သစ္စာလေးပါးတရားတော်ကြီး
မဟာစည်ဆရာတော်ဘုရားကြီး
ရင်းမြစ် — မဟာစည်သာသနာ့ရိပ်သာ၏ e-book (ဓမ္မာနုပဿနာတရားတော်ကြီးမှ သစ္စာပိုင်း)
မာတိကာ — အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅
- ၁။ နိဒါန်း
- ၂။ အပိုင်း (၁) ဒုက္ခသစ္စာတရားတော်-၁
- ၃။ အပိုင်း (၂) ဒုက္ခသစ္စာတရားတော်-၂
- ၄။ အပိုင်း (၃) ဒုက္ခသစ္စာတရားတော်-၃
- ၅။ အပိုင်း (၄) ဒုက္ခသစ္စာတရားတော်-၄
- ၆။ အပိုင်း (၅) သမုဒယသစ္စာတရားတော်
- ၇။ အပိုင်း (၆) နိရောဓသစ္စာတရားတော်
- ၈။ အပိုင်း (၇) မဂ္ဂသစ္စာတရားတော်-၁
- ၉။ အပိုင်း (၈) မဂ္ဂသစ္စာတရားတော်-၂
- ၁၀။ အပိုင်း (၉) မဂ္ဂသစ္စာတရားတော်-၃
- ၁၁။ အပိုင်း (၁၀) မဂ္ဂသစ္စာတရားတော်-၄
- ၁၂။ အပိုင်း (၁၁) မဂ္ဂသစ္စာတရားတော်-၅
- ၁၃။ အပိုင်း (၁၂) မဂ္ဂသစ္စာတရားတော်-၆
- ၁၄။ အပိုင်း (၁၃) မဂ္ဂသစ္စာတရားတော်-၇
- ၁၅။ အပိုင်း (၁၄) မဂ္ဂသစ္စာတရားတော်-၈
- ၁၆။ အပိုင်း (၁၅) မဂ္ဂသစ္စာတရားတော်-၉
- ၁၇။ အပိုင်း (၁၆) မဂ္ဂသစ္စာတရားတော်-၁၀
အခါကျတော့ ဒီအာရုံ ရှုနေရင်း ဟိုအာရုံဆီ သွားတော့မလိုလို, စိတ်တွေက ပြန့်ချင်နေတယ်, အဲဒီလိုဖြစ်နေတဲ့အခါကတော့ တစ်ခုတည်းသောအာရုံဆီ မတည်ဘဲနဲ့ ဖြစ်နေတယ်။ သမာဓိ အားကောင်းလာတဲ့အခါကျတော့ တစ်ခုတည်းသောအာရုံပဲ, ဖောင်းတာမှတ်ရင် ဖောင်းတာလေးပေါ်မှာ တစ်ခါတည်း စိတ်က စိုက်ပြီးတော့ တည်နေတယ်,ကျသွားတယ်။ မှတ်ရာမှတ်ရာ အာရုံမှာ စိတ်ကလေး တစ်ခါတည်း ကပ်လျက်ကျပြီးတော့ နေတယ်, အဲဒါ ဧကဂ္ဂတာ ခေါ်တယ်, သမာဓိပဲတဲ့။ ဝိပဿနာဈာန်မှာ အဲဒီအင်္ဂါငါးပါးနဲ့ ပြည့်စုံတဲ့ဥစ္စာကို ပထမဈာန်လို့ ခေါ်တယ်။
ကြံစည်စဥ်းစား, နှစ်သိမ့်ပွား, ကောင်းစားချမ်းသာသည်။
ရှုရာရာတွင်, စူးစိုက်ဝင်, ငါးအင် ပ-ဈာန်မည်။
ကြံစည်မှုက ဝိတက်, စဥ်းစားဆိုတာက ဝိစာရ, နှစ်သိမ့်ပွား-ကတော့ နှစ်သိမ့်မှုပီတိ, ကောင်းစားချမ်းသာဆိုတာ သုခ, ရှုရာရာတွင် စူးစိုက်ဝင်ဆိုတာ ဧကဂ္ဂတာ,သမာဓိခေါ်တယ်, ခုဟောနေတာက သမ္မာသမာဓိမဂ္ဂင်ပဲ။ “ပ”ဆိုတော့ ပထမဈာန်ပဲ။ဒီဈာန်အင်္ဂါ ငါးပါးအပေါင်းကို ဈာန်လို့ခေါ်တယ်။
ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ,
ငါးအင်္ဂါ, မှတ်ပါ ပထမဈာန်။
အဲဒီ ပထမဈာန်ကို ရောက်ပြီးတော့ နေတယ်တဲ့, ဒါ သမထဈာန်လည်း ဖြစ်နိုင်တယ်, လောကုတ္တရာဈာန်လည်း ဖြစ်နိုင်တယ်။
လောကုတ္တရာဈာန်မှာလည်း ဈာန်အင်္ဂါ ၅-ပါး ရှိတယ်
မြတ်စွာဘုရားက လောကုတ္တရာဈာန် ရည်ရွယ်ပြီးတော့ ဟောလိမ့်မယ်, သောတာပတ္တိမဂ် ပထမဈာန်က နိဗ္ဗာန်အာရုံမှာ ဝင်ရမှာကိုး။ ဒွါရ ၆-ပါးက ဖြစ်ပျက်တဲ့တရားတွေကို မှတ်ရင်း မှတ်ရင်း သိရင်းသိရင်းကနေပြီးတော့ ဖြစ်ပျက်မှုသင်္ခါရတွေ လုံးဝငြိမ်းတဲ့နေရာ ရောက်သွားတာ, သင်္ခါရငြိမ်းတဲ့သဘောထဲ တစ်ခါတည်း ဖြုတ်ခနဲ ကျရောက်သွားတယ်။ အပ္ပနာအနေအားဖြင့် အာရုံထဲ ပြေးဝင်သွားတဲ့အခါကျတော့ဝိတက် ကြံစည်မှုလည်း ပါတယ်, ဝိစာရ သုံးသပ်ဆင်ခြင်တာလေးလည်း ပါတယ်,ဝိတက် ဝိစာရတွေက ဒီလောက် မထင်ရှားဘူး။ ပီတိလည်း ပါတယ်, သုခလည်း ပါတယ်, ငြိမ်းတဲ့သဘောထဲမှာ စူးစိုက်ပြီး ဝင်နေတဲ့ သဘောလေးကလည်း ပါတယ်။ ဈာန်
အင်္ဂါငါးပါးနဲ့ ပြည့်စုံပြီးတော့ သောတာပတ္တိမဂ် ပထမဈာန်နဲ့ နိဗ္ဗာန်ကို မျက်မျောက်ပြုသွားတာကိုး။ သကဒါဂါမိမဂ်လည်း ဒီလိုပဲ, အနာဂါမိမဂ်လည်း ဒီလိုပဲ, အရဟတ္တမဂ်လည်း ဒီလိုပဲ။
သမထဈာန်နဲ့ ပြောမယ်ဆိုရင် ထွက်သက်ဝင်သက်အာရုံမှာ ထွက်တိုင်း ဝင်တိုင်းမှတ်နေတယ်။ အဲဒီမှာ ပဋိဘာဂနိမိတ်ဆိုတာ အရောင်းအဆင်းနဲ့တကွ ပီပီသသကြည်ကြည်လင်လင် သန့်သန့်ရှင်းရှင်း ဖြစ်ပြီးတော့ ထင်လာတယ်။ အဲဒီအာရုံလေးမှာကြိုးတစ်ခုတည်း ဆွဲနေသလို အတွင်းဝင်လိုက်, အပြင်ထွက်လိုက် ဒါလေးပေါ်မှာစိတ်ကလေး တည်နေရာက စူးစိုက်ပြီးတော့ နေလို့ရှိရင် အဲဒီမှာ ဈာန်ဖြစ်တာကိုး။ဝိတက်လည်း ပါတယ်, ဝိစာရလည်း ပါတယ်, သူ့အာရုံနဲ့သူ နှစ်သက်နေတဲ့ ပီတိလည်းပါတယ်, စိတ်ချမ်းသာမှုလည်း ပါတယ်, ဧကဂ္ဂတာ- ငြိမ်နေတာလည်း ပါတယ်, ဒီအချိန်မှာ တခြားဘယ်ကိုမှ အာရုံမပြုဘူး, အာနာပါနအာရုံထဲမှာ စိတ်ကလေး တည်နေတယ်။
ဝိပဿနာဈာန်တွေက ဝိပဿနာ ရှုတိုင်းရှုတိုင်း အာရုံလေးမှာ ပြေးဝင်ပြီးတော့တည်နေတယ်, ပြေးဝင်ပြီးတော့ တည်ရာမှာ ဝိတက်လည်း ပါတယ်, ဝိစာရလည်းပါတယ်, သမ္မသနဉာဏ်မှာ အထူးထင်ရှားတယ်။ ဥဒယဗ္ဗယဉာဏ်ပိုင်းလည်း အတော်အတန်တော့ ထင်ရှားတယ်။ ပီတိကတော့ ဥဒယဗ္ဗဉာဏ်ကျမှ ပိုထင်ရှားတယ်,သုခကလည်းပဲ အဲဒီမှာ ထင်ရှားတယ်။ သို့သော် ဥဒယဗ္ဗယဉာဏ်အရင့်ပိုင်းကျမှသုခက ပို၍ ထင်ရှားလာတယ်။ စူးစိုက်တည်ကြည်တာကတော့ မှတ်တိုင်းမှတ်တိုင်းအမှတ်ကောင်းတဲ့အခါ စပြီး မှတ်ရာမှတ်ရာအာရုံမှာ စူးစိုက်တည်ကြည်တာလေး ထင်ရှားတယ်, အဲဒါဟာ ပထမဈာန် ခေါ်တယ်တဲ့။ ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန်ကျန်သေးတယ်, ယနေ့ တရားသိမ်းဦးမှပဲ။
ဤမဂ္ဂင်ရှစ်ပါးတရားကို ရိုသေစွာ နာခံမှတ်သားရသော ဓမ္မဿဝနကုသိုလ်ကံစေတနာ၏ အစွမ်းအာနုဘော်တို့ကြောင့် မိမိတို့သန္တာန်၌ ဤသမ္မာသမာဓိနဲ့တကွမဂ္ဂင်ရှစ်ပါးတရားတို့ကို အဖန်ဖန်ပွား များအားထုတ်နိုင်ကြသည်ဖြစ်၍ ဝိပဿနာဉာဏ်အစဥ် အရိယာမဂ်ဉာဏ်အစဥ်ဖြင့် ဆင်းရဲခပ်သိမ်းငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာမြတ်ကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။