ, ဌိတာ မုခန္တံ သမုဒိက္ခမာနာ။
၁၄၈။ ‘လသို့ အစဥ်လိုက်ကုန်သော ကြယ်တာရာတို့သည် မြင်းမိုရ်တောင်ကို လက်ယာ ရစ်လှည့်သည်ကိုပြုသကဲ့သို့’ ထိုမဟာဂေါတမီမှ တစ်ပါးကုန်သော ရဟန်းမတို့သည် ဘုရား မြတ်ကိုလက်ယာရစ်လှည့်သည်ကို ပြု၍ ခြေတော်၌ ဦးတိုက်ကာ ထိုမျက်နှာတော်ကို ဖူးမြော် ကုန်လျက်တည်ကုန်၏။
၁၄၉။ ‘‘‘န တိတ္တိပုဗ္ဗံ တဝ ဒဿနေန, စက္ခုံ န သောတံ တဝ ဘာသိတေန၊
စိတ္တံ မမံ ကေဝလမေကမေဝ, ပပ္ပုယျ တံ ဓမ္မရသေန တိတ္တိ။
၁၄၉။ အရှင်ဘုရား ဖူးမြင်ခြင်းဖြင့် မျက်စိသည် မရောင့်ရဲနိုင်ဖူးပါ၊ အရှင်ဘုရား၏ တရားစကားဖြင့်နားသည် မရောင့်ရဲနိုင်ဖူးပါ၊ သက်သက် အာရုံတစ်ခုသာ ရှိသော အကျွန်ုပ်၏ စိတ်သည် ထိုနိဗ္ဗာန်သို့ရောက်၍ တရားအရသာဖြင့် မရောင့်ရဲနိုင်ပါ။
၁၅၀။ ‘‘‘နဒတော ပရိသာယံ တေ, ဝါဒိတဗ္ဗပဟာရိနော၊
ယေ တေ ဒက္ခန္တိ ဝဒနံ, ဓညာ တေ နရပုင်္ဂဝ။
၁၅၀။ လူတို့၏ ရှေ့သွား မြတ်စွာဘုရား ‘တီးမှုတ်အပ်သော တူရိယာကို တီးမှုတ်သကဲ့ သို့’ပရိသတ် (အလယ်) ၌ မိန့်မြွက်တော်မူသော အရှင်၏ နှုတ်ခမ်းတော်ကို အကြင်သူတို့ သည်ဖူးမြင်ရကုန်၏၊ ထိုသူတို့သည် ဘုန်းကံကြီးမားသူတို့ပါပေတည်း။
၁၅၁။ ‘‘‘ဒီဃင်္ဂုလီ တမ္ဗနခေ, သုဘေ အာယတပဏှိကေ၊
ယေ ပါဒေ ပဏမိဿန္တိ [ပဏမာယန္တိ (သျာ။)], တေပိ ဓညာ ဂုဏန္ဓရ။
၁၅၁။ ဂုဏ်ကို ဆောင်တော်မူသော မြတ်စွာဘုရား အကြင်သူတို့သည် (အရှင်ဘုရား၏ ) ရှည်သောခြေချောင်းတော် နီမြန်းသော ခြေသည်းတော် ရှည်သော ဖနောင့်တော်ရှိကုန်သော လှပတင့်တယ်သောခြေတို့ကို ရှိခိုးကြရကုန်၏၊ ထိုသူတို့သည်လည်း ဘုန်းကံကြီးမားသူတို့ပါ ပေတည်း။
၁၅၂။ ‘‘‘မဓုရာနိ ပဟဋ္ဌာနိ, ဒေါသဂ္ဃါနိ ဟိတာနိ စ၊
ယေ တေ ဝါကျာနိ သုယျန္တိ, တေပိ ဓညာ နရုတ္တမ။
၁၅၂။ လူတို့ထက် မြတ်တော်မူသော မြတ်စွာဘုရား အကြင်သူတို့သည် စိတ်နှလုံးကိုရွှင်ပြုံးစေတတ်ကုန်သော အပြစ်မျိုးမှ သန့်ရှင်းကုန်သော အစီးအပွါးနှင့် စပ်ကုန်သော အရှင် ဘုရား၏ချိုမြိန်သာယာဖွယ်သော စကားတော်တို့ကို ကြားနာကြရကုန်၏၊ ထိုသူတို့သည် လည်းဘုန်းကံကြီးမားသူတို့ပါပေတည်း။
၁၅၃။ ‘‘‘ဓညာဟံ တေ မဟာဝီရ, ပါဒပူဇနတပ္ပရာ [မာနပူဇနတပ္ပရာ (က။)]၊
တိဏ္ဏသံသာရကန္တာရာ, သုဝါကျေန သိရီမတော’။
၁၅၃။ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အကျွန်ုပ်သည် ကောင်းသော စကားကြောင့်အသရေရှိတော်မူသော အရှင်ဘုရား၏ ခြေတော်တို့ကို မြတ်နိုးပူဇော်ရခြင်း ကြောင့် သံသရာခရီးခဲမှကူးမြောက်ရခြင်းသည် ဘုန်းကံကြီးမားလှပါပေ၏။
၁၅၄။ ‘‘တတော သာ အနုသာဝေတွာ [အနုမာနေ တွာ (က။)], ဘိက္ခုသံဃမ္ပိ သုဗ္ဗတာ၊
ရာဟုလာနန္ဒနန္ဒေ စ, ဝန္ဒိတွာ ဣဒမဗြဝိ။
၁၅၄။ ထို့နောက် ကောင်းသော အကျင့်ရှိသော ထိုမဟာဂေါတမီသည် ရဟန်းသံဃာကို လည်းကောင်း၊ အသျှင်ရာဟုလာ, အသျှင်အာနန္ဒာ, အသျှင်နန္ဒတို့ကိုလည်းကောင်း ပန်ကြား ရှိခိုး၍ ဤစကားကိုလျှောက်ထား၏-
၁၅၅။ ‘‘‘အာသီဝိသာလယသမေ, ရောဂါဝါသေ ကဠေဝရေ၊
နိဗ္ဗိန္ဒာ ဒုက္ခသံဃာဋေ, ဇရာမရဏဂေါစရေ။
၁၅၅။ မြွေ၏ နေရာနှင့် တူသော ရောဂါအနာတို့၏ နေရာဖြစ်သော ဒုက္ခ၏ ပေါင်းစုရာ ဖြစ်သောအိုခြင်း, သေခြင်း၏ ကျက်စားရာဖြစ်သော ကိုယ်ကောင်၌ အကျွန်ုပ်သည် ငြီးငွေ့ ပါပြီ။
၁၅၆။ ‘‘‘နာနာကလိမလာကိဏ္ဏေ [နာနာကုဏပမလာကိဏ္ဏေ (သျာ။), နာနာကာဠမလာကိဏ္ဏေ (က။)], ပရာယတ္တေ နိရီဟကေ၊
တေန နိဗ္ဗာတုမိစ္ဆာမိ, အနုမညထ ပုတ္တကာ’။
၁၅၆။ အထူးထူးသော အပြစ်အညစ်အကြေးတို့ဖြင့် ပြွမ်းသော သူတစ်ပါးနှင့် စပ်သောအားထုတ်ခြင်းမရှိသော ကိုယ်ကောင်၌ အကျွန်ုပ်သည် ငြီးငွေ့ပါပြီ၊ ထို့ကြောင့် ပရိနိဗ္ဗာန်ပြုရန်အလိုရှိပါ၏၊ ချစ်သားတို့ ခွင့်ပြုတော်မူကြပါကုန် (ဟု ဤစကားကို လျှောက်ဆို၏)။
၁၅၇။ ‘‘နန္ဒော ရာဟုလဘဒ္ဒေါ စ, ဝီတသောကာ နိရာသဝါ၊
ဌိတာစလဋ္ဌိတိ ထိရာ, ဓမ္မတမနုစိန္တယုံ။
၁၅၇။ အသျှင်နန္ဒသည်လည်းကောင်း၊ အသျှင်ရာဟုလာသည်လည်းကောင်း အာသဝမ ရှိကုန်သည်ဖြစ်၍ပူဆွေးခြင်းကင်းကုန်လျက် မတုန်လှုပ်သော တည်ခြင်းဖြင့် မြဲမြံစွာ တည်ပြီး လျှင် တရားသဘောကိုအသင့်ဆင်ခြင်ကုန်၏။
၁၅၈။ ‘‘‘ဓိရတ္ထု သင်္ခတံ လောလံ, အသာရံ ကဒလူပမံ၊
မာယာမရီစိသဒိသံ, ဣတရံ အနဝဋ္ဌိတံ။
၁၅၈။ အကြောင်းတို့ ပေါင်းစပ် ပြုပြင်စီရင်အပ်သော သင်္ခါရတရားသည် လျှပ်ပေါ်လော် လည်၏၊ အနှစ်မရှိ၊ ငှက်ပျောတုံးဥပမာရှိ၏၊ မျက်လှည့်, တံလျှပ်နှင့် တူ၏၊ ကာလတိုတောင်း၏၊ အမြဲမတည်တံ့၊ စက်ဆုပ်ဖွယ် ဖြစ်၏။
၁၅၉။ ‘‘‘ယတ္ထ နာမ ဇိနဿာယံ, မာတုစ္ဆာ ဗုဒ္ဓပေါသိကာ၊
ဂေါတမီ နိဓနံ ယာတိ, အနိစ္စံ သဗ္ဗသင်္ခတံ’။
၁၅၉။ ယင်းသင်္ခါရမည်သည်၌ မြတ်စွာဘုရားကို မွေးမြူခဲ့သော မြတ်စွာဘုရား၏ ဤမိထွေးတော်ဂေါတမီသည်ပင် (တစ်ကိုယ်တည်း) နိဗ္ဗာန်သို့ သွားရ၏၊ အလုံးစုံသော သင်္ခါရ သည် အမြဲမရှိ (ဟု တရားသဘောကို အသင့်အားဖြင့်) ဆင်ခြင်ကြကုန်၏)။
၁၆၀။ ‘‘အာနန္ဒော စ တဒါ သေခေါ, သောကဋ္ဋော [ကနိဋ္ဌော (သျာ။)] ဇိနဝစ္ဆလော၊
တတ္ထဿူနိ ကရောန္တော သော, ကရုဏံ ပရိဒေဝတိ။
၁၆၀။ ထိုအခါ မြတ်စွာဘုရားကို လုပ်ကျွေးခြင်း၌ ပြေပြစ်သော အာနန္ဒာသည်ကား သေခပုဂ္ဂိုလ်တည်း၊ ထိုအသျှင်အာနန္ဒာသည် စိုးရိမ်ခြင်းဖြင့် နှိပ်စက်၍ ထိုနေရာ၌ မျက်ရည် ယိုစီးလျက် သနားစဖွယ်ငိုကြွေး၏။
၁၆၁။ ‘‘ဟာ သန္တိံ [ဘာသန္တီ (သျာ။)] ဂေါတမီ ယာတိ, နူန ဗုဒ္ဓေါပိ နိဗ္ဗုတိံ၊
ဂစ္ဆတိ န စိရေနေဝ, အဂ္ဂိရိဝ နိရိန္ဓနော။
၁၆၁။ ဂေါတမီသည် နိဗ္ဗာန်သို့ ဪ သွားဘိ၏တကား၊ မြတ်စွာဘုရားသည် လည်း ‘လောင်စာမရှိသောမီးကဲ့သို့’ မကြာမြင့်မီပင် နိဗ္ဗာန်သို့ ကြွသွားလိမ့်မည်တကား (ဟု သနား စဖွယ် ငိုကြွေး၏)။
၁၆၂။ ‘‘ဧဝံ ဝိလာပမာနံ တံ, အာနန္ဒံ အာဟ ဂေါတမီ၊
သုတသာဂရဂမ္ဘီရ, ဗုဒ္ဓေါပဋ္ဌာနတပ္ပရ။
၁၆၂-၁၆၃။ ဂေါတမီသည် ဤသို့ငိုကြွေးမြည်တမ်းနေသော ထိုအာနန္ဒာမထေရ်ကို “သမုဒ္ဒရာကဲ့သို့နက်နဲသော အကြား, အမြင်ရှိသော မြတ်စွာဘုရားကို အမြဲမပြတ် လုပ်ကျွေး ခြင်း၌ နှစ်ခြိုက်သောသားတော်ချစ် အာနန္ဒာ ရွှင်လန်းဖွယ် အခါသည် ရှေးရှုတည်ရှိပါလျက် စိုးရိမ်ရန် မသင့်၊ သားတော်, သားတော်သည် အကျွန်ုပ်၏ ကိုးကွယ်ရာပါတည်း၊ အရှင့် ကြောင့် အဆုံးဖြစ်သော နိဗ္ဗာန်သို့ရောက်ရပါ၏။
၁၆၃။ ‘‘‘န ယုတ္တံ သောစိတုံ ပုတ္တ, ဟာသကာလေ ဥပဋ္ဌိတေ၊
တယာ မေ သရဏံ ပုတ္တ, နိဗ္ဗာနံ တမုပါဂတံ။
၁၆၄။ ‘‘‘တယာ တာတ သမဇ္ဈိဋ္ဌော, ပဗ္ဗဇ္ဇံ အနုဇာနိ နော၊
မာ ပုတ္တ ဝိမနော ဟောဟိ, သဖလော တေ ပရိဿမော။
၁၆၄။ သားမောင် အရှင်သည် တိုက်တွန်းအပ်သည် ဖြစ်၍ အကျွန်ုပ်တို့အား ရဟန်း အဖြစ်ကိုမြတ်စွာဘုရား ခွင့်ပြုတော်မူပါ၏၊ ချစ်သား စိတ်မကောင်းခြင်း မဖြစ်ပါလင့်၊ အရှင်၏ အားထုတ်၍အပင်ပန်းခံခြင်းသည် အကျိုးရှိပါ၏။
၁၆၅။ ‘‘‘ယံ န ဒိဋ္ဌံ ပုရာဏေဟိ, တိတ္ထိကာစရိယေဟိပိ၊
တံ ပဒံ သုကုမာရီဟိ, သတ္တဝဿာဟိ ဝေဒိတံ။
၁၆၅။ အကြင်နိဗ္ဗာန်ကို ပူရဏကဿပစသော ရှေးတိတ္ထိဆရာတို့သည်ပင် မမြင်နိုင်၊ ထို နိဗ္ဗာန်ကိုခုနစ်နှစ်မျှရှိသေးသော သတို့သမီးငယ်တို့သည် သိအပ်ပါ၏။
၁၆၆။ ‘‘‘ဗုဒ္ဓသာသနပါလေတ, ပစ္ဆိမံ ဒဿနံ တဝ၊
တတ္ထ ဂစ္ဆာမဟံ ပုတ္တ, ဂတော ယတ္ထ န ဒိဿတေ။
၁၆၆။ မြတ်စွာဘုရား၏ သာသနာတော်ကို စောင့်ရှောက်တတ်သော သားတော်အာနန္ဒာ အရှင့်အား ဖူးမြင်ခြင်းသည် နောက်ဆုံးဖြစ်သော ဖူးမြင်ခြင်းပါတည်း၊ သားတော်အာနန္ဒာ အကြင်နိဗ္ဗာန်သို့ သွားသောသူသည် မထင်၊ ထိုနိဗ္ဗာန်သို့ အကျွန်ုပ်သည် သွားပါတော့အံ့’ (ဟု လျှောက်၏)။
၁၆၇။ ‘‘‘ကဒါစိ ဓမ္မံ ဒေသေန္တော, ခိပီ လောကဂ္ဂနာယကော၊
တဒါဟံ အာသီသဝါစံ, အဝေါစံ အနုကမ္ပိကာ။
၁၆၇။ လောကထက် မြတ်တော်မူသော မြတ်စွာဘုရားသည် တရားကို ဟောလတ်သော် တစ်ရံတစ်ခါချေဆတ်တော်မူ၏၊ ထိုအခါ အကျွန်ုပ်သည် အစဥ်သနားသည်ဖြစ်၍ တောင့်တ အပ်သော စကားကိုလျှောက်ထား၏။
၁၆၈။ ‘‘‘စိရံ ဇီဝ မဟာဝီရ, ကပ္ပံ တိဋ္ဌ မဟာမုနေ၊
သဗ္ဗလောကဿ အတ္ထာယ, ဘဝဿု အဇရာမရော။
၁၆၈။ ကြီးသော လုံ့လရှိသော မြတ်စွာဘုရား (အရှင်ဘုရားသည် ) ကြာမြင့်စွာ အသက်ရှည်တော်မူပါစေ၊ ရဟန်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားသည် တစ်ကမ္ဘာ ပတ်လုံးတည်တော်မူပါစေ၊ အလုံးစုံသော လောက၏ အကျိုးငှါ မအို, မသေသည် ဖြစ်တော် မူပါစေ (ဟုတောင့်တသော စကားကို လျှောက်ထား၏)။
၁၆၉။ ‘‘‘တံ တထာဝါဒိနိံ ဗုဒ္ဓေါ, မမံ သော ဧတဒဗြဝိ၊
‘န ဟေဝံ ဝန္ဒိယာ ဗုဒ္ဓါ, ယထာ ဝန္ဒသိ ဂေါတမီ။
၁၆၉။ ထိုသို့ လျှောက်ဆိုလေ့ရှိသော ထိုအကျွန်ုပ်ကို ထိုမြတ်စွာဘုရားသည် ‘ဂေါတမီ သင်ရှိခိုးသကဲ့သို့’ ဤသို့ မြတ်စွာဘုရားတို့ကို မရှိခိုးသင့်ကုန်ဟု ဤစကားကို မိန့်ဆိုတော်မူ၏။
၁၇၀။ ‘‘‘ကထံ စရဟိ သဗ္ဗညူ, ဝန္ဒိတဗ္ဗာ တထာဂတာ၊
ကထံ အဝန္ဒိယာ ဗုဒ္ဓါ, တံ မေ အက္ခာဟိ ပုစ္ဆိတော။
၁၇၀။ တရားအားလုံးကို သိတော်မူသော မြတ်စွာဘုရား အဘယ်သို့လျှင် မြတ်စွာဘုရား တို့ကိုရှိခိုးသင့်ပါကုန်သနည်း၊ အဘယ်သို့ မြတ်စွာဘုရားတို့ကို ရှိမခိုးသင့်ပါကုန်သနည်း၊ မေးလျှောက်အပ်သောအရှင်ဘုရားသည် ထိုအကြောင်းကို အကျွန်ုပ်အား ဖြေကြားတော်မူပါ။
၁၇၁။ ‘‘‘အာရဒ္ဓဝီရိယေ ပဟိတတ္တေ, နိစ္စံ ဒဠှပရက္ကမေ၊
သမဂ္ဂေ သာဝကေ ပဿ, ဧတံ ဗုဒ္ဓါနဝန္ဒနံ။
၁၇၁။ အားထုတ်အပ်သော လုံ့လရှိကုန်သော နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိကုန် သော အမြဲပြင်းထန်သော လုံ့လရှိကုန်သော ညီညွတ်ကုန်သော တပည့်သာဝကတို့ကို ရှုကြည့်ပါလော့၊ ဤသို့လိုက်နာခြင်းသည် မြတ်စွာဘုရားတို့အား ရှိခိုးခြင်းပင်တည်း။
၁၇၂။ ‘‘‘တတော ဥပဿယံ ဂန္တွာ, ဧကိကာဟံ ဝိစိန္တယိံ၊
သမဂ္ဂပရိသံ နာထော, ရောဓေသိ တိဘဝန္တဂေါ။
၁၇၂။ ထို့နောက် ငါသည် ရဟန်းမ ကျောင်းသို့ သွား၍ တစ်ဦးတည်း ကြံစည်၏၊ ဘဝ သုံးပါး၏အဆုံးသို့ ရောက် (တော်မူ) သော မြတ်စွာဘုရားသည် ညီညွတ်သော ပရိသတ်ကို နှစ်သက်တော်မူ၏။
၁၇၃။ ‘‘‘ဟန္ဒာဟံ ပရိနိဗ္ဗိဿံ, မာ ဝိပတ္တိတမဒ္ဒသံ၊
ဧဝါဟံ စိန္တယိတွာန, ဒိသွာန ဣသိသတ္တမံ။
၁၇၃။ ယခု ငါသည် ပရိနိဗ္ဗာန်ပြုအံ့၊ ပျက်စီးသည့် အဖြစ်ကို မမြင်လို၊ ဤသို့ ငါသည် ကြံစည်ပြီးလျှင် မြတ်စွာဘုရားကို ဖူးတွေ့လျက်-
၁၇၄။ ‘‘‘ပရိနိဗ္ဗာနကာလံ မေ, အာရောစေသိံ [အာရောစေမိ (သျာ။)] ဝိနာယကံ၊
တတော သော သမနုညာသိ, ကာလံ ဇာနာဟိ ဂေါတမီ။
၁၇၄။ ငါ၏ ပရိနိဗ္ဗာန် (ပြုမည့်) အခါကို မြတ်စွာဘုရားအား လျှောက်ကြား၏၊ ထိုအခါ ထိုမြတ်စွာဘုရားသည် “ဂေါတမီ အခါကို သိလော့”ဟု ခွင့်ပြုတော်မူ၏။
၁၇၅။ ‘‘‘ကိလေသာ ဈာပိတာ မယှံ…ပေ… ဝိဟရာမိ အနာသဝါ။
၁၇၅။ ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၁၇၆။ ‘‘‘သွာဂတံ ဝတ မေ အာသိ…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၁၇၆။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။ပ။ အဆုံးအမတော် ကိုလိုက်နာပြုကျင့်အပ်ပါပြီ။
၁၇၇။ ‘‘‘ပဋိသမ္ဘိဒါ စတဿော…ပေ… ကတံ ဗုဒ္ဓဿ သာသနံ။
၁၇၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။
၁၇၈။ ‘‘‘ထီနံ ဓမ္မာဘိသမယေ, ယေ ဗာလာ ဝိမတိံ ဂတာ၊
တေသံ ဒိဋ္ဌိပ္ပဟာနတ္ထံ, ဣဒ္ဓိံ ဒဿေဟိ ဂေါတမီ’။
၁၇၈။ ဂေါတမီ အကြင် သူမိုက်တို့သည် မိန်းမတို့၏ သစ္စာတရားကို သိခြင်း၌ ယုံမှား ခြင်းသို့ရောက်ကုန်၏၊ ထိုသူမိုက်တို့၏ မိစ္ဆာအယူကို ပယ်ဖျောက်ခြင်းအကျိုးငှါ တန်ခိုးပြခဲ့ ဦးလော့။
၁၇၉။ ‘‘တဒါ နိပစ္စ သမ္ဗုဒ္ဓံ, ဥပ္ပတိတွာန အမ္ဗရံ၊
ဣဒ္ဓီ အနေကာ ဒဿေသိ, ဗုဒ္ဓါနုညာယ ဂေါတမီ။
၁၇၉။ ထိုအခါ ဂေါတမီသည် မြတ်စွာဘုရားကို တုပ်ဝပ်ပြီးလျှင် ကောင်းကင်သို့ ပျံတက်၍ မြတ်စွာဘုရားခွင့်ပြုတော်မူချက်ဖြင့် များစွာသော တန်ခိုးအမျိုးမျိုးတို့ကို ပြ၏။
၁၈၀။ ‘‘ဧကိကာ ဗဟုဓာ အာသိ, ဗဟုကာ စေတိကာ တထာ၊
အာဝိဘာဝံ တိရောဘာဝံ, တိရောကုဋ္ဋံ [တိရောကုဍ္ဍံ (သျာ။)] တိရောနဂံ။
၁၈၀။ တစ်ယောက်တည်း ဖြစ်လျက် အများအပြား ဖြစ်၏၊ ထို့အတူ အများအပြား ရှိလျက်လည်းတစ်ယောက်တည်း ဖြစ်၏၊ မျက်မှောက်အဖြစ်, မျက်ကွယ်အဖြစ်ကိုလည်း ပြု၏၊ နံရံတစ်ဖက်, တောင်တစ်ဖက်သို့လည်း-
၁၈၁။ ‘‘အသဇ္ဇမာနာ အဂမာ, ဘူမိယမ္ပိ နိမုဇ္ဇထ၊
အဘိဇ္ဇမာနေ ဥဒကေ, အဂဉ္ဆိ မဟိယာ ယထာ။
၁၈၁။ မငြိတွယ်ဘဲ သွား၏၊ မြေ၌လည်း (ရေ၌ကဲ့သို့) ငုပ်၏၊ ရေ၌လည်း မကွဲအက်ဘဲ မြေ၌ကဲ့သို့သွား၏။
၁၈၂။ ‘‘သကုဏီဝ တထာကာသေ, ပလ္လင်္ကေန ကမီ တဒါ၊
ဝသံ ဝတ္တေသိ ကာယေန, ယာဝ ဗြဟ္မနိဝေသနံ။
၁၈၂။ ထိုအခါ ငှက်ကဲ့သို့ ကောင်းကင်၌ တင်ပလ္လင်ခွေဖြင့် ထို့အတူ သွား၏၊ ဗြဟ္မာ့ဘုံ တိုင်အောင်ကိုယ်ဖြင့် အလိုကို လိုက်စေနိုင်၏။
၁၈၃။ ‘‘သိနေရုံ ဒဏ္ဍံ ကတွာန, ဆတ္တံ ကတွာ မဟာမဟိံ၊
သမူလံ ပရိဝတ္တေတွာ, ဓာရယံ စင်္ကမီ နဘေ။
၁၈၃။ မြင်းမိုရ်တောင်ကို ထီးရိုးပြု၍ မြေကြီးကို တောင်ခြေရင်းနှင့်တကွ ပြန်လှန်၍ ထီးပြုကာဆောင်းမိုးလျက် ကောင်းကင်၌ စင်္ကြံသွား၏။
၁၈၄။ ‘‘ဆဿူရောဒယကာလေဝ, လောကဉ္စာကာသိ ဓူမိကံ၊
ယုဂန္တေ ဝိယ လောကံ သာ, ဇာလာမာလာကုလံ အကာ။
၁၈၄။ လောကဓာတ်ကိုလည်း ‘နေခြောက်စင်း ထွက်လာသော အခါကဲ့သို့’ အခိုးထွက် အောင် ပြု၏၊ ထိုဂေါတမီသည် ‘ကမ္ဘာပျက်မိုး ရွာရာ၌ကဲ့သို့’ လောကဓာတ်ကို ရေပန်းနှင့် ရောပြွမ်းအောင် ပြု၏။
၁၈၅။ ‘‘မုစလိန္ဒံ မဟာသေလံ, မေရုမူလနဒန္တရေ [မေရုမန္ဒာရဒဒ္ဒရေ (သီ။ ပီ။), မေရုံ မန္ဒာရဒန္တရေ (သျာ။)]၊
သာသပါရိဝ သဗ္ဗာနိ, ဧကေနဂ္ဂဟိ မုဋ္ဌိနာ။
၁၈၅။ မုစလိန္ဒအိုင်ကိုလည်းကောင်း၊ မြင်းမိုရ်တောင်ခြေရင်း သီတာမြစ်အကြား၌ကျောက်တောင်ကြီးကိုလည်းကောင်း အလုံးစုံတို့ကို ‘မုန်ညင်းစေ့ကဲ့သို့’ လက်ဆုပ်တစ်ခုဖြင့် ယူ၏။
၁၈၆။ ‘‘အင်္ဂုလဂ္ဂေန ဆာဒေသိ, ဘာကရံ သနိသာကရံ၊
စန္ဒသူရသဟဿာနိ, အာဝေဠမိဝ ဓာရယိ။
၁၈၆။ လနှင့် တကွသော နေကို လက်ချောင်းများဖြင့် ဖုံးလွှမ်း၏၊ လ, နေတစ်ထောင် တို့ကို‘နားသွယ်ပန်းကဲ့သို့’ ဆောင်၏။
၁၈၇။ ‘‘စတုသာဂရတောယာနိ, ဓာရယီ ဧကပါဏိနာ၊
ယုဂန္တဇလဒါကာရံ, မဟာဝဿံ ပဝဿထ။
၁၈၇။ သမုဒ္ဒရာလေးစင်းရေတို့ကို လက်ဝါးတစ်ဖက်ဖြင့် ဆောင်ယူ၏၊ ‘ကမ္ဘာပျက် မိုးရေကဲ့သို့’မိုးကြီးကို သည်းထန်စွာ ရွာသွန်းစေ၏။
၁၈၈။ ‘‘စက္ကဝတ္တိံ သပရိသံ, မာပယီ သာ နဘတ္တလေ၊
ဂရုဠံ ဒွိရဒံ သီဟံ, ဝိနဒန္တံ ပဒဿယိ။
၁၈၈။ ထိုဂေါတမီသည် ကောင်းကင်အပြင်၌ ပရိသတ်နှင့်တကွ စကြဝတေးမင်းအသွင် ဖန်ဆင်း၏၊ မြည်ကျူးသော ဂဠုန်, ဆင်, ခြင်္သေ့ကို ပြသ၏။
၁၈၉။ ‘‘ဧကိကာ အဘိနိမ္မိတွာ, အပ္ပမေယျံ ဘိက္ခုနီဂဏံ၊
ပုန အန္တရဓာပေတွာ, ဧကိကာ မုနိမဗြဝိ။
၁၈၉။ တစ်ယောက်တည်း ဖြစ်လျက် မရေတွက်နိုင်သော ရဟန်းမအပေါင်းကို ဖန်ဆင်း ပြပြီးလျှင် တစ်ဖန် ကွယ်ပျောက်စေ၍ တစ်ယောက်တည်း မြတ်စွာဘုရားကို လျှောက်ဆို၏။
၁၉၀။ ‘‘‘မာတုစ္ဆာ တေ မဟာဝီရ, တဝ သာသနကာရိကာ၊
အနုပ္ပတ္တာ သကံ အတ္ထံ, ပါဒေ ဝန္ဒာမိ စက္ခုမ’။
၁၉၀။ ကြီးသော လုံ့လရှိသော မြတ်စွာဘုရား အရှင်ဘုရား၏ မိထွေးတော်သည် အရှင် ဘုရား၏ အဆုံးအမကို ပြုလေ့ရှိသည်ဖြစ်၍ မိမိအကျိုးသို့ အစဥ်ရောက်ပါ၏၊ စက္ခုငါးမျိုး ရှိတော်မူသော မြတ်စွာဘုရား အရှင်ဘုရား၏ ခြေတော်တို့ကို ရှိခိုးပါ၏ (ဟု လျှောက်ဆို၏)။
၁၉၁။ ‘‘ဒဿေတွာ ဝိဝိဓာ ဣဒ္ဓီ, ဩရောဟိတွာ နဘတ္တလာ၊
ဝန္ဒိတွာ လောကပဇ္ဇောတံ, ဧကမန္တံ နိသီဒိ သာ။
၁၉၁။ ထိုဂေါတမီသည် အမျိုးမျိုးသော တန်ခိုးကို ပြပြီးလျှင် ကောင်းကင်ပြင်မှ သက် ဆင်း၍မြတ်စွာဘုရားကို ရှိခိုးလျက် သင့်တင့်သော အရပ်၌ ထိုင်လေ၏။
၁၉၂။ ‘‘သာ ဝီသဝဿသတိကာ, ဇာတိယာဟံ မဟာမုနေ၊
အလမေတ္တာဝတာ ဝီရ, နိဗ္ဗာယိဿာမိ နာယက။
၁၉၂။ မြတ်စွာဘုရား ထိုအကျွန်ုပ်သည် မွေးဖွားသည်မှ အနှစ်တစ်ရာ့နှစ်ဆယ် ရှိပါပြီ၊ မြတ်စွာဘုရားဤမျှလောက်ဖြင့် သင့်လျော်ပါပြီ၊ မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုပါတော့အံ့ (ဟု လျှောက်၏)။
၁၉၃။ ‘‘တဒါတိဝိမှိတာ သဗ္ဗာ, ပရိသာ သာ ကတဉ္ဇလီ၊
အဝေါစယျေ ကထံ အာသိ, အတုလိဒ္ဓိပရက္ကမာ။
၁၉၃။ ထိုအခါ ထိုအလုံးစုံသော ပရိသတ်သည် အလွန် အံ့ဩသည် ဖြစ်၍ လက်အုပ်ချီ လျက် အရှင်မအတုမရှိသော တန်ခိုးလုံ့လသည် အဘယ်သို့ ဖြစ်ပါသနည်းဟု လျှောက် ထား၏။
၁၉၄။ ‘‘ပဒုမုတ္တရော နာမ ဇိနော, သဗ္ဗဓမ္မေသု စက္ခုမာ၊
ဣတော သတသဟဿမှိ, ကပ္ပေ ဥပ္ပဇ္ဇိ နာယကော။
၁၉၄။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ မာရ်ငါးပါးကို အောင်မြင်တော်မူသော အလုံးစုံသောတရားတို့၌ ပညာမျက်စိရှိတော်မူသော ပဒုမုတ္တရမြတ်စွာဘုရားသည် ပွင့်တော် မူ၏။
၁၉၅။ ‘‘တဒါဟံ ဟံသဝတိယံ, ဇာတာမစ္စကုလေ အဟုံ၊
သဗ္ဗောပကာရသမ္ပန္နေ, ဣဒ္ဓေ ဖီတေ မဟဒ္ဓနေ။
၁၉၅။ ထိုအခါ ငါသည် ဟံသာဝတီမြို့၌ အလုံးစုံသော အဆောက်အဦနှင့် ပြည့်စုံသော ကြွယ်ဝသောဝပြောသော များသော ဥစ္စာရှိသော အမတ်မျိုး၌ ဖြစ်ခဲ့၏။
၁၉၆။ ‘‘ကဒါစိ ပိတုနာ သဒ္ဓိံ, ဒါသိဂဏပုရက္ခတာ၊
မဟတာ ပရိဝါရေန, တံ ဥပေစ္စ နရာသဘံ။
၁၉၆။ တစ်ရံရောအခါ အဖနှင့် အတူ ကျွန်မအပေါင်း ခြံရံလျက် အခြံအရံ များစွာဖြင့်ထိုမြတ်စွာဘုရား (ထံ) သို့ ချဥ်းကပ်လတ်သော် -
၁၉၇။ ‘‘ဝါသဝံ ဝိယ ဝဿန္တံ, ဓမ္မမေဃံ အနာသဝံ [ပဝဿယံ (က။)]၊
သရဒါဒိစ္စသဒိသံ, ရံသိဇာလသမုဇ္ဇလံ [ရံသိမာလာကုလံ ဇိနံ (သီ။ သျာ။), ရံသိဇာလာကုလံ ဇိနံ (ပီ။)]။
၁၉၇။ တရားမိုးကို ရွာသွန်းလျက် ‘သိကြားမင်းကဲ့သို့’ နေတော်မူသော ‘တန်ဆောင် မုန်းလ၌ထွက်သော နေကဲ့သို့’ ရောင်ခြည်ကွန်ရက်တို့ဖြင့် တောက်ပတော်မူသော မြတ်စွာ ဘုရားကို ဖူးမြင်ရ၏။
၁၉၈။ ‘‘ဒိသွာ စိတ္တံ ပသာဒေတွာ, သုတွာ စဿ သုဘာသိတံ၊
မာတုစ္ဆံ ဘိက္ခုနိံ အဂ္ဂေ, ဌပေန္တံ နရနာယကံ။
၁၉၈။ ဖူးမြင်ရသည်ရှိသော် မိထွေးတော်ရဟန်းမကို (ရတ္တညူ) ဧတဒဂ်အရာ၌ ထားနေ ဆဲဖြစ်သောမြတ်စွာဘုရားကို ဖူးမြင်ရသည် ရှိသော် စိတ်ကို ကြည်ညိုစေလျက် ထိုမြတ်စွာ ဘုရား၏ (ကောင်းစွာမိန့်ဆိုသော) တရားစကားကိုလည်း ကြားနာရ၏။
၁၉၉။ ‘‘သုတွာ ဒတွာ မဟာဒါနံ, သတ္တာဟံ တဿ တာဒိနော၊
သသံဃဿ နရဂ္ဂဿ, ပစ္စယာနိ ဗဟူနိ စ။
၁၉၉။ ကြားနာရသည်ရှိသော် လူတို့ထက် မြတ်သော ထိုမြတ်စွာဘုရားအား သံဃာနှင့် တကွအလှူကြီးကိုလည်းကောင်း၊ များစွာကုန်သော ပစ္စည်းတို့ကိုလည်းကောင်း ခုနစ်ရက် ပတ်လုံးလှူဒါန်းပြီးလျှင် -
၂၀၀။ ‘‘နိပစ္စ ပါဒမူလမှိ, တံ ဌာနမဘိပတ္ထယိံ၊
တတော မဟာပရိသတိံ, အဝေါစ ဣသိသတ္တမော။
၂၀၀။ ခြေတော်ရင်း၌ ပျပ်ဝပ်လျက် ထိုမိထွေးတော်အရာကို ဆုတောင်းခဲ့၏၊ ထိုအခါ များစွာသော ပရိသတ်အလယ်၌ မြတ်စွာဘုရားသည် မိန့်တော်မူ၏-
၂၀၁။ ‘‘‘ယာ သသံဃံ အဘောဇေသိ, သတ္တာဟံ လောကနာယကံ၊
တမဟံ ကိတ္တယိဿာမိ, သုဏာထ မမ ဘာသတော။
၂၀၁။ အကြင်အမျိုးသမီးသည် မြတ်စွာဘုရားကို သံဃာနှင့်တကွ ခုနစ်ရက်ပတ်လုံး ဆွမ်းလုပ်ကျွေး၏၊ ထို (အမျိုးသမီး) ကို ငါ ဗျာဒိတ်စကား မိန့်ကြားအံ့၊ မိန့် ကြားမည့် ငါ့စကားကို နာကြကုန်လော့-
၂၀၂။ ‘‘‘သတသဟဿိတော ကပ္ပေ, ဩက္ကာကကုလသမ္ဘဝေါ၊
ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။
၂၀၂။ ဤကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမမည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။
၂၀၃။ ‘‘‘တဿ ဓမ္မေသု ဒါယာဒါ, ဩရသာ ဓမ္မနိမ္မိတာ၊
ဂေါတမီ နာမ နာမေန, ဟေဿတိ သတ္ထု သာဝိကာ။
၂၀၃။ ထိုမြတ်စွာဘုရား၏ တရားတို့၌ တရားသည် ဖန်ဆင်းအပ်သော အမွေခံ သမီး တော်ဖြစ်၍အမည်အားဖြင့် ဂေါတမီဟု ထင်ရှားသော မြတ်စွာဘုရား၏ တပည့်မ ‘သာဝိကာ’ ဖြစ်လတ္တံ့။
၂၀၄။ ‘‘‘တဿ ဗုဒ္ဓဿ မာတုစ္ဆာ, ဇီဝိတာပါဒိကာ [ဇီဝိတပါလိကာ (သျာ။)] အယံ၊
ရတ္တညူနဉ္စ အဂ္ဂတ္တံ, ဘိက္ခုနီနံ လဘိဿတိ’။
၂၀၄။ ဤအမျိုးသမီးသည် ထိုမြတ်စွာဘုရားကို အသက်ရှည်အောင် ကျွေးမွေးစောင့် ရှောက်တတ်သော (မြတ်စွာဘုရား၏ ) မိထွေးတော်ဖြစ်၍ ညဥ့်အပိုင်းအခြားကို သိသော ရဟန်းမတို့တွင် အမြတ်ဆုံးအဖြစ်ကို ရလတ္တံ့။
၂၀၅။ ‘‘တံ သုတွာန ပမောဒိတွာ [တံ သုတွာဟံ ပမုဒိတာ (သီ။ သျာ။ ပီ။)], ယာဝဇီဝံ တဒါ ဇိနံ၊
ပစ္စယေဟိ ဥပဋ္ဌိတွာ, တတော ကာလင်္ကတာ အဟံ။
၂၀၅။ ထိုအခါ ငါသည် ထိုစကားကို ကြားနာရသည် ရှိသော် ဝမ်းမြောက်သည် ဖြစ်၍ အသက်ထက်ဆုံးမြတ်စွာဘုရားကို ပစ္စည်း (လေးပါး) တို့ဖြင့် လုပ်ကျွေးပြီးလျှင် ထိုဘဝမှ ကွယ်လွန်ခဲ့၏။
၂၀၆။ ‘‘တာဝတိံသေသု ဒေဝေသု, သဗ္ဗကာမသမိဒ္ဓိသု၊
နိဗ္ဗတ္တာ ဒသဟင်္ဂေဟိ, အညေ အဘိဘဝိံ အဟံ။
၂၀၆။ (ကွယ်လွန်ပြီးနောက်) ငါသည် အလုံးစုံ ကာမဂုဏ်တို့နှင့် ပြည့်စုံသော တာဝတိံ သာနတ်တို့၌ ဖြစ်၍ အကြောင်းအင်္ဂါ ဆယ်ပါးတို့ဖြင့် အခြားသော နတ်တို့ကို လွှမ်းမိုးခဲ့ရ၏။
၂၀၇။ ‘‘ရူပသဒ္ဒေဟိ ဂန္ဓေဟိ, ရသေဟိ ဖုသနေဟိ စ၊
အာယုနာပိ စ ဝဏ္ဏေန, သုခေန ယသသာပိ စ။
၂၀၇။ ငါသည် ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံတို့ဖြင့်လည်းကောင်း၊ အသက်ရှည်ခြင်းအားဖြင့်လည်းကောင်း၊ အဆင်းလှခြင်းအားဖြင့်လည်းကောင်း၊ ချမ်းသာကြီးခြင်းအားဖြင့်လည်းကောင်း၊ အခြံအရံများခြင်းအားဖြင့်လည်းကောင်း-
၂၀၈။ ‘‘တထေဝါဓိပတေယျေန, အဓိဂယှ ဝိရောစဟံ၊
အဟောသိံ အမရိန္ဒဿ, မဟေသီ ဒယိတာ တဟိံ။
၂၀၈။ ထိုမှတစ်ပါး အစိုးရခြင်းအားဖြင့်လည်းကောင်း (အခြားနတ်တို့ကို) လွှမ်းမိုး၍ တင့်တယ်ခဲ့ပေ၏၊ ထိုနတ်ဘုံ၌ သိကြားမင်း၏ ချစ်ခင်မြတ်နိုးအပ်သော မိဖုရား ဖြစ်ခဲ့၏။
၂၀၉။ ‘‘သံသာရေ သံသရန္တီဟံ, ကမ္မဝါယုသမေရိတာ၊
ကာသိဿ ရညော ဝိသယေ, အဇာယိံ ဒါသဂါမကေ။
၂၀၉။ ငါသည် သံသရာ၌ ကျင်လည်လတ်သော်် ကံကြမ္မာလေ တိုက်ခတ်အပ်သည် ဖြစ်၍ ကာသိမင်း၏နိုင်ငံတော်တွင် ကျွန်တို့၏ ရွာငယ်၌ မွေးဖွားခဲ့၏။
၂၁၀။ ‘‘ပဉ္စဒါသသတာနူနာ, နိဝသန္တိ တဟိံ တဒါ၊
သဗ္ဗေသံ တတ္ထ ယော ဇေဋ္ဌော, တဿ ဇာယာ အဟောသဟံ။
၂၁၀။ ထိုအခါ ထိုရွာ၌ ငါးရာအောက် မယုတ်လျော့သော ကျွန်တို့သည် နေကုန်၏၊ ငါသည် ထိုရွာ၌အကြင်ကျွန်သည် ကျွန်အားလုံးတို့ထက် အကြီးအမှူး ဖြစ်၏၊ ထိုကျွန်၏ မယား ဖြစ်ခဲ့၏။
၂၁၁။ ‘‘သယမ္ဘုနော ပဉ္စသတာ, ဂါမံ ပိဏ္ဍာယ ပါဝိသုံ၊
တေ ဒိသွာန အဟံ တုဋ္ဌာ, သဟ သဗ္ဗာဟိ ဣတ္ထိဘိ [ဉာတိဘိ (သီ။ သျာ။ ပီ။)]။
၂၁၁။ ပစ္စေကဗုဒ္ဓါ ငါးရာတို့သည် ရွာသို့ ဆွမ်းအကျိုးငှါ ဝင်ကုန်၏၊ ထိုပစ္စေကဗုဒ္ဓါ တို့ကို ဖူးမြင်ရသော် ငါသည် ကြည်ညိုနှစ်သက်သည် ဖြစ်၍ အလုံးစုံသော မိန်းမတို့နှင့် တကွ-
၂၁၂။ ‘‘ပူဂါ ဟုတွာဝ သဗ္ဗာယော [ကတွာ ပဉ္စသတကုဋီ (သီ။ သျာ။)], စတုမာသေ ဥပဋ္ဌဟုံ [ဥပဋ္ဌိယ (သီ။ သျာ။ ပီ။)]၊
တိစီဝရာနိ ဒတွာန, သံသရိမှ [ပသန္နာမှ (သျာ။)] သသာမိကာ။
၂၁၂။ အသင်းဖွဲ့ကုန်သည် ဖြစ်၍ အားလုံးသော မိန်းမတို့သည် လေးလတို့ပတ်လုံး လုပ်ကျွေးခဲ့ကုန်၏၊ ငါသည် သင်္ကန်းသုံးထည်တို့ကို လှူဒါန်း၍ လင်နှင့်တကွ ကျင်လည်ခဲ့ကုန်၏။
၂၁၃။ ‘‘တတော စုတာ သဗ္ဗာပိ တာ, တာဝတိံသဂတာ မယံ၊
ပစ္ဆိမေ စ ဘဝေ ဒါနိ, ဇာတာ ဒေဝဒဟေ ပုရေ။
၂၁၃။ ထိုငါတို့ အားလုံးတို့သည် ထိုဘဝမှ စုတေကုန်လတ်သော် တာဝတိံ သာဘုံသို့ ရောက်ကုန်၏၊ ယခု နောက်ဆုံးဖြစ်သော ဘဝ၌ကား ဒေဝဒဟပြည်၌ ဖြစ်ကုန်၏။
၂၁၄။ ‘‘ပိတာ အဉ္ဇနသက္ကော မေ, မာတာ မမ သုလက္ခဏာ၊
တတော ကပိလဝတ္ထုသ္မိံ, သုဒ္ဓေါဒနဃရံ ဂတာ။
၂၁၄။ အဉ္ဇနသာကီဝင်မင်းသည် ငါ၏ ခမည်းတော်ပေတည်း၊ သုလက္ခဏာမိဖုရားသည် ငါ၏မယ်တော်ပေတည်း၊ ဒေဝဒဟပြည်မှ ကပိလဝတ်ပြည်၌ သုဒ္ဓေါဒနမင်း၏ အိမ်တော်သို့ ရောက်ခဲ့ပေ၏။
၂၁၅။ ‘‘သေသာ [သဗ္ဗာ (သျာ။)] သကျကုလေ ဇာတာ, သကျာနံ ဃရမာဂမုံ၊
အဟံ ဝိသိဋ္ဌာ သဗ္ဗာသံ, ဇိနဿာပါဒိကာ အဟုံ။
၂၁၅။ ကြွင်းသော အမျိုးသမီးတို့သည် သာကီဝင်မင်းမျိုး၌ ဖြစ်ကုန်၍ သာကီဝင်မင်း တို့၏ အိမ်သို့ရောက်ကုန်၏၊ ငါသည် မိန်းမအားလုံးတို့ထက် ထူးခြားသူ ဖြစ်၍ မြတ်စွာ ဘုရားအားကျွေးမွေးစောင့်ရှောက်ရသော အမိ ဖြစ်ခဲ့၏။
၂၁၆။ ‘‘မမ ပုတ္တောဘိနိက္ခမ္မ [သ မေ ပုတ္တော… (သျာ။)], ဗုဒ္ဓေါ အာသိ ဝိနာယကော၊
ပစ္ဆာဟံ ပဗ္ဗဇိတွာန, သတေဟိ သဟ ပဉ္စဟိ။
၂၁၆။ ငါ၏ သားတော်သည် တောထွက်၍ (သစ္စာလေးပါးကို) သိသော မြတ်စွာဘုရား ဖြစ်တော်မူ၏၊ နောက်အခါ ငါသည် (သာကီဝင်မင်းသမီး) ငါးရာတို့နှင့်တကွ ရဟန်းပြု၍-
၂၁၇။ ‘‘သာကိယာနီဟိ ဓီရာဟိ, သဟ သန္တိသုခံ ဖုသိံ၊
ယေ တဒါ ပုဗ္ဗဇာတိယံ, အမှာကံ အာသု သာမိနော။
၂၁၇။ ဉာဏ်ပညာရှိကုန်သော သာကီဝင်မင်းသမီးတို့နှင့် အတူတကွ နိဗ္ဗာန်ချမ်းသာသို့ ရောက်ခဲ့၏၊ ထိုအခါ အကြင်သူတို့သည် ရှေးဘဝ၌ ငါတို့၏ အရှင်လင်တို့ ဖြစ်ခဲ့ကုန်၏။
၂၁၈။ ‘‘သဟပုညဿ ကတ္တာရော, မဟာသမယကာရကာ၊
ဖုသိံသု အရဟတ္တံ တေ, သုဂတေနာနုကမ္ပိတာ။
၂၁၈။ ကောင်းမှုကို အတူပြုခဲ့ကုန်သော ကြီးကျယ်သော ညီညွတ်ခြင်းကို ပြုတတ်ကုန် သောထိုသူတို့သည် မြတ်စွာဘုရား အစဥ်စောင့်ရှောက်တော်မူခြင်းကြောင့် အရဟတ္တဖိုလ်သို့ ရောက်ကုန်၏။
၂၁၉။ ‘‘တဒေတရာ ဘိက္ခုနိယော, အာရုဟိံသု နဘတ္တလံ၊
သံဂတာ [ခဂတာ (သီ။)] ဝိယ တာရာယော, ဝိရောစိံသု မဟိဒ္ဓိကာ။
၂၁၉။ ထိုအခါ ဂေါတမီမှတစ်ပါး အခြားသော ရဟန်းမတို့သည် ကောင်းကင်ပြင်သို့ တက်ရောက်ကုန်၏၊ ‘ကောင်းကင်၌ တည်သော ကြယ်တာရာတို့ကဲ့သို့’ ကြီးသော တန်ခိုးရှိ ကုန်သည်ဖြစ်၍အလွန်တင့်တယ်ကုန်၏။
၂၂၀။ ‘‘ဣဒ္ဓီ အနေကာ ဒဿေသုံ, ပိဠန္ဓဝိကတိံ ယထာ၊
ကမ္မာရော ကနကဿေဝ, ကမ္မညဿ သုသိက္ခိတော [ပုဏ္ဏကမ္မေသု သိက္ခိတာ (သျာ။)]။
၂၂၀။ ‘ကောင်းစွာ သင်ယူပြီးသော ရွှေပန်းထိမ်သည်သည် အမှု၌ ခံ့ညားသော ရွှေ၏တန်ဆာအထူးကိုသာလျှင် ပြသကဲ့သို့’ များစွာသော တန်ခိုးတို့ကို ပြလေကုန်၏။
၂၂၁။ ‘‘ဒဿေတွာ ပါဋိဟီရာနိ, ဝိစိတ္တာနိ [ဝိဝိဓာနိ (သျာ။)] ဗဟူနိ စ၊
တောသေတွာ ဝါဒိပဝရံ, မုနိံ သပရိသံ တဒါ။
၂၂၁။ ဆန်းလည်း ဆန်းကြယ် များလည်း များပြားကုန်သော တန်ခိုးပြာဋိဟာတို့ကို ပြ၍ ထိုအခါ ပရိသတ်နှင့် တကွသော ဝါဒရှိသူတို့ထက် မြတ်သော မြတ်စွာဘုရားကို နှစ် သက်စေပြီးလျှင် -
၂၂၂။ ‘‘ဩရောဟိတွာန ဂဂနာ, ဝန္ဒိတွာ ဣသိသတ္တမံ၊
အနုညာတာ နရဂ္ဂေန, ယထာဌာနေ နိသီဒိသုံ။
၂၂၂။ ကောင်းကင်မှ သက်ဆင်း၍ မြတ်စွာဘုရားကို ရှိခိုးလျက် မြတ်စွာဘုရား ခွင့်ပြု တော်မူသည်ဖြစ်၍နေရာအားလျော်စွာ ထိုင်နေကုန်၏။
၂၂၃။ ‘‘‘အဟောနုကမ္ပိကာ အမှံ, သဗ္ဗာသံ စိရ ဂေါတမီ၊
ဝါသိတာ တဝ ပုညေဟိ, ပတ္တာ နော အာသဝက္ခယံ။
၂၂၃။ အရှင်မဂေါတမီ အကျွန်ုပ်တို့ကို (အရှင်မ၏) အစဥ်စောင့်ရှောက်ခြင်းသည် အံ့ဩ ဖွယ် ရှိပါပေစွ၊ (အရှင်မနှင့်) အတူတကွ နေရခြင်းသည် ကြာမြင့်ခဲ့ပါပြီ၊ အရှင်မ၏ ကုသိုလ် တို့ဖြင့် ထုံအပ်ကုန်သောအကျွန်ုပ်တို့သည် အာသဝေါကုန်ရာ (နိဗ္ဗာန်) သို့ ရောက်ရပါကုန်ပြီ။
၂၂၄။ ‘‘‘ကိလေသာ ဈာပိတာ အမှံ, ဘဝါ သဗ္ဗေ သမူဟတာ၊
နာဂီဝ ဗန္ဓနံ ဆေတွာ, ဝိဟရာမ အနာသဝါ။
၂၂၄။ ငါတို့သည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ၊ ဘဝအားလုံးကိုပယ်နုတ်အပ်ကုန်ပြီ၊ ‘ဆင်မသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့’ အာသဝမရှိဘဲ နေရကုန်၏။
၂၂၅။ ‘‘‘သွာဂတံ ဝတ နော အာသိ, ဗုဒ္ဓသေဋ္ဌဿ သန္တိကေ၊
တိဿော ဝိဇ္ဇာ အနုပ္ပတ္တာ, ကတံ ဗုဒ္ဓဿ သာသနံ။
၂၂၅။ ငါတို့၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏၊ ဘုရားမြတ်၏ အထံတော်၌ဝိဇ္ဇာသုံးပါးတို့သို့ ရောက်အပ်ကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက် နာပြုကျင့်အပ်ပါပြီ။
၂၂၆။ ‘‘‘ပဋိသမ္ဘိဒါ စတဿော, ဝိမောက္ခာပိ စ အဋ္ဌိမေ၊
ဆဠဘိညာ သစ္ဆိကတာ, ကတံ ဗုဒ္ဓဿ သာသနံ။
၂၂၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကို လည်းကောင်း၊ ခြောက်ပါးသော အဘိညာဥ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။
၂၂၇။ ‘‘‘ဣဒ္ဓီသု စ ဝသီ ဟောမ, ဒိဗ္ဗာယ သောတဓာတုယာ၊
စေတောပရိယဉာဏဿ, ဝသီ ဟောမ မဟာမုနေ။
၂၂၇။ မြတ်စွာဘုရား အကျွန်ု်ပ်တို့သည် ဣဒ္ဓိဝိဓ (အဘိညာဥ်) ၌ လေ့လာပြီး ဖြစ်ပါကုန်၏၊ ဒိဗ္ဗသောတ (အဘိညာဥ်) ၌လည်းကောင်း၊ စေတောပရိယဉာဏ် (အဘိညာဥ်) ၌လည်းကောင်းလေ့လာပြီးဖြစ်ပါကုန်၏။
၂၂၈။ ‘‘‘ပုဗ္ဗေနိဝါသံ ဇာနာမ, ဒိဗ္ဗစက္ခု ဝိသောဓိတံ၊
သဗ္ဗာသဝပရိက္ခီဏာ, နတ္ထိ ဒါနိ ပုနဗ္ဘဝေါ။
၂၂၈။ ရှေး၌ နေဖူးသော ခန္ဓာအစဥ်ကို သိကြပါကုန်၏၊ ဒိဗ္ဗစက္ခုအဘိညာဥ်ကို သုတ်သင် အပ်ပြီးပါပြီ၊ အလုံးစုံသော အာသဝတို့ ကုန်ခန်းပါကုန်ပြီ၊ (အကျွန်ုပ်တို့အား) ယခုအခါ ဘဝ သစ်၌ တစ်ဖန်ဖြစ်ခြင်းမရှိတော့ပါ။
၂၂၉။ ‘‘‘အတ္ထေ ဓမ္မေ စ နေရုတ္တေ, ပဋိဘာနေ [ပဋိဘာဏေ (သီ။ သျာ။)] စ ဝိဇ္ဇတိ၊
ဉာဏံ အမှံ မဟာဝီရ, ဥပ္ပန္နံ တဝ သန္တိကေ။
၂၂၉။ မြတ်စွာဘုရား အရှင်ဘုရား၏ သဏ္ဌာန်တော်၌ဖြစ်သော အတ္ထပဋိသမ္ဘိဒါဉာဏ်၊ ဓမ္မပဋိသမ္ဘိဒါဉာဏ်၊ နိရုတ္တိပဋိသမ္ဘိဒါဉာဏ်၊ ပဋိဘာနပဋိသမ္ဘိဒါဉာဏ်သည် အကျွန်ုပ်တို့အား ရှိပါ၏။
၂၃၀။ ‘‘‘အသ္မာဘိ ပရိစိဏ္ဏောသိ, မေတ္တစိတ္တာဟိ နာယက၊
အနုဇာနာဟိ သဗ္ဗာသံ [သဗ္ဗာယော (သျာ။ ပီ။)], နိဗ္ဗာနာယ မဟာမုနေ’။
၂၃၀။ မြတ်စွာဘုရား မေတ္တာစိတ်ရှိကုန်သော အကျွန်ုပ်တို့သည် အရှင်ဘုရားကို လုပ် ကျွေးခဲ့ပါ၏၊ မြတ်စွာဘုရား အလုံးစုံသော အကျွန်ုပ်တို့ကို ပရိနိဗ္ဗာန် ပြုခြင်းငှါ ခွင့်ပြုတော် မူပါလော့ (ဟုလျှောက်ကုန်၏)။
၂၃၁။ ‘‘နိဗ္ဗာယိဿာမ ဣစ္စေဝံ, ကိံ ဝက္ခာမိ ဝဒန္တိယော၊
ယဿ ဒါနိ စ ဝေါ ကာလံ, မညထာတိ ဇိနောဗြဝိ။
၂၃၁။ ပရိနိဗ္ဗာန်ပြုပါကုန်အံ့ဟု ဤသို့ လျှောက်ဆိုသော သင်တို့ကို ငါသည် အဘယ်သို့မိန့်ဆိုမည်နည်း၊ သင်တို့သည် အကြင် (ပရိနိဗ္ဗာန်ပြုခြင်း၏) အခါကို ယခု သိကုန်လော့ဟုမြတ်စွာဘုရားသည် မိန့်တော်မူ၏။
၂၃၂။ ‘‘ဂေါတမီအာဒိကာ တာယော, တဒါ ဘိက္ခုနိယော ဇိနံ၊
ဝန္ဒိတွာ အာသနာ တမှာ, ဝုဋ္ဌာယ အဂမိံသု တာ။
၂၃၂။ ထိုအခါ ဂေါတမီအစရှိကုန်သော ထိုရဟန်းမတို့သည် မြတ်စွာဘုရားကို ရှိခိုးပြီး လျှင် ထိုနေရာမှထ၍ ထိုရဟန်းမတို့သည် သွားကုန်၏။
၂၃၃။ ‘‘မဟတာ ဇနကာယေန, သဟ လောကဂ္ဂနာယကော၊
အနုသံယာယီ သော [အနုသံသာဝယီ (သျာ။ က။)] ဝီရော, မာတုစ္ဆံ ယာဝကောဋ္ဌကံ။
၂၃၃။ လောက၏ အမြတ်ဆုံး ရှေ့သွား ထိုမြတ်စွာဘုရားသည် များစွာသော လူအပေါင်း နှင့်တကွ့မိထွေးတော်ကို တံခါးမုခ်တိုင်အောင် လိုက်ပို့တော်မူ၏။
၂၃၄။ ‘‘တဒါ နိပတိ ပါဒေသု, ဂေါတမီ လောကဗန္ဓုနော၊
သဟေဝ တာဟိ သဗ္ဗာဟိ, ပစ္ဆိမံ ပါဒဝန္ဒနံ။
၂၃၄။ ထိုအခါ ဂေါတမီသည် ထိုရဟန်းမိန်းမ အားလုံးတို့နှင့် တကွသာလျှင် မြတ်စွာ ဘုရား၏ ခြေတော်တို့၌ ဦးတိုက်၏၊ ခြေတော်တို့ကို နောက်ဆုံး ရှိခိုးခြင်းကို ပြုလေ၏။
၂၃၅။ ‘‘‘ဣဒံ ပစ္ဆိမကံ မယှံ, လောကနာထဿ ဒဿနံ၊
န ပုနော အမတာကာရံ, ပဿိဿာမိ မုခံ တဝ။
၂၃၅။ အကျွန်ုပ်၏ ဤယခုဖူးမြင်ရခြင်းသည် မြတ်စွာဘုရားအား နောက်ဆုံးဖြစ်သောဖူးမြင်ရခြင်းပါပေတည်း၊ အကျွန်ုပ်သည် အမြိုက်သဖွယ်ဖြစ်သော အရှင်ဘုရား၏ မျက်နှာ တော်ကိုတစ်ဖန် ဖူးမြင်ရတော့မည် မဟုတ်ပါ။
၂၃၆။ ‘‘‘န စ မေ ဝန္ဒနံ [ဝဒနံ (က။)] ဝီရ, တဝ ပါဒေ သုကောမလေ၊
သမ္ဖုသိဿတိ လောကဂ္ဂ, အဇ္ဇ ဂစ္ဆာမိ နိဗ္ဗုတိံ’။
၂၃၆။ မြတ်စွာဘုရား အကျွန်ုပ်၏ ရှိခိုးခြင်းသည်လည်း အရှင်ဘုရား၏ အလွန်နူးညံ့သော ခြေတော်၌နောက်ထပ် တွေ့ထိရတော့မည် မဟုတ်ပါ၊ မြတ်စွာဘုရား အကျွန်ုပ်သည် ယနေ့ နိဗ္ဗာန်သို့သွားပါတော့အံ့ (ဟု လျှောက်၏)။
၂၃၇။ ‘‘ရူပေန ကိံ တဝါနေန, ဒိဋ္ဌေ ဓမ္မေ ယထာတထေ၊
သဗ္ဗံ သင်္ခတမေဝေတံ, အနဿာသိကမိတ္တရံ။
၂၃၇။ အမှန်အတိုင်း တရားကို မြင်လတ်သော် သင့်အား ဤရုပ်ဖြင့် အဘယ်အကျိုးရှိ မည်နည်း၊ ဤရုပ်အားလုံးသည် အကြောင်းတရားတို့ ပေါင်းစပ်ပြုပြင်အပ်သော ‘သင်္ခတ’ တရားသာလျှင် ဖြစ်၍သက်သာရာမရှိဘဲ စက်ဆုပ်ဖွယ်အတိ ဖြစ်ပေ၏။
၂၃၈။ ‘‘သာ သဟ တာဟိ ဂန္တွာန, ဘိက္ခုနုပဿယံ သကံ၊
အဍ္ဎပလ္လင်္ကမာဘုဇ္ဇ, နိသီဒိ ပရမာသနေ။
၂၃၈။ ထိုမိထွေးတော်ဂေါတမီသည် ထိုရဟန်းမတို့နှင့်တကွ မိမိနေရာ ဘိက္ခုနီကျောင်းသို့ သွား၍မြတ်သော နေရာ၌ ထက်ဝယ်တင်ပလ္လင်ကို ဖွဲ့ခွေထိုင်နေ၏။
၂၃၉။ ‘‘တဒါ ဥပါသိကာ တတ္ထ, ဗုဒ္ဓသာသနဝစ္ဆလာ၊
တဿာ ပဝတ္တိံ သုတွာန, ဥပေသုံ ပါဒဝန္ဒိကာ။
၂၃၉။ ထိုအခါ ထိုအရပ်၌ မြတ်စွာဘုရားသာသနာကို ချစ်မြတ်နိုးကုန်သော ဥပါသိကာမ တို့သည်ထိုမိထွေးတော်ဂေါတမီ၏ ပရိနိဗ္ဗာန်ပြုမည့် သတင်းစကားကို ကြားကုန်၍ ခြေတို့ကို ရှိခိုးကုန်လျက်ချဥ်းကပ်ကုန်၏။
၂၄၀။ ‘‘ကရေဟိ ဥရံ ပဟန္တာ, ဆိန္နမူလာ ယထာ လတာ၊
ရောဒန္တာ ကရုဏံ ရဝံ, သောကဋ္ဋာ ဘူမိပါတိတာ။
၂၄၀။ စိုးရိမ်ခြင်းဖြင့် နှိပ်စက်သော ဥပါသိကာမတို့သည် လက်တို့ဖြင့် ရင်ကို ထုကုန်ပြီး လျှင်သနားဖွယ်ရာ ငိုကြွေးမြည်တမ်းကုန်လျက် ‘အမြစ်ပြတ်သော နွယ်ကဲ့သို့’ မြေ၌ လဲကျ လေကုန်၏။
၂၄၁။ ‘‘မာ နော သရဏဒေ နာထေ, ဝိဟာယ ဂမိ နိဗ္ဗုတိံ၊
နိပတိတွာန ယာစာမ, သဗ္ဗာယော သိရသာ မယံ။
၂၄၁။ ကိုးကွယ်ရာကို ပေးတတ်သော အားထားရာဖြစ်သော အရှင်မ အရှင်မသည် အကျွန်ုပ်တို့ကိုစွန့်ပယ်၍ နိဗ္ဗာန်သို့ မသွားပါလင့်၊ အကျွန်ုပ်တို့အားလုံးသည် ဦးခေါင်းဖြင့် ဝပ်တွား၍တောင်းပန်ပါကုန်၏။
၂၄၂။ ‘‘ယာ ပဓာနတမာ တာသံ, သဒ္ဓါ ပညာ ဥပါသိကာ၊
တဿာ သီသံ ပမဇ္ဇန္တီ, ဣဒံ ဝစနမဗြဝိ။
၂၄၂။ ထိုဥပါသိကာမတို့တွင် သဒ္ဓါတရားရှိသော ပညာနှင့် ပြည့်စုံသော အကြင် ဥပါသိကာမသည်အထူးပြဋ္ဌာန်း၏၊ ထိုဥပါသိကာမ၏ ဦးခေါင်းကို ပွတ်သပ်လျက် ဤစကား ကို မိန့်ဆို၏-
၂၄၃။ ‘‘‘အလံ ပုတ္တာ ဝိသာဒေန, မာရပါသာနုဝတ္တိနာ၊
အနိစ္စံ သင်္ခတံ သဗ္ဗံ, ဝိယောဂန္တံ စလာစလံ’။
၂၄၃။ ချစ်သမီးတို့ (သင်တို့အား) မာရ်မင်း၏ ကျော့ကွင်းသို့ အစဥ်လိုက်သော စိုးရိမ် ပင်ပန်းခြင်းဖြင့်မသင့်လျော်၊ အကြောင်းတို့ ပေါင်းစပ် ပြုပြင်အပ်သော ‘သင်္ခတ’တရားအား လုံးသည် အမြဲ မရှိ။ ကွေကွင်းခြင်းလျှင် အဆုံးရှိ၏၊ တုန်လှုပ်ချောက်ချား၏ (ဟု ဤစကားကို မိန့်ဆို၏)။
၂၄၄။ ‘‘တတော သာ တာ ဝိသဇ္ဇိတွာ, ပဌမံ ဈာနမုတ္တမံ၊
ဒုတိယဉ္စ တတိယဉ္စ, သမာပဇ္ဇိ စတုတ္ထကံ။
၂၄၄။ ထို့နောက် ထိုမိထွေးတော်ဂေါတမီသည် ထိုဥပါသိကာမတို့ကို လွှတ်လိုက်၍ မြတ် သောပထမဈာန်ကိုလည်းကောင်း၊ ဒုတိယဈာန်ကိုလည်းကောင်း၊ တတိယဈာန်ကိုလည်းကောင်း၊ စတုတ္ထဈာန်ကိုလည်းကောင်း ဝင်စား၏။
၂၄၅။ ‘‘အာကာသာယတနဉ္စေဝ, ဝိညာဏာယတနံ တထာ၊
အာကိဉ္စံ နေဝသညဉ္စ, သမာပဇ္ဇိ ယထာက္ကမံ။
၂၄၅။ အာကာသာနဉ္စာယတနဈာန်ကိုလည်းကောင်း၊ ဝိညာဏဉ္စာယတနဈာန်ကိုလည်းကောင်း၊ ထိုမှတစ်ပါး အာကိဉ္စညာယတနဈာန်ကိုလည်းကောင်း၊ နေဝသညာနာသညာယတန ဈာန်ကိုလည်းကောင်းအစဥ်အတိုင်း ဝင်စားလေ၏။
၂၄၆။ ‘‘ပဋိလောမေန ဈာနာနိ, သမာပဇ္ဇိတ္ထ ဂေါတမီ၊
ယာဝတာ ပဌမံ ဈာနံ, တတော ယာဝစတုတ္ထကံ။
၂၄၆။ မိထွေးတော်ဂေါတမီသည် ပထမဈာန်တိုင်အောင် အပြန် (ပဋိလုံ) အားဖြင့် ဈာန်တို့ ကို ဝင်စား၏၊ ထို့နောက် စတုတ္ထဈာန်တိုင်အောင် ဝင်စား၏။
၂၄၇။ ‘‘တတော ဝုဋ္ဌာယ နိဗ္ဗာယိ, ဒီပစ္စီဝ နိရာသဝါ [နိရာသနာ (သီ။ ပီ။)]၊
ဘူမိစာလော မဟာ အာသိ, နဘသာ ဝိဇ္ဇုတာ ပတိ။
၂၄၇။ ထိုစတုတ္ထဈာန်မှ ထ၍ ‘ဆီမီးလျှံ ငြိမ်းသကဲ့သို့’ အာသဝမရှိဘဲ ငြိမ်းလေ၏၊ ကြီး စွာသောမြေလှုပ်ခြင်းသည် ဖြစ်လေ၏၊ လျှပ်စစ်နွယ်သည် ကောင်းကင်မှ ပြက်၍ ကျလေ၏။
၂၄၈။ ‘‘ပနာဒိတာ ဒုန္ဒုဘိယော, ပရိဒေဝိံသု ဒေဝတာ၊
ပုပ္ဖဝုဋ္ဌီ စ ဂဂနာ, အဘိဝဿထ မေဒနိံ။
၂၄၈။ စည်တို့သည် မြည်ဟည်းလေကုန်၏၊ နတ်တို့သည် ငိုကြွေးလေကုန်၏၊ ပန်းမိုး သည်လည်းကောင်းကင်မှ မြေသို့ ရွာသွန်းလေ၏။
၂၄၉။ ‘‘ကမ္ပိတော မေရုရာဇာပိ, ရင်္ဂမဇ္ဈေ ယထာ နဋော၊
သောကေန စာတိဒီနောဝ ဝိရဝေါ အာသိ သာဂရော။
၂၄၉။ မြင်းမိုရ်တောင်မင်းသည်လည်း ‘ပွဲသဘင်အလယ်၌ ကချေသည်ကဲ့သို့’ တုန်လှုပ် လေ၏၊ သမုဒ္ဒရာသည်လည်း ‘စိုးရိမ်ခြင်းအားဖြင့် အလွန်ဆင်းရဲပင်ပန်းသကဲ့သို့’ ကျယ် လောင်သောအသံရှိလေ၏။
၂၅၀။ ‘‘ဒေဝါ နာဂါသုရာ ဗြဟ္မာ, သံဝိဂ္ဂါဟိံသု တင်္ခဏေ၊
‘အနိစ္စာ ဝတ သင်္ခါရာ, ယထာယံ ဝိလယံ ဂတာ’။
၂၅၀။ ထိုခဏ၌ နတ်, နဂါး, အသုရာ, ဗြဟ္မာတို့သည် ထိတ်လန့်ခြင်း ဖြစ်ကြလေကုန်၏၊ သင်္ခါရတရားတို့သည် စင်စစ် အမြဲ မရှိကုန်၊ ယင်း (အမြဲမရှိသော) အခြင်းအရာအားဖြင့် ဤ ဂေါတမီသည်ပျက်စီးခြင်းသို့ ရောက်လေပြီ။
၂၅၁။ ‘‘ယာ စေ မံ ပရိဝါရိံသု, သတ္ထု သာသနကာရိကာ၊
တာယောပိ အနုပါဒါနာ, ဒီပစ္စိ ဝိယ [ဒီပသိခါ ဝိယ (သျာ။)] နိဗ္ဗုတာ။
၂၅၁။ မြတ်စွာဘုရား၏ အဆုံးအမကို လိုက်နာကျင့်သုံးလေ့ရှိကုန်သော အကြင်ရဟန်းမ တို့သည်ဤမိထွေးတော်ဂေါတမီကို ခြံရံကုန်၏၊ ထိုရဟန်းမတို့သည်လည်း ‘လောင်စာမရှိ သော ဆီမီးလျှံကဲ့သို့’ငြိမ်းအေးလေကုန်ပြီ။
၂၅၂။ ‘‘ဟာ ယောဂါ ဝိပ္ပယောဂန္တာ, ဟာနိစ္စံ သဗ္ဗသင်္ခတံ၊
ဟာ ဇီဝိတံ ဝိနာသန္တံ, ဣစ္စာသိ ပရိဒေဝနာ။
၂၅၂။ ပေါင်းဆုံခြင်းတို့သည် ဪ ကွေကွင်းခြင်းလျှင် အဆုံးရှိကုန်၏၊ အကြောင်းတို့ပေါင်းစပ်ပြုပြင်အပ်သော ‘သင်္ခတ’တရားအားလုံးတို့သည် ဪ အမြဲမရှိလေစွ၊ အသက် ရှင်ခြင်းသည်ဪ ပျက်စီးခြင်းလျှင် အဆုံးရှိ၏၊ ဤသို့ ငိုကြွေးမြည်တမ်းခြင်း ဖြစ်လေ၏။
၂၅၃။ ‘‘တတော ဒေဝါ စ ဗြဟ္မာ စ, လောကဓမ္မာနုဝတ္တနံ၊
ကာလာနုရူပံ ကုဗ္ဗန္တိ, ဥပေတွာ ဣသိသတ္တမံ။
၂၅၃။ ထို့နောက် နတ်တို့သည်လည်းကောင်း၊ ဗြဟ္မာတို့သည်လည်းကောင်း မြတ်စွာ ဘုရားထံချဥ်းကပ်၍ လောကဓမ္မသို့ အစဥ်လိုက်သော ပူဇော်မှုကို အခါအားလျော်စွာ ပြုကုန်၏။
၂၅၄။ ‘‘တဒါ အာမန္တယီ သတ္ထာ, အာနန္ဒံ သုတသာဂရံ [သုတိသာဂရံ (သီ။ သျာ။ ပီ။)]၊
‘ဂစ္ဆာနန္ဒ နိဝေဒေဟိ, ဘိက္ခူနံ မာတု နိဗ္ဗုတိံ’။
၂၅၄။ ထိုအခါ မြတ်စွာဘုရားသည် သမုဒ္ဒရာနှင့် တူသော အကြားအမြင်ရှိသော အရှင် အာနန္ဒာကို“အာနန္ဒာ သွားချေ၊ မယ်တော်၏ ပရိနိဗ္ဗာန်ပြုကြောင်းကို ရဟန်းတို့အား ပြော ကြားချေလော့”ဟုမိန့်တော်မူ၏။
၂၅၅။ ‘‘တဒါနန္ဒော နိရာနန္ဒော, အဿုနာ ပုဏ္ဏလောစနော၊
ဂဂ္ဂရေန သရေနာဟ, ‘သမာဂစ္ဆန္တု ဘိက္ခဝေါ။
၂၅၅။ ထိုအခါ အရှင်အာနန္ဒာသည် မျက်ရည်ဖြင့် ပြည့်သော မျက်စိရှိသည်ဖြစ်၍ ဝမ်း နည်းလျက်ရှိုက်ငင်သော အသံဖြင့် “ရဟန်းတို့သည် အညီအညွတ် စည်းဝေးပါကုန်လော့”ဟု လျှောက်ထားလေ၏။
၂၅၆။ ‘‘‘ပုဗ္ဗဒက္ခိဏပစ္ဆာသု, ဥတ္တရာယ စ သန္တိကေ၊
သုဏန္တု ဘာသိတံ မယှံ, ဘိက္ခဝေါ သုဂတောရသာ။
၂၅၆။ အရှေ့အရပ်, တောင်အရပ်, အနောက်အရပ်တို့၌ လည်းကောင်း၊ မြောက်အရပ်၌ လည်းကောင်း (နေကြသော) မြတ်စွာဘုရား၏ သားတော်ရဟန်းတို့သည် အကျွန်ုပ်ထံမှ စကားကိုနားစိုက်ကြပါကုန်လော့။
၂၅၇။ ‘‘‘ယာ ဝဍ္ဎယိ ပယတ္တေန, သရီရံ ပစ္ဆိမံ မုနေ၊
သာ ဂေါတမီ ဂတာ သန္တိံ, တာရာဝ သူရိယောဒယေ။
၂၅၇။ အကြင်ဂေါတမီသည် ကြိုးစားအားထုတ်သဖြင့် မြတ်စွာဘုရား၏ ကိုယ်တော်ကို နောက်ဆုံးရှိခိုးခဲ့၏၊ ထိုဂေါတမီသည် ‘နေတက်ခြင်းကြောင့် (ကင်းပျောက်သော) ကြယ်တာရာ တို့ကဲ့သို့’ငြိမ်းအေးရာ နိဗ္ဗာန်သို့ ရောက်လေပြီ။
၂၅၈။ ‘‘‘ဗုဒ္ဓမာတာတိ ပညတ္တိံ [သညတ္တိံ (သျာ။)], ဌပယိတွာ ဂတာသမံ၊
န ယတ္ထ ပဉ္စနေတ္တောပိ, ဂတိံ [ဂတံ (သီ။ ပီ။), တတ္ထ (သျာ။)] ဒက္ခတိ နာယကော။
၂၅၈။ ထိုဂေါတမီသည် “မြတ်စွာဘုရားမယ်တော်”ဟူသော အမည်ပညတ်ကို ထားခဲ့၍ နိဗ္ဗာန်သို့သွားပါပြီ၊ ယင်းနိဗ္ဗာန်၌ စက္ခုငါးမျိုးရှိတော်မူသော မြတ်စွာဘုရားသည် ပင် လားရာ‘ဂတိ’ကို မမြင်နိုင်ပါ။
၂၅၉။ ‘‘‘ယဿတ္ထိ သုဂတေ သဒ္ဓါ, ယော စ ပိယော မဟာမုနေ၊
ဗုဒ္ဓမာတုဿ [ဗုဒ္ဓမာတရိ (သီ။), ဗုဒ္ဓဿ မာတု (သျာ။)] သက္ကာရံ, ကရောတု သုဂတောရသော’။
၂၅၉။ အကြင်ရဟန်းအား မြတ်စွာဘုရား၌ ယုံကြည်ခြင်း ‘သဒ္ဓါ’တရားသည် ရှိ၏၊ အကြင်ရဟန်းသည်လည်း မြတ်စွာဘုရား၌ ချစ်ခင်မြတ်နိုး၏၊ မြတ်စွာဘုရား၏ သားတော် ဖြစ်သောထိုရဟန်းသည် မြတ်စွာဘုရားမယ်တော်အား ပူဇော်သက္ကာရကို ပြုပါလော့ (ဟု ပြောဆိုလေ၏)။
၂၆၀။ ‘‘သုဒူရဋ္ဌာပိ တံ သုတွာ, သီဃမာဂစ္ဆု ဘိက္ခဝေါ၊
ကေစိ ဗုဒ္ဓါနုဘာဝေန, ကေစိ ဣဒ္ဓီသု ကောဝိဒါ။
၂၆၀။ ထိုစကားကို ကြားလတ်ကုန်သော် အလွန်ဝေးသော အရပ်၌ တည်နေသော ရဟန်းတို့သည်လည်းလျင်စွာ လာစေကုန်သတည်း၊ အချို့သော ရဟန်းတို့သည် မြတ်စွာ ဘုရားအာနုဘော်ဖြင့် လာကုန်ပြီ၊ အချို့ရဟန်းတို့သည် တန်ခိုး၌ လိမ္မာကုန်၍ လျင်မြန်စွာ လာကုန်၏။
၂၆၁။ ‘‘ကူဋာဂါရဝရေ ရမ္မေ, သဗ္ဗသောဏ္ဏမယေ သုဘေ၊
မဉ္စကံ သမာရောပေသုံ, ယတ္ထ သုတ္တာသိ ဂေါတမီ။
၂၆၁။ အကြင်ညောင်စောင်း၌ ဂေါတမီသည် ပရိနိဗ္ဗာန်စံလေ၏၊ ထို (ပရိနိဗ္ဗာန်စံရာ) ညောင်စောင်းကိုအလုံးစုံ ရွှေဖြင့်ပြီးသော လှပတင့်တယ်သော မွေ့လျော်ဖွယ်ကောင်းသော အထွတ်တပ်သောပြာသာဒ်မြတ်၌ ကောင်းစွာ တင်ထားကုန်၏။
၂၆၂။ ‘‘စတ္တာရော လောကပါလာ တေ, အံသေဟိ သမဓာရယုံ၊
သေသာ သက္ကာဒိကာ ဒေဝါ, ကူဋာဂါရေ သမဂ္ဂဟုံ။
၂၆၂။ ထိုလောကပါလနတ်မင်းကြီးလေးဦးတို့သည် ပခုံးတို့ဖြင့် အညီအညွတ် ထမ်း ဆောင်ကုန်၏၊ သိကြားမင်းအစရှိကုန်သော ကြွင်းသော နတ်တို့သည် အထွတ်တပ်သော ပြာသာဒ်၌ ကောင်းစွာထိုင်ကုန်၏။
၂၆၃။ ‘‘ကူဋာဂါရာနိ သဗ္ဗာနိ, အာသုံ ပဉ္စသတာနိပိ၊
သရဒါဒိစ္စဝဏ္ဏာနိ, ဝိဿကမ္မကတာနိ ဟိ။
၂၆၃။ အထွတ်တပ်သော ပြာသာဒ်အားလုံးတို့သည် ငါးရာတို့ ဖြစ်ကုန်၏၊ တန်ဆောင် မုန်းလ၌ထွက်သော နေအဆင်း ရှိကုန်၏၊ ဝိသကြုံနတ်သားချည်းသာ ပြုလုပ်ဖန်ဆင်းအပ်ကုန်၏။
၂၆၄။ ‘‘သဗ္ဗာ တာပိ ဘိက္ခုနိယော, အာသုံ မဉ္စေသု သာယိတာ၊
ဒေဝါနံ ခန္ဓမာရုဠှာ, နိယျန္တိ အနုပုဗ္ဗသော။
၂၆၄။ ထိုရဟန်းမအားလုံးတို့သည်လည်း ညောင်စောင်းတို့၌ လျောင်းလျက်ရှိကုန်၏၊ နတ်တို့၏ပခုံးပေါ်သို့ တင်ကုန်လျက် အစဥ်အတိုင်း ဆောင်ယူကုန်၏။
၂၆၅။ ‘‘သဗ္ဗသော ဆာဒိတံ အာသိ, ဝိတာနေန နဘတ္တလံ၊
သတာရာ စန္ဒသူရာ စ, လဉ္ဆိတာ ကနကာမယာ။
၂၆၅။ ဗိတာန်မျက်နှာကြက်ဖြင့် ကောင်းကင် တစ်ပြင်လုံးကို မိုးထားလေ၏၊ ကြယ်တာရာ နှင့်တကွသော လ, နေတို့သည် ရွှေဖြင့် ပြီးကုန်သည်ဖြစ်၍ ထွန်းလင်းတောက်ပကုန်၏။
၂၆၆။ ‘‘ပဋာကာ ဥဿိတာနေကာ, ဝိတတာ ပုပ္ဖကဉ္စုကာ၊
ဩဂတာကာသပဒုမာ [ဩဂတာကာသဓူမာဝ (ပီ။)], မဟိယာ ပုပ္ဖမုဂ္ဂတံ။
၂၆၆။ ကျယ်ပြန့်သော ပန်းသင်တိုင်းရှိသော တံခွန်များစွာတို့ကို စိုက်ထူထားကုန်၏၊ ကောင်းကင်မှပဒုမ္မာကြာတို့သည် တွဲရရွဲ ကျကုန်၏၊ မြေပြင်မှ ပန်းပွင့်သည် အထက်သို့ တက်၏။
၂၆၇။ ‘‘ဒဿန္တိ စန္ဒသူရိယာ, ပဇ္ဇလန္တိ စ တာရကာ၊
မဇ္ဈံ ဂတောပိ စာဒိစ္စော, န တာပေသိ သသီ ယထာ။
၂၆၇။ လ, နေတို့သည် ထင်ရှားရှိကုန်၏၊ ကြယ်တာရာတို့သည်လည်း တောက်ပလျက် ရှိကုန်၏၊ နေသည်လည်း မွန်းတည့်ချိန်သို့ ရောက်သော် လည်း ‘အေးမြသော လကဲ့သို့’ ပူလောင်ခြင်း မရှိချေ။
၂၆၈။ ‘‘ဒေဝါ ဒိဗ္ဗေဟိ ဂန္ဓေဟိ, မာလေဟိ သုရဘီဟိ စ၊
ဝါဒိတေဟိ စ နစ္စေဟိ, သင်္ဂီတီဟိ စ ပူဇယုံ။
၂၆၈။ နတ်တို့သည် နတ်၌ ဖြစ်ကုန်သော ရနံ့တို့ဖြင့်လည်းကောင်း၊ အလွန်မွှေး ကုန်သောပန်းတို့ဖြင့််လည်းကောင်း၊ တီးမှုတ်ခြင်းတို့ဖြင့်လည်းကောင်း၊ ကခြင်းတို့ဖြင့်လည်းကောင်း၊ (သီချင်းဂီတ) သီဆိုခြင်းတို့ဖြင့်လည်းကောင်း ပူဇော်ကြလေကုန်၏။
၂၆၉။ ‘‘နာဂါသုရာ စ ဗြဟ္မာနော, ယထာသတ္တိ ယထာဗလံ၊
ပူဇယိံသု စ နိယျန္တိံ, နိဗ္ဗုတံ ဗုဒ္ဓမာတရံ။
၂၆၉။ နဂါး, အသုရာ, ဗြဟ္မာတို့သည်လည်း စွမ်းနိုင်သည့်အလျောက် အင်အားရှိသည့် အလျောက်ပရိနိဗ္ဗာန်ပြုသော ဘုရားမယ်တော်ကို ဆောင်ယူစဥ် ပူဇော်ကြလေကုန်၏။
၂၇၀။ ‘‘သဗ္ဗာယော ပုရတော နီတာ, နိဗ္ဗုတာ သုဂတောရသာ၊
ဂေါတမီ နိယျတေ ပစ္ဆာ, သက္ကတာ ဗုဒ္ဓပေါသိကာ။
၂၇၀။ ပရိနိဗ္ဗာန်ပြုပြီးသော ဘုရား၏ သမီးတော် အားလုံးတို့ကို ရှေ့မှ ဆောင်ယူကုန်၏၊ မြတ်စွာဘုရားကို မွေးမြူတတ်သော ဂေါတမီကို အရိုအသေပြုလျက် နောက်မှ ဆောင်ယူ အပ်၏။
၂၇၁။ ‘‘ပုရတော ဒေဝမနုဇာ, သနာဂါသုရဗြဟ္မကာ၊
ပစ္ဆာ သသာဝကော ဗုဒ္ဓေါ, ပူဇတ္ထံ ယာတိ မာတုယာ။
၂၇၁။ မယ်တော်အား ပူဇော်ခြင်းအကျိုးငှါ နဂါး, အသုရာ, ဗြဟ္မာနှင့် တကွသော နတ်, လူတို့သည်ရှေ့မှ သွားကုန်၏၊ တပည့်သာဝကနှင့် တကွသော မြတ်စွာဘုရားသည် နောက်မှ ကြွသွားတော်မူ၏။
၂၇၂။ ‘‘ဗုဒ္ဓဿ ပရိနိဗ္ဗာနံ, နေဒိသံ အာသိ ယာဒိသံ၊
ဂေါတမီပရိနိဗ္ဗာနံ, အတေဝစ္ဆရိယံ [အတီဝစ္ဆရိယံ (သဗ္ဗတ္ထ) မောဂလ္လာနဗျာကရဏံ ဩလောကေတဗ္ဗံ] အဟု။
၂၇၂။ အကြင်သို့ သဘောရှိသော မိထွေးတော်ဂေါတမီ၏ ပရိနိဗ္ဗာန်ပြုခြင်းသည် အလွန် အံ့ဩဖွယ်ဖြစ်လေ၏၊ မြတ်စွာဘုရား၏ ပရိနိဗ္ဗာန်ပြုခြင်းသည် ဤသို့ သဘောရှိသော အံ့ဩ ဖွယ် မဖြစ်ချေ။
၂၇၃။ ‘‘ဗုဒ္ဓေါ ဗုဒ္ဓဿ နိဗ္ဗာနေ [န ဗုဒ္ဓေါ ဗုဒ္ဓနိဗ္ဗာနေ (သျာ။ ပီ။)], နောပဋိယာဒိ [နောပဒိဿတိ (သီ။ ပီ။), သာရိပုတ္တာဒိ (သျာ။)] ဘိက္ခဝေါ၊
ဗုဒ္ဓေါ ဂေါတမိနိဗ္ဗာနေ, သာရိပုတ္တာဒိကာ တထာ [ယထာ (သျာ။)]။
၂၇၃။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုရာ အခါ၌ မြတ်စွာဘုရားသည် ရဟန်းတို့ကို (ကိုယ် တိုင်) မစီမံနိုင်ချေ၊ ဂေါတမီပရိနိဗ္ဗာန်ပြုရာ အခါ၌ မြတ်စွာဘုရားသည် (ကိုယ်တိုင်) စီမံတော်မူ၏၊ သာရိပုတ္တရာစသည်တို့သည် အဘယ်ဆိုဖွယ်ရာ ရှိကုန်အံ့နည်း။
၂၇၄။ ‘‘စိတကာနိ ကရိတွာန, သဗ္ဗဂန္ဓမယာနိ တေ၊
ဂန္ဓစုဏ္ဏပကိဏ္ဏာနိ, ဈာပယိံသု စ တာ တဟိံ။
၂၇၄။ ထိုနတ်, လူတို့သည် အလုံးစုံနံ့သာဖြင့် ပြီးကုန်သော ထင်းပုံတို့ကို နံ့သာမှုန့် တို့ဖြင့်ရောပြွမ်းအောင် ပြု၍ ထိုရဟန်းမ (ရုပ်ကလာပ်) တို့ကိုလည်း ထိုနံ့သာထင်းပုံ၌ မီးသင်္ဂြိုဟ်ကုန်၏။
၂၇၅။ ‘‘သေသဘာဂါနိ ဍယှိံသု, အဋ္ဌီ သေသာနိ သဗ္ဗသော၊
အာနန္ဒော စ တဒါဝေါစ, သံဝေဂဇနကံ ဝစော။
၂၇၅။ (အရိုးမှ) ကြွင်းသော အဖို့အစုတို့ကို လောင်ကျွမ်းကုန်၏၊ အရိုးတို့သည် အား လုံးကြွင်းကျန်ကုန်၏၊ ထိုအခါ အသျှင်အာနန္ဒာသည် သံဝေဂကို ဖြစ်စေတတ်သော စကားကို မိန့်ဆိုလေ၏-
၂၇၆။ ‘‘‘ဂေါတမီ နိဓနံ ယာတာ, ဍယှဉ္စဿာ သရီရကံ၊
သင်္ကေတံ ဗုဒ္ဓနိဗ္ဗာနံ, န စိရေန ဘဝိဿတိ’။
၂၇၆။ မိထွေးတော်ဂေါတမီသည် နိဗ္ဗာန်သို့ သွားလေပြီ၊ ထိုမိထွေးတော်ဂေါတမီ၏ ကိုယ်ကောင်ကိုလည်း (မီးသည်) လောင်ကျွမ်းအပ်လေပြီ၊ မကြာမြင့်မီ မြတ်စွာဘုရား၏ ပရိနိဗ္ဗာန် ပြုခြင်းသည် မချွတ်ဖြစ်တော်မူလတ္တံ့ (ဟု မိန့်ဆိုလေ၏)။
၂၇၇။ ‘‘တတော ဂေါတမိဓာတူနိ, တဿာ ပတ္တဂတာနိ သော၊
ဥပနာမေသိ နာထဿ, အာနန္ဒော ဗုဒ္ဓစောဒိတော။
၂၇၇။ ထို့နောက် ထိုအသျှင်အာနန္ဒာသည် မြတ်စွာဘုရား တိုက်တွန်းတော်မူသည်ဖြစ်၍ ထိုဂေါတမီ၏သပိတ်၌ တည်ကုန်သော ဂေါတမီ၏ ဓာတ်တော်တို့ကို မြတ်စွာဘုရားအား ဆက်ကပ်လေ၏။
၂၇၈။ ‘‘ပါဏိနာ တာနိ ပဂ္ဂယှ, အဝေါစ ဣသိသတ္တမော၊
‘မဟတော သာရဝန္တဿ, ယထာ ရုက္ခဿ တိဋ္ဌတော။
၂၇၈။ မြတ်စွာဘုရားသည် လက်ဖြင့် ထိုဓာတ်တော်တို့ကို ခံယူ၍ မိန့်တော်မူ၏၊ အနှစ် ရှိ၍တည်တံ့သော သစ်ပင်ကြီး၏-
၂၇၉။ ‘‘‘ယော သော မဟတ္တရော ခန္ဓော, ပလုဇ္ဇေယျ အနိစ္စတာ၊
တထာ ဘိက္ခုနိသံဃဿ, ဂေါတမီ ပရိနိဗ္ဗုတာ။
၂၇၉။ အကြီးဆုံးဖြစ်သော အကြင်ပင်စည်သည် အမြဲ မရှိခြင်းကြောင့် ပျက်စီးရာသကဲ့သို့ ထို့အတူ့ဘိက္ခုနီသံဃာ၏ အကြီးဆုံးဖြစ်သော ဂေါတမီသည် ပရိနိဗ္ဗာန် ပြုလေပြီ။
၂၈၀။ ‘‘‘အဟော အစ္ဆရိယံ မယှံ [အာနန္ဒ ပဿ ဗုဒ္ဓဿ (သျာ။)], နိဗ္ဗုတာယပိ မာတုယာ၊
သရီရမတ္တသေသာယ, နတ္ထိ သောကပရိဒ္ဒဝေါ [န သောကပရိဒေဝနာ (သျာ။)]။
၂၈၀။ ငါ၏ မယ်တော်သည် ပရိနိဗ္ဗာန်ပြုသည် ဖြစ်၍ သရီရဓာတ်မျှသာ ကြွင်းကျန်သော် လည်း ငါ့အားစိုးရိမ်ခြင်း, ငိုကြွေးခြင်း မရှိချေ၊ ဪ အံ့ဩဖွယ် ရှိပါပေစွ။
၂၈၁။ ‘‘‘န သောစိယာ ပရေသံ သာ, တိဏ္ဏသံသာရသာဂရာ၊
ပရိဝဇ္ဇိတသန္တာပါ, သီတိဘူတာ သုနိဗ္ဗုတာ။
၂၈၁။ အခြားသူတို့သည်လည်း ထိုဂေါတမီကို မစိုးရိမ်သင့်ပေ၊ ထိုဂေါတမီသည် သံသရာ သမုဒ္ဒရာကိုကူးမြောက်လေပြီ၊ ပူလောင်ခြင်း ကင်းလေပြီ၊ အေးမြသည်ဖြစ်၍ အလွန် ငြိမ်း အေးလေပြီ။
၂၈၂။ ‘‘‘ပဏ္ဍိတာသိ မဟာပညာ, ပုထုပညာ တထေဝ စ၊
ရတ္တညူ ဘိက္ခုနီနံ သာ, ဧဝံ ဓာရေထ ဘိက္ခဝေါ။
၂၈၂။ ထိုဂေါတမီသည် ပညာရှိသူ, ကြီးသော ပညာရှိသူ, ကျယ်ပြန့်သော ပညာရှိသူဖြစ်၍ ရဟန်းမတို့တွင်ညဥ့်အပိုင်းအခြားကို သိသော ရဟန်းမ ဖြစ်လေ၏၊ ရဟန်းတို့ သင်တို့ သည် ဤသို့ မှတ်ကုန်လော့။
၂၈၃။ ‘‘‘ဣဒ္ဓီသု စ ဝသီ အာသိ, ဒိဗ္ဗာယ သောတဓာတုယာ၊
စေတောပရိယဉာဏဿ, ဝသီ အာသိ စ ဂေါတမီ။
၂၈၃။ ဂေါတမီသည် ဣဒ္ဓိဝိဓအဘိညာဥ်တို့၌ လည်း လေ့လာပြီး ဖြစ်ပေ၏၊ ဒိဗ္ဗသောတ အဘိညာဥ်နှင့်စေတောပရိယအဘိညာဥ်ကိုလည်း လေ့လာပြီး ဖြစ်ပေ၏။
၂၈၄။ ‘‘‘ပုဗ္ဗေနိဝါသမညာသိ, ဒိဗ္ဗစက္ခု ဝိသောဓိတံ၊
သဗ္ဗာသဝပရိက္ခီဏာ, နတ္ထိ တဿာ ပုနဗ္ဘဝေါ။
၂၈၄။ ရှေးဘဝ၌ နေဖူးသော ခန္ဓာအစဥ်ကို သိပေ၏၊ ဒိဗ္ဗစက္ခုအဘိညာဥ်ကို သုတ် သင်ပြီးဖြစ်ပေ၏၊ အလုံးစုံသော အာသဝတို့ ကုန်ခန်းလေကုန်ပြီ၊ ထိုဂေါတမီအား ဘဝသစ် ၌ တစ်ဖန် ဖြစ်ခြင်းမရှိတော့ချေ။
၂၈၅။ ‘‘‘အတ္ထဓမ္မနိရုတ္တီသု, ပဋိဘာနေ တထေဝ စ၊
ပရိသုဒ္ဓံ အဟု ဉာဏံ, တသ္မာ သောစနိယာ န သာ။
၂၈၅။ အတ္ထပဋိသမ္ဘိဒါ, ဓမ္မပဋိသမ္ဘိဒါ, နိရုတ္တိပဋိသမ္ဘိဒါတို့၌ လည်းကောင်း၊ ပဋိဘာနပဋိသမ္ဘိဒါ၌လည်းကောင်း ဉာဏ်သည် ထို့အတူပင် စင်ကြယ်ပြီးဖြစ်ပေ၏၊ ထို့ကြောင့် ထို ဂေါတမီကိုစိုးရိမ်ဖွယ်မရှိချေ။
၂၈၆။ ‘‘‘အယောဃနဟတဿေဝ, ဇလတော ဇာတဝေဒဿ၊
အနုပုဗ္ဗူပသန္တဿ, ယထာ န ဉာယတေ ဂတိ။
၂၈၆။ မီးခတ်ဖြင့် ခတ်အပ်သည်ဖြစ်၍ တောက်လောင်သောမီးသည် အစဥ်အတိုင်း ငြိမ်းသည်ရှိသော် (ထိုမီး၏) လားရာကို မသိအပ်သကဲ့သို့-
၂၈၇။ ‘‘‘ဧဝံ သမ္မာ ဝိမုတ္တာနံ, ကာမဗန္ဓောဃတာရိနံ၊
ပညာပေတုံ ဂတိ နတ္ထိ, ပတ္တာနံ အစလံ သုခံ။
၂၈၇။ ဤအတူ (ကိလေသာမှ) ကောင်းစွာ လွတ်မြောက်သော၊ ကာမအနှောင်အဖွဲ့ ‘ဩဃ’ကိုကူးမြောက်ပြီး ဖြစ်ကုန်သော၊ တုန်လှုပ်ခြင်း မရှိသော၊ နိဗ္ဗာန်ချမ်းသာသို့ ရောက်သော ပုဂ္ဂိုလ်တို့အားပညတ်ရန် လားရာဂတိ မရှိတော့ချေ။
၂၈၈။ ‘‘‘အတ္တဒီပါ တတော ဟောထ, သတိပဋ္ဌာနဂေါစရာ၊
ဘာဝေတွာ သတ္တဗောဇ္ဈင်္ဂေ, ဒုက္ခဿန္တံ ကရိဿထ’’’။
ဣတ္ထံ သုဒံ မဟာပဇာပတိဂေါတမီ ဣမာ ဂါထာယော အဘာသိတ္ထာတိ။
မဟာပဇာပတိဂေါတမီထေရိယာပဒါနံ သတ္တမံ။
၂၈၈။ ထို့ကြောင့် (သင်တို့သည်) မိမိကိုယ်ကိုသာ ကိုးကွယ်ရာ ရှိကုန်လျက် သတိပဋ္ဌာန် လျှင်ကျက်စားရာ ရှိသူတို့ ဖြစ်ကုန်လော့၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများစေ၍ ဆင်းရဲဒုက္ခ၏ အဆုံးကိုပြုကုန်လော့ (ဟု မိန့်တော်မူ၏)။ ဤသို့လျှင် မဟာပဇာပတိဂေါတမီရဟန်းမသည် ဤဂါထာတို့ကို မိန့်ဆိုခဲ့၏။ ။ ခုနစ်ခုမြောက် မဟာပဇာပတိဂေါတမီထေရီအပဒါန ပြီး၏။
၈။ ခေမာထေရီအပဒါန
၂၈၉။ ‘‘ပဒုမုတ္တရော နာမ ဇိနော, သဗ္ဗဓမ္မေသု စက္ခုမာ၊
ဣတော သတသဟဿမှိ, ကပ္ပေ ဥပ္ပဇ္ဇိ နာယကော။
၈-ခေမာထေရီအပဒါန ၂၈၉။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ အလုံးစုံသော တရားတို့၌ ပညာမျက်စိ ရှိတော်မူ၍လောက၏ ရှေ့သွားဖြစ်တော်မူသော ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။
၂၉၀။ ‘‘တဒါဟံ ဟံသဝတိယံ, ဇာတာ သေဋ္ဌိကုလေ အဟုံ [အဟု (သျာ။)]၊
နာနာရတနပဇ္ဇောတေ, မဟာသုခသမပ္ပိတာ။
၂၉၀။ ထိုအခါ ငါသည် ဟံသာဝတီမြို့တွင် ရတနာအမျိုးမျိုးတို့ဖြင့် တောက်ပသော ကြီး စွာသောချမ်းသာနှင့် ပြည့်စုံသော သူဌေးမျိုး၌ မွေးဖွားခဲ့၏။
၂၉၁။ ‘‘ဥပေတွာ တံ မဟာဝီရံ, အဿောသိံ ဓမ္မဒေသနံ၊
တတော ဇာတပ္ပသာဒါဟံ, ဥပေမိ သရဏံ ဇိနံ။
၂၉၁။ ငါသည် ထိုမြတ်စွာဘုရားထံသို့ ချဥ်းကပ်၍ တရားဒေသနာကို နာကြားခဲ့၏၊ ထို အခါ ငါသည်ကြည်ညိုခြင်းရှိသည်ဖြစ်၍ မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏။
၂၉၂။ ‘‘မာတရံ ပိတရံ စာဟံ, အာယာစိတွာ ဝိနာယကံ၊
နိမန္တယိတွာ သတ္တာဟံ, ဘောဇယိံ သဟသာဝကံ။
၂၉၂။ ငါသည် အမိကိုလည်းကောင်း၊ အဖကိုလည်းကောင်း တောင်းပန်ပြီးလျှင် မြတ်စွာ ဘုရားကို တပည့်သာဝကနှင့်တကွ ပင့်ဖိတ်၍ ခုနစ်ရက်ပတ်လုံး ဆွမ်းလုပ်ကျွေးခဲ့၏။
၂၉၃။ ‘‘အတိက္ကန္တေ စ သတ္တာဟေ, မဟာပညာနမုတ္တမံ၊
ဘိက္ခုနိံ ဧတဒဂ္ဂမှိ, ဌပေသိ နရသာရထိ။
၂၉၃။ ခုနစ်ရက် လွန်သည်ရှိသော် မြတ်စွာဘုရားသည် ပညာကြီးသူတို့တွင် အမြတ်ဆုံး ဖြစ်သောရဟန်းမကို ဧတဒဂ်အရာ၌ ထားတော်မူ၏။
၂၉၄။ ‘‘တံ သုတွာ မုဒိတာ ဟုတွာ, ပုနော တဿ မဟေသိနော၊
ကာရံ ကတွာန တံ ဌာနံ, ပဏိပစ္စ ပဏီဒဟိံ။
၂၉၄။ ငါသည် ထိုစကားကို ကြားနာရသည်ရှိသော် ဝမ်းမြောက်သည်ဖြစ်၍ ထိုမြတ်စွာ ဘုရားအား ပူဇော်သက္ကာရကို တစ်ဖန် ပြုပြီးလျှင် တုပ်ဝပ်လျက် ထိုအရာအထူးကို ဆုတောင်း ခဲ့၏။
၂၉၅။ ‘‘တတော မမ ဇိနော [မံ သ ဇိနော (သျာ။)] အာဟ, ‘သိဇ္ဈတံ ပဏိဓီ တဝ၊
သသံဃေ မေ ကတံ ကာရံ, အပ္ပမေယျဖလံ တယာ။
၂၉၅။ ထိုအခါ ငါ့အား မြတ်စွာဘုရားသည် သင်၏ ဆုတောင်းခြင်းသည် ပြည့်စုံပါစေဟု မိန့်တော်မူ၏၊ သံဃာနှင့် တကွဖြစ်သော ငါဘုရားအား သင်ပြုအပ်သော ပူဇော်သက္ကာရသည် မနှိုင်းယှဥ်နိုင်သောအကျိုးရှိပေ၏။
၂၉၆။ ‘‘‘သတသဟဿိတော ကပ္ပေ, ဩက္ကာကကုလသမ္ဘဝေါ၊
ဂေါတမော နာမ ဂေါတ္တေန, သတ္ထာ လောကေ ဘဝိဿတိ။
၂၉၆။ ဤကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမမည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။
၂၉၇။ ‘‘‘တဿ ဓမ္မေသု ဒါယာဒါ, ဩရသာ ဓမ္မနိမ္မိတာ၊
ဧတဒဂ္ဂမနုပ္ပတ္တာ, ခေမာ နာမ ဘဝိဿတိ’။
၂၉၇။ ထိုမြတ်စွာဘုရား၏ တရားတို့၌ တရားသည် ဖန်ဆင်းအပ်သော အမွေခံ သမီး တော်ဖြစ်၍ဧတဒဂ်အရာသို့ ရောက်လျက် ခေမာမည်သော တပည့်မ ဖြစ်လတ္တံ့၊ (ဤသို့ မိန့်တော်မူလေ၏)။
၂၉၈။ ‘‘တေန ကမ္မေန သုကတေန, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသူပဂါ အဟံ။
၂၉၈။ ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။
၂၉၉။ ‘‘တတော စုတာ ယာမမဂံ, တတောဟံ တုသိတံ ဂတာ၊
တတော စ နိမ္မာနရတိံ, ဝသဝတ္တိပုရံ တတော။
၂၉၉။ ငါသည် ထိုဘုံမှ စုတေလတ်သော် ယာမာဘုံသို့ ရောက်ခဲ့၏၊ ငါသည် ထိုဘုံမှ စုတေလတ်သော် တုသိတာဘုံသို့ ရောက်ခဲ့၏၊ ထိုဘုံမှ (စုတေလတ်သော်) နိမ္မာနရတိဘုံသို့ လည်းကောင်း၊ ထိုဘုံမှ (စုတေလတ်သော်) ဝသဝတ္တိဘုံသို့လည်းကောင်း ရောက်ခဲ့၏။
၃၀၀။ ‘‘ယတ္ထ ယတ္ထူပပဇ္ဇာမိ, တဿ ကမ္မဿ ဝါဟသာ၊
တတ္ထ တတ္ထေဝ ရာဇူနံ, မဟေသိတ္တမကာရယိံ။
၃၀၀။ ငါသည် အကြင်အကြင် ဘုံဘဝ၌ ဖြစ်ခဲ့၏၊ ထိုကံ၏ အစွမ်းကြောင့် ထိုထို ဘုံ ဘဝ၌ပင်နတ်မင်းကြီးတို့၏ မိဖုရားအဖြစ်ကိုသာလျှင် ပြုခဲ့ရပေ၏။
၃၀၁။ ‘‘တတော စုတာ မနုဿတ္တေ, ရာဇူနံ စက္ကဝတ္တိနံ၊
မဏ္ဍလီနဉ္စ ရာဇူနံ, မဟေသိတ္တမကာရယိံ။
၃၀၁။ ထိုဘုံမှ စုတေလတ်သော် လူအဖြစ်၌ စကြာမင်းတို့၏လည်းကောင်း၊ ပဒေသရာဇ်မင်းတို့၏လည်းကောင်း မိဖုရားအဖြစ်ကို ပြုခဲ့ရပေ၏။
၃၀၂။ ‘‘သမ္ပတ္တိံ အနုဘောတွာန, ဒေဝေသု မနုဇေသု စ၊
သဗ္ဗတ္ထ သုခိတာ ဟုတွာ, နေကကပ္ပေသု သံသရိံ။
၃၀၂။ ငါသည် များစွာသော ကမ္ဘာတို့၌ အလုံးစုံသော နတ်ဘုံ, လူ့ဘုံတို့တွင် ချမ်းသာ ခြင်းရှိသူ ဖြစ်၍စည်းစိမ်ကို ခံစားလျက် ကျင်လည်ခဲ့ရ၏။
၃၀၃။ ‘‘ဧကနဝုတိတော ကပ္ပေ, ဝိပဿီ လောကနာယကော၊
ဥပ္ပဇ္ဇိ စာရုဒဿနော [စာရုနယနော (သီ။ ပီ။)], သဗ္ဗဓမ္မဝိပဿကော။
၃၀၃။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ဖူးမြော်ချင်ဖွယ် သပ္ပါယ်တော်မူသော အလုံးစုံသောတရားတို့ကို ရှုမြင်တတ်သော ဝိပဿီမြတ်စွာဘုရားသည် ပွင့်တော်မူလေ၏။
၃၀၄။ ‘‘တမဟံ လောကနာယကံ, ဥပေတွာ နရသာရထိံ၊
ဓမ္မံ ဘဏိတံ သုတွာန, ပဗ္ဗဇိံ အနဂါရိယံ။
၃၀၄။ ငါသည် လောက၏ ရှေ့သွား ထိုမြတ်စွာဘုရား၏ အထံသို့ ချဥ်းကပ်၍ ဟော တော်မူအပ်သောတရားကို နာကြားပြီးလျှင် သာသနာ့ဘောင်သို့ ဝင်ရောက် ရဟန်းပြုခဲ့၏။
၃၀၅။ ‘‘ဒသဝဿသဟဿာနိ, တဿ ဝီရဿ သာသနေ၊
ဗြဟ္မစရိယံ စရိတွာန, ယုတ္တယောဂါ ဗဟုဿုတာ။
၃၀၅။ ငါသည် ထိုမြတ်စွာဘုရား၏ သာသနာတော်၌ အနှစ်တစ်သောင်းတို့ပတ်လုံး မြတ် သော အကျင့်ကိုကျင့်၍ ကမ္မဋ္ဌာန်းအားထုတ်ခြင်း၌ ယှဥ်၏၊ များသော အကြားအမြင်ရှိ၏။
၃၀၆။ ‘‘ပစ္စယာကာရကုသလာ, စတုသစ္စဝိသာရဒါ၊
နိပုဏာ စိတ္တကထိကာ, သတ္ထုသာသနကာရိကာ။
၃၀၆။ (ငါသည်) ပဋိစ္စသမုပ္ပါဒ်၌ လိမ္မာသူ ဖြစ်၏၊ သစ္စာလေးပါး၌ရဲရင့်သူ ဖြစ်၏၊ သိမ်မွေ့သည်ဖြစ်၍ဆန်းကြယ်သော တရားစကားကို ပြောဟောတတ်သူ ဖြစ်၏၊ မြတ်စွာ ဘုရား၏ အဆုံးအမတော်ကိုလိုက်နာကျင့်သုံးသူ ဖြစ်ခဲ့၏။
၃၀၇။ ‘‘တတော စုတာဟံ တုသိတံ, ဥပပန္နာ ယသဿိနီ၊
အဘိဘောမိ တဟိံ အညေ, ဗြဟ္မစာရီဖလေနဟံ။
၃၀၇။ ငါသည် ထိုဘဝမှ စုတေလတ်သော် တုသိတာဘုံသို့ ရောက်၍ များသော အခြံအရံအကျော်အစောရှိသူ ဖြစ်ခဲ့၏၊ ငါသည် အကျင့်မြတ်ကို ကျင့်ခြင်း၏ အကျိုးအားဖြင့် ထို တုသိတာနတ်ဘုံ၌အခြားတစ်ပါးသော နတ်တို့ကို လွှမ်းမိုးရပေ၏။
၃၀၈။ ‘‘ယတ္ထ ယတ္ထူပပန္နာဟံ, မဟာဘောဂါ မဟဒ္ဓနာ၊
မေဓာဝိနီ သီလဝတီ [ရူပဝတီ (သီ။ သျာ။ ပီ။)], ဝိနီတပရိသာပိ စ။
၃၀၈။ ငါသည် အကြင်အကြင်ဘုံ၌ ဖြစ်လတ်သော် များသော စည်းစိမ်ရှိ၏၊ များသော ဥစ္စာရှိသူ, လျင်မြန်သော ပညာရှိသူ, ကိုယ်ကျင့်သီလရှိသူ, ဆုံးမယဥ်ကျေးပြီးသော ပရိသတ် ရှိသူလည်း ဖြစ်ပေ၏။
၃၀၉။ ‘‘ဘဝါမိ တေန ကမ္မေန, ယောဂေန ဇိနသာသနေ၊
သဗ္ဗာ သမ္ပတ္တိယော မယှံ, သုလဘာ မနသော ပိယာ။
၃၀၉။ မြတ်စွာဘုရားသာသနာတော်၌ တရားအားထုတ်ခြင်းဟူသော ထိုကံကြောင့် စိတ် ဖြင့်ချစ်မြတ်နိုးအပ်သော စည်းစိမ်အားလုံးတို့ကို ငါ့အား ရလွယ်၏။
၃၁၀။ ‘‘ယောပိ မေ ဘဝတေ ဘတ္တာ, ယတ္ထ ယတ္ထ ဂတာယပိ၊
ဝိမာနေတိ န မံ ကောစိ, ပဋိပတ္တိဗလေန မေ။
၃၁၀။ အကြင်အကြင် ဘဝ၌ ဖြစ်သော် လည်း အကြင်သူသည် ငါ၏လင်သား ဖြစ်၏၊ တစ်စုံတစ်ယောက်သော ထိုလင်သားသည်လည်း ငါ၏ အကျင့်စွမ်းအားကြောင့် ငါ့ကို မထီမဲ့မြင် မပြုပေ။
၃၁၁။ ‘‘ဣမမှိ ဘဒ္ဒကေ ကပ္ပေ, ဗြဟ္မဗန္ဓု မဟာယသော၊
နာမေန ကောဏာဂမနော, ဥပ္ပဇ္ဇိ ဝဒတံ ဝရော။
၃၁၁။ ဤဘဒ္ဒကမ္ဘာ၌ ဗြာဟ္မဏမျိုးဖြစ်၍ များမြတ်သည့် အခြံအရံ အကျော်အစောရှိတော် မူသော့တရားဟောပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံး ဖြစ်တော်မူသော အမည်အားဖြင့် ကောဏာဂုံ မြတ်စွာဘုရားသည် ပွင့်တော်မူလေ၏။
၃၁၂။ ‘‘တဒါ ဟိ ဗာရာဏသိယံ, သုသမိဒ္ဓကုလပ္ပဇာ [သုသမိဒ္ဓိ… (သျာ။)]၊
ဓနဉ္ဇာနီ သုမေဓာ စ, အဟမ္ပိ စ တယော ဇနာ။
၃၁၂။ ထိုအခါ ငါသည် ဗာရာဏသီပြည်၌ အလွန်ကြွယ်ဝသော အမျိုး၌ ဖြစ်ခဲ့၏၊ (ပုဏ္ဏေးမသမီး) ဓနဉ္ဇာနီသည်လည်းကောင်း၊ (ကဉ္စနမင်းကြီး၏ သမီး) သုမေဓာသည်လည်းကောင်း၊ ငါသည်လည်းကောင်း ဤသုံးယောက်သော သူတို့သည်-
၃၁၃။ ‘‘သံဃာရာမမဒါသိမှ, ဒါနသဟာယိကာ ပုရေ [နေကေ သဟဿိကေ မုနေ (သျာ။), ဒါနံ သဟဿိကံ မုနေ (ပီ။)]၊
သံဃဿ စ ဝိဟာရမ္ပိ [သသံဃဿ ဝိဟာရံ ဟိ (သျာ။ ပီ။)], ဥဒ္ဒိဿ ကာရိကာ [ဒါယိကာ (ပီ။)] မယံ။
၃၁၃။ သံဃာ့အရံကို လှူခဲ့ကုန်၏၊ ငါတို့သည် ရှေးက အလှူ, လှူဖက်ဖြစ်၍ သံဃာကို ရည်ရွယ်ပြီးလျှင် ကျောင်းကိုလည်း ဆောက်လုပ်ခဲ့ကုန်၏။
၃၁၄။ ‘‘တတော စုတာ မယံ သဗ္ဗာ, တာဝတိံသူပဂါ အဟုံ၊
ယသသာ အဂ္ဂတံ ပတ္တာ, မနုဿေသု တထေဝ စ။
၃၁၄။ ငါတို့အားလုံးတို့သည် ထိုဘဝမှ စုတေကုန်လတ်သော် တာဝတိံသာဘုံသို့ ရောက် ခဲ့ကုန်၏၊ (ထိုဘုံ၌) အခြံအရံအားဖြင့် အမြတ်ဆုံးအဖြစ်သို့ ရောက်ခဲ့ကုန်၏၊ လူ့ဘုံတို့၌ (ဖြစ် ရသောအခါတို့တွင်) လည်း ထို့အတူပင်တည်း။
၃၁၅။ ‘‘ဣမသ္မိံယေဝ ကပ္ပမှိ, ဗြဟ္မဗန္ဓု မဟာယသော၊
ကဿပေါ နာမ ဂေါတ္တေန, ဥပ္ပဇ္ဇိ ဝဒတံ ဝရော။
၃၁၅။ ဤဘဒ္ဒကမ္ဘာ၌ပင်လျှင် ဗြာဟ္မဏမျိုးဖြစ်၍ များမြတ်သည့် အခြံအရံအကျော်အစော ရှိတော်မူသော တရားဟောပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံးဖြစ်၍ အနွယ်အားဖြင့် ကဿပမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူလေ၏။
၃၁၆။ ‘‘ဥပဋ္ဌာကော မဟေသိဿ, တဒါ အာသိ နရိဿရော၊
ကာသိရာဇာ ကိကီ နာမ, ဗာရာဏသိပုရုတ္တမေ။
၃၁၆။ ထိုအခါ ဗာရာဏသီပြည်တော်၌ မြတ်စွာဘုရား၏ အလုပ်အကျွေးဖြစ်သော လူတို့ ကို အစိုးရသောကိကီမည်သော ကာသိမင်းသည် ရှိလေ၏။
၃၁၇။ ‘‘တဿာသိံ ဇေဋ္ဌိကာ ဓီတာ, သမဏီ ဣတိ ဝိဿုတာ၊
ဓမ္မံ သုတွာ ဇိနဂ္ဂဿ, ပဗ္ဗဇ္ဇံ သမရောစယိံ။
၃၁၇။ ငါသည် ထိုမင်း၏ အကြီးဆုံးသမီးတော် ဖြစ်ခဲ့၏၊ “သမဏီ”ဟူ၍ ကျော်စော ထင်ရှား၏၊ ဘုရားမြတ်၏ တရားကို နာကြားရ၍ (ခမည်းတော်အား) ရဟန်းအဖြစ်ကို တောင်းပန်လျှောက်ထားခဲ့၏။
၃၁၈။ ‘‘အနုဇာနိ န နော တာတော, အဂါရေဝ တဒါ မယံ၊
ဝီသဝဿသဟဿာနိ, ဝိစရိမှ အတန္ဒိတာ။
၃၁၈-၃၁၉။ ခမည်းတော်သည် ငါတို့အား ခွင့်မပြုခဲ့ချေ၊ ထိုအခါ ငါတို့သည် အိမ်၌သာ လျှင်ချမ်းသာသဖြင့် ကြီးပွါးကုန်သော မင်းသမီးများ ဖြစ်လျက် အပျိုစင် အဖြစ်ဖြင့် မြတ်သော အကျင့်ကိုအနှစ်နှစ်သောင်းတို့ပတ်လုံး မပျင်းမရိ ကျင့်ခဲ့ကုန်၏၊ သမီးတော် ခုနစ်ယောက်တို့သည် ဝမ်းမြောက်စွာမြတ်စွာဘုရားကို ဆည်းကပ်လုပ်ကျွေးခြင်း၌ အမြဲ ပျော် မွေ့ကုန်၏။
၃၁၉။ ‘‘ကောမာရိဗြဟ္မစရိယံ, ရာဇကညာ သုခေဓိတာ၊
ဗုဒ္ဓေါပဋ္ဌာနနိရတာ, မုဒိတာ သတ္တ ဓီတရော။
၃၂၀။ ‘‘သမဏီ သမဏဂုတ္တာ စ, ဘိက္ခုနီ ဘိက္ခုဒါယိကာ၊
ဓမ္မာ စေဝ သုဓမ္မာ စ, သတ္တမီ သံဃဒါယိကာ။
၃၂၀။ ယင်းသမီးတော် ခုနစ်ယောက်တို့ဟူသည်မှာ သမဏီ၊ သမဏဂုတ္တာ၊ ဘိက္ခုနီ၊ ဘိက္ခု ဒါယိကာ၊ ဓမ္မာ၊ သုဓမ္မာနှင့် ခုနစ်ယောက်မြောက် သံဃဒါယိကာတို့တည်း။
၃၂၁။ ‘‘အဟံ ဥပ္ပလဝဏ္ဏာ စ, ပဋာစာရာ စ ကုဏ္ဍလာ၊
ကိသာဂေါတမီ ဓမ္မဒိန္နာ, ဝိသာခါ ဟောတိ သတ္တမီ။
၃၂၁။ (ယခုအခါ အစဥ်အတိုင်း) ငါသည်လည်းကောင်း၊ ဥပ္ပလဝဏ်သည်လည်းကောင်း၊ ပဋာစာရာသည်လည်းကောင်း၊ ကုဏ္ဍလကေသာသည်လည်းကောင်း၊ ကိသာဂေါတမီသည်လည်းကောင်း၊ ဓမ္မဒိန္နာသည်လည်းကောင်း၊ ခုနစ်ယောက်မြောက် ဝိသာခါသည်လည်းကောင်း ဖြစ် လေ၏။
၃၂၂။ ‘‘ကဒါစိ သော နရာဒိစ္စော, ဓမ္မံ ဒေသေသိ အဗ္ဘုတံ၊
မဟာနိဒါနသုတ္တန္တံ, သုတွာ တံ ပရိယာပုဏိံ။
၃၂၂။ တစ်ရံရောအခါ ထိုမြတ်စွာဘုရားသည် အံ့ဩဖွယ်ကောင်းသော မဟာနိဒါနသုတ္တန် ဖြစ်သော (ပဋိစ္စသမုပ္ပါဒ်) တရားတော်ကို ဟောတော်မူ၏၊ ထိုသုတ္တန်တရားကို ကြားနာ၍ သင်ယူခဲ့၏။
၃၂၃။ ‘‘တေဟိ ကမ္မေဟိ သုကတေဟိ, စေတနာပဏိဓီဟိ စ၊
ဇဟိတွာ မာနုသံ ဒေဟံ, တာဝတိံသမဂစ္ဆဟံ။
၃၂၃။ ကောင်းစွာ ပြုအပ်ကုန်သော ထိုကံတို့ကြောင့်လည်းကောင်း၊ စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ့ခန္ဓာကိုယ်ကို စွန့်ပယ်ရသည်ရှိသော် ငါသည် တာဝတိံသာဘုံသို့ ရောက်ခဲ့၏။
၃၂၄။ ‘‘ပစ္ဆိမေ စ ဘဝေ ဒါနိ, သာကလာယ ပုရုတ္တမေ၊
ရညော မဒ္ဒဿ ဓီတာမှိ, မနာပါ ဒယိတာ ပိယာ။
၃၂၄။ ယခု နောက်ဆုံးဖြစ်သော ဘဝ၌လည်း သာကလပြည်တော်တွင် မဒ္ဒရာဇ်မင်း၏ မြတ်နိုးအပ်, ကြင်နာအပ်, ချစ်ခင်အပ်သော သမီးတော်ဖြစ်၏။
၃၂၅။ ‘‘သဟ မေ ဇာတမတ္တမှိ, ခေမံ တမှိ ပုရေ အဟု၊
တတော ခေမာတိ နာမံ မေ, ဂုဏတော ဥပပဇ္ဇထ။
၃၂၅။ ငါမွေးဖွားသည်နှင့် တစ်ပြိုင်နက်ပင် ထိုမြို့၌ ဘေးရန်ကင်းလေ၏၊ ထို့ကြောင့် ငါ၏ အမည်သည်“ခေမာ”ဟု ဂုဏ်အားဖြင့် ဖြစ်၏။
၃၂၆။ ‘‘ယဒါဟံ ယောဗ္ဗနံ ပတ္တာ, ရူပလာဝညဘူသိတာ [ရူပဝဏ္ဏဝိဘူသိတာ (သျာ။), ရူပဝန္တာ ဝိဘူသိတာ (ပီ။), ရူပဝိလာသဘူသိတာ (က။)]၊
တဒါ အဒါသိ မံ တာတော, ဗိမ္ဗိသာရဿ ရာဇိနော။
၃၂၆။ အကြင်အခါ ငါသည် တစ်ဆယ့်ခြောက်နှစ် အရွယ်ရောက်သည်ဖြစ်၍ တင့်တယ် သော ရုပ်ဆင်းဖြင့်တန်ဆာဆင်အပ်၏၊ ထိုအခါ ခမည်းတော်သည် ငါ့ကို ဗိမ္ဗိသာရမင်းအား ဆက်သလေ၏။
၃၂၇။ ‘‘တဿာဟံ သုပ္ပိယာ အာသိံ, ရူပကေ လာယနေ ရတာ၊
ရူပါနံ ဒေါသဝါဒီတိ, န ဥပေသိံ မဟာဒယံ။
၃၂၇။ ငါသည် ထိုဗိမ္ဗိသာရမင်း၏ အလွန်ချစ်ခင်အပ်သော မိဖုရားဖြစ်ခဲ့၏၊ ရုပ်အဆင်းကို မြတ်နိုးခြင်း၌ပျော်မွေ့ခဲ့၏၊ ရုပ်အဆင်းတို့၏ အပြစ်ကို ပြောဟောလေ့ရှိ၏ဟူ၍ နှလုံး သွင်းလျက့်မဟာကရုဏာရှင်ဖြစ်သော မြတ်စွာဘုရားထံသို့ မချဥ်းကပ်ခဲ့ချေ။
၃၂၈။ ‘‘ဗိမ္ဗိသာရော တဒါ ရာဇာ, မမာနုဂ္ဂဟဗုဒ္ဓိယာ၊
ဝဏ္ဏယိတွာ ဝေဠုဝနံ, ဂါယကေ ဂါပယီ မမံ။
၃၂၈။ ထိုအခါ ဗိမ္ဗိသာရမင်းသည် ငါ့အား ချီးမြှောက်လိုသော ဉာဏ်ပညာဖြင့် ဝေဠုဝန် ဥယျာဥ်ကိုချီးကျူး၍ သီချင်းသည်တို့ကို ငါ၏ အထံ၌ သီဆိုစေ၏။
၃၂၉။ ‘‘ရမ္မံ ဝေဠုဝနံ ယေန, န ဒိဋ္ဌံ သုဂတာလယံ၊
န တေန နန္ဒနံ ဒိဋ္ဌံ, ဣတိ မညာမသေ မယံ။
၃၂၉။ အကြင်သူသည် မြတ်စွာဘုရားကျောင်းတော်ဖြစ်သော ပျော်မွေ့ဖွယ်ကောင်းသောဝေဠုဝန်ဥယျာဥ်ကို မမြင်ဖူးချေ၊ ထိုသူသည် (တာဝတိံသာနတ်ပြည်ရှိ) နန္ဒဝန်ဥယျာဥ်ကို မြင်ဖူးသည်မမည်ပေ၊ ငါတို့သည် ဤသို့ ထင်မှတ်ပါကုန်၏။
၃၃၀။ ‘‘ယေန ဝေဠုဝနံ ဒိဋ္ဌံ, နရနန္ဒနနန္ဒနံ၊
သုဒိဋ္ဌံ နန္ဒနံ တေန, အမရိန္ဒသုနန္ဒနံ။
၃၃၀။ အကြင်သူသည် လူတို့ အလွန်နှစ်သက်အပ်သော ဝေဠုဝန်ဥယျာဥ်ကို မြင်ဖူး၏၊ ထိုသူသည်သိကြားမင်း အလွန်နှစ်သက်အပ်သော နန္ဒဝန်ဥယျာဥ်ကို ကောင်းစွာ မြင်ဖူး၏ (မြင်ဖူးသည် မည်ပေ၏)။
၃၃၁။ ‘‘ဝိဟာယ နန္ဒနံ ဒေဝါ, ဩတရိတွာ မဟီတလံ [မဟီတလေ (သျာ။ ပီ။)]၊
ရမ္မံ ဝေဠုဝနံ ဒိသွာ, န တပ္ပန္တိ သုဝိမှိတာ။
၃၃၁။ တာဝတိံသာနတ်တို့သည် နန္ဒဝန်ဥယျာဥ်ကို စွန့်ခွါ၍ မြေပြင်သို့ သက်ဆင်း ပြီးလျှင် ပျော်မွေ့ဖွယ်ကောင်းသော ဝေဠုဝန်ဥယျာဥ်ကို ရှုမြင်ရကုန်သည်ရှိသော် အလွန်အံ့ဩနှစ်သက်ကုန်သည်ဖြစ်၍ မရောင့်ရဲနိုင်ကုန်။
၃၃၂။ ‘‘ရာဇပုညေန နိဗ္ဗတ္တံ, ဗုဒ္ဓပုညေန ဘူသိတံ၊
ကော ဝတ္တာ တဿ နိဿေသံ, ဝနဿ ဂုဏသဉ္စယံ။
၃၃၂။ အကြင်ဝေဠုဝန်ဥယျာဥ်သည် မင်း၏ ဘုန်းကံကြောင့် ဖြစ်ပေါ်လာ၏၊ မြတ်စွာ ဘုရား၏ ဘုန်းကံဖြင့် တန်ဆာဆင်ထား၏၊ ထိုဥယျာဥ်၏ ဂုဏ်အပေါင်းကို အဘယ်သူသည် အကြွင်းမဲ့သီကုံးဖွဲ့ဆိုနိုင်ပါမည်နည်း။
၃၃၃။ ‘‘တံ သုတွာ ဝနသမိဒ္ဓံ, မမ သောတမနောဟရံ၊
ဒဋ္ဌုကာမာ တမုယျာနံ, ရညော အာရောစယိံ တဒါ။
၃၃၃။ ထိုအခါ ငါသည် ငါ၏ နားဖြင့် စိတ်ကို ဆွဲဆောင်နိုင်သော ထိုဥယျာဥ်၏ ပြည့်စုံ ပုံကိုကြားရသည်ရှိသော် ထိုဥယျာဥ်ကို ကြည့်ရှုလိုသည် ဖြစ်၍ မင်းအား လျှောက်ကြား၏။
၃၃၄။ ‘‘မဟတာ ပရိဝါရေန, တဒါ စ သော [တဒါ မံ သော (သျာ။ ပီ။)] မဟီပတိ၊
မံ ပေသေသိ [သံပေသေသိ (သျာ။), သမ္ပာပေသိ (ပီ။)] တမုယျာနံ, ဒဿနာယ သမုဿုကံ။
၃၃၄။ ထိုအခါ ထိုမင်းကြီးသည်လည်း ကိုယ်တိုင် ကြောင့်ကြစိုက်၍ ထိုဥယျာဥ်ကို ကြည့် ခြင်းငှါများစွာသော အခြံအရံဖြင့် ငါ့ကို စေလွှတ်လေ၏။
၃၃၅။ ‘‘ဂစ္ဆ ပဿ မဟာဘောဂေ, ဝနံ နေတ္တရသာယနံ၊
ယံ သဒါ ဘာတိ သိရိယာ, သုဂတာဘာနုရဉ္ဇိတံ။
၃၃၅။ စည်းစိမ်ကြီးရှင်မ သွားပါချေလော့၊ မြတ်စွာဘုရား၏ ရောင်ခြည်တော်တို့ဖြင့် တပ်စွဲသောအကြင်ဥယျာဥ်သည် အသရေဖြင့် အခါခပ်သိမ်း တောက်ပလျက်ရှိ၏၊ မျက်စိ အရသာရှိသောထိုဥယျာဥ်ကို ကြည့်ရှုပါလေလော့ (ဟု စေလွှတ်လေ၏)။
၃၃၆။ ‘‘ယဒါ စ ပိဏ္ဍာယ မုနိ, ဂိရိဗ္ဗဇပုရုတ္တမံ၊
ပဝိဋ္ဌောဟံ တဒါယေဝ, ဝနံ ဒဋ္ဌုမုပါဂမိံ။
၃၃၆။ အကြင်အခါ၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့တော်သို့ ဆွမ်းခံကြွဝင်တော်မူ၏၊ ထိုအခါ၌သာလျှင် ငါသည် ဝေဠုဝန်ဥယျာဥ်ကို ကြည့်ရှုရန် ချဥ်းကပ်ခဲ့၏။
၃၃၇။ ‘‘တဒါ တံ ဖုလ္လဝိပိနံ, နာနာဘမရကူဇိတံ၊
ကောကိလာဂီတသဟိတံ, မယူရဂဏနစ္စိတံ။
၃၃၇။ ထိုအခါ ထိုဥယျာဥ်သည် တစ်တောလုံး ပွင့်လျက်ရှိ၏၊ ပျားပိတုန်း အမျိုးမျိုးတို့တဝီဝီမည်လျက်ရှိ၏၊ ဥဩတို့၏ သီချင်းသံနှင့်တကွ ဖြစ်၏၊ ဥဒေါင်းအပေါင်းတို့ က, ခုန် လျက်ရှိ၏။
၃၃၈။ ‘‘အပ္ပသဒ္ဒမနာကိဏ္ဏံ, နာနာစင်္ကမဘူသိတံ၊
ကုဋိမဏ္ဍပသင်္ကိဏ္ဏံ, ယောဂီဝရဝိရာဇိတံ။
၃၃၈။ အသံတိတ်ဆိတ်လျက်ရှိ၏၊ လူတို့နှင့် ရောပြွမ်းခြင်း မရှိချေ၊ စင်္ကြံအမျိုးမျိုးတို့ ဖြင့်တန်ဆာဆင်လျက်ရှိ၏၊ ကျောင်းမဏ္ဍပ်တို့ဖြင့် ရောပြွမ်းလျက်ရှိ၏၊ ယောဂီမြတ်တို့ဖြင့် လည်းတင့်တယ်လျက်ရှိ၏။
၃၃၉။ ‘‘ဝိစရန္တီ အမညိဿံ, သဖလံ နယနံ မမ၊
တတ္ထာပိ တရုဏံ ဘိက္ခုံ, ယုတ္တံ ဒိသွာ ဝိစိန္တယိံ။
၃၃၉။ ငါသည် ထိုဥယျာဥ်သို့ လှည့်လည်သည်ရှိသော် ငါ၏ မျက်စိသည် အကျိုးရှိ၏ဟု ထင်မှတ်ခဲ့၏၊ ထိုဥယျာဥ်၌ ကမ္မဋ္ဌာန်းအားထုတ်နေသော ပျိုမျစ်နုနယ်သော ရဟန်းကိုလည်း တွေ့မြင်ရသည်ရှိသော် ဤသို့ စဥ်းစားဆင်ခြင်ခဲ့လေ၏။
၃၄၀။ ‘‘‘ဤဒိသေ ဝိပိနေ ရမ္မေ, ဌိတောယံ နဝယောဗ္ဗနေ၊
ဝသန္တမိဝ ကန္တေန, ရူပေန စ သမနွိတော။
၃၄၀။ ဤရဟန်းသည် နုပျိုသော အရွယ်၌ တည်၍ နှစ်သက်ဖွယ် ရုပ်အဆင်းနှင့် ပြည့်စုံ ပါလျက် ဤသို့သဘောရှိသော ပျော်မွေ့ဖွယ်ကောင်းသော ဥယျာဥ်၌ နေဘိ၏တကား။
၃၄၁။ ‘‘‘နိသိန္နော ရုက္ခမူလမှိ, မုဏ္ဍော သံဃာဋိပါရုတော၊
ဈာယတေ ဝတယံ ဘိက္ခု, ဟိတွာ ဝိသယဇံ ရတိံ။
၃၄၁။ ဒုကုဋ်သင်္ကန်းကို ခြုံသော ဤဦးပြည်းရဟန်းသည် သစ်ပင်ရင်း၌ ထိုင်လျက် အာရုံငါးပါး၌ဖြစ်သော ပျော်မွေ့ခြင်းကို စွန့်ပယ်၍ ဈာန်ဝင်စားဘိ၏တကား။
၃၄၂။ ‘‘‘နနု နာမ ဂဟဋ္ဌေန, ကာမံ ဘုတွာ ယထာသုခံ၊
ပစ္ဆာ ဇိဏ္ဏေန ဓမ္မောယံ, စရိတဗ္ဗော သုဘဒ္ဒကော’။
၃၄၂။ လူမည်သည်ကား ချမ်းသာအလျောက် ကာမဂုဏ်ကို ခံစားပြီးလျှင် အိုမင်းသော နောက်အခါမှအလွန်ကောင်းသော ဤတရားကို ကျင့်ထိုက်သည် မဟုတ်ပါလော (ဟု စဥ်းစား ဆင်ခြင်ခဲ့၏)။
၃၄၃။ ‘‘သုညကန္တိ ဝိဒိတွာန, ဂန္ဓဂေဟံ ဇိနာလယံ၊
ဥပေတွာ ဇိနမဒ္ဒက္ခံ, ဥဒယန္တံဝ ဘာကရံ။
၃၄၃။ ဤဥယျာဥ်သည် တိတ်ဆိတ်၏၊ “မြတ်စွာဘုရား မရှိ”ဟု သိသဖြင့် ငါသည် မြတ်စွာဘုရား ကျောင်းတော်ဂန္ဓကုဋီတိုက်သို့ ချဥ်းကပ်လတ်သော် ‘တက်သစ်သော နေမင်းကဲ့ သို့’ မြတ်စွာဘုရားကို ဖူးမြင်ရ၏။
၃၄၄။ ‘‘ဧကကံ သုခမာသီနံ, ဗီဇမာနံ ဝရိတ္ထိယာ၊
ဒိသွာနေဝံ ဝိစိန္တေသိံ, နာယံ လူခေါ နရာသဘော။
၃၄၄။ ငါသည် တစ်ပါးတည်း ချမ်းသာစွာ သီတင်းသုံးနေလေ့ရှိသော မြတ်စွာဘုရားအား (နတ်နှယ်တမျှလှပသော) မိန်းမမြတ် တစ်ဦးသည် ယပ်ခတ်လျက် နေသည်ကို တွေ့မြင်ရ၍ ဤမြတ်စွာဘုရားသည် “ကြမ်းတမ်းသော ပုဂ္ဂိုလ် မဟုတ်ရာ”ဟု ကြံစည်ခဲ့လေ၏။
၃၄၅။ ‘‘သာ ကညာ ကနကာဘာသာ, ပဒုမာနနလောစနာ၊
ဗိမ္ဗောဋ္ဌီ ကုန္ဒဒသနာ, မနောနေတ္တရသာယနာ။
၃၄၅။ ထိုသတို့သမီးပျိုသည် ‘ရွှေကဲ့သို့’ အရောင်အဆင်းရှိပေ၏၊ ‘ပဒုမ္မာကြာကဲ့သို့’ မျက်နှာ, မျက်လုံးရှိပေ၏၊ ‘ကျီးအာသီးကဲ့သို့’ (နီမြန်းသော) နှုတ်ခမ်းရှိ၏၊ ‘သင်းခွေပန်းကဲ့ သို့’ (ဖြူဖွေးသော) သွားရှိပေ၏၊ စိတ်နှင့် မျက်စိတို့၏ အရသာကို ဖြစ်စေပေ၏။
၃၄၆။ ‘‘ဟေမဒေါလာဘသဝနာ [ဟေမဒေါလာ သုဝဒီနာ (သျာ။)], ကလိကာကာရသုတ္ထနီ [ကလသာကာရသုတ္တနီ (သီ။ ပီ။), ကမလာကာရသုတ္တနီ (သျာ။)]၊
ဝေဒိမဇ္ဈာဝ သုဿောဏီ [ကနုမဇ္ဈာဝ သုဿောဏီ (သီ။), ဝေဒိမဇ္ဈာ ဝရသောဏီ (သျာ။ ပီ။)], ရမ္ဘောရု စာရုဘူသနာ။
၃၄၆။ ရွှေအေးယာဥ်နှင့် တူသော နားရှိပေ၏၊ တည်သီးရင့်သဖွယ် သားမြတ်နှစ်သွယ် ရှိပေ၏၊ ‘ပွတ်တိုင်အလယ်ကဲ့သို့’ သေးသွယ်သော ခါးရှိပေ၏၊ ငှက်ပျောတုံးသဖွယ် တင့်တယ် စွာတန်ဆာဆင်ထားသော ပေါင်လည်းရှိပေ၏။
၃၄၇။ ‘‘ရတ္တံသကုပသံဗျာနာ, နီလမဋ္ဌနိဝါသနာ၊
အတပ္ပနေယျရူပေန, ဟာသဘာဝသမနွိတာ [ဟာဝဘာဝသမနွိတာ (သီ။), သဗ္ဗာဘရဏမဏ္ဍိတာ (သျာ။)]။
၃၄၇။ နီသော (အတွင်းခံ) အဝတ်နှင့် အပေါ်ရုံ (တဘက်) လည်း ရှိပေ၏၊ ချောညက်သော အညိုရောင်ခါးဝတ်ထမီလည်း ရှိပေ၏၊ မရောင့်ရဲနိုင်သော ရုပ်အဆင်းနှင့်တကွ ပြုံးရွှင်သော အမူအရာနှင့်လည်းပြည့်စုံပါပေ၏။
၃၄၈။ ‘‘ဒိသွာ တမေဝံ စိန္တေသိံ, အဟောယမဘိရူပိနီ၊
န မယာနေန နေတ္တေန, ဒိဋ္ဌပုဗ္ဗာ ကုဒါစနံ။
၃၄၈။ ထိုသတို့သမီးပျိုကို တွေ့မြင်ရသည်ရှိသော် ဤသတို့သမီးပျိုသည် အလွန်အဆင်း လှပါပေစွ၊ ငါသည် ဤမျက်စိဖြင့် တစ်ရံတစ်ခါမျှ (ဤသို့ လှပသော သတို့သမီးကို) မမြင်ခဲ့ ဖူးပေ (ဟု ငါသည်ဤသို့ ကြံစည်ခဲ့လေ၏)။
၃၄၉။ ‘‘တတော ဇရာဘိဘူတာ သာ, ဝိဝဏ္ဏာ ဝိကတာနနာ၊
ဘိန္နဒန္တာ သေတသိရာ, သလာလာ ဝဒနာသုစိ။
၃၄၉။ ထို့နောက် ထိုသတို့သမီးပျိုသည် အိုခြင်းတရားဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ အဆင်းပျက်လျက်ဖောက်ပြန်သော မျက်နှာရှိလေ၏၊ ကျိုးပျက်သော သွားရှိ၏၊ ဖြူသော (ဆံပင်) ဦးခေါင်းရှိ၏၊ တံတွေးနှင့်တကွ မစင်ကြယ်သော ခံတွင်းရှိလေ၏။
၃၅၀။ ‘‘သင်္ခိတ္တကဏ္ဏာ သေတက္ခီ, လမ္ဗာသုဘပယောဓရာ၊
ဝလိဝိတတသဗ္ဗင်္ဂီ, သိရာဝိတတဒေဟိနီ။
၃၅၀။ ထိုသတို့သမီးပျိုသည် နားတွန့်ရှုံ့၏၊ ဖြူသော မျက်လုံးရှိလေ၏၊ တွဲရရွဲကျ၍ မတင့်တယ်သောသားမြတ်ရှိ၏၊ အရေတွန့်သော အလုံးစုံသော ကိုယ်အင်္ဂါရှိ၏၊ အကြောပြိုင်း ပြိုင်းထသောကိုယ်ခန္ဓာရှိလေ၏။
၃၅၁။ ‘‘နတင်္ဂါ ဒဏ္ဍဒုတိယာ, ဥပ္ဖါသုလိကတာ [ဥပ္ပဏ္ဍုပဏ္ဍုကာ (သီ။ သျာ။)] ကိသာ၊
ပဝေဓမာနာ ပတိတာ, နိဿသန္တီ မုဟုံ မုဟုံ။
၃၅၁။ ထိုသတို့သမီးပျိုသည် ကိုယ်အင်္ဂါ ညွတ်ကိုင်း၏၊ တောင်ဝှေးသာ အဖော်ရှိလေ၏၊ နံရိုးကျဲလျက်ပိန်ကြုံသော ကိုယ်ရှိလေ၏၊ ခဏခဏ ရှိုက်ရှူကာ တုန်လှုပ်လျက် လဲကျလေ၏။
၃၅၂။ ‘‘တတော မေ အာသိ သံဝေဂေါ, အဗ္ဘုတော လောမဟံသနော၊
ဓိရတ္ထု ရူပံ အသုစိံ, ရမန္တေ ယတ္ထ ဗာလိသာ။
၃၅၂။ ထိုအခါ ငါ့အား ရုပ်အဆင်းသည် မစင်မကြယ် စက်ဆုပ်ရွံရှာဖွယ် ဖြစ်၏၊ ယင်း ရုပ်အဆင်း၌မိန်းမမိုက်တို့သည် ပျော်မွေ့လျက် ရှိကုန်၏ဟု ထိတ်လန့်ခြင်း ‘သံဝေဂ’ နှင့် ကြက်သီးမွေးညင်းထခြင်းသည် မဖြစ်စဖူး ဖြစ်လေ၏။
၃၅၃။ ‘‘တဒါ မဟာကာရုဏိကော, ဒိသွာ သံဝိဂ္ဂမာနသံ၊
ဥဒဂ္ဂစိတ္တော သုဂတော, ဣမာ ဂါထာ အဘာသထ။
၃၅၃။ ထိုအခါ မဟာကရုဏာရှင် မြတ်စွာဘုရားသည် ထိတ်လန့်သော စိတ်ရှိသော ငါ့ကို မြင်၍တက်ကြွသော စိတ်ရှိလျက် မြတ်စွာဘုရားသည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏-
၃၅၄။ ‘‘‘အာတုရံ အသုစိံ ပူတိံ, ပဿ ခေမေ သမုဿယံ၊
၃၅၄။ ချစ်သမီးခေမာ နာကျင်ခြင်း, မစင်ကြယ်ခြင်းသဘောရှိသော အထက်သို့ လျှံတက်၍ အောက်သို့ယိုစီးခြင်းသဘောရှိသော သူမိုက်တို့သာ တွယ်တာနှစ်သက်အပ်သော ဤခန္ဓာကိုယ် အကောင်ပုပ်ကိုရှုစမ်းပါလော့။