အရိမေတ္တယျဗုဒ္ဓဝင်စာစုများ
ဦးကျော်လှိုင်
ရင်းမြစ် — ကမ္ဘာအေး ဗုဒ္ဓသုတေသနစာကြည့်တိုက်
ဤစာသားကို စာအုပ်၏ စကင်ဖတ်မူမှ OCR ဖြင့် စက်ဖြင့် ဖတ်ယူထားခြင်း ဖြစ်သဖြင့် စာလုံးပေါင်း အမှားများ ပါဝင်နိုင်ပါသည်။ မူရင်းကို PDF (37 MB) တွင် တိုက်ဆိုင်ကြည့်ရှုနိုင်ပါသည်။
Machine-read (OCR) from a scan; expect misreadings — check against the printed book.
မာတိကာ — အနာဂတဝင်
- ၁။ ကျမ်းဦးမိတ်ဆက်
- ၂။ အမှာစာ
- ၃။ အနာဂတဝံသပါဠိတော်
- ၄။ အနာဂတဝံသအဋ္ဌကထာ နိဒါန်း
- ၅။ သမန္တဘဒ္ဒိကာ (အနာဂတဝံသ) အဋ္ဌကထာ
- ၆။ အနာဂတဝံသအဋ္ဌကထာ မှတ်သားဖွယ်ရာများ
- ၇။ အနာဂတဝံသပါဠိ - မြန်မာပြန်
- ၈။ အနာဂတဝင်
- ၉။ မေတ္တေယျဘုရားအလောင်း
- ၁၀။ မေတ္တေယျဘုရားဖူးရအောင်
- ၁၁။ မေတ္တေယျ-ဗျာကရဏ (အရိမေတ္တေယျဗုဒ္ဓဝင်) ပါဠိတော်/မြန်မာပြန်
- ၁၂။ အနာဂတဝင်ကျမ်း
- ၁၃။ အနာဂတဝင်ကျမ်းလာ ရင့်မာတစ်ကျိပ် ဘုရားအလောင်းတို့ကို စုပေါင်း၍ မှတ်သားစရာ ကဗျာလင်္ကာပေါင်းချုပ်
- ၁၄။ ဒီပဲယင်းဆရာတော်ဘုရားကြီး၏ သြဝါဒ
ဆိုပါသည်၊ ဂေါတမဗုဒ္ဓကို အလယ်မှာထား မေတ္တေယျနှင့် အဝလောကိတိဿရ ဘုရားအလောင်းပုံများကို ဘေးတစ်ဖက်စီဌ်ထား၍ ကိုးကွယ်လေ့
ဥဒျာနနယ်တောင်ကြားဘတွင်းခွ အတောင်ကိုးဆယ်ရှိ မေတ္တေယျရုပ်ပွားတစ်ဆူ ရွှေရောင်တဝင်း၀င်နှင့် ရှိခဲ့ဖူးပါသည်။ မေတ္တေယျဘုရားရှင် လောက် ထင်ရှားပွင့်တော်မမူသေးရကား မဇ္စန္တိကရဟန္တာမထေရ်သည် လက်မှုပညာသည်တစ်ဦးကို ကုသိတာသို့ တန်ခိုးဖြင့်ခေါ်ဆောင်သွားပါသည်၊ ထိုလက်မှုပညာသည်က အလောင်းတော်နတ်သား
ဋိ အလောင်းတော်နတ်သားနှင့်တူစွာ သစ်သားရုပ်တုထုလပ်သည်ဟု
တရုတ်ဘုရားဖူးခရီးသည် ဝှင်ယှင်၊ ဖရှင်-ရော ယွှင်ကျန်ပါရောင်လျှံတော်တို့ဖြင့် တင့်တယ်သော အတောင်ရှစ်ဆယ်မျှ ကြီးမားလှသော မေတ္တေယျရုပ်ပွားတော်တစ်ဆူ အိန္ဒိယပြည်မြောက်ပိုင်းဥ
အလားတူ ဉာဏ်တော်ရှိသော စန္ဒကူးသားရုပ်ပွားတော်တစ်ဆူလည်း ရှိသေးကြောင်း သိရပါသည်၊ ဗုဒ္ဓဂယာရှိ ရုပ်ပွားတော်မူကား
ဘုရားအလောင်းကို ကိုးကွယ်မှုမျိုး မရှိချေး သို့သော် ဘုရားအလောင်းတော်တို့င်ါ ပါရမီကို ကြည်ညိုသောအားဖြင့် ထိုဘုရားလောင်းတော်တို့ဘုရားဖြစ်သောအခါ ဖူးရ၍ ကျွတ်တမ်း၀င်လိုကြသည်၊ ထို့ကြောင့်ဖူးရအောင် ဆုတောင်းကြသည်ၤ ဤသဘောကိုသာ များစွာတွေ့ရပါ
မဟာဝံသကျမ်းအရ- ကာက၀ဏ္ဍတိဿသည် မေတ္တေယျင်ါခမည်းတော် ဝိဟာရဒေဝီသည် မယ်တော် ဒုဋဠဂါမဏိမင်းသည် ပထမအဂ္ဂသာဝက၊ ညီတော် သဒ္ဓါတိဿသည် ဒုတိယအဂ္ဂသာဝက၊ အနုလာ-
ပါသည်၊
စူဠဝံသကျမ်းအရ-- သီဟိုဠ်မင်းတို့သည် မေတ္တေယျရုပ်ပွားတော်ကို ထုလုပ်ပူဇော်ကြကြောင်း သိရပါသည် (၃၇ ၁၀၁။ ၁၀၂။ ၃၈၆၅။ ၆၈) ဤသို့ ထုလုပ်ပူဇော်ရာတွင်လည်း ဘုရားအလောင်းနတ်သားအသွင်သာ ထုလုပ်ပူဇော်ခြင်းဖြစ်သည်၊ သီဟိုဠ်သားတို့င် ယုံကြည်မှုအရလည်း မေတ္တေယျဘုရားအလောင်းသည် နတ်စာရင်းတွင် အပါအဝင်ဖြစ်
ရှေးခေတ် ကျမ်းပြုအကျော် သီဟိုဠ်ဆရာတော်တို့သည်မေတ္တေယျဘုရားရှင်လက်ထက်ခွ ကျွတ်တမ်းဝင်လိုကြောင်း ကျမ်းနိဂုံးဆုတောင်းအရ သိရပါသည် ဝိနယသင်္ဂဟကျမ်းပြု သာရိပုတ္တထေရိသည်'ဤကျမ်းကိုပြုရသော ကောင်းမှုကြောင့် ဒုတိယဘဝခွိ တာဝတိံသာနတ်ပြည်မှာဖြစ်ရ၍ မေတ္တေယျ ဘုရားရှင်လက်ထက်တော်၌ ရဟန္တာအဖြစ်ကိုရ၍ သာသနာကို တင့်တယ်စေရပါလိုစ် ဟု ဆုတောင်းထားပါသည်1(ဝိနယသင်္ဂဟ၊ ဋ္ဌ ၄၆၈။)
မေတ္တေယျ ဘုရားသခင်ကို ဖူးချင်လှရ်် တရား ရနိုင်ပါလျက်ဝိပဿနာကို အားမထုတ်ပဲနေမိသော မထေရိကြီးတစ်ပါးအကြောင်းကိုဝိသုဒ္ဓိမဂ် (ပ ၄၅)၌ တွေ့ရပါသည်၊
ဝါခြောက်ဆယ်ကျော်ပြီဖြစ်သော မဟာသံဃရက္ခိတထေရိလွန်ခါနီးသောအခါ လောကုတ္တရာတရား ရ/မရကို သံဃာထုက မေးရာမရသေးကြောင်း မထေရ်ကြီးက ဖြေင်ါ။ ထိုအခါ . ရဟန်းငယ်တစ်ပါးကတစ်ဆယ့်နှစ်ယူဇနာပတ်ဝန်းကျင်မှ စုရုံးလာသော လူအပေါင်း နှလုံးမသာဖြစ်ပါလိမ့်မည်ဟု လျှောက်၏ၤ မထေရိကြီးက မေတ္တေယျဘုရားကိုဖူးချင်၍ ဝိပဿနာတရားကို အားမထုတ်ပဲ နေခဲ့၏ၤ ငါ့ကိုထူ၍ ခွင့်ပြုဦးလော့ဟုဆိုသော် ရဟန်းငယ်သည် ထူပေး၍ အခန်းအပြင်ထွက်ဇါါထိုသို့ ထွက်သည်နှင့်တစ်ပြိုင်နက် မထေရ်ကြီးသည် အရဟတ္တဖိုလ်သို့ရောက်တော်မူလေသည်ၤ
ဤသာဓကကိုကြည့်လျှင် ရင့်ပြီးသော ပါရမီရှိကုန်သောလက်ခ်ရောက်ပြီးသော မဂ်ႈဖိုလ်ရှိကုန်သော ပုဂ္ဂိုလ်ကြီးတို့ပင် မေတ္တေယျဘုရားရှင်ကို ဖူးချင်သည့်ဆန္ဒ အားကြီးလှကြောင်း ထင်ရှားပါသည်;စင်စစ်အားဖြင့်လည်း ဘုရားပွင့်ရာအခါနှင့် ကြုံကြိုက်ရမှသည် အလွန်တရာ ရခဲလှစွာသော အတိဒုလ္လဘတရား စစ်စစ်ဖြစ်ငါး ထို့ကြောင့်လည်းသူတော်ကောင်းတို့သည် ဘုရားဖြစ်ရာဘခါနှင့် ကြုံကြိုက်ရ၍ ဘုရားရှင်ကိုဖူးမြင်ပြီးလျှင် ကျွတ်တမ်းဝင်ရပါစေကြောင်း ဆုတောင်းကြခြင်း ဖြစ်သည်၊
အားသန်ကြပါသည်၊ ပုဂံခေတ်မှစ၍ အထောက်အထားများကို တွေ့ရပါသည်းအနော်ရထာမင်းကြီးသည် ကိုယ်တော်တိုင် ဘုရားရှင်ပုံတော်အုတ်ခွက် သွန်းလုပ်ပူဇော်ရာ၌ မေတ္တေယျဘုရား ပွင့်တော်မူသောအခါ နိဗ္ဗာန်ချမ်းသာကို ရပါစေကြောင်း ဆုတောင်းထားပါသည်။တောင်ဂူနီ ဘုရားကျောက်စာဋဌ် အလှူဒါယကာသည် မေတ္တေလျဘုရားရှင်င်ာ သဘင် ထင်ရှားစွာသော ပညာနှင့် ပြည့်စုံသော ရဟန္တာအဖြစ်ဆုတောင်းထား ပါသည်း သိင်္ဃသူရ်ကျောက်စာ၊ သင်ကြီးညောင်အုပ်ကျောက်စာတို့အရလည်း မေတ္တေယျဘုရားရှင် လက်ထက်တော်ရဟန္တာအဖြစ် ဆုတောင်းထားကြောင်း သိရပါသည်?
ဘချို့ကျောက်စာများကမူ ကုသိုလ်ကောင်းမှုကို ဖျက်သူတို့ဗုဒ္ဓုပ္ပါဖဒုလ္လဘဟူသော -ရခဲလှသောလာဘ်ကြီးနှင့် မကြုကြိုက်ရလေအောင်ကျိန်စာတိုက်ထားပါသည်း အထူးသဖြင့် ရာဇကုမာရ်ကျောက်စာ၌ သူလှူခဲ့သော ကျွန်တို့ကို နိုပ်စက်ပါမူကား အရိမေတ္တေယျ ဘုရားသခင်အားမဖူးရပါစေနှင့်ဟု ကျိန်စာဆိုထားပါသည်။ ဖုန်းသည် သုခမိန်ကျောက်စာကလည်း အလားတူကျိန်စာ ဆိုထားပါသည်၊
သို့သော် အလှူကို ချီးမြှောက်သူသည် အလှူရှင်နှင့်အတူမေတ္တေယျဘုရားအလောင်းစံရာ တုသိတာနတ်ပြည်ဥွဖြစ်၍ ဘုရားလောင်းနှင့် အတူတကွ စူဠာမဏိစေတီတော်ကို လုဉ်ကျွေးနိုင်သူ ဖြစ်ပါစေဟုဆုတောင်းပေးသည်လည်း ရှိပါသေးသည်၊ (မင်းသမီးစိုးမင်းကျောက်စာၤ)
အင်းဝခေတ်သို့ရောက်သောအခါလည်း ပုဂံခေတ်နှင့်မခြားအလားတူ ဆုပန်ကြသည်ကို ပျို့ကဗျာလင်္ကာတို့ဉွ် တွေ့ရပါသည်;ရှင်ဥတ္တမကျော်င်ါ တောလားရတု (အပိုဒ် ၉) ဌ---
“နှောင်းဖြင့်အလာၤ မိတေယာလျင်;. . . .ဥတ္တမကျော်။ ထေရ်မြတ်သော်လည်း။ အဟော်နောင်လာ။ ငါ့ရိပ်ရာကို သစ္စာဖူးငုံ ပွင့်အံ့တုံဟု။ကိုးဂုဏ်ရှင်ပင်ႈ အံ့ချီတင်သည်။ ငါလျင်လည်းကောင်း။ ဗောဓိလောင်းဟု။ညွှတ်ညောင်းတံဆိပ်) နှုတ်ဗျာဒိတ်ဖြင့်ႈ ခပ်နှိပ်သေချာ နှုတ်သြဘာသည်။မြဲစွာဖြစ်လိမ့် လမှန်တည်း/”ဟု မေတ္တေယျဘုရားရှင်က ဗျာဒိတ်ပေးဟန်စပ်ဆိုထားသည်ကို တွေ့ရပါသည်၊
ရှင်မဟာသီလဝံသကမူကား ပါရမီတော်ခန်းကဗျာကို အနှစ်သာရ ပြည့်ဝကုံလုံသည်ဟု ယုံကြည်သူ ယုံကြည်သည့်အတိုင်း နှုတ်တက်အာဂုံဆောင်သူ။ ထိုကဗျာင်ါ အဆုံးအမအတိုင်း ကျင့်ကြံသူတို့ မေတ္တေယျဘုရားရှင်ကို ဖူးမြင်ရစေကြောင်း ပါရမီတော်ခန်းပျို့ (နိဂုံး ၆)---
“စာစောင်နိဒါန်း) ဤမော်ကွန်းကို ကျင့်ခန်းကုံလုံ နှစ်များပုံဟု;အယုံအကြည်။ ပညာသည်တို့၂ အရှည်သိမ်းဆည်း ဆောင်စောင့်စည်းလျက်။ မိတည်းဖူးစေ ကုန်သတည်း”ဟု ဆန္ဒပြုခဲ့ပါသည်။
ရှင်မဟာရဋ္ဌသာရဇါ `ရွယ်ရန်ငွေ့၍ ချီ မုတ္တာရွဲသီရတုဌ်---
“ရည်ကြောင်းတင့်ရည်း။ ရိမိတည်းဝယ်၊ ရုတ်ချည်းဖူးချင်;ရှိဦးတင်ရွႈ ရပ်ခွင်နိဗ္ဗာန် ရောက်အံ့မှန်သည်”ဟု ချစ်သူနှင့်အတူမေတ္တေယျဘုရားကိုဖူးရှ် နိဗ္ဗာန်ဆုကိုရလိုကြောင်း တောင်းဆုဆိုထားသည်ကို တွေ့ရပါသည်၊
ရှင်အုန်းညို၏ `ရတနာပူရ ချီ ပုညရှင်ဘုရားတိုင် ရတုတွင်လည်း “ပုညထွတ်ဝယ်၊ စိတ်ပြတ်သဒ္ဓါ မိတေယျာန်ါ ကျွတ်ခါအတူတင်ဆက်လှူသည်၊ အိမ်သူသာရှင် မမယ်သော်”ဟု ဇနီးသည်နှင့်အတူကျွတ်ဆုယူလိုကြောင်း ဆုတောင်းထား သည်ကို တွေ့ရပါသည်။
တောင်ငူခေတ်တွင်မူ ချစ်သူနှင့်အတူ ကျွတ်တမ်းဝင်ပါရစေသောဝ်-- ဆုတောင်းပင်ဖြစ်သော်လည်း မေတ္တေယျဗုဒ္ဓ၀င်ကိုပါ ထည့်သွင်းစပ်ဆိုလာသည်ကို တွေ့ရပါသည်၊ လှော်ကားသုံးဆောင်မှူးင်ါ “အာဒိ-
ကမ္ဘာ”ချီ ရတုင်ါ ပထမပိုဒ်တွင် မေတ္တေယျဘုရားရှင်သည် တံ့ကော်ဗောဓိခိ ပွင့်တော်မူလိမ့်မည်ဟု လူနတ်ဗြဟ္မာတို့ ကေတုမတီနေပြည်တော်ဦဌိစုရုံးကြသည်၊ ဒုတိယပိုဒ်တွင် သိကြားမင်းဇါတောင်းပန်ချက်ကို ဝန်ခံရှ်အလောင်းတော်သည် တုသိတာမှ စုတေ၍ လူ့ပြည် ပဋိသန္ဓေနေကာခြွေရံရှစ်သောင်းနှင့်တကွ အလောင်းတော်ဇနီးမောင်နှံတို့ ပြာသာဒ်ပျံနှင့်တောထွက်ပြီး ကံ့ကော်ပင်ဋိ ဘုရားအဖြစ်ရောက်တော်မူမှ ဆွေမျိုးစုံညီကျွတ်ဆုယူမည်။ တတိယပိုဒ်တွင် မေတ္တေလသျဘုရား သဗ္ဗညုတဉာဏ်ကိုရ၍ တရားဟောသောအခါမှ ငယ်ကျွမ်းဆွေနှင့်အတူ ကျွတ်တမ်းဝင်မည်ဟူသောရည်ရွယ်ချက်ဖြင့် စပ်ဆိုထားသည်ကို အောက်ပါအတိုင်း တ္မေ့ရပါသည်။
“အာဒိကမ္ဘာ၊ ပေါ်ဦးခါက၊ အောင်ချာနဂို။ ဗဟိုလယ်ချက်ကျွန်းထိပ်ထက်ဝယ် အေးမြက်ပျံ့ကြိုင်၊ ဘဝင်လှိုင်မျှ ပွင့်ခိုင်ရွှေလှော်)
ထူးဆန်းအံ့ရာ။ ငါးစုံပါသော် ဗြဟ္မာနတ်ဆွေ။ ယူဆွတ်ခြွေမှ။ ပရမေရောင်ဝှန် လေးတန်ဗုဒ္ဓ၊ ကပ်လိုက်ရ၏ ဧကဗုဒ္ဓ စီဝရံကို သဟံဗြဟ္မာ၊နောင်လာစီးပွား။ ချန်ဝှက်ထား၍ ကျော်ကြားပတ်ကုံး သောင်းခန်းလုံးဝယ်;မဆုံးဝှန်သည်၊ မြေကြီးကြည်းမျှ မိတည်းနောင်တော်။ မြတ်ကံ့ကော်နှိုက်ႈလေးဘော်သစ္စား ခြောက်ဖြာရောင်ခြည်၊ ပွင့်လမည်ဟု၊ လူ့ပြည်နတ်ရွာ။ဗြဟ္မာကစ၊ ဖျင်မျှပြောထု။ ရုံးလှာစုသည် 1ကေတုမတီတွင်တကား၊
သာဘိစံရာၤ လောင်းတကာတို့။ အောင်ချာချက်မှတ်' ဇာတိ
သီရိ သမ္ပတ္တိဖြင့်။ အာဒိဘူတံ။ သူဇသတ္ကော။ ယာစိတောမှ နုမောဝန္တအာမခံရ လူ့ထံသန္ဓေ။ တိဟိတ်နေလျက်၊ ရံဆွေအပေါင်း။ ရှစ်သောင်းထွတ်ထား မိဖုရားနှင့်။ နှစ်ပါးမောင်နှံ ပြာသာဒ်ပျံထက် ရှေးကပင့်ဆော်။တောထွက်သော်လျှင်၊ ကံ့ကော်မြပင်၊ ရွှေပလ္လင်ထက် အောင်မြင်သစ္စာ;ပွင့်သောခါမှ မကွာတူပင်၊ အစုံလျင်တည့်။ သာရွှင်လှုလှူ ကျွတ်မည့်ဆု
စဘ: ကံကော်ရိပ်နှိုက်) နွံနှိပ်တရား။ မာရ်ငါးပါးကို ထွားထွားဖျောက်ကြဉ် အောင်သောစဉ်တွင်း သဗ္ဗညုတ၊ ဉာဏကွန်ရက် ဖြန်လျက်အချာ ရုံးသောခါမှ။ မေတ္တာထပ်မွမ်း။ ပျိုငယ်ကျွမ်းကို၊ တလမ်းတည်းဝင်။ရွှေလက်ငင်ရ်။ မစင်ညစ်ကျု မကောင်းမှုသည်၊ 1ဖွေလုမမီခင်တကား၊
မိစောမင်းနှစ်ဆို `ဥတုဂရုခ်ျီရတုတွင် မေတ္တေယျဘုရားလောင်းစံရာ တုသိတာနတ်ပြည်ခွ် နှစ်ပါးစုံဖြစ်ရွ မေတ္တေယျဘုရားပွင့်သည့်အခါပူမ ချစ်သူမင်းသားစ်ါစကားကို နားဝင်မိကြောင်း
“တုသိတာဘောင်၊ ပျော်ရအောင်ဟု၊ ယခေါင်မပွင့် မိတည်းလင့်ရ်ႈ ခါသင့်ကြိုက်ကြုံး ကျွတ်ဘို့ဆုံသည်၊ လူ့ဘုံနတ်ပြည် အတည်မဖြစ်။ ရှင်ချစ်မင်းသား။ ဆိုစကားကို တရားနားဝင်၊ ကြားမိထင်ရှင့်”ဟုတွေ့ရပါသည်၊
သီဟိုဠ်ကျမ်းပြုဆရာတော်တို့နည်းတူ မြန်မာဆရာတော်အချို့သည်လည်း မေတ္တေယျဘုရားသခင်အား ဖူးမြင်ခွင့်ရအောင်ဆုတောင်းလေ့ရှိကြောင်း သိရပါသည်။ ပင်းယခေတ်က ဆူးတွင်းပစ်ဆရာတော်ဟူရ်ထင်ရှားသော ရှင်နာဂိတသည် မိမိပြုသော “သဒ္ဓသာရတ္ထဇာလိနီကျမ်း နိဂုံး အရိမေတ္တေယျဘုရားသခင်ကို ဖူးမြင်ရစေကြောင်း ဆုတောင်းထားပါသည်၊ တစ်ဖန် နေရင်းဆရာတော် ရှင်အရိယာလင်္ကာရသည်မိမိကျမ်းများ၏ နိဂုံး “ဤကောင်းမှုကြောင့် ဤဘဝမှစုတေသော်
ဘုမ္မစိုးနတ်ဖြစ်၍ မေတ္တေယျဘုရား ပွင့်တော်မူသောအခါမှ လူအဖြစ်ကိုရပြီးလျှင် မေတ္တေယျထံပါးဋွ် မဟာသာဝကကြီး ဖြစ်ရပါလိုကြောင်းဆုတောင်းထားပါသည်။
မြန်မာ့အစဉ်အလာ၌ မေတ္တေယျဘုရားအလောင်းကို ကိုးကွယ်မှုမိုး မရှိခဲ့သော်လည်း မန္တလေးခေတ်သို့ ရောက်သောအခါ မေတ္တေယျဘုရားအလောင်းကို အကြောင်းပြု၍ အမေးပုစ္ဆာများ ပေါ်ပေါက်ခဲ့ပါသည်။ ထိုအကြောင်းကို လုံးတော်ဆရာတော်ဇါ်ါ ပုစ္ဆာပကိဏ္ဍကကျမ်းခ်တွေ့ရပါသည်။ မေတ္တေယျရုပ်တုကိုးကွယ်မှုနှင့် ပတ်သက်ရွ မေးသည်ကိုဆရာတော်က ကျမ်းဂန်အကိုးအကားပြုရှ်--
“ကျမ်းဂန်လာသည်ကိုထောက်လျှင် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်ကပင် ရလတံ့သော သဗ္ဗညုတဉာဏ်တော်ကို အာရုံပြုရွ်ဘုရား] နတ၊ လူပရသတတူ. ပူဇေသည-တူရကား နောငမွင္ဝောဓူလတံ့သော ဘုရားဂုဏ်ကိုအာရုံပြု၍ ကိုးတွယ်လေးမြတ် ဆည်းကပ်သည့်သူတို့ ဖြူစင်သန့်ရှင်းသောသဘော ယောနိသောမနသိကာရ ဥဇုကမ္မ
တဖန် “ယခုကာလ ဂေါတမဘုရားဇါါရုပ်ပွားတော် ဆင်းတုတော်တို့ကို ကိုးကွယ်လှုဒါန်းသည်နှင့် အဘယ်သို့ကွဲပြားကြမည်”ဟူသောမေးလျှောက်ချက်ကိုကား- ဆရာတော်က အောက်ပါတတိုင်း ဖြေပါသည်၊
တစ်ကြောင်း။ ဂေါတမဘုရား၏ ကိုယ်တော်စား ရုပ်ပွား
ဆင်းတု-စသော စေတီသုံးပါး ထင်ရှားရှိသေးသည်လည်း
တစ်ကြောင်း၊ အကယ်ရွှတည်း နိယျာနိက ဝဋိဒုက္ခမှ ထွက်-
မြောက်ကြောင်း ကောင်းသောနှလုံးသွင်းရှိသည်ဖြစ်အံ့။
သက်တော်ထင်ရှား ဘုရားနှင့်တူစွာ ချမ်းသာသုံးတန်ကို
ဧကန်မုချ ရစေနိုင်သော ငါတို့ ဂေါတမဘုရား သာသနာ
သည် »%၀% ဝဋိတရားမှ %» နိဗ္ဗူသောင်သို့ရောက်အောင်
ပို့နိုင်ပြီးရကား အဘယ်မှာ ကိုးကွယ်ရာ ရှာဘွယ်ကိစ္စ
ရှိလေတော့ အံ့နည်း-ဟု ဂန္ထန္တရဗဟုသုတ အရှင်မြတ်တို့။ ဆုံးဖြတ်တော်မူရန်ရှိသည် တစ်ကြောင်း ဖြစ်၍ ဘုရားစင်စစ်
ဧကန် သဗ္ဗညုတဉာဏ် ကိန်းအောင်းတော်မူသော ကိုယ်-
တော်မြတ် သရီရဓာတ် စေတီတော်ကို မမှီနိုင်ရာ1”
(ပကိဏ္ဌက ပုစ္ဆာဝိသဇ္ဇနာကျမ်း၊ ပ-တွဲ ၄၇၀။)
ဤသို့ပင် မေတ္တေယျဘုရားလောင်းကို မကိုးကွယ်သည်မှာထင်ရှားသော်လည်း ငါးမျက်နှာဘုရားစေတီတို_ဥ် ဘုရားငါးဆူမုံတော်တို့ကို တည်ထားရှ ကိုးကွယ်ကြရာ မပွင့်သေးသော မေတ္တေယျဘုရားလောင်းကိုလည်း ပွင့်တော်မူပြီးသော ဘုရားအသွင်တော်ဖြင့် ဖူးတွေ့နေရ
ပါသည်။ ဤသို့ ဆင်းတုတော်ထုလုပ် ပူဇော်ခြင်းသည် မေတ္တေယျဘုရားအလောင်းကို ကိုးကွယ်မှုမဟုတ်ပဲ ပွင့်တော်မူမည့်ဘုရားရှင်အား ရည်မှန်းပူဇော်ခြင်းမျိုးသာ ဖြစ်သည်ဟု ယူဆမိပါသည်၊ ဘုရားအလောင်းကိုပူဇော်သည့်အလေ့ကိုလည်း သုမေဓာဗျာဒိတ်ခန်းဉဌ တ္ဗေ့နေ ရပါသည်;ကိုယ်ကိုတံတားခင်း၍ ဒီပင်္ကရာဘုရားသခင်အား ပူဇော်သော သုမေဓာကိုနောင်အခါ ငါကဲ့သို့ ဘုရားဖြစ်လတံ့သောပုဂ္ဂိုလ်ဟု သိမြင်တော်မူသဖြင့်ဒီပင်္ကရာဘုရားသခင်က ပန်းရှစ်ဆုပ်ဖြင့် ပူဇော်ပါသည် ရမ္မာဝတီပြည်သူအပေါင်းကလည်း ပူဇော်ပါသည်၊ ဤအစဉ်အလာကိုထောက်လျှင် ဘုရားအလောင်းကို ပူဇော်ခြင်းမျှသာ ဖြစ်သည်ဟု ယူသင့်ပါသည်ၤ တစ်နည်းအားဖြင့်လည်း ဘုရားငါးဆူတို့ဖြင့် တန်ဆာဆင်အပ်သော ဤဘဒ္ဒကမ္ဘာခိ ပွင့်တော်မူပြီးသော ဘုရားလေးဆူကိုပူဇော်ယင်း ပွင့်တော်မူလတံ့သောဘုရားရှင်ကိုပါ ပူဇော်ခြင်းဟု ဆိုနိုင်ပါသည် တစ်နည်းအားဖြင့်လည်းဘုရားငါးဆူပွင့်တော်မူမည့် ဘဒ္ဒကမ္ဘာ၏ သရုပ်ကို ပူဇော်သောအားဖြင့်ဘုရားငါးဆူတို့ကို ပူဇော်ခြင်းဟု ဆိုနိုင်ပါသည်၊
နာခံခြင်း၊ ကျင့်စဉ်ကို လက်ခံခြင်း အယူဝါဒကို ယုံကြည်သက်ဝင်ခြင်းတို့အကျုံးဝင်ပါသည် မေတ္တေလျကို ကိုးကွယ်ရအောင်ကလည်း တ္တေလျဘုရားသည ဘုရားအလောငးတောဘ၀ဝမျသာ ရှပါသေးသည၊ ဘုရားအဖြစ်သို့ မရောက်သေးပါ ဟောအပ်သောတရားဒေသနာဟူ၍ လည်းမရှိသေးပါး ထို့ကြောင့် ကိုးကွယ်သည်ဟူသော အသုံးကို ဆသုံးနိုင်ပါပူဇော်သည်ဟူရွ သာ သုံးနိုင်ပါသည်၊ ပူဇော်သည်ဟူသော စကားသည်ဂုဏ်ပြုသည်၊ ချီးကျူးသည်ဟူသော အဆင့်မျှသာရှိပါသည်၊ ထို့ကြောင့်ငါးမျက်နှာဘုရားစေတီတို့၌ ဘုရားငါးဆူပုံတော်ရှိနေခြင်းသည် မေတ္တေယျဘုရားအလောင်းကို ကိုးကွယ်သောအားဖြင့် ထုလုပ်ကိုးကွယ်ခြင်းမျိုးမဟုတ်ကြောင်း ထင်ရှားပါသည်၊