သစ္စာလေးပါးတရားတော်ကြီး
မဟာစည်ဆရာတော်ဘုရားကြီး
ရင်းမြစ် — မဟာစည်သာသနာ့ရိပ်သာ၏ e-book (ဓမ္မာနုပဿနာတရားတော်ကြီးမှ သစ္စာပိုင်း)
မာတိကာ — နိဒါန်း
- ၁။ နိဒါန်း
- ၂။ အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
- ၃။ အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂
- ၄။ အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
- ၅။ အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
- ၆။ အပိုင်း (၅) သမုဒယသစ္စာတရားတော်
- ၇။ အပိုင်း (၆) နိရောဓသစ္စာတရားတော်
- ၈။ အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
- ၉။ အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
- ၁၀။ အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃
- ၁၁။ အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
- ၁၂။ အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅
- ၁၃။ အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆
- ၁၄။ အပိုင်း (၁၃) မဂ္ဂသစ္စာတရားတော်-၇
- ၁၅။ အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈
- ၁၆။ အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉
- ၁၇။ အပိုင်း (၁၆) မဂ္ဂသစ္စာတရားတော်-၁၀
နိဒါန်း
နမော ဗုဒ္ဓါယ သိဒ္ဓံ ။
ဤစာအုပ်အကြောင်း
ဤစာအုပ်ဖြစ်ပေါ်လာရခြင်းအကြောင်းကို ပြရလျှင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် “ဤသစ္စာလေးပါးတရားတော်ကြီး”ကို ၁၃၂၃-ခု၊ တော်သလင်းလဆုတ် (၈)ရက်နေ့မှ စ၍ အခွင့် သင့်သော သီတင်းနေ့များ၌ ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာ ဖလ်ယဥ်ဓမ္မာရုံတော်ကြီးတွင် ဟောကြားတော်မူခဲ့ လေသည်။
ယင်းတရားတော်ကို ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်မှ တိပ်ရီကော်ဒါဖြင့် အသံဖမ်းယူထားခဲ့၏၊ တစ်ဖန်ဆက်၍ ယင်းတရားတော်ကို လက်နှိပ်စက်မူဖြင့် စာမူကြမ်း ထုတ်ယူခဲ့ပြန်သည်၊ ၄င်းစာမူကြမ်းတွင် အခန်းပေါင်း (၁၆)ခန်း ခွဲခြားပြီး တစ်ခန်းလျှင် တစ်သီတင်းကျ ဟောကြားတော်မူခဲ့ ရာ ဒုက္ခသစ္စာမှာ လေးသီတင်း, လေးခန်း၊ သမုဒယသစ္စာမှာတစ်သီတင်း, တစ်ခန်း၊ နိရောဓသစ္စာမှာ တစ်သီတင်း, တစ်ခန်း၊ မဂ္ဂသစ္စာမှာ ဆယ်သီတင်း, ဆယ်ခန်း ရှိခဲ့ လေသည်။ ဟောတော်မူသောအခါ ကြားမှာ အကြောင်းအားလျော်စွာ ပြတ်လပ်မှု ရှိခဲ့ ၍ ၁၃၂၄-ခု ကဆုန်လကွယ်နေ့မှ အပြီးသတ်တော်မူခဲ့ ၏။
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသောတရားတော်များ မပျောက်ပျက်စေရန် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်မှ စာအုပ်အဖြစ်ရောက်အောင် ဆောင်ရွက်လာခဲ့ကြရာ ယခု စာမူကြမ်းကိုလည်း စာမူချောဖြစ်အောင်ကြည့်ရှုသုံးသပ်ပေးပါရန် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ် တွဲဖက်အကျိုးတော်ဆောင်ဒါယကာကြီး ဦးဖုန်းမြင့်က စာရေးသူအား လာရောက်လျှောက်ထားအပ်နှံ ခဲ့ လေသည်။အပ်နှံ မှုကို လက်ခံပြီး ၁၃၆၇-ခု၊ ဝါဆိုလမှစပြီး ဖတ်ရှုသုံးသပ်ခဲ့ ရာ တော်သလင်းလတွင်
အပြီးသတ်နိုင်ပြီး နိဒါန်းပါ ရေသားပေးပါရန် လျှောက်ထားခဲ့သဖြင့် တစ်ဆက်တည်းရေးကာ သီတင်းကျွတ်မှာ ပြန်လည်အပ်နှံ ခဲ့ ၍ ”ဤစာအုပ်” ထွက်ပေါ်လာရခြင်း ဖြစ်ပါသည်။
ကျေးဇူးဆပ်ရန် ရောက်ရှိပြန်
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် သက်တော်ထင်ရှားရှိစဥ်ကဆိုလျှင် ဟောပြီးသော တရားတစ်ပုဒ်ကို စာအုပ်တစ်အုပ် ပြုလုပ်မည်ဆို ပါက တိပ်ခွေမှထုတ်ယူပြီး စာမူကြမ်းကို ကိုယ်တော်တိုင် ခရေစေ့တွင်းကျ ကြည့်ရှုပြင်ဆင်တော်မူပြီးတပည့်များဖြစ်ကြသော နာယက, ကမ္မဋ္ဌာနာစရိယ, ဓမ္မကထိက တစ်ပါးပါးအား ပြန်လည်ဖတ်ရှုပြီး နိဒါန်းများရေးရန် တာဝန်ပေးတော်မူလေ့ ရှိ၏။ ယခုသော်ကား စံလွန်တော်မူပြီးမှ “ဤသစ္စာလေးပါးတရားတော်ကြီး” ကို စာမူကြမ်းထုတ်ကာ အချောပြင်ဆင် စက်တင်ပုံနှိပ်ရသည်ဖြစ်၍ ဤစာရေးသူထံ ပြင်ဆင်ရန် ရောက်ရှိလာခြင်းသည် “ကတညုတကတဝေဒီ” မင်္ဂလာတရားအရ ဆရာသမား၏ကျေးဇူးကို အထူးဆပ်ခွင့် ကြုံလာသောမင်္ဂလာအခါကောင်းကြီးတစ်ခု ရရှိလိုက်ခြင်းပဲဟု ဝမ်းမြောက်မဆုံး ဖြစ်ရတော့သည်။
ဆရာတော်ဘုရားကြီး၏ ဒေသနာဝိလာသဉာဏ်တော်
“ဆိုရေးရှိက ဆိုအပ်လှ၏”ဟူသောစကားအရ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး အဟောတော်တော်များစွာတို့ ပင် “ဤသစ္စာလေးပါး တရားတော်ကြီး”သည် အကျယ်ပြန့်ဆုံးနှင့် အစုံအလင်ဆုံး တရားအစုတွင် တစ်ခုအပါအဝင်ဟုဆိုလျှင် ဆိုချင်ပါ၏၊ အဘယ့်ကြောင့်ဆို သော် ဤစာရေးသူသည် ဒီစာမူကြီး စာမျက်နှာ(၆၀၀)ကျော်ကို တစ်ရွက်မကျန် အစမှအဆုံးအထိ ဖတ်ရှုသုံးသပ်ခဲ့ရသောကြောင့်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဆရာတော်ဘုရားကြီး၏ စာတွေ့ကိုယ်တွေ့ ဟောညွှန်ပြသဆုံးမမှုများသည် ထင်းရှားပေါ်လွင်လှသည်ဖြစ်၍ ဆရာတော်ဘုရားကြီး၏ “ဒေသနာဝိလာသဉာဏ်တော်”ကိုလည်း ကြည်ညိုမဆုံး ဖြစ်ခဲ့ရပါသည်။
အခြေခိုင်မာ ဒေသနာ
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော တရားတော်များသည် ကြားနာကောင်းရုံ သာမန်ဟောထားသည် မဟုတ်ဘဲ ထိုထိုပိဋကတ်တော်မှ သုတ္တန်တစ်ခုခုကို မူရင်းတည်ပြီး ယောဂီတို့ ၏ ကိုယ်တွေ့ ဉာဏ်တွေ့နှင့် ဆက်စပ်လျက် ဟောကြားတော်မူသော တရားတော်များဖြစ်ပါ၏။ ယခုထုတ်ဝေမည့် သစ္စာလေးပါးတရားတော်ကို လည်း “ဒီဃနိကာယ်သုတ် မဟာပါဠိတော် မဟာသတိပဋ္ဌာနသုတ္တန်လာဓမ္မာနုပဿနာ သတိပဋ္ဌာန်(၅)ပိုင်းတွင် စတုသစ္စပဗ္ဗ သစ္စာလေးပါးအပိုင်းကဏ္ဍကိုမူတည်ပြီး ဖတ်ရှုနာယူသူများ သိနားလည်အောင် ဥပမာ, ဥပမေယျ ပုံဆောင်ပြလျက်စုံလင်စွာ တန်ဆာဆင်ပြီး ဖွင့်လှစ်ဟောကြားထားသော တရားတော် ဖြစ်ပါ၏။မူရင်းသုတ္တန်၏ ဦးတည်ချက် မပျက်စေဘဲ ဋီကာ အာစရိယမုဋ္ဌိ နည်းစုံညှိလျက် ဖြည့်စွက်ထည့်သွင်းကာ ပဋိပဒါနည်း စနစ်ကျကျဖြင့် ဟောကြားခဲ့ပေသည်။
ဘုရားရှင်၏အလိုတော်နှင့် ဆရာတော်ကြီး၏ ရည်မှန်းချက်ဖြစ်သည့် နိဗ္ဗာန်ဆီသို့ကြားနာပွားရှုသူတို့ ဦးတိုက်သွားရောက်နိုင်အောင် ဓမ္မကထိကအစစ်၏ ဂုဏ်အင်္ဂါလက္ခဏာတို့ ဖြင့် စုံလင်စွာ တန်ဆာဆင်၍ စီစဥ်ဟောကြားထားသောကြောင့် အခြေခိုင်မာဒေသနာအနှစ် အစစ်ဖြစ်ကြောင်းလည်း ပေါ်လွင်လှပါ၏။
သာသနာနဲ့တွေ့ရတာ ဘာအတွက်လဲ
ဆရာတော်ဘုရားကြီးသည် တရားဟောကြားတော်မူသောအခါ လိုရင်းကျသောအဓိပ္ပါယ်ကို ရှေးဦးစွာ ညွှန်ပြတော်မူလေ့ရှိပါသည်။ သို့ဖြစ်၍ ဤသစ္စာလေးပါးတရားတော် ဟောကြားတော်မူသောအခါမှ လိုရင်းအဓိပ္ပါယ်ကို အောက်ပါအတိုင်း ရှေးဦးစွာညွှန်ပြတော်မူခဲ့၏။
“မြတ်စွာဘုရားသာသနာတော်မှာ သစ္စာလေးပါးဆိုတာ သိဖို့ ရာ အရေးကြီးဆုံးပဲ။သစ္စာလေးပါးကို သိရင် သာသနာမှာ ကျင့်သင့်ကျင့်ထိုက်တဲ့ ကျင့်ဝတ်တာဝန်တွေဟာအကုန်လုံး ပြည့်စုံ သွားတော့တာပဲ၊ သစ္စာလေးပါးကို မသိနိုင်ကြတဲ့အတွက် သံသရာထဲမှာဒုက္ခအမျိုးမျိုးတွေနဲ့ တွေ့နေကြရတယ်၊ သစ္စာလေးပါးကို သိသွားလို့ရှိရင် ဆင်းရဲတွေ
အကုန်လုံး လွတ်ပြီးတော့ သွားနိုင်တယ်။ ရှေးရှေးသောဘုရားတွေလည် သစ္စာလေးပါးကိုသိပြီးတော့ နိဗ္ဗာန်ကို ဝင်ကြရတယ်၊ ဘုရား၏ တပည့်သားဖြစ်တဲ့ ရဟန္တာပုဂ္ဂိုလ်တွေလည်းဒီသစ္စာလေးပါးကို သိပြီးတော့ နိဗ္ဗာန်ကို ဝင်ကြရတယ်၊ နောက်နောက်သောအခါ ပွင့်တော်မူလတ္တံ့ သော ဘုရားတွေရာ, အဲဒီဘုရားရှင်တို့ ၏ တပည့်သာဝကတွေရော, ကြားထဲမှာ ပွင့် မည့် ပစ္စေကဗုဒ္ဓါတွေရော, ဒါတွေလည်း ဒီသစ္စာလေးပါးတရားတော်ကို သိပြီးတော့နိဗ္ဗာန်ဝင်ကြမှာပဲ။ ယခုပွင့်တော်မူတဲ့ ဂေါတမမြတ်စွာဘုရားရော, တပည့်သားဖြစ်တဲ့အရှင်သာရိပုတ္တရာ, အရှင်မောဂ္ဂလာန် အစရှိသော သာဝကတွေရော ဒီသစ္စာလေးပါးတရားကို သိပြီးတော့ နိဗ္ဗာန်ကို ဝင်ကြရတယ်။ အဲဒီတော့ ဒီသစ္စာလေးပါးတရားကို သိဖို့ရာ အရေးကြီးတယ်ဆိုတာ ထင်ရှားနေပါတယ်။ အရေးကြီးလို့လည်း မြတ်စွာဘုရားဘုရားဖြစ်ပြီး တရားဦးစ, ဟောတာကတည်းက ဓမ္မစကြာခေါ်တဲ့တရားမှာ သစ္စာလေးပါးကို အခြေခံတည်ပြီး ဟောခဲ့တာ ဖြစ်ပါတယ်။ (နှာ-၁)
မဟောင်းနိုင်သော ဗုဒ္ဓတရားတော်
လောက၌ ပေါ်ပေါက်နေသော စာပေအရေးသားအချို့တို့ က သူ့ခေတ် တစ်ခေတ်မှာသာ ခေတ်မီတွင်ကျယ်ပြီး နေငြားသော်လည်း နောင်တစ်ခေတ်ရောက်တဲ့ အခါ ခေတ်ဟောင်းသွားပြီး ခေတ်၏စွန့်ပယ်ခြင်းကို ခံရတော့၏။ ဗုဒ္ဓရှင်တော်မြတ် ဟောကြားတော်မူခဲ့ သော တရားတော်များကာ ဟောင်းလေ သစ်လေ, ကြာလေ ကောင်းလေဖြစ်ပြီးအတိတ်, အနာဂတ်, ပစ္စုပ္ပန် ခေတ်ကာလသုံးပါးလုံးမှာပင် အမြဲတမ်း သစ်လွင်လျက်ခေတ်မီနေသော တရားတော်များသာ ဖြစ်နေပေသည်။ ထို့ ကြောင့် အရှေ့တိုင်း, အနောက်တိုင်းမှ သိပ္ပံပညာရှင်များပင် လေ့လာနေကြပြီ မဟုတ်ပါလား။
ခေတ်နောက်မကျသော ဗုဒ္ဓတရားတော်
လွန်ခဲ့သော အတိတ်သာသနာတော် နှစ်(၂၅၀၀)ကျော်ကာလက ဟောကြားတော်မူခဲ့ သော ဗုဒ္ဓ၏အဆိုအမိန့် တရားတော်များကို ယခုခေတ် သိပ္ပံ နည်းပညာ အမျိုးမျိုးဖြင့် စမ်းသပ်ရှာဖွေကြသော်လည်း ဗုဒ္ဓ၏ဟောကြားချက် တရားတော်များကို ကျော်လွန်နိုင်သော သိပ္ပံ ပညာကား မပေါ်ပေါက်သေးပေ။ စကြာဝဠာနှင့် စပ်၍ ဗုဒ္ဓဟောတော်မူခဲ့ သော
အချက်အလက်များကို သိပ္ပံ ပညာဖြင့် ယခုတိုင် ကုန်အောင် ရှာဖွေ၍ မရနိုင်သေးချေ။သိပ္ပံ ပညာဖြင့် ရှာဖွေ၍ မရနိုင်သော ဝိပဿနာပညာ, မဂ်ဖိုလ်ပညာနှင့် နိဗ္ဗာန်တိုင်အောင်ချမ်းသာတို့ သည် ဗုဒ္ဓသာသနာဝင်တို့ ၏ လက်ထဲမှာသာ အထင်အရှား ရှိနေကြပေသည်။ထို့ကြောင့် ဗုဒ္ဓ၏တရားတော် (စကားတော်)များသည် ယနေ့တိုင်ပင် ခေတ်၏ရှေ့မှပြေးနေလျက်ရှိကြောင်း ထင်ရှားလှပေသည်။
တရားတိုင်းတွင် သူပါဝင်
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ဤသစ္စာလေးပါးတရားတော်ကား ဗုဒ္ဓဟောကြားတရားတိုင်းမှာပင် သူပါဝင်နေ၍ “ခပ်တိုင်းငံ ပဲခူးဆား” ဆိုစကားကဲ့သို့ ဖြစ်နေကြောင်းကို အောက်ပါအတိုင်း မိန့်ကြားတော်မူခဲ့၏။
“မြတ်စွာဘုရား ဟောတိုင်း ဟောတိုင်း တရားဒေသနာတိုင်းမှာ ဒီသစ္စာလေးပါးတရား သိဖို့ ချည်း ရည်ရွယ်ပြီးတော့ ဟောတာပဲ၊ တိုတို ဟောဟော, ရှည်ရှည်ဟောဟော,တိုက်ရိုက်ပဲဟောဟော, သွယ်ဝိုက်ပဲဟောဟော ဒီသစ္စာလေးပါးတရားသိဖို့ ဟောတာပဲ၊သတိပဋ္ဌာန်သုတ်ဆို ရင် ပထမအစပိုင်းကနေပြီး ကာယာနုပဿနာကို ဟောတယ်၊ ဒါလည်းသစ္စာလေးပါးသိဖို့ ဟောတာပဲ၊ ဝေဒနာနုပဿနာဟောလည်း ဒီသစ္စာလေးပါးသိဖို့ပဲ၊စိတ္တာနုပဿနာဟောလည်း ဒီသစ္စာလေးပါးသိဖို့ ပဲ၊ ဓမ္မာနုပဿနာထဲက နီဝရဏငါးပါးဟောတယ်၊ ဒါလည်း သစ္စာလေးပါးသိဖို့ ပဲ၊ ခန္ဓာငါးပါးဟောလည်း သစ္စာသိဖို့ ပဲ၊ အာယတန(၁၂)ပါးဟောလည်း ဒီသစ္စာသိဖို့ပဲ။ ဗောဇ္ဈင်ဟောလည်း ဒီသစ္စာလေးပါးသိဖို့ပဲ ဟောတယ၊ ဒီနေ့ဟောမယ့်တရားကတော့ သစ္စာလေးပါးကို တိုက်ရိုက်ပဲ ဟောတယ်၊ သွယ်ဝိုက်ဟောတာ မဟုတ်ဘူး”ဟု မိန့်ခဲ့၏။ (နှာ-၂)
ပြည့်စုံလှပါ ဤကျမ်းစာ
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် သစ္စာလေးပါးကို ပေါ်လွင်အောင် ဟော်တော်မူခဲ့ရာ ပိုင်နိုင်တော်မူလှပါပေသည်၊ နိုင်နင်းတော်မူသလောက်ပင်ဟောကြားတော်မူသည့်နေရာမှာလည်း ဘယ်နေရာတော့ လိုနေသေးသည်ဆို တာ မရှိရ
အောင် အကွက်စေ့စေ့ ပြည့်ပြည့်စုံစုံ ဟောထားသည်ကို တွေ့ရပါသည်။ “ဥပမာယမိဓေကစ္စေ အတ္တံ အာဇာနန္တိ ဝိညူ ပုရိသာ”ဟူသော ဆိုရိုးစကား လာရှိသည်နှင့်အညီတရားသဘောတိုင်းမှာလိုလို အဓိပ္ပါယ်ပေါ်လွင်ထင်ရှားအောင် နှိုင်းယှဥ်ကြောင်း လောကဥပမာစကားများ ထည့်သွင်းကာ ဟောကြားထားပုံများက လွန်စွာမှ ပေါ်လွင်လှပါသည်။
ဟောကြားသည့်အခါမှာ ပရိယတ်အမြင်တစ်မျိုးတည်းသာ ကြည့်ပြီး ဟောထားသည် မဟုတ်၊ ပရိယတ်, ပဋိပတ် နှစ်ရပ်သောအမြင်မျိုးနှင့် ဟောထားသော တရားတော်များဖြစ်သောကြောင့် ထိုပုဂ္ဂိုလ်နှစ်မျိုးလုံး လက်ခံနိုင်သော တရားတော် ဖြစ်ပေသည်။
ဤသစ္စာလေးပါးတရားတော်သည် မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည်ထိအလုပ်သဘောများကိုပါ ညွှန်ပြလို၍ အခြေခံဝိပဿနာရှုနည်းများကိုလည်း အခါအားလျော်စွာ ထည့်သွင်းဟောကြားခဲ့လေသည်။ “ယောဂီပုဂ္ဂိုလ်မှာတော့ မြင်တိုင်း ကြားတိုင်းဒွါရခြောက်ပါးက ပေါ်တိုင်းပေါ်တိုင်းတွေ ရှုပြီးနေတော့ သမာဓိ ဉာဏ်တွေ အားရှိလာတဲ့အခါ ပညတ်တွေ ပျောက်ပြီး ပရမတ်သဘောချည်း ထင်နေတာကိုး။ (ပ) ဝမ်းဗိုက်ကဖောင်းတာ ပိန်တာ မှတ်ရင်လည်း ဖောင်းတာ ပိန်တာလေးက လှုပ်လိုက်, ရွေ့လိုက်,ပျောက်လိုက်၊ လှုပ်လိုက်, ရွေ့လိုက်, ပျောက်လိုက်၊ ဖြစ်ပြီး ပျောက်ပျက်နေတဲ့ တရားချည်းပဲ၊စိတ်ကူးတွေ ပေါ်လာတိုင်းလည်း ရှုလိုက်ပြန်တယ်၊ ဝေဒနာတွေ ပေါ်လာတိုင်းလည်းရှုလိုက်ပြန်တယ်၊ ဘာမှ တာရှည်တည်နေတဲ့ အထည်ဝတ္တုရှာလို့ မရဘူး၊ ဖြစ်ပျက်တဲ့ရုပ်နာမ်တွေချည်းပဲ တွေ့နေရတယ်”။ (နှာ-၁၂၃)
ဆက်လက်၍ နိဗ္ဗာန်ဆိုက်ရောက်ပုံ ကို လည်း ဒီလို ညွှန်ပြတော်မူခဲ့ သည်၊ “ဒါကြောင့်ဒီရုပ်နာမ်အားလုံး ဖြစ်ပျက် ချုပ်ဆုံးပြီးတော့ သွားတာ၊ တွေ့ရတဲ့ တရားဟာ တဏှာငြိမ်းရာဖြစ်လို့ သူ့ကို နိဗ္ဗာန်လို့ ခေါ်တယ်၊ ရုပ်နာမ်အားလုံး၊ ဖြစ်ပျက်သုဥ်း၊ ချုပ်ဆုံး နိဗ္ဗာန်တည်း”တဲ့၊ ဒီလို မှတ်ချက်နှင့် တကွ ပေါ်လွင်အောင် ဟောညွှန်ခဲ့ လေသည်။ (နှာ-၁၂၄)
စားကြည့်မှ ကောင်းမှန်းသိသလို
ထမင်းဟင်း စသော အရသာများဟာ ကိုယ်တိုင်စားကြည့်မှ ကိုယ်တိုင်သိရသလိုဤကျမ်း၏ကောင်းမွန်ပြည့်စုံ သမျှကို ဤနေရာတွင် ကုန်စင်အောင် ဖော်မပြနိုင်ပါ။ သို့ ဖြစ်၍ဆားမြည်းလောက်သာ ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။ ကိုယ်တိုင် ဖတ်ရှုကြည့်ပါလို့ တိုက်
တွန်းလိုပါသည်၊ ကိုယ်တိုင် ဖတ်ရှုကြည့်သောအခါ အပြည့်အဝ သိရမည်မှာ ဧကန်ပါ။ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားသော တရားဖြစ်စေ,ရေးသားသော ကျမ်းဂန်ဖြစ်စေ ဟောခွင့် ရေးခွင့် ရောက်လာလို့ ဟောပြီရေးပြီဆို ရင် ပရိယတ်ရော ပဋိပတ်ပါ အပြည့်အစုံ ဟောကြားရေးသား တော်မူလေ့ရှိ ပါသည်။ အချို့သောပုဂ္ဂိုလ်များ ဟောရာ, ရေးရာတို့၌ ပရိယတ်အားသန်လျှင် ပရိယတ်ဘက် အလေးထားလျက်,ပဋိပတ်အားသန်လျှင် ပဋိပတ်ဘက် အလေးထားလျက်သာ ဟောကြား ရေးသားတတ်ကြပေသည်။ ဤသို့ဖြစ်နေလျှင် ထမင်းစားရာ၌ “ထမင်းက ကောင်းသော်လည်း ဟင်းကမကောင်း, ဟင်းက ကောင်းသော်လည်း ထမင်းက မကောင်း ဖြစ်နေက အရသာ မတွေ့သလို” ဖြစ်နေတတ်ပါသည်။ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားရေးသားထားသော တရားတော်များကာ ထမင်းရော ဟင်းပါ ဘက်စုံ ကောင်းသောထမင်းပွဲစားရသည်နှင့် တူမည်မှာ သေချာလှပါသည်။
ဤသစ္စာလေးပါးတရားတော်ကြီးသည် နောင်လာနောက်သား ရဟန်း ရှင်လူသူတော်စင်များအတွက်ရော လက်တွေ့ တရားဘာဝနာရှုပွားကြတဲ့ ယောဂီများအတွက်ပါကျေးဇူးများလှသော တရားတော်ကြီးဖြစ်သဖြင့် ဗုဒ္ဓမြတ်စွာသာသနာတော်ကြီး တည်သမျှကာလပတ်လုံး အဓွန့် ရှည်ကြာ တည်ပါစေသော်ဟု ဆန္ဒကောင်းပြုပြီး ရည်ရွယ်ချက်ထားကာ ဤနိဒါန်းလွှာကို အဆုံးသတ်လိုက်ပါသည်။
“စိ ရံ တိဋ္ဌ တု သဒ္ဓေမ္မာ ၊ ဓမ္မေ ဟောန္တု သဂါရဝါ။”
ဩဝါဒါစရိ ယ ဒေါက်တာဘဒ္ဒန္တ္တ္တ ဝါသဝ
မြစ်သားဆရာတော်ကြီး
သာသနဓဇသိရီပဝရဓမ္မာစရိယ၊
ဓမ္မကထိက ဗဟုဇနဟိတဓရ၊
အဂ္ဂမဟာပဏ္ဍိတ၊
အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက